Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, November 2, 2017

ငါပြေးရမယ် ဟာနာ၊ ငါ ရပ်လို့ မဖြစ်ဖူး။


ငါပြေးရမယ် ဟာနာ၊ ငါ ရပ်လို့ မဖြစ်ဖူး။
ဟုတ်တာပေါ့။ သဲမာ ပြေးနေရတယ်။
ဆုတံဆိပ် အတွက်လဲ မဟုတ်ဖူး။နိုင်ငံအတွက်လဲ မဟုတ်ဖူး။
သူ့မိသားစုအတွက်။
ငါပြေးနေရမယ် ဟာနာ။
---------------------------------------------------
သဲမာ၊ဟာနာ တို့က ညီအမတွေ။အထက်တန်းကျောင်းသူလေးတွေ။သဲမာ က ညီမလေး ကိုသိပ်ချစ်တယ်။ရှိတာကမှ ဒီ ၂ယောက်ထဲကို။သူတို့မိသားစုကလဲ ဖေဖေ အယ်ဒိုရယ် မေမေ ဖလောရင်းရယ် ပေါင်းမှ လေးယောက်ရယ်။တခါတလေ မေမေ့ အလုပ်တွေ လာကူလုပ်ပေးတဲ့ မေမေ့ ညီမ မာရီ ပါထည့်လိုက်ရင်တော့ ငါးယောက်ပေါ့။

သူတို့ မိသားစုက ဖိလစ်ပိုင်နိုင်ငံမြောက်ပိုင်း က လယ်သမားမိသားစုပါ။ဖေဖေ အယ်ဒို က သူများ လယ်မှာ အလုပ်လုပ်နေရတာ။မေမေ ကတော့ အိမ်မှာ ယက္ကန်း ယက်တယ်။ပိတ်စရရင် မြို့ကလေး က အန်တီ မီဒါ ဆီ ပို့ရောင်းတာပေါ့။ အန်တီမီဒါကတော့ နည်းနည်း ပါပါးပြုပြင်ပြီး နိုင်ငံခြားသား တွေကို ပြန်ရောင်းတယ်။ဒါ သူတို့မိသားစုရဲ့ ၀င်ငွေ။အလုပ်အဆင်မပြေရင် အစားအသောက်လဲ ခက်တယ်။ဒီလို အခါမျိုးကျရင် ဖေဖေ က ညည်းတယ်။ သဲမာ သာ ယောင်္ကျားလေး ဖြစ်ခဲ့ရင် အား ကိုးရမယ် တဲ့။သဲမာ စိတ်ပျက်တယ်။ဒီလိုစကားမျိုး ကို စိတ်ပျက်တာပါ။

ခုကော ယောကျာင်္းလေး တစ်ယောက် ထက် ဆိုးတဲ့ဘ၀မှာနေနေရတာ။ကျောင်းသာတက်နေရတယ်။ဖိနပ်ကောင်းကောင်းမရှိဖူး။ မုန့်ဝယ်မစားနိုင်ဖူး။သူ့အဖေ ရဲ့ အကျ အကျီင်္ ဟောင်းတွေ ၀တ်နေရတာ။သူ့စိတ်ကိုက ယောကျာင်္းစိတ်။ ထမင်းဟင်းလဲ မချက်ချင်။အ၀တ်လဲ မလျှော်ချင်။သူတို့ညီအမ ၂ ယောက် ထဲ လယ်ကွင်းတွေ၊ မြောင်းဘောင်တွေ၊တောင်ကုန်းတွေ ပေါ်မှာ ပြေးကြတယ်။တစ်ခါတစ်ခါ စိတ်ရူးပေါက်ရင် ညီအမ၂ယောက် မုန့် ဆိုင်တွေက မုန့်ခိုးစားတယ်။ပြီးတော့ပြေးတယ်။အိမ်မှာလာ တိုင်ခံရတဲ့အခါ ဖေဖေ က တွယ်တော့တာပေါ့။

မေမေ့ အလုပ်ကို ကူတဲ့အနေနဲ့ အန်တီမီဒါဆီ ပစ္စည်းသွားပေးတယ်။ ညီမလေး ဟာနာက အန်တီမီဒါ အိမ် ဧည့်ခန်းထဲက Wheel Chair ပေါ်တက်ဆော့တော့ အငေါက်ခံရတာပေါ့။နိမိတ်များ ပြလေ သလား။
နောက်တစ်နေ့ ကျောင်းသွားတော့ သဲမာ ရှာ ထားတဲ့ဖြတ်လမ်း ကနေ သွားတာ။ညီမလေး ဟာနာ ကားတိုက်ခံရပါလေရော။တကယ်တော့ အမြန်လမ်းပေါ် လမ်းဖြတ်ကူးလို့ မရဘူးလေ။

ဆေးရုံကိုရောက်တဲ့အခါ ပိုက်ဆံ မရှိတော့ မျက်နှာငယ်။ကုတင် မရလို့ အခက်ကြုံရပြန်ပါတယ်။ညီမလေး ဟာနာရဲ့ခြေထောက်ထဲကို သတ္ထု ထည့် ပြီး ကုရမယ်။ မြို့တော် မနီလာ ကိုပို့ရမယ်တဲ့။ဘယ်မလဲ ပိုက်ဆံ။လောလောဆယ်တော့ Wheel Chair နဲ့ထားပါ ဆိုပဲ။သဲမာ မျက်လုံးထဲ သူ့ညီမလေး ဟာနာ တက်ကစားခဲ့တဲ့ အန်တီ မီဒါ့ အိမ်က Wheel Chair ကြီး ကိုပဲ မြင်နေတယ်။

လမ်းမှာသူတို့မုန့်ခိုးစားနေကြဆိုင်ကြီးက ဦးလေးကြီးက သတင်းအကြားနဲ့ သနားပြီး မုန့် နှစ်ခု လက်ဆောင်ပေးလိုက်တယ်။အဲဒီ မုန့်ဆိုင်မှာ နံရံကပ်ကြော်ငြာတစ်ခုတွေ့တယ်။ ဟိုဘက်မြို့ မှာ မာရသွန်ပြေးပွဲလုပ်မယ် ဆိုပဲ။သူ ၀င်ပြိုင်ချင်တယ်။သူ့ကိုယ်သူပြေးနိုင်တယ်လို့ ယုံတယ်။သူ ဘယ်သူ့ကိုမှ မပြောဖူး။ညီမလေး ကိုတော့ ပြောခဲ့တယ်။ မုန့်တစ်ယောက်တစ်ခု စားရင်း ငါသွားပြေးမယ်ဟာနာ။ညီမလေး အတွက် မမသွားပြေးမယ်တဲ့။

စိတ်ဝင်စားဖို့ ကောင်းတာက ဒီ ဇာတ်ကားမှာ ဇာတ်ဝင်ခန်းတွေကို လှ လို့ ဆိုပြီး တမင်သက်သက် ထည့်ထားတာမျိုးတစ်ခုမှ မရှိဖူး။Wheel Chair အဟောင်း ကိုထည့်ထားတယ်။ နောက်တော့ ညီမလေး ဟာနာ အတွက်ဖြစ်ခဲ့တယ်။လေရဟတ် နဲ့လျပ်စစ် ထုတ်တဲ့နေရာတွေဆီ ညီအမ ၂ယောက် ပြေးကြတယ်။ ခု သူအပြေးကျင့်တော့ဒီနေရာတွေမှာပဲ။သူတို့က လျပ်စစ်ဓါတ်ထုတ်ပေးတယ်။ငါက အနိုင်ရရမယ် ဆိုတဲ့ စိတ်ဓါတ် ထုတ်ပေးနေတယ် တဲ့။ဒါ သဲမာ စကား။

တကယ်လဲ သူနိုင်ခဲ့တယ်။ပြိုင်ပွဲက ရတဲ့ပိုက်ဆံနဲ့ ညီမလေး ဟာနာအတွက် Wheel Chair၀ယ်ပေးတယ်။ပိုတဲ့ပိုက်ဆံတွေကို မေမေ့ ကိုပေးလိုက်တယ်။သိတ်လှတဲ့ မြင်ကွင်းပါ။ညည့်ဦးယံမှာ မမ သဲမာ က ညီမလေး ဟာနာ ကိုWheel Chair ပေါ်တင်ပြီး တောင်ကုန်းပေါ် ပြေးတက်ကြတာ။

သူ အနိုင်ရတဲ့ သတင်း သူ့ကျောင်းဆီရောက်တော့ အားကစားဆရာက အိမ်ထိ လိုက်လာပြီး သဲမာ ကို ကျောင်း ပြန်တက်ခိုင်းဖို့ လာခေါ်တယ်။ဒီတော့မှပဲ သဲမာ မေမေ ဖလောရင်း ဟာ တချိန်က ကျောင်းဂုဏ်ဆောင်အပြေးမယ် တစ်ယောက်ဖြစ်မှန်း သိခဲ့၇တယ်။ငယ်ငယ်ရွယ်ရွယ် နဲ့ အိမ်ထောင်ကျပြီး အားကစားလောကကို စွ့န်ခဲ့ရတာ တဲ့။

ဘာပဲဖြစ်ဖြစ် သဲမာကျောင်းပြန်ရောက်ရတယ်။စာသင်ခန်းထဲမှာ စာသင်ရသလို အားကစားကွင်းမှာလေ့ကျင့်ရတယ်။ခက်နေတာက သူ့မှာ အားကစား ဖိနပ်မရှိဖူး။ရိုးရိုး ညှပ်ဖိနပ်ကို တံတောင်ဆစ်ထိ စွပ်ပြီး ပြေးနေတာ။ ဒါကိုသိတော့ သူ့ အားကစားမှူးက ဟိုတုန်းက သူ့အမေ စီးခဲ့တဲ့ ဖိနပ် အဟောင်းလေး ထုတ်ပေးတယ်။သူကတော့ ဖိနပ်မပါပဲ ပြေးချင်နေသူပါ။

ဘာပဲဖြစ်ဖြစ် ကျောင်းပေါင်းစုံမှာလဲ သူနိုင်တယ်။မြို့ပေါင်းစုံမှာလဲ သူနိုင်တယ်။ မနီလာ ရွှေမြို့တော်ကြီးက အားကစား အကယ်ဒမီ ကို ပညာသင်ဆု နဲ့ သွားရတော့မယ်။ညီမလေး ဟာနာ ကို ထားခဲ့၇မယ်။မိသားစု ကိုထားခဲ့ရမယ်။ဒါပေမဲ့ သူ မပြေးလို့ မဖြစ်ဖူး။

မနီလာမှာ သူ့ကိုလယ်တောသူမ လို့ ခေါ်တယ်။သူ စိတ်မဆိုးဖူး။စာ မလိုက်နိုင်လို့ ဆရာကဆူတယ်။သူစိတ်မဆိုးဖူး။သူ နိုင်ဖို့ ပဲ သိတယ်။လက်ရှိချန်ပီယံ မနီလာသူက သူ့ကို အမြဲရိတယ်။သူ့ ကို တစ်ဖက်သတ် သဘောကျနေတဲ့ ကောင်လေး က သဲမာ ကိုအမြဲအားပေးတယ်။သူ့အမေလိုတော့ သဲမာ မဖြစ်ချင်ဖူး။ချစ်ခြင်းမေတ္တာ ဆိုတာ ဘ၀ နဲ့ ယှဉ်လိုက်ရင် အငွေ့တစ်ခု ပါလို့  သဲမာ ယုံကြည်တယ်။နှလုံးသားကို စတေးရမှာပေါ့။

ဒီ ပြိုင်ပွဲမှာနိုင်ရင် လက်ရွေးစင်ဖြစ်မယ်။အရှေ့တောင်အာရှအဆင့်တက်ရမယ်။နက်ဖြန် ပြိုင်ရတော့မယ်။ဒီနေ့ သူ့အမေ ယက်ကန်းစင်မှာ မူးလဲကျတယ်။ညီမလေး ဟာနာ ကို ဘယ်သူစောင့်ရှောက်မလဲ။သူ့အဖေ ကလဲ အလုပ်တစ်ဖက်၊ ဒုက္ခိတညီမလေးတစ်ဖက်၊ဝေဒနာသည် မေမေ ဖလောရင်းဆီ ဘယ်လို သွားမလဲ။

ဇာတ်ညွှန်းအရ Dilemma ဆီ တွန်း ပို့လိုက်ပါပြီ။ပြေးမလား ပြန်မလား။
ကိုယ်ဆိုရင် ဘယ်လိုဆုံးဖြတ်မလဲ။ လယ်ကွင်း အစပ်က မလုံမခြုံ တဲ ကလေးဆီ ပြန်မလား။မီးရောင်စုံထိန်ညီးနေတဲ့ မနီလာ မြို့တော်ကြီးမှာ နေမလား။သဲမာ အဖြစ်သရုပ်ဆောင်တဲ့ မဂျာ ဆယ်လ်ဗေဒိုရဲ့ ထူးခြားတဲ့ ကောင်းမွန်သပ်ရပ်တဲ့ သရုပ်ဆောင်ချက်တွေကိုတွေ့ရမှာပါ။ဒါကြောင့်လဲ သရုပ်ဆောင် အကယ်ဒမီဆုကိုရခဲ့တာပေါ့။လက်ရှိ အကဘုရင်မလို့ နာမည်ကျော်နေတဲ့ ဆယ်လ်ဗေဒို ဟာ သက်သက်မဲ့နာမည် ကြီးနေတာ မဟုတ်ဖူးဆိုတာကိုတော့ ဒီရုပ်ရှင်က သက်သေပြပါလိမ့်မယ်။
----------------------------------------------------------------------------------------
ညီမလေး ဟာနာ ငါပြေးရမယ်
ဒဏ်ရာ မရှိပဲ အောင်မြင်ခြင်း ဆီ ငါမရောက်ဖူး
စွန့်လွှတ်ခြင်းတွေ မရှိပဲ ပန်းတိုင်ဆီ ငါ မရောက်ဖူး
စတေးရတာ မပါရင် ဒါဟာ အောင်မြင်ခြင်းမဟုတ်သေးဖူး။
ငါပြေးရမယ် ညီမလေး ဟာနာ။

တစ်ခုလေးပဲ မေတ္တာရပ်ခံချင်ပါတယ်။မျက်ရည် လွ.ယ်ရင် မကြည့်ကြပါနဲ့။ဇာတ်ကားပြီးချိန်ထိ ခင်ဗျားတို့ ပါးပေါ်မှာ မျက်ရည်တွေ ကျန်နေသေးရင် ကျွန်တော့ အပြစ် မဟုတ်ပါဖူး။
Channelmyanmar.orgမှာ မြန်မာ စာတန်းထိုး နဲ့ ကြည့်လို့ ရပါတယ်။
ဇာဂနာ

No comments:

Post a Comment