ေဒၚေအာင္ဆန္းစုၾကည္ကို အၾကင္နာ ေမတၱာ ကိုယ္ခ်င္းစာစိတ္ႀကီးမားၿပီး ျမင့္ျမတ္တဲ့ စိတ္ထားရွိတဲ့ အေမ လို႔ ဗိုလ္ခ်ဳပ္မွဴးႀကီး(ၿငိမ္း)ဦးသႏ္းေရႊ ရဲ႕ သားသမက္ တစ္ဦးျဖစ္တဲ့ ေဒါက္တာေနစိုးေမာင္က ေဖာ္ၫႊန္းခ်ီးက်ဴးလိုက္ပါတယ္။ သူက ဖိုးလျပည့္ရဲ႕ အေဖပါ။
ေဒါက္တာေနစိုးေမာင္ရဲ႕ ခ်ီဴးက်ဴးပံုက “မယားညီအကို ဦးသိန္းနိုင္ရဲ့ စ်ာပနမွာ နိုင္ငံေတာ္ အတိုင္ပင္ခံ ပုဂိုလ္ရဲ့႐ုံးမွ အရာရွိတစ္ဦးက ေနေမာင့္ အမ်ိဳးသမီးရဲ့ ဖခင္ထံ စာေလးတေစာင္လာပို႔ပါတယ္စာေလးကိုဖြင့္ေဖာက္လိုက္ေတာ့ အေမစုရဲ့ ကိုယ္တိုင္လက္ေရး ဝမ္းနည္းေၾကာင္းသဝဏ္လြာေလးပါ။
အၾကင္နာ ေမတၱာ ကိုယ္ခ်င္းစာစိတ္ႀကီးမားၿပီး ျမင့္ျမတ္တဲ့ စိတ္ထားရွိတဲ့ အေမ့ကို ေလးစားၾကည္ညိဳ ေက်းဇူးတင္ အပ္ပါတယ္ အေမေမၽွာ္မွန္းထားတဲ့ ၿငိမ္ခ်မ္းသာယာၿပီး ဖြံ့ၿဖိဳးတိုး တက္တဲ့ နိုင္ငံႀကီးျဖစ္ဘို့ ဆုေတာင္း႐ုံသာမက အျမန္ေရာက္ေအာင္လည္း က်ရာ တေထာင့္တေနရာမွ တတပ္တအား ပါဝင္ပါမယ္လို႔ ကတိျပဳပါတယ္….”လို႔ ေရးသားခ်ီးက်ဴး ထားပါတယ္။
burmese.asia
Unicode Version
ဒေါ်အောင်ဆန်းစုကြည်ကို အကြင်နာ မေတ္တာ ကိုယ်ချင်းစာစိတ်ကြီးမားပြီး မြင့်မြတ်တဲ့ စိတ်ထားရှိတဲ့ အမေ လို့ ဗိုလ်ချုပ်မှူးကြီး(ငြိမ်း)ဦးသန်းရွှေ ရဲ့ သားသမက် တစ်ဦးဖြစ်တဲ့ ဒေါက်တာနေစိုးမောင်က ဖော်ညွှန်းချီးကျူးလိုက်ပါတယ်။ သူက ဖိုးလပြည့်ရဲ့ အဖေပါ။
ဒေါက်တာနေစိုးမောင်ရဲ့ ချီူးကျူးပုံက “မယားညီအကို ဦးသိန်းနိုင်ရဲ့ ဈာပနမှာ နိုင်ငံတော် အတိုင်ပင်ခံ ပုဂိုလ်ရဲ့ရုံးမှ အရာရှိတစ်ဦးက နေမောင့် အမျိုးသမီးရဲ့ ဖခင်ထံ စာလေးတစောင်လာပို့ပါတယ်စာလေးကိုဖွင့်ဖောက်လိုက်တော့ အမေစုရဲ့ ကိုယ်တိုင်လက်ရေး ဝမ်းနည်းကြောင်းသဝဏ်လွာလေးပါ။
အကြင်နာ မေတ္တာ ကိုယ်ချင်းစာစိတ်ကြီးမားပြီး မြင့်မြတ်တဲ့ စိတ်ထားရှိတဲ့ အမေ့ကို လေးစားကြည်ညို ကျေးဇူးတင် အပ်ပါတယ် အမေမျှော်မှန်းထားတဲ့ ငြိမ်ချမ်းသာယာပြီး ဖွံ့ဖြိုးတိုး တက်တဲ့ နိုင်ငံကြီးဖြစ်ဘို့ ဆုတောင်းရုံသာမက အမြန်ရောက်အောင်လည်း ကျရာ တထောင့်တနေရာမှ တတပ်တအား ပါဝင်ပါမယ်လို့ ကတိပြုပါတယ်….”လို့ ရေးသားချီးကျူး ထားပါတယ်။
burmese.asia
No comments:
Post a Comment