Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, July 31, 2015

တပ်မတော်သား (၅၀)ဦးကိုသာ ကြံ့ခိုင်ရေး ကိုယ်စားလှယ်အဖြစ် လက်ခံမည်


        ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီသို့ ၀င်ရောက်ရန် လျှောက်ထားသော တပ်မတော်သားများထဲမှ (၅၀)ဦးကိုသာ လွှတ်တော် ကိုယ်စားလှယ်အဖြစ် လက်ခံမည် ဖြစ်ကြောင်း သတင်းရရှိသည်။

        “မြေပြင်ဒေသမှ ခပ်ညံ့ညံ့ ပုဂ္ဂိုလ် ဖြစ်နေတယ်။ သို့သော် အကျိုးရှိမယ်ဆိုရင်လည်း ဗိုလ်ချုပ်ကြီးတွေအစား ဒေသခံကိုပဲ ပေးမယ်။ ဒါပေမဲ့ အချို့နေရာမှာ အသက် ကြီးသွားလို့ မပြိုင်တဲ့နေရာတွေမှာ ဗိုလ်ချုပ်တွေကို စိစစ်ပြီး လုပ်မှာပါ”ဟု ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုကော်မတီ အဖွဲ့ဝင် ဦးလှဆွေက The Messenger Media သို့ ပြောသည်။

        တပ်မတော်သားများသည် ယူနီဖောင်း ချွတ်လိုက်ပြီးကတည်းက အရပ်သား ဖြစ်သွားပြီဖြစ်ရာ၊ ဗိုလ်ချုပ်ကြီးများသည် မည်သူနှင့်မဆို ယှဉ်ပြိုင်နိုင်ပြီ ဖြစ်ကြောင်း၊ သို့သော် လက်ရှိ လွှတ်တော် ကိုယ်စားလှယ်များကို ဦးစားပေးမည် ဖြစ်ကြောင်း၊ အသက်ကြီးသွားသော လွှတ်တော် ကိုယ်စားလှယ်များ နေရာတွင် တပ်မတော်သားများကို အစားထိုးမည်ဖြစ်ပြီး၊ လူတိုင်းအား ရွေးကောက်ပွဲ ၀င်ခိုင်းမည် မဟုတ်ဘဲ တချို့ကို ပါတီဝင်အဖြစ် ဆက်လက် ထားရှိမည် ဖြစ်ကြောင်းလည်း ဦးလှဆွေက ဆိုသည်။ တပ်မတော်မှ ယင်းပါတီသို့ ၀င်ရောက်ရန် လျှောက်ထားသူ (၁၃၀) ကျော် ရှိနေကြောင်းလည်း သိရသည်။

         “ရန်ကုန်မှာ တပ်မတော်သား ကိုယ်စားလှယ် ခြောက်ဦး ယှဉ်ပြိုင်မှာပါ။ ကျွန်တော်တို့ဆီကို သဘောထား တောင်းပြီး သူတို့လုပ်တာပါ”ဟု ရန်ကုန်တိုင်းဒေသကြီး ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အထွေထွေ အတွင်းရေးမှူး ဦးသာဝင်းက The Messenger Media သို့ ပြောသည်။

          ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီတွင် တပ်မတော်သား ဗိုလ်ချုပ်ဟောင်းများ ကိုယ်စားလှယ်အဖြစ် ၀င်ရောက် ယှဉ်ပြိုင်မည့်အပြင် ပြည်ထောင်စုဝန်ကြီး ဦးအုန်းမြင့်၊ ပြည်ထောင်စု ၀န်ကြီး ဦးခင်မောင်စိုး၊ ပြည်ထောင်စု ၀န်ကြီး ဦးသန်းအောင်၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဒုတိယ၀န်ကြီး ဒေါက်တာပွင့်ဆန်းတို့ အပြင် တခြားဝန်ကြီးများလည်း ၀င်ရောက် ယှဉ်ပြိုင်မည် ဖြစ်သည်။
http://messengernewsjournal.com/News/Local/detail.php?id=41648

ကန်က ဂျပန်ကို ထောက်လှမ်းမှု ဝီကီလိခ် ဖော်ထုတ်


 အမေရိကန် ပြည်ထောင်စုဟာ ဂျပန် နိုင်ငံရဲ့ ထိပ်တန်း နိုင်ငံရေး သမားတွေနဲ့ စီးပွားရေး ခေါင်းဆောင်တွေကို ဆယ်စုနှစ် တစ်ခုနီးပါး ကြာအောင် လျှို့ဝှက် ထောက်လှမ်း နေခဲ့တယ်လို့ ဝီကီလိခ်က ထုတ်ပြန်တဲ့ စာရွက်စာတန်းတွေ အရ သိရပါတယ်။

ဝီကီလိခ် စာမျက်နှာမှာ ဖော်ပြထားတဲ့ အမေရိကန်က ခိုးနားထောင်ခဲ့တယ် လို့ဆိုတဲ့ တယ်လီဖုန်း နံပါတ် စာရင်းထဲမှာ ဂျပန် အစိုးရအဖွဲ့ ရုံး၊ ဂျပန် အရာရှိများ ဘဏ်နဲ့ ဂျပန် ထိပ်တန်း ကုမ္ပဏီတွေရဲ့ နံပါတ်တွေ ပါဝင် နေပါတယ်။

ထိပ်တန်း လျှို့ဝှက် ဆိုပြီး ခေါင်းစဉ် တပ်ထားတဲ့ အမေရိကန် ထောက်လှမ်းရေး စာတန်း တစ်ခုကိုလည်း ဖော်ပြထားပြီး၊ အဲဒီထဲမှာ ဂျပန်မှာ ပြုလုပ်တဲ့ ရာသီဥတု ပြောင်းလဲမှု၊ နိုင်ငံတကာ ကုန်သွယ်ရေး မူဝါဒတွေနဲ့ ပတ်သက်တဲ့ အရေးကြီး ဆွေးနွေးချက်တွေကို ဖော်ပြ ထားတာ တွေ့ရပါတယ်။

အာရှ ပစိဖိတ် ဒေသမှာ အမေရိကန်ရဲ့ အရင်းနှီးဆုံး မိတ်ဆွေနိုင်ငံ ဖြစ်တဲ့ ဂျပန်ကတော့ ဝီကီလိခ်ရဲ့ အခု ဖော်ထုတ်ချက်တွေနဲ့ ပတ်သက်ပြီး တစုံတရာ တုံ့ပြန်ခြင်း မရှိသေးပါဘူး။

BBC Burmese
http://www.bbc.com/burmese

ထိပ်တန်း အစ္စလာမ်မစ်ခေါင်းဆောင်တစ်ဦး သေဆုံးကြောင်း သတင်း ထွက်လာပြန်

ဟက်ကာနီ ကွန်ရက် ဟာ တာလီဘန် နဲ့ အယ်ကိုင်းအေးဒါး အဖွဲ့တွေ နဲ့ အတော်လေး နီးကပ် တဲ့ မဟာမိတ် အဖွဲ့ ဖြစ်ပါတယ်။ 
 တာလီဘန် လက်နက်ကိုင် အဖွဲ့ က သူတို့ရဲ့ ခေါင်းဆောင် မူလာ အိုမာ သေဆုံး ခဲ့ ပြီ ဖြစ် ကြောင်း အတည်ပြု အသိအမှတ် ပြုခဲ့ အပြီး တစ်ရက် အကြာ မှာ ပဲ အစ္စလာမ်မစ် နောက် ထပ် တစ်အုပ်စု ဖြစ်တဲ့ ဟက်ကားနီ ကွန်ရက် ရဲ့ ခေါင်းဆောင် ဂျလာလူဒင် ဟက်ကာနီ လည်း သေဆုံး ခဲ့ပြီ ဖြစ်နိုင် ကြောင်း ပြသ နေတဲ့ အချက် တွေ ခိုင်ခိုင်မာမာ ပေါ် ထွက် လာ ပါတယ်။

ဟက်ကားနီ ကွန်ရက် ဟာ တာလီဘန် နဲ့ အယ်ကိုင်းအေးဒါး အဖွဲ့တွေ နဲ့ အတော်လေး နီးကပ် တဲ့ မဟာမိတ် အဖွဲ့ ဖြစ်ပါတယ်။

တာလီဘန် အဖွဲ့တွင်းက လာတဲ့ ယုံကြည် စိတ်ချရ လောက် တဲ့ သတင်း တွေ အရ ဂျလာလူဒင် ဟက်ကာနီ ဟာ ယမန် နှစ် ကတည်း က နာဖျား သေဆုံး ခဲ့ရ ကြောင်း ပြောနေ ကြတယ် လို့ ပါကစ္စတန် နိုင်ငံ ထဲက အရုဏ်း ဆိုတဲ့ အင်တာနက် ဝက်ဆိုက် စာမျက်နှာ မှာ ဖော်ပြ ထားပါတယ်။

ဟက်ကာနီ ရဲ့ မိသားစု နဲ့ နီးစပ် သူ တွေ က တော့ ဒီ သတင်း အပေါ် အငြင်းပွား နေ ကြ ပါတယ်။

ဟက်ကာနီ ရဲ့ သား ဖြစ်သူ ကို တာလီဘန် ဒုတိယ ခေါင်းဆောင် အဖြစ် ခန့်အပ် ကြောင်း လောလောလတ်လတ် မှာပဲ ကြေညာ ထားပါတယ်။

BBC Burmese
http://www.bbc.com/burmese

Windows 10 ကို အခမဲ့ Upgrade ပြုလုပ်နိုင်ပြီ


PC အသုံးပြုသူတွေဟာ Microsoft ရဲ့ နောက်ဆုံးထုတ် OS ဖြစ်တဲ့ Windows 10 ကို အခမဲ့ Upgrade ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။

Windows 7 ၊ Windows 8.1 နဲ့ Windows Phone 8.1 တို့ဟာ ကွန်ပျုတာတွေနဲ့ ဖုန်းတွေကို ပိုမို ချိတ်ဆက် ပေးနိုင်မယ့် app တွေရဲ့ အကျိုးအမြတ် ကို ခံစားနိုင်မှာ ဖြစ်ပြီး Edge ဆိုတဲ့ Browser အသစ်ကိုလည်း အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ Windows 10 upgrade မှာတော့ ချစ်ဖို့ ကောင်းတဲ့ Start Menu တစ်ခုဖြစ်တဲ့ Windows 8 ရဲ့ Start Menu ပုံစံကို မြင်တွေ့ရဦးမှာ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း သင် Upgrade ပြုလုပ်ပြီးတာနဲ့ လက်ပ်တော့ နဲ့ DVD ကြည့်ခြင်း အပါအ၀င် Minesweeper နဲ့ Solitaire တို့လို Classic ဂိမ်းတွေကိုလည်း ဆော့ကစားခွင့် ဆုံးရှုံး ရမှာ ဖြစ်ပါတယ်။ အကယ်၍ သင့်မှာ Windows 7 (သို့) Windows 8.1 သာ မရှိဘူးဆိုရင်တော့ Windows 10 နောက်ဆုံး ဗားရှင်းကိုရဖို့ စတာလင်ပေါင်၉၉ ကျသင့်မှာ ဖြစ်ပါတယ်။

အကယ်၍ သင့်မှာ Windows 7 (သို့) Windows 8.1 တို့ ရှိပြီးသားဆိုရင်တော့ သင့်ကို Screen ပေါ်မှာ Invite လာလုပ်ပါလိမ့်မယ်။ ဒါပေမယ့်လည်း အကြောင်းကြားပုံ နဲ့ အကြောင်းကြားတဲ့အချိန်တွေတော့ တူမှာမဟုတ်ပါဘူး။ ဒါကြောင့် သူငယ်ချင်းတစ်ယောက်ယောက်က သင့်ထက် အရင် Windows 10 သုံးနေတာတွေ့လို့မနာလို မဖြစ်ပါနဲ့။ စမတ်ဖုန်းတွေဆို ပိုနောက်ကျပါလိမ့်မယ်။

Invite အကြောင်းကြားစာ ပေါ်လာတာနဲ့ "Reserve your free upgrade" ဆိုတဲ့စာသားကို ကလစ်ခ် နှိပ်ပြီး အီးမေးလ်ကနေတစ်ဆင့် အတည်ပြုပြီး အခမဲ့ အဆင့်မြှင့်တင်နိုင်မှာ ဖြစ်ပါတယ်။

( Mario )

#သစ်ထူးလွင်(နည်းပညာ)
#technology.thithtoolwin.com

Ref : Mirror

လူပြောများနေသည့် သစ်ခိုးထုတ်သည့် တရုတ်နိုင်ငံသားများ၏ လွတ်ငြိမ်းချမ်းသာခွင့်ကိစ္စနှင့်ပတ်သက်ပြီး သမ္မတရုံးညွှန်ကြားရေးမှူး ဦးဇော်ဌေး ဘာပြောသလဲ (ဆုံးအောင် ဖတ်ပြီးမှ ဆဲကြစေလို-မှူးဇော်)



[လူပြောများ ဝေဖန်နေကြတဲ့ ကိစ္စနဲ့ ပတ်သက်လို့ ရှင်းပြလို့ ရတဲ့အတိုင်းအတာဘောင်အတွင်းက ရှင်းလင်းပြရခြင်း ဖြစ်ပါကြောင်း ကြိုတင် တင်ပြပါရစေ။]

(၁)

ပထမဆုံးအချက်အနေနဲ့ မြန်မာနိုင်ငံဟာ ဘယ်သူ့ကိုမှ ကြောက်စရာ မလိုသလို ဘယ်သူ့ကိုမှလည်း မျက်နှာချိုသွေးနေစရာ မလိုပါဘူး။ အနောက်ကို ကပ်ဖို့ ပြောကြတာ ရှိသလို အရှေ့ကို ကပ်ဖို့ ပြောကြတာ တွေလည်း ရှိပါတယ်။ ပြီးခဲ့တဲ့ လေးနှစ်တာ ကာလအတွင်းမှာ ဦးသိန်းစိန်ဟာ အနောက်အုပ်စုလူလည်း မဟုတ် သလို အရှေ့အုပ်စု လူလည်း မဟုတ်ပါဘူး၊ ဒါပေမယ့် မြန်မာနိုင်ငံရဲ့အကျိုးစီးပွားအတွက် ဘက်မလိုက်ကြားနေပြီး၊ အားလုံးနဲ့ သင့်တင့် မျှတတဲ့ ဆက်ဆံရေး ထူထောင်ထားနိုင် ဖို့ အဓိကပါပဲ။ ကိုးကန့်ပဋိပက္ခဖြစ်စဉ်မှာ အစိုးရရဲ့ ရပ်တည်ချက်ကို သိနိုင်ပါလိမ့်မယ်။ အချို့သော ကိစ္စရပ်တွေဆိုရင် အများပြည်သူကို အသိမပေးဘဲ သိုသိပ်စွာ လုပ်ဆောင်နေရတာတွေ ရှိပါတယ်။ ဥပမာ အကြမ်းဖက် တိုက်ဖျက်ရေး လို လုပ်ငန်းစဉ်တွေ ဆိုရင် လူထုအတွင်းမှာ စိုးရိမ်မှုတွေ ပြင်းထန်လာနိုင်တာတွေကိုလည်း ထည့်တွက်ရပါတယ်။ အချို့သော ကိစ္စတွေဟာ ဘာတွေလုပ်နေပါတယ် ဆိုပြီး ပြောကြားလို့ မရတာတွေ ရှိပါတယ်။

မြန်မာနိုင်ငံမှာပြစ်မှုကျူးလွန်တဲ့နိုင်ငံခြားသားတွေကိုဥပဒေအရ တရားစွဲဆိုပြစ်ဒဏ်ပေးတာတွေ ရှိပါတယ်။ နိုင်ငံသား မျိုးစုံ အကျဉ်းထောင်တွေမှာရှိပါတယ်။မိမိနိုင်ငံနဲ့ ပြည်သူလူထုရဲ့အကျိုးစီးပွား ကို ထိခိုက်စေနိုင်တဲ့ပြစ်မှုကြီးတွေကျူးလွန်သူတွေ ကို ဆက်လက်ထိန်းသိမ်းထားရှိပါတယ်။ ယခုရက်ပိုင်း လူပြောများနေတဲ့ကိစ္စနဲ့ပတ်သက်လို့ ပြည်သူလူထုနဲ့ နိုင်ငံ့တာဝန် ထမ်းဆောင်သူ တွေရဲ့ အကျိုး၊ လြုံခုံရေးနဲ့ တည်ငြိမ်အေးချမ်းမှုကို ထိခိုက်မှုမရှိနိုင်တဲ့သူတွေ ကိုသာ ပြစ်ဒဏ်လွတ်ငြိမ်းခွင့် ပေးဖို့ ချင့်ချိန်ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။ (ဒါက လွတ်ငြိမ်းချမ်းသာခွင့် မဟုတ်ပါဘူး) ဒီထက်ပိုပြီးပြောလို့ မရတာကိုနားလည်ပေးစေချင်ပါတယ်။

(၂)

ဒုတိယအချက်အနေနဲ့ ပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်းစဉ်ပါ။ မြန်မာနိုင်ငံမှာ ဒီထက်အရေးကြီးတဲ့ကိစ္စ မရှိတော့ပါဘူး။ ကူမင်တန်ကျူးကျော်မှု၊ ဗကပအမြစ်ပြတ်ရေး စတဲ့ သမိုင်းနောက်ခံအခြေအနေတွေအရ မြန်မာ နိုင်ငံ ငြိမ်းချမ်းဖို့ အိမ်နီးချင်းနိုင်ငံတွေရဲ့ အပြုသဘော ပူးပေါင်းဆောင်ရွက်မှုနဲ့ ကတိက၀တ်တွေ ရှိထားဖို့ လိုပါတယ်။

တရုတ်ခေါင်းဆောင်တွေ ပေးအပ်ထားတဲ့ ကတိတွေကတော့
(၁) မြန်မာနိုင်ငံရဲ့ လက်ရှိ ဆောင်ရွက်နေတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကို ထောက်ခံတယ်၊
(၂) တရုတ်နိုင်ငံအနေနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း တွေကို ကူညီထောက်ပံ့မှု လုံးဝ ပြုလုပ်မှာ မဟုတ်ဘူး၊
(၃) မြန်မာနိုင်ငံရဲ့ တရုတ်တစ်နိုင်ငံတည်းမူဝါဒအတိုင်း တရုတ်နိုင်ငံကလည်း One Myanmar Policy ကို ကျင့်သုံးမယ် ဆိုတာပဲ ဖြစ်ပါတယ်။

ငြိမ်းချမ်းရေးဟာ မြန်မာနိုင်ငံအတွက် ဒီမိုကရေစီ၊ လူ့အခွင့်အရေးတွေထက် အရေးကြီးတဲ့ လုပ်ငန်းစဉ် တစ်ရပ်ပဲ ဖြစ်ပါတယ်။

(၃)

တတိယအချက်အနေနဲ့ ကိုးကန့်အရေးအခင်းကြောင့် တရုတ်နိုင်ငံထဲကို ထွက်ပြေးတိမ်းရှောင်သွားရတဲ့ မြန်မာနိုင်ငံသား သုံးထောင်ကျော် ရှိပါတယ်။ သူတို့ကို တရုတ်နိုင်ငံက လိုအပ်တာတွေ ပံ့ပိုးကူညီ စောင့်ရှောက် ထားပါတယ်။ ဒီလူတွေကို မြန်မာနိုင်ငံက နိုင်ငံသား ဟုတ်-မဟုတ် ပြန်လည်စိစစ်ပြီး ပြည်တွင်းပြန်ရောက် လာ အောင် လုပ်ဆောင်နေတာ ရှိပါတယ်။ မြန်မာနိုင်ငံသားတွေ သူများနိုင်ငံမှာ ဒုက္ခရောက်နေတာကို တာဝန်ယူဖြေရှင်းပေးဖို့ အစိုးရမှာ တာဝန်ရှိပါတယ်။ တစ်ဆက်တည်းမှာပဲ "ကူရုံး - ထိန်ချုံး - ရင်ကျန်း " စတဲ့အရပ်တွေမှာ အုံနဲ့ကျင်းနဲ့ နေထိုင် လုပ်ကိုင်နေကြတဲ့ မြန်မာနိုင်ငံသားတွေ အများကြီး ရှိနေပါတယ်။ တစ်ချို့ဆိုရင် နယ်စပ်ဖြတ်ကျော်ခွင့် လက်မှတ်တောင် မရှိပါဘူး။ ကားဆေးတဲ့အလုပ်ရုံမှာ ၀င်ရောက်လုပ်ကိုင်နေတဲ့ သူတစ်ဦးဟာ တစ်လကို စားရိတ်ငြိမ်း ယွမ် ၁၂၀၀ ကျော်လောက် ရရှိနေကြောင်း သိရပါတယ်။ တစ်ချို့ စက်ရုံ တွေမှာ စားရိတ်ငြိမ်း တစ်လ ငါးသိန်း ခြောက် သိန်း ရရှိနေပါတယ်။ ဒီလို အဆင်ပြေပြေ လုပ်ကိုင်နေတဲ့ မြန်မာနိုင်ငံ သားတွေကို (ထိုင်းနိုင်ငံမှာလို) တရားဝင် အလုပ်သမားတွေ ဖြစ်လာအောင် ညှိနှိုင်းဖို့ ကိစ္စတွေ ရှိပါတယ်။ တရုတ် နိုင်ငံ ရှန်တုန်း ပြည်နယ်နဲ့ ကျန်းစု ပြည်နယ်တွေမှာ တရားမဝင် သွားရောက် လုပ်ကိုင်မှုနဲ့ ဖမ်းဆီး ချုပ်နှောင် ခံရပြီး ထိန်းသိမ်းခံထားရတဲ့ မြန်မာနိုင်ငံသား ၂၀၅ ဦးကို တရုတ်နိုင်ငံကနေ မြန်မာနိုင်ငံကို ပြန်လည် လွှဲပြောင်း ပေးအပ် ခဲ့ပြီး ဖြစ်ပါတယ်။

အစိုးရ အနေနဲ့ တစ်ခုခုစဉ်းစားဆုံးဖြတ်တိုင်း ပြည်တွင်းမှာရှိတဲ့ မိမိနိုင်ငံသားတွေ သာမက ပြည်ပရောက်ြမန်မာနိုင်ငံသားတွေ ရဲ့ အကျိုးစီးပွားကိုလည်း ထည့်သွင်း စဉ်းစား ဆောင်ရွက်ရတယ်ဆိုတာ သိရှိကြစေလိုပါတယ်။

(၄)

စတုတ္ထအချက်ကတော့ နယ်စပ်ကုန်သွယ်ရေး ဖြစ်ပါတယ်။ နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်မှု တရားဝင် ဖြစ်လာစေလို့ ကြိုးပမ်းဆောင်ရွက်နေပါတယ်။ ဥပမာအားဖြင့် တရုတ်နိုင်ငံဟာ မြန်မာနိုင်ငံက စပါးစိုက်တောင်သူ တွေအတွက် ဈေးကွက်ကြီးတစ်ခု ဖြစ်ပါတယ်။ ဒါပေမယ့်လည်း တရားမ၀င် တင်သွင်းရတာ ဖြစ်နေတဲ့အတွက် နစ်နာမှုတွေ ရှိပါတယ်။ ဒါတွေ တရားဝင်တင်ပို့နိုင်ဖို့ ဗဟိုအစိုးရ၊ ယူနန်အစိုးရတွေနဲ့ တွန်းအားပေး ဆောင်ရွက်နေပါတယ်။

(၅)

ပဉ္စမအချက်အနေနဲ့ လက်နက်ကိုင်စစ်ပွဲတွေ လွတ်လပ်ရေးရဲ့ ဖွားဖက်တော်အဖြစ် ရှင်သန်နေကြတုန်းပါပဲ။ ဒီလက်နက်ကိုင် ပဋိပက္ခနဲ့ အတူ နယ်စပ်ယိုပေါက်တွေ၊ သယံဇာတပြုန်းတီးမှုတွေ၊ တရားမ၀င် ကူးသန်းရောင်းဝယ်မှုတွေ ရှိနေခဲ့ပါတယ်။ ဒီနိုင်ငံထဲ ခိုးဝင် သစ်တွေ ခိုးထုတ်ခဲ့ကြတဲ့ တရုတ်နိုင်ငံသားတွေရဲ့ ဖြစ်စဉ်နဲ့အတူ ဒီနယ်မြေ၊ ဒီနယ်စပ်မှာ ဘာကြောင့် ဒီလိုဖြစ်နေတာလဲ ပြောရရင် စစ်ဘုရင်ဝါဒနဲ့ တစ်ဗိုလ်တစ်မင်း စစ်ခင်းနေကြတဲ့ လက်နက်ကိုင်အဖွဲ့အစည်းတွေကြောင့် ဒီနယ်မြေတွေကို မစိုးမိုးနိုင်တာကြောင့်ပဲ ဖြစ်ပါတယ်။ နယ်မြေ စိုးမိုးနိုင်ဖို့ ဘာလုပ်ကြရမလဲ။ ရေရှည် လုပ်ဆောင်သွားရမယ့် ကိစ္စ ဖြစ်ပါတယ်။

အချုပ် တင်ပြချက်

ခေါင်းဆောင်လုပ်သူတွေအနေနဲ့ ခက်ခဲတဲ့ ဆုံးဖြတ်ချက်တွေကို ကြိမ်ဖန်များစွာ ကြုံရလေ့ ရှိပါတယ်။ ဒီလို ဆုံးဖြတ် ချက်တွေ ချမှတ်ရာမှာ အဓိကအချက်က ကိုယ့်နိုင်ငံ၊ ကိုယ့်ပြည်သူတွေရဲ့ အကျိုးစီးပွားကို အလေးအနက် ထားရမှာ ဖြစ်ပါတယ်။ တစ်ခါတစ်ရံမှာ ကိုယ့်နိုင်ငံကောင်းဖို့အတွက် လူထု မကြိုက်နိုင်တဲ့ ဆုံးဖြတ်ချက်တွေလည်း ချမှတ်ရတာမျိုး ရှိပါတယ်။ မြစ်ဆုံလို၊ ကိုးကန့်လို ကိစ္စရပ်တွေကတော့ ကိုယ့်နိုင်ငံ၊ ကိုယ့်ပြည်သူရဲ့ တစ်မျက်နှာတည်းကို ကြည့်ခဲ့တာ ဖြစ်ပါတယ်။ ထုတ်ဖော်မပြောသာတဲ့ အကြောင်းအချက်တွေ ရှိနေသေးပေမယ့်လည်း အခုအချိန်မှာတော့ ဒီဇာတ်လမ်းကို ဒီပမာဏ ဒီမျှလောက်ပဲ အလေးအနက်ထား ရှင်းပြချင်ပါတယ်။ နားလည်နိုင်ကြပါစေ။

နွားနို့ကို နနွင်းနဲ့ သောက်ခြင်းရဲ့ကောင်းကျိုး


နွားနို့သောက်တဲ့အခါ ကျန်းမာရေးနဲ့မညီညွတ်တဲ့ ချောကလက်မှုန့်၊ သကြား၊ ခရင်မ်တွေထည့်ပြီးသောက်တာထက် နနွင်းထည့်သောက်ကြည့်ဖို့ တိုက်တွန်းလိုက်ပါတယ်။ နွားနို့ပူပူထဲကို နနွင်းလက်ဖက်ရည်ဇွန်းဝက် ဒါမှမဟုတ် လတ်လတ်ဆတ်ဆတ် နနွင်းတက်တစ်လက်မ အရွယ်လောက်ထည့်ပြီး ၁၅ မိနစ် လောက်နေရင် သောက်လို့ရပါပြီ။

နနွင်းက သဘာဝဆေးဖက်ဝင်ပစ္စည်းဖြစ်တာမို့ နွားနို့နဲ့ရောသောက်ပေးတဲ့အခါ အအေးမိ၊ ချောင်းဆိုး ဝေဒနာအမျိုး မျိုးအတွက် အမြန်ဆုံးပျောက်ကင်းစေဖို့ ထောက်ကူပါတယ်။

နောက်ပြီး သွေးများကို သန့်စင်စေကာ သွေးလည်ပတ်မှု ကောင်းမွန်စေပြီး အသည်းကျန်းမာရေးအတွက်ပါ အကျိုးပြုပါတယ်။ နနွင်းမှာ ရောင်ရမ်းတာတွေသက်သာစေနိုင်စွမ်းရှိတာကြောင့် အဆစ်အမြစ်နာကျင်ကိုက်ခဲတာ၊ ရောင်ရမ်းတာတွေ ဖြစ်ရင် အကောင်းဆုံးသဘာဝ ဆေးဖြစ်လို့ အရိုးအဆစ်တွေသန် မာဖို့အတွက်ဆိုရင် ပုံမှန်သောက်ပေးသင့်ပါတယ်။

နနွင်းမှာ ဓာတ်တိုးဆန့်ကျင် ဂုဏ်သတ္တိနဲ့ အာဟာရဓာတ်တွေရှိတာကြောင့် ခေါင်းကိုက်တာ တွေသက်သာပျောက်ကင်းစေပါတယ်။ အထူးသဖြင့် ဝမ်းချုပ်ခြင်းကြောင့်ဖြစ်တဲ့ခေါင်းကိုက်တာမျိုးတွေကို အထူးသက်သာစေတယ်လို့ဆိုပါတယ်။

ဒါတင်မက ကိုယ်ခံစွမ်းအားကိုမြှင့်တင်ပေးနိုင်စွမ်းရှိပြီး ရောဂါပိုးမွှားတွေမဝင်အောင်လည်း ကာကွယ်ပေးနိုင်ကာ အသည်းရောင်အသားဝါ၊ ကင်ဆာနဲ့ မှတ်ဉာဏ်ချို့ယွင်းတဲ့ အယ်လ်ဇိုင်းမားရောဂါတွေမဖြစ်အောင်လည်း ကာကွယ်နိုင် ပါတယ်။

အိပ်မပျော်သူတွေဆိုရင်လည်း အိပ်ခါနီးမှာ နနွင်းရောထားတဲ့နွားနို့ပူပူလေးသောက်ပေးရင် စိတ်ဖိစီးမှုတွေကင်းဝေးပြီး နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်စေပါတယ်။ အမျိုးသမီးတွေဓမ္မတာကြောင့် နာကျင်ကိုက်ခဲရင် နနွင်းနွားနို့ပူပူလေး သောက်ပေးသင့် တယ်လို့ဆိုပါတယ်။

နောက်ပြီး နနွင်းနို့က အသားအရေကို အရွယ်တင်နုပျိုကျန်းမာစေတာကြောင့် လှချင်ပချင်သူတွေတော့ အကြိုက်တွေ့ကြမှာပါ။ နနွင်းက ခန္ဓာကိုယ်ထဲကအဆီတွေကို ဖယ်ရှားပေးတာမို့ ကိုယ်အလေးချိန် လျှော့ချချင်သူတွေ နွားနို့ထဲ သကြားတွေထည့်သောက်မယ့်အစား နနွင်းထည့်ပြီးသောက်ကြည့်လိုက်ပါ။

—Ref: healthmeup
http://www.7daydaily.com/story/43071

ရေဘေးသင့်ပြည်သူတွေအတွက် ပြဇာတ်ကမယ့် ခင်လှိုင်

By ဇွဲဉာဏ်
 ရေဘေးသင့်ပြည်သူ များအား လှူဒါန်းရန် အနုပညာရှင်များ ပါဝင်တင်ဆက်မည့် ရန်ပုံငွေဖျော်ဖြေပွဲတွင် ‘ချစ်သော တနင်္ဂနွေ’ဟုအမည်ပေးထား သည့် ဟာသပြဇာတ်ဖြင့် တင် ဆက်ပေးမည်ဟု ခင်လှိုင်ကပြောသည်။ယင်းပြဇာတ်တွင် လူမင်း၊ ဇေရဲထက်၊ ညီထွဋ်ခေါင်၊ ခိုင် သင်းကြည်၊ ဝတ်မှုံရွှေရည်၊ အိ ချောပိုတို့ အပါအဝင် ဟာသ လူရွှင်တော်များပါဝင်မည်ဖြစ်ပြီး ခင်လှိုင်က ဒါရိုက်တာအဖြစ် တာဝန်ယူထားသည်။

‘‘ဒီပြဇာတ်က လူရွှင်တော် စိစိရေးထားတဲ့ပြဇာတ်လေး။ ဒါပေမဲ့ မူလကတော့ အဲဒီလို မဟုတ်ဘူး။ အစ်ကိုပြန်ပြင်ထား တာ။ ရက်ကလည်းအရမ်းကပ် တယ်။ ပြဇာတ်တိုက်ချိန်လည်း သိပ်မရှိတော့ ဒိုင်ယာလော့ခ်နည်း ပြီး ရယ်စရာများများနဲ့ စကားတွေ Detail (အသေးစိတ်)မပြောရတဲ့ ပြဇာတ်မျိုးကိုရွေးထားတယ်’’ဟု ခင်လှိုင်ကပြောသည်။

ရုပ်ရှင်ဂီတသဘင်အနု ပညာရှင်များ ပူးပေါင်းဖျော်ဖြေ မည့် ရန်ပုံငွေဖျော်ဖြေပွဲကို ဇူလိုင် ၃၁ ရက်တွင် ရန်ကုန်မြို့ Myanmar Event Park ၊ သြဂုတ်၂ ရက်တွင် မန္တလေးမြို့ Diamond Plaza တို့၌ ကပြဖျော်ဖြေမည်ဖြစ်သည်။

‘‘ဒီပွဲတွေကရတဲ့အလှူငွေ တွေကို ဘယ်မြို့၊ ဘယ်နယ်လို့ တော့ ခွဲခြားမထားဘူး။ ရေဘေး ကလည်း တစ်ပြည်လုံးနီးပါးဖြစ် နေတာဆိုတော့ ရေဘေးသင့် ပြည်သူတွေဆီ ရောက်အောင် ကိုယ်တိုင်လည်းသွားလှူဖို့အစီ အစဉ်တွေရှိပါတယ်။ အနုပညာ သမားဆိုတာ ပြည်သူတွေကျွေး တဲ့ထမင်းကိုစားပြီး သူတို့တွေလို အပ်တဲ့အချိန်မှာ ကူညီတယ်ဆို တာကိုလည်း သိစေချင်တယ်။ ကိုယ်တွေသွားလိုက်တဲ့အချိန်မှာ သူတို့ရဲ့သောကတွေ ခဏ ပျောက်သွားတယ်ဆိုရင်ပဲ ငွေ တွေအများကြီး ပေးတာထက် တန်ဖိုးရှိမယ်လို့ မျှော်လင့်တယ်’’ ဟု ၎င်းကပြောသည်။
http://www.7daydaily.com/story/43073

No လို့ မပြောရဲသော ရာသီခွင်က ဘယ်သူလဲ


သူငယ်ချင်းအချင်းချင်းပဲဖြစ်ဖြစ် အလုပ်ထဲမှာပဲဖြစ်ဖြစ် မလုပ်နိုင်တာကို No လို့ မဖြေရဲတဲ့ ရာသီခွင် ထိပ်ဆုံးကတော့ ဘယ်သူဖြစ်မလဲ။

၀၁. ဓနုရာသီ (Sagittarius) : နိုဝင်ဘာ ၂၃ ရက်မှ ဒီဇင်ဘာ ၂၀ ရက်အတွင်း
တခုခုအကူအညီတောင်းချင်ရင် သူကိုအမြန်ပြောကြည့်လိုက်ပါ။ သူကတော့ ဘယ်တော့မှ ငြင်းမှာမဟုတ်ပါ။ အဖြေကတော့ "ဟုတ်ကဲ့"။ သူကသိပ်ပြီးတော့ မစဉ်းစားတာကြောင့် မဖြစ်နိုင်တာတွေလည်း သူလက်ခံလိုက်တတ်တယ်။

၀၂. ကရကဋ်ရာသီ (Cancer) : ဇွန် ၂၁ ရက်မှ ဇူလိုင် ၂၀ ရက်အတွင်း
သူကတော့ အခြားသူကို ကူညီရမှာကိုက သူ့ရဲ့စိတ်ထဲမှာ တာဝန်ကြီးတစ်ခုလို့ ခံယူထားသူပါ။ တခုခုကို လိုချင်လို့ ဒီလိုစဉ်းစားတာမဟုတ်ပါ။ သူကကူညီခဲ့ပင်မဲ့လည်း သူ့ကို ပြန်မကူညီခဲ့ဖူးဆိုရင်လည်း သူကတော့ စိတ်ထဲမှာ မှတ်မထားပါ။

၀၃. တူရာသီ (Libra) : စက်တင်ဘာ ၂၃ ရက်မှ အောက်တိုဘာ ၂၂ ရက်အတွင်း
သူ့မျက်နှာပေါ်မှာ အပြုံးကလွဲရင် ဘာမှကို မရှိပါ။ သူတပါးကို ကူညီဖို့ရန် အသင့်ရှိနေသူပါ။ ဘယ်သူတွေဘာပဲပြောပြော သူကတော့ ကူညီတတ်သူလို့ အထင်ခံချင်သူပါ။ ဘယ်လောက်ပဲ ဆိုးသောသူဖြစ်ပါစေ၊ သူကကူညီချင်သောသူဆိုရင်တော့ တတ်နိုင်သလောက်ကို လုပ်ပေးမှာ ဖြစ်ပါတယ်။

၀၄. မိဿရာသီ (Aries) : မတ် ၂၁ ရက်မှ ဧပြီ ၂၀ ရက်အတွင်း
No လို့ပြောလိုက်ရင် ရှုံးတယ်လို့ သူ့အနေနဲ့ ခံယူထားသူပါ။ ဒါကြောင့်လုပ်ချင်စိတ်ရှိရင်တော့ တတ်နိုင်သလောက်ဖြစ်အောင်လုပ်ပေးတတ်ပါတယ်။

၀၅. မိန်ရာသီ (Pisces) : ဖေဖော်ဝါရီ ၁၉ ရက်မှ မတ်လ ၂၀ ရက်အတွင်း
မရဘူးလို့ကို မပြောနိုင်သူပါ။ လက်ခံလိုက်ပြီဆိုရင် ဖြစ်အောင်လုပ်ပေးတတ်ပါတယ်။

၀၆. မကာရရာသီ (Capricorn) : ဒီဇင်ဘာ ၂၁ ရက်မှ ဇန်နဝါရီ ၁၉ ရက်အတွင်း
တာဝန်ကို နားလည်သောသူဖြစ်သောကြောင့် ပေးအပ်လာသောတာဝန်ကို ကျေပွန်အောင် ထမ်းဆောင်တတ်သူပါ။

၀၇. မေထုန်ရာသီ (Gemini) : မေ ၂၁ ရက်မှ ဇွန် ၂၀ ရက်အတွင်း
လက်ခံတတ်ပင်မဲ့လည်း နောက်ပြီးတော့မှ ကောင်းကောင်းကြီး ငြင်းတတ်သောသူ ဖြစ်ပါလိမ့်မယ်။

၀၈. ဗိစ္ဆာရာသီ (Scorpis): အောက်တိုဘာ ၂၃ ရက်မှ နိုဝင်ဘာ ၂၂ ရက်အတွင်း
မဖြစ်နိုင်တဲ့ကိစ္စကို မလုပ်ခင်ကတွေးပြီး လက်မခံတတ်ပါ။ တစ်ယောက်နဲ့တစ်ယောက် မျက်နှာ မပျက်အောင် အကောင်းဆုံး ကြိုးစားချင်သူပါ။

၀၉. သိဟ်ရာသီ (Leo) : ဇူလိုင် ၂၁ ရက်မှ သြဂုတ် ၂၁ ရက်အတွင်း
သူက လက်ခံမယ်၊ လက်မခံဘူးထက်၊ သူများကို အလုပ်အပ်ရင် အငြင်းမခံရအောင် ဘယ်လိုလုပ်မလဲ အမြဲစဉ်းစားနေသူပါ။

၁၀. ပြိဿရာသီ (Taurus) : ဧပြီ ၂၁ ရက်မှ မေ ၂၀ ရက်အတွင်း
ကိုယ်ရဲ့အချိန်၊ ကိုယ့်ရဲ့ဘဝလေးကို လာပြီးနောက်ယှက်မဲ့သူကို ဝေးဝေးက ရှောင်တတ်ပါတယ်။

၁၁. ကုမ်ရာသီ (Aquarius) : ဇန်နဝါရီ ၂၀ ရက်မှ ဖေဖော်ဝါရီ ၁၈ ရက်အတွင်း
လက်မခံတာ ဘာကြောင့်လဲဆိုတာကို အရှည်ကြီး ရှင်းပြနေတတ်တာကြောင့် အကူအညီတောင်းတဲ့သူတောင် ပြန်ပြေးချင်လာမှာပါ။

၁၂. ကန်ရာသီ (Virgo) : သြဂုတ် ၂၂ ရက်မှ စက်တင်ဘာလ ၂၂ ရက်အတွင်း
သူရဲ့စာအုပ်ကြီးထဲကအတိုင်း လက်ခံသင့် လက်မခံသင့်ဆိုတာကို ဆုံးဖြတ်ပြီးသားဖြစ်မှာပါ။
.
ChelmoTeam

ချောလှသူထက် စိတ်ဝင်စားဖို့ကောင်းတဲ့ မိန်းကလေးဆိုတာ


 ယောင်္ကျားလေးတွေဟာ ကိုယ့်နေရာကို လုယူသွားမဲ့ ထက်တဲ့ မိန်းကလေးမျိုး ကို ဝေးဝေးက ရှောင်တတ်ကြ၏။

ထက်တဲ့မိန်းကလေးမှာ အပြစ်မရှိပါ။ အပြစ်ရှိသူကတော့ ကိုယ့်ကိုကိုယ် ယုံကြည်ချက် မရှိပဲ မနာလို ဖြစ်တတ်တဲ့ ယောင်္ကျားလေးတွေကြောင့်ပါ။ ချောလှတဲ့ မိန်းကလေးက ခေတ်ရေစီးကြောင်းနဲ့အညီ လှပအောင် ပြင်ဆင် ဝတ်စားထားပင်မဲ့လည်း မနက်ဖြန်ရောက်ရင်တော့ ဒီအဝတ်အစားတွေက မလန်းတော့ရင် ဘယ်လိုလုပ်မလဲ။

ဒီနေရာမှာ ဥာဏ်ထက်ပြီး ပတ်ဝန်းကျင်ကသူတွေကို စကားပြောကောင်းကောင်းနဲ့ အသိဥာဏ်တိုးစေအောင် ပြောနိုင်တဲ့ မိန်းကလေးတွေကို ပိုပြီး တန်ဖိုးထားသင့်ပါတယ်။သူတို့က ဘယ်လို လောကကြီးကို အကျိုးပြုနေသလဲဆိုတာကို ကြည့်လိုက်ကြရအောင်နော်။


၀၁. ဘာကိစ္စပဲဖြစ်ဖြစ်၊ တနေရာတည်းက မဟုတ်ပဲ အဖက်ဖက်ကနေစဉ်းစား ဆုံးဖြတ်တတ်သူပါ
သူနဲ့စကားပြောနေချိန်မှာ သူ့ရဲ့ပြုံးနေတဲ့ မျက်နှာလေးတခုပဲမဟုတ်ပဲ ထက်တယ်ဆိုတာကို သိနိုင်မှာပါ။ သူနဲ့စကားပြောနေချိန်မှာ ရယ်စရာကောင်းတာတွေကို အဆက်မပြတ်ပြောနိုင်တယ်ဆိုတာကိုကတိုက်ဆိုင်လို့ မဟုတ်ပါ။ သူ့ရဲ့အားသာချက်ပါ။ ဒီလိုဖြစ်ရင် ဒီလိုပြောမယ်ဆိုတာကို သူ့ရဲ့ ခေါင်းထဲမှာ တွက်ပြီးသားပါ။

၀၂. စတိုင်တွေက နေ့စဉ်နဲ့အမျှ ပြောင်းလဲနေပင်မဲ့လည်း ဖြတ်ထိုးဥာဏ်ကတော့ မရိုးသွားပါ
မိန်းကလေးတွေက တနေ့တနေ့ ကိုယ့်ရဲ့အလှအတွက် ပျော်ရစိတ်ညစ်ရနဲ့ အမြဲအခက်ကြုံနေရတာပါ။ ဒါပင်မဲ့ ဖြတ်ထိုးဥာဏ်ကောင်းတဲ့ မိန်းကလေးက သာမန်ရိုးရိုးလေးဖြစ်နေပါစေ။သူနဲ့စကားပြောလိုက်တဲ့အချိန်မှာ ကိုယ့်ရဲ့စိတ်ကို ချမ်းသာစေနိုင်တဲ့ အစွမ်းရှိသူဖြစ်ပါလိမ့်မယ်။

၀၃. Facebook က Like ထက် ကိုယ့်ရဲ့ကမ္ဘာလေးထဲမှာ အသက်ရှင်နေသူပါ
မိန်းကလေးအများစုက ဘယ်သွားသွား၊ ဘာစားစား ဓါတ်ပုံတွေတင်ရ၊ ဘယ်သူ့ဆီက ဘယ်လောက် Like ရတာဆိုတာနဲ့ ပတ်ဝန်းကျင်ရဲ့မျက်စိတွေကို ရှေ့တန်းထားပြီး သွားလာလှုပ်ရှားနေပါတယ်။ကိုယ်ကိုယ်တိုင်လည်း ဒီလိုဖြစ်နေပြီဆိုရင်တော့ ဖုန်းကို ခဏချထားပြီး နည်းနည်းပြန် စဉ်းစားကြည့်ပါ။ ဖြတ်ထိုးဥာဏ်ကောင်းတဲ့ မိန်းကလေးကတော့ သူ့ရဲ့ကမ္ဘာလေးထဲမှာ နေပျော်ပါတယ်။Facebook ပေါ်က သူငယ်ချင်းတွေထက် သူ့မှာကတော့ တကယ့်လက်တွေ့ သူငယ်ချင်းတွေ အများကြီးရှိတတ်ပြီး ပျော်စရာကောင်းမှာပါ။

၀၄. ကိုယ့်ရဲ့ ဟာသဥာဏ်ကို ယုံကြည်သူပါ
သူဟာ လူတယောက်ကို ရယ်မောစေအောင် ကောင်းကောင်းပြောတတ်သူဖြစ်တယ်လို့ ယုံကြည်မှုရှိသူပါ။ လူတစ်ယောက်ဟာ ဟာသကို ပြောတော့မယ်ဆိုရင် ဒီစကားဟာ နားထောင်တဲ့သူတွေ လက်ခံပါမလားဆိုပြီးတွေးပြီး ပူနေတတ်ပါတယ်။ ဒီမိန်းကလေးမှာတော့ ဒီလိုအတွေးတွေရှိမှာမဟုတ်သလို သူများတွေ စိတ်ချမ်းသာဖို့အတွက်သာလျှင် အလေးထားသူပါ။

၀၅. သူ့တာဝန်သာထားလိုက်ပါ
အမြဲတမ်းယောင်္ကျားလေးတွေပဲ စကားပြောချင်တယ်လို့ မတွေးပါနဲ့။ သူတို့လဲ မပြောချင်တဲ့အခါမျိုးမှာ သူကတာဝန်ယူလိုက်မှာပါ။ သူရဲ့စကားလုံးတွေထဲမှာ လွင့်မျောသွားပါလိမ့်မယ်။မနက်ရောက်ရင် Morning လို့ Msg ပို့လာတဲ့ မိန်းကလေးထက် တမနက်လုံး ပါးစပ်ကို မစေ့ရအောင် ထားနိုင်တဲ့ မိန်းကလေးနဲ့ဆိုရင် ဘယ်သူ့ကို ရွေးမလဲ။

၀၆. ကြိုးစားချင်စိတ်ကို ထိမ်းကျောင်းပေးသူပါ
သူကိုယ်တိုင်လည်း စကားအပြောအဆိုကောင်းအောင် လေ့လာသင်ယူနေသလို ကိုယ့်ကိုလည်း စကားပြောကောင်းအောင် ထိမ်းကျောင်းပေးမှာပါ။ စကားပြောကောင်းအောင် တခုတည်းမဟုတ်ပဲ အရာရာမှာ မမှားအောင် ပံ့ပိုးပေးမဲ့သူ ဖြစ်ပါလိမ့်မယ်။

၀၇. အရှိကို အရှိအတိုင်း လက်ခံမဲ့သူပါ
သူက အရှိကို အရှိအတိုင်းလက်ခံပြီး ဘာကိုမှလည်း ထပ်ပြီးတောင်းဆိုလိမ့်မဲ့သူ မဟုတ်ပါ။ ဒါကြောင့်လည်း ယုံယုံကြည်ကြည်နဲ့ ဘဝလက်တွဲဖော်အဖြစ် လက်တွဲခေါ်သွားမှာပါ။

ChelmoTeam

သမီးငယ် ကင်ဆာ ဆေးဖိုးအတွက် အပွေ့ဖက်ခံပြီး ငွေရှာသည့် မိခင်


တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ချုံကင်းမြို့တွင် လေးနှစ်အရွယ် သွေးကင်ဆာ ဝေဒနာသည် သမီးငယ်အတွက် ဆေးဖိုး လိုနေသောကြောင့်(၂၈)နှစ် အရွယ် မိခင်သည် တစ်ခါဖက်လျှင် တစ်ပေါင်( ၁၀ ယွမ်) တောင်းကာ ငွေရှာလျက် ရှိကြောင်း သိရသည်။

ချင်တီကျွမ်ဆိုသည့် ထိုအမျိုးသမီးမှာ ချုံကင်း မြေအောက် ဘူတာရုံတွင် ကလေးနှင့် အတူ မတ်တပ်ရပ်ကာ ၎င်းအား ဖက်လိုသည့် မည်သူမဆိုအား (၁၀) ယွမ် ပေးလျှင် ဖက်ရမည်ဟု ကြေညာကာ ဆေးစရိတ် ရှာခဲ့ခြင်း ဖြစ်သည်။ သူမသည် လက်ထဲတွင်လည်း အပွေ့အဖက်များ ရောင်းသည်။ တစ်ခါဖက်(၁၀) ယွမ်ဟု ရေးသားထားသည်။ တီကျွမ်မှာ သူမ၏ မှတ်ပုံတင်ကတ်နှင့် သမီးဖြစ်သူ၏ ဆေးမှတ်တမ်း တို့ကိုလည်း ငွေလှူသူများ တွေ့နိုင်အောင် ချိတ်ဆွဲပြသထားသည်။

၎င်းသည် ကလေးဖြစ်သူ ကင်ဆာ ကုသရန် ယွမ်ခုနှစ်သောင်း ရခဲ့သော်လည်း ဆေးဖိုးအတွက်နဲ့ချည်း ကုန်သွားပြီ ဖြစ်ကြောင်း သိရသည်။ ထိုငွေများမှာ သူငယ်ချင်းနှင့် ဆွေမျိုးသားချင်းများက ထောက်ပံ့ခြင်း ဖြစ်သည်။ တီကျွမ်သည် လက်ရှိတွင် ပွေ့ဖက်ပေးခြင်း ၊ အဖက်ခံခြင်းဖြင့် ရန်ပုံငွေ ယွမ် (၆၀၀) ရာကျော် ရခဲ့ပြီဖြစ်ကြောင်း သိရသည်။ ထိုမိသားစုအတွက် လှူဒါန်းလိုသူများ အနေဖြင့်လည်း အွန်လိုင်းတွင် ဖော်ပြထားချက်များကို စုံစမ်း၍ လှူဒါန်းနိုင်ကြောင်း သတင်းက ဖော်ပြထားသည်။
messenger news journal

ခေါက်သိမ်းနိုင်သော အော်ရီဂမီ တံတား ဖန်တီး

 သဘာဝဘေး ကျရောက်ရာ ဒေသများတွင် အလွယ်တကူ ဖြန့်ခင်းနိုင်၊ အလွယ်တကူ ခေါက် သိမ်းနိုင်သော အော်ရီဂမီ တံတားကို ဂျပန်ပညာရှင်များက ဖန်တီးလိုက် သည်။

ဂျပန်နိုင်ငံ ဖူကူယာမာမြို့ရှိ ဟွန်ဂိုမြစ်ပေါ်တွင် လက်တွေ့ တံတား ထိုးကြည့်ရာ လူအနည်းငယ်မျှနှင့် မြန်မြန်ဆန်ဆန် တံတားထိုးနိုင်ကြောင်း တွေ့ရသည်။ တံတားပေါ်မှ ကားများပါ ဖြတ်သန်း မောင်းနှင်နိုင်ပြီး လုံခြုံဘေးကင်းစွာဖြင့် တစ်ဖက်ခြမ်းသို့ ရောက်ရှိကြောင်း သိရသည်။

ထိုတံတား နည်းပညာကို ပြီးခဲ့သည့် ဂျပန် အင်ဂျင်နီယာ နည်းပညာ ပြပွဲတွင်လည်း ပြသခဲ့သည်။ တံတားသည် ကတ်ကြေးကဲ့သို့ ချဲ့နိုင်ကျူံ့နိုင်သော တည်ဆောက်ပုံ ဖြစ်ပြီး တစ်နာရီ အတွင်း တံတားအပြီး ထိုးနိုင်ကာ ယာဉ်များ ဖြတ်သွားနိုင်ကြောင်း သိရသည်။

တံတား ကိုယ်ထည် သည်လည်း ကုန်တင်နောက်တွဲ ယာဉ်ပေါ် တင်သွားနိုင်လောင်အောင် ကျစ်လျစ်မှု ရှိသည်။
messenger news journal

Angelina Jolieနဲ့ ကချင်ပြည်နယ်ခရီး (ရုပ်/သံ)


  ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး-UNHCR ရဲ့ အထူးသံတမန် ဟောလိဝုဒ် ရုပ်ရှင်မင်းသမီး Angelina Jolie မြစ်ကြီးနားမြို့ကို ဇူလိုင်လ ၃ဝ ရက်နေ့က ရောက်ရှိခဲ့ပြီး ကချင်ပြည်နယ်ဝန်ကြီးချုပ်နဲ့ တွေ့ဆုံခဲ့သလို စစ်ဘေးဒုက္ခသည်စခန်းတွေကိုလည်း သွားရောက်ကြည့်ရှုခဲ့ပါတယ်။ RFA သတင်းထောက် ကိုကျော်ဇောဝင်းက တင်ပြထားပါတယ်။

RFA MyanmarVideoChannel

ရန်ကုန် YMCA ရောက် ဂျိုလီ.


ရန်ကုန် YMCA ရောက် ဂျိုလီ.ရန်ကုန်မြို့ YMCA အဆောက်အအုံရှိ မဲစာရင်းပညာပေးအဖွဲ့တစ်ဖွဲ့ဖြစ်သည့် ရောင်ခြည်သစ်အဖွဲ့နှင့် လာေ...
Posted by The Melting Pot 4 U on Friday, 31 July 2015

NLD နှင့် တိုင်းရင်းသားပါတီများအကြား မဟာမိတ်ကိစ္စ အသေးစိပ် ဆက်မဆွေးနွေးနိုင်သေး

သျှမ်းသံတော်ဆင့်/ စိုင်းထွန်းအောင်လွင်
ဂျူလိုင်လ ၃၁ ရက် ၂၀၁၅

လာမည့်ရွေးကောက်ပွဲတွင် မဟာမိတ်ဖွဲ့နိုင်ရေးအတွက် NLD နှင့် တိုင်းရင်း သားပါတီများအကြား ပြောဆိုမှုများ ရှိခဲ့သော်လည်း အသေးစိပ် ဆက်လက်ေ ဆွးနွေးနိုင်ခြင်း မရှိသေးကြောင်း တိုင်းရင်းသား ပါတီများက တညီတညွတ် တည်း ပြောဆိုသည်။

"ကျနော်တို့နဲ့ တစ်ခါပြောပြီးကတည်းက ဆက်မဆွေးနွေးနိုင်သေးဘူး။ သူတို့လည်း ကိုယ်စားလှယ် လောင်းရွေးချယ်ရေးနဲ့ ပတ်သက်လို့ အခက် အခဲရှိနေတယ်လို့ကြားတယ်။ ရက်ကလည်းတိုတယ်လေ။ ကျနော်တို့ ကလည်း သူတို့ကို နားလည်မှုပေးပါတယ်။ " - ဟု သျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဦးစိုင်းညွှန့်လွင်က ဂျူလိုင်လ ၃၀ ရက်နေ့က ပြောသည်။

ဂျူလိုင်လ ၁၁ ရက်နေ့က နေပြည်တော်တွင် ပြုလုပ်သည့် သတင်းစာ ရှင်းလင်း ပွဲတွင် NLD ပါတီအနေဖြင့် CRPP အဖွဲ့ဝင် ပါတီခေါင်းဆောင်များ ၀င်ရောက် ယှဉ်ပြိုင်သည့် မဲဆန္ဒနယ်များတွင် ပါဝင်ယှဉ်ပြိုင်ခြင်း ပြုမည်မဟုတ်ကြောင်း ပါတီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားထားသည်။

ယင်းနောက်ပိုင်းတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့် SNLD ၊ ကယန်း အမျိုးသားပါတီ ၊ မွန်အမျိုးသားပါတီ စသဖြင့် တိုင်းရင်းသားပါတီ အချို့ နှင့် တွေ့ဆုံမှုများရှိခဲ့သော်လည်း အပြီးသတ်ဆွေးနွေးမှုများ ဆက်လက်မပြု လုပ်နိုင်သေး ပေ။

"ကျနော်တို့ပါတီနဲ့လည်း တစ်ခါပဲတွေ့နိုင်ပြီး ဆက်မတွေ့နိုင်သေးဘူး။ ကျနော် တို့လည်း အပြီးသတ်စာရင်းဖြတ်ရမှာနဲ့ ဘာနဲ့ ဆိုတော့ ဒီအတိုင်းပဲ တယောက်နဲ့ တယောက်မရှောင်ပဲ ပြိုင်ရတော့မယ်ထင်တယ်။ သူတို့လည်း အပေါ်ကစကားပြောလို့သာ လိုက်ပြောနေတာ။ တချို့နေရာတွေမှာ ကေ အာက်ခြေ မှာကလည်း လူတွေပြည့်နေပြီလေ - " ဟု ကယန်းအမျိုးသား ပါတီမှ အထွေထွေအတွင်းရေးမှူး ဦးနန်းရီက ပြောသည်။

NLD အနေဖြင့် လွှတ်တော်ခေါ်ယူရေး ကိုယ်စားပြုကော်မတီ CRPP အဖွဲ့ဝင် တိုင်းရင်းသားပါတီများ၏ ခေါင်းဆောင်များ ပြိုင်သည့်မဲဆန္ဒနယ်တွင်သာ မပြိုင်ဟု ဆိုထားသောကြောင့် ခေါင်းဆောင်များ အနက် ဦးအေးသာေ အာင်နှင့် ဦးပူကျင့်ရှင်းထန်တို့သာ ပြိုင်မည် ဖြစ်သဖြင့် အဆိုပါကမ်းလှမ်းမှုမှာ အကျုံးဝင်မှုနည်းပါးလွန်းသည်ဟု ရခိုင်အမျိုးသားပါတီမှ ဦးအေးသာအောင် က ပြောသည်။

''ကျနော်ပြိုင်တဲ့ မြေပုံမှာဆိုရင်လည်း သူတို့လာပြိုင်ဖို့ မလွယ်ဘူး။ ဦးခွန် ထွန်းဦး ကလည်း မပြိုင်တော့ ဘူး ။ ဦးပူကျင့်ရှင်းထန် တယောက်ပဲပြိုင် မယ်ဆိုတော့ ကျန်တဲ့တိုင်းရင်းသားပါတီတွေနဲ့က ဆက်ညှိစရာ မလိုတော့တဲ့ သဘောလိုလိုတောင်ဖြစ်နေပြီ။ ဒီပုံနဲ့ဆို စာရင်းသွင်းရမဲ့ အဆုံးသတ်ရက် ကလည်းကပ်လာတော့ ဒီအတိုင်းပဲ ပြိုင်ကြတော့မယ်ထင်တယ်။'' - ဟု ဦးအေးသာအောင်က ပြောသည်။

စစ်အစိုးရလက်ထက်က လွှတ်တော်ခေါ်ယူရေးအတွက် ဖွဲ့စည်းခဲ့သည့် CRPP အဖွဲ့တွင် အဖွဲ့ဝင်များထဲမှ ဦးအေးသာအောင် ၊ ဦးခွန်ထွန်းဦး ၊ ဦးပူကျင့်ရှင်းထန်၊ ဦးကျော်မင်း ၊ ဦးတင်ဦး နှင့် ဒေါ်အောင်ဆန်းစုကြည်တို့သာ သက်ရှိထင်ရှား ကျန်ရှိနေခဲ့ပါသည်။

ဒီနေ့ အတွက်ကာတွန်း (ရေကြီးရတဲ့အကြောင်း)


ရခိုင်ပြည်နယ်အ၀န်း ရေကြီးနေ၍ စိုးရိမ်ရသော အခြေအနေကို ရောက်ရှိနေ




 ရန်ကုန်၊ ဇူလှိုင် ၃၁

 ရခိုင်ပြည်နယ် ကျောက်တော်၊ ပုဏ္ဍားကျွန်း၊ မြောက်ဦး၊ မင်းပြား၊ ရသေ့တောင်၊ ဘူးသီးတောင်၊ ပေါက်တောမြို့နယ် အပါအ၀င် မြို့နယ် အတော်များများတွင် ရေနစ်မြုပ်နေသဖြင့် စိုးရိမ်ရသော အနေအထားသို့ ရောက်ရှိနေကြောင်း ဒေသခံများက သတင်း ပေးပို့သည်။

မြောက်ဦးမြို့ လမ်းမကြီးထက်တွင် ရေ ၇ ပေထိ နစ်မြုပ်နေပြီး လူပေါင်း ထောင်နှင့် ချီပြီး ဘေးလွှတ်ရာသို့ ရွှေ့ပြောင်းနေရသည်ဟု မြောက်ဦးမြို့မှ ဦးကျော်လှိုင်က ပြောသည်။

“ လမ်းမကြီးမှာ ရေ ခုနှစ်ပေလောက် မြုပ်နေပါတယ်။ ဈေးနားတ၀ိုက်၊ အလယ်ဈေး၊ အထက တ၀ိုက်၊ ရေ ခုနှစ်ပေလောက် မြုပ်နေပါတယ်။ အခု မိသားစု ၂၀၀ ကျော်ကို ရွှေ့နေရပါတယ်။ နောက်ဆုံး အခြေအနေက ရေထပ်တက်လာဖို့ အခြေအနေ ရှိတယ်။ ထပ်တက်လာရင် အန္တရာယ် ပိုရှိလာနိုင်ပါတယ်” ဟု ပြောသည်။

မြောက်ဦးမြို့တွင် နန်းရာကုန်း ပတ်ဝန်းကျင်မှ လွဲပြီး ကျန်ပတ်ဝန်းကျင်များအားလုံး ရေနစ်မြုပ်နေပြီး မြို့နယ် အတွင်းရှိ ကျေးရွာအများအပြားတွင်လည်း ရေနစ်မြုပ်နေပြီး အခြေအနေ အလွန်ဆိုးရွားနေကြောင်း၊ ယခုအခါ ကျေးရွာလိုက် ကုန်းမြင့်ရာသို့ ပြောင်းရွှေ့နေကြရကြောင်း သူက ဆက်လက် ပြောဆိုသည်။

ပုဏ္ဍားကျွန်းမြို့နယ်တွင် ကျေးရွာအများအပြားမှာ ရေနစ်မြုပ်နေပြီး မိသားစု အများအပြားကို ဘုန်းတော်ကြီးကျောင်းများသို့ ရွှေ့ပြောင်းနေကြရသည်ဟု ပုဏ္ဍားကျွန်းမြို့သို့ ရောက်ရှိနေသည့် ဦးစံကျော်လှက ပြောဆိုသည်။

ကုလားတန် မြစ်ကမ်းဘေး တစ်လျှောက်ရှိ ကျေးရွာများအားလုံး ရေနစ်မြုပ်နေပြီး ကျွဲနွားများလည်း နေစရာ မရှိ၍ သေဆုံးမှုများ ရှိနေကြောင်း သိရသည်။

မင်းပြားမြို့ တစ်ခုလုံး ရေနစ်နေပြီး ဈီးပင်ကြီးရွာတစ်ခုလုံးမှာ ရေအောက် ရောက်သွားပြီ ဖြစ်ကြောင်း၊ ငစရိုင်းချောင်းကျွန်း တစ်ခုလုံးတွင်လည်း နေရနစ်နေကြောင်း သိရသည်။

အပျက်အစီး အထူးများပြားနေပြီး ယခု ရေကြီးမှုက ရခိုင်ပြည်နယ်တစ်ခုလုံး အလွန်အပျက်အစီး များပြားစေနိုင်သည်ဟု ဦးစံကျော်လှက ပြောသည်။

( ရေကြီးနေသော အခြေအနေနှင့် ဓာတ်ပုံများကို ဖုန်း ၀၉၂၅၀၁၄၂၅ ၁၈ သို့ ဆက်သွယ်ပြီး သတင်း ပေးပို့ကြပါ။ ယခုဓာတ်ပုံများကို Facebook မှ ကူးယူဖော်ပြပါသည်။)

Arakan State
https://www.facebook.com/NarinjaraNews

သဘာဝဘေးအန္တရာယ် ကျရောက်သော ဒေသများအဖြစ် ကြေညာခြင်း


သဘာဝဘေးအန္တရာယ် ကျရောက်သော ဒေသများအဖြစ် ကြေညာခြင်း
MOI Webportal Myanmar
::: BREAKING NEWS :::
"တိုင်းနှင့် ပြည်နယ် လေးခု သဘာဝဘေးအန္တရာယ် ကျရောက်သော ဒေသအဖြစ် ကြေညာ"
ရေလွှမ်းမိုးမှုများဖြစ်ပေါ်နေသော ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်းနှင့် ရခိုင်ပြည်နယ်တို့ကို သဘောဝဘေးအန္တရာယ် ကျရောက်သော ဒေသအဖြစ် ဇူလိုင် ၃၁ ရက် ည ၉ နာရီတွင် အစိုးရက ကြေညာလိုက်သည်။

အဲကမ္ဘောဇက အကူအညီပစ္စည်းများ အခမဲ့ပို့ဆောင်ပေးမည်

အဲကမ္ဘောဇ လေကြောင်းလိုင်းက ရေဘေးသင့်ပြည်သူများအတွက် အကူအညီအထောက်အပံ့ပစ္စည်းများကို နီးစပ်ရာလေဆိပ်ရှိရာဒေသများသို့ အခမဲ့ပို့ဆောင်ပေးမည်ဟု သိရသည်။
လှူဒါန်းလိုသည့် ပစ္စည်းများကို အဲကမ္ဘောဇရုံးချုပ်နှင့် အနယ်နယ်အရပ်အရပ်ရှိ ရုံးခွဲများ တွင်လည်းလာရောက်လှူဒါန်းနိုင်ပြီး အကူညီလိုအပ်နေသည့် ရေဘေးအန္တရာယ်ခံစားနေရသော ပြည်သူများထံသို့ အခမဲ့သယ်ဆောင်ပေးပို့သွားမည် ဟု အဲကမ္ဘောဇ၏ ဖေ့ဘွတ်ခ်စာမျက်နှာတွင် ကြေညာချက်ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။
ဓာတ်ပုံ-နစ်ကီ
7Day News Journal

ဒီကနေ့ သဘောကျတဲ့ စတေးတပ်(ဘူးလက်ကြီးရေးတဲ့ နာဂစ်တုံးကပြင်သစ်တွေမလာရသလိုဘဲ ဘာမှမထူးဘူး)


နာဂစ်တုံးက ကျနော်ကပြန်ကြားရေးဝန်ကြီးဌာနကိုယ်စားပြုအစည်းဝေးတက်ရတယ် တလလောက်ကြာတယ် ညကျရင် ရန်ကုန်စစ်ရုံးအနီကြီး ရဲ့ စာပွဲပေါ်မှာဘဲအိပ်လိုက်တယ် ကျနော့်အလုပ်က မနက် ဆို ရဟတ်ယာဉ် ၁၁ စီးပေါ်မှာ ဘယ်လေယာဉ်နဲ့ ဘယ်ရိုက်ကူးရေးအဖွဲ့လိုက် ကယ်ဆယ်ရေးပစ္စည်းတွေ လိုက်ချ လူနာတွေပြန်သယ်လာ အဲဒါတွေ လိုက်ရိုက်ရတယ် အလောင်တွေကမြင်မကောင်းဘူး နာဂစ်အဆိုးဆုံး နယ်မြေတွေကို ၂၅ ခေါက်ရောက်တယ် တခါတလေ တစ်ရက်ထဲ ၃ ခေါက်လိုက်ရတယ် ။ မနက်အစော ထ စီစဉ် ညမိုးချုပ်မှရောက်တော့ အိမ်မပြန်တော့ဘူး စစ်ရုံးမှာဘဲအိပ်လိုက်တော့တယ် ။
အဲဒီတုံးက လေချုပ် ကိုမြတ်ဟိန်း (ခု ဆက်သွယ်ရေးဝန်ကြီး )က ရုံးဆင်းချိန်ရောက်ပြီး မိုးချုပ်နေတာတောင် အိမ်မပြန်သေးဘူး ယူနီဖေါင်းနဲ့ ညှပ်ဖိနပ်လေးနဲ့ ကားသမား နဲ့ သူ နှစ်ယောက်ထဲဘဲ လေယာဉ်တွေပြန်ရောက်လာတာ စုံတဲ့အထိ လေယာဉ်ကွင်းကစောင့်တယ် ပိုင်းလော့တွေကိုအခက်အခဲမေးတယ် လိုအပ်တာလမ်းညွှန်တယ်လုပ်ပေးတယ် ကိုသိန်းနိုင်တို့ကိုဇင်ယော်တို့လည်း အားထည့်ကြတယ် အောက်ခြေက တချို့ပိုင်းလော့လေးတွေက မောက်မာတယ် ပညာပြခြင်တယ် တချို့က စေတနာပါတယ် ကျနော်က မောက်မာပြီးပညာပြတဲ့ ပိုင်းလော့လေးတွေနဲ့ နောက်အခေါက်တွေကျ မလိုက်တော့ဘူး စိတ်ဆင်းရဲလို့ ဒါတွေထားပါတော့ ။
ညတိုင်းအစည်းဝေးလုပ်တယ် ဦးစီးလုပ်သူက ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန် ။ တစ်နေ့ညမှာပေါ့ ဗျာ အစည်းဝေးမှာ ဝန်ကြီးတွေက ထပြောကြတယ် နာမည်တော့မပြောတော့ပါဘူး တချို့ဝန်ကြီးတွေက လေဘေးရေဘေးကယ်ဆယ်ရေးကိစ္စ ဦးစားပေးပြောတယ် တချို့ဝန်ကြီးတွေတော်တော်များများက ၂၀၀၈ ဖွဲ့စည်းပုံမှာ ကြိုတင်မဲလေးတွေနဲနဲပေးပါဦး လို့ ဦးစားပေးတောင်းတယ် ဝန်ကြီချုပ်က စိတ်မရှည်တဲ့ပုံနဲ့ ခင်ဗျားတို့ကလည်းဗျာ ဒီလောက်ဖြစ်နေတာ ကယ်ဆယ်ရေးကိစ္စဦးစားပေးပြောကြစမ်းပါ လို့ ဆူမှ ကြိုတင်မဲကိစ္စရပ်သွားတယ် ။ အဲဒီမှာ နိုင်ငံခြားရေးဒုဝန်ကြီးက ထ ပြောတယ် ပြင်သစ် ရေတပ်ကစစ်သင်္ဘောတစ်စီးမြန်မာ့ရေပိုင်နက်နားရောက်နေတယ် မနက်ဖန်ရဟတ်ယာဉ်တစ်စီးလွှတ်လိုက်မယ် အဲ့ဒီရဟတ်ယာဉ်နဲ့ပြင်သစ်သံအမတ်နဲ့မြန်မာဒုနိုင်ငံခြားရေးဝန်ကြီးလိုက်ခဲ့ရမယ် ပြီးရင် နာဂစ် ဧရိယာကိုဝင်မယ် ကယ်ဆယ်ရေးလုပ်မယ် သူတို့မှာဆေးရုံသင်္ဘောပါတယ် လူ ဘယ်နှစ်ထောင် ဘယ်နှရက်စားနိုင်တဲ့ ရိက္ခါတွေပါတယ်လို့ပြောတယ် အဲဒါ ပြင်သစ်ကို ဘယ်လိုအကြောင်းပြန်လိုက်ရမလဲ လို့မေးတယ် ။ အားလုံးကငြိမ်နေတယ် ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန်က ဘာမှပြန်မပြောဘူး တခြားစကားလမ်းကြောင်းလွှဲ သွားတယ် ဒီကိစ္စဒီမှာဖြတ်လို့မရလို့မပြောတာနေမှာပေါ့ ။ နာဂစ်နယ်မြေမှာ ပြင်သစ်သင်္ဘောလာသွားတာတော့မတွေ့ဘူး အမေရိကန်တွေတော့ စစ်လေယာဉ်တွေနဲ့ မင်္ဂလာဒုံမှာ ဘီစကစ်တွေရေသန့်ဗူးတွေလာချလို့ ကျနော်ကရိုက်ကူးရေးတဖွဲ့ညအိပ်စောင့်ထားပြီးနေ့ညရိုက်ပေးရတယ် ။
ဆိုလိုတာက အဲဒီခေတ်က ကူမယ့်လူလာပေမဲ့ လူတိုင်းကူဘို့အစဉ်မပြေခဲ့ဘူး တချို့လက္ခံတယ် တချို့ကိုလက်မခံဘူး ။
ခု မြန်မာ့သြဘာက ကိုသတိုးဟိန်း ကရေဘေးအတွက် သိန်း ၆၀၀ ဘိုးလောက်လှုခြင်လို့ ကျနော့်ကိုကမ်းလှမ်းလာတယ် ကျနော့် ဂန့်ဂေါက တပိုင်တနိုင်ဖြစ်လို့ အကူညီမလိုဘူး ပျက်ဆီးတာတွေရေကျရင်ပြန်ပြင်ဘို့စာသင်ကျောင်းပြိုတာကအစအားလုံးစပွန်ဆာရသွားပြီ ဒါကြောင့် ကိုသတိုးဟိန်း ရဲ့ သိန်း၆၀၀ ဘိုး အခြားနေရာတွေလှုနိုင်အောင် သက်ဆိုင်ရာတွေလိုက်ချိတ်တယ် ခုထိအစဉ်မပြေသေးဘူး လှုမယ့်လူကအဆင်သင့် အကူညီ လိုနေတဲ့ လူတွေကလည်း အများကြီး ရှိနေတယ် ။
နာဂစ်တုံးကပြင်သစ်တွေမလာရသလိုဘဲ ဘာမှမထူးဘူးလို့တွေးမိတယ် ။
Hla Swe

အရေးပေါ် အခြေအနေ ကြေညာဖို့ နောက်ကျသွားပြီ ဆိုတဲ့ ဦးထွန်းလွင်

ဘင်္ဂလား ပင်လယ်အော် အရှေ့မြောက်ပိုင်းမှာ ဖြစ်ပေါ်သော မုန်တိုင်းငယ်သည် အနောက်မြောက်ယွန်းယွန်းကို ရွေ့လျှားခဲ့ပြီး ပိုမိုအားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း “ကိုမန်” အဖြစ် ပြောင်းလဲခဲ့သည့်အတွက် ရခိုင်ပြည်နယ်နှင့် ကမ်းရိုးတန်းဒေသများတွင် လေပြင်းများ တိုက်ခတ်ပြီး လှိုင်းကြီးမှုများ ဖြစ်ပေါ်နေပါတယ်။

ဆိုင်ကလုန်းမုန်တိုင်းအရှိန်ကြောင့်လည်း မြန်မာနိုင်ငံ အနှံ့အပြားမှာ မိုးရွာသွန်းမှုတွေ သိသိသာသာ များပြားနေပြီး တချို့နေရာတွေမှာ မုတ်သုန်မိုး အားကောင်းမှုကြောင့် ရေကြီးမှုများ ဖြစ်ပေါ်ခဲ့သည်။

မြန်မာနိုင်ငံ၏ လက်ရှိ ဖြစ်ပေါ် ပြောင်းလဲနေသည့် ရာသီဥတု အခြေအနေများနှင့် သဘာဝ ပတ်ဝန်းကျင်၏ ဆိုးကျိုးများက မြန်မာနိုင်ငံအပေါ် မည်မျှ သက်ရောက်နေပြီလဲ ဆိုသည့် အကြောင်းကို မိုးလေ၀သ ပညာရှင် ဒေါက်တာ ထွန်းလွင်ကို ဧရာဝတီ အကြီးတန်း သတင်းထောက် သူဇာက တွေ့ဆုံမေးမြန်းထားသည်။

မေး။ ။ ဘင်္ဂလားပင်လယ်အော်မှာ ဖြစ်ပေါ်နေတဲ့ ဆိုင်ကလုန်းမုန်တိုင်း “ကိုမန်” ကြောင့် နောက်ဆက်တွဲ အခြေအနေ ဘယ်လိုဖြစ်လာနိုင်မလဲ။
ဖြေ။ ။ ဆိုင်ကလုန်းမုန်တိုင်း ကလည်း နဂိုကတည်းက ဖြစ်နိုင်တယ်လို့ မှန်းထားပြီးသားပါ။ အခု အင်အားကတော့ တန့်သွားတယ်လို့ ပြောရမယ်။ဒီထက် ဆက်တက်ဖို့တော့ အလားအလာ မရှိပါဘူး။ မုန်တိုင်းက မြောက်ဘက်ကို သွားတာဆိုတော့ သွားလေ၊ သွားလေ ကုန်းတွင်းပိုင်းကို ရောက်လေဆိုတော့ အားလျော့သွားမှာပါ။ အခုလို မိုးလယ်ကာလမှာ ဖြစ်တတ်တဲ့ မုန်တိုင်းတွေက မြန်မာနိုင်ငံကို မ၀င်တတ်ပါဘူး။ အခု မုန်တိုင်းလည်း မ၀င်ပါဘူး။ မုန်တိုင်းဒဏ်ကတော့ ခံရမှာပါ။ လေတိုက်နှုန်း ပိုများမယ်။ နောက်ပြီး မိုးများမယ်ဆိုတဲ့ သဘောပါ။ အဓိကအားဖြင့် လေတိုက်နှုန်း၊မိုးရွာနှုန်း ပိုခံရမှာက ရခိုင်ရယ်၊ ချင်းရယ်၊ မကွေးတိုင်း ပိုခံရမယ်။
မေး။ ။ ဆိုင်ကလုန်း မုန်တိုင်းမလာခင်ကတည်းက စစ်ကိုင်းတို့၊ ရှမ်းတို့မှာ ရေကြီးဒဏ်ကို ခံစားနေရတယ်။ အခု မုန်တိုင်းကြောင့် လေပြင်းအားရော၊ မိုးဒဏ်ကိုပါ ဆက်ခံစားနေရတာ ဘယ်ကြောင့်ပါလဲ။
ဖြေ။ ။ ဒါကလည်း ဒီနှစ် ထူးခြားချက်ပေါ့။ အာရှတိုက်တခုလုံး မိုးလျှော့နေတယ်။ ဒါပေမယ့် ဘင်္ဂလားဒေ့ရှ်ဘက်မှာ မိုးကောင်းနေတယ်။ အထူးသဖြင့် မုတ္တမကွေ့ ဧရိယာတို့၊ ဘင်္ဂလားပင်လယ်အော် မြောက်ပိုင်းတို့မှာ မိုးကောင်းနေတယ်။ နောက်ပြီး ဒီနှစ် ထူးခြားတာက မိုးရာသီမှာ မိုးတိမ်တောင် မဖြစ်ရဘူး။ ဒါပေမယ့် ဒီနှစ် မြန်မာပြည် ပြည်နယ်နဲ့ တိုင်းအားလုံးမှာ မိုးတိမ်တောင် ဖြစ်နေတာ တွေ့ရတယ်။ မိုးတိမ်တောင် ဖြစ်ရင် မိုးသက်လေပြင်းဆိုတာ ပါလာတာပဲ။ ဒါပေမယ့် လေတိုက်နှုန်းက အများဆုံးရှိရင် ၄၀၊ ၄၅ ပဲ။ အဲဒီထက် မပိုဘူး။ အခု မိုးတိမ်တောင်က ခဏခဏ ဖြစ်နေတဲ့အခါမှာ မိုးတွင်းမှာ ဖြစ်တဲ့အတွက် ယခင်တိုက်နေကြ လေထက်တော့ ပိုပြင်းတယ်။ နောက်ပြီး မုတ်သုန်က အားကောင်းနေတော့ မုတ်သုန်မိုးသက်လေပြင်းကလည်း ရှိတယ်။ မိုးတိမ်တောင်ကြောင့် ဖြစ်တဲ့ လေပြင်းကလည်း ဖြစ်နေတယ်ဆိုတော့ လေက ပြင်းသလို ဖြစ်နေတယ်။
မေး။ ။ ဒါဆို မြန်မာနိုင်ငံမှာ မိုးတိမ်တောင် ဖြစ်နေတဲ့ အခြေအနေဆိုတော့ လေဆင်နှာမောင်း အန္တရာယ် ရှိတယ်လို့ ဆိုနိုင်တာပေါ့။ ဒီနောက်ပိုင်းမှာလည်း လေဆင်နှာမောင်းတိုက်လို့ အိမ်တွေ ပြိုတာတွေ တော်တော်ကြားရတယ်ဆရာ။ လေဆင်နှာမောင်းအန္တရာယ်ကိုလည်း ပြောပြပေးပါ။
ဖြေ။ ။ ကျနော့် ဟောပြောပွဲတွေမှာပဲ ဒီကိစ္စကို တော်တော် ထည့်ပြောဖြစ်ပါတယ်။ လေဆင်နှာမောင်း ဖြစ်ပေါ်တာတွေ တိုးလာတယ်။ မိုးတိမ်တောင် ဖြစ်ပေါ်မှုတွေ သိသိသာသာ တိုးလာတယ်လို့ ကျနော် ပြောနေပါတယ်။ ဒါပေမယ့် ဒီနှစ်မှာ ပိုထူးခြားတာက မိုးရာသီမှာ မိုးတိမ်တောင် ဖြစ်နေတာတွေ တွေ့ရတော့ ခါတိုင်းနှစ်ထက် မိုးတိမ်တောင် ဖြစ်တာတွေ များသလိုပဲ မိုးတိမ်တောင်ကြောင့် ဖြစ်တဲ့ လေဆင်နှာမောင်းတိုက်တာတွေ ပိုများလာတာပါ။ အဲဒီလိုဖြစ်ပြီဆို ပြည်သူတွေအနေနဲ့ ဘယ်လို အကာအကွယ်ယူရမလဲဆိုတာ ရှိထားပြီးသားပါ။ ဒါတွေကို ကြိုတင်လေ့လာထားမယ်ဆို ဒီအန္တရာယ်ကနေ ရှောင်တိမ်းနိုင်ပါတယ်။ မိုးကြိုးပစ်တော့မယ်ဆိုရင် ဘယ်လို လက္ခဏာတွေ ဖြစ်ပေါ်တတ်တယ်၊ လေဆင်နှာမောင်းဆိုရင် ကြိုတင်မြင်နိုင်တဲ့အတွက် ရှောင်နိုင်တာတွေ စတဲ့ အကာအကွယ်တွေ ရှိပြီးသားပါ။
မေး။ ။ အခု ရေကြီးတာကို ကြည့်ရင် ပြည်သူတွေ ကြိုတင်ကာကွယ်နိုင်ဖို့ အစိုးရဘက်က အသိပေးအကြောင်းကြားမှု အားနည်းတယ်လို့ ပြောကြတယ်။ ဆရာ့အမြင် ပြောပေးပါ။
ဖြေ။ ။ ကျနော် အဲဒီကိစ္စကို မီဒီယာတွေမှာ ဝေဖန်ပြောကြားပါတယ်။ ဘာကြောင့် အခု အခြေအနေကို အရေးပေါ် မကြေညာသေးတာလဲ။ ဒီအခြေအနေက အရေးပေါ် ကြေညာသင့်တယ်လို့ ပြောနေပါတယ်။ အဲဒါတွေကို ကြည့်ရင် ကြိုတင်ပြင်ဆင်မှု အပိုင်းမှာ အားနည်းတယ်လို့ ဆိုနိုင်တယ်။ အဲဒီလို အရေးပေါ် ကြေညာတာတို့၊ ကြိုတင်ပြီး ပြောင်းရွှေ့တာတို့ ဒါ ကြိုတင်ကာကွယ်မှု အပိုင်းတွေပါ။ အဲဒီအပိုင်းတွေကတော့ အားနည်းပါတယ်။နောက်ပြီး နာဂစ် မဖြစ်ခင်ကတည်းက သဘာဝ ဘေးအန္တရာယ် ကာကွယ်စောင့်ရှောက်ရေး စီမံချက်တွေ ရေးဆွဲခဲ့ပြီးသားပါ။ ကော်မတီတွေ ဖွဲ့ပြီးသားပါ။ အဲဒါတွေကလည်း ဘာအကောင်အထည်ဖော်တာမှ မတွေ့ရသေးဘူး။ ဒါဟာ အကြီးအကျယ် အားနည်းချက်ပဲလို့ ပြောရမယ်။
မေး။ ။ ဘယ်လို အခြေအနေမျိုးမှာ အရေးပေါ် ကြေညာပေးသင့်ပါသလဲ။
ဖြေ။ ။ အခု အချိန်က အရေးပေါ် ကြေညာဖို့ နည်းနည်းတောင် နောက်ကျသွားပြီ။ အရေးပေါ် ကြေညာရမယ့် အခြေအနေဆိုတာက အရပ်ဒေသ တခုမှာ ကယ်ဆယ်ရေး သွားဖို့လည်း မလွယ်၊ ဟိုဘက်မှာလည်း သူတို့ဟာ သူတို့ ရပ်တည်ဖို့လည်း မလွယ်တဲ့ အနေအထား ဖြစ်လာရင် အရေးပေါ် အခြေအနေပဲ။ ဟိုမှာ ရေပတ်လည် ၀ိုင်းနေတယ်။ အဲဒီနေရာ ရောက်အောင် သွားလို့လဲ မရနိုင်ဘူး။ သာမာန်အားဖြင့်ပေါ့။ ဟိုဘက်မှာလည်း နောက်ထပ် တရက်၊ နှစ်ရပ်ထပ် ရပ်တည်ဖို့ကလည်း မဖြစ်နိုင်တော့ဘူး၊ ကျန်းမာရေး ပြသနာတွေ ရှိနေမယ်။ မြွှေပြသနာတွေ ရှိနေတယ်။ နောက်ပြီး လူတွေရော၊ တိရစ္ဆာန်တွေပါ ရေတွေ မြုပ်နေတယ်ဆိုရင် အရေးပေါ်ပေါ့။ နေရာဒေသတခုမှာ ပုံမှန် လုပ်ငန်းဆောင်တာတွေ မလုပ်နိုင်တော့ဘူးဆိုရင် အခြေအနေ တခု ပြောင်းလဲသွားပြီဆိုရင် ဒါဟာ အရေးပေါ်ပဲ။
မေး။ ။ မုန်တိုင်းမဖြစ်ခင်ကတည်းက ရေကြီးတာတွေ ဖြစ်နေတာ တွေ့ရတယ်။ အခု မုန်တိုင်းမိုးကြောင့် ရေကြီးမှုက ပိုဆိုးလာတယ်လို့ ဆိုရမယ်။ ဒါဆို မြန်မာနိုင်ငံရဲ့ ဒီနှစ် ရေကြီးမှု အခြေအနေက ဘယ်လို ဖြစ်နိုင်မလဲ။
ဖြေ။ ။ ရေကြီးမှုတွေက နောက်ပိုင်း မိုးရာသီ ကုန်တဲ့အထိ၊ အောက်တိုဘာလအထိကို သတိထားဖို့ လိုတယ်။ အကြောင်းအရင်းတွေက ဒီနှစ်က မိုးကောင်းတဲ့နှစ်၊ စက်တင်ဘာလအထိ ရွာသွန်းမိုးထက် ပိုမယ်လို့ မှန်းထားပြီးသား၊ နောက်ပြီး ဘင်္ဂလား ပင်လယ်အော်မှာ မုန်တိုင်းတွေက ထပ်ဖြစ်ဦးမယ်။ နောက်ပိုင်းမှာ အရှေ့လေပွေလှိုင်းတွေ မလာသေးဘူး။ အဲဒါတွေက လာရင် မိုးက ရွာဦးမယ်။ နောက်ပြီး မုတ်သုန်မိုးက ပြန်ဆုတ်ရင် မိုးက ရွာဦးမယ်။ အဲဒီတော့ ရှေ့မှာ မိုးရွာဖို့ အကြောင်းတရားတွေက ရှိသေးတယ်။ နောက်ပြီး မြန်မာနိုင်ငံရဲ့ အစဉ်အလာ အရကိုက တနှစ်ကို ပုံမှန် ရေ သုံးကြိမ် ကြီးတတ်တယ်။ ဇွန်လမှာ တခါဖြစ်တယ်။ ဇူလိုင်- သြဂုတ်မှာ တခါ ဖြစ်တယ်။ နောက်ပြီး စက်တင်ဘာ- အောက်တိုဘာမှ ဖြစ်တယ်။ ဒါကြောင့် စက်တင်ဘာ- အောက်တိုဘာမှာ တခါ ရေကြီးနိုင်သေးတယ်။ ဒီနှစ်ကတော့ ရေကြီးမှုအန္တရာယ်ကို အထူးဂရုစိုက်ရမယ့် နှစ်လို့ ပြောရမှာပါ။
မေး။ ။ ဒီနှစ်ထဲမှာ ဆိုင်ကလုန်း မုန်တိုင်း “ကိုမန်” မဖြစ်ခင်က မုန်တိုင်း ဘယ်နှစ်လုံးလောက် ဖြစ်ခဲ့ပြီးပြီလဲ။ နောက်ထပ်ရော ဘယ်နှစ်လုံးလောက် ဖြစ်နိုင်မလဲ။
ဖြေ။ ။ ဒီမုန်တိုင်း မဖြစ်ခင်က မုန်တိုင်း သေးသေးလေး တလုံးပဲ ဖြစ်ခဲ့တာ။ ကုန်းတ၀က်၊ ရေတ၀က် ဖြစ်ပြီး ပျက်ပြယ်သွားမယ့် မုန်တိုင်းဆို ကျနော် မကြေညာဘူး။ ဒါကြောင့် ကျနော်ကတော့ အခု တလုံးက ပထမဆုံး အလုံးလို့ပဲ သတ်မှတ်ထားတယ်။ နောက်ပြီး အစကတည်းက အခု ဖြစ်လာတဲ့ မုန်တိုင်းနဲ့ ပတ်သက်ပြီးလဲ ဒီလောက်အထိ အားကောင်းလာနိုင်တယ်လို့ ကျနော် ခန့်မှန်းရေးသားထားပြီးသားပါ။ နောက်ပိုင်းလည်း မုန်တိုင်းတွေ ဖြစ်နိုင်ပါသေးတယ်။ ကျနော် ခန့်မှန်းထားတာကတော့ အနည်းဆုံး သုံးလုံးကနေ ငါးလုံးလောက်အထိ ဖြစ်လာနိုင် သေးတယ်။ အထူးသဖြင့် အစိုးရိမ်ရဆုံးကတော့ အောက်တိုဘာ၊ နိုဝင်ဘာလလို့ ပြောရမယ်။ အဲဒီအချိန်မှာ အများဆုံး ပိုဖြစ်နိုင်တယ်။ အဲဒီမရောက်မီလည်း တလုံးလောက်တော့ ဖြစ်နိုင်သေးတယ်။
မေး။ ။ နောက်တခုက ဒီနှစ် ရေကြီးမှုမှာ တွေ့ရတာ ဆည်တွေရဲ့ အန္တရာယ်က ခြိမ်းခြောက်မှု တခုလို ဖြစ်နေတယ်။
ဖြေ။ ။ ဆည်တွေနဲ့ ပတ်သက်ပြီး ပြောရရင် အကြောင်းအရင်းက နည်းပညာပိုင်းရော၊ လူပိုင်းရောလို့ ပြောရမယ်။ နည်းပညာပိုင်းအနေနဲ့ ပြောရရင် ဆည်တွေ ဆောက်တုန်းက ဆည်တွေမှာ အန္တရာယ်တွေ၊ ခံနိုင်ရည်တွေကိုလည်း သူတို့တွေက တွက်ပြီး ဆောက်ခဲ့ပါတယ်။ မှန်ပါတယ်။ ဒါပေမယ့်လို့ သူတို့ တွက်ထားတဲ့ ခံနိုင်ရည်ဟာ ဆည်ဆောက်တာ လွန်ခဲ့တဲ့ အနှစ် ငါးဆယ်က ဆောက်ထားတယ် ဆိုပါစို့။ အဲဒီတုန်းက တွက်တဲ့ အန္တရာယ်နဲ့ အခု အန္တရာယ်က မတူတော့ဘူး။ အန္တရာယ်ဟာ တိုးလာတယ်။ များလာတယ် အဲဒါတွေကို သူတို့ ထည့်တွတ်ဖို့ လိုတယ်။ နောက်ပြီး မြစ်တခုမှာ အရင်တုန်းက သစ်တောတွေ ရှိတယ်။ အခု အပင်တွေခုတ်လို့ ဘာသစ်တောမှ မရှိတော့ဘူး။ သစ်တော မရှိတော့ ရေတွေကို မထိန်းနိုင်တော့ဘူး။ သစ်တောမရှိတော့ ကမ်းပါးတွေက မိုးရွာ အစို၊ နေပူ အခြောက် ဖြစ်နေတယ်။ မိုးရွာလိုက်ရင် စီးကျတဲ့ ရေတွေနဲ့ မြေတွေက ပါသွားတော့ မြစ်တွေရဲ့ အောက်ခံက ပြောင်းသွားပြီ။ ပိုပို တိမ်လာတယ်။ အဲဒီတော့ အရင်က မိုးရေချိချိန် ငါး လက်မလောက် ရွာလို့ ဘာမှ မဖြစ်ဘူး။ အခုကျတော့ ငါးလက်မလောက် ရွာတာနဲ့ ရေလျှံတာပဲ။ ဒီလို ပြောင်းတာပဲ။ အဲဒီလိုဟာမျိုး ဆည်မှာလဲ ရှိတယ်။ နောက်ပြီးတော့ ဆည်တွေနားက ရေပိုရေလွှဲ ဒေသမှာလည်း ဖွံ့ဖြိုးရေး လုပ်ငန်းတွေ အများကြီး လုပ်နေတယ်။ မြစ်တွေမှာလည်း ပိုဆိုးတာပေါ့။ စက်ရုံတွေ ဆောက်တယ်၊ လူနေရပ်ကွက်တွေ လုပ်တယ်၊ စိုက်ခင်းတွေ လုပ်တယ်၊ သတ္တုတွေ တူးတယ်။ အဲဒါတွေက ရေပိုရေလွှဲဒေသကို ဖျက်လိုက်ရင် မြစ်တွေက ပျက်တာပေါ့။
နောက်ပြီးတော့ မြန်မာပြည်မှာ ဆည်ဆောက်ရင် ဇလဗေဒ မှတ်တမ်းကို သုံးရတယ်။ ဇလဗေဒရဲ့ သက်တမ်းက မြန်မာပြည်မှာ ဘာမှ မရှိသေးဘူး။ ဇလဗေဒ စလုပ်တာ ၁၉၆၅ ခုနှစ်မှ စလုပ်တာဆိုတော့ အခု တွက်ကြည့်လိုက်ရင် နှစ်ပေါင်း ၅၀ ကျော်လောက်ပဲ ရှိသေးတယ်။ သိပ္ပံရဲ့ သဘောသဘာဝ အရ နှစ်ပေါင်း ၅၀ လောက်ကို တွက်မယ်ဆိုရင် ငါးပုံ တပုံလောက်ကိုပဲ တွတ်လို့ရမယ်။ ဥပမာ ၁၀ နှစ်စာ သက်တမ်းကိုပဲ တွတ်နိုင်မယ်ဆိုတဲ့ သဘောပေါ့။ ဥပမာ နှစ်ပေါင်း ၁၀၀ ကို တွက်ချင်ရင် နှစ် ၅၀၀ သက်တမ်း ရှိရမယ်။ ဒါဖြစ်ရင် နှစ် ၅၀ လောက်ရှိပြီး ဘာဖြစ်လို့ နှစ်တရာ၊ နှစ်တထောက်ကို တွတ်လို့ရသလဲဆိုတော့ သချာင်္နည်းနဲ့လို့ တွတ်လို့ရတယ်။ သချာင်္နည်းနဲ့ တွတ်တဲ့အတွက် မှန်ချင်လည်း မှန်မယ်။ မှားချင်လဲ မှားမယ်။ အဲဒီတော့ တကယ်သေချာတဲ့ မှတ်တမ်းနဲ့ တွက်ချက်ပြီး ဆောက်ထားတာ မဟုတ်ဘူးပေါ့။ အဲဒါတွေက အားနည်းချက်တွေပေါ့။ နည်းပညာ မရှိလို့ မဟုတ်ဘူး။ နည်းပညာကို အပြည့်အ၀ အသုံးမချနိုင်လို့လို့ ပြောရမယ်။
မေး။ ။ ဒါဆို ဆရာ ပြောပုံအရဆို ဆည်တွေရဲ့ ခြိမ်းခြောက်မှုက တော်တော် ကြီးမားနေပြီလို့ ဆိုနိုင်မလား။
ဖြေ။ ။ သက်တမ်းကလည်း တဖြည်းဖြည်း ရင့်လာပြီ။ နောက်ပြီး သေချာ စောင့်ကြည့်မှုကလည်း နည်းတယ်။ ရာသီဥတုကိုလည်း ထည့်မတွက်ကြဘူး။ ရာသီဥတု ဖောက်ပြန်နေပြီဆိုပြီး ထည့်တွက်ပြီး တည်ဆောက်ထားတဲ့ဆည် ကျနော်သိသလောက် တခုမှ မရှိသေးဘူး။ မိုးသိမ့်များတဲ့ ဖောက်ပြန်မှုမျိုး ဖြစ်လိုက်ရင် ဒီဆည်ရဲ့ ခံနိုင်အားက ဘယ်ကြာကြာခံနိုင်မလဲ။ နောက်ပြီးတော့ မြေသုံးသုံး၊ ရေသုံးသုံး သတ်မှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေမရှိဘူး။ အဲဒါတွေဟာလည်း အရေးအကြောင်းဆို စကားပြောတာပဲ။ နောက်ပြီးတော့ သူ့သဘာဝအရ ရေထိန်းတဲ့နေရာတွေ ၊ အဲဒီနေရာတွေကို မြေဖို့ ဖွံ့ဖြိုးရေး လုပ်ငန်းတွေလုပ်၊ အဆောက်အဦးတွေ ဆောက် လုပ်ကြတယ်။ ဥပမာ ပြောရရင် ထိုင်းနိုင်ငံမှာ ရေထိန်းတဲ့ Swamp Land ကြီးကို သုဝဏ္ဏဘူမိ လေဆိပ်ကြီး ဆောက်လိုက်တယ်။ မကြာဘူး။ ဘန်ကောက် ရေမြုပ်တာပဲ။ ဒီလို ဥပမာတွေ အများကြီးပဲ။ ဖွံ့ဖြိုးတိုးတတ်မှုဆိုတိုင်း လုပ်ချင်တာ လျှောက်လုပ်နေမယ်ဆိုရင် တချိန်ကျရင် ဒုက္ခပေးမှာပဲ။
မေး။ ။ ဒါဆို မြန်မာနိုင်ငံမှာ ရာသီဥတု ဖောက်ပြန်မှုက သိသိသာသာကြီး ဖြစ်ပေါ်နေပြီလို့ ပြောနိုင်တာပေါ့။
ဖြေ။ ။ ပြောနိုင်တာပေါ့။ အကြီးအကျယ် ခံစားနေရပါပြီလို့ ကျနော်ပြောတာကိုကပဲ ဘယ်နှစ်နှစ်လောက် ရှိနေပြီလဲ။ ဒီခံစားမှုက နောက်ထပ် ဆက်ဖြစ်နေဦးမယ်။ တော်ရုံနဲ့ မပျောက်ဘူး။
မေး။ ။ အခု မုန်တိုင်းကြောင့် ရွာတဲ့မိုးက ဘယ်နှစ်ရက်လောက် ဆက်ရွာနိုင်သေးလဲ။
ဖြေ။ ။ အတိအကျတော့ မပြောနိုင်ဘူး။ တခါ မုန်တိုင်း တိုက်တုန်းကတော့ အနည်းဆုံး ငါးရက်လောက်တော့ ရွာတယ်။ အများဆုံး စက်တင်ဘာ၊ အောက်တိုဘာမှ စတတ်တဲ့ အရှေ့ဘက်က လေပွေလှိုင်းလာရင်တော့ ဆယ်ရက်လောက် ရွာနိုင်တာပေါ့။ နောက်ပိုင်းအခြေအနေတွေကတော့ ရေကြီးဖို့ အခြေအနေတွေ ဖြစ်နေတာပေါ့။
ဧရာဝတီ

Thursday, July 30, 2015

မွမ်ဘိုင်း ဗုံးခွဲမှု၊ သေဒဏ်ပေးခံရသူကို ကွပ်မျက်


မွမ်ဘိုင်းမြို့ ဗုံးခွဲမှုတွေကြောင့် လူ ၂၅၇ ဦး သေဆုံးခဲ့ရ။ 
 အိန္ဒိယ နိုင်ငံမှာ ၁၉၉၃ ခုနှစ်က ဖြစ်ခဲ့တဲ့ မွမ်ဘိုင်းမြို့ ဗုံးခွဲမှုတွေ အတွက် ငွေကြေး ထောက်ပံ့ ပေးခဲ့တယ် ဆိုတဲ့ စွဲချက်နဲ့ သေဒဏ် ချမှတ် ခံထားရသူ Yaqub Memon ကို ကြာသပတေးနေ့ မနက်က နာ့ဂ်ပူရ်မြို့ အကျဉ်းထောင်မှာ ကြိုးပေး ကွပ်မျက်လိုက်ပါတယ်။

Yaqub Memon ရဲ့ အသနားခံမှုကို တရားရုံးချုပ်နဲ့ သမ္မတတို့က ပယ်ချခဲ့ အပြီးမှာ ကွပ်မျက်ခဲ့တာ ဖြစ်ပါတယ်။

လူပေါင်း ၂၅၇ ဦး သေဆုံးခဲ့ရတဲ့ မွမ်ဘိုင်း ဗုံးခွဲမှုတွေအတွက် ပြစ်ဒဏ် ချမှတ်ခံရသူ ၁၁ ဦးထဲမှာ Yaqub Memon တစ်ယောက်သာ သေဒဏ် စီရင်ခံရသူ ဖြစ်ပြီး ကျန်သူတွေကိုတော့ တစ်သက် တစ်ကျွန်း ပြစ်ဒဏ်ကို ပြောင်းလဲ ပေးခဲ့ပါတယ်။

အဲဒီ ဗုံးခွဲမှုတွေကို အဓိက ကြိုးကိုင် စီစဉ်ခဲ့တယ်လို့ ယူဆကြတဲ့ သူ့ရဲ့ အစ်ကို ဖြစ်သူ Tiger Memon ကတော့ အခုချိန်အထိ ထွက်ပြေး လွတ်မြောက်နေဆဲ ဖြစ်ပါတယ်။

အဲဒီ ဗုံးခွဲမှုတွေဟာ မဖြစ်ခင် လပိုင်းက ပေါ်ပေါက်ခဲ့တဲ့ မူဆလင် ဆန့်ကျင်ရေး အဓိကရုဏ်းတွေကို လက်တုံ့ပြန်တဲ့ အနေနဲ့ ပြုလုပ်ခဲ့တာလို့ ယူဆရပါတယ်။

အိန္ဒိယ နိုင်ငံမှာ သေဒဏ် ချမှတ် ခံထားရသူတွေကို ကွပ်မျက်မှု အနည်းငယ်သာ ဖြစ်လေ့ ရှိပြီး ၂၀၀၄ ခုနှစ် နောက်ပိုင်းမှာ ၃ ဦးကိုသာ ကွပ်မျက်ခဲ့ပါသေးတယ်။

BBC Burmese
http://www.bbc.com/burmese

မွမ်ဘိုင်းတိုက်ခိုက်မှု ကျုးလွန်သူ အိန္ဒိယ သေဒဏ်စီရင်

မွမ်ဘိုင်းတိုက်ခိုက်မှု ကျူးလွန်သူကို ကွပ်မက်ျပြီးနောက် အလောင်းကို သယ်ဆောင်လာစဉ်။ (ဇူလိုင် ၃၀၊ ၂၀၁၅)
 အိန္ဒိယနိုင်ငံ Mumbai မြို့မှာ ၁၉၉၃ ခုနှစ်က လူပေါင်း ၂၅၇ ဦး သေဆုံးသွားခဲ့ရတဲ့ ဗုံးခွဲတိုက်ခိုက်မှုမှာ ပါဝင်ပတ်သက်ခဲ့သူ Yakub Memon ကို ဒီကနေ့ အစောပိုင်းကပဲ ကွပ်မျက်လိုက်ပါတယ်။ သူ့ရဲ့ နောက်ဆုံးအဆင့် လွတ်ငြိမ်းခွင့် တောင်းခံမှု ပယ်ချခံခဲ့ရပြီးတဲ့နောက် နာရီပိုင်းအကြာမှာဘဲ အသက် ၅၃ နှစ်အရွယ် Memon ကို ရဲအစောင့်အကြပ် တင်းတင်းကျပ်ကျပ် ချထားတဲ့ Nagpur မြို့မှာဘဲ ကြိုးပေး ကွပ်မျက်လိုက်တာပါ။

Bombay စတော့ ရှယ်ရာဈေးကွက်၊ Air India လေကြောင်းကုမ္ပဏီ ရုံးခန်းတွေ၊ ဟိုတယ်တွေနဲ့ ရုပ်ရှင်ရုံတွေ အပါအ၀င် မွန်ဘိုင်းမြို့က နေရာအနှံ့အပြားမှာ ဗုံးခွဲတိုက်ခိုက်ဖို့ ကြုံစည်မှု၊ ငွေကြေးထောက်ပံ့ပေးမှုတွေနဲ့ သူ့ကို ၂၀၀၇ ခုနှစ်အတွင်းက ပြစ်ဒဏ် ချမှတ်ခဲ့တာပါ။ ဒီလိုတိုက်ခိုက်မှုအတွက် အခြားလူ ၁၀ ဦးကိုလည်း သေဒဏ်ပေးခဲ့ပြီး နောက်ပိုင်းမှာတော့ တသက်တကျွန်း ပြစ်ဒဏ် အဖြစ် ပြောင်းလဲချမှတ်ခဲ့ပါတယ်။

တိုက်ခိုက်မှုအတွက် စီစဉ်ညွှန်ကြားသူတွေအဖြစ် စွပ်စွဲခံထားရတဲ့ Memon ရဲ့အစ်ကိုကြီး Tiger Memon နဲ့ ဂိုဏ်းခေါင်းဆောင် Dawood Ibrahim ကတော့ လွတ်မြောက်နေဆဲဖြစ်ပါတယ်။

လူ့အခွင့်အရေးအဖွဲ့ Amnesty International ကတော့ အိန္ဒိယနိုင်ငံရဲ့ ခုလိုသေဒဏ်ချမှတ်မှုအပေါ် ဝေဖန်လိုက်ပြီး ခုလို စီရင်တဲ့အတွက် ၁၉၉၃ မွန်ဘိုင်းဗုံးခွဲမှုမှာ တရားမျှတအောင် ဆောင်ရွက် ပေးနိုင်မှာ မဟုတ်ဘူးလို့ အိန္ဒိယနိုင်ငံဆိုင်ရာ Amnesty International အကြီးအကဲ Aakar Patel က ပြောပါတယ်

ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com

ကိုမန် ဆိုင်ကလုန်း မုန်တိုင်း တိုက်ခတ်

 မုန်တိုင်းကြောင့် ရေမြုပ်ပျက်စီးမှုတွေ အတော်များ
 ဘင်္ဂလား ပင်လယ် အတွင်း တည်ရှိနေတဲ့ ကိုမန် ဆိုင်ကလုန်း မုန်တိုင်း ဖြတ်သန်း တိုက်ခတ် သွားတဲ့ အတွက် ရခိုင်ပြည်နယ် အတွင်း အပျက်အစီးတွေ ရှိခဲ့ သလို ရေကြီးရေလျှံမှုတွေ လည်း ဖြစ်ပေါ် ခဲ့ပါတယ်။

ဘင်္ဂလား ပင်လယ်အော် မှာ ဖြစ်ပေါ်နေတဲ့ မုန်တိုင်းငယ် ဟာ အင်အားပြင်းတဲ့ ဆိုင်ကလုန်း မုန်တိုင်း အဖြစ် ပြောင်းလဲခဲ့ပြီး ရခိုင်ပြည်နယ် မြောက်ပိုင်းကို ကြာသပတေး နေ့ မနက် ကနေ ညနေပိုင်းထိ အဖျားခတ် ဖြတ်သန်း ပြီး တနာရီ မိုင် ၅ဝ နှုန်းနဲ့ ဖြတ်သန်း တိုက်ခတ် ခဲ့ပါတယ်။

အဲသလို တိုက်ခတ် ခဲ့တဲ့ အတွက် စစ်တွေ၊ ပေါက်တော၊ ရသေ့တောင်၊ မြေပုံ၊ မင်းပြား၊ မောင်တော၊ ဘူးသီးတောင် မြို့နယ် တွေမှာ အဆောက်အဦ တွေ၊ အိမ်တွေ၊ သစ်ပင်တွေ လဲပြိုကျ ခဲ့ပါတယ်။

စစ်တွေမြို့ပေါ်မှာ အိမ်တွေ ရေထဲ မျောပါ သွား တာတွေ ရှိသလို သစ်ပင်တွေ အမြစ်ကနေ လဲပြို တာတွေ ရှိတဲ့ အတွက် လမ်းတွေလည်း ပိတ်ဆို့ ကုန်တယ်လို့ သိရပါတယ်။

မင်းပြားမြို့ပေါ် မှာတော့ မုန်တိုင်းနဲ့ အတူ မြစ်ရေဟာ စိုးရိမ် ရေမှတ် ကျော်လွန်လာတဲ့ အတွက် လူပေါင်း ၁ဝဝဝ နီးပါး ခန့်ကို ဘေးလွတ်ရာကို ရွှေ့ပြောင်း ခဲ့ရပါတယ်။

ရသ့တောင်မြို့နယ် အတွင်း မှာလည်း အစိုးရ အဆောက်အဦတွေ၊ စာသင်ကျောင်းတွေ ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

ကျောက်တော် မြို့နယ်မှာတော့ လယ်ဧက ထောင်နဲ့ချီ ရေမြုပ်နေတဲ့ အတွက် ပျက်စီးမှုတွေ အတော်များတယ်လို့ ဆိုပါတယ်။

မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် နယ်စပ်မှာ ရှိတဲ့ မောင်တော မြို့နယ်မှာလည်း အပျက်အစီးတွေ များပြီး ဖုန်းလိုင်းတွေ ပြတ်တောက် နေတယ်လို့ သိရပါတယ်။

ကိုမန်လို့ အမည်ရှိတဲ့ မုန်တိုင်း ဟာ ကြာသပတေး နေ့ ညနေပိုင်းမှာ ဘင်္ဂလားဒေ့ရှ် နိုင်ငံ စစ်တကောင်းကို ဖြတ်ကျော် ဝင်ရောက် ခဲ့ပါတယ် ။

BBC Burmese
http://www.bbc.com/burmese

ကိုမန် လေမုန်တိုင်း မိုင် ၉၀ နှုန်းနဲ့ တိုက်ခတ်နိုင်ကြောင်း မိုးဇလ သတိပေး


Komen မုန်တိုင်း ဖြတ်သန်းသွားနိုင်မယ့် လမ်းကြောင်းပြမြေပုံကို တွေ့ရစဉ်။ ဓါတ်ပုံ - မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန
  ဘင်္ဂလားပင်လယ်အော်မှာ “ကိုမန်” (Komen) လို့ အမည်ပေးထားတဲ့ ဆိုင်ကလုန်းမုန်တိုင်း ဖြစ်နေတာကြောင့် ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်နဲ့ မကွေးတိုင်းဒေသကြီးတွေမှာ တစ်နာရီကို မိုင် ၉၀ နှုန်းလောက်နဲ့ လေပြင်း တိုက်ခတ်ပြီး မိုးကြီးနိုင်တယ်လို့ မိုးလေ၀သနဲ့ ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက သတိပေးထုတ်ပြန်လိုက်ပါတယ်။ အဲဒီမုန်တိုင်းဟာ မြန်မာ့ကမ်းရိုးတန်းကို ဒီနေ့ညသန်းခေါင်မှာ ရိုတ်ခတ်နိုင်တယ်လို့ မိုးလေ၀သနဲ့ ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ဟာရင်နိုင်တီယမ်က ပြောပါတယ်။

"မနေ့ကမနက် ၇ နာရီ ထုတ်ပြန်ကတည်းက လိမ္မော်ရောင်လို့ သတ်မှတ်ထားတယ်၊ မြန်မာကမ်းကို မဖြတ်ပေမဲ့ မြန်မာကမ်းနဲ့အရမ်းနီးလို့ လိမ္မော်ရောင်လို့ သတ်မှတ်လိုက်တာပါ၊ မုန်တိုင်းကြောင့် ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်တို့မှာ တော်တော်ခံစားရတယ်ပေါ့၊ မကွေးဘက်လည်း သူဖြတ်တဲ့အချိန်မှာ ညာဘက်ကျတဲ့အခါ ကျတော့ အများကြီးခံရတယ်ပေါ့"

မုန်တိုင်းအရှိန်ကြောင့် စစ်ကိုင်းတိုင်းအောက်ပိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ ချင်းပြည် နယ်နှင့် ရခိုင်ပြည်နယ်တို့မှာ မိုးကြီးပြီး လေပြင်းတိုက်ခတ်နိုင်တဲ့အပြင် ရေကြီးရေလျှံမှုတွေ မြေပြိုမှုတွေ ဖြစ်ပေါ်နိုင် တယ်လို့ မိုးလေ၀သနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက သတိပေးထားပါတယ်။ လက်ရှိ မိုးဆက်တိုက်ရွာနေ တာကြောင့် မန်းချောင်းနဲ့ မုန်းချောင်းတို့မှာ ရေမြင့်တက်နေပြီး မန်းတမံဟာလည်း ရေထိန်းနိုင်တဲ့ပမာဏ ကို ကျော်တော့မှာဖြစ်တဲ့အတွက် စေတုတ္တရာနဲ့ ပွင့်ဖြူမြို့ပေါ်ရပ်ကွက်တွေနဲ့ ကျေးရွာတွေက ဒေသခံတွေကို အုပ်ချုပ်ရေးအဖွဲ့က နေရာပြောင်းရွှေ့ဖို့ ညွှန်ကြားထားပါတယ်။

RFA Burmese
http://www.rfa.org/burmese

မုန်တိုင်းအန္တရာယ် ကင်းရှင်းသွားပြီ ဖြစ်ပေမယ့် သတိထားဖို့ လို


 ဆိုင်ကလုန်းမုန်တိုင်း ကိုမန် ကတော့ ဘင်္ဂလားဒေ့ရှ် ကမ်းခြေကို ဖြတ်ကျော်ဝင်ရောက်ခဲ့ပြီး ဖြစ်ပါတယ်။ မုန်တိုင်းအန္တရာယ်ကတော့ ကင်းရှင်းသွားပြီ ဖြစ်ပါတယ်။ သို့သော်လည်း တိမ်တိုက်များ ရခိုင်ကမ်းရိုးတန်း မြောက်ပိုင်းမှာ ထူထပ်နေဆဲဖြစ်ပါတယ်။ မုတ်သုံလေ ဆက်လက်အားကောင်းနေတဲ့အတွက် ပင်လယ်ပြင်မှာ လှိုင်း၊ လေ သတိထားရမှာ ဖြစ်ပါတယ်။ ရခိုင်ပြည်နယ်မြောက်ပိုင်း၊ ချင်းပြည်နယ်နဲ့ စစ်ကိုင်းတိုင်းတို့မှာ မိုးများနိုင်သေးတဲ့အတွက် ရေကြီးရေလျှံမှုတွေကို သတိထားရမှာ ဖြစ်ပါကြောင်း အသိပေးလိုပါတယ်ခင်ဗျာ။

မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန

ဆိုင်ကလုန် ကိုမန် ဘင်္ဂလာဒေ့ရှ် ဖြတ်ကျော် ၀င်ရောက်တိုက်ခတ်၊ လူ ၄ ဦးသေဆုံး

( မုန်တိုင်းတိုက်ခတ်ပြီးနောက် စစ်တွေမြို့ ကမ်းနား မြင်ကွင်း/ ဓာတ်ပုံ- နိရဉ္စရာ)
 ရန်ကုန်၊ ဇူလှိုင် ၃၁

 ဆိုင်ကလုန် ကိုမန်သည် ယမန်နေ့ ညနေ ၉ နာရီက စပြီး ဘင်္ဂလာဒေ့ရှ် နိုင်ငံ စစ်တကောင်း ကမ်းခြေကို ဖြတ်ကျော် ၀င်ရောက် တိုက်ခတ်နေသည်ဟု ဘင်္ဂလာဒေ့ရှ် မီဒီယာများတွင် ဖော်ပြသည်။

ဖြတ်သန်း တိုက်ခတ်စဉ် တစ်နာရီကို ကီလိုမီတာ ၆၀ နှင့် ၇၀ အကြား ပြင်းအားဖြင့် တိုက်ခတ်သွား ခဲ့ကြောင်း၊ သစ်ပင်များလဲပြိုရာမှ လူ ၄ ဦးသေဆုံးသွားခဲ့ကြောင်း၊ မုန်တိုင်းသည် စစ်တကောင်း ကမ်းခြေရှိ ဟတီယာ ( Hatia) နှင့် ဒေသအခေါ် ချောင်းဒီ (Sandwip) ကို ညနေ ၉ နာရီ မိနစ် ၃၀ တွင် ဖြတ်ကျော် ၀င်ရောက် တိုက်ခတ်ကြောင်း၊ မုန်တိုင်းဖြတ်သန်းချိန်မှာ သုံးနာရီ၎ နာရီခန့် ကြာမြှင့်ကြောင်း၊ မုန်တိုင်းကြောင့် မိုးအဆက်မပြတ်ရွာသွန်းနေသဖြင့် မြေပြိုမှုများ ဖြစ်ပေါ်နိုင်သဖြင့် သတိပေးမှု ပြုလုပ်ထားကြောင်း သတင်းစာများတွင် ရေးသား ဖော်ပြသည်။

ယခုအချိန်ထိ မုန်တိုင်း စိုးရိမ်နေရဆဲ ဖြစ်သဖြင့် ကမ်းခြေ ဒေသ တစ်လျှောက်တွင် သတိပေးမှု အဆင့် (၇) ကို ပြုလုပ်ထားပြီး ကော့စ်ဘဇားလေဆိပ်ကို ပိတ်ထားရဆဲ ဖြစ်ကာ ရေကြောင်း သယ်ယူပို့ဆောင်ရေး လုပ်ငန်းများကိုလည်း ရပ်ဆိုင်းထားသည်ဟု ဆိုသည်။

မုန်တိုင်းကြောင့် ဘင်္ဂလာဒေ့ရှ်တွင် မြေနိမ့်ပိုင်းမှ လူပေါင်း သုံးသိန်းခန့်ကို ဘေးလွှတ်ရာသို့ ရွှေ့ပြောင်းထားရပြီး ငါးဖမ်းဘုတ် ၃ စီးနှင့် ငါးဖမ်းသမား ၂၄ ဦး ပျောက်ဆုံးနေသည်ဟု သိရသည်။

Arakan State
https://www.facebook.com/NarinjaraNews

တရုတ်နိုင်ငံသားများ လွတ်မြောက်မှု အပေါ် နိုင်ငံခြားရေးဌာန တုန့်ပြန်

ကချင်ပြည်နယ် မြစ်ကြီးနားတရားရုံး သို့ရောက်လာတဲ့ တရုတ်နိုင်ငံသား သစ်ခိုးထုတ်သူများ။ (ဇူလိုင် ၂၂၊ ၂၀၁၅)
  ကချင်ပြည်နယ်တွင်း သစ်ခိုးထုတ်မှုနဲ့ နှစ်ရှည် ထောင်ဒဏ်တွေ ကျခံနေရတဲ့ တရုတ်နိုင်ငံသား သစ်ခိုးခုတ်သူ ၁၅၅ ဦးတို့ကို သမ္မတ ဦးသိန်းစိန်ရဲ့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လွှတ်ပေးခဲ့တဲ့ အပေါ် တရုတ်ဘက်က အသိအမှတ်ပြုတဲ့ အကြောင်းနဲ့ ဒီလူတွေကို ပြန်လည်လွှဲပြောင်းပေးဖို့ အတွက် တရုတ် အစိုးရက မြန်မာ အာဏာပိုင်တို့နဲ့ ဆက်သွယ် ဆောင်ရွက်ခဲ့တယ်လို့လည်း တရုတ်နိုင်ငံခြားရေး ၀န်ကြီးဌာန ပြောခွင့်ရ Hong Lei က နိုင်ငံခြားရေး ၀န်ကြီးဌာနရဲ့ ကြာသပတေးနေ့ ပုံမှန် သတင်းစာ ရှင်းလင်းပွဲမှာ ပြောဆိုခဲ့ပါတယ်။

မြန်မာအာဏာ ပိုင်တို့ကဘက်က သောကြာနေ့မှာ တရုတ် သစ်ခိုးခုတ်သူတွေကို တရုတ်နိုင်ငံဘက် ပြန်လည် လွှဲပြောင်းပေးမယ်ဆိုတာကို ကြာသပတေးနေ့ မနက်က အကြောင်းကြားခဲ့ပါတယ်လို့ တရုတ်နိုင်ငံခြားရေး ၀န်ကြီးဌာနက ပြောခွင့်ရ ကပြောဆိုခဲ့ပါတယ်။

ကချင်ပြည်နယ်တွင်း သစ်ခိုးထုတ်သူ တရုတ်နိုင်ငံသား ၁၅၅ ဦးတို့ကို ထောင်ဒဏ် ၁၀ နှစ်ကနေ နှစ် ၂၀ အထိ ပြစ်ဒဏ်တွေ ချမှတ်ခဲ့တာကြောင့် တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကို တရုတ်ဒုတိယ နိုင်ငံခြားရေး ၀န်ကြီးက ခေါ်ယူတွေ့ဆုံပြီး နှစ်ရှည်ထောင်ဒဏ် ချမှတ်ခဲ့ တာဟာ ပြင်းထန်ကြောင်း ပြောဆိုခဲ့သေးတာ ဖြစ်ပါတယ်။

သမ္မတ ဦးသိန်းစိန်ရဲ့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ မနေ့ ကြာသပတေးနေ့မှာ နိုင်ငံတ၀န်း အကျဉ်းထောင်တွေက အကျဉ်းသား ၆၉၆၆ ဦးတို့ လွတ်လာခဲ့တာပါ။ ဒီထဲမှာ ကချင်ပြည်နယ် အတွင်း သစ်ခိုးထုတ်မှုနဲ့ နှစ်ရှည် ပြစ်ဒဏ်ကျခံခဲ့ရတဲ့ တရုတ်နိုင်ငံ သား (၁၅၅) ဦးလည်း ပါဝင်ခဲ့တာပါ။ ၂၀၀၄ ခုနှစ်က နှစ်ရှည် ထောင်ဒဏ်တွေ ကျခံနေရတဲ့ စစ်အစိုးရရဲ့ ထောက်လှမ်းရေး တပ်ဖွဲ့ဝင် တချို့လည်း သမ္မတရဲ့ လွတ်ငြိမ်းချမ်းသာခွင့် ရခဲ့ပါတယ်။

မနေ့ ကြာသပတေးနေ့တုန်းက လွတ်မြောက်လာသူတွေထဲမှာတော့ နိုင်ငံရေး အကျဉ်းသား အနည်းငယ်နဲ့ သတင်းသမား တချို့ လွတ်မြောက်ခဲ့ပေမယ့် အကျဉ်းထောင်တွေထဲမှာ နိုင်ငံရေး အကျဉ်းသား ၁၂၀ ကျော်၊ အလုပ်သမား အခွင့်အရေး တောင်းဆိုသူတွေ၊ သိမ်းဆည်းခံ လယ်ယာမြေ ပြန်လည် ရရှိရေး တောင်းဆိုမှုကြောင့် ပြစ်ဒဏ်ကျခံနေရသူတွေနဲ့ ကျောင်းသားတွေလည်း ကျန်ရှိနေသေးသလို နောက်ထပ် ၄၀၀ ကျော်တို့ဟာလည်း အမှု ရင်ဆိုင်နေရဆဲ ဖြစ်ပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com

မူလာ မန်ဆူကို တာလီဘန် ခေါင်းဆောင်အဖြစ် ရွေးလိုက်

မူလာ မန်ဆူကို ခေါင်းဆောင် အဖြစ် ရွေးလိုက်တဲ့အတွက် တာလီဘန်အဖွဲ့အတွင်း အကွဲအပြဲတွေ ဖြစ်လာနိုင်တယ်လို့ သုံးသပ်နေကြ
တာလီဘန်အဖွဲ့ ခေါင်းဆောင် မူလာ အိုမာ သေဆုံးသွားပြီ ဆိုတဲ့အကြောင်း တာလီဘန်အဖွဲ့က အတည်ပြု ပြောခဲ့အပြီး အခုအခါ သူ့နေရာကို ဆက်ခံမယ့် ခေါင်းဆောင်သစ်ကို ရွေးချယ်လိုက်ပြီ ဖြစ်ပါတယ်။

တာလီဘန် အဖွဲ့ကို နှစ်၂၀ကြာလောက် ဦးဆောင်ခဲ့တဲ့ မူလာ အိုမာ ရဲ့ နေရာမှာ သူ့လက်ထောက် မူလာ မန်ဆူ ကို အစားထိုး ခန့်မှာ ဖြစ်တယ်လို့ တာလီဘန် ခေါင်းဆောင် ပိုင်းနဲ့ နီးစပ်သူတွေက ပြောပါတယ်။

၁၉၉၀ ပြည့်လွန် အစောပိုင်းနှစ်ကာလ အာဖဂန် နစ္စတန်နိုင်ငံ ပြည်တွင်း စစ်အတွင်း တာလီဘန် အဖွဲ့ကို မူလာ အိုမာ တည်ထောင်ခဲ့ပြီးကတည်းက ဆိုရင် အခု မူလာ မန်ဆူဟာ တာလီဘန်အဖွဲ့ကို ဦးဆောင်မယ့် ဒုတိယမြောက် ခေါင်းဆောင် ဖြစ်လာပါလိမ့်မယ်။

၁၉၆၀ ပြည့်လွန်နှစ်ပိုင်းမှာ ကဲန်ဒါဟာ ပြည်နယ်မှာ မွေးဖွားခဲ့သူ မူလာ မန်ဆူဟာ တာလီဘန် အစိုးရ ပြုတ်ကျခဲ့အပြီး နောက်ပိုင်းမှာ ကဲန်ဒါဟာ ပြည်နယ်ရဲ့ အတိုက်အခံ ပြည်နယ် အုပ်ချုပ်ရေးမှူးအဖြစ် ဆောင်ရွက်ခဲ့ပါတယ်။

အာဖဂန် နစ္စတန် ကို တာလီဘန်တို့ အုပ်ချုပ်ခဲ့စဉ် ကာလအတွင်း သူဟာ အရပ်ဘက် လေကြောင်းဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူလည်း ဖြစ်ပါတယ်။

ကုလသမဂ္ဂအဖွဲ့ရဲ့ အဆိုအရ သူဟာ မူးယစ် မှောင်ခိုမှုတွေကို အကြီးအကျယ် လုပ်ခဲ့သူ လို့လည်း သိရပါတယ်။

အခု သူ့ကို တာလီဘန် အဖွဲ့ခေါင်းဆောင်အဖြစ် ရွေးချယ်လိုက်တာဟာ အားလုံးက တညီတညွတ်တည်း ရွေးချယ်လိုက်တာ မဟုတ်ပဲ ရက်ပေါင်းအတော်ကြာ အကြိတ်အနယ် ငြင်းခုံ ဆွေးနွေးခဲ့ကြပြီးမှ ရွေးချယ်ခဲ့တာ ဖြစ်ပါတယ်။

မူလာ မန်ဆူကို တာလီဘန် ခေါင်းဆောင်အဖြစ် ရွေးချယ်လိုက်တာကို တာလီဘန် ထိပ်တန်း တပ်မှူးတွေနဲ့ တခြား တာလီဘန် ထိပ်ပိုင်းခေါင်းဆောင်တွေက အကြီးအကျယ် မကြေမနပ် ဖြစ်ခဲ့ကြတယ်လို့ တာလီဘန်အဖွဲ့ရဲ့ ရှူရာ ကောင်စီနဲ့ နီးစပ်တဲ့ သတင်းရပ်ကွက်က ပြောပါတယ်။

တာလီဘန် ထိပ်တန်း စစ်ဘက်ဆိုင်ရာ အကြီးအကဲ မူလာ ကာအမ်မ် ဇာကီယာ ကိုဖြစ်ဖြစ်၊ ကာတာမှာ ရှိတဲ့ တာလီဘန် နိုင်ငံရေး ရုံးအဖွဲ့ရဲ့ အကြီးအကဲ တာယက်ဘ် အက်ဂါ ကိုဖြစ်ဖြစ် ကက်တာ ရှူရာ အဖွဲ့ဝင် တဦး ဖြစ်တဲ့ မူလာ ဟာဘီဘူလာ ကိုဖြစ်ဖြစ် အဖွဲ့ခေါင်းဆောင်အဖြစ် ရွေးချယ် ခန့်အပ်ဖို့ သူတို့က လိုလားခဲ့ကြတာပါ။

ဒါမှမဟုတ်ရင်လည်း မူလာ အိုမာရဲ့ သား ဖြစ်တဲ့ ယာကွတ်ဘ်ကို သူ့အဖေရဲ့ နေရာမှာ အစားထိုး ခန့်အပ်ချင်နေကြတာပါ။ မူလာ မန်ဆူကို ရွေးချယ်ဖို့ ပါကစ္စတန် အစိုးရကို ထောက်ခံအားပေးတဲ့ အသိုင်းအဝိုင်းကနေ တာလီဘန် အဖွဲ့ဝင်တွေကို သိမ်းသွင်း ပြောခဲ့ကြတာ ဆိုပြီး သူတို့က စွပ်စွဲပြောဆိုနေပါတယ်။

မူလာ မန်ဆူဟာ အာဖဂန် နစ္စတန်အစိုးရနဲ့ ဆွေးနွေးပြောဆိုမှုတွေ လုပ်ဖို့ အားပေးသူဖြစ်ပါတယ်။

အခု တာလီဘန်တို့ရဲ့ ကြေညာချက်ထဲမှာ အာဖဂန် နစ္စတန် အစိုးရနဲ့ နောက်ထပ် ဆွေးနွေးပြောဆိုမှုတွေနဲ့ ပတ်သက်လို့ ဘာမှ ထည့်သွင်းပြောဆိုထားတာမျိုးမရှိပဲ ဒီကိစ္စနဲ့ ပတ်သက်လို့ ဘယ်လို ဆက်လုပ်ကြမလဲ ဆိုတာအပေါ် သဘောကွဲလွဲမှုတွေ ရှိနေတယ် ဆိုတာ ထင်ဟပ် ပေါ်လွင်နေပါတယ်။

မူလာ အိုမာ သေဆုံးသွားတဲ့အတွက် အာဖဂန်နစ္စတန် အစိုးရနဲ့ တာလီဘန်တွေအကြား ငြိမ်းချမ်းရေး ဆွေးနွေးပြောဆိုမှုတွေ အဟန့်အတား ဖြစ်သွားခဲ့ရပြီး ဒီကနေ့ သောကြာနေ့မှာ ကျင်းပဖို့ စီစဉ်ထားတဲ့ ဒုတိယအကျော့ ဆွေးနွေးပွဲကိုလည်း ရွှေ့ဆိုင်းလိုက်ရပါတယ်။

BBC Burmese
http://www.bbc.com/burmese