Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, November 9, 2016

မိမိရဲ့ခန္ဓာကိုယ်ကို ရောင်းချခဲ့ပြီး မိခင်ရဲ့ကင်ဆာကိုကုသဖို့ကြိုးစားနေတဲ့မိန်းမပျို

By netsetaw -
November 9, 2016


တရုတ်နိုင်ငံက အသက် 19 နှစ်အရွယ်သာ ရှိသေးတဲ့ Cao Mengyuan  အမည်ရ မိန်းမပျိုလေးဟာ မိခင်ရဲ့ အရေပြား
ကင်ဆာကို ကုသနိုင်ဖို့အတွက် သူမရဲ့ ခန္ဓာကိုယ်တစ်ခုလုံး ကြိုက်သလို အသုံးချနိုင်ပါတယ်ဆိုပြီး WeChat ကို အသုံးပြုကာ ကြေငြာခဲ့ပါတယ်။ Cao ရဲ့ ပြောစကားအရ မိခင်ရဲ့ရောဂါကို အရှင်းပျောက်ကင်းအောင် ကုသဖို့အတွက် ယန်း 350000 အထိ ကုန်ကျမှာ ဖြစ်ပါတယ်။

အဆိုပါ ငွေကြေးဟာ ယူရို 41000 နဲ့ ညီမျှတဲ့ ပမာဏ ဖြစ်ပါတယ်။ သူမတို့ လိုအပ်တဲ့ ငွေကြေး သို့မဟုတ် ဒီထက်မြင့်မားတဲ့ ပမာဏ ပေးစွမ်းနိုင်သူဟာ သူမရဲ့ ခန္ဓာကိုယ်ကို အပိုင်ရရှိလိမ့်မယ်လို့ ဆိုပါတယ်။ အတွင်းသတင်းကနေ ထွက်ပေါ်လာတဲ့ သတင်းအရ အမည်မဖော်လိုသူ သူဌေးတစ်ယောက်က ဆေးဖိုးကုန်ကျသမျှ ပိုက်ဆံကို အကူအညီပေးမယ်လို့
ကမ်းလှမ်းခဲ့တယ်လို့ ဆိုပါတယ်။

ဒါပေမယ့် အပေးအယူကိုတော့ ရှင်းရှင်းလင်းလင်း မသိရသေးဘဲ စေတနာသက်သက် ကူညီခြင်းလား၊ လိုရာသုံးဖို့အ
တွက် ကမ်းလှမ်းခြင်းလာဆိုတာကတော့ ရေရေရာရာ မထုတ်ဖော်သေးပါဘူး။ Cao ရဲ့ ကြေငြာချက်မှာ သူမဟာ Gaozhou မြို့အစွန်က တောရွာကလေးမှာ မွေးဖွားသူဖြစ်ကြောင်း၊ သူမရဲ့ အသက် 45 နှစ်အရွယ် အမေက လယ်သူမ
လုပ်ပြီး သူမတို့ကို ကျွေးမွေးစောင့်ရှောက်ခဲ့ကြောင်း ဖော်ပြခဲ့ပါတယ်။

သူမတို့မှာ ဆင်းရဲသား မိသားစုဖြစ်တဲ့အတွက် ဆေးဘက်အာမခံလည်း မရရှိခဲ့ဘဲ အခုလိုအခြေအနေမှာ ဆေးဝါးကုသဖို့ ပေါင် 41000 သို့မဟုတ် ဒီထက်ပိုများတဲ့ ငွေပမာဏ အရေးပေါ်လိုအပ်နေတယ်လို့ သူမက ဖော်ပြခဲ့ပါတယ်။ သူမရဲ့
ကြော်ငြာထဲမှာ ” ကျွန်မကို ကြင်နာတတ်တဲ့ နှလုံးသားပိုင်ရှင် တစ်ယောက်ယောက်က ၀ယ်မယ်ဆို ၀ယ်နိုင်ပါတယ် … ဒါမှသာ ကျွန်မအမေ ဆေးကုရမှာပါ … “လို့ ဖော်ပြခဲ့ပါတယ်။

ဒါ့အပြင် Cao က ” အရောင်းအ၀ယ် တည့်သွားရင် … ၀ယ်သူရဲ့ သဘောဆန္ဒအတိုင်း
ကျွန်မ ခန္ဓာကိုယ်ကို လိုရာသုံးဖို့
ပေးဆပ်မှာပါ … ကျွန်မစကားကို ပြန်ပြီး ရုပ်သိမ်းဖို့ မရှိပါဘူး … “လို့ သူမက အာမခံခဲ့ပါသေးတယ်။

နတ်စည်တော် (Shwemom)

source : thesun.co.uk





No comments:

Post a Comment