Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Wednesday, December 19, 2018

ဘဏ္​​တြင္​ ​ေငြသြားလႊဲရာမွ ၁၀၀၀၀ က်ပ္​တန္​ အတု အရြက္​ (၅၀) ​ေတြ႔႐ွိ၍ ဖမ္​းဆီးခံရ


ေငြဆယ္သိန္းကို ဘဏ္ကေနေငြလာလႊဲရာမွာ ၁၀၀၀၀ က်ပ္တန္အတု အရြက္(၅၀) ေတြ႕လို႔ ဗဟိုဘဏ္ဥပေဒနဲ႔ အေရးယူ

ေနျပည္ေတာ္၊ ဒီဇင္ဘာ ၁၉

ကားဖိုးေငြေခ်ရန္ က်န္ရွိေနေသးသည့္ ေငြက်ပ္ ၁၀သိန္းကို ဘဏ္တြင္ေငြလာလႊဲရာ ယင္းေငြမ်ားအနက္ ၁၀၀၀၀ က်ပ္တန္ အတု အရြက္ ၅၀ ေတြ႔ရွိသျဖင့္ ေငြလာလႊဲသူကို ဗဟိုဘဏ္ဥပေဒပုဒ္မ ၁၀၅/၁၀၆ ျဖင့္ အေရးယူထားေၾကာင္း ျမန္မာႏိုင္ငံရဲတပ္ဖြဲ႔မွ သတင္းထုတ္ျပန္ထားသည္။

ယမန္ေန႔ ဒီဇင္ဘာလ ၁၈ ရက္ေန႔ နံနက္ ၁၁ နာရီခြဲခန္႔က ၿမိတ္ၿမိဳ႕၊ ဆိပ္ငယ္ ရပ္ကြက္၊ ဧရာဝတီဘဏ္ခြဲ(၁) ၌ ဦးေစာဝင္းနို(၆၃)ႏွစ္(ဥယ်ာဥ္ၿခံလုပ္)၊ ရွမ္းေခ်ာင္းရပ္ကြက္၊ ၿမိတ္ၿမိဳ႕ေနသူသည္ လြန္ခဲ့ေသာ ၂ လခန္႔က ကား ၁ စီးအား ဝယ္ယူခဲ့ရာတြင္ ေပးေခ်ရန္ က်န္ရွိသည့္ ေငြက်ပ္ ၁၀ သိန္းအား လွိုင္သာယာၿမိဳ႕နယ္ေန ကားပြဲစားႏွင့္ အငွားယာဥ္ေမာင္းႏွင္သူ ဦးမင္းမင္းေဇာ္ (စိစစ္ဆဲ)၏ ဘဏ္အေကာင့္သို႔ လာေရာက္လႊဲပို႔စဥ္ ၁၀,၀၀၀က်ပ္တန္ ေငြစကၠဴ အတု ၅၀ ရြက္အားေတြ႕ရွိသျဖင့္ ယင္းဘဏ္မန္ေနဂ်ာမွ ၿမိတ္ၿမိဳ႕မရဲစခန္းသို႔ လာေရာက္ အပ္ႏွံခဲ့သျဖင့္ ဦးေစာဝင္းနို အား ၿမိတ္ၿမိဳ႕မရဲစခန္း(ပ)၂၀၂၂/၂၀၁၈၊ ျမန္မာနိုင္ငံ ဗဟိုဘဏ္ ဥပေဒပုဒ္မ ၁၀၅/၁၀၆ ျဖင့္ အေရးယူထားေၾကာင္း ျမန္မာႏိုင္ငံရဲတပ္ဖြဲ႔မွ သတင္းထုတ္ျပန္ထားျခင္းျဖစ္သည္။

ျမန္မာႏိုင္ငံရဲတပ္ဖြဲ႔
Unicode Version
ငွေဆယ်သိန်းကို ဘဏ်ကနေငွေလာလွှဲရာမှာ ၁၀၀၀၀ ကျပ်တန်အတု အရွက်(၅၀) တွေ့လို့ ဗဟိုဘဏ်ဥပဒေနဲ့ အရေးယူ

နေပြည်တော်၊ ဒီဇင်ဘာ ၁၉

ကားဖိုးငွေချေရန် ကျန်ရှိနေသေးသည့် ငွေကျပ် ၁၀သိန်းကို ဘဏ်တွင်ငွေလာလွှဲရာ ယင်းငွေများအနက် ၁၀၀၀၀ ကျပ်တန် အတု အရွက် ၅၀ တွေ့ရှိသဖြင့် ငွေလာလွှဲသူကို ဗဟိုဘဏ်ဥပဒေပုဒ်မ ၁၀၅/၁၀၆ ဖြင့် အရေးယူထားကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်းထုတ်ပြန်ထားသည်။

ယမန်နေ့ ဒီဇင်ဘာလ ၁၈ ရက်နေ့ နံနက် ၁၁ နာရီခွဲခန့်က မြိတ်မြို့၊ ဆိပ်ငယ် ရပ်ကွက်၊ ဧရာဝတီဘဏ်ခွဲ(၁) ၌ ဦးစောဝင်းနို(၆၃)နှစ်(ဥယျာဉ်ခြံလုပ်)၊ ရှမ်းချောင်းရပ်ကွက်၊ မြိတ်မြို့နေသူသည် လွန်ခဲ့သော ၂ လခန့်က ကား ၁ စီးအား ဝယ်ယူခဲ့ရာတွင် ပေးချေရန် ကျန်ရှိသည့် ငွေကျပ် ၁၀ သိန်းအား လှိုင်သာယာမြို့နယ်နေ ကားပွဲစားနှင့် အငှားယာဉ်မောင်းနှင်သူ ဦးမင်းမင်းဇော် (စိစစ်ဆဲ)၏ ဘဏ်အကောင့်သို့ လာရောက်လွှဲပို့စဉ် ၁၀,၀၀၀ကျပ်တန် ငွေစက္ကူ အတု ၅၀ ရွက်အားတွေ့ရှိသဖြင့် ယင်းဘဏ်မန်နေဂျာမှ မြိတ်မြို့မရဲစခန်းသို့ လာရောက် အပ်နှံခဲ့သဖြင့် ဦးစောဝင်းနို အား မြိတ်မြို့မရဲစခန်း(ပ)၂၀၂၂/၂၀၁၈၊ မြန်မာနိုင်ငံ ဗဟိုဘဏ် ဥပဒေပုဒ်မ ၁၀၅/၁၀၆ ဖြင့် အရေးယူထားကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်းထုတ်ပြန်ထားခြင်းဖြစ်သည်။
– မြန်မာနိုင်ငံရဲတပ်ဖွဲ့

No comments:

Post a Comment