Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, May 31, 2015

တရုတ်နိုင်ငံက ပင်လယ်ရေကြောင်း စောင့်ကြည့် ထောက်လှမ်းရေး သင်္ဘောများကို ဟာဝိုင်အီကမ်းလွန် တွင် တပ်ဖြန့်ချထား


တိုကျို ၊ ၁-၆-၂၀၁၅

အငြင်းပွားလျက် ရှိသော စပရက်တလီ ကျွန်းစုရေပြင် ပိုင်နက်နှင့် ပတ်သက်၍ အမေရိကန် ရေတပ်နှင့် တရုတ်ရေတပ် တို့အကြား တင်းမာမှုများ ဖြစ်ပေါ်နေစဉ် တရုတ်နိုင်ငံ သည် တောင်တရုတ် ပင်လယ်အတွင်း အမေရိကန် နိုင်ငံ၏ လှုပ်ရှား ဆောင်ရွက်မှုများ အပေါ် တုံ့ပြန်မှု တစ်ရပ်အဖြစ် ပင်လယ် ရေကြောင်းဆိုင်ရာ စောင့်ကြည့် ထောက်လှမ်းရေး သင်္ဘောများကို ဟာဝိုင်အီ ကမ်းလွန်သို့ စတင် စေလွှတ် ခဲ့ကြောင်း ဂျပန်နိုင်ငံ အခြေစိုက် Nihon Keizai Shimbun သတင်းစာက ထုတ်ပြန် ကြေညာခဲ့သည်။

ပိုမို ဝေးကွာသော အကွာအဝေး အထိ ရောက်ရှိ ပစ်ခတ်နိုင်သည့် အဆင့်မြင့် လက်နက် စနစ်များ ဖွံ့ဖြိုးတိုးတက် လာခြင်းကြောင့် တရုတ်နိုင်ငံ၏ ကမ်းရိုးတန်း ကာကွယ်ရေး မဟာဗျူဟာ သည် နိုင်ငံ၏ အမျိုးသား အကျိုးစီးပွား များကို ရေရှည်တွင် ကာကွယ် ပေးနိုင်လိမ့်မည် မဟုတ်ကြောင်း တရုတ် တပ်မတော် မဟာဗျူဟာ စီမံကိန်း ရေးဆွဲရေး ဌာနမှ ဗိုလ်မှူးကြီး ဝန်းဂျင်က တရုတ်နိုင်ငံ ၏ (၉) ကြိမ်မြောက် ကာကွယ်ရေး ဆိုင်ရာ စက္ကူဖြူ စာတမ်း ထုတ်ပြန်မှုနှင့် ပတ်သက်၍ ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် ထုတ်ဖော် ပြောကြားခဲ့သည်။

တရုတ်ပြည်သူ့ လွတ်မြောက်ရေး တပ်မတော် အနေဖြင့် မြေပြင်တပ်ဖွဲ့ များအစား ရေပြင်တပ်ဖွဲ့ များအား အရှိန်အဟုန်မြှင့် တည်ဆောက်ရေး အတွက် ပိုမိုရင်းနှီး မြှုပ်နှံသင့်ကြောင်း နှင့် တောင်တရုတ် ပင်လယ်အတွင်း အမေရိကန် နိုင်ငံနှင့် ဖြစ်လာနိုင်ဖွယ် ရှိသော ပဋိပက္ခ အတွက် ကြိုတင်ပြင်ဆင် ထားရမည် ဖြစ်ကြောင်း စက္ကူဖြူစာတမ်း တွင် အကြံပြု ထားသည်။

ထို့အပြင် တရုတ်နိုင်ငံ အနေဖြင့် ပင်လယ် ရေကြောင်း ဆိုင်ရာ စောင့်ကြည့် ထောက်လှမ်းရေး သင်္ဘောများကို ဟာဝိုင်အီ ကမ်းလွန်တွင် တပ်ဖြန့်ချထား စဉ်အတွင်း စပရက်တလီ ကျွန်းစု၌ မီးပြတိုက် နှစ်ခု တည်ဆောက်မှု များကိုလည်း ဆောင်ရွက် ခဲ့ကြောင်း သိရသည်။

#PyiChitThar

No comments:

Post a Comment