Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, November 21, 2016

အဓမ္မပြုကျင့်ပြီး ရက်စက်စွာသတ်ဖြတ်မှု အသက်ကိုးနှစ်အရွယ် ပထမတန်းကျောင်းသူတစ်ဦးအပေါ် ကျူးလွန်မှုဖြစ်ပွား

ကော့သောင်း နိုဝင်ဘာ ၂၁

ကော့သောင်းမြို့ ၊ စူငယ်ဘာလိုင်းကျေးရွာအုပ်စု ၊ ချောင်းဖျားကြီးကျေးရွာတွင် အသက် ၉ နှစ်အရွယ်ရှိ ပထမတန်းကျောင်းသူတစ်ဦးအား အဓမ္မ ပြုကျင့်ရ်ျ ရက်စက်စွာသတ်ဖြတ်မှု နိုဝင်ဘာ ၁၇ ရက်က ဖြစ်ပွားခဲ့ပါသည်။
ဖြစ်စဉ်မှာအဆိုပါ ကျေးရွာနေ ဦးအောင်ထွန်း ခေါ် နောင်ဘိတိသည် အဆိုပါနေ့ ည ၈ နာရီခန့်က ရွာထဲမှ ဗီဒီယိုကြည့်ပြိးအပြန် သမီးဖြစ်သူ မမြတ်သူဝင်း အား နေအိမ်တွင် မတွေ့၇သဖြင့် ဇနီးဖြစ်သူအား ရွာထဲ ရှာဖွေခိုင်း၇ာ ရွာအတွင်းမတွေ့ရသဖြင့် ရွာသားများအကူအညီဖြင့် လိုက်လံရှာဖွေရာ ရွာအစွန်ရှိ ဒေါ်*** နေအိမ်နောက်ဘက် ပေ ၁၀၀ ခန့်အကွာ၌ ၀ါးရုံတောများအနီး ရက်စက်စွာ အဓမ္မ ပြုကျင့်ခံရပြီး ရင်ဝ ၊ ပါးစပ် ၊ လည်ဂုတ် ၊ ၀ဲဘက်လည်ပင်းတို့တွင် ထိုးသွင်းဒဏ်ရာ ၊ ၀ဲနားရွက်အောက်တို့တွင် ပြတ်ရှဒဏ်ရာများ၇ကာ သေဆုံးနေသည်ကိုတွေ့ရှိရပ်ါသည်။
အခင်းဖြစ်မှုနှင့်ပတ်သက်ရ်ျ
တရားခံများအား ကော့သောင်း ခရိုင်ရဲတပ်ဖွဲ့မှူး၏ ကြီးကြပ်မှုဖြင့် စုံစမ်းရှာဖွေရာ တရွာတည်းနေ အိမ်နီးချင်း ဇင်မင်းထွေး ၊ သားကြီး ၊ ဦးဘီအီး တို့ ၃ ဦးမှလူမဆန်စွာ အကြိမ်​ကြိမ်​ အဓမ္မ ပြုကျင့်ပြီး မ၀င်းဝင်းထွေး အကူအညီဖြင့် ပူပေါင်းကြံစည်သတ်ဖြတ်ခဲ့ကြောင်း နိုဝင်ဘာ ၂၀ ရက်နေ့ တွင် စုံစမ်းဖော်ထုတ်နိုင်ခဲ့ပါသည်။

ပြန်ဆက်
Credit Naing Soe Lwin






  • တောင်ကုတ်မြို့အရက်ဆိုင်က စွမ်းအားရှင်
  • ရည်းစားဟောင်းအကြောင်းဒေါသတကြီးပြောနေတဲ့ကောင်မလေး
  • ဈေးဝယ်သူဟန်ဆောင်ပြီး ဖုန်းကိုအလစ်သုတ်သွားသူ အလစ်သမား
  • ကလေးသုံးယောက်ကိုရိုက်နှက် ကန်ကျော်ကသတ်ခဲ့တဲ့တွံတေးပယောဂဆရာကိုသွားရောက်ဖမ်းဆီးစဉ်
  • EVER TOP Mobile sales and Serviceဖုန်းဆိုင်CCTV မှတ်တမ်း
  • CCTV တွင်ရိုက်ကူးထားသော အင်းစိန်၊ဒညင်းကုန်းကဖောက်ထွင်းမှု 
  • မန္တလေးတွင် ထိုးမှုများဆက်တိုက်ဖြစ်ပွားနေခြင်း
  • သားကြီး မယားကြီးရှိလျက်နှင့်တရွာတည်းနေမိန်းကလေးအားဖြားယောင်းပြီး ကိုယ်ဝန်ရှိလာသောအခါ ဟာဘတ်ပိုးသတ်ဆေးတိုက်၍ သတ်ဖြတ်
  • No comments:

    Post a Comment