Latest News
CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Showing posts with label Buddhism. Show all posts
Showing posts with label Buddhism. Show all posts
Sunday, August 30, 2020
ရောဂါဆိုးဒုက္ခမပေးနိုင်အောင် မဟာသမယသုတ်ကိုပူဇော်ပါ
ရောဂါဆိုးဒုက္ခမပေးနိုင်အောင် မဟာသမယသုတ်ကိုပူဇော်ပါ
မဟာသမယသုတ်နှင့် ကပ်ရောဂါ ဘေးဆိုး
မဟာသမယသုတ် ကို ရွတ်ဖတ် ပူဇော် ပါက”ဒေဝတာနံံ = နတ်တို့သည် ၊ ပီယံ = ချစ်အပ်၏ ။မနာပံ = စိတ်ကိုပွားစေတတ် ၏(ဝါ)စိတ်ဖြင့်ရောက်အပ်၏။
ဤကဲ့ သို့ အဋ္ဌကထာဆရာ မိန့်ဆိုထား သောကြောင့် ကောင်းမြတ်သော မင်္ဂလာတရား များ ဖြစ်ပေါ်စေရန်”မဟာသမယသုတ်”ကို ရွတ်ဆို ရမည်။
နတ် တို့သည် =ချစ်အပ်သည်၏အဖြစ် ၊စိတ်ကိုပွားစေတတ်သည်၏အဖြစ်ကို ရစေနိုင်သော”မဟာသမယသုတ်တော်”ကိုရွတ်ဆို ပူဇော်ကြကုန်လော့
“မဟာသမယသုတ်တော်ကြီး ကို နာယူခွင့်ကြုံခဲ့ရတဲ့နတ်တွေ ဗြဟ္မာတွေက အဲ့ဒီတုံးက “ဘုရား ရဟန္တာတွေကို ရှိခိုးကြရတာကို ပြန်သတိရပြီး ဝမ်းမြောက်
ဝမ်းသာဖြစ်ကြလိမ့်မည် “သူတို့တွေ ဝမ်းမြောက် ဝမ်းသာဖြစ်ကြတာနဲ့အမျှ ဒီလိုကုသိုလ်တွေကိုပြန်လည်သတိရစေတဲ့ …
ဗုဒ္ဓဘုရားရှင်ရဲ့”မဟာသမယသုတ်”တော်ကြီးကို ရွတ်ဆိုပွားများကြတဲ့ ပုဂ္ဂိုလ်အားလုံးကိုလည်း ကျေးဇူးတတင်နဲ့ ကူညီကြမည်မှာ သေချာလှပါသည် ။
ဒီလိုမျိုး နတ်မြတ် နတ်ကောင်း နတ်အပေါင်းတို့ကကိုယ့်နီး ပတ်ဝန်းကျင်မှာ ဝန်းရံစောင့်ရှောက်ကြမယ်-ဆိုရင်၊ ဘေးဆိုး ၊ အန္တရာယ်ဆိုး ၊
ရောဂါဆိုးအပါဝင်မကောင်းတဲ့အရာ အားလုံး ကိုယ့်ကို ဒုက္ခပေးနိုင်တော့မှာ မဟုတ်ပေ ။
အခုလို ( ကိုဗစ် – ၁၉ ) ရောဂါဆန်းဆန်းပြားပြားတွေဒုက္ခပေးနေတဲ့အချိန်မှာ ” မဟာသမယသုတ်”တော်” ရတနသုတ်”တော်
“မေတ္တသုတ်”တော်တို့ကို ရွတ်ဆို ပွားများကာသစ္စာ , မေတ္တာတို့၏ တန်ခိုးတော် ၊ အစွမ်းသတ္တိတို့ကိုခံယူတော်မူကြကုန်လော့ ။
ကမ္ဘာမြေကြီးမြန်မြန်နေကောင်းစေရန်သစ္စာဓိဋ္ဌာန်ပြုကြပါရန် “ဓမ္မမိတ်ဆွေ”များကိုအလေးအနက် တိုက်တွန်းအပ်ပါတယ်။
(ကမ္ဘာမြေကြီးမြန်မြန်နေကောင်းပါစေ)
26.8.2020.ဗုဒ္ဓဟူးနေ့Thi Lar Nanda
Zawgyi
Sunday, May 24, 2020
ရှင်ဥပဂုတ် ကိုးကွယ်မှု
ထေရဝါဒဗုဒ္ဓဘာသာ ကိုးကွယ်မှုများထဲတွင် မဟာယာနဂိုဏ်းမှ အယူအဆများကို ရောနှောလက်ခံနေသည်ကိုလည်း တွေ့ရ၏။
ထိုအယူများအနက် ရှင်ဥပဂုတ် ကိုးကွယ်မှုသည် ရှေ့တန်း၌ ရှိနေလေသည်။
ရှင်ဥပဂုတ္တမထေရ်၏ အတ္ထုပ္ပတ်သည် မဟာယာနဂိုဏ်းသုံး ကျမ်းစာဖြစ်သော ဒိဗျာဝဒါနကျမ်းမှ ဖန်တီးပေးလိုက်သော ဇတ်လမ်းဖြစ်သည်။
ရှင်ဥပဂုတ်မထေရ်သည် ဣန္ဒဂုတ္တ၊ အဿဂုတ္တ၊ တိဿနာဂ၊ ဥပဂုတ္တတိဿနာဂ၊ အာဂတ်စတယမုနိဟူသောဘွဲ့မည် အမျိုးမျိုးဖြင့် ထင်ပေါ်ကျော်ကြားသူဖြစ်သည်။
ရှင်ဥပဂုတ်မထေရ်နှင့် ပတ်သက်၍ထေရဝါဒ ပိဋကတ်တော် အဋ္ဌကထာတို့၌ ကျယ်ပြန့်စွာမပါရှိပေ။
ထိုမထေရ် အကြောင်းကို သာသနာနှစ် ၈ဝဝ ခန့်က ရှင်မဟာနာမရေးသော မဟာဝင်ဝတ္ထု၌ ဖော်ပြခဲ့သည် ။
ရှင်မဟာနာမသည် မဟာယာနကျမ်းစာ ဒိဗျာဝဒါနမှ ထုတ်ယူ၍ တင်ပြခဲ့ခြင်း ဖြစ်ပါမည် ။
မဟာဝင် ကျမ်းလာစကားတို့ကို ယူ၍ မြန်မာကျမ်းပြု ဆရာတို့ကလည်း ဖော်ပြခဲ့ကြပြန်သည်။
မဟာရာဇဝင်ကြီး ၊ လောကပညတ္တိကျမ်း ၊ ဇိနတ္ထပကာသနီကျမ်း တို့တွင် ထိုမထေရ်၏ အတ္ထုပ္ပတ်ကို
ကူးယူထည်သွင်းခဲ့ကြသည်။
ထိုအခါမှ မြန်မာတို့၏ စိတ်တွင် ရှင်ဥပဂုတ္တ ဟူသော ဇတ်လမ်းသစ်ကို လက်ခံရရှိခဲ့ကြသည်။
အစွမ်းကောင်းသော မထေရ်တပါးအဖြစ် မြန်မာတို့၏ နှုတ်ဖျားတွင် တွင်ကျယ်လာခဲ့လေသည်။
ရှင်ဥပဂုတ်မထေရ်သည် တောင်သမုဒ္ဒရာ၌ ကြေးပြာဿဒ်ဖြင့် နေသည်။
ယနေ့တိုင် အသက်ရှင်လျှက် ရှိနေသေးသည် ဟုလည်း ကြံကြီးစည်ရာ ယုံကြည်နေကြသည်။
ထို့ကြောင့်မြန်မာတို့သည် ရှင်ဥပဂုတ်ပုံကို ထုလုပ်၍ ဖောင်နှင့်မျှောကာ ပူဇော်ပွဲများ ပြုလုပ်ကြသည်။
ရှင်ဥပဂုတ်သည် လေမုန်တိုင်းကျခြင်း၊ မိုးရွာခြင်း ၊ ရေလွှမ်းခြင်း ၊ မိုးကြိုးပစ်ခြင်း စသေသန္တရာယ်တို့ကို လွကာကွယ်ပေးနိုင်မည် ဟုလည်း ယုံကြည်ကြသည်။
မြန်မာနိုင်ငံတွင် ရှင်ပြုအလှူပွဲစသည် ပြုလုပ်လျှင်
လေမိုးအန္တရာယ်ကင်းစေရန် ရှင်ဥပဂုတ်ရုပ်ထုကို ကန်တော့ပွဲဖြင့် တင်သ၍ ပူဇော်ထားကြရသည်။
မြန်မာပြည်တွင် နောက်ခေတ်မှ တည်ထားသော အချို့သော ဘုရားထီး အတွင်း၌လည်း ရှင်ဥပဂုတ်ကျောင်းဆောင်လေးများကို ထည့်သွင်းလေ့ရှိကြသည်။ မိုးကြိုးအန္တရာယ်စသည် ကင်းစေရန် ဖြစ်သည်။
နောက်ပိုင်းတွင် ရှင်ဥပဂုတ်မထေရ်သည် ဂိုဏ်းဆရာလုပ်သူတို့၏ လက်ထဲ ရောက်သွားရာ စိတ္တဇဝေဒနာအတွက် အသုံးချခံတစ်ပါး ဖြစ်သွားရပြန်သည်။
ရှင်ဥပဂုတ်သာ မဟုတ် ရှင်မဟာကဿပကဲ့သို့သော မထေရ်များလည်း ပါဝင်နေကြသည်။
ထိုမထေရ်များကို အုပ်စုဖွဲ့ပေးကာ " သေ ၄~ပါး၊ ရှင် ၄~ပါး" ဟူ၍ ခေါ်ဆိုထားကြသည်။
ထိုမထေရ် ၈ ပါးတို့ မှာ အသေထွက် ပုဂ္ဂိုလ်နှင့် အရှင်ထွက်ပုဂ္ဂိုလ်များ ဟူ၍လည်း လက်ခံကြပြန်သည်။
ရှင်လေးပါးစာရင်း၌ အောက်ပါမထေရ်တို့ ပါဝင်သည်။
(၁) ရှင်ဥပဂုတ်သည် တောင်သမုဒ္ဒရာ၌ ကြေးပြဿဒ် ဖြင့်နေသည်။
(၂) ရှင်ခေမရထေရ်သည် အနောက်သမုဒ္ဒရာ၌ ကြေးပြဿဒ် ဖြင့်နေသည်။
(၃) ရှင်ဘဒ္ဒမထေရ်သည် မြောက်သမုဒ္ဒရာ၌ ရွှေပြာဿဒ်ဖြင့် နေသည်။
(၄) ရှင်အက္ကောသာရမထေရ်သည် အရှေ့သမုဒ္ဒရာ၌ ရွှေပြာဿဒ် ဖြင့်နေသည်။
မထေရ် ၄ ပါးကို နေရာ ၄ မျိုးခွဲတမ်းချထားရာ မြန်မာပြည်သားတို့အတွက် ရှင်ဥပဂုတ်သာလျှင် ပူဇော်ခွင့်
ရနိုင်ကြ၏။
တောင်အရပ်၌သာ သမုဒ္ဒရာရှိသောကြောင့် ရှင်ဥပဂုတ်သာလျှင် မြန်မာပြည်သားတို့အတွက် တာစားသော ကိုယ်တော် ဖြစ်နေ၏။
သေလေးပါးစာရင်း၌ အောက်ပါမထေရ်တို့ ပါဝင်သည်။
(၁) ရှင်မဟာကဿပ သည် ဝေဘာရတောင် ကျောက်ဖြာထက်၌ရှိသည်။
(၂) ရှင်မဟာသံသာရ သည် ဥတ္တမတောင်၌ရှိသည်။
(၃) ရှင်ဥပေက္ခ သည် မကုလတောင်၌ရှိသည်။
(၄) ရှင်ဓမ္မသာရ သည် မကုလတောင်၌ရှိသည်။
မြန်မာနိုင်ငံမှ ပုဂ္ဂိုလ်တို့သည် ရှင်မဟာကဿပ အသေထွက်ရှိရာ အလောင်းတော် ကဿပကို အလေးထား၍ သွားရောက်လေ့ရှိကြသည်။
ရှင်မဟာကဿပ ပြဿနာကလည်း ရှုပ်ထွေးသည်။
ပုဂံခေတ် အရည်းကြီးဂိုဏ်းခေါင်းဆောင်
ရှင်မဟာကဿပသည် ထိုနေရာသို့ သွား၍ ပျံတော်မူသည်ဟု ဇတ်လမ်းလုပ်ထားကြသည်။
ဘုရားရှင်၏ သာဝကကြီးဖြစ်သော ပထမသံဂါယနာတင် ဦးဆောင် အရှင်မဟာကဿပကြီးသည်
ထိုနေရာသို့ လာရောက်၍ ပရိနိဗ္ဗာန် ပြုသည်ဟုလည်း ပြောကြသေးသည်။
အမှန်မူ အလောင်းတော် ကဿပဋ္ဌာနသည် အရည်းကြီးခေါင်းဆောင် ရှင်ကဿပ နှင့်လည်း မသက်ဆိုင်ပါ။
သံဂါယနာတင် အရှင်မဟာကဿပ၏ ပရိနိဗ္ဗာန် ပြုရာလည်း မဟုတ်။
ထိုရှင်မဟာကဿပကြီး ပရိနိဗ္ဗာန်ပြုရာ ဝေဘာရတောင်နှင့် အလားတူသော ပထဝီ အနေအထားကို ရှာ၍
အတုပြုလုပ်ကိုးကွယ်ခဲ့သော အလောင်းတော် ကဿပ အတုသာလျှင် ဖြစ်ပါသည်။
ဗုဒ္ဓစာပေ၌ လာသော ဖြစ်စဉ်တို့ကို ကြည့်၍ ပထဝီအနေအထားကို ရှာဖွေလျှက် ခြေတော်ရာ များကိုလည်း
ဤသို့ပင် ထုလုပ်ကိုးကွယ်ခဲ့ကြသည် မဟုတ်လော။
ချုပ်၍ဆိုရလျှင် ရှင်ဥပဂုတ်မထေရ်သည် ထေရဝါဒပိဋကတ်တော်လာ ပုဂ္ဂိုလ်မဟုတ်။ မဟာယာနဂိုဏ်းလာ
စာအုပ်ထဲက ကူးနုတ်ထားသော ထေရုပ္ပတ္တိသာ ဖြစ်သတည်း။
မှတ်ချက်။ ။ ရေစကြို အရှင်ဧသိက ရေးသားသော ထေရဝါဒ ဗုဒ္ဓဘာသာ ( ပြိုင်ပွဲဝင် ပထမဆုရ ) စာအုပ်မှ ကူးယူဖော်ပြပါသည်။
Thursday, December 5, 2019
ဗုဒ္ဓ ဝံသ (ခေါ်) မဟာ ဗုဒ္ဓဝင်ကြီး
ဂေါတမမြတ်စွာဘုရားရှင် ၏ ဗုဒ္ဓဝင် အကျဉ်း
(အစ နှင့် အဆုံး)
☸ သာသနာ သက္ကရာဇ် = ၂၅၆၂ ☸
မြန်မာ သက္ကရာဇ် = ၁၃၈၀
ခရစ်သက္ကရာဇ် = ၂၀၁၈
ဝ။ ယခင် ကမ္ဘာ = သာရမဏ္ဍကမ္ဘာ ၊
၁။ မြို့ = အမရဝတီ မည်သော မြို့ ၊
၂။ သူဌေးသား အမည် = သုမေဓာ သူဌေးသူကြွယ် ပုဏ္ဏား ၊
၃။ ဗျာဒိတ်ခံယူသောနေ့ = ကဆုန်လပြည့်နေ့ ၊
၎။ ဗျာဒိတ်ခံယူသော ဘဝ = သုမေဓာရှင် ရသေ့ ဘဝ ၊
၅။ ဗျာဒိတ်ပေးသော ဘုရား = ဒီပင်္ကရာ မြတ်စွာဘုရား ၊
၆။ ပါရမီ ဖြည့်ဖက် = သုမိတ္တာ အမျိုးသမီး ၊
၇။ ပါရမီ ဖြည့်ကျင့်ရာ ကာလ = (၄)အသင်္ချေ နှင့် ကမ္ဘာ(၁)သိန်း ၊
၈။ ပါရမီများ = ပါရမီဆယ်ပါး ၊ အပြားသုံးဆယ် ၊ စွန့်ခြင်းကြီးငါးပါး ၊
၉။ ရည်ရွယ်ချက် = ဝေနေယျသတ္တဝါများ ကယ်တင်ရန် ၊
၁၀။ ယခု ကမ္ဘာ = ဘဒ္ဒကမ္ဘာ ၊
၁၁။ ပါရမီနောက်ဆုံး လူ့ဘဝ = ဝေဿန္တရာမင်းကြီး ဘဝ ၊
၁၂။ နောက်ဆုံး စံမြန်းခဲ့သောနတ်ပြည် = တုသိတာနတ်ပြည် ၊
၁၃။ နတ်သားနာမ = သန္တုသိတသေတကေတု မည်သောနတ်သား ၊
၁၄။ ဘုရားဖြစ်ရန်တောင်းပန်သူများ = နတ် ၊ ဗြဟ္မာများ ၊
၁၅။ ကြည့်ခြင်းကြီး ငါးပါး = ကာလ ၊ ဒီပ ၊ ဒေသ ၊ ကုသ ၊ မာတု ၊
၁၆။ ဘုရားဖြစ်ရန် ကာလ = လူတို့ အသက်တမ်း (၁၀၀) တမ်း ၊
၁၇။ ဘုရားဖြစ်ရန် ဒီပ = ဇမ္ဗူဒီပါတောင်ကျွန်း ၊
၁၈။ ဘုရားဖြစ်ရန် အရပ်ဒေသ = မဇ္ဈိမတိုက် ၊ (အိန္ဒိယနိုင်ငံ) ၊
၁၉။ ဘုရားဖြစ်ရန် ကုသ = ရှင်ဘုရင်မျိုး ၊ ပုဏ္ဏားမျိုး ၊
၂၀။ ဘုရားဖြစ်ရန် မာတုအာယုပရိစ္ဆေဒ = မယ်တော့် အသက် ၊
၂၁။ ပဋိသန္ဓေယူသော နှစ် = မဟာသက္ကရာဇ် (၆၇) ခုနှစ် ၊
၂၂။ ပဋိသန္ဓေယူသော လ = ဝါဆိုလပြည့် ၊
၂၃။ ပဋိသန္ဓေယူသော နေ့ = ကြာသပတေးနေ့ ၊
၂၄။ နေပြည်တော် = ကပိလဝတ်ပြည် (သက္ကတိုင်း) ၊
၂၅။ အမျိုးအနွယ် = သာကီဝင် မင်းမျိုး / မင်းနွယ် ၊
၂၆။ ခမည်းတော် ဖခင် = သုဒ္ဓေါဒန ရှင်ဘုရင်မင်းကြီး ၊
၂၇။ မယ်တော် မိခင် = မာယာမဟာဒေဝီ မိဖုရားကြီး ၊
၂၈။ ဘုရားလောင်း ဖွားမြင်ရာအရပ် = တောလမ်းခရီး ၊
၂၉။ ဖွားရာဌာန = လုမ္ဗိနီဥယျာဉ် (ကပိလဝတ် နှင့် ဒေဝဒဟကြား) ၊
၃ဝ။ မီးရှူးသန့်စင် ဖွားမြင်သော နှစ် = မဟာသက္ကရာဇ် (၆၈) ခုနှစ် ၊
၃၁။ မီးရှူးသန့်စင် ဖွားမြင်သော လ = ကဆုန်လပြည့် ၊
၃၂။ မီးရှူးသန့်စင် ဖွားမြင်သော နေ့ = သောကြာနေ့ ၊
၃၃။ မွေးစ,ခြေလှမ်း = မြောက်အရပ်သို့ (၇) လှမ်း ၊
၃၄။ ဖွားဖက်တော် = (၇) ဦး ၊
၃၅။ ပဌမမြောက် ဖွားဖက်တော် = ယသော်ဓရာ ၊
၃၆။ ဒုတိယမြောက် ဖွားဖက်တော် = အာနန္ဒာမင်းသား ၊
၃၇။ တတိယမြောက် ဖွားဖက်တော် = ဆန္နအမတ် ၊
၃၈။ စတုတ္ထမြောက် ဖွားဖက်တော် = ကာဋုဒါယီ အမတ် ၊
၃၉။ ပဉ္စမမြောက် ဖွားဖက်တော် = ကဏ္ဍကမြင်း ၊
၄၀။ ဆဋ္ဌမမြောက် ဖွားဖက်တော် = ဗောဓိညောင်ပင် ၊
၄၁။ သတ္တမမြောက် ဖွားဖက်တော် = ရွှေအိုးကြီး (၄) လုံး ၊
၄၂။ ပဌမ ရွှေအိုးကြီး = သင်္ခ မည်သော ရွှေအိုးကြီး ၊
၄၃။ ဒုတိယ ရွှေအိုးကြီး = ဧလ မည်သော ရွှေအိုးကြီး ၊
၄၄။ တတိယ ရွှေအိုးကြီး = ဥပ္ပလ မည်သော ရွှေအိုးကြီး ၊
၄၅။ စတုတ္ထ ရွှေအိုးကြီး = ပုဏ္ဍရိက မည်သော ရွှေအိုးကြီး ၊
၄၆။ ဖွားစ,စကား = သုံးခွန်း ၊
၄၇။ ပဌမ စကား = အဂ္ဂေါဟမသ္မိ လောကဿ ၊
၄၈။ ဒုတိယ စကား = ဇေဌောဟမသ္မိ လောကဿ ၊
၄၉။ တတိယ စကား = သေဌောဟမသ္မိ လောကဿ ၊
၅၀။ မိထွေးတော် = ဂေါတမီ ၊
၅၁။ မင်းသားငယ်ကိုမြင်၍ ငိုကြွေးသော ရသေ့ = ဒေဝီလရသေ့ ၊
၅၂။ ဘုရားဖြစ်မည်ဟု ဧကန်အတတ်ဟောသူ = ကောဏ္ဍညပုဏ္ဏား ၊
၅၃။ ဘုရားလောင်း၏ အမည် = အိမ်ရှေ့စံမင်းသား သိဒ္ဓတ္ထ ၊
၅၄။ ဘုရားလောင်း ပြသော အတတ်ပညာ = လေးအတတ်ပညာ ၊
၅၅။ ဘုရားလောင်း၏ လောကီဆရာ = (၅)ပါး ၊
၅၆။ ပဌမ ဆရာ = လက္ခဏာ ဖတ်သော ရာမ, ဓဇ, လက္ခဏ, မန္တီ,
ယည, သုယာမ, သုဘောဇ, သုဒတ္တ ဟူသော
ပုဏ္ဏားကြီး (၈)ဦး ၊
၅၇။ ဒုတိယ ဆရာ = ပဒကကျမ်း, ဗျာကရုဏ်းကျမ်း, ဆဠင်္ဂကျမ်း
အတတ်တို့ကို သင်ကြားပေးသော (သဗ္ဗမိတ္တ)
မည်သော ပုဏ္ဏား ၊
၅၈။ တတိယ ဆရာ = ဘုရားလောင်းအား သူအို, သူနာ, သူသေ,
ရဟန်းဟူသော နိမိတ်ကြီး လေးပါးကို ပြ၍
ထိတ်လန့်ကြောက်ရွံ့စေပြီး
တောထွက်စေသော နတ်သား ၊
၅၉။ စတုတ္ထ ဆရာ = အာကိဉ္စညာယတနဈာန်၏ ပရိကံကို
ပြောကြားပြသပေးသော ကာလာမ၏
သားဖြစ်သော အာဠာရ ရသေ့ ၊
၆၀။ ပဉ္စမ ဆရာ = နေဝသညာ နာသညာယတနဈာန်၏ ပရိကံကို
သင်ကြားပြသပေးသော ရာမ၏ သားဖြစ်သော
ဥဒကရသေ့။
၆၁။ ဘုရားလောင်း၏ လောကုတ္တရာဆရာ = မရှိ ၊
၆၂။ ဘုရားလောင်း၏ ဇနီး = ယသော်ဓရာ (ဘဒ္ဒကဉ္ဓနာ) ၊
၆၃။ ဘုရားလောင်း၏ သားတော် = ရာဟုလာ ၊
၆၄။ ဘုရားလောင်း၏ ယောက်ဖတော် = ဒေဝဒတ် (ဒေဝဒတ္တ) ၊
၆၅။ ဘုရားလောင်း၏ ဦးရီးတော် = သုပ္ပဗုဒ္ဓမင်း ၊
၆၆။ စံမြန်းသော နန်းပြာသာဒ် (၃) ဆောင် = ရမ္မ ၊ သုရမ္မ ၊ သုဘ ၊
၆၇။ ရမ္မ = နွေရာသီစံ ဘုံ(၅)ဆင့်ရှိ ပြာသာဒ်ဆောင် ၊
၆၈။ သုရမ္မ = ဆောင်းရာသီစံ ဘုံ(၇)ဆင့်ရှိ ပြာသာဒ်ဆောင် ၊
၆၉။ သုဘ = မိုးရာသီစံ ဘုံ(၉)ဆင့်ရှိ ပြာသာဒ်ဆောင် ၊
၇၀။ အလုပ်အကျွေး မောင်းမ = လေးသောင်း ၊
၇၁။ ထီးနန်းစိုးစံမြန်းသော နှစ် = ၁၃နှစ် ၊ (၁၆ နှစ်မှ ၂၉ နှစ်ထိ) ၊
၇၂။ ဥယျာဉ်၌ မြင်သော နိမိတ် = သူအို ၊ သူနာ ၊ သူသေ ၊ ရဟန်း ၊
၇၃။ တောထွက်တော်မူသော သက်တော် = (၂၉) နှစ် ၊
၇၄။ တောထွက်တော်မူသော ခုနှစ် = မဟာသက္ကရာဇ် (၉၇) ခုနှစ် ၊
၇၅။ တောထွက်တော်မူသော လ = ဝါဆိုလပြည့် ၊
၇၆။ တောထွက်တော်မူသော နေ့ = တနင်္လာနေ့ ၊
၇၇။ စီးတော်ယာဉ် = ကဏ္ဍကမြင်း ၊ မြင်းယာဉ် ၊
၇၈။ တောထွက်ရာ ပါသူ = ကဏ္ဍကမြင်း နှင့် မြင်းမြီးဆွဲ မောင်ဆန် ၊
၇၉။ တောထွက်ရာ လမ်းခရီး၌ ပိတ်ပင်တားဆီးသူ = မာရ်နတ် ၊
၈၀။ ဖြတ်ကူးသောမြစ် = အနော်မာမြစ် ၊
၈၁။ ပယ်သောအရာ = ဆံတော် နှင့် အဝတ် ၊
၈၂။ ဆံတော်တည်ရာ ဌာန = တာဝတိံသာ နတ်ပြည် ၊
၈၃။ ဆံတော်ကို ဌာပနာတည်ရာ စေတီ = ဆူဠမဏိစေတီ ၊
၈၄။ အဝတ်တော်တည်ရာ ဌာန = ဗြဟ္မာ့ပြည် ၊
၈၅။ အဝတ်တော် ဌာပနာတည်ရာ စေတီ = ဗြဟ္မာပြည် ဒုဿစေတီ ၊
၈၆။ သင်္ကန်းပရိက္ခရာလှူသူ= ဃဋိကာရဗြဟ္မာ ၊
၈၇။ တောထွက်ပြီးစ , ဦးစွာဆရာ = အာဋာယရသေ့ ၊ ဥဒကရသေ့ ၊
၈၈။ တရားကျင့်သည့် နေရာ = ဥရုဝေဠတော ၊
၈၉။ ဘုရားဖြစ်ရန် ကျင့်သော ကျင့်စဉ်တရား = ဒုက္ကရစရိယ ၊
၉၀။ ဒုက္ကရစရိယ ကျင့်စဉ် ကြာမြင့်ချိန် = (၆) နှစ် ၊
၉၁။ ဒုက္ကရစရိယ ကျင့်ချိန်၌အလုပ်အကျွေး ပြုသူ = ပဉ္စဝဂ္ဂီ (၅) ဦး ၊
၉၂။ အရှင် ကောဏ္ဍည မထေရ် ၊
၉၃။ အရှင် ဝပ္ပ မထေရ် ၊
၉၄။ အရှင် ဘဒ္ဒိယ မထေရ် ၊
၉၅။ အရှင် မဟာနာမ် မထေရ် ၊
၉၆။ အရှင် အဿဇိ မထေရ် ၊
၉၇။ အလယ်အလတ် လမ်းစဉ် = မဇ္ဈိမပဋိပဒါ ကျင့်စဉ်လမ်း ၊
၉၈။ ဘုရားလောင်း၏ အိပ်မက်ကြီး = (၅) ပါး ၊
၉၉။ မြေကြီးကို (အိပ်ယာ)လုပ် ၊ ဟိမဝန္တာကို (ခေါင်းဦး)ပြု ၊
ရှေ့နောက် သမုဒ္ဒရာကို (လက်နှစ်ဖက်တင်) ၊
တောင်သမုဒ္ဒ၇ာမှာ ခြေတောက် နှစ်ဖက်ကို ထားသည်
ဟု မြင်မက်ခြင်း ၊
၁၀၀။ တိဏ မြက်သည် ဘုရားလောင်း၏ ချက်တော်မှ
ထိုးထွက်၍ ကောင်းကင် ဘဝဂ်တိုင်အောင် ပျံတက်သည်
ဟု မြက်မက်ခြင်း ၊
၁၀၁။ အမည်းရောင်ရှိသော ပိုးကောင်လေးများ ဘုရားလောင်း၏
ပုဆစ် ဒူးဝန်းတခုလုံးကို ဖုံးလွှမ်းပြီး တက်သည်
ဟု မြင်မက်ခြင်း ၊
၁၀၂။ အရပ်လေးမျက်နှာမှ အရောင်သွေးစုံလင်သော ငှက်များသည်
ဘုရားလောင်း၏ ခြေတော်ရင်း၌ တကိုယ်လုံး အဖြူရောင်
ဖြစ်သွားကြသည် ဟု မြင်မက်ခြင်း ၊
၁၀၃။ မစင်ပုံကြီးအပေါ်တွင် မစင်တွေမလူးဘဲ
လမ်းလျှောက်နေသည် ဟု မြင်မက်ခြင်း ၊
၁၀၄။ ရွှေခွက် မျှောသောမြစ် = နေရဉ္စရာမြစ် ၊
၁၀၅။ ရွှေခွက်သိမ်းသူ = ကာလနဂါး ၊
၁၀၆။ ဗောဓိပင်အသွား မြက်လှူသူ = သောတ္ထိယ မြက်ရိတ်သမား ၊
၁၀၇။ ကျဲဖြန့်စဉ် မြက်မှဖြစ်သောအရာ = အပရာဇိတရွှေပလ္လင် ၊
၁၀၈။ အမှီ ပင် = ညောင်ဗုဒ္ဓဟေ ပင်ရင်း (ခေါ်) ဗောဓိညောင်ပင် ၊
၁၀၉။ ဗောဓိညောင်ပင် နှင့် ရွှေပလ္လင် လာလုယူသူ = မာရ်နတ် ၊
၁၁၀။ ဘုရားဖြစ်အံ့ဆဲဆဲ ၊ ဘုရားမဖြစ်ရန် ဖျက်ဆီးသူ = မာရ်နတ် ၊
၁၁၁။ မာရ်နတ်မင်းကို ခုခံသည့် အရာ = ပါရမီ ကုသိုလ်တော်များ ၊
၁၁၂။ ဘုရားလောင်း သက်သေ = ဝသုနြေ္ဒ (မဟာပထဝီမြေကြီး) ၊
၁၁၃။ မာရ်နတ်ကြီး ရှုံးသောအရာ = ဗောဓိညောင်ပင် နှင့် ရွှေပလ္လင် ၊
၁၁၄။ ကောင်းချီး ထောပနာပြုကြသူ = နတ် ၊ သိကြား ၊ ဗြဟ္မာများ ၊
၁၁၅။ ဘုရားလောင်း ရသော ဥာဏ်တော် = ဗောဓိဥာဏ် ၊
၁၁၆။ ဗောဓိဥာဏ်တော် = ဘုရားဥာဏ်တော် ၊
၁၁၇။ ညဥ့်ဦးယံ (ခေါ်) ပထမယာမ်၌ = ပုဗ္ဗေနိဝါသနုဿတိဥာဏ် ၊
၁၁၈။ သန်းခေါင်ယံ (ခေါ်) ဒုတိယာမ်၌ = ဒိဗ္ဗစက္ခုအဘိဥာဏ် ၊
၁၁၉။ မိုးသောက်ယံ (ခေါ်) ပစ္ဆိမယာမ်၌ = အာသဝက္ခယဥာဏ် ၊
၁၂၀။ အလုံးစုံ ခပ်သိမ်းသောဥာဏ် = သဗ္ဗညုတရွှေဥာဏ်တော်ကြီး ၊
၁၂၁။ ဘုရားဖြစ်သော နှစ် = မဟာသက္ကရာဇ် (၁ဝ၃) ခုနှစ် ၊
၁၂၂။ ဘုရားဖြစ်သော လ = ကဆုန်လပြည့် ၊
၁၂၃။ ဘုရားဖြစ်သော နေ့ = ဗုဒ္ဓဟူးနေ့ ၊
၁၂၄။ ဘုရားဖြစ်သော အချိန် = နံနက် မိုးသောက်ယံ ၊
၁၂၅။ ဘုရားရှင်၏ပထမ ဗုဒ္ဓဝစန = အနေကဇာတိသံသာရ...
၁၂၆။ ဃနာနို့ဆွမ်း ကပ်သူ = သုဇာတာအမျိုးသမီး (သေနနိဂုံးရွာ) ၊
၁၂၇။ ဘုန်းပေးတော်မူပုံ = မလျော့မတင်း (၄၉) လုပ် ၊
၁၂၈။ သတ္တာဟများ = (၇ရက်×၇လီ = ၄၉ရက်) ၊
၁၂၉။ ပဌမ သတ္တာဟ = ပလင်္က သတ္တာဟ၌ (၇)ရက် ၊
၁၃၀။ ဒုတိယ သတ္တာဟ = အနိမိသ သတ္တာဟ၌ (၇)ရက် ၊
၁၃၁။ တတိယ သတ္တာဟ = ရတနစင်္ကမ သတ္တာဟ၌ (၇)ရက် ၊
၁၃၂။ စတုတ္ထ သတ္တာဟ = အဇပါလ သတ္တာဟ၌ (၇)ရက် ၊
၁၃၃။ ပဉ္စမ သတ္တာဟ = မုစိန္ဒ သတ္တာဟ၌ (၇)ရက် ၊
၁၃၄။ ဆဋ္ဌမ သတ္တာဟ = လင်းလွန်းပင် သတ္တာဟ၌ (၇)ရက် ၊
၁၃၅။ သတ္တမ သတ္တာဟ = ရတန ဃရ သတ္တာဟ၌ (၇)ရက် ၊
၁၃၆။ ပလင်္က သတ္တာဟ၌ = ပဋိစ္စသမုပ္ပါဒ် ကို ဆင်ခြင်ခြင်း ၊
၁၃၇။ အနိမိသ သတ္တာဟ၌ = မမှိတ်သော မျက်လုံးဖြင့် ကြည့်ခြင်း ၊
၁၃၈။ ရတနစင်္ကမ သတ္တာဟ၌ = ရေမီးအစုံ ပြာဋိဟာ တန်ခိုးပြခြင်း ၊
၁၃၉။ အဇပါလ သတ္တာဟ၌ = မာရ်နတ်သမီးများ ဖြားယောင်းခြင်း ၊
၁၄၀။ မုစိန္ဒ သတ္တာဟ၌ = မုစလိန္ဒနဂါးမင်းအခွေ၌ သီတင်းသုံးခြင်း ၊
၁၄၁။ လင်းလွန်းပင် သတ္တာဟ၌ = ညီနောင်၂ပါးအား ဆံတော်ပေး ၊
၁၄၂။ ရတနဃရ သတ္တာဟ၌ = ပိဋကတ် သုံးပုံကို ဆင်ခြင်ခြင်း ၊
၁၄၃။ ရောင်ခြည်တော် = တစ်လံမျှ ၊
၁၄၄။ ရောင်ခြည်တော် = (၆)သွယ် ၊
၁၄၅။ နီလ = အညို + အပြာ = ရောင်ခြည်တော် ၊
၁၄၆။ ပီတ = အဝါရောင် ရောင်ခြည်တော် ၊
၁၄၇။ လောပိာတ = အနီရောင် ရောင်ခြည်တော် ၊
၁၄၈။ သြဒါသ = အဖြူရောင် ရောင်ခြည်တော် ၊
၁၄၉။ မဉ္စိဌ = မောင်းသော ရောင်ခြည်တော် ၊
၁၅၀။ ပဘဿရ= ပြိုးပြိုးပြက် တစ်လက်လက် ရောင်ခြည်တော် ၊
၁၅၁။ ဥာဏ်တော် အမြင့် = တစ်ဆယ့်ခြောက်တောင် ၊
၁၅၂။ တရားဟောရန် တောင်းပန်သူ = သဟမ္ပတိ မဟာဗြဟ္မာကြီး ၊
၁၅၃။ တရားဟောရန်ကြွစဉ် လမ်း၌ တွေ့သူ = ဥပက တက္ကတွန်း ၊
၁၅၄။ ဟောတော်မူသော နေရာ = မိဂဒါဝုန် (သမင်တော) ၊
၁၅၅။ ဟောသည့် တရားဦး၏ အမည် = ဓမ္မစကြာ တရားတော် ၊
၁၅၆။ ဟောတော်မူသော ခုနှစ် = မဟာသက္ကရာဇ် (၁ဝ၃) ခုနှစ် ၊
၁၅၇။ ဟောတော်မူသော လ = ဝါဆိုလပြည့် ၊
၁၅၈။ ဟောတော်မူသော နေ့ = စနေနေ့ ၊
၁၅၉။ ဓမ္မစကြာတရား နာယူသူ = ပဉ္စဝဂီငါးဦး နှင့် နတ် ၊ ဗြဟ္မာများ ၊
၁၆၀။ ပဉ္စဝဂီငါးဦး = ငါးပါးသော ရဟန်းအစု ၊
၁၆၁။ အရှင်ကောဏ္ဍည မထေရ် ၊
၁၆၂။ အရှင် ဝပ္ပ မထေရ် ၊
၁၆၃။ အရှင် ဘဒ္ဒိယ မထေရ် ၊
၁၆၄။ အရှင် မဟာနာမ် မထေရ် ၊
၁၆၅။ အရှင် အဿဇိ မထေရ် ၊
၁၆၆။ ပထမဦးဆုံး ရဟန္တာဖြစ်သူ = အရှင် ကောဏ္ဍည မထေရ်မြတ် ၊
၁၆၇။ တရားအဆုံး၌ သစ္စာသိသူ = နတ် ဗြဟ္မာ ပေါင်း (၁၈) ကုဋေ ၊
၁၆၈။ ဒွေဝါစိက သရဏဂုံ တည်သူ = တပုဿ နှင့် ဘလိက ၊
၁၆၉။ တေဝါစိက သရဏဂုံ တည်သူ = ယသ သတို့သားမိသားစု ၊
၁၇၀။ ဘွဲ့နာမတော် အမည်ရင်း = ဗုဒ္ဓ ၊ ဇိန ၊ တထာဂတ ၊
၁၇၂။ အမျိုးအစား = သမ္မာသဗ္ဗုဒ္ဓ မြတ်စွာဘုရား ၊
၁၇၃။ ဓိက အမျိုးအစား = ပညာဓိက မြတ်စွာဘုရား ၊
၁၇၄။ အနွယ် အမျိုး = ဂေါတမ အနွယ် ၊ ဂေါတမ မြတ်စွာဘုရား ၊
၁၇၅။ ဤဘဒ္ဒ ကပ်ကမ္ဘာ၌ ပွင့်ရာ အဆူမြောက် = လေးဆူမြောက် ၊
၁၇၆။ လက်ယာ အရံ = အရှင်သာရိပုတြာ မထေရ်မြတ် ၊
၁၇၇။ လက်ဝဲ အရံ = အရှင်မဟာမောဂ္ဂလ္လာန် မထေရ်မြတ် ၊
၁၇၈။ အလုပ်အကျွေး ရဟန်း = အရှင်အာနန္ဒာ ၊
၁၇၉။ အခါခပ်သိမ်း အခြံအရံ = ရဟန်းသံဃာမထေရ်မြတ်အပေါင်း ၊
၁၈၀။ အစဉ်တိုင်းသော တရားစကား = ဒါန၊ သီလ၊ သစ္စာလေးပါး ၊
၁၈၁။ ဒါန နှင့် စပ်သော တရားစကား ၊
၁၈၂။ သီလ နှင့် စပ်သော တရားစကား ၊
၁၈၃။ နတ်ပြည် နှင့် စပ်သော တရားစကား ၊
၁၈၄။ ကာမဂုဏ်တို့၏ အပြစ် ၊
၁၈၅။ ကာမဂုဏ်တို့၏ ယုတ်ညံ့ခြင်း ၊
၁၈၆။ ကာမဂုဏ်တို့၏ ညစ်ညူးခြင်း ၊
၁၈၇။ ကာမဂုဏ်တို့မှ ထွက်မြောက်ခြင်း ၊
၁၈၈။ ကာမဂုဏ်တို့မှ ထွက်မြောက်ခြင်း အကျိုး ၊
၁၈၉။ ထိုထိုဤဤ မှ အဆင့်ဆင့်တတ်၍ ၊
၁၉၀။ နောက်ဆုံး၌ (ဒုက္ခ သစ္စာ) တရား ၊
၁၉၁။ (သမုဒယ သစ္စာ) တရား ၊
၁၉၂။ (နိရောဓ သစ္စာ) တရား ၊
၁၉၃။ (မဂ္ဂ သစ္စာ) တရားအထိ အဆင့်ဆင့်(တတ်၍)² ဟောသည် ၊
၁၉၄။ အဆူဆူသော ဘုရားတို့ တရားစကား = သြဝါဒပါတိမောက် ၊
၁၉၅။ အဆူဆူသော ဘုရားတို့စကား = သြဝါဒ ပါတိမောက် ၊
၁၉၆။ မကောင်းမှု့ မှန်သမျှ = ရှောင် ၊
၁၉၇။ ကောင်းမှု့ မှန်သမျှ = ဆောင် ၊
၁၉၈။ စိတ်ကို = ဖြူစင်စွာ ထား ။
၁၉၉။ သရဏဂုံ = သုံးပါး ၊
၂၀၀။ ရတနာ = သုံးပါး ၊
၂၀၁။ ရတနာ သုံးပါး = ဘုရား ၊ တရား ၊ သံဃာ (ဗုဒ္ဓ ၊ ဓမ္မ ၊ သံဃ) ၊
၂၀၂။ တာဝတိံသာ၌ ဟောသည့်တရား = အဘိဓမ္မာတရား ၊
၂၀၃။ ကြာမြင့်ချိန် = ဝါတွင်း ကာလ (၃)လ ပတ်လုံး ၊
၂၀၄။ သာသနာ (အဆုံးအမ) = ပိဋကတ် သုံးပုံ ၊
၂၀၅။ ပိဋကတ် သုံးပုံ = ပရိယတ္တိ ၊ ပဋိပတ္တိ ၊ ပဋိဝေဓ ၊
၂၀၆။ ပရိယတ္တိ သာသနာ = စာသင် ၊ စာချ ၊ စာကျက် ၊ ကျက်မှတ် ၊
၂၀၇။ ပဋိပတ္တိ သာသနာ = ကျင့်ကြံခြင်း ၊
၂၀၈။ ပဋိဝေဓ သာသနာ = ထိုးထွင်း ၊ သိမြင်ခြင်း ၊
၂၀၉။ ကျင့်စဉ် သိက္ခာ = သီလ ၊ သမာဓိ ၊ ပညာ ၊
၂၁၀။ ချမှတ်သောလမ်းစဉ် = မဂ္ဂင်(၈)ပါး ၊ မဇ္ဈိမပဋိပဒါ ၊
၂၁၁။ တရားဟောခဲ့သော နှစ် = (၄၅) နှစ် ၊
၂၁၂။ ဆိုခဲ့သော ဝါ = (၄၅) ဝါ ၊
၂၁၃။ ဟောခဲ့သော တရားပေါင်း = ဓမ္မက္ခန္ဓာပေါင်း (၈၄ဝဝဝ) ၊
၂၁၄။ နောက်ဆုံး ဆွမ်းလှူသူ = စုန္ဒ ၊
၂၁၅။ နောက်ဆုံး ကျွတ်တမ်းဝင်သူ = သုဘဒ္ဒ ပရဗိုဇ် ၊
၂၁၆။ နောက်ဆုံးစကား = မမေ့ ၊ မလျော့ ၊ မပေါ့ဆသော ၊ သတိ ၊
၂၁၇။ ပရိနိဗ္ဗာန်ပြုသော သက်တော် = သက်တော် (၈ဝ) ၊
၂၁၈။ ပရိနိဗ္ဗာန် စံဝင်သော ခုနှစ် = မဟာသက္ကရာဇ် (၁၄၈) ခုနှစ် ၊
၂၁၉။ ပရိနိဗ္ဗာန် စံဝင်သော လ = ကဆုန်လပြည့် ၊
၂၂၀။ ပရိနိဗ္ဗာန် စံဝင်သော နေ့ = အင်္ဂါနေ့ ၊
၂၂၁။ ပရိနိဗ္ဗာန်ပြုသောအရပ် = မလ္ဃာတိုင်း ၊ မလ္ဃာမင်းဥယျာဉ် ၊
၂၂၂။ ပရိနိဗ္ဗာန်စံဝင်ရာ မြို့ = ကုသိနာရုံမြို့ ၊
၂၂၃။ တေဇော လောင်သော ခုနှစ် = မဟာသက္ကရာဇ် (၁၄၈) ခုနှစ် ၊
၂၂၄။ တေဇော လောင်သော လ = ကဆုန်လဆုတ် ၊
၂၂၅။ တေဇော လောင်သော နေ့ရက် = (၁၂) ရက် ၊ တနင်္ဂနွေနေ့ ၊
၂၂၆။ ဓာတ်တော်ဝေသူ = ရှင်ဘုရင်တို့ဆရာ ဒေါနပါမေက္ခပုဏ္ဏား ၊
၂၂၇။ အသမ္ဘိန္န ဓာတ်တော် = (ကွဲပျက်ခြင်း မရှိသော ဓာတ်တော်) ၊
၂၂၈။ သမ္ဘိန္န ဓာတ်တော် = (ကွဲပျက်သော ဓာတ်တော်) ၊
၂၂၉။ ကွဲပျက်ခြင်း မရှိသော ဓာတ်တော် = (၇)ဆူ ရှိ ၊
၂၃၀။ ကွဲပျက်သော ဓာတ်တော် = ကြွင်းသော ဓာတ်တော်များ ၊
၂၃၁။ ဓာတ်တော် (၇)ဆူ = သင်းကျစ် ၊ စွယ်တော် ၊ ညှပ်ရိုးတော် ၊
၂၃၂။ သင်းကျစ်တော် = (၁)ဆူ ၊
၂၃၃။ စွယ်တော် = (၄)ဆူ ၊
၂၃၄။ ညှပ်ရိုးတော် = (၂)ဆူ ၊
၂၃၅။ အကြီးဆုံး ဓာတ်တော်များ = ပဲနောက်စေ့မျှ ရှိ ၊
၂၃၆။ အလတ်စား ဓာတ်တော်များ = ဆန်ကျိုးစေ့မျှ ရှိ ၊
၂၃၇။ အငယ်ဆုံး ဓာတ်တော်များ = မုန်ညင်းစေ့မျှ ရှိ ၊
၂၃၈။ အကြီးဆုံး ဓာတ်တော်တို့၏ အရောင် = ရွှေ အဆင်း ၊
၂၃၉။ အလတ်စား ဓာတ်တော်တို့၏ အရောင် = ပုလဲ အဆင်း ၊
၂၄၀။ အငယ်ဆုံး ဓာတ်တော် အရောင် = မြတ်လေးပန်းငုံ အဆင်း ၊
၂၄၁။ အငယ်ဆုံး ဓာတ်တော် အရောင် = (ချရားစေ့) အဆင်း ၊
၂၄၂။ အကြီးဆုံး ဓာတ်တော်တို့၏ ပမာဏ = ငါးပြည် ၊
၂၄၃။ အလတ်စား ဓာတ်တော်တို့၏ ပမာဏ = ငါးပြည် ၊
၂၄၄။ အငယ်ဆုံး ဓာတ်တော်တို့၏ ပမာဏ = ခြောက်ပြည် ၊
၂၄၅။ ဓာတ်တော်များအားလုံး ပမာဏ = တစ်ဆယ့်ခြောက်ပြည် ၊
၂၄၆။ တာဝတိံသာ၌ = (လက်ယာ အထက်) စွယ်တော် တစ်ဆူ ၊
၂၄၇။ နဂါးပြည်၌ = (လက်ယာ အောက်) စွယ်တော် တစ်ဆူ ၊
၂၄၈။ ဂန္ဓာရတိုင်း၌ = (လက်ဝဲ အထက်) စွယ်တော် တစ်ဆူ ၊
၂၄၉။ ကာလိင်္ဂမင်းနိုင်ငံ၌ = (လက်ဝဲ အောက်) စွယ်တော် တစ်ဆူ ၊
၂၅၀။ မြတ်စွာဘုရား ၏ သွားတော် [ ၄၀ ] = စကြဝဠာ အဆင့်ဆင့် ၊
၂၅၁။ မြတ်စွာဘုရား ၏ ဆံတော် = စကြဝဠာ အဆင့်ဆင့် ၊
၂၅၂။ မြတ်စွာဘုရား ၏ မွေးညင်းတော် = စကြဝဠာ အဆင့်ဆင့် ၊
၂၅၃။ မြတ်စွာဘုရား ၏ သင်းကျစ်တော် = သီဟိုဠ် ကျွန်း ၊
၂၅၄။ မြတ်စွာဘုရား ၏ လက်ယာ ညှပ်ရိုးတော် = သီဟိုဠ် ကျွန်း ၊
၂၅၅။ မြတ်စွာဘုရား ၏ လက်ဝဲ ညှပ်ရိုးတော် = ဗြဟ္မာ့ပြည် ၊
၂၅၆။ မြတ်စွာဘုရား ၏ ကျောက်သပိတ်တော် = [ ဝဇိရာပြည် ] ၊
၂၅၇။ မြတ်စွာဘုရား ၏ တောင်ဝှေးတော် = [ ဝဇိရာပြည် ] ၊
၂၅၈။ မြတ်စွာဘုရား ၏ ခါးဝတ်သင်္ကန်း = [ ဝဇိရာပြည် ] ၊
၂၅၉။ မြတ်စွာဘုရား ၏ ကြွင်းသော သင်္ကန်းတော် = [ ဝဇိရာပြည် ] ၊
၂၆၀။ မြတ်စွာဘုရား ၏ ရေစစ် (ဓမကရိုဏ်) = [ ပါဋလိပုတ်ပြည် ] ၊
၂၆၁။ မြတ်စွာဘုရား ၏ ခါးပန်းကြိုးတော် = [ ပါဋလိပုတ်ပြည် ] ၊
၂၆၂။ မြတ်စွာဘုရား ၏ ရေသနုပ်တော် = [ စမ္ပာပြည် ] ၊
၂၆၃။ မြတ်စွာဘုရား ၏ ခါးဝတ်သင်းပိုင်တော် = [ ကုလဃရမြို့ ] ၊
၂၆၄။ မြတ်စွာဘုရား ၏ အိပ်ရာခင်းတော် = [ ကပိလဝတ်ပြည် ] ၊
၂၆၅။ မြတ်စွာဘုရား ၏ ဥဏ္ဏလုံ (မွေးရှင်တော်) = [ ကောသလ ] ၊
၂၆၆။ မြတ်စွာဘုရား ၏ ခါးဝတ်လဲတော်ပုဆိုး = [ ဗြဟ္မာ့ပြည် ] ၊
၂၆၇။ မြတ်စွာဘုရား ၏ ဦးရစ် (ဗောင်းတော်) = [ တာဝတိံသာ ] ၊
၂၆၈။ မြတ်စွာဘုရား ၏ နိသီဒိုင်အခင်း = [ အဝန္တိတိုင်းတို့၌ ] ၊
၂၆၉။ မြတ်စွာဘုရား ၏ အိပ်ရာလွှမ်း = [ ဒေဝရဋ္ဌနိုင်ငံ ] ၊
၂၇၀။ မြတ်စွာဘုရား ၏ မီးပွတ်ခုံ = [ မိထိလာမြို့ ] ၊
၂၇၁။ မြတ်စွာဘုရား ၏ ရေစစ်တော် = [ ဝိဒေဟတိုင်း နိုင်ငံ ] ၊
၂၇၂။ မြတ်စွာဘုရား ၏ ပဲခွပ်တော် = [ ဣန္ဒပတ္ထမြို့ ] ၊
၂၇၃။ မြတ်စွာဘုရား ၏ အပ်ကျည်တော် = [ ဣန္ဒပတ္ထမြို့ ] ၊
၂၇၄။ မြတ်စွာဘုရား ၏ ကြွင်းသောပရိက္ခရာ = [ အပရန္တဇနပုဒ်၌ ] ၊
၂၇၅။ ရည်ရွယ်ချက် = ဝေနေယျသတ္တဝါတို့အတွက် အစဉ်သနား ၊
၂၇၆။ ရည်ရွယ်ချက် = စောင့်ရှောက်တော်မူလိုခြင်း ၊
၂၇၇။ ကျွတ်တမ်းဝင်ခြင်း = ဂဏန်း သင်္ချာအားဖြင့် မရေမတွက်နိုင် ၊
၂၇၈။ စံဝင်ရာ ပန်းတိုင် = အမြိုက် သန္တိသုခဓာတ်ကြီး နိဗ္ဗာန် ။
နှစ်ဆယ့်ငါးခုမြောက် ဂေါတမ ဗုဒ္ဓဝင် ပြီး၏ ။ - - - - - - -
📚 ကျမ်းညွှန်းအကိုးအကား 📚 ပိဋကတ် သုံးပုံ 📚
[ သုတ္တန်ပိဋကတ် ၊ ခုဒ္ဒကနိကာယ် (မြန်မာပြန်) ]
{ ဗုဒ္ဓဝံသပါဠိတော် မြန်မာပြန် }
{ ခုဒ္ဒကနိကာယ် ဗုဒ္ဓဝံသပါဠိတော် မြန်မာပြန် }
( ၂၇ - ဂေါတမ ဗုဒ္ဓဝင် ၊ ၁ - ၂၄။ )
 ဓမ္မသုတ
Tuesday, December 3, 2019
နှုတ်ထွက်ကြမ်းသော အမ္ဗပါလိ၏ ဘ၀ကံကြမ္မာ
အမ္ဗပါလိသည် ဝေသာလီပြည်၌ အလှဂုဏ်တို့ဖြင့် ထင်ရှားကျော်ကြားသော ပြည့်တန်ဆာမတစ်ဦး ဖြစ်ခဲ့သည်။ သူမသည်သိခီဘုရားရှင်လက်ထက်၌ ရဟန်းမ ပြုခဲ့ပြီး မိခင်ဝမ်း၌ ပဋိသန္ဓေနေရ သည်ကို စက်ဆုပ် သဖြင့် ဥပပတ် ပဋိသန္ဓေနေရန် ဆုတောင်း ခဲ့သောကုသိုလ်ကြောင့် ယခုဂေါတမ ဘုရားရှင် လက်ထက်ဝယ် ဝေသာလီပြည် မင်းဥယျာဉ်အတွင်းရှိ သရက်ပင်ဂွကြား၌ ဥပပါတ် ပဋိသန္ဓေ (ခန္ဓာကိုယ် အထင် အရှားဖြင့်) လူဖြစ်လာသူဖြစ်သည်။
သူမသည် ဖုဿဘုရားရှင်လက်ထက်က ဘုရားရှင်၏နှမတော် ခဲ့သူဖြစ်ပြီး ရုပ်အဆင်းလှပစေရန်ဆုတောင်းခဲ့သောကြောင့် ယခု ဘ၀တွင် တုနှိုင်း မမှီအလှရှင်ဖြစ်ခဲ့ရသည်။
သရက်ပင်ဂွကြားတွင်လူဖြစ်ခဲ့ရသောကြောင့်အမ္ဗပါလိဟု အမည်တွင်ခဲ့သည်။ အမ္ဗပါလိ၏အလှသည် အလွန်ကြည့်မ၀ ရှုမ၀ဖြစ်ခဲ့ရ၍ ဝေသာလီရှိ လိစ္ဆ၀ီမင်းသားတို့ သူရထိုက်သည်ငါရထိုက်သည် အငြင်းအခုံဖြစ်ကြလေသည်။ ထိုအခါဝေသာလီခေါင်းဆောင်တို့က ထိုငြင်းခုံခိုက်ရန်ငြိမ်းမှုအေးစေရန် အမ္ဗပါလိသည် မင်းသားအားလုံးတို့နှင့်ဆိုင်စေဟု အမိန့်ချကာ အများဆိုင်ပြည်တန်ဆာမ ပြုလုပ်စေသည်။
သူမနှင့်တစ်ခါသွားပျော်ပါးလိုပါက အသပြာငါးဆယ်ပေး၍ သွားလာရန်လည်း သတ်မှတ်ထားသည်။အမ္ဗပါလိသည်ရာဇဂြိုလ်ပြည် ဘုရင်ဗိမ္ဗိသာရမင်းသားနှင့် တိတ်တိတ်ပုန်းချစ်ကြိုက်ခဲ့၍ သားတော်တစ်ယောက်မွေးဖွားခဲ့သည်။ ထိုသားတော်လည်း နောင်အခါ ဘုရားသာသနာ၌၀ိမလကောဏ္ဍညမထေရ်ဟုထင်ရှားခဲ့သည်။အမ္ဗပါလိသည် ပြည်တန်ဆာအဖြစ်နေလာခဲ့ရာမှအသက်အရွယ်အိုမင်းလာသော်ဘုရားရှင်နှင့်ဖူးတွေ့ရပြီးဘုရားရှင်ကို
ဆွမ်းကျွေးကာ တရားနာခဲ့သည်။ မိမိဥယျာဉ်၌လည်းကျောင်းဆောက်၍ ဘုရားအမှူးရှိသော သံဃာကို လှူဒါန်းသည်။ မိမိ၏ သားတော်အရှင်ကောဏ္ဍညမထေရ်ထံမှ တရားနာပြီး ရဟန်းမ ပြုခဲ့သည်။
သူမသည်အိုမင်းလာသောမိမိခန္ဓာကိုယ်ကိုယှဉ်ကြည့်၍၀ိပဿနာတရားအားထုတ်ရာမကြာခင်ဆဠာဘိညာပဋိသမ္ဘိဒါပတ္တရဟန္တာမ ဖြစ်ရလေသည်။သူမသည်ရဟန္တာမဖြစ်ပြီးနောက်မိမိဘ၀ပြည့်တန်ဆာမ ဖြစ်ရသည့်  အကုသိုလ် အပြစ်ကို ပြန်လည်မိန့်ကြားခဲ့သည်။ သိခီဘုရားရှင်လက်ထက်ကဖြစ်သည်။ အမျိုးကောင်း သမီး တစ်ဦးသည် သာသနာ့ဘောင်ဝင်ရောက်ကာ ရဟန်းမပြုခဲ့သည်။
ထိုရဟန်းမသည် တစ်နေ့တွင်အဖော်ရဟန်းမများနှင့်အတူ စေတီကို ရှိခိုး၍ လက်ယာရစ် လှည့်လည် ပူဇော်စဉ်ရှေ့ဆုံး မှသွားနှင့်သော ရဟန္တာထေရီမတစ်ပါးသည်နှာချေသဖြင့် နှာရေပေါက်သည်စေတီ ရင်ပြင်ပေါ်၌ အမှတ်တမဲ့ ကျသွားလေသည်။
ထိုနှာရေပေါက်ကိုမြင်လျှင် ရဟန်းမသည် ဒေါသဖြစ်လျှက် “ဘယ်ကပြည်တန်ဆာမဒီမှာတံတွေးထွေးခဲ့ပါသလဲ“ဟုဆဲရေးတိုင်းထွာခဲ့သည်။
ဤနှုတ်ထွက်ကြမ်းသောစကားကြောင့်သူမသည်ငရဲ၌နှစ်ပေါင်းများစွာကျင်လည်ခဲ့ရပြီးငရဲမှလွတ်ပြီးနောက်ဘ၀ပေါင်းတစ်သောင်း တိုင်တိုင် ပြည့်တန်ဆာမ ဖြစ်ခဲ့ရသည်။
ယခုနောက်ဆုံး ဘ၀၀ယ် ထိုအကုသိုလ်ကံ ၀ဋ်ကျွေး ကလိုက်လာပြီး ပြည့်တန်ဆာမဖြစ်ခဲ့ရပြန်သည်။ဆဠဘိညာပဋိသမ္ဘိဒါပတ္တရဟန္တာမလောင်ကြီးပင်လျှင်တစ်ချက်မှားသော ၀စီနှုတ်ထွက်စကားကြောင့် ဤမျှဆိုးဝါးသော ပြည့်တန်ဆာမဘ၀သို့ ရောက်ခဲ့ရသည်။
နှုတ်ထွက်ဝစီကြမ်း ဘေးဘျမ်းများသည်ကို သတ်ပြုကြပါလော့။
တက္ကသိုလ်သျှင်သီရိ (ဓမ္မာစရိယ၊ ဘီအေ)
(တစ်စက္ကန့်ဒေါသစကား ပေးဆပ်ရသည်ကအလွန်များစာအုပ်မှ)
Monday, December 2, 2019
တရားတော်လာ ငလျင်ကြီးလှုပ်ခြင်း အကြောင်း (၉ )ပါး…
၃။ နေမိတ္တခေါ် သတ္တဝါတို့၏ အကောင်းအဆိုး ရှေ့ပြေးနိမိတ်အဖြစ်လှုပ်ခြင်း
၆။ ဘုရားအလောင်းဘုရားအဖြစ်သို့ ရောက်တော်မူ၍ လှုပ်ခြင်း
ယခုအချိိန်တွင် သူတော်ကောင်းများ၊ နတ်ကောင်းနတ်မြတ်များ စောင့်ရှောက်ကြစေရန် တိုင်တည်သစ္စာပြု၍ ရတနာသုံးပါး စော်ကားမှုများ၊ အကျင့်သီလပျက်စီးမှုများကို
Unicode
တရားတော်လာ ငလျင်ကြီးလှုပ်ခြင်း အကြောင်း (၉ )ပါး
ငလျင်လှုပ်ခြင်း အကြောင်း (၉ )ပါး
၁။ ဓာတုက္ခောဘ ခေါ် အပူအအေးဓာတ် လွန်ကဲခြင်းကြောင့်လှုပ်ခြင်း
၂။ တန်ခိုးရှိသော ပုဂ္ဂိုလ်တို့၏ တန်ခိုးကြောင့်လှုပ်ခြင်း
၃။ နေမိတ္တခေါ် သတ္တဝါတိို့၏ အကောင်းအဆိုး ရှေ့ပြေးနိမိတ်အဖြစ်လှုပ်ခြင်း
၄။ ဘုရားအလောင်းပဋိသန္ဓေနေ၍ လှုပ်ခြင်း
၅။ ဘုရားအလောင်းဖွားမြင်တော်မူ၍ လှုပ်ခြင်း
၆။ ဘုရားအလောင်းဘုရားအဖြစ်သိို့ ရောက်တော်မူ၍ လှုပ်ခြင်း
၇။ ဓမ္မစကြာဒေသနာဟောတော်မူ၍ လှုပ်ခြင်း
၈။ အာယုသင်္ခါရ (ဘုရားရှင် ပရိနိဗ္ဗာန်ပြုတော်မူမည့် အချိန်ကို မိန့်ကြားခြင်း) လွှတ်တော်မူ၍ လှုပ်ခြင်း
၉။ ဘုရားရှင်ပရိနိဗ္ဗာန်ပြုတော်မူ၍ လှုပ်ခြင်း
(အင်္ဂုတ္တရပါဠိတော်၊ ၁၂၈)
ဗုဒ္ဓစာပေအဖွင့်တွေအရ ယခုလှုပ်သည့် ငလျင်သည် အပူအအေးရာသီဥတု ဆိုးဝါးစွာဖောက်ပြန်ခြင်း၊ နေမိတ္တခေါ် သတ္တဝါများ၏ ပျက်စီးခြင်းအဆိုးနိမိတ် သဘောများကြောင့် လှုပ်ခတ်ခြင်းဖြစ်နိုင်ပေသည်။
ယခုအချိန်တွင် သူတော်ကောင်းများ၊ နတ်ကောင်းနတ်မြတ်များ စောင့်ရှောက်ကြစေရန် တိုင်တည်သစ္စာပြု၍ ရတနာသုံးပါး စော်ကားမှုများ၊ အကျင့်သီလပျက်စီးမှုများကို
အထူးရှောင်ကြဉ်ကာ ကုသိုလ်ကောင်းမှုများကို ကြိုးစားပွားများ အားထုတ်သင့်လှပေသည်။ အထူးသဖြင့် သူတော်ကောင်းများကို ကာယကံ၊ ဝစီကံ၊ မနောကံတို့ဖြင့် ပစ်မှားစော်ကားမှုများကို ရှောင်ကြဉ်၍ သူတော်ကောင်းများ၊ နတ်မြတ်နတ်ကောင်းများ၏ မေတ္တာဓာတ်ကို ခံယူနိုင်ရန် ကြိုးစားအားထုတ် သင့်လှပေ။
သတ္တဝါအားလုံး၊ ဘေးရန်ဆုံး၊ ရွှင်ပြုံးကြပါစေ။ဆရာတော် Manapadayi Ashin Vicitta
ဗုဒ္ဓကိုယ်တိုင် အကြိမ်ပေါင်း တစ်သောင်းကျော် ဟောခဲ့သည့် တရား
(သုတ္တနိပါတ်အဋ္ဌကထာ)
.(ဓမ္မလရိပ်)
မြတ်စွာဘုရားရှင်သည် နေ့စဉ်ဟောကြား သတိပေးမြဲဖြစ်သော တရားတစ်ပုဒ်ကို လေ့လာတွေ့ရှိရပါတယ်။
(၄၅)ဝါ နေ့စဉ် အကြိမ်ပေါင်း တစ်သောင်းကျော်ဟောခဲ့သော တရားတော်ဟု ဆိုရမှာဖြစ်ပါတယ်။
အပ္ပမာဒေန ဘိက္ခဝေ သမ္ပာဒေထ = ရဟန်းတို့ မမေ့လျော့ မပေါ့မဆသော သတိတရားဖြင့် ပြည့်စုံကြပါစေ။
(၁) ။ ဗုဒ္ဓုပ္ပါဒေါ ဒုလ္လဘော လောကသ္မိံ = လောကမှာ ဘုရားပွင့်တော်မှုဖို့ ခဲယဉ်းတယ်။
(၂) ။ မနုဿတ္တဘာဝေါ ဒုလ္လဘာ = လူအဖြစ်ကို ရဖို့ခဲယဉ်းတယ်။
(၃) ။ ဒုလ္လဘာ သဒ္ဓါသမ္ပတ္တိ = ရတနာသုံးပါး ကံ၊ ကံရဲ့ အကျိုးကို ယုံကြည်မှုနှင့် ပြည့်စုံဖို့ ခဲယဉ်းတယ်။
(၄) ။ ပဗ္ဗဇိတဘာဝေါ ဒုလ္လဘော = ရှင် ရဟန်းအဖြစ်ကို ရခဲတယ်။
(၅) ။ သဒ္ဓမ္မဿနံ အတိဒုလ္လဘံ = သူတော်ကောင်းတရားကို ကြားနာရဖို့ ခဲယဉ်းတယ်။
(သုတ္တနိပါတ်အဋ္ဌကထာ)
.(ဓမ္မလရိပ်)
အပါယ်လေးပါးသို့ ကျရောက််ခြင်း မရှိတော့ဘဲ သကြားမင်းကိို သောတာပန်် တည်စေခဲ့သော တရားတော််
မြတ်ဘုရား မဂဓတိုင်း ရာဇဂြိုဟ်ပြည်၏ အရှေ့ဘက် ဝေဒီယတောင် ဣန္ဒသာလဂူ၌်နေတော်မူစဉ် ပဉ္စသီခနတ်သားကိုခေါ်၍ ရောက် လာသော သကြားမင်းက ဘုရားမြတ်စွာအား
“အရှင်ဘုရား ပွင့်တော်မူသည့် အချိန်မှစ၍ တပည့် တော်တို့ နတ်ပြည်မှာ နတ်သား နတ်သမီးများ တိုး ပွားလာသည်ကို တွေ့မြင်ရကြောင်း လျှောက်ထား ၍ ဘုရားမြတ်စွာအား ပြဿနာများကို မေးလျှောက်၏ ။
သကြား ။ အရှင်ဘုရား လူ နတ်ဗြဟ္မာသတ္တဝါတို့သည် မိမိတို့လိုလား တောင့်တသည့်အတိုင်း မနေကြရခြင်းသည် အဘယ်သံယောဇဉ်နှောင် ကြိုးကြောင့်ပါနည်း ။
သကြား ။ အရှင်ဘုရား ထိုဣဿာ အစ္ဆရိယ၏ဖြစ် ပေါ်ကြောင်းကား အဘယ်နည်း ။
ဗုဒ္ဓ ။ သကြားမင်း ချစ်ခြင်း မုန်းခြင်းကြောင့် ဣဿာနှင့်မစ္ဆရိယတို့ဖြစ်ပေါ်ကြကုန်၏ ။
ဗုဒ္ဓ ။ သကြားမင်း ချစ်ခြင်းမုန်းခြင်းတို့၏ အကြောင်းရင်းကား လိုချင်ခြင်း ဆန္ဒဖြစ်၏ ။
သကြား ။ အရှင်ဘုရား လိုချင်ခြင်းဆန္ဒ၏ အ ကြောင်းရင်းကား အဘယ်နည်း ။
ဗုဒ္ဓ ။ သကြားမင်း လိုချင်ခြင်း ဆန္ဒ၏အကြောင်း ရင်းကား ကြံစည်ဆုံးဖြတ်ခြင်းဖြစ်၏ ။
သကြား ။ အရှင်ဘုရား ကြံစည်းဆုံးဖြတ်ခြင်း၏ အကြောင်းရင်းကား အဘယ်နည်း ။
ဗုဒ္ဓ ။ သကြားမင်း ကြံစည်ဆုံးဖြတ်ခြင်း၏ အ ကြောင်းရင်းကား ချဲ့ထွင်မှတ်သားသောတရား စုဖြစ်၏ ။
သကြား ။ အရှင်ဘုရားအဘယ်သို့ ကျင့်သောပုဂ္ဂိုလ်သည် ချဲ့ထွင်မှတ်သားသောတရားစု၏ချုပ်ရာ နိဗ္ဗာန်သို့ရောက်ကြောင်း အကျင့်ကို ကျင့်သည်မည် ပါသနည်း ။
ဗုဒ္ဓ ။ သကြားမင်း ဝမ်းမြောက်မှု သောမနဿသည် မှီဝဲသင့်သောဝမ်းမြောက်မူ၊ မမှီဝဲသင့်သောဝမ်းမြောက်မှုဟူ၍ ၂မျိုးရှိ၏ ။
သကြားမင်း မှီဝဲသူအား အကုသိုလ်တရားတိုးပွားစေ၍ ကုသိုလ်တရားဆုတ် ယုတ်စေသော”သောမနဿ၊ဒေါမနဿ၊ဥပေက္ခာ”တို့ ကို မမှီဝဲသင့် ။
မှီဝဲသူအား အကုသိုလ်တရားဆုတ် ယုတ်စေ၍ ကုသိုလ်တရားတိုးပွားစေသော”သောနဿ၊ ဒေါမနဿ၊ ဥပေက္ခာ”တို့ကို မှီဝဲသင့်၏ ။
ဤသို့ကျင့်သောပုဂ္ဂိုလ်သည် မှတ်သားတတ်သော တရားအစု၏ ချုပ်ရာ နိဗ္ဗာန်သို့ ရောက်ကြောင်းအကျင့်ကို ကျင့်သည်မည်၏ ။
မှီဝဲသူအား အကုသိုလိတရားများဆုတ်ယုတ်စေ၍ ကုသိုလ်တရားများတိုးပွားစေသော”ကိုယ်အမူရာ၊ နှုတ်အမူရာ၊ရှာမှီးခြင်း”တို့ကို မှီဝဲသင့်၏။ ဤသို့ ကျင့်သော ပုဂ္ဂိုလ်သည် သီလကိုကျင့်သည်မည်၏ ။
သကြား ။ အရှင်ဘုရား မည်သို့ကျင့်သော ပုဂ္ဂိုလ် သည် ဣန္ဒြိယသံဝရသီလကို စောင့်စည်းရန်အလို့ ငှါ ကျင့်သည်မည်သနည်း ။
ဗုဒ္ဓ ။ သကြားမင်း မျက်စိ၊နား၊နှာ၊လျှာ၊ကိုယ်၊စိတ်တို့ ဖြင့်သိအပ်သော အဆင်း အသံ အနံ့ အရသာ အ တွေ့အထိ အကြံအစည်တို့သည် မှီဝဲသင့်သောအာရုံမမှီဝဲသင့်သောအာရုံဟူ၍ ၂မျိုးရှိ၏ ။
မှီဝဲသူအား အကုသိုလ်တရားများတိုးပွားစေ၍ ကုသိုလ်တရား များဆုတ်ယုတ်စေသော အာရုံတို့ကို မမှီဝဲသင့် ။ မှီဝဲ သူအား အကုသိုလ်တရားများဆုတ်ယုတ်စေ၍ ကု သိုလ်တရားများပွားများစေသော အာရုံတို့ကို မှီဝဲသင့်၏ ။
ဤသို့ကျင့်သော ပုဂ္ဂိုလ်သည် ဣနြေ္ဒများကို စောင့်စည်းခြင်းငှါကျင့်သည် မည်၏ ။
သကြား ။ အရှင်ဘုရား သူတော်သူမြတ်အားလုံး တို့သည် တူသောအဆုံးအမ၊ တူသောအကျင့်၊ တူသောအယူ၊တူသောဘဝပန်းတိုင်းရှိကြပါသလား ။
ဗုဒ္ဓ ။ သကြားမင်း မရှိကြပေ ။
သူတစ်ပါးတို့၏ အယူသည် မမှန် အချည်းနှီးသာတည်း”ဟု ပြောဆိုတတ်ကြကုန်သောကြောင့် မရှိကြခြင်းဖြစ်၏ ။
ဗုဒ္ဓ ။ သကြားမင်း မရှိကြကုန်။ အဘယ်ကြောင့်ဆို သော် တဏှာကုန်ခမ်းခြင်းဖြင့် ကိလေသာမှ လွတ် မြောက်ပြီးသော ရဟန္တာပုဂ္ဂိုလ်တို့သာလျှင် မြတ် သောအကျင့်၏ အဆုံးသတ်တရားရိုကြကုန်၏ ။
တပည့်တော်သည် အပါယ်လေးပါးသို့ ကျရောက် ခြင်းမရှိတော့ဘဲ လားရာဂတိကိန်းသေမြဲသော အထက်မဂ် ၃ပါးလျှင် လားရာရှိသော ဘုရားရှင် ၏ တပည့်သောတာပန်ဖြစ်ပါပြီဘုရား ။
အရှင်ဘုရား တပ်မက်တတ်သော တဏှာသည် ရောဂါဆိုးနှင့်တူပါ၏။ တဏှာသည် သတ္တဝါအ ပေါင်းကို ထိုထိုဘုံဘဝ၌ ဖြစ်စေရန် ဆွဲငင်နေပါ၏ ။
အကြောင်းမှာ-တပည့်တော် သည် ဘုရားရှင်ရှေ့မှောက်၌ တည်ရှိလျက်ပင် ယခင် သကြားမင်းဘဝမှစုတေ၍ နောက်ထပ်နောက်ထပ် သကြားမင်းဘဝကို ရရှိသည့်အပြင် အထက်မဂ်သုံး
ပါးလျှင် လားရာရှိသော အပါယ်တံခါးပိတ်ပြီးသော သောတာပန်အရိယာဖြစ်ရခြင်း အကျိုးထူးကိုသိမြင် ရသောကြောင့် နှစ်သက်ဝမ်းမြောက်မှု ရခြင်းဖြစ်ပါ၏ ။
..............
“အရှင်ဘုရား ပွင့်တော်မူသည့် အချိန်မှစ၍ တပည့်် တော်တို့ နတ်ပြည်မှာ နတ်သား နတ်သမီးများ တိုး ပွားလာသည်ကိို တွေ့မြင်ရကြောင်း လျှောက်ထား ၍ ဘုရားမြတ်စွာအား ပြဿနာများကို မေးလျှောက််၏ ။
သကြား ။ အရှင်ဘုရား လူ နတ်ဗြဟ္မာသတ္တဝါတိို့သည် မိမိတိို့လိုလား တောင့်တသည့်အတိုင်း မနေကြရခြင်းသည်် အဘယ်သံယောဇဉ်နှောင်် ကြိုးကြောင့်ပါနည်း ။
ဗုဒ္ဓ ။ သကြားမင်း ငြူစူခြင်း ဣဿာ ဝန်တိုခြင်း မစ္ဆရိယဟူသော သံယောဇဉ်နှောင်ကြိုးကြောင့်သာ ဖြစ်၏ ။
သကြား ။ အရှင်ဘုရား ထိုဣဿာ အစ္ဆရိယ၏ဖြစ်် ပေါ်ကြောင်းကား အဘယ်နည်း ။
ဗုုဒ္ဓ ။ သကြားမင်း ချစ်ခြင်း မုန်းခြင်းကြောင့်် ဣဿာနှင့်မစ္ဆရိယတို့ဖြစ်ပေါ်ကြကုန်၏ ။
သကြား ။ အရှင်းဘုရား ချစ်ခြင်း မုန်းခြင်းတို့၏ အကြောင်ရင်းက အဘယ်နည်း ။
ဗုဒ္ဓ ။ သကြားမင််း ချစ်ခြင်းမုန်းခြင်းတို့၏ အကြောင််းရင်းကား လိုချင်ခြင်း ဆန္ဒဖြစ်၏ ။
သကြား ။ အရှင်ဘုရား လိိုချင်ခြင်းဆန္ဒ၏ အ ကြောင်းရင်းကား အဘယ်နည်း ။
ဗုဒ္ဓ ။ သကြားမင််း လိုချင်ခြင်း ဆန္ဒ၏အကြောင်း ရင်းကား ကြံစည်ဆုံးဖြတ်ခြင်းဖြစ်၏ ။
သကြား ။ အရှှင်ဘုရား ကြံစည်းဆုံးဖြတ်ခြင်း၏ အကြောင်းရင်းကား အဘယ်နည်း ။
ဗုဒ္ဓ ။ သကြားမင််း ကြံစည်ဆုံးဖြတ်ခြင်း၏ အ ကြောင်းရင်းကား ချဲ ့ထွင်မှတ်သားသောတရား စုဖြစ်၏ ။
သကြား ။ အရှင်ဘုရားအဘယ်သို့ ကျင့်သောပုဂ္ဂိုလ််သည် ချဲ ့ထွင်မှတ်သားသောတရားစု၏ချုပ်ရာ နိိဗ္ဗာန်သို့ရောက်ကြောင်း အကျင့်ကို ကျင့်သည်မည် ပါသနည်း ။
ဗုဒ္ဓ ။ သကြားမင်း ဝမ်းမြောက်မှု သောမနဿသည်် မှီဝဲသင့်သောဝမ်းမြောက်မူ၊ မမှီဝဲသင့်သောဝမ်းမြောက်မှုဟူ၍ ၂မျိုးရှိိ၏ ။
သကြားမင်း မှီဝဲသူအား အကုသိိုလ်တရားတိုးပွားစေ၍ ကုသိုလ်တရားဆုတ်် ယုုတ်စေသော”သောမနဿ၊ဒေါမနဿ၊ဥပေက္ခာ”တို့ ကို မမှီဝဲသင့် ။
မှှီဝဲသူအား အကုသိုလျတရားဆုတျျ ယုတျစေ၍ ကုသိုလျတရားတိုးပှားစသေော”သောနူ၊ ဒေါမနူ၊ ဥပကေ်ခာ”တို့ကို မှီဝဲသင့ျ၏ ။
ဤသိို့ကျင့်သောပုဂ္ဂိုလ်သည် မှတ်သားတတ်သော တရားအစု၏ ချုပ်ရာ နိဗ္ဗာန်သို့ ရောက်ကြောင်းအကျင့်ကို ကျင့်သည်မည်၏ ။
သကြား။ အရှင်ဘုရား မည်သို့ကျင့်သောပုဂ္ဂိုလ်သည် သီလကိုကျင့်သည်မည်ပါသနည်း ။
ဗုဒ္ဓ ။ သကြားမင်း မှီဝဲသူအား အကုသိုလ်တရားများတိုးပွား၍ ကုသိုလ်တရားများ ဆုတ်ယုတ်စေသော “ကိုယ်အမူရာ၊နှုတ်အမူရာ၊ရှာမှီးခြင်း”တို့ကိုမမှီဝဲသင့်
သကြား ။ အရှင်ဘုရား မည်သို့ကျင့်သော ပုဂ္ဂိုလ်် သည် ဣန္ဒြိယသံဝရသီလကို စောင့်စည်းရန်အလို့ ငှါ ကျင့်သည်မည်သနည်း ။
ဗုဒ္ဓ ။ သကြားမင်း မျက်စိိ၊နား၊နှာ၊လျှာ၊ကိုယ်၊စိတ်တိို့ ဖြင့်သိအပ်သော အဆင်း အသံ အနံ့ အရသာ အ တွေ့အထိ အကြံအစည်တို့သည် မှီဝဲသင့်သောအာရုံံမမှီဝဲသင့်သောအာရုံဟူ၍ ၂မျိုးရှိ၏ ။
မှီဝဲသူအား အကုသိိုလ်တရားများတိုးပွားစေ၍ ကုသိုလ်တရား များဆုတ်ယုတ်စေသော အာရုံတို့ကို မမှီဝဲသင့် ။ မှီဝဲဲ သူအား အကုသိိုလ်တရားများဆုတ်ယုတ်စေ၍ ကု သိုလ်တရားများပွားများစေသော အာရုံတို့ကို မှီဝဲဲသင့်၏ ။
ဤသို့ကျင့်သော ပုဂ္ဂိိုလ်သည် ဣန္ဒြေများကို စောင့်စည်းခြင်းငှါကျင့်သည် မည်၏ ။
သကြား ။ အရှင်ဘုရား သူတော်သူမြတ်အားလုံး တိို့သည် တူသောအဆုံးအမ၊ တူသောအကျင့်၊ တူသောအယူ၊တူသောဘဝပန်းတိုင်းရှိကြပါသလား ။
ဗုဒ္ဓ ။ သကြားမင်း မရှိကြပေ ။
သကြား ။ အရှင်ဘုရား အဘယ့်ကြောင့်မရှိပါသနည်း
ဗုဒ္ဓ ။ သကြားမင်း လောကသည် ထူးထွေများပြားသော ဓာတ်သဘောရှိ၏ ။ သတ္တဝါတို့သည် မိမိတိို့ စွဲလမ်းသည့် ဓာတ်သဘောကိုသာ မြဲမြံစွာ ဆုပ်ကိုင် ၍ ငါ့အယူသာမှန်၏ ။
သူတစ်ပါးတိို့၏ အယူသည် မမှန် အချည်းနှီးသာတည်း”ဟု ပြောဆိုတတ်ကြကုန််သောကြောင့် မရှိကြခြင်းဖြစ်၏ ။
သကြား ။ အရှင်ဘုရား သူတော်သူမြတ်အားလုံး သည် စင်စစ် အပြီးအဆုံးသတ်တရားရှိကြပါသလား ။
ဗုဒ္ဓ ။ သကြားမင်း မရှိကြကုန်။ အဘယ်ကြောင့်ဆိို သော် တဏှာကုန်ခမ်းခြင်းဖြင့် ကိလေသာမှ လွတ် မြောက်ပြီးသော ရဟန္တာပုဂ္ဂိုလ်တို့သာလျှင် မြတ် သောအကျင့်၏ အဆုံးသတ်တရားရိုကြကုန်၏ ။
ထိုအခါ သကြားမင်းက ဤသို့လျှောက်လေ၏- အရှင်ဘုရား ဟောတော်မူသည့်အတိုင်းမှန်လှပါ၏ ။ ဤအဖြေတရားတော်ကို ကြားနာရ၍ တပည့််တော် ယုံမှားခြင်းမှ လွတ်မြောက်ပါပြီ ။ သို့လော သို့လောတွေးတောခြင်းမှကင်းပါပြီ ။
တပည့််တော်သည် အပါယ်လေးပါးသို့ ကျရောက်် ခြင်းမရှိတော့ဘဲ လားရာဂတိကိန်းသေမြဲသော အထက်မဂ်် ၃ပါးလျှင် လားရာရှိသော ဘုရားရှင်် ၏ တပည့်သောတာပန်ဖြစ်ပါပြီဘုရား ။
အရှှင်ဘုရား တပ်မက်တတ်သော တဏှာသည်် ရောဂါဆိုးနှင့်တူပါ၏။ တဏှာသည် သတ္တဝါအ ပေါင်းကိို ထိုထိုဘုံဘဝ၌ ဖြစ်စေရန် ဆွဲငင်နေပါ၏ ။
ထို့ကြောင့်ပင် ဤသတ္တဝါအပေါင်းသည် ဘဝကြီး ငယ်သို့ ရောက်ရခြင်းဖြစ်ပါ၏ ။ အရှှင်ဘုရား တပည့်တော်သည် အလွန့်အလွန်ဝမ်း မြောက်ခြင်းဖြစ်ပါ၏ ။
အကြောင်းမှာ-တပည့်တော်် သည် ဘုရားရှင်ရှေ့မှောက်၌ တည်ရှိလျက်ပင် ယခင်် သကြားမင််းဘဝမှစုတေ၍ နောက်ထပ်နောက်ထပ် သကြားမင်းဘဝကို ရရှိသည့်အပြင် အထက်မဂ်သုံး
ပါးလျှင်် လားရာရှိသော အပါယ်တံခါးပိတ်ပြီးသော သောတာပန်အရိယာဖြစ်ရခြင်း အကျိုးထူးကိုသိမြင် ရသောကြောင့် နှစ်သက်ဝမ်းမြောက်မှု ရခြင်းဖြစ်ပါ၏ ။
Saturday, October 5, 2019
သူတစ်ပါး အိမ်ထောင်ကို ဖြိုခွဲခဲ့တဲ့သူတွေ လက်ရှိဘဝမှာပင် ခံစားရမယ့် ၀ဋ် (၅) မျိုး
(၁) ပူလောင်ခြင်း …
(၃) ဝဋ်လည်ခြင်း …
(၅) နောင်တတရား …
unicode
လောကမှာ ကြောက်စရာအကောင်းဆုံးနဲ့ အယုတ်ညံ့ ဆုံးလုပ်ရပ်တွေထဲမှာသူတစ်ပါးအိမ်ထောင်ကိုဖြိုခွဲတာ လည်း တစ်ခုအပါအဝင်ဖြစ်ပါတယ်။ဒီလိုလူတွေက ယာယီတော့ ပျော်ရွှင်ရမယ် ဒါပေမယ့်ဘယ်တော့မှ ငြိမ်းချမ်းမှု၊ ပျော်ရွှင်မှုကိုရရှိမှာ မဟုတ်ပါဘူး ။သူတစ်ပါးမိသားစုကိုဖြိုခွဲတဲ့သူတွေ ၊ဖောက်ပြန်တဲ့သူ တွေခံစားရမယ့်အရာတွေကို ဖော်ပြလိုက်ပါတယ် အားလုံးလည်း သတိထား ဆင်ခြင်နိုင်ကြပါစေ။
(၁) ပူလောင်ခြင်း …
သူတစ်ပါးအိမ်ထောင်ကိုဖြိုခွဲတဲ့သူတွေနဲ့ ဖောက်ပြန်တဲ့ သူတွေ အမြဲတမ်းခံစားနေရမယ့် အရာကတော့ပူလောင် ခြင်းပါပဲ ။သူတို့ရင်ထဲမှာ နောင်တရသလိုလို၊ ကျေနပ်သလိုလို မှားနေသလိုလို၊ မှန်နေပြန်သလိုလို မသေချာမရေရာ တဲ့ခံစားချက်တွေ အမျိုးမျိုးဖြစ်နေပြီး ဘယ်တော့မှ အေးချမ်းရမှာမဟုတ်ပါဘူး။တစ်ခါတလေအလိုလိုနေရင်း ဒေါသတွေထွက် ရှူးရှူး ရှားရှားတွေဖြစ်ပြီးဘာတွေကိုဒေါသထွက်လို့ထွက်မှန်း မသိအောင်ကို ပူလောင်ပြီး အရူးတစ်ယောက်လို ဖြစ်နေမှာပါ။
(၂) စိုးရိမ်ထိတ်လန့်ခြင်း …
ဒီလိုလူမျိုးတွေရဲ့ပတ်သက်မှုဟာ မတရားသဖြင့်ရရှိ ထားတဲ့ ပတ်သက်မှု မျိုးဖြစ်တာကြောင့် အမြဲတမ်း ပူပင်သောကရောက်နေရမှာပါ ။ဒါ့အပြင်ဘယ်တော့ဝဋ်ပြန်လည်မလဲ၊ဘယ်တော့များ တခြားသူနောက်ပြန်ပါသွားမလဲ ကိုယ့်ကိုယ်ဘယ်တော့ထားသွားမလဲဆိုပြီး တစ်ချိန် လုံး စိုးရိမ်သောကရောက်နေရမှာပါ ။ဒါ့အပြင် ကြာလာတဲ့အခါသူတို့ကြားမှာနည်းနည်း လေး ပြဿနာ ရှိလာတာနဲ့ တစ်ယောက်နဲ့ တစ်ယောက်အပြစ်တင်ပြီး စိတ်ညစ်ပြီးရင်းညစ်လာရမှာပါ။
(၃) ဝဋ်လည်ခြင်း …
ဝဋ်ဆိုတာက တကယ်ကိုလည်ပါတယ် ခုခေတ်မှာ ဝဋ်လည်တာပိုတောင်မြန်ပါသေးတယ် ။ဒါကြောင့် ဒီလိုလူတွေဟာ သူတစ်ပါးကို မျက်ရည်ကျအောင်၊ ရင်ကွဲအောင်၊နာကျင်အောင်လုပ်ခဲ့သမျှ သူတို့ပြန်ခံစားရမှာပါ ။သူတစ်ပါးမျက်ရည်နဲ့တည်ဆောက်ထားတဲ့သူတို့တွေရဲ့ ပတ်သက်မှုဟာ ဘယ်တော့မှ ပျော်စရာကောင်းလာမှာ မဟုတ်သလို ။တစ်ချိန်မှာ ကျိန်းသေပေါက်ဝဋ်ပြန်လည်လာတဲ့အခါကျရင် သူတို့ကို ကူညီမယ့်သူ၊ သနားမယ့်သူ တစ်ယောက်မှတောင်ရှိမှာ မဟုတ်ပါဘူး။
(၄) လူတွေရဲ့အထင်အမြင်သေးခြင်း
သူတစ်ပါးအိမ်ထောင်ကိုဖြိုခွဲတဲ့သူ၊ ဖောက်ပြန်တဲ့သူတွေဟာ ဘယ်လောက်ပဲ စည်းစိမ်ဥစ္စာတွေရှိရှိ၊ ဘယ်လောက်ပဲ ပညာအရည်အချင်းမြင့်မြင့် ။ဘယ်သူကမှသူတို့ကို လေး စားတော့မှမဟုတ်သလိုဘယ်သူကမှလည်း သူတို့ကိုယုံကြည်တော့မှာမဟုတ်ပါဘူး သူတို့ရဲ့ စည်းစိမ်ဥစ္စာ၊ နာမည်၊ ဂုဏ်ကြောင့်သာအပေါ်ယံပေါင်းချင်ပေါင်းမယ် ။ဒါပေမယ့် စိတ်ထဲမှာတော့သူတို့ကို အထင်အမြင်အရမ်းသေးနေမှာဖြစ်ပါတယ် ဒုက္ခရောက်တဲ့အချိန်တွေမှာတောင် ကူညီမယ့်သူတစ် ယောက်မှ ရှိမှာ မဟုတ်ပါဘူး။
(၅) နောင်တတရား …
သူတစ်ပါးရဲ့အိမ်ထောင်ကိုဖြိုခွဲတဲ့သူတွေနဲ့ ဖောက်ပြန်တဲ့သူတွေဟာ နောင်တတရားနဲ့ အဆုံးသတ်ရလေ့ရှိပါတယ် ။သူတို့ရဲ့ သားသမီးတွေရဲ့ နာကျည်းခြင်းကိုခံရတဲ့အခါ အရာအားလုံးကို နောင်တရပြီး စစ်မှန်တဲ့ မေတ္တာတရားကို တောင့်တလာတဲ့အခါမှာ ဘယ်သူမှ သူတို့အနားမှာရှိတော့မှာ မဟုတ်ပါဘူး ။အရင်အချိန်တွေ၊ အရင်တုန်းကဖြူစင်ခဲ့တဲ့ အတိတ်တွေကိုဘယ်လောက်ပဲပြန် လိုချင်လိုချင် သူတို့ကိုယ်တိုင်က အမဲစက်ဖြစ်နေတဲ့အတွက် ဘယ်တော့မှပြန်ပြီး မဖြူစင်နိုင်တော့ပါဘူး ။
Tuesday, August 27, 2019
လောကဓံ​တွေ ရင်​ဆိုင်​ရတဲ့အခါ
တစ်​ခါတုန်းက မြတ်​စွာဘုရှင်​ဟာ ​ဝေရဉ္ဇဆိုတဲ့
ပုဏ္ဏားကြီးရဲ့. ပင့်​ဖိတ်​မှု့ အရ ​ဝေရဉ္ဇာပြည်​မှာ ဝါဆို
ုဖြစ်​ပါတယ်​။
တိုက်​တိုက်​ဆိုင်​ဆိုင်​ပါပဲ၊ မြတ်​စွာဘုရား ဝါဆိုတဲ့ နှစ်
မှာပဲ ​ဝေရဉ္ဇာပြည်​ဟာ ဒုဗ္ဘိက္ခန္တရကပ်​ ဆိုက်​​ရောက်​ပါ
တော့တယ်​။ လူ​တွေငတ်​မွတ်​ပြီဆို​တော့ ရဟန်း​တွေ
လည်း ဆွမ်းခံလို့မရ​တော့ပါဘူး။
အဆိုးထဲက အ​ကောင်းတစ်​ခု ဝင်​လာတာက​တော့
ဥတ္တရာပထတိုင်းက မြင်းကုန်​သည်​​တွေ မြင်းငါးရာနဲ့
ဝေရဉ္ဇာပြည်​မှာ တစ်​ဝါတွင်းလုံးလာပြီး စတည်းချတာ
ပါပဲ။
ရဟန်း​တော်​​တွေဟာ ​ဝေရဉ္ဇာပြည်​ထဲမှာ ဆွမ်းခံဖို့
အခက်​အခဲ​တွေ့​တော့ မြင်းကုန်​သည်​​တွေဆီသွား
ပြီး ဆွမ်းခံပါတယ်​။ မြင်းကုန်​​တွေလည်း သဒ္ဓါတရား
မညံ့ပါဘူး။ ဒါ​ပေမယ့်​ မု​ယောဆန်​ကြမ်းကြမ်းကိုပဲ
လောင်းနိုင်​ရှာပါတယ်​။
မြတ်​စွာဘုရား အပါအဝင်​ ရဟန်း​တော်​​တွေ အားလုံး
ဟာ မု​ရောဆန်​ကြမ်းကြမ်းကိုပဲ ​နေ့စဉ်​ ဘုန်း​ပေး​နေရ
ပါတယ်​။ မြတ်​စွာဘုရား မု​ရောဆန်​ကြမ်းကို ဘုန်း​ပေး
နေရ​တော့ အရှင်​မဟာ​မောဂ္ဂလန်​က မကြည့်​ရက်
တော့ပါဘူး။ ဒါ​ကြောင့်​ မြတ်​စွာဘုရားဆီ ဝင်​​လျှောက်
ရပါတယ်​။
မြတ်​စွာဘုရား...​ဝေရဉ္ဇာပြည်​ဟာ ဒုဗ္ဘိက္ခန္တရကပ်​ဆိုက်
ပြီး ရဟန်း​တော်​​တွေ ဆွမ်းအခက်​အခဲ​တွေ့ ​နေရပါ
တယ်​ဘုရား၊ ​မြေကြီးရဲ့ ​အောက်​ပြင်​မှာ ပြားသကာလို
ချို မြိန်​တဲ့ ​မြေဆီ​မြေနှစ်​​တွေ ရှိ​နေပါတယ်​ဘုရား၊ ​မြေ
ကြီးကို ဘုရားတပည့်​​တော်​ ​ပြောင်းပြန်​လှန်​လိုက်​ပါ့
မယ်​ဘုရား။
ချစ်​သား​မောဂ္ဂလာန်​ ဒါဆို​မြေကြီး​အောက်​မှာတည်​​နေ
တဲ့ သတ္တဝါ​တွေကို ဘယ်​လိုလုပ်​မလဲ၊ ဘုရားတပည့်
တော်​ လက်​တစ်​ဖက်​ကို ​မြေကြီးဟန်​ ဖန်​ဆင်းပြီး
အဲဒီဖန်​ဆင်းထားတဲ့ ​မြေကြီး​ပေါ်မှာ ​နေ​စေပါ့မယ်
ဘုရား။
ချစ်​သား​မောဂ္ဂလာန်​...သင်​ဒါ​တွေကို မနှစ်​သက်​နဲ့၊
ဖောက်​ပြန်​ခြင်းဆိုတဲ့ ​လောကဓံတရားကို သတ္တဝါ
တိုင်းကြုံ ရမှာပဲ၊
ဒါဆို ​မြောက်​ကျွန်းကို ဆွမ်းခံကြရင်​​ကော
ဘုရား၊ ချစ်​သား ​မောဂ္ဂလာန်​... သင်​ ဒါလည်းမနှစ်
သက်​ပါနဲ့။
အရှင်​​မောဂ္ဂလာန်​က ဘယ်​​လောက်​ပဲ​လျှောက်
လျှောက်​ မြတ်​စွာဘုရားရှင်​က လက်​မခံခဲ့ပါဘူး။
လောကဓံဆိုးကို ​ရှောင်​လွှဲခွင့်​ရနိုင်​​ပေမယ့်​ မ​ရှောင်
လွှဲဘဲ တစ်​ဝါတွင်းလုံး မု​ယောဆန်​ကြမ်းကိုပဲ သည်း
ခံဘုန်း​ပေးခဲ့ပါတယ်​။
ဆက်​လက်​၍ မြတ်​စွာဘုရားရှင်​က...
၁။ လာဘ = လာဘ်​ရခြင်း။
၂။ အလာဘ = လာဘ်​မရခြင်း။
၃။ ယသ = အ​ခြွေအရံ ရှိခြင်း။
၎။ အယသ = အ​ခြွေအရံ မရှိခြင်း။
၅။ နိန္ဒာ = ကဲ့ရဲ့ ခံရခြင်း။
၆။ ပသံသာ = ချီးမွှမ်းခံရခြင်း။
၇။ သုခ = ချမ်းသာခြင်း။
၈။ ဒုက္ခ = ဆင်းရဲခြင်း ဆိုတဲ့...
လောကဓံတရား ရှစ်​ပါးကို ​လောကတိုင်းမှာ​နေတဲ့
သတ္တဝါတိုင်း တစ်​လှည့်​စီ ကြုံ ရမယ်​။ ကြုံ ရတဲ့အခါ
မှာ အဆိုး​လောကဓံနဲ့ကြုံ တဲ့အခါ​ရော၊ အ​ကောင်း
လောကဓံနဲ့ ကြုံ တဲ့အခါ​ရော စိတ်​တုန်​လှုပ်​မသွားဖို့၊
ကိုယ်​​တော်​တိုင်​ကြုံ ခဲ့ရတဲ့ ​လောကဓံတရား​တွေကို
စိတ်​တုန်​လှုပ်​မသွား​အောင်​ ​နေနိုင်​တာဟာ မင်္ဂလာ
ဖြစ်​ပါတယ်​ ချစ်​သားလို့ ဥပမာ သာဓက​တွေ ပြပြီး
ဟော​တော်​မူ​လေ၏။
တန်​ခိုး​တော်​အန္တနဲ့ ပြည့်​စုံ​တော်​မူတဲ့ မြတ်​စွာဘုရား
တောင်​ ​လောကဓံတရားနဲ့ ကြုံ ရ​သေးတာဆို​တော့
သာမန်​လူသား​တွေ ​လောကဓံတရားနဲ့ကြုံ ရတာ
ဘာမှမ​ပြောပ​လောက်ပါဘူး။
ဒီ​နေရာမှာ ပုထုဇဉ်​​တွေဆို​တော့လည်း အဆိုး​လော
ကဓံကို ဘယ်​သူမှမကြုံ ချင်​ကြပါဘူး။ ဒီ​တော့ကြုံ
လာရင်​ စိတ်​ညစ်​မယ်​။ ပုထုဇဉ်​ပဲ ညစ်​​ပေါ့။ တစ်​​နေ
ရာမှာ ​သေချာထိုင်​တဲ့ပြီး၊ ဒါမှမဟုတ်​ ခုတင်​​ပေါ်
သေချာလှဲတဲ့ပြီး အချိန်​​လေးလည်း သီးသန့်​ယူပြီး
အားရပါးရ​ကျေနပ်​​အောင်​ စိတ်​ကိုညစ်​ပြစ်​လိုက်​ပါ။
ကိုယ့်​စိတ်​တိုင်းကျ စိတ်​ညစ်​ပြီးရင်​​တော့ ကိုယ်​လုပ်
စရာ​လေး​တွေ ဆက်​လုပ်​ဖို့ပါပဲ။ စိတ်​ညစ်​စရာလည်း
ညစ်​၊ တစ်​​နေ့တာ ကိုယ်​လုပ်​စရာ​ ရာရှိတာလည်း
လုပ်​​ပေါ့။
အဓိကက​တော့ စိတ်​ညစ်​စရာ ရှိ​ပေမယ့်​ တစ်​​နေ့တာ
ကိုယ်​လုပ်​ရမယ့်​၊ ဒါန၊ သီလ၊ ဘာဝနာ ဆိုတဲ့...
ကုသိုလ်​တရား၊ အလုပ်​​လေး​တွေ ပျက်​မသွားဖို့ဘဲ
အ​ရေးကြီးပါတယ်​။ စိတ်​ညစ်​တဲ့အခါ အ​ကောင်းဆုံး
ကုသိုလ်​တရားနဲ့ အာရုံ​ပြောင်းလိုက်​တာပါပဲ။
ဘဝမှာ ဘယ်​​လောက်​ပဲ အဆိုး​လောကဓံ​တွေနဲ့ပဲ
ကြုံရကြုံရ၊ ဘယ်​​လောက်​ပဲအ​ကောင်း​လောကဓံ
တွေနဲ့ပဲ ကြုံရကြုံရ၊ တစ်​ချိန်​ချိန်​ကျရင်​ " ဒါလည်း
ပြီးသွားမှာပါ " ​လေ။
& (ပါရာဇိကပါဠိ​တော်​၊ ​ဝေရဉ္ဇကဏ္ဍ)
@ ​လောကမှာ​နေရတဲ့အချိန်​၊ ​လောကရဲ့၊ သဘာဝ
၈- မျိုးကို​တော့ ​တွေ့​နေရမှာပဲ။
ကိုယ်​ရချင်​တာ ရတယ်​ဆိုတဲ့ အလှည့်​​တွေ့ရသလို၊
ကိုယ်​ရချင်​တာ​တွေ မရဘူးဆိုတာလည်း ​တွေ့လိမ့်
မယ်​။
အခြံအရံ ရှိတယ်​ဆိုတာလည်း ​တွေ့ရသလို၊
အခြံအရံ ကင်းမဲ့တဲ့ အခါမျိုးလည်း ​တွေရမယ်​။
ကဲ့ရဲ့. ခံရတဲ့ အခါ​တွေ့ရသလို၊
ချီးမွမ်း ခံရတာလည်း ​တွေ့ရလိမ့်​မယ်​။
ချမ်းသာသုခ ရတယ်​ဆိုတဲ့အခါရှိသလို၊
ဆင်းရဲ ဒုက္ခ ကြုံ​တွေ့ရတဲ့ အခါဆိုတာလည်း ရှိ
လိမ့်​မယ်​။
@ အဲဒီလို ​လောကဓံ မုန်​တိုင်း​တွေနဲ့ ကြုံ​တွေ့ရတဲ့
အခါတိုင်း...
" ​သြော်​... ဘယ်​အရာမှ မမြဲပါလား၊ ထာဝရမ
မဟုတ်​ဘူး၊ တက္ခဏသာဖြစ်​တယ်​လို့" ဆင်​ခြင်
ရမယ်​။
အ​ကောင်း​လောကဓံ​ကြောင့်​လည်း ​လောဘမဖြစ်
အောင်​၊ အဆိုး​လောကဓံ​ကြောင့်​လည်း ​ဒေါသ မ
ဖြစ်​​အောင်​ အမြဲဆင်​ခြင်​​နေရမယ်​။
ပါ​မောက္ခချုပ်​ဆရာ​တော်
ဒေါက်​တာနန္ဒမာလာဘိဝံသ။
Monday, July 8, 2019
Credit – ရွှေစမ်းမြေ အရှင်က၀ိဓဇသာရ
Unicode Version
မြတ်စွာဘုရားရှင်တောင် မကယ်နိုင်တဲ့ မိသားစု
အရှင်မဟာမောဂ္ဂလာန်ကိုယ်တော်မြတ် ဂိဇ္ဈကုဋ်တောင်ဘက် ကြွနေစဉ် လမ်းမှာ ပြိတ္တာလေးယောက်ကို တွေ့လိုက်တော့ တအံ့တသြနဲ့ မေးလိုက်မိတယ်။
“ပြိတ္တာမ၊ မြင်ရတာ စိတ်မချမ်းသာလိုက်တာ။ တစ်ယောက်က ရဲရဲတောက်နေတဲ့ သလေးစပါး ဖျင်းတွေကို ခေါင်းပေါ်မှာ ဖြန့်ကြဲပြီး
ပူလောင်တဲ့ဒဏ်ကို မပြတ်ခံစား နေရတယ်။ တစ်ယောက်ကတော့ တင်းပုတ်နဲ့ ကိုယ့်ခေါင်း ကို ပြန်ရိုက်ခွဲနေ တယ်။ တစ်ယောက်ကတော့ ကိုယ့်အသားအသွေးကို
ပြန်ဖဲ့စားနေတယ်။ နင်ကတော့ ညစ်ပတ်တဲ့ မစင်တွေကို စားနေ တယ်။ ဘယ်လို အကုသိုလ်ကြောင့် ခုလို ခံစားရတာလဲ ပြောပါဦး”
မှန်ပါဘုရား။ ဒါ တပည့်တော်တို့ အရင်က မိသားစုတွေပါ။ ရဲရဲတောက်လောင်နေတဲ့ သလေးစပါးဖျင်းတွေ ကြဲနေတဲ့ သူက သားပါ ဘုရား။ လူ့ဘဝတုန်းက
အမေကို ညဉ်းဆဲခဲ့လို့ပါ။ တင်းပုတ်နဲ့ပြန်ထုနေတဲ့ ကောင်က လင်ပါ။ ကောက်ကျစ်စင်းလဲ တဲ့ ကုန်သည်ပေါ့ဘုရား။ ကိုယ့်အသားကို ဖဲ့စားနေတာက ချွေးမပါဘုရား။
သူမကတော့ အိမ်မှာ အသားချက်တော့ မသိ အောင် အသားတွေ ခိုးစားခဲ့တယ်။ မေးတော့ မစားဘူးလို့လိမ်တယ်။ အဲဒါကြောင့် ခုလိုဖြစ်နေတာပါ။
တပည့်တော်မကတော့ အဲတုန်းက တစ်အိမ်လုံးကို ဦးစီးတဲ့ အိမ်ရှင်မပါ။ အရမ်းကပ်စေးနဲခဲ့တယ်။ ဥစ္စာရှိသားနဲ့ မရှိဘူးလို့ လိမ်ခဲ့တယ်။ ဝှက်ခဲ့တယ်။
သူများကို ပေးကမ်းကူညီချင်းမရှိခဲ့ဘူး။ “ငါ့အိမ်မှာ ဘာပစ္စည်းမှ မရှိဘူး။ ရှိရဲ့သားနဲ့ လှိူ့ဝှက် ခဲ့ရင် မစင် စားရပါစေသား”
လို့လိမ်ခဲ့တယ်။ အဲဒီမကောင်းတဲ့ ကံတွေကြောင့် တပည့်တော်မ ခုလို ပိုးလောက်ပြည့်နေတဲ့ မစင်တွေ စားနေရပါတယ်ဘုရား။
“အိုး.. တယ်လည်း အပြစ်ကြီးလှပေတယ်။”
မှန်ပါဘုရား၊ ဒါကြောင့် ကုသိုလ်ကံ၊ အကုသိုလ်ကံဆိုတာ အချည်းအနှီးမဖြစ်ပါဘူး။ အကျိုး ပေးမြဲပါပဲဘုရား။ အကျိုးမပေး ပဲနဲ့ မနေပါဘူး။ ဒါကြောင့်လဲ
မကောင်းတဲ့ ပိုးလောက်တွေ ပြည့်နေတဲ့ မစင်တွေစားနေရတာ၊ သောက်လည်းသောက်နေရ တာပါဘုရား။
အရှင်မဟာ မောဂ္ဂလာန်ကိုယ်တော်မြတ်လည်း သက်ပြင်းရှည်ချကာ ပြိတ္တာမိသားစုနှင့် ကံ၊ ကံရဲ့အကျိုး၏ ဆန်းကြယ်မူကို သံဝေဂဖြစ်ပြီး စိတ်မကောင်းစွာနဲ့ပဲ ပြန်ကြွလာ ပါတော့တယ်။
မကောင်းတာ လုပ်မိသူကို ဘုရားတောင် မကယ်နိုင်ပါဘူး။ သူ့လုပ်ရပ်ကို သူကိုယ်တိုင်ပဲ ပေးဆပ်ရမြဲပါပဲ။ ကိုယ်တော်မြတ် လည်း စိတ်မကောင်းဖြစ်ရုံကလွဲလို့
ဘာမှမတက်နိုင်။ ဘုရားရှင်ကို အသိပေးလျှောက်ထားပြီးတော့ လက်ရှိလူ့ဘဝရရှိနေ တဲ့ နောင်လာနောက်သားများကို ဒီပြိတ္တာမိသားစုကို ဥပမာပြပြီး မကောင်းတာမလုပ်မိအောင် နိုးဆော်ဖို့ပဲ ရှိပါတယ်။
“ပုညံ၀ သုခံ ဇနေတိ၊ အပုညံ ဒုက္ခံ ဇနေတိ။
တသ္မာ ပုညံ၀ ကာတဗ္ဗံ၊ အပုညံ န စ ကာတဗ္ဗံ။”
“ကောင်းကံဟာ ကောင်းကျိုးကို ဖြစ်စေတယ်။
မကောင်းကံဟာ မကောင်းကျိုးကို ဖြစ်စေတယ်။
ဒါကြောင့် ကောင်းကံကို ပြုရမယ်။
မကောင်းကံကို မပြုအပ်ပါဘူး။”
ဒါကြောင့် စာဖတ်သူများအားလုံးလည်း ဒီပြိတ္တာမိသားစုကို ဆင်ခြင် သတိဝင်ပြီး မကောင်းကျိုးကို ဖြစ်စေတဲ့ကံများကို အတက်နိုင်ဆုံးရှောင်ပါ။
ကောင်းကျိုးကို ဖြစ်စေမယ့် ကောင်းကံတွေကို တက်နိုင်သမျှဆည်းပူးပါလို့ တိုက်တွန်း လိုက်ရ ပါတယ်။
 ရွှေစမ်းမြေ အရှင်ကဝိဓဇသာရ
Friday, June 28, 2019
ငါးပါးသီလကို ကျူးလွန်ခြင်း၏ အပြစ်များ
၁။ ပါဏာတိပါတ
၂။ အဒိန္နာဒါန
၃။ ကာမေသုမိစ္ဆာစာရ
၎။ မုသာဝါဒ
စကားပီ ပီသသ မပြောတတ်ခြင်း၊ သွားများမညီမညွတ်ရှိခြင်း၊ ခံတွင်းပါးစပ်ပုပ်ညှီခြင်း၊ ကိုယ်အရေအသား ပူရှိန် ခြောက်ကပ် စိုစိုဖပ်ဖပ် မရှိခြင်း၊ မျက်စိ၊ နားစသော ဣနြေ္ဒများ နောက်ကျူကျူရှိခြင်း ပုံဟန်မလှဘဲ ဆိုးခါး ချို့ယွင်းဖောက်ပြန်ခြင်း၊ သူတစ်ပါးအပေါ်၌ သြဇာ အာဏာမထည်ခြင်း အပြောအဆိုနှုတ်လျှာများ ထော် လော်ကြမ်းတမ်းခြင်း၊ စိတ်မတည်ဘဲ လျှပ်ပေါ်လော် လီတတ်ခြင်းတို့ ဖြစ်တတ်သည်။
၅။ သုရာမေရယ
 မောင်ဥာဏ်စိန်
# Unicode Version # ဖြင့် ဖတ်ပါ #
အရာရာတိုင်းတွင် ကောင်းကျိုးနှင့် ဆိုးပြစ် တို့သည် ရှိတတ်ကြစမြဲဖြစ်သည်။ ငါးပါးသီလကို စောင့်ထိန်းခြင်းအတွက် ကောင်းကျိုးများရှိသကဲ့သို့ ငါးပါးသီလကိုကျူးလွန်ခြင်းအတွက် ဆိုးပြစ်များ လည်း ရှိလေသည်။
 ကျွန်တော်သည် ငါးပါးသီလ စောင့်ထိန်းခြင်း၏ ကောင်းကျိုးများကို မနောမယ ဂျာနယ်တွင် ရေးသားခဲ့ဖူးလေသည်။ စာဖတ်သူများ က ငါးပါးသီလကို စောင့်ထိန်းရန်လွယ်ကူသကဲ့သို့ ဖျောက်ဖျက်ရန်လည်း အလွန်လွယ်ကူကြောင်း။
ထို့ ကြောင့် ဖျောက်ဖျက်ခဲ့လျှင် ကျူးလွန်ခဲ့လျှင် မည် သည့်အပြစ်များ ဖြစ်နိုင်သည်ကို ဆက်လက်၍ ရေး သားပေးပါရန် တိုက်တွန်းလာကြသည်။ ထို့ကြောင့် ငါးပါးသီလအား ဖောက်ဖျက်ကျူးလွန်ခြင်း၏ အပြစ် များကိုလည်း ဆက်လက် ရေးသားတင်ပြအပ်ပေ သည်။
ငါးပါးသီလအား ဖောက်ဖျက်ကျူးလွန်ခြင်း၏ အပြစ်များမှာ အကျဉ်းအားဖြင့် အောက်ပါအတိုင်း ဖြစ်လေသည်။
၁။ များစွာသော ပစ္စည်းဥစ္စာတို့မှ ဆုံးရှုံးပျက် စီးခြင်းခံရခြင်း။
၂။ မကောင်းသတင်း ပျံ့နှံ့ကျော်စောခြင်း။
၃။ ပရိသတ်အလယ်၌ ကြောက်ရွံ့၍ မျက်နှာ မလှခြင်း။
၄။ သေသောအခါ၌ တွေဝေငေးမော၍သေရ ခြင်း။
၅။ သေသည်၏အခြားမဲ့၌ အပါယ်ငရဲသို့ ရောက်ရခြင်း။
ငါးပါးသီလ ဖောက်ဖျက်ကျူးလွန်ခြင်း၏ အပြစ်များကို အကျယ်အားဖြင့်လည်း သိရှိထားသင့် ပေသည်။
၁။ ပါဏာတိပါတ
သူတစ်ပါး၏အသက်ကို သတ်ဖြတ်ခြင်းဖြစ် လေသည်။ သူတစ်ပါး၏ အသက်ကိုသတ်သူသည် သေပြီးသည့်နောက် ငရဲဘုံ၊ ပြိတ္တာဘုံ၊ တိရစ္ဆာန်ဘုံ၊ အသူရကာယ်ဘုံတို့သို့ ကျရောက်တတ်ပေသည်။ လူ့ ဘုံတွင်ဖြစ်လျှင်လည်း အသက်တိုတတ်၍ မွေးခါစ ၌ပင် သေတတ်ပေသည်။
၂။ အဒိန္နာဒါန
သူတစ်ပါး၏ ပစ္စည်းဥစ္စာကို ခိုးယူခြင်းဖြစ် သည်။ သူတစ်ပါး၏ ပစ္စည်းဥစ္စာကိုခိုးယူသော် သေပြီးသည့်နောက် ငရဲဘုံ၊ တိရစ္ဆာန်ဘုံ၊ ပြိတ္တာဘုံ အသူရကာယ်ဘုံသို့ ကျရောက်တတ်သည်။ လူ့ဘုံမှာ ဖြစ်သည့်အခါ ဥစ္စာပစ္စည်း ဆုံးရှုံးပျက်စီးခြင်းသို့ ရောက်တတ်သည်။ အနည်းငယ်မျှသော ပစ္စည်းဥစ္စာ မျှလည်းမတည်တတ်၊ မရှိတတ်ဖြစ်တတ်သည်။
သူ တစ်ပါး၏ ဥစ္စာကိုခိုးယူခြင်း၊ ဓားပြတိုက်ခြင်း၊ ညာ ဖြန်း လှည့်ပတ်ရယူခြင်း၊ အရောင်းအဝယ်ပြုရာ၌ တင်းတောင်း ချိန်ခွင်၊ အလေးစသည်ဖြင့်လည်း ကောင်း ရောင်းကုန်တိုးအောင် ရေထိုးခြင်း၊ ခဲသဲ ရောခြင်း စသည်ဖြင့်လည်းကောင်း မရိုးမသားရယူ ခြင်းသည် အဒိန္နာဒါန မြောက်လေသည်။
၃။ ကာမေသုမိစ္ဆာစာရ
သူတစ်ပါး၏ မယားနှင့် မိဘဆွေမျိုး အုပ် ထိန်းခြင်းမကင်းသော သမီးပျိုများကို မေထုန်မှု ကျူးလွန်ခြင်း ဖြစ်လေသည်။ မိန်းမဖြစ်လျှင် မိမိ၏ ကာမပိုင် လင်ယောကျ်ားမှတစ်ပါး အခြားသော ယောကျ်ားများနှင့် မေထုန်မှု ကျူးလွန်ခြင်းသည် အပြစ်ဖြစ်လေသည်။
ကာမေသုမိစ္ဆာစာရကံကို ကျူး လွန်သူသည် သေလွန်ပြီးသည့်နောက် ငရဲဘုံ၊ တိ ရစ္ဆာန်ဘုံ၊ ပြိတ္တာဘုံ၊ အသူရကာယ်ဘုံတို့သို့ ရောက် တတ်သည်။ လူ့ဘုံမှာ လူဖြစ်သည့်အခါ ရန်သူပေါ များတတ်သည်။ မြင်သမျှသူ အပေါင်းကလည်း ရန်သူလို သဘောထားနေတတ်သည်။
၄။ မုသာဝါဒ
မဟုတ်မမှန်သော စကားကိုပြောဆိုခြင်းသည် အပြစ်ဖြစ်သည်။ မဟုတ်မမှန်သော စကားကို ပြော ဆိုခြင်းသည် သေပြီးသောအခါတွင် ငရဲဘုံ၊ တိရစ္ဆာန် ဘုံ၊ အပါယ်ဘုံတို့သို့ရောက် တတ်ပေသည်။ လူ့ဘုံ တွင် လူဖြစ်သည့်အခါ၌လည်း မဟုတ်မတရား အစွပ်စွဲခံရတတ်သည်။ သူတစ်ပါးပြုသော မတရား မှုများ မိမိအပေါ်သို့ကျရောက်တတ်သည်။
စကားပီ ပီသသ မပြောတတ်ခြင်း၊ သွားများမညီမညွတ်ရှိခြင်း၊ ခံတွင်းပါးစပ်ပုပ်ညှီခြင်း၊ ကိုယ်အရေအသား ပူရှိန် ခြောက်ကပ် စိုစိုဖပ်ဖပ် မရှိခြင်း၊ မျက်စိ၊ နားစသော ဣန္ဒြေများ နောက်ကျူကျူရှိခြင်း ပုံဟန်မလှဘဲ ဆိုးခါး ချို့ယွင်းဖောက်ပြန်ခြင်း၊ သူတစ်ပါးအပေါ်၌ သြဇာ အာဏာမထည်ခြင်း အပြောအဆိုနှုတ်လျှာများ ထော် လော်ကြမ်းတမ်းခြင်း၊ စိတ်မတည်ဘဲ လျှပ်ပေါ်လော် လီတတ်ခြင်းတို့ ဖြစ်တတ်သည်။
၅။ သုရာမေရယ
သေရည်သေရက်သောက်ခြင်းသည် အပြစ် ဖြစ်သည်။ သေရည်သေရက်သောက်သူသည် သေ ပြီးသည့်နောက် ငရဲဘုံ၊ တိရစ္ဆာန်ဘုံ၊ ပြိတ္တာဘုံ၊ အသူရကာယ်ဘုံတို့သို့ရောက်တတ်သည်။ လူ့ဘုံမှာ စိတ်ကယောင်ချောက်ချား ဖြစ်နေတတ်သည်။
အ လည်းအ၊ နားလည်းပင်းသော လူမျိုးဖြစ်တတ် သည်။ အရေးအခွင့်သင့်၊ မသင့်ကိုမသိတတ်ခြင်း၊ ပျင်းရိတတ်ခြင်း၊ မေ့လျော့မူးရူးတတ်ခြင်း၊ သူများက ပြုဖူးသော ကျေးဇူးကို မေ့လျော့တတ်ခြင်း၊ ဟိရီ၊ သြတ္တပ္ပဟူသော အရှက်အကြောက်တို့မှ ကင်းခြင်းတို့ ဖြစ်တတ်သည်။
 သေရည်သေရက်ကို သောက်မိ လျှင် မည်သည့်အကုသိုလ်မှမရှောင်ကြဉ်ဘဲ အလုံးစုံ သော မကောင်းမှုကို အလွယ်တကူပြုမိတတ်သည်။ထို့ကြောင့် ဗုဒ္ဓဘာသာဝင်တို့အနေဖြင့် ငါး ပါးသီလကို ကျင့်သုံးဆောက်တည်သင့်ကြပေသည်။
ငါးပါးသီလကိုမျှ မဆောက်တည်နိုင်လျှင် သေလွန် သည့်အခါ၌ အပါယ်လေးဘုံသို့ ကျရောက်တတ်ရုံမျှ မက နောက်ဆက်တွဲဆိုးကျိုးများကိုလည်း ခံစားရ ဖွယ်ရှိကြောင်း ငါးပါးသီလကိုခါးဝတ်ပုဆိုးကဲ့သို့ မြဲ မြံသင့်ကြကြောင်းရေးသားတင်ပြအပ်ပေသည်။
 မောင်ဉာဏ်စိန်
မပင်ပန်း ဘဲ တရားအားထုတ်နည်း
လက်ခံနိုင်ပါတယ်" တဲ့။
ဥပမာ
( ခန္ဓာ-၅ပါးတစ်ဦး )
# Unicode Version # ဖြင့် ဖတ်ပါ #
အခုမှစပြီး တရားစတင်အားထုတ်နေကြတဲ့ ဓမ္မမိတ်ဆွေတို့အတွက် အဓိကထားပြီး မိမိတို့ရဲ့အခု လက်ရှိ တရားအားထုတ်နေမှုကို အထောက်ကူဖြစ်စေဖို့မပင်ပန်းဘူး လို့ထင်ရတဲ့ တရားရှုမှတ်နည်း၊ တရားထိုင်နည်း လေးကို ရေးသားဖေါ်ပြပါရစေ။
မိမိတို့နဲ့နီးစပ်ရာ ဆွေမျိုး၊ မိတ်ဆွေ၊ သူငယ်ချင်းတွေ က ဝါတွင်းမှာ ဥပုဒ် ၊ သီလစောင့်တည်တာတွေ၊ တရားအားထုတ်လာကြတာ၊ လုပ်နေတာတွေ တွေ့လို အားကျပြီး မိမိကလည်း တရားအားထုတ်ချင်စိတ်တွေ ပေါ်လာလို့အားထုတ်တာပဲ ဖြစ်ဖြစ်၊ မိမိဖာသာ သံဝေဂတွေ ဖြစ်ပြီး ခုမှ တရားစတင်အားထုတ်ချင်လာလို့တရားစထိုင်တာပဲ ဖြစ်ဖြစ်၊ တစ်စုံတစ်ယောက်က စေခိုင်း လို့တရားအားထုတ်တာပဲ ဖြစ်ဖြစ်၊ ဘယ်လိုနည်း နဲ့မဆို တရားအားထုတ်လာဖြစ်ပြီဆိုရင်ပဲ လူဖြစ်ရတဲ့ဘဝ မှာ အတော်ကို ဟန်ကျနေလောက်ပါပြီ။
ဓမ္မမိတ်ဆွေတို့ကို ဘယ်လို အခက်ခဲကြောင့်ပဲဖြစ်ဖြစ် နောက်ဆုတ်မသွား ဖို့အရင်ဆုံးတိုက်တွန်းချင်ပါတယ်။မဟာစည်ဆရာတော် ဘုရားကြီးရဲ့ သြဝါဒတစ်ခု မှာ ဆရာတော်ကြီးက ဘယ်လို ဆုံးမတော် မူသလဲ ဆိုရင်....
" ရွှေ ငွေ စိန် ကျောက် အစရှိတဲ့အဖိုးတန် ရတနာတွေကိုသာမန် လူတွေက မသုံးရဘဲ၊
ဘုန်းကံ ရှိတဲ့ လူတွေသာ သုံးရသလိုပါပဲအပါယ်လေးပါးကလွတ်မြောက်စေနိုင်တဲ့...
တရား ဆိုတာလည်းသာမန်လူတွေက လက်မခံနိုင်ပါဘူး၊ပါရမီထူး ရှိတဲ့ လူတွေသာ
လက်ခံနိုင်ပါတယ်" တဲ့။
အဲဒီ အဆုံးမ လိုပါပဲ၊ တရားအားထုတ်မှု ပြုတယ်ဆိုတာ၊ ဘယ်ပုံဘယ်နည်းနဲ့တရားအားထုတ်ထုတ်၊ အဲဒီ ပုဂ္ဂိုလ်ရဲ့အတွင်းသဏ္ဌာန်မှာ သူတော်ကောင်းတရားလက်ကိုင်ထားတဲ့ ဓာတ်ခံတွေက ရှိနေတဲ့အတွက်ကြောင့်သာ တရားအားထုတ်ဖြစ်ရတာပါလို့ပဲ ဆိုပါရစေ။
အခုလို အခက်အခဲအမျိုးမျိုးကြားက တကုတက တရားအားထုတ်ကြရတဲ့ အတွက်ကြောင့် ပင်ပန်းလိုက်တာဆိုပြီး နောက်ဆုတ်သွားမှာစိုးလို့အသိပေးရေးသားဖေါ်ပြ ကုသိုလ်ပြုလိုက်ရခြင်း ဖြစ်ပါတယ်။
လောကမှာ အကောင်း၊ အဆိုး ဟာ ဒွန်တွဲနေတဲ့ အတွက်၊ ကောင်းတာဆိုရင် ကြိုက်နှစ်သက်ကြသလို၊ ဆိုးတာဆိုရင် မကြိုက်ကြပါဘူး။ ပြီးတော့ တရားတာ နဲ့မတရားတာ လည်း ထို့အတူပါပဲ။
ဓမ္မမိတ်ဆွေတို့လည်း တရားတာ နဲ့မတရားတာ ကို ဘယ်ဟာနှစ်သက်သလဲ ဆိုတာ မေးစရာလိုမယ်လို့မထင်ပါဘူး။ဒါကြောင့် တရားတာ ကိုပဲ လုပ်ချင်ကြတယ်၊ မတရားတာဆိုရင် ရှောင်ကျဉ်ကြတာ များပါတယ်။
ယေဘုယျအားဖြင့် တရား အလုပ်ကို အားထုတ်တဲ့ အတွက် ချမ်းသာပါတယ်။တရား တာကို လုပ်တယ် ဆိုတာ တကယ်တော့ မပင်ပန်းပါဘူး။ဓမ္မမိတ်ဆွေတို့အနေနဲ့အရင်ဆုံး စမ်းစစ်ကြည့်သင့်တာက...
တရားအားထုတ်တဲ့အခါ မှာ ကိုယ်ရှုလိုတဲ့ အာရုံ ကို "လိုက်ကြည့်နေတာလား၊ စောင့်ကြည့်နေတာလား" ဆိုတာ ကွဲကွဲပြားပြားသိဖို့လိုပါလိမ့်မယ်လို့ ဆိုပါရစေ။
မိမိတို့ရဲ့ကမ္မဌာန်းဆရာက ရှုခိုင်းတဲ့အာရုံပဲဖြစ်ဖြစ်၊ ကိုယ်ရှုချင်တဲ့ အာရုံ ကို ပဲဖြစ်ဖြစ် လိုက်ကြည့်နေတယ် ဆိုရင်တော့ ဓမ္မမိတ်ဆွေတို့လောဘ ပဲ ဖြစ်နေကြမှာပါ။
အစပိုင်း ကြည့်နိုင်၊ရှုနိုင်အား တင်းထားမှု ရှိတုန်းတော့ ရှုလို့ရသလိုလို၊ ဟုတ်သလိုလို လို့ထင်ရပေမဲ့ တဖြည်းဖြည်း နဲ့ကြာလာတဲ့ အခါမှာ လောဘ ရဲ့ဆိုးကျိုးတွေ အနေနဲ့မောသလိုလို၊ ပမ်းသလိုလို၊ အသက်ရှုကြပ်သလိုလို ဖြစ်လာတာတွေ နဲ့ကြုံပြီး မတရား အားထုတ်သလို ဖြစ်လာကြပါတယ်။
တရား ကို စပြီး အားထုတ်ပြီ ဆိုတာနဲ့လိုက်ကြည့်နေတာမျိုးမဟုတ်ဘဲ။ စောင့်ကြည့်ရတဲ့အလုပ်ကို လုပ်ရမှာ ဖြစ်ပါတယ်။စောင့်ကြည့်တယ်ဆိုတာ မပင်ပန်းပါဘူး။
ဘောလုံးပွဲ ဝါသနာပါတဲ့ ဓမ္မမိတ်ဆွေတို့ဆိုရင် ခုလိုရှင်းပြရင်တော့ သဘောပေါက်ကြမှာပါ။
ဥပမာ
ဘောလုံးပွဲ တစ်ပွဲကို ကြည့်နေသလိုပါပဲ။ ကိုယ်က အေးအေးဆေးဆေး နဲ့စောင့်ကြည့်နေမယ်ဆိုလို့ရှိရင် နှစ်ဖက်ဘောလုံးသမားတွေရဲ့ ကစားကွက်တွေ၊ ကစားနည်းတွေ ကို နားလည်သဘောပေါက်နိုင်ပါတယ်။
ဒီလို မှ မဟုတ်ပဲနဲ့ကိုယ်ကြိုက်တဲ့အသင်း ကို ကိုယ့်လူတွေပဲ ဆိုပြီး နိုင်စေချင်တဲ့လောဘ နဲ့လိုက်ကြည့်နေပြီး အခြားအသင်းကိုလည်း ရှုံးစေချင်အောင် ဆိုတဲ့ စိတ်တွေနဲ့ထိုင်ရတော့မလို၊ ထရတော့မလို ဆိုတဲ့ စိတ်တွေနဲ့သာဆိုရင်တော့ ဓမ္မမိတ်ဆွေတို့ကစားကွက်တွေ မမြင်တော့ပဲနဲ့ကိုယ်လည်းပင်ပန်း၊ စိတ်လည်းပင်ပန်းဖြစ်ကြတော့မှာပါ။
တကယ်တန်းကျတော့..တရားအာရုံကို သတိနဲ့သာ အေးအေးဆေးဆေးစောင့်ကြည့်ပါ။ သက်တောင့်သက်သာနေနိုင်ပါတယ်၊ မပင်ပန်းပါဘူး။ မတရား အားထုတ်မှသာ ပင်ပန်းတာပါ။
သတိ နဲ့စောင့်ကြည့်နေလို့အေးအေးဆေးဆေးချမ်းသာမှုကို ရလာပြီ ဆိုပေမယ့်လည်း ဉာဏ် မပါသေးရင်တော့ အာရုံ ရဲ့သဘောကို ကွဲကွဲပြားပြားမသိနိုင်ပါဘူး။
တရားအားထုတ်တာကြာလာတော့ တစ်ခါတစ်လေ မှာ ခန္ဓာကိုယ်ကြီးဟာ ငြိမ့်ကနဲ့၊ သိမ့်ကနဲ လှုပ်လှုပ်..လှုပ်လှုပ် ဖြစ်ပြီး မှိန်းလိုက်နေတတ်ပါတယ်။အဲဒီလိုဖြစ်တာလည်း အမှားမို့သတိထားစေချင်ပါတယ်။
ဝိပဿနာ ဆိုတာ ဉာဏ်အလုပ်ဖြစ်ပါတယ်။ ဖြစ်တိုင်း ဖြစ်တိုင်း သိတယ် ဆိုတာ ဉာဏ် ကြောင့် ဖြစ်ပါတယ်။တစ်ကယ်တော့ ဖြစ်တိုင်းသိဖို့ ဒီသိတဲ့ဉာဏ်ပေါ်လာဖို့ဆိုတာက လေးငါးနာရီ တောက်လျှောက်ထိုင်ပြီး မထပဲ အားထုတ်လို့လဲ မရနိုင်ပါဘူး။ တစ်ရက်၊ တစ်ပတ်၊ တစ်လ၊ တစ်နှစ် အားထုတ်လည်း လွယ်လွယ်ကူကူ မရနိုင်ပါဘူး။
ဘယ်တော့ရနိုင်မလဲ.. ဆိုရင်..
" အကြောင်းညီညွတ် " လို့ရှိရင်တော့ တစ်စက္ကန့်၊ တစ်မိနစ်အတွင်း မှာ ပဲ ဉာဏ်ပေါ်နိုင်ပါတယ်။ ဒီ ဉာဏ်ပေါ်နိုင်အောင်လို့"သတိ" ကသာ ခေါ်ယူနိုင်မှာပါ။ ဒါပေမဲ့ ဒီ "သတိ" ကလည်း ဉာဏ်ကို ခေါ်နိုင်တဲ့ "သတိ" ဖြစ်ဖို့တော့လိုပါတယ်။
တချို့ကလည်း " သတိ" နဲ့နေရတာကို ကျေနပ်နေကြတဲ့ သူတွေလည်းရှိပါတယ်။ အဲဒီလို ကျေနပ်နေတဲ့ သူတွေကျပြန်တော့ ဘယ်လောက် သတိရှိရှိ ဉာဏ်မပေါ်နိုင်ပြန်ပါဘူး။
အကျဉ်းချုပ်ရရင်တော့...အာရုံ ကို လိုက်ကြည့်နေတာဟာ..လောဘ။ပေါ်လာတာကိုပဲ စောင့်ကြည့်တာက.. သတိ။
အဲဒီလို ဖြစ်တိုင်းသိနေတာက..." ဉာဏ် "လို့သာ မှတ်ပါ။သတိ နဲ့သာ စောင့်ကြည့်နိုင်လေ၊ ဂရုစိုက်နိုင်လေ " ဉာဏ် " ပေါ်လေပါပဲ။ဒီတော့ မပင်ပန်းအောင် ဘယ်လို တရားရှုမှတ်ရမလဲ ဆိုတော့..အရင်က ရှုမှတ်တုန်းကလို...လိုက်ပြီး ရှုနေတာမျိုး၊လုပ်ပြီး ရှု နေတာမျိုး မလုပ်တော့ပဲ နဲ့ မိမိကိုယ် ကို အသာလေးသက်တောင့်သက်သာနေရင်း....
ထင်ရှားလာတဲ့ အာရုံ တွေကို လိုက်မှတ်မနေတော့ပဲ၊ ကြည့်ပြီး သိရုံမျှလေး ဆိုတဲ့ သဘောလောက်သာ နေကြည့်လိုက်ပါ။ အင်မတန်မှ သက်သာပါတယ်။ ပင်ပန်းမှု မရှိတာ သိလာမှာပါ။ ပြီးတော့ တိုးတာ၊ ထိတာတွေ ဟာ နဂိုအတိုင်းလည်း ပေါ်နေပါတယ်။ပေါ်နေတာကိုတွေ့လည်း တွေ့နိုင်မှာပါ။
အဲဒီလို ရှုမှတ်နိုင်ရင်တော့ တရားအားထုတ်ရင်းဖြစ်တတ်တဲ့ မောတာပန်းတာတို့၊ အသက်ရှု ကြပ်လာတာတို့၊ စိတ်လွင့်တာတို့စတဲ့ အခက်ခဲတွေ ပပျောက်ပြီး အလွယ်တကူ ရှုနိုင် ၊ မှတ်နိုင်မှာ ဖြစ်တဲ့အတွက် "မပင်ပမ်းတဲ့ တရားအားထုတ်နည်း" ဆိုတဲ့ ဒီစာစုကို ဖေါ်ပြကုသိုလ်ပြုလိုက်ပါတယ်။
( ခန္ဓာ-၅ပါးတစ်ဦး )
သူတစ်ပါးအိမ်ထောင်ကို ဖြိုခွဲတဲ့သူတွေခံစားရမယ့်အရာ(၅)မျိုး
(၁) ပူလောင်ခြင်း
(၃) ဝဋ်လည်ခြင်း
(၅) နောင်တတရား
TrueMan
# Unicode Version # ဖြင့် ဖတ်ပါ #
လောကမှာ ကြောက်စရာအကောင်းဆုံးနဲ့ အယုတ်ညံ့ဆုံးလုပ်ရပ်တွေထဲမှာသူတစ်ပါးအိမ်ထောင် ကိုဖြိုခွဲတာလည်း တစ်ခုအပါအဝင်ဖြစ်ပါတယ်ဒီလိုလူတွေက ယာယီတော့ ပျော်ရွှင်ရမယ်
ဒါပေမယ့်ဘယ်တော့မှ ငြိမ်းချမ်းမှု၊ ပျော်ရွှင်မှုကိုရရှိမှာမဟုတ်ပါဘူး
သူတစ်ပါးမိသားစုကိုဖြိုခွဲတဲ့သူတွေ၊ဖောက်ပြန်တဲ့သူတွေခံစားရမယ့်အရာတွေကို ဖော်ပြပေးလိုက်ပါတယ်အားလုံးလည်း သတိထားဆင်ခြင်နိုင်ကြပါစေ။
(၁) ပူလောင်ခြင်း
သူတစ်ပါးအိမ်ထောင်ကိုဖြိုခွဲတဲ့သူတွေနဲ့ ဖောက်ပြန်တဲ့သူတွေအမြဲတမ်းခံစားနေရမယ့်အရာကတော့ ပူလောင်ခြင်းပါပဲ
သူတို့ရင်ထဲမှာ နောင်တရသလိုလို၊ ကျေနပ်သလိုလိုမှားနေသလိုလို၊ မှန်နေပြန်သလိုလို မသေချာမရေရာတဲ့ခံစားချက်တွေ အမျိုးမျိုးဖြစ်နေပြီး ဘယ်တော့မှအေးချမ်းရမှာမဟုတ်ပါဘူး
တစ်ခါတလေအလိုလိုနေရင်း ဒေါသတွေထွက် ရှူးရှူးရှားရှားတွေဖြစ်ပြီးဘာတွေကိုဒေါသထွက် လို့ထွက်မှန်းမသိအောင်ကို ပူလောင်ပြီး အရူးတစ်ယောက်လို ဖြစ်နေမှာပါ။
(၂) စိုးရိမ်ထိတ်လန့်ခြင်း
ဒီလိုလူမျိုးတွေရဲ့ပတ်သက်မှုဟာ မတရားသဖြင့်ရရှိထားတဲ့ ပတ်သက်မှု မျိုးဖြစ်တာကြောင့် အမြဲတမ်းပူပင်သောကရောက်နေရမှာပါဒါ့အပြင်ဘယ်တော့ဝဋ်ပြန်လည်မလဲ၊ဘယ်တော့များ
တခြားသူနောက်ပြန်ပါသွားမလဲ၊ကိုယ့်ကိုယ်ဘယ်တော့ထားသွားမလဲဆိုပြီး တစ်ချိန်
လုံး စိုးရိမ်သောကရောက်နေရမှာပါ
ဒါ့အပြင် ကြာလာတဲ့အခါသူတို့ကြားမှာနည်းနည်းလေး ပြဿနာ ရှိလာတာနဲ့ တစ်ယောက်နဲ့ တစ်
ယောက်အပြစ်တင်ပြီး စိတ်ညစ်ပြီးရင်းညစ်လာရမှာပါ။
(၃) ဝဋ်လည်ခြင်း
ဝဋ်ဆိုတာက တကယ်ကိုလည်ပါတယ်ခုခေတ်မှာ ဝဋ်လည်တာပိုတောင်မြန်ပါသေးတယ်ဒါကြောင့် ဒီလိုလူတွေဟာ သူတစ်ပါးကို မျက်ရည်ကျအောင်၊ရင်ကွဲအောင်၊နာကျင်အောင်လုပ်ခဲ့သမျှ
သူတို့ပြန်ခံစားရမှာပါ
သူတစ်ပါးမျက်ရည်နဲ့တည်ဆောက်ထားတဲ့သူတို့တွေရဲ့ ပတ်သက်မှုဟာ ဘယ်တော့မှ ပျော်စရာကောင်းလာမှာ မဟုတ်သလိုတစ်ချိန်မှာ ကျိန်းသေပေါက်ဝဋ်ပြန်လည်လာတဲ့အခါ
ကျရင် သူတို့ကို ကူညီမယ့်သူ၊ သနားမယ့်သူ တစ်ယောက်မှတောင်ရှိမှာ မဟုတ်ပါဘူး။
(၄) လူတွေရဲ့အထင်အမြင်သေးခြင်း
သူတစ်ပါးအိမ်ထောင်ကိုဖြိုခွဲတဲ့သူ၊ ဖောက်ပြန်တဲ့သူတွေဟာဘယ်လောက်ပဲ စည်းစိမ်ဥစ္စာတွေရှိရှိ၊ ဘယ်လောက်ပဲပညာအရည်အချင်းမြင့်မြင့် ဘယ်သူကမှသူတို့ကို လေးစားတော့မှမဟုတ်သလို
ဘယ်သူကမှလည်း သူတို့ကိုယုံကြည်တော့မှာမဟုတ်ပါဘူး
သူတို့ရဲ့ စည်းစိမ်ဥစ္စာ၊ နာမည်၊ ဂုဏ်ကြောင့်သာအပေါ်ယံပေါင်းချင်ပေါင်းမယ်၊ ဒါပေမယ့် စိတ်ထဲမှာတော့သူတို့ကို အထင်အမြင်အရမ်းသေးနေမှာဖြစ်ပါတယ်ဒုက္ခရောက်တဲ့အချိန်တွေ မှာတောင် ကူညီမယ့်သူတစ်ယောက်မှ ရှိမှာ မဟုတ်ပါဘူး။
(၅) နောင်တတရား
သူတစ်ပါးရဲ့အိမ်ထောင်ကိုဖြိုခွဲတဲ့သူတွေနဲ့ ဖောက်ပြန်တဲ့သူတွေဟာ နောင်တတရားနဲ့ အဆုံးသတ်ရလေ့ရှိပါတယ်သူတို့ရဲ့ သားသမီးတွေရဲ့ နာကျည်းခြင်းကိုခံရတဲ့အခါအရာအားလုံးကို နောင်တရပြီး စစ်မှန်တဲ့ မေတ္တာတရားကို တောင့်တလာတဲ့အခါမှာ ဘယ်သူမှ သူတို့အနားမှာ
ရှိတော့မှာ မဟုတ်ပါဘူး
အရင်အချိန်တွေ၊ အရင်တုန်းကဖြူစင်ခဲ့တဲ့ အတိတ်တွေကိုဘယ်လောက်ပဲပြန် လိုချင်လိုချင် သူတို့ကိုယ်တိုင်ကအမဲစက်ဖြစ်နေတဲ့အတွက် ဘယ်တော့မှပြန်ပြီး မဖြူစင်နိုင်တော့ပါဘူး ။
TrueMan
Wednesday, June 26, 2019
ဗုဒ္ဓဘာသာရဲ့ တန်ဘိုးကို သိကြပြီလား
ဦးမြင့်ခိုင်
Unicode Version
ဓမ္မိလတံငါသည်ဟာ သေခါနီးမှာ အော်ဟစ်ရုန်းကန်နေခဲ့တယ်….
စူဠနာဂတိဿမထေရ်ဟာ ဆွမ်းခံကြွရင်းတွေ့တာနဲ့သရဏဂုံနဲ့ငါးပါးသီလကို န ုတ်ကနေ ချပေးပြီးလိုက်ဆိုခိုင်းခဲ့တယ် ဝေဒနာပြင်းထန်တဲ့အတွက်ပါးစပ်ကတောင်မဆိုနိ ုင်ပဲစိတ်ထဲကပဲ လိုက်ဆ်ုခဲ့တာသရဏဂုံပဲဆိုပြီးသေးတယ် ငါးပါးသီလတောင်မရောက်သေးဘူး အသက်ထွက်သွားတယ်…သရဏဂုံအကျိုးကြောင့် ငရဲကျမှာကနေစတုမဟာရာဇ်နတ်ဘုံမှာ နတ်သားဖြစ်သွားတယ်
တဗ္ဗဒါဋ္ဌိက ဆိုတဲ့လူသတ်ဗိုလ်ကြီးဟာ ၅၅ နှစ်လူသတ်ခဲ့ပေမဲ့ သေခါနီးမှာ တရားကိုအာရုံပြ ုနိ ုင်ခဲ့လို့သေတော့ သူလည်းနတ်ပြည်ရောက်သွားခဲ့တယ်…မဋ္ဌကုဏ္ဌလီသူတို့သားဟာ တသက်လုံးမိစ္ဆာဒိဋ္ဌိဖြစ်လာခဲ့ပြီးမှ သေခါနီးမှာ ဘုရားကိုကြည်ညိုတဲ့စိတ်ကလေးတခါပဲဖြစ်ခဲ့တယ် အဲဒီစိတ်ကြောင့်ပဲသူလည်း နတ်ပြည်ရောက်သွားတယ်
သူများအလှူ လုပ်လို့ သာဓုခေါ ်ယုံလေးနဲ့နတ်ပြည်ရောက်သွားသူတွေလည်း ပိဋကတ်သုံးပုံထဲမှာ အထင်အရှားရှိတယ်…တကယ်တော့ဗုဒ္ဓဘာသာတွေမှာ ဘုရားတရားနဲ့စပ်တဲ့ကုသိုလ် သေးသေးလေးလောက်ကပဲ နတ်ပြည်စတဲ့ ချမ်းသာကို ပေးစွမ်းနိ ုင်ပါတယ်
ဒါ့ကြောင့် မြတ်ဗုဒ္ဓကငါဘုရားရှင်ရဲ့တရားတော်ကို နည်းနည်းလေးသေးသေးလေးဆိုပြီး မလေးမစားမလုပ်ကြနဲ့လို့မိန့်ခဲ့ဖူးပါတယ်…ဗုဒ္ဓဘာသာဝင်များ ကိုယ့်ဘာသာရဲ့တန်ဘိုးကိုနားလည်နိ ုင်ကြပါစေ
ဦးမြင့်ခိုင်
ဗန်းမော်ဆရာတော်ဘုရားကြီး၏ သမ္ဗုဒ္ဓေဂါထာတော်ကြီးရှင်းပြချက်
သမ္ဗုဒ္ဓေ အဋ္ဌဝီသဉ္စ၊ (သမ်ဗုတ်ဓေ အထဝီသင်စ)
ဒွါဒသဉ္စ သဟဿကေ၊ (ဒွါဒသင်စ သဟသကေ) ပဉ္စဿတ သဟဿာနိ၊ (ပင်စ သတ်တာ သဟသာနိ) နမာမိ သိရသာမဟံ။ (နမာမိ သိရသာမဟံ)
အပ္ပကာ ဝါဠုကာ ဂင်္ဂါ၊ (အပ်ပကာ ဝါလုကာ ဂင်ဂါ)
အနန္တာ နိဗ္ဗုတာ ဇိနာ၊ ( အနန်တာ နိတ်ဗုတာ ဇိနာ)
တေသံ ဓမ္မဉ္စ သံဃဉ္စ၊ (တေသံ ဓမ်မင်စ သံဃင်စ) အာဒရေန နမာမဟံ။ (အာဒရေန နမာမဟံ)
နမက္ကာရာ နုဘာဝေန၊ (နမက်ကာရာ နုဘာဝေန)
ဟိတွာ သဗ္ဗေ ဥပဒ္ဒဝေ၊ (ဟိတွာ သတ်ဗေ ဥပတ်ဒဝေ) အနေက အန္တရာယာပိ၊ (အနေက အန်တရာယာပိ) ဝိနဿန္တု အသေသတော။ (ဝိနတ်သန်တု အသေသတော)
ဦးခေါင်းဖြင့်ရှိခိုးပါ၏ ဆိုတာ ရှိခိုးပြစမ်းပါ။
အေး…အဲဒီလို ရှိခိုးတာကို ခေါင်းဖြင့်ရှိခိုးတယ်လို ခေါ်တယ်နော်။ ဟောဒီလိုရှိခိုးတာကျတော့ လက်အုပ်ချီ၍ ရှိခိုးပါ၏။ ဟုတ်လား။ ဟောဒါကြတော့ လက်ဆယ်စုံ ထိပ်မှာမိုး၍ ရှိခိုးပါ၏။ ဒီခေါင်းပေါ်ကို လက် (၁၀)ချောင်းတင်လိုက်တာ ။ (မှန်လှပါဘုရား) ။ နတ်တွေ ဗြဟ္မာတွေ ရှိခိုးတာနည်းက အဲဒီလို ရှိခိုးတာနော်။ နတ်တွေ ဗြဟ္မာတွေက ဟောဒီလို ရှိခိုးတာ။ အဲဒီလိုရှိခိုးတဲ့ရုပ်ပုံတွေ မြင်ဖူးကြလား။ (မြင်ဖူးပါတယ်ဘုရား)။ ဘယ်မှာ မြင်ဖူးတုန်း။
အဲဒီလို ရှိခိုးတာတွေ အညာမှာတော့ ကောင်းမှုတော် ဆိုတဲ့စေတီကြီး မြင်ဖူးကြလား။ (မြင်ဖူးပါတယ်ဘုရား)။ အကြီးကြီးလေ ဒီလိုကြီး အဲဒီလို ပုံကြီး။ အဲဒီ ကောင်းမှုတော်စေတီကြီးဘေးမှာ နတ်ရုပ်တွေ၊ ဗြဟ္မာရုပ်တွေ ဒီလိုကြီးတွေ ရှိခိုးနေကြတာနော်။ အဲဒီနားရောက်တဲ့အခါ ဝင်ကြည့်ကြပေါ့။ အေး…ထားကြပါစို့။ ဘုရားပေါင်း ၂၈ ဆူကို ခေါင်းဖြင့်ရှိခိုးပါ၏။
ပြီးတော့ ဒွါဒသဉ္စ သဟဿကေ ဒွါဒသ ဆိုတာ ၁၂ သဟဿ ဆိုတာ ၁၀၀၀။ ၁၂ နဲ့ ၁၀၀၀ နဲ့ မြှောက်စမ်းပါ။ ၁၂၀၀၀ အေး.. ဒွါဒသဉ္စ သဟဿကေ ၁၂၀၀၀ သော ဘုရားရှင်တို့ကို့ နမာမိ သိရသာ မဟံ တပည့်တော်သည် ဦးခေါင်းတော်ဖြင့် ရှိခိုးပါ၏ ဘုရား။ ဘုရားပေါင်း ဘယ်လောက်ရှိခိုးလိုက်လဲ၊ ၁၂၀၀၀ ၊ ပြီးတော့မှ ပဉ္စသတ သဟဿာနိ ပဉ္စ က ၅ သတ က ၁၀၀ နော်။ ၅ နဲ့ ၁၀၀ နဲ့မြှောက် ၅၀၀။ သဟဿာနိ က ၁၀၀၀နော်။ ၅၀၀ နဲ့ ၁၀၀၀ နဲ့မြှောက် ၅ သိန်း။
ပဉ္စသတ သဟဿာနိ ၅ သိန်းသော ဘုရားရှင်တို့ကို့ နမာမိ သိရသာ မဟံ တပည့်တော်သည် ဦးခေါင်းတော်ဖြင့် ရှိခိုးပါ၏ ဘုရား။ အဲဒီတော့ ဘုရားပေါင်း ၅၁၂၀၂၈ ဆူ။ ဘုရားပေါင်း ဘယ်လောက်ရှိခိုးတာလဲ။ (၅၁၂၀၂၈ ဆူ)။ အေး ဘုရားပေါင်း ၅၁၂၀၂၈ ဆူ ထေရီအပဒါန ဒီပနီ ဆိုတဲ့ ကျမ်းထဲမယ် အဲဒါအပြည့်အစုံပါတယ်။
ဘုန်းဘုန်းဝတ္ထုအကြောင်းလေးပြောပြပါမယ်။ ဒီကမ္ဘာက ပြန်ပြီးနောက်ပြန်ရေလိုက်တဲ့အခါ သင်္ချေ (၂၀) နဲ့ ကမ္ဘာတစ်သိန်းထက်မယ်၊ ဘယ်လောက်ကြာတုန်း။ ကမ္ဘာပေါင်း သင်္ချေ (၂၀)နဲ့ ကမ္ဘာ တစ်သိန်း၊ အဲဒီမယ် ဒီပင်္ကရာ ဆိုတာပွင့်တော်မူတယ်။ ဘာဘုရားပွင့်တော်မူလဲ။ (ဒီပင်္ကရာဘုရား) ။ ဒီပင်္ကရာ နှစ်ဆူရှိတယ်။ သင်္ချေ (၂၀)နဲ့ ကမ္ဘာ တစ်သိန်းထက်ပွင့်တဲ့ ဒီပင်္ကရာကို အရင်ကျလို့ ပေါရာဏ ဒီပင်္ကရာတဲ့။
သုမေဓာရသေ့လေးကို ဗျာဒိတ်ပေးတာက ဗျာဒိတ်ပေး ဒီပင်္ကရာတဲ့။ ဒီပင်္ကရာဘယ်နှစ်ဆူရှိလဲ။ (နှစ်ဆူရှိပါတယ်ဘုရား)။ ဘာတဲ့တုန်း။ (ပေါရာဏ ဒီပင်္ကရာ နဲ့ ဗျာဒိတ်ပေး ဒီပင်္ကရာ) ။ အေး ပေါရာဏဒီပင်္ကရာဘုရားလက်ထက် ဘုရင် သမီးတော်လေးတစ်ပါးရှိသတဲ့။ သူ့ကို ဘုံခုနှစ်ဆင့်ရှိတဲ့ ပြသဒ်ထဲမယ် သူ့ကိုတပင်တိုင် မြနန်းထားတယ်ပေါ့။
ဟိုက ဦးဇင်းလေး ညနေကြီးဆွမ်းခံနေတယ် သွား..သွား..သွား ပင့်စမ်းဆိုတော့ ပင်လိုက်လို့ ရောက်လာတော့ ဦးဇင်းလေး သူများတွေ မနက်ဆွမ်းခံ ဦးဇင်းလေး ညနေကြီးဆွမ်းခံသလား။ ညဆွမ်းစားသလားလို့မေးသတဲ့။ သမီးတော်လေးရယ် ကြည့်ပါဆိုပြီးတော့ သပိတ်လှပ်ပြတယ်။ သပိတ်ထဲမယ် ဆီတွေဘဲပါတယ်။ ဆွမ်းတွေဆွမ်းရံတွေ မပါဘူးလို့ ပြောသတဲ့။ ဘာလို့ ဆီတွေဘဲအလှူခံတာတုန်း။
သူများချက်ပြီးပြုတ်ပြီးသား စားနေတာ ဆီဘာလုပ်ဖို့တုန်း။ အဲဒီတော့ ဦးဇင်းလေးက သမီးတော်လေးရယ် ညကျတော့ ကျောင်းတိုက်ထဲမှောင်လို့ပါ၊ ဆီမီးလေးပူဇော်ပြီးတော့ ဦးဇင်းတွေ၊ ကိုယ်တော်တွေ သွားတဲ့လာတဲ့ပုဂ္ဂိုလ်တွေလင်းအောင်လို့ ထွန်းပေးတာပါ။ မြတ်စွာဘုရားနားလေးလည်းဘဲ ဆီမီးပူဇော်တာပါလို့ ပြောသတဲ့။ အော်ဒီလိုဆိုရင်ပေးပေး၊ သပိတ်ပေးဆိုပြီး သပိတ်ယူပြီး အဲဒီသပိတ်ထဲကို မုန်ညင်းဆီတွေ မုန်ညင်းဆီရော သိကြလား။ (သိပါတယ်ဘုရား) ။
မုန်ညင်းစေ့လေးတွေကို ကြိတ်လိုက်တော့ မုန်ညင်းဆီရတာပေါ့။ နှမ်းတွေ ကြိတ်တော့ နှမ်းဆီတွေရတာပေါ့။ မြေပဲတွေ ကြိတ်လိုက်တော့ မြေပဲဆီရတာပေါ့။ အဲဒီလို မုန်ညင်းစေ့လေးတွေကြိတ်လိုက်တော့ မုန်ညင်းဆီတွေရ၊ အဲဒီမုန်ညင်းဆီတွေ သပိတ်နဲ့အပြည့်လှူလိုက်တော့ ဦးဇင်းလေးကမေးသတဲ့။ သမီးတော်လေး ဘာဆုများ ပန်တုန်း။ တပည့်တော်မ က ဘုရားဖြစ်ချင်တာပါဘုရားလို့ပြောသတဲ့။ အော်..ကောင်းပ..ကောင်းပလို့ပြောပြီး သာဓု..သာဓုလို့ ခေါ်သွား။
ညကျတော့ မြတ်စွာဘုရားက ဆီမီးပူဇော်တဲ့ ဦးဇင်းလေးကို ခေါ်စမ်းဟဲ့ ဆိုတော့ရောက်လာတယ်။ ဦးဇင်းလေး ဒီနေ့ ဆီမီးတွေမြိုင်လှချည်လား။ ဘယ်ကဆီရတုန်း။ သမီးတော်လေးဆီကပါဘုရား။ ဘုရင့်သမီးတော်လေးက အရှင်ဘုရားနှမတော်လေးက ဘုရား ဆီမီးပူဇော်ဖို့ မုန်ညင်းဆီတွေ သပိတ်အပြည့်လှူပါတယ်ဘုရား။ အဲဒီသမီးတော်လေးနဲ့ ဒီပင်္ကရာဘုရားကလည်း ဖအေတူမအေကွဲ မောင်နှမတော်သတဲ့။
ဒါကြောင့် အရှင်ဘုရားနှမလေးက မုန်ညင်းဆီတွေအပြည့် လှူလိုက်လို့ပါဘုရား။ အော် သမီးတော်လေးက ဘာဆုပန်သတဲ့တုန်း။ တပည့်တော်လည်းမေးကြည့်တယ်ဘုရား၊ သမီးတော်လေးဘာဆုပန်တုန်း မေးတော့ ဘုရားဖြစ်ချင်တယ်လို့ ပြောပါတယ် ဘုရား။ အော်..ဒါဆိုရင် နက်ဖြန်ခါပြန်ပြောအုံး၊ မိန်းကလေးဘဝနဲ့ ဘုရားဆု မပန်ရဘူး။ နောက်ဘဝ ယောက်ျားလေးဖြစ်ပါစေ၊ ယောက်ျားလေးဖြစ်မှ ပါရမီတွေ ဒါနစတဲ့ ပါရမီတွေ လုပ်ရင် ဘုရားဖြစ်လိမ့်မယ်လို့ပြော။ ကောင်းပါပြီဘုရား။
တပည့်တော်နက်ဖြန်ခါ ပြန်ပြောပါ့မယ်ဘုရား။ ကဲကဲ ထားတော့။ ဦးဇင်းလေးကရော ဘာဆုပန်တုန်း။ တပည့်တော်က အရှင်ဘုရားအားကျလို့ဘုရား။ အရှင်ဘုရားဒီပင်္ကရာ ဆိုသလို ဒီပင်္ကရောတိ ဒီပင် ဆီမီး ကရောတိ ပြုတက် ပူဇော်တတ်၏။ ထို့ကြောင့် ဒီပင်္ကရော ဒီပင်္ကရာ မည်၏။ ဆီမီးပူဇော်တာက တပည့်တော် အရှင်ဘုရားအားကျပြီးတော့ တပည့်တော် ဘုရားဆုပန်ပါတယ်ဘုရား။
ဘုရားဖြစ်တဲ့ အခါလည်း ဘုရားဘွဲ့က ဒီပင်္ကရာ ဆိုတဲ့ ဘွဲ့ လိုချင်ပါတယ်ဘုရား လို့ဆိုသတဲ့။ အဲဒါနဲ့ ပေါရာဏဒီပင်္ကရာဘုရားက အဘိညဉ်တန်ခိုးနဲ့ကြည့်လိုက်တော့ အော်ဦးဇင်းလေး မင်းနောက် ၁၆ သင်္ချေ ကြာတဲ့အခါ ဘုရားဖြစ်လိမ့်မယ်လို့ ဗျာဒိတ်ပေးသတဲ့။ ဗျာဒိတ်ပေးတော့ ဟာ ငါဘုရားလောင်းဖြစ်ပြီ မြတ်စွာဘုရား ဗျာဒိတ်ပေးပြီးပြီ။ ည ညအိပ်မပျော်ဘူးတဲ့ ဝမ်းသာလွန်းလို့။ အဲဒီနောက် တစ်နေ့ကျတော့ ညနေကျ လေးနာရီလောက် မြို့ထဲ နန်းတွင်းထဲ ဆွမ်းခံသွားပြန်ရော။ ဆီဆွမ်းခံ ပေါ့။
သမီးတော်လေးကလည်း ဘုံခုနှစ်ဆင့် ရှိတဲ့ဲပြဿဒ်က လှည့်ပတ်ကြည့်လိုက်တော့ ဟာမနေ့ ကဦးဇင်းလေး နဲ့တူတယ်။ ဆွမ်းခံနေတယ် သွား…သွားး…ပင့်အုံးဆိုတော့ သွားပင့်တယ်။ ရောက်လာ ဦးဇင်းလေး မနေ့ကလည်း ဆွမ်းခံ၊ ဒီနေ့လည်းဆွမ်းခံ နေတိုင်းဆွမ်းခံသလား။ အော် သမီးတော်လေးရယ် ကျုပ်က ဘုရားလောင်း။ မနေ့က ဗျာဒိတ်ရပြီးပြီ။ နောက် ၁၆ သင်္ချေကြာတဲ့အခါ ကျုပ်က ဒီပင်္ကရာ ဘုရားဖြစ်မှာ။ ဘုရားလောင်းဆိုတာ တစ်နေ့တည်း ကုသိုလ်လုပ်ပြီးတော့ ဆုပန်လို့ ဘယ်ရမတုန်း။
နေ့တိုင်းနေ့တိုင်း ဒါနပြုရတယ်၊ သီလဆောက်တည်ရတယ်၊ အနိစ္စ၊ ဒုက္ခ၊ အနတ္တ ဆိုတဲ့ ဝိပဿနာ တရားတော်တွေ ပွားရတယ် သမီးတော်လေးရဲ့။ အော်ဒီလိုလား ဘုရား။ မသိလိုပါဘုရား။ ဒီလိုဆိုရင် ပေးပေး၊ သပိတ်ပေးဘုရား ဆိုပြီးတော့ သပိတ်ထဲ မုန်ညင်းဆီတွေ ထည့်ထည့်ပြီးတော လှူတယ် သူက။
အရှင်ဘုရားကို တပည့်တော် ပါရမီဖြည့်ပေးမယ် ဘုရား။ အရှင်ဘုရား နေ့တိုင်းနေ့တိုင်း မြို့ထဲမယ် လှည့်ဆွမ်းခံရတာ ပင်ပန်းတယ်၊ အဲ့တော့ ဘယ်မှ မသွားနဲ့ တပည့်တော်ဆီ ဒီပြဿဒ်တန်းလာခဲ့။ တပည့်တော် နေ့တိုင်း နေ့တိုင်း တစ်သပိတ်၊ တစ်သပိတ် အပြည့်လှူမယ်။ ကောင်းပ…ကောင်းပ….သာဓု…သာဓု…သာဓု။
မနေ့တုန်းက မြတ်စွာဘုရားက မှာလိုက်သေးတယ်။ ဘယ်လို မှာတုန်းဘုရား။ သမီးတော်လေးက ဘုရားဆုပန်တယ်လို့ ဦးဇင်းက ပြောလိုက်တဲ့ အခါကျတော့ မိန်းကလေးဘဝနဲ့ ဘုရားဆုပန်လို့မပြည့်ဘူး။ နောက်ဘဝ ယောက်ျားလေးဖြစ်ပါရစေလို့ ဆုတောင်းလို့ မှာလိုက်တယ်။ အော် အဲဒီလိုလားဘုရား။ ဒီလိုဆိုရင် သပိတ်လေးကိုကပ်၊ ဘုရားတပည့်တော် မုန်ညင်းဆီလှူရတဲ့ ကုသိုလ်ကြောင့် နောင်ဘဝ ယောက်ျားလေးဖြစ်ပါရစေဘုရားလို့ ဆုပန်တယ်နော်။
အဲဒီလိုဆုပန်တဲ့ အတွက်နောက်ဘဝ ယောက်ျားလေးဖြစ်တယ်။ ဖြစ်တော့ ထားကြပါစို့ ။ ၁၆ သင်္ချေကို နှစ်ပုံ ပုံလိုက်တော့ ဘုရားဆုပန်လို့ စိတ်ထဲမယ် ဆုတောင်းတာ ကမ္ဘာပေါင်း (၇) သင်္ချေ။ ဘယ်လောက်ကြာတုန်း။ (၇) သင်္ချေကြာတယ်။ စိတ်ထဲတွင်မနေနိုင်တော့ တပည့်တော် ဘုရားတပည့်တော် ဒီကုသိုလ်ကြောင့် ဘုရာဖြစ်ပါရစေဘုရားလို့ အကျယ်ကြီးဆုတောင်းတာက (၉)သင်္ချေ။ စိတ်ထဲတွင် ဆုတောင်းတာက ဘယ်လောက်လဲ။ (၇)သင်္ချေ။ နှုတ်ရွတ်ပြီးတော့ ပါးစပ်က အော်ပြီးတော့ ဆုတောင်းတာက (၉)သင်္ချေ။ (၇)သင်္ချေ နဲ့ (၉)သင်္ချေ ပေါင်းလိုက်ရင် (၁၆) သင်္ချေ။ ပထမ (၇)သင်္ချေတွင် ဘုရာပေါင်း ဘယ်လောက်ပွင့်သလဲဆိုရင် ဘုရားပေါင်း ၁၂၅၀၀၀။
ပထမ (၇) သင်္ချေ အချိန်ကာလအားဖြင့် (၇)သင်္ချေ၊ အဲဒီ (၇)သင်္ချေအတွင်းမယ် ဘုရားပေါင်းပွင့်တာက ၁၂၅၀၀၀။ အဲဒီ ဘုရားပေါင်း ၁၂၅၀၀၀ ဆီမှာ ကုသိုလ်ကောင်းမှုပြုပြီးတော့ စိတ်ထဲတွင်သူကဆုပန်တာနော်။ စိတ်ထဲတွင် ဆုပန်တဲ့ ဘုရားပေါင်း ၁၂၅၀၀၀။ နောက်ထပ် ၉ သင်္ချေကြာတော့ စိတ်ထဲတွင် မနေနိုင်တော့ဘူးတဲ့။ သူက ကုသိုလ်ကောင်းမှုပြုပြီးရင် ဘုရားတပည့်တော် ဒီကုသိုလ်စေတနာကြောင့် ဘုရားဖြစ်ပါရစေဘုရားလို့ အကျယ်ကြီးဆုတောင်းတယ်။ အဲဒီလို နှုတ်နဲ့ အကျယ်ကြီးဆုတောင်းတဲ့ အချိန်ကာလ က ၉ သင်္ချေ။ ဘုရားပေါင်းက ၃၈၇၀၀၀ ။
အဲခုနက ၁၂၅၀၀၀ နဲ့ ခု ၃၈၇၀၀၀ ပေါင်းလိုက်စမ်း။ ၅၁၂၀၀၀ နော်။ ပေါ်ပြီမဟုတ်လား။ အေး… ဒွါဒသဉ္စ သဟဿကေ ပဉ္စသတ သဟဿာနိ ၅၁၂၀၀၀ သော ဘုရားရှင် တို့ကို့ တပည့်တော်ရှိခိုးပါ၏။ ဟုတ်လား။ အဲလိုနဲ့ ဘုရားဆုပန်လိုက်တာ သုမေဓာရသေ့ဘဝရောက်၊ သုမေဓာရသေ့ဘဝကနေ ပြီးတော့ သူကတောထဲမယ် တရားကျင့်နေတာ။
ရသေ့တွေ ဆိုတော့ တောထဲမယ် အကြာကြီးမနေရဘူးတဲ့။ တောထဲမယ် အကြာကြီးနေရင် အိုက်အိုဒင်းဆားဓါတ်နည်းပြီးတော့ လည်ပင်းကြီးရောဂါဖြစ်တယ်။ အဲဒီရောဂါကို အိုက်အိုဒင်းဆား စားလိုက်ရင်ပျောက်တယ်။ သုမေဓာရသေ့က ကဲ ငါလည်းဘဲ တော်ကြာ လည်ပင်းကြီးနေ လိမ့်မယ် ဆိုပြီးတော့ ကောင်းကင်ကပြန်လာ၊ အောက်မှာ လူတွေ တအုံးအုံးနဲ့ လူတွေတပျော်တပါးကြီး အလုပ်လုပ်နေတာ မြင်တော့ ဆင်းပြီးတော့ သူကမေးတယ်။
ဟေ့..ကောင်တွေ မင်းတို့ဘာလုပ်နေကြတာတုန်း တပျော်တပါးကြီးပါလား။ လောကသုံးပါး ဘုရားပွင့်ပြီလေ။ ဒီပင်္ကရာဘုရားပွင့်ပြီ။ နောက်တော်ပါ ရဟန်း လေးသိန်းနှင့်အတူ အခုဆွမ်းခံ ကြွမှာ။ မိုးတွေရွာလို့ ဒီမှာ ဗွက်တွေ ပြင်နေတာ ကျုပ်တို့ ဗွက်တွေ ဖို့နေတာဗျလို့ ပြောသတဲ့။ ဟာ....ဒီလိုဆိုရင် ငါလဲဘဲ ကုသိုလ် ပါဝင်အုံးမယ်ကွ။ ငါ့ကိုတစ်နေရာပေးလို့ ပြောကတဲ့။ ဦးရသေ့ကြီး ခင်ဗျားက မြေလျှိုးမိုးပျံ တန်ခိုးတွေ ရနေတော့ ဗွက်တွေ ထူတဲ့နေရာ ခင်ဗျားယူ။
ဗွက်ထူတဲ့နေရာပေးသတဲ့။ ပေးတော့လည်း အေးပါကွာ ဘယ်နေရာရရ ငါရသမျှ လုပ်မယ်ဆိုပြီးတော့ နီးတဲ့အိမ်လေးတစ်အိမ်က ပေါက်ပြားလေးတစ်လက်၊ တံရွင်းတစ်ချောင်း၊တောင်းတစ်လုံး ငှား။ မြေကြီးတွေ တူးပြီးတော့ သူကဖို့တာပေါ့။ ဖို့တော့ ပြီးခါနီး ဟောဒီလောက်ကလေးကျန်တော့တယ်။ တလံလောက်ကလေး။ အဲဒီလောက်ကလေးလဲကျန်ရော။ အော်..ဒီပင်္ကရာဘုရား နောက်တော်ပါရဟန်း လေးသိန်းနဲ့ ဆွမ်းခံကြွလာပြီခင်ဗျား။
ဆွမ်းလောင်းဖို့ ပြင်ကြပါလို့ နိဗ္ဗာန်ဆော်က ကြေးစည်လေးတီးပြီး ရှေ့ကနေဟစ်သတဲ့။ ဟာ..ဘုရားကြွလာပြီ ဘုရားကြွလာပြီ ဆိုပြီး ပြေးကြလွှားကြ ဆွမ်းတွေ၊ ဆွမ်းရံတွေပြင်ဆင်ကြပေါ့လေ။ သုမေဓာ ရသေ့လေးကျတော့ အရမ်းချစ်နေကြတာ။ သူ့ဘယ်သူမှ ဂရုမစိုက်၊ ကူဖေါ်လောင်ဖတ်လည်း မရှိဘူး။ ငါလည်း ခက်နေပြီ ဒီလောက်ကလေးကျမှ ကျန်နေတယ်။ ခက်ပြီ..ဘယ်လိုလုပ်ရပါ့မတုန်းဆိုပြီးတော့ သူက သင်္ကန်းကြီးဖြန့်ခင်း အဲဒီပေါ်မယ် ဝမ်းယားမှောက် ဘုရားကြွလာတဲ့ဘက် ခေါင်းပြုပြီးတော့ မြတ်စွာဘုရား တပည့်တော် ကျောပေါ် သံဃာတော် လေးသိန်းနှင့်တကွ နင်းလျှောက်ပါဘုရား။
ဗွက်ထဲကို မနင်းပါနဲ့ ဘုရား။ တပည့်တော်ကျောပေါ်နင်းပါဘုရားလို့ သူကအော်လျှောက်တယ်။ အော်လျှောက်တော့ ဟာ..အာဂယောက်ျားဘဲဟေ့။ သံဃာတော် လေးသိန်းနဲ့ တက်နင်းရင် သူသေမှာ အသေခံရဲတယ်။ တကယ့်ယောက်ျား၊ ဘယ်လို ပုဂ္ဂိုလ်လဲဟဲ့လို့ ကြည့်လိုက်တော့မှ အော်လွန်ခဲ့တဲ့ ဆယ်ခြောက်သင်္ချေတုန်းက သမီးတော်လေး ဖြစ်ပြီးတော့ ငါ့ကိုနေ့တိုင်းနေ့တိုင်းမုန်ညင်းဆီ တစ်သပိတ်လှူတဲ့ ပုဂ္ဂိုလ်လေးဘဲလို့သိသွားတယ်။ ဘုရားက။
အေး.. သုမေဓာရသေ့လေး ဆိုပြီးတော့ ခုန သမီးတော်လေးအကြောင်းပြန်ပြောင်းဟော၊ ဟောပြီးတော့ မင်းကျောပေါ်မလျှောက်ပါဘူးကွာ တို့ကောင်းကင်ကကြွမယ်ဆိုပြီးတော့ တန်းခိုးနဲ့ကြွ၊ ကြွပြီးတော့ သင်ဟာ ဒီကုသိုလ်စေတနာကြောင့် လေးသင်္ချေ နဲ့ ကမ္ဘာ တစ်သိန်းကြာတဲ့အခါ ဂေါတမ ဘုရားဖြစ်လိမ့်မယ်လို့ ဗျာဒိတ်ပေးသတဲ့။ သင်ဟာ ငါဦးဇင်းလေးဘဝတုန်းက နေ့တိုင်းနေ့တိုင်း မုန်ညင်းဆီ တစ်သပိတ်လှူတဲ့ ကုသိုလ်စေတနာကြောင့် သင့်နောက်ဆုံးဘဝ နာမည်က သိဒ္ဓတ္တ မင်းသားလို့ဖြစ်လိမ့်မယ်။
သိဒ္ဓတ္တ ဆိုတာ မုန်ညင်း တေလဆိုတာ ဆီ။ သိဒ္ဓတ္တတေလ ဆိုတော့ မုန်ညင်းဆီ ။ မုန်ညင်းဆီ တစ်သပိတ် တစ်သပိတ် လှူခဲ့တဲ့အတွက် အဲဒီစေတနာက အကျိုးပေးပြီးတော့ သင့်ရဲ့နောက်ဆုံးနာမည်သည် ဘာဖြစ်လိမ့်မတုန်း။ သိဒ္ဓတ္တမင်းသားလို့ ဖြစ်လိမ့်မယ်လို ဗျာဒိတ်ပေးသတဲ့။ အေး...အဲဒီမုန်ညင်းဆီလှူတဲ့ ကုသိုလ်စေတနာကံသည် ကမ္မပစ္စည်း၊ ဒီဘက်ဘဝမယ် သိဒ္ဓတ္တ လို့ နံမည်လေးရ၊ ဘုရားဖြစ်တာက ကမ္မပစ္စည်းရဲ့ ပစ္စယုပ္ပန် သဘောပေါက်လား။
ဘဝပေါင်း ကမ္ဘာပေါင်း သင်္ချေ ၂၀ နဲ့ ကမ္ဘာပေါင်း တစ်သိန်းကြာတယ်။ ပျောက်မသွားဘူးနော်။ အဲ့ဒီပျောက်မသွားတဲ့ သတ္တိလေးကို ကမ္မသတ္တိ။ ဟုတ်ကလား။ အဲဒါဆိုရင် အဖိုးတန်တယ် မဟုတ်လား။ အဲ...ဟုတ်ပြီ။တစ်ခေါက်လောက်ဆိုပြစမ်းပါအုံး။
ကဲ....တော်လိုက်ကြအုံးစို့။ သာဓု……သာဓု……သာဓု
ဗန်းမော်ဆရာတော်ကြီး