Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, October 8, 2016

" မန္တလေး ပုလိပ် မြွေဘုရား "



ပလိပ်က မြွေဘုရားမှာ မြွေသုံးကောင် ရှိပါတယ်။
မနက်တိုင်း ၁၁ နာရီထိုးတာနဲ့ မြွေတွေကို ရေချိုးပေးကြပါတယ်။

ကိုယ့်အမြင်မှာတော့ .....

( 1 )
ရေမချိုးချင်ကြတဲ့ မြွေတွေကို လူတွေက ရေချိုးပေးနေကြတယ်။ အကြောင်းရင်းက ရေချိုးကန်ထဲမှာ မြွေတွေကို ထည့်ထားတော့ ရေမချိုးချင်ကြတဲ့ မြွေတွေဟာ သူတို့တတ်နိုင်သမျှသော ခွန်အားတွေနဲ့ ရုန်းကန်ရင်း ကန်ပေါ်ကို ပြန်တက်နေကြတာကို မြင်နေကြရတယ်။

>>> အဆိုပါ ကန်ထဲမှာ လားလားမှ မသက်ဆိုင်တဲ့ အလှူခံဖလားကို ပိုက်ဆံတွေနဲ့ ထည့်ထားတယ်။

( 2 )
ရေချိုးပြီးတဲ့ မြွေတွေကို အဝတ်တွေနဲ့သုတ်ကြသလို , အစားမစားချင်ကြတဲ့ မြွေတွေကို လူတစ်ယောက်က မြွေရဲ့ ခန္ဓာကိုယ်ကို ချုပ်တယ်။ နောက်လူတစ်ယောက်က မြွေရဲ့ ပါးစပ်ကို အတင်းဖြဲပြီး ဘောပင်နဲ့ မြွေရဲ့ ပါးစပ်ကို ကလန့်ပြီး ဟထားတယ်။ နောက် အမျိုးသမီးတစ်ယောက်က ဖေါက်ထားတဲ့ ကြက်ဥအရည်တွေကို အတင်းလောင်းထည့်တယ်။

ပါးစပ်ကလဲ " ဘယ်သူအစာကျွေးချင်သလဲ " လို့ မြန်မာတွေကို မေးတယ်။ ပြီးတော့ မြန်မာတွေကြားကောင်းအောင် " မျိုချလေ သမီး , မျိုးချလေ သား" ဆိုပြီး မြွေရဲ့ ပါးစပ်ထဲကို အတင်းလောင်းထည့်တယ်။ မမျိုချင်ပဲ အတင်းမျိုချလိုက်ရတဲ့ မြွေလေးခမျာ သူ့ခေါင်းကို မြေပြင်ပေါ်ကို ချလိုက်တာနဲ့ အစာတွေပြန်အန်ထွက်လာတာကို တွေ့ရပါတယ်။

*** တစ်ပတ်ကို တစ်ကြိမ် ငါး ကြွေးတယ် ပြောပါတယ်။
ကျန်ရက်များကိုတော့ ကြက်ဥကျွေးတယ် ပြောပါတယ် ။

ကိုယ့်အမြင်မှာတော့ နှိပ်စက်နည်းတစ်မျိုးလို့ပဲ ခံစားမိပါတယ်။ မြွေကလေးတွေကို ကြည့်နေရင်းက အသက်အရွယ် ၃၀ ကျော်နေပြီဖြစ်တဲ့ ကိုယ့်ကိုအတင်းချုပ်ပြီး ပါးစပ်ထဲမှာ ဘောပင်ကို ကလန့်လို့ မမျိုချင်တာတွေကို အတင်းမျိုချခိုင်းနေတဲ့ ခံစားမှူကို ခံစားရပါတယ်။

>>> အဆိုပါ ကြက်ဥကျွေးနေတဲ့အချိန်မှာ လားလားမှ မသက်ဆိုင်တဲ့ အလှူခံဖလားကို ချထားပြန်ပါသေးတယ်။

( 3 )
အစာကျွေးပြီးတဲ့ မြွေတွေကို လမ်းလျှောက်ခိုင်းပါတယ်။
ကိုယ့်အထင် အားလုံးနဲ့ ဝေးရာကို ထွက်သွားချင်နေကြတဲ့ မြွေတွေရဲ့ ဦးတည်ချက်က တံခါးပေါက်ဆီ ....

သို့သော် ....
တံခါးဆီကို ဦးတည်နေတဲ့ မြွေတွေရဲ့ သွားရာလမ်းကြောင်းကို ပိတ်ပြီး မြွေရဲ့ ဦးခေါင်းကို သပ်ကာ သပ်ကာ ကိုင်ပါလို့ ဘုရားပေါ်ကို ရောက်အောင် ပြန်တက်ခိုင်းကြပါတယ်။
အရမ်းကြီးတဲ့ မြွေကိုတော့ လူတွေကိုယ်တိုင် မ ပြီး ဘုရားပေါ်တင်ကြတာကို တွေ့ရပါတယ်။

အဲ့ဒီလို မြွေတွေကို တင်ထားတဲ့ , မြွေတွေရှိနေတဲ့ဘုရားကို လူတွေက ထိုင်ပြီး ရှိခိုးကြပါတယ်။
တကယ်တော့ ဘုရားကြောင့် လူတွေကလာတာမဟုတ်ပဲ မြွေကြောင့်သာ အထူးအဆန်းသဖွယ် လာကြည့်ရင်း ဘုရားက လူစည်တာမို့ မြွေတွေကို ဘယ်မှမသွားနိုင်အောင် လုပ်ထားတယ် ထင်ပါတယ်။

လူတွေကလဲ ....
အထူးသဖြင့် မြန်မာတွေကလဲ ဘုမသိ ဘမသိပဲ ဘုရားမှန်းမသိ မြွေမှန်းမသိ ရှိခိုးနေကြပါတော့တယ် ။

*** အဲ့ဒီအချိန်မှာ ဝင်လာတဲ့ အတွေးက .....

* မြန်မာပြည်မှာ မိန်းမအဖြစ် မွေးဖွားလာရပြီး ကောင်းမှူကုသိုလ်လုပ်နေတဲ့ .....
* ဘုရားမှာ ဆွမ်းကပ်ဖို့ , ဘုန်းကြီးတွေကို ဆွမ်းကပ်ဖို့ ဝေရာဝိစ္စတွေကို တစ်ချက်ကလေးမှ မညည်းမညူပဲ ကောင်းမှူတွေကို ပြုလုပ်နေတဲ့ .....
* ယောကျာ်းတွေအပေါ်တင်သာ မက , သားသမီးတွေအပေါ် , တွေ့မြင်သမျှသော သူတွေအပေါ်မှာ စိတ်ရှည် သည်းခံပြီး မေတ္တာတရား ထားနိုင်တဲ့ .....
* မြတ်စွာဘုရားရှင်တောင် တကူးတကနဲ့ တရားရေအေး တိုက်ကျွေးရတဲ့ မိန်းမဆိုသော ဘဝဖြစ်တည်ရသော မိန်းမဘဝ .....
* ထိုမိန်းမဆိုသော သူတွေသာ မရှိရင် အဆိုပါယောကျာ်းတွေဆိုတာ ဖြစ်မလာနိုင်တဲ့ ....
* မြတ်စွာဘုရားတောင် မိန်းမတစ်ယောက်ရဲ့ ဝမ်းကြာတိုက်မှာ လပေါင်း ၁၀ လတိတိနေခဲ့ရတဲ့ မိန်းမတွေရဲ့ အရေးပါမှူ .....

*** ထိုမျှ အရေးပါသော မိန်းမတွေကိုတော့ .....
ဘုရားနား မကပ်ရ , မဟာမုနိအတွင်းထဲမဝင်ရ , ကျိုက်ထီးရိုးဘုရား လုံးပတ်တော်နား မသွားရဆိုတဲ့ ပဉာတ်ချက်တွေ ထားရှိပြီး .......

>>> ဪ ....
မြွေ အမ ကျတော့ ဘုရားတဲ့တစ်တန်းတည်း , ပလ္လင်ပေါ်မှာ ဇိမ်ကျကျခွေနေလို့ လူတွေရဲ့ ဖူးမျှော်ခြင်းကို ခံနေတာ .....

>>> ရှိနေတဲ့ မြွေသုံးကောင်သည်လည်း တစ်ခါတစ်လေမှာ မြွေထီး မြွေမ ဘုရားပလ္လင်တော်ပေါ်မှာ နှစ်ကောင်သားခွေရက်တွေ တူတူရှိနေကြတာဟာလဲ သူတို့အချင်းချင်း မြတ်စွာဘုရား ဆင်းတုတော်နားမှာ ထပ်ရက် နေနေကြရင်း .....
( မှတ်ချက် : ဘုန်းကြီး နဲ့ သီလရှင်များတောင် တဏှာ ရာဂ ကို စွန့်လွှတ်ထားကြပေမယ့် တူတူနေဖို့ မသင့်တော်သလို , ဘုရားပလ္လင်ပေါ်မှာ မိတ်လိုက်နေမှန်းမသိ ဘာမှန်းမသိ နှစ်ကောင်သားထပ်နေကြရင်း ) လူတွေရဲ့ ဖူးမျှော်ခြင်းကို ခံနေကြတာကိုကြည့်ရင်းက ....

လူစင်စစ် အမျိုးသမီးများဟာ အဟိတ် တိရိစ္ဆာန်လောက်တောင် မမြင့်မြတ်ကြတော့ဘူးလားးးး .... ,?

ဘုန်းကြီးဟောသလို ဘုရားနားကို အမျိုးသမီးများ မဝင်ရဆိုသည်မှာ
That not religion , that a tradition ဆိုပြီးပြောနေရပေမယ့် အဲ့ဒီ tradition ဆိုတာကို မပြောင်းနိုင်သေးတဲ့ ကိုယ်တွေကပဲ ညံ့နေသေးတာလားးး ...... ,?

မနေ့က ဧည့်သည်ပြောသွားတဲ့အထဲက မှတ်သားမိတာလေးတစ်ခုကတော့ ....
ယောကျာ်းတွေက မိန်းမတွေကို သူတို့လောက် မမြင့်မြတ်ဘူးဆိုပြီး နှိမ့်ချထားတဲ့ အကြောင်းရင်းက .....

၁ ) မိန်းမတွေသည် အရမ်းကို ထက်မြတ်ကြတာကြောင့်ပါ တဲ့ ။
ကမ္ဘာပေါ်မှာ ရှိရှိသမျှသော ထက်မြက်သူအပေါင်းဟာ မိန်းမတွေချည်း ဖြစ်ကြသလို ....
အောင်မြင်တဲ့ စီးပွားရေးသမားတွေရဲ့ အကြံဉာဏ်တွေ အားလုံးဟာ မိန်းမတွေဆီကနေ လာကြတာမို့ ...
မိန်းမတွေသာ အရမ်းထက်မြက်လွန်းသွားရင် သူတို့ကို မလိုအပ်ကြတော့မှာကို ကြောက်ကြတဲ့စိတ်နဲ့ .....
သူတို့ထက်ကျော်သွားမှာ ကြောက်ကြတဲ့ စိတ်ကြောင့် မိန်းမတွေကို တမင်သက်သက် နှိမ့်ချထားခြင်းဖြစ်သည် တဲ့ ။

၂ ) သူတို့သည် အဘယ်သို့သော အကြောင်းကြောင်းမှ ကလေးမရနိုင်သောကြောင့် , မြင့်မြတ်သောမိခင် , ဘုရားမယ်တော်ဆိုသောဂုဏ်ကို မယူနိုင်သောကြောင့် ....
အဆိုပါဂုဏ်တွေကို ရရှိထားသော မိန်းမတွေကို တမင်နှိမ့်ချထားခြင်းဖြစ်ပါသည် တဲ့ ။

၃ ) ယောကျာ်းတွေမှာ ရာသီလာခြင်းဆိုတာ မရှိတဲ့အတွက် ကလေးဆိုတာကို သဘာဝအရ ဘယ်လိုမှ မရယူနိုင်သောကြောင့် ကလေးရယူနိုင်သော မိန်းမများကို တမင်သက်သက် နှိမ့်ချထားခြင်းပါတဲ့ ။

ထို့အတူ ......
မြွေနဲ့ပက်သက်သမျှ မေးလာတဲ့ ဧည့်သည်တွေရဲ့ မေးခွန်းပေါင်းစုံကို ကြည့်ကောင်းအောင် လှည့်ပတ်ဖြေကြားရတာလဲ တစ်ရက် တစ်ရက် လိမ်ညာမှူတွေ ဘယ်နှကြိမ်ပြောမိမှန်းတောင် ကိုယ့်ဘာသာ မမှတ်မိချင် .....

ကိုကိုယ်တိုင်က ဗုဒ္ဓဘာသာဖြစ်ပေမယ့် အဆိုပါ မြွေတွေရှိနေတဲ့ဘုရားကိုတော့ တစ်ခါမှ သေချာထိုင်ပြီး မရှိခိုးဖူးသလို .....

မြွေတွေကို ရှိခိုးနေတဲ့ မြန်မာတွေကို ကြည့်ရင်းက ကိုယ်ရှိခိုးနေတဲ့ အရာက ဘာလဲဆိုတာလဲ ဆင်ခြင်စေချင်မိပါရဲ့ ......
ကန့်ကော်နိုင်






No comments:

Post a Comment