CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Showing posts with label Opinion. Show all posts
Showing posts with label Opinion. Show all posts
Tuesday, December 31, 2019
ဒီဇင်ဘာ ၃၁ ရက်နေ့ညဟာ ပါတော်မူနေ့မို့မြန်မာတွေမပျော်သင့်ဘူးတဲ့
ဒီဇင်ဘာ ၃၁ ရက်နေ့ညဟာ ပါတော်မူနေ့မို့မြန်မာတွေမပျော်သင့်ဘူးတဲ့
ha ha ပဲရမယ်လို့ ဘာလို့မပျော်သင့်ရမှာလဲ သိပ်ပျော်သင့်တာပေါ့ တစ်တိုင်းပြည်လုံးကကျွန် ဘုရင့်မိသားစုကအရှင်သခင် ပါးစပ်ထဲကထွက်သမျှဥပဒေ ညီကိုချင်းသတ် ဖအေပါပြန်သတ် အသတ်နိုင်ဆုံးသူ ဘုရင်လုပ် နတ်စည်းစိမ်တမျှခံစားစံစား တွေ့သမျှလှတဲ့မိန်းမတော်ကောက် အဲ့လို အော်ဂလီဆန်စရာ လူမိုက်ကြီးတော့ဘုရင်ဖြစ်တဲ့ ပဒေသရာဇ်သက်ဦးဆံပိုင်စနစ်ကြီး မြန်မာ့မြေကနိဂုံးချုပ်သွားတာ သိပ်ပျော်သင့်တာပေါ့ မြန်မာတွေချည့်ဆိုဖြုတ်မချနိုင်လောက်ဘူး အင်္ဂလိပ်လာဖြုတ်ချပေးလို့ပြုတ်ကျရတာ
အဲ့ဒီခေတ်က မြန်မာတွေက အဲ့လိုလူပါးဝ လူညွှန့်ခူး လူပေါ်လူဇော်လုပ်နေတဲ့စနစ်ကြီးကိုဖြုတ်ချရကောင်းမှန်း တော်လှန်ရကောင်းမှန်းလဲမသိကြဘူး
ပြင်သစ်တို့ ရုရှားတို့မှာဆို လူဝီဘုရင်တို့ ဇာဘုရင်တို့ကို ပြည်သူလူထုကတော်လှန်ရေးလုပ်ဖြုတ်ချပြီး ဘုရင်စနစ်ဖျက်သိမ်းကာ ပါလီမာန်စနစ် စည်းမျည်းခံစနစ်လုပ်ပြစ်တာ စပိန်တို့ ပေါ်တူဂီတို့ အီတလီတို့လဲဘာထူးလဲ ဥရောပတစ်တိုက်လုံး ဘုရင်စနစ်တွေဇက်တိုက်ပြိုလဲတာ နည်းနည်းလူရည်လည်တဲ့ ခေတ်နဲ့အလားအလာကိုမျှော်တွေးတတ်တဲ့ဘုရင်တွေက တော်လှန်ရေးနဲ့ဖြုတ်ချခံပြီး ဇတ်သိမ်းမလှတဲအခြေကိုအရောက်မခံပဲ စဉ်းမျဉ်းခံဘုရင်စနစ်ကိုဖွင့်ပေးကာ အာဏာစွန့်ပြီး နောက်ဆုတ်ပေးကာ အထွက်လှအောင်လုပ်ပေးလိုက်ကြတာ
မြန်မာမှာတော့ မွဲသော ပညာမဲ့သော ပြည်သူလူထုဟာ လူပါးဝဘုရင်ကိုတော်လှန်ရကောင်းမှန်းကိုမသိပဲ ကိုယ့်လူမျိုးအချင်းချင်းပြုတဲ့ ကိုယ့်ကျွန်လုံးလုံးဖြစ်နေတာ နာရကောင်းမှန်းလဲမသိ ကျွန်ပြုခံထားရမှန်းလဲမသိပေါ့
ပညာနည်းနည်းတတ်ပြီး အနောက်နိုင်ငံအလည်ပတ်ရောက်ဖူးတဲ့ ကင်းဝန်မင်းကြီးက ရာဇသင်္ဂဟကျမ်းကိုပြုစုကာ အင်္ဂလန်မှာလို စည်းမျဉ်းခံဘုရင်စနစ် မြန်မာပြည်မှာကျင့်သုံးဖို့ကြိုးစားတယ် ဘုရင်ကိုနားချတယ် ကမ္ဘာမှာတော့ ဒီလိုစနစ်ထွန်းကားနေပြီ အချိန်မှီပြုပြင်ကာမှ ဘုရင်လဲ အနေအစားမပျက် သိက္ခာရှိရှိနိုင်ငံ့ဥလျှောင်အဖြစ်ရပ်တည်နိုင်ပါမည်အကြောင်းနဲ့ ကြိုက်သည်ဖြစ်စေ မကြိုက်သည်ဖြစ်စေ အုပ်ချုပ်ရေးပုံစံကို ခေတ်နဲ့အညီပြောင်းလဲနိုင်ကာမှသင့်တော်ပါမည့်အကြောင်း လျှောက်ထားတော့ ရာဇမာန်ယစ်မူးတဲ့ စုဘုရားလတ်ဟာ ထိုရာဇသင်္ဂဟကျမ်းကို နန်းရင်ပြင်ကြမ်းပြင်ပေါ်ပစ်ချကာ စည်းမျဉ်းခံဘုရင်စနစ်ကိုလက်မခံနိုင်ကြောင်း သူတို့လင်မယားပိုင်အာဏာကို တစ်ပြားသားမျှလျှော့ချမပေးနိုင်ကြောင်းအပြင်းအထန်ငြင်းဆန်လေတော့တာ
အခြေအနေအချိန်အခါလဲမသိ မိမိအခြေအနေလဲမသိ သူတစ်ပါးအခြေအနေလဲမသိ ဘာဆိုဘာမှမသိ မသိခြင်းများစွာနဲ့ တစ်ရွေးသားမျှမလျှော့နိုင်တဲ့ အာဏာရူး စည်းစိမ်ရူးတွေရဲ့သွားရာလမ်းက အကုန်စွန့်လွှတ်အရှုံးပေးရခြင်းပဲ သူတို့အသက်တွေမဆုံးခဲ့တာကိုကကံကောင်းနေပြီ ရုရှားပြည်က ဖြုတ်ချဖျက်သိမ်းခံရတဲ့ဇာဘုရင်ဆိုရင် ရုရှားတော်လှန်ရေးအဖွဲ့က ဘုရင့်မိသားစုလိုက်ကို မြေတိုက်ထဲမှာ သေနတ်နဲ့အဆက်မပြတ်ပစ်ခတ်သတ်ဖြတ်ပြီး မီးရှို့လက်စဖျောက်ပစ်တာ အလောင်းတောင်မကျန်ဘူး
ဆိုတော့ကာ
ဒီဇင်ဘာ ၃၁ ရက်ဟာ မြန်မာ့မြေက လူပါးဝအာဏာရူးတွေချုပ်ငြိမ်းကာ ခေတ်သစ် စနစ်သစ်ကို စတင်ခြင်းနေ့မို့ ပိုပျော်လို့တောင်ကောင်းပါသေးဗျာ ထိုနေ့ရဲ့စတင်ပြောင်းလဲခြင်းကြောင့် ယနေ့ထိအသုံးပြုနေတဲ့ ရထားလမ်း ကားလမ်း ဆေးရုံ တက္တသိုလ် တရားရုံး ဥပဒေ စတဲ့ ပြည်သူလူထုရဲ့လူနေမှု့ဘဝနဲ့ လူမှု့ရေးစနစ်သစ်အစရဲ့ပြောင်းလဲမှု့နိဒါန်းမို့ ပျော်သာပျော်ပါ ဒို့မြန်မာလို့သာဆိုချင်တယ်
အင်္ဂလိပ်ကကျွန်ပြုတာဘာညာကိုတော့ဘာပြောမလဲမလုပ်နဲ့ အင်္ဂလိပ်က ဘုရင်စနစ်လိုကျွန်ပြုထားတာမဟုတ်ဘူး သက်ဦးဆံပိုင်မဟုတ်ဘူး အစိုးရနဲ့ ဥပဒေနဲ့ တရားရုံးနဲ့ ပုလိပ်နဲ့ ဆေးရုံ နဲ့ ကျောင်းနဲ့ ဥပဒေရေးဆွဲအုပ်ချုပ်တာ စိတ်ထင်ရာ တောင်စွယ်နေကွယ် သတ်စေ လုပ်တာမဟုတ်ဘူး အဲ့ဒီခေတ်ကိုက ကိုလိုနီခေတ် အင်္ဂလိပ်မသိမ်း ပြင်သစ်သိမ်းမှာ ပြင်သစ်မသိမ်း ဒတ်ခ်ျတွေကသိမ်းမှာ ဒါတစ်ကမ္ဘာလုံးနီးပါးရင်ဆိုင်ရတဲ့ ခေတ်အခြေအနေပဲ အဲ့ဒီခေတ်က ကိုလိုနီခေတ် ပြီးတော့ ဖက်ဆစ်ခေတ် ပြီးတော့ကွန်မြူနစ်ခေတ် အခုက နူကလီးယားခေတ် ဒီမိုကရေစီခေတ် ဒါပဲ ခေတ်ကိုဘယ်သူမှလွန်ဆန်လို့မရဘူးHlwan Wai Lwin
Friday, September 20, 2019
ငြိမ်းချမ်းရေးနိုဘယ်ဆုရှင်သို့ အကြံပြုချက်
ခုတလော ကုလသမဂ္ဂ လူ့အခွင့်အရေး ညီလာခံ ဆွေးနွေးဆုံးဖြတ်ချက်တွေရဲ့ နောက်ဆက်တွဲအနေနဲ့ နယူးယော့ခ်တိုမ်း သတင်းစာက ငြိမ်းချမ်းရေး နိုဘယ်လ်ဆုရှင်အနေနဲ့ မြန်မာစစ်တပ်ရဲ့ လုပ်ရပ်တွေကြောင့် တရားစွဲခံရနိုင်ဆိုတဲ့ ဆောင်းပါးတပုဒ်ရေးလာတာတွေ့ရပါတယ်...
ဒေါ်အောင်ဆန်းစုကြည်ကို
ရိုဟင်ဂျာဂျီနိုဆိုဒ်ရဲ့
တရားခံတယောက်အနေနဲ့ရော
ပူးပေါင်းသူ(သို့)အားပေးသူ
တရားခံတွေကိုကာကွယ်ပေးသူအနေနဲ့ပါ
ဘယ်လိုနည်းနဲ့မှ အစွပ်စွဲမခံရစေချင်ပါဘူး...
လက်ရှိသူမရဲ့အစိုးရကာလမှာ
အုပ်ချုပ်မှုအားနည်းချက်တွေနဲ့
ဒီမိုကရေစီအခွင့်အရေး
လူ့အခွင့်အရေးချိုးဖောက်မှုတွေ
ဘယ်လောက်ပဲရှိနေပါစေ
ဒါတွေဟာ
ပြန်လည်ပြင်ဆင်နိုင်တဲ့ကိစ္စတွေမို့
အမှားတွေကိုသင်ခန်းစာယူပြီး
တချိန်မှာပြင်နိုင်မယ်လို့လည်း
မျှော်လင့်ဆဲပါ...
ဒါပေမယ့်
ဂျီနိုဆိုဒ်လို့ခေါ်တဲ့ လူမျိုးတုန်းသတ်ဖြတ်မှုတို့
crimes against humanity ခေါ်တဲ့
လူသားမျိုးနွယ်ကိုဆန့်ကျင်တဲ့ ရာဇဝတ်မှုဆိုတာတွေကတော့
နိုင်ငံတကာဥပဒေကို ချိုးဖောက်နေတာဖြစ်လို့
ကျူးလွန်မိခဲ့ရင်(သို့) ပတ်သက်မိခဲ့ရင် ပြန်လည်ပြင်ဆင်လို့မရနိုင်ပါဘူး...
ဒါကြောင့် ဒေါ်အောင်ဆန်းစုကြည်အနေနဲ့
ဒီလိုနိုင်ငံတကာရာဇဝတ်မှုတွေနဲ့
မပတ်သက်အောင် သတိထားရှောင်ရှားဖို့လိုပါတယ်...
ဒါ့အပြင်
မိမိကိုယ် အမှုတွဲထဲမပါပါအောင်
နည်းမျိုးစုံနဲ့ဆွဲထည့်မယ့် ကိစ္စတွေကိုလည်း
ပါးပါးနပ်နပ်ရှောင်ဖို့လိုပါတယ်...
လက်ရှိအချိန်ထိ
ဒေါ်အောင်ဆန်းစုကြည်အနေနဲ့
ဖော်ပြပါရာဇဝတ်မှုတွေအတွက်
စွပ်စွဲခံရနိုင်စရာရှိတဲ့ ကိစ္စတချို့ကို
မြင်သလောက်သတိပေးချင်ပါတယ်...
၁။ ၂၀၁၆ခုနှစ်မှာ သံရုံးတွေနဲ့မီဒီယာတွေကို
ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းမသုံးကြဖို့ တားမြစ်တဲ့ ကြေညာချက်ထွက်ခဲ့ပါတယ်...
ဒါဟာ ဂျီနိုဆိုဒ်လက္ခဏာ အဆင့်တွေထဲကတခုဖြစ်တဲ့ လူမျိုးတမျိုး လူအုပ်စုတစုရဲ့ အမည်နာမကို ဖယ်ထုတ်ပိတ်ပင်ရာ ရောက်တယ်လို့ သတ်မှတ် *ခံရကောင်း* ခံရနိုင်ပါတယ်...
၂။ ၂၀၁၇ သြဂုတ်လ ARSA တိုက်ခိုက်မှုတွေကို အမြစ်ပြတ်ချေမှုန်းဖို့ သမ္မတရုံးက အမိန့်ပေး(သို့) သဘောတူခဲ့တယ် ဆိုတဲ့ အချက်ကလည်း ပြဿနာရှိပါတယ်...
အစိုးရ တရပ်အနေနဲ့ ဒီလိုညွှန်ကြားတာဟာ တာဝန်တရပ်ဖြစ်ပေမယ့် အောက်ခြေမှာ လက်တွေ့ နယ်မြေရှင်းလင်းရေး လုပ်ဆောင်မှုတွေမှာ ကိုယ်တိုင်မပါနိုင်သလို အခြေခံဥပဒေအရလည်း လက်နက်ကိုင်တပ်ဖွဲ့တွေဟာ အစိုးရရဲ့ တိုက်ရိုက်ကွပ်ကွဲမှု အောက်မှာ မရှိလို့
ဒီလို အမိန့်မျိုး မဖြစ်မနေပေးရတော့မယ်ဆိုရင် အရပ်သားတွေကို မထိခိုက်စေဖို့ လူ့အခွင့်အရေးကိုလိုက်နာဖို့ ဂျီနီဗာကွန်ဗင်းရှင်း စတာတွေကို မချိုးဖောက်ဖို့နဲ့ တရားလက်လွတ်ပြုမူခဲ့ရင် အရေးယူဖို့ဆိုတာမျိုး စတဲ့ condition တွေထည့်သွင်းပြီးမှသာ တရားဝင် အမိန့်စာနဲ့ ညွှန်ကြားသင့်ပါတယ်...
၃။ ၂၀၁၉ ဇန်နဝါရီ ၄ရက် နောက်ပိုင်း ရခိင်ပြည်နယ်အတွင်း AA တိုက်ခိုက်မှုတွေအပေါ် တုန့်ပြန်ရာမှာလည်း အထက်က အတိုင်းပါပဲ... ဒေါ်အောင်ဆန်းစုကြည်က AAကို အမြစ်ပြတ်ချေမှုန်းဖို့ အမိန့်ပေးထားတယ်ဆိုတဲ့ သတင်းထွက်ခဲ့ပါတယ်... ဒီကိစ္စမှာလည်း အထက်ကလို ဆင်ခြင်သင့်ပါတယ်...
၎။ရခိုင်ပြည်နယ်မြောက်ပိုင်းက ရိုဟင်ဂျာတွေ စွန့်ခွာသွားတဲ့ ဒေသတွေမှာ ပြန်လည်ထူထောင်ရေးဆိုပြီး စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ ဆောက်လုပ်ရေး လုပ်ငန်းတွေ ဖွံ့ဖြိုးရေး စီမံကိန်းတွေ လုပ်ခဲ့ပါတယ်...
တကယ်ဆိုရင် ဒီနေရာတွေဟာ ပိုင်ရှင်မဲ့ မဟုတ်သလို နိုင်ငံတော်ပိုင်လည်း မဟုတ်ပါဘူး... ဒါ့အပြင် အင်မတန် ကြီးမားတဲ့ ရာဇဝတ်မှုတွေ *ဖြစ်ပွားခဲ့နိုင်ဖွယ်ရှိတယ်*လို့ အငြင်းပွားနေရတဲ့ နေရာတွေလည်း ဖြစ်ပါတယ်... ဒီလိုနေရာတွေကို အလောတကြီးနဲ့ ဆောက်လုပ်ရေးစီမံကိန်းတွေ လုပ်လိုက်တာဟာ မှုခင်းပညာရှုထောင့်က ကြည့်ရင် မြေပြင်သက်သေကို ဖျောက်ဖျက်သလိုယူဆ စွပ်စွဲ *ခံရကောင်းခံရ* နိုင်ပါတယ်...
၅။ရိုက်တာ သတင်းထောက်၂ယောက်ရဲ့ အမှုမှာ သူတို့ရာဇဝတ်မှုကျူးလွန်တယ်ဆိုပြီး တောက်လျှောက် ရပ်ခံသွားတာဟာလည်း ပြဿနာ တခုဖြစ်ပါတယ်... သူတို့ဖော်ထုတ်ခဲ့တဲ့ သတင်းဟာ အမှန်တကယ်ဖြစ်ပျက်ခဲ့တဲ့ လူအစုလိုက်သတ်ဖြတ်မှုဖြစ်ပြီး တပ်မတော်ဘက်ကလည်း မဖြစ်မနေ အရေးယူခဲ့ရပြီး ဖြစ်ပါတယ်... ဒါ့အပြင် သူတို့ကို နိုင်ငံတော် လျှို့ဝှက်ချက် ဥပဒေနဲ့ အရေးယူတယ်ဆိုပေမယ့် တကယ်တမ်း ပြစရာ ခိုင်မာတဲ့ သက်သေ မရှိခဲ့ပါဘူး... ဒါကြောင့် ဒီအမှုဟာ ရခိုင်မြောက်ပိုင်းက သတ်ဖြတ်မှုတွေကို ဖော်ထုတ်သတင်းရေးလို့ ဖမ်းဆီးခံရတာလို့ပဲ အများက ယူဆဖွယ်ရှိပါတယ်...
ဒါကြောင့် ဒီအချက်ကလည်း ရာဇဝတ်မှုကို ဖုံးကွယ်ဖို့ ကြိုးစားတာလို့ စွပ်စွဲ *ခံရကောင်းခံရ* နိုင်ပြန်ပါတယ်...
၆။နိုင်ငံတော်အတိုင်ပင်ခံရုံး ပြန်ကြားရေးကော်မတီ အမည်နဲ့ အတိုင်ပင်ခံရုံး ဖေ့စ်ဘုတ်စ်စာမျက်နှာကနေ ထုတ်ပြန်ခဲ့တဲ့ သတင်းတွေမှာ ရိုဟင်ဂျာတွေ ကိုယ့်အိမ်ကိုယ်မီးရှို့တယ်ဆိုတဲ့ ဓါတ်ပုံတုနဲ့ သတင်းမှားမျိုးတွေ ပါဝင်ခဲ့တာဟာလည်း ထောက်ပြစရာ တခုဖြစ်နိုင်ပါတယ်...
ဒါဟာလည်း အောက်ခြေသတင်းတွေကို source ရင်းမြစ်တခုတည်းကနေ ရယူတာ(သို့)တဦးတယောက် တစုတဖွဲ့ကိုပဲ လုပ်ပိုင်ခွင့် လွှဲပေးထားတာ စတဲ့ အားနည်းချက်တွေကြောင့် ဖြစ်နိုင်ပါတယ်...
၇။သာသနာရေးဝန်ကြီးဌာနက ထုတ်ဝေဖို့ စီစဉ်နေတယ်ဆိုတဲ့ မြန်မာပြည်မှာ ရိုဟင်ဂျာမရှိကြောင်း သက်သေပြဖို့ကြိုးစားထားတဲ့ သာအုပ်တအုပ်ကိစ္စဟာလည်း ပြဿနာရှိပါတယ်...
ရိုဟင်ဂျာရှိခြင်း မရှိခြင်းက အစိုးရက သက်သေပြရမယ့် ကိစ္စမဟုတ်ပါဘူး... ရှိတယ်လို့ ဆိုနေသူတွေနဲ့ မရှိဘူးလို့ ဆိုနေသူတွေ စားပွဲဝိုင်းမှာထိုင်ပြီး အပြန်အလှန် သက်သေထူရင်း ပညာရှင်တွေပါ ပါဝင်ငြင်းခုန်ကြရမယ့်ကိစ္စပါ... လိုအပ်ရင် အစိုးရက အဲ့ဒီ အငြင်းအခုန်ဆွေးနွေးမှုကို ကြားဝင် စီမံပေးရုံပါပဲ...
ခုလို စာတစောင် ပေတဖွဲ့နဲ့ narrative ဇာတ်ကြောင်း တခု ဖန်တီးဖို့ ကြိုးစားတာဟာ လူမျိုး တမျိုး လူအုပ်စုတစုကို ရည်ရွယ်ချက်ရှိရှိ ဖယ်ထုတ်ဖို့ ကြိုးစားတယ်လို့ သတ်မှတ် စွပ်စွဲ *ခံရကောင်းခံရ* နိုင်ပါတယ်...
၈။နောက်ဆုံးတချက်ကတော့ ယေဘုယျပါ NLD အစိုးရ တက်လာပြီး နောက်ပိုင်း လူ့အခွင့်အရေး ချိုးဖောက်ခံရမှုတွေ စစ်ပွဲတွေကြောင့် အရပ်သားတွေ ထိခိုက်သေကျေရမှုတွေမှာ နိုင်ငံတော် အတိုင်ပင်ခံအနေနဲ့ နစ်နာခံစားရသူတွေ အပေါ် အားပေးနှစ်သိမ့်မှုတွေ ကူညီပံ့ပိုးမှုတွေ လုံလုံလောက်လောက် မဆောင်ရွက်ခဲ့ခြင်းပါပဲ...
ဥပမာတချို့ပြောရရင် ၂၀၁၆ အောက်တိုဘာလောက်က ရှမ်းမြောက်မှာ လက်နက်ကြီးခြံထဲကျလို့ သေဆုံးခဲ့ရတဲ့ မန်ကျင့်ဇုန်းမျှော် ကိစ္စမျိုး... လက်ရှိ ရခိုင်နဲ့ ရှမ်းမြောက်မှာ ထိမှန် သေကျေနေကြရတဲ့ အရပ်သား ပြည်သူတွေ ကိစ္စမျိုးတွေမှာ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ စာတကြောင်းလောက်ဖြစ်ဖြစ် ဝမ်းနည်းကြောင်းဖော်ပြပြီး စာနာနှစ်သိမ့်တာမျိုး လုပ်ဖို့ ပျက်ကွက်ခဲ့ပါတယ်... တဖက်မှာတော့ ARSA တို့ AAတို့ကြောင့် ရဲတပ်ဖွဲ့ဝင်တွေ သေကျေရမှုကို သမ္မတရုံးက ကြေညာချက်တွေထုတ်ပြန်ပြီး ဝမ်းနည်းကြောင်း ဖော်ပြခဲ့ပါတယ်...
ဒါတွေဟာ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်ရဲ့ ဆန္ဒ ဆုံးဖြတ်ချက်နဲ့ လုပ်ဆောင်ခဲ့တာတွေ ဖြစ်နိုင်မယ် မထင်ပါဘူး... အောက်က လူတွေကို အယုံလွန် အလွှဲလွန်တာမျိုး ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်...
ဒါပေမယ့် ဒီအပြုအမူတွေဟာ တဖက်ကကြည့်ရင် အရပ်သားတွေရဲ့ နစ်နာသေဆုံးရမှုဟာ ထိုက်သင့်လို့ တရားလို့ (သို့) သူတို့ ထိခိုက်သေဆုံးမှုဟာ တရားဝင်လို့လား (ဥပမာ ရာဇဝတ်သား တယောက်ကို အပြစ်ရှိလို့ ပစ်သတ်လိုက်တာမျိုး) ဆိုတာမျိုး အဓိပ္ပာယ်*ရောက်ကောင်း* ရောက်စေနိုင်ပါတယ်...
ဒီအချက်ကလည်း စစ်ပွဲတွေ အတွင်း အပြစ်မဲ့ သေဆုံး(သို့) သတ်ဖြတ်ခံရသူတွေအပေါ် တာဝန်ယူတာဝန်ခံမှု မရှိပဲ လျစ်လျူရှုတယ်လို့ သတ်မှတ် စွပ်စွဲ *ခံရကောင်းခံရ* နိုင်ပါတယ်...
ဒါကြောင့်မို့ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ နိုင်ငံတကာမှာ အင်မတန် ရှက်ဖွယ်ကောင်းလှတဲ့ ရာဇဝတ်မှုကြီးတွေနဲ့ ချိတ်ဆက်ပြီး သတ်မှတ် စွပ်စွဲ မခံရဖို့ ဆိုရင် အထက်ပါ ကိစ္စရပ်မျိုးတွေကို ပြန်လည် ဆန်းစစ် သုံးသပ်ပြီး မိမိတာဝန်ခံမှုနဲ့ မသက်ဆိုင်ကြောင်း ဖြေရှင်းထားသင့်ပါတယ်...
ဒါ့အပြင် ယခုကစလို့ နောက်ပိုင်းမှာလည်း လူ့အခွင့်အရေး ချိုးဖောက်မှု ဖြစ်နိုင်ချေရှိတဲ့ ကိစ္စတိုင်းနဲ့ တိုင်းပြည်ထဲက ပဋိပက္ခတွေအပေါ် မစ္စ ယန်ဟီးလီ တိုက်တွန်းသလို မျက်စိဖွင့် နားစွင့်ပြီး နှလုံးသားနဲ့ ခံစား ဆောင်ရွက်ဖို့နဲ့
နစ်နာသူတွေ အားလုံးအတွက် အမြန်ဆုံး ရပ်တည်ကုစားပေးဖို့ အခုကစ အလေးထားလုပ်ဆောင်သင့်ပြီလို့ အကြံပြုတင်ပြချင်ပါတယ်..
ငြိမ်းချမ်းရေး နိုဘယ် ဆုရှင် တဦးရှိတဲ့တိုင်းပြည်က နိုင်ငံသားတဦးအနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဂုဏ်သိက္ခာနဲ့ တိုင်းပြည်ဂုဏ်သိက္ခာကို မိမိဂုဏ်သိက္ခာလို့ပဲ ထပ်တူ မှတ်ယူတန်ဖိုးထားလို့ ဒီလို ထောက်ပြအကြံပြုခြင်းဖြစ်ပါတယ်...
မိုဃ်းသွေး
စက်တင်ဘာ ၁၉ရက် ၂၀၁၉
စာကြွင်း
ဒေါ်အောင်ဆန်းစုကြည်နဲ့နီးသပ်သူတွေအနေနဲ့
ဒီအကြံပြုချက်မျိုးတွေ သူမကို ပေးစေချင်ပါတယ်...
ဒေါ်အောင်ဆန်းစုကြည်ကို
ရိုဟင်ဂျာဂျီနိုဆိုဒ်ရဲ့
တရားခံတယောက်အနေနဲ့ရော
ပူးပေါင်းသူ(သို့)အားပေးသူ
တရားခံတွေကိုကာကွယ်ပေးသူအနေနဲ့ပါ
ဘယ်လိုနည်းနဲ့မှ အစွပ်စွဲမခံရစေချင်ပါဘူး...
လက်ရှိသူမရဲ့အစိုးရကာလမှာ
အုပ်ချုပ်မှုအားနည်းချက်တွေနဲ့
ဒီမိုကရေစီအခွင့်အရေး
လူ့အခွင့်အရေးချိုးဖောက်မှုတွေ
ဘယ်လောက်ပဲရှိနေပါစေ
ဒါတွေဟာ
ပြန်လည်ပြင်ဆင်နိုင်တဲ့ကိစ္စတွေမို့
အမှားတွေကိုသင်ခန်းစာယူပြီး
တချိန်မှာပြင်နိုင်မယ်လို့လည်း
မျှော်လင့်ဆဲပါ...
ဒါပေမယ့်
ဂျီနိုဆိုဒ်လို့ခေါ်တဲ့ လူမျိုးတုန်းသတ်ဖြတ်မှုတို့
crimes against humanity ခေါ်တဲ့
လူသားမျိုးနွယ်ကိုဆန့်ကျင်တဲ့ ရာဇဝတ်မှုဆိုတာတွေကတော့
နိုင်ငံတကာဥပဒေကို ချိုးဖောက်နေတာဖြစ်လို့
ကျူးလွန်မိခဲ့ရင်(သို့) ပတ်သက်မိခဲ့ရင် ပြန်လည်ပြင်ဆင်လို့မရနိုင်ပါဘူး...
ဒါကြောင့် ဒေါ်အောင်ဆန်းစုကြည်အနေနဲ့
ဒီလိုနိုင်ငံတကာရာဇဝတ်မှုတွေနဲ့
မပတ်သက်အောင် သတိထားရှောင်ရှားဖို့လိုပါတယ်...
ဒါ့အပြင်
မိမိကိုယ် အမှုတွဲထဲမပါပါအောင်
နည်းမျိုးစုံနဲ့ဆွဲထည့်မယ့် ကိစ္စတွေကိုလည်း
ပါးပါးနပ်နပ်ရှောင်ဖို့လိုပါတယ်...
လက်ရှိအချိန်ထိ
ဒေါ်အောင်ဆန်းစုကြည်အနေနဲ့
ဖော်ပြပါရာဇဝတ်မှုတွေအတွက်
စွပ်စွဲခံရနိုင်စရာရှိတဲ့ ကိစ္စတချို့ကို
မြင်သလောက်သတိပေးချင်ပါတယ်...
၁။ ၂၀၁၆ခုနှစ်မှာ သံရုံးတွေနဲ့မီဒီယာတွေကို
ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းမသုံးကြဖို့ တားမြစ်တဲ့ ကြေညာချက်ထွက်ခဲ့ပါတယ်...
ဒါဟာ ဂျီနိုဆိုဒ်လက္ခဏာ အဆင့်တွေထဲကတခုဖြစ်တဲ့ လူမျိုးတမျိုး လူအုပ်စုတစုရဲ့ အမည်နာမကို ဖယ်ထုတ်ပိတ်ပင်ရာ ရောက်တယ်လို့ သတ်မှတ် *ခံရကောင်း* ခံရနိုင်ပါတယ်...
၂။ ၂၀၁၇ သြဂုတ်လ ARSA တိုက်ခိုက်မှုတွေကို အမြစ်ပြတ်ချေမှုန်းဖို့ သမ္မတရုံးက အမိန့်ပေး(သို့) သဘောတူခဲ့တယ် ဆိုတဲ့ အချက်ကလည်း ပြဿနာရှိပါတယ်...
အစိုးရ တရပ်အနေနဲ့ ဒီလိုညွှန်ကြားတာဟာ တာဝန်တရပ်ဖြစ်ပေမယ့် အောက်ခြေမှာ လက်တွေ့ နယ်မြေရှင်းလင်းရေး လုပ်ဆောင်မှုတွေမှာ ကိုယ်တိုင်မပါနိုင်သလို အခြေခံဥပဒေအရလည်း လက်နက်ကိုင်တပ်ဖွဲ့တွေဟာ အစိုးရရဲ့ တိုက်ရိုက်ကွပ်ကွဲမှု အောက်မှာ မရှိလို့
ဒီလို အမိန့်မျိုး မဖြစ်မနေပေးရတော့မယ်ဆိုရင် အရပ်သားတွေကို မထိခိုက်စေဖို့ လူ့အခွင့်အရေးကိုလိုက်နာဖို့ ဂျီနီဗာကွန်ဗင်းရှင်း စတာတွေကို မချိုးဖောက်ဖို့နဲ့ တရားလက်လွတ်ပြုမူခဲ့ရင် အရေးယူဖို့ဆိုတာမျိုး စတဲ့ condition တွေထည့်သွင်းပြီးမှသာ တရားဝင် အမိန့်စာနဲ့ ညွှန်ကြားသင့်ပါတယ်...
၃။ ၂၀၁၉ ဇန်နဝါရီ ၄ရက် နောက်ပိုင်း ရခိင်ပြည်နယ်အတွင်း AA တိုက်ခိုက်မှုတွေအပေါ် တုန့်ပြန်ရာမှာလည်း အထက်က အတိုင်းပါပဲ... ဒေါ်အောင်ဆန်းစုကြည်က AAကို အမြစ်ပြတ်ချေမှုန်းဖို့ အမိန့်ပေးထားတယ်ဆိုတဲ့ သတင်းထွက်ခဲ့ပါတယ်... ဒီကိစ္စမှာလည်း အထက်ကလို ဆင်ခြင်သင့်ပါတယ်...
၎။ရခိုင်ပြည်နယ်မြောက်ပိုင်းက ရိုဟင်ဂျာတွေ စွန့်ခွာသွားတဲ့ ဒေသတွေမှာ ပြန်လည်ထူထောင်ရေးဆိုပြီး စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ ဆောက်လုပ်ရေး လုပ်ငန်းတွေ ဖွံ့ဖြိုးရေး စီမံကိန်းတွေ လုပ်ခဲ့ပါတယ်...
တကယ်ဆိုရင် ဒီနေရာတွေဟာ ပိုင်ရှင်မဲ့ မဟုတ်သလို နိုင်ငံတော်ပိုင်လည်း မဟုတ်ပါဘူး... ဒါ့အပြင် အင်မတန် ကြီးမားတဲ့ ရာဇဝတ်မှုတွေ *ဖြစ်ပွားခဲ့နိုင်ဖွယ်ရှိတယ်*လို့ အငြင်းပွားနေရတဲ့ နေရာတွေလည်း ဖြစ်ပါတယ်... ဒီလိုနေရာတွေကို အလောတကြီးနဲ့ ဆောက်လုပ်ရေးစီမံကိန်းတွေ လုပ်လိုက်တာဟာ မှုခင်းပညာရှုထောင့်က ကြည့်ရင် မြေပြင်သက်သေကို ဖျောက်ဖျက်သလိုယူဆ စွပ်စွဲ *ခံရကောင်းခံရ* နိုင်ပါတယ်...
၅။ရိုက်တာ သတင်းထောက်၂ယောက်ရဲ့ အမှုမှာ သူတို့ရာဇဝတ်မှုကျူးလွန်တယ်ဆိုပြီး တောက်လျှောက် ရပ်ခံသွားတာဟာလည်း ပြဿနာ တခုဖြစ်ပါတယ်... သူတို့ဖော်ထုတ်ခဲ့တဲ့ သတင်းဟာ အမှန်တကယ်ဖြစ်ပျက်ခဲ့တဲ့ လူအစုလိုက်သတ်ဖြတ်မှုဖြစ်ပြီး တပ်မတော်ဘက်ကလည်း မဖြစ်မနေ အရေးယူခဲ့ရပြီး ဖြစ်ပါတယ်... ဒါ့အပြင် သူတို့ကို နိုင်ငံတော် လျှို့ဝှက်ချက် ဥပဒေနဲ့ အရေးယူတယ်ဆိုပေမယ့် တကယ်တမ်း ပြစရာ ခိုင်မာတဲ့ သက်သေ မရှိခဲ့ပါဘူး... ဒါကြောင့် ဒီအမှုဟာ ရခိုင်မြောက်ပိုင်းက သတ်ဖြတ်မှုတွေကို ဖော်ထုတ်သတင်းရေးလို့ ဖမ်းဆီးခံရတာလို့ပဲ အများက ယူဆဖွယ်ရှိပါတယ်...
ဒါကြောင့် ဒီအချက်ကလည်း ရာဇဝတ်မှုကို ဖုံးကွယ်ဖို့ ကြိုးစားတာလို့ စွပ်စွဲ *ခံရကောင်းခံရ* နိုင်ပြန်ပါတယ်...
၆။နိုင်ငံတော်အတိုင်ပင်ခံရုံး ပြန်ကြားရေးကော်မတီ အမည်နဲ့ အတိုင်ပင်ခံရုံး ဖေ့စ်ဘုတ်စ်စာမျက်နှာကနေ ထုတ်ပြန်ခဲ့တဲ့ သတင်းတွေမှာ ရိုဟင်ဂျာတွေ ကိုယ့်အိမ်ကိုယ်မီးရှို့တယ်ဆိုတဲ့ ဓါတ်ပုံတုနဲ့ သတင်းမှားမျိုးတွေ ပါဝင်ခဲ့တာဟာလည်း ထောက်ပြစရာ တခုဖြစ်နိုင်ပါတယ်...
ဒါဟာလည်း အောက်ခြေသတင်းတွေကို source ရင်းမြစ်တခုတည်းကနေ ရယူတာ(သို့)တဦးတယောက် တစုတဖွဲ့ကိုပဲ လုပ်ပိုင်ခွင့် လွှဲပေးထားတာ စတဲ့ အားနည်းချက်တွေကြောင့် ဖြစ်နိုင်ပါတယ်...
၇။သာသနာရေးဝန်ကြီးဌာနက ထုတ်ဝေဖို့ စီစဉ်နေတယ်ဆိုတဲ့ မြန်မာပြည်မှာ ရိုဟင်ဂျာမရှိကြောင်း သက်သေပြဖို့ကြိုးစားထားတဲ့ သာအုပ်တအုပ်ကိစ္စဟာလည်း ပြဿနာရှိပါတယ်...
ရိုဟင်ဂျာရှိခြင်း မရှိခြင်းက အစိုးရက သက်သေပြရမယ့် ကိစ္စမဟုတ်ပါဘူး... ရှိတယ်လို့ ဆိုနေသူတွေနဲ့ မရှိဘူးလို့ ဆိုနေသူတွေ စားပွဲဝိုင်းမှာထိုင်ပြီး အပြန်အလှန် သက်သေထူရင်း ပညာရှင်တွေပါ ပါဝင်ငြင်းခုန်ကြရမယ့်ကိစ္စပါ... လိုအပ်ရင် အစိုးရက အဲ့ဒီ အငြင်းအခုန်ဆွေးနွေးမှုကို ကြားဝင် စီမံပေးရုံပါပဲ...
ခုလို စာတစောင် ပေတဖွဲ့နဲ့ narrative ဇာတ်ကြောင်း တခု ဖန်တီးဖို့ ကြိုးစားတာဟာ လူမျိုး တမျိုး လူအုပ်စုတစုကို ရည်ရွယ်ချက်ရှိရှိ ဖယ်ထုတ်ဖို့ ကြိုးစားတယ်လို့ သတ်မှတ် စွပ်စွဲ *ခံရကောင်းခံရ* နိုင်ပါတယ်...
၈။နောက်ဆုံးတချက်ကတော့ ယေဘုယျပါ NLD အစိုးရ တက်လာပြီး နောက်ပိုင်း လူ့အခွင့်အရေး ချိုးဖောက်ခံရမှုတွေ စစ်ပွဲတွေကြောင့် အရပ်သားတွေ ထိခိုက်သေကျေရမှုတွေမှာ နိုင်ငံတော် အတိုင်ပင်ခံအနေနဲ့ နစ်နာခံစားရသူတွေ အပေါ် အားပေးနှစ်သိမ့်မှုတွေ ကူညီပံ့ပိုးမှုတွေ လုံလုံလောက်လောက် မဆောင်ရွက်ခဲ့ခြင်းပါပဲ...
ဥပမာတချို့ပြောရရင် ၂၀၁၆ အောက်တိုဘာလောက်က ရှမ်းမြောက်မှာ လက်နက်ကြီးခြံထဲကျလို့ သေဆုံးခဲ့ရတဲ့ မန်ကျင့်ဇုန်းမျှော် ကိစ္စမျိုး... လက်ရှိ ရခိုင်နဲ့ ရှမ်းမြောက်မှာ ထိမှန် သေကျေနေကြရတဲ့ အရပ်သား ပြည်သူတွေ ကိစ္စမျိုးတွေမှာ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ စာတကြောင်းလောက်ဖြစ်ဖြစ် ဝမ်းနည်းကြောင်းဖော်ပြပြီး စာနာနှစ်သိမ့်တာမျိုး လုပ်ဖို့ ပျက်ကွက်ခဲ့ပါတယ်... တဖက်မှာတော့ ARSA တို့ AAတို့ကြောင့် ရဲတပ်ဖွဲ့ဝင်တွေ သေကျေရမှုကို သမ္မတရုံးက ကြေညာချက်တွေထုတ်ပြန်ပြီး ဝမ်းနည်းကြောင်း ဖော်ပြခဲ့ပါတယ်...
ဒါတွေဟာ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်ရဲ့ ဆန္ဒ ဆုံးဖြတ်ချက်နဲ့ လုပ်ဆောင်ခဲ့တာတွေ ဖြစ်နိုင်မယ် မထင်ပါဘူး... အောက်က လူတွေကို အယုံလွန် အလွှဲလွန်တာမျိုး ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်...
ဒါပေမယ့် ဒီအပြုအမူတွေဟာ တဖက်ကကြည့်ရင် အရပ်သားတွေရဲ့ နစ်နာသေဆုံးရမှုဟာ ထိုက်သင့်လို့ တရားလို့ (သို့) သူတို့ ထိခိုက်သေဆုံးမှုဟာ တရားဝင်လို့လား (ဥပမာ ရာဇဝတ်သား တယောက်ကို အပြစ်ရှိလို့ ပစ်သတ်လိုက်တာမျိုး) ဆိုတာမျိုး အဓိပ္ပာယ်*ရောက်ကောင်း* ရောက်စေနိုင်ပါတယ်...
ဒီအချက်ကလည်း စစ်ပွဲတွေ အတွင်း အပြစ်မဲ့ သေဆုံး(သို့) သတ်ဖြတ်ခံရသူတွေအပေါ် တာဝန်ယူတာဝန်ခံမှု မရှိပဲ လျစ်လျူရှုတယ်လို့ သတ်မှတ် စွပ်စွဲ *ခံရကောင်းခံရ* နိုင်ပါတယ်...
ဒါကြောင့်မို့ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ နိုင်ငံတကာမှာ အင်မတန် ရှက်ဖွယ်ကောင်းလှတဲ့ ရာဇဝတ်မှုကြီးတွေနဲ့ ချိတ်ဆက်ပြီး သတ်မှတ် စွပ်စွဲ မခံရဖို့ ဆိုရင် အထက်ပါ ကိစ္စရပ်မျိုးတွေကို ပြန်လည် ဆန်းစစ် သုံးသပ်ပြီး မိမိတာဝန်ခံမှုနဲ့ မသက်ဆိုင်ကြောင်း ဖြေရှင်းထားသင့်ပါတယ်...
ဒါ့အပြင် ယခုကစလို့ နောက်ပိုင်းမှာလည်း လူ့အခွင့်အရေး ချိုးဖောက်မှု ဖြစ်နိုင်ချေရှိတဲ့ ကိစ္စတိုင်းနဲ့ တိုင်းပြည်ထဲက ပဋိပက္ခတွေအပေါ် မစ္စ ယန်ဟီးလီ တိုက်တွန်းသလို မျက်စိဖွင့် နားစွင့်ပြီး နှလုံးသားနဲ့ ခံစား ဆောင်ရွက်ဖို့နဲ့
နစ်နာသူတွေ အားလုံးအတွက် အမြန်ဆုံး ရပ်တည်ကုစားပေးဖို့ အခုကစ အလေးထားလုပ်ဆောင်သင့်ပြီလို့ အကြံပြုတင်ပြချင်ပါတယ်..
ငြိမ်းချမ်းရေး နိုဘယ် ဆုရှင် တဦးရှိတဲ့တိုင်းပြည်က နိုင်ငံသားတဦးအနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဂုဏ်သိက္ခာနဲ့ တိုင်းပြည်ဂုဏ်သိက္ခာကို မိမိဂုဏ်သိက္ခာလို့ပဲ ထပ်တူ မှတ်ယူတန်ဖိုးထားလို့ ဒီလို ထောက်ပြအကြံပြုခြင်းဖြစ်ပါတယ်...
မိုဃ်းသွေး
စက်တင်ဘာ ၁၉ရက် ၂၀၁၉
စာကြွင်း
ဒေါ်အောင်ဆန်းစုကြည်နဲ့နီးသပ်သူတွေအနေနဲ့
ဒီအကြံပြုချက်မျိုးတွေ သူမကို ပေးစေချင်ပါတယ်...
Wednesday, July 24, 2019
V အမှုမှာ ကျနော်စိတ်ဝင်စားသူ တစ်ယောက်ရှိတယ်
V အမှုမှာ ကျနော်စိတ်ဝင်စားသူ တစ်ယောက်ရှိတယ် ...
ယနေ့ V လေးအမှုမှာ တရားလိုရဲ့ မိခင်ဖြစ်သူက
ဆရာမနှင်းနုကို နောက်တိုးတရားခံအဖြစ် ထည့်သွင်းပေးဖို့
တရားရုံးကို လျှောက်ထားလိုက်တယ်
မိခင်ဖြစ်သူရဲ့ ယနေ့ထွက်ဆိုချက်တွေအရ
အခန်းကျယ်ထဲကို ခေါ်သွားတယ်ဆိုတဲ့ ကိုကိုက
နှစ်ယောက်ဖြစ်တယ်။ Two လို့လည်း အင်္ဂလိပ်လိုပြောတယ်
ကလေးနဲ့လည်း ကစားတယ်၊ ချိုချဉ်လည်း ကျွေးတယ်
ဆိုတဲ့ ဖြေကြားချက်တွေရယ် ...
CID က ဖော်ထုတ်ချက်တွေအရ တရားခံတစ်ယောက်အဖြစ်
ဘယ်လို ကျူးလွန်ခဲ့ပါတယ်လို့ ဒုရဲချုပ်ကိုယ်တိုင်က
လာဖြေရှင်းသွားအပြီးမှာ ...
မူကြိုကျောင်းက ဆရာမတွေက မဖြစ်နိုင်ဘူး သူဧည့်ခန်းမှာပဲ
ထိုင်နေတာသူတို့တွေ့ပါတယ်လို့ မီဒီယာတွေကို ဖြေကြားချက်ရယ်
BBC က ချပြလိုက်တဲ့ CCTV ဖိုင်မှာ ဒုရဲချုပ်ပြောသလို
မဟုတ်ပဲ ဧည့်ခန်းထဲက ထိုင်ခုံပေါ်မှာ တစ်ချိန်လုံးထိုင်နေတာ
မြင်တွေ့ခဲ့ရပြီး ဆရာမတွေ ပြောကြားချက်နဲ့ ထပ်တူ ဖြစ်နေတာရယ်
သူ့ရဲ့ မိဘတွေက သူတို့သားမှာ အပြစ်မရှိပါဘူးလို့
သူတို့သားဆီက သိခဲ့ရတဲ့ အခင်းဖြစ်နေ့က သူ့သားလှုပ်ရှားမှု
တွေကို မီဒီယာတွေကို ငိုယိုပြီး ပြောပြခဲ့တာတွေရယ်
ပေါင်းလိုက်ရင် သူဟာ ဒုရဲချုပ်က စွပ်စွဲခဲ့သလို ဒီအမှုရဲ့
လက်သည် တရားခံတစ်ယောက် ဘယ်နည်းနဲ့မှ
မဖြစ်နိုင်တော့ဘူးဆိုတာ သေချာသလောက် ဖြစ်သွားပါတယ် ...
ဒါကြောင့် သူ့အကြောင်းကိုပဲ သီးသန့်ဆွေးနွေးချင်ပါတယ် ...
သူသာ ဒီအမှုမှာ CID ကဖော်ထုတ်ပြီး ဒုရဲချုပ်က စွပ်စွဲသလို
တရားခံအစစ် မဟုတ်ခဲ့ဘူးဆိုရင် မြန်မာနိုင်ငံက
အရပ်သား ပြည်သူတွေရဲ့ ကာကွယ်စောင့်ရှောက်မှု
ကင်းမဲ့နေတဲ့ အခြေအနေဟာ စိုးရိမ်ထိတ်လန့်စရာ
ကောင်းနေပါပြီ ...
သူ့ကို CID တစ်လလောက် ဖမ်းစစ်တယ်။ စစ်လို့ မပေါ်တော့
ရမန်နှစ်ပတ်ပြည့်တဲ့ အချိန်မှာ အပြစ်မရှိပါဘူးလို့
ပြန်လွှတ်ပေးပြီးကာမှ ကောက်ကာငင်ကာ အပြစ်ရှိပါတယ်
ပြန်ဖြစ်သွားပြီး ဖမ်းဆီး တရားစွဲဆိုလိုက်တယ်။
သူသာ အမှန်တကယ် အပြစ်မရှိခဲ့ရင် သူ့ကို မသင်္ကာမှုနဲ့
ဖမ်းထားတဲ့ ပထမ ၄ ပတ်မှာတင် အချုပ်အနှောင်ထဲမှာ
အချောင်နေရတဲ့ သူတစ်ယောက်အတွက် ဘယ်လောက်
ထိခိုက်နစ်နာ ဆုံးရှုံးမလဲ ...
သူထောင်ထဲမှာ ၄ ပတ်လောက် အချောင် အစစ်ဆေးခံနေရချိန်မှာ
အကယ်၍သာ သူ့ကိုမှီခိုစားသောက်နေရတဲ့ မိသားစုသာ
ရှိနေခဲ့ရင် ဘယ်လောက် ဒုက္ခရောက်ကုန်ကြမလဲ ...
သူ့ကို ရမန်နှစ်ပတ်အထိ အပြစ်ရှာမတွေ့လို့ ပြန်လွှတ်ပေးလိုက်
တယ်ဆိုရင်တောင်မှ သူ့ရဲ့ အလုပ်မှာ ပတ်ဝန်းကျင် အသိုင်းအဝိုင်း
မှာ အနဲနဲ့အများ ထိခိုက်နစ်နာ ဆုံးရှုံးမှုတွေ ကြုံရဦးမှာပဲ ...
ဒါကိုမှ အားမရသေးပဲ တရားခံအဖြစ် ထပ်ပြီးစွပ်စွဲ ဖမ်းဆီး
ရုံးတင်စစ်ဆေးတယ်ဆိုရင် အမှုမှန်မပေါ်မချင်း သူဟာ
ထောင်ထဲမှာ ဆက်ပြီး နေသွားရမှာ ဖြစ်သလို ဒီ့ထက်ကံဆိုးရင်
ထိုးကျွေးခံရတဲ့ တရားခံအဖြစ်နဲ့ မကျူးလွန်တဲ့ အမှုအတွက်
တနင့်တပိုးချတဲ့ ပြစ်ဒဏ်တွေကိုလည်း အချောင်ခံစားသွားရနိုင်ပါသေးတယ် ...
လောလောဆယ်တင်ပဲ ထောင်ထဲရောက်တာနဲ့ သက်ငယ်မုဒိန်း
တရားခံဆိုတဲ့ ပုဒ်မအသံကြားတာနဲ့တင် တန်းစီးတွေရဲ့ ဆုံးမပုံစံပေးတာ ခံနေရပါပြီ ...
နောက်ထပ် ၆ လ လည်းဖြစ်မယ်၊ တစ်နှစ်၊ နှစ်နှစ်
အမှုမှန်ကို မဖော်ထုတ်နိုင်မချင်း ဆက်ပြီး ထောင်ထဲမှာ နေရဦးမယ်
အပြင်မှာ သူ့ကိုအားကိုးနေရတဲ့ မိသားစုတွေ သားသမီးငယ်လေးတွေ ရှိနေခဲ့ရင် သံသယဆိုတဲ့ စွပ်စွဲမှုတစ်ခုအတွက်
မိသားစုတစ်ခု ဘဝပျက်ကုန်ကြပြီ ...
အပြင်က မိသားစုက အထဲကသူ့အတွက်ပူ ...
အထဲက သူက အပြင်က မိသားစုအတွက်ပူ ...
အပြင်က လူတွေက စားစရာမရှိ ဒုက္ခရောက်သလို
ထောင်ထဲမှာ နေရတဲ့ သူ့အတွက်လည်း ဒုက္ခတွေချည်းပါပဲ
အကယ်၍သာ ရုံးတော်က စစ်ဆေးပြီးလို့ သူ့မှာ အပြစ်မရှိကြောင်း
ပေါ်ပေါက်လာလို့ ပြန်လွှတ်ပေးရပြီဆိုပါတော့ ...
မကျူးလွန်ခဲ့တဲ့ အမှုတစ်ခုအတွက် အပြစ်မရှိပဲ ပျက်စီးသွားခဲ့ရတဲ့
မိသားစုတစ်စုအတွက် ဘယ်သူ့မှာ တာဝန်ရှိလဲ ...
ဘယ်သူတွေ တာဝန်ခံမလဲ ...
ဘယ်သူတွေ တာဝန်ယူမလဲ ...
ဘာနဲ့ ပြန်အလျော်ပေးကြမလဲ ...
ဆိုတာ မေးခွန်းထုတ်စရာ ဖြစ်လာပါတယ် ...
အကယ်၍သာ ဒီလိုဖြစ်ရပ်ဟာ အမေရိကန်မှာလို
သြဇီမှာလို ဖြစ်ခဲ့ရင် အပြစ်မရှိကြောင်း သက်သေပြနိုင်ခဲ့ပြီး
ပြန်လွတ်လာတဲ့ သူက ပြည်ထဲရေးကို တရားစွဲပါလိမ့်မယ်
နစ်နာကြေး လျော်ကြေး ဒေါ်လာ သန်းနဲ့ချီပြီး တရားရုံးကနေ
နှစ်ကြိမ်တိုင် မှားယွင်းဖမ်းဆီး တရားစွဲဆိုခဲ့တဲ့ ပြည်ထဲရေးဌာနကို
ပြင်းပြင်းထန်ထန် ပြန်လျော်ခိုင်းပါလိမ့်မယ်
ခုတော့ မြန်မာနိုင်ငံမှာ သူ့လို နစ်နာသူတစ်ယောက်အတွက်
ဘယ်မှာလဲ နစ်နာကြေး ... ဒေါ်လာသန်းနဲ့ချီ လျော်ဖို့မပြောနဲ့
အပြစ်မရှိတော့လို့ ပြန်လွှတ်ပေးလိုက်ရင်တောင်မှ သူတို့ကိုယ်
သူတို့ ကျေးဇူးရှင်အဖြစ် ခံယူချင်ကြသေးတယ်
ရသလောက် ထပ်ပြီး ပူဇော်ပသ ခံချင်ကြသေးတယ်
အပြစ်မရှိလို့ ပြန်ထွက်လာခဲ့ရတဲ့သူက သူတို့ကို
ပြန်ရှိခိုးကန်တော့ခဲ့ရသေးတယ် ...
ဒီစာကို ရေးသားတာ ဒရိုင်ဘာအောင်ကြီးမှာ
လုံးဝ အပြစ်မရှိဘူးလို့ မဆိုလိုသလို သူ့ဘက်ကလည်း
လိုက်ကာလိုက်ဖုံးပေးနေတာ မဟုတ်ပါဘူး ...
အကယ်၍သာ အောင်ကြီးမှာ အပြစ်မရှိခဲ့ရင်
နစ်နာသူဘက်က ဥပဒေပြုသူတွေ အနေနဲ့ စဉ်းစားကြဖို့လိုပါပြီ
မြန်မာနိုင်ငံက ပြည်သူတွေထဲက ဘယ်သူမဆို
အောင်ကြီးလိုအဖြစ်မျိုး အချိန်မရွေး ကြုံသွားနိုင်ပါတယ်
ကိုယ့်လက်ကို မီးလာဟပ်မှ ပူတယ်လို့ မအော်ကြပါနဲ့
ကျနော်တို့ မြန်မာလူမျိုးတွေက ရောင့်ရဲစွာ နေတတ်တယ်
တောင်းပန်ရင် ကျေအေးပေးတတ်ကြတယ်။
ဒါကြောင့် အောင်ကြီးလို မတရား ခံခဲ့ရသူတွေ
ဘဝပျက်ခဲ့ရသူတွေ မိသားစုတွေ အရင်ကတည်းက ရှိနေခဲ့သလို
ခုလည်း ရှိနေဆဲ နောင်လည်း ရှိနေဦးမှာပါပဲ ...
ပြည်သူတွေရဲ့ နစ်နာမှုတွေကို အကာအကွယ်ပေးဖို့
အစိုးရအဖွဲ့ရယ် ဥပဒေသမားတွေရယ် ဥပဒေပြုရတဲ့
လွှတ်တော်ရယ် ပူးပေါင်းပြီး အပြစ်မရှိပါပဲ ပျက်ဆီးသွားရတဲ့
ဘဝတွေ မိသားစုတွေအတွက် ဘယ်လိုနစ်နာကြေးအဖြစ်
ပြန်လျော်ပေးကြမလဲ ဆိုတဲ့ ထိရောက်တဲ့ ဥပဒေတစ်ခု
ပြဌာန်းသင့်ပြီ၊ ဥပဒေက ရှိပြီးရင်လည်း အလုပ်မဖြစ်တာကြောင့်
ပြင်ဆင်သင့်ပြီဖြစ်ကြောင်း အကြံပြုတိုက်တွန်းလိုက်ပါတယ် ...
ZN.H 🇦
Friday, July 5, 2019
ဆရာမ နှင်းနုကတော့ သူဖြေချင်မှ ဖြေမှာပေါ့ဗျာ။ ဒါက သူအခွင့်ရေးပဲ လို့ရဲဒုချုပ် အောင်နိုင်သူပြော
ပြောပါရစေအုံး
နေပြည်တော်က ကလေးအဓမ္မမကျင့်ခံရတဲ့ အမှုဖြစ်စဉ်မှာ ဖြစ်ပွားခဲ့တာက မူကြိုမှာဖြစ်ခဲ့တာသေချာရင် အဓိကခိုင်လုံတဲ့ သက်သေက ကလေးအခန်းဆရာမပဲလို့ မြင်တယ်။
ကလေးဖြေကြားချက်ဖြစ်တဲ့
🔺 ဆရာမ နှင်းနု သိတယ်...။
🔺 ဆရာမနှင်းနု က ကိုကို ကိုဆူတယ်...။
🔺 ဆရာမနှင်းနု ရေဆေးပေးတယ်... ။
ဒီအချက်တွေကို ကြည့်ရင် အဓိကကျတာက ဆရာနှင်းနုလို့ပဲ မြင်တယ်။
ဒီဆရာမကိုယ်တိုင်ရေဆေးပေးခဲ့တယ်ဆိုမှတော့ ဒီဆရာမကို ရအောင်မမေးသင့်ဘူးလား
ဒီဆရာမအနေနဲ့ကလည်း ကိုယ့်တပည့်သမီးလေးအတွက် ဘာလို့ အဖြစ်မှန်ကို မဖြေရတာလဲ
ကျနော်ကတော့ ဒီလိုပဲ လူပိန်းတွေး တွေးတယ်
ဒါကိုပဲ ဒီနေ့ သတင်းစာရှင်းလင်းပွဲမှာ
သတင်းထောက်က ကလေးက ဆရာမနှင်းနုသိတယ်လို့ဖြေတယ် အဲ့တော့ ဆရာမနှင်းနုကို မစစ်ဘူးလား မေးတာမှာ ရဲဒုချုပ် အောင်နိုင်သူက
'ဆရာမ နှင်းနုကတော့ သူဖြေချင်မှ ဖြေမှာပေါ့ဗျာ။ ဒါက သူအခွင့်ရေးပဲဆိုတဲ့ သဘောဖြေသွားတယ်။ ဆရာမနှင်းနုဘက်က ဘယ်လိုထွက်ဆိုတယ်ဆိုတာ ဖြေမသွားဘူး ။
ဒီဖြေကြားမှုကိုတော့ နားမလည်အောင်ဖြစ်ရပါတယ်
ဒီလိုပဲ မဖြေချင် မဖြေလို့ရတယ်ပေါ့ ။ ဒါက လူ့အခွင့်အရေးပေါ့။
ဘာပြောရမှန်းလည်းမသိတော့ပါဘူး။
လက်ရှိဖမ်းထားတဲ့ တရားခံဟာ တရားခံ အစစ်ဟုတ်မဟုတ် မငြင်းလိုပေမယ့်။ ရဲဘက်က ဒီမေးခွန်းဖြေသွားတာကတော့ စိတ်တိုင်းမကျပါဘူးဗျာ
- ကျော်ကြီး(MDY)
- တရားခံကိုထွက်လာပြီး အဖမ်းခံဖို့ ပြောလိုက်တဲ့ဒုရဲအုပ်
- ဗစ်တိုးရီးယားလေးရဲ့ အမှုမှာ ဆရာမနှင်းနုလွင်ကို LIVE လွှင့်ပီး ပွဲကြမ်းခဲ့တဲ့ အမပိုးဖြူရဲ့ ဗွီဒီယိုဖိုင်
- Stop Child Sexual Abuse
- စီအိုင်ဒီကို မေးခွန်းထုတ်ခြင်း
Wednesday, June 26, 2019
မီတာကြေး ပြင်ဆင်ကောက်ခံတဲ့ ကိစ္စ
ဒီပို့စ်နဲ့ပက်သက်ပြီး ပါတီက အရေးယူရင်လည်း ခံပါမယ်
သိသင့်တဲ့အခြေခံလူတန်းစားရဲ့ အသံကိုကြားမှ ဖြစ်မှာမို့
တင်ပြလိုက်ပါတယ်။
========================================
ကဲ - လူကြီးမင်းတို့ရေ
ဖြစ်သင့်တာမှန်ပေမယ့် ဘယ်ကိစ္စမဆိုပြည်သူပါအောင် လုပ်ကြပါ။
မြင်သာအောင် ပြရ ရင်တော့ယ္ခုလတ်တစ်လော မီတာကြေး
ပြင်ဆင်ကောက်ခံတဲ့ ကိစ္စပါ။
ဒါကတော့ တစ်နိုင်ငံလုံးနဲ့ချီပြီးပြောရမယ့်အပိုင်းပါ ဒီကိစ္စနဲ့ပတ်သက်ပြီး
အတော်လေး ဂရက်ရိုက်သွားပါတယ်။
ပြည်သူတွေနေရာက ကြည့်မယ်ဆိုရင်လည်း
မှန်နေပါတယ် နေ့ဒဓူဝလျှပ်စစ်မီးနဲ့ သွားနေရပါတယ်။
မီတာကြေး တိုးကောက်တာဟာ နိုင်ငံတော်ရဲ့
လိုအပ်ချက်အရ တစ်နည်းအားဖြင့် အရှုံးပေါ်နေလို့တိုးကောက်တယ်
ဒါကိုလက်ခံပါတယ် တစ်ယောက်ထဲ အိပ်ထောင်ထဲထည့်ဖို့မှမဟုက်ဘဲ။
သို့သော်ညားလည်း ပြည်သူတွေဟာဇိမ်ခံပစ္စည်းမပါ မရှိမဖြစ်သုံးရတဲ့ မီတာခပေးဖို့နဲ့
စားရေးသောက်ရေး နေထိုင်ရေး လူမှုရေးတွေပါထည့်တွက်လိုက်ရင် လက်ရှိမီတာခပေးရတာတောင်
အတော်လေး ရုန်းကန်နေရပါတယ်။
ဒါဟာတစ်ဖက်ထဲကြည့်ပြီး ပြောတာမဟုက်ပါဘူးအခွန်အခ ပေးဆောင်ရတာနဲ့အညီ အဲဒီအတွက်
အလုပ်အကိုင် အခွင့်အလမ်းတွေ ပေါများပြီးတစ်ဦးခြင်းရဲ့ ပုံမှန်ဝင်ငွေ ရှိနေတဲ့ အခြေအနေ
ရောက်အောင် အရင်ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။
ဥပမာ- ပြောရရင် ပိုးကျနေတဲ့ အပင်ကို ပိုးတွေမြန်မြန်သေအောင်ဆိုပြီး ပိုးသက်ဆေး အလွန်အမင်း
သုံးလိုက်ရင် ပိုးတင်မကဘူး အပင်ပါလောင်ပြီးဆုံးရှုံးနိုင်ပါတယ်။
အဲဒီလိုမဖြစ်အောင် ပိုးသက်ဆေး သုံးရမှာ မှန်ပေမယ့်
ချင့်ချိန်ရပါမယ် အပင်ရဲ့ခံနိုင်အားကို ထည့်တွက်ရပါမယ်
ပိုးသက်ဆေးပြင်းအား ထည့်ရမယ့်ပမာဏ ထည့်သွင်းစဉ်း
စားရပါမယ် ဖျက်ပိုးကြည့်မြင်လို့မရပါဘူး။
ကိုယ်စိုက်ထားတဲ့ အပင်ရဲ့ခံနိုင်အားလည်း ထည့်တွက်ဖို့လိုပါမယ်။
ယ္ခုအခြေအနေရ ယ္ခုလို လျှပ်စစ်ဘက်ကအရှုံးပြတာတွေမှာ မီတာခတိုးကောက်တဲ့ နည်းက လျှပ်စစ်အရှုံးပေါ်နေတဲ့အပေါ်ပဲ ကြည့်ပြီ ဖြေရှင်းသလိုဖြစ်နေပါတယ်။
သုံးစွဲတဲ့ သူတွေရဲ့အနေအထားအပေါ်မှာ စဉ်းစားတာအားနည်းချက်ဖြစ်နေပါတယ်။
လက်ရှိ ဓာတ်အားသုံးစွဲမှုအပေါ်မှာ စွမ်းအားတွေနဲ့မီတာခယိုပေါက် ထွက်ပေါက်တွေရှိနေပါတယ် ။
မသမာမှုတွေ အခွင့်ထူးခံတွေ အဲဒါတွေစီစစ်လိုက်မယ်
ဆိုရင် (၂')ကျပ် အရှုံးပေါ်မယ့် နေရာမှာ (၁)ကျပ်ပဲအရှုံးပေါ်ပါမယ်။
နောက်တစ်ခုက ကျနော်တို့လူကြီးတွေသုံးသက်တဲ့
အပေါ်ကျနော်တစ်ဦးထဲအမြင်ကတော့ သိပ်ဘဝင်မကျလှပါဘူး။
မီတာခ တိုးကောက်တာဟာ သာမန်ပြည်သူတွေမထိခိုက်ဘူးဆိုတဲ့အချက်ပါ။
အဲ့ဒါ မဟုပ်ပါဘူး မီးနဲ့အသုံးပြုရတဲ့ပစ္စည်းတစ်ခုဟာ
အရင်က တစ်ကျပ်နဲ့ရရင် မီတာခတက်တဲ့ အတွက်ကြောင့်တစ်ကျပ်နဲ့ မရပါဘူး။
ဥပမာ -ကျနော်အတွေ့အကြုံနဲ့ ပြောပါ့မယ်
ပါတီညွှန်ကြားချက်တွေ တောင်သူကိစ္စ ဌာနဆိုင်ရာ
ညွှန်ကြားချက်တွေကို ဌာနဆိုင်ရာနဲ့ တောင်သူကိစ္စ
ဖြေရှင်းရတဲ့အခါ ဥပဒေနဲ့ ပြောနိုင်အောင် အွန်လိုင်းကရှာရပါတယ်။
အဲသည်လိုရှာပြီး ကွန်ပြူတာဆိုင်မှာ ပလင့်ထုပ်ရပါတယ်
အဲဒီအခါမှာ ခါတိုင်း တစ်ရွက်'(၂၀၀)နဲ့ထုပ်ပေးပါတယ်
မီတာခ တက်ပြီဆိုရင် စီးပွါးရေးသမားက အရှုံးခံပြီး
အရင်ဈေးနဲ့ လုပ်မပေးပါဘူး။
ပြည်သူတွေဟာ အရင်လူတွေကို မကြိုက်ပါဘူး
ဒါပေမယ့် အခုလူတွေကိုလည်း အရင်လူတွေလို
ဖြစ်သွားမှာကြောက်ပါတယ်။
ပြောချင်တာက လူကြီးတွေဟာ ပကတိအခြေခံလူတန်း
စားတွေရဲ့ အသံကိုနားထောင်းတက်ဖို့လိုပါတယ်။
တကယ်တန်း ဆိုးကျိုးကိုခံရပြီဆိုရင် အခြေခံလူတန်းစားက စပြီးခံရတာပါ။
လက်တစ်လှမ်းအကွာမှာရှိတဲ့သူရဲ့ အသံကိုနားထောင်
ရင်တော့ လက်တစ်လှမ်းအကွာလောက်ပဲကြားရမှာပါပဲ ။
အဲဒီအသံအတိုင်းလိုက်လုပ်ရင်တော့
လက်တစ်လှမ်းဆိုတာ အားလုံးကို မလွှမ်းခြုံနိုင်ပါဘူး။
ကျနော်တို့အစိုးရကို အပြောခံနေရတာဟာ အနီးအနား
ကအသံလောက်နားထောင်ပြီးလုပ်နေလို့ အပြောခံနေရတာပါ။
ဥပမာပြစရာတွေ အများကြီး ရှိလို့နေပါတယ်
ဥပမာ ။ နေပြည်တော်မှာဆိုရင် ဘောဂသီရိကာဝင်း
ဝင်ကြေးကောက်ခံတဲ့ ကိစ္စ
နေပြည်တော်ပြည်သူအားလုံးက မကျေနပ်ကြပါဘူး။
ကိုယ့်ဖဲကိုယ်ချိုး ကိုယ့်ဘာသာကိုယ့်ဝေတဲ့ အစိုးရလက်
ထက်မှာတောင် ကန့်ကွက်ခဲ့လို့ မလုပ်ခဲ့ပါဘူး။
ပြည်သူကတင်တဲ့ အစိုးရကြမှ လုပ်ဖြစ်သွားတာပါ
ဘာကြောင့် ဆိုတာမပြောလိုပါဘူး။
ဒါပေမယ့် ပြည်သူတွေဟာလိုအပ်လို့ လုပ်တာပဲလေ
ဆိုပြီး မပြောကြပေမယ့် လုပ်ပုံလုပ်နည်း သဘာဝမကျတာ
ကြောင့် ရင်ထဲမှာသိပ်ဘဝင်မကျလှကြပါဘူး။
ဒါကိုဥပမာထားပြီးစိတ်တိုအောင် လုပ်မိသွားရင်တောင် စိတ်နာအောင်
မလုပ်မိဖို့ သတိထားရပါမယ်။
အဒီက ပြောချင်တာကလုပ်မှား ကိုင်မှားတွေ ကြောင့်
သူခိုးမလာရင်ပြီးတာပဲဆိုတဲ့ ပြည်သူစစ်စစ်အသံ
အားမလိုအားမရ အံကြိက်သံနဲ့ဖျာခင်းချင်လို့ ပြောတဲ့အသံ
ဒီအသံတွေဟာ အသေအချာဆန်းစစ်ရင်
ခွဲခြားရင်သိနိုင်ပေမယ့်တကယ့်အသံ အစစ်ကိုသိဖို့ရာက
အောက်ခြေမှာ လစာမရ ရာထူး မမျော်တဲ့
တာဝန်ယူနေတယ့် သူတွေဆီက အသံကို
ရယူဖို့ လိုပါမယ်ဆိုတဲ့ အကြောင်းကိုယ်နဲ့ ရင်ပြီးတင်ပြလိုက်ပါတယ်။
ဒီပို့စ်နဲ့ ပက်သက်ပြီး တာဝန်ခံပါတယ်နောက်ရက် အမေ့သားဆိုတဲ့
ခေါင်းစဉ်အောက်က သူတွေ အကြောင်းဆက်လက်တင်ပြပါ့မယ်။
အတွေ့ အကြုံကိုအခြေခံ၍-
Tun Win'(ရွာသား)
Sunday, June 23, 2019
အဆိုတော်ဒေါ်မာမာအေးကဝေဖန်ခဲ့သည့်အပေါ်ဂီတပညာရှင်ဦးစောနု၏အမြင်
ဦးစောနု ဘာပြောသလဲ
တစ်ကျော့နှစ်ကျော့တေးကိုသီ သီချင်းအား
The Voice Myanmar Grand Final တွင်သီဆိုခဲ့ခြင်းအား
အဆိုတော်ဒေါ်မာမာအေးကဝေဖန်ခဲ့သည့်အပေါ်ဂီတပညာရှင်ဦးစောနု၏အမြင်
တစ်ကျော့နှစ်ကျော့တေးကိုသီသီချင်းနဲ့ပတ်သက်ပီး.
ဝါရင့်အဆိုတော်တစ်ယောက်ရဲ့ဝေဖန်သုံးသပ်မှုကို…..
လူငယ်တွေမျက်ကန်းမဖြစ်စေချင်သောဆန္ဒဖြင့်…
အနည်းငယ်ပြန်ပြီးတင်ပြလိုတာကတော့…..
တစ်ကျော့နှစ်ကျော့တေးကိုသီကို..ဝေဖန်သုံးသပ်သူကဂန္တ၀င်သီချင်းလို့တင်စားထားတာကိုတွေ့ရတယ်…
ဂန္တ၀င်ဆိုတဲ့အဓိပ္ပါယ်ဟာClassicကိုဆိုလိုတယ်….
မြန်မာ့သီချင်းကြီးသီချင်းခံကြိုးပတ်ပျိုးယိုးဒယား.
စသည်တို့သာလျှင်….Burma Classicလို့
သတ်မှတ်ထားခြင်းရှိပါတယ်…..
တစ်ကျော့နှစ်ကျော့တေးကိုသီသီချင်းကိုဘယ်ပေတံနဲ့
တိုင်းတာပီး…ဂန္တ၀င်လို့သတ်မှတ်ထားပါသလဲ??
ဂန္တ၀င်သီချင်းကိုသာလျှင်…
ပြောင်းလဲသီဆိုတီးမှုတ်လို့မရပါ.
အခုအတိုင်းဆိုရင်…ဂန္တ၀င်လို့သတ်မှတ်လို့မရပါ…
ပြောင်မြောက်သောခေတ်ဟောင်းသီချင်းလို့သာ
သတ်မှတ်လို့်ရပါမည်…..
ဒီသီချင်းကိုလူငယ်တွေအနေနဲ့…Creationလုပ်ပိုင်ခွင့်ရှိပါတယ်…
ဥပမာ-မြ၀တီမင်းကြီးဦးစတို့လိုပုဂ္ဂိုလ်ကြီးတွေရေးထားတဲ့သီချင်းကြီးတွေသာလျှင်…..ဂန္တ၀င်သီချင်းBurma Classicလို့ခေါ်ပါတယ်…..
ဒီသီချင်းကိုCreationလုပ်ပီးသီဆိုသွားတာ…ကောင်းပါတယ်
Keyချိန်းပြီးတော့်…တစ်ဆင့်ပီးတစ်ဆင့်တက်သွားတာကို
အသံကြောင်လို့မခေါ်ပါ…
၎င်းကိုFalsettoနဲ့သီဆိုသွားတဲ့Opera Styleသီဆိုသွားတာတွေ့ရပါတယ်…..
အသံသေးအသံကြောင်လို့ပြောခြင်းသည်အသံရဲ့
သဘောတရားကို…အတွင်းကျကျလေ့လာမှုအားနည်းလို့သာလျှင်
ဖြစ်ပါလိမ့်မယ်
အဲဒီတော့ လူငယ်တွေအနေနဲ့….၄င်းဝေဖန်ထားသောမူအတိုင်းလိုက်နာခဲ့သည်ရှိသော်မိမိရဲ့တီထွင်ဆန်းသစ်မှုတွေပပျောက်ပီးးး..
တိုးတက်မှုနှောင့်နှေးသွားပါလိမ့်မယ်…
ကျွန်တော့်အနေနဲ့…ဆုံးဖြတ်ပေးရမယ်ဆိုရင်အဲဒီဆိုတဲ့တစ်ယောက်ကို…Winnerပေးမိမှာသေချာပါတယ်….
U Saw Nu(Dip in Music U.S.S.R)
June 22,2019
ပိုးဖြူသန့်ရေးတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့သားငယ် ကင်မ်အကြောင်း
ပါလီမန်မှာ DASSK မွေးနေ့ပွဲ လုပ်ကြမယ်၊ ကင်မ်လည်း လာမှာဆိုတည်းက ကိုယ့်မယ် မျှော်တလင့်လင့်.. တွေ့ချင်စိတ်တွေ တနင့်တပိုး.. ဒေါ်အောင်ဆန်းစုကြည်ကို ချစ်တော့ သူ့သွေးသားကိုလည်း အလိုလိုကို ချစ်ခင်ရတာမျိုးပဲ.. ကင်မ့်ကို သိပ်ကိုမြင်ဖူးတွေ့ဖူးချင်နေခဲ့တာ.. တကယ်တမ်းတွေ့ရတော့ကျ ပထမဆုံးမြင်ဖူးတာလို့တောင် မထင်မိအောင်၊ မတွေ့တာကြာတဲ့ ကိုယ့်အကိုကြီးလိုကို သူ့ကို အရိပ်တကြည့်ကြည့် တငေးငေးနဲ့ ကြည့်မဝဖြစ်ရတာပဲ..
ပါလီမန်အဝင် Security gate မှာ ကင်မ့်ကို စမြင်လိုက်ကတည်းက ခေါင်းထဲကို အရင်ဆုံး ရောက်လာတာက "အို.. သူ့အဘိုးနဲ့ သိပ်တူတာပဲရယ်"လို့ တွေးမိတာပဲ.. ပြီးမှ ကိုယ့်ဘာသာရယ်ချင်သွားတာက ဗိုလ်ချုပ်ကို ကိုယ်မှမမီလိုက်တာ.. ဒါပေမယ့်လည်းလေ ကင်မ်က တကယ့်ကိုပဲ ဗိုလ်ချုပ်နဲ့တူတာ.. ရှေ့တည့်တည့်က ကြည့်ရင် မသိသာပေမယ့် ဘေးတိုက်ကနေ ကြည့်ရင် ကင်မ့်မေးရိုးဟာ ဗိုလ်ချုပ်နဲ့ တထေရာတည်း ထင်းခနဲ.. နောက်ကနေကြည့်ရင်လည်း ဘိုကေတိုတိုညှပ်ထားတဲ့ ဦးခေါင်းခွံရိုးဟာ မြင်ဖူးနေကျ ဗိုလ်ချုပ်ဓာတ်ပုံတွေထဲလိုပဲ.. သိပ်တူတယ်..
သူများကမိတ်ဆက်ပေးလို့ ကင်မ်က လက်ဆွဲနှုတ်ဆက်ပြီး နေကောင်းလားမေးတာကိုတောင် စိတ်တွေ လှုပ်ရှားလွန်းလို့ ကိုယ့်ဘာသာ ဘာဖြေလိုက်မှန်းကို မမှတ်မိဘူး.. ပြီးမှ ငါ့နှယ် ဒါမျိုးကျမှ နှုတ်နည်းရန်ကောရယ်လို့ တွေးရင်းနဲ့ ကင်မ့်နောက် အပြေးအလွှားလိုက်ပြီး ကိုယ်အမြဲပြောချင်နေခဲ့တဲ့စကားတွေ ကင်မ်ကို ပြောခဲ့ရတယ်.. “အခုလို တွေ့ရတာ သိပ်ဝမ်းသာတာပဲ.. အကို့အမေကိုလည်းလေ ကျမသိပ်ချစ်တာ.. ကျမမှ မဟုတ်ပါဘူး.. အများစုသောလူတွေကလည်း သူ့ကို ချစ်ကြတာ.. သူက ကျမအတွက်တော့ စံပြပဲ.. ပြီးတော့ အကို့ကို တကယ်ပဲ ကျေးဇူးတင်တယ်.. ဟိုလေ.. အကို့အမေကို ကျမတို့နဲ့ မျှဝေပေးနိုင်တာတွေ အတွက်ပါ.." လို့ တောက်လျှောက်ကြီးကို စိတ်ထဲရှိသမျှ ပြောချမိလိုက်တာ.. Thanks for sharing your mom with me, with us လို့ ပြောချိန်မှာကျ emotion တွေ များလာတာမှ ကင်မ့်ကို အားနာတာရော၊ မိသားစုနဲ့ အတူမရှိနိုင်တဲ့ အမေစုအတွက် စိတ်မကောင်းဖြစ်လာတာတွေရော အကုန်ရောပြီး မျက်ရည်တောင် ဝဲချင်လာသလို ဖြစ်သွားတယ်.. DASSK နဲ့ တွေ့ချိန် တချို့လူတွေ ငိုကျ မျက်ရည်ကျကြဆိုတာ ဟုတ်မှာပဲ.. ကင်မ်ကတော့ သူ့ကိုကျေးဇူးတင်စကားပြောတဲ့အပေါ် တပြုံးပြုံးနဲ့ သာ ပြုံးပြီး နားထောင်လေရဲ့..
ပြောရရင် သေချာကြည့်လေ ကင်မ့်မျက်လုံးတွေ အပြုံးတွေ၊ ဘေးနားကလူတွေကို ရယ်ဟဟပြောတတ်ပုံတွေက အမေစုနဲ့ သိပ်တူတယ်ရယ်လို့ သတိထားမိရလေပဲ.. ဒေါင်းတိမောင်းတိ ပခုံးဖွင့်ပြီး လမ်းလျှောက်ပုံကအစ သူ့အမေလိုပဲ.. ဘယ်လိုလောကဓံကိုမဆို ရင်ဆိုင်ရဲတယ်ဆိုတဲ့ မာကျောယုံကြည်မှုရှိဟန်အပြည့်.. အနားမယ် ချစ်ခင်သူတွေ ရှိကာကျတော့လည်း လူတွေကို သူကြည့်တဲ့ အကြည့်တွေကအစ သူ့အမေလို ဂရုဏာမျက်လုံးတွေနဲ့.. သူ့မှာ ဘဝင်မြင့်မောက်မာဟန် တစွန်းတစိ မတွေ့ရသလို ဒီလူတွေဟာ သူ့ဆီက သူ့အမေကို ယူသွားလို့ နာကျည်းမုန်တီးဟန်လည်း တစက်လေးမှ မမြင်ရဘူး.. လူတွေကို ချေမိုးဆက်ဆံတာမျိုးမရှိဘဲ ရင်းရင်းနှီးနှီး ရယ်ရယ်မောမော.. ခွင့်တောင်းတဲ့သူမှန်သမျှနဲ့ ကင်မ်ဟာ စိတ်ရှည်လက်ရှည်ကိုမှ ဓာတ်ပုံတွဲရိုက်ပေးတယ်..
ပွဲမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံရေးဖြတ်သန်းမှုအကျဉ်းပြောသူရှိတော့ ဒေါ်အောင်ဆန်းစုကြည်အမျိုးသားဆုံးတာတွေ၊ သူမ အင်္ဂလန်ကိုမပြန်တော့တဲ့အကြောင်းတွေ.. အဲ့အချိန် ကင်မ် ဘယ်လိုခံစားရပါလိမ့်လို့ ငေးကြည့်မိတော့ ဒီလိုပါပဲ.. မျက်နှာပျက်တာ လွမ်းတာဆွေးတာ ကင်မ့်ဆီမှာ ဘယ်မှာ မမြင်ရဘူး.. မမြင်ရဆို ကင်မ်လည်း လေးဆယ်ကျော်ပြီပဲ.. ဆံပင်တွေ ဖြူစပြုနေပြီ.. သူ့ခံစားချက်တွေကို ထိန်းနိုင်ပြီပေါ့.. ဒါပေမယ့် ပြုံးတုန်းပဲ..
မွေးနေ့ကိတ်ခွဲတော့လည်း ကင်မ်ဟာ ပြုံးနေတာပဲ.. happy birthday သီချင်းကို သူလိုက်ဆိုမလို့ လုပ်ပြီးမှ မြန်မာသီချင်းသံစဉ်ဖြစ်နေတော့ သူဆက်မဆိုဘဲ ရပ်သွားတာတော့ သတိထားမိလိုက်တယ်.. လာသမျှလူအယောက်စေ့အတွက် ကိတ်မုန့်ခွဲနေတော့ ကင်မ့်ကို ကင်မုန့်မစားသေးဘူးလား၊ လူအတော်များများ ကိတ်ရကြပြီမို့ ဆက်မခွဲဘဲ စားပါတော့လားဆိုတော့ ဟင့်အင်း၊ ဒါ ငါ့တာဝန်၊ ပြီးအောင် လုပ်ရမယ်တဲ့.. အသေးအဖွဲလေးတွေကအစ ဒီသားအမိဟာ သူတို့အလုပ်ကိုဆို စိတ်နှစ်လုပ်တတ်ကြလိုက်တာလို့သာ မြင်ရတာပဲ..
နောက်တော့ ပွဲပြီးတော့ ပြန်သွားတယ်.. ဘာနဲ့ပြန်လဲဆို public transportation နဲ့ပါပဲ.. အဝတ်အစားကလည်း သာမန်ကုတ်နဲ့ ဘောင်းဘီရှည်ပဲ.. ဘာမှ ပပလွှားလွှားလည်း မရှိ၊ ဘာအခွင့်အရေးမှလည်း ဘယ်သူ့ဆီကမယူဘဲ သူ့ဘဝကို သူ့ဘာသာ ရပ်တည်နေတာပဲ.. အရပ်ရှည်ရှည် ဒေါင်ကောင်းကောင်း အသားဖြူဖြူနဲ့ အရမ်းကို အနေအေးပြီး ကြည်ကြည်လင်လင်လေး.. ကင်မ်ဟာ လူပုံလည်း တချက်တချက် သူ့အမေနဲ့ အတော်တူတယ်.. မြင်မိသလောက် စိတ်လည်း တူဟန်ရပါတယ်.. ကိုယ်ကတော့ သူတို့သားအမိတွေ စိတ်အေးလက်အေး ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ပြန်ဆုံမယ့်အချိန်ကိုသာ အမြန်ရောက်စေချင်တာပါပဲ.. ကင်မ့်ကိုရော အမေ့ကိုပါ အားနာလှပါပြီ..
ပိုးဖြူသန့်
" တကျော့နှစ်ကျော့ တေးကိုသီ " နဲ့ ဟေဇယ် We stand with Hazel
ကယ်.. အစကတော့ မပြောတော့ဘူးလို့ နေတာ.ခုတော့ မပြောမဖြစ်လို့ ပြောလိုက်ဦးမယ်.
ပထမဆုံးအနေနဲ့ ပြေရာရင် ဒေါ်တင်တင်မြ ဆိုထားတဲ့ သီချင်းကို လုံးဝမကြိုက်ပါဘူး. ဒါ Adminမှာ အပြစ်ရှိလား.
ဒါပေမယ့် ဒေါ်တင်တင်မြရဲ့ ပေးချင်တဲ့ Message ကို နားလည်တယ်. Adminကိုယ်တိုင်လည်း မူရင်းရုပ်ရှင်ကို အစဆုံးကြည့်ခဲ့ဖူးပါတယ်. ရုပ်ရှင်ရဲ့ နောက်ဆုံးခန်းမှာ "ဒေါ်တင်တင်မြ" ပြောတဲ့စကားကို နားလည်ကြရဲ့လားတော့ မသိဘူး. သူ့ရဲ့ ညမဖြစ်သူတယောက်ထဲတွက် မဟုတ်ပါဘူးတဲ့ မောင်, ညီ, ညီမငယ် အားလုံးတွက် စိတ်ခွန်အားဖြစ်စေဖို့ ဒီသီချင်းကို ဆိုတာပါတဲ့.
သူခေတ်သူ့အခါ မြန်မာသံစဉ်သီချင်းမို့ မြန်မာသံပီပီ အနုအယွဂရုဏာသံနဲ့ သီဆိုခဲ့တယ်. နားလည်တယ် ကိုယ်တွေလည်း.
တခုရီချင်တာက ဘာမှမသိနားမလည်ပဲ ရုပ်ရှင် ကိုလည်း မကြည့်ဖူးပဲ အဓိပ္ပာယ်လည်း နားမလည်ပဲ "မောင်လေးရေ ထပါတော့" ဆိုတာနဲ့ အိပ်ယာနိုးရုံ သက်သက် သီချင်းထင်နေကြတယ်.
ခေတ်အဆက်ဆက် လူကြီးမိဘတွေက သီချင်းရဲ့ အဓိပ္ပာယ်ထက် သံစဉ်အရ စာသားလေးတွေအရ သားချော့တေးအနေနဲ့ ပြောကြဆိုခဲ့ကြတာ. တကယ်တော့ ဒီသီချင်းရဲ့ အဓိပ္ပာယ်က လုံးဝသားချော့တေး မဟုတ်ပါဘူး. " မိတ္ထီလာကန်ဝယ် ဖားကောက်ခဲ့ပါ နဲ့ အိပ်ပါတော့ကွယ် ကြောင်ကြီးကိုက်လိမ့်မယ်" ကမှ သားချော့တေးအစစ်ပါ. တချို့လူပိန်းတေကကျ ဘာမှမတတ်ဖူး သူများသားချော့တေး လိုက်တေးနေကြတာ.
ခု The Voice Myanmar မှာ Hazel ဆိုသွားတာ တကယ် International က လှမ်းကြည့်ခဲ့ရင်တော့ မြန်မာ့သီချင်း မြန်မာ့သံစဥတွေက ဒီလို အမိုက်စားပါလားဆိုပြီး ဖြစ်နေခဲ့မှာ.
Versionပြောင်းတယ်ဆိုတဲ့ နေရာမှာ လူပိန်းတေက ထင်နေကြတယ်. ခေတ်ပေါ်ဂီတ နိုင်ငံခြား ဂီတတေနဲ့ ပေါင်းတယ် ထင်နေကြတာ. တကယ်တော့ ဆိုင်း, ဗုံ, စောင်း, ပုလွေ,တယော မြန်မာ့တူရိယာတော်တော်များများ အစုံလင်နဲ့ Opera ပုံစံ အခမ်းနားဆုံး လုပ်ထားတာပါ.
ပေးချင်တဲ့ message ကလည်း ရည်ရွယ်ချက်ကောင်းပါတယ်. ခုနောက်ပိုင်း လူငယ်တွေတော်တော်များများ ကြိုးစားအားထုတ်မှုတွေ နှေးကွေးကြတယ် အားလျော့ကြတယ်. အမြဲတမ်းနီးပါး အိပ်နေကြတာ များတယ်. ဒါတွေကို အားတက်စေဖို့ ရည်ရွယ်ချက်ကောင်းနဲ့ ဖြစ်တယ်.
ကိုယ်တွေကတော့ ကြိုက်တယ်. သူဆိုနေရင် ကြက်သီးတွေတောင် ထတယ်ကွယ်. အရင်က အ့သီချင်းကြားရင် အိပ်ချင်တယ်, ပျင်းတယ်, မကြိုက်တဲ့ကိုယ်က ခုဟေဇယ်ဆိုတာလေးကို ခဏ ခဏ နားထောင်မိတယ်.
ပြောချင်တာကတော့ ကိုယ်မကြိုက်ရင် မကြိုက်ဖူး ပြောခွင့်ရှိတယ်. နားမထောင်နဲ့ပေါ့. ဒါကို သီချင်းပျက်တယ်ဆိုတော့ ဒေါ်တင်တင်မြ ဆိုထားတဲ့ သီချင်းက ပျောက်သွားလို့လား. ဟေဇယ်ဆိုလိုက်မှပဲ video fileတေ မှတ်တမ်းတေက ပျောက်ကုန်လို့လား. ပြီးတော့ ဟေဇယ်က ပြိုင်ပွဲဝင်တယောက်. ပြိုင်ပွဲအတွက် ဒီသီချင်းကို ဆိုခွင့်ရှိလို့ သီဆိုယှဉ်ပြိုင်ခဲ့တာ. နောက်ဒီသီချင်းကို စီးပွားဖြစ် လုပ်စားမှာလည်း မဟုတ်ဖူး. ဒါကို ဘာတွေ အ့လောက်ထိ ဖြစ်နေကြတာလဲ. အ့လောက်တောင် စိတ်သဘောထား သေးသိမ်ကြတာလား. စိတ်ဓာတ်တေ အောက်တန်းမကျစမ်းပါနဲ့. သူတပါးရဲ့ အောင်မြင်မှုကို မုဒိတာ မပွားနိုင်ရင်တောင် မနာလိုဝန်တို မတိုက်ခိုက်ကြပါနဲ့. လူစိတ်ရှိပါ.
ဒါပေမယ့်လည်း ကျေနပ်စရာ ကောင်းတာ တခုက မြန်မာပြည်မှာ ကောင်းတာလုပ်ရင် လူမသိဘူး, မအောင်မြင်ဘူး, အသိမှတ်မပြုခံရဘူး. မဟုတ်တာလုပ်မှ အောင်မြင်တဲ့ခေတ်လေ.
ဟေဇယ်က မဟုတ်တာ မကောင်းတာ မလုပ်ပဲ ဒီလောက် ဝေဖန်တိုက်ခိုက်ခံနေရတာ အောင်မြင်မှု တခုပဲ. ဒါ ၀မ်းသာစရာပါပဲ. တွေ့နေရတာတွေ မခံနိုင်လို့သာ ပြောရတာပါ. ဆက်ဝေဖန်ကြပါ တိုက်ခိုက်ကြပါ. ဆကြဲပါ. အကုသိုလ်တွေ ယူကြပါ. မြန်မာပြည်မှာ အလုပ်မရှိအကိုင်မရှိအ့လိုလူတေက များတယ်လေ.
အမှန်တိုင်း ပြောရရင် ဒေါ်တင်တင်မြ အိပ်ယာနိုးသလို နိုးကြည့်လေ ခုခေတ်မှာ ဘယ်ကလေးမှ မထဘူး. ပိုတောင်အိပ်ချင်ဦးမယ်. ခုကလည်း မိုးတွင်းနဲ့😆
ဒါပါပဲ.
မကျေနပ်ရင် လဲသေလိုက်
We stand with Hazel 😘
#proudofmyanmar 👑
Food Box နဲ့ပတ်သက်ပြီး မနေနိုင်လို့ပြောအုံးမယ်
ဒီနေ့ နယ်မြို့တစ်ခုမှာ သူများမြို့တွေမှာလည်း Food Box တွေထားနေတော့ လုပ်ချင်လို့တဲ့ ဆွေးနွေးတော့ ကျတော်က
သူများတွေလုပ်လို့ မီဒီယာထဲပါအောင် ပေါ်ပြူလာဖြစ်အောင် ပေါ်ပင်ထလုပ်ချင်တာလား။ ရေရှည်လုပ်နိုင်မယ်လို့ စဉ်းစားပြီးလုပ်ချင်တာလားစဉ်းစားပါ။ ရောင်းသူမဲ့အအေးဆိုင်တုန်းကလည်း ဒီလိုပဲ တစ်နိုင်ငံလုံး အုန်းအုန်းထလိုက်လုပ်တာပဲ။ ဘယ်နှစ်ရက်ခံလိုက်လဲ။
Food Box လုပ်ရတာလွယ်ပါတယ်။ ဘယ်နှစ်လုံးလုပ်ချင်လဲ လှူပေးလို့ရတယ်။
ခုဟာက ကိုယ့်နိုင်ငံအခြေအနေလဲမသိတာမဟုတ်ဘူး။ ကြွေးတုန်းကကြွေးပြီးမှ ဘယ်လိုစားတယ် ဘယ်လိုယူတယ်ဆိုပြီး ဗီဒီယို ဓာတ်ပုံတွေရိုက်ပြီး လိုင်းပေါ်တင် သောက်ရှက်ခွဲတာမျိုးတော့ မလုပ်ကြပါနဲ့။
မန်းလေးမှာလည်းဖြစ်ခဲ့ပြီးပြီ။ ဒီနေ့ရန်ကုန်မှာထပ်ဖြစ်တယ်။ မုန့်ယူတဲ့ အမျိုးသမီးတစ်ဦးပုံကိုတင်ပြီး အရှက်ခွဲနေကြတယ်။ မလုပ်ကြပါနဲ့ဗျာ။ သူ့အိမ်က သားသမီးတွေ ၊ တူ တူမတွေအတွက်ပိုယူတာလည်း မဖြစ်နိုင်ဘူးလား။ မဟုတ်တော့ရော သူဒီမုန့်တွေ အလကားလွှင့်ပြစ်မှာမဟုတ်ပါဘူး။ ခိုးစားတာလည်းမဟုတ်ပါဘူး။ သူ့နေရာမှာ ကိုယ်သာဆိုရင် ။ ကိုယ့်အမျိုးထဲကဆိုရင် ကိုယ်ဘယ်လိုခံစားမလဲ။ ကိုယ်ချင်းစာပါ။ကိုယ်တွေ့ကြုံဘူးတာလေးပြောပြမယ်။ ပီးခဲ့တဲ့နှစ်က ကျောင်းတစ်ခုမှာ ကလေးတွေမုန့်သွားကုသိုလ်လုပ်တော့ ကလေးမလေးက မုန့်ကို မစားပဲကိုင်ထားပြီး သူများတွေစားနေတာ ကြည့်နေတယ်။ ဒါနဲ့ သမီးစားလေဆိုတော့။ အိမ်ရောက်မှ ညီမလေးနဲ့ အတူစားမလို့တဲ့။ ညီမလေး ဒါမျိုးစားဘူးမှာ မဟုတ်ဘူးတဲ့။ ရင်ထဲအောင့်သွားတယ်။ စားပါဆိုပြီး ထပ်ပေးလိုက်တယ်။
ကိုယ့်နိုင်ငံက အမှိုက်ပုံထဲလွှင့်ပစ်ထားတဲ့ သစ်သီးတွေတောင် မကောင်းတဲ့ အပိုင်းလေးတွေဖယ်ပြီး စားနေရတဲ့ အခြေအနေပါ။ မယုံရင် ဈေးထောင့်က အမှိုက်ပုံတွေလိုက်ကြည့်ပါ။
ဘုရားပုလိပ်တွေ အစောင့်အရှောက်ရှိတဲ့ ရွှေတိဂုံဘုရားပေါ်တောင် ဘုရားဖူးပြည်သူတွေ မိုးရွာနေပူဆောင်းဖို့ ထီးတွေလှူဘူးတယ် ပျောက်တာပဲ။ ဒါက ဖြစ်နိုင်ခြေရှိတာလုပ်တာနော်
ကိုယ့်နိုင်ငံအခြေအနေကိုသိပါ။ ကိုယ့်နိုင်ငံက ဂျပန်မဟုတ်သလို အင်္ဂလန်လည်းမဟုတ်ပါဘူး။
Food Box လုပ်တာ လုပ်ကြပါ။ ဘယ်လိုရည်ရွယ်ချက်နဲ့လုပ်လုပ် လုပ်ပါ။ ကောင်းတာလုပ်တာပဲ။ လုပ်ပြီးမှ အရှက်မခွဲပါနဲ့။ မေတ္တာမပျက်ပါနဲ့။
ကြိုက်တဲ့လူဝင်စား ၀င်ယူ ဆိုပြီးလုပ်ကြတယ် ပြီးတော့ သောက်ပြစ်ပြော အရှက်ခွဲတယ်။ ဖော်ရှိုးလုပ်တာမဟုတ်ဘူးဆို ဘာမှကိုမပြောကြပါနဲ့။
တကယ်လိုအပ်သူတွေ တကယ်ငတ်သူတွေပဲ ကြွေးချင်တာဆို တကယ်လိုအပ် တကယ်ငတ်နေသူတွေလက်ထဲ တိုက်ရိုက်သွားထည့်ပါ။
အသိဘုန်းကြီးပြောတာလေးပြန်ပြောအုံးမယ် သင်ဇာဝင်ကျော်ကိုအ၀တ်အစားမပါပဲ ငါအခန်းထဲထည့်ထားပြီးမှ ဒီကိုယ်တော်သမာဓိမရှိဘူး ၀ိုင်းလက်ညိုးမထိုးနဲ့တဲ့။
မေတ္တာရှင်ဆရာတော်ပြောတာလေးအသိပေးရရင် အသိဥာဏ်ပညာနဲ့ယှဉ်တဲ့ ကုသိုလ် ပြုကြပါ။
food box နဲ့ပတ်သက်ပြီး နောက်ဆုံးပြောခြင်းပါ . ..
- ကျော်ကြီး(MDY)
Tuesday, April 23, 2019
သားသမီး ၃ မျိုး…
mmcelesmedia
# Unicode Version # ဖြင့် ဖတ်ပါ #
အကြွေးလာဆပ်တဲ့ သားသမီးနဲ့ အကြွေးလာတောင်းတဲ့ သားသမီးဆိုပြီး နှစ်မျိုးရှိပါတယ်..
အကြွေးလာဆပ်တဲ့ သားသမီးကတော့ သူတတ်တဲ့ပညာတွေနဲ့ မိဘတွေကို ပညာတတ်ရင်လည်း ပညာနဲ့ ပညာမတတ်ရင်လည်း ခွန်အားနဲ့ လုပ်ကြွေးပြုစုမယ့် သားသမီးမျိုးပေါ့..
အကြွေးလာတောင်းတဲ့ သားသမီးကတော့ မိဘစိတ်ဆင်းရဲအောင်လုပ်မယ် ဂျီတိုက်မယ် မသေခင် အမွေတောင်းမယ် စတဲ့ စိတ်ဆင်းရအောင် လုပ်မယ် အရှက်ပေးမယ် .. အန္တရာယ်ပေးမယ့် သားသမီးမျိုးပေါ့…
ဘုရားဟောစကားတော်အရကတော့ အတိဇာတသား , အနုဇာတသား , အဝဇာတသား ဆိုပြီး သုံးမျိုးရှိတာပေါ့.. အတိဇာတသားဆိုတာက မိဘထက်အလွန် ကိုယ်ကျင့်သိက္ခာက အစသာသွားတာ၊ဥပမာ ဘုန်းကြီး ရဟန်း အဖြစ်နဲ့ မိဘကို လုပ်ကျွေးပြုစုတဲ့သားမျိုး ၊ သားကောင်းသားမြတ်မျိုးပေါ့..
အနုဇာတသား ဆိုတာက မိဘနဲ့ ကိုယ်ကျင့်သိက္ခာတူ မိဘကို လုပ်ကျွေးပြုစု ကျွေးမွေးစောင့်ရှောက်တဲ့ သားသမီးမျိုးပေါ့ အဲ့ဒီ ၂နှစ်မျိုးက သားကောင်း သမီးကောင်းတွေပေါ့ အထက်မှာပြောထားသလို အကြွေးဆပ်မယ့် သားသမီးမျိုးပေါ့…
အဝဇာတသားကတော့ မိဘထက်ယုတ်ညံတဲ့ သာသမီးမျိုး အကြွေးတောင်းလာတဲ့ သားမျိုးပေါ့ မိဘကို ဒုက္ခပေးဖို့ သက်သက် ဖြစ်လာတဲ့ သားမျိုး မွေးလာလို့သာချစ်မြတ်နိုးရပေမယ့် ဒီသားသမီးမျိုးကိုတော့ ဘယ်မိဘမှ မလိုလားတဲ့ သားသမီးမျိုးပေါ့
ဒီသားသမီးမျိုးကျ အထက်မှာပြောထားသလို အကြွေးလာတောင်းတဲ့ သားသမီးမျိုးပေါ့ ဒါပေမယ့် မိဘဆိုတာက ဘယ်သားသမီးကိုမဆို ဆိုးရင်လည်းဂရုဏာနဲ့ ချစ်တာပါပဲ
ကောင်းတဲ့သားသမီးကိုလည်း လိမ္မာလို့ချစ်ရတာပါပဲ ခွဲခြားတာမျိုးတော့မရှိဘူးပေါ့ တကယ်လိုလားတာက အတိဇာတ သားသမီးမျိုးသာ မိဘတိုင်း လိုလားကြပါတယ်
ဒါကြောင့်မို့လို့ သားသမီးတွေ အနေနဲ့ အတိဇာတ သားသမီးမျိုးထိ မဖြစ်နိုင်တောင် အနုဇာတ သားသမီး လောက်တော့ ဖြစ်အောင် မိဘကို ကျွေးမွေးစောင့်ရှောက်နိုင်တဲ့ သားသမီးများဖြစ်အောင် ကြိုးစားနိုင်ကြပါစေ….
mmcelesmedia
Sunday, April 21, 2019
"ဘယ်လောက်တောင် တိုင်းပြည်အတွက် ရက်စက်လိုက်တဲ့ ဆုံးဖြတ်ချက်လဲ....." မြစ်ဆုံ
ဧရာဝတီကို ပြန်ရွေးယူကြမယ်ဆိုတဲ့ပွဲရဲ့ Live ကို အသေအချာ နားထောင်ဖြစ်တယ်။
စိတ်ဝင်စားတာက ဆရာကြီးဦးထွန်းလွင်ပြောသွားတဲ့ အကျိုးအမြတ်ခွဲဝေပုံ 95%_5% ဆိုတာပဲ။ ဆရာကြီး ဘယ်ကရတဲ့အချက်အလက်လဲတော့ မသိဘူး။ ဒါပေမယ့် ပွဲမှာ တရားဝင်ထည့်ပြောသွားပုံထောက်ရင် 95%_5% ဆိုတာ အမှန်လို့ ယူဆရမယ့်ပုံပဲ။ မယူဆချင်ဘူးဆိုရင်တောင် ဘာမှသိခွင့်ပေးမထားတဲ့အတွက် ယုံကြည်ရလောက်သူပြောတဲ့စကားမို့ အမှန်လို့ ထင်တယ်။
95%_5% တဲ့။ ဘယ်လောက်တောင် တိုင်းပြည်အတွက် ရက်စက်လိုက်တဲ့ ဆုံးဖြတ်ချက်လဲ။ ကိုယ့်နိုင်ငံရဲ့ အသက်သွေးကြောကြီးကို ဖြတ်တောက်ပြီး ပေးလိုက်ရမယ့် အကျိုးအမြတ်က 5% တဲ့။ တစ်နိုင်ငံလုံးဆီမဆွတ်ဘဲ အစိမ်းလိုက် တန်းစီ -ျင်ကုန်းခိုင်းလိုက်ဖို့ပဲ ကျန်တော့တယ်။
ဧရာဝတီကို ပြန်ရွေးယူကြမယ်ဆိုတဲ့ပွဲရဲ့ One Dollar Campaign ကို အချို့က ပြင်းပြင်းထန်ထန် ဝေဖန်ကြတယ်။ မယုံကြည်ဘူးပေါ့။ လက်ရှိအစိုးရကို သွယ်ဝိုက်ပြီး ပုံရိပ်ချတယ်လို့လည်း ထင်ကြတာ ဖတ်ရတယ်။ လွတ်လပ်စွာ ထင်မြင်ယူဆခွင့်ဆိုတော့ ထင်မြင်ခွင့်ရှိပါတယ်။
ကိုယ်ကတော့ ဧရာဝတီကို ကာကွယ်ချင်ကြသူတွေချင်း စိတ်ဝမ်းမကွဲချင်ဘူး။ ကိုယ့်အမြင်ကတော့ One Dollar Campaign သည် အစိုးရမပါဝင်သမျှ စိတ်ကူးယဉ်သက်သက်ပါ ဖြစ်တယ်။ တကယ်ဖြစ်လာမှာ မဟုတ်ဘူး။ အခု ဒီပွဲမှာလည်း တကယ်ဖြစ်ဖို့ ဆိုတာထက် ဒီဧရာဝတီမြစ်ကြီး မပျက်သုဉ်းရေးအတွက် ပြည်သူတွေက တစ်ဒေါ်လာစီ စိုက်ထုတ်ကာကွယ်ကြတယ်လို့ ကမ္ဘာ့အလယ်မှာ Alert ဖြစ်သွားရုံ။ တရုတ်သမ္မတအနေနဲ့လည်း မြန်မာပြည်သူတွေက တစ်ဒေါ်လာစီ စိုက်ထုတ်ပြီး ပြန်ရွေးယူရအောင်ကို ဂုတ်သွေးစုပ်တဲ့ နိုင်ငံအဖြစ် ပုံရိပ်ဖြစ်သွားမယ်ဆိုတာကို အနုနည်းနဲ့ မက်ဆေ့ခ်ျပေးတယ်လို့ပဲ ထင်တယ်။
အခုကလည်း ငွေတွေလှူကြတော့ဟေ့လို့ ပြောနေတယ် မထင်ပါဘူး။ ပြန်ရွေးယူပါရစေလို့ တရုတ်သမ္မတဆီ ကမ်းလှမ်းစာပို့တယ်။ လက်ခံမယ်ဆိုရင် ပြည်သူတွေ ဒီလောက်လှူရင် ရပါတယ်ဆိုတဲ့သဘော။ ငါတို့မြန်မာပြည်သူတွေကတော့ ဒီမြစ်ကြီးကို မင်းတို့ကို မပေးနိုင်ပါဘူး၊ ဖြစ်တဲ့နည်းနဲ့ ပြန်ယူမှာပါဆိုပြီး ဖော်ပြရာကျတယ်လို့ ခံစားရတယ်။
ဓာတ်ပုံ- ကျော်ဇင်သန်း
တကယ်အကောင်အထည် ဖော်ဖြစ်ရင် တစ်နိုင်ငံလုံးအတိုင်းအတာ အလှူခံရမယ့်ဟာကို အစိုးရမပါဝင်ဘဲ မဖြစ်နိုင်သလို အစိုးရမပါဝင်ဘဲ အဖွဲ့အစည်း တစ်ရပ်ကို ပြည်သူကလည်း ယုံမှာ မဟုတ်ဘူး။ အစိုးရမပါဝင်ဘဲ တစ်နိုင်ငံလုံးကို အဖွဲ့အစည်းတစ်ရပ်က အလှူခံတာကိုလည်း ခွင့်ပြုဖို့ မသင့်ဘူး။
ရောင်းစားသွားတဲ့လူတွေကို နောက်ကြောင်းပြန်အရေးယူပေးပါဆိုတာ ခံစားချက်အရ ပြောတာပဲ ရှိမယ်။ တကယ့်လက်တွေ့မှာ ဖြစ်လာမှာ မဟုတ်ဘူး။ ဟိုလူတွေက ဒီနိုင်ငံရဲ့ ဥပဒေတွေကို ချည်ပြီးတုတ်ပြီး ပြဌာန်းခဲ့တာ။ အဲ့လူတွေကို ပြန်လျော်ခိုင်း ဆိုတာကလည်း ဘုရားအဆူဆူသာ ပွင့်သွားမယ်။ မထင်.ဟင်.ဟင်….
အဲ့တော့ ဒီစီမံကိန်းကို ရပ်မယ်ဆိုရင် အစိုးရက စိုက်လျော်ဖို့ပဲ ရှိတယ်။ ဒါတောင် အခြားနိုင်ငံရေးရွှေ့ကွက်တွေ၊ တင်းမာမှုတွေ၊ ပိတ်ဆို့မှုတွေကို ထည့်မတွက်သေးဘူးနော်။ စိုက်လျော်မယ်ဆိုပါတော့။ ဘယ်လောက်ပမာဏနဲ့ ရောင်းထားလဲ။ ရောင်းထားတဲ့ပမာဏကရော အစိုးရက စိုက်လျော်နိုင်တဲ့ ပမာဏလား။
မလျော်နိုင်တဲ့ပမာဏဆို ပြည်သူက စိုက်လျော်မယ်ဆိုတာ မှန်တယ်လို့ ထင်တယ်။ ဒါပေမယ့် အစိုးရက စာချုပ်ကို ချပြပြီး ပြည်သူတွေကို မေတ္တာရပ်ခံမှ ဒီကိစ္စက ဖြစ်သင့်တယ်။ ရောင်းစားသွားသူတွေကို လက်ဖျားနဲ့ထိခွင့်မရရင်တောင်မှ ဘယ်သူဘယ်ဝါတွေပါဆိုတာ ပြည်သူကို သိခွင့်ပေးပြီး ခေတ်အဆက်ဆက် သမိုင်းတရားခံစာရင်း တရားဝင်သွင်းပေးစေချင်တယ်။
ကိုယ်ကတော့ ဧရာဝတီကို ကယ်တင်ကြမယ်ပွဲကလူတွေကိုလည်း ယုံကြည်ပါတယ်။ ဒါပေမယ့် အမေစုကို ပိုပြီး ယုံကြည်တယ်။ ခေါင်းဆောင်နောက်က တစ်စိုက်မတ်မတ် လိုက်ပါမယ်။
အမေစုကသာ ဒီကိစ္စမှာ ပြည်သူတွေရဲ့အကူအညီကို လိုအပ်နေပါပြီ တစ်ခွန်းပြောရင်း ကူညီကြမယ့် ပြည်သူလူထုကြီး ရှိတယ်။ အမေစု ဘာမှမပြောမချင်းတော့ အခြားပြောစကားတွေဟာ အကြံပြုချက်တွေအဖြစ်လောက်ပဲ ခေါင်းထဲထည့်စေချင်ပါတယ်။ အတည်ကြီး ငြင်းကြခုံကြခံစားကြတာတွေဟာ အားကုန်ပါတယ်။
အရွေးခံလိုက်ရင်လည်း တစ်ခုတော့ ကောင်းပါတယ်။ ဧရာဝတီမြစ်ကြီးလည်း အန္တရာယ်ကျရောက်မယ့်ဘေးက လွတ်မယ်။ မြန်မာနိုင်ငံဟာလည်း သယံဇာတတွေ ပေါကြွယ်ဝနေပေမယ့် သူခိုးတစ်စုကြောင့် ဒီမြစ်ကြီးကို ပြည်သူတွေ အယောက်တစ်ဒေါ်လာ ထည့်ဝင်ကယ်တင်ခဲ့ရတယ်ဆိုတာ သမိုင်းဝင်သွားတော့မယ်။
ဧရာဝတီတည်နေသရွေ့ သူခိုးတွေရဲ့သမိုင်းဟာ တည်နေလိမ့်မယ်။ ဧရာဝတီကို မြင်နေသရွေ့ ဆွေစဉ်မျိုးဆက် အရှက်ရနေရမယ်။
ဧရာဝတီရဲ့ ကျိန်စာ၊ ပြည်သူအားလုံးရဲ့ ကျိန်စာဟာ ရက်စက်ခဲ့ကြသူအပေါင်းရဲ့ ခြေဖျားကနေ ခေါင်းအထိ နေရာမလပ် စူးဝင်ကြပါစေသား။
အိ ပန်ဆယ်လို
Wednesday, April 17, 2019
အကြောက်တရားနဲ့ အုပ်ချုပ်ဖို့ပဲ ထိုက်တန်တဲ့ နိုင်ငံလား?
အကြောက်တရားနဲ့ အုပ်ချုပ်ဖို့ပဲ ထိုက်တန်တဲ့ နိုင်ငံလား?
ဒီအမှိုက်မြောင်းက ပြီးခဲ့တဲ့ တနင်္ဂနွေကမှ တက်ကြွလူငယ်လေးတွေရှင်းသွားတဲ့ မြောင်းတဲ့ဗျ။ နှစ်ရက် သုံးရက်ရှိ သေးတယ် အမှိုက်တွေ ၀င်ရောက်ခိုနားလာချေပြီလေ။
လူထုခေါင်းဆောင်က ပြောတယ် လူတိုင်းဟာ လွတ်လပ်ခွင့်နဲ့ ထိုက်တန်တယ် တဲ့။ မှန်ပါတယ်။ ဒါပေမယ့် လူတိုင်းကို စည်းကမ်းနဲ့တော့ ဗျင်းပေးရလိမ့်မယ်။ မျိုးဆက်တစ်ခုလုံးက အကြောက်တရားနဲ့ကြီးပြင်းလာခဲ့ရတော့ ဒီဖွံ့ဖြိုးတိုးတက်မှု အရွေ့တွေမှာလဲ အကြောက်တရားနဲ့ ပဲ ပြန်ထိန်းမှပဲရလိမ့်ဦးမယ်။ လူတွေနဲ့နေရင် လူတွေအတွက် ချမှတ်ထားတဲ့ အကြောက်တရားတော့ရှိနေရအုန်းမှာပဲ။ ဒီအကြောက်တရားဟာ အာဏာရှင်က နှိပ်စက်တဲ့ အကြောက်တရားမဟုတ်ဘူး စည်းကမ်းက ထိမ်းပေးတဲ့ အကြောက်တရား အမျိုးအစားပဲ။
(အရင်ပိုစ့်အဟောင်းကိုပဲ မော်ဒီဖိုင်းလုပ်တာပါ) ။ အရင်တုန်းက ကြားဖူးတာက စင်္ကာပူမှာ နေကြာစေ့ခွံလောက်လေး အမှိုက်ချမိရင်တောင်၊ လမ်းဘေးမှာ တံတွေးတစ်ချက်ထွေးမိရင်တောင် ကြိမ်ဒဏ်ပေးတယ် ဒဏ်ရိုက်တယ် ဒါ့ကြောင့် ဘယ်သူ့မှ ပစ်မှုမကျူးလွန်ကြဘူး လို့ သူများပြောတာတွေကော စာအုပ်တွေမှာကော ဖတ်ဖူးခဲ့သဗျ။ ကြိမ်ဒဏ်ရိုက်တာ ကလဲ ကျောင်းဆရာမက ကျောင်းသားကို ရိုက်သလို မဟုတ်ဘူးဗျ နှစ်ချက်လောက်ကစ်လိုက်ရင်ကို လူကို တွဲပြီး ပြန်ထုတ်ယူရတာမျိုး။ အဲ့လိုကြောက်စရာကောင်းတဲ့ အရေးယူမှုတွေနဲ့ အရေးယူခဲ့ပြီး စည်ပင် ကလဲ စည်းကမ်းမဲ့ လုပ်တဲ့သူကို မုဆိုးချောင်းသလို ချောင်းနေကြသတဲ့။
ဒါ့ကြောင့် စင်္ကာပူကိုရောက်တော့ တော့်တော့်ကို သွားတာလာတာ ဆင်ခြင်နေခဲ့တယ်။ ကိုယ်မှ မဟုတ်ဘူး နိုင်ငံသားတိုင်း ကော ရောက်လာတဲ့ အခြားတိုင်းပြည်ကလူတွေကော အဲ့လို လမ်းဘေးအမှိုက်လေး တစ်ခုတောင် ပြီးစလွယ် ပစ်တာ မတွေ့ပဲ တော်တော်သတိထားကြတာတွေ့ရတယ်။ ဒါပေမယ့် အနည်းငယ် အနေကြာလာတော့ အဲ့လောက်ကြီး ဆိုးဆိုးဝါးဝါး အုပ်ချုပ်နေတာ မဟုတ်ပဲ လူတွေရဲ့စိတ်ထဲမှာကိုက အမှိုက်ပစ်လို့မရဘူး ဖွလို့မရဘူးဆိုတဲ့အရာဟာ အကြောက်တရားတစ်ခုအနေနဲ့ သန္ဓေတည်နေတယ် ဆိုတာ သတိထားမိလာတယ်။
ဘာလို့လဲဆိုတော့ အဲ့လောက်ကြီး Sensitive အရမ်းဖြစ်ပြီး ဆင်ခြင်နေစရာကြီးတော့ မဟုတ်ပါဘူး။ ဒါဖြင့် အဲ့လိုအရေးယူ မှုတွေ မရှိတော့ဘူးလား အရင်ကကြားဖူးတာတွေ တကယ်မဟုတ်ဘူးလား ဆိုတော့လဲ အဲ့လိုလဲမဟုတ်သေးဘူး။ အဲ့ဒီ ကြိမ်ဒဏ်ဥပဒေကြီး မပြောင်းမလဲရှိနေသေးတယ်။ ဒါပေမယ့် ထုတ်သုံးနေဖို့ သိပ်မလိုအပ်တော့ဘူး အရင်ကဗျင်းခဲ့သလို၊ မုဆိုးချောင်းသလို ချောင်းစရာမလိုတော့ဘူး။ ဘယ်သူမှလဲ စည်းကမ်းမဖောက်ကြတော့ဘူး။ အရင် စစ်ဆင်ရေးတရပ်လို လုပ်ပြီး ဗျင်းခဲ့တဲ့ အရှိန်တွေက သားစဉ်မြေးဆက် ဆိုက်ကို ၀င်သွားပြီ။ နိုင်ငံသားတွေလဲ နောက် မျိုးဆက် အဆက်ဆက် ထိကိုတောင် သီးသန့်ရှင်းပြနေစရာမလိုတော့ပဲ အလိုလိုနေရင်းကို အမှိုက်ပစ်လို့မရဘူး ပစ်လို့ ဒဏ်ထိရင် မလွယ်ဘူး ဆိုတဲ့ အသိကြီးက မျိုးရိုးစဉ်ဆက် ၀င်သွားပြီ။ အခြားနိုင်ငံက လာတဲ့သူတွေလဲ အလိုလိုနေရင်း စည်းကမ်းမဖောက်ရဲ တော့ဘူး။ သူ့ဖလိုးလေးနဲ့ သူသွားနေကြပြီ။ တခါတခါ ဆက်ပလိုင်းချက်လေးတွေလောက်နဲ့ပဲ ၀င်ထိမ်းတော့တယ်။ စည်းကမ်းနဲ့ပါတ်သတ်ပြီး ထူးပြီး လှည့်ကြည့်စရာမလိုတော့အောင်ထိ ဖြစ်သွားကြတယ်။
ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုး ပြောတာ မှတ်မိတယ်။ ဘာတဲ့ “သူတို့ဘယ်လောက်အမှိုက်ပွနိုင်မလဲ ကြည့်ရတာ ပေါ့ဗျာ ကျနော်တို့က ၀န်ထမ်းတွေ ဆိုတော့ လိုက်ရှင်းပေးရမှာပေါ့ တချိန်ကျရင် ကျွန်တော်တို့စေတနာကို သူတို့ နားလည်ပြီး ဆင်ခြင်သွားကြ ပါလိမ့်မယ်”တဲ့။ ရလိမ့်မယ် အားကြီးကြီး။ ဒီကလူတွေနဲ့ အရိမေတယျ ဘုရားပွင့်တဲ့ အထိတောင် ပြောင်းလဲမှာ မဟုတ်ဘူး။ ဒီကလူတွေမှ မဟုတ်ဘူး တကမ္ဘာလုံးက လူတိုင်း အဲ့လို ကိုင်တွယ်လို့မရဘူး။ အခုစည်းကမ်းရှိနေတယ်ဆိုတဲ့ နိုင်ငံတိုင်းမှာ အရင်တချိန်ကတော့ နိုင်ငံတော်က ခိုင်မာတဲ့ဥပဒေတွေနဲ့ သေချာ စည်းကြပ်ကိုင်တွယ်ခဲ့တဲ့ သမိုင်းရှိခဲ့ကြတာချည်းပဲ။
အဲ့ဒီအတွက် အလုပ်လုပ်တဲ့ စည်ပင်ဝန်ထမ်းတွေလိုလာမယ်။ Goal Plan တစ်ခုထိ မောင်းနှင်ပေးမယ့် လစာမြင့် မြို့ပြ မုဆိုးတွေလိုလာမယ်။ ငွေတွေသုံးရမယ်။ မြို့သစ်တွေ တည်ဖို့တောင် ချေးငွေ ၊ အခွန်ငွေက ရတဲ့ ဘဏ္ဍာတွေနဲ့ ငွေယားလေးတွေ ကိုင်ပြီး လက်လေးတယားယားဖြစ် နေကြသေးတာပဲဗျာ ဒီလက်ရှိမြို့ပြစီမံကိန်းကို ဒီလောက်တော့ သုံးဆွဲရမှာပေါ့။
အခုလို တက်ကြွလူငယ်လေးတွေက မောကြီးပမ်းကြီးနဲ့ ရှေ့က လုပ်ပြလိုက် ၊ စည်ပင်ဝန်ထမ်းတွေက မောကြီးပမ်းကြီးနဲ့ နောက်ဖေးလမ်းကြားက အမှိုက်တွေ သိမ်းလိုက်နဲ့ အမောဖောက်ကြရုံပဲရှိတယ်။ အကြောက်တရားနဲ့ အဗျင်း တရားမထည့်ပေးရင် သေချာပေါက် မပြောင်းလဲနိုင်ဘူး။
အော်ရယ်ဂျင်နယ် ကောင်းမွန်တဲ့စိတ်ဓတ်တွေ အတွက် ပညာရည်မြင့်တဲ့ မျိုးဆက်တွေအထိ စောင့်ရဦးမယ်။ ကျောင်းတွေ ကနေ သေချာ စိတ်ဓါတ်တွေ packages ထုတ်ထည့်ပေးလိုက်တဲ့ မျိုးဆက်တွေအထိ စောင့်ရမယ်။ အဲ့ဒီခေတ်ကို မရောက် သေးခင်မှာတော့ မခါးသီးတဲ့ဘယ်စည်းကမ်းမှ အရာမထင်ဘူး သက်ဆိုးမရှည်ဘူးဆိုတာ သိသင့်တယ်။ နိုင်ငံတော် ငွေတွေ သုံးစွဲပြီး စစ်ဆင်ရေး တစ်ခုလို လုပ်သင့်တယ်လို့မြင်တယ်။ ။
(အမှိုက်ရှင်းတဲ့ထဲတော့ မပါပဲ အွန်လိုင်းပေါ်ကနေ စဆရက လုပ်တာ မဟုတ်ပါဘူး အမြင်လေးတွေ နှိုင်းယှဉ်ပြတာမျိုးပါ။)
Phyo Maung Maung
Tuesday, April 16, 2019
ကျနော်သာ NLD ပါတီရဲ့ခေါင်းဆောင်ဆိုရင်ဒီထက်တိုးတက်အောင်အများကြီးလုပ်နိုင်မယ် လို့ AA ဗိုလ်ချုပ်ထွန်းမြတ်နိုင်ပြော
NLD ကဘာမှမအော်မြင်ပဲ ကတိတွေကိုဘာမှအထောင်အထည်မဖော်နိုင်ဘူး
ကျနော်သာ NLD ပါတီရဲ့ခေါင်းဆောင်ဆိုရင်ဒီထက်တိုးတက်အောင်အများကြီးလုပ်နိုင်မယ်
ဝ လူမျိုးတွေလို အခွင့်အရေးပေးရင် ပြည်ထောင်စုကိုချစ်ခင်မှာပဲ၊
ရခိုင်လူမျိုးတွေ လွတ်မြောက်ရင် ဆိုရှယ်ဒီမိုကရေစီနဲ့ အုပ်ချုပ်မယ်၊
Welfare State ရခိုင်မှာ တည်ထောင်မယ် ဆိုတဲ့ AA ဗိုလ်ချုပ်ထွန်းမြတ်နိုင်
ကျနော်သာ NLD ပါတီရဲ့ခေါင်းဆောင်ဆိုရင်ဒီထက်တိုးတက်အောင်အများကြီးလုပ်နိုင်မယ်
ဝ လူမျိုးတွေလို အခွင့်အရေးပေးရင် ပြည်ထောင်စုကိုချစ်ခင်မှာပဲ၊
ရခိုင်လူမျိုးတွေ လွတ်မြောက်ရင် ဆိုရှယ်ဒီမိုကရေစီနဲ့ အုပ်ချုပ်မယ်၊
Welfare State ရခိုင်မှာ တည်ထောင်မယ် ဆိုတဲ့ AA ဗိုလ်ချုပ်ထွန်းမြတ်နိုင်
Monday, April 15, 2019
ဦးဘိုဘိုကျော်ငြိမ်း
(Unicode)
“နိုင်ငံရေးမှာ ဦးရွှေမန်းရဲ့တန်ဖိုး မရှိတော့သည့်အခါ ဖြုတ်ချလိုက်တာပါ” ဦးဘိုဘိုကျော်ငြိမ်း
ဦးရွှေမန်းဦးဆောင်သော ကော်မရှင်ကို ပြီးခဲ့သည့် ပြည်ထောင်စုလွှတ်တော်၌ NLD လွှတ်တော် ကိုယ်စားလှယ်များက ဖယ်ရှားမှုပြုလုပ်ခဲ့သည်။ ထိုကဲ့သို့ ဖယ်ရှားလို က်ခြင်းကြောင့် ဦးရွှေမန်းနှင့် ဒေါ်အောင်ဆန်းစုကြည်တို့၏ မဟာမိတ်ဆက်ဆံ ရေးအပေါ် လူထုမီဒီယာမှ ဦးဘိုဘိုကျော်ငြိမ်း (မြန်မာ့နိုင်ငံရေးလေ့လာသုံးသပ်သူ)နှင့် သွားရောက်တွေ့ဆုံမေးမြန်းခဲ့ပါတယ်။
#လူထုမီဒီယာ #ဦးဘိုဘိုကျော်ငြိမ်း
"ဒေါ်အောင်ဆန်းစုကြည်အပေါ် AA စစ်ဦးစီးချုပ်ရဲ့အမြင်"
မေး။ ။ ရခိုင်အရေး၊ ပဋိပက္ခတွေနဲ့ ပတ်သက်ပြီး ဧရာဝတီက တဆင့် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ဘာများ ပြောချင်ပါသလဲ။
ဖြေ။ ။ ကျနော်တို့ အရင်က ဒေါ်အောင်ဆန်းစုကြည်ကို မြန်မာနိုင်ငံ ပြဿနာများရဲ့ Part Of The Solution လို့ အမြင်ရှိတယ်။ အခု အရှိတရားမှာတော့ Part Of The Problem လို့ပြန်မြင်တယ်။ အခုချိန်မှာ သူ့ရဲ့နေရာက သူ့အမိန့်ကို မနာခံတဲ့ စစ်မြင်းရထားပေါ် တက်စီးမိပြီ။ စစ်တိုက်တဲ့ မြင်းရထားပေါ် သူတက်စီး မိလိုက်ပြီ။ အဲ့တော့ အဲ့အပေါ်ကပဲ ပြုတ်မကျအောင် ကြိုးစားပါလို့ ။ အဲ့လောက်ပဲပြောချင်တယ်။
ပြီးရင် မြန်မာပြည်သူ လူထုတွေအတွက် ကျနော်တို့ကြည့်ပါတယ်။ ၂၀၂၀ မှာ ရွေးကောက်ပွဲ လုပ်တော့မယ်ဆိုရင် NLD ပါတီရဲ့ အနေအထားလည်း ကျနော်တို့ကြည့်ပါတယ်။ သူ့ရဲ့မူဝါဒ အရရော သူ့ရဲ့ လူ့စွမ်းအားအရင်းအမြစ် ပိုင်းတွေရော ကျနော်တို့ ကြည့်တယ်။ အရှိတရားကို မြင်နေရပါတယ်။ ဒီဘက်က အတိုက်အခံအင်အားစုရဲ့ အနေအထားကိုလည်း ကျနော်တို့သုံးသပ် ပါတယ်။ ဘယ်သူဟာ ဒီနိုင်ငံကို တာဝန်ခံပြီး ဒီပြဿနာတွေကို ဖြေရှင်းဖို့စွမ်းရည်တွေရှိမလဲ ဆိုတာ ကျနော်တို့ သုံးသပ်ကြည့်တော့ အခြေအနေတော့ သိပ်မကောင်းပါဘူး။
ပြည်သူလူထုရဲ့ တနေ့တခြားအခြေအနေ၊ ဆင်းရဲလာတဲ့ လူထု၊ ဒုက္ခရောက်လာတဲ့ လူတွေ အတွက် တာဝန်ယူ ပြီး စဉ်းစားမယ့် မူဝါဒနဲ့ အဖွဲ့အစည်းတွေကျနော်တို့ မတွေ့ဘူး။ ကိုယ့်အုပ်စု သူ့အုပ်စုနဲ့ ကိုယ့်အယူအဆ သူ့အယူအဆ ဆိုတဲ့ အင်အားစုတွေပဲတွေ့တယ်။
အခြေခံလူထုကတော့ စစ်တပ်ပေါ် မကျေနပ်တဲ့ လူကတော့ ရှိတဲ့ဟာကို ရွေးမှာပဲ။ ရွေးလိုက်တဲ့ဟာကလည်း ပြဿနာ အတွက် အဖြေတွေ မက်မောလောက်စရာတွေ မတွေ့ဘူး။ ဒါ့ကြောင့် ကျနော်တို့ အမှာစကားတော့ မပါးတော့ ပါဘူး။ ကိုယ့်ကံတရားကိုပဲ ကိုယ် အကောင်းဆုံး ဖြစ်အောင် တည်ဆောက်သွားတော့မယ်။
-------------------------
အင်တာဗျူးအပြည့်အစုံ ဖတ်လိုပါက https://burma.irrawaddy.com/…/interv…/2019/04/13/188989.html
Sunday, March 31, 2019
အစိုးရနဲ့ အင်ဂျင်နီယာ တစ်ဦးတွေ့ကြလေသောအခါ
လူတစ်ယောက် လေပူပေါင်းကြီးစီးပြီး
ကောင်းကင်ထဲ ပျံနေရာကနေ
ဘယ်ရောက်နေမှန်း မသိတော့တာနဲ့
လေလျှော့၊ အောက်ကိုဆင်းဖို့လုပ်နေချိန်မှာ
အမျိုးသမီးတစ်ယောက်ကို
လှမ်းတွေ့လိုက်ရသတဲ့။
ဒါနဲ့ …
'အမ၊ အခု ကျနော် ဘယ်နေရာ
ရောက်နေတယ်ဆိုတာ ပြောပြနိုင်မလား။
ကျနော့်မိတ်ဆွေတစ်ယောက်နဲ့
တစ်နာရီအတွင်းတွေ့ဖို့
ကတိပေးထားတာလည်း ရှိနေလို့
ပြောပြပေးပါလား'
'ရှင် အခုရောက်နေတာက
လေပူပေါင်းကြီးပေါ်မှာပါ။
မြေပြင်ကနေ ကိုက် ၂၀ လောက်မြင့်တယ်။
လတ္တီကျု ၄၀/၄၁ ကြား၊
လောင်ဂျီကျု ၅၄/၅၅ ကြားမှာ ရှိနေပါတယ်'
လို့ အမျိုးသမီးက လှမ်းဖြေတယ်။
'အမက အင်ဂျင်နီယာ ဖြစ်ရမယ်'
'ဟုတ်ပါတယ်။ ဒါနဲ့ ရှင်က ဘာလို့
ဒီလိုပြောနိုင်ရတာလဲ'
'အမ ဖြေပုံက နည်းပညာအားဖြင့်
အမှားအယွင်းမရှိ ကွက်တိပဲ။ ဒါပေမဲ့
ကျနော့်အတွက် ဘာမှ အသုံးမကျဘူး ဖြစ်နေတယ်'
'ရှင်ကလည်း အစိုးရအဖွဲ့ထဲက
ရာထူးကြီးကြီးရထားတဲ့လူ ဖြစ်ရမယ်'
'မှန်ပါတယ်။ ဒါနဲ့ အမက ဘာလို့ ဒီလို ပြောနိုင်ရတာလဲ'
'ဒါက လွယ်ပါတယ်။
တစ်။ ရှင်က ကိုယ်ဘယ်နေရာကို ရောက်နေတယ်၊ ဘယ်ကို ဦးတည်နေတယ်ဆိုတာကို မသိဘူး။ တကယ်က ရှင် ဘယ်မှမရောက်သေးဘူး၊ လေပူပေါင်းကြီးအရှိန်နဲ့သာ အထက်နည်းနည်းမြင့်တဲ့နေရာ
ရောက်နေတာ။
နှစ်။ ဘယ်လိုတည်ရမှန်းမသိတဲ့ ကတိတစ်ခုကို အလွယ်တကူ ပေးခဲ့တယ်။
သုံး။ ရှင်ကြုံတွေ့နေရတဲ့ အခက်အခဲကို ရှင့်အောက်ကလူတွေ
ဖြေရှင်းပေးလိမ့်မယ်လို့ ရှင်က ယုံကြည်နေတယ်။
တကယ်တော့ ရှင် ဘယ်မှမရောက်သေးဘူး။ ဒီနားမှာပဲ ခြာလပတ် ယမ်းနေတာ' တဲ့။
Kyaw Swar
သူများတွေအောင်လအန်ဆန်းအကြောင်း ရေးကြတာတွေတွေ့လို့ ...
သူများတွေအောင်လအန်ဆန်းအကြောင်း
ရေးကြတာတွေတွေ့လို့ အားကျပီး တွေးမိတွေးရာ ရေးကြည့်ကြည့်လိုက်ဦးမယ် ...
.
ဘာလို့ အောင်လအန်ဆန်းခဏခဏနိုင်နေတာလည်း
×××××××××××××××××××××××××××××××
ပြောရရင် လေမုန်တိုင်းနောက်ပါသွားတဲ့ရွှေကျေးညီနောင်လိုပါပဲ
ပတ်ဝန်းကျင်ပေါ့ မြန်မာ့သွေးသားချင်းတူပေမဲ့ ပတ်ဝန်ကျင်ကြောင့်
အများကြီးကွာဟသွားခဲ့တယ် ..သူကြိုးစားမှု့တို့ဘာတို့တော့ပြော
နေကြတာတွေပဲဖြစ်နေလို့ မရေးတော့ပါဘူး ...
မြန်မာတွေနဲ့ Team Work အလုပ်ဖြစ်သလား
×××××××××××××××××××××××××××××××
မြန်မာ့အားကစားပွဲတိုင်းလိုလိုမှာ Teamworkနဲ့ကစားတဲ့
ပွဲတော်တော်များများမဆင်မပြေကြဘူးမအောင်မြင်ကြတာများ
တယ် ..အားကစားမှမဟုတ်ပါဘူး .. မြန်မာနိုင်ငံသားတွေမှာ
အစုလိုက် အဖွဲလိုက် စည်းလုံးညီညွတ်နိုင်တာသိပ်မတွေ့ရဘူး
လူများလေ သွေးကွဲလေ အဖွဲ့များများဖြစ်လာလေလေပါပဲ ..
၂ယောက်ပေါင်းရင် ၃ ဖွဲ့ဖြစ်တာမျိုးပေါ့ ..
ဘာလို့လဲ ... မနာလိုမှု၊ခေါင်ဆောင်ဖြစ်ချင်တဲ့သူများမှု၊နောက်ကွယ်
ကနေပန့်ပိုးပေးမှုမရှိခြင်း၊နောက်ကြောဓားထိုးမှု၊အချင်းချင်းလုပ်
ကြံခြင်း စသည်စသည်များစွာပါပဲ .. တစ်ဦးချင်းအရည်အသွေး
ပြိုင်ရင်တော့ နိုင်ငံတကာကိုယ်ယှဉ်နိုင်ဖို့များပြီး အဖွဲ့လိုက်ဆိုရင်
တော့ ၀က်ဝက်ကွဲတော့တာပါပဲ ...
မြန်မာ့နိုင်ငံရေးနဲ့ Teamwork
×××××××××××××××××××××
နိုင်ငံရေးသမိုင်းကြည့်ရင်လဲ ရန်သူကလုပ်ကြံမှုထက် အချင်းချင်း
တစ်ဖွဲ့သားချင်း ယုံကြည်စိတ်ချရသူအချင်းချင်းက လုပ်ကြံသွား
ကြတာကြီးပါပဲ ..ဘယ်ရန်သူကလုပ်လိုက်လို့ ကျဆုံးသွားတယ်ဆို
တာ သိပ်မရှိပါဘူး .. ဘုရင်ထီးနန်းအရာမှာလည်း ဖခင်ကိုလုပ်ကြံ
ထီးနန်းလု အဲလိုသမိုင်းတွေကြီးပါပဲ .. ဒီတော့ဒီနိုင်ငံမှာ အောင်မြင်
ချင်ရင် ကိုယ်နဲ့အနီးဆုံးပုဂ္ဂိုလ်တွေကို သတိတော်တော်ထားရပါ
မယ်။ဒေါက်ဖြုတ်သွားကြတဲ့ သာဓကတွေလဲအများကြီးပါပဲ မိမိ
ရန်သူထက် မိမိအနီး ဆရာဆရာလို့ခေါ်ခေါ်နေတဲ့
ပတ်ဝန်းကျင်ကကြောက်စရာပိုကောင်းပါလိမ့်မယ် ..
ခုနိုင်ငံရေးသမားတွေကိုစိုးရိမ်တာလည်းအပြင်စည်းအရမ်းလုံခြုံ
အောင်သာ လုပ်နေကြတာ တကယ်ဖြစ်လာရင် အနီးကပ်ဒေါက်ဖြုတ်ကြမည့်အခြေအနေတွေများနေပါတယ်
နိုင်ငံရေးသမားတွေ အတွက်အထူးသတိထားစရာပေါ့ ....
တစ်ကိုယ်တော်သမားများ
××××××××××××××××××
ဒီတော့က အောင်မြင်ချင်ရင် တစ်ဦးတစ်ယောက်ထဲလုပ်ရတဲ့အလုပ်
တွေက မြန်မာပြည်မှာပိုအောင်မြင်ရတာလွယ်လိမ့်မယ်လို့ ခန့်မှန်း
လို့ရပါတယ် .. Teamwork မလိုတဲ့အလုပ်မျိုးတွေပေါ့ ဥပမာ ..
စာရေးဆရာ၊ကဗျာ၊မော်ဒါလ်၊ပန်းပု၊ပန်ချီ၊ကင်မရာ၊ သီချင်းရေးဆရာ အစရှိသည်ပေါ့ .. အဆိုတော်ဆိုရင်တောင် အလုပ်တစ်ခုဖြစ်ဖို့ ၅ ယောက်လောက်ပေါင်းရတော့ ဖြစ်နိုင်လျှင် ကိုယ် Band နဲ့ ကိုယ်ငွေပုံပေး ချုပ်ထားနိုင်ရင် ပိုအဆင်ပြေပါတယ်
ခုလက်ဝှေ့ပွဲပွဲမှာလည်း အောင်လအန်ဆန် တစ်ယောက်ထဲမထိုးပဲ
မြန်မာ ၅ ယောက် ဂျပန် ၅ ယောက်သာထိုးကြရင် မြန်မာတွေရှုံးမှာ
သေချာပါတယ် ဘာလို့လဲဆိုတော့ မြန်မာ အချင်းချင်းတွေ ကွင်းထဲ ထိုးကုန်ကြမှာပါ ...
ဘာပဲဖြစ်ဖြစ် ဒီနေ့ အောင်လအန်ဆန်ရဲ့တစ်ဦးချင်း ဂျပန်နဲ့ထိုး
သတ်ကြတဲ့ မြင်ကွင်းလေးကတော့ သိပ်အားရတယ် သေသေချာချာ လေ့လာကြည့်ရင် တဖက်ရန်သူကို ဘယ်ခြေနဲ့ချုပ်နင်းထားပီး ညာလက်သီးနဲ့ ၀ှိုက်ပီးမထိုးပဲ ဒဲ့ကစ်
လိုက်တဲ့အလုံးဟာတော်တော်ပြင်းထန်ပါတယ် ..
လက်သီးပြင်းအားအပြင် Body အရွှေ့ လွင့်ထွက်သွားမည့် အီနားရှားကို ဖမ်းချုပ်ထားပီး ညာ ခြေရဲ့ တွန်းအား ဒီ Force ၅ ခုပေါင်းက မြင်းကောင်ရေ ဘယ်လောက်လောက်တောင်
ရှိနိုင်မလဲ ...
တကယ်ပရိယာယ်နဲ့ ကြည့်ကောင်းပီး တိုင်းပြည်အတွက်
ဂုဏ်ယူရတဲ့ တိုင်းရင်းသားတစ်ယောက်ရဲ့ လုပ်ရပ်ပါပဲ ...
(ဂူအောင်းဆြာတော်)
ဝါရင့်ဒါရိုက်တာဆရာဦးဝင်ဖေမှဗိုလ်ချုပ်ရုပ်ရှင်လုံးဝမရိုက်ပါနဲ့တဲ့
ဦးဝင်းဖေ ပြောတာ သဘောကျတယ်။
ဦးကြည်စိုးထွန်းက ဗိုလ်ချုပ်ရုပ်ရှင်ကားနဲ့ ပတ်သက်လို့ ဘာများအကြံပေးချင်ပါသလည်းလို့မေးတယ်။ ဦးဝင်းဖေက တစ်ကယ်ဖြေရမလားတဲ့ . . . .ဟိုကလည်းဖြေပါပေါ့ . . . .တစ်ခွန်းထဲ ဖြေသွားတယ်
လုံးဝမရိုက်ပါနဲ့တဲ့ . . . .
ဦးကြည်စိုးထွန်းက ထပ်မေးတယ် . . .ဘာကြောင့် ပါလည်း ဆရာတဲ့ ။
ဦးဝင်းဖေ။ ။ဒေါ်စုကိုယ်တိုင်လာမေးရင် ကျနော်လုံးစေ့ပတ်စေ့ရှင်းပြမယ်။အခုတော့
ဟိုကောင်ဒွေ(ရုပ်ရှင်ဖြစ်မြောက်ရေးအဖွဲ့ဝင်တွေ)နားလည်အောင်တစ်ခုပြောမယ်။ တစ်ကယ့်အဖြစ်အပျက်မြန်မာလူမျိုး အကြောင်းကို မြန်မာဒါရိုက်တာတွေ ရိုက်တာကို က စမှားတာဘဲ။ကြည်ညိုရင်းစွဲရှိပြီးအကြောင်းသိတွေဖြစ်တော့ သူတို့ဇတ်ကောင်က လူ မဟုတ်တော့ဘူး ဟီးရိုးကြီး ဖြစ်သွားမယ် စူပါမန်းကြီးဖြစ်သွားမယ်။ဒါမျိုးတွေက နိုင်ငံခြားသား ဗိုလ်ချုပ်အကြောင်းသိပ်မသိတဲ့သူရိုက်ရမှာ။ ဒါမှ လူထဲက လူ ဇတ်ကောင်ဖြစ်မှာ ။
နောက်တစ်ချက်က ဗိုလ်ချုပ် အကြောင်းရိုက်ရင် ဒေါ်ခင်ကြည်လောက်နဲ့ မပြီးဘူး ဘယ်မလည်း သခင်သန်းထွန်း၊
နောက် သိန်းဖေမြင့် နောက် ဦးနု ၊ဦးနေဝင်း၊သခင်စိုး ၊သခင်ချစ်၊ဒီးဒုတ်ဦးဘချို
စသည်ဖြင့်ပေါ့ ယုတ်စွအဆုံး ဗိုလ်မိုးကြိုးဗျာ၊ ကိုထွန်းလှ၊အပါးတော်မြဲနေဝင်း ကဲဗျာ ထပ်ပြောရင် အောင်ဆန်း အမေ နောက် ကိုဘဝင်း၊ကိုအောင်သန်း ဒါတွေကလည်း ဗိုလ်ချုပ်နဲ့ အပြိုင် ဇတ်ရုပ်တွေဘဲဗျ ပြောရင် သခင်ကိုယ်တော်မှိုင်းတောင် တစ်ကယ်အရေးပါတဲ့ ဇတ်ဝင်ခန်းမျိုးတွေရှိတယ်။နောက် ဒေါက်တာဘမော် ဗျာ သူဆို ဗိုလ်ချုပ်နဲ့ အရေးကြီးတဲ့ ဇတ်ဝင်ခန်းကြီးဘဲ ။
အမျိုးသားခေါင်းဆောင်ကြီးဖြစ်တဲ့အလျောက် ပေါတီးပေါ့ဆ လုပ်လို့မရဘူးဗျ။
နောက်ထပ်အရေးပါတာ ဘယ်မှာလည်း
ဆက်တင် နောက်တိုက်ပွဲခန်းတွေ အပေါစားတော်လှန်ရေးကားတွေလို လုပ်ချင်လည်း သဘောပေါ့ဗျာ။အခုကျနော်ပြောတာတွေ ပြည့်စုံနေအုံး မဖြစ်သေးဘူး ။ဒီလိုကားမျိုးရိုက်ရင် ဒေါ်လာသန်းချီကုန်ကျမဲ့ကား ဘယ်မလည်း
ပိုက်ဆံ။နောက် ကမ္ဘာကို ပတ်ပြလည်း ဝင်ငွေရမဲ့ ဇတ်ကားမဟုတ်ဘူး။အဲ့တော့ မရိုက်တာ အကောင်းဆုံးဘဲ။
ရိုက်ချင်သပ ဆိုလည်း ဇတ်လမ်းတို သဘောမျိုးသာရိုက် အဲ့ဒါအဆင်ပြေတယ်။
ဒေါ်စုနဲ့သာ တွေ့ပြီးပြောချင်တာ ကျနော်သေချာရှင်းပြရင်(ဦးဝင်းဖေ ကအတော်စိတ်ဆတ်တယ်)အချိန် နှစ်နာရီ အတွင်း အဲ့ကားလုံးဝ မရိုက်တော့ဘူး ဖြစ်သွားမယ်။
*-*-*-*-*-*-*-*-*-*
ဦးဝင်းဖေတော့ အဲ့အတိုင်းပြောခဲ့တာဘဲဗျာ
Thursday, March 28, 2019
ဗထူး ထပ်မံကျဆုံးခြင်း
အောင်ပန်းမြို့လယ်က ဗိုလ်မှူးကြီး ဗထူးနဲ့ အာဇာနည်တို့ရဲ့ ကျောက်တိုင်ကို လမ်းချဲ့မလို့ဆိုပြီး ဖြိုလိုက်တယ်။ နေရာရွေ့မယ်ပေါ့။ လေးလမ်းသွားနဲ့ မလွတ်လို့ဆိုပဲ။ မေးခွန်းလေးတွေ မေးကြည့်တယ်။ ချရေးကြည့်တယ်။
၁) လမ်းနဲ့ မလွတ်လို့
လမ်းနဲ့ မလွတ်လို့ ဆိုပြီးပြောတယ်။ ဒီဇာတ်လမ်း လာမယ်ဆိုတာလည်း သိတယ်။ ဖျက်မယ်ကြားလိုက်ကတည်းက ဒီလမ်းချဲ့ဖို့ ကိစ္စပဲ ဖြစ်မယ်ဆိုတာ ဒက်ခနဲ သိပြီးသား။ ဘာလို့ဆို ကလော-တောင်ကြီး လေးလမ်းသွား လမ်းမကြီးကြွားလုံးတွေ အကြောင်း ကြားပြီးသားကိုး။
အောင်ပန်းမြို့လယ် လမ်းကျဉ်းတယ်ဆိုတာ သိတယ်။ ထားဝယ်ကလူမို့ ရှမ်းပြည်မရောက်ဖူးဘူးထင်လားမသိ။ အောင်ပန်းဈေးဆိုတာ ဆိုက်ကယ်တစ်စီးနဲ့ လက်ဖက်ရည်သွားသွားသောက်နေကြနေရာ။ ဈေး ဖုန်ထူပေမဲ့ ဈေးရှုခင်းကို ကြည့်ချင်လို့ သွားနေကြ။
လမ်းနဲ့ မလွတ်ရင် အကုန်ဖျက်ဆိုတာကတော့ ကလေးတောင် လုပ်တတ်သေး။ အစိုးရတောင် မလိုတော့။ အစိုးရဆိုတာ အဲလို ခက်တာတွေကို ပြေလည်အောင် စီမံခန့်ခွဲတတ်မှ အစိုးရခေါ်မှာပေါ့။ ခပ်လွယ်လွယ်ပဲ လုပ်တတ်တယ်ဆိုတာ ခပ်ညံ့ညံ့ အစိုးရတွေပဲ လုပ်တတ်တာမျိုး။
ဘယ်လို လုပ်မလဲ မေးရင် မေးလိမ့်မယ်။
လမ်းအကြောင်း မသိပါ။ လမ်းအင်ဂျင်နီယာလည်းမဟုတ်ပါ။ ဒါပေမဲ့ နည်းအမျိုးမျိုး စဉ်းစားရင်ရတယ်။
အဝေးပြေးလမ်းဆိုတာ မူလကတည်းက မြို့ထဲကနေ၊ ရပ်ရွာတွေ ထဲကနေ မဖြတ်သွားသင့်တဲ့ လမ်းမျိုး။ (လမ်းကို အမှီပြု ဆိုင်ရောင်းတဲ့သူတွေကတော့ ဆဲလိမ့်မယ်)။ ဆိုတော့ လမ်းချဲ့ရာမှာ မြို့ရှောင်ပြီး စဉ်းစားလို့ရတယ်။
မြို့ရှောင်လမ်းအူကြောင်းခက်လား၊ ဒါဆိုရင် မလွတ်တဲ့နေရာမှာ မိုးပျံတံတားနဲ့ ထိုးမလား၊ စဉ်းစားလို့ရတယ်။ နိုင်ငံတကာမှာ ဒီလိုပဲ လုပ်နေကြတာပဲ။
လေးလမ်းသွားဆိုပေမဲ့ လေးလမ်းလုံးလုံး အမြဲတတွဲတွဲ ပူးသွားနေမှ လေးလမ်းသွားမဟုတ်၊ မြို့ရွာတွေ ကျဉ်းရင် နှစ်လမ်းစီ ခွဲထုတ်လို့လဲ ရသလို၊ နှစ်လမ်းကတစ်ခု၊ တစ်လမ်းစီက တစ်ခုစီ။ ဒါမှမဟုတ် တစ်လမ်းစီ လေးလမ်း ခွဲထုတ်လိုက်လို့လည်းရတယ်။ ရွာတွေ မြို့တွေထဲမှာ ဒီလို ခွဲထုတ်လိုက်လို့ရတယ်။ မြို့ပြင်ရောက်မှ လေးလမ်းပြန်ပေါင်းထုတ်ချင်လည်း ထုတ်ပေါ့။
ဦးနှောက်ပါတယ်ဆိုတာ စဉ်းစားဖို့ပါ။ စီမံခန့်ခွဲမှုဆိုတာ မလွတ်ရင်ဖျက် အယူအဆ Concept သက်သက်မဟုတ်ဘူး။ ချင့်ချိန်တွက်ချက်ပြီး အသေးစိတ်စဉ်းစားဆုံးဖြတ် အကောင်အထည်ဖော်တတ်ဖို့ ဖြစ်တယ်။
ပိုက်ဆံမရှိဘူးပြောလိမ့်မယ်၊
အစိုးရရဲ့ စီမံခန့်ခွဲမှု အလွဲတွေကြောင့် ပြုန်းတီးသွားတဲ့ပိုက်ဆံတွေ၊ လာဘ်စားလို့ ပြုန်းသွားတဲ့ ပိုက်ဆံတွေ၊ ရန်ကုန်မှာ သုံးချင်သလို သုံးနေတဲ့ ပိုက်ဆံတွေနဲ့ နှိုင်းယှဉ်ရင် ဒါက ပါမွှားပါ။
အဓိကက အခုဖြစ်သွားတာက ပိုက်ဆံဆိုတဲ့ ဈေးနှုန်း (Price) ကိစ္စမဟုတ်၊ တန်ဖိုး (Value) ကိစ္စ။
၂) မြို့ခံတွေ သဘောတူလို့၊ အမတ်တွေ သဘောတူလို့
ဒီလိုလုပ်တာ မြို့ခံနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ညှိပြီး သဘောတူလို့ လုပ်တာလို့ ပြောတယ်။ ဒါဟာ မြို့တစ်မြို့တည်းပိုင် ပစ္စည်းမှ မဟုတ်တာ။
ရွှေတိဂုံဘုရားကို ဗဟန်းမြို့သားတွေ သဘောတူရုံနဲ့ လုပ်ချင်သလို လုပ်လို့ရလား။ တာဝါလိန်းလမ်းနေအိမ်ကိုကော ဗဟန်းမြို့နယ်က ပြည်သူတွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေ သဘောတူရုံနဲ့ လုပ်ချင်သလို လုပ်လို့ရလား။
ဆိုတော့ ဒီကိစ္စကိုလည်း အောင်ပန်းမြို့ခံနဲ့ ကလောမြို့နယ် လွှတ်တော် ကိုယ်စားလှယ်တွေ သဘောတူရုံနဲ့ ပြီးမလား
ဒီကိစ္စအတွက် တစ်နိုင်ငံလုံး ဆန္ဒခံယူပွဲ လုပ်ရမယ်လို့ ဆိုလိုချင်တာမဟုတ်၊ အခြားသူတွေ၊ ပတ်သက်ဆက်နွယ်ရာကြောင်း ရှိသူတွေရဲ့ ခံစားချက်ကိုလည်း ထည့်သွင်းစဉ်းစားသင့်တယ်ဆိုလိုချင်တာ။
၃) တန်ဖိုးကိစ္စ
အဲဒီနေရာမှာ ဆိုရင် ဗိုလ်မှူးဗထူး မဟုတ်ဘဲ ဗိုလ်ချုပ်အောင်ဆန်းဆိုရင် ဘယ်လို စီမံမလဲ စဉ်းစားမိတယ်။
အဲဒီမှာ ပထမပိုင်းမှာ ပြောခဲ့တဲ့ တန်ဖိုးထားမှု ကိစ္စဆိုတာ ပါလာတယ်။ အရာရာကို ရုပ်ဝတ္တုတွေနဲ့ တိုင်းတာ လူရိုင်းတွေတောင် မလုပ်တတ်ကြဘူး။ သူတို့မှာတောင် ခံစားတွယ်တာတတ်မှု ရှိတယ်။ ညကပဲ Revenant ကြည့်ထားတော့ အဲဒီခံစားမှုက အခုထိရှိနေသေးတယ်။
တိုးတက်ဖို့လိုတယ်၊ ဒီလောက်တော့ ရင်းရမယ်ဆိုပြီး ဂျင်းလာမထည့်နဲ့။
လမ်းလိုမျိုး ရုပ်ဝတ္တုတွေ ချဲ့ဖို့ လိုလာလို့ ဖျက်ကြေးဆို။ ရန်ကုန်မြို့လယ်က ပန်းခြံနဲ့ လွတ်လပ်ရေး ကျောက်တိုင်ကြီး နေရာမှာ ကွန်ဒိုကြီးဆောက်မယ်လေ၊ ဈေးဝယ်စင်တာကြီးဆောက်မယ်လေ၊ ပိုက်ဆံတွေ အများကြီးရမှာပေါ့။ ပြီးတော့မှာ ကျောက်တိုင်နဲ့ ပန်းခြံကို ဒလဘက် မြေနေရာပေါတဲ့ နေရာကို ရွေ့လိုက်တာပေါ့။
တာဝါလိန်းလမ်း အိမ်ဆိုလည်း ကွန်ဒိုကြီးဆောက်လိုက်ရင် တော်တော် ပိုက်ဆံရမှာ၊ အဲဒီနားက သံရုံးဝန်ထမ်းတွေ ဘာတွေကိုလည်း ရောင်းစား၊ ငှားစားလို့ရတယ်။ ဘယ်လောက်မိုက်လဲ။
အဲလိုဆို ပိုက်ဆံဘယ်လောက်ရရ ဘယ်လုပ်ကြမလဲ၊ ကျွန်တော်တို့ တန်ဖိုးထားတာကိုး။ အခုလည်း ဒီအတိုင်းပဲ။ ပိုက်ဆံကုန်မှာစိုးလို့၊ အကုန်အကျမခံနိုင်လို့ အလွယ်ဖြိုလိုက်တယ်ဆိုတာ တန်ဖိုးထားမရှိဘူးဆိုတဲ့ သဘောပဲ။
တန်ဖိုးဆိုတာ ကိုယ်ဘယ်လို တန်ဖိုးထားတယ်ဆိုတဲ့ ကိစ္စသက်သက်မဟုတ်၊ သူများတွေ၊ ပတ်သက်ရာ ပတ်သက်ကြောင်း လူထုတွေ ဘယ်လို တန်ဖိုးထားတယ်ဆိုတဲ့ ကိစ္စလည်း ပါတယ်။
ဘုရားချင်းတူတူတောင်မှ ဒို့ဘုရား ဒို့ဖူးမယ် ဆိုပြီး ဆရာ မောင်ကိုကို (အမရပူရ) ရေးခဲ့တာ တန်ဖိုးထားမှုကို ပြတာ။
ချောင်းဆုံက ဗိုလ်ချုပ်အောင်ဆန်း တံတား၊ ကယားမှာ ကြေးရုပ် တွေလည်း ဒီလိုပဲ။ တန်ဖိုးကိစ္စပဲ။ ကိုယ်တန်ဖိုးထားတဲ့ ကိစ္စမှ တန်ဖိုးရှိတယ် ထင်ကြတယ်။
အခြားအစုအဖွဲ့တစ်ခု၊ လူမျိုးစုတစ်ခု၊ လူတစ်စုက တန်ဖိုးထားတာဆို တန်ဖိုးလို့ မထင်ဘူး။ Value ရှိတယ်မထင်ဘူး။ အဲဒါများ ပြည်ထောင်စုကြီးထဲမှာ တူတူနေကြမတဲ့။ ဝေးပါသေးတယ်။
နိဂုံး
အခုတော့ မသာမာသူတွေ လက်ချက်ကြောင့်ဗထူး ထပ်မံကျဆုံးတယ်။ ၁၉၄၅ က ကျဆုံးခဲ့တဲ့ တယ်လူးစခန်းနဲ့ မိုင်ဆယ်ချီအကွာမှာပဲ ထပ်မံ ကျဆုံးရပြန်တယ်။
သူငယ်ချင်းတစ်ယောက်က ပြောတယ်။ ပြောလည်း ကျွဲပါးစောင်းတီးပဲတဲ့။ ဒါလည်း သိပြီးသား။ ပြောလည်း မထူးဘူးဆိုတာ သိတယ်။ မထူးမှန်း သိလို့ မပြော၊ မပြောတော့ ပိုပိုဆိုး၊ ဆိုးနေလို့ ပြောလည်း မထူးဘူးဆိုပြီး လွှတ်ထား၊ နောက်ဆုံး ပျက်ကရော ဖြစ်မှာစိုးလို့ ပြောမိလိုက်ပါတယ်။
ရင်ထဲ ဆို့လာလို့ ဖွင့်ထုတ်လိုက်တာလည်းပါတယ်။
လေသံကြမ်းသွားရင် ဆော်ရီးပါ။ မောင်ရင် အစွန်းရောက်လှချည်းလားဆိုပြီး ပြောရင်လည်း ပြောနိုင်ပါတယ်။
ဒီစာရေးရင်း ထားဝယ်က လောင်းလုံးမြို့ပေါ်မှာ ထမင်းဆိုင်ရောင်းနေတဲ့ ဗထူးသမီး အဘွားအိုရဲ့ မျက်နှာကို မြင်ယောင်လာတယ်။
အေးပေါ့လေ။ ဗထူးသမီးက ဘာရာထူးမှ မရှိတဲ့ ထားဝယ်ထမင်းဆိုင်ပိုင်ရှင်လေးကိုး။ ဘယ်တန်ဖိုးထားကြမလဲ။
တော်သေးပြီ။
လောင်းလုံးက ထမင်းဆိုင်က ကြီးကြီးဆီ ပြန်ရဦးမယ်။ သူလည်း မောင်ဆံရှည်တစ်ယောက် မလာတာကြာပြီ မျှော်နေရော့မယ်။
|ခွန်းသု|
(ဓာတ်ပုံကိုတော့ မူရင်း ရိုက်ထားသူကို လေးစားစွာ ခွင့်တောင်း အသုံးပြုပါတယ်)
(Edited ထမင်းဆိုင်ဖွင့်ထားတာ ဗထူးတူမ ဖြစ်ကြောင်း တစ်ဦးက ပြန်ပြင်ပေးလာပါတယ်)
Tuesday, March 26, 2019
မြန်မာ့ရုပ်ရှင်ကို စကားလုံး ထိထိမိမိ ပြစ်ပြစ်နှစ်နှစ် ဝေဖန်လိုက်တဲ့ ဆရာအောင်မြိုင်သင်း
စတီဗင် စပီးလ်ဘတ်ကြီးတောင် မြန်မာပြည်မှာ လာရိုက်ရင် အဖက်တွေက ကမ္ဘာ ကျော်ငွေလှိုင်လောက်မကောင်းဘူးဆိုပြီး ဘွတ်စမန်ပေးခံရမယ့်သဘောရှိတယ်.. . 😁😁😁😁
ဦးဇင်ဝိုင်းကြီးလဲ ပထမတုန်းက အပြင်ကနေ အထူးဆုပေးမယ်တွေဘာတွေ လျှောက်ပြော ဟုတ်တိဟုတ်ရဲ့နဲ့ ပြီးတော့. ဘာမှလဲမဟုတ်ဘူး အင်မတန် မနာလိုစိတ် ကြီးတဲ့သူတွေကိုးဗျ. . တစ်ယောက်ယောက် ပေးထားတဲ့ အထူးဆု ကို မခံစားနိုင်တော့ ဒီအစီစဉ်ကိုတောင်ရုတ်တရက်ဖျက်လိုက် သလားလို့တောင် ထင်မိတယ်. ဖြစ်လောက်တယ် ထင်တာဘဲ
ဟိုနေ့က.အသံ နဲ့ ပတ်သက်တဲ့ သမန်းကျားကိုမြင့်တို့လို ပညာရှင်တွေရဲ့ .ဝေဖန်ချက်ကောက်နူတ်ချက်တွေ. ကြားရတော့ ဒီနှစ်ကို တကယ့်ကို မျှော်လင့်တကြီးနဲ့ ရုပ်ရှင်လောကကြီးကို သောက်ထင်ကြီးခဲ့မိတဲ့ ငါကိုက ဖာမှားကြီး မှားတာပါ. .
ကိုင်း စိတ်ကြိုက်တော့တုပ်ပြီးပြီ.. ကိုယ်ကတော့ ကျေနပ်သွားပြီ. ဆုတွေကို ယူကြပေးကြနဲ့ ရှက်ဖွယ်လိလိ နဲ့ ချီးထုပ်ကြီးတွေ ကိုင်ထားမိတဲ့. ဆြာကြီးများ လိပ်ပြာ လုံလုံနဲ့ ပျော်နိုင်ကြပါစေ.
အိမ်း.ကိုယ်ကတော့. . မြန်မာရုပ်ရှင်ကို ရုံမှာတောင်မကြည့်တာ.အနှစ်နှစ်ဆယ်ကျော်ကြာပြီးမှ ရုံထဲကို ပြန်ပြ်ီး မရောက် ရောက်အောင် တွန်းပို့ပေးခဲ့တဲ့ ခီတို့ မီတို့ လင်မယားကို သူတို့တွေနဲ့ တွဲပီး ဆု မရလိုက်ခြင်းအတွက် အင်မတန် ဂုဏ်ယူတန်ဖိုးထားပါသဗျား ကျက်သရေ ရှိသွားတာပေါ့
Aung Myaing Thin
#Unicode Version# ဖြင့်ဖတ်ပါ ။
အောင်မယ်လေးဗျာ အဆုံးသတ်ကျတော့ ကိုယ်တွေဘဲ မောပြီးကျန်ခဲ့တော့တာကိုးဗျ။ အဲ တေဇာမောင်မာင်ရဲ့ နောက်ဆုံးဆုတောင်းထားသလို ခီတို့မီတို့ ကို ဒီအဖွဲ့တွေနဲ့တွဲပြီး မရကြပါစေနဲ့တော့. . ဆိုတဲ့ အတိုင်း ကိုယ်ပါရောပြီး ဆုတောင်းလိုက်မိတာ ကိုယ်ပါရောပြီး ဆုတောင်းပြည့်သွားသလို. ခံစားလိုက်ရပါသဗျား
မြန်မာ့ရုပ်ရှင်ဟာ အဆင့်တစ်ခု ရှိနေတယ်ဆိုတာကိုလက်ခံပါတယ်. သို့သော် သူတို့ကို အားမကိုးခဲ့ဘဲ သူတို့ဖာသာသူတို့ ဖြစ်လာတဲ့သူဆိုရင်တော့ ချီးနဲ့ ဝိုင်းသုတ်ဖို့ဝန်မလေးတဲ့ မြန်မာ့ရုပ်ရှင်လောကသားတွေကိုးဗျ. . . အင်မတန် ရွံစရာကောင်းသပေါ့ဗျာ
စတီဗင် စပီးလ်ဘတ်ကြီးတောင် မြန်မာပြည်မှာ လာရိုက်ရင် အဖက်တွေက ကမ္ဘာ ကျော်ငွေလှိူင်လောက်မကောင်းဘူးဆိုပြီး ဘွတ်စမန်ပေးခံရမယ့်သဘောရှိတယ်.. . 😁😁😁😁
ဦးဇင်ဝိုင်းကြီးလဲ ပထမတုန်းက အပြင်ကနေ အထူးဆုပေးမယ်တွေဘာတွေ လျှောက်ပြော ဟုတ်တိဟုတ်ရဲ့နဲ့ ပြီးတော့. ဘာမှလဲမဟုတ်ဘူး အင်မတန် မနာလိုစိတ် ကြီးတဲ့သူတွေကိုးဗျ. . တစ်ယောက်ယောက် ပေးထားတဲ့ အထူးဆု ကို မခံစားနိူင်တော့ ဒီအစီစဉ်ကိုတောင်ရုတ်တရက်ဖျက်လိုက် သလားလို့တောင် ထင်မိတယ်. ဖြစ်လောက်တယ် ထင်တာဘဲ
ဖေ့စ်ဘုတ် တစ်ခုလုံးက ရီးခြင်း.မိုးမွှန်နေပြီကိုးဗျ သူမတွေ့ဘဲ မရှိဘူး သြင်္ကန် မိုးတို့ ဒဏ္ဍာရီတို့မှာ သောက်ထင်ကြီး ခဲ့သမျှ သွားတော့တာဘဲ အင်မတန် မနာလိုစိတ်ကြီးတဲ့သူတွေ သူထူးစံခမျာလဲ ပေးတဲ့သူတွေက ဇွတ်ပေးတော့. အူကြောင်ကြောင် ရှက်တက်တက်လေးနဲ့ ဆုယူသွားရတာကိုးဗျ.
(သူ့သရုပ်ဆောင်ကွက်က ဘာမှာ မှ မဟုတ်ဘဲ ကျားကြီးက ငိုတာတောင် ပြုံးတုန်းတုန်းရီဝေဝေလေး. သွားကြီးတွေ ဖြဲတာက အဖက်ကြီးနဲ့. မျက်လုံးဝါကြီးတွေနဲ့. ရှက်စရာကြီး) . သူထူးစံထက်စာရင် မုန်းစွဲ က နေတိုးရဲ့. သရုပ်ဆောင်ခြင်းက. ခဏလေးပြတာတောင် ပိုကောင်းတယ်လို့ခံစားရပါသဗျ
ဝိုင်း ကပြောလိုက်သေးတယ်. သူရတဲ့ဆုက ပရိသတ်ကို ကိုယ်စားပြုပါတယ်လို့. . ဆိုးချက်ဗျာ.ရွံစရာ ပရိသတ်ကို ကိုယ်စားပြုပါတယ်ဆိုတဲ့ စကားကို သိချင်ရင် ဖေ့စ်ဘုတ်ပေါ်တက်ကြည့်လိုက်ဗျို့.. မြန်မာ့ ရုပ်ရှင်လောက ဘယ်လောက်ဖာဆန်နေတယ်ဆိုတာတွေ့ရလိမ့်မယ်. စကရင်ရှော့ ရိုက်ပြီးပြရင်တောင် ခင်ဗျားတို့ မျက်လုံးကန်းသည်အထိ လိုက်ကြည့်လို့ရတယ်
ဟိုနေ့က.အသံ နဲ့ ပတ်သက်တဲ့ သမန်းကျားကိုမြင့်တို့ိလို ပညာရှင်တွေရဲ့ .ဝေဖန်ချက်ကောက်နူတ်ချက်တွေ. ကြားရတော့ ဒီနှစ်ကို တကယ့်ကို မျှော်လင့်တကြီးနဲ့ ရုပ်ရှင်လောကကြီးကို သောက်ထင်ကြီးခဲ့မိတဲ့ ငါကိုက ဖာမှားကြီး မှားတာပါ. .
စစ်အစိုးရ လက်ထက်ကတည်းက ဆိတ်လဇိတွေလို ဟိုဖက်ပြေးကပ် ဒီဖက်ပြေးကပ်လုပ်နေတဲ့ အဖွဲ့အစည်းကြီးတစ်ခုလုံးကို ရွံလွန်းလို့ ဒီစာကိုရေးတယ်. ကြိုးစားနေတဲ့ လူငယ်တွေကို အသိအမှတ်ပြုပေးဖို့တောင် ဝန်လေးနေကြတဲ့ အောက်တန်းစားအုပ်စုတွေ.. တိုင်းပြည်ရဲ့ တိုးတက်မူ့တွေ. နှောင့်နှေးခဲ့ရင် ဒီလို လူတွေကြောင့် ဒီလို လူတွေကို အကုန် ဆွဲထုတ်ပြီး တန်ကျင်လျိုပစ်ရမှာ.😤😤😤
ကျွန်တော်/ကျွန်မ ရဲ့ကျေးဇူးရှင်ဆရာကြီး ဘယ်သူ့ကို ဦးခိုက်ပါတယ်. ရှစ်ခိုးပါတယ်. ဆိုပြီး စင်ပေါ်ကနေ မျက်ရည်လေးဝဲပြ လက်ကလေးတွေ ဆုပ်ပြ အသံကို အမောဖောက်နေတဲ့ အသံနဲ့ပြောပြ ဒီလို ဒီလိုစကားပြောမယ့်သူကိုဘဲ ရွေးပြီး အကယ်ဒမီပေးတဲ့. မြန်မာ့မြန်မာ့ ရုပ်ရှင် ဖာခန်းကိုဝင်
ကိုင်း စိတ်ကြိုက်တော့တုပ်ပြီးပြီ.. ကိုယ်ကတော့ ကျေနပ်သွားပြီ. ဆုတွေကို ယူကြပေးကြနဲ့ ရှက်ဖွယ်လိလိ နဲ့ ချီးထုပ်ကြီးတွေ ကိုင်ထားမိတဲ့. ဆြာကြီးများ လိပ်ပြာ လုံလုံနဲ့ ပျော်နိူင်ကြပါစေ.
အိမ်း.ကိုယ်ကတော့. . မြန်မာရုပ်ရှင်ကို ရုံမှာတောင်မကြည့်တာ.အနှစ်နှစ်ဆယ်ကျော်ကြာပြီးမှ ရုံထဲကို ပြန်ြပ်ီး မရောက် ရောက်အောင် တွန်းပို့ပေးခဲ့တဲ့ ခီတို့ မီတို့ လင်မယားကို သူတို့တွေနဲ့ တွဲပီး ဆု မရလိုက်ခြင်းအတွက် အင်မတန် ဂုဏ်ယူတန်ဖိုးထားပါသဗျား ကျက်သရေ ရှိသွားတာပေါ့
ကိုင်း ခီတို့ မီတို့ ကိုယ့် ညီ ညီမ များရေ ကြိုက်တဲ့ ရုပ်ရှင် ကားကိုရိုက်လိုက်စမ်းပါ. . အီစကိုယ်မြိုင် ရောက်အောင်လာခဲ့ပြီး အနုပညာဆိုတာ ဒါဘဲလို့ ခံစားရင်း. ညီ ညီမတို့ ဖန်တီးထားတဲ့ ရုပ်ရှင်ကို အထင်ကြီးလေးစားစွာနဲ့ ရုပ်ရှင်ရုံ ထဲကိုအရောက်လာခဲ့မည် ဖြစ်ကြောင်း. အီစကိုယ်မြိုင်က ကတိပေးရင်း. အမည်စာရင်းကို ဘွတ်ကင် လုပ်ထား လိုက်ပါရစေ ခင်ဗျား
Aung Myaing Thin





















