Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, December 9, 2018

အိမ်သာဝင်နေတုန်း ယုတ်မာသူလူတစ်ယောက်ရဲ့ အောက်တန်းကျစွာ ဗီဒီယိုချောင်းရိုက်တာကိုခံလိုက်ရတဲ့ သန္တာဗိုလ်

သန္တာဗိုလ်ကတော့











#Unicode Version#

“ဒီနေ့ အတွေ့အကြုံလေးတစ်ခု share ချင်ပါတယ် Myanmar Int’l Fashion Week 2018 ည ၁၂:၃၀ Hexagon Complex (Shwe Htut Tin) မှာ show လျှောက်ပြီး နောက်ဆုံးညအတွက် rehearsal တိုက်နေတာဆိုတော့ နည်းနည်းပင်ပန်းပြီးခါးတွေကိုက်လာတဲ့ အကြောင်းသူငယ်ချင်းတွေနဲ့ပြောနေရင်း အိမ်သာတော့ ခဏသွား လိုက်ဦးမယ်လို့နေရတာ မအီမသာဖြစ်နေတယ်ဆိုပြီး အိမ်သာကိုသွားတာ လူတစ်ယောက်မှမရှိဘူး ဒါပေမဲ့အရင်တုန်းကလဲသွားနေကျပဲဆိုတော့ ဘာမှမဖြစ်လောက်ဘူးပေါ့ အိမ်သာထဲဝင်ပြီး အိမ်သာသွားနေချိန် လူဝင်လာတဲ့ အရိပ်တွေ့တယ် မိန်းကလေး အိမ်သာဆိုတော့ ကိုယ့်လူတွေပဲ Model မဟုတ်ရင် အလုပ်လုပ်ကျတဲ့ မိန်းကလေးတစ်ယောက် အိမ်သာလာတယ်ပေါ့ဆိုပြီး အိမ်သာသွားရင်း ဖုန်းကြည့်နေလိုက်တယ် နည်းနည်းကြာတော့စိတ်ကတစ်မျိုးဖြစ်သွားတယ်”

” ခုဏကဝင်လာတဲ့တစ်ယောက်က အိမ်သာထဲဝင်သံလဲမကြားလိုက်ဘူး အိမ်သာမဝင်ရင်လက်လာဆေးတယ်ဆိုလဲ ရေသံမကြားဘူးပေါ့ စိတ်ထဲတစ်မျိုးဖြစ်တော့ ဘာရယ်မဟုတ် အပေါ်မော့ကြည့်လိုက်တာ အမယ်လေး တံခါးကနေ အပေါ်ကိုမိုးပြီး video လှမ်းရိုက်နေတာ အရမ်းလန့်ပြီးတစ်ကိုယ်လုံးတုန်သွားတာပဲ ကြောက်ကြောက်နဲ့ ဘယ်သူလဲလို့ ခက်ကျယ်ကျယ်အော်လိုက်တဲ့ချိန်မှာ အဲဒီလူ ထွက်ပြေးသွားတယ် တံခါးတွေနဲ့တိုက်မိတဲ့အသံတော့ကြားလိုက်တယ် ကိုယ်ကလဲ အောက်ပိုင်းကချွတ်ထားတော့ အမြန်ပြန်ဝတ်ပြီး ထွက်ကြည့်တာပဲမတွေ့တော့ပါဘူး ”

“သူ့ဖုန်းပုံစံတော့သိလိုက်တယ် သူငယ်ချင်းတွေကိုပြောပြပြီး ငိုပါလေရော တကယ်ကြောက်ဖို့ကောင်းတယ် ဆရာဂျွန်လွင်လဲရှိတဲ့သူတွေရဲ့ဖုန်းပုံစံကို အကုန်ထုတ်ပြခိုင်းပြီးစစ်ပေးတယ် ဒါပေမဲ့ ကိုယ့်လူတွေထဲကမဟုတ်ဘူးဆိုတာသိတယ်😢ဘဝမှာပထမဆုံးအတွေ့အကြုံ အိမ်သာမှာ သတ်သွားရင်တောင်သိမယ်မထင်ဘူး အဲဒီလူကတစ်ယောက်ထဲဝင်တဲ့ အချိန်ကို ဘယ်ချိန်ထဲကချောင်းနေလဲမသိဘူး နောက်ဆို မိန်းကလေးတွေအိမ်သာသွားရင်တစ်ယောက်ထဲဝင်မယ်ဆိုရင် သတိထားကြပါနော် 😢 ဘာဖြစ်လို့အဲလိုလုပ်ကြတာလဲ စဉ်းစားလို့တောင်မရဘူးးး😓” လို့ သူမအကောင့်ကနေ သတိထားနိုင်ဖို့ မျှဝေပေးထားတာဖြစ်ပါတယ်။


No comments:

Post a Comment