Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Showing posts with label 88gens. Show all posts
Showing posts with label 88gens. Show all posts

Saturday, December 29, 2018

လူသတ်ကောင်ကို ပုဂ္ဂိုလ်ကန်တော့ခံဖြစ်ကြောင်းမကြံကြလေနှင့်

ရန်ကုန်မြို့တော်ခန်းမ၌ ဒီဇင်ဘာလ၂၉ရက်နေ့ နက်ပိုင်းက ကျင်းပတဲ့  ၁၃၈၀ ပြည့်နှစ် စာဆိုတော်နေ့အထိမ်းအမှတ် သက်ကြီးစာပေပညာရှင်များ ပူဇော်ကန်တော့ပွဲမှာ စာအုပ်အချို့ ရေးသားခဲ့ဖူးသည့် ဗိုလ်ချုပ်ကြီးဟောင်း ဦးခင်ညွန့်ပါဝင်နေတာနဲ့ပတ်သက်ပြီး ၈ကျောင်းသားဟောင်းကိုမင်းကိုနိုင်က "မည်သည့်အကြောင်းနှင့်မျှလူသတ်ကောင်ကို ပုဂ္ဂိုလ်ကန်တော့ခံဖြစ်ကြောင်းမကြံကြလေနှင့် "ဟုပြတ်ပြတ်သားသားရေးခဲ့ပါတယ်။





Friday, August 17, 2018

ခင်ဗျားကအသံစွာသလောက်နှလုံးခုန်သံမစွာဘူး..မမီး


ဆရာဝန်ကြီးကပြောတယ်
အဆုတ်ထဲသွေးတွေရောက်နေလို့ရန်ကုန်သယ်ဖို့မလွယ်
အဆုတ်ထဲကသွေးကိုဖယ်ရင်ရန်ကုန်ခေါ်နိုင်မယ်
လူနာရှင်ကိုဂျင်မီလက်မှတ်ထိုးတယ်
..........
.............
နှလုံးကိုရှော့ရိုက်တယ်
ခန္ဓာကိုယ်ကတစ်ချက်ရိုက်တစ်ချက်ကြွတယ်
နှလုံးခုန်တာကမကြွလာဘူး။
ဆက်တိုက်ဆက်တိုက်ရိုက်တယ်
ခန္ဓာကိုယ်ကဆက်တိုက်ဆက်တိုက်ခုန်တယ်
နှလုံးကခုန်မလာဘူး
Notebookလိုscreenမှာလှိုင်းတွန့်တွေအောက်ကို
တဖြေးဖြေးရေပြင်ညီ..
ပိုက်တွေအားလုံးဖြုတ်လိုက်တယ်..
မနီလာအပြင်ထွက်ပြေးသွားတယ်..
ငိုတယ်၊မခက်နဲ့တစ်ယောက်ကိုတစ်ယောက်ဖက်လို့
ကိုဂျင်မီ၊ကိုကြည်လွင်၊ကိုကျော်စွာ၊အောင်ကျော်၊
သွေးတွေပေနေတဲ့အိင်္ကျီနဲ့ကိုစောသက်ထွန်း
တွေ့ရာငေးပြီးသိစိတ်မဲ့...
ကိုဇော်ဝင်းမောင်ထိုင်ခုံမှာငူငူကြီး
ကျနော်ဆေးခန်းအပြင်ထွက်ဆေးလိပ်တစ်လိပ်သောက်
ဖင်စီခံသာရောက်တယ်
မီးခိုးတွေဘယ်ပျောက်နေမှန်းမသိ..
ဒီလောက်အသံစွာတဲ့အမ
နှလုံးခုန်သံတော့မစွာဘူး..
ဖုန်းဝင်လာတော့အယောင်ယောင်အမှားမှားဖွင့်မိတယ်
"အကို..အမေ'
"အေး..သားအမေဆုံးပြီ'
"အကိုမဟုတ်တာမပြောနဲ့ဗျာ'
"မေကြီးကဘယ်လိုမှမဖြစ်နိုင်တာတဲ့'
ကျနော်ဖုန်းချပစ်လိုက်တယ်။
ကျနော်အိပ်ပျော်အောင်အိပ်ချင်တယ်..အမရယ်...။ ။

နန္ဒာစစ်အောင်
၁၅.၈.၂၀၁၈

Monday, August 13, 2018

မသင်းသင်းအေး(ခ) မမီးမီး ရုတ်တရက်ကွယ်လွန် -အထူးဝမ်းနည်းကြေကွဲကြောင်းထုတ်ပြန်ခြင်း


အထူးဝမ်းနည်းကြေကွဲကြောင်းထုတ်ပြန်ခြင်း

မသင်းသင်းအေး(ခ) မမီးမီး ၊အသက်(၄၇)နှစ်၊ ၈၈ အရေးတော်ပုံကျောင်းသားခေါင်းဆောင်ဟောင်း၊ ၈၈ ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူအဖွဲ့အစည်းအဖွဲ့ အဖွဲ့ဝင်၊ နိုင်ငံရေးအကျဉ်းသားဟောင်းသည် (၁၃ရက် သြဂုတ်လ ၂၀၁၈ခုနှစ်) ယနေ့၊ မြန်မာစံတော်ချိန် ညနေ ၅နာရီဝန်းကျင်တွင် ပုသိမ်မှ ရန်ကုန်မြို့သို့အပြန် ကျောင်းကုန်းမြို့နယ် အလွန် မိုင်တိုင် ၇၁/၇ တွင် ယာဉ်မတော်တဆမှုဖြစ်ပွားပြီး၊ ပုသိမ်ဆေးရုံသို့ပို့ဆောင်စဉ်၊ ကန်ကလေးလမ်းဆုံ၌ အသက်ဆုံးပါးသွားပါကြောင်းသိရှိရပါသည်။ မြန်မာနိုင်ငံဒီမိုကရေစီအရေးတွင် ရှေ့တန်းမှ ပါဝင်ဆောင်ရွက်ခဲ့သည့် ရဲဘော်ရဲဘက်တစ်ဦး ဆုံးရှုံးခဲ့ရသည့်အတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အထူးဝမ်းနည်းကြွေကွဲရပါကြောင်း ထုတ်ပြန်လိုက်သည်။

မသင်းသင်းအေး(ခ)မမီးမီးယဉ်မတော်တဆဖြစ်စဉ်တွင် ဝိုင်းဝန်းကူညီဆောင်ရွက်ခဲ့ကြသော ဧရာဝတီတိုင်းအတွင်းရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင်များ၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များနှင့် တာဝန်သိပြည်သူများအား အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အထူးပင်ကျေးဇူးတင်ရှိပါကြောင်းနှင့် ကျန်ရှိနေသေးသည့် ကိစ္စအရပ်ရပ်များကိုလည်း ဆက်လက်ကူညီပံ့ပိုးပေးကြပါရန် အထူးပင် မေတ္တာရပ်ခံ တိုက်တွန်းအပ်ပါသည်။

(ဗဟိုပြန်ကြားရေးကော်မတီ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်)
National League For Democracy

ကားအက်ဆီးဒင့်ဖြင့်ကွယ်လွန်သွားသူ၈၈မျိုးဆက်ကျောင်းသူမမီးမီး


.......................
အကျဉ်းစံတဦးရဲ့ ပါရမီဖြည့်ဖက်

သန်းထိုက်ဦး | မမီးမီးကို နောက်ထပ် တခါ ထောင်ပြောင်း ရွှေ့လိုက်ပြန်ပြီ။ ယခုတခါ အလွန် ဝေးလံခေါင်းပါးသည့် ကသာထောင်သို့ ပြောင်းရွှေ့ လိုက်သည့် အတွက် လူအများက စိတ်မကောင်း ဖြစ်နေကြသည်။ လူအများ မသိသည့် အချက်ကတော့ မမီးမီးကို အခက်အခဲများကြားမှ ထောက်ပံ့ပေးနေသည့် ခင်ပွန်းသည် ကိုလှမိုး အကြောင်းဖြစ်သည်။

၂၀၀၇ သြဂုတ်လက လောင်စာဆီ ဈေးနှုန်း မြင့်တက်မှုအတွက် တခြားသော ၈၈ ကျောင်းသား ခေါင်းဆောင်များနှင့်အတူ ဆန္ဒပြနေသည့် မမီးမီး
၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင် တဦးဖြစ်သည့် အသက် ၃၉ နှစ်အရွယ် မမီးမီး (ခေါ်) မသင်းသင်းအေးကို ထောင်ပြောင်း ရွှေ့သည်မှာ ယခု အကြိမ်သည် တတိယ အကြိမ်မြောက် ဖြစ်သည်။ သူ ဘယ်ထောင် ရောက်ရောက် စားဝတ် နေရေး အခက်အခဲ များကြားမှ ထောင်ဝင်စာ ပုံမှန်ပို့ကာ တလျှောက်လုံး ပံ့ပိုးပေးနေသည့် ခင်ပွန်းသည် ကိုလှမိုးမှာ ရန်ကုန်မြို့တွင် ကားပြင်သည့် အလုပ်ကို လုပ်ကိုင် နေသူ ဖြစ်သည်။


“ကသာ ထောင်ဆိုတော့ သွားရေး လာရေးက အရမ်းကို ခက်ခဲတယ်၊ သွားဖို့ လာဖို့ကိစ္စက လွယ်တဲ့ကိစ္စ မဟုတ် ဘူး” ဟု မမီးမီး၏ ခင်ပွန်းဖြစ်သူ အသက် ၄၀ ၀န်းကျင်အရွယ် ကိုလှမိုးက ဧရာဝတီသို့ ပြောသည်။


မမီးမီးကို စစ်အစိုးရ အာဏာပိုင်များက ဧရာဝတီတိုင်း ပုသိမ်ထောင်မှ ရန်ကုန် အင်းစိန်ထောင်သို့ ယခုလဆန်း ပိုင်း၌ ပြောင်းရွှေ့ခဲ့ပြီး တပတ်ခန့်အကြာတွင် မိုင်းပေါင်းများစွာဝေး၍ ကားတတန်၊ ရထားတတန် သွားရသော ကသာထောင်သို့ ထပ်မံ ပြောင်းရွှေ့ခဲ့ခြင်းဖြစ်သည်။


မမီးမီးသည် လွန်ခဲ့သည့် ၂၀၀၇ ခုနှစ် သြဂုတ်လတွင် လောင်စာဆီဈေးနှင့် ကုန်ဈေးနှုန်း ကျဆင်းရေးအတွက် ကိုမင်းကိုနိုင် အပါအဝင် တခြားသော ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်များနှင့်အတူ လမ်းလျှောက် ဆန္ဒပြခဲ့သဖြင့် အာဏာပိုင်များက မမီးမီးကို လိုက်လံဖမ်းဆီးခဲ့ရာ အောက်တိုဘာလအတွင်း ဖမ်းဆီး ခံခဲ့ရခြင်း ဖြစ်သည်။


အင်းစိန်ထောင်၌ တနှစ်ကျော်ကြာ ထိန်းသိမ်းခဲ့ပြီးနောက် ၂၀၀၈ ခုနှစ် နိုဝင်ဘာလ ၁၁ ရက်နေ့တွင် တရား မဝင် အဖွဲ့ ဖွဲ့စည်းမှု၊ နိုင်ငံတော် တည်ငြိမ်ရေးကို ပျက်ပြားစေမှု၊ အီလက်ထရွန်းနစ် ပုဒ်မတို့ အပါအဝင် ပုဒ်မအနည်းဆုံး ၅ ခုဖြင့် ထောင်ဒဏ် ၆၅ နှစ် ချမှတ်ကာ ပုသိမ်ထောင်သို့ ပြောင်းရွှေ့ခဲ့သည်။


“ခရီးစရိတ်၊ လမ်းစရိတ်၊ စားစရိတ် အဲဒါတွေက အများကြီး ကျန်သေးတယ်၊ အဲဒီအတွက် ကျနော့်မှာ အလုပ်တွေ အများကြီး ကြိုးစားရဦးမယ်၊ ကြိုးစားပြီးတော့ အဆင်ပြေတဲ့ တနေ့တော့ ကျနော် ထောင်ဝင်စာ သွားတွေ့မယ်” ဟု ကိုလှမိုးက ဆက်ပြောသည်။


ထောင်ပြောင်းရသည့် အကြောင်းရင်း ကိုတော့ ကိုလှမိုး အတိအကျ မသိခဲ့ရဟု ဆိုသည်။


“သူက ကျီးပေါင်းနဲ့ လေးဘက်နာ ရောဂါရှိတယ်ဆိုတော့ ပထမတော့ ကျန်းမာရေး မကောင်းလို့ ဆေးကုသပေးဖို့ ထောင်ပြောင်းပေးတယ်လို့ ထင်တာ။ နောက်တော့မှ အဲဒီလို မဟုတ်ဘူးဆိုတာ သိရတယ်။ ဘာကြောင့် ပြောင်းလိုက်တယ် ဆိုတာတော့ အခုထိ မသိရသေးဘူး” ဟု ကိုလှမိုးက ပြောသည်။


“ကျနော်သွားတွေ့တော့ သူ့ကိုမေးတယ် သူကလည်း ပြောင်းရတဲ့ အကြောင်းရင်းကို သူကိုယ်တိုင်လည်း မသိရသေးဘူး၊ ဘယ်သူမှလည်း သူ့ကို မပြောဘူးတဲ့” ဟု ၎င်းက ပြောသည်။ ထိုအချက်ကတော့ စစ်အစိုးရ အကျဉ်းထောင်များ၏ ထုံးစံပင်ဖြစ်သည်။


ထိုင်းနိုင်ငံ အခြေစိုက် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ စာရင်းအရ စစ်အစိုးရ ဖမ်းဆီးထားသော နိုင်ငံရေးအကျဉ်းသားပေါင်း ၂၁၆၈ ဦးရှိပြီး အမျိုးသမီး ၁၇၅ ဦးပါဝင်သည်ဟု သိရသည်။


မြန်မာနိုင်ငံတွင်းရှိ အကျဉ်းထောင် အသီးသီးတွင် ထောင်ဒဏ်ကျခံနေရသော နိုင်ငံရေး အကျဉ်းသူများကို အခက်အခဲ ဒုက္ခအမျိုးမျိုးကြားမှ တောင့်ခံ ပံ့ပိုးပေးနေသည့် ကိုလှမိုးကဲ့သို့သော ခင်ပွန်းသည် များစွာ ရှိနေ နိုင်ပါသည်။


ဥပမာ တခုကိုပြရလျှင် မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ခင်ပွန်းသည် မိုက်ကယ်အဲရစ် ဖြစ်သည်။ နှစ်ရှည်လများ မြန်မာ့နိုင်ငံအရေး ဆောင်ရွက်ရင်း စစ်အစိုးရ ချမှတ်သည့် နေအိမ် အကျယ်ချုပ် ကျခံနေရသော ဇနီးသည်ကို မိုက်ကယ်အဲရစ်က စိတ်ဓာတ်အင်အားအတွက် သာမက ရုပ်ဝတ္ထုပစ္စည်းများပါ နောက်ခံပံ့ပိုးခဲ့သူဖြစ်သည်။


၁၉၉၉ ခုနှစ်အတွင်း၌ ဒေါက်တာ မိုက်ကယ်အဲရစ် ကင်ဆာရောဂါ အပြင်းအထန် ခံစားနေရချိန်တွင် ဒေါ်အောင်ဆန်းစုကြည်ထံ သွားရောက်ရေးအတွက် ပြည်ဝင်ခွင့် လျှောက်ထားခဲ့သော်လည်း အာဏာပိုင်တို့က ခွင့်မပြုခဲ့ပေ။


ဒေါ်အောင်ဆန်းစုကြည်က ခင်ပွန်းသည်၏ နောက်ဆုံးအချိန်တွင် ပြည်ဝင်ခွင့်ပြုရန် ဗိုလ်ချုပ်မှူးကြီး သန်းရွှေထံသို့ မေတ္တာရပ်ခံသည့် စာတစောင် ရေးသားပေးပို့ခဲ့သည်။ ပြည်ဝင်ခွင့်ကို စောင့်ဆိုင်းနေသည့် ဒေါက်တာ မိုက်ကယ် အဲရစ်သည် သူ၏ အသက် ၅၃ နှစ်ပြည့် မွေးနေ့တွင် ကွယ်လွန်သွားခဲ့သည်။


စစ်အစိုးရက နိုင်ငံရေးအကျဉ်းသားများကို မိသားစုနှင့် ဝေးကွာသည့် ထောင်များသို့ မကြာခဏ ပြောင်းရွှေ့လေ့ ရှိသည်။ နိုင်ငံရေး အကျဉ်းသားများကို ယခုကဲ့သို့ မိသားစုနှင့် ဝေးသည့် ထောင်များကို ပြောင်းရွှေ့ လိုက်ခြင်းသည် အကျဉ်းသားများအား ညှဉ်းပန်းနှိပ်စက်ခြင်း တမျိုးဖြစ်သည်ဟု နိုင်ငံရေး လှုပ်ရှားသူများက ဝေဖန်ကြသည်။


အထူးသဖြင့် မမီးမီးကဲ့သို့ နိုင်ငံရေးတွင် ပါဝင်ပတ်သက်ခဲ့ပြီး ထင်ရှားသည့် ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင် အားလုံးကို အလွန်ဝေးကွာသော ထောင်များသို့ ရည်ရွယ်ချက် ရှိရှိ ပြောင်းရွှေ့နေခြင်း ဖြစ်သည်ဟု ထိုင်း နိုင်ငံ အခြေစိုက် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) မှ အတွင်းရေးမှူး ကိုတိတ်နိုင်က ပြောပြသည်။


အလွန်ဝေးကွာသော အရပ်သို့ ထောင်ဝင်စာ သွားရောက်တွေ့ဆုံ နိုင်ရန် နိုင်ငံရေးအကျဉ်းသားများ၏ မိသားစုဝင်များအတွက် အခက်အခဲတခုဖြစ်သည်။


မမီးမီး ပုသိမ်ထောင်တွင်ရှိစဉ် ကိုလှမိုးအနေနှင့် တလတကြိမ် ပုံမှန် သွားတွေ့ခွင့် ရခဲ့သော်လည်း သွားတွေ့သည့် အခါတိုင်းတွင် တကြိမ်လျှင် အလွန်ဆုံး မိနစ် ၂၀ ခန့်သာ တွေ့ ခွင့်ရသည်။


“ပုသိမ်မှာတုန်းက တလနေမှ တခေါက် သွားရတယ်။ စကားပြောတော့လည်း ဘေးမှာ လိုက်မှတ်တာတွေ ရှိနေ တော့ ကိုယ့်မိသာစုအရေး ဘာမှ လွတ်လွတ်လပ်လပ် စကား ပြောလို့မရဘူး၊ တွေ့ရတော့ လည်း ၁၅ မိနစ်၊ မိနစ် ၂၀ ဆိုတော့ အားမရဘူး” ဟု ၎င်းက ပြောသည်။


မမီးမီးက ကိုလှမိုး ထောင်ဝင်စာ လာတွေ့တိုင်း ဘုရား တရား စာအုပ်များ မှာလေ့ရှိကြောင်း သိရသည်။


“သူလုပ်ခဲ့တဲ့ အလုပ်၊ သူ့ ဂုဏ်သိက္ခာအတွက် သူ့ ခင်ပွန်း တယောက်အနေနဲ့ သွားတွေ့မှာပါ” ဟု ကိုလှမိုးက ပြောသည်။


အမှန် တကယ်တော့ ထို ဒုက္ခများသည် ကိုလှမိုးအတွက် ပထမဆုံးအကြိမ် ခံစားရသော ဒုက္ခများ မဟုတ်။ ၁၉၉၆ ခုနှစ် မမီးမီး ဒုတိယအကြိမ် ဖမ်းဆီးထောင်ချခြင်းကို ခံခဲ့ရပြီး သာယာဝတီထောင်တွင် ၇ နှစ်ခန့် နေခဲ့ရစဉ် ကတည်းက လူမမယ် ကလေး ၂ ဦးနှင့်အတူ ကိုလှမိုးသည် မမီးမီးကို ပံ့ပိုးခဲ့သူဖြစ်သည်။ ထိုစဉ်ကတည်းက မမီးမီးမှာ အရိုးကျီးပေါင်းရောဂါနှင့် လေးဘက်နာ ရောဂါများ ခံစားခဲ့ရသည်။


မမီးမီးသည် ၁၉၈၈ ခုနှစ် ဒီမိုကရေစီ အရေးအခင်းတွင် ပါဝင်လှုပ်ရှားခဲ့သောကြောင့် အာဏာပိုင်များက ဖမ်းဆီးကာ ထောင်ဒဏ် ၃ လ ပထမအကြိမ် ကျခဲ့ဖူးသည်။


“ကျနော့်သားနဲ့ သမီးတွေက စိတ်ဓာတ်ပျော့ညံ့တဲ့ ကလေး တွေမဟုတ်ပါဘူး၊ အဖေရော အမေရော ဒီလောကသားတွေဆိုတော့ ထွေထွေထူးထူး သင်ပေးစရာမလိုတော့ဘူး၊ ၁၉၉၆ က မီးမီး သာယာဝတီ ထောင်မှာကျတော့ ကျနော့် သမီးက ၅ နှစ်ကျော်ကျော်၊ ကျနော့် သားက ၂ နှစ်ကျော်ကျော်ပဲ ရှိသေးတယ်။ အဲဒီအချိန်ကတည်းက ထောင်ဆိုတာကို ဒီကလေးတွေက ရင်နီးနေပြီ၊ နိုင်ငံရေးဆိုတာ တစွန်း တစ ဒီကလေးတွေ နားရေ၀နေပြီ” ဟု ကိုလှမိုးက ပြောသည်။


မမီးမီးသည် ၁၉၉၀ ခုနှစ်တွင် အခြေခံ အထက်တန်းကျောင်း အောင်မြင်ပြီး အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အဖွဲ့ဝင် ကိုလှမိုးနှင့် အိမ်ထောင်ပြုခဲ့ရာ သမီးနှင့် သား ၂ ဦး ထွန်းကာခဲ့သည်။


ယခုလက်ရှိတွင် သားဖြစ်သူမှာ ၁၀ တန်း တက်နေကာ သမီးကမူ ဆယ်တန်းအောင်မြင်ခဲ့ပြီး တက္ကသိုလ် မတက်နိုင်သည့်အတွက် ဆရာတယောက်က ပညာ ဒါန ပြုထားကြောင်း သိရသည်။


“ကျနော်တို့ ဘ၀ တွေက ပြည့်စုံမှုတော့ မရှိပါဘူး” ဟု ကိုလှမိုးက ဆိုသည်။ သားသမီးများကို အုပ်ထိန်းရာတွင် မိသားစု စုံစုံလင်လင် မရှိသည့်အတွက် အခက်အခဲရှိကြောင်းလည်း ၎င်းက ရှင်းပြသည်။


“သားသမီးတွေ အုပ်ထိန်းတဲ့နေရာမှာ ကျနော်ပဲ အဖေ၊ ကျနော်ပဲ အမေ ပုံစံနဲ့ အုပ်ထိန်းခဲ့ရတယ်။ အဖေ၊ အမေ စုံစုံလင်လင်ဆို ပိုပြီးတော့ သင့်တော်တာပေါ့။ မိသားစု နွေးထွေးမှုလည်း ပိုရှိတယ်၊ အခုဟာက တကွဲတပြား စီဆိုတော့ လစ်ဟာမှုတွေတော့ ရှိတယ်” ဟု ကိုလှမိုးက ဆက်ပြောသည်။


မမီးမီးနှင့်အတူ လူသိများထင်ရှားသော ကိုမင်းကိုနိုင်၊ ကိုကိုကြီး၊ ကိုမင်းဇေယျာ၊ ကိုဂျင်မီ၊ ကိုပြုံးချို၊ ကိုမြအေး၊ ကိုဌေးကြွယ်၊ မနီလာသိန်း၊ မမီးမီး အပါအ၀င် တခြားသော အဖွဲ့ဝင် ၂၂ ဦး သည် လွန်ခဲ့သည့် နှစ်အတွင်း ထောင်ဒဏ် ၆၅ နှစ်စီ ချမှတ်ခံခဲ့ရသည်။


ထောင်ဒဏ်ချမှတ်အပြီးတွင် မမီးမီးက ပြစ်ဒဏ်ချမှတ်သူ တရားသူကြီးကို “၆၅ နှစ်ပဲ လား” ဟု မထီမဲ့မြင် ပြန်၍ အော်ဟစ် ပြောဆိုခဲ့သည်ဟု ကြားသိခဲ့ရသည်။


“မီးမီးက စိတ်ဓာတ်အရတော့ တော်တော်လေး ကြံ့ခိုင်ပါတယ်၊ ကျန်းမာရေးကတော့ နည်းနည်းတော့ ညံ့တယ်” ဟု ပြောသည်။


အမျိုးသမီး တဦး ယခုကဲ့သို့ ထောင်ကျ နေသော်လည်း ခင်ပွန်းကောင်း တယောက် အနေနှင့် ပေးဆပ်နိုင် သလောက် ပေးဆပ် သွားမည်ဟု သူက ဆိုသည်။


“ကျနော်တို့ မိသားစုတွေ အနေနဲ့ ခင်ပွန်း တယောက် အနေနဲ့ ပေးဆပ် နိုင်သလောက် ပေးဆပ် နေမယ်၊ လုပ်ပေးနိုင် သလောက် လုပ်ပေးနေမယ်၊ ကျန်တဲ့လူ အများစုလည်း အဲဒီလိုပဲ အခက်အခဲတွေ ရှိကြမှာပဲ။ ဒါကို စိတ်မကောင်း စွာနဲ့ ရင်ဆိုင်ကြရမှာပဲ။ ဒါ နိုင်ငံရေးနဲ့ ပတ်သက်တဲ့ မိသားစုတိုင်းမှာ ခံစားကြရတာပါ” ဟု ၎င်းက ပြောပြသည်။


source by : ဧရာဝတီ

Wednesday, August 1, 2018

“၈လေးလုံးပုလဲရတုမှာပြောချင်မိတာကလေးတွေ”


မောင်မောင်ကျော်(၈၈)

၈လေးလုံးနှစ်၃၀ပြည့်အခမ်းအနားကြီးကျင်းပကြဖို့ အတွက်ကျနော်တို့ မျိုးဆက်၊နိုင်ငံရေးတိုက်ပွဲဝင်ဟောင်း တွေအထူးကြိုးစားနေကြတာတွေ့ ရလို့ အထူးဝမ်းသာအားရဖြစ်ရပါတယ်။ အထူးသဖြင့် ဒီတကြိမ်မှာ ကျင်း ပမည့်အခမ်းအနားအတွက်ကုန်ကျမည့်ငွေကြေးအတွက်လည်း၊ပြည်သူလူထုရဲ့စေတနာအလျောက်ထည့် ၀င်လှူဒါန်းကြတဲ့ အလှူငွေနဲ့ သာရပ်တည်ကြမယ်ဆိုတာသိရလို့ လည်း၊ပိုပြီးတော့ဝမ်းသာဂုဏ်ယူစရာဖြစ်ရပြန် ပါတယ်။ ဟိုတချိန်လွန်ခဲ့ တဲ့ နှစ်ေပါင်း၃၀တုန်းကလည်းအခုလိုပဲမိဘပြည်သူတွေရဲ့စေတနာအလျောက် လှူ ဒါန်းကြတဲ့ အကူအညီနဲ့ သာရပ်တည်လှုပ်ရှားခဲ့ ကြတာမဟုတ်လား။ကိုယ်ထူကိုယ်ထလုပ်ရပ်တည်ခဲ့ ၊လှုပ်ရှား ခဲ့ ကြရတဲ့ဟိုတချိန်ကဖြစ်စဉ်တွေကိုလည်းသတိတရပြန်ဖြစ်ရပါတယ်။ကိုယ်ထူကိုယ်ထစိတ်ဓါတ်ဆိုတာ ဟာ ဖွံ ဖြိုးတိုးတက်ဂုဏ်သိက္ခာမြင့်မားတဲ့ နိုင်ငံတော်တခုကိုထူထောင်လိုကြတဲ့ နိုင်ငံရေးသမားတွေမှာရှိသင့်ရှိထိုက် တဲ့ စိတ်ဓါတ်ဖြစ်ပါတယ်။တချိန်တခါတုန်းကအတူလက်တွဲခဲ့ကြတဲ့ နိုင်ငံရေးတိုက်ပွဲဝင်ညီအကိုမောင်နှမတွေ၊ ရောင်းရင်းဟောင်းတွေရဲ့ကြိုးပမ်းအားထုတ်မှုတွေအတွက်ဝမ်းသာဂုဏ်ယူမိတဲ့ အတွက်၊အခုစာလိုတပုဒ်ရေး ချ ဖြစ်ခဲ့ပါတယ်။ပိုမိုကောင်းမွန်တဲ့ နိုင်ငံရေးအရွေ့ တခု သို့မဟုတ်ပြန်လည်တွေ့ ဆုံမှုကြီးတခြု ဖစ်လာနိုင်လိ မ့်မယ်လို့ လည်းမျှော်လင့်မိပါ တယ်။ တချို့ ကလည်းအခြေအနေအရပ်ရပ်ကိုကြည့်ပြီးတော့စိတ်ပျက်လက်ပျက် ဖြစ်နေကြပြီးယခင်လိုပွဲတက်အခန်းအနားတွေမျိုးလိုဖြစ်လာဦးမလားဆိုပြီး၊တင်ကြိုမှတ်ယူနေကြတာတွေလည်း ရှိုကြပါတယ်။ဘာပဲဖြစ်ဖြစ်ကောင်းမွန်တဲ့မျှော်လင့်ချက်တွေထားကြစေချင်ပါတယ်။

နှစ်ပေါင်း၃၀ပြည့်၊နောက်ခေါင်းစဉ်တခုနဲ့ ခေါ်နေကြတာက ပုလဲ ရတုလို့ လည်းတင်စားနေကြပါတယ် ။နှစ်ပေါင်း၃၀ဆိုတာတကယ်တော့လည်းရာစုနှစ်တခုရဲ့၎ပုံကျော်ကျော်ကြာခဲ့ပါပြီ။ခက်အခဲအကြပ်အ တည်း ပေါင်းများစွာကိုဖြတ်သန်းကျော်လွှားခဲ့ကြဖူးတဲ့အတွေ့ အကြုံ တွေအတိုင်းအတာတခုအထိအသီး သီးရှိကြပြီးဖြစ်တဲ့ သူတွေဖြစ်တဲ့အတွက်၊အခုအချိန်မှာပိုကောင်းတဲ့ နိုင်ငံရေး ခေတ်တေ ခတ်ကိုရောက်ရှိနိုင်ြ၊ကဖို့ အခုတကြိမ်မှာပိုပြီးရင့်ကျက်တဲ့သဘောထားတွေနဲ့ တွေ့ ဆုံကြလိမ့် မယ်လို့ ယုံကြည်မိပါတယ်။

ကျနော်တို့ မျိုးဆက်တွေရဲ့အကြောင်းကိုတွေးတောမိရာကနေကျနော်တို့ တိုင်းပြည်ရဲ့နိုင်ငံရေး ဘ၀နောက်ခံအကြောင်းကိုပါပြန် တွေးမိတယ်။ မြန်မာပြည်ရဲ့နိုင်ငံရေးသမိုင်းစဉ်တလျှောက်လုံးမှာ မြန်မာ့နိုင်ငံရေးနဲ့ ခွဲမရအောင်ဖြစ်နေတဲ့ဖွားဖက်တော်တခုလိုဖြစ်နေတာတခုက ကြာရှည်မညီညွတ်နိုင်ကြတဲ့အလေ့အထလို့ ဆိုရမှာဖြစ်ပါတယ်။အဲဒီလိုမညီညွတ်တဲ့ အလေ့အထကိုပြောဆိုကြရာ မှာ၊လူပုဂ္ဂိုလ်တဦးတယောက်၊သို့ မဟုတ်အုပ်စုတစု သို့ မဟုတ် အဖွဲ့ အစည်းတချို့ ကိုသာဝေဖန်လက်ညိုးထိုးပြီး၊သူ့ ကြောင့်ငါ့ကြောင့်ဆိုတောတွေနဲ့တင်အဆုံးသတ်ကြတာကများပါလိမ့်မယ်။အဲဒီလိုလက်ညိုးထိုးလိုက်တာဟာ၊အမှားကြီးမှားတဲ့ လုပ်ရပ်လို့ မပြောနိုင်ပေမယ့်၊အများကြီးတော့မပြည့်စုံဘူးလို့ ကျနော်ယူဆပါတယ်။မြန်မာပြည်လူ့ အဖွဲ့ အစည်းရဲ့နိုင်ငံရေးသမိုင်းမှာအခ်ျန်အကြာကြီးနေရာယူနေခဲ့တာကသက်ဦးဆံပိုင် ပဒေသရာဇ်စံနစ်ပါ။ဘုရင်ကိုသတ်ပြီးဘုရင်လုပ်ကြရတဲ့စံနစ်၊လူစွမ်းကောင်းတွေကိုဗဟိုပြုတဲ့တော်လှန်ပုန်ကန် မှုတွေနဲ့ ထီးနန်းတွေထူထောင်ကြတဲ့ စံနစ်မျိုးတွေသာထွန်းကားခဲ့ တာဖြစ်ပြီးစည်းမျဉ်းခံဘုရင်စံနစ်တောင်မှ ထွန်းကားခဲ့ခြင်းမရှိပါဘူး။ပြုပြင်ပြောင်းလဲရေးလမ်းစကိုအစပျိုးဖို့ ကြိုးစားခဲ့ ကြတဲ့မူးကြီးမတ်ရာတချို့ ရဲ့ကြိုး ပမ်း အားထုတ်မှုတွေလည်းအောင်မြင်ခြင်းကိုမရောက်ခဲ့ကြရရှာပါဘူး။ဒါကြောင့်တတိယမြန်မာနိုင်ငံတော်ရဲ့နောက် ဆုံးမင်းဆက်ကျဆုံးခဲ့တဲ့အခ်ျန်အထိမြန်မာပြည်သူတွေအားလုံးတွေ့ မြင်ခဲ့ကြ၊ရတာကပဒေသရာဇ်နိုင်ငံရေး ယဉ် ကျေးမှုသာဖြစ်ပါတယ်။တိုင်းပြည်တခုလုံးနယ်ချဲ့ လက်အောက်ကျရောက်ခဲ့ရတဲ့အခါမှာလည်းမြန်မာပြည် ဟာအိန္ဒိယရဲ့ပြည်နယ်တခုအဖြစ်သတ်မှတ်ခံရတာဖြစ်တဲ့အတွက်မြန်မာဟာကျွန်ထက်နိမ့်ကျတဲ့ သဘောက်ဘ ၀ကိုရောက်ခဲ့ရတယ်။သဘောက်ဘ၀နဲ့ နှစ်အတန်ကြာပြီးတော့မှကျွန်ဘ၀ကိုရရှိခဲ့ကြရတာဖြစ်လေတော့မြန်မာ ရဲ့နိုင်ငံရေးနောက်ခံဘ၀ကသိပ်ပြီးကြမ်းခဲ့ပါတယ်။နောက်တခါဖက်ဆစ်ဂျပန်ရဲ့အုပ်စိုးမှုကိုလည်းခံခဲ့ရတဲ့အတွက် မြန်မာပြည်ဟာနှစ်ပါးကျွန်ဘ၀ကိုရောက်ခဲ့ဖူးတဲ့ တိုင်းပြည်လို့ ဆို၇မှာဖြစ်ပါတယ်။ဆိုးရွားလှတဲ့  နိုင်ငံရေးနောက်ခံဘ၀ခပ်ကြမ်းကြမ်းကိုဖြတ်သန်းခဲ့ရတဲ့မြန်မာတို့ ရဲ့နိုင်ငံရေးဟာလည်းဘ၀ကြမ်းခဲ့ကြပါတယ်။ ကိုယ်မင်းကိုယ့်ချင်းလွတ်လပ်တဲ့ ဘ၀မှာနေထိုင်မှုတွေပြင်းထန်လွန်းကြတဲ့အတွက်သာလွတ်လပ်ရေးကြိုးပမ်းမှု တွေရဆင်နွှဲခဲ့ကြပေမယ့်ပုဂ္ဂိုလ်ရေး၊အုပ်စုဂိုဏ်းဃနပြသနာတွေကမြန်မာ့နိုင်ငံရေးမှာတနည်းမဟုတ်တနည်းရှိနေ ခဲ့ပါတယ်။အဲဒီလိုရှိနေခဲ့ လို့ လည်းမြန်မာတွေရဲ့ညီညွတ်မှုတွေဟာရေရှည်မတည်တံ့နိုင်ခဲ့ကြတာ လို့ ဆိုရမှာဖြစ်ပါတယ်။

မြန်မာ့နိုင်ငံရေးမှာမညီမညွတ်ဖြစ်၊အုပ်စုဂိုဏ်းဃနတွေကွဲလေ့ရှိကြတဲ့စရိုက်လက္ခရှိတတ်ကြပေမယ့်မြန်မာတွေ ရဲ့ဇွဲနဘဲကြီးစွာလှုပ်ရှားတိုက်ပွဲဆင်တတ်တဲ့ အလေ့အထကလည်းမြန်မာ့နိုင်ငံရေးယဉ်ကျေးမှုမှာအမြဲတွဲလျက် ရှိနေ တတ်ပြန်တယ်။အဲဒီလိုဇွဲနဘဲကြီးစွာလှုပ်ရှားတိုက်ပွဲဆင်တတ်ကြတဲ့အလေ့အထရဲ့အကျိုးဆက်ကြောင့် သာမြန်မာတွေဟာ၊သဘောက်ဘ၀၊ထို့ နောက်တဆင့်မြင့်လာတဲ့ သဘောက်ဘ၀ကနေ၊နောက်အခါ မှာ လွတ် လပ်ပြီး အချုပ်အခြာအာဏာဏာပိုင်နိုင်ငံဘ၀၊တနည်းဆိုရရင်သခင်နိုင်ငံတော်ဘ၀ကိုပြန်ရခဲ့ ကြတာလို့ ဆိုနိုင် ပါတယ်။သို့ သော်လည်းမြန်မာတွေဟာ၊ထူးချွန်ထက်မြက်စွာတိုက်ပွဲဆင်တတ်တဲ့ အရည်အချင်းတွေကိုဒီမိုကေ ရစီနိုင်ငံရေးယဉ်ကေျးမှုနဲ့ သဟဇာတဖြစ်စွာပေါင်းစည်းနိုင်ဖို့ အခွင့်မရှိနိုင်ကြတဲ့အတွက်၊အဲဒီအကျိုး ဆက်ကို ကျနော် တို့မြန်မာပြည်ရဲ့နိုင်ငံရေးမျိုးဆက်တွေယနေ့ အထိခံစားနေကြရဆဲဖြစ်တယ်လို့ ကျနော်ယူဆပါတယ်။

မြန်မာတွေဟာသဘောက်ဘ၀ရဲ့နိမ့်ကျလှတဲ့ နိုင်ငံရေးဘ၀၊သုံညဘ၀ကနေပြီးတော့၊တဆင့်ပြီးတဆင့်ရုန်းကန် လှုပ်ရှားတိုက်ပွဲဆင်ခဲ့ကြလို့ YMBA ခေတ်၊အဲဒီနောက်GCBA ၀ံသာနုခေတ်၊ဒို့ ဗမာအစည်းအရုံးခေတ်စသည် အားဖြင့်နိုင်ငံရေးခေတ်တွေတခေတ်ပြီးတခေတ်အဆင့်ဆင့်တိုးတက်ပြောင်းလဲခဲ့ ပြီး၊လွတ်လပ်ရေး ရပြီးပါ လီမန်ဒီမိုကရေစီခေတ်တွေအထိနိုင်ငံရေးဘ၀တွေအဆင့်ဆင့်တိုးတက်ပြောင်းလဲလာခဲ့ပါတယ်။အဲဒီလိုတိုး တက်ပြောင်းလဲလာခဲ့ တဲ့အခ်ျန်ကာလတွေထဲကနှစ်ကာလအချို့ မှာမြန်မာပြည်ဟာပါလီမန်ဒီမိုကရေစီနဲ့ အတိုင်း အတာတခုအထိထိတွေ့ ရင်းနှီးခွင့်ရခဲ့ပါတယ်။သို့ သော်ကိုယ့်မင်းကိုယ့်ချင်းလွတ်လပ်တဲ့ အချုပ်အခြာအာဏာ ပိုင်တိုင်းပြည်အဖြစ်နဲ့ ပါလီမန်ဒီမိုကရေစီကိုကိုယ့်ခြေကိုယ့်လက်နဲ့ စီမံခန့်ခွဲပိုင်ခွင့်၊ရခဲ့တာက ၁၉၄၈ခုနှစ်ကနေ ၁၉၆၂ခုနှစ်မတ်လ၂ရက်နေ့ အထိ၁၄နှစ်လောက်သာအချိန်ကာလအတိုကလေးတခုရှိခဲ့ပါတယ်။အဲဒီ၁၄နှစ်တာ အချိန်ထဲမှာ၊ပြည်တွင်းစစ်အစပိုင်းမှာစစ်ရဲ့အရှိန်ကြောင့်ဗယောက်ဗယက်ဖြစ်နေခဲ့တဲ့နှစ်တချို့ နဲ့ စစ်အစိုးရဖြစ်တဲ့ အိမ်စောင့်အစိုးရကိုအာဏာလွှဲပေးခဲ့ ရတဲ့ အချိန်တွေကိုဖယ်လိုက်ရင်မြန်မာပြည်မှာပါလီမန်ဒီမိုကရေစီကိုကျင့် သုံးနိုင်ခွင့်ခဲ့တာဟာ၁၀နှစ်လောက်သာရှိခဲ့တယ်လို့ မှတ်ယူရမှာဖြစ်ပါတယ်။နုနယ်သေးတဲ့ မြန်မာ့ဒီမိုကရေစီ ဟာ၁၉၆၂ခုနှစ်မတ်၂ ရက်နေ့ ကစပြီးလုံးဝအမှောင်ကျခဲ့ ရာကနေ၂၆နှစ်အကြာ၁၉၈၈ ခုနှစ်မှာဒီမိုကရေစီ အရေးတော်ပုံကြီးအောင်မြင်တော့မလိုလိုနဲ့ နောက်ထပ်စစ်အစိုးရမျိုးဆက်တခုရဲ့ဆက်လက်အုပ်ချုပ်စိုးမိုးတာ ကိုခံခဲ့ရပြန်တယ်။၂၀၁၂ပြုပြင်ပြောင်းလဲရေးကာလအထိဆိုရင်မြန်မာပြည်မှာဒီမိုကရေစီဆိတ်သုန်းခဲ့တဲ့ အချိန်ကာလဟာနှစ်ပေါင်း၅၀သို့ မဟုတ်ရာစုနှစ်တ၀က်။ဒီလောက်နှစ်ကာလကြာရှည်ဖိနှိပ်ချုပ်ခြယ်ထားခြင်း ခံ ခဲ့ ရတောင်မှမြန်မာပြည်သူတွေရဲ့ဒီမိုကရေစီအရေးတော်ပုံဟာပျောက်ကွယ်မသွားခဲ့ပါဘူး။မြန်မာ့ဒီမိုကရေစီ ကရေစီအင်အားစုတွေဟာအသွင်သဏ္ဍာန်အမျိုးမျိုး၊နည်းပရိယာယ်အမျိုးမျိုးနဲ့ နှစ်ရှည်လများအစဉ်တစိုက် လှုပ် ရှားတိုက်ပွဲဝင်နေခဲ့ကြတဲ့ အကျိုးဆက်တွေကြောင့်သာယနေ့ မြန်မာ့နိုင်ငံရေးဖြစ်စဉ်ဟာယနေ့ မျက်မှောက်ကာ လမှာတွေ့ ရှိနေကြရတဲ့အခြေအနေကိုရောက်ရှိလာတာလို့ ဆိုရပါမယ်။ယနေ့ အထိမြန်မာပြည်ရဲ့ဒီမိုကရေစီနိုင်ငံ ရေးဖြစ်ပေါ်တိုးတက်မှုဟာပြည့်စုံခြင်းမရှိသေးဘူးဆိုတာကိုတော့မြန်မာ့နိုင်ငံရေးသမားအများစုကပြင်းပြင်ထန် ထန်ငြင်းချက်ထုတ်ကြလိမ့်မယ်မထင်ပါဘူး။ဒီမိုကရေစီနိုင်ငံရေးရဲ့ပင်စည်၊အကိုင်းအခက်တွေအားလုံးဖွံ့ ဖြိုးရှင်သန်နေရေးအတွက်၊နယ်ပယ်အသီးသီးမှာလှုပ်ရှားရုန်းကန်နေကြဆဲဖြစ်ပါတယ်။

အဟောင်းတွေထဲကကောင်းတာတွေအတွက်ဂုဏ်ယူလေးစားကြရပါမယ်၊မကောင်းခဲ့တာတွေကနေသင်္ခန်းစာ ယူကြရပါမယ်။ပိုမိုပြီးသစ်လွင်ကောင်းမွန်တဲ့ နိုင်ငံရေးခေတ်ကိုရောက်ရှိဖို့ အတွက်ပိုကောင်းတဲ့ နိုင်ငံရေးလုပ် ငန်းအသစ်တွေ၊ပိုပြီးသစ်လွင်တဲ့နိုင်ငံရေးလမ်းစဉ်တွေ၊ကိုရှာဖွေကြ၊တိုင်ပင်ဆွေးနွေးကြ၊အကောင်အထည်ဖော် ကြရပါမယ်။ယခုတကြိမ်ကျင်းပမယ့်၈လေးလုံးအရေးတော်ပုံနှစ်၃၀ပြည့်အခန်းအနားဟာအဲဒီလိုဆွေးနွေးတိုင် ပင်ကြဖို့ အတွက်အခွင့်အလန်းတွေပိုပြီးရရှိစေနိုင်မယ့်အခန်းအနားဖြစ်ပြီး၊ယခင်ကျင်းပခဲ့တဲ့ အခန်းအနားများ နဲ့ မတူပိုပြီးထူးခြားမယ့်လှုပ်ရှားမှုဖြစ်ပါတယ်။သူတို့ ထုတ်ပြန်ထားချက်များအရဆိုရင် နိုင်ငံရေးဆွေးနွေးပွဲလို့ သုံး နှုန်းထားပြီး

(၁) ဒီမိုကရေစီရေး နှစ် ၃၀ ခရီး

(၂) တိုင်းရင်းသားများ တန်းတူညီမျှရေးနှင့် ဖက်ဒရယ်ပြည်ထောင်စု

(၃) မြန်မာ့နိုင်ငံရေးနှင့် စစ်အာဏာရှင်စနစ်

ဆိုတဲ့ ပင်မခေါင်းစဉ်ကြီး၃ခုနဲ့ ဆက်နွယ်နေတဲ့ နိုင်ငံရေးစာတမ်းများကိုဖတ်ကြ၊ဆွေးနွေးကြမယ်လို့ သိရတဲ့ အတွက်၊ အခုနှစ်၃၀ပြည့်ပုလဲရတုအခန်းအနားလှုပ်ရှားမှုကနေပြီး၊လူကြီးလူကောင်းဆန်တဲ့ ဒီမိုကရေစီနိုင်ငံရေးလှုပ်ရှား မှုတွေ၊ပိုပြီးပေါ်ပေါက်လာလိမ့်မယ်လို့ မျှော်လင့်ပါတယ်။တိုင်းပြည်ဖွံ့ ဖြိုးတိးတက်ရေးကိုအမှန်တကယ်လိုလား တဲ့ နိုင်ငံရေးသမားတွေတဦးနဲ့ တဦးလူကြီးလူကောင်းဆန်စွာပူးပေါင်းလုပ်ဆောင်နိုင်ကြတဲ့အလေ့အထတွေပိုပြီး ရှိလာစေဖို့ အားပေးလှုံ့ ဆော်တဲ့ လှုပ်ရှားမှုဖြစ်လာလိမ့်မယ်လို့ လည်းအထူးယုံကြည်မျှော်လင့်မိပါတယ်။



မောင်မောင်ကျော်(၈၈)

ဇူလိုင်၂၃၊အေဒီ၂၀၁၈

Sunday, July 8, 2018

ပြည်သူ့ပါတီနာမည်နဲ့ ပါတီမှတ်ပုံတင်ခွင့် ပြောင်းလဲလျှောက်ထားမည်


နိုင်ငံရေးပါတီဖြစ်မြောက်ရေးကော်မတီ တတိယအကြိမ် စုံညီအစည်းအဝေးကို ၂၀၁၈ ခုနှစ်၊ ဇူလိုင်လ ၈ ရက်နေ့က မန္တလေးမြို့ Golden City Light ဟိုတယ်မှာ ကျင်းပစဉ် / Photo: Khaymani Win/ RFA
ပြည်သူ့ပါတီနာမည်နဲ့ နိုင်ငံရေးပါတီ မှတ်ပုံတင်ခွင့် ပြောင်းလဲလျှောက်ထားဖို့ ဒီနေ့ မန္တလေးမြို့မှာ ကျင်းပတဲ့ နိုင်ငံရေးပါတီ ဖြစ်မြောက်ရေးဦးဆောင်ကော်မတီရဲ့ တတိယအကြိမ် စုံညီအစည်းအဝေးမှာ ဆုံးဖြတ်လိုက်ပါတယ်။

နာမည် ပြောင်းလဲလျှောက်ထားဖို့ ဆုံးဖြတ်လိုက်သလို ဆင်တူရိုးမှား မဖြစ်နိုင်တဲ့ အမည် အလံနဲ့ တံဆိပ်တွေကို ရွေးချယ်ထားတယ်လို့  နိုင်ငံရေးပါတီ ဖြစ်မြောက်ရေးတာဝန်ခံ ဦးကိုကိုကြီး က ပြောပါတယ်။

"ကျနော်တို့ သံဓိဋ္ဌာန်ချထားတာ မဖြစ်ဖြစ်အောင်ကို ကြိုးစားသွားမယ်။ ၈၈ ရဲဘော်တွေရော ကျနော်တို့နဲ့ လက်တွဲလုပ်နေတဲ့ လူငယ်မျိုးဆက်သစ်တွေအတွက်ရော နိုင်ငံရေးပါတီတစ်ရပ်အနေနဲ့ နိုင်ငံရေးကို ဆက်လက်ဆောင်ရွက်ဖို့ သံဓိဋ္ဌာန်ချထားပြီးဖြစ်တဲ့အတွက် မဖြစ်ဖြစ်အောင် ဆက်ဆောင်ရွက်သွားမယ်။ သည်တစ်ကြိမ်မှာလည်း ဆင်တူရိုးမှား မရှိတဲ့ အမည်၊ အလံ၊ တံဆိပ်များကို ရွေးချယ်ထားတာဖြစ်ပါတယ်။ ဒီတစ်ကြိမ်တော့ ထပ်ကန့်ကွက်တာမျိုးတော့ မရှိလောက်တော့ဘူးလို့ မျှော်လင့်ပါတယ်"

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံ မနက်ဖြန်မှာ တင်ပြသွားမယ်လို့လည်း သိရပါတယ်။ ဒုတိယ အစီအစဉ်အနေနဲ့ အရန် နာမည်တစ်ခုကို စဉ်းစားထားပြီးဖြစ်တယ်လို့ ဆိုပါတယ်။

လာမယ့် ကြားဖြတ်ရွေးကောက်ပွဲမှာ ၀င်ရောက်ယှဉ်ပြိုင်သွားမှာ မဟုတ်ဘူးလို့လည်း ဦးကိုကိုကြီးက ပြောပါတယ်။

ရှစ်လေးလုံးပါတီနာမည် နဲ့ ပါတီတည်ထောင်ခွင့် လျှောက်ထားရာမှာ နာမည်ကန့်ကွက်ခံရတဲ့အတွက် ရှစ်လေးလုံးပြည်သူ့ပါတီဆိုပြီး ပြောင်းလဲလျှောက်ထားပေမယ့် ထပ်မံ ကန့်ကွက်ခံထားရတာ ဖြစ်ပါတယ်။

မန္တလေးမြို့က Golden City Light ဟိုတယ်မှာ နေပြည်တော်၊ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း စတဲ့ တိုင်းဒေသကြီးက ပါတီဝင်၂၀၀ ခန့်နဲ့ ဒီနေ့ တွေ့ဆုံဆွေးနွေးပြီး ဆုံးဖြတ်လိုက်တာဖြစ်ပါတယ်။

RFA Burmese
https://www.rfa.org/burmese

Tuesday, December 19, 2017

8888 ကား 88 မိုင်တိုင်နှင့် ၈လေးလုံးပါတီကိုဦးဆောင်မည့် ဦးကိုကိုကြီး


8888 ကား 88 မိုင်တိုင်နှင့် ၈လေးလုံးပါတီကိုဦးဆောင်မည့် ဦးကိုကိုကြီး နေပြည်တော် ရွေးကောက်ပွဲကော်မရှင်သို့
 ရှစ်လေးလုံးပါတီကို မှတ်ပုံတင်သွားရန် စံဇာဏီဘိုမှ မေတ္တာနှင့်ငှားလိုက်သော ၈လေးလုံးနံပါတ်နှင့် ကားနှင့် ၈၈ မိုင်တိုင်
 နှင့် ဦးကိုကိုကြီး။ 9/E 8888 သည် စံဇာဏီဘိုက နံပါတ်ကြိုက်၍ ဝယ်ထားသည့် ကားဖြစ်ကြောင်းသိရ။
 9/E 8888 သည် စံဇာဏီဘိုက နံပါတ်ကြိုက်၍ ဝယ်ထားသည့်ကားဖြစ်ကြောင်းသိရ။


Saturday, December 2, 2017

အနှုတ်လက္ခဏာ။ ။


(၈၈)အဖွဲ့ဝင်တွေအချင်းချင်းအမြင်မတူတွေပေါ်ပေါက်လာတာ၊
အုပ်စုတွေကွဲသွားတာဟာ၊တိုင်းပြည်အတွက်ကောင်းတဲ့လက္ခဏာ၊
လားရာမဟုတ်ပါဘူး။တစ်ဦးချင်းစီရဲ့အမြင်၊ခံယူချက်၊သဘော
ထားတွေကွဲပြားတာဆန်းလှတယ်လို့တော့မဆိုလိုပါဘူး။
ဖူးခက်ကို ကိုမင်းကိုနိုင်ရောက်လာခဲ့စဉ်တုန်းက၊ကျွန်တော်ကိုယ်တိုင်
ပွင့်ပွင့်လင်းလင်းမေးခဲ့ဖူးပါတယ်။
"နိုင်ငံရေးထဲကို ဒိထက်ထဲထဲဝင်ဝင်မလုပ်တော့ဘူးလားဗျာ"
"မလုပ်တော့ဘူးဗျာ။လိုအပ်တဲ့နေရာကနေ ဝိုင်းဝန်းပြီးဖြည့်ဆည်းပေး
နေမှာပါ"
"ဒီသဘောထားအပေါ်ဒေါ်အောင်ဆန်းစုကြည်ကကော ဘယ်လို
တုန့်ပြန်သလဲဗျ"
"ဘယ်ကြိုက်ပါ့မလဲဗျာ။သူကတော့ တထောင့်တနေရာကနေပါဝင်
စေချင်တဲ့ဆန္ဒရှိတယ်။ကျွန်တော်ကတော့ နိုင်ငံရေးမှာရာထူးတစ်ခုခု
ယူဖို့ဘယ်တုန်းကမှ စိတ်မကူးခဲ့ဖူးဘူး"
ကိုမင်းကိုနိုင်နည်းတူ အခြားသော(၈၈)အဖွဲ့ဝင်တွေမှာလည်း၊သူ့ခံယူ
ချက်နဲ့သူရှိကြမှာပါပဲ။ဒီအတွက်လည်းဘယ်သူ့ကိုမှအပြစ်မတင်ချင်
ပါဘူး။ဒါပေမဲ့ ကျွန်တော့်မမီမကမ်းအမြင်နဲ့ပြောရရင်နိုင်ငံရေးသမား
ဆိုတာ ကိုယ့်ဆန္ဒ၊ကိုယ့်ခံယူချက်တစ်ခုတည်းနဲ့ဆုံးဖြတ်လုပ်ကိုင်လို့၊
မရတတ်ပါဘူး။
တိုင်းပြည်မှာဘာလိုအပ်နေသလဲ။လူထုရဲ့ဆန္ဒဟာ ဘာလဲ စတဲ့
အချက်တွေကို ပိုပြီး ရှေ့တန်းတင်သင့်ပါတယ်။အန်အယ်ဒီပြီးရင်
(၈၈)အဖွဲ့ဟာ လူထုထောက်ခံအားပေးမှု၊ယုံကြည်မှုအရှိဆုံးအဖွဲ့
အစည်းပါ။ဒါကြောင့် ရာထူးယူသည်ဖြစ်စေ၊မယူသည်ဖြစ်စေ၊
(၈၈)ဟာ လူထုအစိုးရကိုအခိုင်အမာဝန်းရံတဲ့မျိုးဆက်သစ်အင်အားစု
တခုအဖြစ်၊ရပ်တည်နေနိုင်ရင်အကောင်းဆုံးပါပဲ။
အခုလို ဒီမိုကရေစီအရေး၊ခရီးမတ်တပ်၊လမ်းခုလပ်မှာတစုတစည်း
တည်းမရပ်တည်နိုင်ခြင်းဟာဖြင့်၊တိုင်းပြည်အတွက်၊လူထုအတွက်
ဝမ်းနည်းဖွယ်အနှုတ်လက္ခဏာပါပဲ။တိုင်းပြည်ကိုချောက်ထဲကနေ
မတက်စေချင်တဲ့ အုပ်စုများအတွက် ဝမ်းမြောက်ဝမ်းသာဖြစ်စေမဲ့
သတင်းဆိုးပါပဲ။
ဒေါ်အောင်ဆန်းစုကြည်ရေးတဲ့ ဆောင်းပါးတစ်ပုဒ်မှာ မြန်မာ့နိုင်ငံ
ရေးအတွက် အကြီးမားဆုံးနာတာရှည် ရောဂါဆိုးကြီးနှစ်ခုကတော့
မနာလိုဝန်တိုမှုနဲ့ ဂိုဏ်းဂဏစွဲ ခြင်းပါပဲတဲ့။
ကျွန်တော့်ဆန္ဒပြောရမယ်ဆိုရင်ဖြင့် (၈၈)အားလုံးကို ဂိုဏ်းဂဏစွဲ
ကင်းစွာ၊မနာလိုဝန်တိုစိတ်ရှင်းစွာနဲ့တစုတစည်းတည်းပြန်လည်မြင်တွေ့
လိုလှပါတယ်။ ။
မင်း ဒင်

Sunday, November 19, 2017

မိုးသီးဇွန်ဇနီးရဲ့ ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင်တွေကို မညှာမတာဝေဖန်ချက်



မိုးသီးဇွန်ရဲ့ဇနီး
မညှာမတာဝေဖန်ချက်

ကို ဇော်ဇော်လှိုင် ပိုစ့်မှာ 2ရက် ဆက်တိုက် ရေးထားတဲ့ အကြောင်းအရာ ကို ဖတ်မိပြီး ကိုမိုးသီးနာမည်ရော ဓာတ်ပုံပါတွေ့လို့ စိတ်ဝင်စား မိသွားတာနဲ့ ဝင်ဖတ်မိရင်းက မနေနိုင်မထိုင်နိုင် ဝင်အာချောင်မိပါတယ်လိုစ့်(မနေ့ထဲက ကိုဇော်ဇော်လှိုင်ပိုစ့်ကို ဝင်ဖတ်နေသာပါ။ ကိုမိုးသီးဓာတ်ပုံလဲတွေ့လို့ ၊ လူမသိတဲ့ အကြောင်းတွေလည်း ရေးထားလို့ ။ သေချာ ဖတ်ကြည့် တော့ ဘာပြသနာ မှလဲမဟုတ်ဘူး။ တိုင်းပြည် သစ်စာ ဖောက်တဲ့ပြသနာလား?လယ်တွေ မြေတွေ သိမ်းထားမိတဲ့ပြသနာလား?မြန်မာပြည် သယံဇာတ တွေ ရောင်းစား တဲ့ ပြသနာလား။ ဘာသာ သာသနာ နဲ့ လူ မျိုး တုံး သတ်ဖြတ်မှူ တွေ ကျူးလွန်ထား မိကြသလား ပေါ့။ ပြီးတော့ ဘာမှ လည်း မဟုတ်ပါဘူး။ သူငယ်တန်းကလေး များလို သူ့ မခေါ်ဘူး ။.ငါ့မခေါ်ဘူး ပြသနာ။သူလာ မပါနဲ့ ငါပဲ ပါမယ် ဆိုတဲ့ပြသနာ ။ သူနဲ့သူနဲ့ မတည့်တာ အခု ပြန်ခေါ် သွားပြီသိလား ဆို တဲ့ ပြသနာ တွေပဲတွေ့ ရပါတယ်။ 88တွေ ဘာ ဖြစ်တွေ ညာဖြစ်တွေ မပြောရဲပါဘူး ။.နင်က ဘာသိလို့ လာ အာချောင်နေလဲ ဖြစ်မယ်ဆိုးပါတယ်။.သို့သော်လည်း လူငယ် မျိုးဆက် နိုငိငံရေး စိတ် ဝင်စားသူ တစ်ယောက် အနေနဲ့ (ကိုမိုးသီးမိန်းမအနေနဲ့ မဟုတ်ပဲ)ကျောင်းသား ခေါင်းဆောင်ဟောင်း 3ယောက်ကို မြင်တွေ့နေတဲ့အတိုင်းအား မနာ တမ်း ဝေဖန်ခွင့် ရမယ်ဆို ဝေဖန်ချင်ပါတယ်။ ပထမ ဆုံး ကို မိုးသီးကို ကြည့်လိုက်တော့.နိုင်ငံရေး မှာ စိတ်ကူးယဉ်လွန်းနေသေးတယ်။ မပြန်ရတဲ့ မြန်မာပြည်ကို တမ်းတပြီး စိတ်ကူးထဲသာဖဲရိုက်နေတာ။ ဘဝကို ရော နိုင်ငံရေး နေရာကို ရော ပီပီပြင် ပြင် တည်ဆောက်ထား တာ မရှိဘူး။(တည်ဆောက်ခွင့် မရခဲ့တာလဲဖြစ်နိုင်ပါတယ်။.)မြန်မာပြည် ပြန်ခွင့် ရတော့လဲ လူတွေ တလှေကြီး ကားပေါ်တင် ဟို ခရီးထွက် ဒီခရီးထွက် ။ဘုရားဖူးလိုက် ၊ ရေကူးပြလိုက်နဲ့။ လူ ကထိန်ပွဲလှည့်နေရခြင်းအပေါ်မှာပဲသာယာ နေခဲ့တယ်။.ဒီကြားထဲ ရည်းစား ကိစ်စ် များကလည်း ပါသေး တယ်။ ရောက်တဲ့အချိန် အမိအရ အစိုးရနဲ့ညှို နှိုင်းခွင့်မလုပ်ခဲ့ဘူး။(လက်ရှိအေဘီအက်စ်ဒီအက်ဖ်အဖွဲ့တောင် အစိုးရ နဲ့ ညှို နှိုင်း လို့ ရခဲ့သေးတာပဲ)
ကို မင်းကို နိုင် ကို ကြည့် ပြန်တော့လဲ မြန်မာပြည်ထဲမှာ နေတယ်။.လုပ်နိုင်ခွင့် ကိုင်နိုင်ခွင့် အခွင့်အလမ်း တွေ များစွာ ရှိတယ်။ အချိန် လူ ငွေ နဲ့ အခြေ အနေတွေ ပေးရဲ့သား နဲ့ နိုင်ငံရေး မှာ လူ မုန်းခံရမှာ ကြောက်ပြီး.နိုင်ငံရေး ပြဇာတ်မင်းသားလိုလို..စာ ပေဟောပြောပွဲတကာ တက်..ပြည်သူ ကို စာပြန်သင် ပေးချင်နေတာနဲ့ပဲအချိန်ကုန်နေတယ်။ အောက်ခြေ ပြည်သူတွေ အခက်ခဲကို နိုင်သလောက် ကူညီဆောင်ရွက်တာ မတွေ့ရဘူး။ လုပ်သင့်တာကိုပြတ်ပြတ်သားသား မလုပ်ဘူး။အမှန်က နိုင်ငံရေး ဆက်မလူပ်တော့ပဲ ဇာတ်ထဲကသင့် တော့ တာပါ။ဦး ကိုကို ကြီး ကို ကြည့် ပြန်တော့လဲ၊ အင်မတန်မှ နိုင်ငံရေး ဂုဏ်ဆာ နေတာကို တွေ့ ရတယ်။ မြန်မာပြည်ထဲနေတယ်၊ လုပ်နိုင် ကိုင်နိုင်ခွင့် တွေ ရှိတယ်။ ဖြစ်လာမလား မျော်လင့် မိတယ်။.သို့သော်လည်း နိုင်ငံတကာ ကို အထွက်ပြ၊ သံတမန်တွေ နဲ့ စကား ပြောပြ နေတာက လွဲလို့ အောက်ခြေ ပြည်သူ ထိ  ထိထိရောက်ရောက် ကူညီ ဖြေရှင်း ပေးနိုင်တာ စည်းရုံး နိုင်တာ မတွေ့ရသေးဘူး။.ဒီကြားထဲ ပါတီ တစ်ရပ် ဖွဲ့တော့ ပါတဲ့လူစာရင်း ကို ကြည့် မိတယ်။ 2ခြမ်းကွဲ လူ့ဘောင် အဟောင်းက မီးကျိုး မောင်း ပျက် လူတချို့ အပြင် ဟိုအဖွဲ့ ဒီအဖွဲ့ ပြသနာတက် ကွဲထွက်လာတဲ့ လူတခ်ျု့ကို တွေ့ လိုက်ရတယ်။ ရရာ လူ တွေနဲ့ ဖဲ ဝိုင်းမှာ အိမ်ပြည့် ပြီးရော ဖြည့်လို့ မရပါဘူး။ လူရိုသေ ရှင်ရိုသေ နဲ့ နေရာ မဆာ တဲ့ ယုံကြည်ချက် ခိုင်မာတဲ့ဖြောင့်မှန်တဲ့ လူမျိုး တွေနဲ့စနစ်တကျ တည်ဆောက် သင့် တာ ပါ။အချိန်မတိုင်သေးလို့ အလောတကြီး ဝေဖန်မိသလို ဖြစ်မှာလဲ ဆိုး ပါတယ်။.လူပုဂိုလ် အရ သူတို့3ယောက်ကို မုန်းစရာ မရှိပေမယ့် နိုင်ငံရေး အရ လုံးဝ အား မရ ပါ ကြောင်း နဲ့ သို့သော် သူတို့ အမတ်ပြိုင်လာလျှင် ပေးစရာ လူ မရှိတဲ့အတွက် ကျနော့် တမဲတော့ သူတို့ကို ပေးမှာဖြစ်ကြောင်းပါ။ ပေါက်ကရကွန်မန့်ကို မကြိုက်လျှင် ဖျက်မှာပါ။ ကျနော် ဘာကောင်မှ မဟုတ်တဲ့ နိုင်ငံရေး စိတ်ဝင်စားသူ လူငယ်မျိုး ဆက်တစ်ယောက်ပါ။)

Wednesday, August 9, 2017

၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုဌေးကြွယ်နှင့် တွေ့ဆုံခြင်း


မြန်မာ့လူ့အဖွဲ့အစည်းကို ဦးဆောင်နေတဲ့ ခေါင်းဆောင်တွေ ကြားထဲမှာ နောက်ဆယ်နှစ် နှစ်နှစ်ဆယ်မှာ နိုင်ငံဘာဖြစ်ရမယ်ဆိုတဲ့ ဘုံရည်မှန်းချက် တစ်ခု၊ မဟာဗျူဟာတစ်ခု ချမှတ်သင့်တယ်
၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုဌေးကြွယ်နှင့် တွေ့ဆုံခြင်း
အွန်လိုင်းဝဏ္ဏ၊ ဇင်မင်းဖြိုး
ယခုတစ်ပတ်အင်တာဗျူးကဏ္ဍတွင် ကိုဌေြးွကွယ်နှင့် တွေ့ဆုံမေးမြန်းခဲ့သည်များကို ဖော်ပြလိုက်ပါသည်။ ၂ဝဝ၇ ရွှေဝါရောင်တော်လှန်ရေး မတိုင်ခင်တွင် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် အတော်များများကို ရဲတပ်ဖွဲ့မှ ဖမ်းဆီးပြီးချိန် အပြင်၌ ကိုဌေးကြွယ် တစ်ယောက်သာ ကျန်ရှိတော့သည်။ ကိုဌေးကြွယ်ကို ရဲတပ်ဖွဲ့မှ ရန်ကုန်တစ်မြို့လုံးအနှံ့ ပိုက်စိပ်တိုက် လိုက်လံ ဖမ်းဆီးနေချိန်လည်းဖြစ်သည်။ ယင်းအချိန် ပြည်ပမီဒီယာများနှင့် ကိုဌေးကြွယ် အင်တာဗျူးများလည်း ကြားနေရသည်။ တချို့ကလည်း ကိုဌေးကြွယ်ကို တယ်လီဖုန်းမှတစ်ဆင့် ခြေရာခံ ဖမ်းမိသည်ဟုလည်း ပြောဆိုကြသည်။ နောက်ပိုင်း ကိုဌေးကြွယ်ကို ဖမ်းမိသွားချိန်တွင် အစိုးရမှ တရားဝင်သတင်းထုတ်ပြန်ခဲ့သည်။ စစ်အာဏာရှင်လက်ထက် မည်သူမျှ မပြောရဲ၊ မဆိုရဲ၊ လမ်းပေါ်ပင် မထွက်ရဲချိန် မြန်မာပြည်သူလူထုကို နိုင်ငံရေး နား၊ မျက်စိ ဖွင့်ပေးခဲ့သူ ကိုဌေးကြွယ်နှင့် တွေ့ဆုံမေးမြန်းခဲ့သည်များကို ဖော်ပြပေးလိုက်ပါသည်။
Speaker ။ ။ သမ္မတဟောင်း ဦး သိန်းစိန်အစိုးရလက်ထက်နဲ့ အရပ်သားသမ္မတ ဦးထင်ကျော်အစိုးရ လက်ထက် နိုင်ငံရေး၊ စီးပွားရေးအခြေအနေကို နှိုင်းယှဉ်ပြပါဦး။ လူတွေကတော့ မရွေ့သေးဘူး ပြောနေ တယ်။
UHK ။ ။ သမ္မတဟောင်းဦးသိန်းစိန် လက်ထက် (၂ဝ၁ဝ-၂ဝ၁၅ခုနှစ်)က အရင် စစ်အစိုးရလက်ထက်ကရှိခဲ့တဲ့ နိုင်ငံရေးနဲ့ စီးပွားရေးအခြေအနေတွေကို စတင်ဖြေ လျှော့တဲ့အဆင့်၊ အခြေခံကောင်းတွေ စတင် ချမှတ်နိုင်အောင် ကြိုးစားတဲ့အဆင့်ပါ။ ဒီ ဘက်ခေတ်(သမ္မတဦးထင်ကျော်လက်ထက်)မှာတော့ ပြုပြင်ပြောင်းလဲရေးကို သွားရမယ့် အဆင့်ပါ။ ဒီပြုပြင်ပြောင်းလဲရေးအဆင့်မှာ ရှေ့အဆက်ဆက်က လုပ်လာခဲ့တဲ့ မူဝါဒတွေ၊ ဥပဒေတွေ၊ ထိန်းချုပ်ထားမှုတွေကို ရုတ်တရက် ကြီး အဆင်သင့်ဖြစ်အောင် မပြင်နိုင်သေးဘူး။ ဖြည်းဖြည်းချင်းတော့ ပြင်နေပြီ။ ဦးသိန်းစိန် လက်ထက်တုန်းက ကုန်သွယ်ရေးကအစ စီး ပွားရေးအရ တအားကြီးကျပ်ထားတဲ့ နေရာက စဖွင့်ရတော့ နည်းနည်းပွင့်လင်းမြင်သာမှုရှိလာတယ်လို့ ခံစားရတာပေါ့။ သမ္မတကြီး ဦးထင်ကျော်နဲ့ ဒေါ်အောင်ဆန်းစုကြည်လက် ထက်မှာကျတော့ ပြုပြင်ပြောင်းလဲရေးကို ဘယ်လောက် အတိုင်းအတာအထိ တိုးမှာ လဲဆိုတော့ တပ်ကလည်း ရှိသေးတယ်။
တကယ်တမ်းတော့ ကျွန်တော်တို့နိုင်ငံသားတွေအားလုံး အောင်မြင်ဖို့က လိုအပ် တယ်။ နိုင်ငံရေး အင်အားစုပဲဖြစ်ဖြစ်၊ လွှတ် တော်ပဲဖြစ်ဖြစ်၊ တပ်ပဲဖြစ်ဖြစ်၊ အားလုံးဟာ နိုင်ငံရဲ့ဖွံ့ဖြိုးရေးနဲ့ ပတ်သက်ပြီးတော့ အတူတူရှိပါတယ်ဆိုတဲ့ အမျိုးသားဆိုင်ရာအထွေထွေသဘောတူညီချက်တစ်ရပ် (National Consciousness) တော့ လိုအပ် တယ်။ ဒါမှဖြစ်မှာပေါ့။
အခု ပြုပြင်ပြောင်းလဲရေးမှာ ဆက်ပြီး လုပ်ရမယ့် ဥပဒေပိုင်းဆိုင်ရာပြင်ဆင်မှုတွေ ဆိုလို့ရှိရင် လည်း လွှတ်တော်ကဏ္ဍကအပြည့် အဝ မလုပ်နိုင်သေးဘူး။ နည်းနည်းလေး နှေးနေသေးတယ်။ အစိုးရအဖွဲ့ရဲ့ တကယ့် တိုင်းပြည် အုပ်ချုပ်ရေး (Governance)မှာ လည်း ကာကွယ်ရေး၊ ပြည်ထဲရေး၊ နယ်စပ်ရေး ရာ၊ မြို့နယ်ထွေ/အုပ် အဆင့်ထိကို ပြည်ထဲ ရေးကကိုင်တယ်။ ဒီအုပ်ချုပ်ရေးပိုင်းမှာ တပ်မ တော်က တာဝန်ခံပြီး ကိုင်နေတယ်ဆိုရင် ဖွံ့ဖြိုးတိုးတက်ရေး၊ စီးပွားရေး၊ လူထုရဲ့ ကျန်းမာရေး၊ ပညာရေး၊ ယဉ်ကျေးမှု စသဖြင့် ကို ဒီဘက်ကနေ တကယ်မြှင့်တင်ဆောင် ရွက်နိုင်မလား။ တကယ်တော့ ကျွန်တော်တို့ နိုင်ငံဟာ ပြုပြင်ပြောင်းလဲရေးကို အောင်မြင် ဖို့လိုအပ်တယ်။ ဖွံ့ဖြိုးတိုးတက်ရေးဆိုတာလည်း ပြုပြင်ပြောင်းလဲရေးအောင်မြင်မှ ဖြစ်မှာ။
အာဏာခွဲဝေကျင့်သုံးခြင်း(Power Sharing)ဆိုပေမယ့် တကယ့်နိုင်ငံရေးမှာ အာဏာခွဲဝေ ကျင့်သုံးရေးကို နားလည်မှုတွေနဲ့ လုပ်နေရသေးတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေ က ကန့်သတ်ထားတာတွေ ရှိတယ်။ လူထုက ရွေးချယ်ထားတဲ့အစိုးရဆိုပေမယ့် တတ် နိုင်သလောက် တွန်းလို့မရတာတွေ ရှိသေး တယ်။ ဒီအခြေအနေမှာ ကျွန်တော်တို့က တပ်ဖက်က အသာရတယ်၊ ပြည်သူရွေးချယ် ထားတဲ့အစိုးရက အသာရတယ်ဆိုတာမျိုး မဖြစ်စေချင်ဘူး။ တိုင်းရင်းသားတွေ၊ ဒီမိုက ရေစီအင်အားစုတွေ၊ ပြည်သူတွေ၊ တပ် စသဖြင့် အားလုံးဟာ ကျွန်တော်တို့ နိုင်ငံသား တွေပါ။ ဒီမြန်မာနိုင်ငံသားတွေ အောင်မြင်ဖို့ လိုအပ်တယ်။ မြန်မာနိုင်ငံသားတွေကြားထဲမှာ ညီညွတ်ဖို့ လိုအပ်တယ်။ မြန်မာနိုင်ငံသား တွေ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျခံရမယ့် မည့်သည့်တာဝန်ကိုမဆို တွဲပြီးလုပ်မယ်ဆိုတဲ့ စိတ်ဓာတ်မျိုးတွေ လိုအပ်တယ်။
Speaker ။ ။ မြန်မာပြည်နိုင်ငံရေး မှာဒေါ်အောင်ဆန်းစုကြည်ရဲ့ပုံရိပ်(Image)က အရမ်းကြီးတယ်။ လူထုထောက်ခံမှုလည်း ရှိတယ်။ ရွေးကောက်ပွဲလမ်းကြောင်းကနေ တက်လာတယ်။ အတိုက်အခံအနေနဲ့ နေခဲ့ တယ်။ နေအိမ်အကျယ်ချုပ်နဲ့ နေခဲ့ရတဲ့ကာလ တွေရှိတယ်။ ဒီနေ့အချိန်မှာတော့ တိုင်းပြည် ခေါင်းဆောင်ဖြစ်လာပြီ။ ဒေါ်အောင်ဆန်းစု ကြည် နိုင်ငံရေး အကျပ်အတည်း ကြုံနေ ရပြီ။
ဘာလို့ ဒီမေးခွန်းမေးရလဲဆိုတော့ ကျန်ခဲ့တဲ့အပတ်က ကချင်နှစ်ခြင်း ခရစ်ယာန် အသင်းတော်(KBC)နဲ့ နေပြည်တော်မှာ တွေ့တယ်။ တွေ့တဲ့အချိန်မှာ ၂ဝဝ၈ ဖွဲ့စည်းပုံ အရ စစ်တပ်ကို လွှမ်းမိုးလို့မရဘူးလို့ သတင်း (Message) ပါးလိုက်တယ်။ဒါကို KBC က မီဒီယာတွေကို ပြန်ပြောတာ။ ဒီနေ့အချိန်မှာ စီးပွားရေးကလည်း မကောင်းဘူး။ နောက်ပြီး ဒေါ်အောင်ဆန်းစုကြည်လိုချင်တဲ့ ငြိမ်းချမ်း ရေးရောရနိုင်ပါ့မလား။
UHK ။ ။ ဒေါ်အောင်ဆန်းစု ကြည် အကျပ်အတည်းထဲ ရောက်နေပြီလို့ မထင်ပါဘူး။ သူလည်း လုပ်နေပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ ကျွန်တော် တို့နိုင်ငံရဲ့ ခေါင်းဆောင်တွေထဲမှာ နိုင်ငံ တကာအဆင့် ခေါင်းဆောင်ပါ။ ထူးထူးခြား ခြား နိုင်ငံတကာအဆင့် ခေါင်းဆောင်တစ် ယောက်ကိုရထားတာ ကျွန်တော်တို့နိုင်ငံအ တွက် ကံကောင်းတာပါ။ ပြီးတော့ဒေါ်အောင် ဆန်း စုကြည်က မြန်မာ့နိုင်ငံရေးမှာ ဆုံချက် (Focal Point)ပါ။ မဲသဝေါထကြေညာချက် ကနေစပြီးတော့ ဒီမိုကရေစီအသွင်ကူးပြောင်း ရေးကို ဖြတ်သန်းလာတဲ့တောက်လျှောက် ဒီမိုကရေစီအင်အားစုတွေ၊ တိုင်းရင်းသား တွေစသဖြင့် အားလုံးဟာ ဒေါ်အောင်ဆန်းစု ကြည်အပေါ်မှာ ဆုံချက်ထားပြီး ဖြေရှင်းခဲ့တာ ပါ။ ဒီနေ့ ဒီအချိန်မှာတော့ ဒေါ်အောင်ဆန်းစု ကြည်လည်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် တာဝန်ယူနေပြီ။ ဒေါ်အောင်ဆန်းစုကြည်ဟာ ငြိမ်းချမ်းရေးကို မရရအောင်လုပ်မယ်ဆိုတဲ့ နိုင်ငံရေးဆန္ဒ(Polocital Will) အပြည့်အဝ ရှိတယ်ဆိုတာကို ယုံကြည်တယ်။ တပ်မတော် အနေနဲ့ ငြိမ်းချမ်းရေးလမ်းကိုသွားမယ်ဆိုတာ လည်း အတိုင်းအတာတစ်ခုအထိ ယုံကြည် တယ်။ဒါပေမဲ့ မြန်မြန်သွားဖို့လိုတယ်။ မြန်မြန် ကြီးကိုသွားဖို့ လိုတယ်။ ငြိမ်းချမ်းရေးကို ဒီ ထက် ပိုပြီးရှေ့ကိုရောက်စေချင်တယ်။ တပ် မတော်ရဲ့ သဘောထားလည်း အရေးကြီးတယ်။ သမ္မတဦးထင်ကျော်၊ ဒေါ်အောင်ဆန်းစုကြည်၊ ကာကွယ်ရေးဦးစီးချုပ် စသည်ဖြင့် မြန်မာ နိုင်ငံရဲ့ခေါင်းဆောင်အားလုံးဟာ ပိုပြီးရင်းနှီးဖို့ လိုအပ်တယ်။ တစ်ယောက်နဲ့တစ်ယောက်ပို နားလည်ဖို့၊ ပိုယုံကြည်ဖို့၊ အတူတူ နီးနီးစပ်စပ် ညှိနှိုင်းတိုင်ပင်ပြီးလုပ်နိုင်ဖို့ လိုအပ်တယ်။ အဲဒီလို မလုပ်နိုင်ဘူးဆိုရင် ကျွန်တော်တို့ ပြည်သူတွေရဲ့အရွေ့၊ နိုင်ငံတကာနဲ့ယှဉ်ရင် ကျွန်တော်တို့ နိုင်ငံရဲ့အရွေ့ဟာ နှေးနေပါလိမ့် မယ်။
ပြီးတော့ ဖက်ဒရယ်ပြည်ထောင်စုကို ရောက်နိုင်ဖို့ဆိုရင် ၂ဝဝ၈ ဖွဲ့စည်းပုံကို ပြင်ပြီး သားဖြစ်ရမယ်။ ၂ဝဝ၈ ဖွဲ့စည်းပုံပြင်ပြီးသား ဖြစ်ဖို့ဆိုရင် အားလုံးပါဝင်တဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေး (National Reconciliation)က ရှိပြီးသားဖြစ်ရမယ်။ ငြိမ်းချမ်း ရေးနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေး ရှိပြီး မှ ရှေ့ဆက်ပြီးလျှောက်လို့ရမယ်။ ၂ဝဝ၈ ဖွဲ့ စည်းပုံက မပြည့်စုံဘူး၊ ကန့်သတ်ထားတာ အများကြီး ရှိတယ်။ ဖွဲ့စည်းပုံမရှိတာနဲ့စာရင် တော်သေးတာပေါ့။ အရင်ကာလတွေတုန်းက တပ်က အာဏာသိမ်းထားတဲ့အချိန်က နိုင်ငံ တကာမှာ နိုင်ငံရေးအခြေအနေအရ လက်ခံ ထားရတဲ့အစိုးရ(De Facto Governmant)ပေါ့။ ၂ဝ၁ဝ နောက်ပိုင်းမှာ ပြည်သူကနေ ရွေးချယ်ထားတဲ့အစိုးရ(De Jury Governmant)ဖြစ်လာပြီ။ အဲဒီကျတော့ နိုင်ငံတကာ ရဲ့တုံ့ပြန်မှုရော၊ ပြည်တွင်းရဲ့အုပ်ချုပ်ရေးပုံစံ (Governance)ရော ပြောင်းလဲနေပြီ။
Speaker ။ ။ မြန်မာပြည်နိုင်ငံရေး ကို စစ်တပ်က ချုပ်ကိုင်ခဲ့တာ နှစ်ပေါင်း အတော်ကြာပြီ။ ၂ဝ၁၅ ရွေးကောက်ပွဲကနေ အရပ်သားအစိုးရတက်လာတယ်။ ဒေါ်အောင် ဆန်းစုကြည်က ခေါင်းဆောင်ဖြစ်ပြီး အစိုးရ အဖွဲ့ဖွဲ့တယ်။ ဒီအစိုးရအဖွဲ့ တစ်နှစ်ခွဲလောက် ကြာတဲ့အချိန်မှာ အစိုးရကို အားမရဘူးဆိုတဲ့ လူထုထဲက အသံတွေကြားလာရတယ်။ အထူး သဖြင့် အစိုးရအဖွဲ့ထဲက အချို့ဝန်ကြီးတွေကို စွမ်းဆောင်နိုင်မှု (Capicity) မရှိဘူးလို့ ပြင်း ပြင်းထန်ထန် ဝေဖန်ကြတယ်။ ဘာကြောင့် လဲ။
UHK ။ ။ စွမ်းဆောင်နိုင်မှုရှိတယ်၊ မရှိဘူးဆိုတာထက် ပြည်သူရွေးချယ်ထားတဲ့ အရပ်သားအစိုးရကနေ အခုမှစပြီး အာဏာ ကို၊ နိုင်ငံရဲ့စီမံခန့်ခွဲရေးကိုကျင့်သုံးရတဲ့ အခြေ အနေပဲ ရှိသေးတယ်။ နိုင်ငံမှာလည်း ပြုပြင် ပြောင်းလဲရမယ့်ကိစ္စတွေက အများကြီး ဖြစ် နေတယ်။
ဥပမာ ငွေကြေးဆိုင်ရာမူဝါဒပဲ ဆိုပါ တော့။ ဗဟိုဘဏ်ကို ခွဲထုတ်ထားပြီ။ ဒါပေမဲ့ ဗဟိုဘဏ်က နိုင်ငံရဲ့ငွေကြေးလည်ပတ်မှု (Money Circulation) ဘယ်လောက်ရှိ ရမယ်ဆိုတာကို ထိန်းချုပ်လို့ မရသေးဘူး။ ဘဏ်ရဲ့အတိုးနှုန်းတွေကို ဘယ်လောက်ထား မယ်ဆိုတာမျိုး၊ ဘဏ်တွေရဲ့ ငွေချေးလုပ်ငန်း က အတိုးနှုန်းတွေကို ဘယ်လောက်လျှော့ချပစ် မယ်၊ တိုးမြှင့်ပစ်မယ်ဆိုတဲ့ လုပ်ပိုင်ခွင့်မျိုး မရှိ သေးဘူး။ ကျွန်တော်တို့ငွေက နိုင်ငံတကာ နဲ့လဲလှယ်လို့ရတဲ့ ငွေကြေး(Converted World Money) မဖြစ်သေးဘူး။ ပြီးတော့ ငွေမာဈေးကွက်(ံHard Currency)တစ်ခုခုထဲ ဝင်ရမယ်။ ဒေါ်လာဇုန်ထဲဝင်မလား၊ ယန်းဇုန် ထဲဝင်မလား၊ ဝင်သင့်နေပြီ၊ တွဲသင့်နေပြီ၊ မရှိသေးဘူး။ ဘဏ္ဍာရေးမူဝါဒ(Financial Policy)၊ ငွေကြေးမူဝါဒ(Monetary Policy)တွေ မပြည့်စုံသေးဘူး။ ဒါက အပိုင်းလေး တစ်ပိုင်းပဲ ဖြတ်ပြီးကြည့်တာပါ။
ဒီစီးပွားရေးဟာ နှေးနေတဲ့အဆင့်ကနေ စီးပွားရေးထုံ့ပိုင်းလာတဲ့အဆင့်အထိ ရောက် သွားမယ်၊ အီသွားမယ်၊ အကျဘက်ရောက်သွား မယ်ဆိုရင် မကောင်းဘူး။ ဒီလို မဖြစ်အောင် နိုင်ငံတွင်းမှာ ဝယ်လိုအားတွေ မြှင့်ပေးဖို့ လိုအပ်ပါတယ်။ အဓိကက အခြေခံလူတန်းစား နဲ့ လူလတ်တန်းစားလက်ထဲကို ဝယ်လိုမှု အားကောင်းအောင် ဘဏ်ချေးငွေတွေနဲ့ပေး မလား၊ အစိုးရအနေနဲ့ လယ်သမားတွေကို အမတော်ကြေးပိုထည့်ပေးမလား၊ အသေးစား နဲ့ အလတ်စားစက်မှုလုပ်ငန်းတွေအတွက် ငွေပိုထုတ်ပေးမလား စဉ်းစားရမယ်။ ဒါမှ ဝယ်လိုအားပိုတက်လာမယ်၊ လည်ပတ်အားပို ကောင်းလာမယ်။ အစိုးရက သူ့ရဲ့စီးပွားရေး ပညာရှင်တွေကို လွတ်လွတ်လပ်လပ် လုပ်ကိုင် ခွင့်ပေးဖို့လိုတယ်။
ဒီလိုကိစ္စတွေကို ဥပဒေပိုင်းအရ ပြည့်စုံ အောင်တွန်းဖို့လိုတယ်။ မြန်ဖို့လည်းလိုတယ်။ အခုအစိုးရအဖွဲ့ထဲမှာ တကယ်တော်တဲ့သူတွေ အများကြီးပါနေတာ တွေ့ရပါတယ်။ ဘာဖြစ် လို့ နှေးနေသလဲ။ ကျွန်တော်တို့နိုင်ငံမှာ အင်စတီကျူးရှင်းတွေ မခိုင် တာလည်းပါတယ်။ ပြီးတော့ မူဝါဒချမှတ်တဲ့ လူအတွက် ကိုးကားစရာ သတင်းအချက် အလက် အပြည့်ရှိဖို့ လိုအပ်တာပေါ့။ ဝန်ကြီး ဌာနအားလုံးမှာ ဘယ်ကိန်းဂဏန်း၊ ဘယ် အချက်အလက်တွေနဲ့ အခိုင်အမာချိတ်ဆက်ပြီး တော့ မူဝါဒချမှတ်တယ်ဆိုတဲ့ပုံစံမျိုး နည်း နေသေးတယ်။ အဲဒီတော့ မူဝါဒချမှတ်ရေး (Policy Making)က မြန်မြန်ဆန်ဆန်ကြီး မရွေ့သေးဘူး။ အဲဒါကို တွန်းရဦးမယ်။ ဆက်ပြီး အစိုးရပိုင်းက သတိထားပြီး ဒီလိုအပ် ချက်တွေကို ဖြည့်ရဦးမှာပါ။
ငွေကြေးမူဝါဒတွေပြည့်စုံပြီဆိုရင် နိုင်ငံ တကာ ငွေကြေးအဖွဲ့အစည်းတွေ (International Financial Institution)ဖြစ်တဲ့ ကမ္ဘာ့ဘဏ်(World Bank),IMF,ADBတို့နဲ့ ပိုပြီးနီးနီးကပ်ကပ် ဆောင်ရွက်နိုင် လိမ့်မယ်။ အဲ့ဒီလိုဖြစ်ဖို့ မူဝါဒပိုင်းဆိုင်ရာ ပွင့်လင်းမြင်သာမှု(Transparency)လည်း လိုတယ်။
Speaker ။ ။အစိုးရက E Government System ဖော်ဆောင်နေတာနဲ့ ပတ် သက်ပြီး အစ်ကို့အမြင် ပြောပေးပါဦး။
UHK ။ ။ အစိုးရက မူဝါဒအရ Digital Government System, E Governmant System, Integrated Data Centre, ID Card System ဆိုပြီး ပြောထား တာတွေရှိတယ်။ နှစ်ဆယ်ရာစုနှောင်းပိုင်းနဲ့ နှစ်ဆယ့်တစ်ရာစုအစိုးရတွေရဲ့ စီမံခန့်ခွဲ့မှုက အချက်အလက်(Data)တွေအပေါ် အခြေခံ လာတယ်။ ဥရောပနဲ့ အမေရိကန်မှာ လူတစ် ယောက်ရဲ့ ID Card ကို ဖတ်လိုက်တာနဲ့ သူ့ရဲ့ကိုယ်ရေးရာဇဝင်ကို သိနိုင်တယ်။ သူ ဟာ ဘယ်အလုပ်တွေလုပ်ခဲ့တယ်။ ပြီးတော့ ဘယ်အချိန်မှာ အလုပ်ထွက်တယ်၊ ဘာအလုပ် ဆက်လုပ်တယ်ဆိုတာကအစ သိနိုင်တယ်။ CPI လို့ခေါ်တဲ့ နိုင်ငံတစ်နိုင်ငံရဲ့ ဘယ်ကုန် ပစ္စည်းတွေကို ဘယ်လောက်စားသုံးမှုများ သလဲ၊ နည်းသလဲဆိုတာကိုသိရင် ဘယ်ကုန် ပစ္စည်းကို တိုးထုတ်ရမယ်၊ ဘယ်ကုန်ပစ္စည်းကို လျှော့ထုတ်ရမယ်ဆိုတာသိမယ်။ အခုခေတ် မှာရှိတဲ့ ပြည်သူတစ်ဦးချင်းစီရဲ့ အချက်အလက် တွေ၊ ဝန်ကြီးဌာနတစ်ခုချင်းစီရဲ့ ထုတ်လုပ်နိုင် မှုအခြေအနေတွေ၊ စီမံခန့်ခွဲနိုင်မှု အခြေ အနေတွေ၊ ပုဂ္ဂလိကက ဘယ်လောက်ထုတ် လုပ်နိုင်လဲဆိုတာတွေသိရင် စီမံခန့်ခွဲတဲ့လူတွေ ကောင်းကောင်းစီမံခန့်ခွဲနိုင်လို့ ပြည်ထောင်စု အဆင့်မှာ Data Centre တွေ ဆောက်ထား သင့်ပါတယ်။ အခု ပြောနေတဲ့ ဝန်ကြီးဌာန တစ်ခုချင်းစီမှာ၊ တိုင်းဒေသကြီးနဲ့ ပြည်နယ် တစ်ခုချင်းစီမှာ Data Base တွေရှိရမှာ ဖြစ်သလို၊ ပြည်ထောင်စုအဆင့်မှာ ဗဟိုအစိုးရ က သီးခြားချုပ်ကိုင်ထားရမယ့် Data တွေလိုတယ်။ ဒါဟာ တရားဥပဒေစိုးမိုးရေး အတွက်ရော၊ လုံခြုံရေးအတွက်ရော၊ ကုန် သွယ်ရေးအတွက်ရော၊ အစိုးရရဲ့ စီမံခန့်ခွဲ မှုအတွက်ရော၊ ဝန်ကြီးဌာနတစ်ခုနဲ့တစ်ခု ဆက်စပ်နိုင်ဖို့အတွက်ရော ဖြစ်ပါတယ်။ အမျိုးသားလုံခြုံရေးအတွက်ရောပေါ့။ E Government ဆိုတာဝန်ကြီးဌာန Website ရှိရုံ၊ Email ပို့ရုံ၊ တစ်ဖက်နဲ့တစ်ဖက် Teleconference တွေ လုပ်နိုင်ရုံမဟုတ်ပါဘူး။ တစ်ဆက်တည်းမှာ အရေးအကြီးဆုံးက Date Security ပါ။ နိုင်ငံရဲ့ အခြေခံအချက်အလက် တွေ လုံခြုံမှုဟာလည်း အင်မတန်အရေး ကြီးပါတယ်။ ဒါလည်း မူဝါဒထဲမှာ ပါဖို့လိုပါ တယ်။ IT ကိုသုံးပြီး အခြေခံကောင်းတွေကို လုပ်ဖို့ အရေးကြီးတာပါ။
Speaker ။ ။ ရှစ်လေးလုံးအရေး တော်ပုံကြီး (၂၉)နှစ်ပြည့်ပြီ။ အစ်ကိုတို့တွေ ရှစ်ဆယ့်ရှစ်အရေးတော်ပုံကြီးမှာ အများကြီး ထဲထဲဝင်ဝင် ပါဝင်ခဲ့တယ်။ လွန်ခဲ့တဲ့(၂၉)နှစ်ကထက်စာရင် မြန်မာပြည် နိုင်ငံရေးဟာ ဘယ်လောက်ထိပြောင်းလဲသွားပြီလဲ။
UHK ။ ။ ရှစ်လေးလုံးအရေး တော်ပုံနဲ့အတူ အရေးကြီးတဲ့ ပြုပြင်ပြောင်းလဲ မှုနှစ်ခုကို လုပ်နိုင်ခဲ့တယ်။ ပါတီစုံ ဒီမိုကရေစီ ရယ်၊ ဈေးကွက်စီးပွားရေးရယ်ပေါ့။ တစ်ပါတီ အာဏာရှင်စနစ်ကနေ ပါတီစုံ၊ ဆိုရှယ်လစ် စီးပွားရေးကနေ တံခါးဖွင့်စီးပွားရေး(တံခါးပိတ်ထားတဲ့ စီးပွားရေးကနေ တံခါးဖွင့်သွား တဲ့စီးပွားရေး)ကို ပြောင်းလဲနိုင်ခဲ့တယ်။ ဒါပေ မဲ့ မူဝါဒအရပဲပြောင်းလဲခဲ့တာ။ နှစ်သုံးဆယ် ဆိုတာ မျိုးဆက်တစ်ခု (One Generation)ပဲ။ ဒီနှစ်သုံးဆယ်အတွင်းမှာ ထိထိရောက် ရောက်လုပ်လို့ရနိုင်ရဲ့သားနဲ့ မလုပ်နိုင်ခဲ့ဘူး။ အဲဒီအချိန်ကသာ တကယ်တမ်းထိထိရောက် ရောက်လုပ်မယ်ဆိုလို့ရှိရင် ဒီနေ့မှာ တော် တော် အရှိန်ရနေလောက်ပြီ။ ကျွန်တော်တို့ နောက်က လိုက်ပြောင်းလဲလာတဲ့ အရှေ့ ဥရောပ၊ ဟန်ဂေရီ၊ ပိုလန်၊ ချက်နိုင်ငံတွေ ဆိုရင် အရှိန်အဟုန်နဲ့ပြောင်းနေပြီ။ ကျွန်တော် တို့ အခြေအနေကတော့ နှေးတယ်ပေါ့။ တော်တော်ကြီးကို တွန်းတွန်းတိုက်တိုက် ရုန်းကန်မှ နည်းနည်းလေးရွေ့တာ။ (၂၉)နှစ် ဆိုတဲ့အချိန်က မနည်းဘူး။ တိုင်းပြည်တစ် ပြည်ဖွံ့ဖြိုးတိုးတက်ဖို့အတွက် လုံလောက်တဲ့ အချိန်ပေါ့။ ဂျပန်နိုင်ငံဆိုရင် ပြာပုံထဲကပြန် လူးလဲထခဲ့ရတာ။ ဒါပေမဲ့နှစ်နှစ်ဆယ်ပဲကြာ တယ်။ ကမ္ဘာ့ထိပ်တန်းနိုင်ငံတစ်ခု ပြန်ဖြစ် သွားတယ်။
Speaker ။ ။တိုင်းပြည်အရွေ့တစ်ခု ရောက်ဖို့ ပြည်သူလူထုက တက်တက်ြ<ွကြ<ွကနဲ့ အမြဲတမ်းလှုပ်ရှားတယ်။ ဦးဆောင်သူတွေ လည်း သူတို့အခန်းကဏ္ဍကို သူတို့လုပ်နေ တယ်။တိုင်းပြည်အရွေ့ကို လွန်ခဲ့တဲ့(၂၉)နှစ်၊ နှစ်သုံးဆယ်အတွင်း ရွေ့အောင်လုပ်ဖို့ အခွင့် အရေးတွေ၊ အခြေအနေတွေ ပေးခဲ့တယ်။ ရွေ့အောင်မလုပ်နိုင်ခဲ့ဘူး။ ဘာလို့ မရွေ့လဲ။ တိုင်းပြည်အရွေ့ကိုရွှေ့ဖို့ ဘယ်သူ့မှာ တာဝန် ရှိလဲ။
UHK ။ ။ ကျွန်တော်တို့နိုင်ငံရဲ့ နိုင်ငံရေးဖွံ့ဖြိုးတိုးတက်မှုက အရမ်းနောက် ကျတယ်လို့ သုံးသပ်လို့ရမယ်။ ကျွန်တော်တို့ နိုင်ငံရဲ့ အခြေအနေကို ကမ္ဘာ့သမိုင်းနဲ့ယှဉ်ပြီး ကြည့်ကြည့်လိုက်ရင် ဗြိတိန်က မက္ကနာတာ (ပထမဆုံး လူ့အခွင့်အရေး စာချုပ်)ကနေ စတယ်။ နောက်ပြီး ၁၈ ရာစုလောက်ထဲက စပြီးရွေ့လာတယ်။ အမေ ရိကန်၊ ပြင်သစ်၊ ဥရောပ အဲဒီနိုင်ငံတွေက ထူထောင်ခဲ့တာ နှစ်နှစ်ရာကျော်လောက်ရှိပြီ။ ဒီနိုင်ငံတွေမှာ နိုင်ငံရေး ဖွံ့ဖြိုးတိုးတက်မှု၊ ပွင့်လင်းမြင်သာမှု၊ လူ့အခွင့်အရေး၊ လူ့အဖွဲ့အစည်းရဲ့ လွတ် လပ်မှု၊ တရားဥပဒေရဲ့ ဟန်ချက်ကို ထိန်းထား မှု၊ တရားဥပဒေနဲ့ အကာအကွယ်ပေးမှု၊ နိုင်ငံတစ်ခုရဲ့ စီမံခန့်ခွဲမှုကို ပွင့်လင်းမြင်သာ အောင် ဥပဒေအရ၊ စနစ်အရ ဖန်တီးထားမှု၊ အင်စတီကျူးရှင်းတွေ ခိုင်အောင်လုပ်ထားမှု၊ ပညာရေးမှာ အများကြီး ရင်းနှီးမြှုပ်နှံမှုတွေ ရှိနေပြီ။ ကျွန်တော်တို့ နိုင်ငံကျတော့ အဲဒါ အရမ်းအားနည်းနေတယ်။ ကျွန်တော်တို့ နိုင်ငံရဲ့စနစ်က ဘုရင်စနစ်ကလာတယ်၊ ကိုလို နီစနစ်ရောက်တယ်၊ လွတ်လပ်ရေးရတယ်၊ ပါလီမန်ဒီမိုကရေစီကို ခဏသွားတယ်၊ ပြီး တော့ တောက်လျှောက် စစ်အုပ်ချုပ်ရေး၊ စစ် အစိုးရ၊ တစ်ပါတီ၊ ပြီးတော့ စစ်တပ်က အာ ဏာပြန်သိမ်း ဒီလိုသွားခဲ့ရတာ။ ဒီတော့ ဒီကနေ့မှာ လွတ်လပ်တဲ့ လူ့အဖွဲ့အစည်းကို စပြီးထူထောင်ခါစပဲ ရှိသေးတယ်။ အချိန် အားဖြင့် အရမ်းကို တို တောင်းနေသေးတယ်။ နောက်ပြီး စစ်တပ်ကြီး စိုးမှုဝါဒ(Militarism,Militarization) ဆိုတဲ့ လူ့အဖွဲ့အစည်း အတွင်းမှာ စစ်တပ်ရဲ့ အခန်းကဏ္ဍဟာ များလွန်းတယ်။ အဓိကက ဒါပဲ။ ဒီတော့ နိုင်ငံရေးဖွံ့ဖြိုးမှု အားနည်းခဲ့တယ်။ နိုင်ငံရေး ဖွံ့ဖြိုးမှုကိုသွားနိုင်မှ စီးပွား ရေးဖွံ့ဖြိုးမှုကိုရမှာ။ နိုင်ငံရေး ဖွံ့ဖြိုးမှုမရှိဘဲ စီးပွားရေးဖွံ့ဖြိုးမှု မရဘူး။ ဒါကို တပ်မတော်ကလည်း ကောင်း ကောင်းကြီး နားလည်သင့်ပါတယ်။
တကယ်တမ်းပြောရရင် မြန်မာနိုင်ငံနဲ့ မြန်မာ့လူ့အဖွဲ့အစည်းကို ဦးဆောင်နေတဲ့ ခေါင်းဆောင်တွေ ကြားထဲမှာ နောက်ဆယ် နှစ်မှာ၊ နောက်အနှစ်နှစ်ဆယ်မှာ နိုင်ငံဘာ ဖြစ်ရမယ်ဆိုတဲ့ ဘုံရည်မှန်းချက် တစ်ခု၊မဟာ ဗျူဟာတစ်ခုကို ချမှတ်သင့်တယ်လို့ထင်တယ်။ ချမှတ်သင့်တယ်။
Speaker ။ ။ ၈၈မျိုးဆက်ကျောင်း သားများဆိုတာ မြန်မာပြည်နိုင်ငံရေးမှာ ဒေါ်အောင်ဆန်းစုကြည် ပြီးရင် ဒုတိယ အင်အားအကြီးဆုံးလို့ ပြောကြတယ်။ ပုံရိပ် (Image)လည်း အရမ်းကောင်းတယ်။ စစ် အစိုးရကိုလည်း တော်လှန်ခဲ့တယ်။ ၈၈ ကျောင်းသားတွေပြန်လွတ်လာတာ ၂ဝ၁၂ ကတည်းကဆိုတော့ အပြင်ရောက်တာ ငါးနှစ် ရှိပြီ၊ အခြေအနေတွေကိုလည်း သုံးသပ်မိ လောက်ပြီ။ ဒီ ၈၈ ကျောင်းသားတွေထဲက အချို့က ပါတီထောင်မယ်၊ အချို့က ပါတီ မထောင်ဘူးဆိုတော့ ၈၈ငြိမ်း/ပွင့်က နိုင်ငံ ရေးအယူအဆကွဲသွားပြီဆိုပြီး ပြောကြတယ်။ တကယ် နှစ်ခြမ်းကွဲသွားတာလား။
UHK ။ ။ အရင် ၈၈မျိုးဆက် အနေနဲ့တော့ မကွဲပါဘူး။ လွှတ်တော်တွင်း နိုင်ငံရေးကိုဝင်မယ့်သူနဲ့ လွှတ်တော်ပြင်ပ နိုင်ငံရေးမှာ ရပ်နေဦးမယ့်သူပဲ ရှိပါတယ်။ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီပြုပြင်ပြောင်းလဲ ရေး (Transition)ကို ပိုပြီး မြန်မြန်ဆန်ဆန် ဖြစ်စေချင်တဲ့၊ နောက်ပြန်မလည်စေချင်တဲ့ ရည်မှန်းချက်၊ ရပ်တည်ချက်၊ သဘောထား တော့ အားလုံးမှာ တူညီပါတယ်။ ရှစ်လေးလုံး ကနေ ဒီဘက်ခေတ်အထိ ပါဝင်နေတဲ့ မျိုး ဆက်အားလုံးရဲ့ ရည်ရွယ်ချက်ကလည်း ဒီမိုကရေစီ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ ငြိမ်းချမ်း ရေးပါ။ ဒီမျိုးဆက်တွေကြားမှာ နိုင်ငံရေး ပါတီတစ်ခုရှိသင့်တယ်ဆိုတာ လိုအပ်ချက် တစ်ခုပါ။ အဲဒီမှာဝင်ပြီး ရပ်မယ့်သူတွေအတွက် လည်း ကိုယ်စားပြုမှုကို ပိုပြီးများအောင်၊ ပိုပြီးကောင်းအောင် လုပ်သင့်တယ်။ လုပ်ရမယ်။ ဒီ၈၈မျိုးဆက်ကို ကိုယ်စားပြုတဲ့ပါတီ တစ်ခုထွက်လာပြီဆိုရင်တော့ နိုင်ငံအတွက်၊ ပြည်သူအတွက် ကောင်းတယ်။
Speaker ။ ။ နိုင်ငံရေးပါတီမှာ အစ်ကိုနဲ့ ကိုမင်းကိုနိုင်တို့မပါတာ ဘာ အကြောင်း ရှိသေးလဲ။
UHK ။ ။လောလောဆယ် မပါ သေးတာပေါ့။ နိုင်ငံရေးသမားတစ်ယောက် အနေနဲ့ လွှတ်တော်တွင်း နိုင်ငံရေးကို ဝင်ပြီး တော့ ရပ်တည်ဆောင်ရွက်နိုင်ဖို့ ဆိုတဲ့ဟာက ထိရောက်မှုတွေ၊ လုပ်နိုင်စွမ်းတွေကို နှိုင်းချိန် ပြီး အခုထိ မပါသေးတာပါ။ အခြား သီးခြား အကြောင်းအရင်းတော့ မရှိပါဘူး။
Speaker ။ ။ ၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေအကြောင်းပြောတိုင်း ခင်ဗျားတို့ လုံးဝအလုပ်လုပ်လို့မရဘူး၊ ဒါကြီး ကို ဖျက်မှရမယ်ဆိုပြီး ဆရာဦးဝင်းတင်က ဖျက်တဲ့ဘက်က ရပ်ခဲ့တယ်။ ပြင်ဖို့ရပ်တည်တဲ့ လူတချို့လည်းရှိတယ်။ ဒေါ်အောင်ဆန်း စုကြည်လည်း ဒါတွေသိပေမယ့် ဒီဖွဲ့စည်းပုံ အောက်က ဝင်ပြီး ကျမ်းကျိန်ရတာပဲ။ ဒီတော့ ဒီဖွဲ့စည်းပုံအောက်မှာ အားလုံးဟာ ဘယ် လောက်အထိ အလုပ်လုပ်နိုင်မှာလဲ။
UHK ။ ။ ဖွဲ့စည်းပုံပြုပြင်ရေး အတွက် NLD ရော၊ ၈၈မျိုးဆက်တွေရော တွန်းတွန်းတိုက်တိုက် ပြောခဲ့ကြတယ်။ လုပ် ခဲ့ကြတယ်။ အဲဒါ တိုင်းပြည်အတွက်ပဲ။ ဒီ ၂ဝဝ၈ ဖွဲ့စည်းပုံကနေပြီးတော့ ကန့်သတ် ထားတဲ့ဟာတွေကို မြန်မြန်ပြုပြင်ပြောင်းလဲနိုင်ရင် နိုင်ငံရဲ့ဖွံ့ဖြိုးရေးအတွက် ပိုပြီးကောင်း လိမ့်မယ်။ အရင် ဦးနုအစိုးရလက်ထက်တုန်း ကဆိုရင် တပ်မတော်ဟာ ဒီမိုကရေစီကို ကာကွယ်တယ်ဆိုတဲ့ ရပ်တည်ချက်နဲ့ ရပ်ခဲ့ တာ။ အခု တပ်မတော်ရဲ့ ၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ကာကွယ်တယ် ဆိုတာ ကြောင့် ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို မပြောင်းနဲ့ မပြင်နဲ့ဆိုတဲ့အဓိပ္ပာယ် အထိ မသွားသင့်ဘူးလို့ ထင်တယ်။ နိုင်ငံသားတွေရဲ့ ပင်မအခွင့်အရေးကို ကာကွယ်ထားတဲ့ နိုင်ငံ သားတွေရဲ့ ပင်မဥပဒေအဖြစ် ဖွဲ့စည်းပုံ အခြေခံဥပဒေက ရှိကိုရှိရမယ်။ နိုင်ငံဟာ ဥပဒေနဲ့အုပ်ချုပ်ထားတဲ့နိုင်ငံဖြစ်ရမယ်။ ဒီလို ဖွဲ့စည်းပုံကို မပြောင်းနဲ့၊ မပြင်နဲ့ဆိုတဲ့အထိ ရောက်သွားရင် ကျွန်တော်တို့နိုင်ငံရဲ့ ဖွံ့ဖြိုး တိုးတက်မှုဟာ နှေးသွားမယ်။ ၂ဝဝ၈ ဖွဲ့စည်း ပုံရဲ့ ပြဋ္ဌာန်းချက်အရ အခြေအနေတစ်ခုမှာ တပ်မတော်က အာဏာသိမ်းတယ်ဆိုရင် တောင် ဖွဲ့စည်းအုပ်ချုပ်ပုံအရ အာဏာ သိမ်းလိုက်တာ ဖြစ်နေတယ်။ ကျွန်တော်တို့မှာ ပါတီစုံဒီမိုကရေစီနဲ့ ပြည်သူရွေးချယ်ထားတဲ့ လွှတ်တော်ရှိတယ်။ ဒီတော့ ဖွဲ့စည်းပုံကိုပြင်ဖို့ ပြည်သူက ရွေးချယ်ထားတဲ့ လွှတ်တော် ကိုယ်စားလှယ် ရာနှုန်းပြည့် လက်ခံတယ် ဆိုရင်တောင် စစ်တပ်က သဘောမတူရင် ပြင်လို့ မရဘူးဆိုတဲ့ သဘောရှိတယ်။ ဒီတော့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြုပြင်ပြောင်းလဲ ရေးကဏ္ဍကို ပထမဦးဆုံး ပြင်ဖို့လိုတာ။ ဒါမှမဟုတ်ရင်တော့ ဒီဖွဲ့စည်းပုံဟာ ပြောင်းလို့၊ ထပ်ပြင်လို့ မလွယ်တဲ့ ဖွဲ့စည်းပုံ(Rigid Consitution) ဖြစ်သွားလိမ့်မယ်။ ပြောင်း လို့၊ ပြင်လို့ရတဲ့ ဖွဲ့စည်းပုံပဲ (Unrigid Consitution) ဖြစ်သင့်တယ်။ အနာဂတ်ကို လမ်းဖွင့်ထားရမှာပဲ။ နောက်လာမယ့် အနာ ဂတ် (နောက်နှစ်သုံးဆယ်၊ နှစ်ငါးဆယ်)မှာ ကျွန်တော်တို့မျိုးဆက်တွေ ဘာရင်ဆိုင်ရဦး မလဲ မသိသေးဘူး။ အဲဒီခေတ်မှာရှိနေတဲ့ စိန်ခေါ်မှုတွေ ဘယ်လောက်ရှိဦးမလဲ မသိ သေးဘူး။ အဲဒီအတွက် ဖွဲ့စည်းပုံကို သူတို့ ခေတ်မှာလည်း ထပ်ပြီးပြင်ရမှာပဲ။ အမေရိ ကန် ဖွဲ့စည်းပုံဆိုရင် နိုင်ငံသားအခွင့်အရေး (Bill Of Right) ဆိုတာကို လေးဆက်မြောက် သမ္မတလက်ထက်မှ ဖြည့်နိုင်ခဲ့တာ။ တစ်ခါ ထဲပြည့်စုံတဲ့ဖွဲ့စည်းပုံတော့ ဖြစ်ဖို့မလွယ်ဘူး။ နိုင်ငံရဲ့အနာဂတ်၊ မျိုးဆက်တွေ အနာဂတ်မှာ စိန်ခေါ်မှုတွေကို ရင်ဆိုင်နိုင်တဲ့ ဖွဲ့စည်းပုံ မျိုးဖြစ်သင့်တယ်။ တိုင်းရင်းသားအခွင့်အရေး တွေ၊ မြန်မာပြည်သူတစ်ဦးချင်းစီရဲ့ အခွင့် အရေးတွေ၊ နိုင်ငံသားတစ်ဦးချင်းစီရဲ့ အခွင့် အရေးတွေကို အာမခံချက်ပေးနိုင်တဲ့ ဖွဲ့ စည်းပုံမျိုး ဖြစ်သင့်တယ်။ အဲဒီလိုမျိုး ပြင်ဆင် ထားမှ ရလိမ့်မယ်။
Speaker ။ ။ ဒေါ်အောင်ဆန်းစု ကြည်က ငြိမ်းချမ်းရေးကို တွန်းလုပ်တယ်။ ဒီလို ငြိမ်းချမ်းရေးကိုပဲ တွန်းလုပ်လို့ စီးပွား ရေးကျတယ်လို့ပြောကျတယ်။ ဦးသိန်းစိန် နဲ့ယှဉ်လိုက်ရင်လည်း ငြိမ်းချမ်းရေးမှာ ဈေးဦး တောင်မပေါက်ဘူး။ ဘဲဥတောင်မကွဲဘူးလို့ ဝေဖန်ကျတယ်။ ဒီလိုဦးသိန်းစိန်နဲ့ယှဉ်ပြီး ငြိမ်းချမ်းရေးဖြစ်စဉ်တွေ မအောင်မြင်ဘူးလို့ ဝေဖန်တဲ့အပေါ် ဘာပြောချင်လဲ။
UHK။ ။ ဦးသိန်းစိန်လက်ထက် မှာ ငြိမ်းချမ်းရေးအတွက် စကားပြောနိုင်တဲ့ ပလက်ဖောင်းဖြစ်တဲ့ NPC ကို ဖွဲ့စည်းလိုက် တယ်။ တော်တော်လေးကို တွန်းတွန်းတိုက် တိုက်လုပ်နိုင်တယ်လို့ တွေ့ရတယ်။ အရင် တုန်းက စကားပြောစရာ နေရာမရှိတဲ့ အခြေ အနေကနေ စကားပြောစရာနေရာ ရှိလာခဲ့ တယ်။ ဆက်တိုက်ညှိနှိုင်းတယ်။ အရွေ့တစ်ခု တော့ ရွေ့လာတယ်ပေါ့။ ဒီဘက်ခေတ်မှာတော့ လွှတ်တော်မှာလည်း ငြိမ်းချမ်းရေးနဲ့ပတ်သက် ပြီး အသံထုတ်နိုင်တာ နည်းနေတယ်။ မြန်မာ့ ငြိမ်းချမ်းရေးဖြစ်စဉ်လို့ပြောရင် ပြဿနာ (Issue) မဟုတ်ဘူး။ ခေါင်းစဉ်တင်ရုံတင်ထားရ မယ့် ကိစ္စမဟုတ်ဘူး။ တစ်ခုပြီး တစ်ခု ဆက် တိုက်လုပ်ရမယ့် ဖြစ်စဉ်။ အစိုးရဘက်ကလည်း နိုင်ငံရေးပညာရှင်တွေ၊ သမိုင်းပညာရှင်တွေ၊ ငြိမ်းချမ်းရေးကို အထူးပြုလေ့လာထားတဲ့သူ တွေ ပါဝင်ပြီးတော့ ငြိမ်းချမ်းရေးအတွက် ဆက်တိုက် ဆွေးနွေးနေတဲ့အဖွဲ့မျိုး ဖွဲ့စည်း ထားသင့်တယ်။ တိုင်းရင်းသားဘက်ကလည်း အဲဒီလို အဖွဲ့မျိုး ဖွဲ့စည်းထားသင့်တယ်။ တပ်မတော်ဘက်ကလည်း နည်းပညာအရ အဲဒီလို အဖွဲ့မျိုး ဖွဲ့စည်းထားသင့်တယ်။ လက်နက်ကိုင်တပ်ဖွဲ့တွေကို လက်နက်ချပါ၊ လက်နက်စွန့်ပါ တစ်ခုတည်းပြောလို့မရဘူး၊ ပြည်ထောင်စုတပ်မတော်၊ ဖက်ဒရယ် တပ်မ တော်အဖြစ် ပေါင်းစည်းရေးအတွက် နည်း ပညာလိုတယ်။ ဒါကြောင့် ဒီလိုလက်တွေ့အဖွဲ့ ကောင်းကောင်းတွေနဲ့ ဆက်တိုက်ညှိနှိုင်းနေဖို့ လိုအပ်တယ်။ ဒါဆို စကားလုံးအပေါ်မှာ ခေါင်းစဉ်တင်ပြီး ပြောနေတာထက် ပြည် ထောင်စုစိတ်ဓာတ်ကို အခြေခံပြီး စကားပြော နိုင်မယ်။ နောက်ပြီး ငြိမ်းချမ်းရေးဆိုရင် သူ့ တစ်ခုတည်းရပ်နေတာ မဟုတ်ဘဲ အမျိုးသား ပြန်လည်သင့်မြတ်ရေးကို သွားရဦးမယ်။ လွတ်လပ်ရေးနဲ့အတူ တွဲပါလာတဲ့ စစ်ပွဲတွေ ကြောင့် ပြည်သူတွေမှာ စိတ်ဒဏ်ရာတွေ အများကြီးရှိတယ်။ အဲဒီ လူ့အဖွဲ့အစည်းရဲ့ ဒဏ်ရာဒဏ်ချက်တွေကို အများကြီးကုစား ဖို့လိုတယ်။ ကျွန်တော်တို့နိုင်ငံဟာ ကမ္ဘာပေါ် မှာ ကမ္ဘောဒီးယားပြီးရင် ခြေလက်အင်္ဂါချို့ ယွင်းမှုအများဆုံးနိုင်ငံပါ။ စစ်ကြောင့် ယိုယွင်း ပျက်စီးခဲ့တဲ့၊ စစ်ရဲ့ဆုတ်ဖြဲခံထားရတဲ့ နိုင်ငံ ဖြစ်တာ ကြာပြီ။ တိုင်းရင်းသားဒေသတွေမှာ ဖွံ့ဖြိုးတိုးတက်မှု အရမ်းကိုနည်းနေသေးတယ်။ ဒါကြောင့် အတိတ်ကိုထားခဲ့ပါ၊ အနာဂတ်ကို မျက်နှာမူပါ၊ အတူတူသွားကြမယ်။ မြန်မာ နိုင်ငံဟာ အောင်မြင်မှု၊ တရားမျှတမှု၊ လွတ် လပ်မှုနဲ့ ထိုက်တန်တဲ့ လူမျိုးနဲ့နိုင်ငံဆိုတာကို ပြနိုင်ဖို့ လိုအပ်ပါတယ်။ ဒါကြောင့် ဒီအစိုးရ လက်ထက်မှာ ငြိမ်းချမ်းရေးကို အမြန်ဆုံးပြီး အောင်လုပ်ဖို့ လိုအပ်တယ်။ တိုင်းရင်းသားတွေ ဘက်၊ စစ်တပ်ဘက်၊ အစိုးရဘက်တွေက ငြိမ်းချမ်းရေးနဲ့ အမျိုးသားပြန်လည် သင့်မြတ် ရေးကို မဖြစ်ဖြစ်အောင်ယူမယ်ဆိုတဲ့ ငြိမ်း ချမ်းရေးဆန္ဒပြုမှု လိုအပ်တယ်။ ဒီလိုအဖွဲ့တွေ ဖွဲ့စည်းပြီး အလုပ်လုပ်နိုင်ပြီဆိုရင် ရွေ့လာ မှာပါ။
Speaker ။ ။ စစ်အာဏာရှင်စနစ် ကို မုန်းတဲ့စိတ်၊ ကြံ့ခိုင်ရေးကို မုန်းတဲ့စိတ်၊ ပါတီကိုပဲ ကြည့်ပါ၊ လူကိုမကြည့်ပါနဲ့ဆိုတဲ့ ဒေါ်အောင်ဆန်းစုကြည်စကားကြောင့် ၂ဝ၁၅ ရွေးကောက်ပွဲနဲ့အတူ အရွေ့ကြီး တစ်ခုကို ရွေ့လိုက်တယ်။ နိုင်ငံရေးပြဿနာတွေကို ဖြေရှင်းဖို့ ဒေါ်အောင်ဆန်းစုကြည်ကို လူထုက မဲပေးပြီး ရွေးချယ်လိုက်တာ။ ဒါကြောင့် ဒီ အရွေ့တွေကို ဒေါ်အောင်ဆန်းစုကြည် မရွှေ့ နိုင်ဘူးဆိုရင် မြန်မာ့နိုင်ငံရေး ဘယ်လိုဖြစ် သွားနိုင်လဲ။
UHK ။ ။ ဒေါ်အောင်ဆန်းစု ကြည် ဦးဆောင်တဲ့အစိုးရအဖွဲ့ တာဝန်ယူတဲ့ အချိန်မှာ လောက်လောက်လားလား၊ ဆုပ်ဆုပ် ကိုင်ကိုင်ပြနိုင်တဲ့ ရလဒ်တွေထွက်လာဖို့ လို အပ်တယ်။ ထိရောက်မှုရှိဖို့ လိုအပ်တယ်။ အခုအချိန်အထိ ဆန္ဒပြမှုတွေကို အုပ်ချုပ် ရေးအာဏာသုံးပြီး ဖြေရှင်းနေရတုန်းပဲ။ ဒီလိုဆိုရင် မဟုတ်သေးပါဘူး။ ဒါက တစ်ပိုင်း ပေါ့။ ဒီအစိုးရလက်ထက်မှာ ဘာကိုဦးစားပေး ဆောင်ရွက်ရမလဲဆိုပြီး ချမှတ်ထားတဲ့ မူဝါဒ တွေ ရှိပါတယ်။ ဒီမူဝါဒတွေမှာ နိုင်ငံရေးအရ ရည်မှန်းထားတာက ငြိမ်းချမ်းရေး၊ အမျိုးသား ပြန်လည်သင့်မြတ်ရေး၊ တပ်မတော်နဲ့ ပြည်သူ ကြား၊ တပ်မတော်နဲ့ တိုင်းရင်းသားတွေကြား၊ တပ်မတော်နဲ့ ဒီမိုကရေစီအင်အားစုတွေကြား ထဲ ပြန်လည်ညီညွတ်ရေးတွေ ပါပြီးတော့ တကယ် ဖော်ဆောင်နိုင်ဖို့လည်း လိုအပ်ပါ တယ်။
အစိုးရဖြစ်တဲ့ ငါးနှစ်အတွင်း ရလဒ် ကောင်းတွေ မထွက်ခဲ့ရင် အစိုးရထဲမှာ ဖြစ် နေတဲ့ အကျပ်အတည်းတွေကို ပြည်သူတွေက သဘောမပေါက်ဘဲ ဒီအစိုးရဟာ အုပ်ချုပ်ရေး ကို နားမလည်ပါဘူး၊ စီမံခန့်ခွဲမှုကို နားမ လည်ပါဘူးဆိုပြီး ပေါ့ပေါ့လေး မြင်သွား နိုင်တယ်။ ဒီလိုမြင်ပြီဆို ဒီမိုကရေစီအသွင် ကူးပြောင်းရေးကို ထိခိုက်နိုင်ပါတယ်။ ဒီလိုဆို ရင် ဒီမိုကရေစီအင်အားစုတွေရဲ့ အခန်းကဏ္ဍ၊ စွမ်းရည်ကိုလည်း ထိခိုက်ပါတယ်။ အခုအခြေ အနေကတော့ သိပ်အားရစရာတော့ မရှိသေး ဘူး။ အစိုးရမှာ အခက်အခဲတွေ အများကြီး ရှိနေပါတယ်။ ။
အွန်လိုင်းဝဏ္ဏ၊ ဇင်မင်းဖြိုး
The Speaker သတင်းဂျာနယ်
အတွဲ(၁)၊ အမှတ်(၃၅)
သြဂုတ် ၃