Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, December 14, 2018

ဝေဠုကျော် သင်းသင်း ဘုချိုးများ

ပရဟိတမင်းသားကြီး ​ဝေဠုကျော် နဲ့ အလှမယ်သင်းသင်း တို့ရဲ့ ချစ်ဇတ်လမ်းအဖြစ်အပျက်တွေရပ်ကျော်ရွာကျော်ဖြစ်ပြီးတဲ့နောက်
လေးချိုးဒွေးချိုး၊ငိုချင်းစတဲ့  ကဗျာပုံစံများကနေ ဘုချိုးဆိုတဲ့ ကဗျာပုံစံသစ်တမျိုးထွက်ပေါ်လာတယ်လို့သိရှိရပါတယ်။လက်သံပြောင်တဲ့ ကဗျာဆရာတို့ရဲ့ ဘုချိုးများကို ကူးယူဖော်ပြလိုက်ပါတယ်။
............................................................................
ဝေဠုကျော် လေးချိုးကြီး
~~~~~~~~~~~~~~
ထမင်း​ကြော်​တစ်​ခု
အရင်းရယ်​ ပြုပါလို့
ဘုရဖို့ ​​​ဝေဠုကြံ
မိုး​လေကထန်​ ။

အညာသူ မပြန်​ရဲတာနဲ့
ဘယ်​အချိန်​ သူလာမလဲရယ်​လို့
ခုတင်​ကြီး​ပေါ် အိပ်​ကာစောင့်​ရတယ်
သည်းခံစိတ်​သန်​ ။

နာရီပြန်​နှစ်​ချက်​တီးကာမှ
သူဝင်​လာမီးမှိတ်​ပြန်​​တော့
အညာသူ အိပ်​ဖို့အ​ရေး
ဂွင်​​ဝေးရပြန်​ ။
အ​ချောင်​ကြံ ဟိုလူကြီး
အ​ချောင်​ကြီးကို ကြံမိကာမှ
ဒီ​လောက်​​ချောင်မယ်​ မထင်​ဘူးရယ်​လို့
ဆွေး​နောင်​တဖန်​​ ။

ဝေဠုမှာ အကြံရှိသလို
အညာသူ့မှာလဲ အဆံနဲ့​ပေမို့
အလကား​ အဘုမခံနိုင်​​ဘူးကွဲ့
ပေးဟဲ့ စမူဆာဖိုး ။ ။
သခင်​ကိုယ်​​တော်​သန့်
..................
မိုးလေရယ်ထန်
ပြန်မယ်လို့ စိတ်ကူး
ဝေလု ရယ်အကြံကောင်းသူမို့ 
ဟော်တယ်ကိုလိုက်ကာပို့ သနော်ဗျ
အကျော်ဆိုထမင်းကိုကျွေးကာပ
လုံးလုံးရယ်မထင်ပြုံးရွင်ရွင်အညာမကိုလ
အော်…ရုန်းမယ်မထင် ပွှေ့ ကာမလို့ ရယ်
ကြုံးချင်သလိုကြုံးကာထားခဲ့ တယ်
အော်………လုံး လုံးမှမသနား…………
လုံးလုံးမှ မသနား………………
ငိုချင်း
........................
မိုးခြိမ့်လို့ညံ စမံထပြန်...
ဠုအီကြာ မာကာတင်းပြီးမို့
စမူဆာချဉ်ခြင်းတပ်တာကြောင့်
ထမင်းကြော်ကျွေးကာဘုတယ်
ငါဟဲ့ ကာဠု
Tain Man Thaung
.....................
''အဖေ့မှာတမ်း''
သားဝေဠု မျက်ရှုထုံသင်း
နှလုံးသွင်းလော့ ။
အတွင်းတော်သွား စမူဆာစားရန်
မည်သူခေါ်စေ မလိုက်လေနှင့်။
စိတ်ရွှင် မပြ အလိုမကျလျှင်...
စမူဆာဈေး တစ်သောင်းပေးလည်း
ကျွေးခဲ့သောသူ မကြည်ဖြူက
ရွာကျော် ရပ်ကျော် သူလျှောက်အော်မည်
စမူလိမ်စား ထိုလူသားဟု။ ။
သို့ ကြောင့် သားငယ် ပညာကြွယ်တို့ 
စမူဆာဈေး အရင်မေး၍
ငွေပေးပြီးမှ စားပါလေ။ ။

ဖေဖေမန်း
.............
စမူဆာရန်ဘေးကိုပ
သူငါမကျန် လူတကာရန်ကင်းရအောင်မို့
ဖွဲတဆုပ်စာ ဖြစ်ခါပေါ်ခဲ့ရင်ဖြင့်
ဖွားဖက်တော်ဖုံးကာထိန်းကျကွဲ့
စွပ်ထားဟဲ့ သားရေကွင်း
..............
 စမူဆာရယ်
ဈေးတင်ကာထားသမို့
ဘုမိသူမောင်ကြီးရယ်က
ဂွင်ဆင်ကာ မိတော့တယ်
ငါဟဲ့ဝေဠု…
..................
ဒွေးချိုး ပဲသင်​ခဲ့ဘူးတာ ပ ခုခါမှ
ဘု ချိုးစပ်​နည်းဆိုတာမြင်​ရပြန်​တော့​ မမင်းရာရယ်​ ဘုရ အဲ့
လွမ်းရပေါ့လေး
................
သင်းသင်း ဟဲ့ သင်းသင်း
တွေ့သမျှလူ ပတ်လို့ ဂျင်းတယ်
အမေ့အမွေ စမူ တခုကိုနှင့်
ဝေဠုကို အချဉ်ဖမ်းတယ်
တပ်မက်လေခြင်း
.................
စမူဆာဘိုးက
လူတစ်ကာတွေးသလိုမျိုး
ရိုးရိုးမဟုတ်ဘဲ
လူလောက်ရှိတဲ့စမူဆာကြီး
ဝါးလုံးကျော်က
အားရပါးရဖက်ကာတီးတော့
သိန်းတစ်သောင်းပေးတာ
မကျေနပ်
ထမင်းကျော်ကျွေးတာက
၂ ကျပ်ကွက် အရက်တစ်စက်မှ
မပါလို့ သတိရတာအကုန်
မှတ်မိတော့
သိန်းတစ်သောင်းမမြင်ဘဲ
ဖွဘုတ်တင်လိုက်မယ်
မော်ဒယ်ဆယ်လီတွေနေခဲ့တော့
ထရမ့် ပူတင် ရှီကျင့်ဖျင် တို့ရဲ့
သတင်းတောင်မြုတ်သွားတယ်
ကဲ ..
ရွာစားရေး ဘီလူးစီးတဲ့
ဗိန်းဗောင်းဆိုင်းလေး
တစ်ပိုဒ်လောက် တီးပြီးလက်ကမြင်း
ငါဟဲ့ ...သင်းသင်း
.................
 စမူဆာလေးက ကောင်းလိုက်တာ ပြောစရာမရှိဘူး ဝေဌုကျော်
တည်ကာသုးံတယ် လေပုန်းကမြူး
..................
ဆယ်လီတွေရဲ့ ဘာညာဘာညာ သတင်းများ

No comments:

Post a Comment