Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, December 19, 2018

တစ်သောင်းတန်ကိစ္စအမြန်ဖြေရှင်းသင့်ပြီ


ဆွေစဉ်မျိုးဆက်ဒုက္ခနှင့်မကွာနေကြရပါစေ

ဒီနေ့ Company က မီတာခ ကျသင့်ငွေသွားဆောင်တဲ့ ကျွန်တော့်ဝန်ထမ်း
ဘဏ်ကနေ ဖုန်းဆက်တယ် ဆရာ တသောင်းတန်အုပ်ထဲမှာ ၁ ရွက်ကအတုတဲ့ဆရာ ဘဏ်ကသိမ်းမယ်တဲ့.(သိန်း၂၀မှာ တရွက်မို့တော်သေးရဲ့)

ဘာလုပ်ရမလဲဆရာ? (အသံကစိုးရိမ်စိတ်ရှိနေတယ်)
ဘာမှမလုပ်နဲ့ မစိုးရိမ်နဲ့ ဓာတ်ပုံရိုက်ခဲ့ သိမ်းတဲ့အထောက်အထားတခုခုရအောင်တောင်း ဆိုတော့ ဘဏ်ကလက်ခံစာထုတ်ပေးမယ်ပြောတယ်ခဏစောင့်ရမယ်တဲ့ ပြန်ရောက်လာတော့ အောက်ပါစာရွက်လေးတွေ့ရတယ်

အဲ့ဒီတသောင်းတန်အုပ်က မနေ့ကမှငွေချေ ထားတဲ့ ဘဏ်အုပ် ဘဏ်စည်းပါ
အသစ်တွေလည်းမဟုတ်ဘူး သံသရာလည်ပြီး အတော်တောင်ကူးလူး ပေးချေထားပုံရပြီး အခုမှ ကံအကြောင်းမလှစွာ မိသွားတဲ့သဘောရှိတယ်

ဝန်ထမ်းက မိမိကိုယ်ပိုင်ငွေလည်းမဟုတ် အတုမိတယ်ဆိုတော့ သူ့မှာ စိုးရိမ်ရှာ သူ့ရဲ့ကိုယ်ရေးကိုယ်တာအချက်အလက်တွေအကုန်ပေးခဲ့ရတာ တခုခုဆိုမဆိုင်သူတွေနစ်နာရတဲ့သာဓကတွေရှိနေတော့ စိုးရိမ်တာအမှန်ပဲ

လစဉ် လတိုင်း ဝန်ထမ်းတွေကို လစာငွေပေးချေတဲ့အခါ အဲ့လိုတွေပါသွားမှာ အလွန်စိုးရိမ်တယ် သူတို့မှာဒီလစာငွေလေးရမှ စားရေး ဝတ်ရေး နေရေးထိုင်ရေး ကိစ္စတွေဖြေရှင်းကြရတာ

အခုလိုမျိုးများပါသွားခဲ့ရင် အားလုံးအလုပ်တွေရှုပ်နစ်နာကြမှာကိုတွေးပူခဲ့တာလစဉ်လတိုင်းပဲ

ဒီကိစ္စကို အလျင်အမြန်ဖြေရှင်းသင့်ပြီ
တသောင်းတန်တွေအစား နောက်ထုတ်မယ့် ငွေစက္ကူတွေနှင့် တဖြည်းဖြည်းအစားထိုးဖို့အမြန်ဆုံးစီစဉ်စေချင်တယ်

တကယ်တမ်းအတုလုပ်ဖြန့်ချီကိုယ်ကျိုး ရှာနေတဲ့သူတွေ ဆွေစဉ်မျိုးဆက် ဒုက္ခရောက်ကြပါစေဗျာ မသေမချင်း စိတ်ဆင်းရဲမှုနဲ့မကွာနေကြရပါစေဗျာ။

ထွန်းထွန်းဦး



No comments:

Post a Comment