Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, April 9, 2019

၉၀ အမတ်များ တည်ထောင်မည့်ပါတီတွင် NLD ပါတီဝင်ဟောင်း ဦးနိုင်းနိုင်းကို ဥက္ကဋ္ဌအဖြစ်ခန့်အပ်၊ NLD အား ပြိုင်ဖက်အနေဖြင့် သဘောထားမည်ဟု ဆို

၁၉၉၀ ရွေးကောက်ခံအမတ်များ ဦးစီးတည်ထောင်မည့် ပါတီတွင် ဥက္ကဋ္ဌအဖြစ် NLD ပါတီဝင်ဟောင်း ဦးနိုင်းနိုင်းအား ခန့်အပ်ခဲ့ပြီး NLD ကိုလည်း ပြိုင်ဖက် အ နေဖြင့် သဘောထားသွားမည် ဖြစ်ကြောင်း ၉၀ ရွေးကောက်ပွဲတွင် ဧရာဝတီတိုင်းဒေသကြီး၊ ငပုတောမြို့နယ် မဲဆန္ဒနယ်တွင် ၀င်ရောက်ယှဉ်ပြိုင် အနိုင်ရရှိခဲ့သည့် NLD ပါတီဝင်ဟာင်းဖြစ်သူ ဦးဒေးဗစ်လှမြင့်က The Ladies News သို့ပြောကြားသည်။

ပါတီအမည်ကို ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဒီမိုကရေစီပါတီ (UNDP) ဟု သတ်မှတ်ထားပြီး၊ ပါတီဥက္ကဋ္ဌအဖြစ် ၁၉၉၀ ရွေးကောက်ပွဲ၌ ရန်ကုန်တိုင်းဒေသကြီး၊ ပုဇွန်တောင်မြို့နယ်တွင် ၀င်ရောက်ယှဉ်ပြိုင် အနိုင်ရရှိခဲ့သည့် ဦးနိုင်းနိုင်းကို ရွေးချယ်ခဲ့သည်ဟု ဆိုသည်။

၉၀ ရွေးကောက်ခံအမတ်များ တည်ထောက်မည့် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဒီမိုရေးစီပါတီ (UNDP) တွင် ပါဝင်ကြမည့် ပါတီဝင်များသည် NLD ပါတီဝင်ဟောင်းများဖြစ်ပြီး NLD ကိုလည်း ပြိုင်ဖက် အ နေဖြင့် သဘောထားသွားမည် ဟုဆိုသည်။

`NLD ပါတီက ကျွန်တော်တို့ရဲ့ ပြိုင်ဖက်ပဲ။ လက်ရှိသွားနေတဲ့ ဒီမိုကရေစီ process အရ သူက ကျွန်တော်တို့ရဲ့ ပြိုင်ဖက်ပဲ။ ကျွန်တော်တို့ရဲ့ မိတ်ဖက်မဟုတ်ဘူးဗျ` ဟု ၄င်းက ပြောကြားသည်။

NLD သည် လက်ရှိတွင် အာဏာရပါတီဖြစ်သလို၊ လူထုထောက်ခံမှုလည်း ရှိနေသော ပါတီဖြစ်သော်လည်း ၂၀၂၀ ရွေးကောက်ပွဲတွင် NLD ကို ယှဉ်နိုင်မည်ဟု ဦးဒေးဗစ်လှမြင့်က ယုံကြည်သည်။

`ကျွန်တော်တို့ ယှဉ်နိုင်ပါတယ် NLD ပါတီကို။ ယှဉ်နိုင်တယ်လို့ ယုံကြည်လို့ နိုင်ငံရေးပါတီတစ်ရပ် တည်ထောင်တာဗျ။ ကျွန်တော်တို့က ပါတီထောင်ရယုံ သက်သက်နဲ့တော့ ပါတီထောင်မှာ မဟုတ်ပါဘူး။ ပါတီထောင်တယ် ဆိုတာက နိုင်ငံရဲ့ အရေးကြီးတဲ့ လုပ်ငန်းတာဝန်တွေရဲ့ လိုအပ်တဲ့ နေရာတွေမှာ ဆောင်ရွက်နိုင်ဖို့ အတွက် ပါတီထောင်တာပါ။ ကျွန်တော်တို့က NLD ကို တိုက်တာခိုက်တာ မဟုတ်ဘူးဗျ။ ဒီမိုကရေစီ Process အရ သူနဲ့ ကျွန်တော်တို့ ပြိုင်ရမှာပဲလေ။ သူ့ကို ကျွန်တော်တို့ ယှဉ်ပြိုင်နိုင်မယ်လို့ ယုံကြည်ပါတယ်` ဟု ၄င်းက ပြောကြားသည်။

တိုင်းရင်းသား ခေါင်းဆောင်ရှစ်ဦးကိုလည်း ပါတီ၏ နာယကအဖြစ် ထားရှိမည်ဖြစ်ပြီး နာယက ရွေးချယ်ရေးနှင့် ပတ်သက်ပြီး မိတ်ဖက် အဖွဲ့အစည်းဖြစ်သည့် စည်းလုံးညီညွှတ်သော တိုင်းရင်းသား လူမျိုးများ မဟာမိတ်အဖွဲ့ (UNA) နှင့် ညှိနှိုင်းဆောင်ရွက် သွားမည်ဟု ဆိုသည်။

၉၀ အမတ်များ တည်ထောင်မည့် ပါတီတွင် ဥက္ကဋ္ဌနှင့် ဒုဥက္ကဋ္ဌများကို ရွေးချယ်ထားသော်လည်း ၉၀ ရွေးကောက်ခံ အမတ်တစ်ဦးလည်းဖြစ်၊ ထင်းရှားသည့် တိုင်းရင်းသား နိုင်ငံရေးခေါင်းဆောင် တစ်ဦးလည်းဖြစ်သည့် ဦးခွန်ထွန်းဦးအား ခေါင်းဆောင်အဖြစ် သတ်မှတ်ထားသည် ဟုလည်း ဦးဒေးဗစ်လှမြင့်က ပြောကြားသည်။

ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်၌ ပါတီမှတ်ပုံတင်ခြင်း လုပ်ငန်းများကို သင်္ကြန်ပြီးနောက်ပိုင်းတွင် ဆောင်ရွက်သွားမည် ဖြစ်ကြောင်းလည်း သိရသည်။

အောင်ရဲနောင်
The Ladies News

No comments:

Post a Comment