Latest News

Saturday, February 28, 2015

ပုသိမ်မြို့နယ် ရေသိုးကြိုးဝိုင်းအတွင်း၌ ဆင်ဖြူတော်တစ်စီး ဖမ်းဆီးရမိ


Sunday, March 1, 2015
ပုသိမ်မြို့နယ် ရေသိုးကြိုးဝိုင်း အကွက် အမှတ်(၈) သစ်ပုပ်ချောင်းနှင့် နှစ်မိုင်ခန့် အကွာတွင် ဖေဖော်ဝါရီ ၂၇ ရက် ညနေ ၄ နာရီခန့်က အသက် ခုနစ်နှစ်ခန့်ရှိ ဆင်ဖြူ တော်အမ တစ်စီးကို မြန်မာ့သစ်လုပ်ငန်းမှ ဖမ်းဆီးရမိခဲ့ကြောင်း သတင်းရရှိသည်။
အဆိုပါနေ့ နံနက် ၁၁ နာရီခန့်တွင် ရေသိုးကြိုးဝိုင်းအတွင်း၌ ဆင်ဖြူတစ်ကောင်ကို တွေ့ရှိရ၍ မြန်မာ့သစ်လုပ်ငန်း ဆင်ဖမ်းဆီးစီးရေးအဖွဲ့က လိုက်လံဖမ်းဆီးရာ ညနေ ၄ နာရီခန့်တွင် ငွေဆောင်ကမ်းခြေနှင့် ချောင်းသာကမ်းခြေ ဖြတ်လမ်းအနီးတွင် ဆင်ဖြူ တော်ကို ဖမ်းဆီးရမိခဲ့ကြောင်း၊ ဖမ်းဆီးရမိသော ဆင်ဖြူကို မြန်မာ့သစ်လုပ်ငန်းမှ ဆင်ယာဉ် ငါးကောင်ဖြင့် တွဲယူခေါ်ဆောင်ကာ ရေသိုးကြီး မြဝတီရော်ဘာစိုက်ခင်းတွင် ထိန်းသိမ်းထားရှိကြောင်း သိရသည်။
ဖမ်းဆီးရမိသော ဆင်ဖြူတော်မှာ အမ ဖြစ်ပြီး၊ မျက်လုံး၊ နှာမောင်း၊ နားရွက်နှင့် ခြေခွာ၊ အမြီးများမှာ ဆင်ဖြူတော်၏ ကြန်အင်လက္ခဏာနှင့် ပြည့်စုံကြောင်း၊ ဆင်ဖြူတော်၏ အရပ်မှာ ခြောက်ပေသုံးလက်မခန့်ရှိပြီး လုံးပတ်ရှစ်ပေနှင့် ရှစ်လက်မခန့် ရှိကြောင်း၊ ယခုဖမ်းဆီးရမိသည့် ဆင်ဖြူတော်မှာ မြန်မာနိုင်ငံ၏ ကိုးစီးမြောက်ဖြစ်သော ဆင်ဖြူတော်ဖြစ်ကြောင်း သတင်းရရှိသည်။
အဆိုပါ ဆင်ဖြူတော်မှာ အသက်ခုနစ်နှစ်အရွယ် ဆင်ဖြူတော်အမ တစ်စီးဖြစ်ပြီး ဆင်ဖြူတော်၏ လက္ခဏာဖြစ်သော မျက်လုံးမှာ ပုလဲရောင်၊ အာခေါင်နှင့် လျှာမှာ ပန်းနုရောင်၊ နားရွက်မှာ ကြေးစည်သဏ္ဌာန်၊ အသားရောင်မှာ ပန်းနုရောင်၊ အမွေးမှာ အဖြူရောင်၊ ကျောရိုးမှာ ငှက်ပြောကိုင်းသဏ္ဌာန်ရှိ၍ ဆင်ဖြူတော်တစ်စီးဖြစ်ကြောင်း မြန်မာသစ်လုပ်ငန်း အကြံပေးပညာရှင် ဒေါက်တာစည်သူဝမ်ထွန်းက ပြောကြားသည်။
“တစ်နိုင်ငံလုံးမှာ ကိုးစီးမြောက် ဆင်ဖြူတော်ဖြစ်တယ်။ ရရှိခဲ့တဲ့ ဆင်ဖြူတော်တွေမှာ ဒီတစ်စီးက သက်စွန့်ဆံဖျား ရရှိခဲ့တာ။ သူနဲ့အတူရှိနေတဲ့ တောဆင်ရိုင်းတွေရဲ့ ကာကွယ်တိုက်ခိုက်မှုတွေကိုလည်း တွေ့ကြုံခဲ့ရတယ်”ဟု ၎င်းက ဆက်လက်ပြောကြားသည်။
၎င်းဆင်ဖြူတော်အား ဖေဖော်ဝါရီ ၂၇ ရက် နံနက် ၁၁ နာရီ ၁၅ မီနစ်ခန့်က မေ့ဆေးသေနတ်ဖြင့် ပစ်ခဲ့ရကြောင်း၊ မေ့နေချိန်တွင် ကြိုးတုပ်၍ ကွန်ဂျီ(ဆင်ယဉ်) ငါးစီးဖြင့် ထိန်း၍ ပုသိမ်မြို့နယ်အတွင်းရှိ မြန်မာ့သစ်လုပ်ငန်း ရေသိုးကြီးဆင်စခန်းသို့ ထိုနေ့ ညနေ ၄ နာရီခန့်တွင် ခေါ်ယူနိုင်ခဲ့ကြောင်း၊ ဆင်ဖြူတော်ရရှိရေးအတွက် ကျွမ်းကျင်ဝန်ထမ်း ၄၅ ဦး၊ ယာဉ်နှင့် လက်နက်များကို အသုံးပြု၍ အချိန်တစ်လခွဲခန့် ဆောင်ရွက်ခဲ့ရကြောင်း ဧရာဝတီတိုင်းဒေသကြီး မြန်မာ့သစ်လုပ်ငန်း ဒုတိယအထွေထွေမန်နေဂျာ ဦးထွန်းထွန်းဦးက ပြောကြားသည်။
“ အခုရရှိတဲ့ ဆင်ဖြူတော်က ဒီဒေသကပဲ ရရှိတဲ့ မြန်မာနိုင်ငံရဲ့ ခုနစ်စီးမြောက် ဆင်ဖြူတော်ဟေမဝတီရဲ့ ညီမဖြစ်တယ်လို့ ပြောလို့ရတယ်။ ဘာကြောင့်လဲဆိုတော့ အဲဒီဆင်ရိုင်းအုပ်ထဲက ညာဘက်မျက်ခုံးမှာ ဘုရှိတဲ့ ဆင်မကြီးက သူတိုရဲ့မိခင်ဖြစ်တယ်ဆိုတာ သစ်တောဦးစီးဌာနမှာ မှတ်တမ်းရှိတယ်”ဟု ဧရာဝတီတိုင်းဒေသကြီး မြန်မာ့သစ်လုပ်ငန်း ဒုတိယအထွေထွေမန်နေဂျာ ဦးထွန်းထွန်းဦးက ဆက်လက်ပြောကြားသည်။
မြန်မာနိုင်ငံတွင် ရရှိပြီးသော ဆင်ဖြူ တော်ရှစ်စီးမှ ခုနစ်စီးမြောက် ဆင်ဖြူတော် ဟေမဝတီမှာလည်း ဧရာဝတီတိုင်း ပုသိမ်မြို့နယ်မှ ရရှိခဲ့ပြီး နဝမကြိမ်မြောက် ဆင်ဖြူ တော်အား ထပ်မံရရှိခြင်းဖြစ်ကာ ဆင်ဖြူတော် သုံးစီးမှာ ရန်ကုန်မြို့တွင်ထားရှိပြီး ငါးစီးမှာ နေပြည်တော်တွင် ထားရှိကြောင်း၊ ယခုရရှိသော ဆင်ဖြူတော်အား ယဉ်ပါးလာရေးအတွက် တစ်လခန့် အချိန်ယူလေ့ကျင့်ရမည် ဖြစ်ကြောင်း သိရသည်။
ပုသိမ်မြို့နယ် ရေသိုးကြိုးဝိုင်းအတွင်း ဖမ်းဆီးရမိသော ဆင်ဖြူတော်ကို တွေ့ရစဉ် (ဓာတ်ပုံ- နေလင်း)
Eleven Media Group

မြန်မာဒုက္ခသည်အရေး ဗြိတိန်ပါလီမန်ကြားနာ

မဲဟောင်ဆောင်ဒုက္ခသည်စခန်းက ကရင်ဒုက္ခသည်တွေ
ဗြိတိန်နိုင်ငံအနေနဲ့ နယ်စပ်ဒုက္ခသည်တွေအတွက် အထောက်အပံ့တွေကို ဆက်လက်ကူညီသွားမယ်လို့ ယုံကြည်ကြောင်း ကရင်နီဒုက္ခသည် ကော်မတီက ပြောပါတယ်။ ကရင်နီဒုက္ခသည်ကော်မတီက ကိုယ်စားလှယ်တွေအပါအဝင် မြန်မာ့ဒုက္ခသည်အရေးဆောင်ရွက်နေတဲ့အဖွဲ့ဟာ ဗြိတိန်လွှတ်တော်မှာကျင်းပတဲ့ မြန်မာဒုက္ခသည်အရေးကြားနာပွဲကို တက်ရောက်ခဲ့ကြတာပါ။ မအင်ကြင်းနိုင်က အကြောင်းစုံ တင်ပြပေးထားပါတယ်။

ဗြိတိန်လွှတ်တော်မှာ ဖေဖေါ်ဝါရီလ (၂၆)ရက်နေ့က မြန်မာဒုက္ခသည်အရေး ကြားနာပွဲကို မြန်မာဒုက္ခသည်အရေး ဆောင်ရွက်နေတဲ့အဖွဲ့ တက်ရောက်ပြီး နယ်စပ်ဒုက္ခသည်တွေနဲ့ ပြည်တွင်းအိုးအိမ်စွန့်ခွာထွက်ပြေးပုန်းအောင်းနေသူတွေရဲ့အရေးနဲ့ပတ်သက်လို့တင်ပြခဲ့ကြတာပါ။ သမ္မတဦးသိန်းစိန်အစိုးရက ပြုပြင်ပြောင်းလဲရေးကြိုးပမ်းနေတယ်ဆိုပေမယ့် ထိုင်းမြန်မာနယ်စပ်ဒုက္ခသည်တွေရဲ့အခြေအနေဟာ စိုးရိမ်နေရတဲ့ အနေအထားမှာ ရှိနေဆဲပဲလို့ ဗြိတိန်လွှတ်တော်ကြားနားပွဲမှာ ကိုယ်တိုင်ထွက်ဆိုခဲ့တဲ့ ကရင်နီဒုက္ခသည်ကော်မတီအတွင်းရေးမှူး Luiz Kaypoe (လူးဝီစ်ကေပို) က ပြောပါတယ်။

“အလှူရှင်တွေက လျှော့ချတဲ့အပေါ်မှာ အထောက်အပံ့တွေကလည်း လုံလောက်မှုမရှိတော့ဘူး။ နောက်ပြီးတော့ အခုမှာကျတော့ မြန်မာ နိုင်ငံမှာ ပြောင်းလဲတဲ့အခြေအနေပေါ်မူတည်ပြီးတော့ - နေရာကိုပြန်ရမှာပေါ့နော်၊ ပြည်တွင်းထဲကိုပြန်ရမယ်လို့ သူတို့ကြားတဲ့အခါမှာ သူတို့စိတ်ထဲမှာ ကြောင့်ကြမှုတွေဖြစ်ပေါ်လာတယ်၊ စိုးရိမ်မှုတွေဖြစ်ပေါ်လာတဲ့အခြေအနေမှာ ရှိတယ်။ နောက်ပြီးတော့ သူတို့ကြည့်လို့ရှိရင် ပြည်တွင်းမှာက ပြန်နိုင်တဲ့အနေအထားမျိုးလည်း ဘာမှ ကျနော်တို့မတွေ့ရသေးဘူးပေါ့နော်၊ ဘာဖြစ်လို့လဲဆိုရင်တော့ အစိုးရဘက်က နေပြီးတော့မှ …ထုတ်ပေးတာတွေ မရှိသေးဘူး၊ နောက်ပြီးတော့မှ လယ်မြေတွေလည်း သူတို့သိမ်းထားတဲ့ဟာတွေလည်း ရှိနေသေးတယ်။ အဲဒီအပေါ်မှာ သူတို့ပြန်သွားလို့ရှိရင် ဘယ်မှာနေမှာလဲဆိုတာ ဒုက္ခသည်တွေအနေနဲ့ စိုးရိမ်မှုရှိပါတယ်ခင်ဗျ။”

ထိုင်းမြန်မာနယ်စပ် မဲဟောင်ဆောင် ဒေသဘက်က ကရင်နီဒုက္ခသည်စခန်းနှစ်ခုမှာဆိုရင် ဒုက္ခသည်ဦးရေ သောင်းနဲ့ချီ ရှိနေတာပါ။ ဗြိတိန်နိုင်ငံ အနေနဲ့ ဒီဒုက္ခသည်တွေအတွက် အထောက်အပံအကူအညီတွေကိုဆက်လက်ပေးသွားလိမ့်မယ်လို့ သူ့အနေနဲ့ယုံကြည်ကြောင်း လူးဝီစ်ကေပိုက ဆိုပါတယ်။

“သူတို့နဲ့တွေ့တဲ့အခါမှာ သူတို့ရဲ့အထောက်အပံ့တွေကို ဒုက္ခသည်တွေ အိမ်ပြန်မရောက်မချင်း ဒုက္ခသည်တွေကို သူတို့ ဆက်လက် ကူညီနိုင် တဲ့ အနေအထားမျိုးမှာ ရှိပါတယ်။ ဘာလဲဆိုရင် သူတို့ပြောတာက ဒုက္ခသည်တွေရဲ့အခြေအနေကို ပြောပြပြီးတဲ့နောက်ပိုင်းမှာ သူတို့ လည်း သူတို့ရဲ့အထောက်အပံ့တွေကို ဒိထက်ပိုပြီးတော့ မလျှော့ချဖို့ပေါ့နော်၊ သူတို့ ကူညီနေတဲ့အနေအထားမှာပဲ သူတို့ ဆက်လက်ရပ်တည်ပြီး တော့မှ ဒုက္ခသည်တွေကို ဆက်လက်ကူညီသွားမယ်ဆိုတဲ့ အနေအထားမျိုးကို တွေ့ရတယ်။”

လက်ရှိမြန်မာနယ်စပ်တလျှောက်ကြည့်မယ်ဆိုရင် ကချင်၊ ရှမ်း ပြည်နယ်ဘက်တွေမှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ မြန်မာအစိုးရ တပ်တွေကြား တိုက်ပွဲတွေဖြစ်နေတာပါ။ အထူးသဖြင့် တိုင်းရင်းသားဒေသတွေမှာ နယ်မြေရှင်းလင်းရေးဆိုပြီး မြန်မာတပ်မတော်က ထိုးစစ်ဆင်နွှဲနေတာကြောင့် ဒေသခံပြည်သူတွေ စစ်ဘေးလွတ်ရာကို ထွက်ပြေးခိုလှုံနေကြတာပါ။ အခုလို မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေးရဖို့ အလားအလာနည်းနေတဲ့အချိန် ထိုင်း မြန်မာနယ်စပ်ဒုက္ခသည်တွေ နေရပ်ပြန်နိုင်ရေးအလားအလာဟာလည်း မရေရာ မသေချာဖြစ်နေတယ်လို့ လူးဝီစ်ကေပိုက ပြောပါတယ်။

“ထိုင်းအစိုးရဘက်ကနေပြီးတော့ သူတို့ ….တာရှိတယ်။ ဒုက္ခသည်တွေ နှစ်နှစ်အတွင်း ပြန်နိုင်မယ့်အနေအထားကို စီစဉ်မယ်လို့ ပြောပါတယ်။ ဆိုတော့ သူတို့ပြောတဲ့နှစ်နှစ်အတွင်းက အခုကစပြီးတော့ ဒုက္ခသည်တွေကို ပြန်ပို့မှာလား၊ သို့မဟုတ်လို့ရှိရင် မြန်မာနိုင်ငံမှာ အခြေအနေ ပြောင်းလဲသွားတဲ့တနေ့ကို အဲဒီရက်ကနေစပြီးတော့ နှစ်နှစ်ကိုပြောသလားဆိုတာ အဲဒီရက်ကို အတိအကျ ပြောလို့လည်း မရသေးဘူး ပေါ့နော်၊ ဆိုတော့ ကျနော်တို့ခန့်မှန်းရတာတော့ ဒုက္ခသည်တွေပြန်နိုင်ဖို့ အချိန်က မြန်မာနိုင်ငံမှာ Nationwide cease fire ဖြစ်ပြီးတော့မှပဲ နိုင်ငံရေး ဒိုင်ယာလော့ဂ်ပေါ့နော်။ Political Dialogue ကိုရောက်တဲ့အဆင့်အထိ ရောက်မှသာလျှင် ဒီဒုက္ခသည်တွေ ပြန်နိုင်မယ်ဆိုတဲ့ အနေအထားမျိုး ရှိပါတယ်။ ဆိုတော့ Political Dialogue က ဘယ်တော့ဖြစ်လာမလဲဆိုတာတော့ ကျနော်တို့ ပြောလို့မရသေးဘူးပေါ့နော်၊ ဆိုတော့ ဒုက္ခသည်တွေပြန်နိုင်မယ့်အနေအထားက တော်တော်လေး အချိန်အတိုင်းအတာတခုအထိ ကျနော်တို့ စောင့်ရအုံးမယ်ဆိုတဲ့ သဘောမျိုး ရှိပါတယ်ခင်ဗျ။”

ဗြိတိန်လွှတ်တော် ကြားနားဖြစ်မြောက်ဖို့ All-Party Parliamentary Group for Democracy in Burma မြန်မာ့ဒီမိုကရေစီအတွက် ဖွဲ့စည်းထားတဲ့ ဗြိတိန်ပါတီပေါင်းစုံက လွှတ်တော်အမတ်အဖွဲ့ကနေ ဦးဆောင်ကြိုးပမ်းခဲ့တာဖြစ်ပါတယ်။ ဒီကြားနားပွဲကိုတက်ရောက်ခဲ့တဲ့ မြန်မာဒုက္ခသည်အရေးဆောင်ရွက်နေတဲ့အဖွဲ့မှာ ကရင်နီဒုက္ခသည်ကော်မတီက လူးဝီစ်ကေပိုအပါအဝင် TBC ရဲ့အမှုဆောင်ညွန်ကြားရေးမှူး Sally Thompson၊ KWO ၊ ကရင်အမျိုးအဖွဲ့အစည်းက နော်တယ်မလာစောတို့ ပါဝင်ပါတယ်။ ထိုင်းနိုင်ငံဘက်ခြမ်း မြန်မာ ဒုက္ခသည် စခန်းတွေမှာ လက်ရှိ ဒုက္ခသည်ဦးရေ တစ်သိန်းကျော် ရှိနေပြီး ပြည်တွင်းမှာ အိုးအိမ်စွန့်ခွာထွက်ပြေးနေရသူဦးရေ တစ်သိန်းနှစ်သောင်း လောက် ရှိပါတယ်ရှင်။

အင်ကြင်းနိုင် / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com

ကျွန်တော် သေဒဏ်ကျခဲ့သော ၁၇ လ ၁၇ ရက် အမှတ်- ၁၂


(တပ်ကြပ်ဇော်နီနှင့် အင်းစိန်ထောင်၏ သံမဏိစည်းမျဉ်းများ) 
========================================
ဇော်သက်ထွေး
တွဲဖက် အကျဉ်းထောင် အဆောင်(၁) အရှေ့ခြမ်းတွင် နေ့ဘက် တာဝန်ကျသော 
ဝန်ထမ်းမှာ သူ့ရင်ဘတ်တွင် ရေးထိုးထားသော ကတ်ပြားအရ ဇော်နီဟု သိရပြီး 
ရာထူးမှာ တပ်ကြပ်အဆင့် ဖြစ်သည်။ တွဲဖက်ထောင်၏ တာဝန်ရှိ ၀ါဒါများအနက် 
အင်းစိန်ထောင်၏ စည်းမျဉ်းစည်းကမ်းများကို အတိအကျ အလိုက်နာဆုံးသူ အဖြစ် 
နာမည်ကြီးသည့် အတွက် ကျွန်တော်တို့ အဆောင်တွင် တာဝန်ချထားခြင်း ဖြစ်သည်
ဟု ဆိုသည်။ ကိုသားကြီးနှင့် ဝေလင်းဆန်းကို စည်းရုံး၍ မရသည့် အတွက် ကျွန်တော်
၏ မြှားဦးမှာ အကျဉ်းဦးစီးဌာန ၀န်ထမ်းများထံ လှည့်သွားသည်။
ပထမဦးဆုံး နေ့စဉ် တွေ့ဆုံနေရသော တပ်ကြပ် ဇော်နီနှင့် ရင်းနှီးရန် ကြိုးစားသည်။ 
သို့သော် ကျွန်တော်၏ ကြိုးပမ်းမှုက ထူးထူးခြားခြား မထိရောက်လှပေ။ တပ်ကြပ်
ဇော်နီက ကျွန်တော်တို့နှင့် စကားပြောဖို့ကိုပင် ကြောက်လန့်နေပုံရသည်။ ကျွန်တော် 
စကားပြောဖို့ ကြိုးစားတိုင်း ထောက်လှမ်းရေးရုံး ဘက်ကို လှမ်းလှမ်းကြည့်ကာ လက်ဝါးကာ ပြလေ့ရှိသည်။ လူလစ်သည့် အခါမှ အခန်းရှေ့လာပြီး အမောတကော ရှင်းပြသည်။
“ကျွန်တော်နဲ့ စကားသိပ် မပြောနဲ့ဗျ။ ထောက်လှမ်းရေးရုံးက လှမ်းကြည့်နေသလား မသိဘူး။ တော်ကြာ ကျွန်တော့်ကို ပူတာအိုတို့ ကော့သောင်းတို့ ပို့လိုက်မှ ဒုက္ခ
ရောက်ကုန်မယ်”
သူ့စကားကို ကြားကြားချင်း ကျွန်တော့် စိတ်ထဲတွင် ငိုအားထက် ရယ်အားသန် 
ဖြစ်သွားသည်။ ကျွန်တော်တို့ ၉ ယောက်မှာ ထောက်လှမ်းရေး၏ ဖမ်းဆီးစစ်ကြော
ခြင်းကြောင့် အင်းစိန် ထောင်ထဲ ရောက်လာပြီးသည့်နောက် ထောက်လှမ်းရေးကို 
ကြောက်လန့်စရာ မလိုတော့ဟု တွေးတောမိသည်။ သို့သော် ကျွန်တော်တို့ကို 
စောင့်ကြပ်သည့် အကျဉ်းဦးစီး ၀န်ထမ်းတွေရော၊ အခွင့်အရေး အနည်းငယ် ရနေသည့် အကျဉ်းသားတွေရော ထောက်လှမ်းရေးကို နေ့စဉ် ကြောက်လန့်နေရသည် အထိ 
သြဇာအာဏာက ကြီးမားနေသည်။ အစပထမပိုင်းတွင် တပ်ကြပ် ဇော်နီမှာ သတိ
အနေအထားဖြင့် နေထိုင်သော်လည်း ရက်ပေါင်း အတန်ကြာလာပြီး နေ့စဉ်ထိတွေ့ပါ 
များလာသည့် အတွက် ရင်းနှီးမှု စရလာသည်။ တပ်ကြပ်ဇော်နီ၏ ၀ါသနာမှာ ရုပ်ရှင်
အင်မတန် ကြိုက်ခြင်းဖြစ်သည်။ ထိုအချက်ကို ကျွန်တော် သိသိချင်း သူ့ကို ရုပ်ရှင် ဇာတ်လမ်းများကို ပြောပြသည်။ သူလည်း ကျွန်တော်တို့ အဆောင်တွင် နေ့စဉ် 
စောင့်ကြပ်နေရသည့် အတွက် ပျင်းရိငြီးငွေ့လာပုံရသည်။ နောက်ရက်များတွင် 
သူ့ကုလားထိုင်ကို ကျွန်တော့် အခန်းရှေ့တွင် အမြဲလာချပြီး ထိုင်တော့သည်။
ကျွန်တော်က ရုပ်ရှင် နှင့် ဗီဒီယို ဇာတ်ကားပေါင်း ၂၀၀ခန့် ဇာတ်ညွှန်း ရေးသား
ခဲ့သည်ဟု ပြောသောအခါ သူက သိပ်မယုံ။ ကျွန်တော် ရေးသော ရုပ်ရှင်ဇာတ်ကား အမည်များကို ပြောပြသော အခါ သူကောင်းကောင်း သိနေသည်။ သူက အားသည့် 
အချိန်တိုင်းတွင် အင်းစိန်ထောင်နှင့် အနီးဆုံး ရုပ်ရှင်ရုံတွင် အမြဲသွားပြီး ရုပ်ရှင်
ကြည့်လေ့ရှိသည်ဟု ဆိုသည်။ သို့သော် ကျွန်တော့်ကို ဇာတ်ညွှန်းရေးသူ အဖြစ် မမြင်ဘဲ ဖောက်ခွဲရေးသမား အဖြစ်သာ ရှုမြင်ထားပုံရသည်။
အင်းစိန်ထောင်ထဲတွင် အဆောင်(၁)နှင့်(၂)သည် နှစ်ထပ်ဆောင်ဖြစ်ပြီး အပေါ်ထပ်
သည် ဟောလ်တိုက်ပုံစံ ဖြစ်သည်။ အပေါ်ထပ်တွင် ဘောက်ဆင်းနှင့် အမြဲဆင်းဟု 
ခေါ်သော တစ်နှစ်နှင့်အောက် ပြစ်ဒဏ်ကျသော အကျဉ်းသားများကို ထားသည်။ သူတို့ အားလုံးသည် နံနက် ၆ နာရီတွင် အကျဉ်းထောင် အပြင်ဘက်သို့ ထွက်ခွင့်ရပြီး 
ထောင်ဧရိယာအတွင်း လုပ်ရမည့် စိုက်ပျိုးရေး၊ သန့်ရှင်းရေးနှင့် မွေးမြူရေး လုပ်ငန်း
များကို ဆောင်ရွက်ရသည်။ ညနေ ၅ နာရီအချိန်တွင် ထောင်တွင်းသို့ ပြန်ဝင်ရသည်။ 
ယခင်က သီးသန့်ထောင်၌ ကျွန်တော် နေထိုင်စဉ် အတွင်း အပေါ်ထပ်များတွင် မြန်မာ့
ပင်လယ်ပြင်၌ ငါးခိုး၍ ဖမ်းဆီးရမိသော ထိုင်း ရေလုပ်သားများကို ထားခဲ့သည်။ 
အပေါ်ထပ် အဆောင်များတွင် အလုပ်လုပ်ရသည့် အကျဉ်းသားများ ကြည့်ရှုနိုင်ရန် ရုပ်မြင်သံကြားစက် တစ်လုံးစီ ထားပေးသည်။ နေ့လည်ဘက် ထောင်ပိတ်ချိန်တွင် 
တပ်ကြပ်ဇော်နီမှာ အပေါ်ထပ်သို့ တက်ပြီး ရုပ်မြင်သံကြား ကြည့်ကာ အနားယူလေ့
ရှိသည်။ တစ်ရက်တွင် ရုပ်မြင်သံကြား ကြည့်ပြီး အောက်ထပ်သို့ ပြန်ဆင်းလာသည်။ 
ကျွန်တော့်ကို ယခင်ကထက် ခင်မင်ရင်းနှီးလာပုံဖြင့် အခန်းရှေ့တွင် ထိုင်ကာ 
လှမ်းပြောသည်။
“စာရေးဆရာ အခုနေ့လည်က မြန်မာ့ရုပ်မြင်သံကြားမှာ ခင်ဗျားရေးတဲ့ ဗီဒီယိုဇာတ်ကား လွှင့်သွားတယ်”
ကျွန်တော့် ရင်ထဲတွင် ထိတ်ခနဲ ၀မ်းသာသွားသည်။ ဤအချက်ကို အသုံးပြုကာ တပ်ကြပ် 
ဇော်နီကို စည်းရုံးရသည်။ သို့သော် ဟန်မပျက် သူ့ကို ပြန်မေးလိုက်သည်။
“ဟုတ်လား ဇာတ်ကား အမည်က ဘာလဲ”
“နှင်းကျောင်းပုံပြင်တဲ့ ဒွေးနဲ့ နန္ဒာလှိုင် သရုပ်ဆောင်ထားတာ ခင်ဗျားနာမည်ကိုပါ 
ထိုးသွားတယ်”
ထိုဇာတ်ကားကို တပ်ကြပ် ဇော်နီ ကြည့်ပြီးသည့် နောက်ပိုင်း ကျွန်တော့်ကို ပိုမိုခင်မင်
လာသည်။ ကျွန်တော်တို့ အမှုတွဲ ၉ ယောက် အနက် ကျွန်တော် တစ်ယောက်တည်းကိုသာ ရင်းရင်းနှီးနှီး စကား ပြောသည်။ သို့သော် ကိုသားကြီးနှင့် ဝေလင်းဆန်း ရောက်လာလျှင် တွန့်တွန့်သွားတတ်သည်။ အဘယ့်ကြောင့်ဆိုသော် ထောက်လှမ်းရေးထံသို့ သတင်းရောက်သွားမည် စိုး၍ဟု ပြောသည်။ ကိုသားကြီးတို့ ကလည်း ကျွန်တော့်ကို တစ်ခုခု ပြောတိုင်း တပ်ကြပ်ဇော်နီကို အရမ်းမယုံနဲ့ဟု သတိပေးထားပြန်သည်။ 
ထိုဖြစ်စဉ်ကို ကျွန်တော် မအံ့သြပါ။ ထိုသို့ဖြစ်ရန် ထောက်လှမ်းရေးနှင့် အကျဉ်းဦးစီး
ဌာနက တမင်ပြုလုပ်ထားခြင်းသာ ဖြစ်သည်။ တစ်ယောက်နှင့် တစ်ယောက် တစ်ဖွဲ့
နှင့် တစ်ဖွဲ့ မယုံမှသာ ထောင်ထဲတွင် ဘာတွေဖြစ်ပျက်နေသည်ကို အချိန်မရွေး သိခွင့်
ရမည် မဟုတ်လား။
နောက်တစ်ရက်တွင် ကျွန်တော် အချိန်ကြာကြာ မဆိုင်းဘဲ တပ်ကြပ်ဇော်နီကို ဗြောင်မေး
လိုက်သည်။
“ဆရာဇော်နီ...ဆရာ့ ယူနီဖောင်းလည်း တော်တော် ဟောင်းနေပြီ။ ယူနီဖောင်း အသစ်
တစ်ထည် လက်ဆောင် မလိုချင်ဘူးလား”
ကျွန်တော့်စကား ဆုံးဆုံးချင်း တပ်ကြပ်ဇော်နီမှာ သူ့ယူနီဖောင်းကို ငုံ့ကြည့်ပြီး မဆိုင်းမတွ
ပြန်ပြောသည်။
“ဟာ ရရင် လိုချင်တာပေါ့”
“လိုချင်ရင် တစ်ခုပဲလုပ်ပေး ကျွန်တော့်မိန်းမဆီကို ဖုန်းဆက်ပြီး ကျွန်တော် ထောင်
ထဲမှာ ကျန်းကျန်းမာမာ ရှိတယ်လို့ ပြောပေးပါလား။ သူ့ဆီက ယူနီဖောင်းဖိုးပါ တောင်း
လို့ရတယ်”
ကျွန်တော့်စကား ဆုံးဆုံးချင်း ဆရာဇော်နီ တုန်လှုပ်သွားသည်။
“ဟာ ဒါတော့မလုပ်ပါနဲ့။ ကျွန်တော် ချက်ချင်းအလုပ် ပြုတ်သွားလိမ့်မယ်”
“ဘယ်သူမှ မသိပါဘူး”
“ဘယ်ပြောလို့ရမလဲ။ ထောက်လှမ်းရေးက ဖုန်းတွေကို အသံဖမ်းထားရင် ဘယ်လို 
လုပ်မလဲ”
ကျွန်တော် စိတ်ဓာတ် အကြီးအကျယ် ကျသွားသည်။ တပ်ကြပ် ဇော်နီအား ထောင်မှ
ရွေးချယ်၍ ကျွန်တော်တို့ အဆောင်သို့ တာဝန်ချထားခြင်းမှာ အလွန်မှန်ကန်သော လုပ်ရပ် ဖြစ်ခဲ့သည်။ ကျွန်တော်တို့ တွဲဘက်ထောင်တွင် နေထိုင်သည့် ၃လလုံးလုံး တပ်ကြပ် ဇော်နီသည် တရားမ၀င် အလုပ်ဟူ၍ ဘာတစ်ခုမှ မလုပ်ခဲ့ပေ။ ကျွန်တော့် 
အနေဖြင့် စိတ်ဓာတ် အကြီးအကျယ် ကျသွားသည်။
တပ်ကြပ်ဇော်နီကို စည်းရုံး၍ မရသည့်အတွက် ညတာဝန်ကျ ၀န်ထမ်းတွေကို လေ့လာ
ရပြန်သည်။ ညတာဝန်ကျ ၀န်ထမ်းကတော့ ၁၄ရက် တစ်ကြိမ်သာ တာဝန်ကျသော
သူများ ဖြစ်သည်။ ထိုသူတွေထဲကလည်း အများအားဖြင့် အရက်လေးဘာလေး သောက်
ပြီး ဂျူတီ ၀င်လာသူများ ရှိနေသည်။ ကျွန်တော်၏ ပစ်မှတ်ကို စိတ်ရှည် သည်းခံစွာ 
စောင့်ဆိုင်းနေသည်။ တစ်ညတွင် မထင်မှတ်ဘဲ ၀န်ထမ်း တစ်ယောက်နှင့် စကား 
စမြည်ပြောရင်း ခင်မင်သွားသည်။ သူ့အမည်က ဒုတပ်ကြပ် ဌေးလွင်။ သူက ကျွန်တော်
နှင့် စကားပြောရင်း ကျွန်တော့် ကိုယ်ပေါ်မှ သားရေ ဂျာကင်ကို တရစ်ဝဲ၀ဲ ကြည့်
နေသည်။ ထို့နောက် စိတ်မထိန်းနိုင်ဘဲ ကျွန်တော့်အင်္ကျီကို လှမ်းကိုင်ကြည့်သည်။
“တော်တော်ကောင်းတဲ့ သားရေပဲ။ အစစ်ထင်တယ်”
ထိုအခွင့်အရေးကို ကျွန်တော် လက်လွတ်ခံ၍ မဖြစ်။ သားရေဂျာကင်ကို ချက်ချင်းချွတ်ပြီး သူ့ကို ပြလိုက်သည်။ ပြီးနောက် လေသံတိုးတိုးဖြင့် ဗြောင်မေးလိုက်သည်။
“ကျွန်တော့်အိမ်ကို ဖုန်း ဆက်ပေးမလား”
သူက ကျွန်တော့် အင်္ကျီပေါ်က အကြည့်ကို မခွာဘဲ ခေါင်းညိတ်ပြသည်။ လူ့လောဘ
သည် ကြောက်စရာ ကောင်းသည်။ ယခင်က ဇနီးသည်နှင့် ဖုန်းအဆက်အသွယ်
ရလျှင် သေပျော်ပြီဟု တွေးထားရာကနေ ဖုန်းတစ်ခါ ဆက်ရုံမျှဖြင့် သားရေဂျာကင် တစ်ထည် ပေးလိုက်ရမှာကို နှမြော နေပြန်သည်။ ထို့ကြောင့် ထပ်မံ ဈေးဆစ်
လိုက်သည်။
“ကျွန်တော့် အတွက်လည်း စားစရာ တစ်ခုခု ယူလာပေးမလား”
ဒုတပ်ကြပ်ဌေးလွင် ခေတ္တ တွေဝေသွားသည်။
“ဘာစားချင်တာလဲ”
“ငါးပိကြော်တို့ သရက်သီး သနပ်တို့ ပဲကြီးလှော်တို့ပေါ့ဗျာ”
သူစဉ်းစားပြီး ခေါင်းညိတ်ပြသည်။ ဘေးဘီကို စောင်းငဲ့ကြည့်ကာ စက္ကူအစုတ် တစ်ရွက်
ပေါ်တွင် ကျွန်တော့် ဇနီးထံကို ဆက်သွယ်၍ရမည့် ဖုန်းနံပါတ်ကို ရေးခိုင်းသည်။ ကျွန်တော့် ရင်ထဲတွင် ၀မ်းသာပီတိ ဖြစ်မှု၊ စိတ်လှုပ်ရှားမှုတို့ကြောင့် လက်တွေတုန်နေသည်။ 
ထိုညက သားရေဂျာကင် တစ်ထည်နှင့် ဒုတပ်ကြပ်ဌေးလွင်အား အောင်မြင်စွာ 
အပေးအယူ လုပ်ခဲ့သည်။
သို့သော် နောက်တစ်ညတွင် ကိုဌေးလွင် ယူလာသော အစားအစာ ဆိုသည်မှာ ....။ ။
(ဆက်ပါဦးမည်)
ဇော်သက်ထွေး
( Tomorrow သတင်းဂျာနယ်အမှတ်(၅၂) ပါအခန်းဆက်ဆောင်းပါး )

မြိတ်တွင် ငှက်သိုက် မွေးမြူသူများလာ၍ ဈေးနှုန်းထက်ဝက်ကျော် အထိ ကျဆင်းလာ

ရန်ကုန်(မဇ္ဈိမ)။ ။မြိတ်မြို့တွင်ဇီဝဇိုး ငှက်မွေးမြူသူများလာ၍ ငှက်သိုက်ရရှိမှုနည်းပါးလာ ကာဈေးနှုန်းများ ထက်ဝက်ကျော် အထိ ကျဆင်းလာ ခဲ့သည်ဟု မြိတ်မြို့၏ ပထ မဆုံး ဇီဝဇိုးငှက်မွေးမြူခဲ့သည့် သဘာဝ ငှက်သိုက်အိမ်မှ မတင်ဇာအောင်က မီဒီယာများ ကိုပြောကြား လိုက်သည်။

ထိုသို့မွေးမြူသူများ လာသဖြင့် ဇီဝဇိုး ငှက်မွေးမြူ သူများ၏ တစ်ဦးချင်း ငှက်သိုက် ရရှိမှုများ ကျဆင်းလာသည့် အပြင်ရောင်းချ သူများလာနေ သဖြင့်ဈေးနှုန်း များလည်း ကျ ဆင်းလာသည်ဟု ၄င်းက ဖေဖော်ဝါရီ ၂၃ ရက် က မီဒီယာများ ကိုပြောခြင်းဖြစ် သည်။ ၂ဝဝ၅ ခုနှစ်ဝန်း ကျင်တွင် ဇီဝဇိုး ငှက်သိုက် များ၏ တစ်ပိဿာဈေးနှုန်း သည် ကျပ် သိန်း ၄ဝ ခန့်အထိ ရရှိခဲ့ခြင်းဖြစ် ကာယခု ၂ဝ၁၅ ခုနှစ်တွင် ကျပ် ၁၅ သိန်းဈေးသာ ရရှိတော့ သည်ဟုလည်း ၄င်းက ဆက် လက်ပြောသည်။

သဘာဝငှက်သိုက်အိမ်မှ မတင်ဇာအောင်က ''အရင်တုန်းက မြိတ်မှာ ကျွန်မတို့တစ်အိမ်သာ သဘာဝအလျောက် ငှက်သိုက် (ဇီဝဇိုးငှက်) ဝင်ခဲ့တာပါ။ အခုကျတော့ စက် နဲ့ခေါ်တဲ့အိမ်တွေ များလာတဲ့ အတွက်ငှက် အဝင်ကျဆင်း လာသလို ငှက်သိုက် ရတာလည်း နည်းသွား တယ်။ဈေး ကလည်း အများကြီးကျ သွားတယ်''ဟု မီဒီယာ များကို ရှင်းပြသည်။

ယခင်က မြိတ်မြို့တွင် ဇီဝဇိုး ငှက်များ သည် အိမ်တွင် သဘာဝအလျောက် ဝင်ရောက်နေရာမှ ရရှိသည့် သဘာဝ အိမ်ငှက်သိုက်နှင့် ကျွန်းများတွင် သဘာဝ အလျောက်နေ ထိုင်ခြင်း မှရရှိသည့် ကျွန်းငှက် သိုက်နှစ် မျိုးသာရှိ ခဲ့ခြင်းဖြစ်သည်။ ၂ဝဝ၅ ခုနှစ် ဝန်းကျင်မှ စတင်ကာ ငှက်ခေါ်စက် (ဇီဝဇိုး ငှက်များ၏ အသံကို ထည့်သွင်း ထားသော အသံထုတ် လွှင့်စနစ်) များဖြင့်မွေးမြူ သူများလာခြင်းဖြစ် သည်ဟု ဆက်လက်ပြောသည်။

ငှက်သိုက်ခွာယူရာ တွင်မွေးမြူသူများ သည်လေးလ တစ်ကြိမ်နှုန်းဖြင့် ငှက်သိုက် ခွာယူခြင်းဖြစ်ရာ တစ်နှစ် လျှင်သုံးကြိမ်အ သိုက်ခွာယူကြခြင်းဖြစ်သည်ဟု ဆိုသည်။ ငှက် သိုက်ရ ရှိမှုများ တွင်လည်း ယခင်က တစ်နှစ် ကို ပျမ်းမျှအားဖြင့် ခုနစ်ပိဿာမှ ရှစ်ပိဿာ အထိ ရရှိခဲ့ရာမှ ယခုအခါ တစ်နှစ် လျှင်လေး ပိဿာမှ ငါးပိဿာဝန်း ကျင်သာ ရ ရှိတော့သည်ဟု ဆက်လက်ပြော သည်။

ငှက်ခေါ်စက်ဖြင့် မွေးမြူသည့် သဲကျွန်း ငှက်သိုက်အိမ်မှ မခင်လေးက ''ဈေးကျလာ တာနှစ်နှစ်လောက်ရှိ ပြီ။အခုဈေးက လည်း တစ်ပိဿာကိုကျပ် ၁ဝ သိန်းကျော်လောက် ပဲ ရတော့တယ်။ ကျွန်မတို့က ငှက်သိုက်အိမ် သုံးအိမ် ရှိတယ်။ သုံးအိမ် စလုံးပေါင်းကို သုံးလ တစ်ကြိမ် ခွာယူတာ ကိုးပိဿာ၊ ၁ဝ ပိဿာလောက် ပဲရတယ်'' ဟုပြောသည်။

လက်ရှိတွင် မြိတ်မြို့၌ ငှက်ခေါ်စက်ဖြင့် မွေးမြူသည့် အိမ်အရေအတွက်မှာ ၇ဝ ကျော်အထိ ရှိလာခြင်းဖြစ် သည်။ ထို့အတူ ဘုတ်ပြင်းမြို့နယ်တွင် ငှက်ခေါ်စက် များဖြင့်မွေး မြူအောင်မြင် မှုများလည်း ရှိလာနေသည် ဟုဘုတ်ပြင်း မြို့နယ်ဒေသခံတစ် ဦး ကပြောသည်။

ဇီဝဇိုး ငှက်မွေးမြူ သူများနှင့် သဘာဝ အလျောက် ဝင်ရောက်မှု နှစ်မျိုးစလုံး၌ ငှက်သိုက်များ ကိုလေးလတစ် ကြိမ်ဖြင့်ခွာယူ ကြခြင်းဖြစ်သည်။ ထိုသို့ ဇီဝဇိုးငှက်ခေါ် စက် များဖြင့် ငှက်ခေါ်မှုများလာခြင်းသည် ငှက်ပြုန်း တီးမှု အန္တရာယ် အတွက်လည်း စိုးရိမ်ရသည့် အနေအထား ရှိလာသည်ဟု ၄င်းက ဆိုသည်။
http://www.mizzimaburmese.com/2013-10-20-16-16-07/2013-11-01-01-48-27/item/39879-2015-02-28-12-04-54

လွှ​တ်ေ​တာ်​ကိုယ်စား​လှ​ယ် ဦး​လှေ​ဆွ​ဖတ်ဖို့

ဖေဖော်ဝါရီလ ၂၇ ရက်နေ့ထုတ် The Hot News ဂျာနယ်မှာ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးလှဆွေနဲ့ ခန့်ခန့် (ဒဿနိက) တို့ရဲ့ အင်တာဗျူးကို ဖတ်လိုက်ရပါတယ်။

သူပြောတဲ့ အချက်တွေကို ပြန်ပြီး ကောက်နုတ်ပြပါ့မယ်

(၁) ကျောင်းသားက ဘုန်းတော်ကြီးကျောင်းတွေ ဖျက်သိမ်းပေးရမယ်လို့ပြောတယ်
(၂) ဘကကျောင်းသားတွေက ဘယ်ဝန်ကြီးလက်အောက်မှာရှိတယ်ဆိုတာ ကွဲပြားစွာ သိပုံမရဘူး
(၃) ကိုယ့်သဘောနဲ့ မဟုတ်ရင် နောက်ကွယ်က ဘယ်သူပြောခိုင်း နေတာလဲ
(၄) ဘာဆိုဘာမှ မသိဘဲ ထင်ပေါ်ကျော်ကြားလိုမှု တစ်ခုတည်းနဲ့ ဖြတ်လမ်းက လိုက်ချင်ကြတယ်
(၅) သမဂ္ဂမကလို့ ဘိုးအေပဲဖွဲ့ဖွဲ့ အဓိက, က ကျောင်းသား စာသင်ရဖို့ပဲ။ ကျောင်းများများရှိလေ ကောင်းလေ
(၆) လောက်ကိုင်မှာတိုက်ပွဲဖြစ်နေချိန် ဘကကျောင်းဖျက်ခိုင်းတာ အလုပ်မရှိ အလုပ်ရှာတာ
(၇) ဒီလို နှစ်ပဲခြောက်ပြား တောင်းဆိုချက်တွေကို အစိုးရက ထည့်သွင်းစဉ်းစားစရာ မလိုဘူး
(၈) လောက်ကိုင်ကိစ္စမျိုးတွေနဲ့ ရတက်မအေးဖြစ်နေချိန်မှာ နှစ်ပဲခြောက်ပြားတောင်းဆိုမှုတွေကို အစိုးရက လစ်လျူရှုသင့်တယ်
(၉) ဂျလေဘီဆိုတာ မြို့တိုင်းမှာရှိတယ်။ ဒါလက်တစ်ဆုပ်စာပါ (သပိတ်ထောက်ခံသူများကိုပြောခြင်း)
(၁၀)တဖြည်းဖြည်းနဲ့ ဆန္ဒပြရင်း ခြေထောက်ပါဖြတ်လိုက်ရလိမ့်မယ် (လမ်းလျှောက်ဆန္ဒပြတဲ့ ကျောင်းသား များကိုပြောခြင်း)
(၁၁) ကျောင်းသားတွေ တံဆိပ်ရိုက်ခ၊ ပိတ်စဖိုးတွေ ဘယ်ကရသလဲ။ အစိုးရအနေနဲ့ ဒီကိစ္စစစ်ဆေးရလိမ့်မယ်
(၁၂) ဦးအောင်မင်းက လက်နက်ကိုင်အဖွဲ့က Gentlemen တွေ ၊ ယဉ်ကျေးသိမ်မွေ့တယ်။ ကျောင်းသားတွေ လူကြီးမှန်းမသိလို့ မဆွေးနွေးချင်တာနဲ့ နောက်အစည်းအဝေးတွေ မတက်တော့ဘူးလို့ပြောတယ်
(၁၃) ဆရာကို ဆရာမှန်း မသိတဲ့ကောင်က ပညာတတ်မယ့်ကောင်တွေ မဟုတ်ဘူး။ ဝဲစားဖြစ်မယ့် ကောင်တွေ
(၁၄) အမျိုးသားပညာရေး သောက်သုံး မကျပါလို့ ပြောနေလို့ မရဘူး

ဟုတ်ကဲ့ ဦးလှဆွေခင်ဗျား။ ခင်ဗျား အင်တာဗျူးကို ဖတ်လိုက်ပြီးတော့ ကျွန်တော် သိလိုက်ရတာကို ကောက်နုတ်ချက် ထုတ်ထားလိုက်တာတာပါ။

အထက်မှာ ပြောခဲ့တဲ့ စကားတွေဟာ ခင်ဗျားတစ်ယောက်တည်းကိုပဲ၊ ခင်ဗျား အတွင်းစိတ်ကိုပဲ လှစ်ပြလိုက်တဲ့ စကားတွေဖြစ်မှာပါ။ တစ်နည်းပြောရရင် “လှဆွေဆိုတာ ဒါပဲကွ” လို့ ပီပြင်စွာ ဖော်ထုတ်ပြလိုက် နိုင်တဲ့အတွက် အင်တာဗျူး မေးတဲ့လူကိုရော၊ ဖြေပေးတဲ့ ခင်ဗျားကိုပါ ကျေးဇူးတင်ရမှာပါ။

ကျွန်တော် ခင်ဗျား ပြောတဲ့ အချက်တွေကို တစ်ချက်ချင်း ပြန်ရှင်းမလားလို့ စိတ်ကူးမိတယ်။ ဒါပေမဲ့ မရှင်း တော့ပါဘူး။ ကြုံတုန်းလေး လွှတ်တော်ကိုယ်စားလှယ်ကြီးနဲ့တကွ အပေါင်းအပါတွေကို ဗုဒ္ဓပြောကြားခဲ့တဲ့ စကားလေးတစ်ခွန်း ပြောချင်တယ်ဗျ။

တစ်နေ့တော့ ဗုဒ္ဓဟာ နံနက်စောစော ဆွမ်းခံကြွတယ်။ အဲဒီအချိန်မှာ ဘာရဒွာဇ အမည်ရတဲ့ ပုဏ္ဏားက ဗုဒ္ဓကို ရိုင်းပြစွာ ဆဲရေးပါတယ်။ ပြီးတော့ ဗုဒ္ဓကို “ရဟန်းယုတ်” လို့ သမုတ်လိုက်တယ်။

ဒီတော့ ဗုဒ္ဓက “ပုဏ္ဏား … သင် သူယုတ်အဖြစ်ကို သိသလား၊ သူယုတ်ဖြစ်စေတဲ့ တရားကို သိသလား” လို့ မေးလိုက်တယ်။ ဒီတော့ ပုဏ္ဏားက

“ကျုပ်မသိ၊ ပြောစမ်းပါ” လို့ပြောလိုက်တယ်။ ဒီတော့ ဗုဒ္ဓက

“အကြင်သူသည် အမျက်ထွက်လေ့ရှိ၏။ ရန်ငြိုးဖွဲ့တတ်၏။ သူ့ကျေးဇူးကို ချေဖျက်တတ်၏။ လှည့်ပတ်တတ်၏၊ အယူဝါဒ ပျက်စီးနေသူဖြစ်၏။ ထိုသူကို သူယုတ်မာဟု သိရာ၏”

“အကြင်သူသည် မိမိကို သက်သေအရာ၌ ထား၍ မေးမြန်းသည်ရှိသော် လိမ်လည်၍ ပြောဆို၏။ မိမိအတွက် သော်လည်းကောင်း၊ သူတစ်ပါး အတွက်သော်လည်းကောင်း လိမ်၍ပြောဆို၏၊ ထိုသူကို သူယုတ်မာဟု သိရာ၏”

“အကြင်သူသည် အကျိုးစီးပွားကို မေးမြန်းသည် ဖြစ်ပါလျက် အကျိုးစီးပွား မရှိသည်ကို ပြောကြား သွန်သင်၏။ မေးမြန်းသူ မသိနိုင်လောက်အောင် လျှို့ဝှက်စကားဖြင့် ပြောဆို ညွှန်ကြား၏။ ထိုသူကို သူယုတ်မာဟု သိရာ၏”

“အကြင်သူသည် မိမိကိုယ်ကို ချီးမြှောက် ပလွှား၏။ သူတစ်ပါးတို့ကိုမူ နှိမ့်ချ ကဲ့ရဲ့၏။ ထိုသူကို သူယုတ်မာဟု သိရာ၏”

ဗုဒ္ဓရဲ့ ဟောကြားချက်အပြည့်အစုံကို ဦးလှဆွေနဲ့ အပေါင်းအပါများ (သုတ္တနိပါတ် ပါဠိတော်၊ ဥရဂဝဂ်၊ ဝသလသုတ်) မှာ ဖတ်ရှုဖို့ ညွှန်းချင်ပါတယ်။

ဦးလှဆွေဘာကြောင့် ဒီလိုအကြားတွေနဲ့ ပြောနေသလဲဆိုတော့ စာမဖတ်လို့ဗျ။ နေ့စဉ်ထုတ် သတင်းစာတွေမှာ ရှင်းလင်းချက်တွေထုတ်နေပါတယ်။

အဲ … တစ်ခုတော့ ရှိတယ်။ ခင်ဗျားတို့ အစိုးရပိုင် မီဒီယာကထုတ်တဲ့ ကြေးမုံနဲ့ မြန်မာ့အလင်းလောက်ပဲ ဖတ်ရင် တော့ တစ်ဖက်ပိတ်မျက်မှန်နဲ့ စာဖတ်သလို ဖြစ်နေလိမ့်မယ်။ ကိုယ့်မျက်လုံးနဲ့ ကိုက်ညီမယ့် ပါဝါမျက်မှန်၊ နှစ်ဖက်မြင်မျက်မှန်နဲ့ အားလုံးသောသတင်းတွေကိုခြုံငုံသုံးသပ်ပြီးမှ ပြောရင် ပိုမှန်ပါလိမ့်မယ်။

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တော်ကြီးကိုတော့ ဗုဒ္ဓဟောကြားချက်ထဲက သူယုတ်မာအင်္ဂါတွေနဲ့ ငြိနေ တယ်ဆိုရင် ရုန်းထွက်နိုင်အောင် ကြိုးစားစေချင်ပါတယ်။

၂၆.၂.၂၀၁၅
http://www.maukkha.org/index.php/interview-maukkha/opinion-maukkha/7139-2015-02-27-02-52-24

သပိတ်မှောက်ကျောင်းသားများ တောင်းဆိုသည့် ၁၁ ချက်ကို သဘောတူကြောင်း ကာဒီနယ်ချားလ်စ်ဘို ပြော


Sunday, March 1, 2015
အမျိုးသား ပညာရေးဥပဒေ ပြင်ဆင်ရေး ကျောင်းသားများ သပိတ်မှောက် တောင်းဆိုထားသော အချက် ၁၁ ချက်ကို သဘောတူထောက်ခံ ကြောင်း ဗာတီကန်နန်းတော်၏ ရဟန်းအမတ်ခန့်အပ်ခံထားရ သော ကာဒီနယ်ချားလ်စ်ဘိုက ပြောသည်။
အစိုးရအနေဖြင့် ပညာရေး ကို ချုပ်ကိုင်မထားဘဲ တတ်နိုင် သော သူ၊ လုပ်နိုင်သောသူများအား တာဝန်ခွဲဝေပေးတတ်ရန် လိုအပ်ကြောင်း ညောင်လေးပင်မြို့တွင် ကျင်းပနေသော ကတ်သလစ်ဘာသာဝင်တို့၏ နှစ်ပေါင်း၁၁၃ ကြိမ်မြောက် ဆုတောင်းပြည့်လုဒ်မယ်တော်သခင်မပွဲတော်၌ သတင်းထောက်များအား ပြော ကြားသည်။
‘‘အစိုးရက တတ်နိုင်သ လောက် ကြိုးစားတယ်။ အင်တာ နေရှင်နယ်ကွန်မြူနတီစကူးလ် တွေ၊ ဘာသာရေးပိုင်းက ကြိုးစားနေတယ်။ ခရစ်ယာန်တင်မက ဗုဒ္ဓ ဘာသာဘုန်းကြီးကျောင်းတွေ ပါဝင်တယ်။ ၀ိုင်းပြီးကြိုးစားရင် ဖြစ်တယ်’’ ဟု ကာဒီနယ်ချားလ်စ် ဘိုက ပြောသည်။
မြန်မာနိုင်ငံ၏ ပညာရေး စနစ်ပြန်လည် ကောင်းမွန်လာစေ ရန် ပြည်သူပိုင်သိမ်းထားသော စာသင်ကျောင်းများအား ပြန်ပေးရန် လိုအပ်ကြောင်း ဆရာတော် က ပြောကြားသည်။
‘‘လွန်ခဲ့တဲ့ နှစ်ပေါင်း ၅၀ ရှိ ပြီး၊ ပြည်သူပိုင်သိမ်းတာ အရင် တုန်းက မစ်ရှင်ကျောင်းတွေမှ လွတ်လွတ်လပ်လပ် ပညာတွေ သင်ပေးတယ်’’ဟုဆိုသည်။
ပုပ်ရဟန်းမင်းကြီး ဖရန်စစ် သည် ရန်ကုန်ကက်သလစ်ဂိုဏ်း ချုပ်ဆရာတော် ချားလ်စ်ဘိုအား မြန်မာနိုင်ငံအတွက် ပထမဆုံး ကာဒီနယ်အဖြစ် တင်မြှောက် ထားပြီး ကမ္ဘာ့နိုင်ငံအသီးသီးရှိ ကာဒီနယ်နှစ်ရာကျော်တွင် တစ် ပါးအပါအ၀င် ဖြစ်သည်။
မေးမြန်းမှုများကိုပြန်လည်ဖြေကြားနေသည့် ကာဒီနယ်ချားလ်စ်ဘို (ဓာတ်ပုံ−ဇေနွေထွန်း)
7Day Daily

ကချင်ဆရာမနှစ်ဦး အသတ်ခံရမှု စုံစမ်းစစ်ဆေးရေး၌ ကုလ ပါဝင်ရန် ကမ်းလှမ်း

သိက္ခာတော်ရဆရာ ဦးဆမ်ဆွမ်။ ဇာနည်ဖြိုး/မြန်မာတိုင်း(မ်)
အဓမ္မပြုကျင့်ကာ သတ်ဖြတ်ခြင်းခံခဲ့ရသော ကချင်တိုင်းရင်းသူ စေတနာ့ဝန်ထမ်း ဆရာမ နှစ်ဦး၏
အမှုကို အစိုးရနှင့်အတူ စုံစမ်းစစ်ဆေးရန် ကချင်နှစ်ခြင်းခရစ်ယာန် အသင်းချုပ် (KBC) ကလည်း
စုံစမ်းရေးကော်မတီ ဖွဲ့ထားပြီး ယင်းကော်မတီတွင် ကုလလူ့အခွင့်အရေးအဖွဲ့ကို ပါဝင်ပေးရန်
ကမ်းလှမ်းသွားမည်ဖြစ်ကြောင်း KBC အတွင်းရေးမှူး သိက္ခာတော်ရဆရာ ဦးဆမ်ဆွမ်က
ပြောသည်။

မူဆယ်မြို့နယ်ရဲမှူး၊ အထွေထွေအုပ်ချုပ်ရေးမှူး၊ မုံးပေါ်ပြည်သူ့စစ်အဖွဲ့၊ ပန်ဆိုင်း(ကြူကုတ်)
မြို့နယ်ခွဲရဲမှူးတို့ ပါဝင်သော စုံစမ်းစစ်ဆေးရေးအဖွဲ့နှင့်အပြိုင် ဖွဲ့စည်းထားသော အဖွဲ့ဝင် ၁၅ ဦးပါ
KBC ၏ စုံစမ်းရေးကော်မတီတွင် ရှေ့နေများကွန်ရက်၊ ကချင်ငြိမ်းချမ်းရေးကွန်ရက်၊
ကချင်အမျိုးသမီး အဖွဲ့အစည်းများနှင့် ကုလသမဂ္ဂ လူသားချင်းစာနာမှုအရေးဆိုင်ရာ
ညှိနှိုင်းရေးမှူးရုံး (UNOCHA) ကိုလည်း ထည့်သွင်း တိုးချဲ့ဖွဲ့စည်းသွားရန် စီစဉ်နေသည်။

"အခုက ရဲတွေဘက်က ရွာခံ နှစ်ယောက်ကို သံသယဖြစ်နေတယ်။ အဲဒီနှစ်ယောက်ကို သူတို့
စစ်ဆေးတာလည်း ပြီးသွားပါပြီ။ ပြီးခဲ့တဲ့ လေးရက်လောက်က အဲ့ဒီနှစ်ယောက်နဲ့ ကျွန်တော်တို့
တွေ့ခဲ့ပါတယ်။ သူတို့ကတော့ သူတို့ကျူးလွန်တာ မဟုတ်ဘူးလို့ ပြောပါတယ်။ အတင်းအကျပ်
တရားခံအဖြစ် သတ်မှတ်လိုက်မှာကို စိုးရိမ်တဲ့အတွက် ကုလလိုအဖွဲ့အစည်းမျိုးကိုလည်း
စောင့်ကြည့်လေ့လာဖို့ အဖွဲ့ဝင်အဖြစ် တိုးချဲ့ထည့်သွင်းဖို့ စီစဉ်တာဖြစ်ပါတယ်"ဟု
၎င်းကပြောသည်။

ကချင်နှစ်ခြင်းခရစ်ယာန်အသင်းချုပ်၏ စုံစမ်းရေးကော်မတီနှင့် အစိုးရ၏ စုံစမ်းစစ်ဆေးရေးအဖွဲ့
တို့သည် ဖေဖော်ဝါရီ၂၀ ရက်က မူဆယ်မြို့တွင် တွေ့ဆုံခဲ့ကြပြီး စုံစမ်းစစ်ဆေးရေးအဖွဲ့ဘက်က
အမှုအခြေအနေများကို DNA ကို တင်ပြခဲ့ကြသည်ဟု ကော်မတီ၏ အဖွဲ့ခေါင်းဆောင်လည်းဖြစ်သူ
ဦးဆမ်ဆွမ်က ဆိုသည်။

"အခုက အမှုအခြေအနေက တစ်လကျော် ကြာပေမယ့်လည်း ဘာမှ တိုးတက်လာတာ
မတွေ့ရသေးဘူး။ DNA စစ်ထားတယ်လို့လည်း ပြောတယ်။ ဒါပေမဲ့ ကျွန်တော်တို့ကတော့
အယုံအကြည် မရှိပါဘူး။ စီအိုင်ဒီမှာ စစ်ထားတဲ့ဟာက ဘယ်လောက် အာမခံချက်ရှိမှာမို့လို့လဲ။
အဖြေပြောင်းလိုက်လို့ ရတာပဲ။ ကျွန်တော်တို့ကတော့ တခြားနိုင်ငံမှာ စစ်ထားတဲ့ အဖြေမျိုးပဲ
လိုချင်ပါတယ်"ဟု ဦးဆမ်ဆွမ် က ပြောသည်။

ဆရာမနှစ်ဦး အသတ်ခံခဲ့ရခြင်းကြောင့် ဖွဲ့စည်းထားသော အစိုးရ၏ စုံစမ်းစစ်ဆေးရေးအဖွဲ့သည်
အခင်းဖြစ်ပွားရာ ကောင်းခါးရွာသို့ ရောက်ရှိနေသော ခမရ ၅၀၃ စစ် ကြောင်းတွင် ပါဝင်သည့်
တပ်သား ၃၀ ဦး နှင့် အရပ်သား ၂၀ ဦးတို့ကို စစ်ဆေးခဲ့သည်ဟု မူဆယ်မြို့နယ်ရဲမှူးက ပြောသည်။

ကချင်နှစ်ခြင်းခရစ်ယာန် အသင်းချုပ်သည် အမှုမှန်အမြန်ဆုံးပေါ်ပေါက်ရေး ဆောင်ရွက်ပေးရန်
သမ္မတဦးသိန်းစိန်ထံ ဒုတိယအကြိမ် စာတစ်စောင် ထပ်မံပေးပို့ရန် စီစဉ်နေပြီး ဖေဖော်ဝါရီ ၂၅ နှင့်
၂၆ ရက် နှစ်ရက်ကြာ ပြုလုပ်မည့်အစည်းအဝေး နောက်ဆုံးနေ့တွင် စာပေးပို့ခြင်းနှင့်
ကုလအဖွဲ့အစည်း တိုးချဲ့ဖွဲ့စည်းခြင်းတို့ကို အတည်ပြုသွားမည်ဖြစ်ကြောင်း ဦးဆမ်ဆွမ် က
ဆိုသည်။

KBC က စေလွှတ်ထားသူ ကချင်တိုင်းရင်းသူ စေတနာ့ဝန်ထမ်းဆရာမ နှစ်ဦး သည်
ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်ခရိုင်အတွင်းရှိ နမ့်တောင်းကျေးရွာအုပ်စု ကောင်းခါရွာတွင်
ဇန်န၀ါရီ ၂၀ ရက် နံနက် အစောပိုင်းတွင် အဓမ္မပြုကျင့်ကာ အသတ်ခံခဲ့ရခြင်းဖြစ်ပြီး တစ်ဦးမှာ
မြစ်ကြီးနားမြို့နှင့် ကချင်စစ်ဘေးရှောင် ဒုက္ခသည်စခန်းတစ်ခုတို့မှ လာရောက်
တာဝန်ထမ်းဆောင်ကြသူများလည်း ဖြစ်သည်။
http://myanmar.mmtimes.com/index.php/national-news/13653-2015-02-26-08-36-52.html

2015ရွေးကောက်ပွဲအတွက်ကြံဖွတ်တို့၏မာယာ

မျိုးမင်း ခိုင်
"2015ရွေးကောက်ပွဲအတွက်ကြံဖွတ်တို့၏မာယာ"
…………………………………………………………………………………

မကွေးတိုင်းနတ်မောက်မြို့နယ်စခမ္မအုပ်စုမှကြံ့ဖွတ်တွေရဲ့လိမ်လယ်လှည့်ပြားမှုကတော့ ဟိုအရင်အတိုင်းမပြောင်းလဲသေးပေ။

ရိုးသားတဲ့ပြည်သူလူထုအပေါ်မှာညဏ်နီညဏ်နက်သုံးဖို့ကသူတို့အလုပ်လို့ပြောလို့ရပေသည်။
မှတ်ပုံတင်မရှိသူတွေ ကိုယ် လိုင်စင်ပုံတွေရိုက်ရမယ်ဆိုတော့ရိုက်ကြတာပေါ့

နောက်ရက်မှာလိုင်စက်ပုံရိုက်ထားသူတွေ ကိုယ့်ကပ်တွေကိုယ်လာယူကြပါလို့ ကျနော် နဲ့ညီအကိုတစ်ဝမ်းကွဲတော်သူကြံ့ခိုင်းရေးစည်းရုံးရေးမှုကပြောတယ်။

ကြည့်လိုက်တော့မှတ်ပုံတင်မဟုတ်ပဲအခုပုံမှာပါတဲ့အတိုင်းကြံ့ဖွတ်ကပ်တွေလုပ်ပေးတာတွေ့ကြရပါတယ်။

ကျနော့အဖေ့ဖက်ကညီကိုဝမ်းကွဲကမေးတယ်ဒါဘယ်လိုဖြစ်တာလဲပေါ့

ကြံ့ခိုင်ရေးကပ်လုပ်မှ မှတ်ပုံတင်ရမယ်လို့အမေ့ဘက်ကကြံ့ဖွတ်စည်းရုံးရေးမှုးကပြန်ပြောလိုက်တယ်။

မနက်ဖြန်28.2.2015 ရက်နေ့မှာမှတ်ပုံတင်ထပ်ရိုက်ပေးမယ်ပြောတယ် စောင့်ကြည့်ကြသေးတာပေါ့

နောက်သတင်းသဲ့သဲ့ကြားတာကတော့အခုကြံ့ဖွတ်ကပ်ကိုင်ထားသူအားလုံး၂၀၁၅မှာ ကြံ့ခိုင်ရေးပါတီကိုသာ
မဲပေးရမယ်လို့သတင်းရထားပါပြီ။

ရိုးသားတဲ့တောသူတောင်သားပြည်သူများရဲ့အပေါ်မှာမဟုတ်တရုပ်နဲ့လိမ်လယ်လှည့်ပြားနေတဲ့
စစ်ကြံ့ဖွတ်တွေကို ကျွန်တော်အတော်လေးကိုရွံရှာမုန်းတီးမှိပါ၏။

ကျနော်မဟုတ်မမှန်လုပ်ကြံရေးသားချင်းမဟုတ်ပါ။ရွာမှာရှိတဲ့ကျနော့သူငယ်ချင်းညီအကိုတွေကိုယ် ကြံ့ဖွတ်တွေရဲ့
လှုပ်ရှားမှုအားလုံးကိုစောင့်ကြည့်ခိုင်းထားတာပါ။

ယနေ့နံက်viberမှပုံနဲ့အတူ သတင်းပေးပို့လိုက်တာပါခင်္ဗျာ။
ကျနော်လဲနိုင်ငံရေးသမားကြီးတော့မဟုတ်ပါ
သာမန်ပြည်သူလူတစ်ယောက်တောင်သူပါ

ဒီနေ့ဒီအချိန်ထိလဲNLDပါတီထည်းလဲဝင်မထားသေးပါ
ကျနော့အမျိုးများထည်းမှာလဲNLDထည်းမှာမရှိ
ကြံ့ခိုင်ရေးပါတီထည်းမှာသာရှိကြတာပါ။

ဘယ်လိုပင်ရှိစေကာမူ ကြံ့ဖွတ်တွေရဲ့အောက်တန်းကြလုပ်ရပ်
တွေကိုကြည့်မရလို့

NLD ပါတီနဲ့အမေဒေါ်အောင်ဆန်းဆုကြည်ကိုသာထောက်ခံ
ပါ၏။
မှန်သောသစ္စာကိုဆိုရဲပါ၏…………………

ဤပို့အားအများသိအောင်shareလုပ်ပေးကြပါလို့တောင်းဆို
ပါရစေခင်္ဗျာ……………
လေးစားလျက် ရင်တွင်းဖြစ် (နတ်မောက်)
https://www.facebook.com/photo.php?fbid=1558064597776141&set=a.1380412365541366.1073741828.100007178469227&type=1

သက်ရှိမြန်မာ့နိုင်ငံရေးသမိုင်း (ခ) သခင်တင်မြ ကွယ်လွန်ရှာပြီ


r
Nainglin Aung
 (Obituary)
မြန်မာ့နိုင်ငံရေးလှုပ်ရှားမှုမှာ ကာလကြာမြင့်စွာ ပါဝင်ခဲ့ပြီး ကိုလိုနီခေတ်၊ ဂျပန်ခေတ်၊ လွတ်လပ်ရေးခေတ်ကနေ စစ်အာဏာရှင်ခေတ်၊ အရပ်သားတစ်ပိုင်း ဒီမိုကရေစီအစိုးရခေတ်အဆက်ဆက်ထိ ဖြတ်သန်းခဲ့တဲ့ ဝါရင့်နိုင်ငံရေးသမားကြီး သခင်တင်မြဟာ ဖေဖော်ဝါရီ ၂၈ရက် အသက် ၉ဝအရွယ်မှာ ရန်ကုန်မြို့နေအိမ်မှာ ကွယ်လွန်သွားခဲ့ပါတယ်။ သခင်တင်မြဟာ ဘယ်လိုလူစားမျိုးလဲ။

သခင်တင်မြဟာ ၁၉၂၄ခုနှစ် စက်တင်ဘာလ ၉ရက်နေ့က ဧရာဝတီတိုင်း ဓနုဖြူမြို့မှာ မွေးဖွားခဲ့ပြီး မူလတန်းအောင်မြင်တဲ့အထိ ပညာသင်ကြားခဲ့ပြီး အသက် ၁၃နှစ်မှာ တို့ဗမာအစည်းအရုံးကို ဝင်ရောက်ပြီး သခင်တင်မြအဖြစ် ခံယူခဲ့ပါတယ်။ ၁၉၄၁ ခုနှစ် အသက် ၁၇နှစ်အရွယ်မှာ သခင်စိုးဦးဆောင်တဲ့ ကွန်မြူနစ်ပါတီကို ဝင်ရောက်ခဲ့ပြီး မြေအောက်စည်းရုံးရေးသမားဘဝ၊ ၁၉၄၂ ပြည်တွင်းသူပုန်ခေါင်းဆောင်ဘဝ၊ ၁၉၄၄ ကွန်မြူနစ်ပါတီ ပထမအကြိမ်ကွန်ဂရက်ရဲ့ ဗဟိုကော်မတီဝင်ဘဝ၊ ၁၉၄၅ခုနှစ် ဖက်ဆစ်တော်လှန်ရေးမှာ တိုင်း၇တိုင်း နိုင်ငံရေးမှူး၊ ၁၉၄၆ခုနှစ်မှာ အလံနီပါတီ ပေါလစ်ဗြူရိုအဖွဲ့ဝင်၊ ၁၉၄၉မှာ အလံနီကနှုတ်ထွက်ပြီး ဗမာပြည်ကွန်မြူနစ်ပါတီဝင် တောခို၊ ၁၉၅၈ ရန်ကုန်မြေအောက်စည်းရုံးရေး တာဝန်ခံ စတာတွေကို ထမ်းဆောင်ခဲ့ပြီး အစိုးရရဲ့ဖမ်းဆီးမှုကို ခံခဲ့ရပါတယ်။

ရန်ကုန်ဘောင်ဒရီစစ်အချုပ်ထဲမှာရှိနေချိန် ဗမာပြည်ကွန်မြူနစ်ပါတီဝင်အဖြစ်က နှုတ်ထွက်ခဲ့ပြီး ဗိုလ်ချုပ်ကြီးနေဝင်းရဲ့ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ကို ထောက်ခံပြီး ၁၉၆၂မှာ မဆလအမြုတေပါတီမှာ စတင်တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ လမ်းစဉ်ပါတီရဲ့ ဗဟိုစည်းရုံးရေးကော်မတီ အကြံပေးအဖွဲ့မှာ ဗိုလ်ရဲထွဋ်၊ ကိုချစ်လှိုင် (ကိုကိုမောင်ကြီး)၊ ဗိုလ်သိန်းတန်၊ ဒေါက်တာမောင်မောင်၊ ဦးစောဦး၊ ဦးဘညိမ်၊ ဦးသီဟန်တို့နဲ့အတူ ပါဝင်ခဲ့ပါတယ်။

ပြည်သူပိုင်သိမ်းရေးအဖွဲ့ ခေါင်းဆောင်အဖြစ်တာဝန်ယူခဲ့ပြီး အမြုတေပါတီကနေ ပြည်သူ့ပါတီအဖြစ် မဆလ(မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ)ရဲ့ ပထမအကြိမ် ပါတီညီလာခံမှာ ဗဟိုကော်မတီဝင်အဖြစ် ၁၉၇၁မှာ ရွေးချယ်ခံခဲ့ရပါတယ်။ ၁၉၇၇မှာ ပါတီကနေ ထုတ်ပယ်ခံရပြီး နိုင်ငံ့ဂုဏ်ရည်ပထမဆင့် ချီးမြှင့်ခံခဲ့ရသူ သခင်တင်မြဟာ ၁၉၈၈ ဒီမိုကရေစီအရေးတော်ပုံအတွင်း ဒေါ်အောင်ဆန်းစုကြည်နဲ့ ဗိုလ်ချုပ်အောင်ရွှေတို့ကို ကူညီပေးခဲ့လို့ ရေကြည်အိုင်မှာ ဖမ်းဆီးခံခဲ့ရပါတယ်။

၁၉၉၂မှာတော့ ဒေါ်အောင်ဆန်းစုကြည်ကို ကူညီမှုနဲ့ ထောင်အနှစ် ၂ဝ ချမှတ်ခံခဲ့ရပြီး ဆီးကြိတ်ဝေဒနာကြောင့် ၁၉၉၃မှာ ထောင်ကနေ လွတ်မြောက်လာခဲ့ပါတယ်။ အဲဒီအချိန်ကစပြီး ကွယ်လွန်ချိန်အထိ နိုင်ငံရေးမှာပါဝင်လှုပ်ရှားမှု မရှိတော့ဘဲ သမိုင်းမှတ်တမ်းတွေကို ရေးသားပြုစုခဲ့ပြီး ၁၉၄၅ခုနှစ်အထိ ကိုယ်တွေ့နိုင်ငံရေးမှတ်တမ်းတွေကို ရေးသားထားတဲ့ ဘုံဘဝမှာဖြင့် စာအုပ်အပြင်၊ ဘုံဘဝမှာဖြင့် အမှားနှင့်အမှန်၊ ဘုံဘဝမှာဖြင့် ထပ်ချပ်မကွာ၊ ဘုံဘဝကိုဖြင့် မျှော်တိုင်းဝေး၊ ဗမာပြည်ကွန်မြူနစ်ပါတီနှင့်ပတ်သက်သော မှတ်တမ်းများ၊ ဗိုလ်ချုပ်သာရှိနေသေးလျှင် စတဲ့မှတ်တမ်းတွေကိုလည်း ပြုစုခဲ့ပါတယ်။

သခင်တင်မြဟာ မကွယ်လွန်ခင်က ဗိုလ်ချုပ်အောင်ဆန်း အတ္ထုပ္ပတ္တိပြုစုရေးကော်မတီမှာ ပါဝင်ခဲ့ပြီး ကွယ်လွန်ချိန်အထိ ဗိုလ်ချုပ်ရဲ့ အတ္ထုပ္ပတ္တိစာအုပ်နဲ့ ဘုံဘဝကိုဖြင့်မျှော်တိုင်းဝေး (၁၉၈၈ခုနှစ်အထိ) မှတ်တမ်းတွေ အပြီးသတ်ပြုစုထားနိုင်ခဲ့တာတော့ မရှိခဲ့ပါဘူး။
https://www.facebook.com/KamayutMedia/posts/1084540724896456

Facebook ရဲ့ လုံခြုံရေးနဲ့ ပတ်သတ်ပြီး ယိုပေါက်များ ကို ထောက်ပြနိုင်တဲ့ “White Hat” ဟက်ကာတွေကို ဒေါ်လာ ၁.၃သန်း ဆုချ


၂၀၁၄ ခုနှစ်အတွင်း Facebook ရဲ့ လုံခြုံရေးနဲ့ ပတ်သတ်ပြီး အချက်အလက်များ၊ ယိုပေါက်များ ကို ထောက်ပြနိုင်တဲ့ “White Hat” ဟက်ကာတွေကို ဒေါ်လာ ၁.၃သန်း ဆုချပေးခဲ့ပါတယ်။ ထိုကဲ့သို့ ဆုကြေးငွေပေး သည့် အစီစဉ်ကို ၂၀၁၁ ခုနှစ်က စတင်ခဲ့တာ ဖြစ်ပြီး လူမှုကွန်ယက် လုံခြုံရေးနှင့် ပတ် သတ်ပြီး ယိုပေါက်များရှိနေပါက အသိပေးအကြောင်းကြားပေးသည့် ဟက်ကာများကိုသာ ဆုပေး ခဲ့ တာ ဖြစ်ပါတယ်။ 
၂၀၁၄ခုနှစ် အတွင်း ပရိုဂရမ် မှားယွင်းနေမှုများနှင့် လုံခြုံရေးပြဿ     နာပေါင်း ၁၇၀၀၀ကျော် ရှိခဲ့ပါတယ်။ ပျှမ်းမျှ အားဖြင့် ဟက်ကာ တစ်ဦးကို ၄၀၄၉ ဒေါ်လာ ပေးခဲ့ပြီး ရှာဖွေတွေ့ရှိခဲ့တဲ့ ပြဿ      နာ အကြီး အသေးပေါ် မူတည်ပြီး ဆုကြေးငွေဟာ ကွဲပြားသွားပါတယ်။ အမြင့်ဆုံး ဆုကြေးမှာ ဒေါ်လာ ၃သောင်း ဖြစ်ကာ Lithuanian  Researcher တစ်ဦးက ရရှိသွားခဲ့ပါတယ်။ အနိမ့်ဆုံး ဆုကြေးမှာမူ ဒေါ်လာ ၅၀၀ ဖြစ်ပါတယ်။ ပရိုဂရမ် အမှား အများဆုံးကို အိန္ဒိယရှိ ဟက်ကာများက ရှာဖွေတွေ့ ရှိခဲ့တာဖြစ်ပြီး ဒုတိယအနေဖြင့် အီဂျစ်၊ တတိယ မှာမူ အမေရိကန် တို့ဖြစ်ပါတယ်။ 

Credit : http://news.sky.com
http://technology.thithtoolwin.com/2015/02/apple_27.html

ဆင်ခြေဖုံးရပ်ကွက်များတွင် ညပိုင်းချိန်းတွေ့သော စုံတွဲများထံမှ ဆိုင်ကယ်ဖြင့် လုယက်ထွက်ပြေးမှု များလာ


Saturday, February 28, 2015
ရန်ကုန်မြို့ဆင်ခြေဖုံး ရပ်ကွက်များတွင် ညအချိန် မှောင်ရိပ်ခို၍ ချိန်းတွေ့နေသော စုံတွဲများထံမှ ဆိုင်ကယ်ဖြင့် ပစ္စည်းလုယက်ထွက်ပြေးမှုများ ပိုမိုပြုလုပ်လာကြောင်း ရန်ကုန် တိုင်းဒေသကြီးရဲတပ်ဖွဲ့မှ သတင်း ရရှိသည်။
ရန်ကုန်တိုင်းအတွင်းရှိ ဆင်ခြေဖုံးရပ်ကွက်များတွင် ဖြစ်ပွားသောမှုခင်းများအနက် ထိုကဲ့သို့မှောင်ရိပ်ကျသည့် နေရာများတွင် ချိန်းတွေ့လေ့ရှိသည့် လူငယ်စုံတွဲများထံမှ ဆိုင်ကယ်ဖြင့် ပစ္စည်းလုယက်မှုများ သိသာစွာ မြင့်တက်လာသည်ဟု အရှေ့ပိုင်း ခရိုင် မှုခင်းရေးရာဌာနမှ ဌာနစု မှူး ရဲအုပ်စောမြိုင်အုံးက ပြော ကြားသည်။
တိုင်ချက်ဖွင့် မှတ်တမ်းများ နှင့် တိုင်းရုံးသို့ အမှုများ တင်ပြ သည့်အခါ အဆိုပါ ဆိုင်ကယ်ဖြင့် လုယက်မှုများမှာ ရန်ကုန်မြို့ အတွင်း တစ်လလျှင် ပျမ်းမျှလေး မှုခန့်ရှိကြောင်း ၎င်းကပြောသည်။
‘‘ဆိုင်ကယ် ကယ်ရီသမား တွေကလည်း ကြုံရင်ကြုံသလို လုပ်ကြတယ်။ တချို့ကလည်း အ ဖွဲ့လိုက်ဂိုဏ်းဖွဲ့ပြီး လုပ်တာတွေ ရှိတယ်’’ ဟု ၎င်းက ပြောသည်။
၂၀၁၅ ဇန်န၀ါရီတွင် ရန် ကုန်တိုင်းအတွင်း ဆိုင်ကယ်ဖြင့် လုယက်မှုငါးမှုဖြစ်ပွားခဲ့ပြီး အဖြစ် အများဆုံးမှာ မြောက်ပိုင်းခရိုင်အ တွင်းရှိ မြို့နယ်များဖြစ်ကြောင်း သတင်းရရှိသည်။
ထိုကဲ့သို့ ဆိုင်ကယ်စီးရင်း ပစ္စည်းလုယူထွက်ပြေးသူ အများစုမှာ ဖမ်းဆီးရမိပါက အသက်(၂၀) ကျော်အရွယ် လူငယ်များအများဆုံးဖြစ်ပြီး (၁၆) နှစ်၊ (၁၇)နှစ်အ ရွယ် လူငယ်များပါဝင်ကြောင်း စစ်ဆေးတွေ့ရှိရသည် ဟု မြောက်ဒဂုံမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး လှသန်းက ပြောကြားသည်။
ဆင်ခြေဖုံးရပ်ကွက်များတွင် နေထိုင်ကြသော ပြည်သူများမှာ သွားလာရေး လွယ်ကူစေရန် စက်ဘီးများထက် ဆိုင်ကယ်ကို အသုံးပြုလာကြပြီး ဆိုင်ကယ် ကယ်ရီဆွဲသူများလည်း ညအချိန် များတွင် ပိုမိုများပြားလာကြောင်း မြောက်ဥက္ကလာပမြို့နယ်ရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးတစ်ဦးက ပြောသည်။
‘‘ဆင်ခြေဖုံးရပ်ကွက် အများ စုက ညဘက်ဆို လမ်းမီးတိုင်တွေ ပြည့်ပြည့်စုံစုံမရှိဘူး။ မီးတိုင်ရှိတဲ့ နေရာကလည်း မီးမလာတာများ တော့ လူငယ်သဘာဝ အမှောင် ထဲ ချိန်းတွေ့တာရှိတာပေါ့’’ ဟု ၎င်းက ပြောသည်။
ဆင်ခြေဖုံးမြို့နယ်များဖြစ် သော လှိုင်သာယာ၊ မြောက်ဥက္က လာပ၊ သာကေတ၊ မြောက်ဒဂုံ၊ သင်္ဃန်းကျွန်း၊ ဒဂုံအရှေ့၊ တောင် ဒဂုံ၊ ဒဂုံဆိပ်ကမ်းစသည့် ဆိုင် ကယ်အသုံးပြုသူများသည့် မြို့ နယ်များတွင် ထိုကဲ့သို့ လုယက်မှု အများဆုံးဖြစ်သည်ဟု မြောက် ဒဂုံမြို့နယ် ရဲတပ်ဖွဲ့မှ နယ်ထိန်း တစ်ဦးက ပြောသည်။
‘‘လှည့်ကင်းတွေ လုပ်လိုက် ရင် နည်းနည်းငြိမ်သွားတယ်။ လှည့်ကင်းလစ်လပ်သွားတဲ့ အ ချိန်တွေဆို ပြန်ထလာပြန်ရော။ ခရိုင်ပေါင်းစုံက နယ်ထိန်းတွေနဲ့ လည်း ချိတ်ဆက်ပြီး စောင့်ကြည့် နေတယ်’’ ဟု ၎င်းက ပြောသည်။
လုယက်သူများမှာ လက် ကိုင်အိတ်နှင့် ဖုန်းများကို အဓိက လုယူကြပြီး လူပြတ်သောနေရာ များတွင် လမ်းလျှောက်ရင်း ဖုန်း ပြောနေသူများထံမှ ဖုန်းများ လု ယူလေ့ရှိကြောင်း မြောက်ဒဂုံမြို့ နယ်မှ ကိုထက်အောင်မင်းကပြောသည်။
‘‘အဓိကကတော့ ညဘက် တွေ လူပြတ်တဲ့နေရာတွေ သွား ရင် ယောက်ျားလေးဖြစ်ဖြစ်၊ မိန်း ကလေးဖြစ်ဖြစ် တစ်ယောက် တည်းမသွားတာကောင်းတယ်။ အဖော်ပါရင်တောင်မှ တစ်ခါတ လေ ဆိုင်ကယ်နဲ့လုပြီး မောင်း ပြေးသွားရင် ဘာမှလုပ်လို့မရဘူး’’ ဟု ၎င်းက ပြောသည်။
ရန်ကုန်မြို့ ဆင်ခြေဖုံးရပ်ကွက်တစ်ခုအတွင်းမှ ဆိုင်ကယ်စီးပြည်သူတစ်ဦး (ဓာတ်ပုံ − ဂျေမောင်မောင်(အမရပူရ))
7Day Daily

လူထောင်နှင့်ချီ ၀ိုင်းအုံကြည့်ကာ အုတ်အော်သောင်းနင်းဖြစ်သွားသည့် အိမ်ထောင်ရေးဖောက်ပြန်နေသည့် စုံတွဲ၏ ထူးထူး ဆန်းဆန်းဖြစ်ရပ်


တာင်အာဖရိကနိုင်ငံ ဂျိုဟန် နစ္စဘတ်မြို့ တွင်ဖောက်ပြန်သည့် အိမ်ထောင်ရှင်  အမျိုးသမီး တစ်ဦးနှင့် လင်ငယ်ဖြစ် သူတို့ တိတ်တိတ် ပုန်းပျော်ပါး ကြစဉ်  ရှက်စဖွယ် ထူး ထူးဆန်းဆန်း အဖြစ် ကြုံတွေ့ပေါ်ပေါက်၍ လူအများဝိုင်း အုံမှုဖြစ်ရာ ရဲများ ပင်ရောက် လာခဲ့ရပြီး အုတ်အော်သောင်း နင်းဖြစ်နေသည့် လူများကို ရှင်းထုတ်၍ မရအောင်ဖြစ် ခဲ့ရသည်။http://mp4you.co.uk/world-news/130cheating-wife-and-her-lover-locked-together.html

ကွမ်းလုံမြို့ကို တိုက်ခိုက်မည့် သတင်းများ ထွက်ပေါ်နေဟုဆို



ဖေဖော်ဝါရီ ၂၈ ရက်၊ ၂၀၁၅

လောက်ကိုင်မြို့နှင့် ၂၅ မိုင်ခန့်ဝေးသော လူဦးရေအားဖြင့် ငါးသောင်း ခန့်နေထိုင်သည့် ကွမ်းလုံမြို့ကို ပစ်ခတ်တိုက်ခိုက်မည့် သတင်းများ ထွက်ပေါ်နေ သည်ဟု ကွမ်းလုံမြို့ဆေးရုံ အုပ်ကြီးဒေါက် တာသိန်းမြို့ ကဖေဖော်ဝါရီ ၂၇ ရက်တွင်ပြောသည်။

''ဟိုနေရာကို ဘယ်လိုလုပ်မယ်၊ ဒီနေရာကို ဘယ်လိုလုပ်မယ်။ ညဘက်မှာပြောက်ကျားပုံစံ ဝင်တိုက်မယ်ဆိုပြီး သတင်းတွေ ထွက်နေတော့ ဂရုစိုက်ရတာပေါ့။ ထိတ်လန့် မှုတွေတော့ ရှိတာပေါ့ဗျာ''ဟုဆေးရုံအုပ် ကြီးကပြောသည်။

ထို့ပြင် ကွမ်းလုံနှင့်လောက်ကိုင်သို့ ဆက်သွယ်ထားသော သံလွင်မြစ်ပေါ် တွင်ဆောက် လုပ်ထားသော ကွမ်းလုံကြိုး တံတား ကိုလည်း ပစ်ခတ်ဖျက် ဆီးမည်ဟု သတင်းများ ထွက်ခဲ့သေး သည်ဟုလည်း ဆိုသည်။

သက်တမ်း အားဖြင့် နှစ်ပေါင်းငါး ဆယ်ရှိနေ ပြီဖြစ်သော ကွမ်းလုံကြိုး တံတားကို ၁၉၆၅ ခုနှစ် ကတည်း ကဆောက်လုပ် ထားခြင်းဖြစ်ကာ ကွမ်းလုံ-လောက်ကိုင်သို့ ဆက် သွယ် ထားသည့် တစ်ခုတည်းသော တံတားဖြစ်သည်။

ထိုသို့ သတင်းများ ထွက်ပေါ် နေခြင်းကြောင့် ကွမ်းလုံ ကြိုးတံတား အပါအဝင် ကွမ်းလုံမြို့ တွင်း သာမက မြို့ အပြင် ဘက် ရှိတောင်တန်းများ၊ လျှိုများတွင် ပါ အစိုးရတပ်က လုံခြုံရေး ယူထားသည်ဟု ကွမ်းလုံမြို့၏ လက်ရှိ အခြေအနေ ကို မြို့ခံတစ် ဦးဖြစ်သူ ကိုကျော်ဇောက ဆိုသည်။

''တရားဥပဒေစိုးမိုးရေးတော့ရှိပါတယ်။ သတိဝီရိယ နဲ့နေကြတဲ့ အနေ အထား မျိုးတော့ရှိ တာပေါ့။ စစ်ပြေးတွေ ကသွားနေ ကြတော့ တံခါးတွေ ဘာတွေ ပိတ်ထားကြ တာ နဲ့ ဆိုတော့ မြို့ကတော့ခြောက် ကပ်နေ တာပေါ့ဗျာ''ဟု ကိုကျော်ဇောကဆို သည်။

ကွမ်းလုံမြို့သည် ဖေဖော်ဝါရီ ၉ ရက် ကစပြီး အစိုးရစစ်တပ်နှင့် ဦးဖုန်ကြားရှင် ဦးဆောင်သည့် ကိုးကန့် တပ်ဖွဲ့ တို့အကြား တိုက်ပွဲများဖြစ်ပွားသည့် ကိုးကန့်ကိုယ်ပိုင် အုပ် ချုပ် ခွင့်ရဒေသဖြစ်သည့် လောက်ကိုင် မြို့နှင့် ၂၅ မိုင်ခန့်သာဝေးပြီး ကားဖြင့် သွားမည်ဆိုပါက တစ်နာရီခွဲကြာမောင်းနှင်ရ မည် ဖြစ်သည်။

Mizzima - News in Burmese

Friday, February 27, 2015

တရုတ်ထောက်ခံမှု ရရှိရေး ဖုန်ကြားရှင်ကြိုးပမ်း

ကိုးကန့်တပ်ဖွဲ့။
ဖေဖော်ဝါရီလဆန်းကစလို့ တရုတ်-မြန်မာနယ်စပ်အနီး ရှမ်းပြည်နယ် လောက်ကိုင်ဒေသ မှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် ဒေသခံ ၁ သိန်းကျော် ထွက်ပြေးခဲ့ကြရပါတယ်။ မြန်မာနိုင်ငံကနေ ထွက်ပြေးတိမ်းရှောင်ခဲ့သူ အသက် ၈၄ နှစ်ရွယ် ဦးဖုန်ကြားရှင် ခေါင်းဆောင်တဲ့ ကိုးကန့် တပ်ဖွဲ့တွေနဲ့ မြန်မာ အစိုးရတပ်ဖွဲ့တွေကြားမှာ တိုက်ပွဲတွေဖြစ်ပွားနေပြီး၊ ဘယ်လို အခြေအနေတွေကြောင့် ဒီလိုဖြစ်နေရသလဲ ဆိုတာကိုတော့ ရှင်းရှင်းလင်းလင်း သိနိုင်ဖို့ မလွယ်ဘဲ ဖြစ်နေရတာပါ။ ဒီအကြောင်း ဗွီအိုအေသတင်းထောက် Bill Ide က ဘေဂျင်းမြို့ကနေ သတင်းပေးပို့ထားတာကိုတော့ မနန္ဒာချမ်းက ဆက်ပြောပြပါမယ်။

မြန်မာနိုင်ငံ မြောက်ပိုင်းဟာဆိုရင် ဆယ်စုနှစ်ပေါင်းများစွာ အစိုးရတပ်ဖွဲ့တွေနဲ့ လက်နက်ကိုင်တွေကြား အမြဲတမ်းလိုလို တိုက်ပွဲတွေဖြစ်နေတဲ့ နေရာပါ။ မကြာသေးခင်က ဖြစ်နေတဲ့ တိုက်ပွဲတွေမှာတော့ MNDAA ကိုးကန့် အဖွဲ့ခေါင်းဆောင် ဦးဖုန်ကြားရှင် ကနေ - သူ ၂၀၀၉ ခုနှစ်အထိ အုပ်ချုပ်ခဲ့တဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသကို ပြန်ပြီး ထိန်းချုပ်နိုင်ဖို့ ကြိုးစားနေတာဖြစ်ပါတယ်။

တိုက်ပွဲ ဖြစ်ပွားနေချိန်မှာပဲ တရုတ်လူထုဆီက ထောက်ခံမှုကို ရဖို့ကြိုးပမ်းတဲ့ အနေနဲ့ တရုတ်အစိုးရက ကျောထောက်နောက်ခံပေးထားတဲ့ မီဒီယာနဲ့ အင်တာဗျူးတွေမှာ - သူအုပ်ချုပ်စဉ်က ကိုးကန့်ဒေသမှာ မူးယစ်ဆေးဝါး ကုန်သွယ်မှု အဆုံးသတ်ဖို့နဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်အောင် ကြိုးပမ်းခဲ့တဲ့အကြောင်း ပြောဆိုခဲ့တာပါ။

အခုလည်း - ကိုးကန့်ဒေသမှာ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရဖို့နဲ့ အခွင့်အရေးတွေအတွက် သူ တိုက်ပွဲဝင်နေတာဖြစ်တဲ့အကြောင်းနဲ့ ကိုးကန့်ဒေသမှာ သူမရှိတဲ့အချိန်ကစပြီး - မူးယစ်ဆေးဝါး မှောင်ခိုမှုတွေ ပြန်ကြီးထွားလာနေပြီး၊ ကိုးကန့်ဒေသဟာလည်း တရုတ်နွယ်ဖွားတွေအတွက် မဟုတ်တော့ဘူးလို့ ဦးဖုန်ကြားရှင်က ပြောဆိုနေ တာပါ။

သူ့ကိုယ်သူ တရုတ်နွယ်ဖွားတွေကို ကာကွယ်သူ၊ ကိုးကန့်ဒေသအတွက် တာဝန်ရှိသူ အဖြစ် ဦးဖုန်ကြားရှင်ရဲ့ ပြောဆိုမှုတွေဟာ အမေရိကန် အစိုးရရဲ့ သူ့အပေါ် သဘောထားနဲ့တော့ ကွဲလွဲနေပါတယ်။ အကြောင်းကတော့ - အမေရိကန် မူးယစ်ဆေးဝါး နှိမ်နင်းရေး အေဂျင်စီ (DEA) ကနေ သူ့ကို ၁၉၇၀ ပြည့်လွန်နှစ်တွေ ကစပြီး - အဓိကမူးယစ်ရာဇာတဦးအဖြစ် သတ်မှတ်ထားတာပါ။

ယူနန်ပြည်နယ် ရဲအရာရှိ သင်တန်းကျောင်းက ပါမောက္ခ လီယန် ဂျင်ယွန်း (Liang Jinyun) ကတော့ - ဦးဖုန်ကြားရှင်ဟာ တရုတ်နိုင်ငံထဲ ၀င်ရောက်ခွင့် တားမြစ်ခံထားရတဲ့ မူးယစ်မှောင်ခိုသမား ၃၀ ကျော်စာရင်းမှာ ပါဝင်နေဆဲ ဖြစ်ပေမဲ့ - ကိုးကန့်ဒေသမှာ မူးယစ်ဆေးဝါးတွေကို ကန့်သတ်ထိန်းချုပ်ဖို့ ကြိုးစားခဲ့တယ် ဆိုတာဟာလည်း အမှန်ပဲလို့ ပြောပါတယ်။

“ကိုးကန့်ဒေသကို မူးယစ်ဆေးဝါး ကင်းရှင်းတဲ့ဒေသဖြစ်ဖို့ ဦးဖုန်ကြားရှင် ကြိုးပမ်းခဲ့တယ်၊ ဒီလိုမလုပ်ရင်လည်း မြန်မာအစိုးရ၊ ကုလသမဂ္ဂနဲ့ တရုတ်အစိုးရကတောင် ကိုးကန့်အရေးကို ၀င်ပါလာနိုင်တာကြောင့် ဖြစ်တယ်။ ဒီလို ကန့်သတ်တားမြစ်ခဲ့ပေမဲ့လည်း - ကိုးကန့်ဒေသကို မူးယစ်ဆေး လုံးဝ ကင်းတဲ့ဒေသဖြစ်အောင်တော့ ဦးဖုန်ကြားရှင်အနေနဲ့ မစွမ်းဆောင်နိုင်ခဲ့ဘူး”- လို့ တရုတ်ဘာသာနဲ့ ပြောသွားတာဖြစ်ပါတယ်။

ဒါ့အပြင် ကိုးကန့်ဒေသကို မကြာသေးခင်က သူ ပြန်သွားပြီး၊ MNDAA လို့ခေါ်တဲ့ ကိုးကန့်တပ်ဖွဲ့ကို ဦးဆောင်တာဟာ - မူးယစ်ဆေးဝါး မှောင်ခိုမှုတွေထက် အာဏာပြန်ရအောင် လုပ်တဲ့ပုံ တွေ့ရတယ်လို့လည်း ပါမောက္ခ လီယန် (Liang) က ပြောဆိုခဲ့ပါတယ်။

လာမယ့် ၂၀၁၅ ရွေးကောက်ပွဲမတိုင်ခင် - တိုင်းရင်းသား လက်နက်ကိုင်တွေ အားလုံးနဲ့ တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး ရရှိနိုင်ဖို့ - မြန်မာအစိုးရက ကြိုးပမ်းနေတဲ့ အချိန်မှာပဲ ကိုးကန့်တိုက်ပွဲတွေ ပေါ်ပေါက်ခဲ့တာပါ။

“ရွေးကောက်ပွဲမတိုင်ခင်မှာ - ဦးဖုန်ကြားရှင်က ကိုးကန့်ဒေသရဲ့ အကြီးအကဲအဖြစ် သူ့ကိုယ်သူ စာရင်းသွင်းနိုင်ဖို့၊့ လွှတ်တော်မှာ နေရာတနေရာ ရဖို့အတွက် ကြိုးစားတာ ဖြစ်နိုင်တယ်” - လို့ ပါမောက္ခက လီယန် (Liang) က သုံးသပ်ခဲ့တာပါ။

ဒါပေမဲ့လည်း ဦးဖုန်ကြားရှင် မျှော်လင့်ထားသလို အောင်မြင်ပါ့မလား ဆိုတဲ့ အပေါ်မှာတော့ သူ့အနေနဲ့လည်း သံသယရှိတဲ့အကြောင်း ပါမောက္ခ လီယန် (Liang) က ပြောဆိုခဲ့ပါတယ်။

ဒါ့အပြင် တချိန်တုန်းက ကိုးကန့်ဒေသဟာ တရုတ်နိုင်ငံရဲ့ ဒေသတခုအဖြစ် ပုဂ္ဂိုလ်ရေး အရ ချိတ်ဆက်ပြီး ဦးဖုန်ကြားရှင်က ဒီပြဿနာထဲကို တရုတ်အစိုးရကိုလည်း ဆွဲသွင်းဖို့ ကြိုးစားခဲ့တာပါ။

တရုတ်အစိုးရကတော့ - အခုဖြစ်နေတဲ့ ကိုးကန့်တိုက်ပွဲအတွက် တရုတ်နိုင်ငံကနေ ကူညီတာမျိုးတွေကို လက်ခံမှာ မဟုတ်ဘူးလို့ ခပ်ရှင်းရှင်းပဲ ပြောဆိုထားတာပါ။ ဒါပေမဲ့လည်း တရုတ်အစိုးရရဲ့ အကူအညီကို ဦးဖုန်ကြားရှင် တောင်းဆိုတဲ့ အကြောင်းဟာ တရုတ်အမျိုးသားရေးစိတ် ပြင်းတဲ့ ဘလော့ဂါတွေဆီကနေတဆင့် အင်တာနက်မှာ ပျံ့နှံ့ခဲ့ပါတယ်။

တချို့တရုတ်နိုင်ငံသားတွေ ကိုယ်တိုင်လည်း ကိုးကန့်ဒေသကို တရုတ် အစိုးရက ပြန်သိမ်းပိုက်ဖို့အထိ တောင်းဆိုခဲ့ကြတာပါ။ မြန်မာတာဝန်ရှိသူတွေဘက်ကလည်း - ဦးဖုန်ကြားရှင်တပ်ဖွဲ့ဟာ သူ့ကို ထောက်ခံစာနာသူတွေဆီကနေ အစားအသောက်၊ လက်နက်နဲ့ ဆေးဝါး အကူအညီတွေကို နယ်စပ်ကိုဖြတ်ပြီး ရရှိနေတဲ့ အထောက်အထားတွေ ရှိတယ်လို့ ပြောဆိုထားပါတယ်။

မကြာသေးခင် သီတင်းပတ်တွေအတွင်း - တရုတ် အင်တာနက် လူမှုကွန်ယက်တွေပေါ်မှာ - တိုက်ပွဲနဲ့ ပတ်သက်တဲ့ ဓာတ်ပုံတွေ၊ ပြီးတော့ မြန်မာစစ်တပ်က သတ်ဖြတ်ခဲ့တယ်လို့ဆိုတဲ့ တရုတ်လူမျိုး ကိုးကန့်ဒေသခံတွေရဲ့ ဓာတ်ပုံတွေနဲ့ ပြည့်နေခဲ့တာပါ။

ဒီတပတ်အစောပိုင်းကဆိုရင်လည်း - ကိုးကန့်ဒေသမှာ ရိုက်ထားပုံရတဲ့ ဓာတ်ပုံ ၁ ဒါဇင်ကျော်မှာ - လူငယ်အမျိုးသားတချို့ရဲ့ အလောင်းတွေကို တွေ့ရပြီး၊ လူတချို့ဟာဆိုရင်လည်း လည်ပင်းမှာ ကြိုးတုတ်ခံထားရတာ၊ လက်ပြန်ကြိုး အတုတ်ခံထားရတာတွေ ပါဝင်ပါတယ်။ ကိုးကန့်တပ်ဖွဲ့ကို ထောက်ခံသူတွေကတော့ ဒီလူတွေကို မြန်မာစစ်တပ်က သတ်ပစ်တာကို ပြောကြပေမဲ့ - သီးခြား အတည်ပြုဖို့ကတော့ မလွယ်ပါဘူး။

ဒီလိုသေကျေ ထိခိုက်တဲ့ ဓာတ်ပုံတွေကြောင့် တရုတ်နိုင်ငံမှာ လူတွေဒေါသထွက်ခဲ့ကြသလို၊ အင်တာနက်အွန်လိုင်းပေါ်မှာလည်း တရုတ် ညီအကိုတွေကို ကယ်တင်ဖို့ ကြိုးပမ်းကြပါဆိုပြီး တောင်းဆိုတာတွေလည်း ထွက်ပေါ်ခဲ့တဲ့အထိပါ။

မြန်မာငြိမ်းချမ်းရေးစင်တာကတော့ - ကောလဟာလတွေ အကြီးအကျယ် ပျံ့နေပြီး၊ ကိုးကန့်တိုက်ပွဲဟာလည်း အလွန်ဆုံး နောက်ထပ် သီတင်းပတ် အနည်းငယ်လောက်သာ ဖြစ်နိုင်ပြီး လတွေနဲ့ချီတဲ့အထိတော့ ဖြစ်နိုင်မှာ မဟုတ်ဘူးလို့ မျှော်လင့်ထားကြောင်းလည်း ပြောဆိုခဲ့ပါတယ်။

နန္ဒာချမ်း / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com/content/china-myanmar-rebels/2662278.html

ကျောက်ဆည်ကျောင်းသားသပိတ် ထောက်ခံသူ အမှုစွဲဆို


ဆန္ဒပြ ကျောင်းသားတချို့ အမှုဖွင့်ခံရ
ဖေဖော်ဝါရီလ ၂၅ ရက်က ကျောက်ဆည် မြို့ ကျောင်းသား သပိတ် ထောက်ခံ တဲ့ ဆန္ဒပြပွဲ မှာ ပါဝင် ပူးပေါင်း ခဲ့တဲ့ မန္တလေး ရတနာပုံ တက္ကသိုလ် က ကျောင်းသား တွေ နဲ့ ကျောက်ဆည် က ကျောင်းသူ ကျောင်းသားတချို့ ကို ကျောက်ဆည် ရဲစခန်းမှာ ခွင့်မပြု ဘဲ ဆန္ဒပြမှု အပါအဝင် ပုဒ်မတွေနဲ့ မနေ့က စွဲဆို ထားတယ်လို့ သိရပါတယ်။ ဒါဟာ ၄ ပွင့်ဆိုင် သဘောတူညီချက် ၉ ချက် ထဲက ကျောင်းသား တွေကို ဖမ်းဆီး အရေးယူမှု မပြုရ ဆိုတဲ့ အချက်ကို ချိုးဖောက် လိုက်တယ်လို့ ကျောင်းသား တွေ ဘက်က ပြောဆို နေကြပါတယ်။

အခုလို အမှုစွဲတာနဲ့ ပတ်သက်လို့ ကျောင်းသားတွေ ကို အကြောင်းမကြား သေးပေမဲ့ ကျောက်ဆည်မြို့မ ရဲစခန်းမှာ မြို့နယ် အုပ်ချုပ်ရေးမှူး က တရားစွဲကြောင်း သိရတာကို မန္တလေး ရတနာပုံ တက္ကသိုလ် က ကျောင်းသား သမဂ္ဂ ဥက္ကဌ ကိုရဲနိုင်ဝေ က ဘီဘီစီ ကို ပြောပါတယ်။

တရားစွဲခံရတဲ့ အထဲမှာ ကျောင်းသား လေးယောက် နဲ့ ကျောင်းသူ တယောက် ပါဝင်ပါတယ်။ ကျောင်းသားတွေ ဖက် ကတော့ အခုလို အမှုဖွင့်ခြင်းဟာ တိုက်ရိုက်စော်ကား တယ် လို့ ယူဆကြောင်း၊ ခြောက်လည်း ကြောက်မှာ မဟုတ်တဲ့ အတွက် မတ်လ ၁ ရက်နေ့မှာ ပင်မ သပိတ်စစ်ကြောင်းဟာ လက်ပံတန်း ကနေ ရန်ကုန် ကို ချီတက်မှာ မို့ ပူးပေါင်းမယ် လို့လည်း ရှင်းပြပါတယ်။

အခုလို အစိုးရ ဖက်က ကျောင်းသားတွေ ကို ဖမ်းတာ တရားစွဲတာတွေ လုပ်ရင် ပညာရေး မူကြမ်းတင်တဲ့ အပေါ်မှာ ထိခိုက်မှု ရှိနိုင်ကြောင်း၊ အစိုးရ ဖြစ်စေလိုတဲ့ သပိတ် စစ်ကြောင်း ရပ်ရေး ဟာလည်း ဥပဒေ အတည်ပြုတဲ့ အပေါ်မှာ မူတည်ကြောင်း ကိုရဲနိုင်ဝေ က ဘီဘီစီ ကို ပြောပါတယ်။

BBC Burmese
http://www.bbc.co.uk/burmese/burma/2015/02/150227_students_charged

တမာပင်မှ ထန်းရည်ချိုကဲ့သို့ အရည်များထွက်ရှိနေ၍ ဆေးဝါးအဖြစ်သုံးစွဲနေ


Friday, February 27, 2015
မန္တလေး တိုင်းဒေသကြီး ညောင်ဦးခရိုင် ညောင်ဦးမြို့နယ် အောက်ညဉ့်ဘုန်း တော်ကြီးကျောင်းရှေ့ရှိ တမာပင်မှ ထန်းရည်ချိုများကဲ့သို့ အရည်ထွက် ရှိနေ၍ အဆိုပါအရည်များကိုဒေသ ခံများက ဆေးအဖြစ် သုံးစွဲနေကြ ကြောင်း သိရသည်။
ထန်းရည်များ ထွက်ရှိသည့် တမာပင်မှာ အခေါင်းမရှိဘဲ လုံးချော ပင်စည်မှ ကွဲအက်၍ အမြှုပ်ထကာ အရည်များတစ်ပေါက်ပေါက်နှင့် အ ဆက်မပြတ် စီးကျနေခြင်းဖြစ်သည်။ တစ်နေ့လျှင် ထန်းရည်ချိုရေပုံးနှင့် နှစ်ပုံးခန့်ရရှိပြီး ထန်းရည်ချိုမှာ အ နံ့သင်းသည့်အတွက် ရပ်ဝေးရပ်နီး မှလည်း လာရောက် ကြည့်ရှုသူများ ဖြင့် စည်ကားလျက်ရှိသည်။
''ကျွန်တော်တို့ကတော့ ဒူးနာ လို့ တမာပင်က ထွက်တဲ့အရည်ကို ညမှာ လိမ်းအိပ်တယ်။မနက်ကျတော့ တော်တော်သက်သာသွားတယ်။ ဒီ တမာပင်မှအရည်ကို ယားနာသမား တွေလဲ လိမ်းကြတယ်''ဟု ဒေသခံ တစ်ဦးထံမှ သိရှိရသည်။
အဆိုပါတမာပင်မှ ယခုကဲ့သို့ ထန်းရည်ချိုကဲ့သို့ အရည်များထွက် ကျနေမှုသည် ယခင်နှစ်ကတည်း က ထွက်ရှိနေခြင်းဖြစ်သည်ဟု သိ ရသည်။
''တမာပင်ရဲ့ ပင်ကိုယ်သဘာဝ သတ္တိက ဆေးဖက်အသုံးဝင်တယ် လို့ ဥတုဘောဇနကျမ်းမှာလဲ တွေ့ရှိ ရတယ်။ တမာပင်တွေ အများကြီးရှိ ပေမယ့် ဒီလိုတမာပင်မျိုးက တစ် ထောင်မှာ တစ်ပင်လောက်ပဲရှိတယ်၊ အရည်ထွက်လာပြီ ဆိုမှတော့ တမာ ပင်ရဲ့ထူးခြားချက်က သဘာဝအစွမ်း သတ္တိထက်မြက်ခြင်း အဓိပ္ပာယ်ပြ ပါတယ်။ တမာအရည်ကို ဥာဏ်ရှိ သလို ချဲ့ထွင် အသုံးချမယ်ဆိုရင် ဆေးဘက်မှာ အများကြီးအသုံးဝင် ပါတယ်။ တမာပင်ရဲ့ ဆေးစွမ်းထက် ပုံများကိုလဲ ရှုတော်မူဆေးကျမ်းမှာ အများကြီး ဖတ်ရှုရဖူးတယ်''ဟု သက် တော်၇၄နှစ် ဝါတော်၅၄ရှိ ကျောင်း ထိုင်ဆရာတော် ဦးပညာဇောတက မိန့်ကြားသည်။
ဒေသခံပြည်သူများက ဆရာ တော်ကြီး၏ မေတ္တာတန်ခိုး အာနု ဘော်အစွမ်းတို့ကြောင့် တမာပင်မှ ထွက်ရှိသော အရည်များကို ဆေး အဖြစ်သုံးစွဲရာ ဆေးစွမ်းထက်သည် ဟု ယူဆလျက် ဆေးဝါးအဖြစ် သုံး စွဲနေကြကြောင်း သိရသည်။
''ကျွန်မတော့ လေးဖက်နာ ဖြစ်နေတာကြာပြီ။ ဒီတမာပင်က အရည်ကို လိမ်းလိုက်တာ အခုလော လောဆယ်မှာတော့ ပေါ့နေတာပဲ''ဟု ဒေသခံအမျိုးသမီးတစ်ဦးထံမှ သိရသည်။
OKH
Yangon Media Group

ပီပီပြင်ပြင် ရာဇ၀င်ရိုင်းကြတော့မလား


သရုပ်ဆောင် ပြေတီဦးနှင့် လိုင်လာခမ်း(ဓာတ်ပုံများ - ဂျေပိုင်/ The Irrawaddy)

ကိုယ်စီမံသလို ထင်တိုင်းဖြစ်မလာတဲ့ ဘ၀တွေကို တွေ့ကြုံလာရတဲ့ လူသားတွေ သုံးနှုန်းလေ့ရှိတဲ့ “ရာဇ၀င်ရိုင်းတယ်” ဆိုတဲ့ စကားကို ဒါရိုက်တာ မောင်မျိုးမင်း(ရင်တွင်းဖြစ်)က ပုံဖော်ပြသတော့မှာပါ။

အဲ့ဒါကတော့ တခြားမဟုတ်ပါ။ “ရာဇ၀င်ရိုင်းသူများ”ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကို ဖေဖော်ဝါရီ ၂၆ ရက်နေ့မှာ စတင် ရိုက်ကူးပုံဖော်နေပြီလို့ ဆိုလိုခြင်းပါ။သူ့အနေနဲ့ ဒီဇာတ်ကားကို ဘာကြောင့် ရိုက်ကူးဖြစ်တာလဲ။



“လူတွေကဘ၀မှာ ကိုယ်ထင်တာ ကိုယ်ကြိုက်သလို ဖြစ်မလာတဲ့အခါ ၊ ကိုယ်စီမံသလို ဖြစ်မလာတဲ့အခါ ရာဇ၀င်ရိုင်းကြတယ်လို့ သုံးနှုန်းကြတယ်။ ကိုယ်စီမံတဲ့အတိုင်း ဖြစ်လာတာ ဘ၀မဟုတ်ပါဘူး။ အဲ့လိုပဲ လူ့ဘ၀ထဲက ထင်တိုင်းမဖြစ်တဲ့ ၊ မဖြစ်သင့်မဖြစ်ထိုက်တဲ့ အရာတွေအားလုံး ဘယ်လိုစိတ်အခြေအနေကြောင့်ဖြစ်တယ်ဆိုတာကို ဒီဇာတ်ကားထဲမှာ ရိုက်ပြထားပါတယ်” လို့ ဒါရိုက်တာ မောင်မျိုးမင်း(ရင်တွင်းဖြစ်) က ဆိုပါတယ်။

"ရာဇ၀င်ရိုင်းသူများ" ရုပ်ရှင်ဇာတ်ကားထဲမှာ အဓိက ဇာတ်ကောင်တွေဖြစ်ကြတဲ့ ပြေတီဦး၊ လိုင်လာခမ်း တို့နဲ့အတူ မြင့်မြတ်၊ ပက်ထရစ်ရှာတို့လည်း ပါဝင် အားဖြည့်ထားကြပါတယ်။


သရုပ်ဆောင် လိုင်လာခမ်း

ဒီ ဇာတ်ကားကြီးကို စိန်ဌေးရုပ်ရှင်ထုတ်လုပ်ရေးက ရိုက်ကူးတင်ဆက်မှာဖြစ်ပြီး သိန်းသန်းထွန်းရဲ့ မိုးတစ္ဆေ ၀တ္ထုကို ပြန်လည်ရိုက်ကူးထားတာပါ။

ဒါ့ထက် ဒါရိုက်တာ မောင်မျိုးမင်း(ရင်တွင်းဖြစ်)ရိုက်ကူးခဲ့တဲ့ “တိုက်ဆိုင်မှုရှိလျှင်” ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားမှာ ဗီလိန်ဇာတ်ရုပ်ကို ပိုင်ပိုင်နိုင်နိုင် သရုပ်ဆောင်ခဲ့လို့ ပရိတ်သတ်အားပေးလက်ခံလာတဲ့ မင်းသမီး လိုင်လာခမ်းက “ပထမကားမှာ အောင်မြင်မှုရတာဟာ ဦးမျိုးကြောင့်ပါပဲ။ ကျွန်မဘက်ကတော့ တတ်နိုင်သမျှသရုပ်ဆောင်ခဲ့ပါတယ်။ ဒါပေမယ့် သဘောင်္တစ်စင်းရဲ့ ကပ္ပတိန်ဟာ ဦးမျိုးပါပဲ။ တကယ်လို့ ဦးမျိုးသာ သူလိုချင်တာကို မပြောပြနိုင်ဘူး။ သူဖြစ်ချင်တာကို လုပ်မပြနိုင်ဘူးဆိုရင် တိုက်ဆိုင်မှုရှိလျှင်က ဒီလောက်ထိ အောင်မြင်မှာမဟုတ်ပါဘူး။ အားလုံးရဲ့ ကြိုစားမှုကြောင့်တိုက်ဆိုင်မှုရှိလျှင်က အောင်မြင်တယ်။ ပရိသတ်တွေရဲ့ မထင်မှတ်တဲ့ အားပေးချစ်ခင်မှု မေတ္တာကိုရခဲ့တယ်။ ရာဇ၀င်ရိုင်းသူများ ကားမှာလည်း ပထမကားထက် ကျွန်မအများကြီးကြိုးစားသွားမယ် လို့ သူကဆိုပါတယ်။


သရုပ်ဆောင် မြင့်မြတ်နှင့် ပက်ထရစ်ရှာ

ရာဇ၀င်ရိုင်းသူများထဲမှာ ဘယ်သူတွေ ဘယ်လို ပီပီပြင်ပြင် ရာဇ၀င်ရိုင်းကြမလဲဆိုတာတော့ မကြာမီ လာမည် မျှော်ပေါ့နော်..။

ယုမွန်ကျော်
ဧရာဝတီ

ဓားဖြင့် ခုတ် လုယက်ခံရသော စပိန်နိုင်ငံသားကို ပြန်တွေ့


Saturday, February 28, 2015
ရန်ကုန်ဆေးရုံကြီးတွင် ဆေးကုသနေရင်း ပျောက်ဆုံး သွားသော စပိန်နိုင်ငံသားသည် ဆာကူရာဆေးရုံ၌ ဆေးကုသ နေသည်ကို ဖေဖော်ဝါရီ ၂၇ ရက် နံနက်က ပြန်တွေ့ရှိခဲ့ကြောင်း အနောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး ၀င်းကြည်ကပြောကြားသည်။
ပဲခူးမြို့အထွက် ဘဏ္ဍာ ကုန်းကျေးရွာအနီးတွင် ဓားဖြင့် ခုတ်ခံရခြင်းကြောင့် ဒဏ်ရာ အ ပြင်းထန်စွာ ရရှိထားသော စပိန်နိုင်ငံသားသည် ဖေဖော်ဝါရီ ၂၅ရက်၌ ရန်ကုန်ဆေးရုံကြီးမှထွက် ပြေးသွားပြီး ပျောက်ဆုံးနေခြင်း ဖြစ်ပြီး ဆာကူရာဆေးရုံတွင် ပြန် လည်တွေ့ရှိခဲ့ခြင်းဖြစ်သည်။
‘‘သူ့သဘောအရပေါ့။ ဆေး ရုံကြီးမှာ ဆေးမကုချင်လို့ ပြောင်း ကုတာ နေမှာပေါ့။ ဒီနေ့မနက်က ပဲ ဆာကူရာဆေးရုံမှာ ပြန်တွေ့ခဲ့ ပါတယ်။ စောင့်ရှောက်မှုတွေပေး ပြီး စပိန်ကောင်စစ်ဝန်နဲ့ ဆက် သွယ်ထားပါတယ်’’ဟု ဒုရဲမှူးကြီးဝင်းကြည်ကပြောသည်။
စက်ဘီးဖြင့် ကမ္ဘာလှည့်နေ သော စပိန်နိုင်ငံသားမစ္စတာ ကာလို့စ်ကို ဖေဖော်ဝါရီ ၂၃ ရက် ညက ပဲခူးမြို့အထွက် ဘဏ္ဍာ ကုန်းကျေးရွာအနီး၌ လူနှစ်ဦးက ဓားဖြင့် ၀ိုင်းခုတ်ကာ ပစ္စည်းများ လုယူသွားခဲ့သည်။ ဓားဖြင့် ၀ိုင်း ခုတ်၍ ပြတ်ရှဒဏ်ရာ ၁၀ ချက်ရရှိထားသော စပိန်နိုင်ငံသားကို ဖေဖော်ဝါရီ ၂၄ ရက်က ပဲခူးဆေး ရုံမှ တစ်ဆင့် ရန်ကုန်ဆေးရုံကြီး သို့ လွှဲပြောင်းဆေးကုသပေးခဲ့ သည်။
၎င်းအား ရန်ကုန် ဆေးရုံကြီးဦးနှောက်နှင့် အာရုံကြောဌာနတွင် ဆေးကုသပေးနေရာမှ ထွက်ပြေးသွားပြီး ဆာကူရာဆေးရုံသို့ပြောင်းရွှေ့ကုသခဲ့ခြင်းဖြစ်သည်။
7Day Daily

ကလေးမယူခင် စုံတွဲတိုင်း ကိုယ့်ကိုယ်ကို ပြန်မေးကြည့်သင့်တဲ့ မေးခွန်း(၅)ခု


အိမ်ထောင်ကျပြီးလို့ ကလေးယူမယ်လို့ စိတ်ကူးလိုက်ပြီဆိုတာနဲ့ စုံတွဲတိုင်း ကိုယ့်ကိုယ်ကို ပြန်မေးကြည့်သင့်တဲ့ မေးခွန်းလေးတွေ ရှိပါတယ်။ မေးခွန်းတိုင်းဟာ သင့်စိတ်ထဲက အဖြေတွေနဲ့ ကွက်တိကျမှသာ ကလေးယူဖို့ ဆုံးဖြတ်သင့်ပါ တယ်။

၁။ကလေးလေးတွေက ချစ်ဖို့ကောင်းတယ်ဆိုတဲ့စကားမျိုးတွေထက် ကလေးရလာရင် ဘာတွေလုပ်ကြမယ်ဆိုတာမျိုး နှစ်ဦးကြားဆွေးနွေးဖူးပါသလား။

ကလေးတွေဟာ အပြစ်ကင်းစင်ပြီး ချစ်စရာအလွန်ကောင်းကြပါတယ်။ ဒါပေမယ့် သူတို့ကို ပြုစုပျိုးထောင်မယ့် မိဘမှာတော့ အစီအစဉ်ကောင်းတွေရှိနေရပါမယ်။ ဒါ့အပြင် ကလေးရလာရင် သင့်မှာ အချိန်ပိုဆိုတာလည်း နည်းသွားပါလိမ့်မယ်။ ဒီ့အတွက်ကိုလည်း သင်စဉ်းစားထားဖို့လိုအပ်ပါတယ်။ နှစ်ယောက်တည်းနေတဲ့ စုံတွဲတွေဆိုရင် ကိုယ်ဝန်ရလာတဲ့အခါ အဖော်တစ်ယောက် ရှာဖို့လည်း လိုလာပါလိမ့်မယ်။ အဲ့ဒါတွေအတွက် ကြိုစဉ်းစားထားပြီးပြီလား။

၂။ဘယ်လိုမိဘမျိုး ဖြစ်ချင်ကြတယ်ဆိုတာရော နှစ်ဦးသားပြောကြည့်ဖူးပါသလား။

ကလေးယူတော့မယ့်စုံတွဲဟာ ကလေးရလာရင် ကလေးပုံစံကို ကြည့်ပြီး ငါတို့ဟာ အရမ်းစည်းကမ်းကျပ်တဲ့မိဘမျိုးတော့ မလုပ်ဘူး။ ဒါပေမယ့် ကလေးဖြစ်ချင်တာတွေကို ဖြည့်ဆည်းပံ့ပိုးပေးပြီး ဘေးကထိန်းကျောင်းပေးသွားမယ့် မိဘမျိုးတွေ ဖြစ်အောင်ကြိုးစားမယ် စသဖြင့် နှစ်ဦးသား ပြောဆိုကြည့်ဖူးဖို့တော့ လိုပါတယ်။

၃။နှစ်ဦးသားပြသနာတက်တဲ့အခါ ဘယ်လိုပုံစံပြောင်းလဲဖြေရှင်းကြမလဲ။

အရင်က ရန်ဖြစ်တဲ့အခါ တံခါးကိုဆောင့်ပိတ်လိုက်တာမျိုး၊ တစ်ဦးနဲ့တစ်ဦး အော်ဟစ်ကြတာမျိုးတွေ ကလေးရလာရင် လုပ်ဖို့ မစဉ်းစားပါနဲ့တော့။ ဒီတော့ ကိုယ့်အကျင့်တွေကို ပြောင်းလဲပစ်ဖို့ နှစ်ဦးသား တိုင်ပင်ကြည့်ဖို့လိုလာပါပြီ။

၎။ကလေးတစ်ယောက်ကို ပြုစုပျိုးထောင်ဖို့ ငွေရေးကြေးရေးရော တောင့်တင်းပြီလား။

လင်မယားနှစ်ယောက်တည်းတုန်းက ဖြစ်သလို နေထိုင်စားသောက်ကြတယ်ဆိုပေမယ့် ကလေး ရှိလာတဲ့အခါ ကလေးစားရိတ်က သိသိသာသာတိုးလာပါလိမ့်မယ်။ ဒါကလည်း ယာယီမဟုတ်ပဲ ရေရှည်ဖြစ်တာမို့ သေသေချာချာ စဉ်းစားကြည့်ဖို့ လိုလာပါပြီ။

၅။နှစ်ဦးစလုံး ကလေးလိုချင်တာ ဟုတ်ရဲ့လား။

ကလေးယူဖို့ ဆုံးဖြတ်လိုက်တာဟာ တစ်ယောက်တည်းရဲ့ ဆုံးဖြတ်ချက်လား၊ နှစ်ဦးစလုံး ကလေးလိုချင်လို့ ခုလို ဆုံးဖြတ်ကြတာလားဆိုတာ တွေးပါ။
http://www.trend.com.mm/2015/02/27/relationships-5921

တရုတ်၊ စင်ကာပူမယ်စကြဝဠာအလှမယ်များနဲ့ ပုဂံခရီးစဉ်သွားရောက်ခဲ့တဲ့ မိုးစက်ဝိုင်


မြန်မာနှလုံးသား ပရဟိ တအဖွဲ့၏ လှူဒါန်းမှုအစီအစဉ် တွင်ပါဝင်ခဲ့သော တရုတ်နှင့် စင် ကာပူမယ်စကြဝဠာ ၂၀၁၃ အလှ မယ်များကို ပုဂံသို့ လိုက်ပါပို့ ဆောင်ပေးခဲ့ပြီး ယင်းခရီးစဉ်ကို မှတ်တမ်းတင်ထားကာ Amazing Cities အစီအစဉ်၌ ပြသသွား ရန် အစီအစဉ်ရှိကြောင်း မိုးစက် ဝိုင်က ပြောသည်။

��ပုဂံမှာ နာမည်ကြီးဘုရား တွေ အဲဒီလောက်အများကြီးရှိ တာကို သူတို့စိတ်ဝင်စားတယ်။ နောက်ပြီး ဘုရားတွေမှာ ရွှေ သင်္ကန်းကပ်ထားတာကို သူတို့ စိတ်ဝင်စားတယ်။ စေတီတွေက ရွှေအစစ်တွေနဲ့လုပ်ထားတယ်။ ထီးတော်တွေ ဆိုရင်လည်း ကျောက်မျက်ရတနာတွေနဲ့လုပ် ထားတော့ မခိုးဘူးလားလို့မေးကြ တယ်��ဟု မိုးစက်ဝိုင်က ပြော သည်။ ထို့အပြင် ဘုရားတစ်ဆူသို့ သွားရောက်ဖူးမြော်ရာတွင် ဆေး ရေးပန်းချီရေး၍ရသောကြောင့် လက်တွင် ရေးဆွဲခဲ့ကြသကဲ့သို့ ကြိုးဆွဲရုပ်သေးရုပ်လေးများကို လည်း စိတ်ဝင်စားကြသည်ဟု ဆိုသည်။

တရုတ်အလှမယ်မှာ ပုဂံ ခရီးစဉ်အပြီးတွင် ပြန်သွားပြီး စင် ကာပူအလှမယ်ကိုမူ ပြင်ဦးလွင် ဘက်သို့လိုက်ပါပို့ဆောင်ခဲ့ရ သည်ဟု မိုးစက်ဝိုင်က ပြော သည်။

��တရုတ်မယ်က မိုးစက်တို့ အလှူသွားတဲ့အချိန်ကတည်းက အရမ်းအခက်အခဲဖြစ်ခဲ့တယ်။ ဖုန်တွေရှူမိပြီး ဖျားသွားတယ်��ဟု မိုးစက်ဝိုင်က ပြောသည်။

မြန်မာနှလုံးသားပရဟိတ အဖွဲ့၏ ပထမဆုံးလှူဒါန်းသည့် အစီအစဉ်ကို ကြို့ပင်ကောက်မြို့ ရှိ သင်္ခရိုင်ဘုန်းတော်ကြီးသင် မိဘမဲ့ပညာသင်ကျောင်းတွင် သွားရောက်လှူဒါန်းခဲ့ပြီး ကျောင်း ဆောင်သစ်ဆောက်လုပ်ရန် အလှူငွေကျပ်သိန်း ၃၂၀ နှင့် ကျောင်းထိုင်ဆရာတော်နှင့် ကလေးများအတွက် အလှူငွေ ကျပ် ၁၀ သိန်းလှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။

အနုပညာလှုပ်ရှားမှုအနေ ဖြင့် ကြော်ငြာများသာရိုက်ကူးဖြစ် ပြီး မတ်လ ၂ ရက်နှင့် ၃ ရက်တွင် မန္တလေးမြို့၌ အလှူငွေကောက်ခံ မည့် We Are One Myanmar အဖွဲ့၌ ပါဝင်ရန် အစီအစဉ်ရှိ ကြောင်း မိုးစက်ဝိုင်က ပြော သည်။
http://7daydaily.com/story/32746#.VPEaxuGIXap

ကျောင်းသားသပိတ်ကိုယ်စားလှယ် ကိုးဦး လွှတ်တော်သို့ လာရောက်ဆွေးနွေး


လက်ပံတန်းတွင် ရပ်နားထားသော ကျောင်းသား သပိတ်စစ်ကြောင်းမှ ကိုယ်စား လှယ် ကိုးဦးသည် ပြည်ထောင်စု လွှတ်တော်သို့ လာရောက်၍ အမျိုးသားပညာရေးဥပဒေကြမ်းပြင်ဆင်ရေးကိစ္စနှင့် ပတ်သက်သည့် နှစ်ဦးနှစ်ဖက်ကြားမကျေလည်မှုများကို လာရောက်ညှိနှိုင်းဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။

ယခုလ ၂၇ ရက်တွင် ကျင်း ပပြုလုပ်သော ပြည်ထောင်စု လွှတ်တော်အစည်းအဝေးကျင်းပ နေချိန်၌ လွှတ်တော်သို့ ကျော် ကိုကို၊ ဖြိုးဖြိုးအောင်တို့ ဦးဆောင် သည့် သပိတ်စစ်ကြောင်း ကိုယ် စားလှယ် ကိုးဦးရောက်ရှိလာပြီး လွှတ်တော်နာယကနှင့် တွေ့ဆုံ ခွင့်တောင်းခံခဲ့သော်လည်း ပြည် သူ့လွှတ်တော်ဥပဒေကြမ်းကော် မတီ ဥက္ကဋ္ဌနှင့်သာ တွေ့ဆုံညှိနှိုင်း ဆွေးနွေးခဲ့သည်။

‘‘တွေ့ခွင့်တောင်းတာ ဟုတ် ပြီ။ ဒါပေမဲ့ ဥပဒေပြုရေးကိစ္စဖြစ်တဲ့အတွက် ဦးတီခွန်မြတ်တို့ နဲ့ တွေ့ပြီး ဆွေးနွေးလိုက်ပါ။ ကျွန်တော့်အနေနဲ့ လွှတ်တော်အစည်းအဝေးတွေကလည်း ရှိသေးတာကြောင့် မအားလပ်တာကြောင့်ပါ’’ဟု ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းက ကိုယ်စားလှယ်ကိုးဦးနှင့် တွေ့ဆုံစဉ်ပြောကြားခဲ့သည်။

လွှတ်တော်အစည်းအဝေး များ ကျင်းပပြီးစီးချိန် မွန်းလွဲ ၁ နာရီခန့်မှစတင်ကာ နှစ်နာရီခန့်ကြာဦးတီခွန်မြတ်နှင့် ကိုယ်စားလှယ် ကိုးဦးတို့ တွေ့ဆုံဆွေးနွေးခဲ့သည်။


‘‘တော်တော်များများပြော ဖြစ်ပါတယ်။ သူတို့အနေနဲ့လည်း တစ်ယောက်ချင်းစီပြောကြပါ တယ်။ အမျိုးသားပညာရေးဥပဒေ ကို ပြင်ဆင်တဲ့ ဥပဒေကြမ်းလွှတ် တော်ရောက်နေတဲ့ အနေအထား ကို မေးတယ်။ ဒီအပေါ်မှာ ပြည်သူ့လွှတ်တော်ဥပဒေကြမ်းကော်မ တီရဲ့ဆောင်ရွက်မယ့် အနေအထားတွေကိုလည်း ပြောပြပါတယ်’’ဟု တွေ့ဆုံဆွေးနွေးရာတွင် ပါဝင်ခဲ့သူ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခိုင်မောင်ရည်ကပြောသည်။ ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းအနေဖြင့် ကိုယ်စားလှယ်များကို တွေ့ဆုံသည့်ဆန္ဒရှိသော်လည်း အချိန်နှင့်အခြားအခက်အခဲများရှိနေသောကြောင့် ဥပဒေကြမ်းကော်မတီမှ လုပ်ငန်းစဉ်များကို သေချာစွာ ရှင်းလင်းပေးရန် မိမိအား မှာကြားကြောင်း ဦးခိုင်မောင်ရည်ကပင်ပြောသည်။

‘‘ကျွန်တော်တို့ရည်ရွယ် ချက်က ဒီသပိတ်စစ်ကြောင်းနဲ့ ပတ်သက်ပြီးတော့ရော ဥပဒေမူကြမ်းရေးဆွဲရေးနဲ့ ပတ်သက်ပြီးတော့ပါ မပြေလည်တဲ့ အခြေအနေတွေ အကျဉ်းအကျပ်ဆိုက် ရောက်နေတဲ့ အနေအထားတွေ ကနေဆက်ပြီး ဖြေရှင်းရမယ့် ကိစ္စတွေကို ဆွေးနွေးဖို့အတွက် လွှတ်တော်နာယကနဲ့ တွေ့ဆုံ ဆွေးနွေးဖို့ ကြိုးစားပြီးတော့ လာ ခဲ့တာဖြစ်ပါတယ်။ ဥပဒေအတည်မပြုမချင်း သပိတ်လှန်တာမလုပ်ပါဘူး’’ဟု ကျော်ကိုကိုကပြောသည်။

တွေ့ဆုံဆွေးနွေးမှုသည်အပြုသဘောဆောင်တွေ့ဆုံမှုဖြစ်ပြီး နှစ်ဖက်နားလည်မှုလွဲမှားနေသည့်အချက်များ ဆွေးနွေးခဲ့ကြောင်း ဦးခိုင်မောင်ရည်ကဆိုသည်။

Video proof ပုလဲသက်သေ (သို့) ၃ ဆတိုးကြိုးပမ်းနေ

Video proof ပုလဲသက်သေ (သို့) ၃ ဆတိုးကြိုးပမ်းနေ

• မနေ့ကလွှတ်တော်မှာ တရုပ်ကနေ ဒေါ်လာ သန်း ၃ဝဝ ထပ်ချေးယူဘို့ သမဝန်ကြီးဦးကျော်ဆန်းရဲ့အဆိုကို ဒေါ်ခင်စန်းလှိုင်က ကန့်ကန်တယ်။ ဒါပေမဲ့ မဲအများနဲ့ အတည်ပြုသွားခဲ့တယ်။
• မဲအများစုမရရအောင် ဖန်တီးလုပ်ယူထားလို့ သက်သေတွေ လက်ဆုပ်လက်ကိုင်ရှိပေမဲ့ လွှတ်တော်ဟာ အများအတွက် အားကိုးစရာမဟုတ်ဘူးဆိုတဲ့ နောက်ထပ်သက်သေခံချက်ဖြစ်တယ်။
• ဦးကျော်ဆန်းက ပုလဲလွှတ်တော်ကိုယ်စားလှယ်ဖြစ်ပြီး ဝန်ကြီးဖြစ်လို့လစ်လပ်သွားတဲ့နေရာကို ကြားဖြတ် ရွေးကောက်ပွဲလုပ်တော့ NLD က ဒေါ်ခင်စန်းလှိုင် အရွေးခံရတယ်။
• ကနေ့မနက်မှာ ပြည်ခိုင်ဖြိုးလှုပ်ရှားမှု - လက်တွေ့ငွေချေးမပေးပဲ မလိမ့်တပတ် ပါတီဝင်စုဆောင်းဆိုတဲ့ ဗီဒီယို ဖိုင်တခုကို ပုလဲက ၁၉၉ဝ အမတ်ဟောင်းဆီကို ပုလဲကနေပို့လာတယ်။
• ဦးကျော်ဆန်းဟာ ၂ဝ၁၂ ကြားဖြတ်မှာ သူ့အမျိုးကို အမတ်အရွေးခံဘို့ရာ တရုပ်ဆီက အရင်ချေးယူထားတဲ့ ဒေါ်လာ သန်း ၁ဝဝ ထဲကနေ ပုလဲသားတွေကို ငွေချေးပေးခဲ့တယ်။ အခု သန်း ၃ဝဝ ဟာလည်း လာမယ့် ၂ဝ၁၅ ရွေးကောက်ပွဲအတွက် ချေးယူတာဖြစ်တယ်။ ၃ ဆတိုးကြိုးပမ်းမဲ့သဘောဖြစ်တယ်။
• ကျွန်တော်တို့က ၅ ဆတိုးကြိုးပမ်းကြရပါလိမ့်မယ်။

ဒေါက်တာတင့်ဆွေ
၂၆-၂-၂ဝ၁၅

ကြံ့ခိုင်ရေးကဒေါ်လာ သန်း ၃ဝဝ ၂ဝ၁၅ ရွေးကောက်ပွဲအတွက် ချေးယူ

ကျောင်းသားဆိုသူတွေရဲ့ နှစ်ပဲခြောက်ပြားတောင်းဆိုမှုတွေကို အစိုးရက ဂရုမစိုက်သင့်ဘူး (လှဆွေ)


ဆီးကျောက်တည်ရောဂါအတွက် သဘာဝဆေးနည်း


မိန်းမမှာမီး ယောကျာ်းမှာဆီး ဆိုသည့်စကားအတိုင်း အမျိုးသမီးတို့အတွက် မီးနေချိန်သည် အလွန်အရေးကြီးသလို အမျိုးသားများအတွက် ဆီးရောဂါသည် အလွန်အရေးကြီးလှပါသည်။

ဆီးနှင့်ပတ်သက်သော ရောဂါများမှာလည်း အမျိုးမျိုးရှိနေပါသည်။ ဆီးကျောက်တည်ခြင်းသည် အလွန်အန္တရာယ်ကြီးသော ရောဂါတစ်ခု ဖြစ်နေပါသည်။ ထို့ကြောင့် ဆီးကျောက်တည်သူများအတွက် သဘာဝဆေးနည်းကောင်းတစ်ခုကို မျှဝေပေးလိုက်ပါသည်။

ဆေးနည်း(၁)

(၁) ကြက်သွန်နီဥ အလယ်အလတ်တစ်လုံးကို အခွံခွါပါ။

(၂) လေးစိတ်(သို့) ရှစ်စိတ်ဖြစ်အောင် ခွဲလိုက်ပါ။

(၃) ရေကျက်အေး(သို့မဟုတ်) ရေသန် မတ်တစ်ခွက်ထဲကို ထည့်၍ အဖုံးအုပ်ပြီး စိမ်ထားပါ။

(၄) တစ်နာရီခန့်စိမ်ပြီးလျှင် ၄င်းကြက်သွန်နီဥစိမ်ရေကို ကုန်အောင်သောက်ပါ။

ဆီးများသွားသည့်အခါ အနယ်ထိုင်နေသောကျောက်များ ပါသွားစေလိမ့်သည်။

ဆေးနည်း(၂)

သိန္ဓော+ဆားပုပ်+ဇ၀က်သာတို့ကို မန်ကျည်းစေ့ခန့်ဖြင့် မြင်းခွါရွက်ပြုတ်ရည်နှင့် ညအိပ်ခါနီး သောက်ပါ။ ကျောက်များကို ကြေစေ၍ မနက်ဆီးသွားသည့်အခါ ပါသွားပါလိမ့်မည်။

ဆီးကျောက်တည်ခြင်းဝေဒနာကို ခံစားနေရသောဝေဒနာရှင်များအတွက် ဒီပို့စ်လေးကို Share ပေးခြင်းဖြင့် ကူညီပေးနိုင်ကြပါတယ်။

ရောဂါဝေဒနာများ သက်သာပျောက်ကင်း၍ အားလုံးကျန်းမာချမ်းသာနိုင်ကြပါစေ။

စောနွဲ့ နေဆိုင် (ပူတာအို)
ကျမ်းကိုး ။ ။ မြန်မာ့ရိုးရာဆေးမြီးတိုများ

ကျန်းမာရေးသတင်းများ - မှ

ကော့စမွေကျွန်းတွင် မြန်မာအမျိုးသမီးသေဆုံးမှု မြန်မာယောက်ျားလျာက ငွေပေးသတ်ခိုင်းခြင်းဖြစ်

ကော့စမွီကျွန်းတွင် မြန်မာအမျိုးသမီးတစ်ဦးကို သတ်သော တရားခံများမှာ မြန်မာလုပ်သားသုံးဦးဖြစ်ပြီး မြန်မာယောက်ျားလျာတစ်ဦးက ဘတ် သုံးသောင်းပေးငှားရမ်းကာ သတ်ခိုင်းခြင်းဖြစ်ကြောင်း သတင်းရရှိ သည်။

ဖေဖော်ဝါရီ ၂၂ ရက်ညက ကော့စမွီကျွန်းတွင် အသတ်ခံရသော မချောငယ်ငယ်ကို ယောက်ျားလျာ မြန်မာ အမျိုးသမီး မမီးမီး(ခ)မနန်းဖွန်က ချစ်ကြိုက်နေသည်။ မချောငယ်ငယ်က ပြန်မကြိုက်သဖြင့် မြန်မာလုပ်သား မသန်းသန်းစိုးနှင့် မောင်ဖြစ်သူ ကိုဇော်တို့ကို ငှားရမ်းသတ်ခိုင်းခြင်းဖြစ်သည်ဟု မမီးမီးက ထိုင်းရဲတပ်ဖွဲ့ထံ ဝန်ခံထားသည်။

အဆိုပါရက်က မမီးမီးသည် မချောငယ်ငယ်ကို ခေါ်ဆောင်သွားပြီး ကော့စမွီကျွန်းရှိ View Point နေရာတွင် ပါးစပ်နှင့် နှာခေါင်းတို့ကို တိပ်ဖြင့်ပိတ်ကာ ကိုဇော်က လည်ပင်းညှစ်သတ်ဖြတ်ခဲ့ခြင်းဖြစ်သည်။ မမီးမီးသည် မုဒိမ်းမှုအဖြစ် ပုံဖော်နိုင်ရန် ချောငယ်ငယ်၏ ခန္ဓာကိုယ်ကိုသွားဖြင့် ကိုက်၍ အဝတ်အစားများ ချွတ်ယူသွားခဲ့ သည်ဟု ထိုင်းရဲတပ်ဖွဲ့ အား ပြောကြားခဲ့ကြောင်း ကော့စမွီကျွန်းရှိ ရခိုင်စာပေအသင်းမှ ကိုသန်းရွှေ ကပြောသည်။

‘‘မီးမီးက ချောငယ်ငယ်ကို ကြိုက်နေတာ။ ချောငယ်ငယ်က ယောက်ျားနဲ့ကွဲနေတာ တစ်လရှိပြီ။ ကော့စမွီကို မီးမီးကခေါ်လာတာ။ သူပဲ အလုပ်သွင်းပေးတာ။ သူ့ကို ပြန်မကြိုက်လို့ဆိုပြီး ဘတ် သုံးသောင်းပေးပြီး သတ် ခိုင်းတာပေါ့။ ကမ်းခြေ စီစီတီဗီကနေ ဖမ်းမိတာပါ။ အဲဒီနေ့ ည ၂ နာရီ လောက်မှာ သတ်လိုက်တာလို့ သိရ တယ်။ မီးမီးရဲ့လက်အိတ်နဲ့ ဖိနပ်ကျန်နေတာ။ အစက မုဒိမ်းကျင့်ခံရတယ်လို့ ယူဆတာ။ အခု ထိုင်းရဲက မုဒိမ်းကျင့်ခံရတယ်လို့ မပြောသေးဘူး’’ဟု ကိုသန်းရွှေက ပြောသည်။

တရားခံမြန်မာလုပ်သားသုံးဦးကို ထိုင်းရဲတပ်ဖွဲ့က ဖေဖော်ဝါရီ ၂၄ ရက်တွင် ဖမ်းဆီးလိုက်ပြီး ထိုနေ့၌ပင် အခင်းဖြစ်ပွားရာတွင် သရုပ်ပြမှုများ ပြုလုပ်သွားခဲ့သည်။

သေဆုံးသူ အမျိုးသမီးသည် ကော့စမွီကျွန်းသို့ ပြီးခဲ့သည့် တစ်ပတ်ခန့်က ရောက်ရှိခြင်းဖြစ်ပြီး သူဌေးအိမ် တစ်အိမ်၌ အိမ်ဖော် အလုပ်လုပ်နေသူဖြစ်သည်။

လိပ်ကျွန်းလူသတ်မှုဖြင့် ဖမ်းဆီးခံထားရသော မြန်မာလုပ်သား နှစ်ဦးကိုလည်း ကော့စမွီကျွန်းရှိ ထောင်တွင် ထားပြီး ရုံးချိန်းရုံးထုတ်များကို ထိုကျွန်း၌ ပြုလုပ်နေသည်။

ငြိမ်းချမ်း | 7Day

ထိုင်း တော်ဝင် မင်းသမီးဟောင်းရဲ့ မိဘတွေ အဖမ်းခံရ

အိမ်ရှေ့စံ မင်းသား(ဝဲ)ရဲ့ တတိယမြောက် ဇနီး ဖြစ်တဲ့ မင်းသမီးဟောင်း Srirasmi (ယာ)
ထိုင်းနိုင်ငံမှာ ဘုရင် မိသားစုကို အကြည်ညို ပျက်စေမှု စွဲချက်တွေနဲ့ တော်ဝင် မင်းသမီးဟောင်း တစ်ယောက်ရဲ့ မိဘ နှစ်ဦးကို ရဲတွေက ထိန်းသိမ်း လိုက်ပါတယ်။

မင်းသမီးဟောင်း Srirasmi Suwadee ရဲ့ မိဘတွေက သူတို့ဟာ တော်ဝင် မိသားစုနဲ့ ဆက်နွယ် ပတ်သက်မှုကို အလွဲသုံးပြီး လွန်ခဲ့တဲ့ ၁၂ နှစ်က အိမ်နီးချင်း တစ်ယောက်ကို လိမ်လည်မှု စွဲချက်နဲ့ ထောင်ကျ စေခဲ့ကြောင်း ဝန်ခံ ပြောဆိုခဲ့ပါတယ်။

မစ္စ ဆရီ ရက်ဆမီ ဟာ ထိုင်း အိမ်ရှေ့စံ မင်းသား Maha Vajiralongkorn ရဲ့ ကြင်ယာတော် ဖြစ်ခဲ့ဖူးပြီး ကွာရှင်းခဲ့သူ ဖြစ်ပါတယ်။

ထိုင်း တော်ဝင် မိသားစုအပေါ် အကြည်ညို ပျက်စေမှု စွဲချက်တွေနဲ့ ထိန်းသိမ်းခံရသူတွေ ထဲမှာ ပြီးခဲ့တဲ့ နှစ်ကုန်က စလို့ အခု အချိန်အထိ မစ္စ ဆရီ ရက်ဆမီရဲ့ မိသားစုဝင် စုစုပေါင်း ၉ ဦး ရှိသွားပြီ ဖြစ်ပါတယ်။

ထိုင်း နိုင်ငံမှာ တော်ဝင် မိသားစုကို အကြည်ညို ပျက်စေမှု စွဲချက်ကို စစ်အစိုးရ အာဏာသိမ်းပြီး နောက်ပိုင်းမှာ ပိုမို တိုးမြှင့် အသုံးပြုလာတာ တွေ့ရပါတယ်။

BBC Burmese
http://www.bbc.co.uk/burmese/world/2015/02/150227_thai_ex_princess_parents_arrested

အသက် ၈၈ နှစ်အရွယ်ရှိ အဘွားအိုတစ်ဦးအား နေပြည်တော်စည်ပင်တရားရုံးမှ ပုဒ်မ ၂၆ ဖြင့် ထောင်ဒဏ်တစ်လ ချမှတ်ခဲ့ပြီး အသက် ၈၂ နှစ် အရွယ် အဘွားအိုတစ်ဦးအား ပုဒ်မ ၂၇ ဖြင့် ထပ်မံတရားစွဲဆိုထား

နေပြည်တော်ကောင်စီနယ်မြေ သမ္မတ တိုက်ရိုက်အုပ်ချုပ်သည့်နယ်မြေတွင် အသက် ၈၈ နှစ်အရွယ်ရှိ အဘွားအိုတစ်ဦးအား စည်ပင်ပုဒ် မ ၂၆ ဖြင့် နေပြည်တော်စည်ပင်တရားရုံးမှ တရားသူကြီး ဒေါ်မိမိသန်းက ဖေဖော်ဝါရီလ ၂၇ ရက်နေ့တွင် ထောင်ဒဏ်တစ်လ ချမှတ်ခဲ့ပြီး အသက် ၈၂ နှစ်အရွယ် အဘွားအိုတစ်ဦးအား ပုဒ်မ ၂၇ ဖြင့် ထပ်မံတရားစွဲဆိုထားကြောင်း သိရသည်။

လယ်ဝေးမြို့နယ်၊ နယ်မြေ ၁၆၊ အမှတ် ၆ ရပ်ကွက်တွင် နေထိုင်သည့် အသက် ၈၈ နှစ်အရွယ် ဒေါ်တင်လှိုင်အား နေပြည်တော်စည်ပင်မှ ကျူးကျော်အဖြစ်သတ်မှတ်ကာ ယခုလို ထောင်ဒဏ်ချမှတ်ခဲ့ပြီး ရှမ်းစုကျေးရွာအုပ်စု၊ ဆင်အုံကြို့ပင်ရွာ ကွင်းအမှတ် ၁၈၄၄ တွင်နေထိုင်သည့် အသက် ၈၂ အရွယ်ရှိ ဒေါ်ညိုအား ၂ဝ၁၄ ခုနှစ်တွင် စည်ပင်ပုဒ်မ ၂၆ ဖြင့် ထောင်ဒဏ်တစ်လ ကျခံခဲ့ရပြီး နေထိုင်သည့် နေအိမ်အား ယခုအချိန်အထိ ဖယ်ရှားပေးခြင်းမရှိသဖြင့် ပုဒ်မ ၂၇ ဖြင့် ဆက်လက်တရားရင်ဆိုင်လျက် ရှိကြောင်းသိရ သည်။

“ကျူးကျော်ဆိုပြီး စည်ပင်ပုဒ်မ ၂၆ နဲ့ စွဲတယ်။ဒီနေ့ အမိန့်ချမယ်တဲ့။ ဒီနေ့အမိန့်ချတာကို မခံနိုင်သေးတဲ့အတွက် တရားသူကြီးကို ပြောပြမယ်။အဘွားက ကျန်းမာရေးမကောင်းဘူး။ ယားနာတွေပေါက်နေလို့ ဆေးထိုးနေတာ တစ်လလောက်ရှိပြီး။ အခုတရားရုံးလာတာကလည်း ဘာမှမပါပဲနဲ့ လာတာ။ ရုံးချိန်းက တစ်နှစ်လောက်တော့ရှိပြီ။ ဖရဲသီး၊ ဆီးသီးရောင်းပြီး မရှိမဲ့၊ရှိမဲ့နဲ့ တရားရုံးလာရတာ။အဘွားနေတာ ၂ဝဝ၉ ခုနှစ်ကတည်းက နေတာ။စည်ပင်ကလည်း ကျူးကျော်ဆိုပြီး ဖျက်ခိုင်းတယ်။ နေစရာမရှိလို့ မဖျက်ပေးနိုင်ဘူး။ ဝိုင်းကွက်ကလေး ပေးမယ်၊ လျော်ကြေးလေးပေးမယ်၊ ရွှေ့ပြောင်းစရိတ်ပေးမယ်ဆိုရင် ရွှေ့ပေးမယ်လို့ အဘွားပြောထားပါတယ်။ ထောင်ထဲရောက်လို့ နေမကောင်းဖြစ်ရင် ဘယ်လိုလုပ်ရမလဲ။ အားကိုးစရာလည်း မရှိဘူး။ အဘွားနေရာမှာပဲ နေချင်တယ်။သေချင်တယ်”ဟု အသက် ၈၈ နှစ်အရွယ် ဒေါ်တင်လှိုင်က အမိန့်မချမီ ပြောကြားခဲသည်။

ဆက်လက်၍ “အဘွားက သမ္မတနဲ့တွေ့မယ်ဆိုရင် ပြောချင်တယ်။ ပုဒ်မ ၂၆ ဘယ်လိုကြောင့် တရားစွဲတာလဲ။ အဘွားတို့ မြန်မာပြည်သားအစစ်ပဲ။ သမ္မတကြီးပြောပြောနေတဲ့ ဆင်းရဲသားပပျောက်ရေးဆိုတာ ဘယ်မှာ ဆင်းရဲသားပပျောက်လို့လဲ။ သမ္မတကြီးကမှ နေစရာလေး ချမပေးရင် အဘွားတို့ဘယ်နားနေရမှာတုန်း။ သမ္မတကြီးပြောတာကို တီဗွီမှာလည်း ကြားဖူးတယ်။ ရေဒီယိုထဲမှာလည်း ကြားဖူးတယ်။ပြောတာနဲ့က တခြားစီ ဖြစ်မနေဘူးလား။သူတို့ကျတော့ တိုက်နဲ့ကားနဲ့နေလို့။အဘွားတို့ကျတော့ ထောင်ချနေတာ။ စဉ်းစားပေးကြည့်ပါဦး။ ကိုယ့်ဟာနဲ့ကိုယ် အဖြစ်ခံနေရတာ ဝမ်းလည်းနည်းတယ်။ ရှက်လည်းရှက်တယ်။သမ္မတကြီးနဲ့တွေ့ရင် ဒူးထောက်ပြီး တောင်းပန်မယ်။အဘွားတို့နေတဲ့နေရာ မှန်တဲ့အကြောင်းကို ပြောပြချင်တယ်”ဟု အဘွားအို ဒေါ်တင်လှိုင်က ပြောကြားသည်။

နေပြည်တော်စည်ပင်သာယာရေးတရားရုံးမှ တရားသူကြီး ဒေါ်မိမိသန်းက အဘွားအို ဒေါ်တင်လှိုင်အား စည်ပင်ပုဒ်မ ၂၆ ဖြင့် ထောင်ဒဏ်တစ်လ ချမှတ်ခဲ့ရာ၌ ဒေါ်တင်လှိုင်မှာ တရားရုံးထဲတွင် သတိလစ်သွားသည့်အထိ ဖြစ်ခဲ့ပြီး ရမည်းသင်းထောင်သို့ ပို့ဆောင်လိုက်ကြောင်း သိရသည်။

အသက် ၈၂ နှစ်အရွယ်ရှိ ဒေါ်ညိုက“အမေ့လယ်ထဲ အမေနေတာကို ကျူးကျော်ဆိုပြီး ပုဒ်မ ၂၆ နဲ့ တရားစွဲ ထောင်ချတယ်။ ဖယ်ပေးရင် ဘယ်သွားနေရမလဲ။ အမေ့ကို ထောင်တစ်လချပြီး ပြန်လွတ်လာတော့ ရက် ၂ဝ ကြာမှာ ပုဒ်မ ၂၇ နဲ့ပြန်တရားစွဲတယ်။ ဒီနေမှာ နှစ်ပေါင်းလေးဆယ်လောက် နေလာတာပါ”ဟု ပြောကြားသည်။

“တရားသူကြီးကလည်း ညှာတာထာက်ထားတာ မရှိဘူး။အမေ့ကို သူတို့ပြောချင်တာပြောပြီး လုပ်ချင်တာလုပ်သွားတာ။ ကျွန်မကို အထဲဝင်မခံဘူး။ အမေ့မှာ ရောဂါရှိတယ်။ဒီနေ့တော့ ချက်ချင်လိုက်မသွားနိုင်ဘူး။ နောက်နေ့မှပဲ ရမည်းသင်းထောင် လိုက်သွားရမှာ”ဟု ဒေါ်တင်လှိုင်၏ သမီးဖြစ်သူက ပြောသည်။

စည်ပင်တရားသူကြီး ဒေါ်မိမိသန်းမှ ပုဒ်မ ၂၆ ဖြင့် ၂ဝ၁၅ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့တွင် အသက် ၇၄ နှစ်ရှိ ဦးအောင်ဝင်း နှင့် ဇန်နဝါရီလ ၉ ရက်နေ့တွင် အသက် ၆၇ နှစ်ရှိ ဦးငချွန်အား ထောင်ဒဏ်တစ်လစီ ချမှတ်ခဲ့ကြောင်း သိရသည်။

Credit: Eleven media

ကိုယ်တွင်း ကလီစာ လိုက်လံ ခိုးယူနေသူတွေ အမျိုးသား တစ်ဦး တန်ဆာကိုပါ ဖြတ်တောက် ယူဆောင်

လူ့ခန္ဓာကိုယ်က ကလီစာတွေ ဖြစ်တဲ့ ကျောက်ကပ်၊ နှလုံး၊ အသည်း တို့ကို လိုက်လံ ခိုးယူနေတဲ့ သူတွေပာာ ယခု နောက်ဆုံး အမျိုးသား တစ်ဦးရဲ့တန်ဆာ ကိုပါ ဖြတ်တောက် ယူဆောင်သွား ခဲ့ကြောင်း သိရပါတယ်။ ဒီဖြစ်ရပ်ဟာ ရုရှားနိုင်ငံမှာ ဖြစ်ပွားခဲ့တာ ဖြစ်ပြီး အမျိုးသား တန်ဆာကို ဖြတ်တောက်ရာမှာ ဆရာဝန် တစ်ဦးနီးပါး ကျွမ်းကျင် ကြတယ်လို့ ရဲတပ်ဖွဲ့က မှတ်ချက်ပြုခဲ့ ပါတယ်။

အသက် (၃၀)နှစ်အရွယ်ရှိ သရုပ်ဆောင် ဒီမစ်ထရီနီကိုလက်ဗ်ပာာ မော်စကိုရှိ ပြဇာတ်ရုံမှာ ကပြ ဖျော်ဖြေ ပြီးနောက် ချောမော လှပတဲ့ ရွှေအိုရောင် ဆံပင်ရှိတဲ့ အမျိုးသမီး တစ်ဦးနဲ့ တွေ့ဆုံခဲ့ ပါတယ်။ ဒီနောက် အဲဒီအမျိုးသမီးရဲ့ ဆွဲဆောင်မှု အောက်မှာ စီးမျှောသွား ခဲ့တဲ့ ဒီမစ်ထရီနီကိုလက်ဗ်ဟာ ဒုက္ခ တွေ့ဖို့ အကြောင်း ပေါ်လာခဲ့ ပါတယ်။ ဒီမစ်ထရီနီကိုလက်ဗ်ပာာ ချောမော လှပတဲ့ အမျိုးသမီးနဲ့ ဘီယာတွေ သောက်ပြီး ဘာကိုမှ မသိတော့တဲ့ အခြေ အနေကို ရောက်သွားခဲ့ ပါတယ်။ မနက်ပိုင်းကို ရောက်ရှိတဲ့ အချိန်မှာ ဒီမစ်ထရီနီကိုလက်ဗ်ပာာ ဘတ်စ်ကားစီးဖို့ ကားမှတ်တိုင်မှာ စောင့်နေစဉ် တန်ဆာ ပာာ ရုတ်တရက် နာလာပြီး သွေးတွေ ထွက်လာ တာကြောင့် ဆေးရုံကို ရောက်သွားခဲ့ ပါတယ်။ ဒီအဖြစ်အပျက်ကို ဆရာဝန်တွေ ကိုယ်တိုင် အံ့အားသင့် ခဲ့ရပါတယ်။ တန်ဆာကို ဖြတ်ယူသွား ရာမှာ အလွန် ကျွမ်းကျင်မူရှိနေ တာကြောင့် ဆရာဝန်တွေ အံ့အားသင့်ခဲ့ခြင်းဖြစ်ပါတယ်။ ဒီမစ်ထရီနီကို လက်ဗ်ဟာ သူ့အနေနဲ့ အမျိုးသမီး တစ်ဦးနဲ့ ဘီယာသောက်ပြီး ဘာမှ မသိတော့ကြောင်း ထွက်ဆိုခဲ့ ပါတယ်။ ဒီမစ်ထရီနီကိုလက်ဗ်ပာာ မူးယစ်ဆေးဝါး တစ်မျိုး တိုက်ကျွေးခံ ရပြီး မေ့မြော သွားတဲ့အချိန်မှာ တန်ဆာကို ဖြတ်ယူ သွားတာ ဖြစ်ပါတယ်။ ရဲတပ်ဖွဲ့ ကတော့ ကိုယ်တွင်း ကလီစာတွေ လိုက်လံ ခိုးယူပြီး မှောင်ခို ဈေးကွက်မှာ ရောင်းချ သူတွေရဲ့ လက်ချက် ဖြစ်နိုင်ကြောင်း ကောက်ချက်ချထား ပါတယ်။ ကိုယ်တွင်း ကလီစာ မှောင်ခို ဈေးကွက်ပာာ တဖြည်းဖြည်း ကျယ်ပြန့် လာပြီး ဆိုးဝါးတဲ့ အဖြစ်အပျက်မျိုးတွေ ကြုံရလေ့ ရှိတယ်လို့ သိရပါတယ်။ အမျိုးသမီးငယ် အချို့ဟာ အယုံ လွယ်ပြီး ယောက်ျားလေး တွေနောက် လိုက်သွားတဲ့ အခါ ကိုယ်တွင်းက ကျောက်ကပ်တွေ ဖောက်ထုတ်ယူ ခဲ့တဲ့ အဖြစ်မျိုး တွေလည်း ရှိခဲ့ဖူးတယ်လို့ ဆိုထား ပါတယ်။ ဒီမစ်ထရီနီကို လက်ဗ်ဟာ ဇနီးရှိသူ ဖြစ်ပြီး ဒီဖြစ်ရပ်ကို ရှင်းပြဖို့ အခက်တွေ့နေကြောင်း သိရပါတယ်။ လက်ရှိအချိန်မှာ ဒီမစ်ထရီနီကိုလက်ဗ်ဟာ မော်စကိုရှိ ဆေးရုံတစ်ရုံမှာ ဆေးကုသမှု ခံယူနေပြီး သူ့ရဲ့သတင်းကို ရုရှား မီဒီယာတွေမှာ အကျယ်တ၀င့် ရေးသား ဖော်ပြနေကြ ပါတယ်။
http://www.messengernewsjournal.com/General/Eventure/detail.php?id=32675

နမ့်ခမ်းမြို့ဒေသခံများစုပေါင်းပြီး တရုတ်ပို့မည့် သတ္တုကျောက်တင် ကားများအား ပိတ်ပင်တားဆီး


ဖေဖော်ဝါရီလ ၂၇ ရက် ၂၀၁၅

သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့၌ တရုတ်နိုင်ငံ သို့ တင် ပို့မည့် သတ္တုကျောက် အပြည့်တင် ကုမ္မဏီ၏ကားတန်း ကို ဒေသခံပြည်သူ များစုပေါင်းပြီး ဝိုင်းဝန်းတားဆီးသည့်ဖြစ်ရပ်တစ်ခု ယမန် နေ့ က ဖြစ်ပေါ်ခဲ့သည်။

အဆိုပါ သတ္တုကျောက်တင်ကားများသည် ငွေကမ္ဘာကျော် သတ္တုတူးဖော်ရေး ကုမ္မဏီမှ ကားအချို့ နှင့် ကုမ္မဏီမှ ဌားရမ်းထားသော နမ့်ခမ်းမြို့ ဒေ သခံ တစ်ချို့၏ ကားများဖြစ်ကြပြီး မြို့အနောက် တောင်ဘက်ရှိ ဟွေ့အို့ကျေးရွာ သတ္တုတူး ဖော်ရေးစခန်းမှ တူးဖော်နေသည့် သတ္တုကျောက်များ ဖြစ် ကြကြောင်း နမ့်ခမ်းမြို့ SNLD ကျားခေါင်းပါတီ ဥက္ကဌ စိုင်းလိန်မြတ် ကဆိုသည်။

သတ္တုကျောက်တင်ကားတွေကို ဒေသခံ အယောက် ၃၀၀ ခန့် ကဝါးလုံးတွေ နဲ့တား လမ်းပိတ် ကြရာ ညနေ ၃: ၃၀နာရီမှ ညနေ ၅:ဝဝ နာရီ ဝန်းကျင် ခန့်အထိ ဖြစ်ကြောင်း နမ့်ခမ်းမြို့ SNDP ကျားဖြူ ပါတီ အတွင်းရေးမှူး စိုင်းထွန်းလှ ကဆိုသည်။

ခရိုင်အုပ်ချုပ်ရေးမှူး ကိုယ်တိုင်လာတယ်။ မြို့နယ်အုပ်ချုပ် ရေးမှူးရုံး မှာ ဒေ သခံတွေနဲ့ သတ္တုတူးဖော်ရေးတာဝန်ရှိသူတွေ နဲ့ ပြေပြေလည် လည်ဖြစ်ေ အာင် တွေ့ဆုံ ဖြေရှင်းပေးခဲ့ တယ်။ ငွေကမ္ဘာကျော် ကုမ္မဏီတာဝန်ခံ (ဗိုလ်ကြီးဟောင်း) ဦးအောင်ဝင်းကို ဒေသခံ ပြည် သူလူထုနဲ့ မညှိနှိုင်း မတိုင်ပင်ပဲနဲ့ သတ္တုတူးဖော်ရေးလုပ်ငန်း မလုပ်ပါနဲ့လို့လည်း ပြော လိုက် တယ်။ နောက်ပြီး ကျနော်တို့ ဒီ မြို့ အရှေ့ဘက်ခြမ်းမှာ ရှိတဲ့ ငွေကမ္ဘာေ ကျာ် ကုမ္မဏီ ရဲ့ သတ္တုတူးဖော်မှုကြောင့် လယ်သမားတွေ အားထားရတဲ့ နမ့်ဆီးရီးချောင်း ပျက်စီးသွား တဲ့အပေါ် အမြန်ဆုံး ပြန်လည်ပြုပြင်ပေးဖို့ လည်း ပြောသွားတယ်။” ဟု ၄င်းက သျှမ်းသံ တော်ဆင့်အားပြောသည်။

အဆိုပါ သတ္တုတင်ဖို့ကားများ ဟွေ့အို့ဘက်သို့တက်သွားကြောင်း ၂၅ ရက်နေ့ကတည်းက သျှမ်းနိုင်ငံရေးပါတီ ၂ ခုမှ တာဝန်ရှိသူများနှင့် လယ် သမားခေါင်းဆောင်များစုပေါင်းပြီး အုပ်ချုပ်ရေးရုံးသို့ သွားရောက် ပြောဆို သတင်းပေးပို့ခဲ့သည်။ မြို့ခံချင်း ထိပ်တိုက်တွေ့စရာမလိုအောင်၊ မလိုလားအပ်သည့် ပြဿနာများ မဖြစ်လာအောင်သတ္တုတင်ပို့မှုအား တားမြစ်ပေးရန်လည်း တောင်းဆိုခဲ့သည်။

၎င်းနှင့်ပတ်သက်၍ အဆိုပါ သတ္တုတင်ယာဉ်တန်းအား တားဆီး၍ မရခဲ့ကြောင်း မြို့နယ်ရဲမှူးကြီးကဖုန်းဆက်အကြောင်းကြားခဲ့သည်ဟုလည်း စိုင်းလိန်မြတ်က သျှမ်းသံတော်ဆင့်အားပြောသည်။

“ အဲ့ကျောက်တင်ကားကို လုံခြုံရေးယူပေးနေတဲ့အဖွဲ့ က ကောင်းခါး KDA ပြည်သူ့ စစ်တပ်ဖွဲ့ တွေဖြစ်နေလို့တဲ့ မြို့နယ်ရဲမှူးကြီး က အုပ်ချုပ်ရေး အထောက်အကူပြုအဖွဲ့ ကို ဖုန်းဆက်တယ်။ ဟွေ့အို့ ကနေ သတ္တုသယ်ေ ဆာင်ပြီးအပြန် ကောင်းကတ်ကျေးရွာမှာ တား သေးတယ် တားလို့မရဘူးတဲ့။”

လယ်သမားခေါင်းဆောင် စိုင်းဆမ်မွန် က “ အရင်ကတည်းက ပန်ခါးရွာမှာ သတ္တုထုတ်လုပ်မှု ကြောင့် နမ့်ဆီးရီးချောင်းတစ်လျှောက်ရှိ စိုက်ပျိုးမြေတွေ ပျက်စီးဆုံးရှုံးနေတာကိုတောင် ပြန်လည်မပြုပြင်ပေးသေးဘဲနဲ့ အခု နေပြည်ေ တာ် အစိုးရဆီက ပါမစ်တောင်းပြီး ဟွေ့အို့ ရွာမှာ ထပ်တူးမယ်ဆိုတော့ ဒါ မဖြစ်သင့်တဲ့ကိစ္စ ပဲ” ဟု ၄င်းက ဆိုသည်။

အဆိုပါ ငွေကမ္ဘာကျော်သတ္တုတူးဖော်ရေးကုမ္ပဏီမှ သတ္တုတူးဖော် သယ်ဆောင်ခွင့်ပါမစ် ရရှိထားသည့်ကိစ္စကိုလည်း သျှမ်းပြည် သတ္တုတွင်းဝန်ကြီး(SNDP ကျားဖြူပါတီ ဥက္ကဌကြီး) ဦးစိုင်းအိုက်ပေါင်းမှ မသိရှိရဟုလည်း ပြောဆိုပါသည်။

နမ့်ခမ်းမြို့နယ်တွင် သတ္တုတူးဖော်ရေးလုပ်ငန်းလုပ်ကိုင်နေသော ကုမ္ပဏီများမှာ ငွေကမ္ဘာကျော်၊ စိန်ပဒေသာ၊ မြန်မာ့မြှားဦး၊ GSM နှင့် တရုတ်နိုင်ငံသား များက ရှယ်ရာအများစု ထည့်ဝင်ထားသော အခြားသော သတ္တုတူးဖော်ရေးကုမ္ပဏီများရှိပါသည်။

သျှမ်းသံတော်ဆင့်၊ စိုင်းလုံ
https://www.facebook.com/Panglong.burmese

ဆေးရုံဝန်ထမ်းမဟုတ်သော ဆရာဝန် ၀င်ရောက်ခွဲစိတ်ခဲ့ရာမှ မွေးလူနာတဦး အသက်ဆုံးရှုံး

ပုံ-ကျန်ရစ်သူမိသားစုများက ဖြစ်စဉ်ကို ပြန်လည်ပြောပြနေစဉ်
စလင်းမြို့နယ် ဆေးရုံတွင် မွေးလူနာတဦး နာရီပေါင်းများစွာ စောင့်ဆိုင်းစေခဲ့ပြီး အချိန်လွန်မှ ခွဲစိတ်မွေးဖွားပေးခဲ့ရာမှ ထိုလူနာမှာ အသက်မဆုံးရှုံးသင့်ဘဲ ဆုံးရှုံးခဲ့ရကြောင်း အသက်ဆုံး မိသားစုဝင်များ၏ ပြောကြားချက်အရ သိရသည်။ စလင်းမြို့နယ် ဆင်ကျုံရွာမှ သေဆုံးသူ မမြင့်မြင့် အသက် (၃၄ နှစ်) သည် ဖေဖော်ဝါရီလ ၂၀ ရက်နေ့ နံနက် ၇ နာရီတွင် ဆေးရုံရောက်ပြီး ည ၇ နာရီတွင်မှ ခွဲစိတ်ခန်းဝင်ခဲ့ရသည့်အပြင် ဆေးရုံဝန်ထမ်းမဟုတ်သူ ဆရာဝန်တဦးက ၀င်ရောက်ခွဲစိတ်ပေးခဲ့ပြီးနောက် လူနာအခြေအနေအရ မင်းဘူးဆေးရုံသို့ ထပ်မံပို့သခဲ့ရာတွင် သေဆုံးသွားခဲ့ကြောင်း လူနာရှင် မိသားစုဝင်များ က ဖေဖော်ဝါရီ ၂၆ ရက်နေ့တွင် ပြောကြားသည်။

အဆိုပါ စလင်းဆေးရုံတွင် တာဝန်ကျဆရာဝန်ကြီးမှာ ခွဲစိတ်ခြင်းမရှိဘဲ ယင်း ဆရာဝန်ကြီး၏ ခင်ပွန်းဖြစ်သူ အငြိမ်းစားဆရာဝန်ကသာ ၀င်ရောက်ခွဲစိတ်ပေးခြင်းများကို ပြုလုပ်နေသည်မှာ ကာလအတန်ကြာပြီ ဖြစ်ကြောင်း၊ ယင်းအငြိမ်းစား ဆရာဝန်ကြီးမှာ မွေးလူနာများကို ခွဲစိတ်ရာတွင် အလွန်ကျွမ်းကျင်မှုရှိကြောင်း စလင်းပြည်သူ့ဆေးရုံတွင် မကြာခဏ သွေး လှူဒါန်းသူတဦးက ပြောသည်။ အငြိမ်းစားဆရာဝန်ကြီးမှာ လူနာများကို ခွဲစိတ်ခြင်းသာပြုလုပ်ပြီး ခွဲစိတ်သော အချိန် ၁၀ မိနစ်၊ ၁၅ မိနစ် အတွက် ငွေကျပ် ၇ သောင်း မှ ၁ သိန်း ပေးရကြောင်း၊ လူနာကို ပြန်လည်ချုပ်ပေးသောကိစ္စကို အခြားဆေးရုံဝန်ထမ်းများက ပြုလုပ်ပေးကြောင်း၊ စလင်းဆေးရုံတွင် မွေးလူနာတဦးကို သွားစောင့်ပေးခဲ့ဖူးသူ စလင်းမြို့ခံတဦးက ၎င်း၏ကိုယ်ပိုင်အတွေ့အကြုံကို ပြောပြသည်။

ဆရာဝန်များအနေဖြင့် ဆန္ဒရှိပါက ပြင်ပဆေးခန်းများတွင် ကိုယ်ပိုင်ဆေးကုသခွင့်ရှိကြောင်း၊ သို့ရာတွင် အစိုးရဆေးရုံ များတွင်မူ သက်ဆိုင်ရာဝန်ကြီးဌာန၏ခွင့်ပြုချက်ဖြင့် ခန့်အပ်ထားသော ဆရာဝန်များမှအပ ပြင်ပဆရာဝန်များ ၀င်ရောက်ကုသခြင်း မပြုနိုင်ကြောင်း၊ ပြည်သူ့ကျန်းမာရေး ဖောင်ဒေးရှင်းဥက္ကဋ္ဌ ဒေါက်တာသန်းစိန်က ပြောသည်။
မြန်မာနိုင်ငံတွင် ပြည်သူ့ကျန်းမာရေးစောင့်ရှောက်မှု ဥပဒေကို ရေးဆွဲရန် ကြားပင်မကြားမိသေးကြောင်း ပြည်သူ့လွှတ်တော် အခြေခံ ကျန်းမာရေးဥပဒေပြုကော်မတီဝင် ဒေါက်တာသန်းဝင်းက ပြောသည်။

စောကျော်ဝင်း
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal

Blog Archive

Shwe Hmone Yati

Tags

၊ ဇရစ်ချောင်ကျေးရွာ ၊ သထုံမြို့နယ် ၊ အင်းတိုင်စုကျေးရွာ ၀က်လက် ၀တ္တု ၀တ်မှုံရွှေရည် ၀မ်းတွင်း ၀မ့်ဟိုင်း ၀ါးခယ်မ ၀ိုင်းစုခိုင်သိန်း ၀ိုင်းမော် ၀ိုင်းစုခိုင်သိန်း ၅၉(စ) 7 July 8888 88gens 8days AA ABSDF accident ad advice Afghan Africa AI ALD ALP amaze America America's Got Talent Angelina jolie Anonymous ANP arak Arakan Archaelogy Argentina Army ARSA art article Astronomy attakyaw Aung San Suu Kyi Australia Austria Bagan Bago Bangladesh Bank BCP beau beauty Belgium BGF bingal Bingali Bobby Soxer (ထက်ထက်) Bogyoke Aung San Bomb book Border Bosnia Botswana Brazil British Brunei buddhi Buddhism Buddhist Burmese Movieclips Trailers Burundi business Butan c Cambodia camera Cameroon Canada car cartoon celebs Chicken Soup Chile Chin China chinese Christian CIA city City Life Buffalo cival war CNF Colombia Congo Cook couple CPB crime Criticism Crony CRPP cssu Cuba Daily Popular Dailymotion dance DASSK Days Denmark dhamma DKBA Donation DPNS DR.Tint Swe Dutch earth Ecuador Education Egypt EindraKyawZin ele Election ElSalvador Embassy Eng England entertainment environment essay Ethiopia Ethnic EU eurpoe Exile Facebook News fashion fashion show fb FDA feature FIFA Fiji for sale Foreign Affairs France Free Burma Rangers(FBR) funny Gambia game GandaWin gay general general knowledge Generation Wave Georgia Germany Ghana ghost story go gossip column Gov greece Guatemala Gwa Ha Ha health herbal Heritage Hindu History HIV Hluttaw Hong Kong Htet Htet Moe Oo htun koko HumanRight Hungary ICC Iceland IMF India Indonesia interview Iran Iraq Ireland Irrawaddy ISIS Islam Israel Italy Ivory Coast J. Krishnamurti Japan Jewellery JMC job Jobs joke Jordan ju justin bieber Kachin KAF Karen Kayah Kazakhstan KBC Keanu Reeves Kenya khaingHninWai KhinLayNwe) KHRG KIA KIO KNDO Knowledge For You KNPC KNPP KNSO KNU KPP KSDP Kuwait Labadawn Ladyboy learning english Lebanon LEBT letter lettr Libya Liechtenstein lifestyle link LNDP london lottery love Luxembourg M Seng Lu Ma Millar Hniang mafia magic Magway mal Malaysia Mali mandalay Manny Pacquiao Maths Maungdaw Mauritania MCDF MDCF Me N Ma Girls medel media medicine Memory Mexico MFOCN MH 370 miss Miss People MissAmerica MissButtBrazil MissGrandInternational MissInternational MissInternationalQueen MissSupranational MissTourismInternational MissUniverse MissUniversityMyanmar MissWorld MissWorldMuslimah MisterInternationalMyanmar MMCG MNDAA model Model Contest Momolay Mon mone money Monthly Popular Morocco movie MP4YOU TUBE MPC MPT MPU MSF MSM music muslim myanmar Myanmar Astrology Myanmar Celebrity Myanmar Herbal Myanmar Idol MyaThanTint myint myat NATO nature NCA NCCT ND-Burma NDF NED Nepal new new year newgens news Newzeland NGO Niagara Falls Nicki Minaj nicky Niger Nigeria NLD NMSP NNER NorthKorea Norway Nothern Novel Number obama OIC Opinion osama binladin pagoda Pakistan Palestine Paraguay Party People Peru Phillipines Philosophy photo phyu phyu kyaw thein PJS PoDarli poem Poland Police Politic Political Prisoner PopularPost pp programmer Project PSLF/TNLA Puerto Rico QandA Qatar Quote R.ဇာနည် rates RCSS/SSA Real Estate RebcaWin Records Refugee Religious report Research Riot RNDP Rohingya Romania RSO Russia Rwanda Rဇာနည် Saffron Satire Saudi Science Science & Tech scotland SEA Game Serbia sexeducation Shakira Shan show Shwe Dagon Siberia Sierra Leone Singapore singer SNDP SNLD Soe soldier Somalia song sound SouthAfrica SouthKorea Spain Speech sport Sri Lanka SSA SSPP stock Store story Sudan Sunday Journal suu foundation Sweden Switzerland Syria Taipei Taiwan Tanzania tatto tech terrorist Thailand ThaZin ThinGyan ThinZarWintKyaw Tibet Tips TNLA tourism Trailer Travel Traverse America true story Tunisia Turkey Turkmenistan U Ko Ni U Thant UAE UEC Uganda Ukrain UN UNA Unesco UNFC UNHCR UNICEF UNODC UPWC Uruguay USAID USDP UWSA UWSP Venezuela vi video vietnam vn War way weather Wedding WFP WHO wonder worker world accident World Bank world celebs world crime World Heritage world history world singer worldn WorldNews yangon YCDC Yemen YHT YIT yoon yoon YunMiOo Zimbabwe က၀ ကချင် ကချင်ပြည်နယ် ကနီ ကန့် ဘလူ ကန်ပိုက်တီး ကန်ကြီးထောင့် ကံမ ကမန် ကမာရွတ် ကယန်း ကယား ကယားပြည်နယ် ကရင် ကရင်နီ ကရင်ပြည်နယ် ကရင်ပြည်သူ့ ပါတီ ကွတ်ခိုင် ကွတ်ခိုင်မြို့နယ် ကွမ်းခြံကုန်း ကွမ်းလုံ ကျွန်းစု ကျွန်းလှ ကျွဲပွဲ ကလလတ ကသာ ကာမိုင်း ကာရံချို ကားမောင်းသူတွေအတွက် ကိုးကန့်  ကိုကိုးကျွန်း ကိုထက် ကိုမြအေး ကိုအံ့ကြီး ကိုဝေလု ကိုးကန့်  ကူမဲ ကလေး ကလေးဝ ကလော ကျန်းမာရေး ကျိုက်ထို ကျိုက်ထီးရိုး ကျိုက်မရော ကျိုက်လတ် ကျိုင်းတုံ ကျုံထော် ကျုံပျော် ကျုံဒိုး ခင်ညွန့်  ခင်ဘုဏ်း ခင်ဝင့်ဝါ ခင်သဇင် ခင်ဦး ခန့် စည်သူ ခရစ်ဆီ ၀ဏ္ဏ ခရမ်း ခိုင်သင်းကြည် ခိုင်သဇင်ငုဝါ ခိုလမ် ခူမီး ခမောက်ကြီး ချင်း ချင်းတွင်းမြစ် ချင်းပြည်နယ် ချင်းရွှေဟော် ချစ်စနိုးဦး ချစ်သုဝေ ချစ်ဦးညို ချစ်ဗေဒင် ချမ်းချမ်း ချမ်းမြသာစည် ချမ်းမြသာစည်မြို့နယ် ချမ်းအေးသာစံ ချီဗွေ ခန္တီး ဂန့် ဂေါ ဂမ္ဘီရ ဂုတ်ထိပ် ဂျင်မီ ဂျီလတ် ဂျူး ငပုတော ငဖဲ ငါန်းဇွန် ငါးသိုင်းချောင်း ငါ့သရောက် စကု စက်စဲ စင်္ကာပူ စစ်ကိုင်း စစ်ကိုင်းတိုင်း စစ်တွေ စတီဗင်ဦး စနဲမြို့  စမ်းချောင်း စမ်းချောင်း စံရတီမိုးမြင့် စွမ်းအားရှင် စလင်း စဥ့်ကိုင် စဥ့်ကူး စာပေဟောပြောပွဲ စိတ်အဟာရ ရသစာများ စိုက်ပျိုးရေး စိုင်းစိုင်းခမ်းလှိုင် စိုးစန္ဒာထွန်း စိုးပြည့်သဇင် စိုးမြတ်နန္ဒာ စိုးမြတ်သူဇာ စိုးသူ စီးပွားရေး စုစုနွေး စလေ စန္ဒီမြင့်လွင် ဆင်ဘို ဆင်ပေါင်ဝဲ ဆွမ်ပရာဘွမ် ဆွာမြို့ ဆလုံ ဆားလင်းကြီး ဆိပ်ဖြူ ဆိုတေး ဆီဆိုင် ဆီရာလီယွန်း ဆုပန်ထွာ ဇင်ဝိုင်း ဇန်နူး ဇဗ္ဗူသီိရိ ဇမ္ဗူသီရိ ဇွန်သင်ဇာ ဇွန်သံစဉ် ဇလွန် ဇာဂနာ ဇာနည်ထူးထူး ဇိုမီး တကသ တင်ဇာမော် တင့်တင့်ထွန်း တင်းတိတ် တစည တံတားဦး တနင်္သာရီ တနင်္သာရီတိုင်း တန့် ဆည် တန့် ယန်း တပ်ကုန်း တမူး တရား တွန်းဇံ တွံတေး တလုပ် တအာင်း(ပလောင်) တာချီလိတ် တာမွေ တာလေ တိုက်ကြီး တီကျစ် တီးတိန် တိုက်ကြီး တူနီးရှား တနိုင်း တနိုင်း ထက်ထက်ဝင့် ထက်ထက်မိုးဦး ထန်းကုန်း ထန်းတပင် ထန်းပင်ကုန်း ထွန်းထွန်း ထွန်းအိန္ဒြာဗို ထားထက်ထက် ထားဝယ် ထီးချိုင့် ထီးလင်း ထုံးတပိုကျေးရွာ ထူးဆန်းထွေလာ ထူးဆ် ထူးကြီး ထူးအိမ်သင် ဒက္ခိဏသီရိ ဒဂုံ ဒဂုံဆိပ်ကမ်း ဒဂုံမြို့ သစ် ဒလ ဒလိုင်းလားမား ဒါးက ဒါရိုက်တာဝိုင်း ဒါရိုက်တာမိုက်တီး ဒိုက်ဦး ဒီပဲယင်း ဒီမိုကရက်တစ်ပါတီ(မြန်မာ) ဒီမောဆို ဓနုဖြူ နတ္တလင်း နတ်တလင်း နတ်မောက် နန်းခင်ဇေယျာ နန်ဆန့်  နန်းဆုရတီစိုး နမ္မတီး နမ္မတူ နမ့်ခမ်း နမ့်စမ် နမ့်ဆမ် နမ့်လန် နယ်သာလန် နာဂ နားဟိုင်းလုံ နာရေး နာရေးကူညီမှုအသင်း နီနီခင်ဇော် နန္ဒာလှိုင် ပက်ထရစ်ရှာ ပခုက္ကူ ပင်းတယ ပင်လည်ဘူး ပင်လုံ ပင်လောင်း ပန်ဝါ ပန်ဆိုင်း ပန်းတနော် ပန်းဘဲတန်း ပန်းတောင်း ပွင့်နဒီမောင် ပွင့်ဖြူ ပလက်ဝ ပလိပ် ပိုင်ကျုံ ပိုလန် ပီကင်း ပုဂံ ပုဇွန်တောင် ပုဏ္ဏားကျွန်း ပုပ္ပါး ပုံပါကျင် ပုဗ္ဗသီရိ ပုလဲ ပုသိမ် ပုသိမ်ခရိုင် ပုသိမ်ကြီး ပုလောမြို့  ပူတာအို ပလောင် ပဲခူး ပဲခူးတိုင်း ပျဉ်းမနား ဖယ်ခုံ ဖရူဆို ဖွာထောင် ဖွဲ့စည်းပုံအခြေခံဥပဒေ ဖလမ်း ဖားကန့်  ဖာပွန် ဖားဆောင်း ဖုန်ကြားရှင်း ဖျာပုံ ကြက်ယက် ကျေးရွာ ကြံခင်း ကြည်ဖြူ သျှင် ကြည့်မြင်တိုင် ကြည့်မြင်တိုင် ကြာအင်းဆိပ်ကြီး ကြို့ ပင်ကောက် ကြူကုတ် ဗကပ ဗကသ ဗန်းမောက် ဗန်းမော် ဗဟန်း ဗိုလ်ချုပ် ဂွမ်မော် ဗိုလ်ချုပ်ဟောင်းထွန်းကြည် ဗိုလ်ချုပ်အောင်ဆန်း ဗိုလ်တထောင် ဗိုလ်ကြင်မောင် ဗိုလ်မှူးကြီးစောဆန်းအောင် ဗိဿ နိုး ဗီယက်နမ် မြိုင်မြို့ မြိုင်ကြီးငူဆရာတော် ဘင်္ဂါလီ ဘယ်လ်ဂျီယံ ဘားအံ ဘားအံမြို့နယ် ဘိုကလေး ဘီးလင်း ဘုတလင် ဘုတ်ပြင်း ဘုရားကြီး ဘုရားသုံးဆူ ဘိုကလေး ဘူးသီးတောင် မက္ကဆီကို မကွေးတိုင်း မချမ်းဘော့ မင်္ဂလာဒုံ မင်္ဂလာပွဲ မင်္ဂလာတောင်ညွန့်  မင်းကင်း မင်းကွန်း မင်းကိုနိုင် မင်းတပ် မင်းတုန်း မင်းဘူး မင်းပြား မင်းလှ မင်းအုပ်စိုး မင်းမော်ကွန်း မင်းသွေးသစ် မင်းအောင်လှိုင် မင်းအောင်လှိုင် မတၱရာ မတူပီ မထက္ မန္စီ မန္တလေးတိုင်း မန်းဂျော်နီ မဘသ မဘိမ်း မယ်စဲ့ မယ်လ မယ်လိုဒီ မရမ်းကုန်း မွန် မွန်ပြည်နယ် မွန်ပြည်သစ် မွန်အမျိုးသားပါတီ မွန်းအောင် မလှိုင် မလွှကုန်း မွန်ပြည်နယ် မွဲ ့ မဟန မဟာအောင်မြေ မအီ မအူပင် မာန်အောင် မာယာလူမျိုး အကြောင်း မာရီနာ မာရီလင်မွန်ရိုး မိစန္ဒီ မိတ္ထီလာ မိတီ်္ထလာ မိတ္ထီလာ မိတ်ကပ် မိန့် ခွန်း မိုးကုတ် မိုင်းကိုင် မိုင်းခတ်မြို့နယ် မိုင်းခုတ် မိုင်းဆတ် မိုင်းတုံ မိုင်းထား မိုင်းပန် မိုင်းပွန် မိုင်းယန်း မိုင်းပြင်း မိုင်းဖြတ် မိုင်းရှူး မိုင်းလား မိုင်းနောင် မိုင်းယောင်း မိုးညှင်း မိုးညို မိုးနဲ မိုးမိတ် မိုးယုစံ မိုးဗြဲ မိုးသီးဇွန် မိုးကောင်း မိုးဇေညိမ်း မိုးမောက် မိုးဟေကို မိုးအောင်ရင် မုံးကိုး မုဏ်း မုဒုံ မုန်းဝန်း မုန်းကို မုံရွာ မုံရွာမြို့ မိုင်းခတ်မြို့နယ် မိုးညှင်းမြို့နယ် မူဆယ် မကွေး မကွေးတိုင်း မဒေါက် မလေးရှား မျိုးစောင့်ဥပဒေ မန္တလေး မန္တလေးတိုင်း ယင်းမာပင် ယန်ဟီးလီ ယမုံမိုး ယွန်းယွန်း ယီမင် ယုသန္တာတင် ယူကရိန်း ပြင်သစ် ပြင်ဦးလွင် ပြဇာတ် ပြည် ပြည်ခိုင်ဖြိုး ပြည်ကြီးတံခွန် ပြည်ကြီးတံခွန် ပြည်သူ့ ဂုဏ်ရည် ပြွန်တန်ဆာ ဖြိုးကြီး ဖြိုးဖြိုးအောင် ဖြိုးငွေစိုး ဖြူး ဖြူဖြူကျော်သိန်း မြ၀တီ မြင်းမူ မြင်းခြံ မြင့်မြတ် မြစ်ကျိုး မြစ်ဆုံ မြစ်ကြီးနား မြစ်သား မြတ်ကေသီအောင် မြန်မာမလေးများ မြန်မာမလေးများvideo မြန်မာ့ရိုးးရာ ပန်းးပုပညာ မြန်အောင် မြဝတီ မြသန်းစံ မြိတ်ထားဝယ် မြို့ သစ် မြိုင် မြိုင်ကြီးငူ ရခိုင်ပြည်နယ် ရခိုင်အမျိုးသားပါတီ ရခိုင်အမျိုးသားပါတီ ရတနာမိုင် ရတာနာ ရန်ကင်း ရန်ကုန် ရန်ကုန်စက်မှုတက္ကသိုလ် ရန်ကုန်တိုင်း ရန်ကုန်ပြည်သူ့ အကျိုးဆောင်ကွန်ယက် ရန်ကုန်တိုင်း ရပ်စောက် ရမည်းသင်း ရမ်းဗြဲ ရွာငံ ရှင်ဆန္ဒာဓိက ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ(ကျားဖြူပါတီ) ရှမ်းနီ ရှမ်းပြည်နယ် ရှားတော ရှီဘုယဇာနည ရိုဟင်ဂျာ ရုရှား ရသေ့တောင် ရဲတိုက် ရဲထွဋ် ရဲလေး လက်ပံတန်း လက်ပံတောင်း လက်ဝှေ့  လင်းခေး လပွတ္တာ လမ်းမတော် လယ်သမား လယ်သိမ်းမြေသိမ်း လယ်ဝေး လွယ်လင် လွိုင်လင် လွိုင်ကော် လှည်းကူး လှည်းတန်း လွှတ်တော် လှာကာကျေးရွာ လှိုင်သာယာ လသာ လဟယ် လားရှိုး လာအို လွိုင်လင် လွိုင်ကော် လှိုင် လှိုင်းဘွဲ လှိုင်သာယာ လိုင်ဇာ လှိုင်းဘွဲ့မြို့နယ် လီဆူ လုံးခင်း လုလုအောင် လူမင်း လူပျောက်ကြော်ငြာ လဲချား လွှတ်တော် ဝတ်မှုန်ရွှေရည် ဝိုင်းစုခိုင်သိန်း ဝိုင်းမော် ဝိုင်းလေး ဝီရသူ ကြည့်မြင်တိုင် သက္ကလ သက်မွန်မြင့် သခင်တင်မြ သံဃာ သင်္ဃန်းကျွန်း သင်ဇာဝင့်ကျော် သင်ဇာနွယ်ဝင်း သဇင် သံတွဲ သတိပေးချက် သထုံ သထုံ သနပ်ပင် သန်လျင် သန်းရွှေ သပိတ်ကျင်း သံဖြူဇရပ် သင်္ကြန် သံဖြူဇရပ် သရက် သံလျင် သဉ္ဖာနွယ်ဝင်း သာစည် သားညီ သာယာဝတီ သာကေတ သာပေါငး သာပေါင်းမြို့ နယ် သိန်းစိန် သိန်းနီ သိန္နီ သီတဂူဆရာတော် သီဟ၀င်းတင် သီပေါ သုဝဏ္ဏ သုဝဏ္ဏ၀တီ သုံးခွ သုံးဆယ် သူရဦးတင်ဦး သူရဦးရွှေမန်း သူရဦးအောင်ကို သူရရွှေမန်း သူရဲကောင်း သံတောင်ကြီးမြို့  သရော်စာ သဲကုန်း သဉ္ဇာနွယ်ဝင်း ဟန်ဝင်းအောင် ဟန်ထူးလွင် ဟန်သီ ဟင်္သာတ ဟားခါး ဟာသ ဟိုင်းကြီးကျွန်း ဟိုပင် ဟိုပုံး ဟိုယာဒေသ ဟုမ္မလင်း ဟိုပန် ဟဲဟိုး အကယ်ဒမီ အကယ်ဒမီ၂၀၁၂ အင်္ဂပူ အင်ဂျလီနာ ဂျိုလီ အင်းစိန် အင်းတကော် အင်လုံရွာ အင်းတော် အင်းတော်ကြီး အင်းလေး အစ္စရေး အဆိုအမိန့်  အမရပူရ အမ်း အမျိုးသမီးပါတီ အမျိုးသားကွန်ဂရက်ပါတီ အမျိုးသားဒီမိုကရေစီပါတီသစ် အမျိုးသားပါတီ အမြန်လမ်း အရာတော် အရိုင်း အလှပြင်မယ် အလုံ အသုတ် အာဆီယံ အာဇာနည်နေ့  အိမ်မဲ အိချောပို အိန္ဒိယ အီရန် အီသီယိုးပီးယား အုတ်တွင်း အကောက်တောင် အဖျောက် အမေရိကန် အခြေခံဥပဒေ အလောင်းတော်ကဿ ပ ဥတ္တရသီရိ ဦးဝင်းတင် ဦးဝီရသူ ဦးဂမ္ဘီရ ဦးထင်လင်းဦး ဦးထင်ကျော် ဦးထင်ကျော် ဦးနု ဦးပိုင် ဦးဖိုးကျား ဦးမြင့်ဆွေ ဦးဝင်းချို ဦးဝင်းတင် ဦးဝင်းထိန် ဦးသန့်  ဦးတေဇ ဦးနေ၀င်း ဧရာဝတီ ဧရာဝတီတိုင်း ဧရာဝတီ ဧဝရတ်တောင် ဧဝံမေသုတံ ဝေဠုကျော် ဝေါ ကေတုမတီ ကေအိုင်အို ကော့ကရိတ် ကောင်းပြည့် ကော့မှူး ကောလင်း ကော့သောင်း ကော်နီ ကျေးသီးမြို့  ကျောက်ဆည် ကျောက်တံခါး ကျောက်တံတား ကျောက်တန်း ကျောက်ပန်းတောင်း ကျောက်ပန်းတောင်းမြို့နယ် ကျောက်ကြီး ကျောက်မဲ ကျောက်ဖြူ ကျောက်တော် ကျောက်မြောင်း ကျောင်းကုန်း ကျောင်းသားလှုပ်ရှားမှု ကျောင်းသားသပိတ် ကျော်ကိုကို ကျော်သူ ကျော်ဟိန်း ကျော်ကျော်ဗို ချောက် ချောင်းဆုံ ချောင်းသာ ချောင်းဦး ချောရတနာ ဂျေညီညီ ဂျောက်ဂျက် ငွေမှုန်ရတီ ငွေဆောင် စေတုတ္တရာ စောဘွဲ့မှူး ဆော ဆော့လော် ဇေယျဝတီ ဇေယျာသီရိ ဇေရဲထက် ဇော်ဝင်းထွဋ် ဇော်သက်ထွေး ညောင်တုန်း ညောင်ဦး ညောင်ခြေထောက် ညောင်ရွှေ ညောင်လေးပင် တောကျွဲအင်း တောင်ကုတ် တောင်ငူ တောင်တွင်းကြီး တောင်ဒဂုံ တောင်ကြီး တောင်ပြိုလက်ဝဲ တောင်ပြုံး တောင်သမန် တောင်သာ တောင်ဥက္ကလာ ထောက်ကြန့်  ဒေါ်ကြိုင်ကြိုင် ဒေါ်အောင်ဆန်းစုကြည် ဒေးဒရဲ ဒေါက်တာညိုညိုသင်း ဒေါက်တာတင့်ဆွေ ဒေါက်တာထွန်းလွင် ဒေါက်တာမြင့်ထွေး ဒေါက်တာရန်မျိုးသိမ်း ဒေါက်တာလှကျော်ဇော ဒေါက်တာသန်းထွန်း ဒေါပုံ နေတိုး နေမျိုးဇင် နေမျိုးဝေ နေပြည်တော် နောင်ချို နောင်ဒွန်းကျေးရွာ နောင်လုံး အုပ်စု နော်အုန်းလှ ပေးစာ ပေးစာ - ဗိုလ်ချုပ်မြ၀င်း (သို့) ဗိုလ်မြ၀ါး ပေါက် ပေါက်ခေါင်း ပေါက်တော ပေါင် ပေါင်းတည် ပျော်ဘွယ် ဖွေးဖွေး ဖောင်ကြီး ဖောင်းပြင် ကြေးမုံဦးသောင်း ကြော်ငြာ ဗေဒင် ဗေလုဝ ဘောလခဲ မေ မေခလာ မေစံပယ်ညို မှော်ဘီ မေသက်ခိုင် မေသန်းနု မောက်မယ် မောချီး မောင်ဆောင်းခ မောင်တော မောင်မောင်ဝမ်း မော့စ် မော်ချီး မော်လမြိုင် မော်လိုက် မော်လ်ဒိုဗာ ပြေတီဦး မြေပုံ မြောက်ဒဂုံ မြောက်ဥက္ကလာ မြောက်ဦး မြောင် မြောင်းမြ ရေး ရေစကြို ရေစကြိုမြို့နယ် ရေတာရှည် ရေနီ ရေနံချောင်း ရေကြည် ရေဖြူ ရွှေဘိုမြို့  ရွှေမှုန်ရတီ ရွှေပြည်သာ ရေဦး ရွှေဝါရောင် ရွှေကူ ရွှေကျင် ရွှေစက်တော် ရွှေည၀ါဆရာတော် ရွှေတိဂုံ ရွှေဘို ရွှေမှုန်ရတီ ရွှေပြည်သာ ရွှေလီ ရွှေညောင် ရွှေတောင် ရွှေပေါက္ကံ ရွှေသောင်ယံ လေးမျက်နှာ လေးဖြူ လှော်ကား လောက်ကိုင် လောင်းလုံ လောပိတ ဝေါမြို့နယ် အေးချမ်းမြတ်မိုး အေးမြတ်သူ အေသင်ချိုဆွေ အောင်ဆန်းဦး အောင်ပန်း အောင်မင်း အောင်ရဲလင်း အောင်လံ အောင်မြေသာစံ အောင်သောင်း အော်စကာ နွားထိုးကြီး နိုင်ငံရေးအကျဉ်းသား နိုင်မွန်ချမ်း

Labels