Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, November 11, 2016

9/11, Brexit, ISISပေါ်ပေါက်လာမှုတို့ကို ကြက်သီးထဖွယ်ရှေ့ ဖြစ်ဟောခဲ့သူ မျက်မမြင်အဖွားအို


By netsetaw -
November 11, 2016
အမေရိကန်ရဲ့ (၄၄)ဆက်မြောက် သမ္မတဖြစ်တဲ့ ဘားရက်အိုဘားမားဟာ အမေရိကန်ရဲ့ နောက်ဆုံးသမ္မတဖြစ်လိမ့်
မယ်လို့ ကမ္ဘာကျော်ရှေ့ဖြစ်ဟောဆရာမကြီးက ဟောကိန်းထုတ်ခဲ့တယ်လို့ သိရပါတယ်။ ဒါပေမယ့် 2017 ဇန်န၀ါရီလ 20 ရက်နေ့မှာ ရွေးကောက်ပွဲ အနိုင်ရထားတဲ့ ဒေါ်နယ်ထရမ့်ကို တရားဝင် အာဏာလွှဲပေးရတော့မှာ ဖြစ်ပါတယ်။

အဆိုပါ ဆရာမကြီးရဲ့ အမည်ဟာ Baba လို့လူသိများတဲ့  Prophetess Baba Vanga ဖြစ်ပါတယ်။ သူမဟာ မျက်လုံးမ
မြင်ရတဲ့ ရှေ့ဖြစ်ဟောဆရာမကြီးဖြစ်ပြီး ဟောပြောမှု 80% ဟာ လုံးဝမှန်ကန်ကြောင်း အချက်အလတ်တွေက အတည်ပြုနိုင်ခဲ့သူ ဖြစ်ပါတယ်။

Baba ဟာ လက်ရှိအချိန်မှာ သက်ရှိထင်ရှား မရှိတော့ဘဲ အသက် 85 နှစ်အရွယ် 1999 ခုနှစ်မှာ ကွယ်လွန်ခဲ့ပါပြီ။ သူမ မသေခင်မှာ ဟောပြောသွားတဲ့ 9/11 အကြမ်းဖက်တိုက်ခိုက်မှုနဲ့၊ ISIS တွေ ပေါ်ထွန်းလာမယ့် နေ့ရက်ကို ဟောခဲ့တာဟာ ဒက်ထိ မှန်ကန်ခဲ့ပါတယ်။ Baba က ဘူးဂေးရီးယားနိုင်ငံသူဖြစ်ပြီး သူမရဲ့ ကြောက်ခမန်းလိလိ ဟောပြောချက်တွေ
ကြောင့် ရာစုနှစ်အတွင်း နာမည်အကြီးဆုံး ရှေ့ဖြစ်ဟောဆရာမတစ်ယောက်အဖြစ် ရပ်တည်နိုင်ခဲ့သူ ဖြစ်ပါတယ်။


Baba ရဲ့ ဟောပြောချက်ထဲမှာ ” အမေရိကန်ရဲ့ 44 ဆက်မြောက် သမ္မတဟာ လူမည်းဖြစ်မယ်၊ နောက်ဆုံး သမ္မတဖြစ်
မယ် … စီးပွားရေးပျက်ကပ်ကြောင့် 45 ဆက်မြောက် သမ္မတဆိုတာ ရှိလာမှာ မဟုတ်တော့ဘူး “လို့ အတိအလင်း ဟောခဲ့ပါတယ်။ အိုဘားမားနဲ့ပတ်သက်ပြီး သူမက ” လူတိုင်းက သူ့ကို ယုံကြည်ကြမယ် … ဒါပေမယ့် ဆန့်ကျင်ဘက် ရလာဒ်တွေသာ ဖြစ်လာမယ် … သူက ကမ္ဘာကြီးကို ဆုတ်ယုတ်စေမှာဖြစ်ပြီး၊ တောင်နဲ့မြောက်ကြားမှာ ပဋိပက္ခတရားတွေကို
ဖန်တီးခဲ့မှာဖြစ်ပြီး စစ်မက်ဖြစ်ပွားမယ် “လို့ ဟောပြောခဲ့ပါတယ်။

Baba ရဲ့ ဟောပြောချက်ကို သီအိုရီဆရာတွေကလည်း လက်ခံခဲ့ကြပါတယ်။ သူမ ဆိုလိုတဲ့ တောင်နဲ့မြောက် ပဋိပက္ခဆိုတာ လက်ရှိရင်ဆိုင်နေရတဲ့ ဥရောပနဲ့ မူစလင်နိုင်ငံတွေ့ရဲ့ ပြဿနာလို့ ကောက်ချက်ချရပြီး၊ လက်ရှိအရှိန်ဟာ မပြောပ
လောက်သေးတဲ့ အဆင့်သာ ရှိသေးတယ်လို့ ၎င်းတို့က ဆိုပါတယ်။ အဆိုပါ ပဋိပက္ခတွေ စတင်ခဲ့တာကလည်း သူမ ခန့်
မှန်းချက်ထဲမှာ ပါဝင်တဲ့ 2010 မှာ အာရပ်နွေဦးတော်လှန်းရေး ဖြစ်လိမ့်မယ်ဆိုတဲ့ အချက်ကနေ စတင်သန္ဓေတည်လာတဲ့ အကြောင်းအရာတွေ ဖြစ်နေပါတယ်။

အမေရိကန် 9/11 တိုက်ခိုက်မှုဖြစ်မယ်ဆိုတာကိုလည်း 1989 ခုနှစ်ကတည်းက ဟောကိန်းထုတ်ခဲ့ပါတယ်။ အဆိုပါ ဟောကိန်းမှာ ” ကြောက်စရာပဲ … ကြောက်စရာပဲ … အမေရိကန်နဲ့ ညီနောင်တွေ ကျဆုံးတော့မယ် … သူတို့ စတီးငှက်နှစ်ကောင် (လေယာဉ်ပျံတွေ) ရဲ့ တိုက်ခိုက်ခြင်းကို ခံရဖို့ သေချာနေပြီ “လို့ ဟောခဲ့ပါတယ်။ အခုအချိန်မှာတော့ ဒေါ်နယ်ထ
ရမ့်ဟာ သူမပြောသလို သမ္မတရာထူး ဆက်ခံခွင့်မရှိဘဲ ဟောပြောချက် ဒက်ထိမှန်မလားဆိုတာကတော့ အချိန် နှစ်လ
ကျော်လောက်အတွင်း အဖြေထွက်တော့မှာ ဖြစ်ပါတယ်။

နတ်စည်တော် (Shwemom)

source : thesun.co.uk


  • The Future First Lady, Melania Trump(အမေရိကန်သမ္မတကတော်ဖြစ်လာမည့်မီလာနီယာ ထရမ့်)
  • ထရမ့်ဘာကြောင့်နိုင်ခဲ့သလဲ
  • ကန်လွှတ်တော်နှစ်ရပ်လုံး Republican တို့ လွှမ်းမိုးဖွယ်ရှိ

  •   



    No comments:

    Post a Comment