Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, June 16, 2019

မွေးနေ့လက်ဆောင်အဖြစ် ..မန်းတလေး ၃၈လမ်း ကို… အောင်ဆန်းစုကြည်လမ်းအဖြစ် …အမည်ပေးမည်


•••••••••••••••••••••••••••••••••••••••••••••••••••••

Ye Lwin

Unicode Version
၃၈လမ်း ဖွင့်ပွဲပြင်ဆင်နေမှုများနဲ့ အဆုံးသပ် လုပ်ငန်းလုပ်ကိုင်နေမှုများစစ်ဆေး။
•••••••••••••••••••••••••••••••••••••••••••••••••••••
ဖွင့်ပွဲမုခ်ဦးရဲ့ အလယ်တိုင်မှာ လူထုခေါင်းဆောင်ပုံကို မွေးနေ့အထိမ်းအမှတ် အဖြစ်ထည့်ပြီး



လမ်းအမည်ကိုလည်း မန္တလေးမြို့ရဲ့ မွေးနေ့လက်ဆောင်အဖြစ်
“အောင်ဆန်းစုကြည်” လမ်း လို့အမည်ပေးဖို့ စိတ်ကူးထားပါတယ်။



မွေးနေ့အထိမ်းအမှတ်လမ်းမို့လို့လည်း ထောင့်စေ့အောင်စစ်ဆေးရတာပါ။

လက်စသတ်လုပ်ငန်းမှာ လိုနေတာတွေ စိတ်ကြိုက်မဟုတ်တာတွေ ချက်ချင်းမှာကြား လုပ်ခိုင်းခဲ့ပါတယ်။



လမ်းမအနေနဲ့ လိုအပ်ချက်မရှိပေမယ့် ဘေးလမ်းသွယ်တွေက ရေမြောင်းတွေ ပြုပြင်ဖို့ လမ်းညွှန်တာ အပါအဝင် ပန်းကစားဌာနရဲ့ လိုအပ်ချက်တွေပါ မှာကြားခဲ့ပါတယ်။



သန့်ရှင်းရေးဌာနကိုလည်း မြောင်းဆယ်၊ အမှိုက်လှည်း အပြင် နေ့စဉ်အမှိုက်သိမ်းရေးနဲ့ အမှိုက်ပုံးများချထားရေးပါ ညွှန်ကြားခဲ့ပါတယ်။

ဒီနေ့မနက် ၃၈လမ်းပေါ်နဲ့ လမ်းသွယ်တွေမှာရှိတဲ့ ကျူးဆိုင်တွေနဲ့ ကျူးနေတဲ့ လုပ်ငန်းတွေရှင်းလင်း ပြီးပါပြီ။

ဘတ်ဂျက်ကြောင့် လုပ်ငန်းအဆုံးသတ် မသေသတ်မှုတွေ မပြီးပြတ်မှုတွေလျော့နည်းသွားရေးက အရေးကြီးပါတယ်။

စည်ပင်ဝန်ထမ်းတွေရဲ့ အားသာချက်က ညွှန်ကြားရင်
သေသေသပ်သပ်နဲ့ ချက်ချင်းပြီးအောင် နေ့နေ့ညည စိတ်ပါလက်ပါ ဆောင်ရွက်တတ်တဲ့ စိတ်ဓာတ်ပါ။

မြို့တော်အတွက် စည်ပင်ပါ။
Ye Lwin

No comments:

Post a Comment