Latest News
CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Showing posts with label world celebs. Show all posts
Showing posts with label world celebs. Show all posts
Saturday, December 29, 2018
နယ်ပယ်အစုံကို နှံ့နှံ့စပ်စပ် ဆွေးနွေးနိုင်တဲ့ အိန်ဂျလီနာဂျိုလီ
ဒီမိုကရက် သမ္မတလောင်း ဖြစ်လာလေမလား ဂျိုလီ
ဟောလိဝုဒ် နာမည်ကျော် ရုပ်ရှင် မင်းသမီး အိန်ဂျလီနာဂျိုလီက သူ တချိန်ကျရင် နိုင်ငံရေးထဲ ဝင်လာကောင်း ဝင်လာမယ်လို့ ဘီဘီစီရဲ့ အစီအစဉ်တခုမှာ ဖွင့်ဟ ပြောဆို လာပါတယ်။
နိုင်ငံရေးထဲ ဝင်ပါမလား ဆိုတာမျိုးကို လွန်ခဲ့တဲ့ အနှစ် ၂ ဝ လောက်တုန်းက မေးလာရင် ယတိပြတ် ငြင်းဖြစ်ခဲ့မှာ သေချာ ပေမယ့် အခု အချိန်မှာတော့ သူ့ကို လိုအပ်တဲ့ နေရာတိုင်း သွားဖို့ စိတ်ကူးနေတယ် ဆိုပြီး ဂျိုလီက ပြောပါတယ်။
ဒီဇင်ဘာ ၂၈ ရက်၊ သောကြာနေ့ ဘီဘီစီရဲ့ "ဒီကနေ့" ဆိုတဲ့ အစီအစဉ်မှာ ဂျိုလီဟာ ဧည့်အယ်ဒီတာ အနေနဲ့ ဝင်ရောက် ပါဝင်ရင်း အဲဒီလို ပြောလာတာပါ။
လက်ရှိမှာလည်း ဂျိုလီဟာ ကုလသမဂ္ဂ ဒုက္ခသည်များ ဆိုင်ရာ အေဂျင်စီရဲ့ အထူး သံတမန် တစ်ယောက်ဖြစ်ပြီး မြန်မာနိုင်ငံထဲ လာရောက်ဖူးသလို မြန်မာနိုင်ငံကနေ ထွက်ပြေးလာသူတွေ ရှိနေတဲ့ ထိုင်းနဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံတွေထဲက ဒုက္ခသည် စခန်းတွေကို သွားရောက်ခဲ့ဖူးသူ ဖြစ်ပါတယ်။
ဒုက္ခသည်ဆိုင်ရာ အထူးသံတမန် အိန်ဂျလီနာဂျိုလီနဲ့ ဒေါ်အောင်ဆန်းစုကြည်
ဂျိုလီဟာ ဒုက္ခသည် အရေး၊ လိင် အကြမ်းဖက်မှု တိုက်ဖျက်ရေးနဲ့ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ကိစ္စတွေမှာ တက်တက်ကြွကြွ ပါဝင် လှုပ်ရှားနေသူ ဖြစ်ပါတယ်။
ဘီဘီစီ ရေဒီယို ဖိုး ကနေ ထုတ်လွှင့်တဲ့ တူဒေး"ဒီကနေ့" ပရိုဂရမ်မှာ အစီစဉ်တင်ဆက်သူ ဂျပ်စတင် ဝက်ဘ်နဲ့ ဂျိုလီ စကားတွေ ပြောခဲ့တာမှာလည်း အမေရိကန် နိုင်ငံရေး အကြောင်း၊ လူမှုကွန်ရက်တွေနဲ့ စပ်လျဉ်းတဲ့ အရေးကိစ္စတွေ အပါအဝင် အကြောင်းချင်းရာ ကိစ္စ အစုံကို အတော်လေး ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေး သွားခဲ့ပါတယ်။
အမေရိကန်မှာ ဒီမိုကရက် ပါတီကို ကိုယ်စားပြုတဲ့ သမ္မတလောင်း စာရင်းထဲတောင် ဂျိုလီ နာမည် ပါနေနိုင်တယ်လို့ ဝက်ဘ်က ပြောတဲ့အခါ ဂျိုလီက မငြင်းပဲ "ကျေးဇူးပါပဲ" လို့ အသာအယာ ပြန်ပြောခဲ့ပါတယ်။
ကလေးသူငယ်တွေ လူမှုကွန်ရက် ဆိုရှယ်မီဒီယာ အသုံးပြုမှုနဲ့ ပတ်သက်လို့ ဆွေးနွေးတဲ့ အခါ ဆိုရှယ်မီဒီယာပေါ် ရှိနေတာတွေ မှန်သမျှ သားသမီးတွေဆီ မရောက်အောင် ထိန်းဖို့ ခက်လှတဲ့ ပြဿနာကို သူကိုယ်တိုင်လည်း တခြား မိဘတွေလိုပဲ ကြုံနေရတယ်လို့ ဆိုပါတယ်။
ဘီဘီစီရဲ့ အစီအစဉ်သစ်မှာ ထုတ်လုပ်ရေးမှူး လုပ်မယ့် ဂျိုလီ
ဒါပေမယ့် သူ့ ကလေးတွေရော သူ့ဆီမှာပါ ဖေ့စ်ဘုတ် အကောင့် မရှိတဲ့အတွက် သူတို့မိသားစုဟာ ဖေ့စ်ဘုတ်ပေါ် မရောက်တဲ့ နောက်ဆုံး လက်ကျန် မိသားစုလို့ ခေါ်နိုင်တယ်လို့ ဆိုပါတယ်။
အသက် ၇ နှစ်နဲ့ ၁၂ နှစ်ကြား ကလေးတွေ အတွက် ရည်ရွယ်ပြီး ၂ဝ၁၉ နှစ်သစ်ကျရင် အပတ်စဉ် ထုတ်လွှင့်မယ့် ဘီဘီစီရဲ့ အစီအစဉ်အသစ် Our World "ဒို့ကမ္ဘာ" မှာလည်း ဂျိုလီက ထုတ်လုပ်ရေးမှူး အဖြစ် ပါဝင်မှာ ဖြစ်ပါတယ်။
"ဒို့ကမ္ဘာ" အစီအစဉ်ဟာ ကလေးတွေကို နည်းပညာသစ်တွေ အကြောင်း အထူး အာရုံစိုက်မယ့် နိုင်ငံတကာ သတင်းတွေ၊ ပတ်ဝန်းကျင်နဲ့ ဆိုင်တဲ့ သတင်းတွေ၊ ဆိုရှယ်မီဒီယာ အကြောင်းတွေကို ပြောပြဖို့ ရည်ရွယ်တာ ဖြစ်ပါတယ်။
ကမ္ဘာကြီးပေါ် ဖြစ်ပျက်နေတာတွေကို နိုင်ငံတကာ ခံစားမှု အပြည့်နဲ့ ကလေးတွေ ရရှိနိုင်မှာကို မိခင်တယောက် အနေနဲ့ သူကျေနပ်မိတယ်လို့ ဂျိုလီက ပြောပါတယ်။
BBC Burmese
https://www.bbc.com/burmese
Wednesday, August 15, 2018
မက်ဒေါနား အသက် ၆ဝ ပြည့်ပြီ
"အပျိုစင်လေးလို"
ဂီတ သက်တမ်း ၃၅ နှစ် လုံးလုံး နိုင်ငံတကာ ဖျော်ဖြေရေး လောကမှာ အောင်မြင်မှု သရဖူတွေ ထပ်ဆင့် ထပ်ဆင့်ဆောင်းထား နိုင်ခဲ့တဲ့ မက်ဒေါနား မနက်ဖြန် ကြာသပတေး နေ့ (ဩဂုတ်လ ၁၆ ရက်) ဆိုရင် အသက် ၆ဝ ပြည့်ပြီ ဖြစ်ပါတယ်။
၁၉၈၃ ပွဲဦးထွက် အယ်လ်ဘမ် စပြီး အောင်မြင်ကတည်းက မက်ဒေါနားရဲ့ ဂီတ အယ်လ်ဘမ်တွေဟာ ကမ္ဘာတလွှား သန်း ၃ဝဝ ကျော် ရောင်းထားရပြီး နိုင်ငံတကာ ဖျော်ဖြေရေး ခရီးစဉ်ပေါင်း ၁ဝ ခု ထွက်ခဲ့သူ ဖြစ်ပါတယ်။
မက်ဒေါနားဟာ အမျိုးသမီး အဆိုရှင်တွေထဲ သမိုင်းတလျှောက် တေးအယ်လ်ဘမ်ချပ်တွေ အရောင်းရဆုံးသူ အဖြစ် ကမ္ဘာ့ဂင်းနစ် စံချိန် တင်သူ ဖြစ်ပါတယ်။
ဂျီမေဂျာကီး အားပြုသီဆို
ယူကေနိုင်ငံမှာ ဆိုရင်လည်း အရောင်းရဆုံး ဇယားရဲ့ နံပါတ် ၁ နေရာကို မက်ဒေါနားရဲ့ အယ်လ်ဘမ် ၁၂ ချပ် ရောက်ခဲ့ပါတယ်။
ဒီ စံချိန်ကို ယှဉ်နိုင်တာဆိုလို့ ဘီတဲလ်စ် အဖွဲ့နဲ့ အဲလ်ဗစ်ပရက်စလေ တို့ပဲ ရှိပါတယ်။
၁၉၉ဝ မှာ ထွက်တဲ့ The Immaculate Collection ဆိုတဲ့ အယ်လ်ဘမ်ဆိုရင် နံပါတ်တစ် နေရာမှာ နှစ်လကျော် ရှိနေခဲ့ပြီး အရောင်းရဆုံး ဇယားထဲ သီတင်းပတ်ပေါင်း ၃၃၈ ပတ်ထိ နေရာယူ ထားနိုင်ခဲ့ပါတယ်။
၂၁ ရာစု အထိ လိုက်ပါလာတဲ့ ဂီတ ဘုရင်မ
မက်ဒေါနားရဲ့ နာမည်အကြီးဆုံး သီချင်းလို့ပြောမယ် ဆိုရင်တော့ "အပျိုစင်လေးလို" Like A Virgin သီချင်းလို့ ပြောနိုင်ပါတယ်။
၁၉၈၄ မှာ ထွက်ခဲ့တဲ့ Like A Virgin သီချင်းဟာ ပေါ့ပ်ဂန္ထဝင် သီချင်းလို့ ပြောရင်လည်း မမှား နိုင်ပါဘူး။
ဒိုးဒိုးဒွန့်ဒွန့် သံစဉ်တွေ လွှမ်းထားတဲ့ ကြားကပဲ မက်ဒေါနားရဲ့ သီချင်းတွေဟာ ၁၉၈ဝ ပြည့်ကျော်နှစ် အနောက်နိုင်ငံတွေက ဆယ်ကျော်သက် မိန်းကလေးတွေရဲ့ ခံစားမှု၊ လူမှုပြဿနာတွေကို ထင်ဟပ် နေခဲ့တယ်လို့ ဂီတဝေဖန်ရေး ပညာရှင်တွေက ဆိုပါတယ်။
 ပေါ့ပ်ဘုရင်မ ၆ဝ ပြည့်ပြီ
၁၉၈၆ မှာ ထွက်တဲ့ ထရူးဘလူး True Blue ဆိုရင် သံစဉ်ကတော့ မြူးမြူးကြွကြွ ရှိနေပေမယ့် အကြောင်းအရာကတော့ ဆယ်ကျော်သက် အရွယ် ကိုယ်ဝန်ရှိသွားတဲ့ အကြောင်း၊ မိဘတွေနဲ့ အဆင်မပြေ ဖြစ်တဲ့ အကြောင်း စတာတွေကို ဖော်ပြ ထားတာ ဖြစ်ပါတယ်။
မက်ဒေါနားရဲ့ အယ်လ်ဘမ်တွေ အားလုံးကို ခြုံငုံကြည့်ရင် သူဟာ မတူတဲ့ ကီးပေါင်း ၂၄ မျိုး အထိ အမျိုးမျိုး သီဆိုထားတဲ့ ဂီတပညာရှင် ဖြစ်တာ တွေ့ရပါတယ်။ အထူးသဖြင့် အားပြု ဆိုတဲ့ ကီးကတော့ ဂျီမေဂျာ G major ဖြစ်တာလည်း တွေ့ရပါတယ်။
BBC Burmese
https://www.bbc.com/burmese
Wednesday, August 16, 2017
ဒင်နီရယ်ခရိတ် ဂျိမ်းစ်ဘွန်းမင်းသား ဆက်လုပ်မယ်
အင်္ဂလိပ်မင်းသား ဒင်နီရယ်ခရိတ်ဟာ တရားဝင် ဂျိမ်းစ်ဘွန်း ရုပ်ရှင်တွေမှာ ၆ ယောက် မြောက် မင်းသား ဖြစ်
နာမည်ကျော် စပိုင် ရုပ်ရှင် ဂျိမ်းစ်ဘွန်း ဇာတ်ကားတွေရဲ့ လက်ရှိ မင်းသား ဒင်နီရယ်ခရိတ်က လာမယ့် ဂျိမ်းစ်ဘွန်းဇာတ်ကားသစ်မှာ လျှို့ဝှက်အေးဂျင့်အဖြစ် သူ ဆက်လက် သရုပ်ဆောင်သွားမယ်လို့ ဆိုလိုက်ပါတယ်။ အမေရိကန် ရုပ်သံ စကားဝိုင်း The Late Show မှာ အဲဒီလို အတည်ပြုသွားခဲ့တာပါ။
ဂျိမ်းစ်ဘွန်း ရုပ်ရှင် နောက်ဆုံး ၄ ကားမှာ သရုပ်ဆောင်ခဲ့တဲ့ အသက် ၄၉ နှစ် ရှိပြီ ဖြစ်တဲ့ မင်းသား ခရိတ်ဟာ နောက်ထွက်မယ့် ကားမှာလည်း ပါဝင်ဖို့ သဘောတူလိုက်ပြီ ဆိုတဲ့ သတင်းတွေ လတ်တလော ထွက်ပေါ်နေပေမယ့် ခရိတ် ဘက်ကတော့ မနေ့က အထိ သူ မဆုံးဖြတ်ရသေးဘူးလို့သာ ဖြေဆိုခဲ့တာပါ။
ဒါပေမယ့် အခု တီဗီပွဲမှာတော့ သူ သရုပ်ဆောင်မယ့် အကြောင်းကို သိနေခဲ့တာ ၂ လ လောက်ရှိပြီလို့ ထုတ်ဖော်ပြောဆိုသွားပါတယ်။
သူအနေနဲ့ လာမယ့် ဂျိမ်းစ်ဘွန်းရုပ်ရှင်မှာ ဆက်သရုပ်ဆောင်ဖို့ကို အမြဲတမ်း ရည်ရွယ်ထားခဲ့ပြီး ခေတ္တခဏ အနားယူဖို့သာ လိုအပ်ခဲ့တာပါလို့ ဆိုပါတယ်။
လာမယ့် ဂျိမ်းစ်ဘွန်း ရုပ်ရှင်ဟာ သူ့ အနေနဲ့ စပိုင် အဖြစ် နောက်ဆုံး သရုပ်ဆောင်မယ့် ဇာတ်ကားဖြစ်ဖွယ်ရှိတယ်လို့လည်း ခရိတ်က ပြောပါတယ်။
ဂျိမ်းဘွန်း မင်းသား အဖြစ် ပီးယက်စ်ဘရွန်ဆင်ရဲ့ နေရာကို ဆက်ခံခဲ့သူ ခရိတ်ဟာ ၂၀ဝ၆ ခုနှစ်မှာ Casino Royale ရုပ်ရှင်နဲ့ အတူ သူ့ရဲ့ ပထမဆုံး ဂျိမ်းဘွန်းဇာတ်ရုပ်ကို စတင်ခဲ့ပါတယ်။ အဲဒီနောက် Quantum of Solace (၂၀ဝ၈)၊ Skyfall (၂၀၁၂) နဲ့ Spectre (၂၀၁၅) ဇာတ်ကားတွေ ဆက်ရိုက်ကူးခဲ့ပါတယ်။
၂၅ ကားမြောက် ဂျိမ်းစ်ဘွန်း ရုပ်ရှင် ဇာတ်ကားသစ်ကို လာမယ့် ၂ဝ၁၉ ခုနှစ် နိုဝင်ဘာမှာ ထွက်လာဖို့ရှိတယ်လို့ ထုတ်လုပ်သူတွေက ကြေညာ ထားပါတယ်။
BBC Burmese
http://www.bbc.com/burmese
Sunday, May 7, 2017
တချိန်က အပြာမင်းသမီး၊ အခု ထိပ်တန်း မင်းသမီးရဲ့ ရင်ဖွင့်သံ
ရုပ်ရှင်လောကမှာ အချို့သော သရုပ်ဆောင်များဟာ သူတို့ရဲ့ အတိတ်ဘ၀ဇာတ်ကြောင်းတွေကို ပွင့်ပွင့်လင်းလင်း ထုတ်ေ ဖ်ာလေ့ မရှိကြပါဘူး။ ဒါပေမဲ့ လူကြီးများသာ ကြည့်ခွင့်ပြုတဲ့ လိင်အသား ပေးရုပ်ရှင်ကား သရုပ်ဆောင်ဘ၀ကနေပြီး ဘောလီးဝုဒ်မင်းသမီးဖြစ်လာတဲ့ Sunny Leone ဆန်နီလီယွန်ကတော့ သူမရဲ့အတိတ်က ဇာတ်ကြောင်းနဲ့ပတ်သက်လို့ေ ဆွးနွေးရာမှာ စနောင့်စနင်း မဖြစ်ခဲ့ဘူး။ တကယ်တော့ ဒီကနေ့ အများပရိသတ်က သူမကို သိနေတာဟာလည်း အတိတ် က သူမရဲ့ဖြစ်ရပ်တွေကြောင့်ပါလို့ ၀န်ခံတယ်။
”ဒီကနေ့ ကျွန်မ ဒီအဆင့်ရောက်နေရတာဟာလည်း ကျွန်မရဲ့အတိတ်က လုပ်ရပ်တွေကြောင့်ပါ။ ဒါကြောင့် ကျွန်မ ဖုံးကွ ယ်ထားရမယ်လို့ ဘယ်တုန်းကမှ မယုံကြည်ခဲ့ဘူး။ ရှက်လည်း မရှက်ပါဘူး။
အင်တာနက်ထဲမှာ လက်ညှိုးထိုးမလွဲ မြင်နေရတဲ့ ကျွန်မ ပုံရိပ်တွေကိုလည်း ကျွန်မ ဖျက်မပစ်ပါဘူး”လို့ အသက် ၃၃ နှစ် ရှိပြီဖြစ်တဲ့ ဆန်နီလီယွန်က ပြောခဲ့တယ်။ ‘ဒါကြောင့် ဆန်နီလီယွန်ဟာ ဘယ်ရုပ်ရှင်ဗီဒီယိုဇာတ်ကားမှာပဲဖြစ်ဖြစ် ရဲရဲတင်း တင်း မရှက်မကြောက် သရုပ်ဆောင်ခဲ့သလို နောင်လည်း ကျရာအခန်းကဏ္ဍတွေမှာ ဒီလိုပဲ သရုပ်ဆောင်ဦးမယ်လို့ ဆိုပါ တယ်။
ဘာပဲပြောပြော အတိတ်က သူမရဲ့ ရုပ်ရှင်သက်တမ်းမှာ အမှားတွေ လုပ်ခဲ့ပေမယ့် ဒီအမှားတွေအတွက် ၀မ်းနည်းပြီး နော င်တရတာတွေ မရှိဘူးလို့ ပြောတယ်။ တချိန်ထဲမှာ မစ္စလီယွန်ဟာ ဂူဂျာရတ် ပြည်နယ်၊ ဆူရတ်မြို့ကို သွားခဲ့တုန်းက ရဲစခ န်းတခုမှာ သူမကို တိုင်ချက်ဖွင့်ခံခဲ့ရတာနဲ့လည်း ကြုံတွေ့ခဲ့ရပါတယ်။
ပြဿနာကတော့ ဒီလိုပါ။ မစ္စဆန်နီလီယွန်ဟာ ဆူရတ်မြို့ကို သူမရဲ့ ရုပ်ရှင်ဇာတ်ကားသစ် ပရိုမိုးရှင်းလုပ်ဖို့ သွားရောက်ခဲ့ တုန်းက ဆူရတ်အခြေစိုက် စိန်ကုန်သည်ကြီးတဦးရဲ့ ဧည့်ခံပွဲမှာ ဆန်နီလီယွန်ဟာ အပေါ်ပိုင်း ဗလာကျင်းပြီး တက်ရောက် ခဲ့တဲ့ ဓာတ်ပုံတွေ ပေါ်ထွက်လာခဲ့တဲ့အတွက် ဒေသခံလူတယောက်က မစ္စဆန်နီလီယွန်ကို ရဲစခန်းမှာ တိုင်ချက်ဖွင့်ခဲ့တာ ဖြစ်ပါတယ်။
ဒါပေမဲ့လည်း ဆန်နီလီယွန်က ဒီသတင်းကို မမှန်ကြောင်း ငြင်းဆိုခဲ့ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး သူမအနေနဲ့ ဘာမှ အေ ကြာင်းကြားစာ မရခဲ့တဲ့အကြောင်း၊ သူမအနေနဲ့ ဘာအမှားမှ မလုပ်ခဲ့တဲ့အကြောင်း နိုင်ငံရဲ့ ဥပဒေစည်းမျဉ်းတွေကိုလည်း ဘယ်တုန်းကမှ မချိုးဖောက်ခဲ့ဘူးဆိုတဲ့အကြောင်း ဒီဒေသက လူတွေကို အမြဲတမ်း လေးစား ဂါရ၀ပြုနေကြောင်း ပြန်ပြီး ရှင်းချက်ထုတ်ခဲ့ပါတယ်။
သူမရဲ့ Ek Paheli Leela ဇာတ်ကားနဲ့ပတ်သက်လို့ ပထမဦးဆုံး တင်ပြလိုပါတယ်။
သူမဟာ ဘောလီးဝုဒ် ရုပ်ရှင်လောကမှာ မျက်နှာသစ်တယောက်အနေနဲ့ လျှမ်းလျှမ်းတောက် အစွမ်းပြနိုင်တဲ့ သူတယော က် ဖြစ်လာခဲ့တယ်။ ဒါပေမဲ့ ဆန်နီလီယွန်ဆိုတဲ့ ဘောလီးဝုဒ်မင်းသမီးဟာ အရင်က ပေါ်ခဲ့တဲ့ အိန္ဒိယနာမည်ကျော် မင်းသ မီးတွေရဲ့ အဆင့်အတန်းထက် မနိမ့်ကျတာကိုလည်း တွေ့ရပါတယ်။
ဝေဖန်ရေးသမားတွေက သူမနဲ့ ပတ်သက်လို့ပဲဖြစ်ဖြစ် သူမရဲ့ ဇာတ်ကားနဲ့ပတ်သက် လို့ပဲဖြစ်စေ ဘယ်လိုပဲဝေဖန်နေကြ ပါစေ။ ဆန်နီလီယွန်ကတော့‘ဒီကနေ့ စူပါစတားဆိုတဲ့ မင်းသမီးတွေအဆင့်ကို ရောက်နေပါပြီ။ ဆန်နီလီယွန်ရဲ့ အရည်အ ချင်း ဘယ်လောက်ရှိတယ်ဆိုတာ သိချင်ရင် လတ်တလော ပြသနေတဲ့ ဒါရိုက်တာ ဘော်ဘီခန် ရိုက်ကူးတဲ့ Ek Paheli Leela ဆိုတဲ့ ဇာတ်ကားကို သွားရောက် ကြည့်ရှုပြီး အကဲဖြတ်နိုင်ပါတယ်။
ဒီဇာတ်ကားကို ကြည့်လိုက်ရင် ပရိသတ်ရဲ့ အသည်းနှလုံးကို ထိုးဖောက်နိုင်လောက်အောင် စွဲမက်စရာကောင်းတဲ့ အချက် ငါးချက်ကို တွေ့ရမှာ ဖြစ်ပါတယ်။ ဒါတွေကတော့ . . .
၁။ အသစ်ချပ်ချွတ် ဘောလီးဝုဒ်မင်းသမီးရဲ့ နာမည်က ဆန်နီလီယွန်ဆိုတာပါပဲ။ နာမည်က အိန္ဒိယမဆန်ဘဲ အင်္ဂလိပ် ဆန်တဲ့နာမည်ပါ သူမရဲ့ ရုပ်ရည်ကလည်း မျက်စိထဲက မထွက်နိုင်အောင် စွဲမက်စရာ ကောင်းတဲ့အလှကို ပိုင်ဆိုင်ထား သလို အသံကလည်း အိန္ဒိယအမျိုးသမီးတွေရဲ့ အသံမျိုးထက် နိုင်ငံခြားလေသံ ပေါက်နေတာကို ကြားရမှာဖြစ်ပါတယ်။ ဟိန္ဒူဘာသာနဲ့ပဲ ပြောပြော၊ အင်္ဂလိပ် လိုပဲပြောပြော ဆန်နီလီယွန်ရဲ့အသံက နိုင်ငံခြားသူ လေသံပေါက်နေတာ ကြားရ မှာဖြစ်ပါတယ်။
၂။ ဒုတိယအချက်ကတော့ ဘောလီးဝုဒ်ရုပ်ရှင်ကားတွေမှာ ပါလေ့ရှိတဲ့ ချစ်ခန်းကြိုက်ခန်း (တခါတရံ အပြာဇာတ်လမ်း ခ န်း)တွေနဲ့ ပတ်သက်လို့ပါပဲ။ အားလုံး သိကြတဲ့အတိုင်း ဒီကနေ့ အိန္ဒိယရုပ်ရှင် ဇာတ်ကားတွေမှာ ချစ်ခန်းကြိုက်ခန်းတွေ ခပ်ကြမ်းကြမ်း (အနောက်တိုင်း ပုံစံအတိုင်း) ရိုက်ကူးပြသလာတာ တွေ့ရတယ်။
အရင်တခေတ်တုန်းက နာမည်ကျော် ‘ကွေဘာနီ’ဇာတ်ကားထဲက မင်းသမီး ဇီနတ်အာမန်ကနေပြီး ဒီကနေ့ခေတ် ဘော လီးဝုဒ်မင်းသမီး ဘီပါရှာဘာဆူ (Bipasha Basu) အထိ အိန္ဒိယမင်းသမီး တော်တော်များများဟာ ချစ်ခန်းကြိုက်ခန်းေ တွမှာ ခပ်ကြမ်းကြမ်း သရုပ်ဆောင်ကြတာ တွေ့ရမှာပါ။
ဒီမင်းသမီးတွေ တော်တော်များများကလည်း အိန္ဒိယရုပ်ရှင်လောကမှာ ထိပ်တန်းရောက်ခဲ့တာကို တွေ့ရ ပါတယ်။ အခု ဇာတ်ကားမှာလည်း ဆန်နီလီယွန်ဟာ ချစ်ခန်းကြိုက်ခန်းတွေမှာ အထက်ဖော်ပြပါ မင်းသမီးတွေကို အမီလိုက်နိုင်ရုံမက ဘူး ကျော်တက်သွားနိုင်တယ်လို့ ဆိုနိုင်ပါတယ်။
၃။ တတိယအချက်ကတော့ သူမရဲ့ ကာရိုက်တာလို့ခေါ်တဲ့ သရုပ်ဆောင်စရိုက်ပါပဲ။ ဆန်နီလီယွန်ကို စွဲမက်စရာ ကောင်း တဲ့ မြို့ ကြီးသူ အမျိုးသမီးတယောက်ရဲ့ ပုံသဏ္ဌာန်နဲ့ ပရိသတ်က တွေ့မြင်ခဲ့ကြပြီးပါပြီ။ အခု Ek Paheli ဇာတ်ကားမှာေ တာ့ တမျိုးကွဲပြား ခြားနားပြီး ကျေးလက်တောသူ လှပျိုဖြူတဦးအနေနဲ့ တွေ့မြင်ကြရမှာ ဖြစ်ပါတယ်။ ကျေးလက်တောသူ လှပျိုဖြူရဲ့ စွဲမက်စရာ သီချင်းညည်းသံကိုလည်း သာယာနာပျော်စရာ ကြားကြရပါလိမ့်မယ်။
၎။ စတုတ္ထအချက်ကတော့ အက အခန်းတွေပါပဲ။ အိန္ဒိယရုပ်ရှင်တွေမှာ ကခုန်ရွှင်မြူးကြတဲ့အခန်းတွေကတော့ ထုံးစံအတို င်းပါရစမြဲ ဖြစ်ပါတယ်။ ဒီဇာတ်ကားမှာ ဆန်နီလီယွန်ဟာ နာမည်ကျော် မင်းသမီး အက်ရှ်ဝါရာရိုင်းရဲ့ နာမည်ကျော် Dholi Tauro သီချင်းနဲ့ အကပုံစံတွေကို အတုယူပြီး သီဆိုကခုန်ထားတာ တွေ့ရတယ်။
၅။ ပဉ္စမအချက်ကတော့ ဆန်နီလီယွန်ရဲ့ သရုပ်ဆောင်ချက်တွေပဲ ဖြစ်ပါတယ်။ ဆန်နီလီယွန်ကို Shootout at wadala ဆိုတဲ့ ဇာတ်ကားမှာ လိုင်လာဆိုတဲ့ ဇာတ်ဆောင်တဦးအဖြစ် တွေ့ခဲ့ရသလို Ragini MMS 2 ဆိုတဲ့ ဇာတ်ကားမှာ ဘေ ဘီဒေါအနေနဲ့ တွေ့မြင် ခဲ့ကြပါတယ်။
အခု ဒီဇာတ်ကားမှာတော့ ဆန်နီလီယွန်ကို Leela ဆိုတဲ့ အမျိုးသမီးအနေနဲ့ တမူထူးခြားတဲ့ သရုပ်ဆောင်ချက်တွေ တွေ့ ရဦးမှာ ဖြစ်ပါတယ်။ ဒီဇာတ်ကားမှာ ဆန်နီလီယွန်နဲ့ အကကျွမ်းကျင်မှုတွေကိုလည်း တွေ့ရမှာပါ။ ဒီဇာတ်ကားရဲ့ ဇာတ်ဝင် သီချင်း ၈ ပုဒ်အနက် ၆ ပုဒ်ကို ဆန်နီလီယွန်ရဲ့ သရုပ်ဆောင်ချက်တွေနဲ့ တင်ပြထားပါတယ်။
အက၊ အလှတွေနဲ့ တ၀ကြီးကြည့်ရှု ခံစားနိုင်တဲ့ Ek Paheli Leela ဇာတ်ကားကြည့်ပြီး ပရိသတ်စိတ်ကျေ နပ်လောက် မယ်လို့ ယူဆနိုင်ပါတယ်။
ထွဋ်ဝင်းထွဋ်
(The Times Of India)
ဆန်းသစ်
Saturday, April 22, 2017
ကာလီမယ်တော် ပုံရုပ်ပြောင်ကို လူမှုကွန်ရက်ပေါ်တင်ခဲ့သည့် ပေါ့ပ်စတား ကေတီပယ်ရီ ဝေဖန်ခံရ
နာမည်ကျော် ပေါ့ပ်စတားတဦးဖြစ်တဲ့ ကေတီပယ်ရီဟာ ဟိန္ဒူဘာသာဝင်တွေရဲ့ အထွတ်အမြတ်ထားတဲ့ ကာလီမယ်တော်ပုံရုပ်ပြောင်ဓာတ်ပုံတပုံကို သူ့ရဲ့ အင်တာနက် လူမှုကွန်ရက်စာမျက်နှာပေါ်မှာ တင်ခဲ့တဲ့အတွက် ပြင်းပြင်းထန်ထန် ဝေဖန်ခံနေရပါ တယ်။
ကေတီပယ်ရီဟာ အဲဒီပုံကို သူ့ရဲ့ အင်စတာဂရမ် အင်တာနက်လူမှုကွန်ရက်စာ မျက်နှာပေါ်မှာ တင်ခဲ့တာဖြစ်ပြီး “လက်ရှိစိတ်အခြေအနေ”လို့ ခေါင်းစဉ်တပ်ဖော်ပြခဲ့တာပါ။
အဲဒီပုံကို ဧပြီလ ၁၉ ရက်နေ့က တင်လိုက်တာဖြစ်ပြီး အချိန်တိုအတွင်းမှာပဲ အိန္ဒိယနိုင်ငံသား ပရိတ်သတ်တွေက ဒေါသတကြီးတုံ့ပြန်ဝေဖန်ခဲ့ကြတာပါ။
အဲဒီပုံအောက်မှာ ဝေဖန်ခဲ့ကြတဲ့ မှတ်ချက်ပေါင်း ၁ သောင်း ၁ ထောင်ကျော်ရှိခဲ့ ပြီး အများစုကတော့ ရိုင်းရိုင်းစိုင်းစိုင်းဆဲဆိုဝေဖန်ခဲ့ကြတာပါ။
ကာလီမယ်တော်ဟာ ဟိန္ဒူဘာသာဝင်တွေရဲ့ အထွတ်အမြတ်ထားကိုးကွယ်ရာ ဖြစ်တဲ့အတွက် ဒီပုံကို ဖြုတ်ချပစ်လိုက်ဖို့ ဝေဖန်မှုတွေ ရှိကြသလို တချို့ကလည်း ဟိန္ဒူဘာသာအပေါ် လေးစားမှု ရှိသင့်ပြီး သူ့ကို ခုလိုမလုပ်သင့်ဘူးလို့ ပြောနေကြပါတယ်။
အသက် ၃၂ နှစ်အရွယ်ရှိနေပြီဖြစ်တဲ့ အမေရိကန်ပေါ့ပ်အဆိုတော် ကေတီပယ်ရီ ကတော့ လက်ရှိအချိန်ထိ ဒီပုံကို ထားရှိဆဲဖြစ်ကာ ဘာမှတုံ့ပြန်တာမျိုးမရှိခဲ့ပါဘူး။
Credit: DVB
Wednesday, April 19, 2017
ဘက်ခမ်းဇနီးမောင်နှံက ကလေးတွေအမည်ကို မူပိုင်ခွင့်တင်
ဒေးဗစ်နဲ့ ဗစ်တိုးရီးယားဘက်ခမ်းတို့ဟာ သူတို့ရဲ့ ကလေး ၄ ယောက်အမည်ကို မူပိုင်ခွင့် ယူလိုက်ပြီဖြစ်တဲ့အတွက် သူတို့နာမည်နဲ့ သူတို့ကြိုက်ရာပစ္စည်းတွေကို ထုတ်လုပ်ခွင့် ရရှိသွားပြီဖြစ်ပါတယ်။
အသက် ၁၈ နှစ်အရွယ် ဘရွတ်ကလင်း၊ အသက် ၁၄ နှစ်အရွယ် ရိုမီယို၊ အသက် ၁၂ နှစ်အရွယ် ခရုစ်နဲ့ အသက် ၅ နှစ်အရွယ် ဟာပါတို့ဟာ အခုဆိုရင် မူပိုင်အမှတ်တံဆိပ်တွေ ရှိသွားပါပြီ။
ဘောလုံးသမားဟောင်းကြီး ဒေးဗစ်နဲ့ အဆိုတော်ဘဝကနေ ဒီဇိုင်နာဘဝကို ကူးပြောင်းခဲ့တဲ့ ဗစ်တိုးရီးယားတို့ရဲ့ကလေး ၄ ယောက်ကလည်း ခေသူတွေ မဟုတ်ပါဘူး။ သူတို့ရဲ့ အသက်မွေးဝမ်းကျောင်းအတွက် လုပ်ငန်းတွေကို စတင်အခြေပြုနေပါပြီ။
“သူတို့နှစ်ယောက်ဟာ စီးပွားရေးလုပ်ငန်းအလုပ်ဆုံး A-list ဆယ်လီတွေဖြစ်ပါတယ်။ အခုဆိုရင် ကလေးတွေ နာမည်ကိုတောင် မူပိုင်ခွင့်တင်လိုက်ပြီ။ ဘက်ခမ်းအမှတ်တံဆိပ် ကျယ်ပြန်လာမယ့် အခွင့်အရေးတွေကတော့ မဆုံးနိုင်အောင်ပါပဲ” လို့ သတင်းပေးတစ်ဦးက ပြောခဲ့ပါတယ်။
ဘရွတ်ကလင်းကဆိုရင် ဓာတ်ပုံတွေ အများအပြားရိုက်ကူးခဲ့ကာ ကိုယ်ပိုင် ဓာတ်ပုံစာအုပ်တစ်အုပ်ကိုတောင် ထုတ်ဝေခဲ့ပြီး ရိုမီယိုကတော့ Burberry အတွက် မော်ဒယ်လုပ်ပေးခဲ့ကာ ခရုစ်ကတော့ ပြီးခတဲ့ ဒီဇင်ဘာလမှာ ပေါ့ပ်သီချင်းတစ်ပုဒ်ကို ထုတ်လုပ်ခဲ့ပါတယ်။ အသက် ၅ နှစ်သာ ရှိသေးတဲ့ ဟာပါလေးကတော့ T-shirt ဒီဇိုင်း ထုတ်ခဲ့ပါတယ်။
by Duwun
Friday, April 14, 2017
ကမ္ဘာတစ်လွှားမှ IQ အရည်အသွေး မြင့်မားလှသည့် လူသိထင်ရှားပုဂ္ဂိုလ် (၁၀)ဦး
ကမ္ဘာပေါ်တွင် သက်ဆိုင်ရာ နယ်ပယ်ကဏ္ဍအလိုက် ထင်ရှားကျော်ကြားသူများ၊ အောင်မြင်နေသူများ၊ လူသိထင်ရှား Celebrity အများစုသည် မိမိတို့၏ လုပ်ငန်းတာဝန်များ၊ ဖန်တီးမှုများအပေါ် ထဲထဲဝင်ဝင်၊ နှစ်နှစ်ကာကာ စိတ်ဝင်တစား မြှုပ်နှံခဲ့ကြသူများ ဖြစ်ကြသည်။
ထို့အပြင် အနုပညာ၊ စီးပွားရေး၊ နည်းပညာ နယ်ပယ်အသီးသီးတွင် ဘွဲ့အမြောက်အမြား ရရှိထားသူများ၊ ဘာသာစကား အမျိုးမျိုးကို ကျင်လည်စွာ တတ်မြောက် ပြောဆိုနိုင်သူများ၊ ဇာတ်ညွှန်းတစ်ခုမျှကို ခေတ္တမျှ ဖတ်ရှုရုံဖြင့် စွဲမြဲစွာမှတ်မိနေတတ်သူများ အစရှိသဖြင့် ဉာဏ်ရည်နှင့် ပတ်သက်သော ထူးခြားသည့် စွမ်းရည်ကောင်းများ ပိုင်ဆိုင်ထားသည့် နာမည်ကျော်များလည်း ရှိနေသည်။ ယင်းသို့သော Celebrity များ၏ ဉာဏ်ရည်ထက်မြက်မှု အတိုင်းအတာ (IQ)ကိန်းဂဏန်းများသည် ပါရမီရှင်အဆင့်မျှထိ မြင့်မားနေလေ့ရှိသည်။
ပျမ်းမျှအားဖြင့် သာမန်လူတစ်ဦး၏ IQ ပမာဏကို (၁၀၀)ဝန်းကျင်ဟု သတ်မှတ်လေ့ရှိပြီး ယင်းထက်မြင့်မားလေ ဉာဏ်ရည်ဉာဏ်သွေး ထက်မြက်မှုအပိုင်းတွင် ပိုမိုပြည့်ဝထူးချွန်လေဖြစ်သည်။ (၁၄၀)အထက်ကိုမူ ပါရမီရှင်ဟု သတ်မှတ်လေ့ရှိသည်။
နယ်ပယ်အသီးသီးမှ ထင်ရှားကျော်ကြားသည့် လုပ်ငန်းရှင်နှင့် အနုပညာရှင် အချို့တို့တွင်လည်း IQ အဆင့်သတ်မှတ်ချက် မြင့်မြင့်များ ပိုင်ဆိုင်ထားကြရာ ယင်းတို့အနက် (၁၀)ဦးကို ကောက်နုတ်ဖော်ပြအပ်ပါသည်။
၁၀။ နစ်ကိုးလ်ကစ်ဒ်မန်း
ကစ်ဒ်မန်း၏ ဉာဏ်ရည်ထက်မြက်မှုသည် မိဘများထံမှ အမွေဆက်ခံ ရရှိခဲ့သည်ဟု ဆိုနိုင်မည် ဖြစ်သည်။ ဟောလိဝုဒ်ကြယ်ပွင့် ရုပ်ရှင်မင်းသမီး၏ မိဘနှစ်ပါးသည် သုတေသန ပရောဂျက်တစ်ခုအတွက် အမေရိကန်သို့ ပြောင်းရွှေ့လာသည့် သုတေသီများ ဖြစ်ကြပြီး ကစ်ဒ်မန်းကို ဟာဝိုင်ယီရှိ ဟိုနိုလူလူတွင် မွေးဖွားခဲ့သည်။
ကစ်ဒ်မန်း၏ ဖခင်သည် ဇီဝဓာတုသိပ္ပံပညာရှင် တစ်ဦးဖြစ်ပြီး ကစ်ဒ်မန်းကမူ ဖခင်၏လမ်းစဉ်ကို မလိုက်ဘဲ အနုပညာနယ်ပယ်တွင် အောင်မြင်မှုများ ရှာဖွေရယူနိုင်ခဲ့သည်။ လက်ရှိတွင် မင်းသားကိတ်သ်အာဘန်နှင့် လက်ထပ်ထားသည့် ဟောလိဝုဒ်ကြယ်ပွင့်သည် ကလေးဘဝငယ်ရွယ်စဉ်ကတည်းက အနုပညာလောကသို့ စတင်ခြေချ ဝင်ရောက်လာသူလည်း ဖြစ်သည်။
သူမ၏ IQ အဆင့်မှာ (၁၃၂)အထိရှိပြီး ဗစ်တိုရီးယား အနုပညာကောလိပ်နှင့် ဩစတြေးလျလူငယ်များ ပြဇာတ်ရုံတို့တွင် ပညာသင်ယူ ဆည်းပူးခဲ့ဖူးသည်။
ကစ်ဒ်မန်းသည် အကောင်းဆုံး မင်းသမီးဆုအတွက် အော်စကာဆုရရှိခဲ့ဖူးပြီး ဖြစ်သလို UNICEF ၏ နှလုံးလှသံတမန်တစ်ဦးအနေဖြင့် ပရဟိတလုပ်ငန်းများတွင်လည်း ကူညီဆောင်ရွက်လျက်သည်။ ကစ်ဒ်မန်းသည် အမျိုးသမီးများ အကြမ်းဖက်ခံရမှု အခြေအနေများကို ကမ္ဘာက ပိုမိုအာရုံစိုက်လာအောင် တက်တက်ကြွကြွ နှိုးဆော်စည်းရုံးနေသူ တစ်ဦးလည်း ဖြစ်သည်။
၉။ ကီဗင်စပေဆီ
IQ အဆင့် (၁၃၇)အထိ ရှိနေသည့် စပေဆီ အနေဖြင့် ငယ်စဉ်ကျောင်းသားဘဝကတည်းက ပညာရည်ထူးချွန်ပြီး ကျောင်းအတွက် ကိုယ်စားပြုရသည့် အဆင့်မျိုး သတ်မှတ်ခံခဲ့ရခြင်းမှာ မဆန်းကြယ်လှချေ။
ဟောလိဝုဒ်၌ တော်လှန်ဆန်းသစ်သော အမြင်ရှိသည့် သရုပ်ဆောင်တစ်ဦး ဖြစ်ခဲ့သလို ဘရော့ဒ်ဝေး ပြဇာတ်နယ်ပယ်တွင်လည်း အောင်မြင်မှုများ ရရှိခဲ့သည်။
ဟောလိဝုဒ်တွင် ဆယ်စုနှစ်တစ်ခုကျော်ကြာ စွဲစွဲမြဲမြဲ ဖြတ်သန်းခဲ့ပြီးနောက် လန်ဒန်အခြေစိုက် Old Vic ပြဇာတ်ကုမ္ပဏီ၌ အနုပညာဖန်တီးမှုဆိုင်ရာ ဒါရိုက်တာအဖြစ် စာချုပ်ခဲ့သည်။
စပေဆီသည် ၎င်း၏ ဉာဏ်ရည်မြင့်မားမှုကို သရုပ်ဆောင်၊ ဒါရိုက်တာ၊ ပရိုဂျူဆာနှင့် စာရေးဆရာနယ်ပယ်များ၌ ရပ်တည်ရင်း လက်တွေ့ပြသခဲ့သူဖြစ်သည်။
၈။ နာတာလီပို့တ်မန်း
ဟားဗတ်တက္ကသိုလ်မှ ဘွဲ့ရခဲ့သူတစ်ဦးကို ရုပ်ရှင်ရိုက်ကွင်းများတွင် အခြေချရပ်တည်ပြီး ထူးထူးခြားခြား အောင်မြင်နေသည့် အခြေအနေမျိုး များများစားစား မျှော်လင့်နိုင်မည် မဟုတ်ချေ။
ပို့တ်မန်းသည် ယင်းကဲ့သို့ ရှားပါးစာရင်းဝင် မင်းသမီးတစ်လက်ဖြစ်ပြီး (၂၀၀၃)ခုနှစ်က ဟားဗတ်မှ စိတ်ပညာအထူးပြုဘွဲ့ကို ရရှိထားခဲ့သည်။ ထို့အပြင် Black Swan ဇာတ်ကားတွင် အကောင်းဆုံး ဦးဆောင်သရုပ်ဆောင်ရင်း အော်စကာဆု၊ ရွှေကမ္ဘာလုံးဆုများကို သိမ်းကျုံးရရှိထားခဲ့သည်။
ဆရာဝန်တစ်ဦးနှင့် အနုပညာရှင်တစ်ဦးတို့ ပေါင်းဖက်ရာမှ မွေးဖွားလာသည့် အစ္စရေးသူ၏ IQ အဆင့်သတ်မှတ်ချက်သည် (၁၄၀)အထိ ရှိနေသည်။
ပို့တ်မန်းသည် ဟီးဘရူးနှင့် အင်္ဂလိပ်စကားများကို ကျွမ်းကျွမ်းကျင်ကျင် ပြောဆိုနိုင်ပြီး စပိန်၊ ဂျပန်၊ ဂျာမန်နှင့် ပြင်သစ် ဘာသာစကားများကိုပါ လက်ပွန်းတတီး လေ့လာသင်ယူထားသူ ဖြစ်သည်။
“ကျွန်မက ရုပ်ရှင်စတားတစ်ယောက် ဆိုတာထက် ပိုပြီးတော့ စမတ်ကျချင်ပါတယ်”ဟု ပြောဆိုဖူးသည့် ပို့တ်မန်းအနေဖြင့် ပညာရေးတွင်လည်း အမှန်တကယ် ထူးချွန်သူတစ်ဦးဆိုသည်မှာ ယုံမှားစရာမရှိချေ။
၇။ မက်ဒေါနား
တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် အယ်လ်ဘမ်ချပ်ရေ ကော်ပီပေါင်း သန်း(၃၀၀)ကျော် ရောင်းချပြီးသည့်နောက် Material Girl စတားအဆိုတော်သည် အထင်ကရ ဂီတကြယ်ပွင့် တစ်ဦးအဖြစ် ခိုင်ခိုင်မာမာ မှတ်ကျောက်တင်နိုင်ခဲ့ပြီး ဖြစ်သည်။
သူမ၏အသံနှင့် သူမ၏အလှအပတို့ကို ဘေးဖယ်လိုက်လျှင်ပင် မက်ဒေါနား၌ အထူးတလည် အသိအမှတ်ပြုရမည့် အရည်အသွေးကောင်းတစ်ခု ကျန်ရှိနေသေးသည်။ ယင်းမှာ သူမ၏ IQ အဆင့်ဖြစ်သည်။
မက်ဒေါနားသည် IQ အဆင့် (၁၄၀)အထိ ရှိနေသူဖြစ်ပြီး ငယ်စဉ်က မစ်ချီဂန်တက္ကသိုလ်တွင် အကပညာကို ဆည်းပူးသင်ယူနေရာမှ တစ်ဝက်တစ်ပျက်ဖြင့် ကျောင်းထွက်ခဲ့ရပြီးနောက် မျှော်လင့်ချက်အိပ်မက်များကို လက်တွေ့အကောင်အထည်ဖော်ရန်အတွက် နယူးယောက်သို့ စွန့်စားထွက်ခွာလာခဲ့သည်။
မက်ဒေါနားသည် သီချင်းအယ်လ်ဘမ် (၁၂)ခုထိ ထုတ်ဝေဖြန့်ချိခဲ့ပြီး ဖြစ်သလို ဖက်ရှင်အမှတ်တံဆိပ်များ၊ ရေမွှေးအမှတ်တံဆိပ် အမျိုးမျိုးတို့ကို ထုတ်လုပ်ခြင်း အပါအဝင် စီးပွားရေးလုပ်ငန်းအချို့ကိုပါ စီမံကိုင်တွယ်ပြီး အောင်မြင်မှုများ ရရှိနေသည်။
၆။ ဟီလာရီကလင်တန်
ပါရမီရှင်အဆင့် IQ သတ်မှတ်ချက်မျိုး ပိုင်ဆိုင်သူများထဲတွင် အမေရိကန်သမ္မတကတော်ဟောင်းနှင့် နိုင်ငံခြားရေးဝန်ကြီးဟောင်း ဟီလာရီကလင်တန်သည်လည်း တစ်ဦးအပါအဝင်ဖြစ်သည်။
လွှတ်တော်အမတ်ဘဝမှသည် သမ္မတလောင်းနေရာထိ နိုင်ငံရေးနယ်ပယ်တွင် အမျိုးမျိုးအဖုံဖုံ ကျင်လည်ခဲ့သော ကလင်တန်သည် IQ အဆင့် (၁၄၀)အထိ ရှိနေသူ တစ်ဦးဖြစ်သည်။
ချီကာဂိုတွင် မွေးဖွားသည့် ကလင်တန်သည် ကျောင်းသူ မိန်းကလေးငယ် ဘဝကတည်းက ရည်မှန်းချက် ကြီးကြီးမားမား ထားရှိခဲ့သည်။
နိုင်ငံရေးနယ်ပယ်ကို သူမဘဝ၏ တက်လမ်းအဖြစ် အခိုင်အမာ မရွေးချယ်မီက ကလင်တန်သည် အာကာသယာဉ်မှူးတစ်ဦး ဖြစ်လာရန်အတွက် NASA တွင် အလေးအနက် ချိတ်ဆက်ကြိုးစားခဲ့ဖူးပြီး ထိုစဉ်က အမျိုးသမီးအာကာသယာဉ်မှူးများ ရွေးချယ်ရန် အစီအစဉ်မရှိသေးဟု NASA က ပြန်ကြားခဲ့၍သာ ကလင်တန်တစ်ယောက် အာကာသဟင်းလင်းပြင်ထဲ ရောက်မနေဘဲ လွှတ်တော်အဆောက်အအုံထဲ ရောက်လာခဲ့ခြင်းဖြစ်သည်။
၅။ စတိဗ်မာတင်
Father of the Bride နှင့် Pink Panther ကဲ့သို့ ရုပ်ရှင်များတွင် ဆံပင်ဖြူဖြူနှင့် သရုပ်ဆောင် မာတင်၏ ရယ်ရွှင်ဖွယ်ဇာတ်ရုပ်များကို တွေ့မြင်ခဲ့ရပြီး ဖြစ်သည်။ မာတင်သည် ရုပ်ရှင်ပိတ်ကားပေါ်တွင် ပရိသတ်များ တွေ့မြင်ရသည့် ပုံရိပ်မျိုးထက် ပိုမိုနက်နဲသော နောက်ခံဖြတ်သန်းမှုများ ရှိနေသူဖြစ်သည်။
၎င်းသည် လောင်းဘိခ်ျရှိ ကယ်လီဖိုးနီးယားပြည်နယ်တက္ကသိုလ်တွင် စိတ်ပညာအထူးပြုအဖြစ် ပညာသင်ယူခဲ့ပြီး ထို့နောက်တွင်မူ ပရိသတ်များကို ပျော်တော်ဆက်သည့် ဟာသဇာတ်ဆောင်တစ်ဦး၏ ဘဝကို ခံယူခဲ့သည်။
ထူးခြားချက်မှာ မာတင်သည် MENSA ခေါ် နိုင်ငံတကာမှ IQ အဆင့်အတန်း အလွန်မြင့်မားသူများ စုဖွဲ့ထားသည့် အစည်းအရုံးမှ အသင်းဝင်တစ်ဦး ဖြစ်နေခြင်းပင်။ ၎င်း၏ IQ အဆင့်သည် (၁၄၂)အထိ ရှိနေကြောင်း သိရသည်။
မာတင်သည် အောင်မြင်သည့် ဟာသဇာတ်ဆောင်တစ်ဦးအပြင် ပြဇာတ်ရေးဆရာ၊ စာရေးဆရာဘဝများကိုပါ ခံယူထားပြီး ကမ္ဘာ့အဆင့် ဘင်ဂျိုတူရိယာပညာရှင် တစ်ဦးအဖြစ်လည်း သတ်မှတ်ခံထားရသည်။
၎။ ရှရွန်စတုန်း
IQ အဆင့် မယုံနိုင်လောက်စရာ မြင့်မားနေသည့် နောက်ထပ် ဟောလိဝုဒ် ကြယ်ပွင့်တစ်ဦးအဖြစ် စတုန်းကို ညွှန်းဆိုရမည် ဖြစ်သည်။ သူမ၏ IQ အဆင့်မှာ (၁၅၄)ဖြစ်သည်။
မျက်လုံးပြာပြာများနှင့် မင်းသမီးသည် စက်ရုံအလုပ်သမားတစ်ဦး၏ သမီးအဖြစ် ဘဝကို အစပြုခဲ့သော်လည်း အသက်(၁၅)နှစ်အရွယ်တွင် ပင်ဆယ်လ်ဗေးနီးယားရှိ အီဒင်ဘိုရိုတက္ကသိုလ်မှ စကောလားရှစ် ရရှိသည်အထိ ပညာရေးတွင် ထူးချွန်ခဲ့သည်။
တက္ကသိုလ်တွင် ဖန်တီးရေးသားမှု အတတ်ပညာနှင့် ပန်းချီအနုပညာ ဘာသာရပ်များကို သင်ယူခဲ့ပြီး ဇွဲနပဲကြီးသည့် ကျောင်းသူလေးတစ်ဦးအဖြစ် သတ်မှတ်ခြင်းခံခဲ့ရသည်။
ထို့နောက်တွင်မူ ပင်ဆယ်လ်ဗေးနီးယား အလှမယ်ပြိုင်ပွဲ၌ သရဖူဆောင်းခဲ့ပြီးနောက် မော်ဒယ်လောကသို့ ခြေချဝင်ရောက်လာပြီး ထိုမှတစ်ဆင့် ဟောလိဝုဒ်ကြယ်တစ်ပွင့် မွေးဖွားလာခဲ့သည်။
Total Recall နှင့် Basic Instinct ဇာတ်ကားများတွင် ပြောင်မြောက်စွာ သရုပ်ဆောင်ခဲ့သည့် မင်းသမီးသည် အီတလီစကားကိုလည်း လည်လည်ပတ်ပတ် ပြောဆိုတတ်သူ တစ်ဦးဖြစ်သည်။
၃။ ကွန်တင်တာရန်တီနို
အထက်တန်းပညာရေးမျှ သင်ယူပြီး ကျောင်းထွက်ခဲ့သူတစ်ဦး ဖြစ်သော်လည်း တာရန်တီနိုသည် ဉာဏ်ရည်အရ IQ အဆင့် (၁၆၀)အထိ ပိုင်ဆိုင်ထားသူ ဖြစ်သည်။
တစ်နည်းအားဖြင့် ကမ္ဘာပေါ်တွင် ဉာဏ်ရည်ဉာဏ်သွေး သတ်မှတ်ချက် အမြင့်ဆုံးပုဂ္ဂိုလ်များအနက် တစ်ဦးအဖြစ် ယူဆနိုင်သည်။
တစ်ချိန်က သရုပ်ဆောင်သင်တန်းများ တက်ရောက်ခဲ့ဖူးသော်လည်း မိမိ၏ စိတ်အာရုံကို နှစ်နှစ်ကာကာ ဖမ်းစားနိုင်သော နယ်ပယ်သည် စာရေးခြင်းနှင့် ရုပ်ရှင်ဒါရိုက်တာ အလုပ်များသာဖြစ်ကြောင်း ရှာဖွေ တွေ့ရှိလာခဲ့သည်။
စိတ်ကူးစိတ်သန်း ကောင်းမွန်သော်လည်း မိခင်ကို ကြောက်ရွံ့နေရလေ့ရှိသည့် လူငယ်လေးတစ်ဦးသည် ယခုအခါ ရုပ်ရှင်လောက၏ ထူးချွန်သော ပဲ့ကိုင်ရှင် ဒါရိုက်တာတစ်ဦးအဖြစ် ရပ်တည်နေပြီ ဖြစ်သည်။ ၎င်း၏ Pulp Fiction ဇာတ်ကားသည် အကောင်းဆုံး ဖန်တီးမှုလက်ရာတစ်ခုအဖြစ် ဟောလိဝုဒ် ရုပ်ရှင်ဝေဖန်ရေး ပညာရှင်များနှင့် ပရိသတ်များက သတ်မှတ်ထားကြသည်။
၂။ ဘီလ်ဂိတ်စ်
ယနေ့အချိန် ဂိတ်စ်၏ ရပ်တည်နေမှုအရ ၎င်း၏ IQ အဆင့် (၁၆၀)အထိ ရှိနေသည်ဆိုသော အချက်သည် အံ့ဩစရာ အခြေအနေမျိုး မဟုတ်တော့ချေ။
Microsoft ၏ ပဲ့ကိုင်ရှင်ကြီးသည် ခေတ်သစ် ကွန်ပျူတာနည်းပညာလောကတွင် ဖန်တီးဆန်းသစ်မှု အမျိုးမျိုးဖြင့် ဦးဆောင်ခဲ့သူတစ်ဦးလည်း ဖြစ်သည်။
အချို့သော အထင်ကရပုဂ္ဂိုလ်ကြီး အချို့ကဲ့သို့ပင် ဂိတ်စ်သည်လည်း ပညာရေးဆုံးခန်းမတိုင်ဘဲ ဟားဗတ်တက္ကသိုလ်မှ ကျောင်းထွက်လာကာ Microsoft အတွက် ထဲထဲဝင်ဝင် မြှုပ်နှံခဲ့သည်။
ငယ်သူငယ်ချင်းတစ်ဦးဖြစ်သည့် ပေါလ်အလန်နှင့်အတူ (၁၉၇၅)ခုနှစ်တွင် ဂိတ်စ်က အစပြုတည်ထောင်ခဲ့သည့် Microsoft သည် ယခုအခါ ကမ္ဘာပေါ်တွင် အကြီးကျယ်ဆုံး Software ကုမ္ပဏီကြီးအဖြစ် ရပ်တည်နေပြီ ဖြစ်သည်။
Microsoft၏ အောင်မြင်မှု အရှိန်အဝါကြောင့် ဂိတ်စ်သည်လည်း ကိုယ်ထူးကိုယ်ချွန် ချမ်းသာလာသည့် အသက်အငယ်ဆုံး ဘီလျံနာအဖြစ် အသက်(၃၁)နှစ်အရွယ်တွင် မှတ်တမ်းတင်နိုင်ခဲ့သည်။
၁။ ဂျိမ်းစ်ဝုဒ်စ်
ကောလိပ်ကျောင်းမှ ထွက်ခွာခဲ့ရသည့် အခြားသော IQ အဆင့်မြင့် ပုဂ္ဂိုလ်တစ်ဦးအဖြစ် ဝုဒ်စ်ကို ရွေးချယ်ရမည်ဖြစ်ပြီး ယခုဆောင်းပါးပါ (၁၀)ဦးတွင် အဆင့်အမြင့်ဆုံး IQ ပိုင်ရှင် အနေဖြင့်ပါ ညွှန်းဆိုရမည် ဖြစ်သည်။
ဝုဒ်စ်၏ IQ အဆင့်သည် (၁၈၄)အထိရှိပြီး အထက်တန်းကျောင်းသား ဘဝကတည်းက လော့စ်အန်ဂျလိစ်ရှိ၊ ကယ်လီဖိုးနီးယား တက္ကသိုလ်မှ သင်ရိုးတစ်ခုကို ဆည်းပူးနေခဲ့သည်။
အဲလ်ဘတ်အိုင်းစတိုင်း၏ IQ အဆင့် (၁၆၀)ထက် ပိုမိုမြင့်မားသော IQ အရည်အသွေးကို ပိုင်ဆိုင်ထားသူ တစ်ဦးအနေဖြင့် မက်ဆာချူးဆက် နည်းပညာတက္ကသိုလ်တွင် ပညာသင်ယူရင်း သမားရိုးကျ သင်ကြားမှုများကို ငြီးငွေ့လာသည်မှာ မဆန်းချေ။ ထို့ကြောင့်လည်း ၎င်းသည် နိုင်ငံရေးသိပ္ပံပညာရပ်ကို အထူးပြုသင်ယူနေရာမှ ကျောင်းထွက်ပြီး သရုပ်ဆောင်နယ်ပယ်ထဲ ဝင်ရောက်ခဲ့သည်။
Ghost of Mississippi နှင့် Any Given Sunday ဇာတ်ကားများသည် ဝုဒ်စ်၏ လူသိများသော အနုပညာမှတ်တိုင်များ ဖြစ်ခဲ့ပြီး ၎င်း၏ ဉာဏ်ရည်ထက်မြက်မှုများက ဇာတ်ရုပ်အမျိုးမျိုးတွင် ပိုင်နိုင်စွာ သရုပ်ဆောင်ပြီး ပရိသတ်များကို လွှမ်းမိုးနိုင်သည့် အနုပညာရှင်တစ်ဦးအဖြစ် ရပ်တည်နိုင်စေခဲ့သည်။
_THE RICHEST
7day
Sunday, January 22, 2017
ရင်သပ်ရှုမောဖွယ် ကောက်ကြောင်းအလှနဲ့ ခိုင်လီဂျန်နာ
အသက် ၁၉ နှစ်အရွယ်သာရှိနေပြီး အလှပြင်ပစ္စည်းကုမ္ပဏီပိုင်ရှင် စီးပွားရေးလုပ်ငန်းရှင် မီလျံနာမလေး ဖြစ်နေပြီး ဘီကီနီဝတ်စုံလေးဝတ်လို့ သူမရဲ့ပြစ်မျိုးမဲ့မထင် အလှတွေကို ပြသလိုက်တာဖြစ်ပါတယ်။ ခိုင်လီဟာ ကယ်လီဖိုးနီးယားပြည်နယ်၊ ကာလာဘာဆက်စ်မြို့မှာရှိတဲ့ သူမရဲ့အိမ်ကြီးရဲ့ လျှောက်လမ်းမှာ ထိုင်ပြီး ပို့စ်ပေးနေခဲ့တာဖြစ်ပါတယ်။
နံရံကို မှီထိုင်နေတဲ့ ကင်မ်ကာဒါရှီယန်ရဲ့ အမေတူ အဖေကွဲ ညီမငယ် ခိုင်လီဟာ ကောက်ကြောင်းအလှကို ပေါ်လွင်နေအောင် ထိုင်ရင်း သူမရဲ့ ၅ ပေ ၆ လက်မရှိတဲ့ အရပ်ကို ကင်မရာထဲအကုန်ဝင်အောင် ရိုက်ကူးပြသထားတဲ့ ပုံတစ်ပုံလည်းပါဝင်ခဲ့ပါတယ်။ ဒါ့အပြင် ဆက်စီကျကျ ကြည့်နေတဲ့ မျက်နှာအနီးကပ်ပုံတစ်ပုံ နဲ့ သူမရဲ့ ကောက်ကြောင်းကို ပိုမိုမြင်သာစေမယ့် ပုံတစ်ပုံကိုလည်း မျှဝေခဲ့ပါတယ်။
ခိုင်လီဂျန်နာဟာ Forbes ရဲ့ အသက် ၃၀ နှစ်အောက် အချမ်းသာဆုံး စီးပွားရေးလုပ်ငန်းရှင်တွေထဲမှာ ပါဝင်ခဲ့ပါတယ်။ Kylie နှုတ်ခမ်းနီထုတ်လုပ်တဲ့ သူမဟာ Forbes ရဲ့ ၂၀၁၇ ခုနှစ် ထိပ်သီးစီးပွားရေးလုပ်ငန်းရှင်များစာရင်းမှာ အသက်အငယ်ဆုံးလည်း ဖြစ်ပါတယ်။
ရောင်းမလောက်အောင်ဖြစ်နေတဲ့ သူမရဲ့ နှုတ်ခမ်းနီတွေက အလွန်အမင်းအောင်မြင်လှသလို အစ်မဖြစ်သူ စူပါမော်ဒယ် ကန်ဒဲလ်ဂျန်နာနဲ့ တွဲဖက်လုပ်ကိုင်တဲ့ ဖက်ရှင်လုပ်ငန်းတွေကလည်း အောင်မြင်လှတယ်လို့ Forbes က ဆိုပါတယ်။
သူမဟာ အလှကုန်နဲ့ ဖက်ရှင်လုပ်ငန်းတွေကိုသာမက အိမ်ခြံမြေဘက်ကိုလည်း စတင်ခြေချလို့နေပြီး မကြာသေးမီကပဲ ကယ်လီဖိုးနီးယားပြည်နယ် Hidden Hills မှာ နောက်ထပ် အိမ်ကြီးတစ်လုံးကို ဝယ်ယူလိုက်ပါတယ်။
အောက်ပါဓါတ်ပုံများကတော့ သူမ ၁၈ နှစ်မွေးနေ့တုန်းက သူမရဲ့ ရည်းစားချစ်သူ နဲ့အတူတူတွဲရိုက်ထားတဲ့ ဓါတ်ပုံလေးတစ်ချို့ဖြစ်ပါတယ်။
Source: Duwun
actress wut hmone shwe yee sue miss international queen 2014 myo ko ko san
 Myanmar Actress Shwe Hmone Yati
 Myanmar Singer Aung La And Actress  Wyne Su Khaing Thein
 88 Students leader Min Ko Naing was married
 Htoo Eh Lin
 Myanmar Actress Shwe Hmone Yati
သင်ဇာဝင့်ကျော်ရဲ့  လင်းပိုင်ကြီးကိုစီးမယ်  
Myanmar Actress Thin Zar Wint Kyaw
Myanmar Actress Thinzar Wint Kyaw
Saturday, November 5, 2016
■ တစ်ပတ်မှာ ၁၁ နာရီပဲ အိပ်ပြီး ကြိုးစားခဲ့တဲ့ လီဆောင်ဂွန် ■
By သီဟပျံချီ
ကိုရီးယားမင်းသားတွေထဲမှာ လီဆောင်ဂွန်ဟာ တခြားမင်းသားတွေလိုပဲ အလုပ်တအားများတယ်။ အလုပ်များပြီး ရေမချိုးဖြစ်ဘူးဆိုရင် မနေ့က အ၀တ်အစားနဲ့ပဲလာလေ့ရှိတယ်။ ပေါ့ပေါ့ပါးပါး သွက် သွက်လက်လက် ပွင့်ပွင့်လင်းလင်းပဲ။ သူနာမည်ကြီးတဲ့အချက်ကလည်း ထူးဆန်းတယ်။ တခြားသူတွေလို တောက်တောက်ပြောင်ပြောင်၊ ခမ်းခမ်းနားနားစတိုင်လ်တွေကြောင့် ထင်ရှားရတာ မဟုတ်ဘဲ သာမန်ထ သွားထလာ အ၀တ်အစားတွေနဲ့ ပိုပြီး ထင်ရှားလူသိများတယ်။ ပေါ့ပေါ့ပါးပါး လွတ်လွတ်လပ်လပ် နေတတ်တဲ့ သူ့စတိုင်လ်ကြောင့် သူ့ ကို ပရိသတ်က ပိုအသိများကြ တယ်။
လီဆောင်ဂွန်ဟာ ဇာတ်ပို့ နေရာတွေမှာ သရုပ်ဆောင်ပြီး အဓိကဇာတ်ဆောင်အဖြစ် သရုပ်ဆောင်ခွင့်ရလာတဲ့ မင်းသားတစ်ယောက်လည်း ဖြစ်ပါတယ်။ မြန်မာပရိသတ်ကတော့ သူ့ကို ဟာသကားတွေနဲ့ပတ်သက်ပြီး သိကြပါတယ်။ သူ့အကြောင်း အင်တာဗျူးနဲ့ သူ့အပြောလေးတွေကို ဖော်ပြလိုက်ရပါတယ်။
Q. ခင်ဗျားရဲ့ Pasta ကားကို ကျွန်တော်တို့ ကြည့်ပြီးသွားပြီးပြီ။ ဒီကားမှာ ခင်ဗျားဟာ အတော်လေး ကို အားထုတ်ထားတယ်လို့ ကြားတယ်။ ကြားတဲ့အတိုင်းပဲ ခင်ဗျား သရုပ်ဆောင်သွားတာတွေက တကယ့်ကို ရင်သပ်ရှုမောဖွယ်ရာ ပါပဲ။
A. ဝေါင်း ... ကျွန်တော် သေလို့ရပြီ။ တကယ်။ ကျွန်တော့် ကားကို အခုလို အားပေးကြတဲ့ အတွက် တကယ်ကျေးဇူးတင်ပါတယ်။ ကျွန်တော် တစ်ပတ်လုံးမှ ၁၁ နာရီပဲ အိပ်ခဲ့ရတယ်။ ဇာတ်ညွှန်းကလည်း ကြောက်ဖို့ ကောင်းတယ်။ ကျွန်တော့်ဇာတ်ကောင်အတွက် စာတွေ အရမ်းများတယ်။
Q. ကျောင်းတုန်းက အိပ်မက်က မင်းသားလုပ်ဖို့ မဟုတ်ဘူးလို့ ကြားတယ်။ ဘာများဖြစ်လေမလဲ။
A. ဟုတ်ပါတယ်။ ကျွန်တော် ကိုရီးယားအမျိုးသားအနုပညာ တက္ကသိုလ်က အနုပညာကျောင်းကို မ၀င်ခင်တုန်းက အဲဒီအိပ်မက် မမက်ခဲ့ဘူးပါဘူး။ ကျောင်းရောက်တော့ ကျွန်တော်က ပြဇာတ်ကလပ်မှာ Lighting အဖွဲ့မှာ ပါတယ်။ ဒါပေမဲ့ ကျွန်တော့်စီနီယာတစ်ယောက်က အမြဲတမ်း ကျောင်းပြေး၊ အလုပ်ပြေးတယ်။ ဒါကြောင့် သူ့ နေရာကို အစားထိုး ၀င်လုပ်ပေးရတယ်။ စင်ပေါ်ကို တက်ပြီး သူ့ နေရာမှာ ပထမဆုံး အကြိမ်အဖြစ် ၀င်လုပ်ပေးရတယ်။ ကျွန်တော့်ရဲ့ ပထမဆုံးအကြိမ်ဆိုပေမယ့် ကျွန်တော့်မှာ ကြောက်စိတ်လုံးဝမရှိခဲ့ဘူး။ ဒီလိုနဲ့ မင်းသားဖြစ်လာ တာပါ။ ကျွန်တော်ကတော့ ကံကြမ္မာကြောင့်လို့ ထင်ပါတယ်။
Q. ကံကြမ္မာကြောင့် ဟုတ် လား ..။
A. ကျွန်တော်ပြောပြပါမယ်။ ကျွန်တော့်ကလေး လူ့လောကထဲ ရောက်လာတော့ ဒါဟာ ပြဇာတ်ရုံ ကနေ စလိုက်တဲ့ ကံကြမ္မာလို့ ကျွန် တော်ယုံကြည်မိတယ်။ ကျွန်တော့်ရဲ့ စီနီယာက ကျောင်းမပြေးရင် ကျွန် တော်လည်း စင်ပေါ်တက် သရုပ်ဆောင်ခွင့် ရမှာမဟုတ်ဘူး။ ကျွန်တော့်သူငယ်ချင်းက ကျွန်တော့် မိန်းမဖြစ်လာမယ့်သူကို မိတ်မဆက်ပေးခဲ့ရင်လည်း သူနဲ့ သိကျွမ်းမှာ မဟုတ်ဘူး။ သူနဲ့ မကွဲဘဲ ညားခဲ့တဲ့ အတွက် ဒီကလေးထွက်လာတယ်။ ကျွန်တော့်အမြင်အရ ကံဆိုတာ အတိုင်းအတာတစ်ခုအထိ ရှိနေတယ်လို့ ထင်ပါတယ်။ ပျော်ရွှင်မှုကတော့ ကံအပေါ် ဘယ်လိုသတ်မှတ် မလဲဆိုတာပါပဲ။
Q. Pasta ကားထဲက ဇာတ် ရုပ်နဲ့ The 1st shop of Coffee Prince ကားထဲက ဇာတ်ရုပ်နဲ့ အတော်လေး ကွာတယ်နော်။ ဒီကားက ပရိသတ်ပိုပြီး သိသွားစေ သလိုပဲ။
A. ကျွန်တော့်ဘေးနားက လူတိုင်းက အဲဒီလိုပဲ ပြောကြတယ်။ ဒီဇာတ်ကောင်က ကျွန်တော့်ရဲ့ ပြင်ပတကယ့်စရိုက်နဲ့ အတော်လေး ကို ထပ်တူနီးပါး တူတယ်တဲ့။ ဒါပေမဲ့ ဒီ Pasta ဇာတ်ညွှန်းရရခြင်း ကျွန်တော်ဖတ်ပြီး ဘာလုပ်လို့ ဘာ ကိုင်ရမယ်မှန်း တကယ်မသိ ခဲ့ဘူး။ ဘယ်လို သရုပ်ဆောင်ရမယ်ဆိုတာ မသိခဲ့ဘူး။
■ ငယ်တုန်းကနဲ့အခု
အခုနဲ့ ကောလိပ်တုန်းက ကျောင်းသားဘ၀နဲ့ ဘာကွာသလဲ ဆိုရင် သိပ်ကွာမယ် မထင်ပါဘူး (ရယ်လျက်)။ ကျွန်တော်က လူငယ် လိုနေရတာကို ကြိုက်တယ်။(ရယ် လျက်)၊ ဒါကြောင့် ကျွန်တော်ဟာ တဖြည်းဖြည်း နုပျိုလာနေတယ်လို့ ခံစားနေရတာ ဖြစ်မယ်။
■ တာဝန်ယူစိတ်
အရင်တုန်းက ကျွန်တော်က အရမ်းကို လွတ်လွတ်လပ်လပ်နေတာ။ မိသားစုအတွက် တာဝန်ယူမှု နည်းတယ်။ အခုတော့ မဟုတ်တော့ ပါဘူး။ အခုတော့ အဲဒီလို မိသားစု အတွက် တာဝန်ယူရတာဟာ ကျွန် တော့်အတွက် အပျော်ရွှင်ရ ဆုံးအကြောင်းရင်းပါပဲ။ လက်ထပ် ပြီးသွားတဲ့ နောက်ပိုင်း ကျွန်တော်လို သရုပ်ဆောင်တစ်ယောက်အတွက် ရည်မှန်းချက်တွေ ဘာတွေ ချမှတ် ပြီး ဘ၀ကို ဖြတ်သန်းဖို့ မလိုအပ်ပါ ဘူး။ တခြား ဖခင်တွေလိုပဲ ကျွန် တော်ဟာ အခုလုပ်နေတဲ့ အလုပ်ကို ပိုကြိုးစားပြီး ကောင်းမွန်စွာ လုပ် ဆောင်ဖို့ပဲ လိုပါတယ်။
■ ကံကြမ္မာဆိုတာ
ကျွန်တော်က ဘ၀မှာ ရည် မှန်းချက်တွေ ဘာတွေ ချမှတ်လေ့ မရှိဘူး။ အဲဒီအတွက် ကျွန်တော့် မိတ်ဆွေတွေက ကျွန်တော့်အတွက် စိုးရိမ်ကြတယ်။ ဒါပေမဲ့ ကျွန်တော် က ကံကြမ္မာကို ယုံတယ်။ ဒါကြောင့် ကျွန်တော်အခု အလုပ်ကြိုးစားနေ တာပေါ့။ ကျွန်တော် အတိတ်မှာ ချည်း နှစ်မြုပ်မခံချင်သလို အနာ ဂတ်အတွက်လည်း ထိုင်တွေးပြီး ပူပန်နေတဲ့သူလည်း မဟုတ်ပါဘူး။
■ သရုပ်ဆောင်ဆိုတာ
သရုပ်ဆောင်နဲ့ ပတ်သက်လို့ ကျွန်တော်ထင်တာက သဘာဝကျကျ သရုပ်ဆောင်တာက အကောင်း ဆုံးလို့ ထင်ပါတယ်။ ဇာတ်ကောင် တစ်ခုတည်းအပေါ်မှာ နှစ်မြုပ်ထား တာထက် သက်သောင့်သက်သာ လေးနဲ့ တောင့်တောင့်တင်းတင်းကြီး မဖြစ်နေဖို့က ပိုပြီး အရေးကြီးမယ် ထင်ပါတယ်။ သရုပ်ဆောင်တာ တောင့်တောင့်ကြီး ဖြစ်နေရင် ဘယ်လိုမှ သဘာဝ မကျတော့ပါဘူး။ အဓိကက သက်သောင့်သက်သာ ရှိနေဖို့ပါ။ ကျွန်တော်ကတော့ အဲဒီ လို သရုပ်ဆောင်ရတာကို ကြိုက် နှစ်သက်ပါတယ်။
■ ဇာတ်ကောင်
ကျွန်တော် တခြားဇာတ် ကောင်တွေ အများကြီး သရုပ် ဆောင်ချင်ပါသေးတယ်။ ကျွန်တော့် ရဲ့ ဇာတ်ကောင်တွေဟာလည်း အချိန်တိုင်း ပြောင်းလဲနေတယ်လို့ ထင်ပါတယ်။ တစ်ခုတည်းကို အာရုံ စိုက်တာထက် အားလုံးကို လုပ်ချင် တဲ့စိတ် ပိုရှိပါတယ်။
8 DAYS
#8days_a_week_journal
Thursday, July 21, 2016
By Shwemom - July 22, 2016
Fifty shades of grey မင်းသမီး Anastasia Steele နေရာမှာသရုပ်ဆောင်ခဲ့တဲ့ အသက်၂၆နှစ်အရွယ် Dakota Johnsonကတော့ မျက်လုံးပြူးစရာ Selfieတစ်ခုနဲ့ ပရိတ်သတ်တွေကို အံ့အားသင့်စေခဲ့ပါတယ်။
Source:thesun
.................................................
ပရိတ်သတ်တွေမျက်လုံးပြူးခဲ့ရတဲ့ Fifty Shades of Greyမင်းသမီးရဲ့Selfie
By Shwemom - July 22, 2016
Fifty shades of grey မင်းသမီး Anastasia Steele နေရာမှာသရုပ်ဆောင်ခဲ့တဲ့ အသက်၂၆နှစ်အရွယ် Dakota Johnsonကတော့ မျက်လုံးပြူးစရာ Selfieတစ်ခုနဲ့ ပရိတ်သတ်တွေကိုု အံ့အားသင့်စေခဲ့ပါတယ်။
 အခုလောလောဆယ်မှာ Fifty Shades of Grey ရဲ့ အဆက်ဖြစ်တဲ့ 50 Shades Darkerကို သူမကရိုက်ကူးနေတာလည်း ဖြစ်ပါတယ်။
သူမတင်ခဲ့တဲ့ Selfieပုံထဲမှာတော့ သူမရဲ့လက်တွေဟာ ပေါင်ကြားမှာညှပ်ထားတာကိုတွေ့ရှိခဲ့ရပါတယ်။ “I’ll have an order of Identity Crisis with a side of What’s My Hand Doing, #please.” ဆိုတဲ့စာသားနဲ့တင်ခဲ့တာလည်းဖြစ်ပါတယ်။
သူမရဲ့အင်စတာဂရမ်ပေါ်မှာတော့ လူကြိုက်များခဲ့ပါတယ်။ လတ်တလောမှာ သူမဟာ Jamie Dornan (50 Shades of Grey မင်းသား)နဲ့ နောက်တစ်ကားအတွက် အတူတကွရိုက်ကူးနေကြတာလည်းဖြစ်ပါတယ်။  သူမက အိုုင်ယာလန်မင်းသား Jamieနဲ့ရိုုက်ရတဲ့ လိင်အသားပေးခန်းတွေကို ငြိးငွေ့နေကြောင်းပြောဆိုခဲ့ပါတယ်။ “ကျွန်မနောက်ထပ်ဇာတ်လမ်းအတွက် ဒီနေ့ တစ်ခန်းရိုုက်ခဲ့ပါတယ်။ သိပ်တော့ သက်တောင့်သက်သာမရှိပါဘူး။ ကျွန်မတို့က တကယ်ချစ်တင်းနှောနေတာမဟုတ်ဘူးလေ။ တကယ့်ခံစားချက်
အတိုင်းးးဖြစ်အောင် ကျွန်မဟန်ဆောင်နေရတာ ငြီးငွေ့နေပါပြီ”လို့ပြောခဲ့ပါတယ်။
“ကျွန်မကို အချို့လူတွေက ဇာတ်လမ်းထဲက အတိုင်းထင်ပြီး အပြင်မှာ သိပ်မချဉ်းကပ်ကျပါဘူး။ ကိစ္စတော့မရှိပါဘူး။ကျွန်မကလည်း ယောက်ျားလေးတွေအကြောင်း သိပ်စဉ်းစားလေ့မရှိပါဘူး။ လုုပ်နေတဲ့အလုပ်ကိုု အကောင်းဆုံးလုုပ်တာပဲရှိပါတယ်လို့” သူမက ဆက်လက်ပြောခဲ့ပါသေးတယ်။
Source:thesun
မောင်ရွှေရိုး (Shwemom)
Sunday, June 26, 2016
By Shwemom - June 23, 2016
အခုအကြိမ်မှာတော့ သိပ္ပံပညာရှင်များကိုယ်တိုင်က မော်ဒယ်၊ မင်းသမီး၊ တီဗွီအစီအစဉ်တင်ဆက်သူ Kelly Brook
ကိုယ်လှပမှုကြောင့် ဆိုးကျိုးတွေလည်း၇ှိတယ်လို့ ဝန်ခံထားပါတယ်” လို့ပြောခဲ့ပါတယ်။
Source:thesun
Shwemom
...............................................................
သိပ္ပံပညာရှင်များ၏အဆိုအရ Kelly Brookeသည်အလှပဆုံးခန္ဓာကိုယ်ပိုင်ရှင်ဖြစ်နေ
By Shwemom - June 23, 2016
Kelly Brookeဆိုတာတော့ အစကတည်းက ကမ္ဘာပေါ်မှာ ခန္ဓာကိုယ်အလှဆုံး အမျိုးသမီးတွေထဲမှာပါခဲ့တာဖြစ်ပါတယ်။
အခုအကြိမ်မှာတော့ သိပ္ပံပညာရှင်များကိုုယ်တိုင်က မော်ဒယ်၊ မင်းသမီး၊ တီဗွီအစီအစဉ်တင်ဆက်သူ Kelly Brook
သည်သာ ကမ္ဘာမှာ အပြည့်စုံဆုံး ခန္ဓာကိုယ်ပိုင်ရှင်ဟုဆိုလာပါတယ်။
Texasတက္ကသိုလ်က သုတေသနပြုလုပ်သူတွေဟာ နှစ်ပေါင်းများစွာလေ့လာခဲ့ပြီး Kelly Brookကို အပြည့်စုံဆုံး ခန္ဓာကိုယ်ပိုုင်ရှင်အဖြစ်လက်ခံခဲ့ကြတာ ဖြစ်ပါတယ်။ ပြည့်စုံတဲ့အမျိုးသမီးဟာ အရပ် 1,68m (ငါးပေခြောက်လက်မ)ရှိပြီး
ရင်၊အလေးချိန်၊တင် 99-63-91 ရှိရမှာဖြစ်ပါတယ်။ ခွဲစိတ်ထားခြင်း လက်မခံပါဘူး။
ဒီအချက်တွေအားလုုံးနဲ့ Kelly Brookက ကိုုက်ညီနေပါတယ်။ သုတေသနပြုလုုပ်တဲ့အဖွဲ့က ” ဒီအမျိုးသမီးကတော့ သဘာဝအတိုင်းဖြစ်ပြီး သိပ္ပံပညာအရလည်း ပြည့်စုံနေပါတယ်။ ဒါပေမယ့် ဒီအယူအဆကြောင့် လူတွေကိုယ့်ကိုယ်ကို
အားမရဖြစ်မှာကိုမလိုလားပါဘူး။ Kelly Brookဟာ သိပ္ပံပညာနည်းကျ ပြည့်စုံပေမယ့် သူမကိုယ်တိုင် သူမရဲ့ခန္ဓာ
ကိုယ်လှပမှုကြောင့် ဆိုးကျိုးတွေလညး်ရှိတယ်လို့ ဝန်ခံထားပါတယ်” လို့ပြောခဲ့ပါတယ်။
Source:thesun
Shwemom
Monday, June 6, 2016
Kylie Jenner, Kendall Jennerနဲ့ Hailey Baldwinတို့ အကြွားပြိုင်ကြတဲ့နေ့
Kylie Jenner, Kendall Jennerနဲ့ Hailey Baldwinတို့ အကြွားပြိုင်ကြတဲ့နေ့
By Shwemom - June 1, 2016
ကြီးခဲ့တဲ့ Hailey Baldwinတို့နဲ့ အတူ ရေကန်ထဲမှာတစ်နေ့တာကုန်ဆုံးခဲ့ကြပြီး ထိုပုံတွေကို အင်စတာဂရမ်ပေါ်တင်ခဲ့ကြပါတယ်။
လွန်ခဲ့တဲ့ရက်အနည်းငယ်ကလည်း Kylieဟာ အနက်ရောင်ဝတ်စုံနဲ့ရိုက်ကူးထားတဲ့ပုံတစ်ပုံကို အင်စတာဂရမ်ပေါ်တင်ခဲ့ပါသေးတယ်။
Kylie ဟာ Tyga နဲ့ကွဲပြီးနောက်ပိုင်း အများက အသဲကွဲမယ်လို့ ထင်ခဲ့ပေမယ့်သူကတော့ ဘာမှမဖြစ်တဲ့ပုံနေနေခဲ့တာလည်းဖြစ်ပါတယ်။
Source:thesun
.........................................................
Kylie Jenner, Kendall Jennerနဲ့ Hailey Baldwinတိုု့ အကြွားပြိုင်ကြတဲ့နေ့
By Shwemom - June 1, 2016
Kardashian Reality Star ၂ယောက်ဖြစ်တဲ့ Kylie Jenner နဲ့ Kendall Jenner တို့ညီအမနှစ်ယောက်ဟာ Victoria’s Secret Model ဖြစ်တဲ့ Cami Morrone ၊သူငယ်ချင်း Lauren Perez, ဂျက်စတင်ဘီဘာနဲ့နာမည်
ကြီးခဲ့တဲ့ Hailey Baldwinတို့နဲ့ အတူ ရေကန်ထဲမှာတစ်နေ့တာကုန်ဆုံးခဲ့ကြပြီး ထိုပုံတွေကိုု အင်စတာဂရမ်ပေါ်တင်ခဲ့ကြပါတယ်။
Kylie နဲ့ Hailey တိုု့ဟာ တက်တူးပုံတွေကို အသားပေးဖော်ပြထားတဲ့ ဓာတ်ပုံတွေကို ရိုက်ခဲ့ကြပါတယ်။ Kylieဟာအခြားဓာတ်ပုံများစွာကိုလည်း ရိုက်ပြီးတင်ခဲ့ပါတယ်။ မေလ၃၀ရက်နေ့က အမေရိကန်နုုိင်ငံမှာ အားလပ်ရက်လည်းဖြစ်ပါတယ်။ Memorial Dayလို့ခေါ်တဲ့ ကျဆုံးသွားတဲ့စစ်သည်တော်တွေအတွက် အမှတ်တရနေ့လည်းဖြစ်တာကြောင့်Kylie တို့အဖွဲ့အပြင်မထွက်ပဲ ရေကူးခဲ့ကြပုံပေါ်ပါတယ်။
လွန်ခဲ့တဲ့ရက်အနည်းငယ်ကလည်း Kylieဟာ အနက်ရောင်ဝတ်စုံနဲ့ရိုုက်ကူးထားတဲ့ပုုံတစ်ပုံုကို အင်စတာဂရမ်ပေါ်တင်ခဲ့ပါသေးတယ်။
Kylie ဟာ Tyga နဲ့ကွဲပြီးနောက်ပိုင်း အများက အသဲကွဲမယ်လို့ ထင်ခဲ့ပေမယ့်သူကတော့ ဘာမှမဖြစ်တဲ့ပုံုနေနေခဲ့တာလည်းဖြစ်ပါတယ်။
Source:thesun
Thursday, June 2, 2016
ချမ်းသာလာခဲ့ပါတယ်။
SAW
Petchtai Wongkamlao
..............................
မန်(သို ့) ထိုင်းနိုင်ငံရဲ ့ စိန်တပွင့်
ထိုင်းနိုင်ငံမှာ ၀င်ငွေအများဆုံး ဟာသ အနုပညာရှင် သန်းကြွယ်သူဌေး Petchtai Wongkamlao ဖက်ထိုင်း ၀ုန်ခမ်လောင် (မန်)ဟာ ယခုဂျွန်လ ၂၄ ရက်နေမှာ အသက် (၅၁)နှစ်ရှိပြီဖြစ်ပါတယ်။
အာရှနိုင်ငံတွေက သူ ့ကို မျက်နှာလေးထောင့် ဟာသသရုပ်ဆောင်လို ့ လူသိ
များကြပါတယ်။
ထိုင်းလူမျိုးတွေကအိစံ(လာအိုနိုင်ငံသားများလာရောက်အခြေချ နေထိုင့်တဲ့
နယ်မြေ) ဒေသလို ့ ခေါ်ကြတဲ့ အူဘွမ်ရဌာနီ သားပါ၊ ၁၆နှစ်သားထဲက ပညာတပိုင်းတစနဲ ့ နယ်လှည့်ဖျော်ဖြေတဲ့ အငြီမ့်နောက်မှာ တောက်တိုမယ်ရ အလုပ်သမားဘဝ အလုပ်ကြမ်းလုပ်ရင်း အနုပညာလောက ထဲ စတင်အခြေချခဲ့ ပါတယ်။
ဟာသ အဖွဲ ့ထောင် ပျက်လုံးတွေထုတ်ရင်း TV လိုင်းက ကျင်လွိုင်ကျင်လန်း အစီစဉ်မှာပါ၀င်ခဲ့ရာကနေ စတင်ကျော်ကြားလာပြီး ကိုယ်တိုင်ဇတ်ညွန်းရေး-
ရုပ်ရှင် ဒါရိုက်တာလုပ် ကုပဏီပိုင်ရှင်ဖြစ်တဲ့အထိ ချမ်းသာလာခဲ့ပါတယ်။
မန် ဟာ ကိုယ်အောက်ပိုင်း ဆိုင်ရာတွေကို အများဆုံးသုံး ပျက်လုံးတွေထုတ်တတ်
ပါတယ်၊ တကယ့်အပြင်ဘဝမှာတော့ မိသားစုအပေါ် သံယောဇဉ်ကြီးပြီး တလင်
တမယား စနစ်ကို ကျင့်သုံးခဲ့တဲ့သူ ၊အလုပ်အပေါ် အလွန်သစ္စာရှိသူတဦးဖြစ်ပါတယ်။
အရာရာ ပြည့်စုံတဲ့ဘဝရောက်မှ ပညာဟာအရေးပါမှန်းသိခဲ့ပြီးဘန်ကောက် ရမ်ကန်ဟန် တက္ကသိုလ်ကနေ ဘွဲ ့ရအောင် ဆက်လက် ပညာသင်ခဲ့ပြီး ယခု PoliticalScience နိုင်ငံရေးသိပ္ပံဘာသာကိုဆက်လက်သင်ကြားလေ့လာ နေသလို သားသမီးနှစ်ယောက် စလုံးကို ကနေဒါနိုင်ငံမှာ ကျောင်းထားခဲ့ပါတယ်။
SAW
Social Action for Women - SAW
Petchtai Wongkamlao
Thursday, May 26, 2016
Johnny Deppကိုကွာရှင်းတော့မယ့် Amber Heard
By Shwemom -  May 26, 2016
မှာဖြစ်ပါတယ်။
Amber Heardက ဆွေးနွေးလို့မရတဲ့ ခြားနားချက်တွေရှိတာကြောင့် ကွာရှင်းပေးဖို့တရားရုံးကို လျှောက်ထားခဲ့တာဖြစ်
ပါတယ်။
1
ပါတယ်။
အထောက်အပံ့မှမပေးနိုင်ကြောင်းကို ရှေ့နေ့ကတစ်ဆင့် ပြောခဲ့ပါတယ်။
Source: mirror