Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, January 16, 2019

အပေါင်ပစ္စည်းမပါတဲ့ ချေးငွေအတိုးနှုန်းကို ၁၆ ရာနှုန်းထက်ပိုမယူဖို့ ဗဟိုဘဏ် ထုတ်ပြန်


အပေါင်ပစ္စည်းမပါတဲ့ ချေးငွေအတိုးနှုန်းကို ၁၆ ရာနှုန်းထက်ပိုမယူဖို့ ဗဟိုဘဏ် ထုတ်ပြန်
ပုဂ္ဂလိကဘဏ်တွေအနေနဲ့ အာမခံ ပစ္စည်းမပါဘဲ ချေးတဲ့ချေးငွေကို ဗဟိုဘဏ်အတိုးနှုန်းအထက် ၆ ရာနှုန်းပေါင်းပြီး အမြင့်ဆုံးအတိုးနှုန်းအနေနဲ့ ၁၆ ရာခိုင်နှုန်းထက်ပိုမကောက်ခံရဘူးလို့ နိုင်ငံတော် ဗဟိုဘဏ်က ဇန်နဝါရီ ၁၅ ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။

ဒီလို အာမခံ အပေါင်ပစ္စည်းမပါတဲ့ချေးငွေကို အမြင့်ဆုံး ၁၆ရာခိုင်နှုန်းဆိုတဲ့ အတိုးနှုန်းသတ်မှတ် ချက်ဟာ ချေးငွေအပေါ် ကောက်ခံရမယ့် အတိုးနှုန်း စီမံခန့်ခွဲမှုစရိတ်၊ ကတိခံကြေးအပါအဝင် အားလုံးအပါအဝင်ကို ဆိုလိုတာဖြစ်ပြီး မည်သည့်နည်းနဲ့မဆို အမြင့်ဆုံး အတိုးနှုန်းကိုကျော်လွန်ပြီး မကောက်ခံရဘူးလို့လည်း ထုတ်ပြန်ချက်မှာပါဝင်ပါတယ်။

အပေါင်ပစ္စည်းပါတဲ့ ချေးငွေအတွက်တော့ အမြင့်ဆုံးအတိုးနှုန်းအနေနဲ့ ၁၃ ရာနှုန်းအထိပဲ ကောက်ခံရမှာဖြစ်တယ်လို့လည်း သိရပါတယ်။

ဒီထုတ်ပြန်ချက်ဟာ လာမယ့် ဖေဖော်ဝါရီ ၁ရက်နေ့ကစပြီး အကျုံးဝင်မှာဖြစ်ပါတယ်။

BBC Burmese
https://www.bbc.com/burmese

No comments:

Post a Comment