ဆွေးနွေးကြပြန်ပြီ
CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Showing posts with label cartoon. Show all posts
Showing posts with label cartoon. Show all posts
Saturday, March 30, 2019
Wednesday, March 13, 2019
ငါကဗိုလ်အောင်ဒင် ... နင်ကဒါကိုမမြင် ...
ငါကဗိုလ်အောင်ဒင် ... နင်ကဒါကိုမမြင် ...
ငါစားသလို ... မင်းလိုက်စားတယ် ...
မိန်းကလေးရယ် သိပ်မိုက်တယ် ... ... ... ။
.
ကာတွန်း ဝေး ( KyawswahWin)
Friday, January 25, 2019
Wednesday, January 16, 2019
Tuesday, January 15, 2019
၁၀၁ကြိမ်မြောက်ချစ်ခွင့်ပန်ခြင်း
၁၀၁ကြိမ်မြောက်ချစ်ခွင့်ပန်ခြင်း
မြေးငယ်လေးကိုချီထားတဲ့ တရားလွှတ်တော်ရှေ့နေဦးကိုနီကိုလေဆိပ် လူမြင်ကွင်းမှာ
သွေးအေးအေးပစ်သတ်သွားခဲ့တဲ့အမှုရုံးချိန်းအကြိမ်ပေါင်းတရာကျော်လာခဲ့တဲ့အချိန်မှာ
ပေါ်ထွက်လာတဲ့ရုပ်ပြောင်
Monday, January 14, 2019
Sunday, January 6, 2019
Saturday, January 5, 2019
Sunday, December 23, 2018
ဇီးပင်ကြီးချဉ်တယ်တရွာလုံးလျှောက်ပြောလို့
ဇီးပင်ကြီးချဉ်တယ်တရွာလုံးလျှောက်ပြောလို့
(ကာတွန်း မိုးသွင်)
Saturday, December 22, 2018
ငွေအတုထုတ်လုပ်သောအဓိကတရားခံများကို ထိရောက်စွာအရေးယူသွားရန်အစီအစဉ်ရှိမရှိ
ငွေအတုထုတ်လုပ်သောအဓိကတရားခံများကို ထိရောက်စွာအရေးယူသွားရန်အစီအစဉ်ရှိမရှိ
Friday, December 21, 2018
Monday, December 17, 2018
Sunday, December 16, 2018
ရွှေသမင်ဘယ်ကထွက်
ရွှေသမင်ဘယ်ကထွက်
လင်္ကာဒီပချစ်သူစစ်တမ်း
![]() |
| လူမင်း ကိုလင်္ကာဒီပြဇတ်တွင်တွေ့ရစဉ် |
လင်္ကာဒီပချစ်သူပြဇာတ်နဲ့ ပတ်သက်လို့ ဝေဖန်သံတွေ (ဒဲ့ပြောရင်တော့) ဆဲသံတွေ ညံနေတာတွေ့ရတယ်။အဓိကကတော့အဝတ်အစား နဲ့ အပြင်အဆင်ပိုင်းကို ပရိသတ်များ သဘော
မကျကြတာတွေ့ရတယ်။ တဘက်ကလည်း ပွဲကခါနီး တစ်ပတ်အလိုကျမှ ဒီဇိုင်နာ ပြောင်းလိုက်ရတာတွေ၊ လင်္ကာဒီပချစ်သူရုပ်ပြဖန်တီးရှင် ဆရာဝသုန်ရဲ့အဝတ်အစားဒီဇိုင်းတွေ သုံးခွင့်
မရလို့ ဝတ်စုံဖန်တီးရာမှာ အခက်တွေ့တာစတဲ့ အကြောင်း
ပြချက်ပေးသံလေးတွေ တစွန်းတစ ကြားရပါတယ်။
ကျွန်တော်ကတော့ ဒီပြဇာတ်ကို အသားလွတ်ကဲ့ရဲ့ဝေဖန်တာမဟုတ်ဘဲ ကျိုးကြောင်းဆီလျော်စွာ ချဉ်းကပ်ဝေဖန်ချင်တယ်။
ပြဇာတ်မကခင်ကတည်းက
==================
လင်္ကာဒီပချစ်သူကို ပြဇာတ်ပြန် အသက်သွင်းမယ့်အကြောင်းစာနယ်ဇင်းမိတ်ဆက်ပွဲလုပ်တဲ့ ဖိတ်စာတစ်စောင်ကို ၂၀၁၇ဒီဇင်ဘာလကတည်းက တွေ့ခဲ့ပါတယ်။ဖိတ်စာ ဖော်ပြချက်အရ
Mandalay Entertainment က စီစဉ်ပြီး ဒါရိုက်တာကဇာနည်ဌေး၊ ဆရာချစ်ဦးညိုရဲ့သားလင်္ကာညိုကဇာတ်ညွှန်းခွဲပြီးဇာတ်ဆရာ ချစ်စရာ(မန္တလေး)လို့ တွေ့ရတယ်။အဲဒီတုန်းက
ပြဇာတ်သရုပ်ဆောင်အဖြစ် ရွေးချယ်ထားသူများကအခု ကပြသွားတဲ့ လူစာရင်းနဲ့ မတူပါဘူး။ကျော်သူ၊ သူထူးစံ၊ကျော်ကျော်ဗိုလ်၊ ခိုင်သင်းကြည်၊ဆုမြတ်နိုးဦး တို့ပါဝင်နေတာတွေ့ရတယ်။
ဒီနှစ်ပိုင်းထဲမှာပဲ လင်္ကာဒီပချစ်သူ ပြဇာတ်ကမယ့် အစီအစဉ်သူ မသိရပါဘူး၊ ဒါပေမယ့် အားလုံးစီစဉ်ထားတဲ့အတိုင်း ဆက်လုပ်ကြပါ၊ ' စိတ်မကောင်းခြင်းကြီးစွာဖြင့်' သူ ခွင့်ပြုပါတယ်
ဆိုတဲ့ ဆရာချစ်ဦးညိုရဲ့ စကားသံထွက်ပေါ်လာပြီး ဂယက်ထခဲ့ပါတယ်။စီစဉ်သူတွေဘက်ကလည်း ဆရာချစ်ဆီက တရားဝင်စာချုပ်နဲ့ ပြဇာတ်ကပြခွင့် ဝယ်ယူထားတာပါဆိုပြီး အထောက်
အထားတွေနဲ့ ပြန်ရှင်းထားတာလည်း ဖတ်လိုက်ရပါတယ်။အဲဒီကိစ္စရဲ့ ဖြစ်ကြောင်းစုံကို မသိရပေမယ့် သေချာတာက လင်္ကာဒီပချစ်သူ ပြဇာတ်ဟာ ဇာတ်လမ်းအစကတည်းက ဖန်တီးသူနဲ့
စီစဉ်သူတွေအကြား အဖုအထစ် ရှိခဲ့ပုံပါပဲ။
အဲဒီပြဿနာအပြီး လင်္ကာဒီပချစ်သူပြဇာတ် ကပြဖျော်ဖြေမယ့်အကြောင်း ကြေငြာထုတ်ပြန်လာတယ်။ဒါရိုက်တာနေရာမှာမောင်သီ၊ဇာတ်ညွှန်း သန်းထိုက်(ရွှေရိပ်)၊လင်္ကာညိုက တွဲဖက်
ဒါရိုက်တာဖြစ်သွားပြီး မူလစီစဉ်ထားတဲ့ ဇာတ်ဆရာ ချစ်စရာ(မန္တလေး)ဆိုတာလည်း မတွေ့ရတော့ဘူး။
ပြဇာတ်နဲ့ပတ်သက်လို့ စီစဉ်သူနဲ့ ဒါရိုက်တာတို့က ထူးခြားခမ်းနားအောင် စီစဉ်တင်ဆက်သွားမယ်လို့ အင်တာဗျူးတွေဖြေထားတာတွေ့ရတော့ စိတ်ဝင်စားမိတယ်။ Mandalay
Entertainment က ပွဲစီစဉ်သူရဲ့ အင်တာဗျူးဖြေတာကိုဖတ်လိုက်ရတော့ စိတ်ထဲမှာ စနိုးစနောင့် စဖြစ်လာတယ်။သူဖြေထားတဲ့အထဲမှာ ( လူတွေက လင်္ကာဒီပချစ်သူ ဆိုတာနဲ့
ရာမ၊လက္ခဏဇာတ်ကို ပြေးမြင်ကြတယ်။တကယ်တော့ ရာမ၊လက္ခဏဇာတ် မဟုတ်ဘူး။ဆရာကြီးချစ်ဦးညို စိတ်ကူးယဉ်ပြီးရေးဖွဲ့ထားတဲ့ ဝတ္ထုကို ပြန်ကမှာ။) လို့ ပြောသွားတယ်။
အတော်လေးအံ့အားသင့်မိသလို၊စိတ်လည်း အတော်ပျက်မိပါတယ်။ပြဇာတ်ကဖို့ လင်္ကာဒီပချစ်သူဝတ္ထုကို တရားဝင်ဝယ်ယူထားပြီး ပွဲစီစဉ်တဲ့သူကအစ ဒီလိုတလွဲတချော် အယူအဆနဲ့
ဆိုရင် ပြဇာတ်ဖြစ်လာရင်လည်း သောက်တလွဲတွေ လာတော့မှာပဲလို့ တွေးမိတယ်။
ရာမယဏ နဲ့ လင်္ကာဒီပချစ်သူ
===================
ရာမယဏဇာတ် နဲ့ လင်္ကာဒီပချစ်သူဝတ္ထု အတူတူလို့ ထင်တဲ့သူတွေ နဲ့ မတူဘူးလို့ ထင်တဲ့သူတွေ နှစ်မျိုးရှိပါတယ်။ပွဲစီစဉ်သူပြောသွားတာက(မဟုတ်ဘူး)ဆိုတာတော့ အတော်ရုပ်ဆိုး
ပါတယ်။ဒါ့အပြင်(စိတ်ကူးယဉ်ရေးထားတာ)လို့ ထပ်ပြောပြန်တယ်။
ရာမယဏဇာတ်ရဲ့ မူရင်းဖန်တီးသူ ဝါလမိကိ( Valamiki)ဟာ အိန္ဒိယစာဆိုပါ။ ဘီစီ ၄ ရာစုလောက်ကတည်းက ရာမယဏဇာတ် (လင်္ကာရှည်)ကြီးကို ရေးခဲ့တာဖြစ်ပြီး အာရှတိုက်
နိုင်ငံအတော်များများက ရာမယဏကို ဆင့်ပွားရေးဖွဲ့တာတွေ၊ဇာတ်အဖြစ် ကပြတင်ဆက်တာတွေကို ပြုလုပ်ခဲ့ပါတယ်။
မြန်မာမှာလည်း အင်းဝခေတ်ကတည်းကနေ ခုချိန်ထိ ခေတ်အဆက်ဆက် ကပြဖျော်ဖြေခဲ့ပါတယ်။ နိုင်ငံဓလေ့ကွဲပြားမှုအလိုက် ဝတ်စားဆင်ယင်ပုံတွေနဲ့ ဇာတ်ကွက်တချို့ ပြောင်း
လဲတာတွေ ရှိပေမယ့် မူလဘူတရာမယဏရဲ့ theme နဲ့အနှစ်သာရကို မပျက်စီးအောင် adaptation လုပ်ခဲ့တယ်လို့ ဖတ်ရှုမှတ်သားဖူးပါတယ်။
ဆရာချစ်ဦးညိုက ရာမယဏဇာတ်ကို လင်္ကာဒီပချစ်သူအဖြစ်ပြန်လည်ဖန်တီးတော့လည်း ရာမယဏကို သစ္စာမဖောက်ခဲ့ပါဘူး။လင်္ကာဒီပသိန်းခိုပြည်၊အိန္ဒုမြစ်ဝှမ်းဒေသ၊မိထိလာပြည်၊
အယုဒ္ဓယပြည်စတဲ့ ဒေသတွေကိုလည်း မူလအတိုင်း ပြန်လည်
ဖော်ပြခဲ့ပါတယ်။ အဲဒီနေရာတွေဟာ အပြင်မှာ တကယ်ရှိ
ပါတယ်။ရာမယဏဟာ စဖန်တီးကတည်းက စိတ်ကူးယဉ်
ဆိုပေမယ့် တကယ်ရှိခဲ့တဲ့ ကာလ၊ဒေသတွေကို အခြေပြုပြီး
ဖန်တီးခဲ့တာပါ။ဇာတ်တည်ထားချိန်က ဘီစီ ၂၀၀၀ ဝန်းကျင်
ဖြစ်တဲ့အတွက် လွန်ခဲ့တဲ့နှစ်ပေါင်း ၄၀၀၀ ကျော်ကပါ။အိန္ဒုမြစ်
ဝှမ်းဒေသဆိုတာလည်း လက်ရှိမြေပုံအရဆိုရင် အိန္ဒိယနဲ့
ပါကစ္စတန်နိုင်ငံနယ်နိမိတ်ထဲမှာ ရှိပါတယ်။ဒဿဂီရိ စိုးစံတဲ့
လင်္ကာဒီပသိန်းခိုပြည်ဟာ ပထဝီအနေအထားအရ လက်ရှိ
သီရိလင်္ကာနိုင်ငံ ဖြစ်ပါတယ်။ဇာတ်လမ်းထဲမှာ လင်္ကာဒီပက
မင်းမျိုးနွယ်တွေ မြှပ်နှံတဲ့ မိုဟန်ဂျိုဒါရိုကုန်းမြေဟာ ပါကစ္စတန်
နိုင်ငံမှာ ရှိပါတယ်။လက်ရှိ UNESCO က အသိအမှတ်ပြုတဲ့
သမိုင်းအမွေအနှစ်နေရာမှာ ပါဝင်ပါတယ်။
လင်္ကာဒီပချစ်သူဟာ ရာမယဏဇာတ်နဲ့ တူ/မတူဆိုတာကို
ဆရာချစ်ဦးညိုကိုယ်တိုင် ရေးခဲ့ထဲ့ အောက်ပါစာပိုဒ်လေးကို
ဖတ်ကြည့်ရင် ရှင်းသွားမှာပါ။
(လင်္ကာဒီပချစ်သူဝတ္ထုကို ၁၉၇၇ တွင် ရေးသားပုံနှိပ်ထုတ်ဝေ
ခဲ့ပါသည်။မူရင်း ရာမယဏ ဇာတ်ကြောင်းကို အဖြူမှ အမည်း၊
အမည်းမှအဖြူသို့ ပြောင်းပြန်လှန်ခြင်းမဟုတ်ဘဲ သမိုင်းအမြင်
သဘာဝယုတ္တိအမြင်တို့ဖြင့် ပြောင်းရွှေ့ကြည့်မြင်ကာ ရေးသား
ခြင်းဖြစ်ကြောင်း၊)
၂၀၀၄ ခုနှစ်မှာ တတိယအကြိမ်ထုတ်ဝေခဲ့တဲ့ လင်္ကာဒီပချစ်သူ
ရုပ်ပြရဲ့ အမှာစာမှာ ဖော်ပြထားတာပါ။
ဆရာချစ်ဟာ မူလရာမယဏမှာ ရာဝဏကို ခေါင်းဆယ်လုံး
ဘီလူးအဖြစ်ဖော်ပြထားတာကို တောင်ဆယ်လုံးက သားရဲ
တိရိစ္ဆာန်ဆိုးတွေကို နှိမ်နင်းအောင်မြင်လို့ တောင်ဆယ်လုံးကို
အောင်နိုင်သူ ဒဿဂီရိဘုရင်အဖြစ် ပြောင်းရေးခဲ့တယ်။လင်္ကာ
ဒီပဟာ ဘီလူးတိုင်းပြည်မဟုတ်၊လူတွေနေတဲ့တိုင်းပြည်အဖြစ်၊
သီတာဒေဝီကို သမင်အယောင်ဆောင်ပြီး ဖျားယောင်းတာ
မဟုတ်ဘဲ ဂမ္ဘီ လေ့ကျင့်ပေးထားတဲ့ သမင်နဲ့ဖျားယောင်းတာ
အဖြစ်၊ဟာနုမန်တို့ရဲ့ မက္ကဋတိုင်းသားတွေဟာ မျောက်ဝံတွေ
မဟုတ်ဘဲ သစ်ပင်တက်ကျွမ်းကျင်တဲ့ လူမျိုးစုအဖြစ် မူလရာမ
ယဏဇာတ်က ဖော်ပြချက်တွေကို သဘာဝယုတ္တိကျအောင်
ပြင်ဆင်ရေးဖွဲ့ခဲ့တယ်။
အဲဒီလို ပြင်ဆင်ခဲ့ပေမယ့် မူရင်းဇာတ်လမ်းရဲ့ ကာလဒေသ၊
ဓလေ့ထုံးတမ်းတွေနဲ့ အရေးပါတဲ့ ဇာတ်ကွက်တွေကိုတော့
ပြောင်းမပစ်ခဲ့ပါဘူး။ဆိုလိုတာက လင်္ကာဒီပချစ်သူဇာတ်မှာ
ရာဝဏ(ဒဿဂီရိ)ဟာ ပုဂံကို ရောက်မသွားပါဘူး၊ လင်္ကာဒီပ
မှာပါပဲ။ရာမ နဲ့ လက္ခဏဟာ အယုဒ္ဓယပြည်သားတွေပါပဲ။မွန်ဂို
တို့၊ ယူနန်တို့ကို ရောက်မသွားပါဘူး။သီတာဒေဝီဟာ မိထိလာ
ပြည်ကပါပဲ။ မဏိပူရကို ရောက်မသွားဘူး။ ဇာတ်သိမ်းမှာ
ရာမသေပြီး ဒဿဂီရိ နဲ့ သီတာဒေဝီ ပေါင်းမသွားခဲ့ပါဘူး။
လင်္ကာဒီပချစ်သူရဲ့ ဒုတိယမှတ်တိုင်
=======================
ဆန်းသစ်လှပတဲ့ ဖန်တီးမှုဖြစ်တဲ့ လင်္ကာဒီပချစ်သူ ဝတ္ထုဟာ
ပရိတ်သတ်တွေရဲ့ တခဲနက်အားပေးမှုရရှိခဲ့ပြီး ရှုမဝမဂ္ဂဇင်း
ကနေ ဆရာပန်းချီဝသုန်ရဲ့ လက်ရာနဲ့ ရုပ်ပြအဖြစ် ဖန်တီးပြီး
၃၆ လတိုင်အောင် အခန်းဆက်ဖော်ပြခဲ့ပါတယ်။ဝတ္ထုလိုပဲ
ပန်းချီဝသုန်ရဲ့ ရုပ်ပြကိုလည်း ပရိသတ်တွေ နှစ်ခြိုက်အားပေး
ခဲ့ကြပါတယ်။
၂၀၀၈ မှာ ကွယ်လွန်သွားပြီဖြစ်တဲ့ ဆရာဝသုန်ဟာ လင်္ကာ
ဒီပချစ်သူရုပ်ပြကို ဖန်တီးစဉ်က အရမ်းဂရုစိုက်အားထည့်ခဲ့တာ
လက်ရာတွေကို ကြည့်ရုံနဲ့ သိပါတယ်။အိန္ဒုမြစ်ဝှမ်းယဉ်ကျေးမှု
သမိုင်းကြောင်းတွေ၊ဓလေ့ထုံးတမ်းတွေနဲ့ ပတ်သက်တဲ့ စာအုပ်
စာတမ်းတွေ အချိန်ယူလေ့လာပြီး အဝတ်အစား၊မြင်းရထား၊
အသုံးအဆောင်၊အဆောက်အဦဒီဇိုင်းတွေကို အနုစိတ်ပြင်ဆင်
ရေးဆွဲခဲ့တယ်လို့ သိရပါတယ်။ထူးခြားတာတစ်ခုက ရုပ်ပြရဲ့
ဇာတ်ညွှန်းကိုလည်း ဝတ္ထုရေးသူ ဆရာချစ်ကပဲ ရေးပေးခဲ့တာ
ဖြစ်တဲ့အတွက် အရေးအသားကျစ်လစ်ကောင်းမွန်ပြီး၊ရုပ်ပုံ
ဒီဇိုင်းတွေ သပ်ရပ်လှပတဲ့ ရုပ်ပြကောင်းတစ်အုပ် ဖြစ်လာတယ်။
လင်္ကာဒီပချစ်သူရုပ်ပြဟာ ဆရာဝသုန်အတွက် အကောင်းဆုံး
လက်ရာ master piece ဖြစ်ခဲ့ပြီး ဆရာချစ်အတွက်လည်း
စိတ်ကျေနပ်ရာ ဒုတိယအနုပညာမှတ်တိုင်ဖြစ်ခဲ့တယ်။
(ဆရာဝသုန်ရဲ့ ရုပ်ပြဇာတ်ကောင်တွေနဲ့ အခုပြဇာတ်က
ဇာတ်ကောင်တွေ နှိုင်းယှဉ်ကြည့်ရအောင် ပုံလေးတွေ ယှဉ်တွဲ
ဖော်ပြပေးထားပါတယ်။)
လင်္ကာဒီပချစ်သူပြဇာတ်
================
အပေါ်မှာ ရှည်ရှည်လျားလျား ရေးပြရတာက လင်္ကာဒီပချစ်သူ
ဇာတ်လမ်းဟာ သာမာန်စိတ်ကူးယဉ်ဖန်တီးထားတဲ့ အပေါစား
ဝတ္ထုမဟုတ်ဘူးဆိုတာ ပေါ်လွင်စေချင်လို့ပါ။အခု ပြဇာတ်မှာ
စီစဉ်သူတွေရော၊ ဖန်တီးသူတွေရော၊ ကပြသွားသူတွေထဲမှာ
အပေါ်မှာ ရေးထားတဲ့အကြောင်းအရာတွေကို သေချာလေ့လာ
ထားသူ ဘယ်နှယောက်ပါလဲ သိချင်လိုက်တာ။ဘာမှ လေ့လာ
မထားဘူးဆိုရင်တော့ တော်တော်အားထည့်ထားတဲ့ သောက်
ကျိုးနည်းအနုပညာဖန်တီးမှုလို့ ကင်ပွန်းတပ်ရမှာ ဖြစ်ပြီး ဖတ်
ထားရက်နဲ့ သိလျက်နဲ့ လုပ်တယ်ဆိုရင်တော့ အပြစ်ပိုကြီးမယ်
ထင်ပါတယ်။ ဖြစ်ကတတ်ဆန်းလုပ်ပြပြီး ပရိသတ်ကို စော်ကား
တယ်လို့ပဲ မြင်ပါတယ်။
ဒီနေရာမှာ ပြဇာတ်ကို နှစ်ပိုင်းခွဲပြီး ပြောရမယ်။အပြင်အဆင်၊
အဝတ်အစားအပိုင်း နဲ့ ကပြတင်ဆက်မှုအပိုင်းပါ။ ပြဇာတ်ကို
မကြည့်ရသေးတဲ့အတွက် တင်ဆက်ကပြမှုအပိုင်းကိုတော့
ဝေဖန်စရာ မရှိပါ။ ဒါပေမယ့် အဓိကဇာတ်ဆောင်အချို့ဟာ
ရုပ်ရှင်သရုပ်ဆောင်တွေဖြစ်တဲ့အတွက် သိပ်တော့ မမျှော်လင့်
ပါဘူး။ ကင်မရာရှေ့မှာ သရုပ်ဆောင်ရတဲ့ film act နဲ့
ဇာတ်ခုံပေါ်မှာ ကပြတင်ဆင်ရတဲ့ stage act ပညာချင်း
မတူလို့ပါ။ အပြင်အဆင်၊အဝတ်အစားဒီဇိုင်းကိုပဲ အဓိကဝေဖန်
ချင်ပါတယ်။
ပြဇာတ်ကတဲ့ သူတွေဘက်ကတော့ အကောင်းဆုံး ကပြ
တင်ဆက်ထားတာပါ၊ပုံတွေကို ကြည့်ပြီး အဝတ်အစားကိုပဲ
မဝေဖန်ကြစေလိုတဲ့ သဘောမျိုးတုံ့ပြန်လာတယ်။ပြဇာတ်
ကပြရာမှာ အပြင်အဆင်၊အဝတ်အစားက အရေးပါတယ်လို့
ယူဆပါတယ်။ကပြသူတွေရဲ့မျက်နှာအမူအရာကို ရှေ့တန်း
မှာထိုင်သူတွေလောက်ပဲ မြင်ရမှာဖြစ်လို့ ဇာတ်ရုံထဲက လူတွေ
အားလုံးကို ဖမ်းစားဆွဲဆောင်ဖို့ အပြင်အဆင်နဲ့ အဝတ်အစား
ဒီဇိုင်းက first impression ပါပဲ။ အလှူဆိုင်းနောက်ထတွေ
ပြက်လုံးသရုပ်ဆောင်သလို (ကျုပ်ကတော့ ဘုရင်ကိုးဗျ)လို့
ပြောလိုက်ရုံနဲ့ ဘုရင်ဖြစ်မသွားပါဘူး။ပြဇာတ်မှာ ဘုရင်ပုံ
ပေါက်အောင် ဆီလျော်တဲ့၊ထိုက်သင့်တဲ့ ဝတ်စားဆင်ယင်မှု၊
ခင်းကျင်းပြသမှု တင်ဆက်ပြသပေးနိုင်ရပါမယ်။
ပြဇာတ်နဲ့ ပတ်သက်လို့ အများဝေဖန်ထောက်ပြနေတဲ့ အချက်
တွေကို စစ်ထုတ်ကြည့်ရင်...
၁၊ အဝတ်အစားဒီဇိုင်းတွေဟာ တရုတ်လိုလို၊ ကိုရီးယားလိုလို၊
ပုဂံခေတ်လိုလို ရောသမမွှေတွေ ဖြစ်နေတယ်။
(ဒဿဂီရိ ဘီလူးမဟုတ်လို့ ဝေဖန်တာတွေလည်း တွေ့တယ်။
လင်္ကာဒီပချစ်သူဝတ္ထုအရ ဒဿဟာဘီလူးမဟုတ်လို့ ဘီလူး
ခေါင်းဆောင်း ဆောင်းစရာမလိုပါဘူး။ရာမယဏဇာတ်တော်က
အဝတ်အစားတွေနဲ့တော့ မတူနိုင်ပါဘူး။ဒါပေမယ့် ရာမယဏ
မဟုတ်တဲ့အတွက် ငါတို့ ဝတ်ချင်ရာဝတ်မယ်၊ စိတ်ကူးတည့်ရာ
အဆန်းထွင်ချုပ်ဝတ်မယ်ဆိုတဲ့ လုပ်ပေါက်မျိုးကတော့ မသင့်
ပါဘူး။မူလဝတ္ထုထဲက အိန္ဒုမြစ်ဝှမ်းယဉ်ကျေးမှု ခေတ်ကာလက
ဝတ်စားဆင်ယင်မှုမျိုး လေ့လာဖို့ အခက်အခဲရှိတယ်၊ ဆရာ
ဝသုန်ရဲ့ ဖန်တီးမှု ဝတ်စုံက ပြန်သုံးခွင့်ရမဘူးဆိုရင်တောင်
အနီးစပ်ဆုံး၊ အသင့်တင့်ဆုံး ခေတ်ကာလတစ်ခုကို အခြေခံပြီး
ဝတ်စုံဒီဇိုင်း ထုတ်သင့်ပါတယ်။ဘယ်ခေတ်ကာလမှ inspire
မယူဘူး၊ ကိုယ့်ဘာသာ အသစ်ထွင်မယ်ဆိုရင်လည်း ဖြစ်ဖြစ်
မြောက်မြောက် တီထွင်သင့်တယ်။
အခု ရာမ၊လက္ခဏဝတ်စုံဟာ မြန်မာရုက္ခစိုး၊နတ်ဝတ်စုံဒီဇိုင်းနဲ့
ကိုရီးယားနန်းတွင်းဝတ်စုံကို ရောစပ်ထားသလို ခံစားရတယ်။
သီတာဒေဝီဝတ်စုံက Disneyဇာတ်လမ်းထဲကမင်းသမီးလိုလို
Dinner တက်တဲ့ dress လိုလို ဖြစ်နေတယ်။ဘိဘိသနရဲ့
ဝတ်စုံကလည်း တရုတ်ဝတ်စုံမျိုး ဖြစ်နေပြန်တယ်။အာရိယန်
ဖြစ်တဲ့ ရာမတို့နဲ့ ဒြာဝိဒိယန်ဖြစ်တဲ့ ဘိဘိသနတို့ လူမျိုးမတူတဲ့
အတွက် ဝတ်စုံဒီဇိုင်း ကွဲပြားနိုင်တယ်လို့ ဖြည့်တွေးရင်တောင်
မျိုးနွယ်တူ ဒဿဂီရိ၊ မာရဇ္ဇ၊ ဘိဘိသန၊ မေဃနာဒ တို့ဝတ်စုံ
တွေက တစ်ယောက်တစ်မျိုး ဖြစ်နေပြန်တယ်။ ဦးရီးတော်
မာရဇ္ဇဝတ်စုံဟာ မွန်ဂိုလိုလို၊ vicking ဝတ်စုံလိုလို ဖြစ်နေပြီး
သားတော်မေဃနာဒဝတ်စုံက(ဟိုတလောကမှ ရုံတင်သွားတဲ့)
အိန္ဒိယရုပ်ရှင် Padmaavat ထဲက sultan ဘုရင်ရဲ့ ဝတ်စုံ
ဖြစ်နေပြန်တယ်။အဓိကဇာတ်လိုက် ဒဿဂီရိကတော့ ဝတ်စုံ
လေးငါးမျိုး ပြောင်းထားပြီး ဘာဟူးဘာလီကားထဲ ဝတ်စုံမျိုး
ဝတ်လိုက်၊ တရုတ်နန်းတွင်းလိုလို ဝတ်စုံဝတ်လိုက်နဲ့ အမျိုးမျိုး
မျက်လှည့်ပြထားပါတယ်။
နောက်က တပ်သားရဲမက်တွေကတော့ ကုန်းဘောင်ခေတ်
ရဲမက်ဝတ်စုံလိုလို၊ ပုဂံခေတ်က ဝတ်စုံလိုလို ဝတ်ဆင်ကြပြီး
ငရဲသားသရုပ်ဆောင်ရင် ဆောင်းတဲ့ ဂျိုနှစ်ချောင်းနဲ့ ဦးထုပ်
ဆောင်းထားသူတွေလည်း ပါပါတယ်။)
၂၊ ဂမ္ဘီ ရဲ့သမင်ဝတ်စုံ
(အကြည့်ရအဆိုးဆုံးပါ။ ဘာရည်ရွယ်ချက်နဲ့ သမင်ခေါင်းကို
အဲဒီနေရာမှာ တပ်ဆင်ထားသလဲ မေးချင်ပါတယ်။ခေါင်းမှာ
တပ်ပေးလိုက်ရင် ပြဇာတ် ပျက်စီးသွားမှာလား။ရက်စက်
ကြမ်းကြုပ်တဲ့ brutal scene တွေ၊ ကို့ယို့ကားယား
taboo sex scene တွေပါတဲ့ HBO စီးရီး Game of Thrones မှာတောင် အခုလိုနေရာမှာ တိရိစ္ဆာန်ခေါင်းတပ်
ထားတဲ့ ရူးကြောင်ကြောင် ဝတ်စုံမျိုး မဝတ်ကြပါဘူး။)
၃၊ ဖြစ်ကတတ်ဆန်း စီးထားတဲ့ ဖိနပ်တွေ
(တော်တော်လေး ရုပ်ပေါက်ပါတယ်။တချို့က shoe စီး၊
တချို့က boot ၊ တချို့က slipper စီးတယ်။shoe ကိုမှ
အဝါရောင် စီးတဲ့လူနဲ့ မူလအရောင်အပေါ် ဆေးအဝါရောင်
မှုတ်ပြီး စီးထားသူက ပါသေးတယ်။တချို့က ခြေညှပ်ဖိနပ်ကိုမှ
ကတ္တီပါ စီးကြတယ်။အဲဒီလို ဖြစ်ကတတ်ဆန်း ပေါက်ကရ
စီးကြမယ့်အစား အားလုံးတပြေးညီ ခြေဗလာနဲ့ကတာမှ
တော်ဦးမယ်လို့ တွေးမိတယ်။)
၎၊ နောက်ခံကားလိပ်ပေါ်က ကို့ယို့ကားယားပြသမှုတွေ
(ဒါကလည်း လူပြောများတဲ့ အချက်ပါပဲ။နည်းပညာခေတ်မှာ
ပြဇာတ်နောက်ခံကားတွေကို အရင်လို အချိန်ကုန်လူပန်းခံပြီး
ရေးဆွဲစရာမလိုတော့ဘဲ အသင့်ဖန်တီးပြီး နောက်ခံကားတွေ
ထိုးပြနိုင်လာတာ အားသာချက်ပါ။အခုပြဇာတ်မှာ သုံးထားတဲ့
နောက်ခံကားပုံတွေက တော်တော်ပိန်းပါတယ်။Googleက
အလွယ်တကူ ရှာတွေ့တဲ့ပုံတွေကို ဖြစ်ကတတ်ဆန်း ထိုးပြ
သွားပါတယ်။ အလယ်ခေတ်ဥရောပက ရဲတိုက်ပုံကြီးကို
နောက်ခံထားပြီး လင်္ကာဒီပနန်းတော်လို ပြထားတာဆိုရင်
အတော်ကို ရယ်စရာကောင်းပါတယ်။နိုင်ငံခြားသားတွေသာ
မြင်သွားရင် ရှက်စရာအလွန်ကောင်းပါတယ်။
အင်တာနက်မှာ နောက်ခံကားချပ်သုံးလို့ရတဲ့ ပုံတွေ တပုံကြီး
ရှိပါတယ်။အပြင်မှာ တကယ်မရှိတဲ့ စိတ်ကူးယဉ်ဖန်တီးမှုမျိုး
လိုချင်ရင်လည်း Digital art လက်ရာရှုခင်း၊အဆောက်အဦ
ပုံတွေ အများကြီးပါ။ အနီးစပ်ဆုံး သုံးချင်ရင် အိန္ဒိယရုပ်ရှင်
Mohenjo Daro ရုပ်ရှင်က နန်းတော်၊အဆောက်အဦပုံတွေ
ယူသုံးလည်း ရပါတယ်။(အဲဒီရုပ်ရှင်က ရာမယဏဇာတ်လမ်း
အခြေပြုရာ ကာလကိုပဲ အခြေခံရိုက်ထားတာပါ။)
မေးချင်တဲ့ မေးခွန်းတွေ
==================
ပြဇာတ်မကခင် တစ်ပတ်အလိုမှ ဒီဇိုင်နာပြောင်းပြီး တစ်ပတ်
အတွင်း ဝတ်စုံတွေ အပြီးချုပ်ရတာတို့၊ ဆရာဝသုန်ရဲ့ အဝတ်
အစားဒီဇိုင်းတွေ ခွင့်မပြုလို့ ယူမသုံးရတာတွေဆိုတဲ့ သတင်း
တွေက မှန်ကောင်းမှန်ပါလိမ့်မယ်။ ဒါပေမယ့် အဲဒီဆင်ခြေ
တွေက ဂန္တဝင်လက်ရာတစ်ခု၊ ပရိသတ်တွေ တန်ဖိုးထားတဲ့
အနုပညာတစ်ခုကို ဖြစ်ကတတ်ဆန်းချပြဖို့ လုံလောက်တဲ့
အကြောင်းပြချက် ဖြစ်သင့်ပါသလား။
ကိုယ်ကပြမယ့် ပွဲဟာ တောအလှူမှာ ကတဲ့ပွဲမဟုတ်ဘဲ
တနိုင်ငံလုံးအသိပေးပြီး အနုပညာအစဉ်အလာကောင်းတဲ့
မန္တလေးမြို့တော်၊ အမျိုးသားဇာတ်ရုံကြီးမှာ ရုံဝင်ကြေးနဲ့
ကပြတဲ့ ပွဲကြီးတစ်ပွဲဖြစ်တယ်ဆိုတာ မစဉ်းစားမိကြဘူးလား။
ဝတ်စုံအချိန်မီမရလို့ ပွဲရွှေ့လိုက်ရလို့ ငွေကြေးဆုံးရှုံးမှုပမာဏနဲ့
ရတဲ့ဟာကို ဖြစ်သလိုဝတ်ပြီး ကလိုက်ရလို့ ပြန်ရရှိမယ့် feed
back အတိုင်းအတာကို ချိန်ထိုးသုံးသပ်ပြီး အကျိုး နဲ့ အပြစ်
ဘယ်ဟာက များမလဲ တွေးမကြည့်ကြဘူးလား။
ဒီလို ကချော်ကချွတ်ပြင်ဆင်ထားတာတွေကို ပြဇာတ်မှာ
ပါဝင်တဲ့ (သဘင်အတွေ့အကြုံရှိတဲ့) ဦးမိုးဝင်း၊ဟန်ဇာမိုးဝင်း
တို့က ဘာမှ ထောက်မပြကြဘူးလား။တွဲဖက်ဒါရိုက်တာဖြစ်သူ
(ဆရာချစ်ရဲ့သား)လင်္ကာညိုကရော ဘာမှဝင်မပြင်ရဘူးလား။
မန္တလေးလိုနေရာမှာ ဇာတ်သဘင်ပညာရှင်တွေ အများအပြား
ရှိပါလျက်နဲ့ သူတို့ဆီက အကြံညဏ် မရယူကြဘူးလား။
ပွဲစီစဉ်သူရဲ့ ပြောစကားအရ မန္တလေးမှာ ကပြီးသွားရင်
စင်္ကာပူ၊ ရန်ကုန် နဲ့ အခြားနေရာတွေမှာ ဆက်ကဦးမယ်လို့
သိရပါတယ်။ ဒီလို ဆူလွယ်နပ်လွယ် အပြင်အဆင်တွေနဲ့
ဘယ်ခေတ်၊ဘယ်ယဉ်ကျေးမှုကို အခြေခံထားမှန်းမသိတဲ့၊
(တရုတ်၊ကိုရီးယား၊ အိန္ဒိယ၊ မြန်မာ၊ မွန်ဂို) ၁၂ မျိုးဂျင်းသုပ်
ရူးကြောင်ကြောင်ဝတ်စုံတွေနဲ့ ပွဲတွေဆက်ကရမှာ မရှက်ဘူး
လားလို့ မေးချင်တယ်။
ဒီလိုအူကြောင်ကြောင်ဖန်တီးမှုမျိုးကို မြန်မာ့အနုပညာလားလို့
နိုင်ငံခြားသားတစ်ယောက်က မေးလာရင် ဘယ်လိုရှင်းပြကြ
မလဲ။ အချုပ်ပြောရရင်တော့ ဝါလမိကိကို ရှက်ပါ။ ရာမယဏ
ကို ရှက်ပါ။ ချစ်ဦးညိုကို ရှက်ပါ။ ပန်းချီဝသုန်ကို ရှက်ပါ။
ပရိသတ်တွေကို ရှက်ပါ။ ကိုယ့်ကိုကိုယ်လည်း ရှက်ပါလို့
ပြဇာတ်ဖန်တီးသူ၊ တာဝန်ရှိသူအားလုံးကို တိုက်တွန်းပါရစေ။
ကိုယ် ဖန်တီးမယ့် အနုပညာဟာ ဘယ်အဆင့်အတန်းရှိသလဲ၊
ကိုယ်နဲ့ရော ထိုက်တန်ရဲ့လား ကိုယ့်ကိုကိုယ် ပြန်မေးကြည့်စေ
ချင်တယ်။
ဒဿဂီရိဟာ နိုင်ငံပေါင်းစုံက ရာမယဏဇာတ်တွေထဲမှာ၊
ဆရာချစ်ဦးညိုရဲ့ ဝတ္ထုထဲမှာ၊ ဆရာဝသုန်ရဲ့ ရုပ်ပြထဲမှာ
အကြိမ်ကြိမ် သေဆုံးခဲ့ရပြီးပါပြီ။ ဒီတစ်ခါ ဒါရိုက်တာမောင်သီ
ရဲ့ ပြဇာတ်မှာတော့ ဒဿဂီရိဟာ အထိနာဆုံး သေဆုံးခြင်းနဲ့
သေဆုံးသွားရရှာပါတယ်...အမျှ အမျှ အမျှ။
အောက်ပါ link မှာ ပြဇာတ်စီစဉ်သူရဲ့ အင်တာဗျူး ကြည့်လို့ရပါတယ်။
https://www.facebook.com/myanmarcele7.mm
စာကြွင်း
(ရာမယဏနဲ့ မပတ်သက်ဘူးသာ ပြောတယ်။ အမျိုးသားဇာတ်ရုံအဝင်ဝမှာ ပရိသတ်တွေ ဓာတ်ပုံရိုက်ရအောင် ချပေးထားတဲ့ character အရုပ်တွေကတော့ ရာမဦးအုန်းမောင်
တို့ရဲ့ ရာမ၊ ဒဿဂီရိ၊ သီတာဒေဝီ အရုပ်တွေဖြစ်နေတာလည်းထူးခြားမှုတစ်ခုပါပဲ။)
ဖြိုးမြင့်ဝေ
Saturday, December 15, 2018
မျှဝေတဲ့နေရာမှာ ဘယ်သူမှ မှီမယ်မထင်
မျှဝေတဲ့နေရာမှာ ဘယ်သူမှ မှီမယ်မထင်
ဆယ်လီတွေရဲ့ ဘာညာဘာညာ သတင်းများ





















