Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, May 30, 2015

အခွန်ထမ်းပြည်သူများ၏ ကိုယ်ရေး အချက်အလက်များကို ဟက်ကာများက ခိုးယူ



ဝါရှင်တန် ၊ ၂၉-၅-၂၀၁၅

ဆိုက်ဘာ တိုက်ခိုက်သူ ဟက်ကာ များသည် အမေရိကန် ပြည်တွင်း အခွန်ဦးစီးဌာန (IRS) ၏ အွန်လိုင်း ကွန်ပြူတာ စနစ်များမှ အခွန် ပေးဆောင်သူ ပြည်သူ ၁ဝဝဝဝဝ ခန့်၏ ကိုယ်ရေး အချက်အလက် များကို ခိုးယူ သွားခဲ့ကြောင်း ပြည်ထောင်စု အခွန်ဦးစီးဌာန က ထုတ်ဖော် ပြောကြား ခဲ့ကြောင်း သိရသည်။

ဆိုက်ဘာ တိုက်ခိုက်သူ များသည် အခွန်ထမ်း ပြည်သူ တစ်ဦးချင်း စီ၏ အကောင့်များကို ထိုးဖောက် ဝင်ရောက်ခဲ့ပြီး အခြား အဖွဲ့အစည်း များမှ သတင်း အချက်အလက် များကို အသုံးပြုခဲ့ခြင်း ဖြစ်ကြောင်း အခွန် ပေးဆောင်သူ ပြည်သူများ၏ မွေးသက္ကရာဇ်၊ လိပ်စာနှင့် အခြား လူမှုရေး ဆိုင်ရာ အချက်အလက် များကို ခိုးယူ သွားခဲ့ခြင်း ဖြစ်သည်။

ဟက်ကာ များသည် အခွန်ထမ်း ပြည်သူများ၏ အကောင့်များကို ယခုနှစ် ဖေဖေါ်ဝါရီလ နှင့် မေလလယ် ပိုင်းက ထိုးဖောက် ဝင်ရောက် ခဲ့ခြင်းဖြစ်ပြီး ပြည်သူ ၁ဝဝဝဝဝ ခန့်၏ အသေးစိတ် အချက်အလက် များကို ခိုးယူနိုင်ခဲ့ခြင်း ဖြစ်ကြောင်း IRS အဖွဲ့က အတည်ပြု ပြောကြား ခဲ့သည်။

ယခုအခါ IRS အဖွဲ့ရှိ စုံစမ်းရေးမှူးချုပ် နှင့် ရာဇဝတ်မှု ဆိုင်ရာ စုံစမ်း စစ်ဆေးရေး အဖွဲ့များက စစ်ဆေးလျက် ရှိပြီး အဆိုပါ ဟက်ကာ တိုက်ခိုက်မှုနှင့် စပ်လျဉ်း၍ သက်ဆိုင်ရာ ပြည်သူများ ကိုလည်း အသိပေး အကြောင်းကြား ခဲ့ပြီး ဖြစ်ကြောင်း သိရသည်။

Internal Revenue Service

#PyiChitThar

No comments:

Post a Comment