Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, December 13, 2018

(လက်ထပ်မည်ဟု လိမ်လည်၍ကာမ ရယူမှူ ၁_။)


ကျနော် မြန်မာပြည်နေခဲ့တုန်းက ရပ်ကွက်ကြီး၁၈ရပ်ကွက် ကျေးရွာ ပေါင်း ၄ ရွာ ရှိတဲ့မြို့နယ်ကြီးတစ်ခုမှာ အမျိုးသမီးရေး ရာ အတွင်းရေးမှူးလုပ်ပေးခဲ့ဘူးပါတယ်။ ဥက္ကဌ ကတော့ မြို့နယ် ဦးစီးမှူး ကတော်တွေ လုပ်ရပြီး အီးစီးများကတော့ ရက်ကွက်ကျေးရွာက နေ တင်ပေးတဲ့ လူတွေပါ။.အမျိုးသမီးရေးရာ အဖွဲ့ဆိုတာကလည်း အာဏာရှိတဲ့အဖွဲ့အစည်းတော့မဟုတ်ပါဘူး လူမှူရေးသက်သက် အဖွဲ့အစည်းတွေပါ။.တရက်တော့ ရပ်ကွက်ထဲကလူတချို့ မိန်းကလေးတစ်ယောက်ကိုခေါ်လာပါတယ်။ မိန်းကလေးက အသက်၂၃လောက် နယ်သူ နယ်သားပါ။ အထည်ချုပ် စက်ရုံတစ်ခုမှာလုပ်ပါတယိ ဆူပါဗိုက်ဆာ ရာထူးလေးနဲ့ပါ။ ရုပ်ရည်လေးလဲချောပါတယ်။...သူ့ကောင်လေးကတော့ စက်ရုံပိုင်ရှင်ရဲ့ဆွေမျိုးနီးစပ်မန်နေဂျာလိုလို လူမိုက်ခေါင်းလိုလို ပြသနာရှာတဲ့ သူတွေကို ဆွဲထိုး ဆွဲရိုက်ရတဲ့..ရာထူးပါတဲ့.. )

 ပြီးခဲ့တဲ့တပတ်ကျော်က..မိန်းကလေးက အိပ်ဆေးသောက်ပီး ဆေးရုံ ရောက်သွားလို့ ရဲစခန်းမှာအမှုမပတ်အောင်မနည်းရှင်းခဲ့ရသူပါတဲ့ ဘာလို့သေချငိတာလဲဆိုတော့ သု့ ချစ်သူ လက်ထပ်တော့မှာမို့တဲ့၊ သကြန် ပြီး နှစ်ဆန်း ၃ရက်နေ့ နင့်မိဘတွေဆီလာတောင်းမယ်ဆိုလို့ အိမ်က လူတွေ အဝတ်စားသစ်တွေချုပ်ပီး စောင့်နေကြသတဲ့ သူကိုယ်တိုင်လဲ ဝတ်မယ့် အကျီ အသစ်လေးကို ယူလာပြ ပါတယ်။ုကြိုက်နေတာ ၃နှစ် ရှိပြီ နယ်က အလုပ်လာလုပ်သူမို့ သူ့ချစ်သူနဲ့ တိုကိခန်းငှားပြီးliving together နေပါတယ်တဲ့ ကောင်မလေးအဖေရှိစဉ်ထဲကကြိုက်တာ၃နှစ်ရှိပြီး အိမ်ကို ဝင်ထွက် သွားလာနေပါတယ်တဲ့ အခုအဖေ ဆုံးတာ ၆လလောက်ရှိသွားပါပြီတဲ့.။ နောက်ဆုံးအခေါက် လာအိပ်သွားတာ ၃ပတ်ကြာပြီး မလာတော့ပါဘူးတဲ့. လက်ထပ်မယ်ပြောခဲ့လို့ ရွာက အမေတို့ကို ပြင်ဆင်ထားခိုင်းခဲ့တာ အရှက်ကွဲသွားတဲ့အတွက် အိပ်ဆေးသောက်ပီး သတ်သေမိပါတယ်တဲ့..။ဖုန်းမဆက်ဘုးလားဆိုတော့ ဖုန်းဆက်တယ်မကိုင်ဘူးတဲ့ စုံစမ်းကြည့်တော့ လက်ထက်တော့မယ်လို့ ပြောနေတယ်တဲ့ စက်ရုံထဲမှာလဲ ဒီသတင်းပျံ့သွားလို့ အခုအလုပ်ထွက်လာပြီး သတ်သေမိတာပါတဲ့။ ဘယ်သူ့ကို ဘာကိစ္စလက်ထပ်မှာလဲ..စုံစမ်းတော့ စက်ရုံပိုင်ရှင်ရဲ့ မိတ်ဆွေသမီး နယ်က ဆန်စက်ပိုင်ရှင် အမျိုးသမီးနဲ့ပါတဲ့..

ကဲ..အငိုတွေအယိုတွေနဲ့ အရှက်တကွဲမသေလို့ရောက်လာတဲ့ ကောင်မလေးကို ကျနော်တို့အရင် နှစ်သိမ့်ဆွေးနွေးပေးရပါတယ်။ လူ့အသက်က အရေးကြီးကြောင်း ဘာညာ ကိကွတွေပေါ့။.သဘောထားက ဘာလဲလို့ မေးတော့ သူ့ရည်းစား သူ့ကို လက်ထပ်တာ လိုချင်ပါတယ်တဲ့.. သူ့ရွာမှာ လက်ထပ်ပေးပါ.. မပေါင်းရင်လဲရပါတယ်။ လက်ထပ်ပီးမြန်မြန် ကွာရှင်းစာချုပ် ပြန်လုပ်ပေးပါ့မယ်တဲ့..။.ဒါဖြင့်ရင်လဲ မြို့နယ် အမျိုးသမီးအဖွဲ့သို့လို့ လိပ်မူပီ စာ တင်ပါလို့ သူ့စက်ရုံကို စာသွား ပို့ပေးပါ့မယ်ပေါ့ လူမှူရေးအရ ပမာဏ ညှိုကြပါလို့ မေတ္တာရပ်ခံခဲ့ပါတယ်။ စာပို့လဲမလာ ပါဘူး ။.တပတ်ထိ စောင့်ပါတယ် သူ့စက်ရုံက မန်နေဂျာပဲရောက်လာပါတယ်။ လျော်ကြေး ၁၀သိန်းပေးပါ့မယ်တဲ့။.ကောင်မလေးက သူကိုယ်တိုင်လာ တွေပြီး ပြောလို့ မှာပေမယိ့ မလာတော့ပါဘူး။.ကဲ..လူမှူရေး အဖွဲ့အစညိးဆိုတာကလဲ.. အမိန့်ပေးလို့ရတာမဟုတ်တော့ လူမှူရေးအရပဲ လုပ်ရတာတွေပါ။ . ရဲစခန်း တိုင်ဖို့ကလည်း ရဲအရေး ပိုင်မှူ မဟုတ်တော့ .နောက်ဆုံးကြံရာမရတော့ ရပ်ကွက်ထဲရှိနေတဲ့ ထောင်က ထွက် လာတဲ့လူ မိုက် ၅ယောက်လောက်ကို လှမ်းခေါ် အကူညီတောင်းပြီး စက်ရုံထဲက လူမိုက်ခေါင်း . အဲလူ ကို သွားခေါ် ခိုငိးခဲ့ရပါတော့တယ်။... ကျနော် အကူညီတောင်းတဲ့ သူများကလည်း တာဝန်ကျေပါတယ် ခေါ်လာပေးကြပါတယ်။ သူတို့ ၂ယောက်ကို ပြေလည်အောင်ညှိပါလို့ ပြောပြီး ကျနော်တွိုဘေးနားက ကြည့်နေခဲ့ပါတယ်။ သူ့ထက် မိုက်တဲ့ ထောင်ထွက် တွေရှေ့ မလှုပ်ရဲလို့သာနေမယ် ထို လူက မိန်းကလေးကို စားတော့ဝါးတော့မတတ် ကြည့်ပြီး လက်မထပ်နိုငိဘူး ငွေဘယ်လောက် ယူမလဲ မေးပါတော့တယ်။

. ငွေ၁၀သိန်းပေးတာနည်းလား နင်က တစ်သိန်းတောင်မတန်ဘူး လို့ မြန်မာရူပ်ရှင်တွေကအတိုင်း အဆင့်အတန်းကို ပြောလာပါတယ်။ ကျနော်တို့ လည်း.. မဖြစ်ခြေဘူး ဆက်လက်မပြောကြတော့ပဲ တရားဥပဒေအတိုင်းသာ ဆက်သွားဖို့ အကြံပေးရပါတော့တယိ။ နောက်ရက်မှာပဲ တရားရုံးကို သွား ဦးတိုက်လျောက်ပီး.. လက်ထပ်မည်ဟု ယုံကြည်အောင် ပြောဆို၍ ကာမလိမ်လည်ယူခဲ့ပါသည်ဟု ပုဒ်မတပ်ပီး အမှူဖွင့် လိုက်ရပါတော့တယ်။ သက်သေအနေနဲ့ကတော့ ဓာတ်ပုံ သက်သေများ လူသက်သေ သူငယ်ချင်းများ နှင့် အတူနေထိုငိခဲ့စဉ်က တိုင်ထားတဲ့ဧည့်စာရင်း စာရွက်များ ကို ထည့်ပြီး တိုင်ရပါတော့တယ်။နယ်ပြန်ပြီး မင်္ဂလာဆောင်ကာနီး ကာမလိမ်လည်မှူနဲ့တရား စွဲခံရတော့ သတို့သားလဲအတော် အရှက်ကွဲသွားပါတယ်။ တဖက် သတို့သမီးဖက်ကလညိး သိသွားကြပီး အတော်ပြသနာတက်ကြပါတယ်တဲ့.. ။ နောက်ဆက်တွဲအနေနဲ့ လျော်ကြေး သိန်း ၂၀၀ ပေးပြီးထောင်၆လ ကျသွားပါတယ်။ .. ကောင်မလေးက ရတဲ့ငွေ သိန်း၂၀၀ကို သူ့အမေဆီအကုန်ပေးခဲ့ပြီး မြဝတီကတဆငိ့ ထိုင်း အထည်ချုပ်စက်ရုံကို အပြီးထွက်သွားပါတော့တယ် ။ မင်္ဂလာဦးမှာ ငွေသိန်း၂၀၀ လျော်ပေးရပီးထောင်ကျ သွားတဲ့သူကတော့
အထဲမှာ အချင်းချင်း ရိုက်ကြပီး ခြေ တစ်ချောင်း အချိုး ခံလိုက်ရပီး ခုထက်ထိ ခြေ တဖက်နိမ့်နဲ့သွားနေပါတော့တယ်။ .
အမှန်တကယ်မတရား ခံခဲ့ရတဲ့သူအတွက် ကူညီပေးတဲ့ သူများကြောင့် .. မြန်မာပြည်မှာ အမျိုးသမီးအခွင့်အရေးအပြည့်ရသွားခဲ့တဲ့အမှူပါပဲ .ငွေရတာထက် ထောင်ကျသွားတာထက်.. ကိုယ့်လုပ်ရပ်အတွက်ကိုယ်ခံရတာကို ပြောချင်တာပါ။ နောက်အမှူတစ်ခုကို ထပ်ပြောပါအူးမယ်
................
လက်ထပ်မည်ဟု ပြောဆို၍ ကာမ ရယူမှူ (၂)
နောက်တမှူကတော့ ပထမအမှူနဲ့ပြောင်းပြန် အမှူပါ.. ကျနော်တို့ မြို့နယ်ရဲ့ရပ်ကွက်တခုက လူပျိုကြီးရဲ့အမှူတစ်ခုပါ။.သူ့အမေ သူ့အမ သူ့အဖေ တွေနဲ့ အတူ နေပါတယ်။. ငွေလည်းချမ်းသာတယ် ရုပ်ရည်လေးလဲ ရှိ ပညာလည်း တတ့်ပီးခုထက်ထိ မိန်းမ မရသေးသူမို့ ထူးဆန်းမိပါသေးတယ်။.အလှူအတန်းနဲ့ ပရဟိတ အလုပ်မှန်သမျှ တတပ်တအား ပါဝင်သူပါ။ ပြောမယ်ဆိုရင် ရပ်ကွက်ထဲ လူရိုသေရှင်ရို သေပေါ့ ။.ဒီလို လူကြီး က အသွား မတော် အကြိမ်ကြိမ် အစားမတော် အခါခါ ဖြစ်တော့ . သူတို့ ရပ်ကွက် နဲ့မနီးမဝေးက မာဆွတ် မာဆတ် တခုမှာ အမြဲ အနှိပ်သွားခံသတဲ့ ဘုရားလူကြီး လို ဆိုတော့လဲ လူမသိအောင်တိုးတိုး တိတ်တိတ်ပေါ့.. ..

သွားတာများရင်း မာစွပ် ပိုင်ရှင်မမကြီးနဲ့ ညိကြပါတော့တယ်။ အစက ပိုက်ဆပ်ပေးပြီး တပတ်၂ခါလောက် မာဆွတ်ရတဲ့ဘဝကနေ ပိုင်ရှင်ဂေါင်ကို ကိုင်ရတော့ အလကား မာဆွပ် ဆိုတော့ တွက်ခြေ ကိုက် နေတာပေါ့ တပတ်ကို ၂ခါ၃ခါ နဲ့ ၆လ ၁နှစ်လောက်ကြာရော ပြသနာ တက်ကြပါလေရော.. ညဘက်ပြန်မလာ လို့ အိမ်က အဖေကြီးက မာဆွတ် ခန်းကိုသွားခေါ် အော်ဆဲရာကနေ မာဆွပ်ပိုင်ရှင်နဲ့ဆက်ရန်ဖြစ်ပြီး .. ကြားထဲက လူပျိုကြီး အတီးခံရရော.. မာဆွတ်မမက ရဲစခန်းကို သွား ပိုင်နကိကျူးလွန် မှူကို အဖေကြီးကိုတိုင် ၊ လူပျိုကြီးကိုတော့ ကာမလိမ်လည်မှူ နှင့်တရားရုံး တိုက်ရိုက် ဦးတိုက်လျောက်ကြပါလေရော.. အဲမှာတင် သူ့အမေကြီးက ပြေးလာပြီး အမျိုးသမီးရေးရာ အဖွဲ့ကယ်ပါ.. ငိုပြရော..။ ဟယ်..ဘယ့်နှာ အမျိုးသမီးရေးရာ ကို အမျိုးသား ကိစ္စလာတိုင်နေတော့.. ဘာလုပ်ပေးရမယ်မသိ.. အကောင်းဆုံး အကြံကို သာ ပေးလိုက်ရပါတော့တယ်။ ချော့မော့ပြီး ညှိုကြပါ လို့..၊... ညှိုမရ လျော်ကြေးပေးလိုက်ပါလို့.။ ဟိုဘက်မာဆွတ်မမကလည်း လက်ထပ်ပေးပါပေါ့.၊ ဒီဘက် လူပျိုကြီးဘက်ကလည်း မတန်မရာ ဖာ မာစွပ်က ဘာညာ ပေါ့ .. တန်မလား မတန်လား နင့်သား မေးလေး ဘာညာ ကွိကွနဲ့ နောက်ဆုံး လျော်ကြေး. သိန်း ၃၀၀ လောက်နဲ့ ပြီးသွားတယ်ကြားလိုက်ရပါတယ်။ ဒီနေရာ မှာ မေးစရာ တွေရှိလာပါတယ်။ မာစွပ်က ဟာမ (ဖာမ )ကြီး မကောင်းတာလုပ်စားနေ မှန်းသိရက်နဲ့ တမင် ငွေလုပ်စား မှန်းသိရက်နဲ့ လျော်ကြေးမပေးနိုင်ဘုး မတန်ပါဘူးပေါ့..။ .. ဒါက လူမှူရေးဆိုဒ်ကပါ..။

ဥပဒေအမြင်မှာကြတော့ လူကလူပဲ အမျိုးသမီးက အမျိုးသမီးပဲ..မာစွပ် လုပ်ငန်းလုပ်နေသူက သူ့အလုပ် သူလုပ်နေတယ်၊ ဖာမလည်း သူ့တန်ဘိုးနဲ့သူ အမျိုးသမီးတစ်ယောက်ရဲ့တန်ဖိုး ရှိနေသူ၊ လူပျိုကြီးသွားမအိပ်ဘူးလား အိပ် တယ်၊.လူသက်သေ နဲ့ဓာတ်ပုံတွေ ရှိနေတယ်။ တရားရုံးရောက်တော့အခကြေးငွေနဲ့ ပျော်ပါးယုံ သက်သက်ပါဆိုလည်း အကြိမ်ရေ တွေနဲ့ လတွေ များသွားတော့...ငွေမရတော့ပါဘူး တငိပြပါသေးတယ်။ သဘောက ချစ်သူ လို ဖြစိသွား တယ်ပေါ့..😁😂😂🤣၊ အဲ .ဘယ်လိုကနေ ဘယိလို တရားရုံးက ဆုံးဖြတ်ကြတယ်မသိဘူး ထောင်တော့ မကျလိုက်ဘူး လျော်ကြေးငွေ သိန်း၃၀၀ ပေးလိုက်ရပါတယ်။ အော်.. မြန်မာပြည်မှာ မာဆွတ်က မိန်းမ ဖြစ်နေလဲ.. သူ့ရဲ့လူသား တန်ဖိုးနဲ့သူ.. သူတောင်းစားဖြစ်နေလဲ အမျိုးသမီး အခွင့်အရေး ၊ သူခိုးမဖြစ်နေလဲ အမျိုးသမီးအခွင့်အရေး ၊ အမျိုးသမီးအခွင့်အရေး အပြည့် ရနေပါသေးတယ် ဆိုတာ အကို တွေ မောင်တွေ သတိချပ်စေချင်ပါတယ်လို့..အဲ..သီဟတင်စိုး အမှူလိုတော့ မဟုတ်ပဲနဲ့တော့ သွားလိမ်ညာမနေနဲ့ပေါ့..
မယ်အုန်းသင်






  • မသင်းသင်း​ရေ လုပ်​စားချိန်​ရပ်​သင်​ပြီလို့ အလှမယ်သင်းသင်းကို ဝေဖန်ထားတဲ့ပို့စ်တစ်ခု
  • ဝေဠုကျော်နဲ့ သင်းသင်း Chat List များထွက်ပေါ်လာ
  • ဝေဋ္ဌုကျော်က လမ်းခွဲလိုက်လို့တရားစွဲမယ့် အလှမယ်သင်းသင်းဓာတ်ပုံများ ဖေ့ဘုတ်တွင်ပြန့်နှံ့လာ
  • ဝဠုကျော်ကိုတရားစွဲမယ်ဆိုတဲ့ အလှမယ် သင်းသင်း (ခ) သိမ့်ဟန်နီ
  • လူမှုအကျိုးပြု ဂုဏ်ထူးဆောင် သံတမန် အဖြစ် အကယ်ဒမီ ဝေဠုကျော်နှင့် သရုပ်ဆောင် ခိုင်နှင်းဝေတို့ကို ချီးမြှင့်ပေးအပ်ခဲ့
  • အိမ်သာဝင်နေတုန်း ယုတ်မာသူလူတစ်ယောက်ရဲ့ အောက်တန်းကျစွာ ဗီဒီယိုချောင်းရိုက်တာကိုခံလိုက်ရတဲ့ သန္တာဗိုလ်
  • နှစ်မကုန်ခင်မှာ အစွံထုတ်သွားတဲ့ လူပျိုကြီး သူထူးစံ
  • မိနစ်ပိုင်းအတွင်းကြည့်ရှုသူသောင်းချီသွားတဲ့ ရွှေနှစ်ရွှေရဲ့ပထမဆုံး စုံတွဲသီဆိုထားတဲ့ “အမှား” MTV သီချင်းသစ်
  • မနိုင်နိုင်ရာမဲနေတဲ့ လူတွေကို အမြဲပြုံးပြနေပါတယ်ဆိုတဲ့ စိုးမြတ်နန္ဒာ
  • သရုပ်ဆောင် ရဲမင်းပိုင်၏ ဖခင် သရုပ်ဆောင် ဦးဌေးဝင်း ကွယ်လွန်
  • No comments:

    Post a Comment