Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, November 21, 2016

မြေပုံမြို့နယ်​တွင် ဦးနှောက်မပါသော ကလေးတဦးမွေးဖွား

ရခိုင်ပြည်နယ် မြေပုံမြို့နယ်တွင် နိုင်ဝင်ဘာလ ၂၀ ရက်နေ့က ထူးဆန်းအံ့သြဖွယ်ရာ ဦးနှောက်မပါသော ကလေးတစ်ဦးမွေးဖွားခဲ့ကြောင်း သတင်းရရှိသည်။

သို့ရာတွင် ကလေးမှာ နာရီပိုင်းအတွင်း ဆေးရုံတွင် သေဆုံးသွားခဲ့သည်။

အဆိုပါ ကလေးမီဘများမှာ ၄င်းမြို့နယ် ခြံချောင်းကျေးရွာမှ ဖြစ်ပြီး သားသမီး ၄ ဦး မိခင် ဖြစ်ကြောင်း၊ ယခင် ကလေးများ မွေးဖွားစဉ်
ကောင်းမွန်စွာမွေးဖွားသော်လည်း ယခု ပဉ္စမမြောက်ကလေး အားမွေးဖွာရာတွင် ယခုကဲ့သို့ ထူးဆန်းစွာ မွေးဖွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ကလေးသေဆုံးသွားခဲ့သော်လည်း မိခင်မှာ ကျန်းမာလျှက်ရှိကြောင်း သိရသည်။
ယင်းသို့ ဦးနှောက်မပါသော ကလေးကိစ္စနှင့် ပတ်သတ်၍ ဒေသတွင်း ဇီကာဗိုင်းရပ်
ရောဂါဟု ကောလဟာလသတင်းများ ထွက် ပေါ်နေသော်လည်း ယခုကဲ့သို့ကလေးမွေးဖွားခြင်းမှာ ဇီကာဗိုင်းရပ်စ်ရောဂါမဟုတ်ဘဲ အခြားရောဂါတခုသာဖြစ်ကြောင်း မြေပုံမြို့နယ် ပြည်သူ့ဆေးရုံမှလက်ထောက်ဆရာဝန် ဒေါတာဝင်းနိုင်စိုးက ပြောသည်။

ဒေါက်တာဝင်းနိုင်စိုးက “ ဦးနှောက်ရဲ့အစိတ်အပိုင်းမပါတဲ့ ရောဂါပေါ့။ သန္ဓေသားတည်ဆောက်ပုံ ချွတ်ယွင်းချက်ကြောင့် ဖြစ်တဲ့ ရောဂါပါ။ ဒီရောဂါက ဇီကာဗိုင်းရပ်စ် မဟုတ်ဘူး၊ Anencephaly ဆိုတဲ့ရောဂါ လက္ခာဏာ ဖြစ်တယ်"ဟုပြောသည်။

အဆိုပါကလေးငယ်သည် မွေးဖွါးရာတွင်ဦးခေါင်းနှောက်ခွံမပါရှိဘဲ ယာဖက်မျက်စီးပြူး၍ ဘယ်ဖက်မျက်စီး ပိတ်လျှက်ယာဖက်ခြေချောင်း ခြောက်ခုပါရှိပြီး ခန္ဓာကိုယ်ပေါ်တွင်အနီရောင်အသီးကလေးများနှင့် အနီရောင်အကွက်ကလေးများပါရှိကြောင်း သိရသည်။

=================

မြတ်ထွန်းဇံ
ဓာတ်ပုံ ၊ လှကျော် ( fb )

News Watch Journal

No comments:

Post a Comment