Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, November 17, 2016

ချစ်ခင်မြတ်နိုးရသူ တစ်ယောက်သေဆုံးရင် လက်တစ်ချောင်းဖြတ်ပစ်လေ့ရှိတဲ့ မျိုးနွယ်စု




အင်ဒိုနီးရှားနိုင်ငံ နယူးဂီနီယာအနောက်ပိုင်းမှာ နေထိုင်တဲ့ ကမ္ဘာကျော် Daniလူရိုင်းမျိုးနွယ်စုအကြောင်းကို Shwemom က သုံးလေးချိန်လောက် ဖော်ပြခဲ့ဖူးပါတယ်။ သူတို့တစ်တွေရဲ့ ဓလေ့ထုံးတမ်းတွေအကြောင်းနဲ့ ၀တ်စားဆင်ယင်မှုတွေအကြောင်းကို သိတန်သလောက် သိပြီးလောက်ပါပြီ။
Dani မျိုးနွယ်စုဟာ ရေးအစဉ်အလာအတိုင်း သူတို့ရဲ့ ယဉ်ကျေးမှုဓလေ့ထုံးတမ်းတွေကို ခေတ်အဆက်ဆက် ကျင့်သုံးလာခဲ့တဲ့၊ ကမ္ဘာပေါ်မှာ တစ်စုတည်း ကျန်တော့တယ်လို့ ယူဆလို့ရတဲ့ မျိုးနွယ်စုတစ်ခု ဖြစ်ပါတယ်။ သူတို့ဆီမှာ ထူးဆန်းတဲ့ အလေအထတွေကဖြင့် ကမ္ဘာလှည့်ခရီးသည်တွေ တစ်ခါ သွားလေ့လာတိုင်း သူတို့အကြောင်း ပြောစရာတစ်ခုတော့ ပါလာတတ်စမြဲပါဘဲ။
အခုလည်း အဲဒီ Dani မျိုးနွယ်စုတွေဟာ သူတို့ ဆွေမျိုးမိတ်ဆွေတွေထဲက အကြီးအကဲ၊ သို့မဟုတ် လင်ယောက်ျား၊ သားသမီး စတဲ့ သူတို့ သိပ်ကို ချစ်မြတ်နိုးရတဲ့ လူတစ်ယောက် ကွယ်လွန်ရင် အဲဒီကွယ်လွန်သူနဲ့ ပတ်သက်တဲ့ အမျိုးသမီးတွေက လက်ချောင်းတစ်ချောင်းကို ဖြတ်ပစ်လေ့ရှိပါတယ်။
လက်ချောင်းတစ်ချောင်းဆိုတာထက် လက်ချောင်းရဲ့ အပေါ်ဆုံး လက်စစ်ကို ဖြတ်ပစ်တာလို့ သိရပါတယ်။ ဒါက သေဆုံးသူကို သူရဲ့ သွေးလွှမ်းတဲ့လက်တစ်ချောင်းနဲ့အတူ နောက်ဆုံးဂုဏ်ပြုခြင်းဖြစ်တယ်လို့ သိရပါတယ်။ အမျိုးသမီးတွေသာ လက်ညှိုးဖြတ်ပြီး ဂုဏ်ပြုကြကြောင်း ဒီသတင်းကို သွားရောက်ရယူခဲ့တဲ့ Teh Han (စင်္ကာပူ)က ပြောပြပါတယ်။
Han က ” ကျွန်တော်က ဒီအယူအဆကို သိပ်ကို ရက်စက်လွန်းပြီး၊ လူသားမဆန်တဲ့ အပြုအမူလို့ မြင်ပါတယ် … ဒါပေ
မယ့် သူတို့အတွက်ကတော့ သေဆုံးသူရဲ့ ကြီးမြတ်ခြင်းကို ဒီလောက်ကလေးနဲ့ ဂုဏ်ပြုရတာကို တင်းတိမ်တဲ့သဘောမျိုး မရှိပါဘူး … “လို့ ပြောခဲ့ပါတယ်။
ညီလင်းထက် (Shwemom)
source : thesun.co.uk







No comments:

Post a Comment