Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, May 31, 2015

တက္ကသိုလ်ဝင်တန်း အောင်စာရင်း ဇွန်လ ၆ရက် ထုတ်ပြန်မည်


Sunday, May 31, 2015
၂၀၁၅ ခုနှစ် တက္ကသိုလ်ဝင်တန်း အောင်စာရင်းကို ဇွန်လ ၆ ရက် နံနက် ၆ နာရီတွင် ထုတ်ပြန်မည်ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန မှတစ်ဆင့် မေလ ၃၁ ရက် ညနေပိုင်းတွင် မြန်မာနိုင်ငံ စာစစ်ဦးစီးဌာနက ထုတ်ပြန်သည်။
အောင်စာရင်းများကို တိုင်းနှင့် ပြည်နယ်အလိုက် မြို့နယ် ပညာရေးမှူးရုံးများ၊ စာစစ်ဌာန ကျောင်းများတွင် တစ်ပြိုင်တည်း ထုတ်ပြန်မည်ပြီး မြန်မာနိုင်ငံ စာစစ်ဦးစီးဌာန ဝက်ဘ်ဆိုဒ် moemyanmar.net
 
တွင်လည်း ဝင်ရောက်ကြည့်ရှုနိုင်ကြောင်း အဆိုပါ ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။ တိုင်းနှင့် ပြည်နယ်များ၏ အောင်စာရင်းကို ရန်ကုန်မြို့ အင်းစိန်၊ ရန်ကင်း၊ လမ်းမတော်၊ သင်္ဃန်းကျွန်း မြို့နယ်များရှိ အမှတ် (၁) အခြေခံပညာ အထက်တန်းကျောင်းများ၊ ကမာရွတ်မြို့နယ် အမှတ် (၃) အခြေခံပညာ အထက်တန်းကျောင်းနှင့် ဒဂုံမြို့ အမှတ် (၂) အခြေခံပညာ အထက်တန်းကျောင်းများတွင် ထုတ်ပြန်ထားမည်ဖြစ်ကြောင်း ယင်းထုတ်ပြန်ချက်အရ သိရသည်။
၂၀၁၅ ခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲကို မတ်လ ၁၁ ရက်တွင် စတင်ကျင်းပခဲ့ပြီး ပြည်တွင်း၊ ပြည်ပ စာဖြေဌာန ၁၃၇၆ ခုတွင် ဖြေဆိုသူ ၅၉၀,၀၀၀ ကျော် ရှိကြောင်း ပညာရေးဝန်ကြီးဌာနမှ စုံစမ်းသိရှိရသည်။
The Voice Weekly

No comments:

Post a Comment