Latest News
CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Showing posts with label Bagan. Show all posts
Showing posts with label Bagan. Show all posts
Saturday, January 26, 2019
သင်မသိသေးသော ပုဂံပြည်ကြီးမှာ မုဆိုးမပင် ဘုရားတည်နိုင်တဲ့အထိ ချမ်းသာ ကြွယ်ဝစေခဲ့တဲ့ ရှင်အဇ္ဇဂေါဏရဲ့ ဒဏ္ဍာရီ
ထို့ကြောင့် ဒဏ္ဍာရီနှင့် ဆက်စပ်ကာ ဗိသုကာဆန်းကြယ်သော ရှင်အဇ္ဇဂေါဏ ဘုရားအား ပုဂံသို့ရောက်လျှင် သွားရောက် လည်ပတ် သင့် ပါကြောင်း သုခုမအလင်းတန်းများမှ ရေးသား တင်ဆက် လိုက်ပါသည်။
သုခုမအလင်းတန်းများ
Ref :
ဂမ္ဘီရဆန်းကြယ်မဂ္ဂဇင်း ဇွန်လ ၂၀၁၅ (မောင်သာရှေးဟောင်းသုတေသန)
Unicode ရှင်အဇ္ဇဂေါဏ နှင့်ဘုရားအမှတ်(၅၀၉-က)မည်သို့ဆက်စပ်နေသနည်း
ရေးသားသူ – သုခုမ အလင်းတန်းများ
ပုဂံသမို်င်းကို ပြောရမည်ဆိုလျှင် ရှင်အဇ္ဇဂေါဏသည် မပါမပြီးချေ။ ရှင်အဇ္ဇဂေါဏ ခေါ်ရှင်မထီးဆိုသည်မှာ ထေရဝါဒမထွန်းကားမှီ ပုဂံပြည်သေဉ်လည်ကြောင်မင်းတရားကြီးလက်ထက်တွင် လောကီရေးရာ
အဂ္ဂိရတ်ဖိုထိုးခြင်းမှ ဓါတ်လုံးအောင်ပြီး ပုဂံပြည်တွင် မုဆိုးမပင် ဘုရားတည်နိုင်သည်ဟု ပြောစမှတ်တွင်ခဲ့သူ ဖြစ်သည်။ ပုံပြင်ဒဏ္ဍာရီယုံကြည်သူတို့အဖို့ ပုဂံပြည်သည် ဤမျှနယ်နမိတ် အတွင်းတွင် ဘုရားပေါင်းမြောက်များစွာတည်ရှိကြခြင်းသည် ရှင်အဇ္ဇဂေါဏ ကြောင့်ဖြစ်သည်ဟု ယုံကြည်ကြသည်မှာလည်း မထူးဆန်းပါ။
ရှင်အဇ္ဇဂေါဏ ဒဏ္ဍာရီကိုပြောရမည်ဆိုလျှင် ခရစ်နှစ် (344 ခုမှ 387) ခုနှစ်အထိ နန်းစံခဲ့သော သေဉ်လည်ကြောင်မင်းတရားကြီး လက်ထက်ခန့်က ဖြစ်ခဲ့သည်။ ရှင်အဇ္ဇဂေါဏ သည် ရွှေဖြစ်လမ်း၊ ငွေဖြစ်
လမ်းလိုက်နေသော အဂ္ဂိရတ်ထိုးခြင်း အောင်မြင်ပါက ပုဂံတစ်ပြည်လုံးချမ်းသာလိမ့်မည် ဓါတ်လုံးမပေါက်ခဲ့ပါက မိမိ၏ မျက်လုံးနှစ်လုံးကို ထိုးဖောက်ပစ်ရန် အာမခံခဲ့သည်။ သေဉ်လည်ကြောင် မင်းကြီးက
ယုံကြည်သောကြောင့် ဓါတ်လုံးထိုးရန် ဘုရင့်ဘဏ္ဍာတိုက်မှ ရွှေများထုတ်ယူကာ ဓါတ်လုံးရွှေကျွေးသည်။ ဘုရင်သည်စိတ်ရှည်သည်းခံကာ ဘဏ္ဍာတိုက်မှ ရွှေတစ်ဝက်ခန့် ကိုထုတ်ပေးခဲ့သည်။
ဓါတ်လုံးမပေါက်ခဲ့ဘဲ ဆက်လက်ထိုးရင်း ဘဏ္ဍာတော် ၃ ပုံ ၁ ပုံသာကျန်တော့သည်။ နောက်ဆုံး ဘုရင် အတော်ပင် စိတ်ပျက် သွားကာ ဘဏ္ဍာတိုက်ရှိ ရွှေများလည်း အကုန်ကုန်ပြီးသွား လေ
တော့သည်။ ရှင်အဇ္ဇဂေါဏ၏ တပည့်များဖြစ်သော ကျော်စွာနှင့်သော်တာလင်မယားတို့ ဖိုကိုမပြတ်တစ်လှည့် စီဆွဲပေးကြရင်း တစ်ညတွင် အဂ္ဂိရတ်ဖို အတွင်းမှ ရဲရဲနီနေသော ဓါတ်လုံးသည် ရွှေရောင်
ပြောင်းလာကာ လင်းလက်နေလေတော့ သည်။ ထိုဓါတ်လုံးအောင်သွားသည်ကို ကြားလိုက်သောဘုရင်သည် ရှင်အဇ္ဇဂေါဏကျောင်းသို့လိုက်လာခဲ့ပြီး ကိစ္စပြီးမြောက်သွားပြီလား ဆိုသည်ကို မေးမြန်းလေရာ
ရှင်အဇ္ဇဂေါဏ ကဓါတ်လုံးရွှေဖြစ်ပါပြီ၊ ဓါတ်လုံးပွင့်ရန် ဆေးရည် စိမ်ရမည်ဟု ပြန်လည်မိန့်ကြားသည်။ ထို့ကြောင့်ဘုရင်ကလည်း ဆေးရည်စိမ်ရန် စောင့်ကြည့်နေလေ သည်။
ပေထုတ်ကိုယူကာ ဓါတ်ဆေးရည်အတွက် ချဉ်ရည်စိမ်ရမည် ဖြစ်သဖြင့် တပည့်လင်မယားအား ရှောက်သီးယူ စေကာ အရည်ညှစ် ပြီး ရှောက်ရည်ထည့်ထားသော ခွက်အတွင်း ထည့်လိုက်သည်။ ထိုအခါဓါတ်
လုံးသည် အရောင်မှိန်သွား သဖြင့် ရှင်အဇ္ဇဂေါဏက ဓါတ်လုံးပျက်သွားကြောင်းသိလိုက်ရသည်။ ဘုရင်လည်း ရှင်အဇ္ဇဂေါဏ ပြောထားသော စကားအတိုင်း ဘုရင်လည်း သူ၏မျက်လုံးကိုဖောက်ထုတ်ပစ်
လိုက်လေသည်။ ကျော်စွာတို့လင်မယားကျောင်းမှဆင်းပြေးသည်ကို ဘုရင်က လိုက်လံသုတ်သင်ရင်း အသက်ဆုံးရှုံးခဲ့ရသည်။ ရှင်အဇ္ဇဂေါဏ လည်း စိတ်ဓါတ်ကျသွားပြီး ထိုဓါတ်လုံးအား ကျောင်းကုဋီတွင်
ကိုရင်ငယ် အား ပစ်ချခိုင်းလေသည်။ ထိုအခါ ကုဋီမီးလောင် သည်ဟုကိုရင်ငယ် က လျှောက်ထားရာ ရှင်အဇ္ဇဂေါဏက ဓါတ်လုံးပေါက်သွားမှန်း သိသဖြင့် ပြန်လည်ဆည်ယူစေခဲ့သည်။
စင်စစ် ချဉ်ရေနှင့် ချီးရေ လွဲသွားခြင်းဖြစ်သောကြောင့် ချဉ်ရေနှင့်စိမ် သော်လည်း မအောင်မြင် ရခြင်းဖြစ်လေသည်။ ကပ္ပိယအား စျေးသို့ရရာမျက်လုံးဝယ်ရန် စေခိုင်း လိုက်သဖြင့် စျေးကွဲနေပြီဖြစ်ရာ ဆိတ်
မျက်လုံးတစ်လုံးနှင့် နွားမျက်လုံး တစ်လုံးသာ ရရှိခဲ့သည်။ ထိုမျက်လုံးတို့အား ရှင်အဇ္ဇဂေါဏက သူ၏မျက်လုံးအိမ် အတွင်းသို့ ပြန်ထည့် လိုက်သည်။ ပါဠိဘာသာအရ အဇ္ဇသည် “ဆိတ်”ဖြစ်ကာ ဂေါဏ
သည် “နွား” ဖြစ်သည်ကို အကြောင်းပြုကာ ရှင်မထီးအား ရှင်အဇ္ဇဂေါဏ ဟုခေါ်တွင်ခဲ့သည်။ ထိုအချိန်မှစပြီး ပုဂံပြည် တစ်ပြည်လုံး မုဆိုးမပင် ဘုရားတည်နိုင်သည်အထိ ချမ်းသာ ကုန်ကြလေသည်။
သို့သော် ရှင်အဇ္ဇဂေါဏ၏ရာဇဝင်နှင့်ပတ်သက်သော တိကျ ခိုင်မာသော အထောက် အထား၊ ကျောက်စာကိုမူတစ်ခုမျှ မတွေ့ရသဖြင့် ဒဏ္ဍာရီဆန်နေသည်။ ဤ ဘုရားကို ရှေးဟောင်းသုတေသနဌာနက
ဘုရားအမှတ်( ၅၀၉ – က ) ဟုမှတ်ပုံတင်ထားသည်။ ဘုရားမြောက်ဖက်တွင် ရှင်အဇ္ဇဂေါဏ ဓါတ်ခန်းဖွင့်ထားသော အုတ်တိုက်တစ််ခုရှိကာ ရုပ်ပွားတော် ၊ ရှင်အဇ္ဇဂေါဏ ရက္ကန်းစင်တောင်ဆရာတော်
ရုပ်ထုနှင့် ဘိုးဘိုးအောင်၊ ဘိုးမင်းခေါင် ရုပ်တုများကို ထားရှိကာ အဓိဌာန်ဝင်လိုသူများ လာရောက်ကန်တော့ကြသည်ကို တွေ့ရသည်။ ဓါတ်ခန်း၏မူလ အလှူရှင်ကိုမူ မသိရချေ။ ဤဘုရားဘွဲ့တော် ပေးဖြစ်ခဲ့ပုံ
မှာ ဘုရားဝင်းအတွင်း အဂ္ဂိရတ်ဖိုထိုးရာတွင် အသုံးပြုခဲ့သော လုံကွဲများ၊ မီးသွေးခဲနှင့် ပြာများတွေ့ရှိခဲ့သဖြင့် ရှင်အဇ္ဇဂေါဏဘုရားဟု နာမည် ပေးခြင်းသာဖြစ်လေသည်။
ဘုရား၏ရာဇဝင်ကို အတိအကျ မသိနိုင်သော်လည်း ဘုရား၏ တည်ဆောက်ထားပုံအပြင်ပန်းကို လေ့လာနိုင်သည်။ ရှင်အဇ္ဇဂေါဏ ဘုရားသည် ခုံအမြင့်ပေါ်တွင် တင်ကာ ဆောက်လုပ်ထားသည်။ အလည်
မဏ္ဍိုင်( Centre Core )ကိုမထည့်သွင်းဘဲ အုတ်နံရံ ၄ ဘက်မှ တက်လာသော ခုံးမိုး( ၄ ) ခုပေါင်းဆုံကာ စုထိုးပေါင်းမိုး ( Cross Vault )အဖြစ်အထက်သို့ ကွမ်းတောင်တက်ထားသော သာမာန်ပု
ဂံဘုရား တို့နှင့် မတူသည့် ဘုရားဖြစ်သည်။ တိုင်မပါသော ဤတည်ဆောက်ပုံမျိုးသည် ခုံးမိုးများကို ပိုင်နိုင်ကျွမ်းကျင်စွာ အသုံးချနိုင်သော ပုဂံခေတ်၏ ဆောက်လုပ်ရေး နည်းပညာကို ပြသနေသော ဗိသုကာ
ဖြစ်ပြီး ရှားပါးဘုရားတစ်ဆူ လည်းဖြစ်သည်။ အပြင်ဖက်ပိုင်းတွင် အင်္ဂတေ အမွန်းပန်း တို့သည် အတော်ပင် ကောင်းမွန် နေသေးသည်။ အတွင်းနံရံများတွင် သမ္ဗုဒ္ဓေ ဘုရားများစွာကို ပန်းချီရေးဆွဲ ထားသည်။ ဤဘုရားကို ( ၁၂ ) ရာစုနှောင်းခန့်က တည်ဆောက်ခဲ့သော ဘုရားဟု ပညာရှင်တို့ ယူဆသည်။
ထို့ကြောင့် ဒဏ္ဍာရီနှင့် ဆက်စပ်ကာ ဗိသုကာဆန်းကြယ်သော ရှင်အဇ္ဇဂေါဏ ဘုရားအား ပုဂံသို့ရောက်လျှှင် သွားရောက် လည်ပတ် သင့် ပါကြောင်း သုခုမအလင်းတန်းများမှ ရေးသား တင်ဆက် လိုက်ပါသည်။
သုခုမအလင်းတန်းများ
Ref :
– ရှင်အဇ္ဇဂေါဏဘုရားသို့
ဂမ႓ီရဆန်းကြယ်မဂ္ဂဇင်း ဇွန်လ ၂၀၁၅ (မောင်သာရှေးဟောင်းသုတေသန)
Sunday, March 25, 2018
လသာညတွေ စောင်းသံကြားရတယ်ဆိုသော ဘုရား
တဝဂူ ဆိုတာ
သမီးလေး စားနော်…
လသာညတွေ
——————————————————————–
စောင်းသမားနဲ့ငြိစွန်းမိလို့
လေ့ရှိခဲ့ပါတယ်……
ရှေးရှေးတုန်းကတော့
လသာတဲ့ညမှာ………
Ref:
# Unicode Version ဖြင့် ဖတ်ပါ #
တဝဂူ ဆိုတာ
” လသာညမှာ
စောင်းသံသာယာ လွင့်မြောလာ
ချစ်သူနှစ်ဦးရဲ့ ကိုယ်ပိုင် ကမ္ဘာ….’ တဲ့…..။ ။
ဘုရားက ဘာလို့ပိတ်ထားတာလဲဗျ ဟုကျွန်တော်မေးတော့ …
အတွင်းနံရံတွေမှာစာတွေ ကြောင်(ရေး)တယ်ဗျာ…
သင်္ဘောဆေးနဲ့ကို တကူးတက ယူလာပြီး ကြောင်(ရေး)တာ…အဲ့ဒါနဲ့ မတတ်နိင်ဘူး ဂူပေါက်ဝကိုပိတ်ထားရတယ်
ဒါလည်းမရသေးဘူး လစ်ရင်လစ်သလို အပြင်နံရံတွေမှာကြောင်နေ(ရေး)ကြတုန်းဘဲ…..လို့ အမှတ်တရပစ္စည်းရောင်းသူကပြောပါတယ်…
အခုရက်ပိုင်းတော့ ပိတ်ရက်ဖြစ်လို့လေ လူကျ ပါတယ် မိုးတွင်းတုန်းကလိုတော့ မပါးဘူးပေါ့…
သမီးလေး စားနော်…
ကျွန်တော်လည်းသူ့စကားနားထောင်ရင်း သူ့သမီးလေးကိုရန်ကုန်ကပါလာတဲ့မုန့်ကျွေးလိုက်တယ်…
ပါတ်ဝန်းကျင်ကတော့ အေးချမ်းဆိတ်ငြိမ် လို့နေပါတယ်…နွားပြဂူတဝိုက်မှာ အုတ်တွေကိုတိုင်းတာနေတဲ့ ရှေးသုက ကျောင်းသားနှစ်ယောက်ကိုလည်းမြင်နေရတယ်…
ခဏကြာတော့ Light Truck နှစ်စီးဆိုက်လာပြီး…
ဒါတဝဂူပေါ့ ဆုတောင်းပြည့်တယ်..
လသာညတွေ
စောင်းသံကြားရတယ်ဆိုတာ ဒီဘုရားပေါ့…..
ဘုရားဖူး တအုပ်က လူကြီးဖြစ်ဟန်တူသောသူက အော်ပြောတာပါ…ဒါနဲ့ သူနဲ့အတူပါလာသူတွေက
အလုအယက်ပေါ့ ရှိခိုးကြဆုတောင်းကြ….
ကျွန်တော်ပြုံးမိပါတယ်… တကယ်တော့
ဘုရားအမှတ် ၁၄၉၅ (တဝဂူနောက်ကြောင်းပြန်)
——————————————————————–
စောင်းသမားနဲ့ြငိစွန်းမိလို့
သမီးတော်ရော စောင်း သမားပါ ဘုရင်ကဂူပိတ်သတ်ထည့်လိုက်တဲ့
ဘုရားလို့ ဆိုကြပါတယ် .. ပြည်တွင်းဘုရားဖူးတွေထဲ နာမည်ကြီးပါတယ်
လသာညတွေမှာ ရံဖန်ရံခါ စောင်းသံ ကြားရတယ်လို့လည်းပြောကြပါတယ်
အိန္ဒိယမှာခေတ်အဆက်အဆက် ပြဇာတ် ရုပ်ရှင်တွေ ရိုက်ကူးခဲ့တဲ့ အန္နာကရာနီ ဆိုတဲ့ဇာတ်လမ်းကြီးရှိတယ် ။ ဘုရင်တစ်ပါးတောကစားထွက်ရာမှသီချင်းဆို
အလွန်ကောင်းတဲ့ကျေးတောသူတယောက်နဲ့တွေ့တယ် ..
အဲ့ဒီကျေးတောသူကိုလည်း အန္နာကရာနီ ဘွဲ့ပေးပြီးတော့ နန်းတွင်းမှာခစားစေတယ်..
နောက်တော့ ဘုရင့်မင်းသားတယောက်နဲ့ ငြိစွန်းရာက နှစ်ယောက်စလုံးကို လေဝင်တပေါက်သာရှိတဲ့ အုတ်ဂူထဲမှာ စတေးပစ်လိုက်တယ်… ဒါကိုကျောရိုးယူပြီး နန်းတွင်းအရှုပ်တွေနဲ့ ရောစပ်လိုက်တဲ့အခါ ခေတ်အဆက်ဆက် နာမည်ကြီးဇာတ်လမ်းကြီးဖြစ်လာတော့တယ်
၁၉၆၀ လောက်မှာ ပဲခူး မြရွှေဆိုသူက ဒီဇာတ်ကိုအခြေခံပြီး စာအုပ်ထုက်ဝေခဲ့တယ် ။ စာရေးဆရာကြီး ကြေးမုံဦးသောင်းက တဝဂူမှစောင်းသံ ဝတ္တု တိုတစ်ပုဒ်ရေးတော့ လူပိုသိသွားတယ်.. တဖန်ဂီတစာဆို ဦးကြော့မှူ းက ပုဂံမြို့ဟောင်းတနေရာ ဆိုတဲ့သီချင်း အဆိုတော် တင်တင်မြနဲ့ ထုက်လိုက်တော့…..
သီချင်းထဲက သင် ကြုံကြိုက်လို့ ရောက်ရှိတဲ့အခါ ရှာကြည့်စမ်းပါ လို့ဆို ထားကြပေမယ့် မရှာကြပါနဲ့တဲ့…ပုဂံသားတွေက ပြောတာပါ….
တကယ်မရှိတာကိုဘယ်လိုရှာမလဲ နော်
တကယ်တော့ ပုဂံမှာ မုဒ်ဝတဘက်ဘဲရှိတဲ့ တဝဂူ
အမျိ ု းအစား ဘုရားတွေ အများကြီးပါ
ပုဂံခေတ်ဦးက မုဒ်ဝတစ်ဝရှိတဲ့ဂူတွေကို အများအားဖြင့် မြောက်ဘက်လှည့်ပြီးတည်ထား
လေ့ရှိခဲ့ပါတယ်……
ဥပမာ နဂါးရုံ ၊ အပါယ်ရတနာ ၊ လောကထိပ်ပန်
အရပ်ထဲမှာတော့ အနော်ရထာမင်းကြီးက မနူဟာမင်းကြီး သထုံဘက်ပြန်မသွားအောင်
ယတြာချေတဲ့အနေနဲ့ မြောက်ဘက်မုဒ်လှည့် စေတီတွေတည်ပြီး ယတြာချေခဲ့တာပါတဲ့…..။
တကယ်တော့ ခင်ဗျားဧည့်သည်က ပေါက်ပေါက်ရှာရှာမေးလာတဲ့အခါ မြောက်ဘက်ဟိမဝန္တာတောင်က သူတော်စင်တွေရဲ့မေတ္တာဓာတ်တွေကိန်းအောင်
နေအောင်လှည့်ထားတာလို့ ပြောပေါ့….
ကျွန်တော်တို့မြန်မာတွေ
အေဒီ ၄ ရာစုကနေ ၉ ရာစုအတွင်း စေတီ ဂူကျောင်းဘုရားတည်တတ်လာပါပြီ…
သရေခေတ္တရာမြို့ဟောင်းက ဘဲဘဲဂူဘုရား.. လေးမျက်နှာဂူဘုရားတို့ကို သက်သေအဖြစ်မြင်တွေ့နိင်ပါတယ်….
ရှေးရှေးတုန်းကတော့
အသံ အလင်းတို့ရဲ့အနှောက်အယှက်အနည်း ဆုံးဖြစ်အောင် ဝင်ထွက်ပေါက်တစ်ဘက်သာ
ထားပြီး တရားအားထုက်ရာဂူ ၊ နောက်ပိုင်း ဆင်းတုတော်တည်ထားပြီး ကိုးကွယ်ရန်အတွက်
လည်းကောင်း ဘုရားဖူးများဝင်ရောက်အာရုံပြု ရန်အတွက်လည်းကောင်းရည်ရွယ်ခဲ့ဟန်တူပါတယ်
ကျောက်ဆစ် ပန်းချီ ပန်းပု အင်္ဂတေပန်းလက်ရာတွေနဲ့ တန်ဆာဆင်တည်ဆောက်လာကြတာ ကျန်စစ်သားမင်းလက်ထက် ၁၁ ရာစုမှာ ဗိသုကာလက်ရာအမြင့်ဆုံးရောက်ရှိလာခဲ့ပါတယ်…
အာနန္ဒာကို ဥပမာပေးလို့ရပါတယ်….
ဒီလောက် ဘာသာတရားကိုင်းရှို င်းပြီး ကုသိုလ်ပြု ဘုရားတည် တဲ့သူဟာ လူ နှစ်ယောက်ကို သူကုသိုလ်
ပြု ထားတဲ့ ဂူဘုရားထဲမှာ သတ်ပါ့မလား
တကယ်တော့ ပုဂံရာဇဝင်ကိုပြောရင် ဓားထမ်း၊ တုတ်ထမ်းပြောရမယ်တဲ့….။ အကြိတ်အနယ်ငြင်းခုံရမယ် ဆိုတဲ့အဓိပ္ပါယ်ပါ ။
ကျွန်တော်ပြောတာမယုံရင်
အဆိုပါ တဝဂူဘုရားမှာ စောင့်နေပါ့မယ်…
လသာတဲ့ညမှာ………
စောင်းသံကြားမကြား ငြင်းကြရအောင်….
ဓားတော့မဟုတ်ဘူး…Recorder ထမ်းရင်းပေါ့….
Ref:
Credit: ဒို့ပုဂံက တဝဂူ – သတိုးရွှေမှင်
Friday, March 2, 2018
ပုဂံခရီး (၁) ”ပုဂံကို ရထားစီးပြီးသွားကြမလား” ရ..ရထားကြီး ပျော်ပျော်စီး
”ပုဂံကို ရထားစီးပြီးသွားကြမလား”
ရ..ရထားကြီး ပျော်ပျော်စီး
ခရီးသွားရတာနှစ်သက်တာမို့  လေးလတစ်ခါလောက် အလုပ်နဲ့ မသက်ဆိုင်တဲ့ခရီးသွားဖြစ်အောင် ကြိုးစားပါတယ်။
ဒီတစ်ခါလည်း စိတ်တူကိုယ်တူ သူငယ်ချင်းတွေနဲ့အတူ ရထားနဲ့သွားဖြစ်ခဲ့တဲ့
ပျော်ရွှင်စရာ ပုဂံခရီးစဉ် လေးအကြောင်း ဝေမျှပေးချင်ပါတယ်။
ပုဂံကို မိုးရာသီရော ဆောင်းရာသီမှာပါ လေယာဉ် ကားတို့ နဲ့ သွားဖူးခဲ့ပေမယ့် ရထားနဲ့သွားဖြစ်ခဲ့တာတော့ ဒါပထမဆုံးအကြိမ်ပါပဲ။
ပုဂံကို ရထားနဲ့သွားမယ်ဆိုရင် ရထားလက်မှတ် ၃ ရက်ကြိုဝယ်ရပါတယ်။
ကျွန်မတို့က ဗုဒ္ဓဟူးနေ့ သွားမှာမို့ တနင်္ဂနွေမနက်မှာ သွားဝယ်ဖြစ်ပါတယ်။ ရထားလက်မှတ်ကို ဗိုလ်ချုပ်လမ်း Sakura Tower ရှေ့ က ရထားလက်မှတ်ဝယ်တဲ့
နေရာမှာ မနက် ၈ နာရီကနေ ညနေ ၃ နာရီအတွင်းဝယ်လို့ ရပါတယ်။
အိပ်စင်လက်မှတ်က တစ်ယောက်ကို ၁၆၅၀၀ ကျပ်ပေးရပါတယ်။
အိပ်စင်တစ်တွဲမှာ လူ ၈ ယောက်အထိစီးလို့ ရပါတယ်။
တစ်ခြမ်းကို ထိုင်ခုံ ၄ ခုံပါတာမို့  အားလုံး ထိုင်ခုံ ၈ခုံနဲ့ အိပ်စင် ၂ ခုပါတယ်။
မျက်နှာချင်းဆိုင်ထိုင်ခုံ ၂ ခုံကို ဆက်လိုက်ရင် နောက်ထပ်အိပ်စင် ၂ ခု ရတာမို့ 
ကျယ်ကျယ်ဝန်းဝန်းသွားချင်ရင် လူ ၄ ယောက်/ ၆ ယောက်ဆို အိပ်စင်တစ်တွဲမှာ အတော်ပါပဲ။
ကျွန်မတို့က ၄ ယောက်သွားတာမို့ အိပ်ရတာရော ထိုင်ရတာရော ကျယ်ကျယ်ဝန်းဝန်းရှိပါတယ်။
အိပ်စင်တစ်တွဲမှာ အိမ်သာ သီးသန့် ပါတာမို့  အတော်လေးအဆင်ပြေပါတယ်။
ရန်ကုန်- ပုဂံရထားက နေ့ စဉ် ညနေ ၄ နာရီမှာထွက်ပါတယ်။
ရန်ကုန်မြို့လမ်းကျပ်တာမို့  ညနေ ၃း ၁၅ လောက်အရောက် သွားဖို့ လိုပါတယ်။
တွဲထိုးတာနဲ့ တက်ပြီးပစ္စည်းတင် နေရာယူတာနဲ့ ညနေ ၄ နာရီအတိ ရထာထွက်တာနဲ့ ကွက်တိပါပဲ။
ကျွန်မနဲ့ကျွန်မအမျိုးသားက အိမ်ကထွက်တာ နည်းနည်းနောက်ကျသွားတာမို့  ဘူတာရုံမရောက်မချင်း ရင်တထိတ်ထိတ်ဖြစ်ခဲ့ရပါတယ်။
သူငယ်ချင်းစုံတွဲကလည်း စိတ်ပူစွာနဲ့ဖုန်းတစ်ဂွမ်ဂွမ်ဆက်နေပါပြီ။
ဘူတာရုံထဲဝင်ပြီး နောက်ထပ်စင်္ကြံတစ်ခုကျော်ပြီးမှ ရန်ကုန်-ပုဂံရထားတွဲကို
ရောက်ပါတယ်။
၃း၃၀ မှရောက်သွားလို့ ရထားစင်္ကြံကျော်/ အတွဲရှာ/ ပစ္စည်းတင်နဲ့မို့ 
ရထားပေါ်ရောက်မှ စိတ်အေးနိုင်ခဲ့ပါတယ်။
တစ်ကယ်လို့ ရထားမမှီခဲ့ရင်
ကြားဘူတာတွေက ဖြတ်တက်ဖို့ လည်း အဆင်မပြေပါဘူး။
ရထားက ကားလို မဟုတ်တဲ့အတွက်ကြောင့် ကိုယ်နောက်ကျနေရင်
ခဏစောင့်ပါဆိုပြီး စောင့်ဆိုင်းထားလို့ မရပါဘူး။
ရထားထွက်တာနဲ့ လူကအတော်လေးပျော်နေပါပြီ။
ကြည့်မြင်တာဘူတာ၊ အင်းစိန်ဘူတာ၊ ရွှေပြည်သာဘူတာ စတာတွေဖြတ်သန်းပြီး
ရန်ကုန်မြို့ကထွက်တာနဲ့ လမ်းတစ်လျှောက် မျက်စိအေးစရာ
မြင်ကွင်းစိမ်းစိမ်းစိုစိုတွေကို မြင်ရပါပြီ။
ရထားနဲ့ သွားမယ်ဆိုရင် အရေးကြီးတဲ့အချက်က စားစရာ
( ညစာနဲ့ မနက်စာ) ပြင်ဆင်လာဖို့ လိုပါတယ်။
ရိုးရိုးတန်းနဲ့ အထက်တန်းတွဲတွေမှာ ဈေးသည်တွေ လာရောင်းနိုင်ပေမယ့်
အိပ်စင်အတွဲက တစ်ခြားအတွဲတွေလို ကူးလို့ မရပါဘူး။
ရထားက ဘူတာတိုင်းလည်း မရပ်တာရယ် ဟိုးတုန်းကလို ရပ်တဲ့ဘူတာမှာ ရောင်းတဲ့ဈေးသည်လည်း သိပ်မတွေ့ရတာမို့ 
ကိုယ့်မှာစားစရာမပါလာရင် ဘာမှမတတ်နိုင်ပါဘူး။
ကျွန်မတို့ က ကြက်ပေါင်ကြော်/ ဟန်ဘာဂါ/ စွတ်ပြုတ်/ ကြက်ဥပြုတ်/
လက်ဖက်/ ပေါင်မုန့် / ငါးပိကြော်/ ရေနွေး/ ကော်ဖီထုတ်/ အသီး/ tissue (wet & dry) နဲ့ တစ်ခြား အားလူးကြော်/ ငါးမုန့် ကြော်/ နေကြာစေ့/ အချဉ်ထုတ်/ ရေသန့်  စတာတွေယူသွားဖြစ်ပါတယ်။
ကျွန်မသူငယ်ချင်းက စေ့စပ်သေချာသူမို့ ဓါတ်ဗူး၊ ဇွန်း၊ အမှိုက်အိတ်ကအစ ကျွန်မတို့ သယ်လာပါတယ်။
ပတ်ဝန်းကျင် ညစ်ညမ်းမှုမရှိအောင် ကိုယ်စားပြီးသား အမှိုက်တွေ၊ ပြစ်စရာတွေကို အပြင်ကိုမပြစ်ဘဲ အမှိုက်အိတ်ထဲ တစ်ခါတည်း ထည့်ပါတယ်။
ထမင်းစားချင်တဲ့သူဆိုရင် ထမင်းယူသွားသင့်ပါတယ်။
ည ၇ နာရီလောက် လက်ပံတန်းဘူတာမှာ ခဏလေးရပ်ပေမယ့်
ဝယ်စားတဲ့ ထမင်းနဲ့ဟင်းက အဆင်မပြေပါဘူး။
နောက်တစ်ချက်က ဈေးဝယ်တဲ့အခါ အဆင်ပြေစေဖို့  ၅၀၀ တန်၊ ၂၀၀ တန်စတာတွေကိုလည်း ဆောင်ထားသင့်ပါတယ်။
ရန်ကုန်-ပုဂံ ရထားလမ်းက အရမ်းကြီးမခုန်ပါဘူး။
ညစာ စားပြီးချိန် စာအုပ်လေးဖတ်ပြီး ရထားသံလေးနားထောင်ရင်း
အိပ်လိုက်လာရတာ အတော်လေးဇိမ်ကျပါတယ်။
ရထာကြီးကမြန်လာလိုက်၊ နှေးသွားလိုက်နဲ့ ချော့သိပ်နေသလိုပါပဲ။
ကျွန်မတို့ လေးယောက်ကတော့ စာအုပ်ဖတ်တဲ့သူကဖတ်၊ သီချင်းနားထောင်တဲ့သူကနားထောင်၊ ဖုန်းကြည့်သူကကြည့်ပြီး
အိပ်စက်လိုက်ပါလာကြပါတယ်။
ရထားက အိပ်စင်နဲ့ ထိုင်ခုံတွေအတွက် အခင်းအဖြူရောင်တော့ပေးထားပါတယ်။
သူတို့အခင်းတွေ မသုံးချင်ရင်
ကိုယ့်ရဲ့ စောင်တို့ အခင်းတို့ ယူလာဖို့တော့ သတိချပ်သင့်ပါတယ်။
အမှန်အတိုင်းပြောရရင် ကျွန်မက ရထားပေါ်က ကြမ်းပိုးကိုက်မှာ
အင်မတန်ကြောက်တဲ့သူပါ။
ကံကောင်းထောက်မစွာနဲ့ ကျွန်မတို့ ရထားတွဲမှာတော့
ကြမ်းပိုးမတွေ့ ခဲ့ရပါဘူး။
မနက်လင်းလို့ရထားအိမ်သာတွဲထဲမှာ ဘေစင်တစ်ခုလည်းပါတာမို့ မျက်နှာသစ်ရတာ
အဆင်ပြေပါတယ်။ ရေလည်းလုံလုံလောက်လောက်ပါပဲ။
ရထားနဲ့ ခရီးသွားခြင်းရဲ့ အားသာချက်က အိပ်ရေးဝပြီး
ကားနဲ့ သွားသလို အညောင်းမမိသလို၊ သက်တောင့်သက်သာလည်းရှိပါတယ်။
မနက်စောစော နေထွက်တာကို ရထားပေါ်ကနေ ပါလာတဲ့ကော်ဖီလေးတစ်စိမ့်စိမ့်သောက်ရင်း ကြည့်ရတာကလည်း အရသာတစ်မျိုးပါပဲ။
ရန်ကုန်ထွက်စက စိမ်းစိမ်းစိုစိုနဲ့ ရှုခင်းတွေက တစ်မျိုးလှသလို၊
အညာကျပြန်တော့ တစ်မျိုးတစ်ဖုံလှပါတယ်။
မိုးတွင်းမှ ဖုန်းမထူသလို၊ ရာသီဥတုကလည်း ပူစပ်မနေပါဘူး။
မိုးလည်းအမြဲရွာနေတာမဟုတ်လို့ စိုစိစိလည်းဖြစ်မနေပါဘူး။
ရထားပေါ်က ရှုခင်းတွေကြည့်ရတဲ့ခံစားချက်ကလည်း ကားနဲ့ ခရီးသွားခြင်းနဲ့
ကွာခြားပြန်ပါတယ်။
သားမြာဘူတာရောက်တဲ့အခါ မနက်စာဝယ်စားချင်ရင် ၀ယ်စားလို့ရတယ်လို့ 
ရထားတွဲစောင့်ဆရာကြီးကတော့ ပြောပေမယ့် ကျွန်မတို့တော့ပါလာတဲ့
မုန့် တွေပဲစားဖြစ်ပါတယ်။
ရထာကြီးကွေ့ သွားတဲ့အခါဓါတ်ပုံရိုက်ရင် အင်မတန်လှပါတယ်။
ဒါပေမယ့် သစ်ပင်၊ သစ်ကိုင်းတွေကို တော့ သတိထားရပါမယ်။
လမ်းတစ်လျှောက် ဓါတ်ပုံရိုက်ချင်စရာ ရှုမညီးတဲ့ ရှုခင်းတွေအများကြီး
တွေ့ ရပါလိမ့်မယ်။
ဒီလိုနဲ့ နတ်မောက်၊ ကျောက်ပန်းတောင်း၊ ငါ့မင်းမေး၊စုတည် စတဲ့ဘူတာပေါင်းများစွာ ဖြတ်သန်းပြီးတဲ့အခါ အချိန်မှန် မနက် ၁၁ နာရီလောက်မှာတော့ ပုဂံဘူတာကို ဆိုက်ရောက်ပါတယ်။
ညနေ ၄ နာရီကနေစစီးလာတာမို့ စုစုပေါင်းရထားစီးချိန်ကတော့
ရန်ကုန်-ပုဂံကို ၁၈ နာရီလောက်စီးရပါတယ်။
ပုဂံခရီး (၂)
ပုဂံကို ရောက်ပါပြီ
ပုဂံရောက်ပြီဆိုတော့ ကိုယ်တည်းခိုမယ့် Hotel/ Guest House တစ်ခုခုကို သွားရပါမယ်။
ဒါ့ကြောင့် ခရီးမထွက်လာခင်ကတည်းက ဘယ်ဟိုတယ်မှာ တည်းမယ်။
ကိုယ့်ရဲ့ Budget ကဘယ်လိုသတ်မှတ်ထားသလဲ ဆိုတာ အရေးကြီးပါတယ်။
တစ်ကယ့် ဟိုတည်ကြီးတွေမှာ တည်းမယ့်သူတွေရော၊ ဟိုတယ်အသေးလေးတွေမှာ တည်းမယ့်သူတွေရော ကြိုတင်ဘိုကင်လုပ်ထားခဲ့တာကတော့ အကောင်းဆုံးပါ။
တစ်ချို့ ဟိုတည်ကြီးတွေက online က ဘိုကင်လုပ်ထားရင် walk in ၀င်တာထက်
ပိုပြီးဈေးသက်သာတာရှိတတ်ပါတယ်။
တည်းခိုမယ့်နေရာ ရှာမထားဘဲ ရောက်မှ
တည်းဖို့ ရှာမယ်ဆို
သက်သက်အချိန်ပိုကုန်စေသလို လူကိုလည်း ပင်ပန်းစေပါတယ်။
ကျွန်မတို့လည်း online က review လေးတွေကို ဖတ်ပြီး၊ ကြည့်ပြီး
New Wave Guest House မှာ ဖုန်းနဲ့ ကြိုပြီး ဘိုကင်တင်ထားပါတယ်။
New Wave က ၀က်ကြီးအင်း၊ ညောင်ဦးမြို့ နယ်၊ ပုဂံမြို့ မှာတည်ရှိပါတယ်။
ဖုန်းနံပါတ်က ၀၆၁ ၆၀၇၃၁၊ ၀၉ ၄၅၀၀ ၅၃၁၅၅
New Wave မှာ standard room အခန်းခက တစ်ရက်ကို ၂၅၀၀၀ ကျပ် ပါ။
နှစ်ယောက်တည်းခိုနိုင်ပါတယ်။
မနက်စာပါဝင်ပါတယ်။
မနက်စာကလည်း သူ့ ဈေးလေးနဲ့ ဆို
ကောင်းတယ်လို့ ပြောလို့ရပါတယ်။
သုံးရက်တည်းတဲ့အခိုက် ထမင်းဆီဆမ်း၊ ထမင်းသုတ်၊ မုန့်ဟင်းခါး တစ်နေ့ တစ်မျိုးစီ စားရပါတယ်။
ပေါင်မုန့် နဲ့ ကြက်ဥ စားချင်လည်းရပါတယ်။
အမှန်အတိုင်းပြောရရင် New Wave ကို အရမ်းကြီးမျှော်လင့်မထားပါဘူး။
ကိုယ်တွေကလည်း တစ်နေကုန် အပြင်ထွက်မယ့်သူတွေဖြစ်လို့  review လေးလည်း မဆိုးဘူးဆိုပြီးစမ်းသွားကြည့်တဲ့သဘောပါ။
ဒါပေမယ့် သူ့ ရဲ့ အခန်းတွေက ကျယ်သလို၊ အပြင်အဆင်လေးတွေလည်း
သပ်ရပ်ကောင်းမွန်ပါတယ်။
နေရတာ အတော်လေးအဆင်ပြေပြီး စိတ်ကျေနပ်ခဲ့ပါတယ်။
ဒါ့ကြောင့်မို့ ဈေးအရမ်းကြီး ကြီးတဲ့နေရာမှာ
တည်းဖို့ မစဉ်းစားထားဘူးဆိုတဲ့သူတွေကို
New wave သွားဖို့ လမ်းညွှန်ချင်ပါတယ်။ နိုင်ငံခြားသားရော၊ မြန်မာတွေရော တည်းခိုကြပါတယ်။
သူ့ ပတ်ဝန်းကျင်မှာလည်း စားသောက်ဆိုင်တွေ ရှိသလို၊ ဘုရားတွေသွားဖို့ ရာလည်း
အဆင်ပြေပါတယ်။ Queen/ မျိုးမျိုး/ Nandar/ Harmony/ The Little Thai Kitchen စတဲ့စားသောက်ဆိုင်တွေနဲ့ နီးပါတယ်။
ဟိုတယ်မှာပဲ အေးအေးဆေးဆေးပိုနေမယ်၊ ရေကူးမယ်၊ ဧရာဝတီမြစ်ပြင်ကြီးကြည့်ပြီး
ထနောင်းပင်ကြီးအောက်ထိုင်မယ်။
ညဘက် ရုပ်သေးအကလေးလည်း ကြည့်ချင်တယ်။
ညည့်နက်တဲ့အထိ ကိုယ့်အခန်း (ဘန်ကလို) ကနေ လောကသဘာဝကို ခံစာကြည့်ချင်တဲ့သူတွေအတွက်ဆိုရင်တော့ Bagan Thandae Hotel (River View) ကို သဘောကျပါတယ်။
ဒီလိုအချိန် မိုးတွင်းဆို ပုဂံကဟိုတယ်တွေက ပွင့်လင်းရာသီတွေထက် ဈေးပိုသက်သာပါတယ်။
တည်းခိုစရာနေရာလည်း ဘိုကင်လုပ်ထားပြီးသား
မို့ ပုဂံဘူတာကနေ ကားငှားသွားရုံပါပဲ။
ပုဂံရထားကတော့ လူလည်း မများလို့  ဘူတာရုံကလည်း အေးအေးဆေးဆေးပါပဲ။
ကားငှားခတွေကတော့ ကိုယ်တည်းမယ့်နေရာ သွားရမယ့် နေရာပေါ်မူတည်ပါတယ်။
ဘူတာကနေ တည်းခိုတည့်နေရာကို ၈၀၀၀ ကျပ်ပေးရပါတယ်။
ရန်ကုန်ကားငှားခအနေနဲ့ ကြည့်ရင်တော့ ဈေးကြီးတယ်လို့တော့ဆိုနိုင်ပါတယ်။
New Wave ရောက်တော့ ၁၁ခွဲပဲ ရှိသေးတာကြောင့် အခန်းသန့် ရှင်းရေးလုပ်နေချိန်မို့  ပစ္စည်းတွေ
ချပြီး အဲ့ဒီ့အနားက Queen ဆိုတဲ့ စားသောက်ဆိုင်ကို လမ်းလျှောက်ပြီးသွားစားဖြစ်ပါတယ်။
အဲ့ဒီမှာက ဒေါင်းလန်းကြီး တစ်ယောက်စာ မှာလို့ရပါတယ်။ အရသာလည်း မဆိုးပါဘူး။
လာစားတဲ့ ဧည့်သည်အပြည့်ပါပဲ။
နိုင်ငံခြားသား ဧည့်သည်ပိုများတာတွေ့ ရပါတယ်။
ပုဂံမှာ လျှောက်လည်မယ်ဆိုရင် ကိုယ်က ဘယ်လိုလည်ချင်သလဲဆိုတဲ့ အချက်ကို စဉ်းစားရပါမယ်။
ဘုရားအစုံဖူးချင်တာလား၊ အေးအေးဆေးဆေး ဘယ်လိုဘုရားတွေ သွားချင်တာလဲ။
ပေါက်ဆိန်ပေါက်သွားမှာလား။
ကားနဲ့ လည်မလား။ ebike စီးပြီး ကိုယ့်ဟာကိုယ် သွားကြမလားဆိုတာ စဉ်းစားရပါမယ်။
ကားနဲ့ လည်မယ်ဆိုရင် ကားခက တစ်နေ့ မနက်ကနေညနေအထိ ၃၀၀၀၀ ကျပ်ရှိပါတယ်။
ပုပ္ပားသွားလည်ရင်လည်း ဈေးက ဒီလောက်ပါပဲ။ ပုပ္ပားကို တစ်ခြားသူတွေနဲ့ အတူ share ပြီး ကားငှားချင်လည်း ရပါတယ်။
အဲဒါကျတော့ ဈေးတစ်မျိုးပါ။
Ebike တစ်စီးကို တစ်ယောက်တည်းစီးရင်
တစ်နေ့ လုံးငှားခ ၇၀၀၀-၈၀၀၀ ကျပ် ပေးရပြီး၊
နှစ်ယောက်စီးရင် ၁၀၀၀၀- ၁၁၀၀၀ ကျပ် ရှိပါတယ်။
ကားနဲ့ လည်မယ်ဆိုရင် ကားဆရာက အထင်ကရဘုရားတွေကို လိုက်ပို့ပေးမှာမို့ ဘယ်ဘုရား၊ ဘယ်နားမှာရှိလဲ၊ sun set ဘယ်က ကြည့်ရမလဲ
ဘယ်ဘုရားတွေက တက်လို့ရသေးလဲ ဆိုတဲ့အချက်တွေအတွက် သိပ်စိတ်ပူစရာမလိုပါဘူး။
ကိုယ့်ဟာကိုယ် လည်မယ့်သူတွေ၊ ပထမဆုံးအကြိမ်ရောက်ဖူးတဲ့သူတွေအတွက်
ကတော့ အချိန်မကုန်ရအောင် မြေပုံတစ်ခုရှိထားသင့်ပါတယ်။
လမ်းမှာ သွားရင်း informatation ကောင်တာကနေ မြေပုံဝင်တောင်းလို့ရပါတယ်။
မနှစ်က အခုလို မိုးရာသီမှာ ပုဂံကို အလုပ်ကိစ္စနဲ့ လာရင်း နောက်နှစ်မိုးရာသီ မဖြစ်မနေအေးအေးလူလူ
လမယ်လို့ အားခဲထားတာမို့  ပုဂံမှာပဲ ၃ ညအိပ်မယ်။
ebike နဲ့ ကိုယ်သွားချင်တဲ့နေရာတွေကို သွားလည်မယ်။
တစ်နေရာဝင် အေးအေးဆေးဆေး ဓါတ်ပုံရိုက်မယ်၊ နားမယ်။
နောက်ထပ်တစ်နေရာ သွားမယ်။
နေ့ လည် ခဏပြန်နားမယ်။ ညနေပြန်ထွက်မယ် ဆိုပြီး ရည်ရွယ်သွားတာမို့ ကျွန်မတို့က
ebike ကိုပဲ သုံးဖြစ်ပါတယ်။
ပုဂံသွားမယ်ဆိုရင် အကျီ င်္၊ ဘောင်းဘီအများကြီးထည့်စရာမလိုပါဘူး။
ပုဂံမှာ ဖက်ရှင်တစ်ခုလို့ ဆိုလို့ရအောင် သူသူကိုယ်ကိုယ် ဘောင်းဘီပွပွကြီးတွေဝတ်ကြပါတယ်။
ကိုယ့်မှာ မပါလည်း စိတ်ပူစရာမလိုပါဘူး။ နေရာတိုင်းမှာ လေးလွှာဖားဖားဘောင်းဘီနဲ့ 
အကျီ င်္တွေဝယ်လို့ရပါတယ်။ ၀တ်စရာအများကြီး ယူလာမိရင်တောင်မှ အဲ့ဒီ့လို ဘောင်းဘီတွေ မ၀ယ်ဖြစ်တဲ့သူ မရှိဘူးလို့ ထင်ပါတယ်။
ပေါ့ပေါ့ပါးပါးရှိပြီး ရာသီဥတုနဲ့ ကိုက်ညီတာကာ ဈေးလည်းသင့်တာမို့  ဒါက ပုဂံရဲ့ ဖက်ရှင်ပါပဲ။
ဘောင်းဘီအရှည်က တစ်ထည်ကို ၄၀၀၀-၄၅၀၀ ကျပ် ကပုံမှန်ဈေးပါ။
အတိုဆိုရင် တစ်ထည် ၃၀၀၀-၃၅၀၀ ကျပ် ပေးရပါတယ်။
Ebike စီးရင် နေကာဖို့ ဦးထုတ်၊ မျက်မှန်၊ ပေါ့ပေါ့ပါးပါးပိုက်ဆံအိတ် ယူသွားတာကောင်းပါတယ်။
နေလည်းမပြင်းသလို၊ မိုးလည်း မသည်းဘဲ တစ်ခါတစ်လေ မိုးလေးအုံ့ တတ်သေးတာမို့ 
အခုလို မိုးရာသီကတော့ လည်လို့အကောင်းဆုံးအချိန်ပါပဲ။
ပုဂံဘုရားတွေနဲ့ နောက်ခံ ဓါတ်ပုံရိုက်တဲ့အခါ မြန်မာအကျီ င်္နဲ့ လုံခြည်အရောင်လွင်လွင်လေးတွေဆို
ပိုလို့ ကြည့်ကောင်းပါတယ်။
နောက်ထပ် မပါမဖြစ်အရေးကြီးတာက sefile stick ပါ။
ပုဂံမှာ နောက်ရက်တွေရဲ့ နေ့ လည်စာကို အာနန္ဒာ ဘုရားနားက သရပါ ၃ နဲ့ မျိုးမျိုး တို့မှာစားဖြစ်ပါတယ်။
နာမည်ကြီးပြီးသားဆိုင်တွေမို့ လူစည်ပါတယ်။ လူစည်သလောက် အရသာကလည်း ကောင်းပါတယ်။
မြန်မာထမင်း၊ ဟင်းကို အညာအရွက်သုတ်လေးတွေ၊ အထောင်လေးတွေ၊ ကြက်ကြော်၊ အမဲကြော်၊ ဆိတ်သားလုံးကြော်လည်း ရတာမို့ ကျွန်မကတော့ သရပါ ၃ ကို အတော်လေးကြိုက်ပါတယ်။
ညနေစာ အကင်လောက်ပဲ စားချင်တယ်ဆိုရင်တော့ Harmony က ကောင်းပါတယ်။
Harmony မှာ နှစ်ည ဆက်တိုက်စားဖြစ်ပြီး နောက်ဆုံးတစ်ညကို The Little Thai Kitchen ကိုပြောင်းစားဖြစ်ပါတယ်။ သူကတော့ unplugged လေးနဲ့ အရသာကလည်း ကောင်းပါတယ်။
ခရီးသွားရင် နောက်ထပ်အရေးကြီးတဲ့အချက်က “ဘုံပိုက်ဆံ” လုပ်ထားဖို့ ပါပဲ။
ဒါဟာ ရေရှည်အတွက် အကောင်းဆုံးပါ။
ကျွန်မတို့ သူငယ်ချင်းတွေကတော့ ခရီးတစ်ခုထွက်မယ်ဆို
စထွက်ကတည်းက တစ်ယောက်ဘယ်လောက် ဆိုပြီး အားလုံးဝိုင်းထည့်တဲ့ ဘုံပိုက်ဆံ လုပ်ထားပါတယ်။
အစားအသောက်၊ ကားငှားခ၊ ဘာခ၊ ညာခစတာတွေကို ဘုံပိုက်ဆံထဲကပဲ တစ်ယောက်က ဒိုင်ခံရှင်းပါတယ်။
ဘုံပိုက်ဆံက နည်းလာရင် ထပ်ထည့်ကြပါတယ်။
ဒါမှ ဘယ့်သူကို ဘယ်သူကမှ အားနားစရာမလိုပဲ ဘယ်လောက်သုံးပြီးပြီလဲ ဆိုတာကိုလည်း အလွယ်တစ်ကူ ပြန်တွက်လို့ ရပါတယ်။
နေ့ လည်စာစားပြီး တစ်ရေးလည်း အိပ်ပြီးပြီမို့ 
ညနေ ၄ မှာတော့
ပုဂံ Day 1 ခြေဆန့် ဖို့ အသင့်ဖြစ်နေပါပြီ။
ပုဂံခရီး (၃)
ပုဂံမှာ လျှောက်လည်ကြမယ်
ပုဂံဘုရားတွေ ဖူးမယ်ဆိုရင်
တန်ခိုးမှာ ရွှေစည်းခုံ၊ အနုမှာ အာနန္ဒာ၊
အမြင့်မှာ သဗ္ဗညု ၊ ထုမှာ ဓမ္မရံ
လို့ ပြောစမတ်ပြုကြတာမို့ 
ဒီ ရွှေစည်းခုံ၊အာနန္ဒာ၊ သဗ္ဗညု နဲ့ ဓမ္မရံကြီး ဘုရားတို့ကိုတော့ မဖြစ်မနေသွားဖူးသင့်ပါတယ်။
ရွှေစည်းခုံသွားပြီး နည်းနည်းဆက်သွားရင် ညောင်ဦးကိုရောက်ပြီမို့ 
ညောင်ဦးဈေးသွားချင်ရင်လည်း
သွားနိုင်ပါတယ်။
ညောင်းဦးမြို့ ထဲသွားရင် လမ်းမှာ ငှက်ပစ်တောင်ဘုရားကို လမ်းညွှန်ထားလည်းရှိပါတယ်။
ရွှေစည်းခုံဇောင်းတန်းက တိုင်အဖြူတွေနားမှာ ဓါတ်ပုံရိုက်ရင်လှသလို၊
အာနန္ဒာဘုရား ဇောင်းတန်းနားမှာလည်း ဓါတ်ပုံရိုက်လို့ကောင်းပါတယ်။
Sun Set ကြည့်ချင်သူများကတော့ ရွှေလိပ်တူးဘုရား၊ ရွှေဂူကြီး၊ ရွှေဆံတော်ဘုရားတွေကနေပြီး နေ၀င်တာကို ကြည့်ရှုခံစားလို့ရပါတယ်။
ပုဂံဘုရားတွေထဲမှာ ထုထည်ကြီးမားတဲ့ ဓမ္မရံကြီးဘုရားကို အတော်လေးသဘောကျမိပါတယ်။
နောက်ထပ်လူသွားများတဲ့ ဘုရားတစ်ဆူကတော့ ထီးလိုမင်းလိုဘုရားပါ။
ရုပ်သေးရုပ်တွေ၊ ပုသိမ်ထီးတွေ၊ ခေါင်းလောင်း၊ ကြေးစည်စတဲ့ ဆိုင်တန်းတွေဟာ ဘုရားပတ်ပတ်လည်မှာ ရှိပါတယ်။
ကလေးကစားရာရောင်စုံအိုးပုတ်အစုံကို သရပါတံခါးကထွက်ပြီး အာနန္ဒာသွားတဲ့လမ်းက ဈေးတန်းလေးမှာ ၀ယ်လို့ရပါတယ်။
ဧရာဝတီမြစ်ကမ်းနဘေးက လောကနန္ဒာဘုရားဖူးရင်း ဧရာဝတီမြစ်ပြင်ကြီးကိုလည်း ငေးကြည့်နိုင်ပါတယ်။
မနုဟာဘုရား၊ ကန်တော့ပုလင်၊ ဓမ္မရာဇက
နဲ့ တစ်ခြားထင်ရှားတဲ့ဘုရားတွေအများကြီးရှိပါသေးတယ်။
တစ်ချို့ လည်း စွယ်တော်လေးဆူ နေ့မွမ်းမလွဲခင်ဖူးနိုင်ရင် ဆုတောင်းပြည့်တယ်လို့ ပြောကြတာမို့ 
မနက်အစောကြီးကတည်းကထပြီး စွယ်တော်လေးဆူ
(တန့် ကြည်တောင်စေတီ၊ တုရင်းတောင်စေတီ၊ ရွှေစည်းခုံစေတီ
နဲ့ လောကနန္ဒာစေတီ) ကို လှူဖွယ်ပစ္စည်းအစုစုနဲ့ သွားကြတာရှိပါတယ်။
ဒီတစ်ခေါက်တော့ ကျွန်မတို့က တန့် ကြည်တောင်နဲ့ တုရင်းတောင်ကို မရောက်ဖြစ်ပါဘူး။
နောက်ထပ် ပုဂံမှာ ဗူးဘုရားကနေလည်း Sun Set ကြည့်ကြသူများရှိပါတယ်။
Sun Set ကို ဗူးဘုရားကဆင်းပြီး လှေငှားပြီး ဧရာဝတီမြစ်ပြင်ထဲ ရှုခင်းတွေခံစားပြီးကြည့်လို့လည်း ရပါတယ်။
ဗူးဘုရားသွားတဲ့အခါ ညနေ လှေငှားပြီး sun set ကြည့်မလားလို့ မေးတဲ့ လှေဆရာတွေရှိပါတယ်။
ကျွန်မတို့အုပ်စုကတော့ ပထမနေ့ sun set ကို ရွှေလိပ်တူးဘုရားကကြည့်ဖြစ်ပြီး
ဒုတိယနေ့မှာ ရွှေဂူကြီးဘုရားကကြည့်ပါတယ်။
ရွှေဂူကြီးကကြည့်ရင် သဗ္ဗညု နဲ့ ဓမ္မရံကြီးဘုရားကိုလည်း လှမ်းမြင်ရပါတယ်။
အရင်အခေါက်တွေတုံးက sun set ကို ရွှေဆံတော်၊ ပြသာဒ်ကြီးနဲ့  မင်္ဂလာစေတီကကြည့်ခဲ့ဖူးပါတယ်။
ရွှေဆံတော်ဘုရားက အမြဲလူပြည့်တတ်သလို၊ ပြသာဒ်ကြီးက ကြည့်ရတဲ့မြင်ကွင်းကိုတော့ အကြိုက်ဆုံးပါပဲ။
အရင်က ပြသာဒ်ကြီးဘုရားကနေလည်းတက်ပြီး နေ၀င်တာကို ကြည့်လို့ရပေမယ့် အခုတော့ ပြသာင်္ကြီးက တက်လို့မရတော့ပါဘူး။ ဒါပေမယ့် ဓါတ်ပုံရိုက်ချင်သူများအတွက်တော့ ပြသာဒ်ကြီးကို သွားပြီး
ပြသာဒ်ကြီးဘုရားရဲ့ ကြီးကြယ်ခမ်းနားမှုကို လေ့လာနိုင်ပါတယ်။ အဲ့ဒီ့ကနေအပြန် စူဠာမဏိဘုရားကို ၀င်နိုင်ပါတယ်။
စူဠာမဏိဘုရားမှာ ဘုရားအထဲကို မ၀င်မှီ ဘယ်ဘက်ကိုချိုးလာရင် ဘုရားရယ် သစ်ကိုင်းအကွေးလေးပေါ်အောင် ဓါတ်ပုံရိုက်ကောင်းတဲ့နေရာလေးရှိပါတယ်။
အဲ့ဒီ့အနောက်မှာ ရဟန်းစာဆို ဦးကျည်ပွေ့ ရဲ့  စာမေးစာဖြေကန်လည်းရှိပါတယ်။
စူဠာမဏိ၊ ပြသာဒ်ကြီးနဲ့ ဓမ္မံရံကြီးဘုရားတွေက
လမ်းတစ်ကြောထဲမှာ ရှိပါတယ်။
နောက်ဆုံးနေ့ မှာတော့ ဧရာဝတီမြစ်ထဲလှေစီးရင်းကြည့်ဖြစ်ပါတယ်။
ဗူးဘုရားကို ညနေ ၅ နာရီလောက်အရောက်သွားပြီး စားချင်တဲ့ ပုဇွန်ကြော်
တို့ ငါးလေးကြော်တို့ကို ဗူးဘုရားမှာပဲ ၀ယ်ပါတယ်။
ကျွန်မတို့ငှားတဲ့ လှေဆရာက သဘောကောင်းပါတယ်။
သူက လက်ဖက်နဲ့ ရေနွေးကြမ်းဧည့်ခံပါတယ်။
လှေငှားခက တစ်ယောက် ၅၀၀၀ တောင်းတဲ့သူရှိပေမယ့် ကျွန်မတို့ငှားတဲ့ လှေဆရာကတော့ လေးယောက်ကို ၁၅၀၀၀ ပဲတောင်းပြီး ဈေးထပ်လျော့ပေးပါသေးတယ်။
ဘုရားတွေကတော့ ကိုယ်သွားမယ့်လမ်းကြောင်း၊ ကိုယ်သွားချင်တဲ့ဘုရား၊ အချိန်ပေါ်မူတည်ပြီး အလျင်းသင့်သလို သွားလို့ရပါတယ်။
ကျွန်မတို့ကတော့ မနက် ၈ နာရီလောက်ထွက်ပြီး နေ့လည်ခဏပြန်နားပါတယ်။
ပြီးမှ ညနေ ၄ နာရီလောက် တစ်ခေါက်ပြန်ထွက်ပါတယ်။
တစ်ချို့ ပုဂံကနေ ပုပ္ပားတောင်ကို သွားလည်သူများလည်းရှိပါတယ်။
ပုဂံ-ပုပ္ပားလမ်းက ပိုင်ထန်းတောကတော့ မ၀င်မဖြစ်လူတိုင်းဝင်ကြတဲ့ နေရာတစ်ခုပါပဲ။
ဒီတစ်ခေါက် သုံးရက်လုံး ပုဂံမှာပဲအေးအေးဆေးဆေး
လည်ဖြစ်တာမို့ ပုပ္ပားတောင်ကို မသွားဖြစ်ခဲ့ပါဘူး။
နောက်ထပ် ပုဂံမှာ ခေတ်စားလာတာက လက်ပန်းချီဆွဲတာပါ။
လက်ပန်းချီဆွဲသည်ဆိုတဲ့ ဆိုင်းပုဒ်နဲ့ ဆိုင်လေးတွေ ပုဂံဘုရားဖူးလမ်းတစ်လျှောက်အများအပြားရှိပါတယ်။
ယောင်္ကျားလေး၊ မိန်းကလေး နှစ်ယောက်လုံး လက်ပေါ်မှာ ဆွဲလို့ရပါတယ်။
သူက အကြာကြီးတော့မခံပါဘူး။ အလှသဘောမျိုးပါ။
ကိုယ်ဆွဲချင်တဲ့ဒီဇိုင်းကို မူတည်ပြီး ၂၅၀၀-၃၀၀၀ ကျပ်စသဖြင့် အမျိုးမျိုးရှိပါတယ်။
လက်မှုပန်းချီဆိုင်လေးတွေမှာ ရုပ်သေးရုပ်လေးတွေ၊ ပုသိမ်ထီးရောင်စုံလေးတွေနဲ့ အလှဆင်ထားပါတယ်။
အဲဒါလေးတွေနဲ့ လည်း တွဲပြီး ဓါတ်ပုံရိုက်လို့ရပါတယ်။
နောက်ထပ်ပြည်တွင်းဖြစ် ကြိမ်၊ ဖျာ၊ ကြာရိုး အိတ်
ကြိမ်ထည်ပစ္စည်းတွေ ၀ယ်ချင်ရင်တော့ သဗ္ဗညုဘုရာနား
မှာ ကြိမ်ဆိုင်တွေရှိပါတယ်။
ပုဂံကနေ ရန်ကုန်ပြန်မယ်ဆိုရင် ကား၊ လေယာဉ် တို့နဲ့ ပြန်လို့ရသလို ရထားနဲ့ ပြန်လို့လည်းရပါတယ်။
ပုဂံမှာကျတော့ ရထားလက်မှတ်က ကြိုမရောင်းပါဘူး။
ခရီးသွားမယ့်နေ့ ရဲ့ နေ့ လည် ၃ နာရီမှ လက်မှတ်စရောင်းပါတယ်။
အိပ်စင်ဈေးက အသွားတုန်းကလိုပဲ ၁၆၅၀၀ ကျပ်ပါ။
ညနေ ၄ နာရီမှာ ရထားထွက်ပါတယ်။
ရထားစီးသူနည်းသေးတာကြောင့် ကျွန်မတို့ လွယ်လွယ်ကူကူပဲဝယ်လို့ရပါတယ်။
ပုဂံကို ဘယ်နှစ်ခေါက်ပဲ ရောက်ရောက် ဘယ်တော့မှ မရိုးပါဘူး။
အညာက တမာလမ်းနဲ့ ထနောင်းပင်တွေကို ကျွန်မချစ်ပါတယ်။
အေးအေးဆေးဆေး ebike လေးစီးပီး
ကိုယ်သွားချင်တဲ့ ဘုရားတွေပဲ ရွေးပြီးသွားခဲ့တာမို့ 
ဒီခရီးစဉ်လေးဟာ ကျေနပ်စရာကောင်းပါတယ်။
ပုဂံမှာ (၃) ညအိပ်ခဲ့ပြီး အလာတုန်းက ရထားပေါ် (၁) ည၊
အခုအပြန် (၁) ည နဲ့ ကျွန်မတို့ရဲ့ ပုဂံခရီးလေးက ပြီးဆုံးပါတော့မယ်။
တစ်ကယ်တော့အိမ်ကို မပြန်ချင်သေးပါဘူး။
ဒါပေမယ့် အချိန်တန် အိမ်ပြန်ရတာပါပဲ။
အပြန်လက်ဆောင်ပုဂံပုန်းရည်ကြီး နဲ့ လမ်းမှာစားဖို့ သရပါ ၃ ကအော်ဒါမှာဝယ်ခဲ့တဲ့
ကြက်ကြော်၊ အမဲကြော်၊ ထမင်း၊ ဟင်းအစုံပါတဲ့ ခြင်းထောင်းနှစ်လုံးနဲ့ အတူ
ကြိမ်ကုလားထိုင်တွေပါ တင်ပြီး
ရထားကြီး ဂျုံး ဂျုံးစီးလို့ ကျွန်မတို့ အိမ်ပြန်ခဲ့ပါပြီ။
Title: ပုဂံခရီး
By: phwe phyu
10th August 2017
#bagan #trip #travelling #myanmar #bytrain #travellernote
Saturday, November 4, 2017
အညာဘုရားပွဲဈေး
အညာဘုရားပွဲဈေး
ပုဂံ၊ ရွှေစည်းခုံဘုရားရှိ ဘုရင့်နောင်မင်းတရားကြီး ၏ခေါင်းလောင်းစာ ကမ္ဘာ့မှတ်တမ်းအမွေအနှစ်အဖြစ် သတ်မှတ်ခံရ
၂၀၁၇ ခုနှစ်၊ အောက်တိုဘာလ (၂၄) ရက်နေ့မှ (၂၇) ရက်နေ့အထိကျင်းပခဲ့သောကမ္ဘာ့မှတ်တမ်းအမွေအနှစ်အတွက်အပြည်ပြည်ဆိုင်ရာအကြံပေးကော်မတီ၏ (၁၃) ကြိမ်မြောက် အစည်းအဝေးတွင် နိုင်ငံအသီးသီးမှ မှတ်တမ်းအမွေအနှစ်ပေါင်း (၁၃၀)အဆိုပြုတင်သွင်းရာမြန်မာနိုင်ငံမှပုဂံ၊ ရွှေစည်းခုံဘုရားရှိဘုရင့်နောင်မင်းတရားကြီး၏ခေါင်းလောင်းစာအပါအဝင် မှတ်တမ်းအမွေအနှစ် (၇၈) ခုအားကမ္ဘာ့မှတ်တမ်းအမွေအနှစ်အဖြစ်သတ်မှတ်ခဲ့ပါသည်။ပုဂံရွှေစည်းခုံဘုရားရင်ပြင်တော်ပေါ်ရှိဘုရင့်နောင်ခေါင်းလောင်းကြီးကိုမြန်မာသက္ကရာဇ် ၉၁၇ (အေဒီ ၁၅၅၇) ခုနှစ်တွင် ဆင်ဖြူရှင်ဘုရင့်နောင်မင်းတရားကြီးကသွန်းလုပ်၍ချိတ်ဆွဲလှူဒါန်းခဲ့ပါသည်။ ခေါင်းလောင်းပေါ်တွင် မွန်၊ မြန်မာ၊ ပါဠိ (၃) ဘာသာဖြင့် ရေးထိုးထားပါသည်။ ခေါင်းလောင်းစာတွင် ဘုရင့်နောင်၏ တိုက်ခိုက်အောင်မြင်ရာအရပ်ဒေသနှင့် ထိုဒေသတို့၌ သာသနာပြုပုံများကိုရက်စွဲများဖြင့် အတိအကျဖော်ပြလျက် မှတ်တမ်းတင်ထားခဲ့ပါသည်။ ဘုရင့်နောင်ခေါင်းလောင်းစာသည် ခိုင်လုံသောခေတ်ပြိုင်မှတ်တမ်းဖြစ်ခြင်း၊ နေ့ရက်များကိုတိုက်ဆိုင်စစ်ဆေးသောအခါ တိကျမှန်ကန်ခြင်း၊ ဘုရင့်နောင်မင်းတရား၏ မိဖုရားအမည်များကိုအတိအကျသိရခြင်း၊ မဟာရာဇဝင်ကြီးနှင့် မှန်နန်းရာဇဝင်တော်ကြီးတို့၌ မပြည့်မစုံ၊ မတိမကျ ဖော်ပြထားသည်များကိုပြည့်စုံတိကျအောင်ဖြည့်စွက်နိုင်ခြင်းစသည့်အချက်များနှင့် ပြည့်စုံသောကြောင့်ကမ္ဘာ့မှတ်တမ်းအမွေအနှစ်အဖြစ်တင်သွင်းခဲ့ရခြင်းဖြစ်ပါသည်။
ကမ္ဘာ့မှတ်တမ်းအမွေအနှစ် (Memory of the World) ဆိုသည်မှာစာကြည့်တိုက်၊ ပြတိုက်နှင့် မော်ကွန်းတိုက်ဆိုင်ရာစုဆောင်းမှုများဖြစ်သောကျောက်စာ၊ လက်ရေးစာများ၊ တန်ဘိုးမဖြတ်နိုင်သောစာအုပ်များ၊ သတင်းစာများ၊ ဓာတ်ပုံနှင့်ပန်းချီကားများ၊ ဖလင်များအသံနှင့် ဗီဒီယိုအခွေများ၊ စီဒီ၊ အသံမှတ်တမ်းများ၊ စာရွက်စာတမ်းအထောက်အထားများစသည်တို့ဖြစ်ပါသည်။ကမ္ဘာ့အမွေအနှစ် (World Heritage) အဆင့်မျိုးမဟုတ်ဘဲမှတ်တမ်းများကိုသာအဓိကထားသတ်မှတ်ခြင်းဖြစ်ပါသည်။
အဆိုပါ ကမ္ဘာ့မှတ်တမ်းအမွေအနှစ်များသည် လူသားအားလုံးနှင့် သက်ဆိုင်သောကြောင့် ယင်းအမွေအနှစ်များကိုပြုပြင်ထိန်းသိမ်းရန်၊ ကာကွယ်စောင့်ရှောက်ရန်၊မှတ်တမ်းအမွေအနှစ်များအားသိမြင်အလေးထားမှုမြှင့်တင်ရန်နှင့် အပြန်အလှန်အလေးထားမှုရှိစေရန်အတွက် နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေးနှင့် အကူအညီအထောက်အပံ့ပေးရေးတို့လိုအပ်ပါသည်။ ၎င်းအချက်များအားဖြည့်ဆည်းနိုင်ရန်အတွက် ကမ္ဘာ့နိုင်ငံအသီးသီးတွင်ရှိနေသောမှတ်တမ်းအမွေအနှစ်များအားကမ္ဘာ့မှတ်တမ်းအမွေအနှစ်စာရင်းအဖြစ်သတ်မှတ်နိုင်ရန်UNESCO Memory of the World (ယူနက်စကိုကမ္ဘာ့မှတ်တမ်းအမွေအနှစ်) အစီအစဉ်ကို ၁၉၉၂ ခုနှစ်တွင် စတင်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပါသည်။ ကမ္ဘာ့မှတ်တမ်းအမွေအနှစ်များအား ၁၉၉၇ ခုနှစ်မှစ၍ (၂) နှစ် တစ်ကြိမ် ရွေးချယ်သတ်မှတ်ခဲ့ပါသည်။
၁၉၉၂ ခုနှစ်မှ ၂၀၁၇ခုနှစ်အထိကမ္ဘာတစ်ဝှမ်းမှ မှတ်တမ်းအမွေအနှစ်ပေါင်း (၄၂၆) ခုအားကမ္ဘာ့မှတ်တမ်းအမွေအနှစ်အဖြစ် သတ်မှတ်ခဲ့ပြီးဖြစ်ပါသည်။ မြန်မာနိုင်ငံအပါအဝင် အာဆီယံနိုင်ငံများဖြစ်သောကမ္ဘောဒီးယားနိုင်ငံ၊ အင်ဒိုနီးရှားနိုင်ငံ၊ မလေးရှားနိုင်ငံ၊ ဖိလစ်ပိုင်နိုင်ငံ၊ ထိုင်းနိုင်ငံ၊ ဗီယက်နမ်နိုင်ငံနှင့် တီမောလက်စတီနိုင်ငံတို့မှ မှတ်တမ်းအမွေအနှစ်များလည်းကမ္ဘာ့မှတ်တမ်းအမွေအနှစ်စာရင်းဝင်အဖြစ်သတ်မှတ်ခံရပြီးဖြစ်ပါသည်။
၂၀၁၁ ခုနှစ်၊ အင်ဒိုနီးရှားနိုင်ငံတွင်ကျင်းပခဲ့သောယူနက်စကိုကမ္ဘာ့မှတ်တမ်းအမွေအနှစ် အစီအစဉ် အလုပ်ရုံဆွေးနွေးပွဲတွင် မြန်မာနိုင်ငံမှ မှတ်တမ်းအမွေအနှစ် (၆) ခုကိုကနဦးစာရင်း (Tentative List) အဖြစ်တင်သွင်းခဲ့ပါသည်။ထို့နောက် ၂၀၁၂ ခုနှစ် မတ်လတွင် မဟာလောကမာရဇိန် ကုသိုလ်တော်ဘုရားကျောက်စာများအားမြန်မာနိုင်ငံ၏မှတ်တမ်းအမွေအနှစ်အဖြစ်တင်သွင်းခဲ့ရာ ၂၀၁၃ ခုနှစ် ဇွန်လတွင် UNESCO က ကမ္ဘာ့မှတ်တမ်းအမွေအနှစ်စာရင်းဝင်အဖြစ် သတ်မှတ်ကြောင်းကြေငြာခဲ့၍မြန်မာနိုင်ငံ၏ ပထမဆုံးကမ္ဘာ့မှတ်တမ်းအမွေအနှစ်ဖြစ်ခဲ့ပါသည်။ ဆက်လက်၍ ၂၀၁၄ ခုနှစ် မတ်လတွင် မြစေတီ (ရာဇကုမာရ်) ကျောက်စာအားတင်သွင်းခဲ့ရာ ၂၀၁၅ ခုနှစ် ဇွန်လတွင် မြန်မာနိုင်ငံမှ တင်သွင်းသောမြစေတီ (ရာဇကုမာရ်) ကျောက်စာအပြင် ဂျာမနီနိုင်ငံမှ မြန်မာနိုင်ငံနှင့် ပူးတွဲတင်သွင်းသောမြန်မာဘုရင် အလောင်းဘုရားကဗြိတိန်ဘုရင် ဂျော့-၂ ထံသို့ပေးပို့ခဲ့သော ရွှေပြားပေါ်တွင် ရေးသားထားသည့် ရွှေပေလွှာကိုလည်းကမ္ဘာ့မှတ်တမ်းအမွေအနှစ်အဖြစ်သတ်မှတ်ခံခဲ့ရပါသည်။
Source/
MORAC
ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာန
Tuesday, August 1, 2017
ပုဂံဘုရားအတွင်း ဖိနပ်စီးတဲ့ ရှရားသူ
ရုရှားသူဟုသိရပါတယ်…နာမည်ကတော့ Borzova Tatiana ပါ။
ပုဂံဘုရားအတွင်း ဖိနပ်စီး၍ လုံခြုံရေးဝန်ထမ်းများနှင့်
ဂေါပကအဖွဲ့ဝင်များ တောင်းပန်သော်လည်းခါးခါးသီးသီးငြင်းပယ်ကြောင်းးး
မြန်မာနိုင်ငံမှာ ဘုရားပေါ်မှာ ဖိနပ်မစီးရသောဥပဒေရှိလားဟု ပြန်လည်မေးခွန်းထုတ်ခဲ့ကြောင်း
သိရသည်။
Credit.....AMK
Tuesday, July 18, 2017
ပုဂံနဲ့ အကျည်းတန်လွန်းတဲ့ မနက်ခင်း
ပုဂံနဲ့ အကျည်းတန်လွန်းတဲ့ မနက်ခင်း
************************************
ပုဂံကို အစီအစဉ် လုံးဝ မရှိပါဘဲ ကားလက်မှတ် ချက်ချင်းဖြတ်ပြီး သွားဖြစ်သွားတယ်။ တကယ်တော့ ကျမ ပုဂံမရောက်တာ ၁၀ စုနှစ် တစ်ခုနီးပါးကို ရှိပါပြီ။
မရောက်တာ တအားကြာတာရယ်၊ စိတ်ထဲမှာ ကိုယ်နိုင်သလောက် အလှူငွေ လှူချင်တာရယ်၊ နောက် documentary ရိုက်ကူးရေးတစ်ခုမှာ မိတ်ဆွေတွေပါတာမို့ သူတို့ရှိတုန်း“လာပါလား” လှမ်းခေါ်တာနဲ့ ချက်ချင်းပဲ ကားလက်မှတ် စီစဉ်ပြီး သွားလိုက်တယ်။
ည (၈) နာရီ ရွှေမန္တလာနဲ့ သွားတာပါ။ အေးဆေးပါပဲ။ ဘေးမှာ အသက် (၆၀) လောက်ရှိပြီဖြစ်တဲ့ foreigner ပါလာတယ်။ သူနဲ့လည်း စကားမပြောဖြစ်ပါဘူး။ လမ်းမှာ ခဏနားတော့ ဘယ်လောက် break လဲ သူမေးတာနဲ့ နာရီဝက်လို့ပဲ ပြန်ပြောဖြစ်တယ်။ ဘယ်မှာ ဆင်းမလဲဆိုတော့ ညောင်ဦး ဆိုတော့ အော်- တူတူပဲ လို့ ..ဒီလောက်ပဲ
မနက် (၆) နာရီလောက် ညောင်ဦးကားဝင်းကို ရောက်ပါတယ်။ ကျမကို လာကြိုမယ့်ကားက မရောက်သေးတာမို့ ရွှေမန္တလာ ကားဂိတ်က ထိုင်ခုံမှာပဲ ထိုင်စောင့်နေတယ်… ကျမနဲ့ မလှမ်းမကမ်းမှာ ခုနက ကားတူတူ စီးလာတဲ့ foreigner နဲ့taxi သမား ဈေးစကား ပြောနေကြတာ မြင်နေရတယ်။ ကိုယ့်ကိစ္စ မဟုတ်တာမို့ ဘာမှ ၀င်မပြောပါဘူး။ ၅ မိနစ် လောက်ကြာတော့ foreigner က ကိုယ့်ဆီလာပြီး သူ့ကို ကူညီပေးပါလို့ ပြောပါတယ်။ ဈေးဆစ်ပေးဖို့ပေါ့။
ဘယ်သွားမှာလဲလို့ သူ့ကိုမေးတော့ Winner Inn တဲ့။ သူက ဈေးချိုတဲ့ တည်းခိုခန်းလေးတွေ ရှာလာတာပါ။ ဒေါ်လာ ၂၀ ပတ်ချာလည် တန် တည်းခိုခန်းလေးတွေ သူ့ဖုန်းက Notes မှာ ရေးထားတယ်။ သူ့ပုံစံက tourist နဲ့မတူဘူး။ sports shoes တဖက် ထိပ်က ပေါက်တောင် အတော်ပေါက်နေပါပီ။ ကျမလဲ ကားသမားကို ဘယ်လောက်တောင်းတာတုန်းပြောတော့ ၁၅၀၀၀ တဲ့ရှင်။ ဒီကားဝင်းကနေ ဘယ်လောက်များ ဝေးလို့လဲပေါ့။ ကားသမားက ၁၅၀၀၀ ကို ၁၀၀၀၀ ထားပေးတာ အစ်မတဲ့။ မာရေ ကြောရေနဲ့။ ကျမက ကြားကနေ သူ့ကြည့်ရတာ ပိုက်ဆံရှိပုံလဲ မပေါ်ဘူး။ ၈၀၀၀ ပဲ ထားလိုက်။ လိုက်ပို့လိုက်ပါလို့ ပြောတော့ ၁၀၀၀၀ က ပုံမှန်ဈေးပဲတဲ့ (ကျမ Aye Yar River View ရောက်တော့ မေးကြည့်တာ ၃၀၀၀ ခရီးပဲ ရှိတယ်တဲ့ - တကယ်က ၁၀ မိနစ်စာ မောင်းရတဲ့ ခရီးပါ)
ကျမက ဟိုဘက် ဒီဘက် အဆင်ပြေအောင် ၈၀၀၀ ထားလိုက်လို့ ၃/၄ ခွန်းပြောပါတယ်။ အဲ့ဒါကို မရဘူးဆိုပြီး တဘူးထဲ ဘူးနေတော့ ကျမလဲ အမြင်ကတ်လာတာနဲ့ နေတော့။ ငါ့ လာကြိုမယ့် ကားနဲ့ပဲ လိုက်ပို့လိုက်တော့မယ်လို့ ပြောလိုက်တယ်။
ပြသနာက ခုမှ စတာပါ။ ဘာပြောသလဲဆိုတော့ “အဲ့လို ခေါ်သွားလို့ မရဘူးလေ အစ်မ”တဲ့..ကျမ အတော်ကို အံသြပီး မျက်လုံး ပြူးသွားတယ်။ ဘာဖြစ်လို့လဲ မေးတော့ customer ကို အဲ့လို ခေါ်သွားလို့ မရဘူးတဲ့ရှင်။ (ကျမက သာမန်ထက်ကို အတော်ကို ခရီးသွားတဲ့သူပါ။ မြန်မာပြည်မယ် မရောက်ဖူးတာဆို ရခိုင်ဘက်နဲ့ ကချင်ဘက်ပဲ ကျန်တယ်) ဒီလိုပြောတာတော့ ကျမ တခါမှ မကြုံဖူးပါဘူး။
ကားသမား တယောက်ထဲ မကတော့ဘဲ ၄-၅ ယောက် ကျမနား ၀ိုင်းလာတယ်။ (ကျမက ထိုင်ခုံမှာ ထိုင်ရက်ပဲ) ကျတော်တို့က မနက် ၂ နာရီထဲက စောင့်နေတာတဲ့။ အလှည့်နဲ့ ဆွဲရတာ တဲ့။ အစ်မ ဧည့်သည်ကို အဲ့လို ခေါ်သွားလို့ မရဘူးတဲ့။ (မြတ်စွာဘုရား - ဒါမျိုး ရှိတယ်ဆိုတာ ဘုရားစူး ကျမ ပထမဆုံး ကြုံဖူးတာ) ဒါနဲ့ ကျမက နင့်ကို ငါဈေးညှိပေးတယ်လေ။ နင်ပဲ ၈၀၀၀ နဲ့ မလိုက်နိုင်ဘူးဆို။ သူကလဲ ပေးမှ မပေးနိုင်တာပဲ။ နင် ခု သူ့မေးကြည့် လိုက်မယ်ဆို ခေါ်သွားဆိုတော့ အစ်မ ဒီလို လုပ်လို့မရဘူးဆိုပြီး ကျမကို ငါးစိမ်းသည် ရန်တွေ့သလို ၀ိုင်းပြီး ရန်ထောင်ကြတယ်။
ကျမလဲ ခပ်တည်တည်ပဲ ထိုင်နေတော့ အဲ့ foreigner က ကျမထိုင်နေတဲ့ ခုံတန်းမှာ လာထိုင်ပါတယ်။ ကျမကို လာကြိုမယ့်ကားစောင့်ရင်း စကားစမြည်ပြောတော့မှ သူက US citizen ပါ။ China မှာ အလုပ်လုပ်တယ်။ visa renew လုပ်ဖို့ မြန်မာပြည်မှာ stay လာရှောင်တဲ့သူပါ။ ဒီကို ပထမဆုံး ရောက်ဖူးတာပေါ့။ (သူ့ပုံစံက အတော်ကြီးကို အေးအေးဆေးဆေးပါ။ နောက် ငွေကြေးလဲ အဆင်ပြေတဲ့ပုံ မပေါ်ပါဘူး။ သူ့မှာ ပါတာဆိုလို့ ကျောပိုးအိတ် အစုတ် တလုံးရယ်၊ ကြွပ်ကြွပ်အိတ် တလုံးရယ်. ဒါပါပဲ) ဒီမှာ air balloon စီးကြတာ ပုံတွေ သူတွေ့တယ်။ သူသဘောကျတယ်။ ကျမကို စီးဖူးလား ဘာညာ သူနဲ့ စကားပြောနေတုန်း နောက်ထပ် လူ ၄-၅ ယောက် ကျမနား ၀ိုင်းလာကြပြန်တယ်။ ညီမ ဒီလိုလုပ်လို့ ဘယ်ရမလဲ၊ ညီမလဲ ဗမာပဲ နားလည်မှု ရှိမှပေါ့တဲ့။ ကျမ စိတ်က အတော်ကို တိုနေပြီ။ ဒီလူကို ကျမ လိုက်ပို့ပေးမယ် ပြောပီးသွားပီ။ အဲ့တော့ ပိုက်ဆံ ၁၀၀၀၀ လိုချင်တာလား။ အဲ့ပိုက်ဆံ ကျမပေးမယ်လို့ ပြောလိုက်တယ်။ အဲ့လိုတော့ ဘယ်ဟုတ်မလဲ ဘာညာ လျှောချ သွားတယ်။
ဒါနဲ့ ကျမကို လာကြိုတဲ့ကားရောက်တော့ foreigner ကလဲ သူ့ ကျောပိုးအိတ်လေး တင်ပေါ့.. နောက်ထပ် တခါ လူ ၆-၇ ယောက် ၀ိုင်းလာပြန်ရော။ ဧည့်သည်ကို အဲ့လို ခေါ်သွားလို့မရဘူးဆိုပြီး နှုတ်လှန်ထိုးကြပြန်တယ်။ ရဲနဲ့ တွေ့သွားရမယ်တဲ့။ (အဲ့ဒီမှာ ဖြစ်နေတဲ့ မြင်ကွင်းကို မြင်ယောင်သာ ကြည့်ကြပါ- အမဲဖျက်သလိုမျိုးပေါ့- တကယ်ကို ပုံဆိုးပန်းဆိုး ရုပ်အတော်ပေါက်နေပါပီ) ဒါဆို ဟုတ်ပီ- ဘယ်ကရဲလဲ တွေ့သွားမယ်။ သတင်းပို့မယ်။ ဘာရဲလဲ။ ဘာပို့ရမလဲ။ ဘယ်မလဲ ဆိုတော့ သူတို့ ခေါ်ထားတာ လာနေပီတဲ့။ မဟုတ်ဘူး သွားတွေ့လိုက်မယ်ဆိုပီး အဲ့ကနေ တကွေ့ကွေ့တော့ ရဲဆီရောက်။ ရှင်းပြ။
ဒီစကားပဲ ထပ်ကြားရတယ်။ ဧည့်သည်ကို ခေါ်သွားလို့ မရဘူးတဲ့ ။ ကျတော်တို့က ၁ နှစ်စာ ၇ သိန်း သွင်းထားရတာတဲ့။ ကျမ သည်းမခံနိုင်တော့တာနဲ့ ရှင့်ပါရှင် ၇ သိန်းမကလို့ သိန်း ၇၀ သွင်းသွင်း စိတ်မ၀င်စားဘူး။ ဒီလူနဲ့ ကားတစီးထဲ လာကြတာ။ ဈေးညှိပေးတယ်။ နင်တို့ပါနင်တို့ မတန်တဆတောင်းလို့ ၀င်ပြောတာ ဘာညာ ကျမ အော်ပေးလိုက်တယ်။ နောက်ဆုံး ရဲကိုပါ ကဲ - လ နံပတ်ပြော၊ နာမည်ပြော ငါလဲ ဒီကိစ္စကို ရှင်းမယ်လို့ ပြောတယ်။ ဒီလူကိုလဲ ငါ လိုက်မပို့ဘူး၊ ထားခဲ့မယ်ရတယ်။ ကျမတို့ နိုင်ငံခြားသားကို ဒီလို ဒီလို ဖြစ်နေတယ် ရှင်းပြတယ်။ သူကလဲ ကျမတို့ကို ရပါတယ်တဲ့ ။ ကိစ္စ မရှိဘူးဆိုပီး သူ့အိတ်ကလေးကို ပြန်ချ။
စိတ်တိုတာနဲ့ ဒီကိစ္စ ဒီတိုင်းမထားဘူး. ရှင်းမယ်လို့ ပြောကာမှ ခေါ်သွားလိုက်ပါ ဆိုပီး အဲ့ရဲက ဖြစ်တယ် (အဲ့လို ပြောဆိုနေကြတာ မိနစ် ၂၀ - ကျမ စရောက်ကတည်းကဆို ၁ နာရီနီးပါးပါ- ပိုက်ဆံ ၁၀၀၀၀ နဲ့ ဘယ်လောက် ရုပ်ပျက် ဆင်းပျက်ဖြစ်နေတယ်ဆိုတာ စဉ်းစားသာ ကြည့်ပါ)
ကျမ ပြောချင်တာ
၁) ဒီ့ထက် အဆင်ပြေအောင် လုပ်လို့မရတော့ဘူးလား ၊ ဒီဒေသကို tourist ကော local ကော ဒီလောက်လာနေတာ taxi stand နဲ့ other pick up လာတဲ့ကားကို နေရာခွဲထားလို့ မရဘူးလား။ အဲ့လို စီစဉ်ထားဖို့ သိပ်ခက်သလား။ (အဲ့လို ခွဲထားရင် ဒီပြသနာတောင် မဖြစ်ဘူး) ခုက ကားတစီးဆိုက်တာနဲ့ အမဲဖျက်တော့မလို လူအတင်းခေါ်တာ ကြုံဖူးကြမှာပါ (နောက်တနေရာကတော့ မန်းလေး ကားဝင်းပါ) ခုလဲ တူတူပါပဲ။ ကျမက အဲ့ foreigner နောက်က ကပ်ဆင်းလာတာ ကားသမားက အောက်ကနေ ချောလော ပတ်စက်ရုပ်နဲ့ ဘာခေါ်သလဲဆို (Uncle father) တဲ့။ ကျမနားနဲ့ ဆတ်ဆတ်ကြားတာ. သူပြောတဲ့စကား အဓိပ္ပာယ် သူနားကော လည်သလား။ ဘယ်လောက်တောင် အဆင့်အတန်းမဲ့နေသလဲ ဆိုတာ
၂) foreigner တိုင်းကို ပိုက်ဆံရှိတယ်ဆိုပြီး အထင်တွေ စွတ်ကြီးကြတဲ့ အကျင့်ကိုလဲ ဖျောက်စေချင်တယ်။ ကျမကို လာပြောတဲ့ တခွန်းမှာ ဘာပြောသလဲဆို အစ်မရယ် -ဒီလူတွေက ကိုယ့်ထက် ပိုက်ဆံရှိလို့ ကမ္ဘာပတ်နေတာတဲ့။ နိုင်ငံခြားသားတွေမှာ ဒေါ်လာ ၅၀၀ မပြည့်ဘဲ မြန်မာပြည် ၀င်လာတဲ့သူတွေ တပုံတပင်ပါ။ နိုင်ငံခြားသားဆိုတာနဲ့ ရိုက်မယ် လှီးမယ် ဆိုတဲ့ အောက်တန်းဆန်ဆန် အတွေးကနေကို တက်မလာတော့ဘူး။ တနပ်စားကြံကြတာပေါ့
၃) ကျမက ဒီလူကို ပိုက်ဆံယူပြီး ပို့တာလဲ မဟုတ်ဘူး။ လျှာရည်ပီး ပို့တာလဲ မဟုတ်ဘူး။ Local တွေက ဒီ tourism လုပ်ငန်းပေါ် မှီခိုရပ်တည်ရတယ် ကျမ နားလည်တယ်။ ပထမတယောက်ပြောတော့ ၁၀၀၀၀ ကပုံမှန်ဈေးတဲ့။ နောက်တယောက် လာတယ် ။ ၈၀၀၀ ကပုံမှန်ဈေးတဲ့ ။ တကယ်က ၁၀ မိနစ်မပြည့်ပါဘူး။ မောင်းရတာ။ အဲ့တော့??? ဒါပေါ့ - ငပျင်းတွေ အတွက်က တရက် ၂ ကြောင်းလောက်ဆွဲ ထမင်းစားလို့ ရပီလေ။ တနေကုန် နှပ်နေလို့ရတယ်။ လုပ်စားချင်တာပေါ့
၎) ဒီဝင်းထဲ ကားဆွဲလို့ရဖို့ မထသ ကို ၇ သိန်းသွင်းရတယ်ပြောတယ်။ နောက်ထပ် ရိုက်စားလေ။ ဒါကတော့ ဘယ်က စားသလဲ မသိ။ ဒီမယ် လူပိန်းနည်း တွက်ပြမယ်။ ဒီဒေသကို high season- low season အကြမ်းဖျင်း လူဘယ်နှစ်ယောက်ဝင်လဲ data အတိအကျ ရနိုင်တယ်။ ကားစီးရေ၊ ခုံစီးနေ နဲ့ပဲ တွက် (အတိအကျ ရချင်ရင်လဲ data ကောက်လို့ရတယ်) ဘယ်နှစ်ယောက်က လည်ပတ်ဖို့လာတာ ဟုတ်ပြီ။ အဲ့ထဲက 80%က ကားငှားတယ်။ ဒါဆို တရက်စာ taxi ကား ဘယ်နှစ်စီးလိုမယ် တွက်လို့ရတယ်။ လိုတဲ့အရေအတွက်ကို ချထားပေး။ လုနေစရာကို မလိုတာ။ မတွက်မချက်ဘဲ တင်သမျှ ကား ၇ သိန်းသွင်းပီးရော ဆိုလို့ကတော့ သွင်းကြမှာပဲ။ ခုလို လူဝင်ရင် လက်အတင်းမဆွဲရုံတမယ် ဖြစ်နေကြမှာပဲ
၅) ဟုတ်ပီ- ခု ကျမက ဒီနိုင်ငံခြားသားနဲ့ တူတူ လာတာမဟုတ်ဘူး.. အကယ်လို့ ကျမနဲ့ သူနဲ့ ကားပေါ်မှာကတည်းက ခင်မင်ပြီး လိုက်ပို့မယ်ပြောခဲ့ရင် ရှင်တို့ သိမှာလား၊ အဲ့ကျကော customer ကို ခေါ်သွားလို့ မရဘူး ဖြစ်မှာလား..
တနာရီနီးပါး ရုပ်ပျက်၊ ဆင်းပျက်၊ ရုပ်ပေါက် ပြောဆိုလိုက်ရတာ အရင်းစစ်တော့ ငွေ ၁၀၀၀၀ ရယ်၊ $ သုံးမကျတဲ့ စီမံခန့်ခွဲမှုရယ်၊ ဆင်းရဲ မွဲတေမှု ပြသနာရယ် ဒါတွေပါပဲ ..
ကျမလေ local တွေကို အပြစ်မတင်ဘူး။ ကားပေါ်မှာလဲ foreigner ကို မြန်မာပြည် bad image ဖြစ်မှာစိုးလို့ သူတို့က ဒီ ခရီးသည်တွေပေါ် မှီခိုနေရလို့၊ မြန်မာနိုင်ငံသူ နိုင်ငံသားမှန်သမျှက ရင်းနှီးတယ်၊ ဖော်ရွေကြတယ်လို့ ရှင်းပြတော့ သူလဲ transport syndicate တွေ သူနားလည်ပါတယ်. ကျမတို့ကို ကျေးဇူးတအားတင်တယ်လို့ ပြောသွားရှာပါတယ်..
ဟုတ်ကဲ့ - အဲ့မနက် အရမ်းကို အကျည်းတန်လွန်းပါတယ်ရှင်
ကူညီတတ်တဲ့ တို့မြန်မာတွေရဲ့ စိတ်ထားဆိုတာ ဆင်းရဲ မွဲတေမှုနဲ့အတူ အရောင်တွေ မှိန်ကုန်ကြပီ ထင်ပါရဲ့
WJJ
Sit Sint Aung
September 17-2016
ခရက်ဒစ်- Sit Sin Aung အကောင့်မှကူးယူဖော်ပြပါသည်။
ပုံများမှာ မန္တလေးမြို့ အဝေးပြေးဝင်းမှပုံများသာဖြစ်ပါသည် ။
Monday, June 12, 2017
ဒီအတိုင်းလွှတ်ထားရင် အလိုတော်ပြည့်ဘုရား အတွင်းက နံရံဆေးရေးတွေ ၁၀ နှစ်အပြင် ပိုမခံဘူး
ပုဂံမှာ အချမ်းသာဆုံး ငွေအသုံးနိုင်ဆုံးဂေါပက အဖွဲ့တွေ စာရင်းလုပ်ထားတာရှိတယ်။
ဂေါပက အဖွဲ့ဆိုပေမယ့် အထင်တော့မသေးလိုက်နဲ့ဦး အငြိမ်းစားသွားတဲ့ အကြီးတန်းအရာရှိတွေ ပါတယ်။ သိပ်ကို သြဇာကောင်းတဲ့ ဘုန်းတော်ကြီးတွေပါတယ်။
စောစောက ပြောတဲ့ အချမ်းသာဆုံး ဂေါပကတွေထဲမှာ
အလိုတော်ပြည့်က top 5 ထဲမှာပေါ့ဗျာ။ အလိုတော်ပြည့်ဘုရား ဆိုတဲ့နာမည် နဲ့ဆိုတော့ ပုဂံလာတဲ့ ပြည်တွင်း ပြည်ပ ဧည့်သည်တွေ အကုန် လာကြတဲ့ ဘုရားပေါ့ဗျာ ။
၁၉၈၀ ပြည့်လောက်ကဆို အလိုတော်ပြည့် ဘုရားထဲက နံရံဆေးရေးတွေက ပုဂံရဲ့ master piece စာရင်းဝင်။ ၁၉၈၀ ပြည့်နှစ်တွေတုန်းက အဲလောက်ရေပန်းမစားတဲ့ ဘုရားပေါ့။
ဦးခင်ညွှန့်လက်ထက်မှာ အလိုတော်ပြည့်ဖြစ်သွာတာ။ ဆေးရေးတွေရှိတဲ့ နံရံတွေကို လူတွေကိုင်မှာစိုးလို့ ဆိုပြီးအကြောင်းပြချက်ပေးပြီး မှန်ဘောင်တွေ တပ်တယ်။ နံရံနဲ့ သိပ်ကပ်လွန်းတော့ ချွေးတွေ ရေငွေ့တွေရိုက်ပြီး နံရံဆေးရေးတွေ ပျက်စီးကုန်တယ်။
မီးကြိုးတွေ သွယ်ပြီး မီးတွေဆင်တာ ဆေးရေးရှိတဲ့ နံရံတွေပေါ် သံမှိုဆွဲပြီး လုပ်ကြတယ်။ ရှေးလက်ရာတွေကိုမှ အားမနာ အပေါစား တရုတ်မီးဆိုင်းတွေ တပ်တယ်။
အခု အမိုက်မဲဆုံး လုပ်ရပ်က အဲကွန်းဆိုတဲ့ လေအေးပေးစက်တွေ ဆင်ထားတာဘဲ။ ဒါတော်တော်လေး မိုက်မဲတဲ့လုပ်ရပ်ပါ။ လေအေးပေးစက်ကြောင့် ဘုရားအတွင်းပိုင်းကို အေးနေအောင် ထားလို့ရမယ်ဆိုတာလောက်သာ အသိရှိတယ်။
လေအေးပေးစက်ကြောင့် တစ်ကြောင်း ၊ ဘုရားဖူး လူဝင်လူထွက်များလွန်းတာက တစ်ကြောင်းကြောင့် humidity တွေများပြီး နံရံဆေးရေးတွေပျက်စီးမယ်။
အတွင်းပိုင်းက အေးပြီး အပြင်မှာ ကျက်ကျက်တောက်ပူ မယ် ဆိုတော့ မီးပျက်တဲ့အခါ ၊ ညဖက် လေအေးပေးစက်ပိတ်တဲ့အခါ အပူအအေး မညီမျှမှုတွေဖြစ်မယ်။
နံရံဆေးရေးတွေ အဖတ်လိုက် ကော့လန်ပြီး တဖြေးဖြေးကွာကျမယ်။ humanity ကြောင့် အရောင်တွေမှိန်မယ်။ အစိုဓာတ်ကြောင့် ပျက်စီး ကွာကျမယ်။
အဆောက်ဦးရဲ့ ကြံခိုင်ရေးကိုလည်း ထိခိုက်စေတယ်။
ဒီအတိုင်းလွတ်ထားရင် အလိုတော်ပြည့်ဘုရား အတွင်းက နံရံဆေးရေးတွေ ၁၀ နှစ်အပြင် ပိုမခံဘူး။ ဘုရားစေတီအဆောက်ဦးလည်း နောက်ထပ် နှစ် ၅၀ မခံဘူး။
အလိုတော်ပြည့်ဘုရားဆိုတော့လည်း သူတို့ အလိုတော်ရှိတာတွေ အကုန်ပြည့်တာဘဲလားမသိ။
Zay Myo Lin
https://www.facebook.com/mrlynn.MMCP/posts/1372583916162043?pnref=story
Saturday, May 27, 2017
ပုဂံကျိန်စာနှင့်ဘုရားကျွန်များ
 ပုဂံကျိန်စာနှင့်ဘုရားကျွန်များ
---------------------------------
ကျွန်ဟုဆိုလိုက်သည်နှင့် လူသားတစ်ယောက်ကို အနေအစားဆင်းရဲ စွာထားကာ ခွန်အားကုန် ချွေးသံရွှဲရွှဲ ခိုင်းစေပြီး တိရိစ္ဆာန်တစ်ကောင်ပမာ နှိပ်စက် ညှင်းပန်းခံကြရသည့်အပြင် အနိမ့်ကျအခက်ခဲဆုံး အလုပ်များ လုပ်ကိုင် ကြရသည် ဟု အတော်များများ နားလည်ကြ ပါလိမ့်မည်။ ပုဂံမြေပေါ်၌ ဘုရားစေတီပေါင်း များစွာ တည်ရှိလေရာ အနီးစပ်ဆုံး ရာဇကုမာရ်ကျောက်စာ အရ ကျွန်(၃) ရွာအား လှူဒါန်း သည်ဟု ဖော်ပြပါရှိလေသဖြင့် ကျွန် သည် မပါမဖြစ်သော လူတန်းစား တစ်ရပ် ဖြစ်နေသည်ကို တွေ့ရသည်။ သစ္စာလေးပါး ၊ မဂ္ဂင်ရှစ်ပါး ၊ ရုပ်နာမ်နှစ်ပါး ၊ ကံကံ၏ အကျိုး ၊ နိဗ္ဗာန် ဟူသော မေတ္တာအခြေခံ သည့် နူးညံ့သိမ်မွေ့သော ဗုဒ္ဓဘုရားဟောနှင့်ဆန့်ကျင်ဘက် ခက်ထန်ကြမ်း တမ်း လှသောကျွန်သည် ဘုရားများနှင့်မည်ကဲ့သို့ ဆက်စပ်နေပါသနည်း ဆိုသည်ကား များစွာစိတ်ဝင်စား ဖွယ် ကောင်းလှပါသည်။ အဘယ်ကြောင့် ကျွန်ဖြစ်ရပါသနည်း။ မည်သူက မည်သည့်နည်းဖြင့် ခိုင်းစေကာ ဘုရားကျောင်း ကန်များ နှင့် မည်သို့မည်ပုံ ဆက်စပ် နေပါသနည်း။ ၎င်းတို့တွင် လူ့သားအခွင့် ရေး မည်သို့ ရှိကြသနည်း စသည်တို့အား ကျောက်စာများကို မှီ၍ ခန့်မှန်းတင်ပြ လိုက်ပါသည်။
♢ ကျွန်ဟူသောဝေါဟာရ ♢
- ကျွန်သည် မွန်ဘာသာတွင် (ကလောန်)မှ၎င်း ၊ မြန်မာ ဘာသာတွင် (က္လဝန်)သို့ (ကျဝန်)ဟူသော စကားတို့ မှ ၎င်း ရွေ့လျားဆင်းသက်လာဟန် တူပါသည်။ မွန်ဘာသာအရ (ကလောန်) သည် အလုပ်အကိုင်ဟု အနက်ရ သဖြင့် လုပ်ရ ကိုင်ရ သူဟု ယူဆရသည်။ အလုပ်ကြမ်း အောက်ခြေသိမ်းကို (ကလောန် တမောက်) ဟု ခေါ်သည်။ အဘယ်ကြောင့် ကျွန်ဖြစ်ရပါသနည်း။
♢ ကျွန်ဖြစ်ရခြင်းအကြောင်းတရားများ♢
ဓမ္မသတ်ကျမ်းအရ ကျွန်(၉)မျိုးမှ (၁၂) မျိုးထိရှိသည်။ အကြမ်းအားဖြင့်ဆိုရလျှင်
- ကြွေးမဆပ်နိုင်၍ ကျွန်ဖြစ်သည်။
- စစ်သုံ့ပန်းကြောင့်ကျွန်ဖြစ်သည်။
- ဘေးဥပါဒ် ၊ သေဒဏ်မှကယ်ခံရ၍ ကျွန်ဖြစ်သည်။
- ဘဝကိုဒူးထောက်၍ ကျွန်ဖြစ်သည်။
- အပေါင်ခံ၍ ကျွန်ဖြစ်သည်။
- ငွေဖြင့်ဝယ်ယူခံရ၍ ကျွန်ဖြစ်သည်။
- မိလာဖလာကြောင့် ကျွန်ဖြစ်သည်။
- ဆွေမျိုးထဲမှဆင်းရဲသဖြင့်ကျွန်ဖြစ်ရသည်။
- ခိုးမှုကြောင့်တရားနိုင်၍ ကျွန်ဖြစ်ရသည်
- နှုတ်လွန်မှုကြောင့် ကျွန်ဖြစ်ရသည်။
- အမှုဖြစ်၍တရားရှုံးကာ ကျွန်ဖြစ်ရသည်။
- ထမင်းကျွေးသောကြောင့် ကျွန်ခံသည်။ (ယနေ့ခေတ် ဝင်ငွေနည်းပါးစွာရသော အလုပ်ကို ထမင်းစားကျွန်ခံ အလုပ်ဟု ပြောဆိုခိုင်းနိုင်းသည်။)
ပုဂံကျွန်ကို အကြမ်းအားဖြင့် ပုဂ္ဂလိကကျွန်နှင့် ဘုရားကျွန်ဟူ၍ခွဲခြားလိုပါသည်။
♢ပုဂ္ဂလိကကျွန်များအကြောင်း အနည်းငယ်ပြောရလျှင်♢
ကျွန်သည် အချွေအရံ ၊ အဆောင်အယောင်သဘော ဖြစ်သဖြင့် ကျွန်များများ ပိုင်ဆိုင်ခြင်းကား သခင်၏ ဂုဏ်ဒြပ်ကြီးမားမှုကို ဖြစ်စေသည်။ ဘုရင်သည် ကျွန်အများဆုံး ပိုင်ဆိုင်သူ ဖြစ်သည်။ သခင်၏ လယ်ယာ စီးပွားရေး စသည် တို့ကို လုပ်ကိုင်ပေးရသည်။
ပုဂံခေတ်၌ ပုဂ္ဂလိကကျွန်များကို ဝယ်ယူရာတွင် -
ကျွန်တစ်ဦးလျှင် ငွေ ၃၅ ကျပ်
မြင်းတစ်ကောင်နှင့်လဲလှယ်လျှင် - ၃၀ ယောက်
ဆင်တစ်ကောင်နှင့်လဲလှယ်လျှင် - ၆၆ ယောက်
နှုန်းဖြင့် အရောင်းအဝယ်ပြုလုပ်သည်။ ဝယ်ယူပြီးလျှင် ဝန်ခံချက်သဘောတူညီမှု ရယူကာ တံဆိပ်နှိပ်ခြင်း၊ ကျောက်စာရေးထိုးခြင်းတို့ ပြုလုပ်ကာ ဝယ်ယူသူမှ စားပွဲသောက်ပွဲ လုပ်ပေးရသည်။ ကျွန်ပိုင်ရှင်သည် ကျွန်တို့၏ စားဝတ်နေရေး ကျန်းမာရေး အစအဆုံး တာဝန်ယူထားသဖြင့် ကျွန်တို့၏ဘဝနောင်ရေး စိတ် အေး ရသည်။ မိသားစုနှင့် နေထိုင်ခွင့်ရှိသည်။ ရဟန်း၊သာမဏေ၊ သီလရှင် ဘဝ ခံယူခွင့်ရှိကြသည်။ သခင်သေဆုံးလျှင် လယ်ယာများ လွှဲပြောင်းပေးသည်။ ကျွန်တန်ဖိုး ပေးလျော်နိုင်လျှင် ကျွန်အဖြစ်မှလွတ်မြောက်ကာ သခင်စီးပွားရေး မကောင်းလျှင် ကျွန်များကို လွှတ်လပ်ခွင့် ပေးသည်။ ပုဂံခေတ်တွင် လူတန်းစား ခွဲခြားခံရသူများ ရှိခဲ့သည်။ ၎င်းတို့မှာ
၁။ ဖုန်းတောင်းယာစကာ
၂။ သူဖုန်းစား
၃။ ကယ်ပါ (ကယ်ပါယူပါအော်ကာ တောင်းခံသူ)
၎။ သူတောင်းစား
၅။ ကျွန်သီးတော်
၆။ သင်ချီ (ကပ္ပိယ)
၇။ သင်လွင် (သင်ချီ၏လက်ထောက်ဖြစ်ဟန်)
၈။ သုဘရာဇာ(မသာအရာတွင်ဘုရင်)
၉။ ဖက်ခွက်စား (ပလ္လင်ပေါ်ရှိထမင်းကျန်စားသူ)
၁၀။ ဒွန်စဏ္ဍား (မသာထင်းနှင့် မသာမီးရှို့သူ)
၁၁။ စဏ္ဍာလ (စန္ဒာယဆွဲသူ)
၁၂။ ခွာသာ (ခဝါသည်)
၁၃။ပန်းမှိုက်ကျုံး (အညစ်အကြေးသွန်ရသူ)
၁၄။ သွေးမစွန်း
ဟူ၍ရှိခဲ့သည်။ ဤလူအမျိုးအစား ၁၄ မျိုးအနက် ဘုရားကျွန်သည် မည်သည့်အမျိုးအစား တွင်ပါဝင်ပါသနည်း
♢ဘုရားကျွန်ဆိုသည်မှာ♢
အဆိုပါလူတန်းစား(၁၄)မျိုးအနက်မှ ကျွန်သီးတော်သည် ဘုရားကျွန်ဖြစ်ပြီး အထက်ဖော်ပြပါကဲ့သို့ ကြမ်းတမ်း ခက်ထန်သော ကျွန်မျိုး မဟုတ်သလို ဂုဏ်ငယ် သည်၊ ယုတ်ညံ့သည်ဟုလည်း မယူဆသင့်ပါ။ ဘုရားကျွန်တွင် မုဆိုးဖို ၊ မုဆိုးမ များ အများဆုံးတွေ့ရသည်။ ကျောက်စာများတွင် ငတုတ်ဖုတ် ဟု ရေးထိုးရာတွင် ဖုတ်သည် မုဆိုးဖိုလ်ကိုဆိုလိုကာ ၊ က္မယ် ဟူသောစကားအရ က္မယ်သည် မုဆိုးမကို ဆိုလိုသည်။ မြန်မာစကားတွင် ကံမဲ့သူ ဟု အနက် ပြန်သည်။ ကံမဲ့သူ ခိုကိုးရာမဲ့သူတို့ ကျောင်းအရိပ်ကို ခိုလှုံသူ ဖြစ်လေသည်။ ပုဂံခေတ်၌ ထမင်း တစ်နှပ်စား ရရန် သိပ်မခက်ခဲလှပါ။ပုဂံဘုရားကျောင်း ဒကာတို့သည် ဘုရားတည် ကျောင်းဆောက်ရာတွင် ရေရှည် ရပ်တည်ရေး အတွက် သံဃာတော်များအား အလုပ်ကျွေးပြု ရန် ဘုရားပျက်စီး ယိုယွင်းမှု ထိန်းသိမ်း၍ ဘုရားဝေယျာဝိစ္စ ပြုလုပ်ပေး နိုင်ရန် ၊ လိုအပ်သော ဝင်ငွေနှင့် သံဃာတော်များ ဆွမ်းကိစ္စ ၊ ဘုရားကျွန်များ စားဝတ်နေရေးအတွက် လယ်ယာ များပါ တစ်ပါတည်း ထည့်ဝင် လှူဒါန်းသဖြင့် ကျောင်း၌ အမှုရသူဖြစ်စေ ၊ အမှုမရသူဖြစ်စေ အတန်တန်ဆင်ခြင် ၍ စားစေဟု ကျောက်စာ၌ ရေးထိုးသဖြင့် တစ်ဝမ်းတစ်ခါး လှနိုင်သည်။ ကိုယ်လှူသောဘုရားအား မလှူနိုင်သူတို့ ကြည့်ရှုကာ ကုသိုလ်လည်းရ ဝမ်းလည်းဝ သဘောမျိုး အခြားတစ် ဖက်တွင် လည်း ခိုကိုးရာမဲ့သူတို့၏ အနာဂတ် စိတ်အေး ရစေကာ ၎င်းတို့အား ဘဝတစ်ခု ထူထောင်ပေး သော သဘောမျိုး ဖြစ်စေသည်။ ဘုရားကျွန်သည် ဘုရားဝေယျာ ဝိစ္စ လုပ်ရန် ၊ ဘုရားဆွမ်းတော်၊ ရေချမ်းတင်၊ ပန်းလှူရန် သာမက ပိဋကတ် တော်များ မပျက်စီးမပျောက်ပျက်အောင် ထိန်းသိမ်းရသည်။ ထက်ထက်မြက်မြက် အမှုထမ်းရသဖြင့် မြတ်ရကျွန်ခေါ်ပြန် သည်။ ပုဂံဘုရားများမှ ကျွန်များနှင့် ပတ်သက်သော ကျောက်စာ အချို့ကို ထုတ်နှုတ်ကြည့်မည်ဆိုလျှင် ကျွန်လှူ ရခြင်း အကြောင်းမှာ တဏှာကျွန်၊ တဏှာတောတွင် ရှိနေသမျှ နိဗ္ဗာန်သို့ရုန်း မထွက်နိုင် ၊ ထိုတဏှာကျွန်ဘဝမှ တော်လှန်၍ တူသောအကျိုး ရလိုခြင်းငှာ ကျွန်လှူခြင်း ဖြစ်သည်။ သာသနာသစ် ထွန်းကားပြန့်ပွားခါစ ကြည်ညို သဒ္ဒါပွားကြလွန်းပြီး သူတစ်ပါးအားကျွန်အဖြစ် လှူဒါန်း ခြင်းထက် မိမိကိုယ် တိုင်နှင့် သားမယားကိုပါ ကျွန်အဖြစ် လှူဒါန်းရခြင်းကို မြတ်သည်ဟု ယုံကြည် ကြသည်။
သို့သော် အချို့သော ဘုရားကျွန်တို့သည် ရဟန်းများနှင့် နေရဖန်များလာပြီး အဆင်ပြေသဖြင့် ပင်ပင်ပန်းပန်း လုပ်ကိုင်ကြရသည်ကို ကြောက်ရွံ့လာ ကြသည်။ မာနမရှိ စာပေကျမ်းဂန်များနားထောင်ဖန်များလာကာ စိတ်ဓာတ် ပျော့လာကြ သည်။ အလှူရှင်တို့ လယ်ယာများကို လှူဒါန်းခြင်းကို ရဟန်းတော် များက စီမံခန့်ခွဲ ရသည်။ မင်းပြောင်းမင်းလွှဲ ဖြစ်လာချိန်တွင် ဘုရင်များက ကျွန်သီးတော် များ မကယ်နိုင် ရဟန်းများ အကြောင်း ကြောင်းကြောင့် လယ်ယာများ လက်လွှတ် ရချိန်တွင် ဘုရားကျွန်များလည်း ရရာ အလုပ်လုပ် ရလေသည်။ အလုပ်လုပ်လိုသူ များသည် အများသူငှာ မလုပ်လိုသော အလုပ်ကိုလုပ်ကိုင်လာကြသည်။ အစွယ်ကျိုးသောမြွေ ၊ ခြေကျိုး သောနွား ဒွန်းစဏ္ဍား ဆိုသည့်အတိုင်း လောင်းရိပ် မိထားသူတို့မှာမူ တောင်းရမ်း စားသောက်ရင်း ဘဝကို ဒူးထောက် ကြသည်။ဤသို့ဖြင့် လူတန်းစားခွဲခြား ခံရသည့် ဖုန်းတောင်းယာစကာ ၊ သူတောင်းစား ၊ ကယ်ပါ အစရှိသော အထက်တွင် ဖော်ပြထားသည့် လူတန်းစား ခွဲခြားခံရသူ အောက်ဆုံးလွှာ လူတန်းစားများ ဖြစ်သွား ကြကုန်လေတော့သည်။ မသမာသူတို့က ကျွန်များ ထွက်ပြေးမည်စိုးသဖြင့် မတောင်းစားလျင် နူသည်ဟု ခြောက်လန့် ထားသော စကားကို တကယ်ထင်မှတ် ကြပြီး ကြောက်ရွံ့ကြသည်။ ၎င်း၏ အကျိုးဆက် ကား သူတောင်းစားမျိုးရိုးအဖြစ်သာ ယနေ့ချိန်ထိ ကျန်နေ လေတော့သည်။ စင်စစ်အားဖြင့် မည်သည့် ပုဂံကျောက်စာကမျှ ဘုရားကျွန်များကို ကျိန်စာ တိုက်ထားသည်ကို မတွေ့ရပါ။
မြန်မာသက္ကရဇ် ၁၃၀၉ ခုနှစ် ၊ ပြာသို လပြည့်ကျော် ၉ ရက် တနင်္ဂနွေနေ့ တွင် မြန်မာနိုင်ငံ သမ္မတ စဝ်ရွှေသိုက်က ဘုရားကျွန် ကျောင်းကျွန် ဒွန်းစဏ္ဍား တို့ကို ဤ သို့ကြေညာခဲ့သည်။
" မြန်မာ သမ္မတနိုင်ငံတော်ကြီးသည် လွှတ်လပ်သော တိုင်းပြည်ဖြစ် သည်နှင့်အညီ တစ်ဦးနှင့်တစ်ဦး နှိပ်စက်ခြင်း၊ တစ်ဦးကိုတစ်ဦး ကြောက်ရွံ့ ရခြင်း မှစ၍ မကောင်းသောအလေ့ဆိုးများကို လုံးဝပယ်ဖျက်ရန် ကျွန်ုပ်ရည်ရွယ် သည်။ သူတောင်းစား ၊ ဘုရားကျွန် ၊ ကျောင်းကျွန် ၊ သင်ချိ စသည်တို့ကို ယနေ့မှစ၍ ရှေးမင်းတို့အာဏာကို ကျွန်ုပ်ပယ်၍ ထိုသူတို့၏ သဘော အတိုင်း လုပ်လိုသော အလုပ်မျိုးစုံကို လုပ်ကိုင်နိုင်ကြစေ ဟူ၍ ကျွန်ုပ် အမိန့်ချသည်။ ဤပြည်ထောင်စု နိုင်ငံတော် အတွင်း ရှိရှိသမျှသော နိုင်ငံသားများသည် ဖွဲ့စည်းအုပ်ချုပ်ပုံ ပါရှိသည့် အတိုင်း တစ်ဦးနှင့်တစ်ဦး အခွင့်အရေး တူညီကြ စေ။"ဟု မင်းမိန့်ဖြင့် ပယ်ဖျက် ပေးခဲ့သည်။အမှန်တကယ်အားဖြင့် ကျွန်ုပ်တို့ အားလုံး လူသားများ သာဖြစ်ကြ ပါသည်။ သူ၊ ငါ၊ ယောကျာ်း၊ မိန်းမ ၊ အယုတ်၊ အမြတ်ဟူသည်က အတိတ်ကံ အကြောင်းတရား၏ အကျိုးပေးခြင်း၍ ပဉာတ် သက်သက်သာ ဖြစ်ပြီး ရုပ်နှင့်နာမ် သာလျှင် တကယ်ရှိပါသည်။ ဘုရားကျွန်၊ ကယ်ပါ အစရှိသော တောင်းရမ်း စားသောက်ရသည့် မျိုးရိုးတို့ကို နိမ့်ကျသော လူတန်းစား ၊ အနေထိုင်ညစ်ပတ်၍ မပေါင်း မသတီ ဟု ခွဲခြားဆက်ဆံ နေရုံဖြင့် ၎င်းတို့ ပျောက်ကွယ်သွားမည် မဟုတ်ချေ။ ဘုရားကျွန်များ စိတ်ပိုင်းဆိုင်ရာ ပြုပြင်ရန် မလွယ် လှသော်လည်း ၎င်းတို့၏ မျိုးဆက်များကို စိတ်ပိုင်းဆိုင်ရာ ပြုပြင်ပေးကာ ပြန်လည်ထူထောင်ရေး ကျောင်းများ၊ လူငယ်လေ့ကျင့်ရေးကျောင်း များသို့ ပို့ဆောင် ပြုပြင်ရန်ကား ဖြစ်နိုင် ပါသည်။
#သုခုမအလင်းတန်းများ
Ref:
- နန်းဓလေ့မှတ်တမ်း (မြကေတု)
- ပုဂံခေတ်စီးပွားရေးလူမှုရေး (ဒေါက်တာသန်းထွန်း)
Tuesday, May 16, 2017
မြေဝိုင်းသဘင် (မက္ခရာ ရွှေရောင်တော်ဘုရားနံရံဆေးရေးကောက်နုတ်ချက်)
မြေဝိုင်းသဘင်
(မက္ခရာ ရွှေရောင်တော်ဘုရားနံရံဆေးရေးကောက်နုတ်ချက်)
မက္ခရာမြို့ဟောင်းကား မန္တလေးမြို့ရွှေကြိုးသတ်နယ်နိမိတ်တောင်ဘက်စွန်း
စဥ့်ကိုင်မြို့အနီးတည်ရှိသည်။မက္ခရာမြို့ဟောင်းတွင်
နံရံဆေးရေးပန်းချီရှိသော ဘုရားသုံးဆူအနက်
ရွှေရောင်တော်ဘုရားသည်ထင်ရှားကျော်ကြားသည်။
ဘုရားအတွင်း ပြောင်မြောက်လှပသော နံရံပန်းချီနှင့် ရွှေရေးပန်းချီများကိုရေးဆွဲထားသည်။နံရံပန်းချီမှာမူ
မူလ ၅% ခန့်သာကျန်ရှိတော့သည်။
ဘုရားလိုဏ်ပတ်လမ်းအတွင်း အနောက်ဘက်မုခ် ဝဲဘက်နံရံထက်တွင် ရေးဆွဲထားသည့် မြေဝိုင်းကဟန်ပန်းချီကွက်မှာ စိတ်ဝင်စားဖွယ်ကောင်းလှသည်။မြေဝိုင်းကပုံကွက်ကွက်
လေးသာကျန်ရှိပြီး အောက်တွင်ရေးထိုးထားသည့် မှင်စာမှာမူ
ပျက်စီးသွားခဲ့လေပြီ။ဘေးပတ်လည်နံရံပန်းချီများမှာလဲ
ကွာကျပျက်စီးခဲ့လေပြီ။ယင်းမြေဝိုင်းကပုံ နံရံပန်းချီကွက်သည် ဖိုးကုလားဘုရားဆေးရေးလက်ရာနှင့်
အတော်ဆင်တူသည်။သို့သော် ဖိုးကုလားဘုရားနံရံဆေးရေးထက် လက်ရာမှာပို၍ ပြေပြစ်လှပသည်။တေမိဇာတ်တော်ကို ရေးဆွဲထားခြင်းဖြစ်သည်။ပန်းချီတွင် ပွဲကြည့်စင်တွင်ထိုင်နေသောတေမိမင်းသား၊ သဘင်သည်နှစ်ဦး၊ အပျိုတော်တစ်ဦး၊မြန်မာ့ဆိုင်ဝိုင်းတူရိယာအစုံအလင်ဖြင့် ၊
ဘေးပတ်လည်တွင်
ပွဲကြည့်နေသူများကိုထည့်သွင်းရေးဆွဲထားသည်။
တေမိမင်းသားသည် ပွဲကြည့်ဆောင်တွင်ထိုင်နေသော်ငြား
လောကီအာရုံကို မစွဲလန်းမတပ်မက်စေရန် မျက်နှာလွှဲထား
ပုံမှာ ပန်းချီဆရာ စိတ်ကူးစိတ်သန်းကောင်းမွန်ပုံကို
ပေါ်လွင်ဖော်ပြနေသည်။အလယ်မြေပြင်ကျယ်တွင်မူ
သဘင်သည်နှစ်ဦးအပြိုင်ကခုန်နေဟန်ရေးဆွဲထားသည်။
ယင်းသို့မင်းသမီးနှစ်ဦး အပြိုင်ကခုန်ခြင်းအလေ့အထသည်
ပုဂံခေတ်ကတည်းကပင်တည်ရှိခဲ့ကြောင်း မြင်းကပါဂူပြောက်ကြီးဘုရားနံရံဆေးရေးတွင်တွေ့ရသည်။
ယင်းဓလေ့သည်ရတနာပုံခေတ်ထိတိုင်အောင်ခြေဆန့်ခဲ့
သည်။ပန်းချီတွင် သဘင်သည်အမျိုးသမီးနှစ်ဦး
ဝတ်စားဆင်ယင်ပုံမှာ ရိုးစင်းသော်လည်း လှပသည်။
ဆံပင်ကိုနောက်တွဲထုံးထားသည်။ရင်ခံဝတ်ဆင်လျက် အပေါ်တွင် အဖြူရောင် သိုရင်းအင်္ကျီပါးကိုထပ်ထားသည်။
ပတ်ထဘီများဝတ်ဆင်ကာ ပုဝါရှည်များခြုံထားကြသည်။
လက်ဝတ်တန်ဆာအနေဖြင့် နားတောင်း၊လက်ကောက်၊
ခြေကျင်းများဆင်မြန်းထားကြောင်းတွေ့ရသည်။
ဝတ်စားဆင်ယင်ပုံကိုထောက်လျက် ကုန်းဘောင်ခေတ်နံရံပန်းချီဟု
ယူဆသည်။ညာဘက်စွန်းတွင်း မြန်မာ့ဆိုင်း၊ကြေးနောင်၊နှဲ
ပတ်မကြီး၊ဝါးလက်ခုပ် တူရိယာအဖွဲ့သားများကိုစုံစုံလင်လင်ထည့်သွင်းရေးဆွဲထားသည်။မြန်မာ့သဘင်၊ဂီတ၊ဝတ်စားဆင်ယင်ပုံ သမိုင်းအတွက်အရေးပါသောနံရံပန်းချီဟုဆိုနိုင်သည်။
ထိုမျှတန်ဖိုးကြီးမားသောနံရံပန်းချီကွက်ကြီးသည်
ယနေ့အခါသဘာဝဘေးဒဏ်များ၊မသမာသူများလက်ချက်များကြောင့် အတော်ပင်ပျက်စီးယိုယွင်းနေချေပြီ။
ချစ်ခင်တန်ဖိုးထားကာကွယ်စောင့်ရှောက်ကြရမည့်တာဝန်
မှာမြန်မာနိုင်ငံသားတိုင်းအပေါ်တွင်တည်ရှိပါတော့သည်။
SIMON HT
https://www.facebook.com/fadli.htoothant/posts/654159334794393?pnref=story
Wednesday, April 19, 2017
နှစ်(၁၀၀၀)ခန့်ရှိလေသော ပုဂံခေတ်နံရံဆေးရေးပန်းချီများ တာရှည်ခံရခြင်းအကြောင်းတရားများ။
ပုဂံအဝတ်စားအပြည့်ဖြင့် တွေ့ရသော ဖွားတော်မူခန်း
The Mural painting of Birth of siddhartha with fully Bagan Fashion
နှစ်(၁၀၀၀)ခန့်ရှိလေသော ပုဂံခေတ်နံရံဆေးရေးပန်းချီများ တာရှည်ခံရခြင်းအကြောင်းတရားများ။
----------------------------------------------------------------
မြန်မာ့နံရံပန်းချီသည် လွန်ခဲ့သောနှစ်ပေါင်း (၁၀၀၀) နီးပါးက ပုဂံခေတ်လှိုင်ဘုရားများအတွင်းတွင် နံရံပန်းချီများ ရေးဆွဲသော ဓလေ့ ကို စတင်တွေ့ရှိခဲ့ရဲပြီး ပုဂံခေတ်ထက်စောပြီး မတွေ့ရှိ ရသလို ပထမမြန်မာ အင်ပါယာတည် အနော်ရထာ လက်ထက် ထိပင် မတွေ့ရပါ။ ကျန်စစ်သားမင်းလက်ထက်မှသာ မွန် အိန္ဒိယပေါင်းစည်းထားမှုများ တွေ့ရှိရသည်။ ထို့နောက်ပိုင်း ပင်းယ ၊ အင်းဝ ၊ ညောင်ရမ်း ၊ ကုန်းဘောင်ခေတ်အဆက်ဆက် ရေးဆွဲလာကြရာ ပါတော်မူပြီးသည့်တိုင် ဤနံရံပန်းချီများကို ကိုလိုနီခေတ်အထိ ရေးဆွဲခဲ့သည်ကို တွေ့ရလေသည်။ နံရံပန်းချီလေ့လာလိုသူများ အတွက် မြန်မာ့နံရံဆေးရေးပန်းချီသည် ပုဂံတွင် အပေါများဆုံးဖြစ်သလို ပုဂံခေတ်နံရံပန်းချီပညာသည် လည်း အထွဋ်အထိပ်သို့ ရောက်ရှိခဲ့သည်။ ဘုရားပြီးသည် ဆိုသည်နှင့် ဘုရားအတွင်းပိုင်းအား အလှအပအတွက် ၊ အနုပညာသဘောအား ခံစားနားလည်စေရန် သာမဟုတ်ဘဲ ဘာသာရေးအဆောက်အဦး ဖြစ်သည်နှင့်အညီ ဘာသာရေး ဆိုင်ရာအဆုံးအမများမှ သံဝေဂတရားများရရှိရန်၊ အသိတရား တစ်ခုခုရရှိစေရန် အစရှိသည်များကို ရည်ရွယ်ပြီး အဆောက်အဦး အတွင်းပိုင်း နေရာလွတ်များတွင် အနုသုခုမလက်ရာမြှောက်စွာ ဆေးရေးခြယ်သကာ ပူဇော်သက္ကာရပြုကြသည်။ ထိုသို့ရေးဆွဲရာတွင် ( ၅၅၀ ) ဇတ်တော်ကို အဓိကထား ရေးဆွဲကြပြီး ၊ ဗုဒ္ဓဝင်နှင့်ရုပ်ပွားတော်များ၊ မဟာယာနနှင့် ကန္တာရပန်းချီများ၊ နတ်ဗြဟ္မာရုပ်များ၊ သမိုင်းနှင့် ထိုခေတ်ထိုအခါရှိ မြင်တွေ့ရသော လူမှုဘဝ၊ ယဉ်ကျေးမှုပုံရိပ်၊ ဝတ်စား ဆင်ယင် ထုံးဖွဲ့မှု၊ အတီးမှုတ်အကခုန်ပုံများ၊ ကနုတ်ပန်းနှင့် ဇတ်တော်လာ တိရိစ္ဆာန်များ အစရှိသော ပုံရိပ်တို့ကိုချိန်ထိုးကာ ရေးဆွဲ ကြသဖြင့် ဓါတ်ပုံပညာ မပေါ်သေးသော ကျွန်ုပ်တို့ လက်လှမ်းမမှီခဲ့သည့် အတိတ်ကို ကြေးမုံပြင်တစ်ခုပမာ တံတားထိုး ချိတ်ဆက်ပေးနိုင် သော ဆေးရေးပန်းချီများ ဖြစ်လေသည်။
ပုဂံခေတ်ဆေးရေးပန်းချီအစပိုင်း( ၁၁ ) ရာစုဝန်းကျင်သည် အိန္ဒိယဟန်ကိုအများဆုံးတွေ့ရသည်။နှာခေါင်းချွန်၊ မေးရိုးကားပြီး မျက်လုံးပြူး သည်။ ခန္တာကိုယ်သည် တြိဘင်္ဂ ခေါ် သုံးဆစ်ကွေးကာ နွဲ့နှောင်းသည့်သဘောကို ဆိုလိုသည်။ ခန္တာကိုယ်သည် ဦးခေါင်း ၏ ( ၈ )ဆခန့်ရှိတတ်သည်။ လူမင်း၊ နတ်မင်း၊ နဂါးမင်း၊ ဟင်္သာမင်း အစရှိသော မင်းတို့ကို မဏ္ဍလခေါ် စက်ဝန်း သို့မဟုတ် ထီးတစ်ခုကို ဦးခေါင်းတွင် ဝိုင်းပေးထားသည်။ အမတ်တို့ကို မှုတ်ဆိတ်တပ်ပေး သည်၊ ရသေ့သည် အာဟာရနည်းပါးမှု ကိုပြလိုသဖြင့် နံရိုးပေါ်အောင် ဆွဲပေးသလို မဟာယနတို့၏ ဘုရားလောင်းရုပ်များတွင် ကြာပွင့်ပေါ် တွင်ထိုင်နေဟန်ကို ရေးဆွဲသည်။ စိတ်ဝင်စားဖွယ်အကောင်းဆုံးကား ဤမျှနှစ်ကာလ ထောင်ချီ နေပြီဖြစ်သော်လည်း ဆေးသားများ မပျက်ပျယ်၊ မည်သည့်ဆေးမျိုးကို အသုံးပြုထားပါသနည်းဆိုသည်ကား မေးခွန်းဖြစ်လာသည်။ နံရံပမ်းချီလေ့လာခြင်းသည် နက်နဲလွန်းသော ပညာဖြစ်သလို စာရေးသူ အနေဖြင့် နံရံဆေးရေးပန်းချီပညာရှင် မဟုတ်၍ ကျွန်ုပ် သိရှိသမျှကို ရေးသားမျှဝေပေးလိုက်ပါသည်။ ပုဂံပန်းချီတွင် နံရံဆေးရေးပန်းချီ ၊ အဝတ်ပန်းချီ ၊ သဲပန်းချီစသဖြင့် အမျိုးမျိုး ရေးဆွဲကြသည်။
♢ နံရံဆေးပန်းချီတို့တွင် အသုံးပြုသော ဆေးမှင်များ
နံရံပန်းချီကို ရေးခြယ်ရာတွင် ( ဖရက်စကို Fresco , စက်စကို , တင်ပရာ) နည်းစနစ် (3) မျိုးဖြင့် ထပ်မံ ခွဲခြားနိုင်သည်။ Fresco တွင် သွားစိုက်ဆရာဝန်များ အသုံးပြုသော ပလာစတာသီးသန့် အပြင် ၄င်းပလာစတာကို သဲ၊ ထုံး၊ကျောက်မှုန့် စသည်တို့ဖြင့် အချိုးကျရောကာ အောက်ခံမျက်နှာ ပြင်ပြုလုပ်၍ အစိုဓါတ်မခြောက်မှီ ရေးခြယ်သော ပန်းချီဖြစ်သည်။ စက်စကိုသည် Fresco ကို တုပထားသောနည်းဖြစ်သည်။ ရေးခြယ် မည့်နံရံကို အရည်တစ်မျိုး ကို ဖြန်းပက်ကာ ထိုအရည်မခြောက်မှီ ရေးခြယ်သော နည်းဖြစ် သည်။ တင်ပရာမှာနံရံတစ်ခုပေါ်သို့ ကြက်ဥအကာသို့မဟုတ် ကော်ရည်တစ်မျိုးမျိုးကို ဆေးဖြင့်ရောစပ် ရေးဆွဲရသော နည်းဖြစ် သည်။
ပုဂံပန်းချီရေးဆွဲရာတွင် တင်ပရာနည်းနှင့် စက်စကိုနည်းတို့ကို အသုံးပြုခဲ့သည်ဟု ပညာရှင်တို့က ခန့်မှန်းသည်။ နံရံပန်းချီ ရေးဆွဲ ရာတွင် ရေးဆွဲလိုသော ကျောက် ၊ အင်္ဂတေ ၊ မြေ အစရှိသော အောက်ခံနံရံ ပေါ်မူတည်ကာ အသုံးပြုသည့်ဆေးမှာလည်း ကွာခြားမှုရှိသွားသည်။ မြေဆေး၊ ချိတ်ဆေး၊ အဂ္ဂိရဆေး၊ သစ်ပင်မှရသောဆေးအစရှိသည် များအား သင့်လျော်သလို အသုံးပြုသည်။ မြေဆေးတွင် မြေနီ ၊ မြေဝါ ၊ မြေဖြူတို့ကို အများဆုံးအသုံးပြုသည်။ အဂ္ဂိရဆေးတွင် ကုံကမ္မံ (Saffron ) ၊ ဒုတ္ထာ ( Lapis Lazuli) ၊ ကြေးပေါ်တွင်အချဉ်ရေညစ်သောအခါ ရလာသော ဒုတ္ထာစိမ်း တို့ဖြစ်သည်။ သစ်ဆေးတွင် သစ်ပင်မှ ရသော အရောင်တို့ကို အသုံးပြု ကာ အနက်ရောင်အတွက်ကိုမူ မီးခိုးမှိုင်း အစရှိသည်တို့ကို ကော်ဖြင့် ရောစပ်ကာ သုတ်ဆေးပြုလုပ် သည်။ ထိုသုတ်ဆေးများ အရောင်တက်လာစေရန် ငါးသည်းခြေနှင့် ရောစပ်ရပြီး ထိုနံရံမှ အနံ့ဆိုးမထွက်စေရန် နံ့သာ ၊ ပရုပ်၊ နံ့သာပု အစရှိသည်တို့နှင့် ရောစပ်ပေးရသည်။ ထုံးနံရံများအောက်ခံဖြစ် ပါက ထုံးသည် ကိုက်တတ်သည့်သဘော ရှိသဖြင့် မန်ကျည်းမှည့် ရည်၊ အချဉ်ရည် အစရှိသည့် တစ်ခုခုသောအရည်တို့ဖြင့် ပက်ဖြန်း ကာ ထုံးအခိုးကိုသတ်ရသည်။
စုတ်တံကို နွားအရှင်၏ နားအတွင်းမှအမွေးကို ငှက်တောင် ထိပ်တွင် တပ်ကာအသုံးပြုသည်။ နံရံပန်းချီကို စတင်ရေးဆွဲမည် ဆိုလျှင် ခံဆေးတစ်ထပ်စတင်ခံရသည်။ ထို့နောက် လှိုင်ဘုရား၏ မျက်နှာကျက် တွင် နေကြာပန်းကိုကိုယ်စားပြုသော ပန်းအဝိုင်း ကြယ်တငို ၊ ကျက်တငိုယ် မွန်ဘာသာမှစတင်ကာ အောက်သို့ တဖြည့်းဖြည်းချရေးဆွဲသွား ရသည်။နံရံနှင့်မျက်နှာကျက် ချိတ်ဆက် ရာနေရာများတွင် ကနုတ်ပန်း သို့မဟုတ် နှစ်ကျိတ်ရှစ်ဆူဘုရား ပုံတော်များ ရေးဆွဲသည်။ ၄င်းနောက် တွင်( ၅၅၀ ) ဇတ်တော်၊ သမ္မဗုဒ္ဓေ ၊ ဗုဒ္ဓဝင်များ နှင့် အခြားဇတ်တော်များ ရေးဆွဲရသည်။ထိုဇတ်တော်များရေးဆွဲရန် ရေပြင်ညီမျဉ်းရေးဆွဲရာ တွင်ကြိုးကို ဆေးပုံးတွင် နှစ်ယူကာ လိုင်းချရသည်။ အောက်ချင်မိတ်တိုး နေရာခန့်တွင် ကနုတ်ပန်းများဖြင့် ပိတ်လိုက်သည်။ နံရံပေါ် ဇတ်ကွက်ဖော်ရာတွင် မခက်လှသော်လည်း မျက်နှာကျက်တွင်မူ ရေးဆွဲရာတွင် အခက်ခဲရှိသည်။ ထို့ကြောင့် အထက်သို့တက်နိုင် ရန် စင်တစ်ခုခံကာ ထိုစင်ပေါ်တွင် ပက်လက်လှန်၍လည်းကောင်း၊ ထိုင်၍လည်းကောင်း မျက်လုံးများအတွင်း ဆေးစက်မကျမိစေရန် အထူးဂရုပြု ရေးဆွဲရသည်။ထိုသို့ရေးဆွဲရာတွင် လက်အနေထား မှာလည်း အရေးကြီးသည်။ လက်ခုံသည် နံရံတွင် ထောက်ကာ ရေးဆွဲပါက အောက်ခံဆွဲပြီးသော နေရာတွင် ဆေးများ ပျက်စီး သွားတတ်သဖြင့် တရုတ်တို့စုတ်တံအသုံးပြုသကဲ့သို့ လက်ခုံကို
မ၍ဖြစ်စေ၊ ဆေးများကိုခွထားနိုင်သော ဂွတစ်ခုကိုခံ၍ဖြစ်စေ၊ ရေးဆွဲရသည်။ မှောင်လွန်းသော နေရာများ ရေးခြယ်ရာတွင် ကညင်ဆီမီးကို သုံးရသည်။ မြန်မာ့ပန်းချီသည် အနားသတ်လိုင်းဆွဲ ကာ ဆေးမှင်ဖြည့်ရသည့်အပြင် အများအားဖြင့် လူအများနှင့် ဆွဲယူရသော ပန်းချီအမျိုးအစား ဖြစ်သည်။ ပုဂံရှိ ဘုရားသုံးဆူဘရား သည် အနားသတ်လိုင်းသာဆွဲပြီး အခြေနေကြောင့် ဆေးမဖြည့်ဘဲ ချန်ထားသော နံရံပန်းချီတို့ကို တွေ့ရသည်။ ပုဂံပန်းချီသည် အနီးအဝေး၊ အလင်းအမှောင်၊ အပူအအေးသဘောမျိုး မရှိချေ။ ပန်းချီရေးရာတွင် ပန်းချီဆရာတို့သည် လွတ်လပ်စွာဖန်တီး ရေးဆွဲသည်။ အချို့သော ပန်းချီဆရာတို့သည် ၄င်းတို့ပုဂ္ဂိုလ်ရေး အားဖြင့် မနှစ်သက် သူကို ဇတ်တော်၏လူဆိုးခန်း နေရာမျိုး တေမိဇတ်တော်ကဲ့သို့ ခိုးသားလေးယောက်အား အပြစ်စီရင်ခန်း တို့တွင် ထိုပုဂ္ဂိုလ်တို့၏ မျက်နှာ များ ထည့်ရေးဆွဲသည်။ မိမိတို့အနေဖြင့် ဆေးလိပ် ၊အရက်ကြိုက်နှစ်သက်၍ အရက်နှင့်ဇတ်တော် မည်သို့မျှ မလိုက် ဖက်သော်ငြားလည်း တံခါးမှူး ကဲ့သို့ မထင်မရှားနေရာမျိုးတွင် ဆေးတံရှည်များကို ထည့်သွင်း ရေးဆွဲသည်။ အရက်ကြိုက်သူများ အတွက်လည်း အရက်ပုလင်းအား တံခါး၏အောက်ခြေတို့တွင် ထောင်ထား ခြင်း ပုံမျိုးကို ရေးဆွဲသည်။ ဤပန်းချီများကို နောင်းခေတ်ပန်းချီများတွင် ရေးဆွဲသည့် မုံရွာမြို့အနီး ဖိုလ်ဝင်တောင် အတွင်းနံရံများတွင် တွေ့ရသည်။
နံရံပန်းချီတို့သည် ထိုခေတ်ထိုအခါက ပုံရိပ်ကို အပြည့်ဝ သိရှိခွင့် ရရှိစေသော ဓါတ်ပုံတစ်မျိုးဖြစ်လေသည်။ ပုဂံရှိ နန္ဒမညာ ဘုရားအတွင်း၌ မာနတ်များဖျားယောင်းသော ဆေးရေးမှာ အလွန် ပင် စိတ်ဝင်စားဖွယ် ကောင်းလှသည်။ ဝက်ကြီးအင်းဂူပြောက်ကြီး၊ မြင်းကပါဂူပြောက်ကြီး၊ လောကထိပ်ပံဘုရားစသည်တို့သည် ပုဂံတွင် အကောင်းဆုံးနံရံ ပန်းချီရှိသော ဘုရားများဖြစ်သည်။ ခေမင်္ဂဘုရားစုအတွင်းတွင် အဝတ်ပန်းချီနှင့်ဘုရားတစ်ဆူရှိသည်။
နံရံပန်းချီအား ခြိမ်းခြောက် နေသော အကြောင်းတရားများစွာ အနက်မှ တိရိစ္ဆာန်၊ ရာသီဥတု ၊ သဘာဝဘေး နှင့် လူ့ပယောဂတို့ သည် အဆိုးရွားဆုံးဖြစ်သည်။ တိရိစ္ဆာန်တို့ ကြောင့်ဖြစ်တတ်သည့် ပျက်စီးမှုများမှာ နံရံပန်းချီရှိသော ဂူများတွင် တိရိစ္ဆာန်များ နေထိုင်ခြင်း ဖြစ်သည်။ အထူးသဖြင့် မုံရွာဖိုလ်ဝင်တောင်ရှိ မိဖုရားဂူ အတွင်းတွင် မျောက်များ လျောင်းတော်မူ ရုပ်ထုတော်ကြီးပေါ်တွင် ခုန်ပေါက် ပြေးလွားခြင်းဖြင့် ထိုဆင်းတုနှင့် ကပ်နေသော နံရံဆေးရေး ပန်းချီများ ပျက်စီးသည်ကို စာရေးသူကိုယ်တိုင် မြင်တွေ့ခဲ့ဖူးသည်။ ရာသီဥတုတွင် အပူလွန်ကဲခြင်း၊ အဆောက်အဦးယိုယွင်းကာ ရေစိမ့်ဝင်ခြင်း ၊ ဆားဓါတ်ပါဝင်မှုများသော လေတိုက်ခြင်းတို့ ဖြစ်သည်။ လူ့ပယောဂတွင် ပန်းချီတန်ဖိုးကိုနားမလည် လက်ဆီ ပြန်များဖြင့် ထိတွေ့ ကိုင်တွယ် ပွတ်သတ်ခြင်း၊ ပတ်ဝန်းကျင်အနီး အမှိုက်သရိုက်များစုပုံခြင်း နံရံတွင် အပေါစား မှင်ဖျက်ဆေး
( Correction Pen ) တို့ဖြင့် မည်သူ + မည်သူ အမှတ်တရ စသဖြင့်သော တိမ်ဖျဉ်းသော စာများရေးသားခြင်း ၊ ရေရှည်တွင် အပူဖြစ်စေသော အလင်းများသော လျပ်စစ်မီးရောင်များ (ဥပမာ) နံရံပန်းချီလိုက်လံကြည့်သည့် အပူထွက်လွန်သော မီးသီးထွန်းခြင်း နှင့် ( Lux - 150 ) ထက်ပိုသော ကင်မရာ ( Flash ) မီးဖွင့်ရိုက်ကူး ခြင်း ၊ မှိန်နေသောဆေးများ ကြည်ညိုဖွယ်အသွင် ဆောင်နိုင်ရန် ထုံးသုတ်ခြင်းစသည့် အသိတရားခေါင်းပါးမှု တို့ကြောင့် ကြီးမားသော အဖိုးမဖြတ်နိုင်သည့် ပန်းချီများ ဆုံးရှုံးရ သည်။ ဥပမာ အာနန္ဒာဘုရားလှိုင်အတွင်း ခေတ်အဆက် ဆက် ထုံးသုတ်သဖြင့် ထုံး ( ၇ ) လွာအောက်တွင် နံရံဆေးရေးများ ဝမ်းနည်းဖွယ်ရာ တွေ့ရှိခဲ့ရသည်။ အခြားတစ်ခုမှာ တန်ဖိုးနားလည် လွန်းကာ ပျက်စီး၊ ပျောက်ဆုံးခြင်းလည်း ရှိသည်။ ၁၈၉၉ ခုနှစ်က ချောက်ရေနံမြေတွင်တာဝန်ကျသော ဂျာမန်လူမျိုး ထိုမန်( Th H Thoman ) နှင့် Dr Fritz Von Noetlin ဆိုသူနှစ်ယောက် တို့ ဝက်ကြီးအင်းဂူပြောက်ကြီးဘုရား၌ သုတေသနပြုလုပ်ရန် အကြောင်းပြကာ နံရံပန်းချီရေးဆွဲထားသော အင်္ဂတေကို အကွက်ချပြီးလွှ ဖြင့်တိုက်၍ ခိုးယူသွားခဲ့သည်။ ဖွားစောရွာ သူကြီး ဦးထွန်းက နွားပျောက်၍လိုက်ရှာစဉ် လွှသံကြား၍ ဝင်ကြည့်ရာမှ ၎င်းအားတားမြစ်သည်။ ဖြတ်လက်စတန်းလန်းကို သတင်းစာ ကပ်လျက် ၁၈၊ ၉၊ ၁၈၉၉ နေ့စွဲပါ ဂျာမာန်သတင်းစာ ( Evening Time Glascow ) ကပ်လျက် ကျန်ခဲ့ သည်။ ၎င်းခိုးယူ သွားပါကြောင်းကို ခေမင်္ဂဘုရားစု ဘုရားအမှတ်( 1844 ) တွင် ခံဝန်လက်မှတ်ထိုး သွားခဲ့ဖူးသည်။ ထိုခိုးယူမှု အတွက် ဖွားစောရွာသူကြီး မှ ပခုက္ကူအရေးပိုင် Mr. Scovell အားတိုင်တန်းခဲ့သည်။ ထို့ကြောင့်အင်္ဂလိပ်တို့က ထိုမန်အား ပြည်ဝင်ခွင့်ပိတ်ကာ နိုင်ငံသားကခိုးယူလျှင် ထောင်ဒဏ် ( ၃ ) လ ချမှတ်သည့် ဥပဒေကို ရေးဆွဲပေးခဲ့သည်။
♢နံရံပန်းချီအပျက်စီးများကို မည်သို့ကာကွယ်ရမည်နည်း♢
အက်ကွဲကာ အတွင်းတွင် လေခိုနေသော နံရံကို ရေဖြင့် အခေါင်းပေါက် အတွင်းဆေးချရသည်။ ထိုအတွင်းသို့ ကော်ဖြင့် ထိုးထည့်ကာ လေဟာနယ်ကို ထိန်းသိမ်းနိုင်မည်။ အပေါ်ယံ အညစ်ကြေးများကို သန့်စင်ရာတွင် ရေ( ၁ ) လီတာအား Ammonia Carbon 4% , Indanol 1 % တို့ဖြင့်ရောကာ ဂျပန်စက္ကူတွင် စွတ်ပြီး ၂ မိနစ်ခန့်ကပ်ကာ ဝါဂွမ်းဖြင့် ပြန်လည် ဆွတ်ယူ ရသည်။ထို့အပြင်နောက်ထပ်ပြန်မရနိုင်တော့သည့် နှစ်ပေါင်းတစ်ထောင်ခန့်ရှိလေပြီဖြစ်သော ဤနံရံပန်းချီတို့ မပျောက်ပျက်ရလေအောင် လက်တွေ့တွင်ထိန်းသိမ်းခြင်း၊ ထိတွေ့ကိုင်တွယ်ကာ မှင်ဖျက်ဆေး နှင့်ရေးခြင်းကို မြင်တွေ့ပါက တာဝန်သိ နိုင်ငံသားကောင်းတစ်ဦး အနေဖြင့် တားမြစ်ခြင်း၊ မသိသူများစွာ ရှိလေသော ကျွန်ုပ်တို့ရွေလူမျိုးများ သိကြလေအောင် သတိပေးခေါင်းလောင်း ထိုးသည့်သဘောဖြင့် ရှယ်ပေးကြပါဟု စာရေးသူမှ တိုက်တွန်းလိုက်ပါသည်။
#သုခုမအလင်းတန်းများ
Ref:
- နံရံပေါ်ကပန်းချီများ
- နံရံဆေးရေးပန်းချီ
- The Paintings that Revolutionized Art
- မြန်မာ့စွယ်စုံကျမ်းနှစ်ချုပ် ၁၉၈၈
သုခုမအလင်းတန်းများ