Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, October 20, 2012

'' ဆောင်ကြာမြိုင် မှတ်တမ်း ''


ဟိုးလွန်ခဲ့တဲ့ ဆယ်နှစ်လောက်က.. '' ဆောင်ကြာမြိုင် မှတ်တမ်း '' ဆိုတဲ့ စာအုပ်ဖတ်ဖူးတယ်..။ ရေးသူ နာမည်တော့ မေ့နေပြီ..။ စာအုပ်အမှာစာရေးသူကိုတော့ '' မောင်ကျောက်တိုင် '' လို့ မှတ်မိနေတယ်..။

အဲဒီစာအုပ်က.. ကုန်းဘောင်မင်းဆက် ဘုရင်တွေ၊ အထူးသဖြင့် မင်းတုန်းမင်းကြီး.. မိဖုရားတွေ တလှေကြီးထားပြီး သပွတ်အူလိုက်တဲ့အကြောင်း ရေးထားတာပါ.
.။ သမိုင်းဆိုင်ရာ အချက်အလက် ဘယ်လောက် မှန်မမှန်ထက်.. အမှာရေးသူနဲ့.. မူရင်းစာရေးဆရာကတော့.. အဟုတ်လို့ ပြောတာပဲ..။

အမှာစာရေးသူ မောင်ကျောက်တိုင် ကဆိုရင်.. မြန်မာ့သမိုင်းပညာရှင်ဆိုသူတွေ.. '' ဆောင်ကြာမြိုင် '' မှတ်တမ်းပါ အချက်အလက်တွေကို.. မသိချင်ယောင်ဆောင်နေတာဟာ.. ပညာရှင်မပီသတဲ့ လုပ်ရပ်လို့အထိ.. စွဲချက်တင်ထားပါတယ်..။

ရေးသားသူက.. နန်းတွင်းဆရာခဲ လို့ ခေါ်တဲ့ မင်းတုန်းမင်းတြားကြီးရဲ့ လက်စွဲတော် နန်းတွင်းသမားတော်ကြီးရဲ့ မြေး လို့ ဆိုပါတယ်..။

မင်းတုန်းမင်းအကြောင်း စုံစုံစေ့စေ့.. မရေးပြခင်.. ဘိုးတော် ပဒုံမင်းအကြောင်းကို '' မောင်ကျောက်တိုင် '' က ပစ်ပစ်နှစ်နှစ်ရေးပြပါတယ်..။

တဏှာရူး၊ အာဏာရူး စတဲ့ စကားလုံး ခပ်ကြမ်းကြမ်းတွေနဲ့ ရေးပြတာပဲ..။ အဓိက ကတော့.. ဘိုးတော် ပဒုံမင်း ကို တရုတ်ကုန်သည်တွေက.. ဆက်သတဲ့ မိဖုရား သုံးပါးနဲ့ ဆိုင်တယ်..။ တရုတ်ပြည်က ကုန်သည်တွေ အမရပူရနန်းတော်ကို လာပြီး ဘိုးတော်ပဒုံမင်းထံ.. တရုတ်မလေးသုံးယောက်ကို ဆက်သတယ်..။

အပြန်အလှန်အားဖြင့်.. ကုန်သွယ်ရေး အခွင့်အရေးတချို့ တောင်းဆိုတယ်..။

တရုတ်ဆိုတဲ့ တိုင်းပြည်ကြီးကနေ... သမီးကညာ သုံးယောက် ဆက်သတယ်ဆိုတော့.. ဘိုးတော်ဘုရားလည်း. နည်းနည်း မာန်တက်ဟန်ရှိတယ်..။ အဲဒီ အလှပဂေးလေးတွေကို.. ရှည်လျားထွေပြားတဲ့ ဘွဲ့တံဆိပ်နဲ့နာမည်တွေတောင် ပေးအပ်တယ်..။

ဒါပေမယ့် နောက်များမှ.. သိရတာက.. အဲဒီမဒီကညာတွေဟာ.. တရုတ်ကုန်သည်တွေ ' ပင့် ' လာတဲ့ ကြေးစားမယ်တွေ ဖြစ်နေသတဲ့..။

အဲဒီအတိုင်း ဟုတ်နေရင်.. '' စိလုတ်တွေက.. အားကီးလယ်ဒယ်၊ ဖာစီမတွေခေါ်လာပြီး မီမာဘုရင်ကို လူလယ်လုပ်ဒယ်.. '' လို့ ပြောရမှာပဲ..။

အဲဒီအကြောင်းလေး.. ဒေါက်တာသန်းထွန်း ဘာပြောသလဲ.. သူ့စာအုပ်တွေထဲ ..ဒိုက်ဗင်ထိုးရှာတော့.. အခုလိုလေး အစအန တွေ့ရပါတယ်..။

မြန်မာသမိုင်းရှာတော်ပုံ.. စာမျက်နှာ -၁၃၈ မှာ

............................................................................

'' တရုတ်ဧကရာဇ်ရဲ့  သ၀ဏ်လွှာ ( ၂၈ ဖေဖော်ဝါရီ ၁၇၅၀ ) ကို အ၀ဘုရင် မဟာဓမ္မရာဇာ မဟာဓိပတိ ( ၁၇၃၃- ၁၇၅၂ ) ကို သင့်တင်လျှောက်ပတ်သလို မြန်မာပြန်ပြီး ဆက်တဲ့အခါ.. ကျေနပ်တာပေါ့။ တရုတ် ဧကရာဇ်နဲ့ ဂုဏ်ရည်တူ ညီတော်-နောင်တော်တွေ ဖြစ်နေလို့ပါပဲ။ တရုတ်ဧကရာဇ်က မြန်မာနိုင်ငံမှာ သူပုန်သူကန် ရှိရင် သူ့တပ်တွေ လွှတ်ပေးပြီး နှိမ်နှင်းပေးမယ်လို့လည်း ပါသေးတယ်။ ဟိုဘက်က ပြောတဲ့ သဘောက သူ့ပိုင်နက်ထဲမှာ ဆူပူရင်နေရင် သူ့တာဝန်လို့ ဆိုလိုတယ်။ မြန်မာဘုရင်မင်းမြတ် အနေနဲ့ကတော့ သူသာလျှင် ဧကရာဇ် ဆိုတဲ့ အစွဲကို မထိခိုက်အောင် ဘာသာပြန်ဖို့ သိပ်အရေးကြီးပါတယ်။

တရုတ်နိုင်ငံက ရောက်လာတဲ့ အမျိုးသမီး သုံးဦးကိုလည်း လက်အောက်ခံ ပဒေသရာဇ်တွေက ဆက်သမြဲ သမီးကညာကို သိမ်းပိုက်တဲ့ သဘောနဲ့ပဲ လက်ခံတယ် ( ၁၈ အောက်တိုဘာ ၁၇၉၀ ) ဒီလို နှစ်သက် ကျေနပ်အောင် လုပ်နိုင်တဲ့အတွက် တရုတ်ကုန်သည်တွေ အထူးအခွင့်အရေးတွေရပြီး ကြိုက်သလို ရောင်းဝယ်ဖောက်ကားခွင့် ရကြတယ်။ ''

........................................................................

ဟဲဟဲ.. စိလုတ်တွေက.. တို့ဘိုးဘေးတွေခေတ်ကတည်းက.. အထာနပ်နေပြီ..။ သာကီမျိုးဟေ့ တို့ဗမာတွေကလည်း.. ဟိုးဘိုးဘေးခေတ်ကတည်းက.. အမြှောက်ကြိုက်-အချော့မက်- အချဉ်ကြီးတွေကို ဖြစ်လို့။

No comments:

Post a Comment