Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, May 31, 2015

နိုင်ငံတောင်ပိုင်းတွင် အမည်မသိ သေနတ်သမားများ၏ ပစ်ခတ်မှုကြောင့် အစိုးရတပ်ဖွဲ့ဝင် နှစ်ဦးသေဆုံး


ဗန်ကောက် ၊ ၁-၆-၂၀၁၅

ထိုင်းနိုင်ငံ တောင်ပိုင်း ပတ္တနီ ပြည်နယ်တွင် ဖြစ်ပွားခဲ့သည့် ချုံခိုတိုက်ခိုက်မှု တစ်ခုတွင် အမည်မသိ သေနတ်သမား များ၏ ပစ်ခတ် တိုက်ခိုက်မှု ကြောင့် အစိုးရ တပ်ဖွဲ့ဝင် နှစ်ဦး သေဆုံးခဲ့ကြောင်း ထိုင်းနိုင်ငံ ရဲတပ်ဖွဲ့က ယမန်နေ့တွင် ထုတ်ပြန် ခဲ့သည်ကို ဗန်ကောက်ပို့စ် သတင်းတစ်ရပ် အရ သိရသည်။

တိုက်ခိုက်မှုတွင် အရပ်သား အသွင် ဝတ်ဆင်ထားသော ထိုင်း လုံခြုံရေး တပ်ဖွဲ့ဝင် များသည် ပတ္တနီပြည်နယ် ကာပေါ်ခရိုင် တွင် မေ ၃ဝ ရက်က မော်တော်ဆိုင်ကယ် မောင်းနှင်လာစဉ် သေနတ်သမား များ၏ တိုက်ခိုက်မှုကို ခံခဲ့ရခြင်း ဖြစ်ကြောင်း ပြည်နယ် ရဲတပ်ဖွဲ့မှ ဒုတိယရဲမှူး ပရက်ဘ်ပါမင် မုန်ကော က ပြောကြား ခဲ့သည်။

ထို့နောက် အမည်မသိ သေနတ်သမား များသည် လုံခြုံရေး တပ်ဖွဲ့ဝင် များကို ပစ်ခတ် တိုက်ခိုက်ပြီး ၄င်းတို့၏ သေနတ်များကို ယူဆောင်၍ အခင်း ဖြစ်ပွားရာ နေရာမှ ထွက်ပြေး သွားခဲ့ကြောင်း၊ ထို ပစ်ခတ်မှုနှင့် စပ်လျဉ်း၍ အာဏာပိုင် များက စုံစမ်းလျက် ရှိသည်။

ထိုင်းနိုင်ငံ တောင်ပိုင်းတွင် ၂ဝဝ၄ ခုနှစ်မှစ၍ မတည်ငြိမ် မှုများ ဖြစ်ပွား ခဲ့ခြင်းကြောင့် အရပ်သား ဦးရေ ၆၅ဝဝ ကျော် သေဆုံးခဲ့ ရပြီး ဖြစ်ကြောင်း သိရသည်။

#PyiChitThar

No comments:

Post a Comment