Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, October 4, 2016

မင်းသမီးကို မြွေကိုက်ခံရမည့်ရန်မှ ကယ်ရမည့်အခန်း ရိုက်ကူးရာ မင်းသားမြွေကိုက်ခံရ


မန္တလေး၊ အောက်တိုဘာ ၄။

မန္တလေးမြို့တွင် ရိုက်ကူးလျှက်ရှိသည့် "နှလုံးသွေးနဲ့ရေးတဲ့ ကဗ္ဗည်း"ဇာတ်ကားမှ မင်းသမီးကို မြွေကိုက်ခံရမည့်ရန်မှ ကယ်ရမည့်အခန်း ရိုက်ကူးရာ မင်းသားမြွေကိုက်ခံရသည့်အတွက် အောက်တိုဘာလ (၄) ရက်နေ့က မန္တလေးအထွေထွေ ရောဂါကုဆေးရုံကြီးတွင် ဆေးကုသမှု ခံယူနေရသည် ။

ယင်း"နှလုံးသွေးနဲ့ရေးတဲ့ ကဗ္ဗည်း"ဇာတ်ကားအား မင်းသားမင်းရာဇာနှင့် မင်းသမီး စိုးနန္ဒာကျော် တို့ဖြင့်ရိုက်ကူးလျှက်ရှိရာ အမရပူရမြို့နယ် ရှမ်းကလေးကျွန်းအနီးရှိ လယ်ကွင်းအတွင်း ရိုက်ကူးမှုများ ပြုလုပ်စဉ် မြွေကိုက်ခံရခြင်းဖြစ်သည်ဟု သိရသည်။

"ဇာတ်ကားထဲမှာ မင်းသမီးပိုးထိလို့ ကျွန်တော်က အဆိပ်ကို ပါးစပ်နဲ့ စုပ်ထုတ်ပေးပြီး သေသွားမယ့်အခန်းကိုရိုက်ရမှာဖြစ်တယ် ။လယ်ကွင်းထဲမှာ လမ်းလျောက်နေရင်း မင်းသမီးပိုးမထိပဲ ကျွန်တော်တကယ်ထိသွားတာပါ"ဟု သရုပ်ဆောင်မင်းသားမင်းရာဇာက ပြောသည်။

သရုပ်ဆောင် မင်းရာဇာ၏ ဘယ်ဘက်ခြေသလုံးကို အောက်တိုဘာလ ၄ ရက်နေ့ နံနက် ၁၀ နာရီခန့်က မြွေကိုက်ခံခဲ့ရပြီး စိုးရိမ်ရခြင်းမရှိသော်လည်း နှစ်နာရီခြားတစ်ခါ သွေးစစ်ခြင်း နှင့် စောင့်ကြည့်နေရသည့် အခြေအနေဖြစ်ကြောင်း သိရသည်။

နိုင်လင်းဦး
Central News Myanmar
https://www.facebook.com/CNMyanmar/

No comments:

Post a Comment