Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။
Showing posts with label essay. Show all posts
Showing posts with label essay. Show all posts

Friday, June 14, 2019

မင္းငယ္ငယ္က မင္းငိုသံၾကားရင္ အခ်ိန္တိုင္း မင္းဆီ ေျပးလာတတ္တဲ့ မင္း အေမ အတြက္ အခ်ိန္ေလး ၅ မိနစ္ ေလာက္ေပးႏိုင္မွ ဒီပို႔ ကို အေရးတယူလုပ္ပါ


ေမေမ မသြားပါနဲ႔..သူ႔အသက္ငါးႏွစ္….“ေမေမ.. ေမေမ့စကားကို သားနားေထာင္ပါမယ္။ ေမေမ မသြားပါနဲ႔..”မူႀကိဳေက်ာင္း ရဲ႕ ေက်ာင္းေပါက္ဝမွာ ေမေမ့ ေျခေထာက္ ကိုဖက္ၿပီး သူငိုယိုေတာင္းပန္တယ္။ ေမေမ ကထိုင္ခ်ၿပီး သူ႔ပါးႏွစ္ဘက္ကို လက္ႏွစ္ဘက္နဲ႔ ကိုင္လိုက္တယ္။

“ေယာက္်ားေလး ဆိုတာ မ်က္ရည္ မက်ရဘူး သား… အထဲမွာ သား နဲ႔အတူ ေဆာ့ကစားမယ့္ ကိုကိုမမေတြ အမ်ားႀကီးရွိတယ္။ ၿပီးေတာ့ ဆရာမကလည္း သားကို သီခ်င္း ေတြ အမ်ားႀကီးသင္ေပးဦးမွာ။ သား ေသခ်ာလိုက္ဆိုၿပီး ေမေမ့ကိုျပန္ဆိုျပေနာ္။ ေမေမရံုးဆင္းတာနဲ႔ သားကို လာႀကိဳမယ္” ေမေမ့ ေျပာစကားကို သူ မ်က္ရည္ သုတ္ၿပီး ေခါင္းညိတ္ျပတယ္။

သူ႔အသက္ဆယ္ႏွစ္ ….

“ေမေမ……”

ေက်ာင္းေပါက္ဝမွာ ေမေမ ကိုေတြ႔တာနဲ႔ သူေျပးဖက္တယ္။ ေမေမ့ ရင္ခြင္ ထဲ ဝမ္းသာအားရ သူေခါင္းေလးတိုးေဝွ႕တယ္။

“ေျဖႏိုင္လား သား?”

အမွတ္ျပည့္ရတဲ့ အေျဖ စာရြက္ ကို ေမေမ ဆီ သူထိုးေပးတယ္။

“ေမေမ့ သား က ေတာ္လိုက္တာ… လာ.. ေမေမ တို႔ တစ္ခုခုသြားစားရေအာင္ သား ကို ဂုဏ္ျပဳရမယ္”

သူ႔အသက္ ဆယ့္ငါးႏွစ္….

“သား မသြားခ်င္ဘူး.. သား က်ဴရွင္ မတက္ခ်င္ဘူး…က်ဴရွင္ တက္လည္း အပုိပဲ”

ေမေမ က စိတ္ဆိုးမာန္ဆိုးနဲ႔ အေျဖလႊာစာရြက္ကို ထိုးျပၿပီး “သား အမွတ္စာရင္းကို သားၾကည့္ပါဦး။ ဘာျဖစ္လို႔ ေမေမ့စကား ကို သားနားမေထာင္ရတာလဲ? ဒီလိုပံုစံနဲ႔ဆက္သြားရင္ တကၠသိုလ္တက္ရမွာမဟုတ္ဘူး။ သားကို ပညာတတ္ေစခ်င္လို႔ ေမေမ ပိုက္ဆံ အကုန္ခံၿပီး ေက်ာင္းထားတာ၊ တစ္ေနကုန္ ဂိမ္းကစားဖို႔ မဟုတ္ဘူး သား…” သူ တံခါးေဆာင့္ပိတ္ၿပီး အျပင္ကိုထြက္သြားလိုက္တယ္။ သူ႔ေနာက္ေက်ာမွာ ေမေမ့အသံကပ္ပါလာတယ္။

“သား……. ျပန္လာခဲ့……!!”

သူ႔အသက္ ၂ဝႏွစ္…..

“သား အိမ္မျပန္ေတာ့ဘူး ေမေမ.. ဒီည သား သူငယ္ခ်င္း ေတြနဲ႔ ပါတီ လုပ္မယ္။

ေအာ္.. ေမေမကို ေျပာရဦးမယ္။ တကၠသိုလ္ ဝင္ခြင့္ ေလွ်ာက္လႊာ သားျဖည့္လိုက္ၿပီေနာ္.. ” ရီေဝေဝအသံနဲ႔ ေမေမဆီ သူ႔ဖုန္းဆက္တယ္။

“အိမ္ျပန္လာၿပီး ျဖည့္ပါလား သား… ေမေမ့ ကို တိုင္ပင္ၿပီးမွ ျဖည့္ပါလား!

ေမေမ့ ကိုလည္း ဘာမွမတိုင္ပင္ပဲနဲ႔ သား ဘာလို႔ ေမေမ့စ ကား နားမေထာင္ရတာလဲ? သား …ဘာလိုင္းဦးစားေပးေလွ်ာက္ထားသလဲ?”

“ဟာ… ေမေမ ကလည္း စိတ္ရႈပ္လိုက္တာ.. သားကိစၥ သားသိပါတယ္.. ေမေမ ဝင္မပါပါနဲ႔..”

ေမေမ ဘက္က ဘာမွမေျပာခင္ သူ ဖုန္း အရင္ခ်ပစ္လိုက္တယ္။ ၿပီးေတာ့ ခြက္ကိုကိုင္ေျမာက္ၿပီး အေပါင္းအသင္း ဘက္လွည့္လိုက္တယ္။

“သူငယ္ခ်င္း တို႔ေရ.. လာကြာ.. ခ်ီးယားစ္…”

သူ႔အသက္ ၃ဝႏွစ္…..

“အရက္ ေသာက္ဖို႔ စိတ္ရွိေသးတာလား?”

သူ႔လက္ထဲက ဖန္ခြက္ကို ေမေမ လုယူၿပီး ေျပာလိုက္တယ္။

“ဒီ မိန္းကေလး မဆိုးပါဘူး.. ေမေမ ဘယ္ေတာ့မွ ေျမးခ်ီရမလဲ သားရယ္..”

“သူ႔ကို သားမႀကိဳက္ဘူးေမေမ… ဟို ေကာင္မေလးနဲ႔ စပ္ေပး ဒီေကာင္မေလးနဲ႔ စပ္ေပး မလုပ္နဲ႔ေတာ့ေမေမ။ သားကို ေနရာလပ္ေလးတစ္ခုေပးပါ…”

“ေမေမ့ စကား ကို တစ္ေခါက္ေလာက္ နားေထာင္ေပးပါလား သား? ေမေမ ေျပာမယ္….”

“ဟာ……. သား နားမေထာင္ဘူး… ငယ္ငယ္ေလးကတည္းက အခုခ်ိန္ထိ ေမေမ့ စကား ကို သားနားေထာင္ေနခဲ့တာ.. ေမေမ ေျပာတာေတြ ဘယ္ေလာက္မွန္လို႔လဲ? ဘယ္ေလာက္မွန္လဲ?”

သူ႔အသက္ ၄ဝ…..

“ပိုက္ဆံ က ဘယ္ေလာက္မွ မမ်ားပါဘူး။ လိုအပ္တာဝယ္ဖို႔ ေမေမ အတြက္ သား ပိုက္ဆံ ထည့္ေပးလိုက္တယ္။ ပိုက္ဆံလိုတဲ့အခါ ဖုန္း ထပ္ဆက္လိုက္ေပါ့…”

“ေမေမ ဘာမွမလိုဘူးသား… ႏွစ္ကုန္တဲ့အခါ ေျမးေတြေခၚၿပီး အိမ္ျပန္ခဲ့ပါဦး.. သား တို႔ကို ေမေမ လြမ္းလို႔ပါ.. ၿပီးေတာ့ သားကို ေမေမေျပာျပစရာတစ္ခုရွိတယ္…”

“ႏွစ္ကုန္ရင္ ကုမၸဏီ ကလုပ္ငန္းတိုးခ်ဲ႕မယ္တဲ့။ သား ေတာ္ေတာ္နဲ႔ ျပန္လာျဖစ္မွာ မဟုတ္ဘူး ေမေမ… ေနာက္ႀကံဳမွ ေျပာၾကတာေပါ့…” ဖုန္း ကို သူအရင္ခ်ပစ္လိုက္တယ္။

သူ႔အသက္ ၄၁ႏွစ္…..

စီးကရက္ တစ္လိတ္ကို ဖြာရင္း စာတိုက္ကပို႔လာခဲ့တဲ့ စာတစ္ေစာင္ကို သူၾကည့္ေနမိတယ္။ စာအိတ္ေပၚမွာ ေပးပို႔သူလိပ္စာ မပါဘူး။ စာအိတ္ ကို ေဖာက္ၾကည့္ေတာ့ စာအိတ္ထဲမွာ….
သားအျဖစ္ ေမြးစားစာခ်ဳပ္တစ္ေစာင္၊ ေသဆံုးေၾကာင္း ေဆးလက္မွတ္တစ္ေစာင္…. ေဆးလိတ္မီးခိုးေငြ႔ၾကားမွာ သူ႔အျမင္ေတြ မႈန္ဝါးသြားခဲ့တယ္။

အုတ္ဂူတစ္ခုေရွ႕မွာ သူဒူးေထာက္ေနမိတာ ဘယ္ေလာက္ၾကာခဲ့မွန္း မသိေတာ့ဘူး။ သူ ႔ႏွလံုးသား ေကဲြအက္မြေၾကလို႔… ဆို႔နင့္တဲ့အသံနဲ႔ ေမေမၾကားႏိုင္ဖို႔ ေနာက္ဆံုးစကားတစ္ခြန္း သူေျပာလိုက္တယ္။ တမလြန္က ေမေမ သူ႔အသံကို ၾကားႏိုင္ပါေစ…

“ေမေမ… ေမေမ့ စကားကို သားနားေထာင္ပါေတာ့မယ္.. ေမေမ ထြက္မသြားပါနဲ႔…”
ႏိုင္းႏိုင္းစေန
# Unicode Version # ျဖင့္ ဖတ္ပါ #

မေမေ မသွားပါနဲ့..သူ့အသက်ငါးနှစ်….“မေမေ.. မေမေ့စကားကို သားနားထောင်ပါမယ်။ မေမေ မသွားပါနဲ့..”မူကြိုကျောင်း ရဲ့ ကျောင်းပေါက်ဝမှာ မေမေ့ ခြေထောက် ကိုဖက်ပြီး သူငိုယိုတောင်းပန်တယ်။ မေမေ ကထိုင်ချပြီး သူ့ပါးနှစ်ဘက်ကို လက်နှစ်ဘက်နဲ့ ကိုင်လိုက်တယ်။

“ယောက်ျားလေး ဆိုတာ မျက်ရည် မကျရဘူး သား… အထဲမှာ သား နဲ့အတူ ဆော့ကစားမယ့် ကိုကိုမမတွေ အများကြီးရှိတယ်။ ပြီးတော့ ဆရာမကလည်း သားကို သီချင်း တွေ အများကြီးသင်ပေးဦးမှာ။ သား သေချာလိုက်ဆိုပြီး မေမေ့ကိုပြန်ဆိုပြနော်။ မေမေရုံးဆင်းတာနဲ့ သားကို လာကြိုမယ်” မေမေ့ ပြောစကားကို သူ မျက်ရည် သုတ်ပြီး ခေါင်းညိတ်ပြတယ်။

သူ့အသက်ဆယ်နှစ် ….

“မေမေ……”

ကျောင်းပေါက်ဝမှာ မေမေ ကိုတွေ့တာနဲ့ သူပြေးဖက်တယ်။ မေမေ့ ရင်ခွင် ထဲ ဝမ်းသာအားရ သူခေါင်းလေးတိုးဝှေ့တယ်။

“ဖြေနိုင်လား သား?”

အမှတ်ပြည့်ရတဲ့ အဖြေ စာရွက် ကို မေမေ ဆီ သူထိုးပေးတယ်။

“မေမေ့ သား က တော်လိုက်တာ… လာ.. မေမေ တို့ တစ်ခုခုသွားစားရအောင် သား ကို ဂုဏ်ပြုရမယ်”

သူ့အသက် ဆယ့်ငါးနှစ်….

“သား မသွားချင်ဘူး.. သား ကျူရှင် မတက်ချင်ဘူး…ကျူရှင် တက်လည်း အပိုပဲ”

မေမေ က စိတ်ဆိုးမာန်ဆိုးနဲ့ အဖြေလွှာစာရွက်ကို ထိုးပြပြီး “သား အမှတ်စာရင်းကို သားကြည့်ပါဦး။ ဘာဖြစ်လို့ မေမေ့စကား ကို သားနားမထောင်ရတာလဲ? ဒီလိုပုံစံနဲ့ဆက်သွားရင် တက္ကသိုလ်တက်ရမှာမဟုတ်ဘူး။ သားကို ပညာတတ်စေချင်လို့ မေမေ ပိုက်ဆံ အကုန်ခံပြီး ကျောင်းထားတာ၊ တစ်နေကုန် ဂိမ်းကစားဖို့ မဟုတ်ဘူး သား…” သူ တံခါးဆောင့်ပိတ်ပြီး အပြင်ကိုထွက်သွားလိုက်တယ်။ သူ့နောက်ကျောမှာ မေမေ့အသံကပ်ပါလာတယ်။

“သား……. ပြန်လာခဲ့……!!”

သူ့အသက် ၂ဝနှစ်…..

“သား အိမ်မပြန်တော့ဘူး မေမေ.. ဒီည သား သူငယ်ချင်း တွေနဲ့ ပါတီ လုပ်မယ်။

အော်.. မေမေကို ပြောရဦးမယ်။ တက္ကသိုလ် ဝင်ခွင့် လျှောက်လွှာ သားဖြည့်လိုက်ပြီနော်.. ” ရီဝေဝေအသံနဲ့ မေမေဆီ သူ့ဖုန်းဆက်တယ်။

“အိမ်ပြန်လာပြီး ဖြည့်ပါလား သား… မေမေ့ ကို တိုင်ပင်ပြီးမှ ဖြည့်ပါလား!

မေမေ့ ကိုလည်း ဘာမှမတိုင်ပင်ပဲနဲ့ သား ဘာလို့ မေမေ့စ ကား နားမထောင်ရတာလဲ? သား …ဘာလိုင်းဦးစားပေးလျှောက်ထားသလဲ?”

“ဟာ… မေမေ ကလည်း စိတ်ရှုပ်လိုက်တာ.. သားကိစ္စ သားသိပါတယ်.. မေမေ ဝင်မပါပါနဲ့..”

မေမေ ဘက်က ဘာမှမပြောခင် သူ ဖုန်း အရင်ချပစ်လိုက်တယ်။ ပြီးတော့ ခွက်ကိုကိုင်မြောက်ပြီး အပေါင်းအသင်း ဘက်လှည့်လိုက်တယ်။

“သူငယ်ချင်း တို့ရေ.. လာကွာ.. ချီးယားစ်…”

သူ့အသက် ၃ဝနှစ်…..

“အရက် သောက်ဖို့ စိတ်ရှိသေးတာလား?”

သူ့လက်ထဲက ဖန်ခွက်ကို မေမေ လုယူပြီး ပြောလိုက်တယ်။

“ဒီ မိန်းကလေး မဆိုးပါဘူး.. မေမေ ဘယ်တော့မှ မြေးချီရမလဲ သားရယ်..”

“သူ့ကို သားမကြိုက်ဘူးမေမေ… ဟို ကောင်မလေးနဲ့ စပ်ပေး ဒီကောင်မလေးနဲ့ စပ်ပေး မလုပ်နဲ့တော့မေမေ။ သားကို နေရာလပ်လေးတစ်ခုပေးပါ…”

“မေမေ့ စကား ကို တစ်ခေါက်လောက် နားထောင်ပေးပါလား သား? မေမေ ပြောမယ်….”

“ဟာ……. သား နားမထောင်ဘူး… ငယ်ငယ်လေးကတည်းက အခုချိန်ထိ မေမေ့ စကား ကို သားနားထောင်နေခဲ့တာ.. မေမေ ပြောတာတွေ ဘယ်လောက်မှန်လို့လဲ? ဘယ်လောက်မှန်လဲ?”

သူ့အသက် ၄ဝ…..

“ပိုက်ဆံ က ဘယ်လောက်မှ မများပါဘူး။ လိုအပ်တာဝယ်ဖို့ မေမေ အတွက် သား ပိုက်ဆံ ထည့်ပေးလိုက်တယ်။ ပိုက်ဆံလိုတဲ့အခါ ဖုန်း ထပ်ဆက်လိုက်ပေါ့…”

“မေမေ ဘာမှမလိုဘူးသား… နှစ်ကုန်တဲ့အခါ မြေးတွေခေါ်ပြီး အိမ်ပြန်ခဲ့ပါဦး.. သား တို့ကို မေမေ လွမ်းလို့ပါ.. ပြီးတော့ သားကို မေမေပြောပြစရာတစ်ခုရှိတယ်…”

“နှစ်ကုန်ရင် ကုမ္ပဏီ ကလုပ်ငန်းတိုးချဲ့မယ်တဲ့။ သား တော်တော်နဲ့ ပြန်လာဖြစ်မှာ မဟုတ်ဘူး မေမေ… နောက်ကြုံမှ ပြောကြတာပေါ့…” ဖုန်း ကို သူအရင်ချပစ်လိုက်တယ်။

သူ့အသက် ၄၁နှစ်…..

စီးကရက် တစ်လိတ်ကို ဖွာရင်း စာတိုက်ကပို့လာခဲ့တဲ့ စာတစ်စောင်ကို သူကြည့်နေမိတယ်။ စာအိတ်ပေါ်မှာ ပေးပို့သူလိပ်စာ မပါဘူး။ စာအိတ် ကို ဖောက်ကြည့်တော့ စာအိတ်ထဲမှာ….
သားအဖြစ် မွေးစားစာချုပ်တစ်စောင်၊ သေဆုံးကြောင်း ဆေးလက်မှတ်တစ်စောင်…. ဆေးလိတ်မီးခိုးငွေ့ကြားမှာ သူ့အမြင်တွေ မှုန်ဝါးသွားခဲ့တယ်။

အုတ်ဂူတစ်ခုရှေ့မှာ သူဒူးထောက်နေမိတာ ဘယ်လောက်ကြာခဲ့မှန်း မသိတော့ဘူး။ သူ့နှလုံးသား ကေွဲအက်မွကြေလို့… ဆို့နင့်တဲ့အသံနဲ့ မေမေကြားနိုင်ဖို့ နောက်ဆုံးစကားတစ်ခွန်း သူပြောလိုက်တယ်။ တမလွန်က မေမေ သူ့အသံကို ကြားနိုင်ပါစေ…

“မေမေ… မေမေ့ စကားကို သားနားထောင်ပါတော့မယ်.. မေမေ ထွက်မသွားပါနဲ့…”
နိုင်းနိုင်းစနေ

Sunday, June 9, 2019

ရွာေဖြသူမ်ား


ကၽြန္ေတာ္တို႔ ဒႆနိကေနာက္ဆံုးႏွစ္အတန္းကို တက္ေနခ်ိန္ကပါ။ ဆရာက အဲဒီေန႔က အတန္းထဲကို ေနာက္က်မွ ေရာက္လာတယ္။

“ဆရာေတာင္းပန္တယ္ကြာ … စာသင္ဖို႔လာရင္း ကိစၥေလးတစ္ခုေပၚလာလို႔”

ကၽြန္ေတာ္တို႔က ဒီေန႔ ဆရာဘာသင္မလဲေပါ့

“အခ်ိန္ သိပ္မက်န္ေတာ့ဘူးနဲ႔တူတယ္။ ဆရာ မင္းတို႔ကို ေတြးစရာတစ္ခုေျပာမယ္” တဲ့

ကၽြန္ေတာ္တို႔ကလည္း အမွန္ေျပာတာ စာသင္တဲ့ဆရာဆိုရင္ သိပ္သေဘာမက်ဘူး။ ပညာသင္တဲ့ ဆရာဆိုရင္ အရမ္း သေဘာက်တာေၾကာင့္ နားစြင့္ေနၾကတယ္။

အဲဒီေခတ္က Facebook မေပၚေသးဘူး။ ဒါေပမဲ့ ဆရာက

“Sharing ဆိုတာ ဘာလဲ နားလည္ၾကလား” တဲ့

ကၽြန္ေတာ္တို႔ ျပန္မေျဖပါဘူး။ ဆရာကပဲ အေျဖကို ေျပာသြားတယ္။

“ဆရာဖတ္ဖူးတဲ့ အေၾကာင္းအရာေလးတစ္ခုပါ။ မင္းတို႔ အဲဒီအထဲမွာ ကိုယ္တိုင္ ဝင္ပါၾကည့္ပါ”

ကၽြန္ေတာ္တို႔ စိတ္ဝင္စားေနၿပီ

“လူတိုင္း မေပ်ာ္ခ်င္တဲ့သူ မရွိဘူး။ ဒါေပမဲ့ ကိုယ့္အေပ်ာ္ကို သူ႔အေပ်ာ္ျဖစ္ေအာင္ မွ်ေဝလိုစိတ္ထားတတ္တဲ့သူ ေတာ့ ေလာကႀကီးမွာ အလြန္နည္းတယ္။ လူေတြက အရမ္းတြန္႔တိုတတ္တယ္။ အတၱႀကီးတယ္။ ဒါေၾကာင့္ အေပ်ာ္ေတြရွိသာေနတာ မေဝမွ်တတ္ၾကဘူး။ မေဝမွ်တတ္ေတာ့ ဘာျဖစ္သလဲဆိုေတာ့ အခ်ိန္ေတြ ကုန္တာေပါ့”

ကၽြန္ေတာ္တို႔က ဆရာ ဘာကို ဆိုလိုမွန္းမသိဘူး။ ဆရာက

“ဆရာဖတ္ဖူးတဲ့ ဇာတ္လမ္းေလးတစ္ခုပါ …” တဲ့

တစ္ေန႔မွာ ေက်ာင္းသားေတြ ေနာက္ဆံုးႏွစ္ မိတ္ဆံုစားပြဲေလးတစ္ခု က်င္းပတယ္။ အဲဒီပြဲမွာ ဆရာေတြက ေက်ာင္းသားေတြကို ဘဝအတြက္ ဆံုးမစကားေလးေတြ ေျပာၾကရတယ္။

ပါေမာကၡႀကီးတစ္ေယာက္အလွည့္ေရာက္လာတယ္။

“ဆရာ စကားသိပ္မေျပာတတ္ဘူး” တဲ့

ပါေမာကၡႀကီးက စကားကို အစခ်ီၿပီးေတာ့ အခမ္းအနားဖြင့္စဥ္က မိုးပ်ံပူေဖာင္းေလးေတြကို လႊတ္ထားတာ ေမာ့ၾကည့္လိုက္တယ္။

“မင္းတို႔ တစ္ေယာက္ တစ္လံုး ျပန္ကိုင္လိုက္ပါလား”

ေက်ာင္းသားေတြက အခမ္းအနားဖြင့္တုန္းက လႊတ္ထားတဲ့ မိုးပ်ံပူေဖာင္း ႀကိဳးတန္းလန္းေတြကို တစ္ေယာက္ တစ္လံုး ျပန္ကိုင္လိုက္ၾကတယ္။

“ကဲ … ကိုယ္ကိုင္ထားတဲ့ ပူေဖာင္းေတြေပၚမွာ ကိုယ့္နာမည္ေလးေတြ ေရးလိုက္ၾကကြာ”

ေက်ာင္းသားေတြက ေဆာ့ဖ္ပင္ေတြနဲ႔ ပူေဖာင္းေတြေပၚမွာ နာမည္ေတြ ေရးၾကတယ္။

“ကဲလာၾက … ဒီအခန္းထဲကို အဲဒီ ပူေဖာင္းေတြ လာလႊတ္ၾက”

ပါေမာကၡႀကီးကို အခန္းလြတ္ႀကီးတစ္ခန္းက တံခါးႀကီးကိုဖြင့္လိုက္ၿပီးေတာ့ ေက်ာင္းသားေတြကို ပူေဖာင္းေတြ လာလႊတ္ခိုင္းလိုက္တယ္။

ေက်ာင္းသားေတြက ပူေဖာင္းေတြကို လႊတ္ၿပီးခ်ိန္မွာ ပါေမာကၡႀကီးက အခန္းတံခါးကို ျပန္ပိတ္လိုက္တယ္

“မင္းတို႔ အားလံုး ခုဆိုရင္ အခ်ိန္ ၅ မိနစ္ရမယ္။ ကိုယ့္နာမည္နဲ႔ ကိုယ့္ပူေဖာင္းကို အားလံုးကိုင္ၿပီး ျပန္ထြက္လာရမယ္”

ပါေမာကၡႀကီးက တံခါးကို ဖြင့္ေပးလိုက္တယ္။ ေက်ာင္းသားေတြ ေျပးဝင္သြားၾကတယ္။ အားလံုး ဟိုဆြဲ သည္ဆြဲ။ တိုက္မိလို႔ လဲသူလဲေပါ့။ ၅ မိနစ္ျပည့္သြားၿပီး သူတို႔ ပူေဖာင္းေတြကို ရွာလို႔ မၿပီးေသးဘူး။ ၁၀ မိနစ္လည္း မၿပီးႏိုင္ေသးဘူး။

“ကဲ … အားလံုးေတာ္ၿပီ … ရပ္လိုက္ၾကေတာ့။ မင္းတို႔ မေအာင္ျမင္ပါဘူး။ အလကား အ႐ႈံးသမားေတြ။ ကိုယ့္နာမည္ကို ကိုယ္မွန္ေအာင္ မရွာႏိုင္ၾကဘူး”

ေက်ာင္းသားေတြက မ်က္ႏွာငယ္ေလးေတြနဲ႔

“အဲဒါ ဘာျဖစ္လို႔လဲ သိလား။ မင္းတို႔မွာ တစ္ဦးနဲ႔တစ္ဦး မွ်ေဝလိုတဲ့ စိတ္ဓာတ္ေတြ မရွိၾကလို႔”

ေက်ာင္းသားေတြက တစ္ေယာက္ကို တစ္ေယာက္ၾကည့္ေနၾကတယ္။

“တကယ္ဆိုရင္ ဝင္လိုက္ကတည္းက ကိုယ္ရတဲ့ ပူေဖာင္းကို ကိုယ္ယူထားၿပီးေတာ့၊ တစ္ေယာက္နဲ႔ တစ္ေယာက္ အျပန္အလွန္ ျပန္ၿပီး လဲလိုက္ရင္ ရသားနဲ႔ မင္းတို႔ ဦးတည္ခ်က္က ကိုယ့္နာမည္ေနာက္ကို တစ္ေကာက္ေကာက္ လိုက္ေနတာဆိုေတာ့ ဘယ္မွာအခ်ိန္တိုအတြင္း ရေတာ့မွာလဲ”

ေက်ာင္းသားေတြက မ်က္လႊာေလးေတြခ်ထားၾကတယ္။

“ေလာကမွ ဒီအတိုင္းပဲကြ။ လူတိုင္း ကိုယ့္ကိုယ္ကိုယ္ရွာဖို႔ပဲ သိတယ္။ ကိုယ့္မွာ သူ႔မွာ ရွိတာေတြနဲ႔ တစ္ေယာက္ကို တစ္ေယာက္ ျပန္ၿပီးေတာ့ မွ်ေဝရမယ္မွန္း မသိၾကဘူး။ ဒါေၾကာင့္ ေလာကႀကီးက မၿငိမ္းခ်မ္းတာ။ အခ်ိန္ေတြကုန္ၿပီး ဝ႐ုန္းသုန္းကားျဖစ္ေနၾကရတာ”

ပါေမာကၡႀကီးက ေျပာၿပီးေတာ့ အခန္းထဲက ထြက္သြားတယ္။

ေက်ာင္းသားေတြက သူတို႔လက္ထဲမွာ ကိုင္ထားတဲ့ မိုးပ်ံပူေဖာင္းေလးေတြကို ၾကည့္ေနၾကတယ္။

(Ref: Sharing, Sunday Times)

တင္ညြန္႔

၈.၆.၂၀၁၈

Sunday, March 25, 2018

ေဒါင္း အက္ေဆး


.
ဆယ္စုႏွစ္ကို လွည့္ၾကည့္လိုက္တယ္ဆုိရင္ပဲ ေအာင္ၿပီ ေအာင္ၿပီ ေအာင္ၿပီ ဆိုၿပီး ေနျပည္ေတာ္ကို ထြက္သြားခဲ့ၾကတဲ့ ဟာသကားဟာ တက္လာ။ ဘယ္သူမွ မရယ္ႏိုင္တဲ့ ဟာသကားပါ။ ကလိအထိုးခံရတာ အသားနာတာပဲ အဖတ္တင္တယ္လို႔ ေတြးကိုယူရတဲ့ ဟာသကားမ်ိဳး။ အဲဒီေခတ္က ကဗ်ာေတြ စာေတြ ေလထန္ကုန္း ပန္းဆိုးတန္းသြားဆဲ ေခတ္။ အဲသလို ေခတ္မွာ အပြင့္ေတြ၊ အခက္ေတြ၊ အဘေတြဟာ ဘယ္သူမွေပးမသြားေသးတဲ့ လမ္းကေန ကားအသီးသီးနဲ႔ မိုင္ ၂၀၀ ခရီးကို ခ်ီတက္သြားတယ္။ ရန္ေတြ မကုန္ေသးလို႔ ယူဆထားတဲ့ ရန္ကုန္ကို လက္လြတ္စပယ္ စြန္႔ခြာ ပစ္ခ်။ ဥမင္ကို မင္တဲ့ ေျမၾကြက္ႀကီးဟာ ေဒါင္းေတြကို အေမြးခၽြတ္ခ်င္။ ကၽြတ္က်ဲေနတဲ့ ေဒါင္းေတြဟာ ေဒါင္းေတြ ျပန္မျဖစ္ႏိုင္ေသး။ နာလန္မထႏိုင္ေသး။ ေဒါင္းေတြဟာ အင္းစိန္မွာ ေက်ာင္းေနဆဲ။ သာယာ၀တီမွာ ေက်ာင္းေနဆဲ။ ျမစ္ႀကီးနားမွာ ေက်ာင္းေနဆဲ။ ေဒါင္းမိသားစုေတြ စိတ္ပ်က္ရတဲ့အခ်ိန္။ ေမွ်ာ္လင့္ခ်က္ဟာ သုသာန္တစ္စျပင္ကို ေမးတင္ေနတဲ့ ေနလုံးဆည္းဆာ သာသာ။
.

အဲသလိုနဲ႔ ေစ်းေပါေပါနဲ႔ ရိုက္ခဲ့တဲ့ ေအာက္ကားဟာ ဇာတ္ရွိန္တက္လာတယ္။ ေကတုမတီမ်ိဳးေအာင္ေတြကေတာ့ အပိုင္တြက္ထားတာပါပဲ။ ဒီတစ္ပြဲလည္း ပန္ကာလည္ေနတဲ့မ်က္ႏွာၾကက္ေအာက္က အိပ္ယာထက္မွာ ငါတို႔မင္းမူမွာပဲ။ ငါတို႔ဟာ ရိုက္ေနက် အခန္းေတြအတိုင္း ျမန္မာျပည္ကို ဖိနပ္ေမွာက္မယ္။ ပန္းအိုးလဲမယ္။ အရက္မူးမယ္။ အခန္းထဲ၀င္ မီးလုံးလဲမယ္။ အိပ္ယာခင္းေၾကမယ္။ မိုးသဲမယ္။ လွ်ပ္စီးလက္မယ္။ မိုးႀကိဳးပစ္မယ္။ အဲသလို ကိုယ့္အႀကံနဲ႔ကိုယ္ အပိုင္တြက္ၿပီး ဘီယာထိုင္ေသာက္ေနတုန္းမွာ လက္သန္းတစ္စုေရာက္လာတယ္။ ေကတုမတီ မ်ိဳးေအာင္က ေသာက္လိုက္စ ဖန္ခြက္ကို ခ်ၿပီး ခါးပတ္ေပၚလက္တင္ ခါးေထာက္ထားတဲ့ ႏႈတ္ခမ္းေမြးနဲ႔ လူမိုက္တစ္သိုက္ကို ေမးဆတ္ျပလိုက္တယ္။ လက္မရြံ႕သားေတြ ကုတ္အက်ၤ ီကိုယ္စီနဲ႔ ထြက္သြားတယ္။ ခဏေနေတာ့ ျပန္ေရာက္လာတယ္။ ရတယ္ဆရာ ေအးေဆး ဆက္ေသာက္ပါတဲ့။ ဒါေပမယ့္ ခဏေနေတာ့ လက္သန္း ေနာက္တစ္စု ထပ္ေရာက္လာတယ္။ ခဏေနေတာ့ စင္ကာပူက လက္သန္းေတြ ေရာက္လာတယ္။ လက္သန္းေတြ မူးလဲတယ္။ လက္သန္းေတြ မ်က္ရည္က်တယ္။ လက္သန္းေတြ ၾကက္ဥေ၀တယ္။ လက္သန္းေတြ ေ၀တဲ့ၾကက္ဥဟာ ဆားပါ ပါတယ္။ လက္သန္းေတြ ၀ိုင္းခ်ီးက်ဴးၾကတယ္။ လက္သန္းေတြ အားတက္တယ္။ ခဏေနေတာ့ ကိုးရီးယားက လက္သန္းေတြ ေရာက္လာတယ္။ ခဏေနေတာ့ ယိုးဒယားက လက္သန္းေတြ ေရာက္လာတယ္။ လက္သန္းေတြ လမ္းေဘးကို ေရာက္လာ။ ပန္းစီးေတြကိုင္လာ။ ကြင္းေတြထဲကို ေရာက္လာ။ လက္သန္းေတြ ဆိုက္ကားစီး။ လက္သန္းေတြ သီခ်င္းဆို။ လက္သန္းေတြ ႏိုင္မွ ျဖစ္မယ္။ မမီလိုက္ရ မရွိရေလေအာင္ အားလုံးလိုက္ပါရမယ့္ ေနာက္ဆုံးရထားေပၚ တက္ၾကေဟ့။ လက္သန္းေတြ ဟစ္ေၾကြး။ လက္သန္းေတြ သကၤန္းကၽြန္း ၿမိဳ႕ဦးေစတီကို ေရာက္လာ။ အဲသလို လက္သန္းေတြ လႈပ္ရွားတက္ၾကြေနတဲ့အေၾကာင္း ေဖ့စ္ဘုတ္ကို ေရာက္တယ္။ လက္သန္းေတြ ေဖ့စ္ဘုတ္ကို ေရာက္လာတဲ့ အခ်ိန္မွာ ေဖ့စဘုတ္ဟာလည္း လက္သန္းေတြဆီကို ေရာက္တယ္။ လက္သန္းေတြဟာ လက္သန္းေတြအားလုံးကို မနက္အေစာႀကီး မဲရုံေရွ႕ေခၚသြားတယ္။ လက္သန္းေတြ တန္းစီတယ္။ ပယ္မဲကို ဘယ္လိုကာကြယ္ရမလဲဆိုတာ လက္သန္းကို လက္သန္းက သင္တန္းေပးၿပီးသား။ မဲရုံမွာ မီးပ်က္တယ္။ မဲပုံးကို ရင္ဘတ္နဲ႔ ဖိၿပီး လက္သန္းက အုပ္ထားတယ္။ လက္သန္းဟာ မဲေရတာကို ေစာင့္ၾကည့္တယ္။
.

တကယ္ေတာ့ လက္သန္းဟာ လက္ေခ်ာင္းေတြထဲမွာ အားအနည္းဆုံးလက္ေခ်ာင္း။ ႏွစ္ ၆၀ လုံးလုံး ေထာင္ထားတဲ့ လက္မထက္ အားနည္းတယ္။ အသင့္အေနအထားနဲ႔ ေသနတ္ ခလုတ္ေပၚတင္ထားတဲ့ လက္ညွိဳးထက္ အားနည္းတယ္။ မသမာမႈ၊ ခို္းမႈ၊ အက်င့္ပ်က္မႈ၊ လာဘ္စားမႈ လက္စြပ္ကို ၀တ္ထားတဲ့ လက္သန္းၾကြယ္ထက္ အားနည္းတယ္။ ဒါေပမယ့္ လက္သန္းဟာ နယ္လွည့္ပါးရိုက္တာကို မုန္းတယ္။ ၂၀၀၀ နဲ႔ ေလာက္ေအာင္ သုံးခိုင္းတာကို နာတယ္။ ဖေယာင္းတိုင္ထြန္းခိုင္းတာကို ခ်ဥ္တယ္။ လမ္းတစ္ျခမ္းခင္းတာကို ရြံတယ္။ ႀကိဳတင္မဲကို ေအာ့တယ္။ အႏွစ္ႏွစ္အလလ ေျပာင္းလဲခ်င္ေနတဲ့ လက္သန္းဟာ အဆုံးသတ္မွာ ေကတုမတီ မ်ိဳးေအာင္ကို လက္ခလယ္ ေထာင္ျပႏိုင္ခဲ့တယ္။ ဘယ္သူမွထင္မထားတဲ့ လက္လုပ္လက္စား ေပစုတ္စုတ္ လက္သန္းဟာ ျမန္မာ့သမိုင္းစာအုပ္အသစ္ကို ဆြဲလွန္ပစ္လိုက္တယ္။ လက္သန္းဟာ မင္ေပသြားတာနဲ႔ တစ္ၿပိဳင္နက္ ရုတ္တရက္ ပါ၀ါရတဲ့ စူပါဟီးရုိး ျဖစ္လာတယ္။ ဘာေျပာေကာင္းမလဲ။ သတိျပန္ရတဲ့ အခ်ိန္မွာ ေကတုမတီ မ်ိဳးေအာင္ေတြ မ်က္ႏွာမွာ အညိဳအမည္းေတြနဲ႔။ အဆီျပန္ေနခဲ့တဲ့ မ်က္ႏွာဟာ ဖူးေယာင္ေပါက္ကြဲ။ ဒါေပမယ့္ ေကတုမတီ မ်ိဳးေအာင္ေတြဟာ အရွက္မရွိဘူး။ အရွက္မရွိသလို သူ႔မ်က္လုံးမွာ မ်က္ၾကည္လႊာလည္း မရွိ။ ေမာဟ ေရတိမ္ပဲ ရွိတယ္။ သူ႔ႏွလုံးသားထဲမွာ သူ႔ဂိုဏ္းသားပဲ ရွိတယ္။ အဆုံးထိ မိုက္မယ့္ သေဘာရွိတဲ့ ေကတုမတီ မ်ိဳးေအာင္ ျဖစ္ပါတယ္။ အိမ္ေပၚက ဆင္းခါနီး အိမ္ကို မီးရွိဳ႕ဖို႔ ႀကံတဲ့ ပေထြးလို ေကတုမတီ မ်ိဳးေအာင္ဟာ အိမ္ေကာင္းစားေရးထက္ ဒင္းတို႔အလွည့္က် ငါတို႔ ေ၀ဖန္မယ္ဆိုတဲ့ စိတ္နဲ႔ ေစာင့္ေနတယ္။ အိမ္ေကာင္းစား၊ မေကာင္းစားတာ အေရးမႀကီး။ အသစ္ေရာက္လာတဲ့ အိမ္ေထာင္ဦးစီး ဒုကၡေရာက္ေရးသာ အေရးႀကီးတယ္။ အိမ္ေထာင္စုတစ္ခုလုံး ဘာျဖစ္ျဖစ္ အသစ္ေရာက္လာတဲ့ေကာင္ ဒုကၡေရာက္ရင္ ၿပီးေရာ ဆိုတာမ်ိဳး။ ဒုကၡေရာက္တဲ့အခ်ိန္က်မွ အခုေတာ့ ဒင္းတို႔ သိၿပီမဟုတ္လားဆိုတဲ့ မ်က္ႏွာေပးနဲ႔ အိမ္ေရွ႕ကို ေခါက္တုန္႔ေခါက္ျပန္ ေလွ်ာက္ဖုိ႔ ႀကံစည္အကြက္ခ်တုန္း။ အိမ္သားေတြကိုလည္း မင္းတို႔ မယုံနဲ႔လို႔ ေသြးခဲြဖို႔ အားခဲတုန္း။ အလုိမတူဘဲ အားရပါးရ အျပန္ျပန္အလွန္လွန္ ျခင္ေထာင္ထဲ ၀င္ခဲ့ၿပီးမွ သမီးကို ဦးက တစ္ကယ္ခ်စ္ခဲ့တာပါ လုပ္ခ်င္တုန္း။ ဒါေပမယ့္ သိပ္ေတာ့ စိတ္မပူဘူး။ သမီးကလည္း ဦးအခ်စ္ကို သေဘာေပါက္ေလာက္ၿပီ ထင္တာပဲ။ ဒီေလာက္မွ မေပါက္လည္း သမီးထိုက္နဲ႔ သမီးကံပဲ သမီးေရ။
.

ေဒါင္းအေၾကာင္း ေရးတဲ့စာ ဆိုေတာ့ ေဒါင္းဘက္ ျပန္လွည့္မယ္။ ေနျပည္ေတာ္ကို ေဘာင္းဘီေတြ၊ ေဘာင္းဘီခၽြတ္ထားတဲ့ စတစ္ေကာ္လာ ေတြပဲ သြားတဲ့ေခတ္ကေန ပင္နီေတြ အလုံးနဲ႔ အရင္းနဲ႔ သြားတဲ့ေခတ္ ေရာက္လာတယ္။ ေနျပည္ေတာ္ကို ပင္နီေတြ ေရာက္လာတာကို လက္သန္းေတြက ႀကိဳက္တယ္။ ဒါေပမယ့္ ေနျပည္ေတာ္က ပင္နီျဖစ္မလာဘဲ ပင္နီေတြ ကိုယ္တိုင္က ေနျပည္ေတာ္ ျပန္ျဖစ္သြားမွာကို စိုးတယ္။ လက္သန္းေတြဟာ ေဒါင္းေတြကို အားရေနရာကေန အေမြးဖြာေနတဲ့ ေဒါင္းတစ္ခ်ိဳ႕ကို ေတြ႕တယ္။ စာရြက္အတုကို ခ်ျပတဲ့ ေဒါင္းတစ္ခ်ိဳ႕ကို ေတြ႕တယ္။ ေဒါင္းေတြဟာ မျဖစ္မေန ၂ ခုရွိရမယ္။ မျဖစ္ျဖစ္တဲ့ နည္းနဲ႔ကို အဲဒီ ၂ ခုကို ထိန္းထားရမယ္။ ေဒါင္းေတြဟာ တစ္ကယ္ ရိုးသားရမယ္။ ေဒါင္းေတြဟာ တစ္ကယ္ ႀကိဳးစားရမယ္။ ေဒါင္းေတြမွာ အဲဒါမရွိရင္ ေဒါင္းမဟုတ္ေတာ့ဘူး။ ဒုတိယ ေကတုမတီမ်ိဳးေအာင္ သာလွ်င္ ျဖစ္မယ္။ ေျပာင္းလဲခ်ိန္တန္ၿပီကေန ေျပာင္းဆဲခ်ိန္ တန္ၿပီ ျဖစ္သြားမယ္။
.
ေဒါင္းကို ခ်စ္လို႔ ေဒါင္းစာေရးတယ္။ ေဒါင္းေတြ က ပါ။ တစ္ကယ္ကရမယ့္ အခ်ိန္ေရာက္ၿပီမို႔ ကပါ။ တစ္ကမာၻလုံးက အံ့ၾသသြားရေအာင္၊ ေကတုမတီမ်ိဳးေအာင္ဒဏ္ကို ခံေနရတဲ့ တိုင္းျပည္ေတြက စံနမူနာယူရေအာင္ လွလွပပ ၀ံ့၀ံ့ၾကြားၾကြားကပါ။ D ေရလိႈင္းအတက္၊ D ေလွအထြက္မွာ အားရပါးရ ႀကိဳးႀကိဳးစားစား ရိုးရိုးသားသား ကပစ္လိုက္စမ္းပါ။ ေစာင့္စားခဲ့ရတဲ့ D ကမ္းေျခမွာ ေရာက္ရွိဆုံေတြ႕ႏိုင္ဖို႔ရာ ေဒါင္း သတိရွိပါ။ ေဒါင္း အသိ ရွိပါ။ မေမ့ပါနဲ႔။ တလူလူလြင့္ေနတဲ့ အလံေပၚက ေဒါင္းလွမ္းဆြတ္ေနတဲ့ ၾကယ္ဟာ အျဖဴေရာင္ …………
ထက္ေနလင္းဦး
https://www.facebook.com/htetnlo/posts/10153487646441409

Saturday, November 11, 2017

ငါ့ဟာျပန္ေပး (ကမၻာ႔လူယဥ္ေက်း အဂၤလိပ္တို႕ကုိ သတိေပးစာ)


ငါ့ဟာျပန္ေပး
(ကမၻာ႔လူယဥ္ေက်း အဂၤလိပ္တို႕ကုိ သတိေပးစာ)

အဂၤလိပ္ဆုိတာ နယ္ခ်ဲ႕သမားအႀကီးစားဆိုတာ ကမၻာ့ သမုိင္းမွာေျပာျပထားပါတယ္။ ဒါေပမယ့္ သူတုိ႔ဟာ ကမၻာႀကီးကုိ နယ္ခ်ဲ႕ရတာ အာရွ-အာဖရိက လူ႐ုိင္းေတြကုိ ယဥ္ေက်း လိမၼာေအာင္ သြန္သင္းဖို႔ရယ္လုိ႔ ေျပာခဲ့ေသးတာ။ သူ၏တုိင္းျပည္က ဘာမွ အျမတ္ထုတ္မသြားဖူးသလိုဘဲ။ ဗမာျပည္ကဆုိရင္ ကြၽန္းသစ္၊ ေရနံ၊ ေက်ာက္သံ၊ ပတၱျမား၊ ဆန္ေရစပါးေတြ အကုန္ယူသြား႐ုံမက သူတို႔စစ္႐ုွံးထြက္ေျပးရေတာ့ လမ္းေတြ၊ တံတားေတြ၊ ေရနံတြင္းေတြစတဲ့ ဖ်က္ဆီးလုိ႔ရသည္ဟု အကုန္ဖ်က္္ဆီးျဖစ္ခဲ့ေသးတာ။ ဒါလားလူယဥ္ေက်း။

လူယဥ္ေက်းဆိုသူေတြလုပ္ခဲ့တာ တခုဆုိရင္ကြၽန္ေတာ္ဒီေန႔ထိ မ်က္စိထဲကမထြက္ဘူး။ ဆရာစံလယ္သမား ဂဠဳန္-သူပုန္ တပ္မွဴးေတြကုိ ဦးေခါင္းျဖတ္ျပီး ေခါင္းျပတ္ေတြကုိ လမ္းကလူျမင္ကြင္းမွာ ခုံေပၚတင္ျပထားကေလ။ ဓားနဲ႔ ပုန္ကန္သူေတြကိုု စက္ေသနတ္နဲ႔ စုပုံသတ္ခဲ့တာ အားမရဘူး။ တုိက္ယူတဲ့အျပင္ ခုိးယူ တာကလည္း လူသိရွင္ရွားၾကား လက္ငင္းသတင္းႀကီးေနတဲ့ ငေမာက္ပတၲျမားႀကီးဆိုရင္ ခုိးယူတယ္လဲေျပာလုိ႔ရတယ္။ လက္တလုံးၾကား လိမ္ယူတယ္လုိ႔လဲ ေျပာလုိရတယ္ေလ။

ဒီလုိ သူခိုးဓားျပအလုပ္ေတြ ကမၻာေက်ာ္လုပ္သြားခဲ့သူေတြက ကေလးမ်ား အ႐ုပ္နဲ႔ကစားၾကေတာ့ 'ငါ့ဟာျပန္ေပးလုိ႔' ... ေဒၚေအာင္ဆန္းစုၾကည္ကုိေပးထားတဲ့ ဘြဲ႕ေတြျပန္ေတာင္းအုံးမလုိ႔ တဲ့။ ဂုဏ္းထူးေဆာင္ဘြဲ႕လား။ စာေမးပြဲေျဖယူထားတဲ့ဘြဲ႕လား။ ဘာမွ ေလ်ာ့မသြားဘူး ... ျပန္ယူပါ။ သူတုိ႔ေက်ာင္းက ေဒၚေအာင္ဆန္းစုၾကည္ရဲ႕ ဓာတ္ပုံကုိလဲ ျဖဳတ္ခ်တယ္တဲ့။ ကေလးေတြက လုပ္တာမဟုတ္ဘူး။ ပညာတတ္ႀကီးေတြကလုပ္တာ ။ သူ႔ကုိျပန္ေတာင္းတ့ဲ ဘြဲ႔လက္မွတ္ေတြကုိ ဆုတ္ၿပီးျပန္ေပးဖို႔ ေတာင္းတယ္။ သူတို႔ ျပန္ယူသြားလုိ႔ က်ဳပ္တုိ႔ ေခါင္းေဆာင္ကုိ က်ဳပ္တုိ႕အခ်စ္၊ က်ဳပ္တုိ႔ ေမတၲာ တျပားမွ ေလ်ာ့မသြားပါဘူး။ ဂုဏ္ယူတယ္။

ကုိလူျဖဴတုိ႔ေရ ျပန္္ေတာင္းေၾကးဆုိရင္ ဗမာျပည္ကကြၽန္းသစ္၊ ေရနံ၊ ေက်ာက္သံပတၲျမား ေရာင္းရေငြ ေတြျပန္ေပးမွာလား။ ပတၱျမားငေမာက္ႀကီး ျပန္ေပးမွာလား။ ခင္ဗ်ားတုိ႔ေနာက္ကြယ္က ႀကိဳးကုိင္ၿပီး လုပ္ႀကံသတ္ျဖတ္သြားတဲ့ ဦေအာင္ဆန္းနဲ႔ အာဇာနည္ေခါင္းေဆာင္ႀကီးေတြရဲ႕ အသက္ကုိ ျပန္ေပးမွာလား။ ဆရာစံတို႔ရဲ႕ဦးေခါင္း ေတြျပန္ဆက္ေပးမွာလား။ က်ဳပ္တုိ႔ရဲ႕ကမၻာမွာ အေကာင္းဆုံးဆုိတဲ့ ကြၽန္းသစ္နဲ႔ တည္ေဆာက္ထားတဲ့ ခင္ဗ်ားတုိ႔ရဲ႕ သေဘၤာေတြကိုု တစ္ဝက္ကုိပဲဲျပန္ေပးမလား။ ဗမာ့အလုပ္သမား၊ လယ္သမားေတြရဲ႕ေသြးေတြ ေခြၽးေတြကုိျပန္ေပးမလား။ အာဖရိကန္ေတြကလဲ ခင္ဗ်ားတုိ႔ျဖစ္ေနပုံကုိၾကည့္ၿပီး ျပဳံးၾကလိမ့္မလား။ မဲ့ၾကလိမ့္မလား။ ထီြဆိုၿပီး လုပ္ေနၾကမလား။

က်ဳပ္တုိ႔ႏုိင္ငံရဲ႕ လြတ္လပ္ေရးကုိ ေတာင္ခင္ဗ်ားတုိ႔ကအလ ကား ျပန္ေပးခဲ့တာမဟုပါဘူး။က်ဳပ္တုိ႔က ပါေတာ္မူကာလကတည္း က ေသြေျမက်ခံၿပီး ျပန္တုိက္ယူခဲ့ရတာပါ။

“လူအခြင့္ေရး” လုိ႔ေျပာမွ ေခတ္မီၿပီး လူရာဝင္တယ္လုိ႔ခင္ဗ်ားတုိ႕ လူယဥ္ေက်းေတြက ယူဆေနၾကတာကုိ က်ဳပ္တုိ႔ကုိ ကြၽန္ျပဳေခါင္း ျဖတ္ခံတာေတြကုိေတာ့ ခင္ဗ်ားတုိ႕ေမ့ကုန္ၿပီ။ မေမ့နဲ႔။ ဒါ သမုိင္း က်ဳပ္တုိ႔က ကမၻာမေက်လုိ႔ ေန႔တုိင္းေၾကြးေၾကာ္ေနတာ သိတယ္ မဟုတ္လား။ လူ႕အခြင့္အေရးကို ခင္မ်ားတို႔ေလာက္ ဖ်က္ဆီးခဲ့တာ ကမၻာမွာ ရွိပါ့မလား။

႐ိုဟင္ဂ်ာကိစၥကို ဘယ္ေလာက္မ်ား အေသအခ်ာသိလို႔လဲ။ ခင္မ်ားတို႔ဆီမွာ ရင္းႏွီးျမႇဳပ္ႏွံထားတဲ့ ေက်းဇူးရွင္ေတြရဲ႕ မ်က္ႏွာကို ေထာက္ထားၿပီး ေရာေယာင္ေအာ္ေနတာ က်ဳပ္တို႔သိပါတယ္။ ခင္မ်ားတို႔ဆီမွာ ခင္မ်ားတို႔ေက်ာင္းမွာ ဘဂၤါလီေက်ာင္းသားေတြရဲ႕ ေက်ာင္းလခေတြ ဘယ္ေလာက္ရေနတယ္ ဆိုတာလည္း ဗမာႏိုင္ငံသားေတြက ရိပ္စားမိပါတယ္။ ခင္မ်ားတို႔ၿမိဳ႕ေတာ္ဝန္ကအစ ႐ိုဟင္ဂ်ာကိစၥမွာ ဘာေၾကာင့္ဒီေလာက္တက္ၾကြေနရတာလဲ။ သူကိုယ္တိုင္က ႐ိုဟင္ဂ်ာလူမ်ဳိးကိုး။ တကယ္ေတာ့ ခင္မ်ားတို႔ ဘုရင္မႀကီးက က်ဳပ္တို႔ေခါင္း ေဆာင္ႏိုဗယ္ဆုရွင္ကို ဘယ္ေလာက္ေလး ေလးစား ဖိတ္ၾကားေတြ႕ဆံုခဲ့တယ္ဆိုတာ ခင္မ်ားတို႔သိပါတယ္။ ကမၻာ့အံဖြယ္တစ္ရပ္ပါ။ ခင္မ်ားတို႔က ဘာ့ေၾကာင့္သဲေနရတာလဲ ဆိုတာ က်ဳပ္တို႔သိပါတယ္။ ခင္မ်ားတို႔ကသာ တစ္ခါကခင္မ်ားတို႔ ေသြးစုပ္ခံခဲ့တဲ့ ျပည္သူေတြ ဘာျဖစ္ေနၾကတယ္ဆိုတာ ေသခ်ာမသိ တာပါ။

ခု ဗမာျပည္က ထြက္ေျပးသြားတဲ့ ဘဂၤါလီေတြကို ခင္မ်ားတို႔စာနာရင္ ခင္မ်ားတို႔ ေခၚထားပါ့လား။ မေလးရွား၊ အင္ဒိုနီးရွားတို႔လို သူတို႔အမ်ဳိးေတြဆီ ပို႔လိုက္ပါလား။ “ဒီေလာက္ မ်က္ႏွာငယ္ခံၿပီး ဗမာျပည္ကို ခိုကပ္မေနခ်င္ၾကပါနဲ႔။ ဒို႔ဆီလာပါ” လို႔ သူတို႔ကလည္း မေခၚ သူတို႔ဆီသြားပါလားလို႔လည္း ခင္မ်ားတို႔ကလည္း သေဘၤာ၊ ေလယာဥ္စီစဥ္ၿပီး ပို႔မေပး။ ႐ိုဟင္ဂ်ာေတြကို ဘဂၤလားျပည္လို သူတို႔ရဲ႕အမိႏိုင္ငံ အဖႏိုင္ငံက လက္ခံခ်င္လို႔လား။ သူတို႔ကိုယ္တိုင္ တြန္႔ဆုတ္ေနၾကတာကိုေရာ ခင္မ်ားတို႔က ဒီအတိုင္းၾကည့္ေန သလား။

က်ဳပ္တို႔ဗမာတိုင္းရင္းသားေတြထဲမွာ ႐ိုဟင္ဂ်ာဆိုတဲ့ တိုင္းရင္းသားမရွိတာ အဂၤလိပ္ေတြအသိဆံုး၊ ခင္မ်ားတို႔အသိဆံုးပါ။ သိရက္ နဲ႔မ်က္စိမွိတ္ၿပီး ခင္မ်ားတို႔ေအာ္ေနတာ ခုကိစၥမွာလည္း ႐ိုဟင္ဂ်ာ ေတြကို ဗမာေတြက သတ္တယ္ျဖတ္တယ္လို႔သာ တစ္ဖက္သတ္ ေအာ္ေနၾကတာ ဗမာေတြ၊ ဟိႏၵဴေတြ၊ ဗမာရဲစခန္းေတြ၊ ဗမာ့တပ္မေတာ္စခန္းေတြကို သူတို႔ ၀င္ေရာက္ ပစ္ခတ္ သတ္ျဖတ္ေနတာေတြကို ခင္မ်ားတို႔မျမင္ေယာင္၊ မၾကားေယာင္ေဆာင္ေနၾကတာ ကုလ ကိုယ္စားလွယ္ကလည္း ခုမွပဲ ဟိုဖက္ကအၾကမ္းဖက္သမားေတြ ကို ႐ႈတ္ခ်ပါတယ္လို႔ တစ္ခါပဲ ထုတ္ေဖာ္ေျပာၾကားေသးတာပါ။ ႐ိုဟင္ဂ်ာေတြကို ေကြၽးရ၊ ေမြးရ လက္ခံထားရ ေနစရာေပးရ။ ၿပီးေတာ့ က်ဳပ္တုိ႔ကိုပဲ မဲၿပီး ''လူ႕အခြင့္ေရး''တဲ့။ ဒီမွာ က်ဳပ္တို႔ ႏိုင္ငံ ဗမာႏိုင္ငံအေရးဟာ က်ဳပ္တို႔အခြင့္အေရးပါ။ က်ဳပ္တို႔က တရားမဲ့တဲ့ လူေတြမဟုတ္ပါဘူး။ က်ဳပ္တို႔ေခါင္းေဆာင္ဟာ အမွန္တရား အတြက္ အသက္ေပးရဲတဲ့သူပါ။ က်ဳပ္တို႔ေခါင္းေဆာင္ကို က်ဳပ္တို႔ေလးစားတယ္။ ခ်စ္တယ္။ ေထာက္ခံတယ္။ ဝန္းရံတယ္။ က်ဳပ္ဟာ အသက္ ၈ဝ ေက်ာ္ အမ်ဳိးသားစာေပဆုရ ကဗ်ာဆရာတစ္ဦးပါ။ ေအာင္ဆန္းစုၾကည္ကို က်ဳပ္တို႔ကဗ်ာဆရာမ်ားအားလံုး ဝန္းရံ သြားၾကမယ္။ ဒါပဲ။

ေမာင္စြမ္းရည္
Moemaka Media

Tuesday, February 9, 2016

၁ ဒီဂရီ ပဲ လိုပါတယ္

]

၁ ဒီဂရီ ပဲ လိုပါတယ် နယ်ကမိတ်ဆွေတစ်ယောက် သူများငွေတွေကို အတိုးနဲ ့ယူပြီး စီးပွားရေးလုပ်တယ်။ လုပ်ငန်း အောက်သက် မကြေတော့ အလှမ်းကျယ် အလယ်လပ်ပြီး အခက်အခဲတွေ ဖြစ်ကုန်တယ်။ ဒီတော့ အကူအညီ လာတောင်းတယ်။ သူ လာတောင်းတာက လုပ်ငန်း အခက်အခဲတွေကို ဖြေရှင်းဖို ့မဟုတ်ဘူး။ဒီအသိုင်းအဝိုင်းကနေ အပြီးရှောင်ထွက်သွားဖို ့။ အခြေအနေ အားလုံးနားထောင်ပြီးတော့ အရိုးခံ အကြံပေးမိတယ်။ ခုလိုတဲ့ ပမာဏကိုကူညီမယ်။ ရှောင်တော့ မထွက်ပါနဲ ့။ စီးပွားရေး ဆိုတာ ကြွေတလှည့် ကြက်တစ်ခုန်ပါပဲ။ အတိုးနဲ ့ ယူထားတဲ့ သူတွေကို သွားတွေ ့ပြီး ရှင်းပြလိုက်ပါ။ အခက်အခဲ ဖြစ်သွားတယ်။ ကြေအောင် ပြန်ဆပ်ပါမယ်။ အတိုးတွေတော့ ရပ်ပေးပါ။ အရင်းတွေကို အရစ်ကျ ခွဲဆပ်ပါမယ် လို ့တောင်းပန်။ ငွေရှင်တိုင်းက ငွေပဲ ပြန်လိုချင်တာ။ မင်းထောင်ကျတာ မလိုချင်ဘူး။ ဒီတော့ အချိန်ကြာပါစေ။ လစဉ်လတိုင်း နိုင်သလောက် သွင်းပြီး အကြွေးဆပ်ပါမယ်လို ့ညှိ။ ဒီဘက်ကလည်း အကြွေးတွေ ပြန်ဆပ်နိုင်အောင် အသုံးအစွဲလျော့၊ ရိုးရိုးသားသား အောက်ခြေကနေ အလုပ် ပြန်စလုပ်ကွာ၊ ငါတို ့လည်း ဝိုင်းဝန်းမှာပေါ့ လို ့အားပေးမိတယ်။ဒါပေမယ့် သူမျက်လုံးတွေကြည့်ရတာ ယုံကြည်ချက် မရှိတော့ဘူး။ ကိုယ်ပြောတာလည်း ခေါင်းထဲမဝင်တော့ဘူး ထင်တယ်။ အတတ်နိုင်ဆုံး ပြန် ကြိုးစားမယ်။ ခုအကူအညီကို ကျေးဇူး တင်တယ်ပြောတယ်။ ပြီးတော့ သူ ထွက်သွား လိုက်တယ်။ နောက်ထပ်ပြန်မတွေ ့ဖြစ်ကြတော့ဘူး။ ဘဝမှာ နှစ်ခါ သုံးခါထက် ပိုရှုံးလာရင် ယုံကြည်မှု တွေ ပျက်ပြားလာတယ်။ စမ်းသပ်မှုတစ်ခုမှာ ငါးမန်းတစ်ကောင်ကို လှောင်ဖန်ထဲမှာထည့် မှန်အမာ တချပ် ကြားခံထားပြီး ဟိုဘက် အခြမ်းမှာ ငါးအသေးတွေ လွှတ်ထားကြည့်တယ်။ မှန် တဘက်က ငါးလေးတွေကို မြင်ပြီး ငါးမန်းက စားဖို ့ပြေးဟပ်တော့ မှန်နဲ ့တိုက်မိတယ်။ ဒေါသ ထွက်လာတယ်။ ထပ်ပြေးပြီး ဟပ်တယ်။ ထပ်ထိတယ်။ ထပ်ဟပ်တယ်။ ထပ်ထိတယ်။ တဖြည်းဖြည်း ထိတာများလာတော့ ငါးမန်းရဲ ့ယုံကြည်မှု ပျက်ပြားသွားတယ်။ နောက်နေ ့ထပ်ကြိုးစားတယ်။ ထပ်ထိပြန်တယ်။ ငါးမန်း လုံးဝ မှတ်သွားတယ်။ အဲဒီနားကို လာတောင် မလာတော့ဘူး။ ဒီတော့မှ မှန်ကို ဖယ်လိုက်တယ်။ ငါးလေးတွေနဲ ့သူနဲ ့ တကန်တည်း ဖြစ်သွားတယ်။ ငါးလေးတွေ သူနား ဖြတ်ကူးသွားတာတောင် ငါးမန်းဟာ လိုက် မဟပ်တော့ဘူး။ လူတွေ ချကြွေးတဲ့ အစာပဲ စားတော့တယ်။ ဖမ်းစားနိုင်ပါရက်နဲ ့ မဖမ်းနိုင်တော့ဘူးလို ့ထင်မြင်ပြီး ငါးမန်းဟာ အစွမ်းအစမဲ့ သွားတယ်။ ဒီငါးမန်းလိုပါပဲ။ အရှုံးများလာရင် လုပ်လို ့ဖြစ် ပါတော့မလား ဆိုတဲ့ သံသယ ဝင်လာတယ်။သံသယ ဝင်ပြီဆိုတာနဲ ့ ယုံကြည်မှုတွေ ပျောက်ဆုံး ကုန်တယ်။ ယုံကြည်မှု ပျောက်ဆုံးသွားရင်တော့ ဘဝမှာ အားလုံး ဆုံးရှုံးကုန်တာပါပဲ။ သံသယဆိုတဲ့ ဝဲဂယက်ကြီးက ဘဝရဲ ့ရနိုင်ခွင့် ရပိုင်ခွင့်တွေ အားလုံးကိုစုပ်ယူခြေမွ နိုင်ပါတယ်။ လူတိုင်းမှာလည်း ယုံကြည်မှု ပျောက်ဆုံးကုန်တဲ့ အချိန်တွေ၊ သံသယ ဝဲဂယက်ကြီး ထဲကနေမနည်းလွတ်အောင် ရုန်းနေရတဲ့ အချိန်တွေ ရှိတယ်။ ဒီလိုအချိန်တိုင်းမှာ ကိုယ်ရဲ ့ ရုန်းကန်တွန်းတိုက်ချက်တိုင်းဟာ အလကား မဖြစ်သွားဘူး ဆိုတာ သိဖို ့လိုပါတယ်။ စတန်းဖိုဒ် တက္ကသိုလ်မှာ Apple ရဲ ့ခေါင်းကိုင်ဖခင် စတိပ်ဂျော့ပြောခဲ့တဲ့ မိန် ့ခွန်းမှာ အဓိကအချက်သုံးချက်ပါတယ်။ ပထမအချက်က ဘဝရဲ ့ အမှတ်စက်တွေ စပ်ဆက်ကုန်တဲ့ အကြောင်းပါ။ စတိပ်ဂျော့ ဘဝမှာ ကျဆုံးမှုတွေ များပါတယ်။မွေးထဲက စွန် ့ပစ်ခံခဲ့ရတာ၊ ကျောင်းစရိတ် ကြီးမြင့်လို ့ ကျောင်းထွက်ခဲ့ရတာ၊ သူတည်ထောင် ခဲ့တဲ့ ကုမ္ပဏီရဲ ့အအောင်မြင်ဆုံး အချိန်မှာ သူ ့ကိုကုမ္ပဏီကထုတ်ပစ်ခဲ့တာစသည်ဖြင့်ပေါ့။ သူ ကျောင်းထွက်မယ် ဆုံးဖြတ်ပြီးတုန်းက အားနေတာနဲ ့ အလကား မနေဘဲ ကျောင်းက ဖွင့်ထားတဲ့ စာလုံး အလှရေးတဲ့သင်တန်း သွားတက် နေပါတယ်။ ဒါက သူစိတ်ဝင်စားတဲ့ ကွန်ပြူတာနဲ ့ မဆိုင်ပါဘူး။ အနုပညာနဲ ့ဆိုင်တယ်။ ဒါပေမယ့် နောင်ဆယ်နှစ်အကြာ ပထမဆုံး "မက်ကင်းတော့ရှ် ကွန်ပြူတာ"ကို စလုပ်တဲ့ အချိန်မှာ ဒီစာလုံးအလှ တွေကို သတိရပြီး ထည့်နိုင်ခဲ့တယ်။ ကွန်ပြူတာမှာပထမဆုံး စာလုံးပုံစံအလှကို Apple က စထည့်နိုင်ခဲ့တယ်။ ဒီကိစ္စက သူ စာလုံးအလှ သင်တန်း သွားတက် တာနဲ ့ ဆက်စပ်နေတယ်။ အနုပညာနဲ ့ ကွန်ပြူတာကို အဲဒီတုန်းက ဆက်စပ်သွားမယ်လို ့ ဘယ်လိုမှ မထင်ခဲ့ဘူး။ ဒါကြောင့် ဘဝမှာ လုပ်ဆောင်နေတဲ့ အရာတွေကို အမှတ်စက်ချနေတယ် သဘော ထား။ မအောင်မြင်ခင်မှာ ရှေ ့ကို ကျော်ကြည့်ပြီး အစက်တွေ ဆက်ကြည့်လို ့မရဘူး။ အောင်မြင် ပြီးမှ ပြန်ကြည့်တော့ အစက်တွေ အကုန်လုံးက ဆက်စပ် နေတယ်၊ အလကား မဖြစ်သွားဘူးလို ့ ပြောခဲ့ပါတယ်။ဘဝမှာ ရှေ ့ဆက်တိုးလို ့မရတော့ဘူးလို ့ ထင်သွားပြီး ယုံကြည်မှုတွေ ပျောက်ဖူးတယ်။ ပုံပြင်ထဲက အစွမ်းအစ မရှိတော့ဘဲ သူများ ချကြွေးတာ စားနေရတဲ့ ငါးမန်းကြီးကိုမြင်ယောင်ပြီး ထပ်တွန်းရုန်းကန် ခဲ့တယ်။ ရုန်းကန်နေတာ ကြာလည်း ဘာမှ အရာ မထင် လာတော့ စိတ်ဓာတ် ကျလာတယ်။ စိတ်အားကုန်ခါနီး စတိပ်ဂျော့ ရဲ ့ အစက်တွေ အကြောင်း ဖတ်မိတော့ တနေ ့ဆက်စပ် သွားမှာပါ လို ့ ကိုယ်ဟာကိုယ် အားပေး မဲတင်းဖူးတယ်။ အောင်မြင်ဖို ့ကအများကြီး မလိုပါဘူး။ အလုပ်ကိုမက်မောစိတ်နဲ ့ကြိုးစားမှု၊ ဉာဏ်နဲ ့ ဆင်ခြင် ချိန်ဆမှု၊ အလုပ်ကိုယ်ကျင့်တရား နဲ ့ အချိန်ပမာဏတစ်ခု။ ဒါတွေပဲ လိုတယ်။ ဒါတွေကို မဆုတ်မနစ် စိုက်လိုက် မတ်တပ် လုပ်နိုင်အောင်တော့ယုံကြည်မှုလိုပါတယ်။ ရေကို အပူပေးရင် အငွေ ့စပြန်မယ့် ရေဆူမှတ် ရှိတယ်။ ဒီ ရေဆူမှတ်က ၁၀၀ ဒီဂရီ ဆို ၉၉ ဒီဂရီရောက်တဲ့ထိ မဆူသေးဘူး။ မဆူသေးသရွေ ့အရည်ကနေ အငွေ ့မဖြစ်သေးဘူး။ ဒီချိန်မှာ အပူမပေးဘဲ ရပ်လိုက်ရင် ရေက ရေပါပဲ။ နောက်ထပ် ၁ ဒီဂရီစာ ထပ် အပူပေး လိုက်တာနဲ ့၁၀၀ ပြည့်ပြီး ရေ ထဆူမယ်။ အရည် ဘဝကနေ အငွေ ့ဘဝ ထပြောင်း လေထဲ လွှင့်တက်သွားမယ်။ ဒါကြောင့် ကျွန်တော်တို ့ ကြိုးစားနေသရွေ ့ အောင်မြင်မယ်ဆိုတာ ယုံနေဖို ့တော့လိုတယ်။ အမှတ်စက်တွေက အချိန်စေ့ရင် ဆက်စပ်သွားပါလိမ့်မယ်။ ရေကလည်း ၁၀၀ ဒီဂရီပြည့်ရင် ဆူပါလိမ့်မယ်။ တခါတလေ ဘဝသစ် ပြောင်းသွားဖို ့၊ လေထုအမြင့်ထဲ လွှင့်တက်သွားဖို ့က ၁ ဒီဂရီ ပဲလိုပါတယ်။ အားမလျော့လိုက်ပါနဲ ့။ Credit to PhyoKoKoNaing ................................................... ၁ ဒီဂရီ ပဲ လိုပါတယ္ နယ္ကမိတ္ေဆြတစ္ေယာက္ သူမ်ားေငြေတြကို အတိုးနဲ ့ယူျပီး စီးပြားေရးလုပ္တယ္။ လုပ္ငန္း ေအာက္သက္ မေျကေတာ့ အလွမ္းက်ယ္ အလယ္လပ္ျပီး အခက္အခဲေတြ ျဖစ္ကုန္တယ္။ ဒီေတာ့ အကူအညီ လာေတာင္းတယ္။ သူ လာေတာင္းတာက လုပ္ငန္း အခက္အခဲေတြကို ေျဖရွင္းဖို ့မဟုတ္ဘူး။ဒီအသိုင္းအဝိုင္းကေန အျပီးေရွာင္ထြက္သြားဖို ့။ အေျခအေန အားလံုးနားေထာင္ျပီးေတာ့ အရိုးခံ အျကံေပးမိတယ္။ ခုလိုတဲ့ ပမာဏကိုကူညီမယ္။ ေရွာင္ေတာ့ မထြက္ပါနဲ ့။ စီးပြားေရး ဆိုတာ ေျကြတလွည့္ ျကက္တစ္ခုန္ပါပဲ။ အတိုးနဲ ့ ယူထားတဲ့ သူေတြကို သြားေတြ ့ျပီး ရွင္းျပလိုက္ပါ။ အခက္အခဲ ျဖစ္သြားတယ္။ ေျကေအာင္ ျပန္ဆပ္ပါမယ္။ အတိုးေတြေတာ့ ရပ္ေပးပါ။ အရင္းေတြကို အရစ္က် ခြဲဆပ္ပါမယ္ လို ့ေတာင္းပန္။ ေငြရွင္တိုင္းက ေငြပဲ ျပန္လိုခ်င္တာ။ မင္းေထာင္က်တာ မလိုခ်င္ဘူး။ ဒီေတာ့ အခ်ိန္ျကာပါေစ။ လစဥ္လတိုင္း နိုင္သေလာက္ သြင္းျပီး အေျကြးဆပ္ပါမယ္လို ့ညိွ။ ဒီဘက္ကလည္း အေျကြးေတြ ျပန္ဆပ္နိုင္ေအာင္ အသံုးအစြဲေလ်ာ့၊ ရိုးရိုးသားသား ေအာက္ေျခကေန အလုပ္ ျပန္စလုပ္ကြာ၊ ငါတို ့လည္း ဝိုင္းဝန္းမွာေပါ့ လို ့အားေပးမိတယ္။ဒါေပမယ့္ သူမ်က္လံုးေတြျကည့္ရတာ ယံုျကည္ခ်က္ မရိွေတာ့ဘူး။ ကိုယ္ေျပာတာလည္း ေခါင္းထဲမဝင္ေတာ့ဘူး ထင္တယ္။ အတတ္နိုင္ဆံုး ျပန္ ျကိဳးစားမယ္။ ခုအကူအညီကို ေက်းဇူး တင္တယ္ေျပာတယ္။ ျပီးေတာ့ သူ ထြက္သြား လိုက္တယ္။ ေနာက္ထပ္ျပန္မေတြ ့ျဖစ္ျကေတာ့ဘူး။ ဘဝမွာ နွစ္ခါ သံုးခါထက္ ပိုရႈံးလာရင္ ယံုျကည္မႈ ေတြ ပ်က္ျပားလာတယ္။ စမ္းသပ္မႈတစ္ခုမွာ ငါးမန္းတစ္ေကာင္ကို ေလွာင္ဖန္ထဲမွာထည့္ မွန္အမာ တခ်ပ္ ျကားခံထားျပီး ဟိုဘက္ အျခမ္းမွာ ငါးအေသးေတြ လႊတ္ထားျကည့္တယ္။ မွန္ တဘက္က ငါးေလးေတြကို ျမင္ျပီး ငါးမန္းက စားဖို ့ေျပးဟပ္ေတာ့ မွန္နဲ ့တိုက္မိတယ္။ ေဒါသ ထြက္လာတယ္။ ထပ္ေျပးျပီး ဟပ္တယ္။ ထပ္ထိတယ္။ ထပ္ဟပ္တယ္။ ထပ္ထိတယ္။ တျဖည္းျဖည္း ထိတာမ်ားလာေတာ့ ငါးမန္းရဲ ့ယံုျကည္မႈ ပ်က္ျပားသြားတယ္။ ေနာက္ေန ့ထပ္ျကိဳးစားတယ္။ ထပ္ထိျပန္တယ္။ ငါးမန္း လံုးဝ မွတ္သြားတယ္။ အဲဒီနားကို လာေတာင္ မလာေတာ့ဘူး။ ဒီေတာ့မွ မွန္ကို ဖယ္လိုက္တယ္။ ငါးေလးေတြနဲ ့သူနဲ ့ တကန္တည္း ျဖစ္သြားတယ္။ ငါးေလးေတြ သူနား ျဖတ္ကူးသြားတာေတာင္ ငါးမန္းဟာ လိုက္ မဟပ္ေတာ့ဘူး။ လူေတြ ခ်ေျကြးတဲ့ အစာပဲ စားေတာ့တယ္။ ဖမ္းစားနုိင္ပါရက္နဲ ့ မဖမ္းနိုင္ေတာ့ဘူးလို ့ထင္ျမင္ျပီး ငါးမန္းဟာ အစြမ္းအစမဲ့ သြားတယ္။ ဒီငါးမန္းလိုပါပဲ။ အရႈံးမ်ားလာရင္ လုပ္လို ့ျဖစ္ ပါေတာ့မလား ဆိုတဲ့ သံသယ ဝင္လာတယ္။သံသယ ဝင္ျပီဆိုတာနဲ ့ ယံုျကည္မႈေတြ ေပ်ာက္ဆံုး ကုန္တယ္။ ယံုျကည္မႈ ေပ်ာက္ဆံုးသြားရင္ေတာ့ ဘဝမွာ အားလံုး ဆံုးရႈံးကုန္တာပါပဲ။ သံသယဆိုတဲ့ ဝဲဂယက္ျကီးက ဘဝရဲ ့ရနိုင္ခြင့္ ရပိုင္ခြင့္ေတြ အားလံုးကိုစုပ္ယူေျခမြ နိုင္ပါတယ္။ လူတိုင္းမွာလည္း ယံုျကည္မႈ ေပ်ာက္ဆံုးကုန္တဲ့ အခ်ိန္ေတြ၊ သံသယ ဝဲဂယက္ျကီး ထဲကေနမနည္းလြတ္ေအာင္ ရုန္းေနရတဲ့ အခ်ိန္ေတြ ရိွတယ္။ ဒီလိုအခ်ိန္တိုင္းမွာ ကိုယ္ရဲ ့ ရုန္းကန္တြန္းတိုက္ခ်က္တိုင္းဟာ အလကား မျဖစ္သြားဘူး ဆုိတာ သိဖို ့လိုပါတယ္။ စတန္းဖိုဒ္ တကၠသိုလ္မွာ Apple ရဲ ့ေခါင္းကုိင္ဖခင္ စတိပ္ေဂ်ာ့ေျပာခဲ့တဲ့ မိန္ ့ခြန္းမွာ အဓိကအခ်က္သံုးခ်က္ပါတယ္။ ပထမအခ်က္က ဘဝရဲ ့ အမွတ္စက္ေတြ စပ္ဆက္ကုန္တဲ့ အေျကာင္းပါ။ စတိပ္ေဂ်ာ့ ဘဝမွာ က်ဆံုးမႈေတြ မ်ားပါတယ္။ေမြးထဲက စြန္ ့ပစ္ခံခဲ့ရတာ၊ ေက်ာင္းစရိတ္ ျကီးျမင့္လို ့ ေက်ာင္းထြက္ခဲ့ရတာ၊ သူတည္ေထာင္ ခဲ့တဲ့ ကုမၸဏီရဲ ့အေအာင္ျမင္ဆံုး အခ်ိန္မွာ သူ ့ကိုကုမၸဏီကထုတ္ပစ္ခဲ့တာစသည္ျဖင့္ေပါ့။ သူ ေက်ာင္းထြက္မယ္ ဆံုးျဖတ္ျပီးတုန္းက အားေနတာနဲ ့ အလကား မေနဘဲ ေက်ာင္းက ဖြင့္ထားတဲ့ စာလံုး အလွေရးတဲ့သင္တန္း သြားတက္ ေနပါတယ္။ ဒါက သူစိတ္ဝင္စားတဲ့ ကြန္ျပဴတာနဲ ့ မဆိုင္ပါဘူး။ အနုပညာနဲ ့ဆိုင္တယ္။ ဒါေပမယ့္ ေနာင္ဆယ္နွစ္အျကာ ပထမဆံုး "မက္ကင္းေတာ့ရွ္ ကြန္ျပဴတာ"ကို စလုပ္တဲ့ အခ်ိန္မွာ ဒီစာလံုးအလွ ေတြကို သတိရျပီး ထည့္နိုင္ခဲ့တယ္။ ကြန္ျပဴတာမွာပထမဆံုး စာလံုးပံုစံအလွကို Apple က စထည့္နိုင္ခဲ့တယ္။ ဒီကိစၥက သူ စာလံုးအလွ သင္တန္း သြားတက္ တာနဲ ့ ဆက္စပ္ေနတယ္။ အနုပညာနဲ ့ ကြန္ျပဴတာကို အဲဒီတုန္းက ဆက္စပ္သြားမယ္လို ့ ဘယ္လိုမွ မထင္ခဲ့ဘူး။ ဒါေျကာင့္ ဘဝမွာ လုပ္ေဆာင္ေနတဲ့ အရာေတြကို အမွတ္စက္ခ်ေနတယ္ သေဘာ ထား။ မေအာင္ျမင္ခင္မွာ ေရွ ့ကို ေက်ာ္ျကည့္ျပီး အစက္ေတြ ဆက္ျကည့္လို ့မရဘူး။ ေအာင္ျမင္ ျပီးမွ ျပန္ျကည့္ေတာ့ အစက္ေတြ အကုန္လံုးက ဆက္စပ္ ေနတယ္၊ အလကား မျဖစ္သြားဘူးလို ့ ေျပာခဲ့ပါတယ္။ဘဝမွာ ေရွ ့ဆက္တိုးလို ့မရေတာ့ဘူးလို ့ ထင္သြားျပီး ယံုျကည္မႈေတြ ေပ်ာက္ဖူးတယ္။ ပံုျပင္ထဲက အစြမ္းအစ မရိွေတာ့ဘဲ သူမ်ား ခ်ေျကြးတာ စားေနရတဲ့ ငါးမန္းျကီးကိုျမင္ေယာင္ျပီး ထပ္တြန္းရုန္းကန္ ခဲ့တယ္။ ရုန္းကန္ေနတာ ျကာလည္း ဘာမွ အရာ မထင္ လာေတာ့ စိတ္ဓာတ္ က်လာတယ္။ စိတ္အားကုန္ခါနီး စတိပ္ေဂ်ာ့ ရဲ ့ အစက္ေတြ အေျကာင္း ဖတ္မိေတာ့ တေန ့ဆက္စပ္ သြားမွာပါ လို ့ ကိုယ္ဟာကိုယ္ အားေပး မဲတင္းဖူးတယ္။ ေအာင္ျမင္ဖို ့ကအမ်ားျကီး မလိုပါဘူး။ အလုပ္ကိုမက္ေမာစိတ္နဲ ့ျကိဳးစားမႈ၊ ဥာဏ္နဲ ့ ဆင္ျခင္ ခ်ိန္ဆမႈ၊ အလုပ္ကိုယ္က်င့္တရား နဲ ့ အခ်ိန္ပမာဏတစ္ခု။ ဒါေတြပဲ လိုတယ္။ ဒါေတြကို မဆုတ္မနစ္ စိုက္လိုက္ မတ္တပ္ လုပ္နိုင္ေအာင္ေတာ့ယံုျကည္မႈလိုပါတယ္။ ေရကို အပူေပးရင္ အေငြ ့စျပန္မယ့္ ေရဆူမွတ္ ရိွတယ္။ ဒီ ေရဆူမွတ္က ၁၀၀ ဒီဂရီ ဆို ၉၉ ဒီဂရီေရာက္တဲ့ထိ မဆူေသးဘူး။ မဆူေသးသေရြ ့အရည္ကေန အေငြ ့မျဖစ္ေသးဘူး။ ဒီခ်ိန္မွာ အပူမေပးဘဲ ရပ္လိုက္ရင္ ေရက ေရပါပဲ။ ေနာက္ထပ္ ၁ ဒီဂရီစာ ထပ္ အပူေပး လိုက္တာနဲ ့၁၀၀ ျပည့္ျပီး ေရ ထဆူမယ္။ အရည္ ဘဝကေန အေငြ ့ဘဝ ထေျပာင္း ေလထဲ လႊင့္တက္သြားမယ္။ ဒါေျကာင့္ ကၽြန္ေတာ္တို ့ ျကိဳးစားေနသေရြ ့ ေအာင္ျမင္မယ္ဆိုတာ ယံုေနဖို ့ေတာ့လိုတယ္။ အမွတ္စက္ေတြက အခ်ိန္ေစ့ရင္ ဆက္စပ္သြားပါလိမ့္မယ္။ ေရကလည္း ၁၀၀ ဒီဂရီျပည့္ရင္ ဆူပါလိမ့္မယ္။ တခါတေလ ဘဝသစ္ ေျပာင္းသြားဖို ့၊ ေလထုအျမင့္ထဲ လႊင့္တက္သြားဖို ့က ၁ ဒီဂရီ ပဲလိုပါတယ္။ အားမေလ်ာ့လိုက္ပါနဲ ့။ Credit to PhyoKoKoNaing

Friday, August 14, 2015

ေတာင္သမန္အင္းထဲက သစ္ေျခာက္တစ္ပင္

ေတာင္သမန္အင္းထဲရိွ နာမည္ေက်ာ္သစ္ေျခာက္ပင္ နွစ္ပင္အနက္မွ တစ္ပင္ မရိွေတာ့သည့္အေၾကာင္း ေျပာျပေသာအခါ ေမာင္က ေပါ့ေပါ့တန္တန္ပင္ သေဘာထားကာ ရယ္ေတာ့
ထိုသစ္ပင္တို႔၏ပံုျပင္အေၾကာင္း ေမာင့္ကို ကြၽန္မေျပာျပခဲ့မိသည္။ ကြၽန္မအတြက္ေတာ့ ထိုသစ္ေျခာက္ပင္ နွစ္ပင္သည္ အဓိပၸာယ္မ်ားစြာရိွပါသည္။

သူတို႔နွစ္ပင္ကို လြန္ခဲ့သည့္ ရာစုနွစ္ တစ္ခုေက်ာ္ ၁၈၇၅ ခုနွစ္ကတည္းက သည္ေတာင္သမန္အင္း ေနရာမွာ တူတူေမြးဖြားခဲ့ၾကသည္။ ငယ္တုန္းကေတာ့ သူတို႔ အမည္သည္ မယ္ဇယ္ပင္ဟု ေခၚပါလိမ့္မည္။

သူတို႔သည္ အျခားေသာ မယ္ဇယ္ပင္မ်ား၏အေ၀း ေတာင္သမန္အင္းေနရာမွာ ေနပူပူ မိုး႐ြာ႐ြာ တူတူရိွခဲ့ၾကမည္။ အခက္အလက္ေတြ ေ၀ဆာခဲ့ၾကမည္။ မဥၨူသကနတ္ပန္းဟုတင္စားေသာ ပ်ားရည္ေရာင္ အပြင့္ ၀ါ၀ါႏုႏုတို႔ အၿပိဳင္ပြင့္ခဲ့ၾကမည္။ သူတို႔ပုခံုးမွာ ငွက္ေမာင္နွံမ်ား၊ သူတို႔အရိပ္မွာ စံုတြဲမ်ား နားခိုခဲ့ၾကဖူးမည္။

မိုးဒဏ္၊ ေရဒဏ္၊ေလဒဏ္တို႔ကို အတူရင္ဆိုင္ရင္း ႀကံ့ႀကံ့ခံၿပီး ေသဆံုးသြားၾကေတာ့လည္း နွစ္ဦးသား မခြဲခြာခဲ့ၾက။ အရိုးၿပိဳင္းၿပိဳင္းနွင့္ ရံဖန္ရံခါ ေရထဲ၊ ရံဖန္ရံခါ ကုန္းကမူေပၚ ။ေရအတက္အက်ကသာ ေျပာင္းသြားမည္။ သူတို႔ကေတာ့ ဘာမွမေျပာင္းလဲခဲ့။

ဦးပိန္တံတား၏ အလွသည္ သူတို႔နွင့္တြဲမွ ပိုအသက္၀င္လာတတ္သည္။ သူတို႔သည္ အသက္မဲ့ေနေသာ္လည္း ေတာင္သမန္၏ သက္ရိွခ်စ္ပံုျပင္သာျဖစ္သည္။
ယခုေတာ့ ထိုပံုျပင္ တစ္ျခမ္းေပ်ာက္ရွသြားခဲ့ၿပီ။ ေတာင္သမန္အင္းေရထဲကို က်ေပ်ာက္သြားသလား၊ ေျမႀကီးထဲ ငုပ္လွ်ိဳးသြားၿပီလား ဘယ္သူမွမသိနိုင္ေတာ့။

တစ္ပင္တည္းသာ က်န္ေတာ့ေသာ သစ္ေျခာက္ပင္ႀကီးကို ၾကည့္ရသည္မွာ ျပန္မလာနိုင္ေတာ့မည့္ ငယ္ခ်စ္ဦးကို ေစာင့္ေမွ်ာ္ေနသည့္ အဘိုးအိုတစ္ဦးလို တိတ္ဆိတ္ေၾကကြဲစရာေကာင္းလြန္းလွသည္။

ေသအတူ ရွင္မကြာရိွခဲ့သည့္ သစၥာအေၾကာင္းသည္ ေမာင့္အတြက္ ျပက္လံုးတစ္ခု ျဖစ္ေကာင္းျဖစ္နိုင္ေသာ္လည္း ကြၽန္မအတြက္ေတာ့ မ်က္ရည္မ်ားသာျဖစ္ပါလိမ့္မည္။
ပံုျပင္အဆံုးတြင္ ေမာင့္ရယ္သံမ်ားတိတ္ဆိတ္သြားခဲ့မည္ဆိုပါက ကြၽန္မ ေမာင့္ကို သစၥာထားရက်ိဳးနပ္ပါၿပီ။
ယဥ္ ယဥ္ေႏွာင္း

Photo credit - Ko Kyaw Thu

Wednesday, March 5, 2014

၀ိုင္း

ကၽြန္ေတာ့္နာမည္ ေအာင္ေသာ္ ပါ ..

အသက္က ၁၇ႏွစ္ သူငယ္ခ်င္းေတြက လူပ်ိဳရည္မပ်က္ေသးတဲ့ ကၽြန္ေတာ့္ကို ဂိုဏ္း၀င္သြားေအာင္ မဂၤလာေစ်း JJ ေအာက္မွာ ... ညေမႊးပန္းသြားရွာမယ္ လိုက္ခဲ့ ..ဆိုတာနဲ႕ လူငယ္ဆိုေတာ့ စူးစမ္းခ်င္တဲ့ စိတ္နဲ႕ လိုက္သြားခဲ့တယ္..

ဟိုေရာက္ေတာ့ .. သားၾကီး မင္းက ဒီည အထူးဆိုေတာ့ ..မင္းတစ္ေယာက္ေရြးကြာတဲ့ သူတို႕က သူတို႕ စိတ္ၾကိဳက္တစ္ေယာက္ေရြးတယ္..

အဲဒီမွာ ၀ိုင္းဆိုတဲ့ ေကာင္မေလးကို ကၽြန္ေတာ္စေတြ႕ခဲ့တယ္... ေရွ႕မွာလာရပ္ျပေနတဲ့ ေကာင္မေလးေတြထက္ ..

ဟုိးးး သစ္ပင္ေအာက္မွာတစ္ေယာက္တည္း ငူငူေငါင္ေငါင္ ထိုင္ေနတဲ့ သူမဆီ ..ကၽြန္ေတာ္ အသာေလွ်ာက္သြားတယ္..

မီးမလင္းတလင္းမွာ ..မပီ၀ိုးတ၀ါး ဆယ္ေက်ာ္သက္အရြယ္ မိန္းမပ်ိဳေလးတစ္ေယာက္ ကၽြန္ေတာ့္အထင္ မ်က္ရည္ေတြမ်ား ၀ိုင္းေနသလား မသိပါဘူး.. မင္းနာမည္ ဘယ္လိုေခၚလဲဆိုေတာ့ ..၀ိုင္းတဲ့ .. နာမည္ေမးတုန္းရွိေသးတယ္....ေခါင္းဆိုတဲ့ လူ ေရာက္လာျပီး ညီက ဒီကေလးမေလးၾကိဳက္လို႕လားတဲ့ ... ကၽြန္ေတာ့္ေခါင္းကို အသာညိတ္မိလိုက္တယ္ ထင္ပါတယ္.. ကဲ ..မိ၀ိုင္း ထေတာ့ ... အလုပ္ေပၚျပီ ...နင္စိတ္ညစ္တာေနာက္မွညစ္.. လိုက္သြား .. ေခါင္းရဲ႕ စကားအဆံုးမွာ ..

ညမိမယ္ နတ္သမီးေလးတစ္ပါး ဘာဆိုဘာမွ ျပန္မေျပာပဲ အရုပ္တစ္ရုပ္လို ထလိုက္လာပါတယ္.. ဒီလိုနဲ႕ ...၀ိုင္းရယ္ ..ေနာက္ေကာင္မေလးတစ္ေယာက္ရယ္ .. ကၽြန္ေတာ္တို႕ သူငယ္ခ်င္း သံုးေယာက္ရယ္ ..ကားတစ္စီးနဲ႕ သူတို႕ ညႊန္ျပတဲ့ သူတို႕က်က္စားရာ .. တည္းခိုခန္းတစ္ခုဆီ ထြက္လာခဲ့ၾကတယ္..

ကားေပၚမွာ ..ေရွ႕ခန္းမွာ ထိုင္ေနတဲ့ ကၽြန္ေတာ့္ကို လက္ညိဳးထိုးျပီး ..သူငယ္ခ်င္းကေျပာတယ္ ၀ိုင္း... နင့္ကို ဒီေကာင္က ဘိုင္နိမ္းနဲ႕ ေခၚလာတာေလ....အဲလို ေျပာေတာ့.. နတ္သမီးေလး ဆီက အသံထြက္လာတယ္.. အကိုက ၀ိုင္းကို သိလို႕လားတဲ့ .... ကၽြန္ေတာ္ အသာအယာပဲ ေခါင္းခါျပလိုက္ပါတယ္ ကၽြန္ေတာ္မွ မသိတာ ... သူ႕ကိုဘာေၾကာင့္ ေရြးခဲ့မိတယ္ဆိုတာလဲ မသိဘူး.. ကၽြန္ေတာ့္စိတ္က ခံစားခ်က္ရွိတဲ့ သူေတြကို စိတ္၀င္စားတယ္ ထင္ပါရဲ႕ ..

ဟိုတယ္ေရာက္ေတာ့ ... ကၽြန္ေတာ့္ကို သူငယ္ခ်င္းေတြက ၀ိုင္းနဲ႕ အတူေနဖို႕ အခန္းတစ္ခန္းေပးတယ္..... တစ္နာရီပဲ ရမယ္ေနာ္သားၾကီး .. ငါတို႕ အားလံုး အလွည္႕က်ပဲ .... လုပ္စရာရွိတာလုပ္...ရွက္ေၾကာက္မေနနဲ႕တဲ့ ေအးပါကြာ ..ဆိုျပီး ကၽြန္ေတာ္ အခန္းထဲ၀င္လိုက္ေတာ့ ၀ိုင္းက ကုတင္ေပၚမွာ ထိုင္ေနေလရဲ႕..

အကို .. ညီမ ေရခိ်ဳးလိုက္အုန္းမယ္ ရလားဟင္ ..တစ္ညေနလံုး ေရမခ်ိဳးရေသးလို႕ နံေစာ္ေနျပီ ....ခြင့္ျပဳပါေနာ္တဲ့ ... ရပါတယ္ ....... ကၽြန္ေတာ္လဲ လူပ်ိဳညအတြက္ ရင္ခုန္လိႈက္ေမာေနတာနဲ႕ အခ်ိန္ေလးတစ္ခုလိုအပ္ေနေသးတယ္ မဟုတ္လား.. ကၽြန္ေတာ္ အမွန္အတိုင္း ၀န္ခံပါရေစ ... မေကာင္းဘူးဆိုတာ သိေပမယ့္ .. အရာရာကို စမ္းသပ္ခ်င္ေနတဲ့ ..အရြယ္ဆိုေတာ့ ကိုယ္ ဘာလုပ္ရမယ္..ဘာေၾကာင့္ ဒီေနရာေရာက္ေနတယ္ဆိုတဲ့ စိတ္နဲ႕ စိတ္ေတြလႈပ္ရွားေနပါတယ္...

နားနဲ႕မနာ ဖ၀ါ္းနဲ႕ နာၾကပါဗ်ာ.. ကၽြန္ေတာ့္ ေသြးသားေတြကလဲ တစ္ခုခုကို ေတာင္းဆိုေနၾကတာ ..တရုန္းရုန္းနဲ႕ေပါ့ ေကာင္မေလး ေရခ်ိဳးသံနဲ႕ အတူ ... တ၀ုန္း၀ုန္းတဒိုင္းဒိုင္းနဲ႕ ရင္ခုန္သံစည္းခ်က္ေတြက ၀ရုန္းသုန္းကား ..ကၽြန္ေတာ္ ထိုင္မရ ထမရနဲ႕ .. ကၽြန္ေတာ့္စိတ္ေတြကလဲ ဟိုးးးး အေ၀းၾကီးကေန နီးလာသလို ...နီးရာကေန ေ၀းသြားသလို.. တစ္ခုခုကို ေတာင့္တစိတ္ေတြက ထိန္းမရ သိမ္းမရ ျဖစ္ေနတယ္ ေကာင္မေလးထြက္လာပါျပီ ...

ျဗဳန္းဆို ...ေကာင္မေလး သဘတ္ကိုခၽြတ္ ေကာက္၀တ္လိုက္တဲ့ ... ရင္စည္းက ... ကၽြန္ေတာ္ ျမင္ေနက် ..ႏိုင္ငံျခားကားေတြထဲကလို ေတာက္ေတာက္ေျပာင္ေျပာင္ လွလွပပ အရာေလးမဟုတ္ပါဘူး .... အရြယ္မေရာက္ေသးတဲ့ မိန္းခေလးေတြ ၀တ္တဲ့ ရင္ခံအက်ီလို ဟာေလးပါ ေဟာင္းႏြမ္းစုတ္ျပတ္ျပီး အေရာင္အဆင္းကင္းမဲ့ေနတဲ့ ရင္ခံအက်ီေလးကို ေငးၾကည္႕ရင္း ေကာင္မေလး လက္တစ္စံုက .. အဲဒီအက်ီေလးရဲ႕ လက္ေမာင္းသားေပၚက ၾကိဳးကေလးကို ကိုင္ျပီး တစ္စံုတစ္ခုကိုလုပ္လိုက္ပါတယ္

ကၽြန္ေတာ့္ စိတ္ေတြ .. အဲဒီ တခဏမွာ ..ေခ်ာက္ကမ္းပါးတစ္ခုက ျပိဳက်သြားသလို ဟာခနဲ ျဖစ္သြားတယ္ဗ်ာ ..သူလုပ္လိုက္တဲ့အရာက ...ျပတ္ေနတဲ့ ၾကိဳးႏွစ္ကို တြယ္ထားတဲ့ တြယ္ခ်ိတ္ေလးကို ျဖဳတ္လိုက္တာ.... တစ္ကယ္ကို ခ်ိတ္ေလးတစ္ခုပါ... စုတ္ျပတ္ေဟာင္းႏြမ္းေနတဲ့ ရင္စည္းအက်ီမွာ ..ၾကိဳးျပတ္ေနလို႕ ...တြယ္ခ်ိတ္နဲ႕ တြယ္ထားရတဲ့ အဲဒီ အက်ီေလးက လူပ်ိဳတစ္ေယာက္ရဲ႕ ... တ၀ုန္း၀ုန္းၾကဲေနတဲ့ မုန္တိုင္း ရမက္ေတြကို ျဖဳတ္ဆို ေပ်ာက္ဆံုးသြားေစခဲ့တယ္..

ကၽြန္ေတာ္ လွမ္းေျပာလိုက္တယ္...၀ိုင္း ... မခၽြတ္နဲ႕ေတာ့လို႕ .. အက်ီေလးထပ္၀တ္ထားပါ ခ်မ္းေနပါမယ္ ဆိုေတာ့ ... အံၾသတဲ့ မ်က္လံုးေတြနဲ႕ ကၽြန္ေတာ့္ကို လွမ္းၾကည္႕တယ္.. ဘာျဖစ္လို႕လဲ အကိုတဲ့ .. ဘာမွ မျဖစ္ပါဘူးကြယ္.... အကိုစကားေျပာခ်င္လုိ႕ပါဆိုေတာ့ . အံၾသေနတဲ့ မ်က္၀န္းေတြနဲ႕ ကၽြန္ေတာ့္အနား ျဖည္းညွင္းစြာကပ္လာတယ္.. အကို ညီမကို မၾကည္ျဖဴလို႕လားဟင္...ညီမက ေတာ္ေတာ္ စိတ္ညစ္စရာေကာင္းေနလို႕လားတဲ့ ကၽြန္ေတာ္ေခါင္းပဲခါျပလိုက္တယ္...

သူမရဲ႕ အထာက်ေနတဲ့ မ်က္လံုးေတြက ဘယ္ညာ ရမ္းျပီး အၾကည္႕ေ၀့တစ္ခ်က္မွာ အရာအားလုံးကို သေဘာေပါက္သြားတယ္ထင္ပါရဲ႕ .. ဒီလိုလုပ္ေလ ညီမကို ဖက္ထားလိုက္တဲ့ ... အကို အဆင္ေျပေအာင္ပါ တဲ့

သူမေျပာတဲ့အတိုင္း ကၽြန္ေတာ္ ဖက္လိုက္ပါတယ္ ဟင္ ... ဘာၾကီးလဲ ... ကၽြန္ေတာ္ အလန္႕တၾကားလက္ကို ျပန္ဆြဲရုတ္မိတယ္.. အား ..ေတာင္းပန္ပါတယ္..အကို ...တစ္ကယ္ပါ ... ညီမေလ ..ညေနက ရပ္ကြက္ထဲမွာ ရန္ျဖစ္လာလို႕ .... ကၽြန္ေတာ္ ျပန္စမ္းၾကည္႕တယ္... ျပင္းထန္တဲ့ ဒဏ္ရာတစ္ခုပဲ ..ဟိုဘက္လွည္႕လိုက္ဆိုေတာ့ သူမ လွည္႕ျပတယ္.... ဓါးဒဏ္ရာၾကီးပါလား ... ရွပ္ထိတာ ဆိုေပမယ့္ ..ေတာ္ေတာ္ေလး ျပင္းထန္တဲ့ ဒဏ္ရာပါ ဘယ္လိုျဖစ္တာလဲ ညီမရယ္ ဆိုျပီး ... ဘယ္လိုမွ ရည္ရြယ္မထားေပမယ့္ ကၽြန္ေတာ္ ႏႈတ္က ထြက္သြားခဲ့တယ္.. ၀ိုင္း ... မ်က္၀န္းေတြမွာ ..အရည္ေတြ လဲ့လာပါတယ္...ေနာက္ သူမ သက္ျပင္းတစ္ခုခ်တယ္ ကၽြန္ေတာ့္ကို ၾကည္႕တယ္...... သူ႕ၾကည္႕တဲ့ ပံုစံက အကိုတစ္ေယာက္ကို ညီမတစ္ေယာက္က ရင္ဖြင့္ခ်င္တဲ့ ခံစားခ်က္မ်ိဳး ... ကၽြန္ေတာ္ ေခါင္းညိတ္ျပလိုက္တယ္..

ကၽြန္ေတာ္ နားေထာင္ေပးဖို႕ အသင့္ျဖစ္ေနပါျပီ.. ဘာေတြ ျဖစ္ခဲ့တာလဲ မိန္းမပ်ိဳေလးရဲ႕ ေက်ာကုန္းက ဓၚးဒဏ္ရာဆိုတာက ေတာ္ေတာ္ေလးကို ဒြိဟျဖစ္စရာပဲမဟုတ္လား တိတ္ဆိတ္ေနတဲ့ ညမွာ ေၾကကြဲေနတဲ့ ညငွက္ေလးတစ္ေကာင္ရဲ႕ စကားသံတိုးတိုးေလး ထြက္လာတယ္ ''ညီမ ညေနက ရပ္ကြက္ထဲမွာ ရန္ျဖစ္လာတာတဲ့ ... ညီမ ေယာက်ား္ရဲ႕ မိန္းမၾကီးက ညီမကို ဓါးနဲ႕ လိုက္ခုတ္လို႕ ထြက္ေျပးခဲ့ရတယ္...ဒီ ဒဏ္ရာက ရွပ္ထိသြားတာပါ'' တဲ့ ဒီလိုနဲ႕ပဲ သူမ စကားေတြ ဆက္ေျပာခဲ့တယ္...

သူမက အခုမွ ၁၆ ႏွစ္ေတာင္ မျပည္႕ေသးပါဘူး ... ၁၄ ႏွစ္သမီးမွာ ေယာက်ား္ရတယ္ ရတဲ့ ေယာက်ာ္းက ေခါင္းပါ ..ဒီလိုနဲ႕ ဒီေလာကထဲေ၇ာက္လာခဲ့တယ္.. သူမရဲ႕ ဘ၀အစမွာတုန္းကေတာ့ ... ေကာင္းေရာင္းေကာင္း၀ယ္ အေၾကာ္သည္လင္မယားႏွစ္ေယာက္ရဲ႕ တစ္ဦးတည္းေသာ သမီးေလးပါတဲ့ ..

ေျပာရင္းနဲ႕ ... သူမ လက္ဆြဲအိတ္ေလးကို လွမ္းယူလိုက္ပါတယ္.. ေနာက္ ေၾကမြေနတဲ့ အက်ီအစုတ္ေတြၾကားထဲကေန ... တစ္ခုခုကို ထုတ္ယူလိုက္တယ္.. မပီျပင္၀ိုးတ၀ါးအလင္းေရာင္မွာ သူျပခ်င္တဲ့ အရာအတြက္ အလင္းေရာင္တစ္ခုလိုအပ္တယ္ ထင္ပါရဲ႕ .... အခန္းမီးကို ဖြင့္လိုက္တယ္.. အဲဒီက်မွ ..သူမလက္ထဲမွာ ကိုင္ထားတာ .. ပလက္စတစ္ေလာင္းထားတဲ့ ဓါတ္ပံုအေဟာင္းေလး တစ္ပံု ..

အဲဒီမွာ ကေလးေလးတစ္ေယာက္ ဆုတံဆပ္ေလးကိုင္လို႕ .....ေဘးနားမွာက ေလာကဓံေၾကာင့္ ပိန္လွီေနေပမယ့္ မိန္းမေခ်ာတို႕ ရုပ္ရည္ရွိတဲ့ အသက္သံုးဆယ္ေက်ာ္ အမ်ိဳးသမီးတစ္ေယာက္ ... ေသခ်ာပါတယ္... အဲဒါ သားအမိႏွစ္ေယာက္ပံုပါ ..သမီးေလးက ေက်ာင္းမွာ ဆုရ သမီးေလးနဲ႕ အေမ ဆုေလးနဲ႕ ဓါတ္ပံုတြဲရိုက္ .... ႏွစ္ေယာက္လံုးရဲ႕ မ်က္ႏွာမွာ အျပံဳးေတြနဲ႕ ... ဒီကေလးမေလးက ၀ိုင္းမွ ဟုတ္ပါေလစ ..ေဘးက သူ႕အေမေပါ့ .. ၀ိုင္းက ငယ္ငယ္တုန္းက စာေတာ္တဲ့ ကေလးမေလးပဲ ... ရင္ထဲမွာ ဆို႕နင့္သြားတယ္

ဓါတ္ပံုေလးၾကည္႕ျပီး ငိုင္သြားတဲ့ ကၽြန္ေတာ္.. ''အဲဒါ ၀ိုင္းေမေမေလ...၀ိုင္း ႏွစ္တန္းတုန္းက ဆုရတုန္းက အမွတ္တရပံုေလးပါ.. ၀ိုင္းရဲ႕ ပညာအရည္အခ်င္းကလဲ အဲဒီႏွစ္က ေနာက္ဆံုးပါပဲ .... အဲဒီေနာက္ပိုင္းကေတာ့ ...ရုပ္ရွင္ေတြထဲကလိုေပါ့ အကိုရယ္... အေဖကဆံုး ..အေမက ေနာက္ေယာက်ာ္းယူ ...ပေထြးက ႏွိပ္စက္ ... သမီးပါေက်ာင္းထြက္ ေစ်းေရာင္း ..ေနာက္ စိတ္ဖိစီးမႈဒဏ္ေတြေၾကာင့္ အေမကဆံုး .. ပေထြးက ေျခေတာ္တင္....ေနာက္ဆံုးမွာ ဖာေခါင္းနဲ႕ ရျပီး ဖာသည္မေလးျဖစ္သြားတယ္ေပါ့'' ျပီးေတာ့ ဟက္ဟက္ဟက္ဟက္နဲ႕ ေျခာက္ကပ္စြာ သူမ ရယ္ေမာေနခဲ့တယ္

ဒါ ျမင္ဖူးေနက် ရုပ္ရွင္ေတြ ..ဖတ္ဖူးေနက် ၀ထဳေတြ .. ၾကားဖူးေနက် .. ညဥ္႕နက္မေလးေတြရဲ႕ ပါးစပ္ဖ်ားက ပံုျပင္ေတြ ဆိုျပီး ... ကၽြန္ေတာ္ ေတြးထင္ပလိုက္ခ်င္တယ္.. ဒါေပမယ့္ ..မ်က္စိေရွ႕မွာ ျမင္ေနရတဲ့ ..ေကာင္မေလးရဲ႕ မ်က္ရည္မက်တဲ့ မ်က္၀န္းနဲ႕ ေလာကၾကီးကိုေလွာင္ျပံဳးေတြနဲ႕ ခနဲ႕တဲ့တဲ့ ... မ်က္ႏွာထားေအာက္မွာ ကၽြန္ေတာ္ ဘယ္လိုလုပ္ျပီး ..ဒါေတြက ပံုျပင္ပါလို႕ ..ေတြးထင္လို႕ ရမွာတဲ့လဲ.. ကၽြန္ေတာ္ ယံုတယ္လဲ မေျပာပါဘူး ...မယံုဘူးလဲ မေျပာပါဘူး.. ဘာမွလဲ ေျပာစရာမရွိပါဘူး ... သူမကလဲ ဘာမွ ဆက္မေျပာပါဘူး ...ပံုမွန္အားျဖင့္ ..ဒီအခ်ိန္မွာ မ်က္ႏွာကိုလႊဲ သက္ျပင္းကိုခ် ..တစ္ရိႈက္ရိႈက္နဲ႕ ငိုေၾကြးေနရမယ့္ မိန္းခေလးတစ္ေယာက္က ဘာလို႕မ်ား.... ကၽြန္ေတာ့္မ်က္၀န္းေတြကို စိုက္စိုက္ၾကည္႕ျပီး တည္ျငိမ္ေနရတာလဲ ....

ကၽြန္ေတာ္ကေရာ ... ဘာလို႕ အဓိပါယ္ဖတ္မရတဲ့ သူမမ်က္၀န္းေတြကို ေငးၾကည္႕ျပီး ရင္ထဲမွာ စို႕နင့္နင့္ၾကီး ျဖစ္ေနရတာတုန္း.. ေအာ္ ညီမရယ္ ..ဆိုျပီး ဖတ္လိုက္ရမွာလား ..သူမကလဲ ဟင့္ဟင့္ဆိုျပီး ငိုေၾကြးျပီး ကၽြန္ေတာ့္ရင္ခြင္ထဲ၀င္လာမွာလား ... ဟားဟား ဒါရုပ္ရွင္ရိုက္ေနတာဆိုရင္ေတာ့ ...ဒီဇတ္၀င္ခန္းက ဒီလိုရိုက္ျဖစ္သြားမွာပါ ဒါေပမယ့္ ဒါရုပ္ရွင္ရိုက္ေနတာ မဟုတ္...တစ္ကယ့္ ဘ၀ဆိုးၾကီးကို ဘာမွမဆိုင္တဲ့ ေကာင္ေလးတစ္ေယာက္ေရွ႕မွာ ေကာင္မေလးတစ္ေယာက္ကရင္ဖြင့္မိသြားတာ ဘာမွ မလုပ္ေပးႏိုင္တဲ့ ေကာင္ေလးတစ္ေယာက္ရဲ႕ ခံစားခ်က္ကေရာ

တစ္ကယ္ေတာ့ အဲဒီအခ်ိန္မွာ တိတ္ဆိတ္ေနတဲ့အခန္းက်ဥ္းေလးထဲမွာ လူသားႏွစ္ေယာက္ၾကား တစ္စံုတစ္ခုက က်ကြဲသြားတယ္ အဲဒီ က်ကြဲသြားတဲ့ အရာက ... ဘာသံမွ မထြက္ပဲ ကြဲေၾကသြားတဲ့ အသဲႏွလံုး ႏွစ္ခုပါ.. ေဒါက္ ေဒါက္ ေဒါက္ ''ေဟ့ေရာင္ ေအာင္ေသာ္ ... မျပီးေသးဘူးလား ...ျမန္ျမန္ထြက္ေတာ့ ေနာက္လူေတြေစာင့္ေနတယ္.'' ကၽြန္ေတာ္ ... သူမကို ျပံဳးျပလိုက္တယ္.... သူမကလဲ ျပန္ျပံဳးျပတယ္

ကၽြန္ေတာ္ ဘာႏႈတ္ဆက္စကားမွ မဆိုပဲ ..သူမအနားက ထလာခဲ့တယ္.. ေနာက္မွ လက္ထဲပါလာတဲ့ ..သူမရဲ႕ တန္ဖိုးအၾကီးဆံုး အမွတ္တရဓါတ္ပံုေလးကို ျပန္လွည္႕ေပးရင္ ..ကၽြန္ေတာ္ သူမကို ေက်ာခိုင္းထြက္လာတယ္ တံခါး၀နားေရာက္မွ ..ကၽြန္ေတာ္ လွည္႕ေျပာမိတယ္ ''အကို ညီမလို ေက်ာင္းမွာ ဆုမရဖူးဘူး ..သိလား .. ညီမ အရမ္းေတာ္တယ္ '' သူမ ျပံဳးသြားတယ္ ...ေက်းဇူးတင္ပါတယ္ အကို တဲ့ .. ..........

ျပီးေတာ့ ကၽြန္ေတာ္ သူမရွိေနတဲ့ အခန္းထဲကေန ထြက္လာခဲ့တယ္..

အျပင္မွာ ေစာင့္ေနတဲ့ သူငယ္ခ်င္းက ဘယ္လိုလဲ ဆိုတဲ့ အထာနဲ႕ ေမးေငါ့ျပတယ္

''ငါ ခံစားခ်က္အၾကီးၾကီးရခဲ့ပါတယ္'' လို႕ ျပန္ေျဖလိုက္တယ္

ဟဟဟဟဟ ...သူငယ္ခ်င္းက ရယ္ပါတယ္. မင္းအဆင္ေျပရင္ျပီးတာပဲ..ဟိုဘက္
မွာ အခန္းတစ္ခုရွိတယ္ မင္း သြားနားေနလိုက္..ငါ ၀င္လိုက္အုန္းမယ္ ..တဲ့
ေျပာျပီး ..သူမရွိရာ အခန္းေလးထဲကုိ ၀င္သြားပါတယ္


ငါရခဲ့တဲ့ ခံစားခ်က္က မင္းထင္သလို မဟုတ္ဘူးဆိုတာ မရွင္းျပေတာ့ပါဘူး
ရွင္းျပစရာလဲ လိုမွ မလိုတာ ... ဘာမွန္းမသိတဲ့ ခံစားခ်က္ အၾကီးၾကီးတစ္ခုကို
ထမ္းပိုး.... သူမနဲ႕အတူ ေပ်ာ္ပါးဖို႕ ၀င္သြားတဲ့ သူငယ္ခ်င္းေက်ာကုန္းကို ေငးၾကည္႕ေနရင္းနဲ႕
ကၽြန္ေတာ္ မြန္းက်ပ္လာတယ္


တစ္ဖက္အခန္းက ... မပီ၀ိုးတ၀ါး ၾကားေနရတဲ့ အသံတစ္ခ်ိဳ႕မွာ ...
ကၽြန္ေတာ္စိတ္ေတြ တိမ္ထဲမွာ လြင့္ေမ်ာေနရသလိုပဲ ..


ကၽြန္ေတာ္ ...........၂တန္းေက်ာင္းသူအရြယ္
ေကာင္မေလးတစ္ေယာက္ကို ျမင္ေနရတယ္...
ေကာင္မေလးက လက္ထဲမွာ ပညာရည္ခၽြန္ဆုေလး ကိုင္ျပီး...
သူ႕ေမေမနဲ႕ ဓါတ္ပံုရိုက္ေနတယ္.....
ေနာက္ ..ေကာင္မေလးနားမွာ သူ႕ေမေမ မရွိေတာ့ဘူး ..
ရမက္ျပင္းတဲ့ အၾကည္႕ေတြနဲ႕ ဘီလူးသဘက္လို မိန္းမပ်ိဳေလးရဲ႕ ေသြးသားကို
၀ါးျမိဳခ်င္တဲ့ လူတစ္ခ်ိဳ႕ .... ကေလးမေလး နားကို တျဖည္းျဖည္း ၀ိုင္းအံုလာၾကတယ္


ေကာင္မေလး ေၾကာက္ရြံ႕စြာ ေအာ္ဟစ္ေနတယ္..
သူမ ဘ၀ေလး ႏွင္းဆီပန္းကေလးလို တစ္ရစ္ျပီး တစ္ရစ္ ...တစ္လႊာျပီး တစ္လႊာအေျခြခံေနရတယ္... ဘယ္သူမွ ကယ္မယ့္သူ မရွိဘူး
အားကိုးရာလဲ မရွိဘူး ..


နာက်င္မႈေတြ အျပည္႕နဲ႕ ..အရွက္ေတြကို နင္းေျခခံလိုက္ရတဲ့ ... ကေလးမေလးရဲ႕
ႏႈတ္ခမ္းတစ္စံုက ..ၾကာေတာ့ ေလာကၾကီးကို ေလွာင္ျပံဳးေလးနဲ႕ ျပန္ျပံဳးျပတတ္ျပီ

သူမ မ်က္ႏွာေပၚ တေပါက္ေပါက္ က်ေနတဲ့ တဏွာရမက္ေခၽြးစက္ေတြနဲ႕
မ်က္ႏွာသစ္တတ္သြားျပီ ...


ညည္းညဴလိႈက္ေမာ ပင့္သက္ရိႈက္သံေတြနဲ႕အတူ..
သက္တံေရာင္ တိမ္ေတြၾကား .... ကေလးမေလးတစ္ေယာက္ မ်က္ရည္ေတြနဲ႕
သူ႕ေမေမလဲ မ်က္ရည္ေတြနဲ႕ ...
ဆုတံဆိပ္ေလးကလဲ ေၾကမြလို႕ ....
ေနာက္ ကေလးမေလး မ်က္လံုးကိုမွိတ္ အံကိုၾကိတ္ ..
အသူရာေခ်ာက္ထဲ ... ပစ္ဆင္းသြားတယ္ ...
ကၽြန္ေတာ္ လွမ္းျပီး ဖမ္းဆုပ္ခ်ိန္မရလိုက္ဘူး .......


အလန္႕တၾကားနဲ႕ ကၽြန္ေတာ္ သူမ ခုန္ဆင္းသြားရာ ေျပးလိုက္ရင္း
သူမ နာမည္ကို ေအာ္ဟစ္ေနမိတယ္


''၀ိုင္းးးးးးးးး '' ..

.............

''ေဟ့ေရာင္ ...၀ိုင္းမေနနဲ႕ ထေတာ့ မိုးလင္းေနျပီကြ .. ဟိုေကာင္မေလးေတြလဲ
ျပန္သြားၾကျပီ''

ကၽြန္ေတာ္ လန္႕ႏိုးလာတယ္....ေအာ္ မိုးေတာင္လင္းသြားျပီ
ေအာ္ ဒါနဲ႕ ...၀ိုင္းက မင္းကို ဒါေလး ေပးေပးပါတဲ့ ...ေရာ့

.............

ဘာေလးလဲ ... သူငယ္ခ်င္းလွမ္းေပးတဲ့ အရာေလးကို ၾကည္႕လို္က္ေတာ့
တြယ္ခ်ိတ္ေလးတစ္ခု ..
သူမ ရင္စည္းအက်ီက တြယ္ခ်ိတ္ေလး ... ဘာအတြက္နဲ႕ ကၽြန္ေတာ့္ကို ေပးခဲ့တာလဲ
သူမအတြက္ မလိုအပ္ေတာ့ဘူးလား .....
ဒီတြယ္ခ်ိတ္ေလးမရွိပဲ ..သူမရဲ႕ အရွက္ကို ဘယ္လိုဖံုးမလဲ..
ဘာေၾကာင့္လဲ ...

''အရွက္ေတြကို ဖံုးဖို႕ မလုိအပ္ေတာ့တာလား ...ေကာင္မေလးေရ''
ဒါမွမဟုတ္
''တြယ္ခ်ိတ္ေလးကို ခၽြတ္ျပီး ... အရွက္တရားကို ေရာင္းစားရတဲ့ ဘ၀ကို ေက်ာခိုင္းေတာ့မွာမုိ႕လို႕
ဒီ တြယ္ခ်ိတ္ေလး မလိုအပ္ေတာ့တာလား ''


ဒုတိယ အဓိပါယ္နဲ႕အတူ အကို႕ကို ဒီတြယ္ခ်ိတ္ေလး ေပးခဲ့တာ ျဖစ္ပါေစလို႕
အကို ဆုေတာင္းပါတယ္....
...................................................
'' ေဟ့ေရာင္ ... ငါတို႕ ရပ္ကြက္ထဲကို ၀ိုင္းေရာက္ေနတယ္ကြ''
ဟုတ္ပါတယ္...ရပ္ကြက္ထဲဆိုတာထက္ ...ကၽြန္ေတာ္တို႕ လမ္းရဲ႕ အေနာက္ထိပ္ဆံုးကို
၀ိုင္းေရာက္လာခဲ့တာပါ..


၀ိုင္းက ၀ိုင္းမဟုတ္ေတာ့သလို ... ညဥ္႕ငွက္မေလးလဲ မဟုတ္ေတာ့ဘူး
၀ိုင္းမွာ ကာမပိုင္ လင္ေယာက်ာ္း ရွိေနျပီ

သူမရဲ႕ အမ်ိဳးးသားက အညာက လက္သမားဆရာေလးတစ္ေယာက္ပါ
လမ္းအေနာက္မွာရွိတဲ့ လက္သမားရံုေတြမွာ အလုပ္လုပ္ဖို႕ ေရာက္လာတဲ့
လက္သမား ဆရာေလးနဲ႕အတူ ... ေယာင္ေနာက္ ဆံထံုးပါ
သူမေရာက္လာခဲ့တာ ျဖစ္ပါတယ္..

တစ္ႏွစ္ေက်ာ္ႏွစ္ႏွစ္ဆိုတဲ့ အခ်ိန္ကာလတစ္ခုမွာ ..
၀ိုင္းဆိုတဲ့ ေကာင္မေလး ေတာ္ေတာ္ေျပာင္းလဲသြားတယ္..
ေလာကဓံေၾကာင့္ ဆိုရမလား ..ကၽြန္ေတာ့္ထက္ ငယ္ေပမယ့္ ..
ရုပ္ကေလးက အရင္လို မႏုပ်ိဳေတာ့ဘူး ..
အရင္လို လွတပတေလး မျပင္ဆင္ႏိုင္ေတာ့ဘူး ..


ဒါေပမယ့္ ...
သူမဘ၀ေလး ျဖဴစင္သြားျပီ .. သန္႕ရွင္းသြားျပီ
သူမ အေၾကာ္ဆိုင္ေလး ဖြင့္တယ္ ...

အေၾကာ္ဆိုင္ေလး နာမည္က ၀ိုင္း တဲ့ ..
ကၽြန္ေတာ္တို႕ သြားစားျဖစ္ေပမယ့္ ... စကားေတြအမ်ားၾကီးေတာ့ မေျပာျဖစ္ပါဘူး
ေျပာဖို႕လဲ မလိုအပ္ဘူးေလ .. ဒါေပမယ့္ သူမဆီက ခင္ခင္မင္မင္နဲ႕ ဆက္ဆံမႈေတာ့ ရပါတယ္


ကၽြန္ေတာ္ ေက်နပ္တယ္ .. ၀ိုင္းကို ဒီလို ဘ၀နဲ႕ ျမင္ရတာ ..
တြယ္ခ်ိတ္ေလးေပးခဲ့တုန္းက ကၽြန္ေတာ္ ဆုေတာင္းခဲ့တာ ျပည္႕သြားခဲ့လို႕
၀မ္းသာ မဆံုးပါဘူး ..


ဒါေပမယ့္ ကံၾကမာက ... အျငိဳးၾကီးတယ္..
သိပ္ျပီး ဇတ္လမ္းဆန္ေနမလား ....
တစ္ကယ့္ အျဖစ္အပ်က္ေတြက စိတ္ကူးယဥ္ထက္ အမ်ားၾကီး ပိုဆန္းျပားတယ္
မယံုၾကည္ႏိုင္ေလာက္ေအာင္ လွည္႕စားတတ္လြန္းတယ္ဗ်ာ


တစ္ေန႕ .. ၀ိုင္း ဆိုတဲ့ အေၾကာ္ဆိုင္ေလးမွာ အေၾကာ္ေတြ မရွိဘူး
ေၾကာ္မယ့္သူလဲ မရွိဘူး ..
အားေပးမယ့္ စားသံုးသူေတြလဲ မ၇ွိဘူး

၀ိုင္း ေနမေကာင္းလို႕ ေဆးရံုတင္လိုက္ရတယ္..
သိပ္မၾကာပါဘူး .... ၀ိုင္းတစ္ေယာက္ ဆံုးျပီတဲ့ ..

...........

''ေအာင္ေသာ္ ... ၀ိုင္းဆံုးတာ ေသြးရိုးသားရိုးမျဖစ္ႏိုင္ဘူးကြ
..A လားမသိဘူး..
ငါတို႕ေတာ့ ဒုတ္ခပါပဲကြာ ''

ကၽြန္ေတာ္ သူငယ္ခ်င္းေတြကို မဲ့ျပံဳးေလးပဲ ျပံဳးျပလိုက္တယ္..
၀ိုင္းဆံုးတာ HIV ေၾကာင့္ပါဆိုတာ ကၽြန္ေတာ္ ေျပာမျပေတာ့ပါဘူး
သူတို႕ေတြ စိတ္တဇ ျဖစ္သြားမွာ စိုးလို႕ပါ



ဟုတ္ပါတယ္...
လြန္ခဲ့တဲ့ ႏွစ္ပတ္ေက်ာ္တုန္းက .. လမ္းေနာက္က စတိုးဆိုင္ေလးတစ္ခုမွာ
ကၽြန္ေတာ္ ကြမ္းယာ၀ယ္ျပီး ေစာင့္ေနတုန္း..
ေနာက္ကေန ...ၾကားဖူးေနက် အသံေလးတစ္ခုက တိုးတိုးေလး လာကပ္ေျပာတယ္

''အကို ... ညီမ သြားရေတာ့မယ္ .. ညီမ ေဆးစစ္တာ positive လုိ႕ အေျဖထြက္တယ္ အကို
ညီမ ဒီေလာကၾကီးက ထြက္မသြားခင္.. အကို႕ကို ေက်းဇူးတင္စကားေျပာခ်င္လို႕ပါ
ညီမကို အရမ္းေတာ္တယ္လုိ႕ ေျပာေပးခဲ့တဲ့ ေက်းဇူးပါ...
ဒီေလာကၾကီးမွာ ညီမကို ေတာ္တယ္လို႕ေျပာတာ အကိုနဲ႕ ညီမေမေမပဲ ရွိခဲ့တာပါ
အဲဒီစကားတစ္ခြန္းနဲ႕ ညီမ ဘ၀ကို ေျပာင္းလဲဖို႕ ၾကိဳးစားခဲ့တယ္
ေျပာင္းလဲႏိုင္ခဲ့တယ္....

ဘာပဲေျပာေျပာ ..ေလာကၾကီးကေန ဒီေရာဂါဆိုးနဲ႕ ထြက္သြားရေပမယ့္
ေလာကဓံကို ညီမအႏိုင္ယူခဲ့တယ္..ညီမ ရိုးရိုးသားသားနဲ႕ ဘ၀ကို ရင္ဆိုင္သြားပါတယ္ အကို''
ထံုးစံအတိုင္း ..ဆြံ႕အစြာနဲ႕ ကၽြန္ေတာ္ ျငိမ္သက္ေနမိတယ္
ဘာမွ ျပန္မေျပာျဖစ္ဘူး..

ကၽြန္ေတာ္ လွည္႕ၾကည္႕လိုက္ေတာ့ ...ေက်ာခိုင္း ထြက္သြားတဲ့ သူမကိုပဲ ျမင္ရေတာ့တယ္
.........
ကၽြန္ေတာ္ လမ္းေဘးအုတ္ခံုေလးမွာ ထိုင္ေနတယ္
ဒီေန႕ ေန႕လည္က ၀ိုင္း အသုဘကို သြားပို႕ျဖစ္တယ္....
ဘာရယ္ မဟုတ္ဘူး ..တြယ္ခ်ိတ္ေလးေတြ သူမအသက္နဲ႕ တြက္ျပီး ၀ယ္..
ျပီးေတာ့ ခ်ိတ္ေလးေတြကို ျဖဴတ္ေပး ...ေျမမွာ ျမဳပ္ေပးခဲ့တယ္
သူမ လြတ္လပ္ပါေစ...ျဖစ္ေလရာ ဘ၀တိုင္း တြယ္ခ်ိတ္ေလးကို ခၽြတ္ေပးရတဲ့ ဘ၀မ်ိဳးနဲ႕
ေ၀းကြာပါေစ ...
...
အုတ္ခံုေလးမွာ ထိုင္ျပီး ကၽြန္ေတာ္ ေကာင္းကင္ကို ေမာ့ၾကည္႕လိုက္တယ္..
ၾကယ္ကေလးေတြနဲ႕ လမင္းၾကီး ၾကားထဲမွာ ..
၀ိုင္းဆိုတဲ့ ၂တန္းအရြယ္ ကေလးမေလး ေပၚလာတယ္...ဆုေလးကိုင္လို႕
သူ႕ေမေမကလဲ ျပံဳးလို႕ ... ျပီးေတာ့ ကၽြန္ေတာ့္ကို ရီျပျပီး .....
သားအမိႏွစ္ေယာက္ ေပ်ာ္ရႊင္စြာ လွည္႕ထြက္သြားတယ္


သြားေတာ့ ၀ိုင္းေရ
ေနာက္ထပ္ ဘ၀ေတြ ဘ၀ေတြ ..သံသရာမျပီးသေရြ႕ ဆက္သြားႏွင့္ပါ
ေနာင္ ဘ၀ဆက္တိုင္း ျဖစ္ေလရာမွာ ဒီဘ၀လို အျဖစ္ဆိုးမ်ိဳးေတြ မေတြ႕ပါေစနဲ႕
ျဖစ္လာေတာ့မွာ မဟုတ္ဘူးလို႕လဲ အကို ယံုပါတယ္
ညီမေလးက ဘ၀ေပးအေျခအေန ကံၾကမာဆိုးေၾကာင့္
ဘ၀ပ်က္ခဲ့ေပမယ့္ ...
ိစိတ္ဓါတ္ေတြမွ မပ်က္စီးခဲ့တာ
ခိုင္မာတည္ၾကည္တဲ့ စိတ္ဓါတ္နဲ႕ ေလာကဓံကို အရံႈးမေပးေက်ာ္လႊားျပခဲ့တဲ့
ညီမေလး တစ္ကယ္ေတာ္ပါတယ္

ငါ့ညီမ တစ္ကယ္ေတာ္ပါတယ္ကြာ ....
''၀ိုင္း ေကာင္းရာမြန္ရာ ေရာက္ပါေစ''

ဆရာၾကယ္

Wednesday, March 20, 2013

အလာ့ဂ်စ္

 

ဒါေသြး႐ိုးသား႐ိုး ကိုက္ခဲမႈပဲ။ လက္ဖ်ံ႐ိုးတစ္ေလွ်ာက္ေသြးခဲသလို ေတာင့္တင္းလာ။ ဒါတစ္ခုခုကို ေသြးဆာေလာင္မႈမ်ိဳး။ အတင္းသြတ္သြင္းထားသလို အသိစိတ္မ်ိဳး။ ဘယ္လို Anti Virus မ်ိဳးနဲ႔ အထပ္ထပ္ျခစ္ခ်မိေနမလဲ။ လြယ္လြယ္ျဖစ္လာတဲ့အရာေတြ လြယ္လြယ္ျပီးသြား။ သုတ္ေၾကာင္အေရးအသားေတြကို လက္ထိုးအန္ခ်လိုက္ဖို႔ျဖစ္လာ။ လွည္းတန္းမွ ဆူးေလထိ လိင္စိတ္ၾကြမႈျမင္ကြင္းေတြ တစ္ထပ္ျပီးတစ္ထပ္ေပၚေပၚလာ။ တင္းသားၾကီးၾကီးေတြ။ ၆လက္မ စကတ္ေတြ။ လူေနမႈအသိုင္းအဝိုင္းနဲ႔ လူမႈကြန္ရက္ေတြေပၚ Fuck Fuck Fuck ဆိုတဲ့ စကားလံုး လူတြင္က်ယ္လုပ္ျပီးတိုးဝင္လာခဲ့ ၂၁ရာစု။ ကဗ်ာတစ္ပုဒ္ဖတ္ျပီး ကဗ်ာတစ္ပုဒ္ ေမြးဖို႔ၾကိဳးစားၾကည့္တယ္။ ငါ ေန႔ေစ့လေစ့ ကိုယ္ဝန္သည္လို။ Recycle Bin ထဲက ဆြဲထုတ္လာတဲ့ အေတြးနဲ႔ သူမ်ားမ်က္ခံုးေမြးေပၚ ကဗ်ာတက္ေရးၾကည့္တာေပါ့။ ဆိုင္းဘုတ္/ေဆာင္ပုဒ္ေတြ ရည္ရြယ္ခ်က္ေတြ။ ေမြးကင္းစကေလးလို ဘာမွမသိဘဲ ေသခါနီးလူလို ဆရာၾကီးလုပ္တာေတြေပါလာ။ ၂၁ရာစုမွာ စကားလံုးေတြ အလာ့ဂ်စ္ထလာ။ အရက္ပ်ံေလာက္နဲ႔ မေသတဲ့ ပိုးမ်ိဳး။ အရက္တစ္ခြက္ ေမာ့ခ်လိုက္မလို။ အျမည္းတစ္ဖတ္ေလာက္
ေကာက္ဝါးလိုက္မလို။ ေလဖမ္းဒါန္းစီးရင္း ႏိုင္ငံေရးေဘးထိုင္ဘုေျပာသမားျဖစ္လာ။ သုတ္ေၾကာင္ အေရးအသားေတြ အြန္လိုင္းေပၚေရာက္လာ။ Dislike လုပ္ဖို႔ ဘက္တန္တစ္ခုေလာက္ ခင္ဗ်ားရဲ႕ ေမာက္စ္မွာ တပ္ေပးဖို႔ လိုအပ္လာတယ္မလား။ လူမႈကြန္ရက္ဟာ ဆူပူမႈကြန္ရက္ တရားစီရင္ေရးကြန္ရက္ အေဖာ္အခၽြတ္ကြန္ရက္။ ကြန္ရက္ေတြ ကြန္ခ်က္ရွာလာ ၂၁ရာစု။ ခင္ဗ်ားတို႔လိုအပ္ရင္ ခင္ဗ်ားကို ဘယ္သူၾကည့္ေနလဲပါသိရမယ္။ ခင္ဗ်ားရဲ႕ ေသဆံုးမည့္ရက္ကို ခင္ဗ်ားရဲ႕ ကီးဘုတ္ေပၚကေန ရွာေတြ႔လာတဲ့အခါ Anti Virus ဟာ သက္တန္းကုန္ဆံုးေၾကာင္း နဲ႔ Alreat ျပမီးေတြဟာ ခင္ဗ်ားလိင္စိတ္ၾကြမႈကို တိုးလာေစလိမ့္မယ္။ ကဗ်ာေတြျပန္ဖတ္ျဖစ္လာတဲ့အခါ ကဗ်ာကို ကဗ်ာလိုျမင္ဖို႔ ပိုၾကိဳးစားလာျဖစ္တယ္။ ဆူးေလမွ လွည္းတန္းအျပန္ Sexy က်က် Trojan ေတြ။ Alreat Alreat Alreat ။ Temp ဖိုင္ေတြ တစ္ခုခ်င္း အေဖာ္အခၽြတ္နဲ႔ လိင္စိတ္ၾကြေတြအျဖစ္ အမိႈက္ပံုးထဲ ပစ္ထည့္လိုက္။ Recycle Bin ဟာ ႏိုင္ငံေရး အနံ႔အသက္မေကာင္းျဖစ္လာ။ တျခားတစ္ေယာက္ စိတ္ကူးထဲ ကိုယ့္ကဗ်ာပစ္ထည့္လိုက္ဖို႔ဆိုတာ ကဗ်ာခ်င္းစာနာေထာက္ထားမႈ လိုအပ္/မလိုအပ္။
.
.
စကားလံုးအလာ့ဂ်စ္ျဖစ္မႈ ရွိ/မရွိ။



-ေမာင္မိုးခ်ိဳ-
https://www.facebook.com/notes/maung-moe-cho

Tuesday, January 29, 2013

ၾကယ္ေတြေၾကြတိုင္းလြမ္းရေရာပဲလား


 လက်ာ္လင္းနိုင္
လႈိင္းသစ္ Magazine ဇြန္လ ၂၀၁၁
(၁)
တစ္ဘ၀လံုးဟာ အိပ္မက္ရွည္ၾကီးပါကြာလို႕တစ္ေယာက္ေယာက္ က လွစ္ကနဲကပ္ေၿပာသြားခဲ့တယ္၊ ရယ္စရာေကာင္းတယ္ရုတ္တရက္ထင္ခဲ့ေပမယ့္မရယ္ပစ္ခဲ့ဘူး၊အခန္းတံခါးကိုတြန္းဖြင့္ပစ္ခဲ့တယ္၊ သစ္ရြက္ေတြ တေၿဖာေၿဖာေႀကြလို႕၊ ဒါမွမဟုတ္လည္းရွပ္တိုက္ေရြ႕လ်ားလို႕၊ ေနေရာင္စူးစူးရျရဲက သစ္ရြက္စိမ္းေတြကို ဆက္တင္မီးလိုထိုးထားတယ္၊ စိမ္း……..လို႔၊ မရည္ရြယ္ခဲ့ေပမယ့္သက္ၿပင္းရွည္ႀကီးကိုခ်ပစ္ခဲ့တယ္၊ ေလအေ၀ွ႕မွာ ကပ္ပါလာတဲ့ ရြက္ေၿခာက္ေတြကို ဘာသိဘာသာ စိတ္နဲ႕ တံၿမက္စည္းလွဲခဲ့တယ္၊ ခိိုင္မာရိုးသားရွင္သန္ေနရမယ့္အခ်ိန္ပိုင္းေတြမွာ လူနာေတြကိုအၿမဲကူညီနိုင္ခဲ့တာခ်ည္းပဲ လို႕ကိုယ့္ကိုယ္ကိုခဏခဏေမာင္းတင္ခဲ့တယ္၊ စိတ္ကိုစိတ္နဲ႕ကုဖို႕ဆိုတာ အင္မတန္နုးညံ႕သိမ္ေမြ႕တဲ့ကစားပြဲပဲ၊ ေလတစ္ခ်က္ထပ္ေ၀႔လာတယ္၊ အခန္းတံခါးဟာနည္းနည္းဟသြားသလိုစိတ္ကထင္ရတယ္၊ တစ္ေယာက္ေယာက္ကဆြဲဖြင့္ဖို႔အားယူလိုက္တာလည္းၿဖစ္ခ်င္ၿဖစ္ေနမယ္၊ မ်က္စိလည္လာတဲ့ရြက္ေၿခာက္ႀကြေလးတစ္ရြက္က တံခါး၀မွာဖ်တ္ကနဲေပၚလာတယ္၊ စေနေန႕ခင္းေန႕လည္ေတြမွာ အခန္းၿပတင္းတံခါးဖြင့္ထားေတာ့လည္း ရြက္ေၿခာက္ေတြ၀င္လာမစဲတသဲသဲ၊ အခ်ိန္ေတြကလူေတြကိုေစာင့္ခဲ့ရတာလား၊ လူကအခ်ိန္ေတြကိုေစာင့္ခဲ့ရတာလား၊ ကၽြန္ေတာ့စိတ္ထဲကစကားမဆံုးခင္မွာ ေၿခသံစၾကားလာရတယ္၊ စေနေန႕ရဲ႕ဧည္႕သည္္တစ္ေယာက္ဟာ အရင္ရက္သတၱပတ္ေတြလိုပဲ ရြက္ေၿခာက္ေၾကြေတြမနင္းမိေအာင္ေလွ်ာက္ရင္း ကၽြန္ေတာ့အခန္းတံခါးကိုဆြဲဖြင့္လိုက္တယ္၊ ဆံပင္ရွည္ေတြကိုေ၀့ကနဲၿမင္လိုက္ရတယ္၊ ကၽြန္ေတာ္ကသက္ၿပင္းကိုတစ္ခ်က္ဘာရယ္မဟုတ္ပဲရႈိက္လိုက္မိတယ္၊ ရြက္ေၿခာက္တစ္ရြက္ကစားပြဲေပၚဖ်တ္ကနဲခုန္အတက္၊ ကၽြန္ေတာ့ေရွ႕ကကုလားထိုင္ေပၚမွာဆံပင္ရွည္ရွည္ေလးက ေစြ႕ကနဲ ၀င္ထိုင္လိုက္ၿပီ၊ သနပ္ခါးနံ႕ေတြ အခန္းထဲမွာရုတ္တရက္မႊန္ထူလာခဲ့ေပါ့၊ တစ္ဘ၀လံုးဟာ အိပ္မက္ရွည္ၾကီးပါကြာလို႕တစ္ေယာက္ေယာက္ က လွစ္ကနဲကပ္ေၿပာသြားခဲ့တယ္။
“ဆရာမေမးခင္အရင္ႀကိုေၿပာထားခ်င္တာေတြရွိတယ္ေနာ္၊ညေတြေကာင္းေကာင္းအိပ္ေပ်ာ္ပါတယ္၊ ေဆးေတြမွန္မွန္ေသာက္ၿဖစ္ပါတယ္၊ မနက္တိုင္းလည္းတရားထိုင္ၿဖစ္တယ္၊ အစားမွန္မွန္စားၿဖစ္ၿပီး တၿခားဘယ္သူကမွဂရုမစိုက္မယ့္ ကိုယ့္က်န္းမာေရးကိုကိုယ္ဂရုစိုက္ၿဖစ္ပါတယ္ဆရာ”
“ဟုတ္ၿပီေလ၊ ဒီတစ္ပတ္ေတာ့ အိပ္မက္ေတြအေႀကာင္းေၿပာၾကတာေပါ့”
ကၽြန္ေတာ့အသံေတြထဲမွာမလိုလားအပ္တဲ့စကားလံုးအမႈန္အမႊားေတြမပါေစရဘဲသက္ၿပင္းကိုေလးေလးနက္နက္ ရႈိက္လိုက္တယ္၊လူနာမ်က္လံုးေတြထဲမွာေပၚေနတဲ့ စိတ္ရဲ႕အေငြ႕အသက္ေတြကိုအာရံုစိုက္ထား၊ဒီအခ်ိန္မွာအေရးအႀကီးဆံုးကလူနာရဲ႕ လြတ္လပ္သြားတဲ့ ငွက္ေလွာင္အိမ္ထဲက ငွက္ကေလးလိုၿဖစ္ေနတဲ့စိတ္ကို ၾကိုးေတြနဲ႕မခ်ည္မိေစနဲ႕၊ လူနာဟာ အေမွာင္ထုႀကီးထဲလမ္းေလွ်ာက္ေနတဲ့အခါ ကိုယ္ ကမီးအိမ္ေလးအၿဖစ္လမ္းၿပရံုသက္သက္ဆိုတာ ကိုလည္းမေမ့နဲ႕ ။
“အိပ္မက္ေတြထဲမွာေတာ့ ကၽြန္မကအၿမဲေလေပၚမွာခ်ည္း လြင့္ပါေနတာမ်ိဳးပဲဆရာရဲ႕၊ စိတ္ေတြလည္းလြင့္လို႕၊ကၽြန္မဆံပင္ရွည္ရွည္ေတြလည္းလြင့္လို႕ေပါ့၊ အိပ္မက္ေတြကလည္းအၿမဲတမ္း ေဆာင္းတြင္းအိပ္မက္ေတြလိုအရွည္ႀကီး ၊ အၾကာၾကီးထင္ရတယ္၊ ကၽြန္မကေလထဲလြင့္ေနတာဆိုေတာ့ရႈခင္းေတြကို အၿမင့္ၾကီးကေနၿမင္ရတယ္၊ သစ္ပင္စိမ္းစိမ္းညို႕ညို႔ ေတာအုပ္ေတြ၊ ေရကန္ေတြမွာလႈင္းႀကက္ခြပ္ေလးေတြ လူးလြန့္ေနတာမ်ိဳးေတြ ၊ စိတ္ေတြထဲအသည္းတေအးေအးနဲ႕၊ တခ်ိဳ႕ငွက္အုပ္ေတြကကၽြန္မေအာက္နားကတင္ ပ်ံသြားႀကတာ၊ ေရာင္စံုေတာအုပ္ ႀကီးေလထဲပ်ံေနသလိုမ်ိဳးေပါ့၊ ကၽြန္မမၿမင္ဖူးတဲ့အေကာင္ပေလာင္ ေတာေကာင္တိရစၦာန္ေတြလည္းၿမင္ရတယ္ဆရာ၊ ကၽြန္မၿမင္ဖူးေပမယ့္လည္း ရာဇ၀င္ဖတ္စာနဲ႕ ဘုရားမွာၿမင္ရတဲ့အေကာင္မ်ိဳးၾကီးေတြလည္းၿမင္ရတယ္၊ တိုးနယားလိုအေကာင္မ်ိဳးၾကီးေတြေပါ့ဆရာ၊ ဒါေပမယ့္နည္းနည္းေလးမွကိုမေၾကာက္မိဘူး၊ အားလံုးဟာပါးစပ္ကေန အသံတစ္ခုမွမထြက္ဘဲနဲ႕ အလိုအေလ်ာက္တစ္ေယာက္စိတ္တစ္ေယာက္သိေနတာမ်ိဳးကေတာ့ ဆန္းတာေပါ့ဆရာ၊ အားလံုးတိတ္တိတ္ဆိတ္ဆိတ္နဲ႕ထုလိုက္ထည္လိုက္ႀကီးေရြ႔လ်ားပ်ံသန္းလို႔၊ အသည္းေတြေအးလိုက္တာဆရာရယ္၊ တစ္သက္လံုး ေၿမၾကီးေပၚ ၿပန္မဆင္းၿဖစ္ေတာ့ပါလားလို႕ထင္လာတဲ့အထိကို ေလထဲအၾကာၾကီးပ်ံေနရတာ”
စေနေန႕ညေနဟာတၿဖည္းၿဖည္းပါးလ်ားေဖ်ာ့ေတာ့လာခဲ့တယ္၊ အရင္ရက္သတၱပတ္ေတြအတိုင္းပဲရြက္ေၿခာက္ေႀကြေတြကိုေရွာင္ရင္းကၽြန္ေတာ့အခန္းေလးထဲက ဆံရွည္မေလးထြက္သြားခဲ့ၿပန္တယ္၊ဆံပင္ရွည္ရွည္ေတြ ေ၀့့ကနဲ အခန္းအၿပင္လြင့္္သြား၊ တံခါးခ်ပ္ကနဲပိတ္၊ စိတ္ဆိုတာ အင္မတန္ထိန္းရသိမ္းရခက္တဲ့ေလ ၊ လူေတြဟာ က်ိဳးေႀကာင္းဆင္ၿခင္မႈနဲ႕ေ၀းကြာေလစိတ္ကိုထိန္းသိမ္းရခက္ေလ၊ အတိတ္ကၿပုခဲ့တဲ့အၿပစ္ေတြလည္းရွိခဲ့မွာေပါ့၊ ဘာပဲၿဖစ္ၿဖစ္ ကၽြန္ေတာ့အတြက္ေတာ့ ကၽြန္ေတာ္ဂရုစိုက္ရမယ့္ကၽြန္ေတာ့လူနာပဲ၊ လူနာတစ္ေယညာက္ခ်င္းစီရဲ႕စိတ္အသြားအလာကို အၿမဲတမ္းအလြတ္ရေနေအာင္ဂရုစိုက္ရမွာ ကၽြန္ေတာ့တာ၀န္ပဲေပါ့ ၊ ညေနေစာင္းခဲ့ၿပီ ၊ ၿပတင္းေပါက္ကၿမင္ရတာ အရိပ္ရွည္ရွည္ေတြနဲ႕ စိတ္တုန္တုန္ရင္ရင္ေဖ်ာ့ေတာ့ေတာ့ လူေတြ ၊ ၿပတင္းေပါက္ကိုပိတ္လိုက္ၿပီ ၊ မီးေတြလည္းပိတ္ ၊အခန္းတံခါးကိုခ်က္ထိုး,ေသာ့ခတ္၊ ၿပီးေတာ့ ပါးလ်ရီေ၀ေဖ်ာ့ေတာ့ေနတဲ့ညေနခင္းထဲမွာ လူေရာစိတ္ေရာစိမ္ရင္းအိမ္ၿပန္ခဲ့ေတာ့တယ္ ၊ ကၽြန္ေတာ့ အလုပ္ခန္း ဒါမွ မဟုတ္ စိတ္ကုသ အလုပ္ရံုကေလးကေတာ့ ေနာက္တစ္ပတ္စေနေန႕ရဲ႕ လူနာတစ္ေယာက္ကိုေတြးမိေနေတာ့ မယ္။
လူေတြမွာကိုယ္ပိုင္အိပ္မက္ေတြရွိၾကတာခ်ည္းပဲ ၊ တစ္ေယာက္အိပ္မက္နဲ႕ တစ္ေယာက္အိပ္မက္ဆိုတာလည္း တစ္မိုးတည္းေအာက္မွာ အိပ္၊ တစ္ခန္းတည္းမွာေန၊ ကုန္ကုန္ ေၿပာရရင္ တစ္ အိပ္ရာတည္းအိပ္ရင္ေတာင္တူခ်င္မွတူတတ္တာမ်ိဳး၊ ကၽြန္ေတာ့အေတြးေတြကလည္း ၀ရန္တာကလွမ္းၿမင္ေနရတဲ့လေရာင္ထဲမွာမွ ပိုၿပီးေလးလံေနသလားမေၿပာတတ္ေတာ့ဘူး၊ ဒီညေနေန၀င္သြားတာ သိပ္ၿမန္လိုက္တာလို႔ေတြးေနမိေတာ့တာ ၊ ေသာက္လက္စေကာ္ဖီခြက္ကိုစားပြဲေပၚတင္ထားခဲ့ၿပီး ၀ရန္တာဘက္ထြက္ရပ္မိေတာ့တယ္ ၊ လေရာင္ကအိမ္၀ိုင္းေလးတ၀ိုက္ၿဖာက်လို႔၊ ပတ္၀န္းက်င္ကၿငိမ္တိတ္လြန္းေတာ့လည္း ပိုးပရစ္မႊားေလးေတြရဲ႕ေအာ္သံကိုေတာင္ႀကားလာရတယ္ ၊ ေကာ္ဖီရဲ႕ခါးခါးသက္သက္ အရသာေလးကိုရုတ္တရက္ၿပန္သတိရလာခဲ့တယ္ ၊ ခပ္ငယ္ငယ္ကတည္းကအဖြားနဲ႕ ေမေမ ေကာ္ဖီေသာက္ရင္ကၽြန္ေတာ့ကိုေကာ္ဖီခြက္ေအာက္ခံၿပားေလးထဲ ေမေမကေကာ္ဖီငွဲ႕ေပးတာ ခုထိ သတိရတုန္း၊ ႀကီးေကာင္၀င္လာေတာ့ ကိုယ့္စိတ္ႀကိုက္ေကာ္ဖီကိုကိုယ္ေရြးေသာက္တတ္လာခဲ့တယ္၊ ကၽြန္ေတာ္ကေတာ့ေကာ္ဖီရဲ႕ ခါးခါးသက္သက္ အရသာေလးနဲ႕မွ အိပ္ရာ၀င္တတ္လာခဲ့တယ္၊ ခပ္ငယ္ငယ္ ကတည္းကဆိုပါေတာ့ ၊ အိပ္မက္ေတြလည္းမက္မက္စက္စက္ မက္တတ္လာခဲ့တယ္၊ အထက္တန္းေက်ာင္းသားဘ၀ကကၽြန္ေတာ့ ကိုအထိ္တ္တလန့္ၿဖစ္ေစခဲ့တဲ့ ပန္းခ်ီကားတစ္ခ်ပ္ကိုလည္းဒီညေတာ့ ၿပန္သတိရခဲ့ရေတာ့တယ္၊ ကၽြန္ေတာ့အိပ္မက္ေတြကိုေခါင္းေလာင္းထိုးခဲ့တဲ့ပန္းခ်ီကားေပါ့၊ ေကာင္ေလးကေကာင္မေလးကိုအမွတ္တရ ေမြးေန႕ပန္းစည္းေလးကိုယ္တိုင္ကိုယ္က်သြားေပးခဲ့ရင္းအနမ္းခ်င္းဖလွယ္မိႀကတဲ့ သိပ္ရိုးစင္းတဲ့ဇာတ္လမ္း ေလးတစ္ပုဒ္ကို မက္ရွားေဂါလ္ကကင္းဗတ္စေပၚမ်ာ ပီပီၿပင္ၿပင္တင္ဆက္ခဲ့တယ္ေလ၊ ဒါေပမယ့္ကၽြန္ေတာ့ကိုလန္႕ဖ်တ္သြားေစခဲ့တာကေတာ့ ေကာင္ေလးကအခန္းအၿပင္ဘက္ကစႀကၤန္ေလထုထဲမွာလြင့္ေနေတာ့တာ ၊ တကိုယ္လံုးေလထဲမွာေၿမာက္ေနတဲ့ေကာင္ေလးကေမြးေန႕ရွင္ေကာင္မေလးကို ေလထဲကေနေမြးေန႔ပန္းစည္းလွမ္းေပးေနခဲ့တာ ကေနကၽြန္ေတာ့အိပ္မက္ေတြအစၿပုခဲ့တာပဲ၊ မက္ရွားေဂါလ္ရဲ႕တၿခားပန္းခ်ီကားေတြႀကည္႕ခဲ့ရေတာ့လည္း လူေတြတိရစၦာန္ေတြဟာ သူ႕ပံုစံနဲ႕သူေလထဲလြင့္ရင္း မ်ိဳးစံုၿဖစ္ပ်က္ေနေတာ့တာ ၊ ကၽြန္ေတာ့အိပ္မက္ေတြလည္းအစၿပုခဲ့တယ္၊ ဆာရီယယ္လ္လစ္ဇင္ပန္းခ်ိဟာ ကၽြန္ေတာ့အိပ္မက္ေတြကိုရွည္ရွည္လ်ားလ်ားဆြဲဆန့္ခဲ့တယ္၊ ကၽြန္ေတာ့ရဲ႕အိပ္မက္ေတြထဲမွာ ကၽြန္ေတာ္ကေလထဲမွာလြင့္ေနခဲ့ေတာ့တာ ၊ ကၽြန္ေတာ့အိမ္ထဲမွာကၽြန္ေတာ္ကပ်ံလို႕၊ ထမင္းစားခန္းထဲမွာပ်ံေနလို႕ေမေမက ထိုင္ခံုမွာထိုင္ၿပီးထမင္းစားဖို႕ ဆူေနတာမ်ိဳး ၊ ဒါမွမဟုတ္လည္း သူငယ္ခ်င္းေတြနဲ႕ေပ်ာ္ပြဲစားခရီးက္ုကၽြန္ေတာ္ က ေလထဲလြင့္ရင္းလိုက္သြားမိတဲ့အိပ္မက္မ်ိဳးေတြေပါ့၊ ဒီညေတာ့ကၽြန္ေတာ္အိပ္မက္မက္မိဦးမွာလားမသိ၊ ကၽြန္ေတာ့အိပ္မက္ထဲမွာ ကၽြန္ေတာ့ လူနာေတြေရာ ေလထဲလြင္ေနမွာပဲလား၊ တစ္ခါတစ္ခါေတာ့စိတ္ထဲမွာ လြင့္ေနတဲ့အရသာမ်ိဳး ကၽြန္ေတာ့လူနာေတြကိုၿမည္းစမ္းႀကည္႕ေစခ်င္တဲ့ စိတ္မ်ိဳးေတာ့ေပၚေပါက္လာတတ္ပါတယ္၊ သိပ္ကိုရွားေတာင့္ရွားပါးတစ္ခါတစ္ေလမ်ိဳးေပါ့၊ အထူးသၿဖင့္,စိတ္ထြက္ေပါက္မရွိေတာ့တဲ့လူနာမ်ိဳးေတြ။
(၂)
ဒီတစ္ပတ္စေနေန႕ကေတာ့ ေရာက္တာေႏွးလိုက္တာထင္ရတယ္၊ ဆံပင္ရွည္ေလးရဲ႕ အသားအေရေတြပဲေဖ်ာ့ေတာ့လြန္းေနတာလား၊ ပိန္သြားတယ္ထင္ရတယ္၊ ေဆးေတြမွန္မွန္ေသာက္ၿဖစ္ပါ့မလားမသိ၊ စိတ္ညစ္စရာေတြမ်ားမ်ားမေတြးပါနဲ႕မွာထားရဲ႕သားနဲ႕၊ ၿပီးေတာ့စိတ္ရႈပ္ေနတာပဲလား၊စကားကိုၿမန္ၿမန္,ၿမန္ၿမန္ေၿပာခ်င္ေနပံုလည္းရေနတယ္။
“ဆရာ႕ကိုၿပီးခဲ့တဲ့တစ္ပတ္ကအိပ္မက္ေတြအေႀကာင္းေၿပာလိုက္မိတာ အိပ္မက္အေဟာင္းေတြနဲ႕ပတ္သက္ၿပီး အကုန္ၿဖစ္ညွစ္ထုတ္လိုက္သလိုပါပဲဆရာ၊ စိတ္ထဲမွာ ဘာမွကိုမက်န္ေတာ့တာ၊ ဒါေပမယ့္ကၽြန္မအိပ္မက္အသစ္ေတြထပ္မက္ခဲ့တယ္ဆရာ၊ ဒီအိပ္မက္ေတြလည္းကုန္သြားေအာင္ ကၽြန္မဆရာ႕ကိုဖြင့္ေၿပာမွၿဖစ္ေတာ့မယ္ဆရာ၊ အခုမက္တဲ့အိပ္မက္ေတြထဲမွာ ကၽြန္မကအၿမဲတမ္း ကုတင္ေပၚမွာနာတာရွည္လွဲေနရတဲ့ လူနာမ်ိဳးေပါ့ဆရာ၊ ကၽြန္မအိပ္မက္ထဲမွာကိုယ့္ကိုယ္ကိုၿပန္ၿမင္ရရင္အိပ္ေပ်ာ္ေနသလိုထင္ေနရတာခ်ည္းပဲ၊ထူးဆန္းတာကကၽြန္မကိုယ္ထဲက သစ္ပင္ေတါထြက္လာတာပဲဆရာ ၊သစ္ပင္ေတြကစိမ္းလိုက္တာလြင္ေနတာပဲ၊ ဆူးေတြေတာ့မပါၾကဘူး၊ သစ္ပင္စိမ္းစိမ္း ေပ်ာ့ေပ်ာ့ေတြ ကၽြန္မကိုယ္ကေပါက္လာတာဆရာေရ၊ နာတဲ့က်င္တဲ့စိတ္ခံစားမႈမ်ိဳးေတာ့မရွိဘူး၊ တစ္မ်ိဳးပဲ၊ သစ္ပင္တစ္ပင္ေပါက္လာတိုင္းေပ်ာ္ေနမိေတာ့တာပဲ၊ ကၽြန္မတကိုယ္လံုးကိုသစ္ပင္ေတြဖံုးသြားေတာ့တာကိုးဆရာရဲ႕၊ အရြက္ေလးေတြကေသးေသးေလးေတြ၊ ဒီအိပ္မက္ကိုေပ်ာ္စရာလို႔ထင္ခဲ့မိေပမယ့္ ကုန္သြားေအာင္ေတာ့ဆရာ႔ကိုဖြင့္ေၿပာၿပလိုက္တာပဲေကာင္းပါတယ္ေလ၊ သစ္ပင္ေပ်ာ့ေပ်ာ့စိမ္းစိမ္းေတြတစ္ပင္ၿပီးတစ္ပင္ေပါက္လာလိုက္တာခုဆို ကၽြန္မတကိုယ္လံုးသစ္ပင္ေတြဖံုးသြားၿပီ၊ ဘာဆက္ၿဖစ္မလဲဆိုတာမသိသလို ဆက္မမက္ရဲတဲ့အိပ္မက္မ်ိဳးေပါ့ဆရာ၊ အစပိုင္းမွာေပ်ာ္စရာေကာင္းခဲ့ၿပီ ဇာတ္သိမ္းပိုင္းမွစိတ္ဒုကၡေရာက္ရတာမ်ိဳးဆိုရင္ ကၽြန္မစိတ္ညစ္ရေတာ့မယ္ဆရာ၊ဆရာေပးထားတဲ့အိပ္ေဆးေတြ မေသာက္ဘဲႏွစ္ရက္ေလာက္ေနႀကည္႕ေတာ့ ညအိပ္မေပ်ာ္ေတာ့ဘူးဆရာ၊ ဒီအိပ္မက္ရဲ႕ အဆံုးပိုင္းကိုဆက္မမက္ရဲေတာ့လို႕ တစ္ညလံုးမအိပ္ဘဲထိုင္ေနခဲ့ရတယ္ဆရာ၊ ဒါေပမယ့္ဆရာ႕က္ုဖြင့္ေၿပာလိုက္ၿပီးၿပီဆိုေတာ့ လည္းဒီညအိပ္ေပ်ာ္သြားမွာပါဆရာ”
ေဖ်ာ့ေတာ့ေတာ့ကိုယ္ခႏၵာေလးက ကၽြန္ေတာ့ဆီကတစ္ပတ္စာေဆးေတြယူၿပီးထြက္သြားခဲ့ၿပီ၊ ဒီစေနညဟာလည္းကၽြန္ေတာ့အတြက္ အိပ္မက္ေတြအေႀကာင္းနဲ႕စိုထိုင္းေနေတာ့မယ္၊ ကၽြန္ေတာ္ငယ္ငယ္တုန္းကေတာ့ သနားစရာအေကာင္ဆံုးပန္းခ်ီဆရာမတစ္ေယာက္ကိုေတြ႕ရွိခဲ့တယ္၊ ဆာရီရယ္လစ္ဇငပန္းခ်ီ္ေရစီးေႀကာင္းထဲလြင့္ေနတဲ့ ပန္းခ်ီမိန္းမသားတစ္ဦးအၿဖစ္ သူ႕ပန္းခ်ီကားေတြႀကည္႕ခဲ့ရၿပီးသူ႕ဘ၀ဇာတ္ေႀကာင္းကိုသိခဲ့ရခ်ိန္မွာေတာ့ ကၽြန္ေတာ္ေလးေလးနက္နက္ကိုယ္ခ်င္းစာၿပီးသူ႕ပန္းခ်ီကားေတြကို ထူးဆန္းေထြလာသေဘာမ်ိဳးထက္ပိုတဲ့ အၿမင္သစ္တစ္မ်ိဳးနဲ႕ စူးစူးနင့္နင့္ၾကည္႕ခဲ့ရတယ္၊ “ဖရီဒါခါလို” ဟာ ေသတဲ့အထိခါးေအာက္ပိုင္းေသေ၀ဒနာနဲ႕ မခ်ိမဆန္႕စိတ္္နာက်င္မႈကိုခံစားခဲ့ရတယ္၊အိမ္ေထာင္ေရးစိတ္ဒုကၡ အစုအၿပံုႀကီးကိုခံစားရင္းနဲ႕ ပဲ ကုတင္ေပၚမွုအိပ္မက္ပန္းခ်ီေတြေရးခဲ့တယ္၊ သိပ္သနားစရာေကာင္းတဲ့ မိန္းမတစ္ေယာက္ရဲ႕ နာက်င္မႈနဲ႕ အထီးက်န္မႈေတြဟာ ပန္းခ်ီကားေတြကိုအသက္၀င္ေစခဲ့တယ္၊ ကုတင္ေပၚအိပ္ၿပီးလဲေလ်ာင္းေနတဲ့ မိန္းမရ႕ဲ ကုတင္ေဘးနဲ႕အမိုးေတြေပၚမွာႏြယ္ပင္ေတြေပါက္ေရာက္ရွင္သန္လို႔၊ တစ္ခါတစ္ခါေတာ့လည္းပလာစတာစည္းထားတဲ႕ လူနာပံုစံေတြနဲ႕ သူ႕ရဲ႕အိပ္မက္ထဲကနာက်င္မႈကိုဆြဲထုတ္ၿပခဲ့တယ္၊ကၽြန္ေတာ္တို႕ေရာနာက်င္မႈကိုေသရာပါေႀကာက္ခဲ့ၾကသူေတြမဟုတ္လား၊ လူနာေတြရဲ႕နာက်င္မႈဟာဆရာ၀န္ေတြဆီကိုအၿမဲစီးဆင္းပါတယ္၊ ဆရာ၀န္ေတြကပဲလူနာေတြရဲ႕နာက်င္မႈကိုအၿမဲေၿဖရွင္းေပးၾကရတယ္၊ လူနာေတြရဲ႕နာက်င္မႈကို ကိုယ္တိုင္ကိုယ္ခ်င္းစာၿပီး ၿပုစုကုသနိုင္ၿပီဆိုမွပဲဆရာ၀န္တစ္ေယာက္ၿဖစ္လာတယ္လို႕ ကၽြန္ေတာ္ကအၿမဲတမ္းစိတ္ထားခဲ့တယ္၊ လူနာရင္ဘတ္ေအာင့္ေနရင္ကိုယ္လည္းေအာင့္ေနတယ္လို႕ခံစားလာရတဲ့ဆရာ၀န္ ,လူနာဖ်ားေနရင္ကိုယ္လည္းဖ်ားေနၿပီလို႕ ခံစားလာရတဲ့ဆရာ၀န္မ်ိဳးမွသာ ကိုယ့္ကိုယ္ခႏၵာနဲ႕ ကိုယ္ခ်င္းစာၿပီးကုသေပးနိုင္မွာေပါ့၊ ဒီညေတာ့ေကာ္ဖီမေသာက္ၿဖစ္ခဲ့ေတာ့ဘူး၊ၿပီးေတာ့ညတာလည္းရွည္ခဲ့ရတယ္ေလ။
(၃)
ဒီစေနက်ေတာ့မိုးသားေတြညို႕လို႕၊ ေလကၿငိမ္ေနတယ္၊ ပါးပါးလွပ္လွပ္ကိုယ္ေလးကိုၿမင္ရေတာ့ စိတ္ထဲထင့္သြားေသးတယ္၊ သူၿပံုးတာကႏြမ္းႏြမ္းယဲ့ယဲ့၊ ဆံပင္ရွည္ေလးေတြအေရာင္မေတာက္ေတာ့ဘူး၊ ေၿခလွမ္းေတြေလးတိေလးကန္၊ သူထိုင္ခံုမွာ၀င္ထိုင္လိုက္ေတာ့ ဘာမွန္းမသိတဲ့သစ္ရြက္စိမ္းနံ႕တစ္မ်ိဳးကိုကၽြန္ေတာ္ရလာတယ္။
“ ၿပီးခဲ့တဲ့တစ္ပတ္ကအိပ္မက္ေတာ့ထပ္မမက္ေတာ့ဘူးဆရာ၊ ဒါေပမယ့္အိပ္မက္အသစ္ကိုထပ္တလဲလဲ မက္ေနတယ္၊ သစ္ပင္ေတြစိမ္းညို႕ေနတဲ့ေတာအုပ္ႀကီးထဲမွာ ကၽြန္မရပ္ေနတဲ့အိပ္မက္မ်ိဳးေပါ့ဆရာ၊ ဘာသံမွမႀကားရဘူ၊ ေလတိုက္တာမ်ိဳးလည္းမရွိဘူး၊ အသက္ရွဴက်ပ္တာမ်ိဳးလည္းမရွိဘူး၊ ပန္းနံ႕ေတြေမႊးေနတာမ်ိဳးလည္းမရွိတဲ့ေတာအုပ္ႀကီးပဲဆရာ၊ ပထမစမက္တဲ့ညတုန္းကေတာ့ေပ်ာ္ေနေသးတာ၊ ေနာက္ေန႕မနက္ၿခံ၀င္းထဲကပန္းပင္ေတြေတာင္ အိပ္ခန္းထဲထည္႕အိပ္ေသးတယ္၊ အိပ္မက္ထဲမွာပန္းနံ႕ေတြရေအာင္ပါဆရာရယ္၊ ဒါေပမယ့္ႏွစ္ရက္သံုးရက္ၾကာေတာ့ကၽြန္မအရင္အပတ္ေတြကလိုေႀကာက္လာတယ္ဆရာ၊ေဆးေတြပံုမွန္ေသာက္ေပမယ့္ ညလယ္ေလာက္ဆိုလန္႕လန္႕နိဳးေနတတ္တယ္ဆရာ၊ ေတာအုပ္ႀကီးကဘာေတြထြက္လာမွာလဲ၊ ဘာလို႔တစ္ေယာက္တည္းရပ္ေနရတာလဲ၊ ကၽြန္မပံုကဘာၿဖစ္လို႕အိပ္မက္ထဲမွာအၿမဲတမ္း ၀မ္းနည္းတဲ့ပံုၿဖစ္ေနရတာတဲ့လဲ”
သူ႕စကားသံေလးကတိုးညွင္းသြားၿပန္တယ္၊ သူဆက္ေၿပာေနတဲ့စကားသံကတိုးလြန္းေတာ့ သူေၿပာေနတာဘာရယ္လို႕သဲသဲကြဲကြဲမသိရၿပန္ေတာ့ဘူး၊အဲဒီညေနကသူၿပန္သြားတဲ့ပံုကိုကၽြန္ေတာ္အၿမဲတမ္းအမွတ္ရေနမိေတာ့တာပါပဲ၊ ေသာက္ေဆးေတြထပ္တိုးေပးလိုက္ေပမယ့္လည္းအိမ္သူအိမ္သားေတြရဲ႕အနီးကပ္ဂရုစိုက္တာမခံရတဲ့ လူနာတစ္ေယာက္ကိုကၽြန္ေတာ္ဘယ္လိုဒီထက္ပိုကူညီနိုင္ေတာ့မွာလဲ။
ကၽြန္ေတာ္ငယ္ငယ္တုန္းကလည္း ေတာအုပ္ေတြထဲသူငယ္ခ်င္းေတြနဲ႕ေပ်ာ္ပြဲစားထြက္ႀကတယ္၊စမ္းေခ်ာင္းေတြ၊ငွက္ေတြကိုေတြ႕တယ္၊ၾကားရတယ္၊ ကၽြန္ေတာ္တို႕ရဲ႕စသံေနာက္သံစကားေၿပာသံေတြကိုပါထည္႕ေၿပာရရင္ေတာ့ဆူညံေနေတာ့တယ္၊ဆူညံေနတဲ့ေတာအုပ္ေတြေပါ့၊ စိမ္းညို႕ေနတဲ့ေတာအုပ္ေတြ၊ဒါေပမယ့္ တိတ္ဆိတ္ေနတဲ့အိပ္မက္ထဲကေတာအုပ္ေတြကိုပန္းခ်ီကားတစ္ကားမွာစၾကည္႕ဖူးခဲ့တဲ့ညကေတာ္ေတာ္နဲ႕ အိပ္မေပ်ာ္နိုင္ခဲ့
ဘူး၊ၿပီးေတာ့ေတာအုပ္စိမ္းစိမ္းညို႕ညို႕မွာမွလကသာခ်င္တိုင္းသာေနေတာ့တယ္၊ၿပီးေတာ့အိပ္မက္ထဲမွာလိုၿငိမ္သက္တိတ္ဆိတ္လို႔၊ အိပ္မက္မက္ေကာင္းေနတဲ့ဂ်စ္ပဆီတစ္ေယာက္ကိုၿခေသၤ့ကအိပ္မက္ဆန္ဆန္နမ္းလို႕၊ ဒါမွမဟုတ္လည္းအနံ႕ခံလို႔၊ သစ္ေတာေတြထဲကအိပ္မက္နဲ႕အၿဖစ္အပ်က္ေတြကို ပန္းခ်ီကားေပၚဆြဲတင္ခဲ့တဲ့“ဟင္နရီရူးဆိုးဓဟာလည္းကၽြန္ေတာ့အတြက္ဆာရီယယ္လ္လစ္ဇင္ပန္းခ်ီနဲ႕ပတ္သက္တဲ့အိပ္မက္ေတြကိုတံခါးဖြင့္ေပးခဲ့ပါတယ္၊ အၿဖစ္အပ်က္သေဘာမ်ိဳးဆန္တဲ့အိပ္မက္ၿပကြက္ေတြကို ရူးဆိုးကအမိအရပိတ္ကားေပၚပစ္တင္ခဲ့တယ္ေလညဘက္မွာေတာအုပ္ေတြဟာ တိတ္ဆိတ္လႈိ႕၀ွက္ၿပီးအသိရခက္တယ္ဆိုတာရူးဆိုးရဲ႕ပန္းခ်ီကားေတြကေနတဆင့္ကၽြန္ေတာ္သိခဲ့တယ္။
(၄)
ရက္သတၱပတ္ေတြတစ္ပတ္ၿပီးတစ္ပတ္ကုန္လာခဲ့သလို ဆံရွည္မေလးဟာလည္း အလင္းဓာတ္ေတြေလ်ာ႕လာခဲ့တယ္၊ မ်က္တြင္းေဟာက္ပက္နဲ႔ဆံရွည္မေလးကို သံုးပတ္ေက်ာ္မွၿပန္ဆံုခဲ့ရေတာ့ ပိန္လွီေနခဲ့ၿပီ။
“ ဆရာ႕ေဆးေတြကိုမေသာက္ၿဖစ္ေေတာ့တာႀကာၿပီဆရာ၊ အစ္မကဒီေဆးေတြေသာက္လို႕ဒီလိုၿဖစ္ေနတာဆိုၿပီး ေဆးေတြသိမ္းထားတယ္ဆရာ၊ၿပီးေတာ့အခန္းထဲမွာပဲပိတ္ထားၿပီးအၿပင္ေပးမထြက္ဘူးဆရာ၊ ခုအိမ္မွာအစ္မမရွိတုန္းလစ္ထြက္လာခဲ့ရတာဆရာေရ႕၊ခုဒီတစ္ပတ္ဘာအေႀကာင္းေၿပာရမွာလည္းဆရာ၊ကၽြန္မကေတာ့ထူးထူးဆန္းဆန္း ဒီသံုးပတ္ထဲမွာ အိပ္မက္ေတြေတာ့မမက္ေတာ့ဘူးဆရာ၊ ည ဘက္ေတြေတာ့တစ္ညလံုးထိုင္ေနၿပီးတစ္ေနလံုးအိပ္ၿဖစ္ေနလို႕လားေတာ့မသိဘူးဆရာ”
ဆံရွည္မေလးရဲ႕အသံေတြေၿခာက္ကပ္အက္ကြဲေနခဲ့တယ္၊ကၽြန္ေတာ့အတြက္ေတာ့သူ႕ရဲ႕ပုန္းကြယ္ေနတဲ့စိတ္ေအးၿငိမ္းရာကို ရွာေတြ႕ေအာင္ေဖာ္ထုတ္ရေတာ့မယ္၊ ၿပည္တည္ေနတဲ့အနာကိုၿပည္ေတြေဖာက္ထုတ္ရသလိုမ်ိဳးေပါ့၊ မဟုတ္ရင္ေတာ့စိတ္ထဲတဆစ္ဆစ္ကိုက္ခဲေနေတာ့မွာ။
“ဒီတစ္ပတ္ေတာ့ မင္းရဲ႕ပန္းခ်ီဆရာအေၾကာင္းကိုေၿပာႀကမယ္ကြာ”
“ပန္းခ်ီဆရာဘ၀၊ ဆရာကကၽြန္မကိာဘာေႀကာင့္ပန္းခ်ီဆရာလို႕ေၿပာရတာလည္းဆရာ”
“ဘာလို႕လဲဆိုေတာ့မင္းဒီကိုမလာခဲ့တဲ့သံုးပတ္ထဲမွာမင္းအိမ္လိပ္စာအတိုင္းလာခဲ့ရင္းနဲ႕ မင္းရဲ႕စတူဒီယိုကိုေရာက္ခဲ့ရလို႔ပဲ၊ မင္းတစ္ေယာက္တည္းေနတာပါဆိုတာလည္းသိခဲ့ရသလို မင္းအမဆိုတာမင္းငယ္ငယ္ကတည္းကဆံုးသြားၿပီဆို”
“ဟုတ္ပါတယ္ဆရာ၊အစ္မကငယ္ငယ္ကတည္းက မိဘေတြကြဲၿပီးကတည္းကကၽြန္မကိုေစာင့္ေရွာက္ရင္းညီအစ္မႏွစ္ေယာက္ သီလရွင္ေက်ာင္းမွာခိုကပ္ေနရင္းဆံုးခဲ့တာပါ၊ ကၽြန္မသိတတ္လာတဲ့အရြယ္မွာတြယ္တာအားကိုးစရာအစ္မတစ္ေယာက္တည္းရွိခဲတာပါ၊ ကၽြန္မအရြယ္ေရာက္လာေတာ့ ပန္းခ်ီဆြဲၿဖစ္ခဲ့တယ္၊ အစ္မငယ္ငယ္ကေနခုထိ အသက္တစ္ႏွစ္ၿပီးတစ္ႏွစ္ၾကီးၾကီးလာတဲ့ပံုကို ႏွစ္တိုင္းအစ္မရဲ႕ေမြးေန႕မွာဆြဲခဲ့တာပဲဆရာ၊ အစ္မကကၽြန္ေတာ့ကိုအရမ္းခ်စ္တယ္ဆရာ ၊ တစ္ခါတစ္ခါ သူ႕အိမ္ကိုအိပ္မက္ထဲမ်ာၿမင္ရတယ္၊ သူ႕ကိုအိပ္မက္ရင္သူကၾကယ္ေတြထဲမွာတဲ့ဆရာရယ္၊ ခုရက္ပိုင္းမွာေတာ့ကၽြန္မအစ္မနဲ႕ညတိုင္းစကားေၿပာၿဖစ္ပါတယ္၊ ဒီေဆးေတြဆက္မေသာက္ဖို႕နဲ႕ အစ္မဆီလိုက္ေနဖို႕ အၿမဲေခၚေနခဲ့တာ၊ ၾကယ္ေတြဆိကိုေပါ့ဆရာရယ္၊ ဒါနဲ႕ဆရာ႕ကိုေမးခ်င္တာတစ္ခုရွိတယ္၊ ဆရာေၿဖနိုင္မလားမသိဘူး၊ ပန္းခ်ီကားတစ္ကားကိုၾကည္႕မိရင္အသံေတြေတာင္ ၾကားလာရတယ္ဆိုူတာဆရာဘယ္လိုနားလည္ထားလဲဆိုတာသိခ်င္တယ္၊ ဒါမွကၽြန္မေၿပာခ်င္တဲ့လႈိ႕၀ွက္ခ်က္ကိုေၿပာလို႕ရမွာမို႕ပါဆရာ။ဒီအခ်က္ကိုဆရာေၿဖေပးနိုင္မလား၊ လက္ခံနားလည္ထားသလား”
”ပန္းခ်ီကားတစ္ကားကိုၾကည္႕မိရင္အသံေတြႀကားလာရတယ္ဆိုတာကၽြန္ေတာ္လက္ခံပါတယ္၊ကၽြန္ေတာ္ငယ္ငယ္ကတည္းကပန္းခ်ီကားေတြႀကည္႕ရင္းအသံေတြႀကားခဲ့ရတယ္၊ ဥပမာ-ဗင္းဆင့္ဗန္ဂိုးရဲ႕ အာလူးစားသူမ်ားထဲမွာ ဆင္းရဲမြဲေတေနတဲ့အလုပ္သမားေက်ာမြဲလူတန္းစားရဲ႕ ညည္းသံညူသံေတြႀကားေနရတယ္၊ အက္ဒြပ္မြန့္ခ်္ရဲ႕ေအာ္သံထဲမွာေရာ၊အာေခါင္ၿခစ္ၿပီးငယ္သံပါေအာင္စူးစူးရဲရဲေအာ္ေနတဲ့ေအာ္သံကိုၾကားလာရတယ္၊ ဖရန္စစ္ေဗကြန္ရဲ႕ပန္းခ်ီကားေတြထဲမွာေရာထိတ္လန္႕အံ့ၾသဖို႕ေကာင္းတဲ့လူ႕အနိ႒ာရံုအပ်က္အစီးပံုၾကီးကညည္းတြားေအာ္ဟစ္သံေတြႀကားလာရတယ္၊ အက္ဂါေဒးဂါးစ္ရဲ႕ ကေခ်သည္ပံုေတြထဲမွာကေခ်သည္ေတြရဲ႕ဖိနပ္ခြာသံကိုပါႀကားေနရတယ္၊ပီကာဆိုရဲ႕ ၿမင္းေခါင္းပံုၾကီးမွာေရာ လွ်ာႀကီးခၽြန္တန္းၿပီးပါးၾကီးေတြေဖာင္းကားေနတဲ့ ၿမင္းတစ္ေကာင္ရဲ႕အတြင္းသားလႈက္စားသြားတဲ့ဟီသံကိုႀကားခဲ့ရတယ္၊ ဆရာေပၚဦးသက္ရဲ႕ ရိုးရာ ၾကက္ပပန္းခ်ီကားကိုေရာႀကည္႕ခဲ့ဖူးသလား၊ အေမႊးေတြခၽြန္ထက္ေထာင္ထၿပီးမ်က္ဲလံုးေတြၿပူးက်ယ္ေနတဲ႕ ေရကုန္ေရခန္းပ၀ါမကူေရမရွဴူေႀကးခြပ္ႀကတဲ႔တိုက္ပြဲကိုၾကည္႕ခဲ့ရတယ္၊ ေၿခသည္းလက္သည္းနဲ႕ေၿခအတက္ေတြခ်ြန္ၿမလို႕ေနာက္ခံအနီေရာင္ကၾကက္ခြပ္ပြဲအရွိန္ကိုအၿမင့္ဆံုးပို႔ခဲ့တယ္၊ ပန္းခ်ီကားထဲကဖုန္မႈန့္ေတြနဲ႕ႀကက္ေတာင္ေမႊးေတြဖြာထြက္လာေတာ့မွာလားဆိုတဲ့စိုးရိမ္စိတ္နဲ႕တိုက္ႀကက္ေတြရဲ႕မာန္သြင္းသံ၊တိုက္ပြဲေခၚသံနဲ႕ ေအာ္သံေတြပါၾကားခဲ့ရတာေပါ့၊ဒီေလာက္ဆိုကၽြန္ေတာ့အေနနဲ႕ ပန္းခ်ီကားေတြကေနအသံေတြႀကားရတာကိုလက္ခံပါတယ္ဆိုတာယံုေပးနိုင္ၿပီေပါ့”
“ဒါဆိုရင္ဆရာ႕ကိုကၽြန္မလႈိ႕၀ွက္ခ်က္တစ္ခေၿပာၿပရေတာ့မယ္ဆရာ၊ ဆရာယံုပါ့မလားမသိဘူး၊ ကၽြန္မညညအိမ္စတူဒီယိုကိုေရာက္ရင္ အၿမဲတမ္းကၽြန္မပန္းခ်ီကားေတြ စကားေၿပာေၿပာေနသံၾကားရတယ္ဆရာ၊ကၽြန္မအစ္မပံုကေတာ့စကားအေၿပာနိုင္ဆံုးေပါု ၊ ပထမဆံုးစၾကားရတဲ့ညတုန္းကအိပ္မက္မက္တယ္ထင္လိုက္မိေသးတယ္၊ေနာက္ေတာ့သူတို႕စကားေၿပာတာကိုေမွာင္ထဲမွာၾကားလာရတယ္ဆရာေရ၊ေနာက္ေန႕ညေနကၽြန္မၿပန္လာေတာ့သူတို႕စကား၀ိုင္းကအရွိန္ေတာ္ေတာ္ေကာင္းေနၿပီဆရာ၊ ကၽြန္မတံခါးရြက္ႀကားမွာၿငိမ္နားေထာင္ေနမိတယ္၊ စူးစူးနင့္နင့္နဲ႕ကိုယ့္စိတ္၀ိညည္ပါထည္႕ၿပီးဆြဲခဲ့တဲ့ပန္းခ်ီကားေတြဟာအသက္၀င္ေနတတ္တယ္ဆရာ၊ ဥပမာ-ကၽြန္မအစ္မရဲ႕ပံုေပါ့၊ သူ႕ကိုခ်စ္တဲ႕စိတ္၊ေမွ်ာ္လင့္တဲ့စိတ္နဲ႕ ကိုယ္ေရာစိတ္ပါနွစ္ၿပီးဖိဖိစီးစီးေရးခဲ့တဲ့ပန္းခ်ီကားကစၿပီးအသက္၀င္လာခဲ့တယ္ဆရာ၊ သူ႕ပံုတူေဘးမွာဆြဲေပးထားတဲ့ပန္းအိုးထဲကပန္းေတြနဲ႕ ကၽြန္မကိုလွမ္းေပါက္လိုက္တာကိုလန္႕သြားလိုက္တာဆရာရယ္၊ သူကေတာ့ရယ္ေနတယ္၊ ေဇာ္မႊားပန္းေလးေတြေပါ့၊ ေပ်ာ္လြန္းလို႔သူ႕ဆံပင္ေတြႀကားထဲထိုးထားေသးတယ္၊ သူ႕ပံုကိုလည္းဒီထက္အသက္ပိုၾကီးတဲ့ပံုမဆြဲပါနဲ႕ေတာ့တဲ့၊ ဒီအရြယ္ဟာအလွဆံုးနဲ႕ ေပ်ာ္စရာအေကာင္းဆံုးအရြယ္ေပါ့ေလ၊သူေပ်ာ္ေနေတာ့လည္းကၽြန္မလည္းလိုက္ေပ်ာ္ေနမိတာေပါ့ေနာ္၊အဲဒီညကစၿပီးအရင္ညေတြကေတာ့စိတ္ထဲကပဲၾကားေနရတဲ့အစ္မရဲ႕စကားသံေတြကိုနားနဲ႕ဆတ္ဆတ္ၾကားခဲ့ရေတာ့တာပဲ၊ သူကေနဟိုပန္းခ်ီကားမွာ ဘယ္ေနရာကိုဘာေဆးတို႕လိုက္၊ဘာအေရာင္ၿဖည့္လိုက္ေၿပာေပးတာနဲ႕ပန္းခ်ီကားေတြတၿဖည္းၿဖည္းအသက္၀င္လာခဲ့တယ္ဆရာ၊အရာ၀တၱဳတစ္ခုခု ဥပမာ-လိေမၼာ္သီး၊ဓာတ္ဘူး၊ရြက္သေဘၤာေတြ၊အဲဒါမ်ိဳးအရာ၀တၱဳတစ္ခုခုကိုထပ္ၿဖည္႕ဆြဲရတာမဟုတ္ဘူးေနာ္ဆရာ၊ဆြဲၿပီးသားကားကိုေဆးေလးတို႕ရံုအေရာင္ေလးသြင္းေပးရံုနဲ႕အသက္၀င္လာေတာ့တာ၊ဆရာယံုပါ့မလားမသိ”

အဲဒီညေနကတိမ္ေတြဟာ ကၽြန္ေတာ္တစ္ခါမွမၿမင္ဖူးတဲ့အေရာင္အေသြးေတြနဲ႕ လွေနၾကတယ္၊ ပုစြန္ဆီေရာင္ေဖ်ာ့ေတာ့ေလးမွာမွ ခရမ္းေသြးေလးစြတ္ရံုစြတ္ထားတာမ်ိဳး၊ အိမ္ၿပန္လမ္းတစ္ေလွ်ာက္တိမ္ေတြကိုေငးလာမိခဲ့တယ္၊တိမ္ေတြကိုအေရာင္တစ္ခုခုထပ္ၿဖည္႕ဖို႕ ကၽြန္ေတာ့ကိုတစ္ေယာက္ေယာက္ကေၿပာေနတာကိုၾကားလာရတယ္၊ အိမ္၀ရန္တာေရာက္ေတာ့လည္းတိမ္ေတြကိုပဲေငးေနမိေတာ့တယ္၊ အဲဒီညေနကစၿပီးတိမ္ေတြကိုေငးတတ္လာခဲ့တယ္၊ ရက္သတၱပတ္ေတြကုန္သြားခဲ့ေပမယ့္လည္းဆံရွည္မေလးေရာက္မလာခဲ့ေတာ့ဘူး၊ သူ႕စတူဒီယိုကိုလည္းသူေရာင္းခဲ့တယ္၊ ဒီလိုနဲ႕သစ္ရြက္ေတြေႀကြခဲ့ၿပန္ၿပီ၊ ေလရူးေတြကသစ္ရြက္ေႀကြေတြကို ကၽြန္ေတာ့စားပြဲေပၚေပြ႕ေပြ႕တင္သြားေနက်၊ တစ္မနက္ေတာ့ကၽြန္ေတာ္ဆံရွည္မေလးကိုထူးထူးၿခားၿခားသတိရေနမိတယ္၊ အဲဒီမနက္ကစၿပီး ကၽြန္ေတာ္ပန္းခ်ီေဆးေတြနဲ႕ ေဘာင္က်က္ၿပီးသားကင္းဗတ္ေတြ၀ယ္ခဲ့တယ္၊ ကၽြန္ေတာ့နွလံုးသားထဲကေအာ္သံကိုကၽြန္ေတာ္ဖြင့္ေဖာက္ထုတ္ရေတာ့မယ္၊ ကၽြန္ေတာ့ကိုတိမ္ေတြခ်ည္းပဲေရးေနတယ္လို႕ တခ်ိဳ႕ကေၿပာတယ္၊တိမ္ေ်တြခ်ည္းပဲေရးတတ္တယ္လို႕လည္းတခ်ိဳ႕ကေၿပာတယ္၊ကၽြန္ေတာ္ဆြဲတဲ့တိမ္အေရာင္ေတြကိုတစ္ခါမွမၿမင္ဖူးဘူးလို႕လည္းတခ်ိဳ႕ကေၿပာတယ္၊တိမ္အေရာင္ေတြမွာတစ္ခုခုထပ္ၿဖည္႕လိုက္ပါလို႔လည္းတစ္ေယာက္ေယာက္ကေၿပာေၿပာလာတယ္၊ကၽြန္ေတာ္တိမ္ေတြပဲမက္မက္စက္စက္ဆြဲခဲ့တယ္။
(၅)
တစ္ေန႕မွာေပါ့၊ သစ္ရြက္ေတြေႀကြေနတုန္း ၊ တိမ္ေတြကလည္းကၽြန္ေတာ့စိတ္ေတြနဲ႕တေၿပးညီစုတ္တံဖ်ားမွာအရွိန္အဟုန္နဲ႕ေရြ႕ေနၾကတုန္း၊ စာပို႕သမားဆီကစာတစ္ေစာင္လက္ခံရရွိခဲ့တယ္၊စာတစ္ေစာင္တည္းပါပဲ၊ စာကလည္းႏႈတ္ဆက္ရံုမည္ကာမတၱပါပဲ၊တစ္ေၾကာင္းတည္း၊ “ကၽြန္မနဲ႕ၿပန္မေတြ႕ေတာ့ရင္ႀကယ္ေတြဆီၿပန္သြားတယ္ပဲသေဘာထားလိုက္ပါဆရာ”
ကၽြန္ေတာ္မေရမရာၿပံုးမိတယ္ထင္တယ္၊ ၿပီးေတာ့လည္းတိမ္ေတြကိုဆက္ဆြဲေနခဲ့တယ္၊ရြက္ေၿခာက္ေတြတေၿဖာေၿဖာေႀကြလို႕၊ ကၽြန္ေတာ့မုတ္ဆိတ္ေမႊးႏႈတ္ခမ္းေမႊးေတြလည္ူရွည္လ်ားလာခဲ့တယ္၊ ဒီအၿဖစ္အပ်က္ေတြလည္းၾကာခဲ့ၿပီေပါ့၊ ေနာက္ထပ္လူနာေတြတစ္ေယာက္မွထပ္မေရာက္လာခဲ့ေတာ့ဘူး၊ ကၽြန္ေတာ္ကေတာ့တိမ္ေတြကိုပဲဆက္ေရးေနေတာ့တယ္၊ၾကယ္ေတြဆီၿပန္သြားတယ္တဲ့လား၊ေႀသာ္ ၾကယ္ေတြဆီၿပန္သြားတယ္တဲ့လား၊ ဘ၀ဆိုတာ အိပ္မက္ရွည္ၾကီးတစ္္ခုပါကြာလို႕ တစ္စံုတစ္ေယာက္ကလွစ္ကနဲကပ္ေၿပာသြားခဲ့တယ္။
The End

Saturday, December 15, 2012

ဆံပင္ေတြေျပာေသာ နံနက္ခင္းပံုျပင္ ( ၂ )

 

ေႏြရာသီေတြ ပိေတာက္ကိုအေပါင္ဆံုးလို႔ ေဆာင္းရဲ႕ ခံတြင္းထဲ ငါတို႔ သက္ဆင္းခဲ့ရျပီ ။ တႏိုင္တပိုင္ခေရာင္းလမ္းေလးထဲ ေမွ်ာ္ေငးရင္း ငါ့ကို ေတြ႔မသြားေသာသူေတြ ဘယ္ေလာက္ေတာင္မ်ားခဲ့ျပီလဲ .... ။ ငါတကယ့္ကို မမွတ္မိ ရိုးအမွန္ပါ ။ တစ္ခါတစ္ခါ ရဲ႕ ေလစိမ္းေတြကို လိုက္လိုက္ဖမ္းရင္း ေလေခၚရာလူး ခဲ့မိတယ္ ။ ခုခ်ိန္ထိ ရာခိုင္ႏႈန္းငါးဆယ္က မတက္ေသးဘဲ အေပ်ာ္ေတြမလာခင္ ၾကိဳၾကိဳ ျပံဳးတတ္ေနတဲ့ ငါပါေလ ။ တကိုယ္စာမေျပာင္းလဲျခင္းရဲ႕ ပံုေသနည္းထဲက ခြဲထြက္လို႔ ငါ့ ဆံပင္ေတြေတာ့ ရွည္ေနဆဲဘဲ ။ ေရေတြလည္းစိုေနတုန္းပါဘဲ ။ ထူးျခားတာေျပာရရင္ေတာ့ ငါေခါင္းလည္း မကိုက္ေတာ့ဘူး ဖ်ားလည္း မဖ်ားေတာ့ဘူး  ႏွစ္တႏွစ္ကို ေတာင္ဝန္ရိုးစြန္းကေန
ေျမာက္ဝန္ရိုးစြန္းထိ ခုန္ကူး ဒီႏွစ္က နည္းနည္းေတာ့ ထူးေနသလိုပါဘဲ ။ အိပ္ဖို႔ မၾကိဳးစားမိသလို အိပ္မက္ေတြကိုလည္း မခံုမင္ေတာ့ဘူး ။ မနက္ျဖန္ရဲ႕ မနက္တိုင္းက ငါ့စိတ္ကူးတိုင္းကို အရူးေဆး ခတ္ေပးေနတယ္ ။ ေနေရာင္ေတြၾကားမွာ ေပ်ာ္ရင္း ပ်က္ပ်က္သြားတဲ့ စိတ္ကူးအလြင့္အေမ်ာေလးမ်ားလည္း ဘယ္ေလာက္ခ်ေရးေရး အေတြးအျဖစ္ေတာင္ မက်န္ခဲ့ၾက ။

မေအာင့္ႏိုင္တာျခင္းတူတာေတာင္ 
ေခ်ာင္းမဆိုးေတာ့တဲ့ ဘဝ
ႏွစ္ခါျပန္အိမ္ေထာင္က်တာေတာင္
အခ်စ္ သည္ ငါ မျဖစ္ခဲ့

    တစ္စတစ္စ ပိုပို ေပါ့ပါးေနတဲ့ ငါ့ကိုယ္ကို ငါ ခုထက္ထိ မရိပ္မိႏိုင္ေသးဘူး ။ ဆံပင္ေတြ ၾကားလက္ေခ်ာင္းထိုးဖြ ရင္း ငါ့ႏႈတ္ခမ္းေတြျပန္ရဲလာသလား ထင္ထင္ေနမိမွ ငါေဆးလိပ္မေသာက္ျဖစ္တာ ဘယ္ေလာက္ေတာင္ ၾကာခဲ့ ျပီလဲ ။ အေျဖ မရွိမွန္းသိသိနဲ႔ ေမးမိတဲ့ အေတြးကို စိတ္နာတယ္ ။ ေရျပာခ်မ္းက ဘယ္မွာမွန္းမသိဘူး ကမာၻတျခမ္းစာ ကမ္းမဲ့သူကို ေမွ်ာ္ေနတတ္တယ္ ။ ျဖစ္ႏိုင္ရင္ေလ မ်က္လံုးကို လက္နဲ႔ ထိုးျပီး အရုပ္ဆိုးတဲ့ အတိတ္ကို အန္ခ်ပစ္လိုက္ခ်င္တယ္ ။

ဒီဆံပင္ရွည္ေတြၾကားကေန သူမကို ျပံဳးျပံဳးျပခဲ့ဖူးတယ္ ။
ဒီဆံပင္ရွည္ေတြၾကားကေန ခိုးခုိးငိုခဲ့ဖူးတယ္ ။
ဒီဆံပင္ရွည္ေတြၾကားကေန တိုးတိုးၾကည့္ဖူးတယ္ ။
ခုေတာ့ ဒီဆံပင္ေတြသာ ရွည္ေနဆဲ သူမက ဘယ္ေနတယ္ မသိရေတာ့ဘူး ။

    ငါ့ဆံပင္ေတြကို ထိုးဖြလို႔ သူမ်ားအားက်ေအာင္ ခ်စ္ျပခဲ့တဲ့ သူမေလး ။ ငါ့ဆံပင္ေတြကို ကိုင္ၾကည့္ရင္း ဘယ္သူမွ မသိေအာင္ နမ္းတတ္တဲ့ သူမေလး ။ ခုေတာ့ ေလာကရဲ႕ မွင္နီတခ်က္အတားမွာ ငါတို႔ ဘဝက တစ္ခုခုနဲ႔ ျခားခံခဲ့ရတယ္ ။ မနက္ျဖန္ဟာ မနက္ျဖန္ေလာက္မလွ ခဲ့ရင္ေတာင္ အဲ့ဒီ မနက္ေလာက္ေတာ့ ရင္ကြဲနာက်ေနမွာ မဟုတ္ဘူး ။
ေရကန္ထဲက နတ္သမီးငါးေလးလည္း ဧရာဝတီကို ဆန္တက္ အမ်ားရဲ႕ မွတ္ခ်က္နဲ႔ ဂုဏ္ထူးထြက္သြားပါျပီ ။ တယုတယလႊတ္ခ်ေပးဖူးတဲ့ လက္အစံုမွာသာ မ်က္ရည္ပူေလာင္လို႔
ဒုကၡရဲ႕ ေခ်ာင္းမွာ အလြမ္းေဟာင္းကိုျပန္တူးေနတယ္ ။ ညစဥ္ညတိုင္းရဲ႕ ၾကယ္ေၾကြမွတ္တမ္းမွာ ငါဟာ စကၠန္႔ဝက္ေနာက္က်မႈနဲ႔ မူပိုင္ၾကက္ေျခခတ္ကို ဘယ္လက္နဲ႔
ေရးေနရတုန္း ။ ျပန္မရေပမဲ့လည္း ျပန္လိုခ်င္မိသည္ ။  ေကာင္းကင္နဲ႔ ရန္ျဖစ္လို႔ မခ်စ္ေတာ့တဲ့ ေဒသအတြက္ ခုန္ခ်လာမဲ့ မိုးေရေပါက္ကို  ရင္ဘတ္နဲ႔ျပန္ေကာက္လို႔
ပင္လယ္သံေပါက္ေအာင္လည္း ေအာ္ရဲတယ္ ။ တိမ္ေတြေနာက္တေကာက္ေကာက္လိုက္ဖို႔ ပါးလာျပီျဖစ္တဲ့ ဖိနပ္ေလးကို ငံု႔ ငံု႔ ၾကည့္ရင္း ငါ့ျမင္ကြင္း က ေျမၾကီးဆန္ဆန္လာခဲ့
တယ္ ။ မင္းကေတာ့ ေကာင္းကင္ႏိုင္ငံက ၾကယ္ျမိဳ႔သူပါ ။ ဇာတ္လမ္းအစရဲ႕ ၀.၁ ဒီဂရီက ဇာတ္မသိမ္းခင္ဘဲ အေတာ္ေဝးေဝးထိ ေလးတင္ေပးလိုက္တယ္ ။ ဒီသင္ခန္းစာရဲ႕
ေကာက္ႏုတ္ခ်က္က ငါတို႔သည္ မ်ဥ္းျပိဳင္မ်ားျဖစ္သည္ ။

ေမာင္ေရခဲ-ေကာင္မေလးထြက္သြားျပီးေနာက္ ၁၉ ရက္အၾကာ
http://www.facebook.com/notes/nay-minn-way/%E1%80%86%E1%80%B6%E1%80%95%E1%80%84%E1%80%B9%E1%80%B1%E1%80%90%E1%80%BC%E1%80%B1%E1%80%BB%E1%80%95%E1%80%AC%E1%80%B1%E1%80%9E%E1%80%AC-%E1%80%94%E1%80%B6%E1%80%94%E1%80%80%E1%80%B9%E1%80%81%E1%80%84%E1%80%B9%E1%80%B8%E1%80%95%E1%80%B6%E1%80%AF%E1%80%BB%E1%80%95%E1%80%84%E1%80%B9-%E1%81%82-/257578931036227