Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။
Showing posts with label pagoda. Show all posts
Showing posts with label pagoda. Show all posts

Friday, June 28, 2019

.ေယာက်ာ္းေတြကိုစိတ္နာ ဒီေနရာကို အတြဲလာ ကြဲေစ ဆိုတဲ့က်ိန္စာ (သို ့မဟုတ္) မိန္းမရဲ ေတာင္ေတာ္ သခင္မ သမိုင္း


ကေလာ အင္းေလး ပင္းတရ ဘုရားဖူးသြားရင္… ရြာငံေရျပာအိုင္မေရာက္ခင္ေလးမွာ…

မိန္းမရဲေတာင္ရဲ ့ အလွ အပကိုစိတ္ဝင္စားလို ့ သြားျကဘုရားဖူးျကFacebookမွာ ပုံေတြ ခဏခဏေတြ ့ ေနရေပမယ့္ အဲဒီေတာင္ရဲ ့သမိုင္းကို ေသခ်ာေရရာေအာင္ သိတဲ့သူက ခပ္ရွားရွား . က်ေနာ္စပ္စု စုံစမ္း ေမးျမန္းထားသေလာက္က ဒီလိုဗ်ိဳ ့. .

နာမည္က နန္းဧကရီေမႊး ဘုရင့္ သမီးေတာ္ တစ္ပါးေပါ့အခ်စ္ဆိုတာက ဆန္းက်ယ္တယ္ေလ သူခ်စ္မိတာကေက်းေတာသား .ကုမၼာရ တဲ့ သူတို့ နွစ္ဦး ခ်စ္ျကည္နဴးေနတာကိုဘုရင့္ ေရြနားေတာ္ေပါက္ျကား အမ်က္ပြားေစခဲ့တာမဟုတ္လား

အမဲရိုးက ဟင္းအိုးကိုမွအားမနာ ေက်းေတာသား ကုမၼာရ လူငႏြားကို သတ္ေစတဲ့ တစ္ခ်က္လႊတ္ အမိန္ ့.ဒီသတင္း နန္းဧကရီေမႊးျကားေတာ့ ရင္ဝကို ဆယ္ေပါင္တူနဲ့ အထုခံရသလို ထင္ပါရဲ ့ ခ်စ္သူေမာင္ကို စိတ္ပူ နန္းေတာ္က ခိုးထြက္ အခ်စ္အတြက္ ေျခလွမ္းသြက္ခဲ့တယ္ဆိုပါေတာ့. .

ကုမၼာရေက်းေတာသားကို လက္ဆြဲ ဘုရင္ျကီးနဲ့ ေဝးရာ ထြက္ေျပးရွာတယ္ေလ .အခု မိန္းမရဲေတာင္ရဲ အေရွ ့ ဘက္ ရြာအခြန္ေတြကို ေကာက္တဲ့ ကင္းေတာင္ဆိုတဲ့ ေန ရာအျဖတ္
ဒီေနရာက ျဖတ္သန္းဖို့ အဖိုးခ ေငြေတြ ေတာင္းေတာ့ ေပးစရာေငြက နတၴိ ကုမၼာရေက်းေတာ့သားေလး ေသြးပ်က္ျပီထင္ပါရဲ ့ . .

အခ်စ္ဆိုတာကို ယုံျပီး နန္းေတာ္က ထြက္ေျပး ဘုရင့္တပ္မေတာ္နဲ ့ ေဝးရာကို ေျပးခဲ့တဲ့ ဘုရင့္သမီးေတာ္ မ်က္နွာကိုမွမေထာက္ ကင္းခြန္ေတာ္ မေဆာင္နိုင္လို ့ရာဇဝတ္ေဘးေျကာက္ျပီး မင္းသမီးကို ခ်န္ထား သူ့ရြာေလးကို ျပန္သြားခဲ့တယ္ေလ.ဘုရင့္သမီးေတာ္ နန္းဧကရိေမႊးအတြက္ အားကိုးစရာ မရွိ ဘုရင့္အမ်က္ေတာ္ထိမွာကိုသိျပီး ျမင့္မားတဲ့ ေတာင္ကိုကုတ္တက္ ေတာင္ရဲ ့ အေနာက္ဘက္ ေပ၆၀ခန္ ့နက္တဲ့ ေရဝဲျကီးထဲ စိတ္ကိုဒုန္းဒုန္းခ် အခ်စ္ကိုစိတ္နာ ခုန္ခ်ေလရွာရဲ ့. .
အခ်စ္ကို ဦးစားေပး ငါကေမာင္ေတာ္ကို ေရြးခဲ့တာေတာင္ ငါ့အခ်စ္ကို မေထာက္ ကင္းခြန္ေျကာက္လို ့ သစၥာေဖာက္ရက္တယ္တဲ့ .
အစိမ္းေသလို့ မကြ်တ္တဲ့ဘဝ အခ်စ္ကိုစိတ္နာ သူေပးတဲ့က်ိန္စာက ဒီေနရာကို အတြဲလာ ကြဲေစတဲ့ဗ်ာ. . . အဲဒီေတာင္ကို အရင္က မိန္းမဝဲ ေတာင္လို့ ေခၚေဝၚရာကေန ကာလေရြးလွ်ား မိန္းမရဲေတာင္အျဖစ္ထင္ရွားခဲ့တာေလ. ထူးဆန္းတာကရွိေသးတယ္ ေယာက္ေကာ္ ဘရေသ့ျကီးေပါ့

သူ ့အိပ္မက္ေပးတဲ့ နန္းဧကရီေမႊးဆိုတဲ့ ရွမ္းမင္းသမီးေလက မိန္းမရဲေတာင္ဆိုတာကို ျမန္ျပည္တစ္လႊားမွာရွာ သာသနာျပဳေပးပါတဲ့ ေယာက္ေကာ္ဘရေသ့ျကီးလည္း အိပ္မက္အရ ေတာင္ေတာ္ကို လိုက္ရွာရင္ ေတာင္ေတာ္ရဲ ့ အေရွ့ဘက္ ရြာငံ ေအာင္ပန္းကားလမ္းမျကီးမွာ ကားကသူ့အလိုလို စက္ရပ္လို့ ကားပ်က္သြားခဲ့တယ္ဆိုပဲ ကားဆရာက ျကိဳးစားျပဳျပင္ေပမဲ့မရ ညေနညိဳေစာင္း ကားလမ္းေဘးခ်ံဳေတာထဲမွ အစိမ္းေရာင္ဝတ္ ရွမ္းမေလးတစ္ေယာက္ထြက္လာတယ္ .

ဘရေသ့ ရွာေနတဲ့ မိန္းမရဲေတာင္ဆိုတာ ေဟာအခုျမင္ေနရတဲ့ ျမင့္မားတဲ့ေ တာင္ေပၚဒဲ့ စကားေျပာျပီး ခ်ဳံေတာထဲျပန္ဝင္ ေပ်ာက္ကြယ္သြားေလရဲ ့. .ဆန္းက်ယ္လွပါဘိ.
ဒီစာကိုေရးေနရင္းေတာင္ က်ေနာ္ျကက္သီးေမႊးေတြြတစ္ျဖန္းျဖန္းထ ေျကာက္စိတ္ေတြ ဝင္ေနမိတယ္ဆိုတာ. .

SaiNaungေတာင္တန္းေျမမွမီးအိမ္႐ွင္
# Unicode Version # ျဖင့္ ဖတ္ပါ #

ကလော အင်းလေး ပင်းတရ ဘုရားဖူးသွားရင်… ရွာငံရေပြာအိုင်မရောက်ခင်လေးမှာ…

မိန်းမရဲတောင်ရဲ့ အလှ အပကိုစိတ်ဝင်စားလို့ သွားကြဘုရားဖူးကြFacebookမှာ ပုံတွေ ခဏခဏတွေ့ နေရပေမယ့် အဲဒီတောင်ရဲ့သမိုင်းကို သေချာရေရာအောင် သိတဲ့သူက ခပ်ရှားရှား . ကျနော်စပ်စု စုံစမ်း မေးမြန်းထားသလောက်က ဒီလိုဗျို့. .

နာမည်က နန်းဧကရီမွှေး ဘုရင့် သမီးတော် တစ်ပါးပေါ့အချစ်ဆိုတာက ဆန်းကျယ်တယ်လေ သူချစ်မိတာကကျေးတောသား .ကုမ္မာရ တဲ့ သူတို့ နှစ်ဦး ချစ်ကြည်နူးနေတာကိုဘုရင့် ရွေနားတော်ပေါက်ကြား အမျက်ပွားစေခဲ့တာမဟုတ်လား

အမဲရိုးက ဟင်းအိုးကိုမှအားမနာ ကျေးတောသား ကုမ္မာရ လူငနွားကို သတ်စေတဲ့ တစ်ချက်လွှတ် အမိန့်.ဒီသတင်း နန်းဧကရီမွှေးကြားတော့ ရင်ဝကို ဆယ်ပေါင်တူနဲ့ အထုခံရသလို ထင်ပါရဲ့ ချစ်သူမောင်ကို စိတ်ပူ နန်းတော်က ခိုးထွက် အချစ်အတွက် ခြေလှမ်းသွက်ခဲ့တယ်ဆိုပါတော့. .

ကုမ္မာရကျေးတောသားကို လက်ဆွဲ ဘုရင်ကြီးနဲ့ ဝေးရာ ထွက်ပြေးရှာတယ်လေ .အခု မိန်းမရဲတောင်ရဲ အရှေ့ ဘက် ရွာအခွန်တွေကို ကောက်တဲ့ ကင်းတောင်ဆိုတဲ့ နေ ရာအဖြတ်
ဒီနေရာက ဖြတ်သန်းဖို့ အဖိုးခ ငွေတွေ တောင်းတော့ ပေးစရာငွေက နတ္ထိ ကုမ္မာရကျေးတော့သားလေး သွေးပျက်ပြီထင်ပါရဲ့ . .

အချစ်ဆိုတာကို ယုံပြီး နန်းတော်က ထွက်ပြေး ဘုရင့်တပ်မတော်နဲ့ ဝေးရာကို ပြေးခဲ့တဲ့ ဘုရင့်သမီးတော် မျက်နှာကိုမှမထောက် ကင်းခွန်တော် မဆောင်နိုင်လို့ရာဇဝတ်ဘေးကြောက်ပြီး မင်းသမီးကို ချန်ထား သူ့ရွာလေးကို ပြန်သွားခဲ့တယ်လေ.ဘုရင့်သမီးတော် နန်းဧကရိမွှေးအတွက် အားကိုးစရာ မရှိ ဘုရင့်အမျက်တော်ထိမှာကိုသိပြီး မြင့်မားတဲ့ တောင်ကိုကုတ်တက် တောင်ရဲ့ အနောက်ဘက် ပေ၆၀ခန့်နက်တဲ့ ရေဝဲကြီးထဲ စိတ်ကိုဒုန်းဒုန်းချ အချစ်ကိုစိတ်နာ ခုန်ချလေရှာရဲ့. .
အချစ်ကို ဦးစားပေး ငါကမောင်တော်ကို ရွေးခဲ့တာတောင် ငါ့အချစ်ကို မထောက် ကင်းခွန်ကြောက်လို့ သစ္စာဖောက်ရက်တယ်တဲ့ .

အစိမ်းသေလို့ မကျွတ်တဲ့ဘဝ အချစ်ကိုစိတ်နာ သူပေးတဲ့ကျိန်စာက ဒီနေရာကို အတွဲလာ ကွဲစေတဲ့ဗျာ. . . အဲဒီတောင်ကို အရင်က မိန်းမဝဲ တောင်လို့ ခေါ်ဝေါ်ရာကနေ ကာလရွေးလျှား မိန်းမရဲတောင်အဖြစ်ထင်ရှားခဲ့တာလေ. ထူးဆန်းတာကရှိသေးတယ် ယောက်ကော် ဘရသေ့ကြီးပေါ့

သူ့အိပ်မက်ပေးတဲ့ နန်းဧကရီမွှေးဆိုတဲ့ ရှမ်းမင်းသမီးလေက မိန်းမရဲတောင်ဆိုတာကို မြန်ပြည်တစ်လွှားမှာရှာ သာသနာပြုပေးပါတဲ့ ယောက်ကော်ဘရသေ့ကြီးလည်း အိပ်မက်အရ တောင်တော်ကို လိုက်ရှာရင် တောင်တော်ရဲ့ အရှေ့ဘက် ရွာငံ အောင်ပန်းကားလမ်းမကြီးမှာ ကားကသူ့အလိုလို စက်ရပ်လို့ ကားပျက်သွားခဲ့တယ်ဆိုပဲ ကားဆရာက ကြိုးစားပြုပြင်ပေမဲ့မရ ညနေညိုစောင်း ကားလမ်းဘေးချုံတောထဲမှ အစိမ်းရောင်ဝတ် ရှမ်းမလေးတစ်ယောက်ထွက်လာတယ် .

ဘရသေ့ ရှာနေတဲ့ မိန်းမရဲတောင်ဆိုတာ ဟောအခုမြင်နေရတဲ့ မြင့်မားတဲ့ေ တာင်ပေါ်ဒဲ့ စကားပြောပြီး ချုံတောထဲပြန်ဝင် ပျောက်ကွယ်သွားလေရဲ့. .ဆန်းကျယ်လှပါဘိ.
ဒီစာကိုရေးနေရင်းတောင် ကျနော်ကြက်သီးမွှေးတွေတစ်ဖြန်းဖြန်းထ ကြောက်စိတ်တွေ ဝင်နေမိတယ်ဆိုတာ. .
SaiNaungတောင်တန်းမြေမှမီးအိမ်ရှင်

Monday, June 17, 2019

အရမ္းကို ဆုေတာင္းျပည့္လြန္းလို႔ မင္းညီ မင္းသားေတြ မဖူးရဟု အမိန႔္ထုတ္ထားရတဲ့႐ုပ္ပြားေတာ္ျမတ္ အေၾကာင္း


အရမ္းကို ဆုေတာင္းျပည့္လြန္းလို႔ မင္းညီ မင္းသားေတြ မဖူးရဟု အမိန႔္ထုတ္ထားရတဲ့႐ုပ္ပြားေတာ္ျမတ္ အေၾကာင္း…

စစ္ကိုင္းေတာင္ တစ္ဖက္ကမ္းကေရႊၾကက္ယက္ ေရႊၾကက္က်ဘုရားေတြျဖစ္ၿပီး ဒီဆုေတာင္းျပည့္ကိုယ္ေတာ္ျမတ္ႀကီးကေတာ့ ေရႊၾကက္ယက္ေစတီအတြင္းမွာ ရွိပါတယ္ ။
အေနာ္ရထာမင္းႀကီးလက္ထက္မွာ တစ္ႀကိမ္…၊ နရပတိစည္သူမင္းႀကီးလက္ထက္မွာ တစ္ႀကိမ္… မည္သည့္မင္းညီမင္းသားမွ မဖူးရလို႔အမိန႔္ေတာ္ထုတ္ျပန္ၿပီး အစာင့္ေတြခ်ထားကာ ေသာ့ခတ္ထားခဲ့ရတယ္ ဆိုတဲ့ ႐ုပ္ပြားေတာ္ျမတ္ေရွ႕ကို တေန႔ကေရာက္ခဲ့တယ္။ဘုရားကိုဖူးေတြ႕လိုက္တာနဲ႔ .. အို … သပၸါယ္လိုက္တာ လို႔ ပါးစပ္က ေရာင္ရမ္းပီး ထြက္သြားမိတဲ့ အထိပါပဲ …။

တကယ့္ကို ရင္ထဲမွာ ေအးခ်မ္းသြားေအာင္ သပၸါယ္လိုက္တာ … ။
စပါယ္နဲ႔ ဇြန္းပန္းေတြကို ရင္ဘတ္ေတာ္မွာ ပူေဇာ္ထားတာကလည္းေမြးႀကိဳင္ေနတာပါပဲ ။ေရႊသကၤန္းကပ္ၿပီး ဆုေတာင္းခဲ့မိတာေလးဟာတစ္ကယ္ျပည့္ဝခဲ့တာမို႔ သူငယ္ခ်င္းေတြကို မၽွေဝေပးခ်င္မိခဲ့ပါတယ္..။
ဆုေတာင္း ျပည့္ဝလြန္းတယ္ဆိုတဲ့ဇတ္ေၾကာင္းေလးကိုဖတ္မိရင္ ပိုၿပီးေလးနက္ေစမွာမို႔ ဇတ္လမ္းေလးကိုအတိုခ်ဳပ္လို႔ ေရးပါရေစ …။

ပုဂံေနျပည္ေတာ္မွာ မင္းယဥ္နရသိခၤ ဘုရင္ အုပ္စိုးခ်ိန္မွာ အိမ္ေရွ႕စံညီေတာ္ကေတာ့ နရပတိစည္သူ ျဖစ္ပါတယ္။ေနာင္ေတာ္ဘုရင္ဟာညီေတာ္အိမ္ေရွ႕မင္းရဲ့ မိဘုရားျဖစ္တဲ့ ေဝဠဳဝတီကို တပ္မက္စြဲလန္းမိတာေၾကာင့္ ညီေတာ္ကို လိမ္လည္ၿပီး ေရွ႕တန္းစစ္မ်က္ႏွာကို စစ္တိုက္ဖို႔ လႊတ္လိုက္ပါတယ္ …။ထုံးစံအတိုင္း ‘ ငေဆာင္ခ်မ္း ‘အရပ္ေပါ့ ။အဲဒီကာလတုန္းက ေနျပည္ေတာ္ရဲ့စစ္မ်က္ႏွာဟာ တ႐ုတ္ေတြနဲ႔ပဲ ရွိခဲ့တာမို႔ တ႐ုတ္ေတြရဲ့ ေရွ႕တန္းစစ္မ်က္ႏွာဟာ ဗန္းေမာ္ၿမိဳ႕အနီးမွာ ရွိတဲ့ ေရွ႕တန္းစခန္း ငေဆာင္ခ်မ္းျဖစ္ခဲ့ရပါတယ္ ။
ညီေတာ္ နရပတိစည္သူ စစ္ထြက္သြားတဲ့ အခ်ိန္မွာ ဘုရင္ မင္းယဥ္နရသိခၤဟာ ညီေတာ္ရဲ့ မိဘုရားေဝဠဳဝတီကို သိမ္းပိုက္ခဲ့ပါတယ္ ..။ေဝဠဳဝတီဆိုတာ .. ဝါးထဲကရတဲ့သံေသဒဇ မိန္းကေလးျဖစ္တာမို႔ လွပေခ်ာေမာလြန္းတယ္လို႔ ဖတ္ခဲ့ရဖူးပါတယ္။
ေနျပည္ေတာ္မွာ အေၾကာင္းထူးရင္ လိုက္ခဲ့ဖို႔ မွာထားခဲ့တဲ့ အိမ္ေရွ႕စံရဲ့တပည့္ ျမင္းေတာ္ခံငျပည့္ဟာ ခ်က္ခ်င္းလိုက္လာခဲ့ေပမယ့္ ဗန္းေမာ္ၿမိဳ႕အနီးက ငါးပတ္ေခ်ာင္းကို ေရာက္တဲ့အခ်ိန္ ပင္ပန္းလြန္းလို႔စခန္းခ်ၿပီးအိပ္စက္ခဲ့မိပါတယ္ ။ငပတ္ေခ်ာင္းရဲ့ တဖက္ကမ္းမွာ သူ႔ရဲ့ သခင္စစ္တပ္ႀကီး စခန္းခ်ေနခဲ့တာကို မသိခဲ့ရွာဘူးေပါ့ … ။ ဒါဟာ ၾကမၼာငင္တယ္လို႔ ေျပာရမယ္ ထင္ပါရဲ့ … ။

ငျပည့္စီးတဲ့ ျမင္းဟာ အိမ္ေရွ႕စံနရပတိစည္သူရဲ့ ျမင္းျဖစ္တာမို႔ ေခ်ာင္းတစ္ဖက္ကမ္းက သူ႔သခင္ရဲ့ အနံ့ရတဲ့ ျမင္းေတာ္ကေတာ့တစ္ညလုံး ဟီေနေတာ့တာေပါ့ ..။အိမ္ေရွ႕မင္း နရပတိစည္သူဟာ သူ႔ျမင္းဟီသံေၾကာင့္ အေၾကာင္းထူးၿပီဆိုတာ သိၿပီး တစ္ညလုံး အိပ္လို႔ မေပ်ာ္နိုင္ခဲ့ပါဘူး …။ ဘယ္အခ်ိန္ေရာက္လာနိုး ေမၽွာ္ကိုးခဲ့ေပမယ့္ျမင္းေတာ္ခံ ငျပည့္ကေတာ့ မနက္မိုးလင္းမွ ေရာက္လာခဲ့ၿပီး မိဖုရားကို ဘုရင္သိမ္းပိုက္သြားၿပီ ျဖစ္ေၾကာင္း ေလၽွာက္တင္ပါေတာ့တယ္ ။နရပတိစည္သူရဲ့ ေဒါသဟာငယ္ထိပ္အထိ တတ္သြားခဲ့ပါတယ္ ..။

ငါတို႔ မင္းဟူသည္ .. တစ္ညတာအခ်ိန္ဆိုတာ အႀကံအားလုံး ၿပီးေျမာက္နိုင္ေၾကာင္း .. ဒီေလာက္အေရးႀကီးတဲ့ ကိစၥကို ခ်က္ခ်င္းလာေရာက္ၿပီး မေလၽွာက္တင္ရေကာင္းလား ‘ လို႔ အမ်က္ေတာ္ရွၿပီး ျမင္းေတာ္ခံငျပည့္ကို ကြပ္မ်က္လိုက္ပါတယ္ ။ ေနာက္ၿပီး ဧရာဝတီျမစ္ေၾကာင္းအတိုင္း စုံဆင္းခဲ့ပါတယ္ ။

ဧရာဝတီျမစ္ကမ္းနေဘးမွာတည္ရွိတဲ့ ဒီဘုရားေစတီကို ေရာက္လာတဲ့အခါ ခဏနားလို႔ ဘုရားေစာင္းတန္းအတိုင္းတတ္လာၿပီးဆုေတာင္းျပည့္ဘုရားဆင္းတုေတာ္ျမတ္ကို ဖူးေမၽွာ္ၾကည္ညိဳပါတယ္။ပါလာတဲ့ ပုဝါျဖဴကို ကပ္လႉပူေဇာ္ၿပီး သစၥာအဓိဌာန္ ျပဳပါေတာ့တယ္ ။
‘ တပည့္ေတာ္သည္ သစၥာမတည္ သည့္ ေနာင္ေတာ္ဘုရင္မင္းျမတ္ကို အၿပီးတိုင္ လုပ္ႀကံ၍ ေအာင္ျမင္ခဲ့ မည္ ဆိုပါလၽွင္ ဤပုဝါစကို ဘုရားရွင္မွ ကိုယ္ေတာ္လ်၍ ခံယူေတာ္မူ ပါေစသတည္း.. ‘

အိမ္ေရွ႕စံရဲ့ ပုဝါျဖဴစဟာ ေလမွာဝဲပ်ံၿပီး ဘုရားရွင္ထံ လြင့္ ေမ်ာသြားခဲ့ၿပီး ထူူးျခားစြာ ဘုရား ရွင္ရဲ့ လက္ေတာ္ေပၚကို ေရာက္ရွိ ခံယူေတာ္မူခဲ့ပါတယ္ ။နရပတိစည္သူဟာ သစၥာဓိဌာန္ျပဳခဲ့ရာမွာ ေအာင္ျမင္ခဲ့တာေၾကာင့္ ဝမ္းသာအားရစြာနဲ႔ ခ်ီတတ္လာခဲ့ပါတယ္။

သူ႔ရဲ့ ငယ္ကၽြန္တစ္ဦးျဖစ္တဲ့ေအာင္စြာငယ္ကို တိတ္တဆိတ္လႊတ္လို႔ လုပ္ႀကံေစရာမွာ ေအာင္ျမင္ခဲ့ၿပီး ဘုရင္မင္းယဥ္နရသိခၤ က်ဆုံးလို႔ နရပတိစည္သူ မင္းျဖစ္လာခဲ့ပါတယ္ ။သစၥာအဓိဌာန္ေအာင္ျမင္ၿပီး ဆုေတာင္းျပည့္လြန္းတဲ့ ဆုေတာင္းျပည့္ျမတ္စြာဘုရားဆင္းတုေတာ္ေၾကာင့္ ဘုရင္နရပတိစည္သူဟာတက္ မေအးနိုင္ခဲ့ပါဘူးတဲ့ … ။

ဘာေၾကာင့္လည္းဆိုရင္ နန္းတြင္းက မင္းညီမင္းသားေတြဟာလည္းသူလိုဆုေတာင္းၿပီး နန္းလုမွာကိုပူပန္ေသာက ျဖစ္ခဲ့ရတယ္လို႔ ဖတ္ခဲ့ရဖူးပါတယ္။ ဒါေၾကာင့္ အမတ္ႀကီးေတြနဲ႔ တိုင္ပင္တဲ့အခါမွာ အရင္ဘိုးေဘးေတြျဖစ္တဲ့ အေနာ္ရထာမင္းႀကီးလက္ထက္မွာလည္း အခုလိုဆုေတာင္းျပည့္လြန္းတာေၾကာင့္မင္းညီမင္းသားေတြ ဖူးေမၽွာ္ခြင့္ပိတ္ၿပီး အေစာင့္ခ်ထားဖူးပါေၾကာင္း …ပုဂံမင္းလက္ထက္မွာလည္း ျပဳျပင္မြမ္းမံခဲ့ၿပီး ျမန္မာမင္းအဆက္ဆက္တို႔လက္ထက္မွာလည္း မင္းညီမင္းသားအားလုံး ဆုမေတာင္းရ၊မဖူးေမၽွာ္ရလို႔ တင္းၾကပ္စြာ တားျမစ္ထားခဲ့ရတဲ့အထိ ဆုေတာင္းျပည့္လြန္းလွတဲ့ ဆုေတာင္းျပည့္ဘုရားအစစ္တစ္ဆူ ျဖစ္ေၾကာင္း ေလၽွာက္တင္ၾကပါတယ္။

ဒါေၾကာင့္ နရပတိစည္သူလက္ထက္မွာလည္း ဒီဆုေတာင္းျပည့္႐ုပ္ပြားေတာ္ျမတ္ႀကီးကို မင္းညီမင္းသားမ်ား မဖူးေမၽွာ္ရဆိုတဲ့ အမိန႔္တစ္ရပ္ ခ်မွတ္လို႔ ေစာင့္ေရွာက္ခဲ့ရတယ္လို႔ မွတ္သားခဲ့ရပါတယ္ ။ေရႊတိဂုံဘုရား အထက္ပစၥယံမွာရွိတဲ့ ပတၱျမားမ်က္ရွင္ ႐ုပ္ပြားေတာ္လို တန္ခိုးႀကီးဆင္းတုေတာ္ေတြျဖစ္မယ္ထင္ပါတယ္ …။

ကၽြန္ေတာ္ငယ္ငယ္က အေမနဲ႔မႏၲေလးကို ေဈးဝယ္လိုက္တိုင္း …ရန္ကုန္မွာ ေက်ာင္းတတ္ရင္း ..ေက်ာင္းပိတ္လို႔ အိမ္ျပန္ခ်ိန္ …ဧရာျမစ္ျပင္ကို ကားနဲ႔ ျဖတ္တိုင္း..စစ္ကိုင္းတံတားႀကီးေပၚကလွမ္းျမင္ရတဲ့ဒီဘုရားေစတီကို အေဝးကေနၿပီးဖူးေမၽွာ္ၾကည္ညိဳခဲ့ မိပါတယ္ .. ။

ဒါေပမယ့္ … ဒီဘုရားေစတီအတြင္းမွာ ဒီလိုတန္ခိုးႀကီးတဲ့ ႐ုပ္ပြားေတာ္ျမတ္ႀကီး ကိန္းဝပ္စံပါယ္ေတာ္မူေနမွန္း မသိခဲ့ရိုးအမွန္ပါ ..။တေန႔ကမွ အေၾကာင္းတိုက္ဆိုင္လို႔ဖူးခဲ့ရတာ ျဖစ္ပါတယ္ ။ငယ္ငယ္တုန္းက ဒီဘုရားကိုစိတ္ဝင္စားခဲ့တာက … အေၾကာင္းအရာတစ္ခုနဲ႔ပါ ။ အဲတာကေတာ့ဘုရင္နရပတိစည္သူရယ္၊မြန္သူရဲေကာင္း ရမန္ငေထြးရယ္ ၊နရပတိစည္သူနဲ႔ အတိတ္က ရန္ေႂကြးရွိခဲ့တဲ့မိေခ်ာင္းႀကီးရယ္ … သုံးပြင့္ဆိုင္ဇတ္လမ္းေလးကို သတိယမိလို႔ ျဖစ္ပါတယ္ …။

ဒါဆိုရင္ … သမိုင္းစိတ္ဝင္စားသူေတြအေနနဲ႔ မင္းဝံေတာင္တစ္ဖက္ကမ္းမွာရွိတဲ့ ဧရာျမစ္ေဘးက ဘယ္ဘုရားေစတီလည္းဆိုတာ သိၾကမယ္ ထင္ပါတယ္ …. ။
စစ္ကိုင္းေတာင္ တစ္ဖက္ကမ္းကေရႊၾကက္ယက္ ေရႊၾကက္က်ဘုရားေတြျဖစ္ၿပီး ဒီဆုေတာင္းျပည့္ကိုယ္ေတာ္ျမတ္ႀကီးကေတာ့ ေရႊၾကက္ယက္ေစတီအတြင္းမွာ ရွိပါတယ္ ။
မႏၲေလးတိုင္း အမရပူရၿမိဳ႕မွ ဆုေတာင္းျပည့္လြန္းလို႔ အေစာင့္ အေရွာက္နဲ႔ ထားရတဲ့ဲ ဆုေတာင္း ျပည့္ကိုယ္ေတာ္ျမတ္ႀကီး ရွိတဲ့ ေရႊၾကက္ယက္၊ေရႊၾကက္က်ဘုရား မ်ား နဲ႔ လြမ္းေမာဘြယ္ … ျမင္းေတာ္ခံငျပည့္ ၊ ေအာင္စြာငယ္ တို႔ရဲ့ လြမ္းေစတီေတြ (ဒုတိယပိုင္း)

အခ်ိန္ကာလဆိုတာ .. ေနာင္တ တရားမ်ားစြာကို ေမြးဖြားေပးတတ္ သလို သံေဝဂတရားေတြကိုလည္း ေပးစြမ္းနိုင္တယ္လို႔ ဆိုစကား ရွိခဲ့ပါတယ္ … ။ေနာင္တဆိုတာမ်ိဳးက လည္း လြန္မွပဲ ရၾကတာမ်ိဳးေလ …။

နရပတိစည္သူဟာ ဘယ္လိုမွ ျပဳ ျပင္လို႔ မရနိုင္တဲ့ အမွားေတြကို မင္း ပ်ိဳမင္းလြင္ဘဝ၊အိမ္ေရွ႕စံဘဝမွာပဲက်ဴးလြန္ခဲ့မိပါတယ္ ။သစၥာရွိတဲ့ ကၽြန္ယုံေတာ္ ငျပည့္ကို ေဒါသမထိမ္းနိုင္ပဲ မိန္းမတစ္ေယာက္အတြက္နဲ႔ အမ်က္မာန္ေစာင္ႀကီးစြာ ကြပ္မ်က္ခဲ့တယ္။ဒါတင္မကပဲ မိမိအထြတ္အထိပ္ေရာက္ဖို႔အတြက္ အကိုေတာ္ မင္းယဥ္နရသိခၤကို လုပ္ႀကံေပးခဲ့တဲ့ေအာင္စြာငယ္ကိုလည္း နန္းရင္ျပင္ညီလာခံမွာ မေထမဲ့ျမင္ျပဳသည္ဆိုၿပီး ကြပ္မ်က္ခဲ့ျပန္ပါတယ္ … ။
ငယ္ကၽြန္ ေအာင္စြာငယ္ကို ကြပ္မ်က္ခဲ့တာကလည္း မိန္းမတစ္ ေယာက္အတြက္ပါပဲ ။ ျဖစ္စဥ္ေလးကို ျပန္စဥ္းစားၾကည့္မယ္ဆိုရင္ …အိမ္ေရွ႕မင္း နရပတိစည္သူဟာ သူ႔ရဲ့ မိဖုရားေဝဠဳဝတီကို အကိုေတာ္

ဘုရင္ မင္းယဥ္နရသိခၤက သိမ္းပိုက္လိုက္တဲ့အတြက္ နာက်ည္းစြာနဲ႔ ကၽြန္ယုံ လက္႐ုံးတပည့္ ေအာင္စြာငယ္ကို လုပ္ႀကံခိုင္းတယ္။ အေရးေတာ္ပုံ ေအာင္ခဲ့ရင္ ဘုရင့္မိဖုရားသုံးပါး( မရီး ၃ ေယာက္) ထဲက မင္း ႏွစ္သက္တဲ့တစ္ပါးနဲ႔ ငါကိုယ္တိုင္လက္ဆက္ေပးၿပီး သူေကာင္းျပဳမယ္လို႔လည္း ကတိေပးခဲ့တယ္ ။

တကယ္အေရးေတာ္ပုံ ေအာင္ျမင္တဲ့အခါမွာေတာ့ နရပတိစည္သူ ဟာမရီးေတာ္ေတြရဲ့ ေခ်သလုံးဖက္ငိုယိုေတာင္းပန္မႈေၾကာင့္ သနားငဲ့ ညႇာၿပီး ေအာင္စြာငယ္ကိုေပးထား တဲ့ကတိဖ်က္လိုက္ပါေတာ့တယ္… ။ဟဲ့ ေအာင္စြာငယ္ … ငါမင္းကို ခိုင္းေစခဲ့စဥ္က ကတိေပးခဲ့ေပမယ့္အခုေတာ့ ငါ့မွာ အခက္ေတြ႕ေနရတယ္၊ နင့္ကို ငါ့ရဲ့ မရီးေတာ္တစ္ပါး ပါးနဲ႔ လက္ဆက္ေပးခ်င္ေပမယ့္္ အဲဒီလို လုပ္လိုက္ရင္ ငါ့ရဲ့ ဘိုးေဘ ေတြကို ပစ္မွားသလို ျဖစ္မွာစိုးတဲ့အ တြက္ နင့္ကို တစ္ျခားအမ်ိဳးေကာင္း သမီးတစ္ဦးနဲ႔ လက္ဆက္ေပးၿပီး သူေကာင္းျပဳေပးပါ့မယ္ ‘ လို ဘုရင္ ကိုယ္တိုင္ ေခ်ာ့ေမာ့ေျပာဆိုခဲ့ေပမယ့္ … ေအာင္စြာငယ္ကေတာ့ မေၾကနပ္ခဲ့ပါဘူး ။ ‘ကတိမတည္တဲ့ ဘုရင္ပဲ . ထြီ ‘ ဆိုၿပီးတံေတြးေထြးလို႔ ထြက္သြားခဲ့တာေၾကာင့္ နရပတိစည္သူဟာ ေဒါသျဖစ္ၿပီး ညီလာခံ မွာ မေထမဲ့ျမင္ျပဳတဲ့အတြက္ မင္းမ်က္သင့္လို႔ ကြပ္မ်က္ခဲ့ပါတယ္ ဘယ္လိုပဲျဖစ္ျဖစ္ ငျပည့္နဲ႔ ေအာင္စြာငယ္ကို ကြပ္မ်က္ျခင္းဟာ ေက်းဇူးမဲ့လြန္းရာ ေရာက္ခဲ့တာမို႔ နရပတိစည္သူဟာ စိတ္ဆင္းရဲျခင္းႀကီးစြာ ျဖစ္ခဲ့ရပါတယ္ ။ တပည့္ေတြ အတြက္ ကုသိုလ္ ေကာင္းမႈ ျပဳေပးဖို႔ သူဘုရင္ျဖစ္ခ်ိန္မွာ စဥ္းစားေဆာင္ရြက္ေပးခဲ့ပါ တယ္…။ အေရးေတာ္ပုံကာလက သူအဓိဌာန္ ျပဳခဲ့တဲ့ ေရႊၾကက္ယက္ ေရႊၾကက္က် ဘုရားဆီကို ေရတပ္ အင္အား အျပည့္အဝနဲ႔ ျပန္လာခဲ့ ပါတယ္။သကၠရာဇ္ ၅၄၇ခုႏွစ္ ျဖစ္ပါတယ္။ ဆုေတာင္းျပည့္ကိုယ္ေတာ္ျမတ္ထံ သူဆုေတာင္းခဲ့တာက သကၠရာဇ္ ၅၃၆ ခုႏွစ္ျဖစ္တာေၾကာင့္ဘုရင္ျဖစ္ၿပီး ၁၁ ႏွစ္ၾကာမွျပန္လည္ေရာက္ရွိခဲ့တာ ျဖစ္ပါတယ္ ။ထီးေတာ္တင္ဖို႔နဲ႔ တပည့္ေတြအတြက္ ဘုရားတည္ေပးဖို႔ ျပန္လာခဲ့တာပါ ။ ေရႊၾကက္ယက္၊ေရႊၾကက္က် ဘုရားေတြဟာ သီရိဓမၼာေသာက မင္းႀကီး တည္ထားခဲ့တဲ့ ဗ်ာဒိတ္ရဘုရားေတြ ျဖစ္ပါတယ္။

ျမတ္စြာဘုရားရွင္ ၾကက္မင္းဘဝက မိဖုရား ယေသာ္ဓယာအေလာင္း နဲ႔အတူေနထိုင္က်က္စားခဲ့တဲ့ ေတာင္ေတာ္ ႏွစ္ဆူေပၚမွာ တည္ထားခဲ့တာပါ ။မႏၶာဂီရိေတာင္ေတာ္ေပၚမွာ ေရႊၾကက္ယက္ဘုရားတည္ခဲ့ၿပီး ၊နဂၤါးရစ္ေတာင္ေတာ္ေပၚမွာ
ေရႊၾကက္က်ဘုရားတည္ခဲ့တာ ျဖစ္ပါတယ္။ဘုရားရွင္ရဲ့ သရီယဓါတ္ေတာ္ေတြကို ဌာပနာၿပီး တည္ခဲ့တာမို႔ ခုခ်ိန္ထိ တန္ခိုးႀကီးလွတဲ့ ဘုရားညီေနာင္အျဖစ္တည္ရွိေနခဲ့ပါတယ္ … ။အမရပူရ မွာ တည္ရွိၿပီး ဧရာျမစ္ကမ္းေဘးမွာ တည္ရွိပါတယ္။)

ဆုေတာင္းျပည့္လြန္းတဲ့ ဆင္းတု ေတာ္ျမတ္ဟာ ေရႊၾကက္ယက္ ဘုရားအတြင္းမွာ တည္ရွိပါတယ္ ။အိမ္ေရွ႕မင္းဘဝက အဓိဌာန္ျပဳ ဆု ေတာင္းခဲ့တယ္ဆိုတာကလည္း အရိ မဒၵနာပူရ ပုဂံေနျပည္ေတာ္မွာ မင္းဧကရာဇ္ျဖစ္မည္ဆိုပါက ဤပုဝါစကို ဘုရားရွင္မွ ကိုယ္ေတာ္လ်၍ ခံယူေတာ္မူပါေစသတည္းလို႔ ဆုေတာင္းခဲ့တာ ျဖစ္ပါတယ္။အကိုမင္းယဥ္နရသိခၤကို သတ္ဖို႔ဆုေတာင္းတာမဟုတ္ပါဘူး ။ပထမအပိုင္းမွာ စာေရးတာ လိုအပ္ခ်က္ရွိသြားတဲ့အတြက္ လူသတ္ဖို႔ ဘုရားက ခြင့္ျပဳသလို ျဖစ္သြားခဲ့ပါတယ္။ )တပည့္ေတြအေပၚ တင္ရွိခဲ့တဲ့ေနာင္တ တရားေတြနဲ႔အတူ ေရႊၾကက္ယက္ ေရႊၾကက္က် ဘုရားႏွစ္ဆူကို ျပဳျပင္ၿပီး ထီးေတာ္အသစ္တင္လႉဖို႔ လာခဲ့တဲ့ နရပတိစည္သူရဲ့ ေဖာင္ေတာ္ဟာ ေရႊၾကက္က်ဘုရားေရာက္ခါနီးမွာပဲ အတိတ္ဘဝက ရန္ၿငိဳးရွိခဲ့တဲ့မိေခ်ာင္းႀကီး ရဲ့ တိုက္ခိုက္မႈခံရပါေတာ့တယ္ ။နတ္မိေခ်ာင္းႀကီးဟာ နရပတိစည္သူရဲ့ ေဖာင္ေတာ္ကို ေအာက္ကေနထမ္းထားတဲ့အတြက္ ေဖာင္ေတာ္ရပ္သြားၿပီး တစ္ဖက္ေစာင္းသြားခဲ့ပါတယ္ ။ ေဖာင္ေတာ္တိမ္းေမွာက္ေတာ့မယ့္ အေျခအေနမွာ ေဖာင္ေတာ္ေပၚမွာ ပါလာတဲ့ မြန္သူရဲေကာင္း ရမန္ငေထြးဟာ ဘုရင့္သံလ်က္ေတာ္ကို ေတာင္းလို႔ ေရေအာက္မွာ မိေခ်ာင္းႀကီးနဲ႔ သတ္ပုတ္လို႔ အနိုင္ယူခဲ့ပါတယ္။ မင္းႀကီးလည္း မြန္သူရဲေကာင္း ရမန္ငေထြးကို အားရေၾကနပ္ေတာ္မူလို႔ ဆုေတာ္မ်ားစြာေပးတဲ့ အျပင္ အနႏၲသူရိယဘြဲ႕ ခ်ီးျမႇင့္ခဲ့တယ္လို႔ မွတ္သားခဲ့ရဖူးပါတယ္။ငယ္ငယ္တုန္းက စစ္ကိုင္းတံတားႀကီးေပၚက ျဖတ္ၿပီး ေရႊၾကက္က်ဘုရားကို အေဝးကဖူးေမၽွာ္ၾကည္ညိဳမိတိုင္း ရမန္ငေထြးကို အားက်စိတ္နဲ႔ သတိယမိပါတယ္ ။

နရပတိစည္သူဟာ ေရႊၾကက္ယက္ ေရႊၾကက္က် ဘုရားႏွစ္ဆူကိုျပဳျပင္ၿပီး ထီးေတာ္အသစ္တင္လႉခဲ့ပါတယ္ ။ေရႊၾကက္ယက္ဘုရားရဲ့ေအာက္အဆင့္ရင္ျပင္ေတာ္ေပၚမွာတဝဂူ ၾကာခံဘုရားတစ္ဆူ တည္ထားခဲ့သလို ျမင္းေတာ္ခံငျပည့္အတြက္ ဘုရားတစ္ဆူ ၊ ေအာင္စြာငယ္အတြက္ဘုရားတစ္ဆူ တည္ၿပီးကုသိုလ္ျပဳလို႔ အမၽွေပးေဝခဲ့ပါတယ္ …။( ဘုရားပုံတစ္ခုခ်င္းစီမွာ စာေရးေပးထားပါတယ္)ေရႊၾကက္ယက္ဘုရားေျခရင္းမွာ ျမင္းေတာ္ခံငျပည့္အတြက္ နတ္နန္းတစ္ခုကိုလည္း တည္ေဆာက္ေပးခဲ့ပါတယ္ လက္ရွိမွာလည္း နတ္နန္းဟာ မူလအတိုင္းတည္ရွိေနပါေသးတယ္။
ဘုရားေတြ ထီးတင္ပြဲမွာ နရပတိစည္သူဟာ သူ႔ငယ္ကၽြန္အရင္းေတြကို သတိယ တမ္းတလြန္းလို႔ မအိပ္မစား ျဖစ္ခဲ့တယ္ဆိုတာရယ္ …ဒီအခ်ိန္မွာ သူ႔ငယ္ကၽြန္ေတြရွိရင္အရမ္းဂုဏ္ယူ ဝမ္းေျမာက္ၾကေပလိမ့္မယ္လို႔ တဖြဖြ ေျပာဆိုခဲ့တယ္လို႔ ဖတ္မွတ္ခဲ့ရပါတယ္။ တခါတရံမွာ သတိထားရမွာက ဆရာ တပည့္ သိပ္ရင္းႏွီးတဲ့အခါ တပည့္ဆိုတာဆရာအရင္းကို စိတ္ေကာက္တာႏြဲ႕ဆိုး ဆိုးတာေတြ ျဖစ္တတ္ပါတယ္ ဒါကို နားလည္မႈ မေပးရင္ ဆရာကို မခန႔္ေလးစားလုပ္တယ္လို႔ နားလည္မႈေတြ လြဲမွားတတ္ၾကပါတယ္ ဘဝနဲ႔ရင္းရတဲ့ ဆင္ျခင္စရာေတြကိုသမိုင္းေတြက လက္ဆင့္္ကမ္း ေပးထားခဲ့ပါၿပီ … ။ျမင္းေတာ္ခံငျပည့္ကို ကြပ္မ်က္ခဲ့စဥ္တုန္းအခါကလည္း … စိတ္မေကာင္းစရာ အျဖစ္အပ်က္ကေလးတစ္ခု ျဖစ္ခဲ့ပါတယ္… ။

နရပတိစည္သူရဲ့ ေဖာင္ေတာ္ဟာဧရာဝတီျမစ္ေၾကာင္းအတိုင္းစုန္ဆင္းလာရင္း စစ္ကိုင္းရြာသစ္ႀကီးနဲ႔ငါန္းဇြန္အနား ေရာက္တဲ့အခါ ေဖာင္ေတာ္ ရပ္သြားခဲ့ပါတယ္ ။ ျမင္းေတာ္ခံငျပည့္ရဲ့အေလာင္းဟာေဖာင္ေတာ္နဲ႔ ကပ္ပါလာတာကိုထူးဆန္းစြာ ေတြရွိလိုက္ရတယ္လို႔ ဖတ္ခဲ့ရဖူးပါတယ္ … ။နရပတိစည္သူဟာ စိတ္မေကာင္း ႀကီးစြာ ျဖစ္ခဲ့ရၿပီး ‘ မင္းတာဝန္ေၾကပါတယ္ ၊ေနရစ္ပါေတာ့ ငျပည့္ရယ္’လို႔ ေျပာဆိုလို႔အနီးက သဲေသာင္ျပင္မွာ ေဖာင္ေတာ္ကပ္လို႔ ေကာင္းစြာမီးသၿဂိဳလ္ေပးခဲ့ပါတယ္ ။သူ႔တပည့္ကို ခ်ီးေျမႇာက္တဲ့ အေနနဲ႔သဲေသာင္ျပင္ကို အပိုင္စား ေပးခဲ့ပါတယ္။ ေရႊျပည့္ရွင္ ကၽြန္းပိုင္နတ္ျဖစ္သြားခဲ့တယ္လို႔ ဖတ္ခဲ့ရၿပီးေဒသခံမ်ား ကိုးကြယ္လ်က္ရွိေၾကာင္း သိရွိရပါတယ္ ။သမိုင္းဆိုတာ ေသဆုံးေပ်ာက္ကြယ္သြားတဲ့ လူေတြ… ၿမိဳ႕ရြာေတြအေၾကာင္း သင္ၾကားေလ့လာရတဲ့ဘာသာရပ္ျဖစ္သလို လူေတြ ေဒသေတြ တိမ္ေကာပေပ်ာက္သြားၾကေပမယ့္ မပေပ်ာက္တဲ့ အက်ိဳးဆက္ေတြေၾကာင့္ ယခုလူ႔ေဘာင္ေလာကႀကီးဆက္လက္ ရွင္သန္ေနခဲ့ရတာျဖစ္ပါတယ္လို႔ သမိုင္းဆရာမႀကီးရဲ့စကားေလးကို သေဘာက်မိပါတယ္ ။အတိတ္မရွိခဲ့ရင္ ပစၥဳပၸန္ဆိုတာမရွိနိုင္သလို ပစၥဳပၸန္မရွိရင္ အနာဂတ္လည္း ရွိမွာမဟုတ္ပါဘူး။အတိတ္ကို သခၤန္းစာယူနိုင္ၿပီး အနာဂတ္ လွပေအာင္ဖန္တည္းေဖာ္ေဆာင္နိုင္ၾကပါေစလို႔ ဆႏၵျပဳလိုက္ပါရေစ ။ စာဖတ္သူမ်ား အားလုံးေဒါသ မာန္မာနေၾကာင့္ ရတဲ့ ေနာင္တ တရားေတြ ကင္းေဝးၾကပါေစလို႔ဆုေတာင္းေပးလိုက္ပါတယ္ ။ ။
14.3.2019 King ……(Publish by Anawyahtar King)

Monday, June 3, 2019

ပုဂံေဒသ တန္႔ၾကည္ေတာင္ ဘုရား သမုိင္း....

တန္႔ၾကည္ေတာင္ဟူေသာ အမည္သည္ ေဂါတမဘုရား သခင္ ေဒသစာရီၾကြလာေသာအခါ ထိုေတာင္ထိပ္တြင္ ရပ္တန္႔၍ ၾကည့္ေတာ္မူေသာေၾကာင့္ ပါဠိဘာသာ – ႒ိေတာ၊ ေလာကပဗၺတ ျမန္မာ ဘာသာ တန္႔ၾကည့္ေတာင္ဟူေသာ အမည္ ေ၀ါဟာရ္ျဖစ္သည္ဟူ၍ ပုဂံရာဇ၀သပါ႒္တြင္ ဆိုသည္။

ထုိ ေတာင္ကို ေဂါတမဘုရားပြင့္ေတာ္မမူမီ မဟာပဗၺတဟူ၍ လည္းေကာင္း၊ ဟိရညကပဗၺတဟူ၍ လည္းေကာင္း၊ ပါဠိဘာသာတြင္သည္၊ ႀကီးေသာေတာင္၊ ေရႊ၊ ဓာတ္၊ သတၳဳ၊ ထြက္ေသာေတာင္ ဆို လိုသည္။
ေဂါတမဘုရားသခင္ ပရိနိဗၺာန္စံေတာ္မူသည့္ေနာက္ သာသနာေတာ္ (၂၃၀) ေက်ာ္တြင္ သီရိ ဓမၼာေသာကမင္းႀကီး ေစတီရွစ္ေသာင္းေလးေထာင္တည္ရာတြင္၊ ထုိေတာင္ထိပ္တြင္ ရွိေသာ ေစတီ သည္ တစ္ဆူအပါအ၀င္ျဖစ္ေၾကင္း၊ ဇာတာပံု ရာဇ၀င္အရ၊ သကၠရာဇ္ (၄၀၆) ခု၊ နန္းတက္ေသာ သိရီအနိရုဒၶမည္ေသာ အေနာ္ရထာမင္းႀကီးႏွင့္ အသွ်င္အရဟံမေထရ္တို႔သည္ တန္႔ၾကည္ေတာင္ ေပၚသို႔ေရာက္ေသာအခါ ထုိေစတီသည္ သီရိဓမၼာေသာကမင္း၏ ေကာင္းမႈျဖစ္ေၾကာင္း ထပ္မံ၍ ျပင္ဆင္လုပ္ေဆာင္သင့္ေၾကာင္း အသွ်င္အရဟံ မိန္႔ေတာ္မူသျဖင့္ အေနာ္ရထာမင္း ထပ္မံတည္ သည္ဟု တန္႔ၾကည္သမုိင္းမွာ ဆိုသည္။
အေနာ္ရထာမင္း ထပ္မံတည္ေသာေစတီကား ယခုအခါ ကြယ္ေပ်ာက္ေနေလၿပီ။
တန္႔ၾကည္ေတာင္ထိပ္တြင္ မ်က္၀ါးထင္ထင္ ယခု ဖူးျမင္ေနရေသာ ေစတီေတာ္ကား ပုဂံ ျပည္ရွင္ ဘုရင္အေနာ္ရထာမင္းႀကီးအား သီဟိုဠ္ဘုရင္ ဓာတုေသနမင္း ဆက္သလိုက္ေသာ စြယ္ ေတာ္ပြားကို ဆင္ျဖဴေတာ္တြင္တင္၍ အဓိဌာန္ျပဳၿပီး လႊတ္လိုက္ရာ ဆင္ျဖဴေတာ္သည္ ျမစ္ကိုကူးၿပီး လွ်င္ တန္႔ၾကည္ေတာင္ထိပ္သို႔ တက္၍၀ပ္ရာတြင္ အေနာ္ရထာမင္း တည္ထားေသာ ေစတီေတာ္ျဖစ္ သတည္း၊ တန္႔ၾကည့္စြယ္ေတာ္ရွင္ဘုရား၏ ေတာင္ဘက္ေတာင္ထိပ္တြင္ တည္ရွိေသာေစတီကို ယခု အခါ ေတာင္ဦးျမတ္စြာဘုရားဟုေခၚၾကသည္။ နရပတိစည္သူေကာင္းမႈဟု အဆိုရွိသည္။

အေနာက္ ေျမာက္ဘက္ ငွက္ႀကီးေတာင္ျဖန္႔ေခၚေသာအရပ္ရွိ ေစတီကို ဂူနီဘုရားဟု ေခၚၾကသည္၊ ၎ဘုရား ကို သိုက္တူး၊ ၿဖိဳဖ်က္ၾကေသာေၾကာင့္ အရာမွ်သာရွိေတာ့သည္၊ ၎ ဂူနီဘုရား၏ အတၳဳပတၱိကို အစဥ္အလာေျပာဆိုၾကသည္မွာ တန္႔ၾကည့္စြယ္ေတာ္ ဘုရားကို တည္သည့္အခါ = ပန္းရန္ဆရာ မ်ား ေနေသာအရပ္တြင္ မကုန္ၾကြင္းက်န္ေသာအုတ္မ်ားကို ပန္းရနဆရာေခါင္းအႀကီးက ဘုရားတည္ ထားခဲ့ရာ – ယခုအခါ ေစတီအလည္ တည့္တည့္ သိုက္တူးေသာတြင္းႀကီး ျဖစ္ေနေလၿပီ။

တန္႔ၾကည္စြယ္ေတာ္ဘုရား – အေနာက္ဘက္အဆင္းတြင္ ေက်ာက္္နဂါးရုပ္ႀကီး ေျမမွထြက္ ေနဟန္တစ္ခုရွိသည္။ ၎ နဂါးရုပ္ႀကီး၏အေၾကာင္းမွာ ေညာင္ဦးေရႊစည္းခံုေစတီအနီး နဂါးက်စ္ ေမာင္အရပ္က ေျမသို႔က်စ္၀င္ၿပီးလွ်င္ တန္႔ၾကည္ေတာင္မွာ ေပၚထြက္ေသာ ပံုသ႑ာန္ဟူ၍ အစဥၤ အလာေျပာဆိုၾကသည္။ ေရႊစည္းခံုေစတီေတာ္တြင္ ေနာက္ထပ္မံဌာပနာေသာ စြယ္ေတာ္ပြားကို နဂါး မင္း ပင့္ေဆာင္ယူမည့္အဟန္လည္း ေျပာဆိုၾကသည္။ စြယ္ေတာ္ႏွင့္နဂါး ဆက္ဆံစပ္လ်ဥ္းပံုမွာ စြယ္ေတာ္ေလးဆူအနက္ တစ္ဆူကို နဂါးျပည္က ယူေဆာင္ေၾကာင္းႏွင့္ ဗုဒၶ၀င္ပါဠိေတာ္တြင္ ဆိုသည္။

ဓာတု၀င္က်မ္းတြင္ကား ေအာက္ လက်္ာ စြယ္ေတာ္ကို ေဒါနပုဏၰားေျခၾကားမွ = ဇယေသန နဂါးမင္း ယူ၍ နဂါးျပည္ ရတနာေစတီတြင္ ဌာပနာ၏ ဟူ၍ဆိုသည္။ က်မ္းဂန္တုိ႔တြင္ စြယ္ေတာ္သည္ နဂါးျပည္တြင္ တည္ေၾကာင္း လာရွိေသာေၾကာင့္ စြယ္ေတာ္ကို ဌာပနာေသာ ေစတီအနီး စြယ္ေတာ္ကို နဂါးေစာင့္ ေရွာက္သည့္ အဟန္ျပဳ၍ ရန္သူမ်ဳိးငါးပါးေစတီကို မဖ်က္မဆီး၀ံ့ေအာင္ ျပဳလုပ္ထားသည္ဟု ယူဆ ရန္ ရွိသည္။
ဤတန္႔ၾကည္ေတာင္ေစတီသည္ သီဟိုဠ္ကၽြန္း ဓာတုေသနမင္း ဆက္သလို္ကေသာ စြယ္ ေတာ္ပြားတစ္ဆူမွ၊ ဒုတိယပြား စြယ္ေတာ္ျဖစ္၍ ေရႊစည္းခံုတည္ေသာ သကၠရာဇ္ကာလႏွင့္ တစ္ ေခတ္တည္းတည္ထားေသာ အေနာ္ရထာမင္း ေကာင္းမႈေစတီေတာ္တည္း။

(လမ္းညႊန္) တန္႔ၾကည္ေတာင္ စြယ္ေတာ္ဘုရားသို႔ ဗူးဘုရားဆိပ္မွ ကူးတို႔ျဖင့္ ကူးရသည္၊ ကၽြန္းတစ္ကၽြန္းကို ေက်ာ္ၿပီးေနာက္ ကူးတုိ႔ျဖင့္ တစ္ဖန္ကူးရၿပီးေသာအခါ တန္႔ၾကည္ေတာင္ေျခသို႔ ေရာက္ေလေတာ့သည္။
myantour

#Unicode Version# ျဖင့္ဖတ္ပါ ။

တန့်ကြည်တောင်ဟူသော အမည်သည် ဂေါတမဘုရား သခင် ဒေသစာရီကြွလာသောအခါ ထိုတောင်ထိပ်တွင် ရပ်တန့်၍ ကြည့်တော်မူသောကြောင့် ပါဠိဘာသာ – ဋ္ဌိတော၊ လောကပဗ္ဗတ မြန်မာ ဘာသာ တန့်ကြည့်တောင်ဟူသော အမည် ဝေါဟာရ်ဖြစ်သည်ဟူ၍ ပုဂံရာဇဝသပါဋ္ဌ်တွင် ဆိုသည်။

ထို တောင်ကို ဂေါတမဘုရားပွင့်တော်မမူမီ မဟာပဗ္ဗတဟူ၍ လည်းကောင်း၊ ဟိရညကပဗ္ဗတဟူ၍ လည်းကောင်း၊ ပါဠိဘာသာတွင်သည်၊ ကြီးသောတောင်၊ ရွှေ၊ ဓာတ်၊ သတ္ထု၊ ထွက်သောတောင် ဆို လိုသည်။
ဂေါတမဘုရားသခင် ပရိနိဗ္ဗာန်စံတော်မူသည့်နောက် သာသနာတော် (၂၃၀) ကျော်တွင် သီရိ ဓမ္မာသောကမင်းကြီး စေတီရှစ်သောင်းလေးထောင်တည်ရာတွင်၊ ထိုတောင်ထိပ်တွင် ရှိသော စေတီ သည် တစ်ဆူအပါအဝင်ဖြစ်ကြေင်း၊ ဇာတာပုံ ရာဇဝင်အရ၊ သက္ကရာဇ် (၄၀၆) ခု၊ နန်းတက်သော သိရီအနိရုဒ္ဓမည်သော အနော်ရထာမင်းကြီးနှင့် အသျှင်အရဟံမထေရ်တို့သည် တန့်ကြည်တောင် ပေါ်သို့ရောက်သောအခါ ထိုစေတီသည် သီရိဓမ္မာသောကမင်း၏ ကောင်းမှုဖြစ်ကြောင်း ထပ်မံ၍ ပြင်ဆင်လုပ်ဆောင်သင့်ကြောင်း အသျှင်အရဟံ မိန့်တော်မူသဖြင့် အနော်ရထာမင်း ထပ်မံတည် သည်ဟု တန့်ကြည်သမိုင်းမှာ ဆိုသည်။
အနော်ရထာမင်း ထပ်မံတည်သောစေတီကား ယခုအခါ ကွယ်ပျောက်နေလေပြီ။
တန့်ကြည်တောင်ထိပ်တွင် မျက်ဝါးထင်ထင် ယခု ဖူးမြင်နေရသော စေတီတော်ကား ပုဂံ ပြည်ရှင် ဘုရင်အနော်ရထာမင်းကြီးအား သီဟိုဠ်ဘုရင် ဓာတုသေနမင်း ဆက်သလိုက်သော စွယ် တော်ပွားကို ဆင်ဖြူတော်တွင်တင်၍ အဓိဌာန်ပြုပြီး လွှတ်လိုက်ရာ ဆင်ဖြူတော်သည် မြစ်ကိုကူးပြီး လျှင် တန့်ကြည်တောင်ထိပ်သို့ တက်၍ဝပ်ရာတွင် အနော်ရထာမင်း တည်ထားသော စေတီတော်ဖြစ် သတည်း၊ တန့်ကြည့်စွယ်တော်ရှင်ဘုရား၏ တောင်ဘက်တောင်ထိပ်တွင် တည်ရှိသောစေတီကို ယခု အခါ တောင်ဦးမြတ်စွာဘုရားဟုခေါ်ကြသည်။ နရပတိစည်သူကောင်းမှုဟု အဆိုရှိသည်။

အနောက် မြောက်ဘက် ငှက်ကြီးတောင်ဖြန့်ခေါ်သောအရပ်ရှိ စေတီကို ဂူနီဘုရားဟု ခေါ်ကြသည်၊ ၎င်းဘုရား ကို သိုက်တူး၊ ဖြိုဖျက်ကြသောကြောင့် အရာမျှသာရှိတော့သည်၊ ၎င်း ဂူနီဘုရား၏ အတ္ထုပတ္တိကို အစဉ်အလာပြောဆိုကြသည်မှာ တန့်ကြည့်စွယ်တော် ဘုရားကို တည်သည့်အခါ = ပန်းရန်ဆရာ များ နေသောအရပ်တွင် မကုန်ကြွင်းကျန်သောအုတ်များကို ပန်းရနဆရာခေါင်းအကြီးက ဘုရားတည် ထားခဲ့ရာ – ယခုအခါ စေတီအလည် တည့်တည့် သိုက်တူးသောတွင်းကြီး ဖြစ်နေလေပြီ။

တန့်ကြည်စွယ်တော်ဘုရား – အနောက်ဘက်အဆင်းတွင် ကျောက်နဂါးရုပ်ကြီး မြေမှထွက် နေဟန်တစ်ခုရှိသည်။ ၎င်း နဂါးရုပ်ကြီး၏အကြောင်းမှာ ညောင်ဦးရွှေစည်းခုံစေတီအနီး နဂါးကျစ် မောင်အရပ်က မြေသို့ကျစ်ဝင်ပြီးလျှင် တန့်ကြည်တောင်မှာ ပေါ်ထွက်သော ပုံသဏ္ဍာန်ဟူ၍ အစဥၤ အလာပြောဆိုကြသည်။ ရွှေစည်းခုံစေတီတော်တွင် နောက်ထပ်မံဌာပနာသော စွယ်တော်ပွားကို နဂါး မင်း ပင့်ဆောင်ယူမည့်အဟန်လည်း ပြောဆိုကြသည်။ စွယ်တော်နှင့်နဂါး ဆက်ဆံစပ်လျဉ်းပုံမှာ စွယ်တော်လေးဆူအနက် တစ်ဆူကို နဂါးပြည်က ယူဆောင်ကြောင်းနှင့် ဗုဒ္ဓဝင်ပါဠိတော်တွင် ဆိုသည်။

ဓာတုဝင်ကျမ်းတွင်ကား အောက် လကျ်ာ စွယ်တော်ကို ဒေါနပုဏ္ဏားခြေကြားမှ = ဇယသေန နဂါးမင်း ယူ၍ နဂါးပြည် ရတနာစေတီတွင် ဌာပနာ၏ ဟူ၍ဆိုသည်။ ကျမ်းဂန်တို့တွင် စွယ်တော်သည် နဂါးပြည်တွင် တည်ကြောင်း လာရှိသောကြောင့် စွယ်တော်ကို ဌာပနာသော စေတီအနီး စွယ်တော်ကို နဂါးစောင့် ရှောက်သည့် အဟန်ပြု၍ ရန်သူမျိုးငါးပါးစေတီကို မဖျက်မဆီးဝံ့အောင် ပြုလုပ်ထားသည်ဟု ယူဆ ရန် ရှိသည်။
ဤတန့်ကြည်တောင်စေတီသည် သီဟိုဠ်ကျွန်း ဓာတုသေနမင်း ဆက်သလိုကသော စွယ် တော်ပွားတစ်ဆူမှ၊ ဒုတိယပွား စွယ်တော်ဖြစ်၍ ရွှေစည်းခုံတည်သော သက္ကရာဇ်ကာလနှင့် တစ် ခေတ်တည်းတည်ထားသော အနော်ရထာမင်း ကောင်းမှုစေတီတော်တည်း။

(လမ်းညွှန်) တန့်ကြည်တောင် စွယ်တော်ဘုရားသို့ ဗူးဘုရားဆိပ်မှ ကူးတို့ဖြင့် ကူးရသည်၊ ကျွန်းတစ်ကျွန်းကို ကျော်ပြီးနောက် ကူးတို့ဖြင့် တစ်ဖန်ကူးရပြီးသောအခါ တန့်ကြည်တောင်ခြေသို့ ရောက်လေတော့သည်။
myantour

Thursday, May 30, 2019

ဘုရား ဂုဏ္ေတာ္ ရြတ္ဖတ္ ပူေဇာ္ျခင္းအက်ိဳး …

၁။ အရဟံ ဂုဏ္ေတာ္ ပြားလွ်င္၊ ေဘးရန္ကင္းက်န္းမာ၏၊ လာဘ္လာေပါမ်ား၏၊ ေနရာထိုင္ခင္းေကာင္းေကာင္း ေနထိုင္ရ၏။

၂။ သမၼာသမၺဳေဒၶါ ဂုဏ္ေတာ္ ကို ပြားမ်ားလွ်င္၊ စိတ္ရႊင္လန္း၏၊ ဉာဏ္ပြင့္လင္း၏၊ စာေမးပြဲေတြ လြယ္လြယ္ကူကူေအာင္ျမင္၏။

၃။ ဝိဇၨာစရဏသမၸႏၷာ ဂုဏ္ေတာ္ ပြားလွ်င္၊ ဝိဇၨာပညာျဖင့္ အသက္ေမြးရ၏၊ ၿပိဳင္ဘက္မရွိ တတ္ေျမာက္ကၽြမ္းက်င္ရ၏။

၄။ သုဂေတာ ဂုဏ္ေတာ္ ပြားလွ်င္၊ စကားစစ္ထိုးႏိုင္၏၊ အမႈအခင္းႏိုင္၏၊ အေရာင္းအဝယ္ေကာင္း၏၊ အေရးႀကီးကိစၥေျပာဆိုေအာင္ျမင္၏။

၅။ ေလာကဝိဒူဂုဏ္ေတာ္ကို ပြားလွ်င္၊ ေလာကေရး၊ လူမႈေရးအျဖာျဖာတို႔ကို ရွင္းရွင္းလင္းလင္း ပိုင္ပိုင္ႏိုင္ႏိုင္သိ၏။

၆။ အႏုတၱေရာဂုဏ္ေတာ္ကို ပြားလွ်င္၊ လူ၊ နတ္တို႔၏ အလယ္တြင္ေက်ာ္ေဇာ၏၊ လူတစ္ကာ ခ်စ္ခင္ျခင္း ေလးစားျခင္းကိုခံရ၏။

၇။ သတၱာေဒဝမႏုႆနံဂုဏ္ေတာ္ကို ပြားလွ်င္၊ ႏႈတ္စ၊ လွ်ာစထက္ျမက္ရ၏၊ ဆိုတိုင္းရ၏၊ ေျပာတိုင္းေအာင္၏၊ ႀကံတိုင္းၿပီးေျမာက္ရ၏။ (စိတၱဇ၊ ေဝဒနာရွင္မ်ားကို ဤဂုဏ္ေတာ္ကိုရႊတ္ၿပီး ေရမန္းထုတ္လွ်င္ ေပ်ာက္ကင္းရ၏။)

၈။ ဗုဒၶါဂုဏ္ေတာ္ကို ပြားလွ်င္၊ ေဘးဆိုး၊ ရန္ဆိုး၊ ၾကမၼာဆိုး၊ အမ်ိဳးမ်ိဳးမွလြတ္ကင္း၍၊ ခ်မ္းသာျခင္း အမ်ိဳးမ်ိဳးႏွင့္ျပည့္စံုရ၏။

၉။ ဘဂဝါဂုဏ္ေတာကို ပြားလွ်င္၊ ဘုန္းတန္ခိုးႀကီး၏၊ ေတေဇာ္အႏုေဘာ္ႀကီး၏၊ မိမိေျပာသမွ်၊ ေဟာသမွ်၊ ေအာင္ျမင္ရ၏။

ဂုဏ္ေတာ္ပြားရျခင္း အက်ိဳးေက်းဇူးမ်ားက မ်ားျပားလွ၏။ အက်ိဳး (၁၇)မ်ိဳးကို ပြားမ်ားသူတိုင္း ရရွိပါ၏။

၁။ မိမိခႏၶာကိုယ္ အတြင္းသႏၱာန္သည္၊ ေစတီအိမ္ႏွင့္ တူသည္ျဖစ္၍ သူတစ္ပါးတို႔၏ ပူေဇာ္မႈ ေလးစားမႈကို ခံယူရ၏။

၂။ စိတ္ဓာတ္ ရဲရင့္တည္ၾကည္၏။

၃။ ေသခါနီး မေတြေဝဘဲ ေသရ၏။ ေသၿပီးေနာက္ ေကာင္းရာသုဂတိဘံုသို႔ ေရာက္ရ၏။

၄။ ေနာင္အခါ ဘုရားႏွင့္ေတြ႕လွ်င္ သစၥာေလးပါးတရားေတာ္ႀကီးကို သိလြယ္၏။

၅။ အမ်ိဳး ျမတ္၏။

၆။ သူတစ္ပါး အရုိအေသျပဳျခင္းကို အၿမဲခံရ၏။

၇။ ခ်ီးမႊမ္းထိုက္ေသာ ကိုယ္အဂၤါႏွင့္ ျပည့္စံု၏။

၈။ အဆင္းလွ၏ အရြယ္ႏုပ်ိဳရ၏။

၉။ ကိုယ္အနံ႔ ႀကိဳင္သင္းရ၏။

၁၀။ ခံတြင္းရနံ႔ ေမြးႀကိဳင္ရ၏။

၁၁။ ႀကီးက်ယ္ေသာ ဉာဏ္ပညာႏွင့္ ျပည့္စံု၏။

၁၂။ နက္နဲေသာ ဉာဏ္ပညာႏွင့္ ျပည့္စံု၏။

၁၃။ ထက္ျမက္ေသာ ဉာဏ္ပညာႏွင့္ ျပည့္စံု၏။

၁၄။ လ်င္ျမန္ေသာ ဉာဏ္ပညာႏွင့္ ျပည့္စံု၏။

၁၅။ ရႊင္ေသာ ဉာဏ္ပညာႏွင့္ ျပည့္စံု၏။

၁၆။ ဆန္းၾကယ္ေသာ ဉာဏ္ပညာႏွင့္ ျပည့္စံု၏။

၁၇။ စကားေကာင္းကို ဆိုႏိုင္၏။
kanaung

#Unicode Version# ျဖင့္ဖတ္ပါ ။

၁။ အရဟံ ဂုဏ်တော် ပွားလျှင်၊ ဘေးရန်ကင်းကျန်းမာ၏၊ လာဘ်လာပေါများ၏၊ နေရာထိုင်ခင်းကောင်းကောင်း နေထိုင်ရ၏။

၂။ သမ္မာသမ္ဗုဒ္ဓေါ ဂုဏ်တော် ကို ပွားများလျှင်၊ စိတ်ရွှင်လန်း၏၊ ဉာဏ်ပွင့်လင်း၏၊ စာမေးပွဲတွေ လွယ်လွယ်ကူကူအောင်မြင်၏။

၃။ ဝိဇ္ဇာစရဏသမ္ပန္နာ ဂုဏ်တော် ပွားလျှင်၊ ဝိဇ္ဇာပညာဖြင့် အသက်မွေးရ၏၊ ပြိုင်ဘက်မရှိ တတ်မြောက်ကျွမ်းကျင်ရ၏။

၄။ သုဂတော ဂုဏ်တော် ပွားလျှင်၊ စကားစစ်ထိုးနိုင်၏၊ အမှုအခင်းနိုင်၏၊ အရောင်းအဝယ်ကောင်း၏၊ အရေးကြီးကိစ္စပြောဆိုအောင်မြင်၏။

၅။ လောကဝိဒူဂုဏ်တော်ကို ပွားလျှင်၊ လောကရေး၊ လူမှုရေးအဖြာဖြာတို့ကို ရှင်းရှင်းလင်းလင်း ပိုင်ပိုင်နိုင်နိုင်သိ၏။

၆။ အနုတ္တရောဂုဏ်တော်ကို ပွားလျှင်၊ လူ၊ နတ်တို့၏ အလယ်တွင်ကျော်ဇော၏၊ လူတစ်ကာ ချစ်ခင်ခြင်း လေးစားခြင်းကိုခံရ၏။

၇။ သတ္တာဒေဝမနုဿနံဂုဏ်တော်ကို ပွားလျှင်၊ နှုတ်စ၊ လျှာစထက်မြက်ရ၏၊ ဆိုတိုင်းရ၏၊ ပြောတိုင်းအောင်၏၊ ကြံတိုင်းပြီးမြောက်ရ၏။ (စိတ္တဇ၊ ဝေဒနာရှင်များကို ဤဂုဏ်တော်ကိုရွှတ်ပြီး ရေမန်းထုတ်လျှင် ပျောက်ကင်းရ၏။)

၈။ ဗုဒ္ဓါဂုဏ်တော်ကို ပွားလျှင်၊ ဘေးဆိုး၊ ရန်ဆိုး၊ ကြမ္မာဆိုး၊ အမျိုးမျိုးမှလွတ်ကင်း၍၊ ချမ်းသာခြင်း အမျိုးမျိုးနှင့်ပြည့်စုံရ၏။

၉။ ဘဂဝါဂုဏ်တောကို ပွားလျှင်၊ ဘုန်းတန်ခိုးကြီး၏၊ တေဇော်အနုဘော်ကြီး၏၊ မိမိပြောသမျှ၊ ဟောသမျှ၊ အောင်မြင်ရ၏။

ဂုဏ်တော်ပွားရခြင်း အကျိုးကျေးဇူးများက များပြားလှ၏။ အကျိုး (၁၇)မျိုးကို ပွားများသူတိုင်း ရရှိပါ၏။

၁။ မိမိခန္ဓာကိုယ် အတွင်းသန္တာန်သည်၊ စေတီအိမ်နှင့် တူသည်ဖြစ်၍ သူတစ်ပါးတို့၏ ပူဇော်မှု လေးစားမှုကို ခံယူရ၏။

၂။ စိတ်ဓာတ် ရဲရင့်တည်ကြည်၏။

၃။ သေခါနီး မတွေဝေဘဲ သေရ၏။ သေပြီးနောက် ကောင်းရာသုဂတိဘုံသို့ ရောက်ရ၏။

၄။ နောင်အခါ ဘုရားနှင့်တွေ့လျှင် သစ္စာလေးပါးတရားတော်ကြီးကို သိလွယ်၏။

၅။ အမျိုး မြတ်၏။

၆။ သူတစ်ပါး အရိုအသေပြုခြင်းကို အမြဲခံရ၏။

၇။ ချီးမွှမ်းထိုက်သော ကိုယ်အင်္ဂါနှင့် ပြည့်စုံ၏။

၈။ အဆင်းလှ၏ အရွယ်နုပျိုရ၏။

၉။ ကိုယ်အနံ့ ကြိုင်သင်းရ၏။

၁၀။ ခံတွင်းရနံ့ မွေးကြိုင်ရ၏။

၁၁။ ကြီးကျယ်သော ဉာဏ်ပညာနှင့် ပြည့်စုံ၏။

၁၂။ နက်နဲသော ဉာဏ်ပညာနှင့် ပြည့်စုံ၏။

၁၃။ ထက်မြက်သော ဉာဏ်ပညာနှင့် ပြည့်စုံ၏။

၁၄။ လျင်မြန်သော ဉာဏ်ပညာနှင့် ပြည့်စုံ၏။

၁၅။ ရွှင်သော ဉာဏ်ပညာနှင့် ပြည့်စုံ၏။

၁၆။ ဆန်းကြယ်သော ဉာဏ်ပညာနှင့် ပြည့်စုံ၏။

၁၇။ စကားကောင်းကို ဆိုနိုင်၏။
kanaung

Sunday, May 26, 2019

တကယ္ဖူးေျမာ္ရခက္ၿပီး အင္မတန္တန္ခိုးျကီးတဲ ့ ဝဋ္ေၾကြးေတာ္ျပည့္ဘုရား


မဂၤလာအေပါင္းနွင့္ျပည့္ဆံုပါေစ

ဒီဘုရားသမိုင္းအေျကာင္းေလးအခ်ိန္တမိနစ္ေလာက္ေပးဖတ္က်ိေပးပါ ပရိသတ္ျကီး သိပီးရင္လည္းေက်ာ္သြားနိင္ပါတယ္ မသိေသးတဲ့သူေတြတြက္ဖတ္ေပးပါဒီဘုရားကို ေက်ာက္ပိ ဘုရားလို့ေခၚပါတယ္ဘီးလင္းျမိဳ့မွာတည္ရွိတာလည္းျဖစ္ပါတယ္။

ဘုရားကိုဖူးေျမာ္မယ္ဆို ေတာင္အထြတ္ထိပ္ထိတက္ရပါတယ္အရင္ကသူပုန္နယ္ေျမမို့ဘုရားကိုဖူးရန္မလြယ္လွပါဘူးဘုရားရဲ့သမိုင္းကိုနည္းနည္းေလးရွင္းျပပါရေစ

ဘုရားေပၚမွာပိေနတဲ့ေက်ာက္တံုးျကီးက ရိုးရိုးေက်ာက္တုံးမဟုတ္ပါဘူး ဖားပံုစံ ရွိတဲ့ဖားေက်ာက္တံုးျကီးပိေနတာပါ။



တာဝန္ရွိလူျကီးေတြကို ေမးျမန္းျကည့္တဲ့အခါ ဝဋ္ေၾကြးေတာ္ျပည့္ဘုရားလို ့လည္းေျပာၾကပါတယ္။ဘုရားဟာရဟန္းဏာဘဝက ဖားတေကာင္အေပၚ အမွတ္မထင္အနာတရျဖစ္ေစမွဳေျကာင့္ ဝဋ္ေျကြးျပန္ခံရတာလို့ရွင္းျပေပးပါတယ္။

ထို့ေျကာင့္ ဘုရားေတာင္မွ မေနရ တို့ကဘာမို့လဲ ဆိုတဲ့စကားေပၚခဲ့သလိုမ်ိဳးေပါ့ ဒီဘုရားဟာ တမင္တည္တာမ်ိဳးမဟုတ္ပဲ ေက်ာက္တံုးေအာက္က သူ့အလိုလို ျဖစ္တည္လာတာကို ေရႊခ်ထားတာပဲျဖစ္ပါတယ္။

အင္မတန္တန္ခိုးျကီးပါတယ္ က်မကိုယ္တိုင္ သထံုကတာဝန္ရွိလူျကီးေတြကိုယ္တိုင္ လိုက္ပို့လို့ ဖူးေျမာ္ခြင့္ရခဲ့တာပါေက်ာက္တံုးဟာတျဖည္းျဖည္းနဲ့ ဘုရားေျခေတာ္လြတ္တဲ့ထိျဖစ္လာပါပီ

ဆိုလိုခ်င္တာက ဝဋ္ေျကြးေျကပီလို့ပါအင္မတန္ေလးလံဖားပံုစံေက်ာက္တံုးပိတဲ့ ေဝဒနာကိုခံစားပီး ရဟန္းတပါးဟာ ပ်ံလြန္ပီး နွစ္အေတာ္ျကာေတာ့ ဘုရားေပၚလာတာျဖစ္ပါတယ္လို့ တာဝန္ရွိလူျကီးေတြကေျပာပါတယ္။



တကယ္ဖူးေျမာ္ရခက္ပါတယ္ ယခုအခါလူေတြသိလာျကပီမို့ ဘုရား ပတ္လည္ကို ေဘာင္ခတ္လိုက္ပါပီ အနီးကပ္ဖူးေျမာ္ရန္မလြယ္လွေတာ့ပါဘူး သူငယ္ခ်င္းတို့ဖူးခြင့္ရေအာင္တင္ေပးလိုက္ပါတယ္

စာရွည္သြားရင္ခြင့္လႊတ္ပါနားမလည္မာဆိုးလို့ေသခ်ာေျပာေပးတာပါ Share ပီးယံုယံုျကည္ျကည္ဆုေတာင္းလိုက္ပါက်မဒီဘုရားကိုဖူးခြင့္ရပီး ေနာက္ပိုင္းကံေတြအရမ္းတက္ခဲ့တယ္တကယ္ထူးျခားပါတယ္

သထံုနယ္အစြန္ဖ်ားမို့လူေတြအရင္ကသိပ္မသိခဲ့တာပါ။

ယခုက်ိဳက္ထီးရိုးဘုရားလိုနမာည္္ျကီးတန္ခိုးျကီးဘုရားတစ္ဆူျဖစ္လာပါပီရွင့္က်မကိုယ္တိုင္အနီးကပ္ဖူးေျမာ္ခြင့္ရခဲ့တာပါသင္လိုရာဆုေတာင္းပါေတာ့ဖူးေျမာ္ပါေလာ့

ဘုရားေတာင္မွ တမင္ဆိုတဲ့စိတ္နဲ့ မဟုတ္ပါပဲ ဖားေလးအေပၚ ရဟန္းဘဝက အနာတရျဖစ္ေစခဲ့မိလို့ ယခုဘုရားဘဝမာ ေတာင္ဝဋ္ခံ႐ရင္

က်မတို့လို့ပုထုစဥ္ေတြ ဆိုရင္ေတာ့ ဘယ္ေျပာေကာင္းမလဲရွင္ အားလံုး စိတ္ထားသေဘာထား ျပည့္ဝျဖဴစင္စြာေလးထားနိင္ျကပါေစရွင့္ cmt မွာသင္လိုရာဆုေတာင္းပီး လြတ္လပ္စြာ Shareပါ
ChitThawKhin

Unicode >>>

မင်္ဂလာအပေါင်းနှင့်ပြည့်ဆုံပါစေ

ဒီဘုရားသမိုင်းအကြောင်းလေးအချိန်တမိနစ်လောက်ပေးဖတ်ကျိပေးပါ ပရိသတ်ကြီး သိပီးရင်လည်းကျော်သွားနိင်ပါတယ် မသိသေးတဲ့သူတွေတွက်ဖတ်ပေးပါဒီဘုရားကို ကျောက်ပိ ဘုရားလို့ခေါ်ပါတယ်ဘီးလင်းမြို့မှာတည်ရှိတာလည်းဖြစ်ပါတယ်။

ဘုရားကိုဖူးမြော်မယ်ဆို တောင်အထွတ်ထိပ်ထိတက်ရပါတယ်အရင်ကသူပုန်နယ်မြေမို့ဘုရားကိုဖူးရန်မလွယ်လှပါဘူးဘုရားရဲ့သမိုင်းကိုနည်းနည်းလေးရှင်းပြပါရစေ

ဘုရားပေါ်မှာပိနေတဲ့ကျောက်တုံးကြီးက ရိုးရိုးကျောက်တုံးမဟုတ်ပါဘူး ဖားပုံစံ ရှိတဲ့ဖားကျောက်တုံးကြီးပိနေတာပါ။

တာဝန်ရှိလူကြီးတွေကို မေးမြန်းကြည့်တဲ့အခါ ဝဋ်ကြွေးတော်ပြည့်ဘုရားလို့လည်းပြောကြပါတယ်။ဘုရားဟာရဟန်းဏာဘဝက ဖားတကောင်အပေါ် အမှတ်မထင်အနာတရဖြစ်စေမှုကြောင့် ဝဋ်ကြွေးပြန်ခံရတာလို့ရှင်းပြပေးပါတယ်။

ထို့ကြောင့် ဘုရားတောင်မှ မနေရ တို့ကဘာမို့လဲ ဆိုတဲ့စကားပေါ်ခဲ့သလိုမျိုးပေါ့ ဒီဘုရားဟာ တမင်တည်တာမျိုးမဟုတ်ပဲ ကျောက်တုံးအောက်က သူ့အလိုလို ဖြစ်တည်လာတာကို ရွှေချထားတာပဲဖြစ်ပါတယ်။

အင်မတန်တန်ခိုးကြီးပါတယ် ကျမကိုယ်တိုင် သထုံကတာဝန်ရှိလူကြီးတွေကိုယ်တိုင် လိုက်ပို့လို့ ဖူးမြော်ခွင့်ရခဲ့တာပါကျောက်တုံးဟာတဖြည်းဖြည်းနဲ့ ဘုရားခြေတော်လွတ်တဲ့ထိဖြစ်လာပါပီ

ဆိုလိုချင်တာက ဝဋ်ကြွေးကြေပီလို့ပါအင်မတန်လေးလံဖားပုံစံကျောက်တုံးပိတဲ့ ဝေဒနာကိုခံစားပီး ရဟန်းတပါးဟာ ပျံလွန်ပီး နှစ်အတော်ကြာတော့ ဘုရားပေါ်လာတာဖြစ်ပါတယ်လို့ တာဝန်ရှိလူကြီးတွေကပြောပါတယ်။

တကယ်ဖူးမြော်ရခက်ပါတယ် ယခုအခါလူတွေသိလာကြပီမို့ ဘုရား ပတ်လည်ကို ဘောင်ခတ်လိုက်ပါပီ အနီးကပ်ဖူးမြော်ရန်မလွယ်လှတော့ပါဘူး သူငယ်ချင်းတို့ဖူးခွင့်ရအောင်တင်ပေးလိုက်ပါတယ်

စာရှည်သွားရင်ခွင့်လွှတ်ပါနားမလည်မာဆိုးလို့သေချာပြောပေးတာပါ Share ပီးယုံယုံကြည်ကြည်ဆုတောင်းလိုက်ပါကျမဒီဘုရားကိုဖူးခွင့်ရပီး နောက်ပိုင်းကံတွေအရမ်းတက်ခဲ့တယ်တကယ်ထူးခြားပါတယ်

သထုံနယ်အစွန်ဖျားမို့လူတွေအရင်ကသိပ်မသိခဲ့တာပါ။

ယခုကျိုက်ထီးရိုးဘုရားလိုနမာည်ကြီးတန်ခိုးကြီးဘုရားတစ်ဆူဖြစ်လာပါပီရှင့်ကျမကိုယ်တိုင်အနီးကပ်ဖူးမြော်ခွင့်ရခဲ့တာပါသင်လိုရာဆုတောင်းပါတော့ဖူးမြော်ပါလော့

ဘုရားတောင်မှ တမင်ဆိုတဲ့စိတ်နဲ့ မဟုတ်ပါပဲ ဖားလေးအပေါ် ရဟန်းဘဝက အနာတရဖြစ်စေခဲ့မိလို့ ယခုဘုရားဘဝမာ တောင်ဝဋ်ခံရရင်

ကျမတို့လို့ပုထုစဉ်တွေ ဆိုရင်တော့ ဘယ်ပြောကောင်းမလဲရှင် အားလုံး စိတ်ထားသဘောထား ပြည့်ဝဖြူစင်စွာလေးထားနိင်ကြပါစေရှင့် cmt မှာသင်လိုရာဆုတောင်းပီး လွတ်လပ်စွာ Shareပါ
ChitThawKhin

Sunday, May 5, 2019

ႏွစ္ေပါင္း ၂၄၀၀ ေက်ာ္က က်ိဳက္ထီးရိုး ေစတီေတာ္ႀကီး ေပ်ာက္ဆုံးသြားတာ သင္သိပါသလား

က်ိဳက္ထီးရိုး

တိႆ ရေသ့ႏွင့္ သိၾကားမင္းတည္ခဲ့ေသာ ဆံေတာ္ရွင္ က်ိဳက္ထီးရိုးေစတီ တည္ခဲ့သည္မွာ ႏွစ္ေပါင္း၂၅၀၀ ေက်ာ္ ၾကာျမင့္ခဲ့ၿပီဟုစစ္ကဲေတာ္မင္းေမာင္ေ႐ႊေနာ္ေရး မြန္ရာဇဝင္အရ သိရသည္။က်ိဳက္ထီရိုးေစတီသည္ က်ိဳက္ထိုၿမိဳ႕နယ္ရွိ အေရွ႕ရိုးမ ေတာင္တန္းအပါအဝင္ ေပါင္းေလာင္းေတာင္ေပၚတြင္ တည္ရွိသည္။

ပင္လယ္ျပင္အထက္ ေပေပါင္း ၃၆၀၀ ခန႔္ျမင့္သည္။ ႀကီးမား၍ မတ္ေစာက္ေသာ ေက်ာက္ေတာင္တစ္ခု၏ အစြန္းတြင္ ေက်ာက္လုံးႀကီးတစ္လုံး ျပဳတ္က်လဳနီး ပါးတင္ေနသည္။ ေက်ာက္လုံးႀကီသည္ လုံးပတ္ေပ၅၀ခန႔္ရွိသည္။ ေက်ာက္လုံးေတာ္ႀကီး ထိစပ္တင္ရွိ ေနေသာ ေက်ာက္ေတာင္ စြန္းအက်ယ္အဝန္းသည္ ၁၅ ေပထက္ပင္မပိုနိုင္ေခ်။ႏွမ္းပတ္ေက်ာက္အမ်ိဳးအစား ေက်ာက္လုံးႀကီးသည္ ေစတီေတာ္ အပါအဝင္ တန္ခ်ိန္ ၆၀၀ ခန႔္ရွိမည္ဟုခန႔္မွန္းရသည္။

ေက်ာက္လုံးေပၚတြင္ ေစတီတစ္ဆူတည္ထားသည္။ ဉာဏ္ေတာ္ ၁၅ ေပခန႔္ျမင့္သည္။ ကင္ပြန္း(ကင္မြန္း) စခန္းမွ က်ိဳက္ထီးရိုးရင္ျပင္ေတာ္ထိ ၇ မိုင္ခြဲခန႔္ေဝးသည္။ စခန္းေပါင္း ၂၇ ခုကိုျဖတ္သန္းသြားရသည္။ မြန္ဘာသာ ” က်ိဳက္ကၠသိယို” (ရေသ့႐ြက္ေသာဘုရား) မွ က်ိဳက္ထီးရိုးဟုစကားေ႐ြ႕ေလ်ာလာသည္။

ေစတီေတာ္တည္ထားၿပီေနာက္ ႏွစ္ေပါင္းမ်ားစြာ ေတာဖုံးေပ်ာက္ကြယ္သြားခဲ့သည္။ ႏွစ္ေပါင္း၂၄၀၀ ေက်ာ္ မွ် က်ိဳက္ထီးရိုးေစတီ တည္ရွိေနေၾကာင္းေတြျမင္သူသိရွိသူမရွိေတာ့ေခ်။ ခရစ္ႏွစ္ ၁၈၂၃ ခုႏွစိ(ဘႀကီးေတာ္ဘုရား လက္ထက္ ပထမအဂၤလိပ္-ျမန္မာ စစ္ပြဲမျဖစ္ပြားမီ (တစ္ႏွစ္မွ် အလို) တြင္စစ္ေတာင္းၿမိဳ႕ဝန္ မင္လွသခၤသူသည္ ေပ်ာက္ဆုံးေနေသာ က်ိဳက္ထီးရိုးေစတီကို ျပန္လည္

ေတြ႕ရွိခဲ့သည္။ ထိုစဥ္က ေက်ာက္လုံးႀကီးေပၚမွ ေစတီဉာဏ္ေတာ္မွာ သုံးေတာင္မွ်သာျမင့္သည္ဟုဆိုသည္။ ဆင္ပစ္ရန္ ေတလည္ထြက္ရင္း စစ္ေတာင္း ၿမိဳ႕ဝန္ေတြ႕ရွိခဲ့ေသာ က်ိဳက္ထီးရိုး ေစတီေတာ္ကို ျပန္လည္

ေတြ႕ရွိသည့္ႏွစ္မွာပင္ ေစတီေတာ္ေလးကို ငုံလ်က္ ဉာဏ္ေတာ္ ၁၂ ေတာင္ရွိေစတီသစ္ကိုတည္ ခဲ့ေလ သည္။ စစ္ေတာင္းၿမိဳ႕မွ ေစတီအေရာက္ လမ္းေဖာက္ခဲ့သည္။ႏွစ္စဥ္ နတ္ေတာ္လေရာက္တိုင္း ပြဲေတာ္ က်င္းပလာခဲ့သည္။

Kyaikhto News

Unicode ျဖင့္ဖတ္ရန္

တိဿ ရသေ့နှင့် သိကြားမင်းတည်ခဲ့သော ဆံတော်ရှင် ကျိုက်ထီးရိုးစေတီ တည်ခဲ့သည်မှာ နှစ်ပေါင်း၂၅၀၀ ကျော် ကြာမြင့်ခဲ့ပြီဟုစစ်ကဲတော်မင်းမောင်ရွှေနော်ရေး မွန်ရာဇဝင်အရ သိရသည်။ကျိုက်ထီရိုးစေတီသည် ကျိုက်ထိုမြို့နယ်ရှိ အရှေ့ရိုးမ တောင်တန်းအပါအဝင် ပေါင်းလောင်းတောင်ပေါ်တွင် တည်ရှိသည်။

ပင်လယ်ပြင်အထက် ပေပေါင်း ၃၆၀၀ ခန့်မြင့်သည်။ ကြီးမား၍ မတ်စောက်သော ကျောက်တောင်တစ်ခု၏ အစွန်းတွင် ကျောက်လုံးကြီးတစ်လုံး ပြုတ်ကျလုနီး ပါးတင်နေသည်။ ကျောက်လုံးကြီသည် လုံးပတ်ပေ၅၀ခန့်ရှိသည်။ ကျောက်လုံးတော်ကြီး ထိစပ်တင်ရှိ နေသော ကျောက်တောင် စွန်းအကျယ်အဝန်းသည် ၁၅ ပေထက်ပင်မပိုနိုင်ချေ။နှမ်းပတ်ကျောက်အမျိုးအစား ကျောက်လုံးကြီးသည် စေတီတော် အပါအဝင် တန်ချိန် ၆၀၀ ခန့်ရှိမည်ဟုခန့်မှန်းရသည်။

ကျောက်လုံးပေါ်တွင် စေတီတစ်ဆူတည်ထားသည်။ ဉာဏ်တော် ၁၅ ပေခန့်မြင့်သည်။ ကင်ပွန်း(ကင်မွန်း) စခန်းမှ ကျိုက်ထီးရိုးရင်ပြင်တော်ထိ ၇ မိုင်ခွဲခန့်ဝေးသည်။ စခန်းပေါင်း ၂၇ ခုကိုဖြတ်သန်းသွားရသည်။ မွန်ဘာသာ ” ကျိုက်က္ကသိယို” (ရသေ့ရွက်သောဘုရား) မှ ကျိုက်ထီးရိုးဟုစကားရွေ့လျောလာသည်။



စေတီတော်တည်ထားပြီနောက် နှစ်ပေါင်းများစွာ တောဖုံးပျောက်ကွယ်သွားခဲ့သည်။ နှစ်ပေါင်း၂၄၀၀ ကျော် မျှ ကျိုက်ထီးရိုးစေတီ တည်ရှိနေကြောင်းတွေမြင်သူသိရှိသူမရှိတော့ချေ။ ခရစ်နှစ် ၁၈၂၃ ခုနှစိ(ဘကြီးတော်ဘုရား လက်ထက် ပထမအင်္ဂလိပ်-မြန်မာ စစ်ပွဲမဖြစ်ပွားမီ (တစ်နှစ်မျှ အလို) တွင်စစ်တောင်းမြို့ဝန် မင်လှသင်္ခသူသည် ပျောက်ဆုံးနေသော ကျိုက်ထီးရိုးစေတီကို ပြန်လည်

တွေ့ရှိခဲ့သည်။ ထိုစဉ်က ကျောက်လုံးကြီးပေါ်မှ စေတီဉာဏ်တော်မှာ သုံးတောင်မျှသာမြင့်သည်ဟုဆိုသည်။ ဆင်ပစ်ရန် တေလည်ထွက်ရင်း စစ်တောင်း မြို့ဝန်တွေ့ရှိခဲ့သော ကျိုက်ထီးရိုး စေတီတော်ကို ပြန်လည်

တွေ့ရှိသည့်နှစ်မှာပင် စေတီတော်လေးကို ငုံလျက် ဉာဏ်တော် ၁၂ တောင်ရှိစေတီသစ်ကိုတည် ခဲ့လေ သည်။ စစ်တောင်းမြို့မှ စေတီအရောက် လမ်းဖောက်ခဲ့သည်။နှစ်စဉ် နတ်တော်လရောက်တိုင်း ပွဲတော် ကျင်းပလာခဲ့သည်။

Kyaikhto News

Wednesday, April 17, 2019

ဘုရားေစတီေတြရဲ႕ေရွ႕မွာ ျခေသ့ၤရုပ္ထားျခင္းရဲ႕ အဓိပၸါယ္


ဘုရားေစတီတုိင္းလိုလုိရဲ႕ ေရွ႕မွာ ျခေသ့ၤရုပ္ေတြရွိတာ အားလုံးသိၾကမွာပါ။ ဘာေၾကာင့္ဒီလုိထားရသလဲ ဆုိတဲ့အေၾကာင္းကိုေတာ့ သိသူရွိသလိုမသိသူမ်ားလည္း ရွိပါလိမ့္မယ္။ မသိေသးသူေတြအတြက္ ဗဟုသုတအေနနဲ႔ ျပန္လည္တင္ျပလိုက္ပါတယ္။ ဒီေမးခြန္းရဲ႕ အေျဖကုိ ေျဖဆုိခဲ့သူက အမပူရနန္းတည္ ဘုိးေတာ္ ဘုရားလက္ထက္ ပရိယတၱိအရာမွာ ေနတစ္ဆူလတစ္ပါး ထင္ရွားေက်ာ္ၾကားခဲ့တဲ့ မုန္တုိင္ပင္ ဆရာေတာ္ဘုရားႀကီး ျဖစ္ပါတယ္။

ဆရာေတာ္ႀကီးက ဘုရားေစတီ မုခ္၀မုခ္ဦး၌ ျခေသ့ၤရုပ္တုမ်ား ထားျခင္းႏွင့္ စပ္လ်ဥ္းၿပီး-

“ေဂါတမျမတ္စြာဘုရားအေလာင္းဟာ ပဒုမ ျမတ္စြာဘုရားရွင္လက္ထက္မွာ ေကသရာဇာျခေသ့ၤမင္းျဖစ္ခဲ့သည္။ တစ္ေန႔ေသာအခါ အေလာင္းေတာ္ျခေသ့ၤမင္း အစာရွာထြက္စဥ္ေတာအုပ္အလယ္ေနရာ၌ ပဒုမျမတ္စြာဘုရားရွင္သည္ နိေရာဓသမာပတ္ ၀င္စားလ်က္ရွိသည္ကုိဖူးေတြ႔လုိက္ရသည္။ ျခေသ့ၤမင္းသည္ လြန္စြာမွ ၾကည္ညဳိအာရုံ ရွိေသာ ဘုရားဂုဏ္ကုိအာရုံျပဳလ်က္ ႏွစ္သက္ျခင္း ၊ ပီတိေဇာအဟုတ္ ျဖင့္ ခုနစ္ရက္ပတ္လုံး အစာရွာမသြားေတာ့ပဲ ဘုရားရွင္၏ ေရွ႕ေမွာက္တြင္ ရုိေသ၀ပ္တြား ပူေဇာ္ဆည္းကပ္ေနခဲ့သည္။ ပဒုမျမတ္စြာဘုရားရွင္သည္ နိေရာဓသမာပတ္မွ ထေတာ္မူသည့္အခါ ခုႏွစ္ရက္ပတ္လုံး ၾကည္ညဳိသဒၶါထက္သန္စြာျဖင့္ ၀ပ္တြားဆည္းကပ္ေနေသာ ျခေသ့ၤမင္းအား ျမင္ေတြ႔ရ၍ ‘ေနာင္အခါ ငါကဲ့သုိ႔ပင္ ဘုရားစင္စစ္ဧကန္ျဖစ္လတၱံ’ လုိ႔ ဗ်ာဒိတ္စကားျမြက္ၾကားခဲ့သည္။

ထုိသုိ႔ ဘုရားအေလာင္း ျခေသ့ၤမင္းကုိ အေၾကာင္းျပဳ၍ ေႏွာင္းေခတ္ လူမ်ားသည္ ဘုရားေစတီပုထိုးတုိ႔အား ဖူးေျမွာ္ကန္ေတာ့ရန္ ေရာက္ရွိေသာ အခါ အေလာင္းေတာ္ျခေသ့ၤမင္းအား အတုယူၿပီး ဘုရားရွင္အား စူးစူးနစ္နစ္ ယုံၾကည္စြာ ၾကည္ညဳိသဒၶါထားၿပီး ဖူးေျမွာ္ဆည္းကပ္ ကုိးကြယ္ရန္ ျခေသ့ၤရုပ္မ်ား တည္ၾကျခင္းျဖစ္ေၾကာင္း မုန္တုိင္ပင္ ဆရာေတာ္ဘုရားႀကီးက ရည္ညႊန္းဖြဲ႔ဆုိပါတယ္။

မဇၥဳိမေဒသ အာေသာကမင္းႀကီးကေတာ့ သူတည္ခဲ့တဲ့ ဘုရားေစတီအေဆာက္အအုံေတြမွာ ျခေသ့ၤရုပ္တစ္မ်ဳိးတင္မကပဲ အျခား တိရစာၦန္ အာဇာနည္ ၃မ်ဳိးကိုပါ ထားပါတယ္။ မည္သည့္အႏၱရာယ္ကုိမွ မေၾကာက္ရြံတတ္သည့္ အာဇာနည္ ၄ မ်ဳိးမွာ ျခေသ့ၤ ၊ ဆင္ ၊ သိေႏၶာျမင္း ႏွင့္ ႏြားလားဥသဘာ တုိ႔ျဖစ္ပါတယ္။ ထုိအရုပ္ေလးမ်ဳိးကုိ အာေသာကမင္းႀကီး၏ ေကာင္းမူေတာ္မ်ားတြင္ ဘုရားဘက္သုိ႔မလွည့္ပဲ ၀င္လာသူမ်ားဘက္သုိ႔လွည့္၍ ထားေၾကာင္းသိရပါတယ္။

အေပၚက အေျဖကေတာ့ က်မ္းဂန္ကေန ထုတ္ႏႈတ္ေျဖၾကားတဲ့ ဆရာေတ္ာႀကီးရဲ႕အေျဖျဖစ္ပါတယ္။ ဒါေပမယ့္ ပုံျပင္လုိလုိ ရာဇ၀င္လုိလုိနဲ႔ ကြ်န္ေတာ္တုိ႔ အမ်ားစု သိထားတဲ့အေၾကာင္းတစ္ခုလည္းရွိပါေသးတယ္။ ဒါကေတာ့ သီဟဗာဟု အေၾကာင္းပါ။ မသိေသးသူမ်ားအတြက္ သီဟဗာဟုအေၾကာင္းကုိ ဗဟုသုတအျဖစ္ ေဖာ္ျပလုိက္ပါတယ္။

ေရွးလြန္ေလၿပီးေသာအခါက ”သီဟုိ၌” ယခု ”သီရိလကၤာ” ႏႈိင္ငံ ရာဇဝင္၌ ”မဟာဝံသ” ”သီဟဗာဟု”မင္းဟူ၍ရွိခဲ႔ဖူးေလသည္။ ”ဝဂၤတုိင္း”ဖြား ”ဗဂၤလာ”မင္းသမီးတစ္ေယာက္သည္ ”ျခေသၤ့”တစ္ေကာင္နဲ႔ရကာ ေတာတြင္းလႈိင္ဂႈတစ္ဂႈ၌ ေနေလသည္။ ”ျခေသၤ့”ကုိအေၾကာင္းျပဳ၍ သားေလးတစ္ေယာက္ သမီးေလးတစ္ေယာက္ ထြန္းကားေလသည္။ ”ျခေသၤ့”ႀကီးသည္ အစာရွာထြက္ခ်ိန္၌ ဂႈေပါက္ဝ၌ ေက်ာ္တုံးႀကီးတစ္တုံး ပိက္ထားခဲ႔၏။ ”သီဟဗာဟု”(၁၆ )ႏွစ္သားအရႊယ္ေရာက္ေသာအခါတြင္ကား ”ျခေသၤ့”ႀကီးနဲ႔မေနလုိသျဖင့္ ”အေမ”နဲ႔ႏွမကုိေခၚကာ ေက်ာက္တုံးႀကီးကုိဖြင့္ၿပီး ထြက္ေျပးၾကေလ၏။ ”ျခေသၤ့”ႀကီးသည္ သားမယားေပ်ာက္သြားသျဖင့္ ေတာေတာင္အႏွံ႔ လုိက္လံရွာေဖြရင္း ”မ” စိတ္မြန္ကာ ေတာစြန္အုံးဖ်ားေက်းရႊာမ်ားကုိပင္ ဖ်က္ဆီးပစ္ေလသည္။

ထုိအခါဘုရင္က ”ျခေသၤ့”ကုိ ႏွိင့္ႏွင္းႏုိင္မည့္သူအား ေမာင္းေၾကးႏွင္းခပ္၍ ရွာေဖြေစရာ ”သီဟဗာဟု”ကတာဝန္ယူလုိက္ေလသည္။ ”သီဟဗာဟု”သည္ ေလးနဲ႔ျမားကုိယူကာ ဖခင္ ”ျခေသၤ့”ႀကီးကုိသတ္ရန္ ထြက္ခဲ႔ေလသည္။ ေတာစပ္တစ္ခုအေရာက္တြင္ ဖခင္”ျခေသ့ၤ”ႀကီးနဲ႔ ရင္ဆုိင္ေတြ႔ၾကေလသည္။ ”ျခေသၤ့”ႀကီးကား မိဘ၏ ”ေမတၱာ”ဓာတ္ေၾကာင့္ သားကုိျမင္ျမင္ျခင္း ေအးခ်မ္းသြား၏။ သားကုိခ်စ္ေသာ ”ေမတၱာ”ဓာတ္တုိ႔က ”ျခေသၤ့”ႀကီးတစ္ကုိယ္လုံးတြင္ ျပန္႔ႏွံ႔လ်ွက္ရွိေလ၏။ ဤသည္ကား ”ဘာဝနာ” အဆင့္သုိ႔ေရာက္ေသာ ”ေမတၱာ”ဓာတ္မဟုတ္ေသးေခ် ”ေဂဟႆိတေပမ”ေခၚအိမ္တြင္းမိသားစုျခင္းထားေသာ ”ေမတၱာ”အဆင့္သာရွိေသး၏။ ထုိ”ေမတၱာ”၏စြမ္းရည္သည္ပင္ႀကီးမားလွ၏။ အဘယ္ေၾကာင့္ဆုိေသာ္…”သီဟဗာဟု”ပစ္လုိက္ေသာျမားတံတုိ႔သည္။”ျခေသၤ့”ႀကီးဆီသုိ႔မေရာက္ပဲ ”သီဟဗာဟု”ေျခရင္း၌သာသုံးႀကိမ္တုိင္တုိင္ပင္ ျပန္ၾက၏။

သုံးႀကိမ္တုိင္တုိင္ ျပစ္ၿပီးေသာအခါတြင္ကား ”ျခေသၤ့”ႀကီးသည္ ”ေဒါသ”ျဖစ္သြား၏။”ေဒါသ”ျဖစ္သြားသည္နဲ႔ ”ေမတၱာ”ဓာတ္တည္းဟူေသာ အႏၲရယ္ကုိကာကြယ္သည့္ ခ်ပ္ဝတ္တန္ဆာသည္ ျပဳတ္ၾကသြားေလ၏။ ”ေဒါသ”ျဖစ္ၿပီး”ျခေသၤ့”ႀကီးကဟိန္းလုိက္ခ်ိန္မွာပင္ ”စတုတၳ”အႀကိမ္ေျမာက္ျပစ္လုိက္ေသာ ”သီဟဗာဟု”၏ျမားတံသည္ ”ျခေသၤ့”ႀကီး၏ ငယ္ထိပ္သုိ႔စူးဝင္ကာ ထုိေနရာမွာပင္ေသသြားေလ၏။

ဘုရင္သည္အားရႏွစ္သက္ေတာ္မႈသျဖင့္ ”သီဟဗာဟု”ကုိ အိမ္ေရွ႕စံေပးေလသည္။ သီဟဗာဟု မင္းျဖစ္ေသာအခါတြင္ ေခါင္းကုိက္သည့္ ”ေရာဂါ”မၾကာခဏျဖစ္သျဖင့္ ”ပညာ”ရွိတုိ႔အားေမးျမန္းၾကည့္ၾကေသာအခါ ဖခင္ကုိသတ္ခဲ႔ေသာ အကုသုိလ္ကံေၾကာင့္ျဖစ္သည္။ ထုိအျပစ္တုိ႔ေျပေပ်ာက္ေစရန္ ”ျခေသၤ့”ရုပ္ထုဆစ္ၿပီးကန္ေတာ့ရမည္ဟု ဆုိၾကေလသည္။
ထုိေၾကာင့္…”ေစတီ”တစ္ဆူတည္ကာ ”ျခေသၤ့”ရုပ္ပါထုဆစ္ၿပီးကန္ေတာ့ၾကေလ၏။ထုိအျဖစ္မွအစတည္ကာ ”ဘုရား”တည္ေသာအခါ ”ျခေသၤ့”ရုပ္ပါေသာအေလ့အထျဖစ္လာခဲ့ၾကသည္ဟုဆုိၾကေလသည္။

Credit – Thutaone

Sunday, April 14, 2019

'ေမွာ္ဘီက ဂ်ပန္ဘုရား ဆိုရင္ အသံေတာင္ မၾကားခ်င္ေတာ့ဘူး' လို႔ ဘုရားဖူးေတြက ေျပာကုန္ၾကျပီ


 ကြၽန္​​ေတာ္​ ဗုဒၶဟူး​ေန႔က ​ေမွာ္​ဘီ ဂ်ပန္​ဘုရားကို မိသားစု၇​ေယာက္​နဲအတူ …ဘုရားသြားဖူးတယ္​​ဗ်ာရာသီဥတုက​ေတာ့​အ​ေတာ္​ပူတယ္​။

ဂ်ပန္​ဘုရားနဲပတ္​သတ္​ၿပီး အလႉ​ေငြအတင္​း​ေကာက္​တဲ့ပံုစံ​ေတြ ​ေတြ႔​ေနရ​ေတာ့​ေနပူတာကတစ္​​ေၾကာင္​း အဲလိုသတင္​း​ေတြျမင္​​ေနရတာကတစ္​​ေၾကာင္​းသိပ္​မသြားခ်င္​ဘူး။ဒါ​ေပမဲ့ နယ္​ကအဘိုးအဘြား​ေတြက ​ေရာက္​တုန္​း​ေရာက္​ခိုက္​ သြားဖူးခ်င္​တယ္​ဆိုလို႔ သြားျဖစ္​တာပါ..

ကြၽန္​​ေတာ္​ဂ်ပန္​ဘုရားကို​ေရာက္​​ေတာ့​ေန႔လည္​ ၁၁နာရီ၅၀မိနစ္ ဘုရားထဲကိုကားနဲဝင္​လ္​ု႔ိရ​ေပမဲ့ သိမ္​ထဲကတံခါးကို​ေတာ့ပိတ္​ထားပါတယ္​ ၁၂ခြဲမွဝင္​လို႔ရမွာပါတဲ့ ​ေစာင္​့ရပါတယ္​ပထမ အဲဒီအခ်က္​ကို ကြၽန္​​ေတာ္​ နားလည္​တယ္​အထဲမွာက ​ေ႐ွး​ေဟာင္​းဘုရား​ေတြဆို​ေတာ့ အ​ေပ်ာက္​အ႐ွ ျဖစ္​မွာကို ထည္​့တြက္​တာ​ေနမွာ​ေပါ့​ေလ။

ဒါနဲကြၽန္​​ေတာ့အ​ေမနဲညီမ​ေလးက ​ေဘာင္​းဘီအပြအ႐ွည္​နဲပါ အျမင္​မ႐ိုင္​းပါဘူး ဒါ​ေပမဲ့ သူတို႔က​ေယာဂီဝတ္​စံုလဲရမယ္​​ေျပာ ဒုတိယအခ်က္​ ကိစၥမ႐ွိဘူး ကြၽန္​​ေတာ္​တို႔နားလည္​​ႏိုင္​ပါတယ္​ဒါ​ေပမဲ့ ​ေယာဂီအဝတ္​ငွါးရင္​ တစ္​​ေယာက္​ကို ၂ေထာင္တဲ့ မ်ားတယ္​လို႔ထင္​တယ္​ဗ်ာ ၂ေထာင္ဆို​ေတာ့ စီးပြား​ေရးဆန္​သလိုပဲ တတိယအခ်က္​ သိပ္​ကိစၥမ႐ွ္​​ေသးပါဘူး အဲထဲကိုဝင္​​ေတာ့ သိမ္​ရဲ႕ပထမအထပ္​​ေပါ့ဗ်ာ ဘုရား​ေတြကိုဖူးမယ္​ဆိုရင္​ဒုတိယအထပ္​ တတိယအထပ္​ စတုတၳအထပ္​ စသည္​ျဖင္​့ တက္​သြားရတယ္​။

ကြၽန္​​ေတာ္​တို႔က ၁၂နာရီခြဲပထမဆံုးဝင္​ရတဲ့လူ​ေတြမို႔ ​ေလာ​ေလာဆယ္​အ​ေျခအ​ေနမွာ သိမ္​အ​ေပၚထပ္​​ေတြမွာ ဘုရားဖူး​ေနတဲ့လူ​ေတြမ႐ွိဘူး….ဒါ​ေပမဲ့ အဲဒီသိမ္​​ေအာက္​ထပ္​မွာ ပထမ လူႀကီးတစ္​​ေယာက္​ အလႉခံပါတယ္​ ဒုတိယမိန္​းမႀကီးတစ္​​ေယာက္​ ပီး​ေတာ့လူႀကီးတစ္​​ေယာက္​ ပီး​ေတာ့ဘုန္​းႀကီး တစ္​​ေယာက္​တစ္​မ်ိဳးစီနဲ မလႉမ​ေနရပံုစံမ်ိဳး အလႉခံတာပါ မယံုရင္​သြားၾကည္​့ၾကပါခင္​ဗ်ားေတာ္​​ေတာ္​ကိုစိတ္​အ​ေႏွာက္​အယက္​ျဖစ္​ရပါတယ္​နာရီဝက္​မကၾကာပါတယ္​။

ကြၽန္​​ေတာ္​fbမွာ​ေတြ႔ရတဲ့ (​ေမွာ္​ဘီဘုရားတစ္​​​ေခါက္​ရဲ​ေရာက္​)ဆိုသလို ​ေတာ္​​ေတာ္​ ကသိက​ေအာက္​ျဖစ္​ရပါတယ္​ဗ်ာ…တစ္​ခါမွမၾကားဖူးတဲ့

အိမ္​​ေထာင္​​ေရးဘုရား
က်န္​းမာ​ေရးဘုရား
ပညာ​ေရးဘုရား
စီးပြား​ေရးဘုရား…
ထူးထူးျခားျခားဘုရားဘြဲ​ေတာ္​​ေတြလည္​းၾကားဖူးပါရဲ႕

​ေထြ​ေထြထူးထူး​ေတာ့မ​ေရးတတ္​လို႔ပါ ​ေျပာခ်င္​တာ​ေတြက်န္​ပါ​ေသးတယ္​မ​ေရးတတ္​လို႔ေျပာခ်င္​တဲ့အဓိကအခ်က္​​ေတြက အခ်ိန္​အၾကာႀကီးအလႉခံတာ မျဖစ္​မ​ေနလႉရမဲ့ပံုစံ​ေတြ​ေျပာတာ..
ဒုတိယမိန္​းမႀကီးဆိုရင္​( အိမ္​​ေထာင္​​ေရးအဆင္​​ေျပခ်င္​ရင္​​ေတာ့ ဒီဘုရားကိုးကြယ္​ရမယ္​)အဲလိုစကား​ေျပာပါတယ္​မသိရင္​ပဲမကိုးကြယ္​ရင္​ဒုကၡ​ေရာက္​မဲ့ပံုစံမ်ိဳးပါခင္​ဗ်ား

ကြၽန္​​ေတာ္​အ​ေဒၚက ဘုရားစြယ္​​ေတာ္​ပံုကိုဖုန္​းနဲ႐ိုက္​​ေတာ့မ႐ိုက္​ရဘူးတဲ့လိုခ်င္​ရင္​​ေအာက္​မွာဝယ္​ဆိုပီး သိမ္​အ​ေပၚထပ္​ကဘုန္​းဘုန္​းက​ေျပာပါတယ္​

အမွန္​တကယ္​က သိမ္​ထဲမွာ ဓာတ္​ပံုမ႐ိုက္​ရဘူးဆိုတာ သူတို႔​ေရာင္​းစားလို႔ရ​ေအာင္​လို႔ပါ ​ေစ်းလည္​းမတန္​တဆပါပဲခင္​ဗ်ား..တာဝန္​႐ွ္​ိသူ​ေတြအ​ေနနဲလည္​း တာဝန္​သိ​ေစခ်င္​ပါတယ္​…

ကြၽန္​​ေတာ္​႐ိုက္​လို႔ရခဲ့တဲ့တစ္​ခ်ိဳ႕ပံု​ေတြၾကည္​့ႏိုင္​ပါတယ္​…
ဇာမဏီ(မုနိ​ေျမ)




#Unicode Version# ျဖင့္ဖတ္ပါ ။

ကျွန်တော် ဗုဒ္ဓဟူးနေ့က မှော်ဘီ ဂျပန်ဘုရားကို မိသားစု၇ယောက်နဲအတူ …ဘုရားသွားဖူးတယ်ဗျာရာသီဥတုကတော့အတော်ပူတယ်။

ဂျပန်ဘုရားနဲပတ်သတ်ပြီး အလှူငွေအတင်းကောက်တဲ့ပုံစံတွေ တွေ့နေရတော့နေပူတာကတစ်ကြောင်း အဲလိုသတင်းတွေမြင်နေရတာကတစ်ကြောင်းသိပ်မသွားချင်ဘူး။ဒါပေမဲ့ နယ်ကအဘိုးအဘွားတွေက ရောက်တုန်းရောက်ခိုက် သွားဖူးချင်တယ်ဆိုလို့ သွားဖြစ်တာပါ..

ကျွန်တော်ဂျပန်ဘုရားကိုရောက်တော့နေ့လည် ၁၁နာရီ၅၀မိနစ် ဘုရားထဲကိုကားနဲဝင်လ်ု့ိရပေမဲ့ သိမ်ထဲကတံခါးကိုတော့ပိတ်ထားပါတယ် ၁၂ခွဲမှဝင်လို့ရမှာပါတဲ့ စောင့်ရပါတယ်ပထမ အဲဒီအချက်ကို ကျွန်တော် နားလည်တယ်အထဲမှာက ရှေးဟောင်းဘုရားတွေဆိုတော့ အပျောက်အရှ ဖြစ်မှာကို ထည့်တွက်တာနေမှာပေါ့လေ။

ဒါနဲကျွန်တော့အမေနဲညီမလေးက ဘောင်းဘီအပွအရှည်နဲပါ အမြင်မရိုင်းပါဘူး ဒါပေမဲ့ သူတို့ကယောဂီဝတ်စုံလဲရမယ်ပြော ဒုတိယအချက် ကိစ္စမရှိဘူး ကျွန်တော်တို့နားလည်နိုင်ပါတယ်ဒါပေမဲ့ ယောဂီအဝတ်ငှါးရင် တစ်ယောက်ကို ၂ထောင်တဲ့ များတယ်လို့ထင်တယ်ဗျာ ၂ထောင်ဆိုတော့ စီးပွားရေးဆန်သလိုပဲ တတိယအချက် သိပ်ကိစ္စမရှ်သေးပါဘူး အဲထဲကိုဝင်တော့ သိမ်ရဲ့ပထမအထပ်ပေါ့ဗျာ ဘုရားတွေကိုဖူးမယ်ဆိုရင်ဒုတိယအထပ် တတိယအထပ် စတုတ္ထအထပ် စသည်ဖြင့် တက်သွားရတယ်။

ကျွန်တော်တို့က ၁၂နာရီခွဲပထမဆုံးဝင်ရတဲ့လူတွေမို့ လောလောဆယ်အခြေအနေမှာ သိမ်အပေါ်ထပ်တွေမှာ ဘုရားဖူးနေတဲ့လူတွေမရှိဘူး….ဒါပေမဲ့ အဲဒီသိမ်အောက်ထပ်မှာ ပထမ လူကြီးတစ်ယောက် အလှူခံပါတယ် ဒုတိယမိန်းမကြီးတစ်ယောက် ပီးတော့လူကြီးတစ်ယောက် ပီးတော့ဘုန်းကြီး တစ်ယောက်တစ်မျိုးစီနဲ မလှူမနေရပုံစံမျိုး အလှူခံတာပါ မယုံရင်သွားကြည့်ကြပါခင်ဗျားတော်တော်ကိုစိတ်အနှောက်အယက်ဖြစ်ရပါတယ်နာရီဝက်မကကြာပါတယ်။

ကျွန်တော်fbမှာတွေ့ရတဲ့ (မှော်ဘီဘုရားတစ်ခေါက်ရဲရောက်)ဆိုသလို တော်တော် ကသိကအောက်ဖြစ်ရပါတယ်ဗျာ…တစ်ခါမှမကြားဖူးတဲ့

အိမ်ထောင်ရေးဘုရား
ကျန်းမာရေးဘုရား
ပညာရေးဘုရား
စီးပွားရေးဘုရား…
ထူးထူးခြားခြားဘုရားဘွဲတော်တွေလည်းကြားဖူးပါရဲ့

ထွေထွေထူးထူးတော့မရေးတတ်လို့ပါ ပြောချင်တာတွေကျန်ပါသေးတယ်မရေးတတ်လို့ပြောချင်တဲ့အဓိကအချက်တွေက အချိန်အကြာကြီးအလှူခံတာ မဖြစ်မနေလှူရမဲ့ပုံစံတွေပြောတာ..
ဒုတိယမိန်းမကြီးဆိုရင်( အိမ်ထောင်ရေးအဆင်ပြေချင်ရင်တော့ ဒီဘုရားကိုးကွယ်ရမယ်)အဲလိုစကားပြောပါတယ်မသိရင်ပဲမကိုးကွယ်ရင်ဒုက္ခရောက်မဲ့ပုံစံမျိုးပါခင်ဗျား

ကျွန်တော်အဒေါ်က ဘုရားစွယ်တော်ပုံကိုဖုန်းနဲရိုက်တော့မရိုက်ရဘူးတဲ့လိုချင်ရင်အောက်မှာဝယ်ဆိုပီး သိမ်အပေါ်ထပ်ကဘုန်းဘုန်းကပြောပါတယ်

အမှန်တကယ်က သိမ်ထဲမှာ ဓာတ်ပုံမရိုက်ရဘူးဆိုတာ သူတို့ရောင်းစားလို့ရအောင်လို့ပါ ဈေးလည်းမတန်တဆပါပဲခင်ဗျား..တာဝန်ရှိသူတွေအနေနဲလည်း တာဝန်သိစေချင်ပါတယ်…

ကျွန်တော်ရိုက်လို့ရခဲ့တဲ့တစ်ချို့ပုံတွေကြည့်နိုင်ပါတယ်…
ဇာမဏီ(မုနိမြေ)

Monday, March 18, 2019

ေရႊတိဂံုေစတီေတာ္ၾကီးကို Smart Pagoda ျဖစ္ေအာင္လုပ္မည္။


ေရႊတိဂံုေစတီေတာ္ၾကီးကို 
Smart Pagoda ျဖစ္ေအာင္လုပ္မည္။
Smart City နဲ႕ Smart Pagoda နဲ႕ 
Link ခ်ိတ္ဆက္နုိင္ေအာင္ဆက္လုပ္မယ္ ဟု Smart ေဂါပကမွ ေျပာဆိုေတာ္မူလိုက္သည္။

Friday, March 15, 2019

“က်ိဳက္ ထီးရိုး” ေတာင္ၿပိဳက်မည္ ကို စိုးရိမ္ေန


မြန္ ျပည္နယ္၊ က်ိဳက္ထိုၿမိဳ႕နယ္ရွိ ဆံေတာ္ရွင္က်ိဳက္ထီးရိုးေစတီရွိရာေတာင္ေပၚတြင္ ေနထိုင္သူမ်ားက စည္းကမ္းမဲ့အမိႈက္စြန္႔ပစ္မႈမ်ားေၾကာင့္ သဘာဝပတ္ဝန္းက်င္ ထိခိုက္ေနၿပီး ေရရွည္တြင္ က်ိဳဳက္ထီးရိုးေတာင္ ၿပိဳက်လာမည္ကို စိုးရိမ္ေနရေၾကာင္း ေဒသခံမ်ားထံမွ သိရွိရသည္။

က်ိဳက္ ထီး႐ိုးေတာင္ပတ္လည္၌ စည္းကမ္းမဲ့ စြန္႔ပစ္ထားသည့္ အမိႈက္ပံုမ်ားတြင္ ၾကြက္မ်ားရွိေနၿပီး ၎တို႔ ေနထိုင္ရန္ တြင္းမ်ား တူးျခင္းေၾကာင့္ ေျမသားမ်ားၾကြလာျခင္း၊ မိုးတြင္းကာလတြင္ မိုးေရမ်ားမွာ အမိႈက္ပံုမ်ားရွိ ပလပ္စတစ္အိတ္မ်ားအတြင္း ဝင္ေရာက္ၿပီ ေရပမာဏမ်ားလာသည့္အခါ ေျမၿပိဳျခင္းမ်ား ျဖစ္ေပၚလာေနေသာေၾကာင့္ ေရရွည္တြင္ ေတာင္ၿပိဳက်မည့္အေရး

စိုးရိမ္ေနရေၾကာင္း ကင္မြန္းေခ်ာင္းေက်းရြာ၊ က်ိဳက္ထီး႐ိုး ရင္ျပင္ေတာ္ပိုင္ ရာအိမ္မွဴး ဦးေက်ာ္မင္းဦးက ေျပာသည္။
“ေတာင္ ကမ္းပါးေတြမွာ အမိႈက္ေတြကိုလာသြန္ခ်ၾကတယ္။ သြန္ခ်ပါမ်ားလာေတာ့ ေတာင္ကမ္းပါးယံမွာရွိေနတဲ့သစ္ေတာ သစ္ပင္ သဘာဝေတြကိုဖံုးသြားတယ္။ အမိႈက္ထုက နည္းနည္းေနာေနာမွမဟုတ္တာ။ အမိႈက္ေတြ မ်ားလား၊ မမ်ားလားဆို အေဝးကၾကည့္ရင္ ေရတံခြန္ႀကီးလိုျဖစ္ေနတာ။
အ မိႈက္ပစ္ထားတဲ့ေနရာမွာ ဘာအပင္မွ မေပါက္ေတာ့ဘူး။ ေနာက္တစ္ခု မိုးရြာတဲ့အခါမွာ ၾကြက္တူးထားတာရယ္၊မိုး ကေကာင္းေကာင္းရြာလာေတာ့ ေျမသားေတြကႏူးလာၿပီး ေရဝိတ္က အမိႈက္ေတြေပၚတင္က်န္ေနေတာ့ေျမ သားေတြကိုဆြဲခ်သလို ၿပိဳက်ကုန္ တယ္။ မႏွစ္ကဆို တစ္ညတည္းမွာ ၅ ေနရာၿပိဳက်တယ္။

စုစုေပါင္း ၇ ေနရာၿပိဳတယ္။ ဒီတိုင္းပဲသြားေနမယ္ဆို ရင္ေတာ့ ေတာေတာင္သဘာဝပတ္ဝန္းက်င္ေတြ ပ်က္စီးလာမယ္။
ဟိုေနရာကပဲ့က်လိုက္၊ ဒီေနရာကပဲ့က်လိုက္ နဲ႔ ကုန္သြားမွာစိုးရတယ္။ ဒီလိုသာဆိုရင္ ျပည္တြင္းျပည္ပဘုရားဖူးေတြမလာေတာ့ရင္
ဆုတ္ယုတ္မႈေတြျဖစ္လာမယ္။ ဒီထက္ဆိုးရြားလာရင္ လူေတြပါ အသက္အႏၲရာယ္ရွိလာႏိုင္တယ္။”ဟု ဦးေက်ာ္မင္းဦးက ေျပာသည္။
က်ိဳက္ထီး႐ိုးေတာင္သဘာဝပတ္ဝန္းက်င္ မပ်က္စီးေစေရးအတြက္ တာဝန္ရွိသူအဖြဲ႔အစည္းမ်ား၊ ေဒသခံျပည္သူမ်ား၊ဘုရားဖူးျပည္သူမ်ားအေနျဖင့္ စည္းကမ္းလိုက္နာရန္လိုအပ္ၿပီး ထြက္ရွိလာေသာအမိႈက္မ်ားအား စနစ္တက်ဖ်က္ဆီးေပးႏိုင္ရန္တာဝန္ရွိသူမ်ားဖက္က ေဆာင္ရြက္ေပးသင့္ေၾကာင္း ဦးေက်ာ္မင္းဦးက ဆက္ေျပာသည္။

က်ိဳက္ထီး႐ိုးေတာင္ရင္ျပင္ေတာ္ႏွင့္ ေတာင္ဝန္းက်င္ရွိေစ်းဆိုင္မ်ားမွ ေန႔စဥ္အမိႈက္ ၅ တန္ခန္႔ထြက္ရွိေနၿပီး အဆိုပါ အမိႈက္မ်ားအားေဂါပကအဖြဲ႔ကသတ္မွတ္ေပးထားေသာ အမိႈက္စြန္႔ပစ္ရန္ေနရာမ်ားတြင္ စြန္႔ပစ္သူမ်ား ရွိသလို အဆင္ေျပသလို စည္းကမ္းမဲ့ စြန္႔ပစ္ေနသူမ်ားလည္းရွိေၾကာင္း သိရသည္။

“ယခင္ကေတာ့ ေတာင္ေပၚမွာ အမိႈက္ေတြကို ေနရာတစ္ခုသတ္မွတ္ေပးၿပီးစြန္႔ပစ္ခိုင္းပါတယ္။ ခုဆိုရင္ ေတာင္ေပၚမွာ အမိႈက္ခြဲျခားသန္႔စင္စက္ရယ္
၊ အမိႈက္မီးရိႈ႕စက္ရယ္ ၂ ခုရွိေနၿပီ။ အမိႈက္မီးရိႈ႕စက္ကေတာ့ အလွဴရွင္က လာလွဴထားေပးတယ္။ သူက မီးရိႈ႕ဖ်က္ဆီးႏိုင္တဲ့ ပမာဏနည္းေနတယ္။
သန္႔စင္စက္ကေတာ့ တစ္ေန႔ကို ၁၀ တန္ေက်ာ္ေလာက္ သန္႔စင္ဖ်က္ဆီးႏိုင္တယ္ဆိုေတာ့ စက္႐ံုေတြလည္ပတ္သြားတဲ့အခါမွာ အဆင္ေျပသြားမွာ ပါ။ စက္႐ံုေတြလည္ပတ္ၿပီဆိုရင္လည္း ထြက္လာတဲ့အမိႈက္ေတြကို လာေရာက္စြန္႔ပစ္ဖို႔ ေနရာသတ္မွတ္ေပး မယ္။

စည္းကမ္းမလိုက္နာသူေတြကိုေတာ့ အေရးယူႏိုင္ေအာင္ေဆာင္ရြက္သြားမယ္။”ဟု က်ိဳက္ထီး႐ိုးဘ႑ာ ေတာ္ထိန္းေဂါပကအဖြဲ႔ဝင္ ဦးတင္ဝင္းက ေျပာသည္။

အမိႈက္ခြဲျခားသန္႔စင္စက္ရံုအား က်ိဳက္ထီးရိုးရင္ျပင္ေတာ္အနီး ဆီမီး ၉၀၀၀ ဓမၼာ႐ံုအေနာက္ဘက္ႏွင့္ အမိႈက္မီး ႐ႈိ႕စက္အားမုဆိုးေတာင္အနီးတြင္ တည္ေဆာက္ၿပီးစီး၍ စမ္းသပ္လည္ပတ္မႈမ်ား ေဆာင္ရြက္ထားရွိၿပီးျဖစ္ကာ လုပ္ငန္းစတင္လည္ပတ္ရန္သာရွိေတာ့ေၾကာင္း သိရသည္။

၂၀၁၈ ခုႏွစ္ မိုးတြင္းကာလတြင္ အမိႈက္ပံုမ်ားေၾကာင့္ က်ိဳက္ထီးရိုးေတာင္ပတ္ဝန္းက်င္ရွိ ကိုးနဝင္းေက်ာင္းသြား လမ္း ႐ိုး႐ိုးေလးဟိုတယ္အေနာက္ဘက္ေနရာ၊ က်ီးပါးစပ္သြားလမ္း ရွမ္းေလးအေၾကာ္ဆိုင္အနီး၊ ရင္ျပင္ေတာ္ လမ္းဆံု အလုပ္သမားရံုးအေနာက္ဘက္၊
မုဆိုးေတာင္လမ္းႏွင့္ နတ္ေရတြင္းလမ္းၾကားရွိ ဦးသန္းေက်ာ္ေဌး ေဆးျမစ္ဆိုင္အေနာက္ဘက္၊ ေကာက္ညွင္းေပါင္းတန္းျပည့္စံုဓမၼာ႐ံုအနီး၊ ေက်ာက္စည္ယိုေစတီအနီး လူသြား လမ္းမ၊ ရင္ျပင္ေတာ္ ကိုးနဝင္းေစတီအနီး ေျမၿပိဳက်မႈမ်ားျဖစ္ေပၚခဲ့ေၾကာင္း သိရသည္။

 ေအာင္ျမင့္ထြန္း

Unicode version
မွန် ပြည်နယ်၊ ကျိုက်ထိုမြို့နယ်ရှိ ဆံတော်ရှင်ကျိုက်ထီးရိုးစေတီရှိရာတောင်ပေါ်တွင် နေထိုင်သူများက စည်းကမ်းမဲ့အမှိုက်စွန့်ပစ်မှုများကြောင့် သဘာဝပတ်ဝန်းကျင် ထိခိုက်နေပြီး ရေရှည်တွင် ကျိုုက်ထီးရိုးတောင် ပြိုကျလာမည်ကို စိုးရိမ်နေရကြောင်း ဒေသခံများထံမှ သိရှိရသည်။

ကျိုက် ထီးရိုးတောင်ပတ်လည်၌ စည်းကမ်းမဲ့ စွန့်ပစ်ထားသည့် အမှိုက်ပုံများတွင် ကြွက်များရှိနေပြီး ၎င်းတို့ နေထိုင်ရန် တွင်းများ တူးခြင်းကြောင့် မြေသားများကြွလာခြင်း၊ မိုးတွင်းကာလတွင် မိုးရေများမှာ အမှိုက်ပုံများရှိ ပလပ်စတစ်အိတ်များအတွင်း ဝင်ရောက်ပြီ ရေပမာဏများလာသည့်အခါ မြေပြိုခြင်းများ ဖြစ်ပေါ်လာနေသောကြောင့် ရေရှည်တွင် တောင်ပြိုကျမည့်အရေး

စိုးရိမ်နေရကြောင်း ကင်မွန်းချောင်းကျေးရွာ၊ ကျိုက်ထီးရိုး ရင်ပြင်တော်ပိုင် ရာအိမ်မှူး ဦးကျော်မင်းဦးက ပြောသည်။

“တောင် ကမ်းပါးတွေမှာ အမှိုက်တွေကိုလာသွန်ချကြတယ်။ သွန်ချပါများလာတော့ တောင်ကမ်းပါးယံမှာရှိနေတဲ့

သစ်တော သစ်ပင် သဘာဝတွေကိုဖုံးသွားတယ်။ အမှိုက်ထုက နည်းနည်းနောနောမှမဟုတ်တာ။ အမှိုက်တွေ များလား၊ မများလားဆို အဝေးကကြည့်ရင် ရေတံခွန်ကြီးလိုဖြစ်နေတာ။

အ မှိုက်ပစ်ထားတဲ့နေရာမှာ ဘာအပင်မှ မပေါက်တော့ဘူး။ နောက်တစ်ခု မိုးရွာတဲ့အခါမှာ ကြွက်တူးထားတာရယ်၊

မိုး ကကောင်းကောင်းရွာလာတော့ မြေသားတွေကနူးလာပြီး ရေဝိတ်က အမှိုက်တွေပေါ်တင်ကျန်နေတော့

မြေ သားတွေကိုဆွဲချသလို ပြိုကျကုန် တယ်။ မနှစ်ကဆို တစ်ညတည်းမှာ ၅ နေရာပြိုကျတယ်။

စုစုပေါင်း ၇ နေရာပြိုတယ်။ ဒီတိုင်းပဲသွားနေမယ်ဆို ရင်တော့ တောတောင်သဘာဝပတ်ဝန်းကျင်တွေ ပျက်စီးလာမယ်။

ဟိုနေရာကပဲ့ကျလိုက်၊ ဒီနေရာကပဲ့ကျလိုက် နဲ့ ကုန်သွားမှာစိုးရတယ်။ ဒီလိုသာဆိုရင် ပြည်တွင်းပြည်ပဘုရားဖူးတွေမလာတော့ရင်

ဆုတ်ယုတ်မှုတွေဖြစ်လာမယ်။ ဒီထက်ဆိုးရွားလာရင် လူတွေပါ အသက်အန္တရာယ်ရှိလာနိုင်တယ်။”ဟု ဦးကျော်မင်းဦးက ပြောသည်။

ကျိုက်ထီးရိုးတောင်သဘာဝပတ်ဝန်းကျင် မပျက်စီးစေရေးအတွက် တာဝန်ရှိသူအဖွဲ့အစည်းများ၊ ဒေသခံပြည်သူများ၊

ဘုရားဖူးပြည်သူများအနေဖြင့် စည်းကမ်းလိုက်နာရန်လိုအပ်ပြီး ထွက်ရှိလာသောအမှိုက်များအား စနစ်တကျဖျက်ဆီးပေးနိုင်ရန်

တာဝန်ရှိသူများဖက်က ဆောင်ရွက်ပေးသင့်ကြောင်း ဦးကျော်မင်းဦးက ဆက်ပြောသည်။

ကျိုက်ထီးရိုးတောင်ရင်ပြင်တော်နှင့် တောင်ဝန်းကျင်ရှိဈေးဆိုင်များမှ နေ့စဉ်အမှိုက် ၅ တန်ခန့်ထွက်ရှိနေပြီး အဆိုပါ အမှိုက်များအား

ဂေါပကအဖွဲ့ကသတ်မှတ်ပေးထားသော အမှိုက်စွန့်ပစ်ရန်နေရာများတွင် စွန့်ပစ်သူများ ရှိသလို အဆင်ပြေသလို စည်းကမ်းမဲ့ စွန့်ပစ်နေသူများလည်းရှိကြောင်း သိရသည်။

“ယခင်ကတော့ တောင်ပေါ်မှာ အမှိုက်တွေကို နေရာတစ်ခုသတ်မှတ်ပေးပြီးစွန့်ပစ်ခိုင်းပါတယ်။ ခုဆိုရင် တောင်ပေါ်မှာ အမှိုက်ခွဲခြားသန့်စင်စက်ရယ်

၊ အမှိုက်မီးရှို့စက်ရယ် ၂ ခုရှိနေပြီ။ အမှိုက်မီးရှို့စက်ကတော့ အလှူရှင်က လာလှူထားပေးတယ်။ သူက မီးရှို့ဖျက်ဆီးနိုင်တဲ့ ပမာဏနည်းနေတယ်။

သန့်စင်စက်ကတော့ တစ်နေ့ကို ၁၀ တန်ကျော်လောက် သန့်စင်ဖျက်ဆီးနိုင်တယ်ဆိုတော့ စက်ရုံတွေလည်ပတ်သွားတဲ့အခါမှ

ာ အဆင်ပြေသွားမှာ ပါ။ စက်ရုံတွေလည်ပတ်ပြီဆိုရင်လည်း ထွက်လာတဲ့အမှိုက်တွေကို လာရောက်စွန့်ပစ်ဖို့ နေရာသတ်မှတ်ပေး မယ်။

စည်းကမ်းမလိုက်နာသူတွေကိုတော့ အရေးယူနိုင်အောင်ဆောင်ရွက်သွားမယ်။”ဟု ကျိုက်ထီးရိုးဘဏ္ဍာ တော်ထိန်းဂေါပကအဖွဲ့ဝင် ဦးတင်ဝင်းက ပြောသည်။

အမှိုက်ခွဲခြားသန့်စင်စက်ရုံအား ကျိုက်ထီးရိုးရင်ပြင်တော်အနီး ဆီမီး ၉၀၀၀ ဓမ္မာရုံအနောက်ဘက်နှင့် အမှိုက်မီး ရှို့စက်အား

မုဆိုးတောင်အနီးတွင် တည်ဆောက်ပြီးစီး၍ စမ်းသပ်လည်ပတ်မှုများ ဆောင်ရွက်ထားရှိပြီးဖြစ်ကာ လုပ်ငန်းစတင်လည်ပတ်ရန်သာရှိတော့ကြောင်း သိရသည်။

၂၀၁၈ ခုနှစ် မိုးတွင်းကာလတွင် အမှိုက်ပုံများကြောင့် ကျိုက်ထီးရိုးတောင်ပတ်ဝန်းကျင်ရှိ ကိုးနဝင်းကျောင်းသွား လမ်

း ရိုးရိုးလေးဟိုတယ်အနောက်ဘက်နေရာ၊ ကျီးပါးစပ်သွားလမ်း ရှမ်းလေးအကြော်ဆိုင်အနီး၊ ရင်ပြင်တော် လမ်းဆုံ အလုပ်သမားရုံးအနောက်ဘက်၊

မုဆိုးတောင်လမ်းနှင့် နတ်ရေတွင်းလမ်းကြားရှိ ဦးသန်းကျော်ဌေး ဆေးမြစ်ဆိုင်အနောက်ဘက်၊ ကောက်ညှင်းပေါင်းတန်း

ပြည့်စုံဓမ္မာရုံအနီး၊ ကျောက်စည်ယိုစေတီအနီး လူသွား လမ်းမ၊ ရင်ပြင်တော် ကိုးနဝင်းစေတီအနီး မြေပြိုကျမှုများဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။
 အောင်မြင့်ထွန်း

Thursday, March 14, 2019

မင္းညီ မင္းသားေတြ မဖူးရ’ အမိန္႔ေတာ္ ထုတ္ျပန္ၿပီး ေသာ႔ခတ္လို႔ိ အေစာင့္္ ေတြ ခ်ထားခဲ႔ရတဲဲ႔ ဆုေတာင္းျပည့္ရုပ္ပြားေတာ္ျမတ္


အ ေနာ္ရထာမင္းႀကီးလက္ထက္္မွာ တစ္ႀကိမ္…၊ နရပတိစည္သူမင္းႀကီးလက္ထက္မွာ တစ္ႀကိမ္… မည္သည့္မင္းညီမင္းသားမွ မဖူးရလို႔အမိန္႔ေတာ္ထုတ္ျပန္ျပီး အစာင့္ေတြခ်ထားကာ ေသာ့ခတ္ထားခဲ႔ရတယ္ ဆိုတဲ႔ ရုပ္ပြားေတာ္ျမတ္ေရွ႕ကို တေန႔ကေရာက္ခဲ႔တယ္။ဘုရားကိုဖူးေတြ႕လိုက္တာနဲ႔ .. ‘ အို … သပၸါယ္လိုက္တာ ‘ လို႔ ပါးစပ္က ေရာင္ရမ္းပီး ထြက္သြားမိတဲ႔ဲ အထိပါပဲ …။
တ ကယ့္ကို ရင္ထဲမွာ ေအးခ်မ္းသြားေအာင္ သပၸါယ္လိုက္တာ … ။ စပါယ္နဲ႔ ဇြန္းပန္းေတြကို ရင္ဘတ္ေတာ္မွာ ပူေဇာ္ထားတာကလည္းေမြးႀကိဳင္ေနတာပါပဲ ။ေရႊသကၤန္းကပ္ျပီး ဆုေတာင္းခဲ႔မိတာေလးဟာတစ္ကယ္ျပည့္ဝခဲ႔တာမို႔ သူငယ္ခ်င္းေတြကို မ်ွေဝေပးခ်င္မိခဲ႔ပါတယ္..။
ဆုေတာင္း ျပည့္ဝလြန္းတယ္ဆိုတဲ႔ဇတ္ေႀကာင္းေလးကိုဖတ္မိရင္ ပိုျပီးေလးနက္ေစမွာမို႔ ဇတ္လမ္းေလးကိုိအတိုခ်ဳပ္လို႔ ေရးပါရေစ …။
ပု ဂံေနျပည္ေတာ္မွာ မင္းယဥ္နရသိခၤ ဘုရင္ အုပ္စိုးခ်ိန္မွာ အိမ္ေရွ႕စံညီေတာ္ကေတာ့ နရပတိစည္သူ ျဖစ္ပါတယ္။ေနာင္ေတာ္ဘုရင္ဟာညီေတာ္အိမ္ေရွ႕မင္းရဲ႕ မိဘုရားျဖစ္တဲ႔ ေဝဠဳဝတီကို တပ္မက္စြဲလန္းမိတာေႀကာင့္ ညီေတာ္ကို လိမ္လည္ျပီး ေရွ႕တန္းစစ္မ်က္ႏွာကို စစ္တိုက္္ဖို႔ လႊတ္လိုက္ပါတယ္ …။ထံုးစံအတိုင္း ‘ ငေဆာင္ခ်မ္း ‘အရပ္ေပါ့ ။အဲဒီကာလတုန္းက ေနျပည္ေတာ္ရဲ႕စစ္မ်က္ႏွာဟာ တရုတ္ေတြနဲ႔ပဲ ရွိခဲ႔တာမို႔ တရုတ္ေတြရဲ႕ ေရွ႕တန္းစစ္မ်က္ႏွာဟာ ဗန္းေမာ္ျမိဳ႕အနီးမွာ ရွိတဲ႔ ေရွ႕တန္းစခန္း ငေဆာင္ခ်မ္းျဖစ္ခဲ႔ရပါတယ္ ။
ညီေတာ္ နရပတိစည္သူ စစ္ထြက္သြားတဲ႔ အခ်ိန္မွာ ဘုရင္ မင္းယဥ္နရသိခၤဟာ ညီေတာ္ရဲ႕ မိဘုရားေဝဠဳဝတီကိုိ သိမ္းပိုက္ခဲ႔ပါတယ္ ..။ေဝဠဳဝတီဆိုတာ .. ဝါးထဲကရတဲ႔သံေသဒဇ မိန္းကေလးျဖစ္တာမို႔ လွပေခ်ာေမာလြန္းတယ္လို႔ ဖတ္ခဲ႔ရဖူးပါတယ္။


ေနျပည္ေတာ္မွာ အေႀကာင္းထူးရင္ လိုက္ခဲ႔ဖို႔ မွာထားခဲ႔တဲ႔ အိမ္ေရွ႕စံရဲ႕တပည့္ ျမင္းေတာ္ခံငျပည့္ဟာ ခ်က္္ခ်င္းလိုက္လာခဲ႔ေပမယ့္ ဗန္းေမာ္ျမိဳ႕အနီးက ငါးပတ္ေခ်ာင္းကို ေရာက္တဲ႔အခ်ိန္ ပင္ပန္းလြန္းလို႔စခန္းခ်ျပီးအိပ္စက္ခဲ႔မိပါတယ္ ။ငပတ္ေခ်ာင္းရဲ႕ တဖက္ကမ္းမွာ သူ႔ရဲ႕ သခင္စစ္တပ္ႀကီး စခန္းခ်ေနခဲ႔တာကို မသိခဲ႔ရွာဘူးေပါ့ … ။ ဒါဟာ ႀကမၼာငင္တယ္လို႔ ေျပာရမယ္ ထင္ပါရဲ႕ … ။
ငျပည့္စီးတဲ႔ ျမင္းဟာ အိမ္ေရွ႕စံနရပတိစည္သူရဲ႕ ျမင္းျဖစ္တာမို႔ ေခ်ာင္းတစ္ဖက္ကမ္းက သူ႕သခင္္ရဲ႕ အနံ႔ရတဲ႔ ျမင္းေတာ္ကေတာ့တစ္ညလံုး ဟီေနေတာ့တာေပါ့ ..။အိမ္ေရွ႕မင္း နရပတိစည္သူဟာ သူ႕ျမင္းဟီသံေႀကာင့္ အေႀကာင္းထူးျပီဆိုတာ သိျပီး တစ္ညလံုး အိပ္လို႔ မေပ်ာ္ႏိုင္ခဲ႔ပါဘူး …။ ဘယ္အခ်ိန္ေရာက္လာႏိုး ေမ်ွာ္ကိုးခဲ႔ေပမယ္႔ျမင္းေတာ္ခံ ငျပည့္ကေတာ့ မနက္မိုးလင္းမွ ေရာက္လာခဲ႔ျပီး မိဖုရားကို ဘုရင္သိမ္းပိုက္သြားျပီ ျဖစ္ေႀကာင္း ေလ်ွာက္တင္ပါေတာ့တယ္ ။နရပတိစည္သူရဲ႕ ေဒါသဟာငယ္ထိပ္အထိ တတ္သြားခဲ႔ပါတယ္ ..။
‘ ငါတို႔ိ မင္းဟူသည္ .. တစ္ညတာအခ်ိန္ဆိုတာ အႀကံအားလံုး ျပီးေျမာက္ႏိုင္ေႀကာင္း .. ဒီေလာက္အေရးႀကီးတဲ႔ ကိစၥကို ခ်က္ခ်င္းလာေရာက္ျပီး မေလ်ွာက္တင္ရေကာင္းလား ‘ လို႔ အမ်က္ေတာ္ရွျပီး ျမင္းေတာ္ခံငျပည့္ကို ကြပ္မ်က္လိုက္ပါတယ္ ။ ေနာက္ျပီး ဧရာဝတီျမစ္ေႀကာင္းအတိုင္း စံုဆင္းခဲ႔ပါတယ္ ။
ဧရာဝတီျမစ္ကမ္းနေဘးမွာတည္ရွိတဲ႔ ဒီဘုရားေစတီကို ေရာက္္လာတဲ႔အခါ ခဏနားလို႔ ဘုရားေစာင္းတန္းအတိုင္းတတ္လာျပီးဆုေတာင္းျပည့္ဘုရားဆင္းတုေတာ္ျမတ္ကို ဖူးေမ်ွာ္ႀကည္ညိဳပါတယ္။ပါလာတဲ႔ ပုဝါျဖဴကို ကပ္လွဴပူေဇာ္ျပီး သစၥာအဓိဌာန္ ျပဳပါေတာ့တယ္ ။



‘ တပည့္ေတာ္သည္ သစၥာမတည္
သည့္ ေနာင္ေတာ္ဘုရင္မင္းျမတ္ကို
အျပီးတိုင္ လုပ္ႀကံ၍ ေအာင္ျမင္ခဲ႔
မည္ ဆိုပါလ်ွင္ ဤပုဝါစကို ဘုရား
ရွင္မွ ကိုယ္ေတာ္လ်၍ ခံယူေတာ္မူ
ပါေစသတည္း.. ‘

အိမ္ေရွ႕စံရဲ႕ ပုဝါျဖဴစဟာ ေလမွာဝဲပ်ံၿပီး ဘုရားရွင္ထံ လြင့္ေမ်ာသြားခဲ႔ျပီး ထူူးျခားစြာ ဘုရား ရွင္ရဲ႕ လက္ေတာ္ေပၚကို ေရာက္ရွိ
ခံယူေတာ္မူခဲ႔ပါတယ္ ။နရပတိစည္သူဟာ သစၥာဓိဌာန္ျပဳခဲ႔ရာမွာ ေအာင္ျမင္ခဲ႔တာေႀကာင့္ ဝမ္းသာအားရစြာနဲ႔ ခ်ီတတ္လာခဲ႔ပါတယ္။

သူ႔ရဲ႕ ငယ္ကြ်န္တစ္ဦးျဖစ္တဲ႔ေအာင္စြာငယ္ကို တိတ္တဆိတ္လႊတ္လို႔ လုပ္ႀကံေစရာမွာ ေအာင္္ျမင္ခဲ႔ျပီး ဘုရင္မင္းယဥ္နရသိခၤ က်ဆံုးလို႔ နရပတိစည္သူ မင္းျဖစ္လာခဲ႔ပါတယ္ ။သစၥာအဓိဌာန္ေအာင္ျမင္ၿပီး ဆုေတာင္းျပည့္လြန္းတဲ႔ ဆုေတာင္းျပည့္ျမတ္စြာဘုရားဆင္းတုေတာ္ေႀကာင့္ ဘုရင္နရပတိစည္သူဟာတက္ မေအးႏိုင္ခဲ႔ပါဘူးတဲ႔ … ။
ဘာေႀကာင့္လည္းဆို္ရင္ နန္းတြင္းက မင္းညီမင္းသားေတြဟာလည္းသူလိုဆုေတာင္းျပီး နန္းလုမွာကိုပူပန္ေသာက ျဖစ္ခဲ႔ရတယ္လို႔ ဖတ္ခဲ႔ရဖူးပါတယ္။ ဒါေႀကာင့္ အမတ္ႀကီးေတြနဲ႔ တိုင္ပင္တဲ႔အခါမွာ အရင္ဘိုးေဘးေတြျဖစ္တဲ႔ အေနာ္ရထာမင္းႀကီးလက္ထက္မွာလည္း အခုလိုဆုေတာင္းျပည့္လြန္းတာေႀကာင့္္မင္းညီမင္းသားေတြ ဖူးေမ်ွာ္ခြင့္ပိတ္ျပီး အေစာင့္ခ်ထားဖူးပါေႀကာင္း …ပုဂံမင္းလက္ထက္မွာလည္း ျပဳျပင္မြမ္းမံခဲ႔ျပီး ျမန္မာမင္းအဆက္ဆက္တို႔လက္ထက္မွာလည္း မင္းညီမင္းသားအားလံုး ဆုမေတာင္းရ၊မဖူးေမ်ွာ္ရလို႔ တင္းႀကပ္စြာ တားျမစ္္ထားခဲ႔ရတဲ႔အထိ ဆုေတာင္းျပည့္လြန္းလွတဲ႔ ဆုေတာင္းျပည့္ဘုရားအစစ္တစ္ဆူ ျဖစ္ေႀကာင္း ေလ်ွာက္တင္ႀကပါတယ္။
ဒါေႀကာင့္ နရပတိစည္သူလက္ထက္မွာလည္း ဒီဆုေတာင္းျပည့္ရုပ္ပြားေတာ္ျမတ္ႀကီးကို မင္းညီမင္းသားမ်ား မဖူးေမ်ွာ္ရဆိုတဲ႔ အမိန္႔တစ္ရပ္ ခ်မွတ္လို႔ ေစာင့္ေရွာက္ခဲ႔ရတယ္လို႔ မွတ္သားခဲ႔ရပါတယ္ ။ေရႊတိဂံုဘုရား အထက္ပစၥယံမွာရွိတဲ႔ ပတၱျမားမ်က္ရွင္ ရုပ္ပြားေတာ္္လို တန္ခိုးႀကီးဆင္းတုေတာ္ေတြျဖစ္မယ္ထင္ပါတယ္ …။
ကြ်န္ေတာ္ငယ္ငယ္က အေမနဲ႔မႏၲေလးကို ေစ်းဝယ္လိုက္တိုင္း …ရန္ကုန္မွာ ေက်ာင္းတတ္ရင္း ..ေက်ာင္းပိတ္လို႔ အိမ္ျပန္ခ်ိန္ …ဧရာျမစ္ျပင္ကို ကားနဲ႔ ျဖတ္တိုင္း..စစ္ကိုင္းတံတားႀကီးေပၚကလွမ္းျမင္္ရတဲ႔ဒီဘုရားေစတီကို အေဝးကေနၿပီးဖူးေမ်ွာ္ႀကည္ညိဳခဲ႔ မိပါတယ္ .. ။

ဒါေပမယ္႔ … ဒီဘုရားေစတီအတြင္းမွာ ဒီလိုတန္ခိုးႀကီးတဲ႔ ရုပ္ပြားေတာ္ျမတ္ႀကီး ကိန္းဝပ္စံပါယ္ေတာ္မူေနမွန္း မသိခဲ႔ရိုးအမွန္ပါ ..။တေန႔ကမွ အေႀကာင္းတိုက္ဆိုင္လို႔ဖူးခဲ႔ရတာ ျဖစ္ပါတယ္ ။ငယ္ငယ္တုန္းက ဒီဘုရားကိုစိတ္ဝင္စားခဲ႔တာက … အေႀကာင္းအရာတစ္ခုနဲ႔ပါ ။ အဲတာကေတာ့ဘုရင္နရပတိစည္သူရယ္၊မြန္သူရဲေကာင္း ရမန္ငေထြးရယ္ ၊နရပတိစည္သူနဲ႔ အတိတ္က ရန္ေႀကြးရွိခဲ႔တဲ႔မိေခ်ာင္းႀကီးရယ္ … သံုးပြင့္ဆိုင္ဇတ္လမ္းေလးကို သတိယမိလို႔ ျဖစ္ပါတယ္ …။
ဒါဆိုရင္ … သမိုင္းစိတ္ဝင္စားသူေတြအေနနဲ႔ မင္းဝံေတာင္တစ္ဖက္ကမ္းမွာရွိတဲ႔ ဧရာျမစ္ေဘးက ဘယ္ဘုရားေစတီလည္းဆိုတာ သိိႀကမယ္ ထင္ပါတယ္ …. ။
( ဆက္လက္ တင္ျပေပးပါမည္ ။)
(စစ္ကိုင္းေတာင္ တစ္ဖက္ကမ္းကေရႊႀကက္ယက္ ေရႊႀကက္က်ဘုရားေတြျဖစ္ျပီး ဒီဆုေတာင္းျပည့္ကိုယ္ေတာ္ျမတ္ႀကီးကေတာ့ ေရႊႀကက္ယက္ေစတီအတြင္းမွာ ရွိပါတယ္ ။ပေဟဠိလုပ္လုိက္မိရာကေန Com.ေတြပါ ေျဖေနရတာေမာလို႔ ထပ္ျဖည့္ျပီး တင္ေပးလိုက္ပါျပီ ။)
12.3.2019 King ……(Anawyahtar King)

Unicode version
အ နော်ရထာမင်းကြီးလက်ထက်မှာ တစ်ကြိမ်…၊ နရပတိစည်သူမင်းကြီးလက်ထက်မှာ တစ်ကြိမ်… မည်သည့်မင်းညီမင်းသားမှ မဖူးရလို့အမိန့်တော်ထုတ်ပြန်ပြီး အစာင့်တွေချထားကာ သော့ခတ်ထားခဲ့ရတယ် ဆိုတဲ့ ရုပ်ပွားတော်မြတ်ရှေ့ကို တနေ့ကရောက်ခဲ့တယ်။ဘုရားကိုဖူးတွေ့လိုက်တာနဲ့ .. ‘ အို … သပ္ပါယ်လိုက်တာ ‘ လို့ ပါးစပ်က ရောင်ရမ်းပီး ထွက်သွားမိတဲ့ဲ အထိပါပဲ …။
တ ကယ့်ကို ရင်ထဲမှာ အေးချမ်းသွားအောင် သပ္ပါယ်လိုက်တာ … ။ စပါယ်နဲ့ ဇွန်းပန်းတွေကို ရင်ဘတ်တော်မှာ ပူဇော်ထားတာကလည်းမွေးကြိုင်နေတာပါပဲ ။ရွှေသင်္ကန်းကပ်ပြီး ဆုတောင်းခဲ့မိတာလေးဟာတစ်ကယ်ပြည့်ဝခဲ့တာမို့ သူငယ်ချင်းတွေကို မျှဝေပေးချင်မိခဲ့ပါတယ်..။
ဆုတောင်း ပြည့်ဝလွန်းတယ်ဆိုတဲ့ဇတ်ကြောင်းလေးကိုဖတ်မိရင် ပိုပြီးလေးနက်စေမှာမို့ ဇတ်လမ်းလေးကိုအတိုချုပ်လို့ ရေးပါရစေ …။
ပု ဂံနေပြည်တော်မှာ မင်းယဉ်နရသိင်္ခ ဘုရင် အုပ်စိုးချိန်မှာ အိမ်ရှေ့စံညီတော်ကတော့ နရပတိစည်သူ ဖြစ်ပါတယ်။နောင်တော်ဘုရင်ဟာညီတော်အိမ်ရှေ့မင်းရဲ့ မိဘုရားဖြစ်တဲ့ ဝေဠုဝတီကို တပ်မက်စွဲလန်းမိတာကြောင့် ညီတော်ကို လိမ်လည်ပြီး ရှေ့တန်းစစ်မျက်နှာကို စစ်တိုက်ဖို့ လွှတ်လိုက်ပါတယ် …။ထုံးစံအတိုင်း ‘ ငဆောင်ချမ်း ‘အရပ်ပေါ့ ။အဲဒီကာလတုန်းက နေပြည်တော်ရဲ့စစ်မျက်နှာဟာ တရုတ်တွေနဲ့ပဲ ရှိခဲ့တာမို့ တရုတ်တွေရဲ့ ရှေ့တန်းစစ်မျက်နှာဟာ ဗန်းမော်မြို့အနီးမှာ ရှိတဲ့ ရှေ့တန်းစခန်း ငဆောင်ချမ်းဖြစ်ခဲ့ရပါတယ် ။
ညီတော် နရပတိစည်သူ စစ်ထွက်သွားတဲ့ အချိန်မှာ ဘုရင် မင်းယဉ်နရသိင်္ခဟာ ညီတော်ရဲ့ မိဘုရားဝေဠုဝတီကို သိမ်းပိုက်ခဲ့ပါတယ် ..။ဝေဠုဝတီဆိုတာ .. ဝါးထဲကရတဲ့သံသေဒဇ မိန်းကလေးဖြစ်တာမို့ လှပချောမောလွန်းတယ်လို့ ဖတ်ခဲ့ရဖူးပါတယ်။


နေပြည်တော်မှာ အကြောင်းထူးရင် လိုက်ခဲ့ဖို့ မှာထားခဲ့တဲ့ အိမ်ရှေ့စံရဲ့တပည့် မြင်းတော်ခံငပြည့်ဟာ ချက်ချင်းလိုက်လာခဲ့ပေမယ့် ဗန်းမော်မြို့အနီးက ငါးပတ်ချောင်းကို ရောက်တဲ့အချိန် ပင်ပန်းလွန်းလို့စခန်းချပြီးအိပ်စက်ခဲ့မိပါတယ် ။ငပတ်ချောင်းရဲ့ တဖက်ကမ်းမှာ သူ့ရဲ့ သခင်စစ်တပ်ကြီး စခန်းချနေခဲ့တာကို မသိခဲ့ရှာဘူးပေါ့ … ။ ဒါဟာ ကြမ္မာငင်တယ်လို့ ပြောရမယ် ထင်ပါရဲ့ … ။
ငပြည့်စီးတဲ့ မြင်းဟာ အိမ်ရှေ့စံနရပတိစည်သူရဲ့ မြင်းဖြစ်တာမို့ ချောင်းတစ်ဖက်ကမ်းက သူ့သခင်ရဲ့ အနံ့ရတဲ့ မြင်းတော်ကတော့တစ်ညလုံး ဟီနေတော့တာပေါ့ ..။အိမ်ရှေ့မင်း နရပတိစည်သူဟာ သူ့မြင်းဟီသံကြောင့် အကြောင်းထူးပြီဆိုတာ သိပြီး တစ်ညလုံး အိပ်လို့ မပျော်နိုင်ခဲ့ပါဘူး …။ ဘယ်အချိန်ရောက်လာနိုး မျှော်ကိုးခဲ့ပေမယ့်မြင်းတော်ခံ ငပြည့်ကတော့ မနက်မိုးလင်းမှ ရောက်လာခဲ့ပြီး မိဖုရားကို ဘုရင်သိမ်းပိုက်သွားပြီ ဖြစ်ကြောင်း လျှောက်တင်ပါတော့တယ် ။နရပတိစည်သူရဲ့ ဒေါသဟာငယ်ထိပ်အထိ တတ်သွားခဲ့ပါတယ် ..။
‘ ငါတို့ိ မင်းဟူသည် .. တစ်ညတာအချိန်ဆိုတာ အကြံအားလုံး ပြီးမြောက်နိုင်ကြောင်း .. ဒီလောက်အရေးကြီးတဲ့ ကိစ္စကို ချက်ချင်းလာရောက်ပြီး မလျှောက်တင်ရကောင်းလား ‘ လို့ အမျက်တော်ရှပြီး မြင်းတော်ခံငပြည့်ကို ကွပ်မျက်လိုက်ပါတယ် ။ နောက်ပြီး ဧရာဝတီမြစ်ကြောင်းအတိုင်း စုံဆင်းခဲ့ပါတယ် ။
ဧရာဝတီမြစ်ကမ်းနဘေးမှာတည်ရှိတဲ့ ဒီဘုရားစေတီကို ရောက်လာတဲ့အခါ ခဏနားလို့ ဘုရားစောင်းတန်းအတိုင်းတတ်လာပြီးဆုတောင်းပြည့်ဘုရားဆင်းတုတော်မြတ်ကို ဖူးမျှော်ကြည်ညိုပါတယ်။ပါလာတဲ့ ပုဝါဖြူကို ကပ်လှူပူဇော်ပြီး သစ္စာအဓိဌာန် ပြုပါတော့တယ် ။



‘ တပည့်တော်သည် သစ္စာမတည်
သည့် နောင်တော်ဘုရင်မင်းမြတ်ကို
အပြီးတိုင် လုပ်ကြံ၍ အောင်မြင်ခဲ့
မည် ဆိုပါလျှင် ဤပုဝါစကို ဘုရား
ရှင်မှ ကိုယ်တော်လျ၍ ခံယူတော်မူ
ပါစေသတည်း.. ‘

အိမ်ရှေ့စံရဲ့ ပုဝါဖြူစဟာ လေမှာဝဲပျံပြီး ဘုရားရှင်ထံ လွင့်မျောသွားခဲ့ပြီး ထူူးခြားစွာ ဘုရား ရှင်ရဲ့ လက်တော်ပေါ်ကို ရောက်ရှိ
ခံယူတော်မူခဲ့ပါတယ် ။နရပတိစည်သူဟာ သစ္စာဓိဌာန်ပြုခဲ့ရာမှာ အောင်မြင်ခဲ့တာကြောင့် ဝမ်းသာအားရစွာနဲ့ ချီတတ်လာခဲ့ပါတယ်။

သူ့ရဲ့ ငယ်ကျွန်တစ်ဦးဖြစ်တဲ့အောင်စွာငယ်ကို တိတ်တဆိတ်လွှတ်လို့ လုပ်ကြံစေရာမှာ အောင်မြင်ခဲ့ပြီး ဘုရင်မင်းယဉ်နရသိင်္ခ ကျဆုံးလို့ နရပတိစည်သူ မင်းဖြစ်လာခဲ့ပါတယ် ။သစ္စာအဓိဌာန်အောင်မြင်ပြီး ဆုတောင်းပြည့်လွန်းတဲ့ ဆုတောင်းပြည့်မြတ်စွာဘုရားဆင်းတုတော်ကြောင့် ဘုရင်နရပတိစည်သူဟာတက် မအေးနိုင်ခဲ့ပါဘူးတဲ့ … ။
ဘာကြောင့်လည်းဆိုရင် နန်းတွင်းက မင်းညီမင်းသားတွေဟာလည်းသူလိုဆုတောင်းပြီး နန်းလုမှာကိုပူပန်သောက ဖြစ်ခဲ့ရတယ်လို့ ဖတ်ခဲ့ရဖူးပါတယ်။ ဒါကြောင့် အမတ်ကြီးတွေနဲ့ တိုင်ပင်တဲ့အခါမှာ အရင်ဘိုးဘေးတွေဖြစ်တဲ့ အနော်ရထာမင်းကြီးလက်ထက်မှာလည်း အခုလိုဆုတောင်းပြည့်လွန်းတာကြောင့်မင်းညီမင်းသားတွေ ဖူးမျှော်ခွင့်ပိတ်ပြီး အစောင့်ချထားဖူးပါကြောင်း …ပုဂံမင်းလက်ထက်မှာလည်း ပြုပြင်မွမ်းမံခဲ့ပြီး မြန်မာမင်းအဆက်ဆက်တို့လက်ထက်မှာလည်း မင်းညီမင်းသားအားလုံး ဆုမတောင်းရ၊မဖူးမျှော်ရလို့ တင်းကြပ်စွာ တားမြစ်ထားခဲ့ရတဲ့အထိ ဆုတောင်းပြည့်လွန်းလှတဲ့ ဆုတောင်းပြည့်ဘုရားအစစ်တစ်ဆူ ဖြစ်ကြောင်း လျှောက်တင်ကြပါတယ်။
ဒါကြောင့် နရပတိစည်သူလက်ထက်မှာလည်း ဒီဆုတောင်းပြည့်ရုပ်ပွားတော်မြတ်ကြီးကို မင်းညီမင်းသားများ မဖူးမျှော်ရဆိုတဲ့ အမိန့်တစ်ရပ် ချမှတ်လို့ စောင့်ရှောက်ခဲ့ရတယ်လို့ မှတ်သားခဲ့ရပါတယ် ။ရွှေတိဂုံဘုရား အထက်ပစ္စယံမှာရှိတဲ့ ပတ္တမြားမျက်ရှင် ရုပ်ပွားတော်လို တန်ခိုးကြီးဆင်းတုတော်တွေဖြစ်မယ်ထင်ပါတယ် …။
ကျွန်တော်ငယ်ငယ်က အမေနဲ့မန္တလေးကို ဈေးဝယ်လိုက်တိုင်း …ရန်ကုန်မှာ ကျောင်းတတ်ရင်း ..ကျောင်းပိတ်လို့ အိမ်ပြန်ချိန် …ဧရာမြစ်ပြင်ကို ကားနဲ့ ဖြတ်တိုင်း..စစ်ကိုင်းတံတားကြီးပေါ်ကလှမ်းမြင်ရတဲ့ဒီဘုရားစေတီကို အဝေးကနေပြီးဖူးမျှော်ကြည်ညိုခဲ့ မိပါတယ် .. ။

ဒါပေမယ့် … ဒီဘုရားစေတီအတွင်းမှာ ဒီလိုတန်ခိုးကြီးတဲ့ ရုပ်ပွားတော်မြတ်ကြီး ကိန်းဝပ်စံပါယ်တော်မူနေမှန်း မသိခဲ့ရိုးအမှန်ပါ ..။တနေ့ကမှ အကြောင်းတိုက်ဆိုင်လို့ဖူးခဲ့ရတာ ဖြစ်ပါတယ် ။ငယ်ငယ်တုန်းက ဒီဘုရားကိုစိတ်ဝင်စားခဲ့တာက … အကြောင်းအရာတစ်ခုနဲ့ပါ ။ အဲတာကတော့ဘုရင်နရပတိစည်သူရယ်၊မွန်သူရဲကောင်း ရမန်ငထွေးရယ် ၊နရပတိစည်သူနဲ့ အတိတ်က ရန်ကြွေးရှိခဲ့တဲ့မိချောင်းကြီးရယ် … သုံးပွင့်ဆိုင်ဇတ်လမ်းလေးကို သတိယမိလို့ ဖြစ်ပါတယ် …။
ဒါဆိုရင် … သမိုင်းစိတ်ဝင်စားသူတွေအနေနဲ့ မင်းဝံတောင်တစ်ဖက်ကမ်းမှာရှိတဲ့ ဧရာမြစ်ဘေးက ဘယ်ဘုရားစေတီလည်းဆိုတာ သိကြမယ် ထင်ပါတယ် …. ။
( ဆက်လက် တင်ပြပေးပါမည် ။)
(စစ်ကိုင်းတောင် တစ်ဖက်ကမ်းကရွှေကြက်ယက် ရွှေကြက်ကျဘုရားတွေဖြစ်ပြီး ဒီဆုတောင်းပြည့်ကိုယ်တော်မြတ်ကြီးကတော့ ရွှေကြက်ယက်စေတီအတွင်းမှာ ရှိပါတယ် ။ပဟေဠိလုပ်လိုက်မိရာကနေ Com.တွေပါ ဖြေနေရတာမောလို့ ထပ်ဖြည့်ပြီး တင်ပေးလိုက်ပါပြီ ။)
12.3.2019 King ……(Anawyahtar King)

“ျပည္သူ တစ္ဦးရဲ႕ ထပ္မံ ရင္ဖြင့္သံ “ အစိုးရ တာဝန္​ ႐ွိသူမ်ား ဝင္​​ေရာက္​ စစ္​​ေဆးသင္​့တဲ့ ဂ်ပန္​ဘုရား


ရန္ကုန္ တိုင္းေမွာ္ဘီၿမိဳ႕နယ္ ဂ်ပန္ဘုရားေဂါပကအဖြဲ႔အစီးကို သာသနာေရးဝန္ႀကီးႏွင့္တာဝန္႐ွိသူမ်ား သာသနာေရးေဆာင္ရြက္ေနမႈ႔ကိုၾကည့္႐ႈ႔စစ္ေဆး သင့္သည္။

ဒီ ကေန႔၁၃ရက္ေန႔ေန႔လည္ပိုင္းဘုရားဖူးသူမ်ားအား ေက်ာင္းအဝင္လမ္းမ်ားေပၚ၌၁နာရီအနည္းဆံုးတန္း စီထားကာလူမ်ားၿပီဆိုကာမွေက်ာင္းတြင္းဝင္ေစၿပီး အတန္းလိုက္ ထိုင္ခိုင္းထားၿပီး အလွဴေပးဖို႔ရန္ တစ္ယာက္ျခင္းစီေ႐ွ႕အထိလူအမ်ားေ႐ွ႕အားနာၿပီး ထည့္ေအာင္စီမံထားပါသည္။ လူဆံုးလဲသြားေရာ ေနာက္တစ္ခါေလွအတြင္းလာေရာက္အလွဴေငြ ထည့္ၾကပါရန္ ထပ္ေတာင္း ဆိုျပန္ပါတယ္။ ဖုန္းမ႐ိုက္ဖို႔ဖုန္းမဆက္ဖို႔ကိုလဲခဏခဏေျပာပါတယ္။


ေမွာ္ဘီ ဂ်ပန္ဘုရား
အဲ့ ဒီေလွထဲ ေငြလွဴခိုင္းၿပီးသည္ႏွင့္ တတိယေနာက္ တစ္ႀကိမ္ဓာတ္ပံုေပးၿပီးအလွဴထပ္ခံျပန္တယ္။ ျပန္မည္လုပ္သူမ်ားကိုလည္းအျပန္မခံ အေပၚထပ္တက္ၿပီးဘုရားဖူးေတာ့မည္ဆိုလည္း အထမခံ အနည္းဆံုး၁နာရီ နီးပါးေလာက္ထပ္ထိုင္ ေနရပါတယ္။

ေနာက္ စတုတၳအလွဴခံကေတာ့ ဘုရား ဓတ္ပံုတစ္ပံု စာအုပ္ေသးတစ္အုပ္ ထပ္အလွဴခံျပန္ တာပဲ။ အားလံုးေလးခ်ိန္ ပါသမ်ွမလွဴခ်င္လဲလွဴ ႐ွက္တတ္အားနာတတ္လဲလွဴဆိုေတာ့တစ္ျခား ဘာသာဝင္မ်ားလည္းေ႐ွးဘုရားမ်ားလာေရာက္ ေလ့လာလို႔အခုလိုအတင္းအလွဴခံ ရည္ရြယ္ခ်က္နဲ႔ အျပင္ေနပူထဲလူစုမိေအာင္လုပ္ၿပီးလုပ္ေနျခင္းဟာ သာသနာကို ခုတံုးလုပ္ၿပီး စီးပြား ႐ွာစားေနသလား ထင္ရေအာင္ကိုျပဳလုပ္ေနပါတယ္။


ေမွာ္ဘီ ဂ်ပန္ဘုရား

အမွန္ ေ႐ွးဘုရားမ်ားဖူးေစခ်င္ပါက လူစုခိုင္းမထားပဲ အရင္ေရာက္သူဖူးျပန္ေပါ့ အလွဴမ်ားလာေရာက္ လွဴတန္းနိဳင္ပါတယ္ဆို ဒါဟာဘုရားသေဘာက် အလွဴခံတာျဖစ္လို႔လွဴသူလည္းကုသိုလ္ရ အလွဴခံသူလည္းကုသိုလ္ရေပါ့။ အခုဟာကေတာ့အားလံုးထိုင္ခိုင္းၿပီးပါသမ်ွထုတ္ဆိုဓါးျပတိုက္သလားပဲ။ အခုကြၽန္ေတာ္တင္ေပးလိုက္ေသာဓာတ္ပံုဟာ သာသနာ ၿငိဳးႏြမ္းသြားမွာစိုးၿပီး အရဲစြန္႔႐ိုက္ေပးထား ျခင္းျဖစ္ပါတယ္။ အဲဒါလာဆူလို႔ဖုန္းပိတ္တာပါလို႔ လိမ္ခဲ့ရပါတယ္။ ဘာျပဳလို႔အ႐ိုက္မခံတာလဲဆိုတာ သာသနာေရး တာဝန္႐ွိသူမ်ား ႐ိုး႐ိုးဘုရားဖူးပံုလုပ္ကာေလ့လာၿပီး အခ်ိန္မွီသာသနာျပဳပါအူးလို႔တင္ျပပါရေစ…

KM Lwin




Unicode version
ရန်ကုန် တိုင်းမှော်ဘီမြို့နယ် ဂျပန်ဘုရားဂေါပကအဖွဲ့အစီးကို သာသနာရေးဝန်ကြီးနှင့်တာဝန်ရှိသူများ သာသနာရေးဆောင်ရွက်နေမှု့ကိုကြည့်ရှု့စစ်ဆေး သင့်သည်။

ဒီ ကနေ့၁၃ရက်နေ့နေ့လည်ပိုင်းဘုရားဖူးသူများအား ကျောင်းအဝင်လမ်းများပေါ်၌၁နာရီအနည်းဆုံးတန်း စီထားကာလူများပြီဆိုကာမှကျောင်းတွင်းဝင်စေပြီး အတန်းလိုက် ထိုင်ခိုင်းထားပြီး အလှူပေးဖို့ရန် တစ်ယာက်ခြင်းစီရှေ့အထိလူအများရှေ့အားနာပြီး ထည့်အောင်စီမံထားပါသည်။ လူဆုံးလဲသွားရော နောက်တစ်ခါလှေအတွင်းလာရောက်အလှူငွေ ထည့်ကြပါရန် ထပ်တောင်း ဆိုပြန်ပါတယ်။ ဖုန်းမရိုက်ဖို့ဖုန်းမဆက်ဖို့ကိုလဲခဏခဏပြောပါတယ်။


မှော်ဘီ ဂျပန်ဘုရား
အဲ့ ဒီလှေထဲ ငွေလှူခိုင်းပြီးသည်နှင့် တတိယနောက် တစ်ကြိမ်ဓာတ်ပုံပေးပြီးအလှူထပ်ခံပြန်တယ်။ ပြန်မည်လုပ်သူများကိုလည်းအပြန်မခံ အပေါ်ထပ်တက်ပြီးဘုရားဖူးတော့မည်ဆိုလည်း အထမခံ အနည်းဆုံး၁နာရီ နီးပါးလောက်ထပ်ထိုင် နေရပါတယ်။

နောက် စတုတ္ထအလှူခံကတော့ ဘုရား ဓတ်ပုံတစ်ပုံ စာအုပ်သေးတစ်အုပ် ထပ်အလှူခံပြန် တာပဲ။ အားလုံးလေးချိန် ပါသမျှမလှူချင်လဲလှူ ရှက်တတ်အားနာတတ်လဲလှူဆိုတော့တစ်ခြား ဘာသာဝင်များလည်းရှေးဘုရားများလာရောက် လေ့လာလို့အခုလိုအတင်းအလှူခံ ရည်ရွယ်ချက်နဲ့ အပြင်နေပူထဲလူစုမိအောင်လုပ်ပြီးလုပ်နေခြင်းဟာ သာသနာကို ခုတုံးလုပ်ပြီး စီးပွား ရှာစားနေသလား ထင်ရအောင်ကိုပြုလုပ်နေပါတယ်။


မှော်ဘီ ဂျပန်ဘုရား

အမှန် ရှေးဘုရားများဖူးစေချင်ပါက လူစုခိုင်းမထားပဲ အရင်ရောက်သူဖူးပြန်ပေါ့ အလှူများလာရောက် လှူတန်းနိုင်ပါတယ်ဆို ဒါဟာဘုရားသဘောကျ အလှူခံတာဖြစ်လို့လှူသူလည်းကုသိုလ်ရ အလှူခံသူလည်းကုသိုလ်ရပေါ့။ အခုဟာကတော့အားလုံးထိုင်ခိုင်းပြီးပါသမျှထုတ်ဆိုဓါးပြတိုက်သလားပဲ။ အခုကျွန်တော်တင်ပေးလိုက်သောဓာတ်ပုံဟာ သာသနာ ငြိုးနွမ်းသွားမှာစိုးပြီး အရဲစွန့်ရိုက်ပေးထား ခြင်းဖြစ်ပါတယ်။ အဲဒါလာဆူလို့ဖုန်းပိတ်တာပါလို့ လိမ်ခဲ့ရပါတယ်။ ဘာပြုလို့အရိုက်မခံတာလဲဆိုတာ သာသနာရေး တာဝန်ရှိသူများ ရိုးရိုးဘုရားဖူးပုံလုပ်ကာလေ့လာပြီး အချိန်မှီသာသနာပြုပါအူးလို့တင်ပြပါရစေ…

KM Lwin

Wednesday, March 13, 2019

“ဗုဒၶဘာသာ၀င္တို႔အတြက္ မဂၤလာသတင္းေကာင္း”


(၂၀.၃.၂၀၁၉)ရက္ေန႔ တေပါင္းလျပည့္ေန႔ သီတဂူဆရာေတာ္ဘုရားႀကီး၏ သက္ေတာ္(၈၂)ႏွစ္ျပည့္ ၀ိဇာတေမြးေန႔နံနက္ (၅း၀၀)နာရီအခ်ိန္တြင္ အျဖဴေရာင္ေဆးသကၤန္းကပ္လွဴၿပီးေသာ ရာဇမဏိစူ႒ာေကာင္းမႈေတာ္ဘုရားႀကီးကို ပင့္သံဃာ အပါး(၁၀၀၀)တုိ႔က ဗုဒၶါဘိေသက အေနကဇာတင္မည္။ သံဃာအပါး(၁၀၀၀)ဆြမ္းေလာင္းမည္။ ကမၻာ့အႀကီးဆုံး စည္ေတာ္ႀကီးကိုလည္း ဖြင့္လွစ္တီးခတ္ပါမည္။ ဆြမ္းေလာင္းလွဴေနစဥ္ ႏိုင္ငံေက်ာ္ အဆုိေတာ္ေဒၚရီရီသန္႔က ရတုပုိဒ္စုံရြတ္ဆုိပူေဇာ္ျခင္း၊ မုိးဇာေဗ်ာအဖြဲ႔က ဓမၼေတးမ်ား ပူေဇာ္သီဆုိျခင္း၊ နံနက္(၁၀း၀၀)အခ်ိန္တြင္ ဘုရားႀကီး အရပ္(၄)မ်က္ႏွာတုိ႔တြင္ စတုဒိသာ ထမင္းမ်ား ေကြ်းေမြးဧည့္ခံျခင္း၊ ေန႔လယ္ (၁၁း၀၀)နာရီတြင္ “ျမတရာ” အၿငိမ့္ျဖင့္ ဧည့္ခံေဖ်ာ္ေျဖမည္ျဖစ္ပါသည္။ ထုိ႔အျပင္ (၂၁.၃.၂၀၁၉)ရက္ တေပါင္းလျပည့္ေက်ာ္(၁)ရက္ေန႔ နံနက္(၆း၀၀)နာရီအခ်ိန္တြင္ ပါေမာကၡခ်ဳပ္ဆရာေတာ္ႀကီးႏွင့္ တပည့္မ်ားက သီလရွင္အပါး(၁၀၀၀)တုုိ႔ကို ဆြမ္းဆန္စိမ္းေလာင္းလွဴျခင္း အခမ္းအနားမ်ားရွိေၾကာင္းကုိ ႀကိဳတင္ကာ သတင္းေကာင္းပါးလုိက္ရပါသည္ ခင္ဗ်ာ။ တျပည္လုံး ဖိတ္ေခၚပါသည္။
သီတဂူဓမၼသဘင္​

Tuesday, March 12, 2019

ထူးဆန္းေသာ ​ေရႊကံကူ ​​ေလပ်ံသစ္​​ေတာ္​ ျမတ္​စြာဘုရား .


၁၉၉၅ ခုႏွစ္ ၊ေမလတြင္ စစ္ကိုင္းတိုင္း ေမာ္လိုက္ခ႐ိုင္ေဖာင္းျပင္ၿမိဳ႕နယ္ အထက္ခ်င္းတြင္း သစ္ထုတ္ေရးေဒသ မိုင္းေခ်ာင္းအကြက္(၂၄)႐ွိတြန္နိမ္ရြာႏွင့္ မဲဒင္းေလးရြာတို႔မွ ၅မိုင္ခန္႔ကြာေဝးေသာ ေတာတြင္းတစ္ေနရာမွ ရ႐ွိျခင္းျဖစ္ပါသည္။

သစ္ပ်ံေတာ္သည္ ေရႀကီးခ်ိန္မ်ားတြင္ မူလငုတ္ရင္းေနရာသို႔ ျပန္လည္ေရာက္႐ွိေလ့႐ွိေၾကာင္း၎သစ္တုန္းႀကီးေပၚတြင္ အဝတ္မ်ားေလ်ွာ္ဖြတ္မိပါက ဖ်ားနာျခင္း ဝမ္းေလ်ာျခင္းမ်ားျဖစ္ပြားေၾကာင္း ၊ ၎တုန္းႀကီးေပၚတြင္သားငါးမ်ား ခုတ္စင္းမိပါကေရာဂါဘယအမ်ိဳးမ်ိဳးျဖစ္ပြားျခင္း ေဘးအနၱာရယ္အမ်ိဳးမ်ိဳးက်ေရာက္ျခင္းမ်ားႏွင့္ ၾကံဳေတြ႔ရကာ ေနာက္ဆံုးတြင္အသက္ဆံုးရံူးျခင္းတို႔ကိုေဒသခံမ်ားမွ သတင္းပို႔ေျပာျပၾကပါတယ္။

၎သစ္ထူးျခားပံုအား ျမန္မာ့သစ္လုပ္ငန္းမွ သြားေရာက္သယ္ယူ၍စစ္ေဆးခဲ့ရာ လြန္ခဲ့ေသာႏွစ္ေပါင္း(၉၀)ေက်ာ္ကာလ အဂၤလိပ္လက္ထက္ BBC (ဘံုေဘဘားမားကုမၼဏီ) ၏ တံဆိပ္ေကာင္းပါ႐ွိၿပီးသစ္နံပါတ္မွာ (၉၉၉) ျဖစ္ပါသည္။ အလ်ား(၂၇)ေပႏွင့္ လံုးပတ္(၇)ေပ(၂)လက္မ႐ွိေၾကာင္း ေတြ႔႐ွိရပါသည္။ သစ္ေတာ္သည္ ေဆြးေျမ့ျခင္း ေဟာင္းႏြမ္းျခင္းမ႐ွိပဲ လတ္ဆတ္လ်က္႐ွိပါသည္။

၎ထူးဆန္းေသာ သစ္အပိုင္းအားတစ္ဆင့္လက္ခံရ႐ွိေသာေမာ္လိုက္ၿမိဳ႕မွ #ဦးေမာင္ေမာင္+ေဒၚၫႊန္႔ရီ (ေမာနင္းစတား ကဖီး)တို႔သည္ ဗုဒၶ႐ုပ္ပြားေတာ္ (၂)ဆူႏွင့္ ႐ွင္သီဝလိရဟနၱာ(၂)ဆူထုလုပ္ပူေဇာ္၍ ၉.၉.၁၉၉၅ ရက္ေန႔တြင္ မနၱေလးတိုင္း ေက်ာက္ဆည္ခ႐ိုင္စဥ့္ကိုင္ၿမိဳ႕ ရန္ေအာင္ျမင္ရက္ကြက္႐ွိ မိခင္ႀကီး အေမေကာင္းႏွင့္ညီမ ေဒၚႏြဲ႔ႏြဲ႔ေအး ( ပညာေရး ဌာန) ၊ ေဒၚခင္ခင္ေထြး( ပညာေရးဌာန)ႏွင့္ ၊ ညီ ဦးဘိုဘို ( ဘ /က ပညာေရးဌာန) တို႔ထံသို႔ ဗုဒၶ႐ုပ္ပြားေတာ္တစ္ဆူႏွင့္ ႐ွင္သီဝလိရဟနၱာ တစ္ဆူတို႔ကိုပင့္ေဆာင္ေပးပို႔ခဲ့ပါတယ္

၎႐ုပ္ပြားေတာ္မ်ားတြင္ ဗုဒၶဓာတ္ေတာ္မ်ားကိန္းဝပ္ေနျခင္း ႐ုပ္ပြားေတာ္ ထုလုပ္ခ်ိန္တြင္ ထူးျခားေသာ နကၡတ္ေကာင္းမ်ားႏွင့္ၾကံဳႀကိဳက္ျခင္းတို႔ေၾကာင့္ တစ္ေန႔တစ္ျခားတန္ခိုးေတာ္မ်ားႀကီးမားလာကာ ၉.၉.၁၉၉၉ ရက္ေန႔မွစ၍ ” ေရႊကံကူေလပ်ံသစ္ေတာ္” ဘုရားအျဖစ္ ထင္႐ွားစြာ ပြင့္ထြန္းေပၚေပါက္ေတာ္မူလာပါသည္။

ဘုရား႐ွင္သည္အခါအားေလ်ာ္စြာ အရပ္မ်က္ႏွာမ်ားသို႔ေျပာင္းႂကြေတာ္မူေလ့႐ွိျခင္း ၊ တစ္ေနရာမွတစ္ေနရာသို႔ ႂကြျမန္းေတာ္မူေလ့႐ွိျခင္း၊မ်က္ႏွာေတာ္ ျပံဳးေတာ္မူေလ့႐ွိျခင္း၊မ်က္လံုးေတာ္ ဖြင့္ေတာ္မူေလ့႐ွိျခင္း၊ ႏႈတ္ေတာ္ဖြင့္ေတာ္မူေလ့႐ွိျခင္းကိုယ္ေနရာအႏွံ႔ ေရာင္ျခည္ေတာ္ား ကြန္႔ျမဴးေတာ္မူေလ့႐ွိျခင္း၊ပင့္ေဆာင္ဖူးေမ်ွာ္သူ သာဝကမ်ားကို အိမ္မက္ေပးေတာ္မူေလ့႐ွိျခင္းလႉဒါန္းေတာ္ပန္းအဖူးအငံု ( သဘာဝပန္း ပလက္စတစ္ပန္း စကၠဴ ပန္း)မ်ား စကၠန္႔ပိုင္း ပြင့္ေတာ္မူေစျခင္း၊

လႉဒါန္းထားေသာ ေသာက္ေတာ္ေရမ်ား ဆူေစေတာ္မူျခင္း၊ ေက်ာင္းောင္ေသာ့ခပ္္ထား႐ွိရာမွ တန္ခိုးေတာ္ျဖင့္ မွန္ဖြင့္ထြက္ႂကြေတာ္မူျခင္း ၊ ဓာတ္ပံု႐ိုက္ကူးပူေဇာ္ရာတြင္ ပကတိမ်က္စိျဖင့္ မေတြ႔ျမင္ရေသာ အေစာက္အေ႐ွာက္မ်ား ေပၚေပါက္ေလ့႐ွိျခင္း ၊ ဘြဲ႔ေတာ္သည္ အိမ္မက္ျဖင့္ေပၚေပါက္လာျခင္း ၊ ( ၂၀၀၃ ခုႏွစ္ ၊ ေမလ ) ရန္ကုန္ၿမိဳ႕တြင္ မကိုဋ္စလြယ္ေတာ္ေရစက္ခ်လႉဒါန္းခ်ိန္တြင္ တစ္ခန္းထဲ ငလ်င္လႈပ္ျခင္း တို႔ျဖစ္ေပၚခဲ့ပါသည္။

ယခုအခါ ” ေရႊကံကူေလပ်ံသစ္ေတာ္” ႐ုပ္႐ွင္ေတာ္ျမတ္သည္ မနၱေလးတိုင္း ၊စဥ့္ကိုင္ၿမိဳ႕နယ၊္ ရန္ေအာင္ျမင္ရက္ကြက္ဘုရားအမႀကီး အေမေကာင္း၏ ေနအိမ္တြင္ သီတင္းသံုးစံပယ္ေတာ္မူလ်က္႐ွိပါသည္ ။ ပါရမီဆက္ သာဝကမ်ား၏ ပင့္ေဆာင္ ပူေဇာ္ရာျမန္မာႏိုင္ငံ အႏွံ႔ တိုင္းႏွင့္ျပည္နယ္ ၿမိဳ႕ရြာအႏွံ႔အျပားသို႔ ေဒသစာရီခရီးမ်ား ႂကြျမန္းေတာ္မူေလ့႐ွိပါသည္။
ei ei phyu







Unicode

၁၉၉၅ ခုနှစ် ၊မေလတွင် စစ်ကိုင်းတိုင်း မော်လိုက်ခရိုင်ဖောင်းပြင်မြို့နယ် အထက်ချင်းတွင်း သစ်ထုတ်ရေးဒေသ မိုင်းချောင်းအကွက်(၂၄)ရှိတွန်နိမ်ရွာနှင့် မဲဒင်းလေးရွာတို့မှ ၅မိုင်ခန့်ကွာဝေးသော တောတွင်းတစ်နေရာမှ ရရှိခြင်းဖြစ်ပါသည်။



သစ်ပျံတော်သည် ရေကြီးချိန်များတွင် မူလငုတ်ရင်းနေရာသို့ ပြန်လည်ရောက်ရှိလေ့ရှိကြောင်း၎င်းသစ်တုန်းကြီးပေါ်တွင် အဝတ်များလျှော်ဖွတ်မိပါက ဖျားနာခြင်း ဝမ်းလျောခြင်းများဖြစ်ပွားကြောင်း ၊ ၎င်းတုန်းကြီးပေါ်တွင်သားငါးများ ခုတ်စင်းမိပါကရောဂါဘယအမျိုးမျိုးဖြစ်ပွားခြင်း ဘေးအန္တာရယ်အမျိုးမျိုးကျရောက်ခြင်းများနှင့် ကြုံတွေ့ရကာ နောက်ဆုံးတွင်အသက်ဆုံးရူံးခြင်းတို့ကိုဒေသခံများမှ သတင်းပို့ပြောပြကြပါတယ်။

၎င်းသစ်ထူးခြားပုံအား မြန်မာ့သစ်လုပ်ငန်းမှ သွားရောက်သယ်ယူ၍စစ်ဆေးခဲ့ရာ လွန်ခဲ့သောနှစ်ပေါင်း(၉၀)ကျော်ကာလ အင်္ဂလိပ်လက်ထက် BBC (ဘုံဘေဘားမားကုမ္မဏီ) ၏ တံဆိပ်ကောင်းပါရှိပြီးသစ်နံပါတ်မှာ (၉၉၉) ဖြစ်ပါသည်။ အလျား(၂၇)ပေနှင့် လုံးပတ်(၇)ပေ(၂)လက်မရှိကြောင်း တွေ့ရှိရပါသည်။ သစ်တော်သည် ဆွေးမြေ့ခြင်း ဟောင်းနွမ်းခြင်းမရှိပဲ လတ်ဆတ်လျက်ရှိပါသည်။



၎င်းထူးဆန်းသော သစ်အပိုင်းအားတစ်ဆင့်လက်ခံရရှိသောမော်လိုက်မြို့မှ #ဦးမောင်မောင်+ဒေါ်ညွှန့်ရီ (မောနင်းစတား ကဖီး)တို့သည် ဗုဒ္ဓရုပ်ပွားတော် (၂)ဆူနှင့် ရှင်သီဝလိရဟန္တာ(၂)ဆူထုလုပ်ပူဇော်၍ ၉.၉.၁၉၉၅ ရက်နေ့တွင် မန္တလေးတိုင်း ကျောက်ဆည်ခရိုင်စဉ့်ကိုင်မြို့ ရန်အောင်မြင်ရက်ကွက်ရှိ မိခင်ကြီး အမေကောင်းနှင့်ညီမ ဒေါ်နွဲ့နွဲ့အေး ( ပညာရေး ဌာန) ၊ ဒေါ်ခင်ခင်ထွေး( ပညာရေးဌာန)နှင့် ၊ ညီ ဦးဘိုဘို ( ဘ /က ပညာရေးဌာန) တို့ထံသို့ ဗုဒ္ဓရုပ်ပွားတော်တစ်ဆူနှင့် ရှင်သီဝလိရဟန္တာ တစ်ဆူတို့ကိုပင့်ဆောင်ပေးပို့ခဲ့ပါတယ်



၎င်းရုပ်ပွားတော်များတွင် ဗုဒ္ဓဓာတ်တော်များကိန်းဝပ်နေခြင်း ရုပ်ပွားတော် ထုလုပ်ချိန်တွင် ထူးခြားသော နက္ခတ်ကောင်းများနှင့်ကြုံကြိုက်ခြင်းတို့ကြောင့် တစ်နေ့တစ်ခြားတန်ခိုးတော်များကြီးမားလာကာ ၉.၉.၁၉၉၉ ရက်နေ့မှစ၍ ” ရွှေကံကူလေပျံသစ်တော်” ဘုရားအဖြစ် ထင်ရှားစွာ ပွင့်ထွန်းပေါ်ပေါက်တော်မူလာပါသည်။

ဘုရားရှင်သည်အခါအားလျော်စွာ အရပ်မျက်နှာများသို့ပြောင်းကြွတော်မူလေ့ရှိခြင်း ၊ တစ်နေရာမှတစ်နေရာသို့ ကြွမြန်းတော်မူလေ့ရှိခြင်း၊မျက်နှာတော် ပြုံးတော်မူလေ့ရှိခြင်း၊မျက်လုံးတော် ဖွင့်တော်မူလေ့ရှိခြင်း၊ နှုတ်တော်ဖွင့်တော်မူလေ့ရှိခြင်းကိုယ်နေရာအနှံ့ ရောင်ခြည်တော်ား ကွန့်မြူးတော်မူလေ့ရှိခြင်း၊ပင့်ဆောင်ဖူးမျှော်သူ သာဝကများကို အိမ်မက်ပေးတော်မူလေ့ရှိခြင်းလှူဒါန်းတော်ပန်းအဖူးအငုံ ( သဘာဝပန်း ပလက်စတစ်ပန်း စက္ကူ ပန်း)များ စက္ကန့်ပိုင်း ပွင့်တော်မူစေခြင်း၊



လှူဒါန်းထားသော သောက်တော်ရေများ ဆူစေတော်မူခြင်း၊ ကျောင်းောင်သော့ခပ်ထားရှိရာမှ တန်ခိုးတော်ဖြင့် မှန်ဖွင့်ထွက်ကြွတော်မူခြင်း ၊ ဓာတ်ပုံရိုက်ကူးပူဇော်ရာတွင် ပကတိမျက်စိဖြင့် မတွေ့မြင်ရသော အစောက်အရှောက်များ ပေါ်ပေါက်လေ့ရှိခြင်း ၊ ဘွဲ့တော်သည် အိမ်မက်ဖြင့်ပေါ်ပေါက်လာခြင်း ၊ ( ၂၀၀၃ ခုနှစ် ၊ မေလ ) ရန်ကုန်မြို့တွင် မကိုဋ်စလွယ်တော်ရေစက်ချလှူဒါန်းချိန်တွင် တစ်ခန်းထဲ ငလျင်လှုပ်ခြင်း တို့ဖြစ်ပေါ်ခဲ့ပါသည်။

ယခုအခါ ” ရွှေကံကူလေပျံသစ်တော်” ရုပ်ရှင်တော်မြတ်သည် မန္တလေးတိုင်း ၊စဉ့်ကိုင်မြို့နယ၊် ရန်အောင်မြင်ရက်ကွက်ဘုရားအမကြီး အမေကောင်း၏ နေအိမ်တွင် သီတင်းသုံးစံပယ်တော်မူလျက်ရှိပါသည် ။ ပါရမီဆက် သာဝကများ၏ ပင့်ဆောင် ပူဇော်ရာမြန်မာနိုင်ငံ အနှံ့ တိုင်းနှင့်ပြည်နယ် မြို့ရွာအနှံ့အပြားသို့ ဒေသစာရီခရီးများ ကြွမြန်းတော်မူလေ့ရှိပါသည်။
ei ei phyu

Sunday, February 3, 2019

ဇြဲကပင္ေတာင္ထိပ္ေပၚ႐ွိ ရင္ျပင္ တုိးခ်ဲ့ ရာတြင္လုပ္အားဒါန


ဇြဲကပင္ေတာင္ထိပ္ေပၚ႐ွိ ရင္ျပင္ တုိးခ်ဲ့ ရာတြင္လုိအပ္ေနတဲ့ သဲေတြကုိ...
ေပ ၂၇၀၀ ေက်ာ္ျမင့္တဲ့ ေတာင္ထိပ္ေပၚကုိထမ္းတင္
ၿပီး လုပ္အားဒါန ျပဳေနတာပါ....။
သာဓု အႀကိမ္ႀကိမ္ ေခၚပါတယ္....။
မည္သူမဆို လုပ္အားဒါနေပးလွဳလို္႔ ရပါတယ္။

ဖုိတုိ..ဦနနိၵယ(ဇြဲကပင္ေတာင္ေပၚေက်ာင္းဆရာေတာ္)






Thursday, January 31, 2019

ဘုရားသမိုင္း ႐ွင္းျပရင္း ရွဳိုက္ႀကီးတငင္ငိုေၾကြးေနခဲ႔ရတဲ႔ သနားစရာကေလးငယ္ေလး တစ္ေယာက္ရဲ႕ဘ၀

ရွဳိုက္ႀကီးတငင္ငိုၿပီး ဘုရားသမိုင္းကို ႐ွင္းျပေနေလရဲ႕။ ဘာျဖစ္လို႔လဲ သားလို႔ ေမးလည္း ေခါင္းခါျပီး ႐ွွဳိက္ကာ ရိွဳက္ကာနဲ႔ပဲ ဘုရားသမိုင္းေၾကာင္းေတြ႐ွင္းျပေနတယ္။

သူ႔နားမွာ သူ႔အကိုလည္းသူ႔လိုပဲ စတစ္ေကာ္လာအက်ႌနဲ႔ ပုဆိုးေလးေတြနဲ႔။ အကိုကိုေမးေတာ့လည္း ဘာေၾကာင့္ငိုမွန္းမသိ။

ဘုရားဖူးဧည့္သည္ေတြက နားေထာင္လိုက္ သူေျပာျပတဲ့အတြက္ ၁၀၀၀-စီထုတ္ေပးလိုက္နဲ႔ အဲဒီနားမွာပဲ သူ ၄၀၀၀ေလာက္ရတယ္လြယ္အိတ္ေလးထဲ ထည့္တယ္။အဲဒါနဲ႔ သူ႔ကို လူ႐ွင္းရာေခၚလာၿပီး ေအးေအးေဆးေဆးထိုင္ခိုင္းၿပီး သားဘာျဖစ္လဲေမးလည္း ငိုၿပီး ဘုရားသမိုင္းေတြ ဆက္ရြတ္ေနတယ္။

မ်က္ရည္သုတ္ေပးၿပီး သားမငိုနဲ႔ေတာ့၊ အသက္ဝဝ႐ႈၾကည့္၊ စိတ္ကိုၿငိမ္ၿငိမ္ထား၊ မငိုပဲနဲ႔႐ွင္းျပပါဆိုေတာ့ လြယ္အိတ္နဲ့ မ်က္ရည္သုတ္ၿပီး ပထမမငိုဘူး ေျပာရင္းနဲ႔ ငိုတယ္။ ၿပီးေတာ့ သူတျခားတေနရာသြားဖို႔လုပ္တယ္။ ခဏေနဦးသား။အန္တီ သားေျပာခမေပးရေသးဘူးေလဆိုေတာ့ ျပန္ထိုင္တယ္။

သားမငိုဘူးလို့ အန္တီ့ကိုဂတိေပးဆိုၿပီး လက္သန္းေလးနဲ႔ ဂတိျပဳတယ္ ေမေမနဲ႔ ေဖေဖေရာ ဆိုေတာ့ အေမနဲ့ အေဖက အဲဒီဘုရားထဲမွာပဲ သဲပန္းခ်ီကားေရာင္းတယ္တဲ့ အဲဒီလိုနဲ႔ အနားကေန ရိွဳက္ၿပီးထြက္သြားတယ္။ ဘုရားကေနျပန္ထြက္မယ္လုပ္ေတာ့ သူ႔အေမဆိုသူ(ကိုယ္ဝန္နဲ႔)နဲ႔အတူထိုင္ၿပီး ငိုေနျပန္တယ္။ အေမကိုေမးေတာ့ အိပ္ေရးမဝလို႔ပါတဲ့။

ျပန္စဥ္းစားမိေတာ့ ၄ႏွစ္အရြယ္ကေလးတေယာက္ဟာ လြတ္လပ္ေပါ့ပါးစြာ ကစားေပ်ာ္ရႊင္ေနခ်င္တာေပါ့ မနက္ဘယ္အခ်ိန္က ထလာရသည္မသိ ကေလးပီပီ အိပ္ေရးမဝေတာ့ ဂ်ီက်ခ်င္တာေတာင္ အေမ့နားမေ

နရ ဝင္ေငြဝင္ဖို႔ ဘုရားသမိုင္းေတြလိုက္ရြတ္ျပၿပီး မိသားစုကို တဖက္တလမ္းကေန ႐ွာေပးေနရတယ္ မူႀကိဳေတာင္မတက္ရေသးတဲ့ကေလး။စကားေျပာတတ္ကတည္းက ဘုရားသမိုင္းအလြတ္ရြတ္ခိုင္းၿပီး ဘုရားထဲမွာ အလုပ္လုပ္ခဲ့ရပံုေပၚတယ္။

သူတေယာက္ဝင္ေငြက သူ႔မိသားစုမွာ အမ်ားဆံုးျဖစ္မလားမသိဘူး။ ခ်စ္စရာေကာင္းလို႔ သူ႔ဘုရားသမိုင္းဆံုးဆံုး မဆံုးဆံုး ေထာင္တန္ေလာက္ေတာ့ေပးသြားၾကတာပါဘယ္လိုေျပာရမလဲမသိတဲ့ ခံစားမႈနဲ႔ ဘုရားကေန ျပန္လာခဲ့ရတယ္။

eveerytimestory

Unicode ျဖင့္ဖတ္ရန္

ရှိုက်ကြီးတငင်ငိုပြီး ဘုရားသမိုင်းကို ရှင်းပြနေလေရဲ့။ ဘာဖြစ်လို့လဲ သားလို့ မေးလည်း ခေါင်းခါပြီး ရှှိုက်ကာ ရှိုက်ကာနဲ့ပဲ ဘုရားသမိုင်းကြောင်းတွေရှင်းပြနေတယ်။

သူ့နားမှာ သူ့အကိုလည်းသူ့လိုပဲ စတစ်ကော်လာအကျႌနဲ့ ပုဆိုးလေးတွေနဲ့။ အကိုကိုမေးတော့လည်း ဘာကြောင့်ငိုမှန်းမသိဘုရားဖူးဧည့်သည်တွေက နားထောင်လိုက် သူပြောပြတဲ့အတွက် ၁၀၀၀-စီထုတ်ပေး

လိုက်နဲ့ အဲဒီနားမှာပဲ သူ ၄၀၀၀လောက်ရတယ်လွယ်အိတ်လေးထဲ ထည့်တယ်။အဲဒါနဲ့ သူ့ကို လူရှင်းရာခေါ်လာပြီး အေးအေးဆေးဆေးထိုင်ခိုင်းပြီး သားဘာဖြစ်လဲမေးလည်း ငိုပြီး ဘုရားသမိုင်းတွေ ဆက်ရွတ်နေတယ်။

မျက်ရည်သုတ်ပေးပြီး သားမငိုနဲ့တော့၊ အသက်ဝဝရှုကြည့်၊ စိတ်ကိုငြိမ်ငြိမ်ထား၊ မငိုပဲနဲ့ရှင်းပြပါဆိုတော့ လွယ်အိတ်နဲ့ မျက်ရည်သုတ်ပြီး ပထမမငိုဘူး ပြောရင်းနဲ့ ငိုတယ်။ ပြီးတော့ သူတခြားတနေရာသွားဖို့လုပ်တယ်။ ခဏနေဦးသား။အန်တီ သားပြောခမပေးရသေးဘူးလေဆိုတော့ ပြန်ထိုင်တယ်။

သားမငိုဘူးလို့ အန်တီ့ကိုဂတိပေးဆိုပြီး လက်သန်းလေးနဲ့ ဂတိပြုတယ် မေမေနဲ့ ဖေဖေရော ဆိုတော့ အမေနဲ့ အဖေက အဲဒီဘုရားထဲမှာပဲ သဲပန်းချီကားရောင်းတယ်တဲ့ အဲဒီလိုနဲ့ အနားကနေ ရှိုက်ပြီးထွက်သွားတယ်။ ဘုရားကနေပြန်ထွက်မယ်လုပ်တော့ သူ့အမေဆိုသူ(ကိုယ်ဝန်နဲ့)နဲ့အတူထိုင်ပြီး ငိုနေပြန်တယ်။ အမေကိုမေးတော့ အိပ်ရေးမဝလို့ပါတဲ့။

ပြန်စဉ်းစားမိတော့ ၄နှစ်အရွယ်ကလေးတယောက်ဟာ လွတ်လပ်ပေါ့ပါးစွာ ကစားပျော်ရွှင်နေချင်တာပေါ့ မနက်ဘယ်အချိန်က ထလာရသည်မသိ ကလေးပီပီ အိပ်ရေးမဝတော့ ဂျီကျချင်တာတောင် အမေ့နားမ

နေရ ဝင်ငွေဝင်ဖို့ ဘုရားသမိုင်းတွေလိုက်ရွတ်ပြပြီး မိသားစုကို တဖက်တလမ်းကနေ ရှာပေးနေရတယ် မူကြိုတောင်မတက်ရသေးတဲ့ကလေး။စကားပြောတတ်ကတည်းက ဘုရားသမိုင်းအလွတ်ရွတ်ခိုင်းပြီး ဘုရားထဲမှာ အလုပ်လုပ်ခဲ့ရပုံပေါ်တယ်။

သူတယောက်ဝင်ငွေက သူ့မိသားစုမှာ အများဆုံးဖြစ်မလားမသိဘူး။ ချစ်စရာကောင်းလို့ သူ့ဘုရားသမိုင်းဆုံးဆုံး မဆုံးဆုံး ထောင်တန်လောက်တော့ပေးသွားကြတာပါဘယ်လိုပြောရမလဲမသိတဲ့ ခံစားမှုနဲ့ ဘုရားကနေ ပြန်လာခဲ့ရတယ်။

eveerytimestory