Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, November 22, 2016

ငရဲပြည်နှုတ်ခမ်းဝကို ရောက်ခဲ့ကြောင်း ၀န်ခံခဲ့တဲ့ သေရွာပြန်ဒေါက်တာ


By netsetaw -
November 21, 2016

ဒေါက်တာ  Rajiv Parti အမည်ရတဲ့သူဟာ ဆီးကြိတ်ကင်ဆာကို ခွဲစိတ်မှု ခံယူနေစဉ်မှာ သတိလစ်မေ့မျော့ကာ ၀ိဥာဉ်
လွင့်သွားခဲ့ပြီး၊ ထူးဆန်းတဲ့ အတွေ့အကြုံတွေ ခံစားခဲ့ရကြောင်း ဖွင့်ဟခဲ့ပါတယ်။ Rajiv ဟာ အမေရိကန် ကယ်လီဖိုးနီးယားပြည်နယ်ရှိ Bakersfield Heart Hospital ဆေးရုံမှာမှာ မေ့ဆေးဆရာဝန်အဖြစ် တာဝန်ထမ်းဆောင်နေသူ ဖြစ်ပါ
တယ်။

အသက် 51 နှစ်အရွယ် Rajiv ဟာ သူရဲ့ ဆီးကြိတ်ကင်ဆာကို ခွဲစိတ်မှု ခံယူနေစဉ် သူ့ကို သေဆုံးသွားတဲ့ မိဘတွေက လာရောက်စောင့်ကြည့်နေတယ်လို့ ခံစားရပြီး၊ ဒါဟာ ဆေးတွေရဲ့ ဘေးထွက်ဆိုးကျိုးတွေကြောင့် ဒီလိုဖြစ်တာပါလို့ သူ့ဘာသာသူ ယူဆခဲ့ပါတယ်။

ဒါပေမယ့် သူရဲ့ ငါးကြိမ်မြောက် ခွဲစိတ်မှုမှာတော့ သူဟာ အပြင်းအထန် ဖျားခဲ့ပြီး အပူချိန် 105F – 40C အထိ ရှိခဲ့တယ်လို့ သိရပါတယ်။ အဲဒီနောက် သူဟာ အိပ်မောကျသွားသလို ခံစားခဲ့ရပြီး ၀ိဥာဉ်လွင့်သွားခဲ့ပါတယ်။ သူ့ကို ခွဲစိတ်နေတဲ့ ဆရာဝန်တွေကို သူကိုယ်တိုင် မြင်နေရတယ်လို့ သူက ပြောခဲ့ပါတယ်။


Rajiv က ” ဒါက ဘာနဲ့တူသလဲ ဆိုရင် အထပ် 20 လောက်ရှိတဲ့ အဆောက်ဦကြီးပေါ်ကနေ ပြုတ်ကျတဲ့ အတိုင်းပါဘဲ … အဲဒီနောက် စိတ်အာရုံတွေ ပြန်စုဆည်းနိုင်ခဲ့တယ် … ကျနော့်အခန်းထဲက မျက်နှာကျက်ကိုလည်း အနီးကပ်မြင်နေရ
တယ် … “လို့ ပြောခဲ့ပါတယ်။

သူရဲ့ ၀ိဥာဉ်ဟာ ဇာတိမြေ နယူးဒေလီကိုလည်း ပြန်ရောက်ခဲ့ပြီး၊ သူ့အမေက အစိမ်းရောင်ဆာရီကို ၀တ်ထားသလို၊ ညီမလေးနဲ့အတူတူ အစားအစာ ချက်ပြုတ်နေတာကိုလည်း တွေ့ခဲ့ရတယ်လို့ ပြောပြပါတယ်။ ဒါဟာ ငရဲပြည်ရဲ့ နှုတ်ခမ်းဝ
ဖြစ်ပြီး ချောက်ကမ်းပါးကြီး အစွန်းကို လျှောက်နေရတာနဲ့လည်း တူညီကြောင်းသူက ပြောခဲ့ပါတယ်။

ဒါ့အပြင် Rajiv က နှလုံးရောဂါနဲ့ သေဆုံးခဲ့တဲ့သူတွေကိုလည်း တွေ့ဆုံခဲ့ပြီး နောက်ဆုံး ကွယ်လွန်သွားပြီဖြစ်တဲ့ သူ့ဖ
ခင်ကို အသက် 30 လောက် ပိုငယ်တဲ့ ရုပ်သွင်နဲ့ ပြန်လည်တွေ့ခဲ့ရတယ်လို့ အတည်ပြုခဲ့ပါတယ်။ သူ့ဖခင်ဟာ ငရဲကနေ သူ့ကို ကယ်တင်လာသူဖြစ်ပြီး လူပြည်ကိုရောက်အောင် ပြန်လည် ပို့ဆောင်ပေးခဲ့တယ်လို့ Rajiv က ဆိုပါတယ်။


ဒီကိစ္စနဲ့ပတ်သက်ပြီး လူတစ်ချို့ ယုံတစ်ဝက် မယုံတစ်ဝက်နဲ့ ရှိနေကြပါတယ်။ Rajiv ရဲ့ ခွဲစိတ်မှုကလည်း အောင်မြင်ခဲ့ပါတယ်။ လူတွေ ယုံတာ မယုံတာ အပထား Rajiv ကတော့ အလုပ်ကိုလည်း စွန့်လွှတ်ခဲ့သလို၊ သူရဲ့ ဈေးကြီးပေးကာ ၀ယ်ထားရတဲ့ Porsche အမျိုးအစား ကားနဲ့ Hummer အမျိုးအစား ကားတွေကို ရောင်းချခဲ့ပြီး သူ့အိမ်ကြီးကိုလည်း အရွယ်အစား သေးသေးလေးအဖြစ် ပြင်ဆောက်ခဲ့ပါတယ်။ လာရောက်သတင်းမေးတဲ့ သူတွေကို တရားထိုင်ဖို့ လမ်းပြနေပြီး၊ အခြားကုထုံးတွေနဲ့လည်း ကုသပေးနေတယ်လို့ သိရပါတယ်။

နတ်စည်တော် (Shwemom)

source : mirror.co.uk



No comments:

Post a Comment