Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, May 30, 2015

ပါတီစည်းကမ်းလိုက်နာမည်ဆိုပါက တပ်ချုပ်ကို လက်ခံမည်ဟု ပြည်ခိုင်ဖြိုး အတွင်းရေးမှူးပြော ။


တပ်မတော်ကာ ကွယ်ရေးဦးစီးချုပ်သည် တပ်မ တော်မှ အငြိမ်းစားယူကာ နိုင်ငံရေး
သမားအဖြစ်ခံယူပြီး ပါတီ၏ စည်းကမ်းများကို လိုက်နာနိုင်မည် ဆိုပါက ပါတီက လက်ခံမည် ဖြစ်ကြောင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီအတွင်းရေးမှူး ဦးသိန်းဆွေက သတင်းစာရှင်း လင်းပွဲ၌ သတင်းမီဒီယာများအား ပြောကြားလိုက်သည်။

‘‘သူတပ်မတော်က အငြိမ်း စားယူမယ်၊ နိုင်ငံရေးသမားအဖြစ် ခံယူမယ်၊ ပါတီရဲ့
စည်းကမ်းကို လိုက်နာနိုင်မယ်ဆိုရင် ကျွန်တော် တို့ တပ်မတော်ကာကွယ်ရေး
ဦးစီးချုပ်မှ မဟုတ်ပါဘူး။ ရဲဘော်အ ဆင့်လည်း လက်ခံနိုင်ပါတယ်။ အရပ်သားကို
လည်း လက်ခံနိုင်ပါ တယ်’’ဟု ပြည်ထောင်စုကြံ့ခိုင် ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ ပြောရေး
ဆိုခွင့်ရှိသူ ဦးသိန်းဆွေက မေလ ၂၉ ရက်က နေပြည်တော်ရှိ လွှတ်တော်အဆောက်
အအုံဝင်းအတွင်း ပြုလုပ်သော သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခြင်း ဖြစ်သည်။

မေလ ၂၉ ရက်က ပြုလုပ် သော အဆိုပါသတင်းစာရှင်းလင်း ပွဲတွင် သတင်းမီဒီယာ
တစ်ခုက တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည်
ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်မည်ဆိုပါက ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး
ပါတီက လက်ခံပါမည်လားဆိုသော မေးခွန်းကို ဦးသိန်းဆွေက အထက်ပါအတိုင်း
ပြန်လည်ဖြေကြားခဲ့ခြင်း ဖြစ်သည်။

ထို့ပြင် လာမည့် အထွေထွေ ရွေးကောက်ပွဲတွင် တပ်မတော်အ ရာရှိ ၁၀၀ ခန့်သည်
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကို ကိုယ်စားပြု ၀င်ရောက်ယှဉ်ပြိုင်ရန်
ရှိသည်ဆိုသော သတင်းများထွက်ပေါ်နေမှုသည် မမှန်ကန်ကြောင်း ဦးသိန်းဆွေ
က ပြောသည်။

‘‘အယောက် ၁၀၀ လောက်ဝင်မယ်ဆိုတာတော့ မမှန်ပါဘူး။ အခုအချိန်ထိ ဘယ်သူ
ဝင်မလဲဆိုတာကို တိတိကျကျမသိသေးပါဘူး။ ကျွန်တော်တို့ ပါတီတွင်းမှာလည်း
ရွေးကောက်ပွဲမှာ ယှဉ်ပြိုင်မယ့်ကိုယ်စားလှယ်တွေကို ရွေးချယ်ဆဲပဲ ဖြစ်ပါတယ်’’
ဟု ပြည် ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီအတွင်းရေးမှူး ဦးသိန်းဆွေက
ဆိုသည်။

လက်ရှိတပ်မတော်ကာ ကွယ်ရေးဦးစီးချုပ်သည် ယခုနှစ် အတွင်း ကျင်းပမည့်
၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်ရွေးချယ်ခံမည်
ဖြစ်ကြောင်း အတည်မပြုနိုင်သော သတင်းထွက်ပေါ်မှုများရှိခဲ့သည်။

ယခုလအတွင်း ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန် ကြီး ဒုဗိုလ်ချုပ်ကြီး
ဝေလွင်က မိမိအနေဖြင့် ရွေးကောက်ပွဲဝင် ရောက်ယှဉ်ပြိုင်ရန်ရှိကြောင်း ထုတ်
ဖော်ပြောကြားခဲ့ပြီး တပ်မ တော် ထိပ်ပိုင်းခေါင်းဆောင်အ ချို့လည်း ယှဉ်ပြိုင်ဖွယ်
ရှိနိုင်သည်ဟု ပြောကြားခဲ့သည်။ အာဏာရပါတီဖြစ်သော ပြည်ထောင်စု ကြံ့ခိုင်
ရေးနှင့် ဖွံ့ဖြိုးရေးပါတီသည် ပြီးခဲ့သည့် တပ်မတော်အစိုးရလက်ထက်က ဖွဲ့စည်း
ခဲ့သော ပါတီဖြစ်ပြီး ပါတီခေါင်းဆောင်ပိုင်းများသည် ယခင်အစိုးရလက်ထက်
က တပ်မတော် ထိပ်ပိုင်းခေါင်းဆောင် အရာရှိကြီးများ ဖြစ်ကြသည်။

သတင်းဓါတ်ပုံ-ရန်မျိုးနိုင် ( 7 Day )

No comments:

Post a Comment