Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။
Showing posts with label Myanmar Bank. Show all posts
Showing posts with label Myanmar Bank. Show all posts

Sunday, August 18, 2019

ျမန္မာႏုိင္ငံကဘဏ္ဝန္ထမ္းမ်ားအေၾကာင္း


ဧရာဝတီဘဏ္ထဲ ဝင္သြားရင္
ကုိယ့္ေဆြမ်ဳိးအိမ္ထဲ ဝင္သြားရသလုိ ခံစားရတယ္။
(ေဖာ္ေရြလြန္းလို႔)

စီဘီဘဏ္ထဲ ဝင္သြားရင္ ကုိယ့္သူငယ္ခ်င္းေတြအိမ္ထဲ
ဝင္သြားရသလုိ ခံစားရတယ္။
(မ်က္လံုးခ်င္း ဆံုရင္ ၿပံဳးျပၾကတယ္)

ကေမၻာဇဘဏ္ထဲ ဝင္သြားရင္
ကုိယ့္အေၾကြးရွင္ အိမ္ထဲ ဝင္သြားရသလုိ ခံစားရတယ္။
(ကုိယ့္ပုိက္ဆံ ကုိယ္ထုတ္ခ်င္တာကုိ အသနားခံၿပီး
ၾကည့္ေနရတာ ကုိယ့္နာမည္ ဘယ္အခ်ိန္ေအာ္မလဲလုိ႔)

ရိုးမဘဏ္​ထဲကိုဝင္​သြားရင္​​ေတာ့
အဆင့္​ျမင္​့ သက္​ႀကီး​ေစာင္​့​ေရွာက္​ေရးစင္​တာ
ဘိုးဘြားရိပ္​သာကို​ေရာက္​သြားလိုခံစားရတယ္။

ျမန္မာ့ေရွ႕ေဆာင္ဘဏ္ထဲေရာက္ခ့ဲရင္ေတာ့
သေဘာတူထားေသာ ေယာကၡမအိမ္အလည္သြားရတ့ဲ
သတိုးသားေလာင္းအလား အားလုံးကဖက္လဲွတကင္း
ေဖာ္ေဖာ္ေရြေရြ ။

ထြန္းေဖာင္ေဒးရွင္းဘဏ္ထဲ မေတာ္တဆမ်ား ေရာက္ခ့ဲရင္ အပ်ိဳၾကီးေတြေနတ့ဲအေဆာင္ထဲ ေရာက္ခ့ဲသလို
ေယာင္ခ်ာခ်ာ ေၾကာင္ေတာင္ေတာင္ ခံစားေနရတ့ဲအေနအထား ။

ျမန္မာ့စီးပြားေရးဘဏ္ ထဲဝင္သြား ရင္ေတာ့
အေမဇံုေတာနက္ႀကီးထဲက အသားစားလူရိုင္းေတြအၾကား
ေရာက္သြားသလိုပါပဲ😜

Just for funny

😁😁😁

မူရင္းေရးသားသူ (ေလးစားမႈျဖင့္ ခရက္ဒစ္)

Friday, April 19, 2019

ဘဏ္​​ေတြက ​ေငြ အတု​ေတြ မသိတ့ဲ ျပည္​သူမ်ား လာအပ္​တာ ​ေတြ႔ရင္​ စုတ္​ျဖဲဖ်က္​ဆီး ပိုင္​ခြင္​့ မ႐ွိဘူး ၊

ဘဏ္​​ေတြက ​ေငြ အတု​ေတြ မသိတ့ဲ ျပည္​သူမ်ား လာအပ္​တာ ​ေတြ႔ရင္​ စုတ္​ျဖဲဖ်က္​ဆီး ပိုင္​ခြင္​့ မ႐ွိဘူး ၊ လက္​မခံခ်င္​ရင္​ လက္​မခံပဲ ​ေနလို႔ ရတယ္​ လို႔ ​ေျပာခ့ဲတ့ဲ ႐ုပ္​/ သံ

Tuesday, April 16, 2019

အလြန္အေရးၾကီးလို႔ ကေမာၻဇဘဏ္က တရားဝင္ထုတ္ျပန္ေၾကျငာလိုက္ေသာ သတိေပးစာ


ေလးစားရပါေသာ KBZ Online Banking အသံုးျပဳမ်ား
လတ္တေလာအခ်ိန္တြင္ ကေမာၻဇဘဏ္၏ Online Banking အသံုးျပဳသူမ်ားထံသို႔ ကေမာၻဇဘဏ္မွေပးပို႔ေသာ Email ပုံစံအသြင္ေဆာင္၍ Email အဆံုးသတ္တြင္ ကေမာၻဇဘဏ္၏ ရံုးခ်ဳပ္လိပ္စာကိုပင္ထည႔္သြင္းေရးသားလ်က္ ထင္ေယာင္ထင္မွားျပဳကာ Customer ၏အေကာင္႔ကိုတျခားသူတစ္ဦးမွ နိုင္ငံရပ္ျခားတစ္ေနရာမွေန၍ ၀င္ေရာက္အသံုးျပဳေနပါသည္ဟု ဆိုေသာ လိမ္လည္ျဖားေယာင္း မဟုတ္မွန္ေသာ ႏိႈးေဆာ္ခ်က္မ်ားအား ေပးပို႔လ်က္ customer မ်ားအားထိတ္လန္႕စိုးရိမ္မွဳမ်ားျဖစ္ေပၚေစကာ Username နွင္႔ Password ကိုအသံုးျပဳ၍ Login ၀င္ေရာက္ေစျပီး မိမိတို႔၏အေကာင္႔အား စစ္ေဆး အတည္ျပဳေပးခိုင္းသည့္ Phishing email မ်ားကို မသမာသူမ်ားမွ အဆက္မျပတ္ ေပးပို႔လ်က္ရွိပါသည္။

KBZ ဘဏ္၏ domain လိပ္စာႏွင့္၀င္ေရာက္လာေသာ ေမးလ္မဟုတ္လွ်င္ လံုးဝမႏွိပ္ပါႏွင့္။
ကေမ႓ာဇဘဏ္မွ တရားဝင္ ေပးပို႔ေသာ email မွာ (KBZ Bank ) ျဖစ္ျပီး “ ” ေနာက္တြင္ kbzbank com ဆိုေသာ domain ႏွင့္ အဆံုးသတ္ပါသည္။

အဆိုပါ အခ်က္မ်ားအား သတိမျပဳမိပဲ ထုိကဲ့သို႕ေသာ email မ်ားကိုနွိပ္မိသြားခဲ့လွ်င္ အေကာင့္ကို ခ်က္ခ်င္း ပိတ္ႏုိင္ရန္ ဘဏ္သုိ႕အခ်ိန္မွီအေၾကာင္းၾကားသင္႔ပါသည္။

အေသးစိတ္သိရွိလိုသည္မ်ားအတြက္ KBZ Bank Online Banking Call Center 01 370108 ၊ 01 370109 မ်ားသို႔ ေန႔စဥ္ မနက္ ၆ နာရီမွ ည ၁၀ နာရီအတြင္း ဆက္သြယ္ေမးျမန္းႏိုင္ပါသည္။

KBZ

Unicode ျဖင့္ဖတ္ရန္
KBZ ဘဏ်မှ ကြေညာထားချက်မှာ အောက်ပါအတိုင်းဖြစ်ပါသည်။

လေးစားရပါသော KBZ Online Banking အသုံးပြုများ
လတ်တလောအချိန်တွင် ကမ္ဘောဇဘဏ်၏ Online Banking အသုံးပြုသူများထံသို့ ကမ္ဘောဇဘဏ်မှပေးပို့သော Email ပုံစံအသွင်ဆောင်၍ Email အဆုံးသတ်တွင် ကမ္ဘောဇဘဏ်၏ ရုံးချုပ်လိပ်စာကိုပင်ထည့်သွင်းရေးသားလျက် ထင်ယောင်ထင်မှားပြုကာ Customer ၏အကောင့်ကိုတခြားသူတစ်ဦးမှ နိုင်ငံရပ်ခြားတစ်နေရာမှနေ၍ ၀င်ရောက်အသုံးပြုနေပါသည်ဟု ဆိုသော လိမ်လည်ဖြားယောင်း မဟုတ်မှန်သော နှိုးဆော်ချက်များအား ပေးပို့လျက် customer များအားထိတ်လန့်စိုးရိမ်မှုများဖြစ်ပေါ်စေကာ Username နှင့် Password ကိုအသုံးပြု၍ Login ၀င်ရောက်စေပြီး မိမိတို့၏အကောင့်အား စစ်ဆေး အတည်ပြုပေးခိုင်းသည့် Phishing email များကို မသမာသူများမှ အဆက်မပြတ် ပေးပို့လျက်ရှိပါသည်။

KBZ ဘဏ်၏ domain လိပ်စာနှင့်ဝင်ရောက်လာသော မေးလ်မဟုတ်လျှင် လုံးဝမနှိပ်ပါနှင့်။
ကမေ႓ာဇဘဏ်မှ တရားဝင် ပေးပို့သော email မှာ (KBZ Bank ) ဖြစ်ပြီး “ ” နောက်တွင် kbzbank com ဆိုသော domain နှင့် အဆုံးသတ်ပါသည်။

အဆိုပါ အချက်များအား သတိမပြုမိပဲ ထိုကဲ့သို့သော email များကိုနှိပ်မိသွားခဲ့လျှင် အကောင့်ကို ချက်ချင်း ပိတ်နိုင်ရန် ဘဏ်သို့အချိန်မှီအကြောင်းကြားသင့်ပါသည်။

အသေးစိတ်သိရှိလိုသည်များအတွက် KBZ Bank Online Banking Call Center 01 370108 ၊ 01 370109 များသို့ နေ့စဉ် မနက် ၆ နာရီမှ ည ၁၀ နာရီအတွင်း ဆက်သွယ်မေးမြန်းနိုင်ပါသည်။

KBZ

Tuesday, March 12, 2019

ဦးေက်ာ္ေနဝင္းကုမၸဏီက ေခ်းတဲ့ေငြ က်ပ္ ၅၀ ဘီလီယံကို ျပန္မေပးရင္ ဧရာဝတီဘဏ္မွ တရားစြဲမည္

ျမန္မာ့ဆိုရွယ္လစ္ လမ္းစဥ္ပါတီေခတ္က အာဏာရွင္ ဗုိလ္ခ်ဳပ္ႀကီးေဟာင္း ဦးေနဝင္းရဲ႕ ေျမး ဦးေက်ာ္ေနဝင္း ဦးစီးလုပ္ကိုင္ေနတဲ့ General Service ကုမၸဏီလီမိတက္က ေခ်းယူထားတဲ့ က်ပ္ေငြ ဘီလီယံ ၅၀ ကို တစ္ႏွစ္ေက်ာ္တဲ့အထိ အတုိးမဆပ္တဲ့အတြက္ ဧရာဝတီဘဏ္က တရားစြဲဆုိသြားမယ္ဆုိလို႔ ဧရာဝတီဘဏ္ သတင္းထုတ္ျပန္ေရး ေကာ္မတီက ဒီေန႔ ထုတ္ျပန္လုိက္ပါတယ္။ RFA သတင္းေထာက္ ကိုေအာင္သိခၤက တင္ျပေပးထားပါတယ္။

မေန႔က Omni Focus တာဝန္ရွိသူ ဦးေက်ာ္ေနဝင္းနဲ႔ ဧရာဝတီဘဏ္ တာဝန္ရွိသူေတြ၊ ရန္ကုန္တုိင္း စီးပြာ၊ စီမံ၊ ဘ႑ာေရးရာ ေကာ္မတီတို႔ ေတြ႔ဆုံေဆြးေႏြးခဲ့ၾကၿပီး အဲဒီေဆြးေႏြးမႈအၿပီး မတ္လ ၈ ရက္ေန႔မွာ အခုလုိ ထုတ္ျပန္လုိက္တာ ျဖစ္ပါတယ္။

Omni Focus ကုမၸဏီလီမိတက္၊ Central Yangon Network ကုမၸဏီ လီမတက္နဲ႔ Keen Support ကုမၸဏီလီမိတက္ တုိ႔အေနနဲ႔ ေခ်းေငြအတုိးအရင္း ေပးဆပ္ဖုိ႔ က်န္တဲ့အေပၚ ဧရာဝတီဘဏ္ဘက္က လုပ္ထုံးလုပ္နည္းနဲ႔အညီ ေဆာင္ရြက္ခဲ့ေၾကာင္း၊ တိုင္းအစုိးရအဖြဲ႔နဲ႔ YRTA အဖြဲ႔ကို အကူအညီေတာင္းခံခဲ့ၿပီး တရားစြဲဆုိဖို႔ ဆက္လက္ေဆာင္ရြက္ေနေၾကာင္း ထုတ္ျပန္ခ်က္မွာ ပါဝင္ပါတယ္။

အထက္ပါအေၾကာင္းအရာပါကိစၥနဲ႔ ပတ္သက္ၿပီး ရန္ကုန္တိုင္းေဒသႀကီး သယ္ယူပို႔ေဆာင္ေရး ႀကီးၾကပ္ကြပ္ကဲမႈ အာဏာပိုင္အဖြဲ႔ YRTA က အတြင္းေရးမွဴး ေဒါက္တာ ေမာင္ေအာင္ကို RFA က ဆက္သြယ္ေမးျမန္းခ်ိန္မွာ အခုလုိ ေျပာပါတယ္။

“အဲဒါေတာ့ ေျဖလုိ႔မရေသးဘူးေပါ့၊ ငါတို႔အဆင့္ ေျဖလုိ႔မျဖစ္ေသးဘူး ဟုတ္ၿပီေနာ္၊ မင္းတုိ႔မီဒီယာမွာ တက္ေနတဲ့ မင္းတုိ႔ေတြ႔တဲ့အတုိင္းပဲေလေနာ့၊ ဟုတ္ၿပီေနာ္ ေျပာလို႔မရဘူး”
လူမႈကြန္ယက္စာမ်က္ႏွာမွာ ပ်ံ႕ႏွံ႔လာတဲ့ စာရြက္စာတမ္းေတြမွာ ရန္ကုန္တုိင္းေဒသႀကီး သယ္ယူပုိ႔ေဆာင္ေရး ႀကီးၾကပ္မႈ အာဏာပုိင္အဖြဲ႔ YRTA အေနနဲ႔ YBS စတင္အေကာင္အထည္ေဖာ္ဖုိ႔ အတြက္ ေငြက်ပ္ သန္း ၁၀၀ သုံးစြဲမွာျဖစ္တဲ့အတြက္ ဘဏ္လုပ္ထုံးလုပ္နည္းအတုိင္း ညႇိႏႈိင္းေဆာင္ရြက္လုိေၾကာင္း ၂၀၁၇ ခုႏွစ္ ဇန္နဝါရီ ၂၄ ရက္ ရက္စြဲနဲ႔ ဝန္ႀကီးခ်ဳပ္ကိုယ္စား အတြင္းေရးမွဴး မ်ဳိးေအာင္ေဌး လက္မွတ္နဲ႔ စာတစ္ေစာင္ပါဝင္ပါတယ္။

လုိအပ္တဲ့ေငြေၾကးအတြက္ ကုမၸဏီ ၃ ခုျဖစ္တဲ့ Omni Focus ကုမၸဏီလီမိတက္၊ Central Yangon Network ကုမၸဏီ လီမတက္နဲ႔ Keen Support ကုမၸဏီလီမိတက္ တို႔ကို ကားအစီးေရ ၅၀၀ ဝယ္ယူဖုိ႔ က်ပ္ေငြ ဘီလီယံ ၅၀ ေက်ာ္ ကို ဧရာဝတီဘဏ္က ထုတ္ေခ်းထားတာကို လစဥ္အတုိးအရင္း ေပးဆပ္ဖုိ႔ ပါဝင္ပါတယ္။

အဲဒီကုမၸဏီ ၃ ခုဟာ ဧရာဝတီဘဏ္ကို လစဥ္အတုိးအရင္းေပးဆပ္ဖို႔ ၂၀၁၇ ခုႏွစ္ ႏုိဝင္ဘာလကစၿပီး ၂၀၁၈ ခုႏွစ္ ႏုိဝင္ဘာ ၁၁ ရက္ေန႔အထိ ပ်က္ကြက္ခဲ့တယ္လို႔ ေဖာ္ျပထားပါတယ္။ဧရာဝတီဘဏ္ တာဝန္ရွိသူ ဒါ႐ုိက္တာ ဦးေနလင္းထြဋ္ ကုိဆက္သြယ္ခ်ိန္မွာ ေမးျမန္းခ်င္သည့္ အေၾကာင္းအရာအား ေတာင္းဆုိခ်ိန္မွာ RFA သတင္းဌာနအေနနဲ႔ သတင္းအတြက္ လုိအပ္တဲ့အခ်ိန္ မေလာက္ခဲ့တဲ့အတြက္ ဆက္သြယ္မႈ မျပဳလုပ္ေတာ့ဘဲ ဧရာဝတီဘဏ္ရဲ႕ ထုတ္ျပန္ခ်က္ကိုသာ ျပန္လည္ေရးသား ေဖာ္ျပလိုက္တာျဖစ္ပါတယ္။

ရန္ကုန္တုိင္းေဒသႀကီး ဝန္ႀကီးခ်ဳပ္ ဦးၿဖိဳးမင္းသိန္းနဲ႔ အစုိးရအဖြဲ႔က အာမခံေခ်းယူေပးထားတာျဖစ္ေၾကာင္း၊ ႏွစ္ဖက္ညႇိႏႈိင္းေဆာင္ရြက္ဖုိ႔ လုိအပ္ၿပီး ညႇိႏႈိင္းမႈ အဆင္မေျပရင္ေတာ့ တရားစြဲဆုိမႈေတြ ျဖစ္လာႏုိင္ေၾကာင္း ရန္ကုန္တုိင္း စီးပြာ၊ စီမံ၊ ဘ႑ာေရးရာ ေကာ္မတီဝင္ တစ္ဦးျဖစ္တဲ့ တုိင္းေဒသႀကီး လႊတ္ေတာ္ ကိုယ္စားလွယ္ ဦးေက်ာ္ေဇယ်က ေျပာပါတယ္။

“ဝန္ႀကီးခ်ဳပ္ႀကီး ေျဖရွင္းေပးရင္ေတာ့ ရတာေပါ့ဗ်ာ၊ အစုိးရအဖြဲ႔ကေျဖရွင္း က်ေတာ္ အႏွစ္သာရ ေျပာရရင္ေတာ့ အစုိးရအဖြဲ႔က ေျဖရွင္းမေပးတဲ့အတြက္ အပ္နဲ႔ထြင္းရမွာကို ေပါက္ဆိန္နဲ႔ထြင္းရမယ့္ အေနအထားျဖစ္တယ္၊ အခ်ိန္ၾကာလာတာေပါ့ဗ်ာ အစတည္းက သူတို႔ အစုိးရအဖြဲ႔ကိုလည္း တင္ျပတယ္၊ ဘဏ္ကလည္း တင္ျပတယ္၊ အခက္အခဲေတြကို YRTA ကိုတင္ျပေနတယ္၊ အဲဒီတင္ျပတာေတြကို အခ်ိန္မီ အခ်ိန္နဲ႔တစ္ေျပးညီ ေျဖရွင္းေပးေနရင္ ဒီျပႆနာ လႊတ္ေတာ္ကို ေရာက္လာစရာအေၾကာင္းကို မရွိဘူး၊ အတုိးေပးမယ့္ ကုမၸဏီကလည္း အဆင္မေျပဘူး မေပးႏုိင္ဘူး ဘဏ္ကလည္း အတုိးယူခ်င္တာေပါ့၊ ဟုိဘက္ကလည္း မေပးႏုိင္ဘူး၊ ဒါကုိေျပလည္ေအာင္ မျဖစ္ဘူးဆုိရင္ေတာ့ ႏွစ္ဦးႏွစ္ဖက္ တရား႐ုံးကို ေရာက္သြားႏုိင္တာေပါ့”

ဧရာဝတီဘဏ္ က ၂၀၁၈ ခုႏွစ္ ႏုိဝင္ဘာလ ၁၅ ရက္ေန႔ရက္စြဲနဲ႔ ေပးပို႔ထားတဲ့ အေၾကာင္းၾကားစာမွာ ပါဝင္တဲ့ Omni Focus ဟာ ေခ်းေငြ အတုိးအရင္း လစဥ္ေပးဆပ္ေၾကာင္း က်န္ရွိေနတာကိုလည္း လစဥ္အေက်ေပးဆပ္ဖုိ႔ ၂၀၁၉ ခုႏွစ္ ဇန္နဝါရီလ ၃၁ ရက္ေန႔က အေၾကာင္းျပန္ထားေၾကာင္း ပါဝင္ၿပီး တရားစြဲဆုိမႈကိုလည္း ေျဖရွင္းသြားမွာျဖစ္ေၾကာင္း ျပည္ျမန္မာ သတင္းဂ်ာနယ္ တစ္ခုတည္းကို ေပးခဲ့တဲ့ ေတြ႔ဆုံေမးျမန္းမႈမွာ ဦးေက်ာ္ေနဝင္းက အခုလုိ ေျဖၾကားထားပါတယ္။

“က်ေတာ္တို႔ဒီကိစၥနဲ႔ ပတ္သက္လုိ႔ က်ေတာ္တုိ႔ ရဲရဲဝံ့ဝံ့ ရင္ဆုိင္ရဲပါတယ္၊ နည္းလမ္းအတုိင္းဘဲ ေျဖရွင္းမလား တရားနည္းလမ္းအတုိင္းဘဲ ေျဖရွင္းမလား၊ က်ေတာ္တုိ႔ဘက္က အသင့္ရွိပါတယ္၊ ဘာျဖစ္လုိ႔လဲဆုိေတာ့ ဒါသည္ေျဖရွင္းရမယ့္ ကိစၥတစ္ခုျဖစ္လာၿပီ၊ ဂုဏ္သိကၡာပိုင္းနဲ႔လည္း ဆုိင္တယ္၊ မူလပထမအစကေန က်ေတာ္တုိ႔ ႔ ေျဖရွင္းသြားမွာ ျဖစ္ပါတယ္၊ ေျဖရွင္းဖို႔လည္း က်ေတာ္တုိ႔အားလုံး ျပင္ဆင္ၿပီးသားျဖစ္ပါတယ္၊ ခုနကက်ေတာ္ တင္ျပခဲ့သလုိပါပဲ က်ေတာ္တို႔ အေကာင့္ထဲကို ထည့္လုိက္တဲ့ မွားယြင္းစြာထည့္လိုက္တဲ့ ပိုက္ဆံကို က်ေတာ္တုိ႔ကို အသိမေပးဘဲ ျပန္ထြက္သြားတဲ့ကိစၥကို က်ေတာ္တို႔ တရားစြဲဆုိသြားဖို႔ ရွိပါတယ္၊ ဘာျဖစ္လုိ႔လဲဆုိ ဒါအေၾကာင္းၾကားရမွာျဖစ္သလုိ ဒီကိစၥကို က်ေတာ္တုိ႔ အဆုံးစြန္ထိတင္ျပၿပီးေတာ့ ဆက္လက္ေဆာင္ရြက္သြားဖုိ႔ အစီအစဥ္ရွိပါတယ္”

ဦးေက်ာ္ေနဝင္းရဲ႕ ေျဖၾကားမႈမွာ သတင္းေရးသားတဲ့ ဟစ္တုိင္သတင္းဌာနကိုလည္း မွန္ကန္သတင္းဌာန မဟုတ္ေၾကာင္း မွန္ကန္မႈမရွိတဲ့ သတင္းေတြကို ဆက္လက္ေရးသားမယ္ဆုိရင္သတင္းမီဒီယာ ေကာင္စီကို တုိင္ၾကားသြားမွာျဖစ္ေၾကာင္း သတင္းထုတ္ျပန္မႈကို RFA သတင္းေထာက္ထံ ဦးေက်ာ္ေနဝင္းက Viber မွတစ္ဆင့္ ပုိ႔ေပးတဲ့ ထုတ္ျပန္ခ်က္မွာ ပါဝင္ပါတယ္။

ၿပီးခဲ့တဲ့ ဇန္န၀ါရီလ ၁၆ ရက္ေန႔က စတင္ၿပီး အရင္ မထသ စနစ္ကေန YBS စနစ္ကို ေျပာင္းလဲခဲ့တာျဖစ္ပါတယ္။ အဲဒီလို ေျပာင္းလဲခဲ့ေပမယ့္ ယာဥ္လုပ္သားေတြရဲ႕ ခရီးသြားေတြအေပၚ ဆက္ဆံေရး မေျပျပစ္တာနဲ႔ ယာဥ္စည္းကမ္းေဖာက္ဖ်က္မႈေတြေၾကာင့္ ေ၀ဖန္မႈေတြ ရွိေနသလုိ ယာဥ္လုိင္းတုိးခ်ဲ႕ ဖြင့္လွစ္တာေတြလည္း ရွိေနပါတယ္ခင္ဗ်ာ။
RFA
#Unicode Version#
မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီခေတ်က အာဏာရှင် ဗိုလ်ချုပ်ကြီးဟောင်း ဦးနေဝင်းရဲ့ မြေး ဦးကျော်နေဝင်း ဦးစီးလုပ်ကိုင်နေတဲ့ General Service ကုမ္ပဏီလီမိတက်က ချေးယူထားတဲ့ ကျပ်ငွေ ဘီလီယံ ၅၀ ကို တစ်နှစ်ကျော်တဲ့အထိ အတိုးမဆပ်တဲ့အတွက် ဧရာဝတီဘဏ်က တရားစွဲဆိုသွားမယ်ဆိုလို့ ဧရာဝတီဘဏ် သတင်းထုတ်ပြန်ရေး ကော်မတီက ဒီနေ့ ထုတ်ပြန်လိုက်ပါတယ်။ RFA သတင်းထောက် ကိုအောင်သိင်္ခက တင်ပြပေးထားပါတယ်။

မနေ့က Omni Focus တာဝန်ရှိသူ ဦးကျော်နေဝင်းနဲ့ ဧရာဝတီဘဏ် တာဝန်ရှိသူတွေ၊ ရန်ကုန်တိုင်း စီးပွာ၊ စီမံ၊ ဘဏ္ဍာရေးရာ ကော်မတီတို့ တွေ့ဆုံဆွေးနွေးခဲ့ကြပြီး အဲဒီဆွေးနွေးမှုအပြီး မတ်လ ၈ ရက်နေ့မှာ အခုလို ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။

Omni Focus ကုမ္ပဏီလီမိတက်၊ Central Yangon Network ကုမ္ပဏီ လီမတက်နဲ့ Keen Support ကုမ္ပဏီလီမိတက် တို့အနေနဲ့ ချေးငွေအတိုးအရင်း ပေးဆပ်ဖို့ ကျန်တဲ့အပေါ် ဧရာဝတီဘဏ်ဘက်က လုပ်ထုံးလုပ်နည်းနဲ့အညီ ဆောင်ရွက်ခဲ့ကြောင်း၊ တိုင်းအစိုးရအဖွဲ့နဲ့ YRTA အဖွဲ့ကို အကူအညီတောင်းခံခဲ့ပြီး တရားစွဲဆိုဖို့ ဆက်လက်ဆောင်ရွက်နေကြောင်း ထုတ်ပြန်ချက်မှာ ပါဝင်ပါတယ်။

အထက်ပါအကြောင်းအရာပါကိစ္စနဲ့ ပတ်သက်ပြီး ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ YRTA က အတွင်းရေးမှူး ဒေါက်တာ မောင်အောင်ကို RFA က ဆက်သွယ်မေးမြန်းချိန်မှာ အခုလို ပြောပါတယ်။

“အဲဒါတော့ ဖြေလို့မရသေးဘူးပေါ့၊ ငါတို့အဆင့် ဖြေလို့မဖြစ်သေးဘူး ဟုတ်ပြီနော်၊ မင်းတို့မီဒီယာမှာ တက်နေတဲ့ မင်းတို့တွေ့တဲ့အတိုင်းပဲလေနော့၊ ဟုတ်ပြီနော် ပြောလို့မရဘူး”
လူမှုကွန်ယက်စာမျက်နှာမှာ ပျံ့နှံ့လာတဲ့ စာရွက်စာတမ်းတွေမှာ ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်မှု အာဏာပိုင်အဖွဲ့ YRTA အနေနဲ့ YBS စတင်အကောင်အထည်ဖော်ဖို့ အတွက် ငွေကျပ် သန်း ၁၀၀ သုံးစွဲမှာဖြစ်တဲ့အတွက် ဘဏ်လုပ်ထုံးလုပ်နည်းအတိုင်း ညှိနှိုင်းဆောင်ရွက်လိုကြောင်း ၂၀၁၇ ခုနှစ် ဇန်နဝါရီ ၂၄ ရက် ရက်စွဲနဲ့ ဝန်ကြီးချုပ်ကိုယ်စား အတွင်းရေးမှူး မျိုးအောင်ဌေး လက်မှတ်နဲ့ စာတစ်စောင်ပါဝင်ပါတယ်။

လိုအပ်တဲ့ငွေကြေးအတွက် ကုမ္ပဏီ ၃ ခုဖြစ်တဲ့ Omni Focus ကုမ္ပဏီလီမိတက်၊ Central Yangon Network ကုမ္ပဏီ လီမတက်နဲ့ Keen Support ကုမ္ပဏီလီမိတက် တို့ကို ကားအစီးရေ ၅၀၀ ဝယ်ယူဖို့ ကျပ်ငွေ ဘီလီယံ ၅၀ ကျော် ကို ဧရာဝတီဘဏ်က ထုတ်ချေးထားတာကို လစဉ်အတိုးအရင်း ပေးဆပ်ဖို့ ပါဝင်ပါတယ်။

အဲဒီကုမ္ပဏီ ၃ ခုဟာ ဧရာဝတီဘဏ်ကို လစဉ်အတိုးအရင်းပေးဆပ်ဖို့ ၂၀၁၇ ခုနှစ် နိုဝင်ဘာလကစပြီး ၂၀၁၈ ခုနှစ် နိုဝင်ဘာ ၁၁ ရက်နေ့အထိ ပျက်ကွက်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။ဧရာဝတီဘဏ် တာဝန်ရှိသူ ဒါရိုက်တာ ဦးနေလင်းထွဋ် ကိုဆက်သွယ်ချိန်မှာ မေးမြန်းချင်သည့် အကြောင်းအရာအား တောင်းဆိုချိန်မှာ RFA သတင်းဌာနအနေနဲ့ သတင်းအတွက် လိုအပ်တဲ့အချိန် မလောက်ခဲ့တဲ့အတွက် ဆက်သွယ်မှု မပြုလုပ်တော့ဘဲ ဧရာဝတီဘဏ်ရဲ့ ထုတ်ပြန်ချက်ကိုသာ ပြန်လည်ရေးသား ဖော်ပြလိုက်တာဖြစ်ပါတယ်။

ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနဲ့ အစိုးရအဖွဲ့က အာမခံချေးယူပေးထားတာဖြစ်ကြောင်း၊ နှစ်ဖက်ညှိနှိုင်းဆောင်ရွက်ဖို့ လိုအပ်ပြီး ညှိနှိုင်းမှု အဆင်မပြေရင်တော့ တရားစွဲဆိုမှုတွေ ဖြစ်လာနိုင်ကြောင်း ရန်ကုန်တိုင်း စီးပွာ၊ စီမံ၊ ဘဏ္ဍာရေးရာ ကော်မတီဝင် တစ်ဦးဖြစ်တဲ့ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးကျော်ဇေယျက ပြောပါတယ်။

“ဝန်ကြီးချုပ်ကြီး ဖြေရှင်းပေးရင်တော့ ရတာပေါ့ဗျာ၊ အစိုးရအဖွဲ့ကဖြေရှင်း ကျတော် အနှစ်သာရ ပြောရရင်တော့ အစိုးရအဖွဲ့က ဖြေရှင်းမပေးတဲ့အတွက် အပ်နဲ့ထွင်းရမှာကို ပေါက်ဆိန်နဲ့ထွင်းရမယ့် အနေအထားဖြစ်တယ်၊ အချိန်ကြာလာတာပေါ့ဗျာ အစတည်းက သူတို့ အစိုးရအဖွဲ့ကိုလည်း တင်ပြတယ်၊ ဘဏ်ကလည်း တင်ပြတယ်၊ အခက်အခဲတွေကို YRTA ကိုတင်ပြနေတယ်၊ အဲဒီတင်ပြတာတွေကို အချိန်မီ အချိန်နဲ့တစ်ပြေးညီ ဖြေရှင်းပေးနေရင် ဒီပြဿနာ လွှတ်တော်ကို ရောက်လာစရာအကြောင်းကို မရှိဘူး၊ အတိုးပေးမယ့် ကုမ္ပဏီကလည်း အဆင်မပြေဘူး မပေးနိုင်ဘူး ဘဏ်ကလည်း အတိုးယူချင်တာပေါ့၊ ဟိုဘက်ကလည်း မပေးနိုင်ဘူး၊ ဒါကိုပြေလည်အောင် မဖြစ်ဘူးဆိုရင်တော့ နှစ်ဦးနှစ်ဖက် တရားရုံးကို ရောက်သွားနိုင်တာပေါ့”

ဧရာဝတီဘဏ် က ၂၀၁၈ ခုနှစ် နိုဝင်ဘာလ ၁၅ ရက်နေ့ရက်စွဲနဲ့ ပေးပို့ထားတဲ့ အကြောင်းကြားစာမှာ ပါဝင်တဲ့ Omni Focus ဟာ ချေးငွေ အတိုးအရင်း လစဉ်ပေးဆပ်ကြောင်း ကျန်ရှိနေတာကိုလည်း လစဉ်အကျေပေးဆပ်ဖို့ ၂၀၁၉ ခုနှစ် ဇန်နဝါရီလ ၃၁ ရက်နေ့က အကြောင်းပြန်ထားကြောင်း ပါဝင်ပြီး တရားစွဲဆိုမှုကိုလည်း ဖြေရှင်းသွားမှာဖြစ်ကြောင်း ပြည်မြန်မာ သတင်းဂျာနယ် တစ်ခုတည်းကို ပေးခဲ့တဲ့ တွေ့ဆုံမေးမြန်းမှုမှာ ဦးကျော်နေဝင်းက အခုလို ဖြေကြားထားပါတယ်။

“ကျတော်တို့ဒီကိစ္စနဲ့ ပတ်သက်လို့ ကျတော်တို့ ရဲရဲဝံ့ဝံ့ ရင်ဆိုင်ရဲပါတယ်၊ နည်းလမ်းအတိုင်းဘဲ ဖြေရှင်းမလား တရားနည်းလမ်းအတိုင်းဘဲ ဖြေရှင်းမလား၊ ကျတော်တို့ဘက်က အသင့်ရှိပါတယ်၊ ဘာဖြစ်လို့လဲဆိုတော့ ဒါသည်ဖြေရှင်းရမယ့် ကိစ္စတစ်ခုဖြစ်လာပြီ၊ ဂုဏ်သိက္ခာပိုင်းနဲ့လည်း ဆိုင်တယ်၊ မူလပထမအစကနေ ကျတော်တို့ ဖြေရှင်းသွားမှာ ဖြစ်ပါတယ်၊ ဖြေရှင်းဖို့လည်း ကျတော်တို့အားလုံး ပြင်ဆင်ပြီးသားဖြစ်ပါတယ်၊ ခုနကကျတော် တင်ပြခဲ့သလိုပါပဲ ကျတော်တို့ အကောင့်ထဲကို ထည့်လိုက်တဲ့ မှားယွင်းစွာထည့်လိုက်တဲ့ ပိုက်ဆံကို ကျတော်တို့ကို အသိမပေးဘဲ ပြန်ထွက်သွားတဲ့ကိစ္စကို ကျတော်တို့ တရားစွဲဆိုသွားဖို့ ရှိပါတယ်၊ ဘာဖြစ်လို့လဲဆို ဒါအကြောင်းကြားရမှာဖြစ်သလို ဒီကိစ္စကို ကျတော်တို့ အဆုံးစွန်ထိတင်ပြပြီးတော့ ဆက်လက်ဆောင်ရွက်သွားဖို့ အစီအစဉ်ရှိပါတယ်”

ဦးကျော်နေဝင်းရဲ့ ဖြေကြားမှုမှာ သတင်းရေးသားတဲ့ ဟစ်တိုင်သတင်းဌာနကိုလည်း မှန်ကန်သတင်းဌာန မဟုတ်ကြောင်း မှန်ကန်မှုမရှိတဲ့ သတင်းတွေကို ဆက်လက်ရေးသားမယ်ဆိုရင်သတင်းမီဒီယာ ကောင်စီကို တိုင်ကြားသွားမှာဖြစ်ကြောင်း သတင်းထုတ်ပြန်မှုကို RFA သတင်းထောက်ထံ ဦးကျော်နေဝင်းက Viber မှတစ်ဆင့် ပို့ပေးတဲ့ ထုတ်ပြန်ချက်မှာ ပါဝင်ပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၆ ရက်နေ့က စတင်ပြီး အရင် မထသ စနစ်ကနေ YBS စနစ်ကို ပြောင်းလဲခဲ့တာဖြစ်ပါတယ်။ အဲဒီလို ပြောင်းလဲခဲ့ပေမယ့် ယာဉ်လုပ်သားတွေရဲ့ ခရီးသွားတွေအပေါ် ဆက်ဆံရေး မပြေပြစ်တာနဲ့ ယာဉ်စည်းကမ်းဖောက်ဖျက်မှုတွေကြောင့် ဝေဖန်မှုတွေ ရှိနေသလို ယာဉ်လိုင်းတိုးချဲ့ ဖွင့်လှစ်တာတွေလည်း ရှိနေပါတယ်ခင်ဗျာ။
RFA