Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, December 23, 2019

အင်္ဂါထောင့်တွင် ဒေါ်အောင်ဆန်းစုကြည်လက်အုပ်ချီမိုးမေတ္တာပို့သနေသော ပုံတူရုပ်ထု


အိန္ဒိယ ဝန်ကြီးချုပ်ဟောင်း လက်ဆောင်ပေးလိုက်သည့် ဗောဓိညောင်ပင်မှာနိုင်ငံတော်အတိုင်ပင်ခံဒေါ်အောင်ဆန်းစုကြည်ပုံတူရုပ်ထု ထုလုပ်ပြီးစီး ....

ပြည်မြို့ ပန်းတောင်းမြို့နယ်ရှိ
"ပရဟိတစေတီတော်" ပေါ်ရှိ မဟာဗောဓိညောင်ပင် အင်္ဂါဒေါင့်

၂၀၁၀ခုနှစ် ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်လာပြီးနောက် အိန္ဒိယနိုင်ငံသို့ အရောက်
ဝန်ကြီးချုပ်ဟောင်း မန်ဆိုဟန်ဆင်းမှ ဒေါ်အောင်ဆန်းစုကြည်အား ဓမ္မလက်ဆောင်ပေိးုက်သည့် မဟာဗောဓိညောင်ပင်အား အနိစ္စဆရာတော်ကြီး(ပုခုက္ကူဆရာတော်ကြီး) မှတစ်ဆင့် ကျွန်တော်ရရှိလာခဲ့ပြီးနောက် ပရဟိတစေတီတောင်တော်ပေါ်တွင်စိုက်ပျိုးခဲ့ရာ ယခုဆိုလျှင် ပရဟိတသာသနာဖွံ့ဖြိုးလာသည်နှင့်အညီ ဗောဓိညောင်ပင်ကြီးသည်လည်း ကြီးထွားရှင်သန်နေပြီဖြစ်သည်။

စက်တင်ဘာလတွင် ပြည်မြို့သို့"သုံးပန်လှကျိန်စာ"ရုပ်ရှင်ကားရိုက်ကူးရာတွင် သုံးပန်လှမင်းသမီး နန်းရှိရာ လက်သည်းရေကန်ဘုန်းတော်ကြီးကျောင်းကြီးသို့အရောက် မြန်မာပြည်မြေပုံနှင့်ဗိုလ်ချုပ်အောင်ဆန်း ဒေါ်အောင်ဆန်းစုကြည်တို့၏ပုံတူရုပ်ထုကိုမြင်တွေ့ခဲ့ရာမှ ကျွန်တော်စိတ်ကူးရလာမိသည်။
ထို့ကြောင့် ယင်းစိတ်ကူးအားအကောင်အထည်ဖေါ်ရန်အတွက်"ပုံတူရုပ်ထုပညာရှင် ကိုနေသူတင့်" အားစုံစမ်းကာ စက်တင်ဘာလကုန်တွင်အလုပ်အပ်နှံခဲ့ပါသည်။
ဗောဓိညောင်ပင်ကြီး၏ အင်္ဂါထောင့်တွင် ဒေါ်အောင်ဆန်းစုကြည်လက်အုပ်ချီမိုးမေတ္တာပို့သနေသော ပုံတူရုပ်ထု ထုလုပ်ရန် အပ်နှံခဲ့ပါသည်။

Nay Lin

No comments:

Post a Comment