Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, July 31, 2015

တပ်မတော်သား (၅၀)ဦးကိုသာ ကြံ့ခိုင်ရေး ကိုယ်စားလှယ်အဖြစ် လက်ခံမည်


        ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီသို့ ၀င်ရောက်ရန် လျှောက်ထားသော တပ်မတော်သားများထဲမှ (၅၀)ဦးကိုသာ လွှတ်တော် ကိုယ်စားလှယ်အဖြစ် လက်ခံမည် ဖြစ်ကြောင်း သတင်းရရှိသည်။

        “မြေပြင်ဒေသမှ ခပ်ညံ့ညံ့ ပုဂ္ဂိုလ် ဖြစ်နေတယ်။ သို့သော် အကျိုးရှိမယ်ဆိုရင်လည်း ဗိုလ်ချုပ်ကြီးတွေအစား ဒေသခံကိုပဲ ပေးမယ်။ ဒါပေမဲ့ အချို့နေရာမှာ အသက် ကြီးသွားလို့ မပြိုင်တဲ့နေရာတွေမှာ ဗိုလ်ချုပ်တွေကို စိစစ်ပြီး လုပ်မှာပါ”ဟု ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုကော်မတီ အဖွဲ့ဝင် ဦးလှဆွေက The Messenger Media သို့ ပြောသည်။

        တပ်မတော်သားများသည် ယူနီဖောင်း ချွတ်လိုက်ပြီးကတည်းက အရပ်သား ဖြစ်သွားပြီဖြစ်ရာ၊ ဗိုလ်ချုပ်ကြီးများသည် မည်သူနှင့်မဆို ယှဉ်ပြိုင်နိုင်ပြီ ဖြစ်ကြောင်း၊ သို့သော် လက်ရှိ လွှတ်တော် ကိုယ်စားလှယ်များကို ဦးစားပေးမည် ဖြစ်ကြောင်း၊ အသက်ကြီးသွားသော လွှတ်တော် ကိုယ်စားလှယ်များ နေရာတွင် တပ်မတော်သားများကို အစားထိုးမည်ဖြစ်ပြီး၊ လူတိုင်းအား ရွေးကောက်ပွဲ ၀င်ခိုင်းမည် မဟုတ်ဘဲ တချို့ကို ပါတီဝင်အဖြစ် ဆက်လက် ထားရှိမည် ဖြစ်ကြောင်းလည်း ဦးလှဆွေက ဆိုသည်။ တပ်မတော်မှ ယင်းပါတီသို့ ၀င်ရောက်ရန် လျှောက်ထားသူ (၁၃၀) ကျော် ရှိနေကြောင်းလည်း သိရသည်။

         “ရန်ကုန်မှာ တပ်မတော်သား ကိုယ်စားလှယ် ခြောက်ဦး ယှဉ်ပြိုင်မှာပါ။ ကျွန်တော်တို့ဆီကို သဘောထား တောင်းပြီး သူတို့လုပ်တာပါ”ဟု ရန်ကုန်တိုင်းဒေသကြီး ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အထွေထွေ အတွင်းရေးမှူး ဦးသာဝင်းက The Messenger Media သို့ ပြောသည်။

          ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီတွင် တပ်မတော်သား ဗိုလ်ချုပ်ဟောင်းများ ကိုယ်စားလှယ်အဖြစ် ၀င်ရောက် ယှဉ်ပြိုင်မည့်အပြင် ပြည်ထောင်စုဝန်ကြီး ဦးအုန်းမြင့်၊ ပြည်ထောင်စု ၀န်ကြီး ဦးခင်မောင်စိုး၊ ပြည်ထောင်စု ၀န်ကြီး ဦးသန်းအောင်၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဒုတိယ၀န်ကြီး ဒေါက်တာပွင့်ဆန်းတို့ အပြင် တခြားဝန်ကြီးများလည်း ၀င်ရောက် ယှဉ်ပြိုင်မည် ဖြစ်သည်။
http://messengernewsjournal.com/News/Local/detail.php?id=41648

No comments:

Post a Comment