CREDIT
သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။
Showing posts with label World Heritage. Show all posts
Showing posts with label World Heritage. Show all posts
Saturday, November 4, 2017
ပုဂံ၊ ေရႊစည္းခုံဘုရားရွိ ဘုရင့္ေနာင္မင္းတရားႀကီး ၏ေခါင္းေလာင္းစာ ကမၻာ့မွတ္တမ္းအေမြအႏွစ္အျဖစ္ သတ္မွတ္ခံရ
၂၀၁၇ ခုႏွစ္၊ ေအာက္တိုဘာလ (၂၄) ရက္ေန႔မွ (၂၇) ရက္ေန႔အထိက်င္းပခဲ့ေသာကမၻာ့မွတ္တမ္းအေမြအႏွစ္အတြက္အျပည္ျပည္ဆိုင္ရာအႀကံေပးေကာ္မတီ၏ (၁၃) ႀကိမ္ေျမာက္ အစည္းအေဝးတြင္ နိုင္ငံအသီးသီးမွ မွတ္တမ္းအေမြအႏွစ္ေပါင္း (၁၃၀)အဆိုျပဳတင္သြင္းရာျမန္မာနိုင္ငံမွပုဂံ၊ ေရႊစည္းခုံဘုရားရွိဘုရင့္ေနာင္မင္းတရားႀကီး၏ေခါင္းေလာင္းစာအပါအဝင္ မွတ္တမ္းအေမြအႏွစ္ (၇၈) ခုအားကမၻာ့မွတ္တမ္းအေမြအႏွစ္အျဖစ္သတ္မွတ္ခဲ့ပါသည္။ပုဂံေရႊစည္းခုံဘုရားရင္ျပင္ေတာ္ေပၚရွိဘုရင့္ေနာင္ေခါင္းေလာင္းႀကီးကိုျမန္မာသကၠရာဇ္ ၉၁၇ (ေအဒီ ၁၅၅၇) ခုႏွစ္တြင္ ဆင္ျဖဴရွင္ဘုရင့္ေနာင္မင္းတရားႀကီးကသြန္းလုပ္၍ခ်ိတ္ဆြဲလႉဒါန္းခဲ့ပါသည္။ ေခါင္းေလာင္းေပၚတြင္ မြန္၊ ျမန္မာ၊ ပါဠိ (၃) ဘာသာျဖင့္ ေရးထိုးထားပါသည္။ ေခါင္းေလာင္းစာတြင္ ဘုရင့္ေနာင္၏ တိုက္ခိုက္ေအာင္ျမင္ရာအရပ္ေဒသႏွင့္ ထိုေဒသတို႔၌ သာသနာျပဳပုံမ်ားကိုရက္စြဲမ်ားျဖင့္ အတိအက်ေဖာ္ျပလ်က္ မွတ္တမ္းတင္ထားခဲ့ပါသည္။ ဘုရင့္ေနာင္ေခါင္းေလာင္းစာသည္ ခိုင္လုံေသာေခတ္ၿပိဳင္မွတ္တမ္းျဖစ္ျခင္း၊ ေန႔ရက္မ်ားကိုတိုက္ဆိုင္စစ္ေဆးေသာအခါ တိက်မွန္ကန္ျခင္း၊ ဘုရင့္ေနာင္မင္းတရား၏ မိဖုရားအမည္မ်ားကိုအတိအက်သိရျခင္း၊ မဟာရာဇဝင္ႀကီးႏွင့္ မွန္နန္းရာဇဝင္ေတာ္ႀကီးတို႔၌ မျပည့္မစုံ၊ မတိမက် ေဖာ္ျပထားသည္မ်ားကိုျပည့္စုံတိက်ေအာင္ျဖည့္စြက္နိုင္ျခင္းစသည့္အခ်က္မ်ားႏွင့္ ျပည့္စုံေသာေၾကာင့္ကမၻာ့မွတ္တမ္းအေမြအႏွစ္အျဖစ္တင္သြင္းခဲ့ရျခင္းျဖစ္ပါသည္။
ကမၻာ့မွတ္တမ္းအေမြအႏွစ္ (Memory of the World) ဆိုသည္မွာစာၾကည့္တိုက္၊ ျပတိုက္ႏွင့္ ေမာ္ကြန္းတိုက္ဆိုင္ရာစုေဆာင္းမႈမ်ားျဖစ္ေသာေက်ာက္စာ၊ လက္ေရးစာမ်ား၊ တန္ဘိုးမျဖတ္နိုင္ေသာစာအုပ္မ်ား၊ သတင္းစာမ်ား၊ ဓာတ္ပုံႏွင့္ပန္းခ်ီကားမ်ား၊ ဖလင္မ်ားအသံႏွင့္ ဗီဒီယိုအေခြမ်ား၊ စီဒီ၊ အသံမွတ္တမ္းမ်ား၊ စာရြက္စာတမ္းအေထာက္အထားမ်ားစသည္တို႔ျဖစ္ပါသည္။ကမၻာ့အေမြအႏွစ္ (World Heritage) အဆင့္မ်ိဳးမဟုတ္ဘဲမွတ္တမ္းမ်ားကိုသာအဓိကထားသတ္မွတ္ျခင္းျဖစ္ပါသည္။
အဆိုပါ ကမၻာ့မွတ္တမ္းအေမြအႏွစ္မ်ားသည္ လူသားအားလုံးႏွင့္ သက္ဆိုင္ေသာေၾကာင့္ ယင္းအေမြအႏွစ္မ်ားကိုျပဳျပင္ထိန္းသိမ္းရန္၊ ကာကြယ္ေစာင့္ေရွာက္ရန္၊မွတ္တမ္းအေမြအႏွစ္မ်ားအားသိျမင္အေလးထားမႈျမႇင့္တင္ရန္ႏွင့္ အျပန္အလွန္အေလးထားမႈရွိေစရန္အတြက္ နိုင္ငံတကာပူးေပါင္းေဆာင္ရြက္ေရးႏွင့္ အကူအညီအေထာက္အပံ့ေပးေရးတို႔လိုအပ္ပါသည္။ ၎အခ်က္မ်ားအားျဖည့္ဆည္းနိုင္ရန္အတြက္ ကမၻာ့နိုင္ငံအသီးသီးတြင္ရွိေနေသာမွတ္တမ္းအေမြအႏွစ္မ်ားအားကမၻာ့မွတ္တမ္းအေမြအႏွစ္စာရင္းအျဖစ္သတ္မွတ္နိုင္ရန္UNESCO Memory of the World (ယူနက္စကိုကမၻာ့မွတ္တမ္းအေမြအႏွစ္) အစီအစဥ္ကို ၁၉၉၂ ခုႏွစ္တြင္ စတင္အေကာင္အထည္ေဖာ္ ေဆာင္ရြက္ခဲ့ပါသည္။ ကမၻာ့မွတ္တမ္းအေမြအႏွစ္မ်ားအား ၁၉၉၇ ခုႏွစ္မွစ၍ (၂) ႏွစ္ တစ္ႀကိမ္ ေရြးခ်ယ္သတ္မွတ္ခဲ့ပါသည္။
၁၉၉၂ ခုႏွစ္မွ ၂၀၁၇ခုႏွစ္အထိကမၻာတစ္ဝွမ္းမွ မွတ္တမ္းအေမြအႏွစ္ေပါင္း (၄၂၆) ခုအားကမၻာ့မွတ္တမ္းအေမြအႏွစ္အျဖစ္ သတ္မွတ္ခဲ့ၿပီးျဖစ္ပါသည္။ ျမန္မာနိုင္ငံအပါအဝင္ အာဆီယံနိုင္ငံမ်ားျဖစ္ေသာကေမၻာဒီးယားနိုင္ငံ၊ အင္ဒိုနီးရွားနိုင္ငံ၊ မေလးရွားနိုင္ငံ၊ ဖိလစ္ပိုင္နိုင္ငံ၊ ထိုင္းနိုင္ငံ၊ ဗီယက္နမ္နိုင္ငံႏွင့္ တီေမာလက္စတီနိုင္ငံတို႔မွ မွတ္တမ္းအေမြအႏွစ္မ်ားလည္းကမၻာ့မွတ္တမ္းအေမြအႏွစ္စာရင္းဝင္အျဖစ္သတ္မွတ္ခံရၿပီးျဖစ္ပါသည္။
၂၀၁၁ ခုႏွစ္၊ အင္ဒိုနီးရွားနိုင္ငံတြင္က်င္းပခဲ့ေသာယူနက္စကိုကမၻာ့မွတ္တမ္းအေမြအႏွစ္ အစီအစဥ္ အလုပ္႐ုံေဆြးေႏြးပြဲတြင္ ျမန္မာနိုင္ငံမွ မွတ္တမ္းအေမြအႏွစ္ (၆) ခုကိုကနဦးစာရင္း (Tentative List) အျဖစ္တင္သြင္းခဲ့ပါသည္။ထို႔ေနာက္ ၂၀၁၂ ခုႏွစ္ မတ္လတြင္ မဟာေလာကမာရဇိန္ ကုသိုလ္ေတာ္ဘုရားေက်ာက္စာမ်ားအားျမန္မာနိုင္ငံ၏မွတ္တမ္းအေမြအႏွစ္အျဖစ္တင္သြင္းခဲ့ရာ ၂၀၁၃ ခုႏွစ္ ဇြန္လတြင္ UNESCO က ကမၻာ့မွတ္တမ္းအေမြအႏွစ္စာရင္းဝင္အျဖစ္ သတ္မွတ္ေၾကာင္းေၾကျငာခဲ့၍ျမန္မာနိုင္ငံ၏ ပထမဆုံးကမၻာ့မွတ္တမ္းအေမြအႏွစ္ျဖစ္ခဲ့ပါသည္။ ဆက္လက္၍ ၂၀၁၄ ခုႏွစ္ မတ္လတြင္ ျမေစတီ (ရာဇကုမာရ္) ေက်ာက္စာအားတင္သြင္းခဲ့ရာ ၂၀၁၅ ခုႏွစ္ ဇြန္လတြင္ ျမန္မာနိုင္ငံမွ တင္သြင္းေသာျမေစတီ (ရာဇကုမာရ္) ေက်ာက္စာအျပင္ ဂ်ာမနီနိုင္ငံမွ ျမန္မာနိုင္ငံႏွင့္ ပူးတြဲတင္သြင္းေသာျမန္မာဘုရင္ အေလာင္းဘုရားကၿဗိတိန္ဘုရင္ ေဂ်ာ့-၂ ထံသို႔ေပးပို႔ခဲ့ေသာ ေရႊျပားေပၚတြင္ ေရးသားထားသည့္ ေရႊေပလႊာကိုလည္းကမၻာ့မွတ္တမ္းအေမြအႏွစ္အျဖစ္သတ္မွတ္ခံခဲ့ရပါသည္။
Source/
MORAC
ေရွးေဟာင္းသုေတသနႏွင္႔အမ်ဳိးသားျပတုိက္ဦးစီးဌာန
Tuesday, November 22, 2016
ေရွးေဟာင္းယဥ္ေက်းမႈ အေမြအႏွစ္ပစၥည္းမ်ားကို ျမတ္နိုးတန္ဖိုးထားတတ္ၾကပါေစ
ကမၻာေပၚရွိ လူမ်ိဳးတိုင္းတြင္ ကိုယ္ပိုင္ယဥ္ေက်းမႈမ်ား ရွိၾကသည္။ ထို႔အတူ ျမန္မာနိုင္ငံသားတို႔သည္လည္း ကိုယ္ပိုင္ယဥ္ေက်းမႈျဖင့္ ကမၻာေပၚတြင္ ယေန႔တိုင္ ရပ္တည္ ေနနိုင္ခဲ့သူမ်ား ျဖစ္ၾကသည္။ ျမန္မာနိုင္ငံတြင္ ဟန္လင္း၊ ဗိႆနိုး၊ သေရေခတၱရာ၊ ပင္လယ္(မိုင္းေမာ)၊ ဝတီး၊ ဓညဝတီ၊ ေဝသာလီဟူေသာ ေရွးေဟာင္းၿမိဳ႕ျပနိုင္ငံမ်ား ေပၚထြန္းလာၿပီးေနာက္ ပုဂံ၊ ပင္းယ၊ အင္းဝ၊ ကုန္းေဘာင္ေခတ္မွ ယေန႔ထိတိုင္ေအာင္ သမိုင္းေၾကာင္း ရွည္လ်ားခဲ့သည္ႏွင့္အမၽွ ျမန္မာ့ယဥ္ေက်းမႈသည္လည္း အေျခခိုင္မာစြာျဖင့္ ႏွစ္ေပါင္းေထာင္ခ်ီ ရပ္တည္နိုင္ခဲ့ပါသည္။
ျမန္မာ့ယဥ္ေက်းမႈသည္ ဗုဒၶဘာသာကို အေျချပဳ၍ တိုးတက္ထြန္းကားလာေသာေၾကာင့္ ျမန္မာ့ယဥ္ေက်းမႈနယ္ပယ္တြင္ ဘာသာေရးဆိုင္ရာ အယူအဆမ်ား၊ အေတြးအေခၚမ်ားႏွင့္ ဆက္စပ္ေသာ စာေပ၊ ပန္းခ်ီ၊ ပန္းပု၊ ႐ုပ္တု ယဥ္ေက်းမႈဆိုင္ရာ အႏုပညာလက္ရာမ်ားသည္ ေပၚေပါက္လာခဲ့သည္။ ထို႔ေၾကာင့္ ပန္းခ်ီ၊ ပန္းပု၊ ပန္းေတာ့၊ ပန္းတေမာ့စေသာ ပန္း(၁ဝ)မ်ိဳး အတတ္ပညာသည္လည္း ထြန္းကားလာခဲ့သည္။ ေအဒီ ၁ ရာစုမွစ၍ ႐ုပ္တု၊ ဆင္းတုႏွင့္ အျခားကိုးကြယ္မႈဆိုင္ရာ နတ္႐ုပ္မ်ား၊ အထိမ္းအမွတ္႐ုပ္တုမ်ားကို ေက်ာက္၊ ေၾကး၊ သံ၊ အုတ္ မံ႐ုပ္တု၊ သစ္သားတို႔ျဖင့္ ထုလုပ္၍ ကိုးကြယ္မႈဆိုင္ရာႏွင့္ လူ႔အသုံးအေဆာင္ပစၥည္းမ်ားကိုလည္း ျပဳလုပ္သုံးစြဲခဲ့ၾကသည္။
ဤတြင္ ၁ ရာစုမွ စ၍ ရတနာပုံေခတ္ကာလအထိ ယဥ္ေက်းမႈအႏုပညာလက္ရာေျမာက္ေသာ ေစတီ၊ ပုထိုး၊ ဂူ၊ ေက်ာင္းတို႔၏ ဂူဘုရားနံရံမ်ား၊ မုခ္ဦးမုခ္ဝမ်ား စသည့္ေနရာမ်ားတြင္ ႐ုပ္လုံး၊ ႐ုပ္ခုံး၊ ႐ုပ္ႂကြ၊ ပန္းေတာ့၊ ပန္းတေမာ့လက္ရာမ်ားစြာ အသုံးျပဳခဲ့သည္။ ႐ုပ္လုံး၊ ႐ုပ္ႂကြမ်ားကို ၾကည့္သည့္အခါ ျခဴးပန္းျခဴးႏြယ္၊ ကႏုတ္ပန္း၊ ဘယက္ဒြါဒရာ အဆင္တန္ဆာတို႔ျဖင့္ ဝတ္စားဆင္ယင္ထားေသာ ဘုရားအေလာင္း႐ုပ္၊ ျဗဟၼာ႐ုပ္၊ နတ္႐ုပ္ႏွင့္ ဘုရားျဖစ္ေတာ္စဥ္ ၅၅ဝ ဇာတ္နိပါတ္ေတာ္မ်ားကို အႏုလက္ရာအမ်ိဳးမ်ိဳးျဖင့္ စဉ့္ကြင္းေက်ာက္၊ အုတ္၊ သစ္သားတို႔ျဖင့္ ထုဆစ္အလွဆင္ခဲ့ၾကသည္။ ၄င္းအျပင္ စာေပအေရးအသား တိုးတက္မႈအေနႏွင့္လည္း ပ်ဴေခတ္မွစတင္၍ ရတနာပုံေခတ္အထိ ေက်ာက္စာမ်ားကိုလည္း ေရးထိုးစိုက္ထူခဲ့ၾကသည္။
ထိုသို႔ထုလုပ္ခဲ့ေသာ ႐ုပ္တု၊ ႐ုပ္လုံးမ်ားကိုၾကည့္ပါက ဗုဒၶဘာသာဆိုင္ရာ ကိုးကြယ္မႈကို အေျခခံေသာ ႐ုပ္တုမ်ားႏွင့္ မဟာယာနဆိုင္ရာ႐ုပ္တု၊ ဟိႏၵဴျဗဟၼဏဆိုင္ရာ႐ုပ္တု၊ နတ္႐ုပ္မ်ားသည္ သမိုင္းေနာက္ခံအတြက္ မဂၤလာရွိေစေသာ အထိမ္းအမွတ္ႏွင့္ထုဆစ္ခဲ့ၾကေသာ ႐ုပ္တုမ်ားသာ ျဖစ္ၾကသည္။ အေၾကာင္းမဲ့ ထုလုပ္ေရးခ်ယ္ခဲ့ျခင္းေတာ့ မဟုတ္ေပ။ ထိုဘုရား ျဖစ္ေတာ္စဥ္ ဇာတ္နိပါတ္ေတာ္မ်ားကို ေနာင္လာေနာင္သားမ်ားအား သိေစခ်င္သည့္အတြက္ ဘာသာေရး၊ သာသနာေရးကို အေလးထားကာ ထုဆစ္ထားခဲ့ျခင္းျဖစ္သည္။ ထို႔ေၾကာင့္ ထို႐ုပ္တုမ်ားသည္ အလွအပသေဘာ၊ အဆင္တန္ဆာ သေဘာပါဝင္သလို ဘာသာေရး ကိုးကြယ္မႈဆိုင္ရာ သမိုင္းေနာက္ခံႏွင့္ လူတို႔၏အဆင့္အတန္း ျမင့္မားလာမႈကို ေဖာ္ေဆာင္ ေပးေနေသာ ႐ုပ္တုမ်ား ျဖစ္ၾကသည့္အတြက္ တန္ဖိုးႀကီးမားလွပါသည္။
ယခုအခါတြင္ ဤ႐ုပ္တုအမ်ိဳးမ်ိဳးႏွင့္ စာေပ(ေက်ာက္စာ)တို႔သည္ ယေန႔ထက္ထိတိုင္ေအာင္ က်န္ရွိေနေသး၍ ျမန္မာ့ယဥ္ေက်းမႈအႏုပညာ အေမြအႏွစ္ပစၥည္းမ်ားအျဖစ္ ယဥ္ေက်းမႈအရ အလြန္ပင္တန္ဖိုးႀကီးပါသည္။ ထိုကဲ့သို႔ တန္ဖိုးႀကီးမားမႈကို ေလ်ာ့ပါးသြားေအာင္ ယဥ္ေက်းမႈ မဲ့ေသာ ဝတ္စားဆင္ယင္မႈ၊ မယဥ္ေက်းေသာ အျပဳအမူမ်ားျဖင့္ ပူးတြဲကာ ဓာတ္ပုံရိုက္ျခင္း၊ ျဖန႔္ေဝျခင္းမ်ား ျပဳလုပ္ေနၾကေသာေၾကာင့္ ထို႐ုပ္တုပစၥည္းမ်ား၏ ယဥ္ေက်းမႈတန္ဖိုးကို ေမွးမွိန္ေစပါသည္။ ထို႔ေၾကာင့္ ဤကဲ့သို႔ ျပဳလုပ္ေသာ အျပဳအမူမ်ားကို မျပဳလုပ္မိေစရန္ ျမန္မာနိုင္ငံသူနိုင္ငံသားမ်ားအေနႏွင့္ မိမိယဥ္ေက်းမႈကို ခ်စ္ျမတ္နိုးေသာစိတ္ျဖင့္ ထိန္းသိမ္း ေစာင့္ေရွာက္ သြားရန္လိုပါသည္။ ထို႔အတူ ယဥ္ေက်းမႈပ်က္ျပားေစေသာ အျပဳအမူမ်ား ျပဳလုပ္ေန သည္ကို ေတြ႕ရွိပါကလည္း မျပဳလုပ္ေစရန္ တားျမစ္၍ အသိပညာေပးရန္လိုပါသည္။
ထိုသို႔ ယဥ္ေက်းမႈအေမြအႏွစ္ပစၥည္းမ်ားကို အမ်ိဳးသားေရးအသိစိတ္ဓာတ္ျဖင့္ ဝိုင္း၀န္း ထိန္းသိမ္းေစာင့္ေရွာက္မည္ဆိုပါက မိမိတို႔၏ အမ်ိဳးသားယဥ္ေက်းမႈဂုဏ္ကို ျမႇင့္တင္ေပးရာ ေရာက္သည့္အတြက္ တစ္မ်ိဳးသားလုံးက ဝိုင္းဝန္းကာကြယ္ထိန္းသိမ္းေစာင့္ေရွာက္သြားရန္ လိုပါေၾကာင္း အသိေပးတိုက္တြန္းအပ္ပါသည္။
MORAC
ေဆာင္းပါးရွင္ ခင္ညိဳညိဳ(ေရွးေဟာင္းသုေတသန)
Ministry of Religious Affairs and Culture
https://www.facebook.com/ministryofculturenews
Wednesday, May 11, 2016
ေခါင္းေလာင္းစာကုိ ယူနက္စကို-ကမၻာ့မွတ္တမ္း အေမြအႏွစ္စာရင္း တင္သြင္း
ဟံသာဝတီဆင္ျဖဴရွင္ဘုရင့္ေနာင္မင္းတရားၾကီးက ပုဂံေရႊစည္းခံု ဘုရားတြင္ လွဴဒါန္းခဲ႔သည့္ ေခါင္းေလာင္းစာကုိ ယူနက္စကို-ကမၻာ့မွတ္တမ္း အေမြအႏွစ္စာရင္း တင္သြင္းျခင္း
ပုဂံေရႊစည္းခံုဘုရားမွ ဘုရင့္ေနာင္ေခါင္းေလာင္းတြင္ ေရးထိုးထားေသာ ကမၸည္းစာသည္ ဟံသာဝတီ ဆင္ျဖဴရွင္ ဘုရင့္ေနာင္မင္း တရားၾကီး ၏ ေဆာင္ရြက္ခ်က္မ်ားကို ေဖာ္ျပေသာ ပါဠိ၊ မြန္၊ ျမန္မာ၊ သံုးဘာသာျဖင့္ ေရးထိုးထားပါသည္။ ခိုင္လံုေသာ ေခတ္ၿပိဳင္မွတ္တမ္းျဖစ္ျခင္း၊ ေန႔ရက္မ်ားကို ျပကၡဒိန္ႏွင့္ တိုက္ဆိုင္စစ္ေဆးေသာအခါ တိက်မွန္ကန္ျခင္း၊ မဟာရာဇဝင္ၾကီး၊ မွန္နန္းရာဇဝင္ေတာ္ၾကီးမ်ားမွ အယြင္းအမွားမ်ားကို ျပင္ဆင္ႏိုင္ရန္ အေထာက္အကူျပဳျခင္းႏွင့္ ျပည့္စံုတိက်ေအာင္ ျဖည့္စြမ္းႏိုင္ျခင္း စေသာ ဝိေသသလကၡဏာတို႔ႏွင့္ ျပည့္စံုသည့္ ေမာ္ကြန္းကမၸည္းစာ ျဖစ္ပါသည္။ ေရွးေဟာင္းဝတၳဳပစၥည္းတစ္ခု ျဖစ္သကဲ႔သို႔ သမိုင္းဆိုင္ရာ၊ မႏုႆေဗဒဆိုင္ရာ၊ ျဒပ္ရွိျဒပ္မဲ႔ယဥ္ေက်းမႈဆိုင္ရာ၊ အႏုပညာလက္ရာဆိုင္ရာ တန္ဖိုးျမင့္မားသည့္ ေရွးေဟာင္းယဥ္ေက်းမႈ အေမြအႏွစ္တစ္ရပ္လည္း ျဖစ္ပါသည္။
ဘာသာစကားႏွင့္ စာေပဆိုင္ရာ ခိုင္လံုေသာ မူရင္းအေထာက္ အထားလည္း ျဖစ္ပါသည္။ ထိုသို႔ တန္ဖိုးျမင့္မား လွသည့္ ေရွးေဟာင္း ယဥ္ေက်းမႈအေမြအႏွစ္ျဖစ္ေသာ ဘုရင့္ေနာင္ေခါင္းေလာင္းစာကို အမ်ိဳးသားအဆင့္၊ ႏိုင္ငံေတာ္ အဆင့္ ထိန္းသိမ္းကာကြယ္ ေစာင့္ေရွာက္ခဲ႔ပါသည္။ ယခုအခါ ယူနက္စကို-ကမၻာ့မွတ္တမ္း အေမြအႏွစ္စာရင္း (UNESCO Memory of the World) တင္သြင္းႏိုင္ရန္ သာသနာေရးႏွင့္ ယဥ္ေက်းမႈဝန္ၾကီးဌာန၊ ေရွးေဟာင္းသုေတသနႏွင့္ အမ်ိဳးသားျပတိုက္ဦးစီးဌာနက ၂၀၁၄ ခုႏွစ္၊ ဒီဇင္ဘာလမွ စတင္၍ အဆိုျပဳ တင္သြင္းခဲ႔ရာ၊ ၂၀၁၆ ခုႏွစ္၊ ေမလ (၃၁)ရက္ေန႔ ေနာက္ဆံုးထား၍ အဆိုျပဳလႊာတင္ျပခ်က္မ်ားကို အေခ်ာ အျပည့္အစံု အၿပီးသတ္ ေပးပို႔ရမည္ ျဖစ္ပါသည္။ သမိုင္းပညာရွင္မ်ား၊ ျမန္မာစာေပႏွင့္ ဘာသာစကား ပညာရွင္မ်ား၊ တကၠသိုလ္မ်ားမွ ျမန္မာစာဌာန၊ သမိုင္းဌာန၊ ေရွးေဟာင္းသုေတသနပညာဌာန၊ အေရွ႕တိုင္း ပညာဌာနတို႔မွ ပညာရွင္မ်ားထံ ေပးပို႔၍ အႀကံဥာဏ္မ်ား ေတာင္းခံလ်က္ ျပင္ဆင္ေရးသားခဲ႔ကာ ၂၀၁၆ ခုႏွစ္၊ ေမလ ဒုတိယပတ္တြင္ ေပးပို႔တင္ျပႏိုင္ရန္ ေဆာင္ရြက္ၿပီး ျဖစ္ပါသည္။
ခရစ္ႏွစ္ ၁၅၅၇ ခုႏွစ္(၁၆ ရာစု)တြင္ ေရးထိုးထားေသာ ယင္း ဘုရင့္ေနာင္ေခါင္းေလာင္းစာသည္ ဘုရင့္ေနာင္မင္းတရားႀကီးလက္ထက္ လူမႈစီးပြားဆိုင္ရာနည္းပညာမ်ား၊ ႏိုင္ငံေရးအေျခအေန၊ ကိုးကြယ္ ယံုၾကည္မႈႏွင့္ တုိင္းရင္းသားတို႔၏ လူမႈဓေလ႔ထံုးတမ္းမ်ားကို ထင္ဟပ္ေဖာ္ျပေနေသာ ေမာ္ကြန္းကမၸည္း တစ္ရပ္ ျဖစ္ပါသည္။
ဘုရင့္ေနာင္မင္းတရားႀကီး၏ ေခါင္းေလာင္းစာသည္ ရက္စြဲေန႔စြဲ အတိအက် ေရးထိုးမွတ္တမ္းတင္ထား ေသာေၾကာင့္ ျမန္မာ့သမိုင္းဆိုင္ရာကြင္းဆက္မ်ားကို မွန္ကန္ေစေရးအတြက္ ဆက္စပ္ၫွိႏိႈင္းေလ႔လာရာတြင္ တိက်ခိုင္မာေသာ စာေပဆိုင္ရာ၊ သမိုင္းဆိုင္ရာ မူရင္း အေထာက္အထာတစ္ရပ္လည္း ျဖစ္ပါသည္။ ပါဠိ၊ မြန္၊ ျမန္မာ ဘာသာစကားႏွင့္ အကၡရာ၊ စာေပ ထြန္းကားမႈ အဆင့္အတန္းကိုလည္းေဖာ္ျပေသာ ေရွးေဟာင္းစာေပ အေမြအႏွစ္ ရတနာတစ္ခုလည္း ျဖစ္ပါသည္။ ပန္းဆယ္မ်ိဳးအႏုပညာ၊ ေၾကးသြန္းအတတ္ပညာ၊ ျဒပ္မဲ႔ ယဥ္ေက်းမႈဆိုင္ရာ အေထာက္အထားတစ္ရပ္လည္း ျဖစ္ပါသည္။
ဘုရင့္ေနာင္ေခါင္းေလာင္းစာတြင္ သကၠရာဇ္ ၉၁၉ ခုႏွစ္၊ နယုန္လျပည့္ေက်ာ္(၁၁)ရက္ တနဂၤေႏြေန႔၌ သီရိပရမမဟာရာဇာ ဘြဲ႕ေတာ္ခံ ဟံသာဝတီ ဆင္ျဖဴရွင္ဘုရင့္ေနာင္မင္းတရားႀကီးသည္ ေၾကးခြက္ ၂၁၀၀ ျဖင့္ ေခါင္းေလာင္းႀကီးတစ္လံုးသြန္းလုပ္ကာ အႏုရုဒၸၶမင္း(အေနာ္ရထာမင္း) ႏွင့္ ထိလိုင္မင္း (က်န္စစ္သား မင္း) တို႔၏ ေကာင္းမႈေတာ္ျဖစ္ေသာ ပုဂံ-ေရႊစည္းခံုဘုရားရင္ျပင္ေတာ္တြင္ ခ်ိတ္ဆြဲလွဴဒါန္းခဲ႔ေၾကာင္း အလွဴမွတ္တမ္း ကမၸည္းေမာ္ကြန္း ေရးထိုးထားပါသည္။ ထို႔ျပင္ ႏိုင္ငံေတာ္စည္းရံုးေရးအတြက္ ေဆာင္ရြက္ခ်က္မ်ား၊ သာသနာေရးဆိုင္ရာ ေဆာင္ရြက္ခ်က္မ်ားကိုလည္း ေအာက္ပါအတိုင္း
ေလ႔လာေတြ႕ရွိရပါသည္။-
-သကၠရာဇ္ ၉၁၂ ခု၊ တပို႔တြဲလဆန္း ၅ ရက္၊ တနဂၤေႏြေန႔ - ေကတုမတီကို အလိုေတာ္ျပည့္ေၾကာင္း၊
-သကၠရာဇ္ ၉၁၃ ခု၊ ေတာ္သလင္းလကြယ္ေန႔ - သေရေခတၱရာျပည္ကို ေအာင္ေတာ္မူေၾကာင္း၊
-သကၠရာဇ္ ၉၁၃ ခု၊ တန္ခူးလဆုတ္ ၃ ရက္၊ စေနေန႔ - ဟံသာဝတီသို႔ ခ်ီေတာ္မူေၾကာင္း၊
-သကၠရာဇ္ ၉၁၅ ခု၊ တပို႔တြဲလဆန္း ၁၀ ရက္၊ ေသာၾကာေန႔ - ကေမၻာဇသာဒီနန္းေတာ္တြင္ ဘိသက္ခံေၾကာင္း၊
-သကၠရာဇ္ ၉၁၆ ခု၊ တေပါင္းလဆန္း ၂ ရက္၊ အဂၤါေန႔ - အဝ(အင္းဝ)ကို ေအာင္ေတာ္မူေၾကာင္း၊
-သကၠရာဇ္ ၉၁၈ ခု၊-
- နတ္ေတာ္လဆန္း ၈ ရက္၊ တနလၤာေန႔ - အဝ(အင္းဝ)သို႔ ထပ္မံခ်ီေတာ္မူေၾကာင္း၊
- ျပာသိုလဆုတ္ ၉ ရက္၊ၾကာသပေတးေန႔ - အင္းဝေရႊနန္းသို႔ ေရာက္ေတာ္မူေၾကာင္း၊
- တပို႔တြဲလဆန္း ၉ ရက္၊ေသာၾကာေန႔ - ၾကည္းအားေရအားျဖင့္ခ်ီေတာ္မူေၾကာင္း၊
- တပို႔တြဲလဆုတ္ ၁၁ ရက္၊တနလၤာေန႔ - မိုးမိတ္၊ သီေပါ၊ ပတၱျမားတြင္းကို ေအာင္ေတာ္မူေၾကာင္း၊
- တေပါင္းလဆန္း ၁၁ ရက္၊တနလၤာေန႔ - ေစတီတည္ေတာ္မူေၾကာင္း၊
- တေပါင္းလဆန္း ၁၃ ရက္၊ ဗုဒၸၶဟူးေန႔ - သရီရဓာတ္ေတာ္ ထာပနာေတာ္မူေၾကာင္း၊
- တေပါင္းလျပည့္ေက်ာ္ ၅ ရက္၊ ဗုဒၸၶဟူးေန႔ - မိုးမိတ္က ခ်ီေတာ္မူေၾကာင္း၊
- တေပါင္းလျပည့္ေက်ာ္ ၈ ရက္၊ စေနေန႔ - ဓိက်ည္(ထီးခ်ိဳင့္)သို႔ ေရာက္ေတာ္မူေၾကာင္း၊
- တန္ခူးလဆန္း ၁ ရက္၊ တနဂၤေႏြေန႔ - ခ်ီေတာ္မူေၾကာင္း၊
- တန္ခူးလဆန္း ၇ ရက္၊ စေနေန႔ - မိုးၫွင္းကို ေအာင္ေတာ္မူေၾကာင္း၊
- တန္ခူးလျပည့္ေက်ာ္ ၁၂ ရက္၊ ၾကာသပေတးေန႔ - မိုးေကာင္းကို အလိုေတာ္ျပည့္ေၾကာင္း၊
-သကၠရာဇ္ ၉၁၉ ခု၊-
- ကဆုန္လဆန္း ၅ ရက္၊ေသာၾကာေန႔- မိုးေကာင္းေစာ္ဘြား၊မိုးၫွင္းေစာလံုတို႔ထပ္ေလာင္းသစၥာျပဳေၾကာင္း၊
- ကဆုန္လဆန္း ၁၂ ရက္၊ ေသာၾကာေန႔- မိုးေကာင္းက ျပန္ေတာ္မူေၾကာင္း၊
- နယုန္လျပည့္ေက်ာ္ ၁၁ ရက္၊ တနဂၤေႏြေန႔-ေခါင္းေလာင္းေတာ္သြန္းလုပ္လွဴဒါန္းေတာ္မူေၾကာင္း။
ဘုရင့္ေနာင္ေခါင္းေလာင္းစာတြင္ ေဖာ္ျပထားခ်က္မ်ားအရ ဟံသာဝတီ
ဆင္ျဖဴရွင္ ဘုရင့္ေနာင္ မင္းတရားႀကီး၏ ဘြဲ႕ေတာ္မွာ သီရိပရမ မဟာဓမၼရာဇာဓိရာဇာ ျဖစ္ေၾကာင္း၊ မိဖုရားႀကီး၏ ဘြဲ႕ေတာ္မွာ သီရိအဂၢမဟာရာဇာေဒဝီ ျဖစ္ေၾကာင္း၊ မင္းမိဖုရားႏွစ္ပါးတို႔သည္ ကေမၻာဇသာဒီနန္းေတာ္၌ သကၠရာဇ္ ၉၁၅ ခု၊ တပို႔တြဲလဆန္း(၁၀)ရက္တြင္ ဘိသိက္မဂၤလာခံယူေတာ္မူခဲ႔သည့္ သမိုင္း အေထာက္ အထား တစ္ရပ္ ကို ေတြ႕ရွိရ ပါသည္။
ဘုရင့္ေနာင္ေခါင္းေလာင္းစာသည္ သာသနာ့အေမြအႏွစ္ဆိုင္ရာ အေထာက္အထားတစ္ရပ္လည္း ျဖစ္ပါသည္။ ဟံသာဝတီဆင္ျဖဴရွင္ ဘုရင့္ေနာင္မင္းတရားႀကီးသည္ ေကတုမတီ(ေတာင္ငူ)၊ သေရေခတၱရာျပည္၊ အဝ(အင္းဝ)၊ မိုးမိတ္၊ သီေပါ၊ မိုးၫွင္း၊ မိုးေကာင္း၊ ဓိက်ည္(ထီးခ်ိဳင့္)စေသာ ေဒသမ်ားကို တစ္စည္းတစ္လံုးတည္းျဖစ္ေအာင္ စည္းရံုးႏိုင္ခဲ႔ေၾကာင္း၊ ၾကြခ်ီရာလမ္းခရီးတစ္ေလွ်ာက္၊ ေရာက္ရွိရာ ေနရာေဒသအသီးသီးတြင္ ကုသိုလ္ေဟာင္းတို႔ကို ျပဳျပင္၍ ၊ ကုသိုလ္အသစ္မ်ားကို ျပဳစုခဲ႔ေၾကာင္း၊ ထို႔ေၾကာင့္မြန္တိုင္းႏိုင္ငံ၊ ျမန္မာတိုင္းႏိုင္ငံအလံုး ေရႊဘုရား၊ ေရႊေစတီ၊ ေရႊဂူ၊ ေရႊဆင္းတု၊ ေရႊေက်ာင္း၊ ေရႊဇရပ္၊ ေရႊတန္ေဆာင္း ေျပာင္ေျပာင္ထြန္းပလ်က္ ဗုဒၸၶသာသနာေတာ္ ပြင့္လင္းစည္ပင္ရေၾကာင္း၊ အတိအလင္း ေဖာ္ျပထားပါသည္။
သိန္ဃိုဝ္ကၽြန္း(သီဟိုဠ္ကၽြန္း)သို႔ သေဘၤာျဖင့္သြားေရာက္၍ ကုသိုလ္ေဟာင္းမ်ားကို ျပဳျပင္ေစခဲ႔ ေၾကာင္း၊ သိန္ဃိုဝ္ကၽြန္း(သီဟိုဠ္ကၽြန္း)မွ သရီရဓာတ္ေတာ္မ်ားကို သံဃာေတာ္တို႔က သေဘၤာျဖင့္ ဟံသာဝတီသို႔ ပင့္ေဆာင္ခဲ႔ၿပီး၊ ႏွစ္မျပတ္-လမျပတ္-ေန႔မျပတ္ လွဴဒါန္းျဖည့္တင္းေတာ္မူခဲ႔ေၾကာင္း၊ ေခါင္းေလာင္းစာတြင္ ေဖာ္ျပထားရာ ဗုဒၸၶသာသနာေတာ္ ျပဳစုျခင္းငွာ သီဟိုဠ္-ျမန္မာ ႏွစ္ႏိုင္ငံဆက္ဆံေရး အေျခအေနအတြက္လည္း သမိုင္းဆိုင္ရာ အေထာက္အထားတစ္ရပ္ ျဖစ္ပါသည္။
ႏိုင္ငံတစ္ဝန္း ၾကည္းေၾကာင္း၊ ေရေၾကာင္းတို႔ျဖင့္ ၾကြခ်ီေတာ္မူရာတြင္ ေရႊေဖာင္ေတာ္ ဦးျပာသာဒ္၊ ပဲ႔ျပာသာဒ္ျဖင့္ ဆင္ယင္ေသာ၊ အေရာင္အဝါႏွင့္ ျပည့္စံုေသာ ေရႊေဖာင္ေတာ္ထက္တြင္ စီးခဲ႔ေၾကာင္း၊ စူလာမနိ အမည္ရွိေသာ သံုးဆယ့္သံုးလံႏွစ္ေတာင္ အလ်ားရွိေသာ၊ အတုမရွိေသာ ေရႊေလာင္းမ၊ ေငြဗိမာန္၊ ႏွစ္ဆယ့္ခုနစ္လံႏွစ္ေတာင္အလ်ားရွိသည့္ ဦးျပာသာဒ္၊ ပဲ႔ျပာသာဒ္၊ အလယ္ျပာသာဒ္၊ ရတနာတို႔ျဖင့္ၿပီေသာ အေရာင္အဝါတင့္တယ္စြာ အတုမရွိေသာ ေရႊစလာကပင္၊ ေရႊရဲေလွ၊ ေရႊေလွာ္ကား၊ ေရႊသံေလွတို႔ျဖင့္ ခ်ီေတာ္မူေၾကာင္း ေဖာ္ျပထားေပရာ ေရတပ္ေတာ္(ေလွတပ္ေတာ္)ျဖင့္ မင္းခမ္းမင္းနား ခင္းက်င္းဆင္ယင္ပံုႏွင့္ ေတာင့္တင္းခိုင္မာ စည္းလံုးညီညာေသာ အင္အားရွိခဲ႔ပံုတို႔ ထင္ဟပ္ေနသည့္ ေခတ္ေၾကးမံုကို ေတြ႕ျမင္ရ ပါသည္။
မိုးေကာင္း၊ မိုးၫွင္း၊ သီေပါ၊ မိုးမိတ္ ရွမ္းႏွစ္ျပည္ေထာင္တြင္ သူေကာင္းတစ္ေယာက္ ေသဆံုးလွ်င္ ေယာက္်ား၊ မိန္းမကိုသတ္၍ ထည့္သည္ကို၊ မိစၦာဒိ႒ိအက်င့္က်င့္သည္ကို မက်င့္ႏွင့္ဟူ၍ သစၥာေရတိုက္ကာ ထားေတာ္မူလ်က္ ကာကြယ္ေစာင့္ေရွာက္ေပးေတာ္ မူခဲ႔ေသာ ေဆာင္ရြက္ ခ်က္မ်ားကိုပါ ဘုရင့္ေနာင္ မင္းတရား၏ ေခါင္းေလာင္း စာတြင္ ေဖာ္ျပထားပါသည္။ တိုင္းရင္းသားလူမ်ိဳးတို႔၏ ျပဳျပင္သင့္ေသာ အယူအက်င္႔ မ်ားကို ပယ္ႏုတ္ေပးခဲ႔ေၾကာင္း၊ ယဥ္ေက်းမႈဆိုင္ရာ၊ မႏုႆေဗဒဆိုင္ရာ အေမြအႏွစ္ အေထာက္အထားမ်ား အျဖစ္ ေတြ႕ရွိႏိုင္ပါသည္။
ဟံသာဝတီဆင္ျဖဴရွင္ ဘုရင့္ေနာင္မင္းတရားႀကီး၏ ကုသိုလ္ေတာ္ျဖစ္သည့္ ပုဂံ၊ ေရႊစည္းခံုဘုရားမွ ေခါင္းေလာင္းသည္လည္းေကာင္း၊ ေခါင္းေလာင္းတြင္ေရးထိုးထားေသာ ကမၸည္းေမာ္ကြန္းစာသည္လည္း ျမန္မာတစ္မ်ိဳးသားလံုးအတြက္ တန္ဖိုးမျဖတ္ႏိုင္သည့္ ျဒပ္ရွိ၊ ျဒပ္မဲ႔ ေရွးေဟာင္းယဥ္ေက်းမႈအေမြအႏွစ္တို႔ျဖင့္ တန္ဆာဆင္အပ္ေသာ အေထာက္အထားျဖစ္ေသာေၾကာင့္ အမ်ိဳးသားအဆင့္၊ ႏိုင္ငံေတာ္အဆင့္ ထိန္းသိမ္း ကာကြယ္ ေစာင့္ေရွာက္ခဲ႔ပါသည္။ ထိုထက္ပို၍ ကမၻာ့လူသားအားလံုးက တန္ဖိုးထားထိန္းသိမ္းသင့္ ထိန္းသိမ္း အပ္ေသာ၊ ကမၻာေပၚတြင္ တစ္ခုတည္းေသာ၊ ထူးျခားရွားပါးသည့္၊ တန္ဖိုးႀကီးမားသည့္ ေရွးေဟာင္းယဥ္ေက်းမႈ အေမြအႏွစ္လည္း ျဖစ္ေသာေၾကာင့္ ယူနက္စကို-ကမၻာ့မွတ္တမ္းအေမြအႏွစ္စာရင္း (UNESCO Memory of the World) တင္သြင္းႏိုင္ေရးအတြက္ သာသနာေရးႏွင့္ ယဥ္ေက်းမႈဝန္ႀကီးဌာန၊ ေရွးေဟာင္းသုေတသနႏွင့္ အမ်ိဳးသားျပတိုက္ဦးစီးဌာနက အားသြန္ခြန္စိုက္ ႀကိဳးပမ္းေဆာင္ရြက္ေနျခင္း ျဖစ္ပါသည္။ မၾကာေတာ့ေသာ ကာလတြင္ ပုဂံ၊ ေရႊစည္းခံဘုရားရင္ျပင္ေတာ္ရွိ ဘုရင့္ေနာင္မင္းတရားႀကီး၏ ေခါင္းေလာင္းစာသည္လည္း မႏၱေလးမွ ကုသိုလ္ေတာ္ဘုရားေက်ာက္စာမ်ားကဲ႔သို႔လည္းေကာင္း၊ ပုဂံ ၿမိဳ႕ေဟာင္းရွိ ျမေစတီေက်ာက္စာ(ေခၚ) ရာဇကုမာရ္ေက်ာက္စာမ်ားကဲ႔သို႔လည္းေကာင္း ယူနက္စကို-ကမၻာ့ မွတ္တမ္းစာရင္းဝင္အေမြအႏွစ္တစ္ရပ္ ျဖစ္လာေတာ့မည္ဟု အေလးအနက္ ယံုၾကည္ေမွ်ာ္လင့္မိပါသတည္း။
၁၁-၅-၂၀၁၆
ေဆာင္းပါးေရးသားတင္ျပသူ - ထူးထူးဝင္း(ေရွးေဟာင္းသုေတသန)
ဒုတိယၫႊန္ၾကားေရးမွဴး၊ ေရွးေဟာင္းသုေတသနႏွင့္ အမ်ိဳးသားျပတိုက္ဦးစီးဌာန။
ကိုးကားခ်က္
ခ်စ္သိန္း၊ ဦး(ေရွးေဟာင္းသုေတသနဝန္)။ (၁၉၆၅)။ မြန္ေက်ာက္စာေပါင္းခ်ဳပ္။ ရန္ကုန္၊ ျပည္ေထာင္စု
ယဥ္ေက်းမႈဌာန၊ ေရွးေဟာင္းသုေတသနဌာနခြဲ။
တိုးလွ။ ေဒါက္တာ။(၁၉၈၀၊ ႏိုဝင္ဘာ)။ ဟံသာဝတီဆင္ျဖဴရွင္၏ ကုသိုလ္ေတာ္ေခါင္းေလာင္းစာ ေလ႔လာခ်က္။
တကၠသိုလ္ပညာပေဒသာစာေစာင္၊ အတြဲ ၁၄၊ အပိုင္း ၆၊ စာ(၃၅-၅၃)။ ရန္ကုန္၊ သမိုင္းသုေတသန။
ေရွးေဟာင္းသုေတသနႏွင့္ အမ်ိဳးသားျပတိုက္ဦးစီးဌာန၊ အျပည္ျပည္ဆိုင္ရာ ဆက္ဆံေရးႏွင့္ ပူးေပါင္း
ေဆာင္ရြက္ေရးဌာနခြဲမွ မွတ္တမ္းမ်ားႏွင့္ ၄င္းဌာနခြဲမွ ရရွိေသာ သတင္းအခ်က္အလက္မ်ား။
Ministryof Culture
https://www.facebook.com/ministryofculturenews
..........
ဟံသာဝတီဆင်ဖြူရှင်ဘုရင့်နောင်မင်းတရားကြီးက ပုဂံရွှေစည်းခုံ ဘုရားတွင် လှူဒါန်းခဲ့သည့် ခေါင်းလောင်းစာကို ယူနက်စကို-ကမ္ဘာ့မှတ်တမ်း အမွေအနှစ်စာရင်း တင်သွင်းခြင်း
ပုဂံရွှေစည်းခုံဘုရားမှ ဘုရင့်နောင်ခေါင်းလောင်းတွင် ရေးထိုးထားသော ကမ္ပည်းစာသည် ဟံသာဝတီ ဆင်ဖြူရှင် ဘုရင့်နောင်မင်း တရားကြီး ၏ ဆောင်ရွက်ချက်များကို ဖော်ပြသော ပါဠိ၊ မွန်၊ မြန်မာ၊ သုံးဘာသာဖြင့် ရေးထိုးထားပါသည်။ ခိုင်လုံသော ခေတ်ပြိုင်မှတ်တမ်းဖြစ်ခြင်း၊ နေ့ရက်များကို ပြက္ခဒိန်နှင့် တိုက်ဆိုင်စစ်ဆေးသောအခါ တိကျမှန်ကန်ခြင်း၊ မဟာရာဇဝင်ကြီး၊ မှန်နန်းရာဇဝင်တော်ကြီးများမှ အယွင်းအမှားများကို ပြင်ဆင်နိုင်ရန် အထောက်အကူပြုခြင်းနှင့် ပြည့်စုံတိကျအောင် ဖြည့်စွမ်းနိုင်ခြင်း စသော ဝိသေသလက္ခဏာတို့နှင့် ပြည့်စုံသည့် မော်ကွန်းကမ္ပည်းစာ ဖြစ်ပါသည်။ ရှေးဟောင်းဝတ္ထုပစ္စည်းတစ်ခု ဖြစ်သကဲ့သို့ သမိုင်းဆိုင်ရာ၊ မနုဿဗေဒဆိုင်ရာ၊ ဒြပ်ရှိဒြပ်မဲ့ယဉ်ကျေးမှုဆိုင်ရာ၊ အနုပညာလက်ရာဆိုင်ရာ တန်ဖိုးမြင့်မားသည့် ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်တစ်ရပ်လည်း ဖြစ်ပါသည်။
ဘာသာစကားနှင့် စာပေဆိုင်ရာ ခိုင်လုံသော မူရင်းအထောက် အထားလည်း ဖြစ်ပါသည်။ ထိုသို့ တန်ဖိုးမြင့်မား လှသည့် ရှေးဟောင်း ယဉ်ကျေးမှုအမွေအနှစ်ဖြစ်သော ဘုရင့်နောင်ခေါင်းလောင်းစာကို အမျိုးသားအဆင့်၊ နိုင်ငံတော် အဆင့် ထိန်းသိမ်းကာကွယ် စောင့်ရှောက်ခဲ့ပါသည်။ ယခုအခါ ယူနက်စကို-ကမ္ဘာ့မှတ်တမ်း အမွေအနှစ်စာရင်း (UNESCO Memory of the World) တင်သွင်းနိုင်ရန် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနက ၂၀၁၄ ခုနှစ်၊ ဒီဇင်ဘာလမှ စတင်၍ အဆိုပြု တင်သွင်းခဲ့ရာ၊ ၂၀၁၆ ခုနှစ်၊ မေလ (၃၁)ရက်နေ့ နောက်ဆုံးထား၍ အဆိုပြုလွှာတင်ပြချက်များကို အချော အပြည့်အစုံ အပြီးသတ် ပေးပို့ရမည် ဖြစ်ပါသည်။ သမိုင်းပညာရှင်များ၊ မြန်မာစာပေနှင့် ဘာသာစကား ပညာရှင်များ၊ တက္ကသိုလ်များမှ မြန်မာစာဌာန၊ သမိုင်းဌာန၊ ရှေးဟောင်းသုတေသနပညာဌာန၊ အရှေ့တိုင်း ပညာဌာနတို့မှ ပညာရှင်များထံ ပေးပို့၍ အကြံဉာဏ်များ တောင်းခံလျက် ပြင်ဆင်ရေးသားခဲ့ကာ ၂၀၁၆ ခုနှစ်၊ မေလ ဒုတိယပတ်တွင် ပေးပို့တင်ပြနိုင်ရန် ဆောင်ရွက်ပြီး ဖြစ်ပါသည်။
ခရစ်နှစ် ၁၅၅၇ ခုနှစ်(၁၆ ရာစု)တွင် ရေးထိုးထားသော ယင်း ဘုရင့်နောင်ခေါင်းလောင်းစာသည် ဘုရင့်နောင်မင်းတရားကြီးလက်ထက် လူမှုစီးပွားဆိုင်ရာနည်းပညာများ၊ နိုင်ငံရေးအခြေအနေ၊ ကိုးကွယ် ယုံကြည်မှုနှင့် တိုင်းရင်းသားတို့၏ လူမှုဓလေ့ထုံးတမ်းများကို ထင်ဟပ်ဖော်ပြနေသော မော်ကွန်းကမ္ပည်း တစ်ရပ် ဖြစ်ပါသည်။
ဘုရင့်နောင်မင်းတရားကြီး၏ ခေါင်းလောင်းစာသည် ရက်စွဲနေ့စွဲ အတိအကျ ရေးထိုးမှတ်တမ်းတင်ထား သောကြောင့် မြန်မာ့သမိုင်းဆိုင်ရာကွင်းဆက်များကို မှန်ကန်စေရေးအတွက် ဆက်စပ်ညှိနှိုင်းလေ့လာရာတွင် တိကျခိုင်မာသော စာပေဆိုင်ရာ၊ သမိုင်းဆိုင်ရာ မူရင်း အထောက်အထာတစ်ရပ်လည်း ဖြစ်ပါသည်။ ပါဠိ၊ မွန်၊ မြန်မာ ဘာသာစကားနှင့် အက္ခရာ၊ စာပေ ထွန်းကားမှု အဆင့်အတန်းကိုလည်းဖော်ပြသော ရှေးဟောင်းစာပေ အမွေအနှစ် ရတနာတစ်ခုလည်း ဖြစ်ပါသည်။ ပန်းဆယ်မျိုးအနုပညာ၊ ကြေးသွန်းအတတ်ပညာ၊ ဒြပ်မဲ့ ယဉ်ကျေးမှုဆိုင်ရာ အထောက်အထားတစ်ရပ်လည်း ဖြစ်ပါသည်။
ဘုရင့်နောင်ခေါင်းလောင်းစာတွင် သက္ကရာဇ် ၉၁၉ ခုနှစ်၊ နယုန်လပြည့်ကျော်(၁၁)ရက် တနင်္ဂနွေနေ့၌ သီရိပရမမဟာရာဇာ ဘွဲ့တော်ခံ ဟံသာဝတီ ဆင်ဖြူရှင်ဘုရင့်နောင်မင်းတရားကြီးသည် ကြေးခွက် ၂၁၀၀ ဖြင့် ခေါင်းလောင်းကြီးတစ်လုံးသွန်းလုပ်ကာ အနုရုဒ္ပ္ဓမင်း(အနော်ရထာမင်း) နှင့် ထိလိုင်မင်း (ကျန်စစ်သား မင်း) တို့၏ ကောင်းမှုတော်ဖြစ်သော ပုဂံ-ရွှေစည်းခုံဘုရားရင်ပြင်တော်တွင် ချိတ်ဆွဲလှူဒါန်းခဲ့ကြောင်း အလှူမှတ်တမ်း ကမ္ပည်းမော်ကွန်း ရေးထိုးထားပါသည်။ ထို့ပြင် နိုင်ငံတော်စည်းရုံးရေးအတွက် ဆောင်ရွက်ချက်များ၊ သာသနာရေးဆိုင်ရာ ဆောင်ရွက်ချက်များကိုလည်း အောက်ပါအတိုင်း
လေ့လာတွေ့ရှိရပါသည်။-
-သက္ကရာဇ် ၉၁၂ ခု၊ တပို့တွဲလဆန်း ၅ ရက်၊ တနင်္ဂနွေနေ့ - ကေတုမတီကို အလိုတော်ပြည့်ကြောင်း၊
-သက္ကရာဇ် ၉၁၃ ခု၊ တော်သလင်းလကွယ်နေ့ - သရေခေတ္တရာပြည်ကို အောင်တော်မူကြောင်း၊
-သက္ကရာဇ် ၉၁၃ ခု၊ တန်ခူးလဆုတ် ၃ ရက်၊ စနေနေ့ - ဟံသာဝတီသို့ ချီတော်မူကြောင်း၊
-သက္ကရာဇ် ၉၁၅ ခု၊ တပို့တွဲလဆန်း ၁၀ ရက်၊ သောကြာနေ့ - ကမ္ဘောဇသာဒီနန်းတော်တွင် ဘိသက်ခံကြောင်း၊
-သက္ကရာဇ် ၉၁၆ ခု၊ တပေါင်းလဆန်း ၂ ရက်၊ အင်္ဂါနေ့ - အဝ(အင်းဝ)ကို အောင်တော်မူကြောင်း၊
-သက္ကရာဇ် ၉၁၈ ခု၊-
- နတ်တော်လဆန်း ၈ ရက်၊ တနင်္လာနေ့ - အဝ(အင်းဝ)သို့ ထပ်မံချီတော်မူကြောင်း၊
- ပြာသိုလဆုတ် ၉ ရက်၊ကြာသပတေးနေ့ - အင်းဝရွှေနန်းသို့ ရောက်တော်မူကြောင်း၊
- တပို့တွဲလဆန်း ၉ ရက်၊သောကြာနေ့ - ကြည်းအားရေအားဖြင့်ချီတော်မူကြောင်း၊
- တပို့တွဲလဆုတ် ၁၁ ရက်၊တနင်္လာနေ့ - မိုးမိတ်၊ သီပေါ၊ ပတ္တမြားတွင်းကို အောင်တော်မူကြောင်း၊
- တပေါင်းလဆန်း ၁၁ ရက်၊တနင်္လာနေ့ - စေတီတည်တော်မူကြောင်း၊
- တပေါင်းလဆန်း ၁၃ ရက်၊ ဗုဒ္ပ္ဓဟူးနေ့ - သရီရဓာတ်တော် ထာပနာတော်မူကြောင်း၊
- တပေါင်းလပြည့်ကျော် ၅ ရက်၊ ဗုဒ္ပ္ဓဟူးနေ့ - မိုးမိတ်က ချီတော်မူကြောင်း၊
- တပေါင်းလပြည့်ကျော် ၈ ရက်၊ စနေနေ့ - ဓိကျည်(ထီးချိုင့်)သို့ ရောက်တော်မူကြောင်း၊
- တန်ခူးလဆန်း ၁ ရက်၊ တနင်္ဂနွေနေ့ - ချီတော်မူကြောင်း၊
- တန်ခူးလဆန်း ရ ရက်၊ စနေနေ့ - မိုးညှင်းကို အောင်တော်မူကြောင်း၊
- တန်ခူးလပြည့်ကျော် ၁၂ ရက်၊ ကြာသပတေးနေ့ - မိုးကောင်းကို အလိုတော်ပြည့်ကြောင်း၊
-သက္ကရာဇ် ၉၁၉ ခု၊-
- ကဆုန်လဆန်း ၅ ရက်၊သောကြာနေ့- မိုးကောင်းစော်ဘွား၊မိုးညှင်းစောလုံတို့ထပ်လောင်းသစ္စာပြုကြောင်း၊
- ကဆုန်လဆန်း ၁၂ ရက်၊ သောကြာနေ့- မိုးကောင်းက ပြန်တော်မူကြောင်း၊
- နယုန်လပြည့်ကျော် ၁၁ ရက်၊ တနင်္ဂနွေနေ့-ခေါင်းလောင်းတော်သွန်းလုပ်လှူဒါန်းတော်မူကြောင်း။
ဘုရင့်နောင်ခေါင်းလောင်းစာတွင် ဖော်ပြထားချက်များအရ ဟံသာဝတီ
ဆင်ဖြူရှင် ဘုရင့်နောင် မင်းတရားကြီး၏ ဘွဲ့တော်မှာ သီရိပရမ မဟာဓမ္မရာဇာဓိရာဇာ ဖြစ်ကြောင်း၊ မိဖုရားကြီး၏ ဘွဲ့တော်မှာ သီရိအဂ္ဂမဟာရာဇာဒေဝီ ဖြစ်ကြောင်း၊ မင်းမိဖုရားနှစ်ပါးတို့သည် ကမ္ဘောဇသာဒီနန်းတော်၌ သက္ကရာဇ် ၉၁၅ ခု၊ တပို့တွဲလဆန်း(၁၀)ရက်တွင် ဘိသိက်မင်္ဂလာခံယူတော်မူခဲ့သည့် သမိုင်း အထောက် အထား တစ်ရပ် ကို တွေ့ရှိရ ပါသည်။
ဘုရင့်နောင်ခေါင်းလောင်းစာသည် သာသနာ့အမွေအနှစ်ဆိုင်ရာ အထောက်အထားတစ်ရပ်လည်း ဖြစ်ပါသည်။ ဟံသာဝတီဆင်ဖြူရှင် ဘုရင့်နောင်မင်းတရားကြီးသည် ကေတုမတီ(တောင်ငူ)၊ သရေခေတ္တရာပြည်၊ အဝ(အင်းဝ)၊ မိုးမိတ်၊ သီပေါ၊ မိုးညှင်း၊ မိုးကောင်း၊ ဓိကျည်(ထီးချိုင့်)စသော ဒေသများကို တစ်စည်းတစ်လုံးတည်းဖြစ်အောင် စည်းရုံးနိုင်ခဲ့ကြောင်း၊ ကြွချီရာလမ်းခရီးတစ်လျှောက်၊ ရောက်ရှိရာ နေရာဒေသအသီးသီးတွင် ကုသိုလ်ဟောင်းတို့ကို ပြုပြင်၍ ၊ ကုသိုလ်အသစ်များကို ပြုစုခဲ့ကြောင်း၊ ထို့ကြောင့်မွန်တိုင်းနိုင်ငံ၊ မြန်မာတိုင်းနိုင်ငံအလုံး ရွှေဘုရား၊ ရွှေစေတီ၊ ရွှေဂူ၊ ရွှေဆင်းတု၊ ရွှေကျောင်း၊ ရွှေဇရပ်၊ ရွှေတန်ဆောင်း ပြောင်ပြောင်ထွန်းပလျက် ဗုဒ္ပ္ဓသာသနာတော် ပွင့်လင်းစည်ပင်ရကြောင်း၊ အတိအလင်း ဖော်ပြထားပါသည်။
သိန်ဃိုဝ်ကျွန်း(သီဟိုဠ်ကျွန်း)သို့ သင်္ဘောဖြင့်သွားရောက်၍ ကုသိုလ်ဟောင်းများကို ပြုပြင်စေခဲ့ ကြောင်း၊ သိန်ဃိုဝ်ကျွန်း(သီဟိုဠ်ကျွန်း)မှ သရီရဓာတ်တော်များကို သံဃာတော်တို့က သင်္ဘောဖြင့် ဟံသာဝတီသို့ ပင့်ဆောင်ခဲ့ပြီး၊ နှစ်မပြတ်-လမပြတ်-နေ့မပြတ် လှူဒါန်းဖြည့်တင်းတော်မူခဲ့ကြောင်း၊ ခေါင်းလောင်းစာတွင် ဖော်ပြထားရာ ဗုဒ္ပ္ဓသာသနာတော် ပြုစုခြင်းငှာ သီဟိုဠ်-မြန်မာ နှစ်နိုင်ငံဆက်ဆံရေး အခြေအနေအတွက်လည်း သမိုင်းဆိုင်ရာ အထောက်အထားတစ်ရပ် ဖြစ်ပါသည်။
နိုင်ငံတစ်ဝန်း ကြည်းကြောင်း၊ ရေကြောင်းတို့ဖြင့် ကြွချီတော်မူရာတွင် ရွှေဖောင်တော် ဦးပြာသာဒ်၊ ပဲ့ပြာသာဒ်ဖြင့် ဆင်ယင်သော၊ အရောင်အဝါနှင့် ပြည့်စုံသော ရွှေဖောင်တော်ထက်တွင် စီးခဲ့ကြောင်း၊ စူလာမနိ အမည်ရှိသော သုံးဆယ့်သုံးလံနှစ်တောင် အလျားရှိသော၊ အတုမရှိသော ရွှေလောင်းမ၊ ငွေဗိမာန်၊ နှစ်ဆယ့်ခုနစ်လံနှစ်တောင်အလျားရှိသည့် ဦးပြာသာဒ်၊ ပဲ့ပြာသာဒ်၊ အလယ်ပြာသာဒ်၊ ရတနာတို့ဖြင့်ပြီသော အရောင်အဝါတင့်တယ်စွာ အတုမရှိသော ရွှေစလာကပင်၊ ရွှေရဲလှေ၊ ရွှေလှော်ကား၊ ရွှေသံလှေတို့ဖြင့် ချီတော်မူကြောင်း ဖော်ပြထားပေရာ ရေတပ်တော်(လှေတပ်တော်)ဖြင့် မင်းခမ်းမင်းနား ခင်းကျင်းဆင်ယင်ပုံနှင့် တောင့်တင်းခိုင်မာ စည်းလုံးညီညာသော အင်အားရှိခဲ့ပုံတို့ ထင်ဟပ်နေသည့် ခေတ်ကြေးမုံကို တွေ့မြင်ရ ပါသည်။
မိုးကောင်း၊ မိုးညှင်း၊ သီပေါ၊ မိုးမိတ် ရှမ်းနှစ်ပြည်ထောင်တွင် သူကောင်းတစ်ယောက် သေဆုံးလျှင် ယောက်ျား၊ မိန်းမကိုသတ်၍ ထည့်သည်ကို၊ မိစ္ဆာဒိဋ္ဌိအကျင့်ကျင့်သည်ကို မကျင့်နှင့်ဟူ၍ သစ္စာရေတိုက်ကာ ထားတော်မူလျက် ကာကွယ်စောင့်ရှောက်ပေးတော် မူခဲ့သော ဆောင်ရွက် ချက်များကိုပါ ဘုရင့်နောင် မင်းတရား၏ ခေါင်းလောင်း စာတွင် ဖော်ပြထားပါသည်။ တိုင်းရင်းသားလူမျိုးတို့၏ ပြုပြင်သင့်သော အယူအကျင့် များကို ပယ်နုတ်ပေးခဲ့ကြောင်း၊ ယဉ်ကျေးမှုဆိုင်ရာ၊ မနုဿဗေဒဆိုင်ရာ အမွေအနှစ် အထောက်အထားများ အဖြစ် တွေ့ရှိနိုင်ပါသည်။
ဟံသာဝတီဆင်ဖြူရှင် ဘုရင့်နောင်မင်းတရားကြီး၏ ကုသိုလ်တော်ဖြစ်သည့် ပုဂံ၊ ရွှေစည်းခုံဘုရားမှ ခေါင်းလောင်းသည်လည်းကောင်း၊ ခေါင်းလောင်းတွင်ရေးထိုးထားသော ကမ္ပည်းမော်ကွန်းစာသည်လည်း မြန်မာတစ်မျိုးသားလုံးအတွက် တန်ဖိုးမဖြတ်နိုင်သည့် ဒြပ်ရှိ၊ ဒြပ်မဲ့ ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်တို့ဖြင့် တန်ဆာဆင်အပ်သော အထောက်အထားဖြစ်သောကြောင့် အမျိုးသားအဆင့်၊ နိုင်ငံတော်အဆင့် ထိန်းသိမ်း ကာကွယ် စောင့်ရှောက်ခဲ့ပါသည်။ ထိုထက်ပို၍ ကမ္ဘာ့လူသားအားလုံးက တန်ဖိုးထားထိန်းသိမ်းသင့် ထိန်းသိမ်း အပ်သော၊ ကမ္ဘာပေါ်တွင် တစ်ခုတည်းသော၊ ထူးခြားရှားပါးသည့်၊ တန်ဖိုးကြီးမားသည့် ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်လည်း ဖြစ်သောကြောင့် ယူနက်စကို-ကမ္ဘာ့မှတ်တမ်းအမွေအနှစ်စာရင်း (UNESCO Memory of the World) တင်သွင်းနိုင်ရေးအတွက် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနက အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက်နေခြင်း ဖြစ်ပါသည်။ မကြာတော့သော ကာလတွင် ပုဂံ၊ ရွှေစည်းခံဘုရားရင်ပြင်တော်ရှိ ဘုရင့်နောင်မင်းတရားကြီး၏ ခေါင်းလောင်းစာသည်လည်း မန္တလေးမှ ကုသိုလ်တော်ဘုရားကျောက်စာများကဲ့သို့လည်းကောင်း၊ ပုဂံ မြို့ဟောင်းရှိ မြစေတီကျောက်စာ(ခေါ်) ရာဇကုမာရ်ကျောက်စာများကဲ့သို့လည်းကောင်း ယူနက်စကို-ကမ္ဘာ့ မှတ်တမ်းစာရင်းဝင်အမွေအနှစ်တစ်ရပ် ဖြစ်လာတော့မည်ဟု အလေးအနက် ယုံကြည်မျှော်လင့်မိပါသတည်း။
၁၁-၅-၂၀၁၆
ဆောင်းပါးရေးသားတင်ပြသူ - ထူးထူးဝင်း(ရှေးဟောင်းသုတေသန)
ဒုတိယညွှန်ကြားရေးမှူး၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန။
ကိုးကားချက်
ချစ်သိန်း၊ ဦး(ရှေးဟောင်းသုတေသနဝန်)။ (၁၉၆၅)။ မွန်ကျောက်စာပေါင်းချုပ်။ ရန်ကုန်၊ ပြည်ထောင်စု
ယဉ်ကျေးမှုဌာန၊ ရှေးဟောင်းသုတေသနဌာနခွဲ။
တိုးလှ။ ဒေါက်တာ။(၁၉၈၀၊ နိုဝင်ဘာ)။ ဟံသာဝတီဆင်ဖြူရှင်၏ ကုသိုလ်တော်ခေါင်းလောင်းစာ လေ့လာချက်။
တက္ကသိုလ်ပညာပဒေသာစာစောင်၊ အတွဲ ၁၄၊ အပိုင်း ၆၊ စာ(၃၅-၅၃)။ ရန်ကုန်၊ သမိုင်းသုတေသန။
ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ အပြည်ပြည်ဆိုင်ရာ ဆက်ဆံရေးနှင့် ပူးပေါင်း
ဆောင်ရွက်ရေးဌာနခွဲမှ မှတ်တမ်းများနှင့် ၄င်းဌာနခွဲမှ ရရှိသော သတင်းအချက်အလက်များ။
Ministryof Culture
https://www.facebook.com/ministryofculturenews
Thursday, December 17, 2015
ျမန္မာႏုိင္ငံ ေျမာက္ပိုင္းေတာင္ေပၚ ႏွင့္ ဆက္စပ္သစ္ေတာကို ကမၻာ့အေမြ အႏွစ္စာရင္းဝင္ရန္ ေဆာင္ရြက္
ရန္ကုန္၊ ဒီဇင္ဘာ ၁၇ ရက္ (ဆင္ဟြာ)
ခါကာဘိုရာဇီ အမ်ဳိးသားဥယ်ာဥ္ အပါအဝင္ ျမန္မာႏုိင္ငံ ေျမာက္ပိုင္းေတာင္ေပၚ ႏွင့္ ဆက္စပ္ သစ္ေတာေဒသ (Northern Mountain Forest Complex)ကို ကမၻာ့အေမြအႏွစ္ေနရာအျဖစ္ စာရင္းဝင္ရန္ ေဆာင္ရြက္ ေနေၾကာင္း ပတ္ဝန္းက်င္ ထိန္းသိမ္းေရး ႏွင့္ သစ္ေတာေရးရာဝန္ႀကီးဌာန သစ္ေတာ ဦးစီးဌာနထံမွ သိရသည္။
ပတ္ဝန္းက်င္ထိန္းသိမ္းေရး ႏွင့္ သစ္ေတာေရးရာ ဝန္ႀကီးဌာနအေနျဖင့္ ခါကာဘိုရာဇီအမ်ဳိးသားဥယ်ာဥ္ အပါအဝင္ ျမန္မာႏုိင္ငံ ေျမာက္ပိုင္းေတာင္ေပၚ ဆက္စပ္သစ္ေတာ ေဒသအား ကမၻာ့အေမြ အႏွစ္ေဒသအျဖစ္ အဆိုျပဳ လႊာျပဳစု ေရးလုပ္ငန္းမ်ားကို အေထာက္အကူျပဳေစရန္ ရည္ရြယ္၍ ကမၻာ့ အေမြအႏွစ္ စာရင္းဝင္ေနရာ ျပဳစုေရး လုပ္ငန္း အဖြဲ႕ကို ဖြဲ႕စည္းထားရွိၿပီးျဖစ္သည္။
ျမန္မာႏိုင္ငံရွိ သဘာဝေနရာမ်ားကို ကမၻာ့သဘာဝ အေမြအႏွစ္ စာရင္းဝင္ေနရာအျဖစ္ သတ္မွတ္ႏိုင္ေရး အတြက္ ေနာ္ေဝ ကမၻာ့ အေမြအႏွစ္ေဖာင္ေဒးရွင္း၏ ရန္ပံုေငြ အေထာက္အပံ့အျဖစ္ သစ္ေတာ ဦးစီးဌာန ႏွင့္ ကုလသမဂၢ ပညာေရး၊ လူမႈေရး ႏွင့္ ယဥ္ေက်းမႈ ဆိုင္ရာအဖြဲ႕ (UNESCO)တို႔ ပူးေပါင္း၍ ျမန္မာႏိုင္ငံရွိ သဘာဝအေမြ အႏွစ္မ်ား ထိန္းသိမ္း ကာကြယ္ေရးစီမံကိန္းကို အေကာင္အထည္ ေဖာ္ေဆာင္ ရြက္လ်က္ရွိရာ ခါကာဘိုရာဇီ အမ်ဳိးသားဥယ်ာဥ္ အပါအဝင္ ျမန္မာႏုိင္ငံ ေျမာက္ပိုင္းေတာင္ေပၚ ဆက္စပ္သစ္ေတာေဒသ (Northern Mountain Forest Complex) အား ကမၻာ့အေမြအႏွစ္ ေနရာအျဖစ္ အဆိုျပဳ တင္ျပျခင္း လုပ္ငန္း စဥ္မ်ားကို ေဆာင္ရြက္ လ်က္ရွိသည္။
ျမန္မာႏိုင္ငံ ၌ ကမၻာ့ယဥ္ေက်းမႈ အေမြအႏွစ္ေဒသ အျဖစ္ ပ်ဴၿမိဳ႕ေဟာင္း မ်ားျဖစ္သည့္ ဟန္လင္း၊ ဗိႆႏိုး ၿမိဳ႕ႏွင့္ သေရေခတၱရာၿမိဳ႕တို႔ကို ယဥ္ေက်းမႈ ဝန္ႀကီးဌာန ကဦးေဆာင္၍ World Heritage Convention သို႔ အဆိုျပဳ တင္သြင္းခဲ့ရာ ၂ဝ၁၄ ခုႏွစ္ ဇြန္လအတြင္း သတ္မွတ္ႏိုင္ခဲ့သည္။
(Xinhua)
http://www.xinhuamyanmar.com/
..................
ရန်ကုန်၊ ဒီဇင်ဘာ ၁၇ ရက် (ဆင်ဟွာ)
ခါကာဘိုရာဇီ အမျိုးသားဥယျာဉ် အပါအဝင် မြန်မာနိုင်ငံ မြောက်ပိုင်းတောင်ပေါ် နှင့် ဆက်စပ် သစ်တောဒေသ (Northern Mountain Forest Complex)ကို ကမ္ဘာ့အမွေအနှစ်နေရာအဖြစ် စာရင်းဝင်ရန် ဆောင်ရွက် နေကြောင်း ပတ်ဝန်းကျင် ထိန်းသိမ်းရေး နှင့် သစ်တောရေးရာဝန်ကြီးဌာန သစ်တော ဦးစီးဌာနထံမှ သိရသည်။
ပတ်ဝန်းကျင်ထိန်းသိမ်းရေး နှင့် သစ်တောရေးရာ ဝန်ကြီးဌာနအနေဖြင့် ခါကာဘိုရာဇီအမျိုးသားဥယျာဉ် အပါအဝင် မြန်မာနိုင်ငံ မြောက်ပိုင်းတောင်ပေါ် ဆက်စပ်သစ်တော ဒေသအား ကမ္ဘာ့အမွေ အနှစ်ဒေသအဖြစ် အဆိုပြု လွှာပြုစု ရေးလုပ်ငန်းများကို အထောက်အကူပြုစေရန် ရည်ရွယ်၍ ကမ္ဘာ့ အမွေအနှစ် စာရင်းဝင်နေရာ ပြုစုရေး လုပ်ငန်း အဖွဲ့ကို ဖွဲ့စည်းထားရှိပြီးဖြစ်သည်။
မြန်မာနိုင်ငံရှိ သဘာဝနေရာများကို ကမ္ဘာ့သဘာဝ အမွေအနှစ် စာရင်းဝင်နေရာအဖြစ် သတ်မှတ်နိုင်ရေး အတွက် နော်ဝေ ကမ္ဘာ့ အမွေအနှစ်ဖောင်ဒေးရှင်း၏ ရန်ပုံငွေ အထောက်အပံ့အဖြစ် သစ်တော ဦးစီးဌာန နှင့် ကုလသမဂ္ဂ ပညာရေး၊ လူမှုရေး နှင့် ယဉ်ကျေးမှု ဆိုင်ရာအဖွဲ့ (UNESCO)တို့ ပူးပေါင်း၍ မြန်မာနိုင်ငံရှိ သဘာဝအမွေ အနှစ်များ ထိန်းသိမ်း ကာကွယ်ရေးစီမံကိန်းကို အကောင်အထည် ဖော်ဆောင် ရွက်လျက်ရှိရာ ခါကာဘိုရာဇီ အမျိုးသားဥယျာဉ် အပါအဝင် မြန်မာနိုင်ငံ မြောက်ပိုင်းတောင်ပေါ် ဆက်စပ်သစ်တောဒေသ (Northern Mountain Forest Complex) အား ကမ္ဘာ့အမွေအနှစ် နေရာအဖြစ် အဆိုပြု တင်ပြခြင်း လုပ်ငန်း စဉ်များကို ဆောင်ရွက် လျက်ရှိသည်။
မြန်မာနိုင်ငံ ၌ ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ်ဒေသ အဖြစ် ပျူမြို့ဟောင်း များဖြစ်သည့် ဟန်လင်း၊ ဗိဿနိုး မြို့နှင့် သရေခေတ္တရာမြို့တို့ကို ယဉ်ကျေးမှု ဝန်ကြီးဌာန ကဦးဆောင်၍ World Heritage Convention သို့ အဆိုပြု တင်သွင်းခဲ့ရာ ၂ဝ၁၄ ခုနှစ် ဇွန်လအတွင်း သတ်မှတ်နိုင်ခဲ့သည်။
(Xinhua)
http://www.xinhuamyanmar.com/
Sunday, October 11, 2015
ျမေစတီ ေက်ာက္စာ ႏွင့္ အေလာင္းမင္းတရား ၏ ေရႊေပလႊာတို႔ ကမၻာ့ မွတ္တမ္း အေမြအႏွစ္ စာရင္း အျဖစ္ သတ္မွတ္ခံရ
![]() |
| ကမၻာ့ မွတ္တမ္း အေမြအႏွစ္ စာရင္း အျဖစ္ သတ္မွတ္ခံရေသာ အေလာင္းမင္းတရား ၏ ေရႊေပလႊာ (ဓာတ္ပုံ-ယဥ္ေက်းမႈ ဝန္ႀကီးဌာန) |
အျပည္ျပည္ ဆိုင္ရာ အႀကံေပး ေကာ္မတီ ၏(၁၂) ႀကိမ္ေျမာက္ အစည္းအေဝး တြင္ ၂၀၁၅-ခုႏွစ္ အတြက္ ျမန္မာနိုင္ငံ မွ တင္သြင္း ေသာ ျမေစတီ ေက်ာက္စာ၊ ဟန္နိုဗာၿမိဳ႕ Gottfried Wihelm Leibniz Library ရွိ အေလာင္းမင္း တရားႀကီး ၏ ေရႊေပလႊာ မွတ္တမ္း အေမြအႏွစ္ တို႔အား ကမၻာ့ မွတ္တမ္း အေမြအႏွစ္ စာရင္း အျဖစ္ သတ္မွတ္လိုက္ေၾကာင္း ယဥ္ေက်းမႈ ဝန္ႀကီးဌာနမွ သတင္းထုတ္ျပန္သည္။
အာရပ္ ေစာ္ဘြားမ်ား ျပည္ေထာင္စု၊ အဘူဒါဘီၿမိဳ႕တြင္ ၂၀၁၅-ခုႏွစ္၊ ေအာက္တိုဘာလ( ၄ ) ရက္မွ ေအာက္တိုဘာလ ( ၆ ) ရက္ေန႔ အထိ က်င္းပေသာ ကမၻာ့ မွတ္တမ္း အေမြအႏွစ္ အစီအစဥ္ တြင္ ကမၻာ႔ အေမြအႏွစ္ စာရင္းဝင္ရန္ ေလၽွာက္ထားမႈေပါင္း (၈၈) ခုအနက္မွ ျမန္မာနိုင္ငံ မွ ၂ ခု အပါအဝင္(၄၇)ခုကို ယူနက္စကို ကမၻာ့မွတ္တမ္းအေမြအႏွစ္ စာရင္းတြင္ ထည့္သြင္း သတ္မွတ္ အတည္ျပဳခဲ႔ ေၾကာင္း သိရသည္။
![]() |
| ကမၻာ့ မွတ္တမ္း အေမြအႏွစ္ စာရင္း အျဖစ္ သတ္မွတ္ခံရေသာ ျမေစတီ ေက်ာက္စာ (ဓာတ္ပုံ-ယဥ္ေက်းမႈ ဝန္ႀကီးဌာန) |
ယူနက္စကို မွ ကမၻာ့နိုင္ငံ အသီးသီး တြင္ ရွိေနေသာ မွတ္တမ္း အေမြအႏွစ္မ်ားအား ကမၻာ့မွတ္တမ္း အေမြအႏွစ္ စာရင္း အျဖစ္ သတ္မွတ္နိုင္ရန္ ယူနက္စကို ၏ ကမၻာ့ မွတ္တမ္း အေမြအႏွစ္ အစီအစဥ္ကို အေကာင္ အထည္ေဖာ္ ေဆာင္ရြက္ခဲ့ ျခင္းျဖစ္ပါသည္။
ယူနက္စကို ၏ ကမၻာ့ မွတ္တမ္း အေမြအႏွစ္ အစီအစဥ္ ကို ၁၉၉၂ ခုႏွစ္တြင္ စတင္ဖြဲ႔ စည္းခဲ့ၿပီး ယခု အခ်ိန္အထိ ကမၻာတစ္ဝွမ္း မွ မွတ္တမ္း အေမြအႏွစ္ ေပါင္း (၃၄၈) ခုကို ကမၻာ့မွတ္တမ္း အေမြအႏွစ္ အျဖစ္ သတ္မွတ္ ခဲ့ၿပီးျဖစ္ပါသည္။ ျမန္မာနိုင္ငံ အပါအဝင္ အာဆီယံနိုင္ငံ မ်ားျဖစ္ေသာ ကေမၻာဒီးယား၊ အင္ဒိုနီးရွား၊ မေလးရွား၊ ဖိလစ္ပိုင္၊ ဗီယက္နမ္၊ တီေမာလက္စတီ ႏွင့္ ထိုင္းနိုင္ငံ တို႔မွ မွတ္တမ္း အေမြအႏွစ္ မ်ားလည္း ကမၻာ့ မွတ္တမ္း အေမြအႏွစ္ စာရင္းဝင္ အျဖစ္ သတ္မွတ္ခံရၿပီး ျဖစ္ပါသည္။
ျမေစတီ ေက်ာက္စာသည္ ျမန္မာသမိုင္း၊ ျမန္မာ့ယဥ္ေက်းမႈ၊ ျမန္မာဘာသာ စာေပေလာက တို႔တြင္ အထူးထင္ရွား၍ အေရးပါေသာ ေက်ာက္စာျဖစ္ၿပီး ၊ ထိုေက်ာက္စာအား သကၠရာဇ္(၄၇၅) (ေအဒီ-၁၁၁၃)ခုတြင္ ေရးထိုးခဲ့ပါသည္။ ျမန္မာ အကၡရာျဖင့္ ေရးထိုးထားေသာ ေက်ာက္စာ တို႔တြင္ေရးထိုးႏွစ္ ပါရွိသည့္ အေစာဆုံး မူလ ထိုးေက်ာက္စာ တစ္ခုျဖစ္ျခင္း၊ အေၾကာင္းအရာ တစ္မ်ိဳး တည္းကို ေက်ာက္စာ မ်က္ႏွာေလး ဘက္တြင္ ျမန္မာ၊ ပ်ဴ၊ မြန္၊ ပါဠိ ဟူ၍ ေလးဘာသာ အကၡရာစာ မ်ား ျဖင့္ေရး ထိုးထားျခင္းေၾကာင့္ တစ္ဘာသာ ႏွင့္ တစ္ဘာသာ ႏွိုင္းယွဥ္ ဆက္စပ္ ၍ အဓိပၸယ္ေဖာ္ယူ နိုင္ၿပီး ပုဂံေခတ္ တြင္ေပၚထြန္းခဲ့ေသာ စာအေရးအသား ေလးမ်ိဳးစလုံး ကို ေလ့လာ သုေတသန ျပဳနိုင္ခဲ့ပါ သည္။
ယခုႏွစ္ ကမၻာ့ မွတ္တမ္း အေမြအႏွစ္ စာရင္း သို႔ တင္သြင္းမႈ မ်ားအနက္ ျမန္မာဘုရင္ အေလာင္း ဘုရား က ၿဗိတိန္ ဘုရင္ေဂ်ာ့-၂ ထံသို႔ ေပးပို႔ခဲ့ေသာ ေရႊျပားေပၚတြင္ ေရးသားထားသည့္ ေရႊေပလႊာရြက္ကို ဂ်ာမနီနိုင္ငံ က ကမၻာ့ မွတ္တမ္းအေမြ အႏွစ္စာရင္းသို႔ တင္သြင္း ခဲ့ျခင္းျဖစ္ပါသည္။ ျမန္မာနိုင္ငံ ဘက္သို႔ သေဘာထား ေတာင္းခံၿပီး ျမန္မာနိုင္ငံ ႏွင့္ ဂ်ာမနီနိုင္ငံတို႔ ပူးတြဲတင္ျပျခင္း ျဖစ္ပါသည္။
ဤ ေရႊေပလႊာကို ဂ်ာမနီနိုင္ငံ၊ ဟန္နိုဗာၿမိဳ႕ရွိ Gottfried Wilhelm Leibniz စာၾကည့္တိုက္ တြင္ ထိန္းသိမ္း ထားရွိသည္႔ အေလာင္းမင္းတရားႀကီး ၏ ေရႊေပလႊာ သည္ ေအဒီ ၁၇၅၆ ခုႏွစ္တြင္ အေလာင္း မင္းတရားႀကီး က ၿဗိတိန္ဘုရင္ေဂ်ာ့-၂ ထံသို႔ ခ်စ္ၾကည္ေရး တိုးျမႇင့္ေဆာင္ရြက္ရန္ အတြက္ အဂၤလိပ္ ကုန္သည္ အဖြဲ႕အား ဟိုင္းႀကီးကၽြန္းေပၚတြင္ ေနထိုင္ခြင့္ျပဳထားေၾကာင္း၊ ႏွစ္နိုင္ငံခ်စ္ၾကည္ ရင္းႏွီးစြာျဖင့္ လြတ္လပ္ေသာ ျပည္ေထာင္ မင္းအခ်င္းခ်င္း တန္းတူညီမွ်ျဖင့္ ေပးပို႔ေသာ သဝဏ္လႊာ ျဖစ္ၿပီး ၿဗိတိန္ဘုရင္ေဂ်ာ့-၂ က ၎ ေမြးဖြားရာ ဇာတိျဖစ္ေသာ ဟန္နိုဗာၿမိဳ႕စာၾကည့္တိုက္ သို႔ လြဲေျပာင္း ေပးခဲ့၍ ထိန္းသိမ္း ထားခဲ့ျခင္းျဖစ္ပါသည္။
ေရႊေပရြက္လႊာ မွာ အရည္အေသြး ေကာင္းေသာ ေရႊ ကို ပါးလႊာေအာင္ အျပားခတ္ ထားၿပီး ျမန္မာဘာသာျဖင့္ ကညစ္ျခစ္ ေရးသားထားကာ ဆင္စြယ္ ျဖင့္ျပဳ လုပ္ထားေသာ ၾကဳတ္အတြင္းလိပ္၍ ထည့္သြင္းထားျခင္း ျဖစ္ပါသည္။
ေရႊေပရြက္လႊာ သည္ အလ်ား ၅၅ စင္တီမီတာ၊ အနံ ၁၂ စင္တီမီတာ ရွိၿပီး အစြန္းႏွစ္ဘက္ ထိပ္တြင္ ပတၱျမား (၁၂) လုံးစီ စုစုေပါင္း (၂၄)လုံး တပ္ဆင္ ထားပါသည္။သဝဏ္လႊာ ၏ ထိပ္တစ္ဖက္တြင္ ဘုရင့္တံဆိပ္ေတာ္ ဟသၤာပုံ ကို ေဖာင္းႂကြခတ္ ႏွိပ္ထား ပါသည္။ေရႊေပရြက္လႊာ တြင္ စာေၾကာင္းေရ (၁၀) ေၾကာင္းပါရွိပါသည္။ ေရႊေပရြက္လႊာ ေပးပို႔ေသာ ရက္စြဲမွာ ၁၇၅၆ ခု၊ ေမလ (၇) ရက္ေန႔ ျဖစ္ပါသည္။
ယဥ္ေက်းမႈ ဝန္ႀကီးဌာန မွ တာဝန္ရွိသူက “၂၀၁၃-ခုႏွစ္ မွာ ကုသိုလ္ေတာ္ ေက်ာက္စာ ကို စတင္ၿပီး ကမၻာ့ မွတ္တမ္း အေမြအႏွစ္ အျဖစ္ သတ္မွတ္ခံ ရခဲ႔တယ္။ ျမန္မာနိုင္ငံ အေနနဲ႔ နိုင္ငံတကာ အသိအမွတ္ျပဳ ခံရတဲ့ ကမၻာ့အဆင့္ မွတ္တမ္း အေမြအႏွစ္ ပစၥည္းတစ္ခု ထပ္မံပိုင္ဆိုင္တဲ့ အတြက္ ဝမ္းေျမာက္ ဂုဏ္ယူမိပါတယ္’’ ဟု ဆင္ဟြာကို ေျပာသည္။
(Xinhua)
http://www.xinhuamyanmar.com
...........................................
ကမ္ဘာ့ မှတ်တမ်း အမွေအနှစ် စာရင်း အဖြစ် သတ်မှတ်ခံရသော အလောင်းမင်းတရား ၏ ရွှေပေလွှာ (ဓာတ်ပုံ-ယဉ်ကျေးမှု ဝန်ကြီးဌာန)
ရန်ကုန်၊အောက်တိုဘာ ၁၁ ရက် (ဆင်ဟွာ)
အပြည်ပြည် ဆိုင်ရာ အကြံပေး ကော်မတီ ၏(၁၂) ကြိမ်မြောက် အစည်းအဝေး တွင် ၂၀၁၅-ခုနှစ် အတွက် မြန်မာနိုင်ငံ မှ တင်သွင်း သော မြစေတီ ကျောက်စာ၊ ဟန်နိုဗာမြို့ Gottfried Wihelm Leibniz Library ရှိ အလောင်းမင်း တရားကြီး ၏ ရွှေပေလွှာ မှတ်တမ်း အမွေအနှစ် တို့အား ကမ္ဘာ့ မှတ်တမ်း အမွေအနှစ် စာရင်း အဖြစ် သတ်မှတ်လိုက်ကြောင်း ယဉ်ကျေးမှု ဝန်ကြီးဌာနမှ သတင်းထုတ်ပြန်သည်။
အာရပ် စော်ဘွားများ ပြည်ထောင်စု၊ အဘူဒါဘီမြို့တွင် ၂၀၁၅-ခုနှစ်၊ အောက်တိုဘာလ( ၄ ) ရက်မှ အောက်တိုဘာလ ( ၆ ) ရက်နေ့ အထိ ကျင်းပသော ကမ္ဘာ့ မှတ်တမ်း အမွေအနှစ် အစီအစဉ် တွင် ကမ္ဘာ့ အမွေအနှစ် စာရင်းဝင်ရန် လျှောက်ထားမှုပေါင်း (၈၈) ခုအနက်မှ မြန်မာနိုင်ငံ မှ ၂ ခု အပါအဝင်(၄၇)ခုကို ယူနက်စကို ကမ္ဘာ့မှတ်တမ်းအမွေအနှစ် စာရင်းတွင် ထည့်သွင်း သတ်မှတ် အတည်ပြုခဲ့ ကြောင်း သိရသည်။
ကမ္ဘာ့ မှတ်တမ်း အမွေအနှစ် စာရင်း အဖြစ် သတ်မှတ်ခံရသော မြစေတီ ကျောက်စာ (ဓာတ်ပုံ-ယဉ်ကျေးမှု ဝန်ကြီးဌာန)
မှတ်တမ်း အမွေအနှစ် ဆိုသည်မှာ စာကြည့်တိုက်၊ ပြတိုက် နှင့် မော်ကွန်း တိုက်ဆိုင်ရာ စုဆောင်း မှုများဖြစ်သော ကျောက်စာ၊ လက်ရေးစာများ၊ တန်ဘိုး မဖြတ်နိုင်သောစာအုပ်များ၊ သတင်း စာများ၊ ဓာတ်ပုံ နှင့် ပန်းချီကားများ၊ ဖလင်များ၊ အသံ နှင့် ဗီဒီယို အခွေများ၊ စီဒီ၊ အသံမှတ်တမ်းများ၊ စာရွက် စာတမ်း အထောက် အထားများ စသည်တို့ ဖြစ်ပါသည်။
ယူနက်စကို မှ ကမ္ဘာ့နိုင်ငံ အသီးသီး တွင် ရှိနေသော မှတ်တမ်း အမွေအနှစ်များအား ကမ္ဘာ့မှတ်တမ်း အမွေအနှစ် စာရင်း အဖြစ် သတ်မှတ်နိုင်ရန် ယူနက်စကို ၏ ကမ္ဘာ့ မှတ်တမ်း အမွေအနှစ် အစီအစဉ်ကို အကောင် အထည်ဖော် ဆောင်ရွက်ခဲ့ ခြင်းဖြစ်ပါသည်။
ယူနက်စကို ၏ ကမ္ဘာ့ မှတ်တမ်း အမွေအနှစ် အစီအစဉ် ကို ၁၉၉၂ ခုနှစ်တွင် စတင်ဖွဲ့ စည်းခဲ့ပြီး ယခု အချိန်အထိ ကမ္ဘာတစ်ဝှမ်း မှ မှတ်တမ်း အမွေအနှစ် ပေါင်း (၃၄၈) ခုကို ကမ္ဘာ့မှတ်တမ်း အမွေအနှစ် အဖြစ် သတ်မှတ် ခဲ့ပြီးဖြစ်ပါသည်။ မြန်မာနိုင်ငံ အပါအဝင် အာဆီယံနိုင်ငံ များဖြစ်သော ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ မလေးရှား၊ ဖိလစ်ပိုင်၊ ဗီယက်နမ်၊ တီမောလက်စတီ နှင့် ထိုင်းနိုင်ငံ တို့မှ မှတ်တမ်း အမွေအနှစ် များလည်း ကမ္ဘာ့ မှတ်တမ်း အမွေအနှစ် စာရင်းဝင် အဖြစ် သတ်မှတ်ခံရပြီး ဖြစ်ပါသည်။
မြစေတီ ကျောက်စာသည် မြန်မာသမိုင်း၊ မြန်မာ့ယဉ်ကျေးမှု၊ မြန်မာဘာသာ စာပေလောက တို့တွင် အထူးထင်ရှား၍ အရေးပါသော ကျောက်စာဖြစ်ပြီး ၊ ထိုကျောက်စာအား သက္ကရာဇ်(၄၇၅) (အေဒီ-၁၁၁၃)ခုတွင် ရေးထိုးခဲ့ပါသည်။ မြန်မာ အက္ခရာဖြင့် ရေးထိုးထားသော ကျောက်စာ တို့တွင်ရေးထိုးနှစ် ပါရှိသည့် အစောဆုံး မူလ ထိုးကျောက်စာ တစ်ခုဖြစ်ခြင်း၊ အကြောင်းအရာ တစ်မျိုး တည်းကို ကျောက်စာ မျက်နှာလေး ဘက်တွင် မြန်မာ၊ ပျူ၊ မွန်၊ ပါဠိ ဟူ၍ လေးဘာသာ အက္ခရာစာ များ ဖြင့်ရေး ထိုးထားခြင်းကြောင့် တစ်ဘာသာ နှင့် တစ်ဘာသာ နှိုင်းယှဉ် ဆက်စပ် ၍ အဓိပ္ပယ်ဖော်ယူ နိုင်ပြီး ပုဂံခေတ် တွင်ပေါ်ထွန်းခဲ့သော စာအရေးအသား လေးမျိုးစလုံး ကို လေ့လာ သုတေသန ပြုနိုင်ခဲ့ပါ သည်။
ယခုနှစ် ကမ္ဘာ့ မှတ်တမ်း အမွေအနှစ် စာရင်း သို့ တင်သွင်းမှု များအနက် မြန်မာဘုရင် အလောင်း ဘုရား က ဗြိတိန် ဘုရင်ဂျော့-၂ ထံသို့ ပေးပို့ခဲ့သော ရွှေပြားပေါ်တွင် ရေးသားထားသည့် ရွှေပေလွှာရွက်ကို ဂျာမနီနိုင်ငံ က ကမ္ဘာ့ မှတ်တမ်းအမွေ အနှစ်စာရင်းသို့ တင်သွင်း ခဲ့ခြင်းဖြစ်ပါသည်။ မြန်မာနိုင်ငံ ဘက်သို့ သဘောထား တောင်းခံပြီး မြန်မာနိုင်ငံ နှင့် ဂျာမနီနိုင်ငံတို့ ပူးတွဲတင်ပြခြင်း ဖြစ်ပါသည်။
ဤ ရွှေပေလွှာကို ဂျာမနီနိုင်ငံ၊ ဟန်နိုဗာမြို့ရှိ Gottfried Wilhelm Leibniz စာကြည့်တိုက် တွင် ထိန်းသိမ်း ထားရှိသည့် အလောင်းမင်းတရားကြီး ၏ ရွှေပေလွှာ သည် အေဒီ ၁၇၅၆ ခုနှစ်တွင် အလောင်း မင်းတရားကြီး က ဗြိတိန်ဘုရင်ဂျော့-၂ ထံသို့ ချစ်ကြည်ရေး တိုးမြှင့်ဆောင်ရွက်ရန် အတွက် အင်္ဂလိပ် ကုန်သည် အဖွဲ့အား ဟိုင်းကြီးကျွန်းပေါ်တွင် နေထိုင်ခွင့်ပြုထားကြောင်း၊ နှစ်နိုင်ငံချစ်ကြည် ရင်းနှီးစွာဖြင့် လွတ်လပ်သော ပြည်ထောင် မင်းအချင်းချင်း တန်းတူညီမျှဖြင့် ပေးပို့သော သဝဏ်လွှာ ဖြစ်ပြီး ဗြိတိန်ဘုရင်ဂျော့-၂ က ၎င်း မွေးဖွားရာ ဇာတိဖြစ်သော ဟန်နိုဗာမြို့စာကြည့်တိုက် သို့ လွဲပြောင်း ပေးခဲ့၍ ထိန်းသိမ်း ထားခဲ့ခြင်းဖြစ်ပါသည်။
ရွှေပေရွက်လွှာ မှာ အရည်အသွေး ကောင်းသော ရွှေ ကို ပါးလွှာအောင် အပြားခတ် ထားပြီး မြန်မာဘာသာဖြင့် ကညစ်ခြစ် ရေးသားထားကာ ဆင်စွယ် ဖြင့်ပြု လုပ်ထားသော ကြုတ်အတွင်းလိပ်၍ ထည့်သွင်းထားခြင်း ဖြစ်ပါသည်။
ရွှေပေရွက်လွှာ သည် အလျား ၅၅ စင်တီမီတာ၊ အနံ ၁၂ စင်တီမီတာ ရှိပြီး အစွန်းနှစ်ဘက် ထိပ်တွင် ပတ္တမြား (၁၂) လုံးစီ စုစုပေါင်း (၂၄)လုံး တပ်ဆင် ထားပါသည်။သဝဏ်လွှာ ၏ ထိပ်တစ်ဖက်တွင် ဘုရင့်တံဆိပ်တော် ဟင်္သာပုံ ကို ဖောင်းကြွခတ် နှိပ်ထား ပါသည်။ရွှေပေရွက်လွှာ တွင် စာကြောင်းရေ (၁၀) ကြောင်းပါရှိပါသည်။ ရွှေပေရွက်လွှာ ပေးပို့သော ရက်စွဲမှာ ၁၇၅၆ ခု၊ မေလ (၇) ရက်နေ့ ဖြစ်ပါသည်။
ယဉ်ကျေးမှု ဝန်ကြီးဌာန မှ တာဝန်ရှိသူက “၂၀၁၃-ခုနှစ် မှာ ကုသိုလ်တော် ကျောက်စာ ကို စတင်ပြီး ကမ္ဘာ့ မှတ်တမ်း အမွေအနှစ် အဖြစ် သတ်မှတ်ခံ ရခဲ့တယ်။ မြန်မာနိုင်ငံ အနေနဲ့ နိုင်ငံတကာ အသိအမှတ်ပြု ခံရတဲ့ ကမ္ဘာ့အဆင့် မှတ်တမ်း အမွေအနှစ် ပစ္စည်းတစ်ခု ထပ်မံပိုင်ဆိုင်တဲ့ အတွက် ဝမ်းမြောက် ဂုဏ်ယူမိပါတယ်’’ ဟု ဆင်ဟွာကို ပြောသည်။
(Xinhua)
http://www.xinhuamyanmar.com
Sunday, July 5, 2015
ကမၻာ႔ေရွးေဟာင္းအေမြအနွစ္ ၇ ေနရာထပ္တိုး
ကမာၻ႔ေရွးေဟာင္းအေမြအႏွစ္ေနရာမ်ား စာရင္းထဲမွာ ေနာက္ထပ္ ေနရာခုနစ္ေနရာကို ထပ္ထည့္ၿပီး သတ္မွတ္လိုက္တဲ့အေၾကာင္း ဂ်ာမနီႏုိင္ငံမွာ အစည္းအေဝးလုပ္ေနတဲ့ ကုလသမဂၢ ပညာေရး၊ သိပၸံနဲ႔ ယဥ္ေက်းမႈဆိုင္ရာအဖြဲ႔ UNESCO ရဲ႕ ကမာၻ႔ အေမြအႏွစ္မ်ားဆိုင္ရာေကာ္မတီက စေနေန႔မွာ ေၾကညာပါတယ္။
အခုသတ္မွတ္လိုက္တဲ့ ခုနစ္္ေနရာထဲမွာ ႏွစ္ေနရာက အီရန္ႏုိင္ငံမွာျဖစ္ၿပီး တ႐ုတ္၊ စကၤာပူ၊ ေတာင္ကိုရီးယား၊ မြန္ဂိုလီယားနဲ႔ ျပင္သစ္ႏုိင္ငံေတြက ေနရာ တစ္ေနရာစီပါဝင္ပါတယ္။
ကမာၻတဝန္း ႏုိင္ငံေပါင္း ၁၆၀ ေက်ာ္က ေနရာေပါင္း ၁,၀၀၀ ေက်ာ္ကို ကမာၻ႔အေမြအႏွစ္ေနရာမ်ားစာရင္းထဲမွာ UNESCO က ထည့္သြင္း သတ္မွတ္ထား ၿပီးပါၿပီ။ အဲဒီထဲမွာ ျမန္မာႏုိင္ငံက ပ်ဴေရွးေဟာင္းၿမိဳ႕ေတာ္ေတြလည္းပါဝင္ၿပီး ၂၀၁၄ ခုႏွစ္ ဇြန္လက သတ္မွတ္ေပးခဲ့တာပါ။ အိႏိၵယက Taj Mahal ၊ ၾသစေၾတးလ်က Great Barrier သႏၲာေက်ာက္တန္းနဲ႔ အဂၤလန္က Stonehenge ေနရာေတြဟာလည္း ကမာၻ႔အေမြအႏွစ္ေနရာမ်ားစာရင္းထဲမွာ ထည့္သြင္း သတ္မွတ္ခံထားရပါတယ္။
ဗီြအိုေအ (ျမန္မာဌာန)
http://burmese.voanews.com/







