CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Showing posts with label funny. Show all posts
Showing posts with label funny. Show all posts
Friday, March 1, 2019
G fattနဲ့အပြိုင် ဒွန့်နေတဲ့ ငုံးဥသည် ဦးလေးကြီး
Pathein Uni waterfestival🎉 G fattနဲ့အပြိုင် ဒွန့်နေတဲ့
ငုံးဥသည် ဦးလေးကြီး 😁 Dwel Latt
အမေ MAI-Yangon-Bangkok ပဲ
သမီးဖြစ်သူမင်္ဂလာဆောင်ပွဲအပြီး...
အမေဖြစ်သူက
"သမီး မင်္ဂလာဦးည ဘယ်လိုဖြစ်လဲ အမေ့ကို ပြောပြ..
ပြောရမှာ ရှက်ရင် စကားဝှက်သုံးပြီး စာပို့ လိုက်"
" ဟုတ် အမေ"
နောက်ရက်ကျ သမီး ဆီကစာတစ်စောင် ဝင်လာတယ်
"အမေ MAI-Yangon-Bangkok ပဲ" ဒဲ့ ။
အဲ့ဒါနဲ့အမေဖြစ်သူလည်း ဘာအဓိပ္ပါယ် ဆိုတာသိရအောင် MAI ရုံးကို ဖုန်းဆက်ပြီးမေးတယ်..
"MAI ရန်ကုန် ကနေ ဘန်ကောက်က လေယာဉ် အကြီးစားတွေ ဖြစ်ပြီး
တစ်ရက် ၅ ကြောင်း ရှိပါတယ်။
တစ်ပါတ်မှာ ၇ ရက်လုံး နားရက် မရှိပါဖူး။
လေယဉ်တစ်ခါ ပြေးဆွဲချိန် ၄၅ မိနစ် ထိ ကြာပါတယ်။"
အဲ့ဒါ ကြားပြီး တော့ အမေဖြစ်သူလည်း သတိလစ်သွားတော့တယ်။
😁😁😁
Monday, February 25, 2019
မူးမူး နဲ့ ပွင့်ထွက်လာတဲ့ ခံစားချက် တအားချစ်လို့ကောင်းတဲ့အရွယ်
မူးမူး နဲ့ ပွင့်ထွက်လာတဲ့ ခံစားချက် တအားချစ်လို့ကောင်းတဲ့အရွယ်
Tuesday, February 19, 2019
ဒီသော့ကို ပထမဆုံး ရအောင်ဖွင့်နိုင်သော ခေသူမဟုတ်တဲ့ ဥာဏ်ကြီးရှင်များအားဖိတ်ခေါ်ပါသည်
ဒီသော့ကို ပထမဆုံး ရအောင်ဖွင့်နိုင်သော ခေသူမဟုတ်တဲ့ ဥာဏ်ကြီးရှင်များအားဖိတ်ခေါ်ပါသည်
Sunday, February 10, 2019
၃ ။ လုံခြုံရေး ဝန်ထမ်းများ သော်လည်း ယနေ့ ချိန်ထိ ဦးခေါင်း ကို သေနတ်ဖြင့် ‘ တေ့’ ဖြုတ်ခံ ထိအောင် လုံခြုံမှူ မရှိသေးခြင်း-
၈ ။ Level တစ်ခုတည်း ၌ ဖွင့်ထားသော ညာဖက် ထောင့်ဆိုင် နှင့် ဘယ်ဖက် ထောင့်ဆိုင် တို့ ၏ ဈေးနှုန်းများ မှာ မဟားဒယား
ဘာဒွေကျန်အူး မလဲ – – –
ကိုနေအောင်
Unicode
အခြားလေဆိပ်များနှင့်မတူသည့် ရန်ကုန်လေဆိပ်၏ အလွန်တရာ ထူးခြားချက်များ
၁ ။ လေဆိပ် အဆောက် အအုံ အတွင်းထဲ ၌ “ခရီးသည်” ထက် “ဝန်ထမ်းဦးရေ” က ပိုများနေခြင်း
၂ ။ ထို ဝန်ထမ်း များထဲတွင် မှ “လုံခြုံရေး ဝန်ထမ်း” ဦးရေ က ပိုများနေခြင်း
၃ ။ လုံခြံုရေး ဝန်ထမ်းများ သော်လည်း ယနေ ့ချိန်ထိ ဦးခေါင်း ကို သေနတ်ဖြင့် ‘ တေ့’ ဖြုတ်ခံ ထိအောင် လုံခြံုမှူ မရှိသေးခြင်း-
၄ ။ တန်းစီတန်းဖြုတ် လစာထုတ်နေသည့် လေဆိပ် ရဲ တို ့၏ ” တိတ် နှိပ် သုံး တိတ်” ဟူသည့် အသံများ အားမာန် တက်ကြွဖွယ်
မနက်တိုင် ကြားနေ ရသော်လည်း ၄င်းတို ့ တန်းဖြုတ်ချိန် မှ စ၍ ထိုရဲ များမှာ တစ်နေကုန် ဘယ်သွား ” သေနေမှန်း ” မသိခြင်း။
( ဖြိုးကိုကိုတင့်ဆန်း ဆိုလား ဘာလား ဟောရှော့ လုပ် သွားတာ ခုထိ ဘာသံမှ မကြားရ တော့ဘူး။ )
၅ ။ လေဆိပ် အတွင်း ကဲ့သို ့ လေယာဉ် ပြေးလမ်း Taxi way တစ်လျှောက် လေယာဉ်စီးရေ ထက် ကားစီးရေ က ပိုများနေခြင်း။
၆ ။ ကားစီးရေ များသလောက် ဒါရိုက်ဘာ များအား ရှာ မတွေ ့ခြင်း- ( လေယာဉ်နည်းချိန် ကားပါကင်”အဖြစ် အပိုဝင်ငွေ ရှာပုံ ပေါက်သည် – )
၇ ။ ကိုင်း – လေဆိပ် အတွင်းဖက်ကို ပြန်ဝင်ရအောင်။ ရေသန့်စက်များ ထားပေးသော်လည်း ဘယ် အချိန် ကြည့်ကြည့် ‘တစ်ခါသုံး သောက်ရေခွက် များ ‘ ဘယ်တော့မှ မတွေ ့ရှိခြင်း-
၈ ။ Level တစ်ခုတည်း ၌ ဖွင့်ထားသော ညာဖက် ထောင့်ဆိုင် နှင့် ဘယ်ဖက် ထောင့်ဆိုင် တို ့၏ စျေးနှုန်းများ မှာ မဟားဒယား
ကွာဟ လွန်း ခြင်း – ( အဝင် ထောင့် က ဆိုင်မှာ ရေသန် ့တစ်ဗူး ၁၂၀၀ အထွက် ထောင့်ဆိုင် က ၂၀၀။ )
၉ ။ တခြားသော နိုင်ငံတကာ လေဆိပ်များ၌ သာယာ ငြိမ့်ညောင်းသော Easy Listening တီးလုံး များကို speaker မှ နားထောင်ကောင်း
ရုံ လောက်သာ တိုးတိုးလေး ဖွင့်ထားလေ့ရှိပြီး တချက်တချက် လိုအပ်မှ သာ ချိုသာသော အသံဖြင့် announce လုပ်လေ့ရှိသော်လည်
း ရန်ကုန်လေဆိပ် မှ PA speaker များ ခင်မျာ သံဗြဲကြီး များဖြင့် တစ်နေကုန် အနားမရ အောင် non-stop ကုံးအော်နေရခြင်း ( မသိပါက
ဟီးသရိုးလေဆိပ် ကဲ့သို ့ လေယာဉ်များ လက်မလည်အောင် တက်ဆင်း နေသည် အထင်ရှိမည်။ )
၁၀ ။ သို ့ရာတွင် တခြားနိုင်ငံ များထက် သာလွန်ခြင်းကား ကိုယ်နှင့် သွေးမတော် သားမစပ် များ က ကိုယ့် အထုတ် ကို အတင်းဆွဲ ကာ
သူ ့ ကားနှင့် ပို ့ပေးပါရစေ ဟု ဖော်ရွေလွန်း သည့် လူအုပ် ကြီး က” လေဆိပ် ဆိုက်ရောက် ” အပြင်ဖက် တွင်တိုးဝှေ့ ကာ စောင့်နေ ကြခြင်းပင်။
ဘာဒွေကျန်အူး မလဲ – – –
ကိုနေအောင်
Friday, February 8, 2019
Mercedes မာစီးတီးမှန်ကို လုံးဝအာမခံတယ်......မကွဲဘူးအက်တာ...ဆိုပါလား
မာစီးတီးမှန်ကို လုံးဝအာမခံတယ်......မကွဲဘူးအက်တာ...ဆိုပါလား.... သေပီဆရာ
သူငယ်ချင်းတွေ ကျွန်တော်လို မဖြစ်ရအောင်ပါ၊၊
သူငယ်ချင်းတွေ ကျွန်တော်လို မဖြစ်ရအောင်ပါ၊၊
ကျွန်တော် လတိုင်းလိုလို ထီထိုးလေ့ရှိတယ်၊
ဘယ်တော့မှ ထီတိုက်လေ့ မရှိပါဘူး။
ကျွန်တော် ထီပေါက်ရင်
ထီဆိုင်ကပဲ ဖုန်းဆက်လာလိမ့်မယ်လို့ တွေးပြီး
ကိုယ်တိုင် ထီတိုက်ရမှာ ပျင်းတတ်ပါတယ်...
ဒါပေမယ့် ဒီနေ့တော့ တိုက်တိုက်ဆိုင်ဆိုင်
ကိုယ့်ရှေ့က ထီပေါက်စဉ်သည် ဖြတ်သွားတာနဲ့
ကိုယ့်လက်ထဲမှာလည်း အကြွေ နှစ်ရာရှိတာနဲ့
ပေါက်စဉ်တစ်စောင် ဝယ်ပြီး
ကိုယ်တိုင် ထီတိုက်ကြည့်လိုက်တော့
ကျွန်တော် ထိုးထားတဲ့ ထီလက်မှတ်က
မျှော်လင့်မထားဘဲ..
ဘာဆုမှ မပေါက်ပါဘူး...
အဲ့ဒါကြောင့်လေ ပြောချင်တာက
ကျွန်တော်လို
ထီဖိုးအပြင် ထီပေါက်စဉ်ဖိုးပါ
ထပ်မကုန်ရလေအောင်
ဂရုစိုက်ကြပါလို့....ခိခိ
နှစ်ရာပါ ထပ်ကုန်သွားသေးတယ်...။
credit😁
Monday, February 4, 2019
Sunday, February 3, 2019
Tuesday, January 29, 2019
သမီးက အိပ်ချင်နေပါတယ်ဆိုမှ ဆရာမက အတင်းစာသင်နေတယ်
သမီးက အိပ်ချင်နေပါတယ်ဆိုမှ ဆရာမက အတင်းစာသင်နေတယ် ဝုတ်ဒယ် 😂 အမ်နိုင်း(oasis)
Sunday, January 27, 2019
ငါတို့က fb မှာဆွေကြီးမျိုးကြီးတွေ
fri request တက်လာလို့ကြည့်လိုက်တာ
ကိုယ့်အဖေ...
ကိုယ့်ရှေ့မှာငုတ်တုတ်ကြီးထိုင်နေရင်းကိုယ့်ကိုလာ add တာ..
မျက်မှန်အောက်ကနေ မျက်မှောင်ကြီးကျုံ့ပီး ကိုယ့်ကိုရိုးလိုက်သေးတယ်
ငါ့ add ထားတယ် လက်ခံလိုက်စမ်းဆိုတဲ့ အကြည့်မျိုး..
ဒီအကြည့်တွေသိတာပေါ့
ကိုယ့်ကိုမွေးထားတဲ့ဖအေပဲ
အဲ့ဒါနဲ့ လက်ခံလိုက်ရတယ်...
အဲ့လိုလက်ခံပြီးတဲ့နေ့ထဲက
မနက် ၄ နာရီလောက်ဆို မက်ဆင်ဂျာကနေ
တရားနာဖို့ အသံဖိုင်တွေပို့တော့တာပဲ
ဒါတင်လားဆိုတော့ ဘယ်ကဦးမလဲ..
စိုက်ပျိုးရေးနည်းတွေ...စီးပွားရေးပိုစ့်တွေ
ဘဝနေထိုင်နည်း ဘာညာဆိုတဲ့ ဟာတွေကို ကိုယ့်ကို tag တွဲပီး ရှယ်တော့တာ
သူtag ထားတာမသိလို့ ၂ မိနစ်လောက်များ နောက်ကျသွားရင် ဖုန်းဆက်ပြီး
"မင်း ဘာလုပ်နေလဲ လိုင်းပေါ်မှာမတွေ့လို့"
အဲ့ဒါဆို ပေါက်လိုက်ပီ..
လိုင်းဖွင့်ပြီး tag ဖွင့်ပေးလိုက်တယ်
တခါတည်း အသဲပုံလေးပါပေးပစ်ရတယ်..
like ကအသဲပုံတခုပဲ....
ကျန်တဲ့ ဟဟတို့ ဝိုးတို့ ဆတ်တို့ အန်ဂရီးတို့က အန္တရာယ်ရှိတယ်...
ကိုယ်ကအသမခံပြီးသွားပီလေ သူရှယ်ထားတာက မသေခင်လေးမှာကောင်းမှူ့ကုသိုလ်တွေ လုပ်သွားသင့်တဲ့အကြောင်းပိုစ့်ကို
မဖတ်ပဲ ဟဟ သွားနှိပ်မိလို့ အလှော်ခံလိုက်ရပြီးနောက်ပိုင်း ဘာတင်တင် အသဲပုံပဲ လိုက်တော့တယ်..
နောက်ပြီးမိန်းမဘက်ကအမျိုးတွေ.. ယောက်ခမတွေလည်း ကိုယ့် fri ထဲရှိတယ်
ယောက်ခမလည်း မိဘပဲဆိုတော့ ကြောက်ရတာပဲ...
ယောက်ခမကျ တမျိုးဗျ...
သူက မက်ဆင်ဂျာကနေ ဖြန့်ချီရေးစာတွေအများဆုံးပို့တာ..
သိတယ်မို့လား...ဒီစာကိုလူဘယ်နှစ်ယောက် ပို့ပါတို့ ..မပို့ရင်ဘာဖြစ်တယ်တို့ဆိုတာမျိုးတွေလေ...
သူလည်းပို့စ်တင်ရင် tag တာပဲ
ဗေဒင်တွေ ....
အဆောင်တွေ... ဒီပုံကိုရှယ်ရင်ဘယ်လိုဝင်ငွေရတယ်ဆိုတာမျိုး နောက်ပြီး စား ချက် ကဟာတွေပေါ့ဗျာ..
သူ့လည်း tag ဖွင့်တာနောက်ကျလို့မရဘူးဗျို့ သူကျတော့ ကိုယ့်စီကို တိုက်ရိုက်မလာဘူး
"သမီး အမေအဆောင်လေးတခုတွေ့လို့ရှယ်ထားတယ် နင့်ယောင်္ကျားကအလေနတ်တောသွားနေတာလေ အဲ့တာသူလည်းအန္တရာယ်ကင်းအောင်လို့ tag ထားတယ် ပြောလိုက်ဦး"
အဲ့မှာ မိန်းမက
"ရှင့်ကို အန္တရာယ်ကင်းအောင်အမေက လုပ်ပေးထားတယ် ယောက်ျားရေ" ဆိုရင် ချက်ခြင်းဝင်ပြီးtagဖွင့်ရမယ်ဆိုတာကိုသိလိုက်ပြီ.
တဆက်တည်း အသဲပုံလေးပါ အော်တို လိုက်ပြီးသားပေါ့ဗျာ...
သူတို့ကြတော့ ကိုယ့်လာ add တာမဟုတ်ဘူးဗျို့...
ကိုယ်ကသွား add ရတာ
မadd လို့ကလည်းမရဘူးလေ
သူ့တို့ကဘယ်သူဘာတင်တင် တဆွေလုံးတမျိုးလုံးပတ်တွဲတာ
အဲ့တော့ ဒါတွေကအမျိုးတွေဟေ့ဆိုပြီး ပြောနေသလိုဆိုတော့ အကုန်လိုက်addရပြန်ရော..
မိန်းမကျပြန်တော့tag ယုံတင်မဟုတ်ဘူးဗျာ
မန်းရှင်းခေါ်တာပါ သူကအဆစ်ပါသေးတယ်
သူလိုချင်တဲ့ပစ္စည်းတို့ သူကိုယ်ကိုပြောချင်တာမျိုးတို့တွေ့ရင် အဲ့လိုတွေအောက်မှာလည်း မန်းရှင်းခေါ်သေးတယ်...
အဲ့လိုဆိုရင်သွားဝင်ကြည့်ပြီး ဘာမှမမန့်တောင် အသဲလေးတော့ သူ့မန့်ကို လိုက်ခဲ့ရသေးတယ်...
ဟိုတနေ့ကတော့ ကိုယ့်သားလာadd တယ်
နံမည်ကတော့ မွေးစာရင်းထဲကကိုယ်ပေးထားတဲ့ နံမည်မဟုတ်ပေမယ့် ရုပ်ကတော့ ငါ့သားနဲ့တူတယ်ဟဆိုပြီးဝင်ကြည့်လိုက်မှ ကိုယ့်သားမှန်းသိတာ
အဲ့ဒါနဲ့ သေချာအောင် မိန်းမမေးရသေးတယ်
"မိန်းမ နင့်သား fb သုံးနေတာလားဆိုတော့
အေးလေတဲ့ pubg ဆိုလား အဲ့ဂိမ်းဆော့ရင် fb အကောင့်ရှိမှရတယ်ဆိုလို့ ဖွင့်ပေးထားတာတဲ့"
လူကလည်းတမျိုးလုံးစုံသလောက်ရှိသွားပြီဆိုတော့
ကျနော်လည်းနှစ်ဖက်ဆွေမျိုးတွေအကုန်စုပြီး မက်ဆင်ဂျာမှာဂရုလေးတခုဖွင့်ပေးထားလိုက်တယ်...မီးလေးတွေကိုစိမ်းလို့
ကဲခုဆို မိသားစုတွေ ဘယ်လောက်ပျော်ဖို့ကောင်းလဲ
မိသားစုတွေလည်းအရမ်းစည်းလုံးသွားတယ်
fb ပေါ်မှာရန်ဖြစ်ရင်လည်း တအုပ်တမကြီးဝင်ဆဲတယ်..
ကြည့်မရလို့ rp ထုရင်လည်း သူစိမ်းတွေအကူအညီတောင်းစရာမလိုတော့ ဘူး ကိုယ့်မိသားစုဂရုထဲ linkချပေးလိုက်တာနဲ့တင် စိစိညက်ညက်ကြေသွားမယ်...
သိပြီနော်...
အဲ့ဒိတောလာမစမ်းနဲ့
ငါတို့က fb မှာဆွေကြီးမျိုးကြီးတွေ...#
....ko zay....
ဆွဲကြပါအူး ကန်မတွေကို … … လက်နက်အစစ်တွေနဲ့ ထုကုန်ပြီဗျ
" ဟယ် ဟို သမော်ကယ်လေးက လန်းလိုက်တာ ကမရယ်"
"အေးဟယ် သူငယ်ထောင်လိုက်ကြရအောင်"
"ဟဲ့ … …သူ့ဘေးနားကအစစ်မကို သတိထား"
"အေ အဲ့ ငံပြာရည်မကို ခေါက်ထားလိုက်ပါ"
"ဟေး ကျေနပ်တယ့်ရိုက်လိုက်ပါအုံးး… …"
"ဟဲ့ ကမ နင် ဖော်လော်မော်မ တော့ မလုပ်ကြေနော်"
" အို အေ မစားကောင်းတဲ့အသီး စားတာမှ မဟုတ်
တာ ငါက လုပ်စရာလားအေ့"
"ညည်းက ကပ်ကလီယာပန်းတွေ ပွင့်တတ်လွန်းလို့ပြောတာ သက်လား"
"အိုက်စ် ကမ ကိုရီးယားမဆန်နဲ့လေ"
"ညည်းသာ စနိုက်ကျော်မှာ စိုးလို့ ပြောနေရတာပါကမရယ်"
"အေးပါ ငါအဆင်ပြေရင်သာ နင် ဂျေဝင်ပြီးမနှောက်ရဘူး သက်လား"
"နင် သာယာနေရင် ငါက အဆ ပါအေ……ဝယ်မစားနိုင်လည်း နှိုက်မြည်းလို့ ရတာပေါ့"
"အံမယ် ကမ . . ညည်းက ကြက်ကလီးမလုပ်မလို့လား"
"မလုပ်ပါဘူးအေ ကံထူးလို့ ဂန်ဒူးဖြစ်နေတာကို အဆ ပါ"
"ကဲ ဟေ့ မိန်းမလျာအပေါင်း သူတော်ကောင်းတို့ရေ… …
သမော်ကယ်လေးကို သူငယ်ထောင်ရအောင်"
" ဟုတ်တယ်ဟေ့သေမှာမကြောက်လို့ပေတစ်ရာလျှောက်
နေတဲ့ ကဘေကမ္ဘာက အခြောက်ဆိုတာ ပြကြအုံးစို့"
"ဟဲ့ ဟဲ့ သတ္တိရှိလို့ မတ်စိဖြစ်နေတာကို သတိရှိ"
"အို အေ ဒါမျိုးမကြောက်လို့ ရွာရိုးလျှောက်နေတဲ့မဟာမျိုးအခြောက်ဟေ့"
"ဟုတ်တယ်လေ မိန်းမလျှာဘဝသိန်းတစ်ရာမကတန်တယ်ဆိုတာ သိစေရမယ်"
"ဟဲ့ ကမတေ ဖြေးဖြေးခြောက် ပတ်ကြားအပ်နေပါ့မယ်
ရေစွတ်စွတ်ပြီး ခြောက်နော် "
"အိုင်းးးစ် ညည်းတို့နဲ့ မူးထှာအေ"
"ဟိုကမ ညည်းမလည်း မထော်မနန်းတွေပါအေ"
"ဘာလဲ ညည်းက ခုမှ ဇွတ်ကျား ချင်နေတာလား"
"ခုမှ လာပြီးပုန်းချင်နေတာ"
"အို အေ့ ဇွတ့်လူဆို့းသွားးးး များကို လာပြောနေတာ"
"ညည်းကတော့လေ မျိုးစုံ ကြိုးခုန်နေတယ်နော်"
" ကမတေ ညည်းတို့ တွတ်ထိုးနေတာနဲ့ သမော်ကယ်လေး ဆွဲစားမယ့်အနေအထား ပျက်ကုန်တော့မှာပဲ"
"အဖွားကြီးမရယ် တို့တွေ ဖွာနေတာက အဆ ပါအေ"
"ကမ ညည်း အပြောမတတ်တာ ရပ်ကွက်ထိခိုက်နေပြီ"
"အံမယ် ကမ ရယ် ညည်းသာ အရွယ်မရောက်တဲ့ အသီးစားရင် ဖန်တယ်။ ပအာနေမယ် သတိထား"
"ညည်းနော် ငါ့ပါးစပ်နဲ့ တွေ့တော့မယ်"
"ဟွန်း … …မျက်နှာကိုက ဖရိုဖရဲနဲ့"
"ဟဲ့ ညည်းကဂယက်ထနေတာကိုး "
"ငါက နဲနဲရယ် ညည်း ဗွက်ထနေတာလည်း ထည့်ပြောအုံး ကမရဲ့"
"အချင်းချင်း ဂျဲလမတ် လာမြိုနေတယ့်ငါ့ ဘာမှတ်နေ
လဲ့ဂျေရုစလင် ပို့လိုက်မယ်နော်"
" ငါကလည်း ဆီဆားအစုံနဲ့ ဖြည်စားရုံပဲ သက်လား"
"ညည်းနော် ငါကလည်း ရေမီးအစုံနဲ့ လေထီးခုန်လို့ရတယ်နော်"
"ဟွန်း ထင်သလောက်လဲ မဟုတ်ပဲနဲ့
့အပ်ကလေးကိုများးးး ညည်း ငါ့ ကို သြဇာသီး လာရောင်းလို့ မရဘူး ကမရဲ့"
"ညည်းက ဝုန်းတယ်ပေါ့လေ… …မျက်နှာဆိုးနဲ့ စောက်ကမ က"
"အမလေးဟယ် ရပ်ကွက်ဆန်လိုက်တာအေ"
"ညည်းက ရဲကိုကို တွေနဲ့ပိုင်တယ်ဆိုပြီး ငါ့ကို
လာဝုန်းနေ တာလား တောင်ပြုံးမရဲ့"
" ဒီ မသော်မှော်မ ငါလုပ်လိုက်လို့ ဂွမ်းတော့မယ်"
"အမလေးး ဖရော်တကယ် ဖရော်တကယ် . ဒီကန်မ ကတော့လေ ကန်မ ညည်းကသာ
ဖက်လုံးမ ခေါင်းအုံးမလေ"
"ကန်မ ညည်း ကိုယ့်သိက္ခာနဲ့ကိုယ် နေစမ်းဘာအေ"
"ညည်းက သရော်မှော်ကား လုပ်နေလို့ ငါ ပြန်ဝုန်းရတာပါအေ"
" တျန်းးးးတျန်း ကန်မ သမော်မီး မ"
"အဆင်လေးးတွေ့တာနဲ့ ငါ့ကို လာချေနေတယ်…ငါ့ဇယား လာမဆွဲနဲ့ … …ငါက ညည်းကို ပလစ်တယ်
ဟဲ့"
"ညည်းသာ ငါ့အဆင်လေးနဲ့ ရှလူးမှာကို ဂျေဝင်နေတာဘာလားပဲ… …ဂျေဒိုးနတ် သိပ်စားချင်နေတာပေါ့"
"အဲ့တော့ ဘာဖြစ်လဲ ကန်မ"
"ဒါဖြစ်တယ် ကန်မရဲ့"
"ညည်းက လက်နက်ပြတာလား"
"ကဲဟယ် ဖြန်း"
"ကဲဟယ်"
ဟ ဟ ဟ ဆွဲကြပါအူး ကန်မတွေကို … …
လက်နက်အစစ်တွေနဲ့ ထုကုန်ပြီဗျ… …။
Credit
Saturday, January 26, 2019
ကြည့်မြင်တိုင် မြို့နယ်ဈေးကြီး ဆွမ်းလောင်းအောင်ပွဲ လှည့်လည် ဖျော်ဖြေပွဲတခုပါတဲ့
ဇင်မိုး
.......................
Public ဧရိယာမှာ လိုက်လံဖျော်ဖြေတဲ့နေရာမှာ ဝတ်စားဆင်ယင်မှုတွေ အရမ်းကြီးပွင့်လင်းမြင်သာလာတာ တော့ အမှန်ပါပဲ။
ဆွမ်းအောင်ပွဲ ပျော်ပွဲရွှင်ပွဲ လုပ်တယ်ဆိုပေမဲ့ အမှန်ဆို ဇာတ်စင်လေးနဲ့သာ အဲဒီလို ဖျော်ဖြေသင့်တယ် ထင်ပါတယ်။ဇာတ်စင်ပေါ်မှာပဲ ဖျော်ဖြေတာဆို ဒီလိုမျိုး သိပ် သရုပ်မပျက်တော့ဘူးပေါ့။
အခုဟာက တော်တော်သရုပ်ပျက်တယ် တာဝန်ရှိတဲ့လူတွေကကြည့်ကောင်းနေတယ်
ခုဟာကမြို့ပတ်ပြီး အဟွာလိုက်လုပ်နေသလိုကြီးနော်။
ကိုယ့်အမြင်ပဲပြောတာပါ။ ဘယ်သူ့မှထိခိုက်စေလိုစိတ် မရှိပါဘူး။ ကိုယ်တွေကတော့ ပြရင် ကြည့်လိုက်တာပဲ။ဗဟုသုတတောင် ရသေး။
Facebook ခေတ်ကြီးမှာ မိန်းမခိုးမှာကို ညီမဖြစ်သူ သိသွားသောအခါ
” ငါ့နှယ် အဲဒါမက်တာနဲ့ လန့်နိုးစရာလား ”
“အဟိမ်း ” (ပီတိသံကြီးနဲ့ 😁)
“မိန်းမသွားခိုးမလို့ … ”
“ဟယ် ဘယ်သူ့ကိုလဲ ”
ဒီလိုနဲ့ ညီမဖြစ်သူကို ထားခဲ့ပြီး အိမ်ရှေ့ကလှေပေါ် တက်တာပေါ့ရွာမှာဆိုတော့ တောင်ပိုင်းကိုလှေနဲ့သွားရတာကိုးလှေထဲမှာက လှေလှော်မယ့်ငတိက အသင့် …
“ပုံထဲမှာ ပြောနေတာဟ … ”
“ဘယ်ကပုံလဲ”
ပုံ………မင်းအဖေ သာဂွ …
ပုံ……မင်းအမေ ပူစူးမ
~~ကွန်ဂရစ် ကိုရီး
“ အေးပါကွာ … ”
ခဏနေတော့ အေးကြည်မကွန်မန့်ကို သူ့အစ်ကိုငယ်က အန်ဂရီးရီအက်ရှင် ပေးပြီး ရီပလိုင်းပြန်ပါလေရော….
~ဟုတ်ကဲ့ခင်ဗျလို့လေ … ။
ဘလာ. . . ဘလာ . . ဘလာ . . .ဘလာ. . .
သေရောဗျာ. .
**********
==================
“ကိုရီး ကုပ်ချောင်းချောင်းနဲ့ ဘာလုပ်နေတာလဲ”
“ငင် … ” လှည့်ကြည့်လိုက်တော့ ကျုပ်ညီမဗျ အိပ်ချင်မူးတူးနဲ့ သူ့အခန်းထဲကထွက်လာတယ်…
” နင်ခုထိ မအိပ်သေးဘူးလား ”
“အိပ်မက်ထဲမှာ ကိုရီး မိန်းမသွားခိုး မယ်လို့ မက်လို့ လန့်နိုးလာတာ ”
” ငါ့နှယ် အဲဒါမက်တာနဲ့ လန့့်နိုးစရာလား ”
” နိုးတာပေါ့ ကိုရီးနဲ့ညားပြီး ဘယ်ငတိမ ကံဆိုးမလဲပဲ စိတ်ပူနေရတာ ”
” ငိမ့် … ” မောင်နှမ အချင်းချင်းတောင် ကပ်ဖဲ့နေသေးတယ်…
“ကလေးနေရာ ကလေးနေစမ်းပါဟာ သွားအိပ်တော့ ”
“ဒါနဲ့ ကိုရီးက ဘယ်သွားမှာလဲ”
“အဟိမ်း ” (ပီတိသံကြီးနဲ့ 😁)
“မိန်းမသွားခိုးမလို့ … ”
“ဟယ် ဘယ်သူ့ကိုလဲ ”
“ တောင်ပိုင်းက စက်သူဌေးသမီး အေးကြည် ”
“အားလားလား … နေဦး ဒါဆို နေဦး ”
ကျုပ်ညီမက အံ့ဩတဲ့ အသံကြီးနဲ့ အခန်းထဲ ပြန်ဝင်သွားပါလေရောခဏနေတော့ သူ့ဖုန်းကြီးနဲ့ ပြန်ထွက်လာတယ်လေ….
“ငင် … အာ့ ဘာလုပ်ဖို့တုန်း ”
“ကိုရီး လူပျိုဖြစ်တဲ့ နောက်ဆုံးအချိန်လေး အမှတ်တရပေါ့ကွာ ”
“အွင့် အရေးကြီးနေပါတယ်ဆိုမှ ဒီညီမက တစ်မှောင့်ကဲကွာ ရိုက်ရိုက် … ”
ကိုယ်ကလည်း စိတ်မပါဘူး လက်ကလေးနှစ်ချောင်းတောင်ထောင်ပြလိုက်သေးတယ်….
ဒီလိုနဲ့ ညီမဖြစ်သူကို ထားခဲ့ပြီး အိမ်ရှေ့ကလှေပေါ် တက်တာပေါ့ရွာမှာဆိုတော့ တောင်ပိုင်းကိုလှေနဲ့သွားရတာကိုးလှေထဲမှာက လှေလှော်မယ့့်ငတိက အသင့် …
” ဟျောင့် မင်းပုံစံက အလွင့်ကြီးပါလားဟ … ”
“မင်းကလည်းကွာ ငါဘာမှပြင်မထားပါဘူးဟ … ”
“ပုံထဲမှာ ပြောနေတာဟ … ”
“ဘယ်ကပုံလဲ”
“ခုလေးမှ မင်းညီမ တင်ထားတဲ့ပုံလေ … မင်းကိုတောင်တက် လုပ်ထားသေးတယ် …
ပြီးတော့ စာတောင် ရေးထားသေးတယ်အေးကြည်မကို အစ်ကိုကြီး သွားမခိုးခင်တဲ့ … ”
ငတိပြောတာ မယုံတာနဲ့ ခါးကြားထဲက အိုင်ဖုန်း (ကလုန်း) ကြီးဆွဲထုတ်လိုက်တယ် …
ပြီးတော့ လိုင်း ဖွင့်ကြည့်တာထိပ်ဆုံးမှာ ငတိမနဲ့ ရိုက်လာတဲ့ပုံကြီးကို ပြူးလို့….
အမယ် ဟ ဟ ရီအက်တောင် ၁၆ခုရနေပြီ …😁ပြီးတော့ ကွန်မန့် တိုင်ပင်လေးဝင်နေတာနဲ့ စောင့်ကြည့်နေလိုက်တယ် …
~~ငါ့သား လှေကို ဖြေးဖြေးလှော်သွားဦး…
ပုံ………မင်းအဖေ သာဂွ …
အမယ် ထိပ်ဆုံးက ကျုပ်အဖေ ရေးတာဗျ ….အားကိုးရပြီဆိုတော့လွှတ်ပျော်တာပေါ့ဗျာ .…မကြာဘူး နောက်ထပ် ကွန်မန့်တစ်ခုဝင်လာတယ် …
~~ဖိုက်တင်း သားရေ မရရအောင်ခိုး
ပုံ……မင်းအမေ ပူစူးမ
ဒုတိယမြောက်က အမေကိုးဗျ … မဆိုးဘူး တစ်အိမ်သားလုံးကကျုပ်မိန်းမရမှာကို အားပေးကြတယ် ဆိုတော့ အားတက်စရာဗျ….
ခဏနေတော့ အဖေနဲ့အမေ ကွန်မန့်တွေကို ဟ ဟ ရီအက်ရှင် ပေးပြီး ညီမလေးက ထပ်ရေးတယ်….
~~ကွန်ဂရစ် ကိုရီး
ပုံ…….ကိုရီး တစ်ဦးတည်းသောညီမ နှင်းမြ
ဒီလိုနဲ့ လှေကလည်း အေးကြည်မတို့ အိမ်ကို လှမ်းမြင်ရတဲ့နား ရောက် လာ ပါလေရော …
အဲဒီအချိန်ကျမှ ကွန်မန့်တစ်ခု ထပ်ဝင်လာတယ်….
~~ ကမ်းစပ်က ဓားနဲ့စောင့်နေတယ် 😡
ပုံ……အေးကြည်မ အစ်ကိုအကြီးဆုံး တာတီး….
အောင်မယ်ငီး ကြက်သီးတောင်ထတယ် …😨 တာတီးဆိုတဲ့ကောင်က တကယ်လုပ်တာဗျ ….
အရပ်ထဲမှာလည်း သူသတ်ခဲ့တဲ့ ဝက်တွေ နည်းတာမဟုတ်ဘူးလေ….
ခဏနေတော့ ကွန်မန့်တစ်ခုထပ်ဝင်လာတယ် …
~~~စိတ်မပူနဲ့ငြိမ်းမောင် တာတီးက ငါနဲ့အရက်ဝိုင်းမှာဟ….
ပုံ……….မင်းအစ်ကို တစ်ဝမ်းကွဲ လှဆောင်
“ဟူး … တော်သေးလို့ သူငယ်ချင်းရေ ကိုလှဆောင်ကြီး ကယ်လို့ဟမဟုတ်ရင် တာတီးက မလွယ်ဘူး ”
“ငါပါနေတာပဲ ငြိမ်းမောင်ရာ ဘာပူစရာရှိလို့လဲ… ”
“ အေးပါကွာ … ”
ခဏနေတော့ နောက်ဆုံးကနေပြီး ကွန်မန့်ထပ်ဝင်လာတယ်ဗျ….
~~ကိုငြိမ်းမောင် မြန်မြန်လာခဲ့တော့ ဒီမှာ ဖေဖေတို့နိုးနေပြီလားမသိဘူး …
ပုံ……နင့်ချစ်သူ အေးကြည်မ
ချစ်သူလေးကပါ ကွန်မန့်ဝင်ရေးတော့ အားတက်သွားတာပေါ့….
” မြန်မြန်လှော်ပါဟ သူငယ်ချင်းရ ”
” လှော်နေတာပဲလေကွာ ဟိုမှာလှမ်း မြင်နေရပြီ ”
ကျုပ်လှမ်းကြည့်တော့ ကမ်းစပ်မှာ အေးကြည်မက အဝတ်ထုပ်လေးပိုက်လို့ …
ခဏနေတော့ အေးကြည်မကွန်မန့့်ကို သူ့အစ်ကိုငယ်က အန်ဂရီးရီအက်ရှင် ပေးပြီး ရီပလိုင်းပြန်ပါလေရော….
~~ငါ့ညီမလာခိုးတဲ့ကောင်ကတော့ ငါ့ဓားစာမိမယ်… အေးကြည်မနင်အထဲပြန်ဝင်စမ်း …😡
ပုံ………..အေးကြည်မ အစ်ကိုလေး ဓားငသောင်း…. “ငိန် … ”
သေပြီနဲ့တူတယ် လှမ်းကြည့်တော့ ငတိကလည်း အိမ်ထဲကနေတကယ်ကြီးထွက်လာတာဗျ …
ကျုပ်တော့ဒီတစ်သက်မိန်းမမရတော့ဘူးနဲ့ တူပါတယ် …
မကြာဘူး အဲဒီရီပလိုင်းထဲမှာပဲ နောက်ကွန်မန့်တစ်ခု ဝင်လာရောဗျ….
~ငသောင်း အိမ်ထဲပြန်ဝင် … အေးကြည်မ ဂရုစိုက်ပြီးလိုက်သွား ဟိုကောင်ငြိမ်းမောင် ငါ့သမီးကိုသေသေချာချာစောင့်ရှောက် …
ပုံ……….မင်းမတော်ရသေးတဲ့ ယောက္ခထီး စက်သူဌေးဘစိန်
အဲဒီကွန်မန့်ဝင်လာတာနဲ့ လှေကိုချက်ချင်းကမ်းကိုကပ် …အေးကြည်မကို လှေပေါ်တင်ပြီး အသေလှော် လစ်တာပေါ့ …..
အိမ်နဲ့ဝေးလာမှ ယောက္ခမလောင်းကြီးကွန်မန့်ကို လက်ဖ်ရီအက်ရှင်ပေးပြီး ရီပလိုင်းပြန်လိုက်တယ်…..
~ဟုတ်ကဲ့ခင်ဗျလို့လေ … ။
ဘလာ. . . ဘလာ . . ဘလာ . . .ဘလာ. . .
မနက်လင်းတော့ ဘာတွေများရေးထားမလဲလို့ Facebook လေးဖွင့်ကြည့်လိုက်တယ်. . (.အေးကြည်မကတော့ အိပ်ကောင်းနေတုန်း. .ညက ပင်ပန်းထားတာကိုး. . . ငိငိ..)
အကောင့်စိမ်းတစ်ခုက Commemt လာရေးထားတယ်. . “.ဟျောင့် မင်းတော့ နွားဖြစ်ပီ” တဲ့. .
သေရောဗျာ. .
***********
ရယ်မောခြင်းဖြင့် အသက်ရှည်ကြပါစေ……။
Crd – Original Uploader
Friday, January 25, 2019
တွေရှိရသည်။
ပြောပြချက်အရသိရသည်။
ပြည်သတင်း
ငလူး … ငိုအားထက် ရယ်အားသန် အဖြစ်ပဲ
မိန်းမ ဖြစ်သူအား အချစ်စမ်းတာပါတဲ့… … …
ပြည်ခရိုင် ပန်းတောင်းမြို့နယ် နဝဒေးတံတားပေါ်မှ
အမျိုးသားတစ်ဦး မြစ်ထဲသို့ ခုန်ချကာ မိမိကိုယ် ကို
ယ်သေကြောင်းကြံစည်သွားကြောင်း ဇန်နဝါရီ(25)
ရက်နေ့ နံနက်တွင် ဖုန်းဖြင့်ဆက်သွယ်၍ သတင်း
ပေးခဲ့ပါသည်။(သတင်းပေးရဲ့အသံဖိုင်လဲရှိပါသည်)။
အဆိုပါသတင်းပေးသည့် နဝဒေးတံတာပေါ်သို့သွား
ရောက်ကြည့်ရှု့ရာ တံတားတိုင်အမှတ်(2)နှင့်(3)အ
ကြားတွင် အမျိုးသားစီး ကထ္ထီဗာဖိနပ် တစ်ရံတွေ့ရှိ
ပြီး ဖိနပ်ထိပ်၌ဖုန်းနံပါတ်အား ရေးသားထားကြောင်း
တွေရှိရသည်။
ဖြစ်စဉ်နှင့်ပတ်သက်ပြီး နဝဒေးတံတား ရဲကင်းမှူးအား
မေးကြည့်ရာ အမျိုးသားတစ်ဦးတံတားပေါ်ကခုန်ချသွား
ကြောင်း ၄င်းအားအကြောင်းကြားသဖြင့်လာရောက်
ကြည့်ရှုကြောင်းသိရသည်။
ထို့နောက် မိသားစုမျာ းရောက်ရှိလာပြီး ဇနီးဖြစ်သူအား
စစ်ဆေးမေးမြန်နေစဉ် တံတားပေါ်မှခုန်ချသည်ဟုဆို
သော အမျိုးသားသည် သစ်စိမ့်ပင်တွင်ရောက်ရှိနေကြေ
ာင်း မိန်းမဖြစ်သူအား သူ့အပေါ်ချစ်လား မချစ်ဘူးလား
ဆိုတာ အချစ်စမ်းကြောင်း နဝဒေးတံတားရဲကင်းမှူး၏
ပြောပြချက်အရသိရသည်။
ပြည့်သဲမောင်(ပြည်)09-423671883
ကိုယ်ဝန်ကြီးနဲ့မို့ မလုပ်ပါနဲ့လို့ တားမရ၍ မခံနိုင်တဲ့အဆုံး ရပ်ကွက်ရုံး တိုင်ကြားခဲ့ရတဲ့ လင်မယားနှစ်ယောက်
အဲဒါကို ဒင်းက လက်ကို အတင်းချုပ်ထားတာ….” “ဟင်!!!!ဘာတွေလဲဟ….” အဲဒီမှာတင် သူ့ယောက်ျားက….
.........................
unicode
ကိုယ်ဝန်ကြီးနဲ့မို့ မလုပ်ပါနဲ့ပြောတာကို တားမရ၍ မခံနိုင်တဲ့အဆုံး ရပ်ကွက်ရုံး တိုင်ကြားခဲ့ရတဲ့ အဖြစ်
“မရဘူး….ရှင့်ကို ရာအိမ်မှူ းနဲ့ကို တိုင်မှာ….” “မိန်းမကလည်းကွာ….ငါက ချစ်လို့စတာကို…. လာပါ….ပြန်ရအောင်….”
“မပြန်ဘူး….မပြန်ဘူး….ရှင့်ကို တိုင်ကိုတိုင်မှာ…. အဲဒါမှ ရှင် နောက်မလုပ်ရဲမှာ….”
ရုံးရှေ့က ဆူဆူညံညံ အသံတွေကြောင့် ဘာဖြစ်တာလဲဆိုပြီး ထွက်ကြည့်မိတော့ မျိုးချစ်နဲ့ သူ့မိန်းမ ပေါက်ကြီး…
.ပေါက်ကြီးဆိုတာက တစ်နှစ်တစ်ယောက် မှန်မှန်မွေးနေကျမို့ ပေါက်ကြီးလို့ခေါ်တာ….
အမြဲတမ်း လင်မယားတကျက်ကျက်နဲ့ ရန်ဖြစ်နေတာတောင် ပေါက်ကြီးတို့လင်မယားက တစ်နှစ်တစ်သားတော့ပုံမှန်ပေါက်နေကျ….
အခုလည်း ကလေးတစ်ယောက်က လက်မှာ တွဲလောင်းဆွဲလို့….ဗိုက်ထဲမှာက တစ်ယောက်နဲ့….
အဲဒါလည်း ခုထိ အဖြေထုတ်လို့ မရသေးတဲ့ ပုစ္ဆာ…. “ရာအိမ်မှူ းရေ….ရာအိမ်မှူ းတပည့်နဲ့ကျွန်မကို ကွာရှင်းပေးပါ….”
“ဘာဖြစ်လာပြန်ပြီလဲဟာ….နင်တို့လင်မယားကလည်းအမြဲတမ်းရန်ဖြစ်မယ်လို့များ တွေးထားသလား…. ကဲ…ကဲ….ရုံးခန်းထဲလာခဲ့ကြ….
” လင်မယားနှစ်ယောက် ရုံးခန်းထဲရောက်တော့
ကိုယ်ကပဲ စမေးလိုက်တယ်…. “ကဲ….လုပ်စမ်းပါဦး….ဘာဖြစ်ကြတာလဲ…. ပေါက်ကြီး အရင်စပြော….”
“ရာအိမ်မှူ း တပည့်ပေါ့….လူလိုကို နားမလည်ဘူး…. ကျွန်မက ကိုယ်ဝန်ကြီးနဲ့မို့ မလုပ်ပါနဲ့လို့ ပြောနေတာတောင်မရဘူး….
အတင်း မရမက လုပ်တာ…. ကျွန်မလည်း ဗိုက်ကို ထိမှာစိုးလို့ ရှောင်ပါသေးတယ်….
အဲဒါကို ဒင်းက လက်ကို အတင်းချုပ်ထားတာ….” “ဟင်!!!!ဘာတွေလဲဟ….” အဲဒီမှာတင် သူ့ယောကျ်ားက….
“ဟဲ့….နင် ရာအိမ်မှူ းရှေ့မှာ မဟုတ်တာ မပြောနဲ့….
ကိုယ့်မိန်းမ ကိုယ်ချစ်လို့ပဲ ဥစ္စာ….လုပ်တော့ ဘာဖြစ်လဲ….”
“တော်ပါ….ရှင့်ကို ကလေးတွေရှေ့မှာ မလုပ်ပါနဲ့ ကိုမျိုးချစ်ရယ်လို့ပြောတာတောင် မရမက လုပ်ပြီးတော့….”
“ကလေးတွေရှေ့လည်း ဘာဖြစ်လဲဟာ….သူတို့အဖေနဲ့အမေ ချစ်ကြတယ်လို့တောင် ထင်ပြီး ပျော်နေဦးမယ်….”
“ဘာ!!!!ရှင်မရှက်ပေမယ့် ကျွန်မ ရှက်တယ်တော့…. ဟိုနေ့ကလည်း အမေ့ရှေ့တောင် မရှောင် လာလုပ်လို့တစ်ခါ ပြောထားသေးတာ မမှတ်ဘူးလား….”
“အို….မင်းအမေလည်း ငယ်ရာက ကြီးလာတာပဲဟာ….သူလည်း နားလည်ပါတယ်….
လင်မယားတွေ ချစ်လို့ လုပ်တာပဲဟာ….”ကိုယ့်မှာ နားထောင်ရင်းနဲ့ မျက်လုံးပြူးသထက် ပြူ းလာတယ်….
“ဘာပဲဖြစ်ဖြစ် ကျွန်မ မကြိုက်ဘူး….လူရှေ့သူရှေ့မှာ မလုပ်ပါနဲ့….ရှင်လုပ်တာ အရေးမကြီးဘူး….
ဗိုက်ထဲက ကလေး တစ်ခုခုဖြစ် လို့ကတော့ ရှင်အသေပဲ….ရှင်လုပ်ချင်ရင် ကလေးမွေးပြီမှ ကြိုက်သလိုလုပ်….
အခုတော့ ဆောရီးပဲ….” ကိုယ်လည်း နားမလည်နိုင်တော့တာနဲ့ သေချာမေးရတော့မယ်….
“ကဲ….ငါ့ကိုလည်း နားလည်အောင် ရှင်းပြကြပါဦး…. နင့်ကို မျိုးချစ်က ဘာလုပ်လို့လဲ….” “ဒီလို ရာအိမ်မှူ းရေ….မနက်ကပေါ့….
“ဟာ….အဲဒါတော့ မျိုးချစ် လွန်တာပေါ့ကွာ….သူ့ခမျာ မပေါ့မပါးကြီးနဲ့ဥစ္စာ….ပြီးတော့…
မင်းက လူရှေ့သူရှေ့မှာပါ သွားလုပ်တော့ ဟိုက ဘယ်ကြိုက်မလဲ….”
“ကျွန်တော်လည်း သူ့ကိုကြည့်ပြီး ဘယ်လိုမှ မနေနိုင်တော့တာနဲ့လုပ်လိုက်မိတာပါ ရာအိမ်မှူ ….”
“ဟုတ်ပါပြီ….မင်းမိန်းမကို ချစ်လို့ လုပ်တယ်ဆိုတာကိုငါနားလည်ပါတယ်….ဒါပေမယ့် ပေါက်ကြီး မွေးပြီးမှလုပ်ချင်လုပ်….ဟုတ်ပြီလား….”
“ဟုတ်ကဲ့ပါ ရာအိမ်မှူ ….တပည့် ဆင်ခြင်ပါ့မယ်….” “အေး….မင်းတို့လင်မယားလည်း ဘာမဟုတ်တဲ့ ကိစ္စနဲ့ရန်ခဏခဏဖြစ်တဲ့အသံ မကြားချင်ဘူး…. နားလည်လား….ကဲ….သွားကြတော့….”
ဟူးးးးး ဒီလင်မယားကလည်း ပြသနာတက်စရာမရှိပြသနာရှာ ….ကလိထိုးတဲ့ကိစ္စနဲ့တောင် ရန်ဖြစ်နေကြသေးတယ်….
တကယ်ဆို ဟိုကောင်ကလည်း ကိုယ့်မိန်းမကိုယ်ဝန်ကြီးနဲ့ကို ကလိသွားထိုးရတယ်လို့….လခွမ်းးးးး….Cr
မျှော်လင့်ချက်တစ်ခုခု အထင်တစ်ခုခုနဲ့ ဖတ်လာပြီးမှ စာလည်းဆုံးတော့ စိတ်တိုသလိုလိုဖြစ်သွားတယ်… ဒါပေမယ့်လည်း အပျင်းပြေပါတယ်လို့စ်…
Wednesday, January 23, 2019
'ဝါးတစ်ပြန်ကျော်ဌေး'
ကျနော်တို့ငယ်ငယ်ကရွာထိပ်မှာ စက်ဘီးပြင်စားတဲ့
ကိုကျော်ဌေးဆိုတဲ့ လူတစ်ယောက်ရှိခဲ့ဖူးတယ်။
သူ့ကို တစ်ရွလုံးက'ဝါးတစ်ပြန်ကျော်ဌေး' လို့ခေါ်ကြတယ်။
ကျော်ဌေးဆိုတဲ့နာမည်ရှေ့ကနေ'ဝါးတစ်ပြန်'ဆိုတဲ့ ဂုဏ်ပုဒ်တစ်ခု
တပ်ပေးထားကြတယ်။
ဝါးတစ်ပြန်ဆိုတဲ့ဂုဏ်ထူးတပ်ပေးထားရတဲ့ အကြောင်းရင်းကတော့
သူပြင်လိုက်တဲ့ စက်ဘီးမှန်သမျှ ဝါးတစ်ပြန်လောက် စီးလိုက်ရင်
ပြန်ပျက်သွားတတ်လို့ပဲ။
အဲ့ဒါကြောင့် သူ့နာမည်'ဝါးတစ်ပြန်ကျော်ဌေးလို့' တွင်တာ။
အဲ့ဒီ ဝါးတစ်ပြန်ကျော်ဌေးရဲ့တပည့်တွေက နောင်အခါမှာ အင်ဂျင်နီယာကြီးတွေဖြစ်လာပြီး လမ်းတံတားဆောက်လုပ်ရေးတွေမှာ နိုင်ငံတော်က အားထားရတဲ့ ပညာရှင်ကြီးတွေ ဖြစ်လာကြဟန်တူတယ်။ သူတို့အဖွဲ့ဆောက်သွားတဲ့ ဟုမ္မလင်းချင်းတွင်းမြစ်ကူးတံတားက မနေ့၊တနေ့ကမှ ဖွင့်ပွဲလုပ်သွားတယ်။ ဒီနေ့ အခြေအနေ သိပ်မဟန်တော့ဘူး။ အက်၊ကွဲကြောင်းတွေက သိသာထင်ရှားလွန်းတော့ နှပ်ချေးနဲ့ကပ်လို့လည်း ရမယ်မထင်။
Credit
ကိုကျော်ဌေးဆိုတဲ့ လူတစ်ယောက်ရှိခဲ့ဖူးတယ်။
သူ့ကို တစ်ရွလုံးက'ဝါးတစ်ပြန်ကျော်ဌေး' လို့ခေါ်ကြတယ်။
ကျော်ဌေးဆိုတဲ့နာမည်ရှေ့ကနေ'ဝါးတစ်ပြန်'ဆိုတဲ့ ဂုဏ်ပုဒ်တစ်ခု
တပ်ပေးထားကြတယ်။
ဝါးတစ်ပြန်ဆိုတဲ့ဂုဏ်ထူးတပ်ပေးထားရတဲ့ အကြောင်းရင်းကတော့
သူပြင်လိုက်တဲ့ စက်ဘီးမှန်သမျှ ဝါးတစ်ပြန်လောက် စီးလိုက်ရင်
ပြန်ပျက်သွားတတ်လို့ပဲ။
အဲ့ဒါကြောင့် သူ့နာမည်'ဝါးတစ်ပြန်ကျော်ဌေးလို့' တွင်တာ။
အဲ့ဒီ ဝါးတစ်ပြန်ကျော်ဌေးရဲ့တပည့်တွေက နောင်အခါမှာ အင်ဂျင်နီယာကြီးတွေဖြစ်လာပြီး လမ်းတံတားဆောက်လုပ်ရေးတွေမှာ နိုင်ငံတော်က အားထားရတဲ့ ပညာရှင်ကြီးတွေ ဖြစ်လာကြဟန်တူတယ်။ သူတို့အဖွဲ့ဆောက်သွားတဲ့ ဟုမ္မလင်းချင်းတွင်းမြစ်ကူးတံတားက မနေ့၊တနေ့ကမှ ဖွင့်ပွဲလုပ်သွားတယ်။ ဒီနေ့ အခြေအနေ သိပ်မဟန်တော့ဘူး။ အက်၊ကွဲကြောင်းတွေက သိသာထင်ရှားလွန်းတော့ နှပ်ချေးနဲ့ကပ်လို့လည်း ရမယ်မထင်။
Credit