Min Myat Maung
စစ်သုံးပုံစံ
ဪ…ဖစ်မှဖစ်ရလေ… အမေရိကန် အမျိုးသမီးစစ်သည်တွေအကြောင်း ရေးလိုက်မှ တချို့ကလည်း ကပ်သီးကပ်သပ် သိချင်ကြတယ်။ အမျိုးသမီးတွေ မတ်တပ်ရပ် ဘယ်လိုရှူရှူပေါက်သလဲတဲ့ဗျာ။
ခေတ်ဟောင်းအဆိုတော်ကြီး တွံတေးသိန်းတန်ရဲ့ ပြေးကြိုလှည့်ထွေးညို သီချင်းလိုပေါ့နော်။ "ထွေးညိုလေးရယ် သေးဆိုတာ မတ်တပ်ပေါက်ရတယ်" လို့ ဖျက်ဆိုထားတာ ကြားဖူးတယ်မဟုတ်လား။
စစ်တပ် ယာဉ်တန်းနဲ့ စစ်ဆင်ရေးခရီးထွက်ရင်း လမ်းဘေးတစ်နေရာမှာ မတ်တပ်ပန်းနေတဲ့ အမျိုးသမီးစစ်သည်တွေ ပုံကိုလည်း တွေ့လို့ ဗဟုသုတ တင်လိုက်ပါတယ်။ ဟုတ်ပါရဲ့ အဲလို ဟာလာဟင်းလင်း ကွင်းပြင်ကြီးထဲမှာ ထိုင်ပေါက်လို့မှ မရတာနော်။
ကဲ… အမျိုးသမီးတွေ မတ်တပ်ပန်းနိုင်အောင် ထုတ်လုပ်ထားတဲ့ ကတော့ပုံကို တင်ပေးထားပါတယ်။ အမေရိကားမှာတော့ ညစ်ပတ်တဲ့ အများသုံးအိမ်သာတွေပေါ် မထိုင်ချင်သူ၊ တောစခန်းထွက်သူ၊ ကားနဲ့ ခရီးရှည်သွားသူတွေလည်း သုံးကြပါသတဲ့။ မြန်မာနိုင်ငံမှာလည်း ညစ်ပတ်တဲ့ အိမ်သာပေါ် ထိုင်ရမှာ မသတီရင် ဒါမျိုးသုံးနိုင်ပါတယ်။ အွန်လိုင်းပေါ်မှာ ဝယ်ရင် ၈ ဒေါ်လာ ၁၀ ဒေါ်လာလောက်ပါပဲ။
Min Myat Maung
စစ်သုံးကိရိယာ အပြည့်အစုံ set ဖြစ်ပါတယ်။ ဓာတ်ဗူးလေး ချစ်စရာဆိုပြီး ရေနွေးထည့်မသောက်နဲ့နော်။
အရပ်သုံးပုံစံပါ။ ဝယ်လို့ရပါတယ်။
CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Monday, August 29, 2016
အမေရိကန် စစ်သမီးတွေမတ်တပ်ရပ်ပြီး အပေါ့အပါး ဘယ်လိုသွားသလဲ
အမေရိကန် စစ်သမီးတွေမတ်တပ်ရပ်ပြီး အပေါ့အပါး ဘယ်လိုသွားသလဲ
Reviewed by MP4 YoU
on
August 29, 2016
Rating: 5
Reviewed by MP4 YoU
on
August 29, 2016
Rating: 5
Subscribe to:
Post Comments (Atom)




No comments:
Post a Comment