CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Saturday, November 11, 2017
ငါ့ဟာပြန်ပေး (ကမ္ဘာ့လူယဉ်ကျေး အင်္ဂလိပ်တို့ကို သတိပေးစာ)
ငါ့ဟာပြန်ပေး
(ကမ္ဘာ့လူယဉ်ကျေး အင်္ဂလိပ်တို့ကို သတိပေးစာ)
အင်္ဂလိပ်ဆိုတာ နယ်ချဲ့သမားအကြီးစားဆိုတာ ကမ္ဘာ့ သမိုင်းမှာပြောပြထားပါတယ်။ ဒါပေမယ့် သူတို့ဟာ ကမ္ဘာကြီးကို နယ်ချဲ့ရတာ အာရှ-အာဖရိက လူရိုင်းတွေကို ယဉ်ကျေး လိမ္မာအောင် သွန်သင်းဖို့ရယ်လို့ ပြောခဲ့သေးတာ။ သူ၏တိုင်းပြည်က ဘာမှ အမြတ်ထုတ်မသွားဖူးသလိုဘဲ။ ဗမာပြည်ကဆိုရင် ကျွန်းသစ်၊ ရေနံ၊ ကျောက်သံ၊ ပတ္တမြား၊ ဆန်ရေစပါးတွေ အကုန်ယူသွားရုံမက သူတို့စစ်ရှုံးထွက်ပြေးရတော့ လမ်းတွေ၊ တံတားတွေ၊ ရေနံတွင်းတွေစတဲ့ ဖျက်ဆီးလို့ရသည်ဟု အကုန်ဖျက်ဆီးဖြစ်ခဲ့သေးတာ။ ဒါလားလူယဉ်ကျေး။
လူယဉ်ကျေးဆိုသူတွေလုပ်ခဲ့တာ တခုဆိုရင်ကျွန်တော်ဒီနေ့ထိ မျက်စိထဲကမထွက်ဘူး။ ဆရာစံလယ်သမား ဂဠုန်-သူပုန် တပ်မှူးတွေကို ဦးခေါင်းဖြတ်ပြီး ခေါင်းပြတ်တွေကို လမ်းကလူမြင်ကွင်းမှာ ခုံပေါ်တင်ပြထားကလေ။ ဓားနဲ့ ပုန်ကန်သူတွေကို စက်သေနတ်နဲ့ စုပုံသတ်ခဲ့တာ အားမရဘူး။ တိုက်ယူတဲ့အပြင် ခိုးယူ တာကလည်း လူသိရှင်ရှားကြား လက်ငင်းသတင်းကြီးနေတဲ့ ငမောက်ပတ္တမြားကြီးဆိုရင် ခိုးယူတယ်လဲပြောလို့ရတယ်။ လက်တလုံးကြား လိမ်ယူတယ်လို့လဲ ပြောလိုရတယ်လေ။
ဒီလို သူခိုးဓားပြအလုပ်တွေ ကမ္ဘာကျော်လုပ်သွားခဲ့သူတွေက ကလေးများ အရုပ်နဲ့ကစားကြတော့ 'ငါ့ဟာပြန်ပေးလို့' ... ဒေါ်အောင်ဆန်းစုကြည်ကိုပေးထားတဲ့ ဘွဲ့တွေပြန်တောင်းအုံးမလို့ တဲ့။ ဂုဏ်းထူးဆောင်ဘွဲ့လား။ စာမေးပွဲဖြေယူထားတဲ့ဘွဲ့လား။ ဘာမှ လျော့မသွားဘူး ... ပြန်ယူပါ။ သူတို့ကျောင်းက ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဓာတ်ပုံကိုလဲ ဖြုတ်ချတယ်တဲ့။ ကလေးတွေက လုပ်တာမဟုတ်ဘူး။ ပညာတတ်ကြီးတွေကလုပ်တာ ။ သူ့ကိုပြန်တောင်းတဲ့ ဘွဲ့လက်မှတ်တွေကို ဆုတ်ပြီးပြန်ပေးဖို့ တောင်းတယ်။ သူတို့ ပြန်ယူသွားလို့ ကျုပ်တို့ ခေါင်းဆောင်ကို ကျုပ်တို့အချစ်၊ ကျုပ်တို့ မေတ္တာ တပြားမှ လျော့မသွားပါဘူး။ ဂုဏ်ယူတယ်။
ကိုလူဖြူတို့ရေ ပြန်တောင်းကြေးဆိုရင် ဗမာပြည်ကကျွန်းသစ်၊ ရေနံ၊ ကျောက်သံပတ္တမြား ရောင်းရငွေ တွေပြန်ပေးမှာလား။ ပတ္တမြားငမောက်ကြီး ပြန်ပေးမှာလား။ ခင်ဗျားတို့နောက်ကွယ်က ကြိုးကိုင်ပြီး လုပ်ကြံသတ်ဖြတ်သွားတဲ့ ဦအောင်ဆန်းနဲ့ အာဇာနည်ခေါင်းဆောင်ကြီးတွေရဲ့ အသက်ကို ပြန်ပေးမှာလား။ ဆရာစံတို့ရဲ့ဦးခေါင်း တွေပြန်ဆက်ပေးမှာလား။ ကျုပ်တို့ရဲ့ကမ္ဘာမှာ အကောင်းဆုံးဆိုတဲ့ ကျွန်းသစ်နဲ့ တည်ဆောက်ထားတဲ့ ခင်ဗျားတို့ရဲ့ သင်္ဘောတွေကို တစ်ဝက်ကိုပဲပြန်ပေးမလား။ ဗမာ့အလုပ်သမား၊ လယ်သမားတွေရဲ့သွေးတွေ ချွေးတွေကိုပြန်ပေးမလား။ အာဖရိကန်တွေကလဲ ခင်ဗျားတို့ဖြစ်နေပုံကိုကြည့်ပြီး ပြုံးကြလိမ့်မလား။ မဲ့ကြလိမ့်မလား။ ထွီဆိုပြီး လုပ်နေကြမလား။
ကျုပ်တို့နိုင်ငံရဲ့ လွတ်လပ်ရေးကို တောင်ခင်ဗျားတို့ကအလ ကား ပြန်ပေးခဲ့တာမဟုပါဘူး။ကျုပ်တို့က ပါတော်မူကာလကတည်း က သွေမြေကျခံပြီး ပြန်တိုက်ယူခဲ့ရတာပါ။
“လူအခွင့်ရေး” လို့ပြောမှ ခေတ်မီပြီး လူရာဝင်တယ်လို့ခင်ဗျားတို့ လူယဉ်ကျေးတွေက ယူဆနေကြတာကို ကျုပ်တို့ကို ကျွန်ပြုခေါင်း ဖြတ်ခံတာတွေကိုတော့ ခင်ဗျားတို့မေ့ကုန်ပြီ။ မမေ့နဲ့။ ဒါ သမိုင်း ကျုပ်တို့က ကမ္ဘာမကျေလို့ နေ့တိုင်းကြွေးကြော်နေတာ သိတယ် မဟုတ်လား။ လူ့အခွင့်အရေးကို ခင်များတို့လောက် ဖျက်ဆီးခဲ့တာ ကမ္ဘာမှာ ရှိပါ့မလား။
ရိုဟင်ဂျာကိစ္စကို ဘယ်လောက်များ အသေအချာသိလို့လဲ။ ခင်များတို့ဆီမှာ ရင်းနှီးမြှုပ်နှံထားတဲ့ ကျေးဇူးရှင်တွေရဲ့ မျက်နှာကို ထောက်ထားပြီး ရောယောင်အော်နေတာ ကျုပ်တို့သိပါတယ်။ ခင်များတို့ဆီမှာ ခင်များတို့ကျောင်းမှာ ဘင်္ဂါလီကျောင်းသားတွေရဲ့ ကျောင်းလခတွေ ဘယ်လောက်ရနေတယ် ဆိုတာလည်း ဗမာနိုင်ငံသားတွေက ရိပ်စားမိပါတယ်။ ခင်များတို့မြို့တော်ဝန်ကအစ ရိုဟင်ဂျာကိစ္စမှာ ဘာကြောင့်ဒီလောက်တက်ကြွနေရတာလဲ။ သူကိုယ်တိုင်က ရိုဟင်ဂျာလူမျိုးကိုး။ တကယ်တော့ ခင်များတို့ ဘုရင်မကြီးက ကျုပ်တို့ခေါင်း ဆောင်နိုဗယ်ဆုရှင်ကို ဘယ်လောက်လေး လေးစား ဖိတ်ကြားတွေ့ဆုံခဲ့တယ်ဆိုတာ ခင်များတို့သိပါတယ်။ ကမ္ဘာ့အံဖွယ်တစ်ရပ်ပါ။ ခင်များတို့က ဘာ့ကြောင့်သဲနေရတာလဲ ဆိုတာ ကျုပ်တို့သိပါတယ်။ ခင်များတို့ကသာ တစ်ခါကခင်များတို့ သွေးစုပ်ခံခဲ့တဲ့ ပြည်သူတွေ ဘာဖြစ်နေကြတယ်ဆိုတာ သေချာမသိ တာပါ။
ခု ဗမာပြည်က ထွက်ပြေးသွားတဲ့ ဘင်္ဂါလီတွေကို ခင်များတို့စာနာရင် ခင်များတို့ ခေါ်ထားပါ့လား။ မလေးရှား၊ အင်ဒိုနီးရှားတို့လို သူတို့အမျိုးတွေဆီ ပို့လိုက်ပါလား။ “ဒီလောက် မျက်နှာငယ်ခံပြီး ဗမာပြည်ကို ခိုကပ်မနေချင်ကြပါနဲ့။ ဒို့ဆီလာပါ” လို့ သူတို့ကလည်း မခေါ် သူတို့ဆီသွားပါလားလို့လည်း ခင်များတို့ကလည်း သင်္ဘော၊ လေယာဉ်စီစဉ်ပြီး ပို့မပေး။ ရိုဟင်ဂျာတွေကို ဘင်္ဂလားပြည်လို သူတို့ရဲ့အမိနိုင်ငံ အဖနိုင်ငံက လက်ခံချင်လို့လား။ သူတို့ကိုယ်တိုင် တွန့်ဆုတ်နေကြတာကိုရော ခင်များတို့က ဒီအတိုင်းကြည့်နေ သလား။
ကျုပ်တို့ဗမာတိုင်းရင်းသားတွေထဲမှာ ရိုဟင်ဂျာဆိုတဲ့ တိုင်းရင်းသားမရှိတာ အင်္ဂလိပ်တွေအသိဆုံး၊ ခင်များတို့အသိဆုံးပါ။ သိရက် နဲ့မျက်စိမှိတ်ပြီး ခင်များတို့အော်နေတာ ခုကိစ္စမှာလည်း ရိုဟင်ဂျာ တွေကို ဗမာတွေက သတ်တယ်ဖြတ်တယ်လို့သာ တစ်ဖက်သတ် အော်နေကြတာ ဗမာတွေ၊ ဟိန္ဒူတွေ၊ ဗမာရဲစခန်းတွေ၊ ဗမာ့တပ်မတော်စခန်းတွေကို သူတို့ ၀င်ရောက် ပစ်ခတ် သတ်ဖြတ်နေတာတွေကို ခင်များတို့မမြင်ယောင်၊ မကြားယောင်ဆောင်နေကြတာ ကုလ ကိုယ်စားလှယ်ကလည်း ခုမှပဲ ဟိုဖက်ကအကြမ်းဖက်သမားတွေ ကို ရှုတ်ချပါတယ်လို့ တစ်ခါပဲ ထုတ်ဖော်ပြောကြားသေးတာပါ။ ရိုဟင်ဂျာတွေကို ကျွေးရ၊ မွေးရ လက်ခံထားရ နေစရာပေးရ။ ပြီးတော့ ကျုပ်တို့ကိုပဲ မဲပြီး ''လူ့အခွင့်ရေး''တဲ့။ ဒီမှာ ကျုပ်တို့ နိုင်ငံ ဗမာနိုင်ငံအရေးဟာ ကျုပ်တို့အခွင့်အရေးပါ။ ကျုပ်တို့က တရားမဲ့တဲ့ လူတွေမဟုတ်ပါဘူး။ ကျုပ်တို့ခေါင်းဆောင်ဟာ အမှန်တရား အတွက် အသက်ပေးရဲတဲ့သူပါ။ ကျုပ်တို့ခေါင်းဆောင်ကို ကျုပ်တို့လေးစားတယ်။ ချစ်တယ်။ ထောက်ခံတယ်။ ဝန်းရံတယ်။ ကျုပ်ဟာ အသက် ၈ဝ ကျော် အမျိုးသားစာပေဆုရ ကဗျာဆရာတစ်ဦးပါ။ အောင်ဆန်းစုကြည်ကို ကျုပ်တို့ကဗျာဆရာများအားလုံး ဝန်းရံ သွားကြမယ်။ ဒါပဲ။
မောင်စွမ်းရည်
Moemaka Media
ငါ့ဟာပြန်ပေး (ကမ္ဘာ့လူယဉ်ကျေး အင်္ဂလိပ်တို့ကို သတိပေးစာ)
Reviewed by MP4 YoU
on
November 11, 2017
Rating: 5
Reviewed by MP4 YoU
on
November 11, 2017
Rating: 5
Subscribe to:
Post Comments (Atom)

No comments:
Post a Comment