CREDIT
သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။
 |
| တပ္ပိုင္ေျမ ဆိုင္းပုဒ္ေထာင္ထားၿပီး ၿခံခတ္ထားတဲ့ ေနရာ တစ္ခုကို ေတြ႕ရစဥ္။ Photo: RFA |
မႏၱေလးတိုင္းေဒသႀကီး၊ သပိတ္က်င္းၿမိဳ႕နယ္မွာ တပ္မေတာ္က သိမ္းယူထားတဲ့ လယ္ယာေျမဧက ၈ ေထာင္ေက်ာ္ထဲက ျပန္လည္စြန္႔လႊတ္ထားတဲ့ ဧက ၂၆၀၀ ကို မူလေတာင္သူေတြထံ ျပန္လည္ေပးအပ္ဖို႔ စီစဥ္ေနတယ္လို႔ သိရပါတယ္။
လယ္ယာေျမမ်ားျပန္လည္စိစစ္ေရးေကာ္မတီက မွ်မွ်တတ ျပန္လည္ခြဲဲေ၀ေပးရမွာျဖစ္တယ္လို႔ သပိတ္က်င္းၿမိဳ႕နယ္ တိုင္းေဒသႀကီး လႊတ္ေတာ္ကိုယ္စားလွယ္ ဦးတင္ျမင့္ေဆြ က ေျပာပါတယ္။
"လက္ရွိအခုလုပ္ေနတဲ့ေတာင္သူေတြဖယ္၊ ဖယ္ၿပီးေတာ့ သူ႔စာရင္းဇယားနဲ႔ အရင္လုပ္ခဲ့တဲ့ ေတာင္သူေတြ တန္းစီဇယားနဲ႔ အခုလုပ္တဲ့သူေတြေရာရေအာင္ေပါ့ေလ၊ အခုလုပ္ထားတဲ့သူေတြက ဧက ၅၀ ေလာက္ယူသြား တယ္ဆိုရင္ သူတို႔ဧကအစိပ္ အရင္လုပ္ခဲ့တဲ့ေတာင္သူက ဧကအစိပ္ ဒီလိုေလးေတြျပန္ျဖစ္ရမွာ မွ်တၿပီး ေတာင္သူေတြပဲျပန္ေပးရမွာ၊ လယ္ျပန္စစ္ကေနၿပီး ဒါေတြကိုစိစစ္ၿပီး သိမ္းထားတဲ့ေျမထဲမွာ ေတာင္သူ ဘယ္နွစ္ဦးလုပ္ေနသလဲ၊ လုပ္ေနတဲ့ေတာင္သူေတြက ဘယ္သူလဲ၊ ဒါေတြကိုစိစစ္ၿပီး စာရင္းျပဳစုၿပီးေတာ့ ၿမိဳ႕နယ္တို႔၊ ခရိုင္တို႔ကို ျပန္တင္ျပရမွာ"
အခုစြန္႔လႊတ္လိုက္တဲ့ ေျမဧက ၂၆၀၀ ဟာ တပ္မေတာ္က သိမ္းယူၿပီးေနာက္ လုပ္ငန္းအေကာင္အထည္ မေဖာ္ျဖစ္တဲ့ ေျမေနရာေတြျဖစ္ၿပီး လက္ရွိမွာ ေတာင္သူတစ္ခိ်ဳ႕က ၀င္ေရာက္စိုက္ပ်ိဳးေနတာ ျဖစ္ပါတယ္။
လယ္ယာေျမမ်ားျပန္လည္စိစစ္ေရးေကာ္မတီကို ေက်းရြာတိုင္းမွာဖြဲ႔စည္းထားၿပီး အဲဒီေကာ္မတီေတြကပဲ စြန္႔လႊတ္ထားတဲ့ ေျမယာေတြကို ေတာင္သူေတြထံ ျပန္လည္ခြဲေ၀ေပးေရးကိစၥေတြကို ေဆာင္ရြက္သြားမွာ ျဖစ္ပါတယ္။
တပ္မေတာ္က အခုစြန္႔လႊတ္လိုက္တဲ့ ေျမဧက ၂၆၀၀ ဟာ မိုင္းဒိုင္းေက်းရြာအုပ္စု၊ ဖုန္ကုန္းေက်းရြာအုပ္စု၊ မက်ည္းကုန္း ေက်းရြာအုပ္စု နဲ႔ အုန္းမိုင္ေက်းရြာအုပ္စု စတဲ့ ေနရာေတြက ေျမဧကေတြျဖစ္ပါတယ္။
RFA Burmese
http://www.rfa.org/burmese
ေတာင္သူလယ္သမားမ်ားထံမွ ႀကိဳတင္ဝင္ေငြခြန္ ေကာက္ခံမည္မဟုတ္
လယ္ယာထြက္သီးႏွံမ်ား ေရာင္းခ်မႈမွ က်ပ္ငါးသိန္းႏွင့္အထက္ ရရွိသည့္ ေတာင္သူလယ္သမားမ်ားထံမွ ႀကိဳတင္ဝင္ေငြခြန္ ၂ရာခိုင္ႏႈန္း ေကာက္ခံသြားမည္ဟု စီမံကိန္းႏွင့္ဘ႑ာေရးဝန္ႀကီးဌာနက အမိန္႔ေၾကာ္ျငာစာ ထုတ္ျပန္ထားေၾကာင္း သတင္းထြက္ေပၚေနမႈအေပၚ ဦးမင္းထြဋ္က ေျပာဆိုလိုက္ျခင္း ျဖစ္သည္။
လက္ရွိ ျပဌာန္းထားသည့္ ဝင္ေငြခြန္ဥပေဒတြင္ မည္သူမဆို စည္းၾကပ္ထုိက္သည့္ ဝင္ေငြရွိလွ်င္ ဝင္ေငြခြန္ ေပးေဆာင္ရမည္ဟု ျပဌာန္းထားေသာ္လည္း ေတာင္သူလယ္သမားမ်ားသည္ အခြန္စည္းၾကပ္ထိုက္သည့္ ဝင္ေငြမရွိသည့္အတြက္ ဝင္ေငြခြန္ ေကာက္ခံမည္မဟုတ္ဟု ဦးမင္းထြဋ္က ေျပာသည္။
“လယ္ယာစိုက္ပ်ိဳးေရးလုပ္တဲ့ ေတာင္သူေတြသည္ စည္းၾကပ္ထိုက္တဲ့ ဝင္ေငြမရွိတဲ့အတြက္ အခြန္မက်ဘူး။ အဲ့ဒါေၾကာင့္မို႔လို႔ ဒီလုပ္ငန္းေတြကို အခြန္စည္းၾကပ္ဖို႔ မလုပ္ဘူးဆိုတာ လွမ္းၿပီး ညႊန္ၾကားထားပါတယ္” ဟု ၎က ဆိုသည္။
သို႔ေသာ္ လယ္ဧက ရာေထာင္ခ်ီ ပိုင္ဆိုင္သူမ်ားအေနျဖင့္မူ ႀကိဳတင္ဝင္ေငြခြန္ ေပးေဆာင္ရမည္ ျဖစ္သည္။
“လယ္အမ်ားႀကီး ရာနဲ႔ေထာင္နဲ႔ခ်ီ ရွိရင္ေတာ့ ေပးရမယ္။ အဲ့ဒါက ရွိလည္းရွိတယ္။ ေပးလည္း ေပးထားတယ္။ အေရအတြက္ေတာ့ အင္မတန္နည္းတယ္” ဟု ဦးမင္းထြဋ္က ေျပာသည္။
ထို႔ျပင္ လယ္သမားမ်ားထံမွ လယ္ယာထြက္သီးႏွံမ်ားဝယ္သူသည့္ ကုမၸဏီမ်ားအေနျဖင့္လည္း ႀကိဳတင္ဝင္ေငြခြန္ ထမ္းေဆာင္ရမည္ ျဖစ္သည္။
Source: Mizzima
ရန္ကုန္|ဇြန္လ ၇
ရခိုင္ျပည္နယ္အတြင္းမွ ျမိဳ႕နယ္ အခ်ိဳ႕တြင္ လယ္သမားမ်ားအား စိုက္ပ်ဳိး စရိတ္ ေခ်းေငြ ထုတ္ေပးရာ၌ အေၾကာင္းအမ်ိဳးျပျပီး ေငြျဖတ္ယူမႈႏွင့္ ေကာက္ခံေနမႈမ်ား ရွိေနသျဖင့္ သက္ဆိုင္ရာ တာ၀န္ရွိသူမ်ား အေနျဖင့္ ၎ေငြေကာက္ခံမႈမွာ တရား၀င္ ဟုတ္/ မဟုတ္ ကို အျမန္ဆံုး စစ္ေဆးေပးရန္ လယ္သမားမ်ားက ေတာင္းဆိုလိုက္သည္။
ေထာက္ခံစာလုပ္ရန္အတြက္ ေျမတိုင္းစာေရးမ်ားကို လက္မွတ္ထိုးခ ၂၀၀၀၀ိ/ က်ပ္၊ ဘဏ္မန္ေနဂ်ာကို ေငြထုတ္ရန္ ၁၅၀၀၀ိ/ က်ပ္၊ ေက်းရြာ စာေရးမ်ားကို စာရင္းဇယား ၂၅၀၀ိ/ က်ပ္၊ ေက်းရြာအုပ္ခ်ဳပ္ေရးမွဴးကို ၅၀၀၀ က်ပ္ စသျဖင့္ ေပးေဆာင္ေနၾကရသည္ဟု ဆိုသည္။
"လယ္သမားေတြက အခက္အခဲအမ်ဳိးမ်ဳိးေၾကာင္း ေငြေခ်းယူၾကတာပါ။ အရမ္း လိုအပ္လို႕ ေငြေခ်းၾကတာမွာ လယ္သမားတစ္ဦးစီဆီက ငါးေထာင္ က်ပ္စီ ေက်းရြာအုပ္ခ်ဳပ္ေရးမွဴးက ျဖတ္ခိုင္းတယ္ ေျပာၿပီးေတာ့ ရယကစာေရးက ျဖတ္ယူတာပါ။ လယ္သမားအားလံုး အေယာက္ ၅၀ ေက်ာ္ ၆၀ ေလာက္ရွိပါတယ္။ စရိတ္လို႔ေတာ့ ေျပာပါတယ္။ ဘာစရိတ္ ဆိုတာေတာ့ ေသခ်ာမေျပာပါဘူး။ ဒီကိစၥကို တာဝန္ရွိသူေတြ ေသခ်ာ စစ္ေဆးေပးေစခ်င္ပါတယ္"ဟု ဘူးသီးေတာင္ၿမိဳ႕နယ္ စပါးထားေက်းရြာမွ လယ္သမားတစ္ဦးက နိရဥၥရာ သတင္းဌာနသို႔ ေျပာသည္။
ေျမာက္ဦးၿမိဳ႕မွ လယ္သမား တစ္ဦးက"ေတာင္သူလယ္သမားေတြြ ဖြံ႕ၿဖိဳး တိုးတက္လာဖို႔ ႏိုင္ငံေတာ္ကေတာ့ ေငြေခ်းေပးပါတယ္။ ဒါေပမယ့္ စိုက္ဘဏ္က ေငြထုတ္ဖို႕ ေထာက္ခံစာ လုပ္ရာမွာ ေျမတိုင္းစာေရးေတြကို လယ္သမား တစ္ဦးဆီက လက္မွတ္ထိုးခ ေငြ၂၀၀၀၀ိ/ က်ပ္နဲ႔ ဘဏ္မန္ေနဂ်ာကို ေငြ၁၅၀၀၀ိ/ က်ပ္စီ ေပးသြင္းရပါတယ္။ ၿပီးေတာ့ စာေရးေတြကလည္း စာရင္းဇယာေတြလုပ္ခဆိုၿပီး လယ္သမား တစ္ဦးစီကေန ေငြ ၂၅၀၀ိ/ က်ပ္စီျဖတ္ယူပါတယ္"ဟု နိရဥၥရာသို႔ ဆိုသည္။
ထို႕အျပင္ လယ္ထြန္ဖို႕ ေငြအျမန္ထုတ္ယူလိုသည့္ လယ္သမားမ်ား ထံမွလည္း ေငြေၾကး အခ်ိဳ႕ေပးရေၾကာင္း ေခ်းေငြထုတ္ယူခဲ႔သည့္ လယ္သမားမ်ားကဆိုသည္။
ရခိုင္ျပည္နယ္အတြက္ ၂၀၁၅-၂၀၁၆ ဘ႑ာေရးတြင္ ေတာင္သူလယ္သမားမ်ားအား တစ္ဧကလွ်င္ တစ္သိန္းႏႈန္းျဖင့္ စိုက္ပ်ဳိးစရိတ္ေခ်းေငြ ၅၀ ဘီလီယံခန္႔ထုတ္ေခ်းခဲ႔ကာ ယခုႏွစ္တြင္ တစ္ဧကလွ်င္ တစ္သိန္းခြဲႏႈန္းျဖင့္ ထုတ္ေခ်းေပးေၾကာင္း သိရသည္။
အဆိုပါေငြေၾကး ျဖတ္ယူမႈမ်ားအတြက္ စပါးထားေက်းရြာ ရယကစာေရး ကိုေမာင္ဝင္းသိန္းအား အႀကိမ္ႀကိမ္ဆက္သြယ္ရာ ဖုန္းပိတ္ထားျပီး ေက်းရြာအုပ္ခ်ဳပ္ေရးမွဴး ဦးေက်ာ္ဘ ကမူ ဖုန္းဝင္ေသာ္လည္း လက္ခံေျပာဆိုေျဖၾကာမႈမရွိေပ။
ေကာင္းျမတ္ႏိုင္(ေမာင္ေတာ)
Narinjara
https://www.facebook.com/Narinjara
........
ရန်ကုန်|ဇွန်လ ရ
ရခိုင်ပြည်နယ်အတွင်းမှ မြို့နယ် အချို့တွင် လယ်သမားများအား စိုက်ပျိုး စရိတ် ချေးငွေ ထုတ်ပေးရာ၌ အကြောင်းအမျိုးပြပြီး ငွေဖြတ်ယူမှုနှင့် ကောက်ခံနေမှုများ ရှိနေသဖြင့် သက်ဆိုင်ရာ တာဝန်ရှိသူများ အနေဖြင့် ၎င်းငွေကောက်ခံမှုမှာ တရားဝင် ဟုတ်/ မဟုတ် ကို အမြန်ဆုံး စစ်ဆေးပေးရန် လယ်သမားများက တောင်းဆိုလိုက်သည်။
ထောက်ခံစာလုပ်ရန်အတွက် မြေတိုင်းစာရေးများကို လက်မှတ်ထိုးခ ၂၀၀၀၀ိ/ ကျပ်၊ ဘဏ်မန်နေဂျာကို ငွေထုတ်ရန် ၁၅၀၀၀ိ/ ကျပ်၊ ကျေးရွာ စာရေးများကို စာရင်းဇယား ၂၅၀၀ိ/ ကျပ်၊ ကျေးရွာအုပ်ချုပ်ရေးမှူးကို ၅၀၀၀ ကျပ် စသဖြင့် ပေးဆောင်နေကြရသည်ဟု ဆိုသည်။
"လယ်သမားတွေက အခက်အခဲအမျိုးမျိုးကြောင်း ငွေချေးယူကြတာပါ။ အရမ်း လိုအပ်လို့ ငွေချေးကြတာမှာ လယ်သမားတစ်ဦးစီဆီက ငါးထောင် ကျပ်စီ ကျေးရွာအုပ်ချုပ်ရေးမှူးက ဖြတ်ခိုင်းတယ် ပြောပြီးတော့ ရယကစာရေးက ဖြတ်ယူတာပါ။ လယ်သမားအားလုံး အယောက် ၅၀ ကျော် ၆၀ လောက်ရှိပါတယ်။ စရိတ်လို့တော့ ပြောပါတယ်။ ဘာစရိတ် ဆိုတာတော့ သေချာမပြောပါဘူး။ ဒီကိစ္စကို တာဝန်ရှိသူတွေ သေချာ စစ်ဆေးပေးစေချင်ပါတယ်"ဟု ဘူးသီးတောင်မြို့နယ် စပါးထားကျေးရွာမှ လယ်သမားတစ်ဦးက နိရဥ္စရာ သတင်းဌာနသို့ ပြောသည်။
မြောက်ဦးမြို့မှ လယ်သမား တစ်ဦးက"တောင်သူလယ်သမားတွွေ ဖွံ့ဖြိုး တိုးတက်လာဖို့ နိုင်ငံတော်ကတော့ ငွေချေးပေးပါတယ်။ ဒါပေမယ့် စိုက်ဘဏ်က ငွေထုတ်ဖို့ ထောက်ခံစာ လုပ်ရာမှာ မြေတိုင်းစာရေးတွေကို လယ်သမား တစ်ဦးဆီက လက်မှတ်ထိုးခ ငွေ၂၀၀၀၀ိ/ ကျပ်နဲ့ ဘဏ်မန်နေဂျာကို ငွေ၁၅၀၀၀ိ/ ကျပ်စီ ပေးသွင်းရပါတယ်။ ပြီးတော့ စာရေးတွေကလည်း စာရင်းဇယာတွေလုပ်ခဆိုပြီး လယ်သမား တစ်ဦးစီကနေ ငွေ ၂၅၀၀ိ/ ကျပ်စီဖြတ်ယူပါတယ်"ဟု နိရဥ္စရာသို့ ဆိုသည်။
ထို့အပြင် လယ်ထွန်ဖို့ ငွေအမြန်ထုတ်ယူလိုသည့် လယ်သမားများ ထံမှလည်း ငွေကြေး အချို့ပေးရကြောင်း ချေးငွေထုတ်ယူခဲ့သည့် လယ်သမားများကဆိုသည်။
ရခိုင်ပြည်နယ်အတွက် ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးတွင် တောင်သူလယ်သမားများအား တစ်ဧကလျှင် တစ်သိန်းနှုန်းဖြင့် စိုက်ပျိုးစရိတ်ချေးငွေ ၅၀ ဘီလီယံခန့်ထုတ်ချေးခဲ့ကာ ယခုနှစ်တွင် တစ်ဧကလျှင် တစ်သိန်းခွဲနှုန်းဖြင့် ထုတ်ချေးပေးကြောင်း သိရသည်။
အဆိုပါငွေကြေး ဖြတ်ယူမှုများအတွက် စပါးထားကျေးရွာ ရယကစာရေး ကိုမောင်ဝင်းသိန်းအား အကြိမ်ကြိမ်ဆက်သွယ်ရာ ဖုန်းပိတ်ထားပြီး ကျေးရွာအုပ်ချုပ်ရေးမှူး ဦးကျော်ဘ ကမူ ဖုန်းဝင်သော်လည်း လက်ခံပြောဆိုဖြေကြာမှုမရှိပေ။
ကောင်းမြတ်နိုင်(မောင်တော)
Narinjara
https://www.facebook.com/Narinjara
၂၀၁၆-၂၀၁၇ ဘ႑ာေရးနွစ္ ေတာင္သူလယ္သမားမ်ားသို႔ စိုက္ပ်ဳိးစရိတ္ေခ်းေငြမ်ား ထုတ္ေခ်းႏိုင္ရန္လိုအပ္ ေသာ ဘ႑ာေငြအတြက္ ျပည္ေထာင္စုအစိုးရအဖဲြ႕က ျမန္မာႏိုင္ငံဗဟိုဘဏ္မွ ေငြက်ပ္ဘီလီယံ ၅၀၀ ေခ်းယူခြင့္ႏွင့္စပ္လ်ဥ္း၍ ေမ ၂၃ ရက္ေန႔အစည္းအေ၀းတြင္ ျပည္ေထာင္စုလႊတ္ေတာ္က ကန္႔ကြက္သူမရိွ အတည္ျပဳခဲ့သည္။
အဆိုပါ စိုက္ပ်ဳိးစရိတ္ေခ်းယူခြင့္ႏွင့္ စပ္လ်ဥ္း၍ ျပည္ေထာင္စုလႊတ္ေတာ္ ကိုယ္စားလွယ္ ၁၇ ဦးက အၾကံျပဳေထာက္ခံေဆြးေႏြးၾကၿပီး သက္ဆိုင္ရာတာ၀န္ရိွသူမ်ားက တာ၀န္ခံမႈ၊ တာ၀န္ယူမႈျဖင့္ ေဆာင္ရြက္ သြားမည့္အစီအစဥ္မ်ားကို ရွင္းလင္းေဆြးေႏြးၾကသည္။ ယင္းသို႔ေဆြးေႏြးရာတြင္ ဗဟိုဘဏ္ ဒုတိယဥကၠ႒ ေဒၚခင္ေစာဦးက ေတာင္သူမ်ားအား စိုက္ပ်ဳိးစရိတ္ထုတ္ေခ်းရန္ ဗဟိုဘဏ္မွ ေခ်းယူမည့္ က်ပ္ဘီလီယံ ၅၀၀ အတြက္ ေငြစကၠဴအသစ္မ်ား ရိုက္ႏိွပ္ထုတ္ေ၀ျခင္းနည္းလမ္းျဖင့္ ျဖည့္ဆည္းရမည္ျဖစ္၍ ေငြေၾကး ေဖာင္းပြမႈအေပၚတြင္ ဖိအားမ်ားျဖစ္လာနိုင္ေၾကာင္း၊ ေခ်းေငြကို ေတာင္သူလယ္သမားမ်ား လက္၀ယ္သို႔ မွန္ကန္ျမန္ဆန္စြာေရာက္ရိွေရးႏွင့္ ယခုဘ႑ာနွစ္၏ သတ္မွတ္သက္တမ္းအတြင္း ျပန္လည္ေပးဆပ္ပါက ေငြေၾကးေဖာင္းပြမႈ ေလ်ာ့နည္းမည္ျဖစ္ေၾကာင္း တင္ျပေဆြးေႏြးခဲ့သည္။
''ဗဟိုဘဏ္က ထုတ္ေခ်းေပးတဲ့ ေခ်းေငြျဖစ္တဲ့အတြက္ ေငြေၾကးပမာဏကို တိုးလာေစတဲ့ တိုက္ရိုက္ သက္ေရာက္မႈရိွျပီးေတာ့ ေငြေၾကးေဖာင္းပြမႈအေပၚမွာ ဖိအားမ်ားမွာျဖစ္ပါတယ္။ ဗဟိုဘဏ္က ေခ်းတဲ့ေခ်း ေငြဟာ (Printing Money) လို႔ေခၚတဲ့ ထုတ္ေ၀မႈနဲ႔ ဘီလီယံ ၅၀၀ ကို ျဖည့္ဆည္းေပးရမယ္ဆိုတဲ့အေၾကာင္း တင္ျပလိုပါတယ္။ ဒါေၾကာင့္ ေငြေၾကးေဖာင္းပြမႈအေပၚမွာ ဖိအားမ်ားမယ္ဆိုတဲ့အေၾကာင္း တင္ျပခ်င္ပါတယ္'' ဟု ေဒၚခင္ေစာဦးက ေျပာသည္။
လႊတ္ေတာ္ကိုယ္စားလွယ္မ်ားျဖစ္ၾကေသာ ေဒၚသက္သက္ခိုင္နွင့္ ဦးသန္းစိုးတို႔ကလည္း ဗဟိုဘဏ္မွ ထိုကဲ့သို႔ ေခ်းေငြရယူလိုက္သျဖင့္ ယင္းေခ်းေငြအား မည္သည့္နည္းလမ္းျဖင့္ ထုတ္ေခ်းမည္ဆိုသည့္ အေၾကာင္းရင္းႏွင့္ျဖစ္ေပၚလာသည့္ ေငြေၾကးေဖာင္းပြမႈအက်ဳိးဆက္စသည့္ ကိစၥရပ္မ်ားကို က်ယ္က်ယ္ ျပန္႔ျပန္႔ေဆြးေႏြးခဲ့ၾကရာ က်ပ္ ဘီလီယံ ၅၀၀ ထပ္မံရိုက္ႏိွပ္မႈေၾကာင့္ ေငြေၾကးေဖာင္းပြမႈ ျဖစ္ေပၚလာျခင္းရိွ၊ မရိွ ကိစၥသည္ ျပည္သူလူထုအၾကား စိုးရိမ္ပူပန္စရာကိစၥျဖစ္လာသည္။
ေမ ၂၅ ရက္ ႏိုင္ငံျခားေငြလဲလွယ္နႈန္းအရ အေမရိကန္တေဒၚလာ သည္ ၁၁၇၄ က်ပ္ ေပါက္ေဈးရိွရာ ေမ ၂၆ ရက္ေန႔တြင္ ၁၁၈၈ သို႔ ခုန္တက္သြားသည္။ သို႔ရာတြင္ ဘ႑ာေရးဌာန အၿမဲတမ္းအတြင္း၀န္ ဦးေမာင္ေမာင္၀င္းက ''ဘီလီယံ ၅၀၀ ကို ကြ်န္ေတာ္တို႔ကို ထုတ္ေခ်းမယ္။ အဲဒီပမာဏ အထိ ေငြစကၠဴေတြ ရိုက္ႏိွပ္ထုတ္ေ၀ေခ်းရမယ္ဆိုတာ အျပည့္အ၀မွန္ကန္ မႈမရိွပါဘူး။ တကယ္လိုအပ္လို႔ ေခ်းခဲ့ရင္ေတာင္ ဘီလီယံ ၅၀၀ ကို တခိ်န္တည္း တျပိဳင္တည္း ေခ်းယူမႈမဟုတ္ဘဲ လိုအပ္သေလာက္ကိုသာ အလီလီေခ်းယူတဲ့ ပံုစံမ်ဳိးနဲ႔ ရယူမွာျဖစ္ပါတယ္။ ပထမတခုကို ေခ်းယူျပီးရင္ ေနာက္ျပန္၀င္လာတာနဲ႔ ျပန္ေထမိတဲ့အခါ ေနာက္တခုထပ္လိုခ်င္မွ လိုေတာ့မွျဖစ္တယ္။ အရင္ယူ ထားတာကိုလည္း တႏွစ္အတြင္း အခိ်န္မီ ျပန္ဆပ္ႏိုင္ေအာင္ၾကိဳးစားမယ္။ ဒီလိုစနစ္နဲ႔သြားရင္ ေငြစကၠဴေတြရိုက္ႏိွပ္ ေခ်းယူရမယ္။ ေငြစကၠဴေတြ ေဖာင္းပြမႈျဖစ္မယ္ဆိုတဲ့ ဖိအားေတြ စိုးရိမ္စရာ မလိုေတာ့ပါဘူး'' ဟု ေျပာသည္။
ဆက္လက္ၿပီး ဦးေမာင္ေမာင္၀င္းက ''ဘီလီယံ ၅၀၀ လံုးလံုးလည္း ယူခ်င္မွယူျဖစ္မွာျဖစ္ပါတယ္။ ျမန္မာ့စီးပြားေရးဘဏ္ရဲ့အေျခအေနကို မူတည္ျပီး လံုး၀မလိုအပ္ရင္ လံုး၀မယူပါဘူး။ မနွစ္ကလည္း ဗဟိုဘဏ္ ကေန ဘီလီယံ ၄၀၀ ေခ်းယူမယ္လို႔ ၾကိဳတင္ညိွႏိႈင္းခဲ့ေပမယ့္ မယူျဖစ္ခဲ့ပါဘူး''ဟု ရွင္းျပသည္။
''ေငြေၾကးေဖာင္းပြမႈပိုမိုဆိုးရြားလာစရာအေၾကာင္း မရိွဘူး။ ဘတ္ဂ်က္ဥပေဒမွာ အစိုးရက က်ပ္ ၄ ထရီလီယံေခ်းခြင့္ရိွတယ္လို႔ ေျပာျပီးသားပါ။ အဲဒီ Limit ထဲက ဒီထက္မေက်ာ္တဲ့အတြက္ ေငြေၾကး ေဖာင္းပြမႈဆိုးရြားလာစရာမရိွဘူး။ ႏွစ္အခ်က္က ဗဟိုဘဏ္ကအတိုး ၄ ရာခိုင္ႏႈန္းနဲ႔ပဲေခ်းမွာ။ အရင္တုန္းက ျမန္မာ့စီးပြားေရးဘဏ္က ၈ ရာခိုင္ႏႈန္းနဲ႔ ေခ်းတယ္။ ၈ ရာခိုင္ႏႈန္းမွာ စိုက္ဘဏ္က ၄ ရာခိုင္ႏႈန္း တင္လိုက္တယ္။ ေက်းရြာဘဏ္က ၂ ရာခိုင္ႏႈန္း အတိုးတင္လိုက္တယ္။ လယ္သမားက ၁၄ ရာခိုင္ႏႈန္းအတိုးေပးရတယ္။ လယ္သမားကအရမ္း နစ္နာတယ္။ အခု ဗဟိုဘဏ္က လုပ္ျခင္းအားျဖင့္ လယ္သမားက အတိုး ၄ ရာခိုင္နႈန္း သက္သာသြားမယ္။ လယ္သမားေတြအတြက္ ေကာင္းတယ္။ အရင္တုန္းက ျမန္မာ့စီးပြားေရးဘဏ္က ႏိုင္ငံပိုင္စီးပြားေရးလုပ္ငန္းေတြကို ၄ ရာခိုင္ႏႈန္းနဲ႔ ေခ်းေနရတယ္။ ဒါေတြကို စိစစ္ျပီးေပးႏိုင္ရင္ေတာ့ အေျခအေနေကာင္းသြားမယ္။ ေငြေဖာင္းပြမႈ ဆိုးရြားစြာသက္ေရာက္မႈ မရိွဘူး'' ဟု စီးပြားေရးပညာရွင္တဦးက သံုးသပ္ျပသြားသည္။
ခ်စ္ျမိဳင္
Photo-BBC
News Watch(ေစာင့္ၾကည့္သတင္းဂ်ာနယ္)
https://www.facebook.com/NewsWatchJournal
............
၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ် တောင်သူလယ်သမားများသို့ စိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေးနိုင်ရန်လိုအပ် သော ဘဏ္ဍာငွေအတွက် ပြည်ထောင်စုအစိုးရအဖွဲ့က မြန်မာနိုင်ငံဗဟိုဘဏ်မှ ငွေကျပ်ဘီလီယံ ၅၀၀ ချေးယူခွင့်နှင့်စပ်လျဉ်း၍ မေ ၂၃ ရက်နေ့အစည်းအဝေးတွင် ပြည်ထောင်စုလွှတ်တော်က ကန့်ကွက်သူမရှိ အတည်ပြုခဲ့သည်။
အဆိုပါ စိုက်ပျိုးစရိတ်ချေးယူခွင့်နှင့် စပ်လျဉ်း၍ ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ် ၁၇ ဦးက အကြံပြုထောက်ခံဆွေးနွေးကြပြီး သက်ဆိုင်ရာတာဝန်ရှိသူများက တာဝန်ခံမှု၊ တာဝန်ယူမှုဖြင့် ဆောင်ရွက် သွားမည့်အစီအစဉ်များကို ရှင်းလင်းဆွေးနွေးကြသည်။ ယင်းသို့ဆွေးနွေးရာတွင် ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဒေါ်ခင်စောဦးက တောင်သူများအား စိုက်ပျိုးစရိတ်ထုတ်ချေးရန် ဗဟိုဘဏ်မှ ချေးယူမည့် ကျပ်ဘီလီယံ ၅၀၀ အတွက် ငွေစက္ကူအသစ်များ ရိုက်နှိပ်ထုတ်ဝေခြင်းနည်းလမ်းဖြင့် ဖြည့်ဆည်းရမည်ဖြစ်၍ ငွေကြေး ဖောင်းပွမှုအပေါ်တွင် ဖိအားများဖြစ်လာနိုင်ကြောင်း၊ ချေးငွေကို တောင်သူလယ်သမားများ လက်ဝယ်သို့ မှန်ကန်မြန်ဆန်စွာရောက်ရှိရေးနှင့် ယခုဘဏ္ဍာနှစ်၏ သတ်မှတ်သက်တမ်းအတွင်း ပြန်လည်ပေးဆပ်ပါက ငွေကြေးဖောင်းပွမှု လျော့နည်းမည်ဖြစ်ကြောင်း တင်ပြဆွေးနွေးခဲ့သည်။
''ဗဟိုဘဏ်က ထုတ်ချေးပေးတဲ့ ချေးငွေဖြစ်တဲ့အတွက် ငွေကြေးပမာဏကို တိုးလာစေတဲ့ တိုက်ရိုက် သက်ရောက်မှုရှိပြီးတော့ ငွေကြေးဖောင်းပွမှုအပေါ်မှာ ဖိအားများမှာဖြစ်ပါတယ်။ ဗဟိုဘဏ်က ချေးတဲ့ချေး ငွေဟာ (Printing Money) လို့ခေါ်တဲ့ ထုတ်ဝေမှုနဲ့ ဘီလီယံ ၅၀၀ ကို ဖြည့်ဆည်းပေးရမယ်ဆိုတဲ့အကြောင်း တင်ပြလိုပါတယ်။ ဒါကြောင့် ငွေကြေးဖောင်းပွမှုအပေါ်မှာ ဖိအားများမယ်ဆိုတဲ့အကြောင်း တင်ပြချင်ပါတယ်'' ဟု ဒေါ်ခင်စောဦးက ပြောသည်။
လွှတ်တော်ကိုယ်စားလှယ်များဖြစ်ကြသော ဒေါ်သက်သက်ခိုင်နှင့် ဦးသန်းစိုးတို့ကလည်း ဗဟိုဘဏ်မှ ထိုကဲ့သို့ ချေးငွေရယူလိုက်သဖြင့် ယင်းချေးငွေအား မည်သည့်နည်းလမ်းဖြင့် ထုတ်ချေးမည်ဆိုသည့် အကြောင်းရင်းနှင့်ဖြစ်ပေါ်လာသည့် ငွေကြေးဖောင်းပွမှုအကျိုးဆက်စသည့် ကိစ္စရပ်များကို ကျယ်ကျယ် ပြန့်ပြန့်ဆွေးနွေးခဲ့ကြရာ ကျပ် ဘီလီယံ ၅၀၀ ထပ်မံရိုက်နှိပ်မှုကြောင့် ငွေကြေးဖောင်းပွမှု ဖြစ်ပေါ်လာခြင်းရှိ၊ မရှိ ကိစ္စသည် ပြည်သူလူထုအကြား စိုးရိမ်ပူပန်စရာကိစ္စဖြစ်လာသည်။
မေ ၂၅ ရက် နိုင်ငံခြားငွေလဲလှယ်နှုန်းအရ အမေရိကန်တဒေါ်လာ သည် ၁၁၇၄ ကျပ် ပေါက်ဈေးရှိရာ မေ ၂၆ ရက်နေ့တွင် ၁၁၈၈ သို့ ခုန်တက်သွားသည်။ သို့ရာတွင် ဘဏ္ဍာရေးဌာန အမြဲတမ်းအတွင်းဝန် ဦးမောင်မောင်ဝင်းက ''ဘီလီယံ ၅၀၀ ကို ကျွန်တော်တို့ကို ထုတ်ချေးမယ်။ အဲဒီပမာဏ အထိ ငွေစက္ကူတွေ ရိုက်နှိပ်ထုတ်ဝေချေးရမယ်ဆိုတာ အပြည့်အဝမှန်ကန် မှုမရှိပါဘူး။ တကယ်လိုအပ်လို့ ချေးခဲ့ရင်တောင် ဘီလီယံ ၅၀၀ ကို တချိန်တည်း တပြိုင်တည်း ချေးယူမှုမဟုတ်ဘဲ လိုအပ်သလောက်ကိုသာ အလီလီချေးယူတဲ့ ပုံစံမျိုးနဲ့ ရယူမှာဖြစ်ပါတယ်။ ပထမတခုကို ချေးယူပြီးရင် နောက်ပြန်ဝင်လာတာနဲ့ ပြန်ထေမိတဲ့အခါ နောက်တခုထပ်လိုချင်မှ လိုတော့မှဖြစ်တယ်။ အရင်ယူ ထားတာကိုလည်း တနှစ်အတွင်း အချိန်မီ ပြန်ဆပ်နိုင်အောင်ကြိုးစားမယ်။ ဒီလိုစနစ်နဲ့သွားရင် ငွေစက္ကူတွေရိုက်နှိပ် ချေးယူရမယ်။ ငွေစက္ကူတွေ ဖောင်းပွမှုဖြစ်မယ်ဆိုတဲ့ ဖိအားတွေ စိုးရိမ်စရာ မလိုတော့ပါဘူး'' ဟု ပြောသည်။
ဆက်လက်ပြီး ဦးမောင်မောင်ဝင်းက ''ဘီလီယံ ၅၀၀ လုံးလုံးလည်း ယူချင်မှယူဖြစ်မှာဖြစ်ပါတယ်။ မြန်မာ့စီးပွားရေးဘဏ်ရဲ့အခြေအနေကို မူတည်ပြီး လုံးဝမလိုအပ်ရင် လုံးဝမယူပါဘူး။ မနှစ်ကလည်း ဗဟိုဘဏ် ကနေ ဘီလီယံ ၄၀၀ ချေးယူမယ်လို့ ကြိုတင်ညှိနှိုင်းခဲ့ပေမယ့် မယူဖြစ်ခဲ့ပါဘူး''ဟု ရှင်းပြသည်။
''ငွေကြေးဖောင်းပွမှုပိုမိုဆိုးရွားလာစရာအကြောင်း မရှိဘူး။ ဘတ်ဂျက်ဥပဒေမှာ အစိုးရက ကျပ် ၄ ထရီလီယံချေးခွင့်ရှိတယ်လို့ ပြောပြီးသားပါ။ အဲဒီ Limit ထဲက ဒီထက်မကျော်တဲ့အတွက် ငွေကြေး ဖောင်းပွမှုဆိုးရွားလာစရာမရှိဘူး။ နှစ်အချက်က ဗဟိုဘဏ်ကအတိုး ၄ ရာခိုင်နှုန်းနဲ့ပဲချေးမှာ။ အရင်တုန်းက မြန်မာ့စီးပွားရေးဘဏ်က ၈ ရာခိုင်နှုန်းနဲ့ ချေးတယ်။ ၈ ရာခိုင်နှုန်းမှာ စိုက်ဘဏ်က ၄ ရာခိုင်နှုန်း တင်လိုက်တယ်။ ကျေးရွာဘဏ်က ၂ ရာခိုင်နှုန်း အတိုးတင်လိုက်တယ်။ လယ်သမားက ၁၄ ရာခိုင်နှုန်းအတိုးပေးရတယ်။ လယ်သမားကအရမ်း နစ်နာတယ်။ အခု ဗဟိုဘဏ်က လုပ်ခြင်းအားဖြင့် လယ်သမားက အတိုး ၄ ရာခိုင်နှုန်း သက်သာသွားမယ်။ လယ်သမားတွေအတွက် ကောင်းတယ်။ အရင်တုန်းက မြန်မာ့စီးပွားရေးဘဏ်က နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းတွေကို ၄ ရာခိုင်နှုန်းနဲ့ ချေးနေရတယ်။ ဒါတွေကို စိစစ်ပြီးပေးနိုင်ရင်တော့ အခြေအနေကောင်းသွားမယ်။ ငွေဖောင်းပွမှု ဆိုးရွားစွာသက်ရောက်မှု မရှိဘူး'' ဟု စီးပွားရေးပညာရှင်တဦးက သုံးသပ်ပြသွားသည်။
ချစ်မြိုင်
Photo-BBC
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal
ျမန္မာႏုိင္ငံေတာင္သူလယ္သမားသမဂၢအဖြဲ႔ ဥကၠဌ မစုစုေႏြးကို ျပင္ဦးလြင္ၿမိဳ႕နယ္ ဧဒင္ မုိတယ္မွာ က်င္းပခဲ့တဲ႔ လူ႕အခြင့္အေရးေဟာေျပာပြဲအၿပီး ျပင္ဦးလြင္ ရဲစခန္းက လာေရာက္ဖမ္းဆီးသြားတယ္လို႔ သိရပါတယ္။
ၿပီးခဲ႔တဲ႔ တစ္ႏွစ္ခြဲက ျပင္ဦးလြင္ၿမိဳ႕နယ္က ေတာင္သူလယ္သမားအေရးမွာ ဆႏၵျပခဲ႔တဲ႔အတြက္ အမႈဖြင့္ထားတဲ့အေပၚ ဒီကေန႔ ဖမ္းဆီးခံရတာျဖစ္တယ္လို႔ မစုစုေႏြးရဲ႕ခင္ပြန္းျဖစ္သူ ကိုမာကီး က ေျပာပါတယ္။
"ျဖစ္ခဲ့တဲ့အမႈက လြန္ခဲ့တဲ့တစ္ႏွစ္ခြဲေလာက္က ျပင္ဦးလြင္မွာမစုစုေႏြးဦးေဆာင္ၿပီးေတာ့ ျမန္မာႏိုင္ငံေတာင္သူ လယ္သမားသမဂၢကေနၿပီးေတာ့ ဆႏၵထုတ္ေဖာ္ပြဲလုပ္ခဲ့ၾကတယ္၊ လုပ္ရတဲ့အေၾကာင္းရင္းက လယ္ယာေျမ မတရား သိမ္းတဲ့ပိုင္ရွင္ကေနၿပီးေတာ့ သူရဲ႕လယ္ေျမထဲမွာ လူမိုက္ေတြကို ငွားရမ္းထားၿပီးေတာ့ အဲ့လူမိုက္ေတြက လယ္သမားေတြကိုေခၚၿပီးေတာ့ ရိုက္ႏွက္မႈေတြျဖစ္ခဲ့ၾကတယ္၊ လယ္သမား ၄ ေယာက္ ေဆးရံုတင္ ရတယ္ေပါ့ေနာ္၊ အဲ့တရားခံေတြကို ညမွဖမ္းၿပီး မနက္မွာျပန္လႊတ္ေပး လိုက္တယ္၊ အဲ့ကိစၥကိုလယ္သမားေတြကမေက်နပ္ပဲ ဆႏၵထုတ္ေဖာ္မယ္ဆိုၿပီး မစုစုေႏြးဦးေဆာင္ ၿပီးဆႏၵျပခဲ့ၾကတာ၊ အဲ့ဒါကိုခြင့္ျပဳခ်က္မဲ့ဆႏၵျပတယ္ဆိုၿပီးေတာ့ သူတို႔ အမႈဖြင့္ခဲ့ၾကတယ္"
မစုစုေႏြးကို ျပင္ဦးလြင္ၿမိဳ႕မ ရဲစခန္းမွာ ေခၚယူစစ္ေဆးေနတာျဖစ္ၿပီး ရဲစခန္းက အာမခံေပးမယ့္ အေျခအေန ရွိေပမယ့္ မစုစုေႏြးက အာမခံယူမွာ မဟုတ္ဘူးလို႔ လည္း ကိုမာကီးက ေျပာပါတယ္။
အဲဒီဆႏၵျပမႈမွာ ပါ၀င္ခဲ႔တဲ႔ ျပင္ဦးလြင္ၿမိဳ႕နယ္က ျမန္မာႏိုင္ငံေတာင္သူလယ္သမားသမၼဂ အဖြဲ႔၀င္ေတြနဲ႔ လယ္သမား ၈ ဦးေလာက္ကိုလည္း တရားမ၀င္စီတန္း လွည့္လည္ျခင္း ပုဒ္မ ၁၈ နဲ႔ တရားစြဲခံထားရတယ္လို႔ သိရပါတယ္။
မစုစုေႏြးအပါအ၀င္ အဲဒီေတာင္သူေတြကို ဒီဇင္ဘာ ၆ ရက္ေန႔ ျပင္ဦးလြင္ ၿမိဳ႕နယ္ တရားရံုးမွာ အမႈစတင္ စစ္ေဆးမယ္ လု႔ိ သိရပါတယ္။
RFA
..................
မြန်မာနိုင်ငံတောင်သူလယ်သမားသမဂ္ဂအဖွဲ့ ဥက္ကဌ မစုစုနွေးကို ပြင်ဦးလွင်မြို့နယ် ဧဒင် မိုတယ်မှာ ကျင်းပခဲ့တဲ့ လူ့အခွင့်အရေးဟောပြောပွဲအပြီး ပြင်ဦးလွင် ရဲစခန်းက လာရောက်ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ တစ်နှစ်ခွဲက ပြင်ဦးလွင်မြို့နယ်က တောင်သူလယ်သမားအရေးမှာ ဆန္ဒပြခဲ့တဲ့အတွက် အမှုဖွင့်ထားတဲ့အပေါ် ဒီကနေ့ ဖမ်းဆီးခံရတာဖြစ်တယ်လို့ မစုစုနွေးရဲ့ခင်ပွန်းဖြစ်သူ ကိုမာကီး က ပြောပါတယ်။
"ဖြစ်ခဲ့တဲ့အမှုက လွန်ခဲ့တဲ့တစ်နှစ်ခွဲလောက်က ပြင်ဦးလွင်မှာမစုစုနွေးဦးဆောင်ပြီးတော့ မြန်မာနိုင်ငံတောင်သူ လယ်သမားသမဂ္ဂကနေပြီးတော့ ဆန္ဒထုတ်ဖော်ပွဲလုပ်ခဲ့ကြတယ်၊ လုပ်ရတဲ့အကြောင်းရင်းက လယ်ယာမြေ မတရား သိမ်းတဲ့ပိုင်ရှင်ကနေပြီးတော့ သူရဲ့လယ်မြေထဲမှာ လူမိုက်တွေကို ငှားရမ်းထားပြီးတော့ အဲ့လူမိုက်တွေက လယ်သမားတွေကိုခေါ်ပြီးတော့ ရိုက်နှက်မှုတွေဖြစ်ခဲ့ကြတယ်၊ လယ်သမား ၄ ယောက် ဆေးရုံတင် ရတယ်ပေါ့နော်၊ အဲ့တရားခံတွေကို ညမှဖမ်းပြီး မနက်မှာပြန်လွှတ်ပေး လိုက်တယ်၊ အဲ့ကိစ္စကိုလယ်သမားတွေကမကျေနပ်ပဲ ဆန္ဒထုတ်ဖော်မယ်ဆိုပြီး မစုစုနွေးဦးဆောင် ပြီးဆန္ဒပြခဲ့ကြတာ၊ အဲ့ဒါကိုခွင့်ပြုချက်မဲ့ဆန္ဒပြတယ်ဆိုပြီးတော့ သူတို့ အမှုဖွင့်ခဲ့ကြတယ်"
မစုစုနွေးကို ပြင်ဦးလွင်မြို့မ ရဲစခန်းမှာ ခေါ်ယူစစ်ဆေးနေတာဖြစ်ပြီး ရဲစခန်းက အာမခံပေးမယ့် အခြေအနေ ရှိပေမယ့် မစုစုနွေးက အာမခံယူမှာ မဟုတ်ဘူးလို့ လည်း ကိုမာကီးက ပြောပါတယ်။
အဲဒီဆန္ဒပြမှုမှာ ပါ၀င်ခဲ့တဲ့ ပြင်ဦးလွင်မြို့နယ်က မြန်မာနိုင်ငံတောင်သူလယ်သမားသမ္မဂ အဖွဲ့ဝင်တွေနဲ့ လယ်သမား ၈ ဦးလောက်ကိုလည်း တရားမဝင်စီတန်း လှည့်လည်ခြင်း ပုဒ်မ ၁၈ နဲ့ တရားစွဲခံထားရတယ်လို့ သိရပါတယ်။
မစုစုနွေးအပါအဝင် အဲဒီတောင်သူတွေကို ဒီဇင်ဘာ ၆ ရက်နေ့ ပြင်ဦးလွင် မြို့နယ် တရားရုံးမှာ အမှုစတင် စစ်ဆေးမယ် လို့ သိရပါတယ်။
RFA
 |
| ေရတံခြန္ေတာင္
ေဂါက္ကြင္းစီမံကိန္း တည္ေဆာက္ဖို႔ ေရၾကည္ေညာင္ပင္စံျပေက်းရြာကေန
သိမ္းယူခဲ့တဲ့ေျမေတြအေပၚမွာ စက္တင္ဘာလ ၂၅ ရက္ေန႔က ေတာင္သူေတြ ထြန္ယက္ၾကစဥ္။
Photo: Nay Thwae/RFA |
အထက္ျမန္မာျပည္ဘက္မွာ လယ္သမားအလုပ္သမားေရး ကူညီေဆာင္ရြက္ေပးေနတဲ့
လယ္သမားအလုပ္သမား အက်ိဳးစီးပြား ကူညီေဆာင္ရြက္သူမ်ားကြန္ရက္ (FNIFL) အဖြဲ႔က
ေခါင္းေဆာင္တစ္ေယာက္ျဖစ္တဲ့ ကိုမ်ိဳးဝင္းကို ရွမ္းျပည္နယ္ေျမာက္ပိုင္း
မဘိန္းၿမိဳ႕နယ္ ငအိုးရြာမွာ ေအာက္တိုဘာလ ၂၈ ရက္ေန႔က ဖမ္းဆီးလိုက္ပါတယ္။
သူဟာ လယ္သမားေတြကို ကူညီလို႔ ပိုင္နက္က်ဴးလြန္မႈ၊
အက်ိဳးစီးပြားဖ်က္ဆီးမႈေတြနဲ႔ တရားစြဲဆုိခံထားရသလို၊ ၿပီးခဲ့တဲ့
သတင္းပတ္ကျဖစ္ခဲ့တဲ့ ေရတံခြန္ေဂါက္ကြင္းရဲ့ ပိုလွ်ံလယ္ေျမမွာ
ထြန္တံုးတိုက္ပြဲဝင္ခဲ့တဲ့ လယ္သမားေတြ ကို ကူညီခဲ့ပါတယ္။
အဲဒီလိုကူညီတဲ့အတြက္ မႏၱေလးတိုင္းအစိုးရက ဖမ္းဆီးခံလိုက္ရတာလို႔ လယ္သမား
အလုပ္သမား အက်ိဳးစီးပြား ကူညီေဆာင္ရြက္သူမ်ားကြန္ရက္ရဲ့
အထက္ျမန္မာျပည္ေခါင္းေဆာင္ ဦးကိုႀကီးက RFA ကိုေျပာပါတယ္။
"က်ေနာ္တို႔အဖြဲ႕ရဲ႕ ေခါင္းေဆာင္တစ္ေယာက္ျဖစ္တဲ့ ကိုမ်ဳိးဝင္း ကို
ေရတံခြန္ေဂါက္ကြင္း ထြန္တံုးတိုက္ပြဲနဲ႔ ပတ္သက္ၿပီး အၿငိဳးအေတးျပဳၿပီး
စစ္ကိုင္းတိုင္းဝန္ႀကီးခ်ဳပ္ အမိန္႔နဲ႔ ဖမ္းခံရတယ္လို႔ သိေနပါတယ္"
ကိုမ်ိဳးဝင္းနဲ႔အတူ လယ္သမား ၅ ေယာက္ကိုလည္း ပိုင္နက္က်ဴးလြန္မႈ၊
အက်ိဳးစီးပြားဖ်က္ဆီးမႈေတြနဲ႔ တရားစြဲထားတာရွိပါတယ္။ အခုေတာ့
ကိုမ်ိဳးဝင္းကို မႏၱေလး အိုးဘိုအက်ဥ္းေထာင္ကို ပို႔ထားတယ္လို႔ သိရပါတယ္။
RFA Burmese
http://www.rfa.org/burmese
......................... ရေတံခွန်တောင် ဂေါက်ကွင်းစီမံကိန်း တည်ဆောက်ဖို့ ရေကြည်ညောင်ပင်စံပြကျေးရွာကနေ သိမ်းယူခဲ့တဲ့မြေတွေအပေါ်မှာ စက်တင်ဘာလ ၂၅ ရက်နေ့က တောင်သူတွေ ထွန်ယက်ကြစဉ်။ Photo: Nay Thwae/RFA
အထက်မြန်မာပြည်ဘက်မှာ လယ်သမားအလုပ်သမားရေး ကူညီဆောင်ရွက်ပေးနေတဲ့ လယ်သမားအလုပ်သမား အကျိုးစီးပွား ကူညီဆောင်ရွက်သူများကွန်ရက် (FNIFL) အဖွဲ့က ခေါင်းဆောင်တစ်ယောက်ဖြစ်တဲ့ ကိုမျိုးဝင်းကို ရှမ်းပြည်နယ်မြောက်ပိုင်း မဘိန်းမြို့နယ် ငအိုးရွာမှာ အောက်တိုဘာလ ၂၈ ရက်နေ့က ဖမ်းဆီးလိုက်ပါတယ်။
သူဟာ လယ်သမားတွေကို ကူညီလို့ ပိုင်နက်ကျူးလွန်မှု၊ အကျိုးစီးပွားဖျက်ဆီးမှုတွေနဲ့ တရားစွဲဆိုခံထားရသလို၊ ပြီးခဲ့တဲ့ သတင်းပတ်ကဖြစ်ခဲ့တဲ့ ရေတံခွန်ဂေါက်ကွင်းရဲ့ ပိုလျှံလယ်မြေမှာ ထွန်တုံးတိုက်ပွဲဝင်ခဲ့တဲ့ လယ်သမားတွေ ကို ကူညီခဲ့ပါတယ်။ အဲဒီလိုကူညီတဲ့အတွက် မန္တလေးတိုင်းအစိုးရက ဖမ်းဆီးခံလိုက်ရတာလို့ လယ်သမား အလုပ်သမား အကျိုးစီးပွား ကူညီဆောင်ရွက်သူများကွန်ရက်ရဲ့ အထက်မြန်မာပြည်ခေါင်းဆောင် ဦးကိုကြီးက RFA ကိုပြောပါတယ်။
"ကျနော်တို့အဖွဲ့ရဲ့ ခေါင်းဆောင်တစ်ယောက်ဖြစ်တဲ့ ကိုမျိုးဝင်း ကို ရေတံခွန်ဂေါက်ကွင်း ထွန်တုံးတိုက်ပွဲနဲ့ ပတ်သက်ပြီး အငြိုးအတေးပြုပြီး စစ်ကိုင်းတိုင်းဝန်ကြီးချုပ် အမိန့်နဲ့ ဖမ်းခံရတယ်လို့ သိနေပါတယ်"
ကိုမျိုးဝင်းနဲ့အတူ လယ်သမား ၅ ယောက်ကိုလည်း ပိုင်နက်ကျူးလွန်မှု၊ အကျိုးစီးပွားဖျက်ဆီးမှုတွေနဲ့ တရားစွဲထားတာရှိပါတယ်။ အခုတော့ ကိုမျိုးဝင်းကို မန္တလေး အိုးဘိုအကျဉ်းထောင်ကို ပို့ထားတယ်လို့ သိရပါတယ်။
RFA Burmese
http://www.rfa.org/burmese
ၿပီးခဲ့တဲ ကာလတုန္းက စစ္အာဏာရွင္ လက္ေအာက္မွာ လယ္ယာ ၿခံေျမမ်ား မတရား အသိမ္းခံရကာ ယေန႔အထိ စစ္တပ္တစ္တပ္ရဲ့ ေျမယာသိမ္းပိုက္မႈကို ခံခဲ့ရေသာ ၿခံပိုင္ရွင္ တစ္ဦးက ငိုရႈိက္သံနဲ႔ “ ငါ့ၿခံ ငါ့ကိုျပန္ေပး၊ ငါ့မွာ လုပ္စားစရာ ဘာမွမရွိေတာ့
ဘူး၊ငါ့ၿခံ ငါ့ကိုျပန္ေပး ၾကပါ” ဟု နံနက္မိုးလင္းတိုင္း တစ္ေယာက္တည္း အိမ္ကျပင္မွာထိုင္ကာ ရႈိက္သံနဲ႔ သူ႐ူးတစ္ေယာက္ပမာ တစာစာ ပူေဆြးေနဆဲပါ။
၎သည္ မြန္ျပည္နယ္၊ သံျဖဴဇရပ္ၿမိဳ႕နယ္၊ ပငေက်းရြာမွ အသက္ (၇၀) ရွိၿပီးျဖစ္ေသာ လယ္သမား ႏိုင္ထြန္းသီ ျဖစ္သည္။ ၎၏ေရာ္ဘာၿခံကို မြန္ျပည္နယ္၊ သံျဖဴဇရပ္ၿမိဳ႕ အေျခစိုက္ အမွတ္ (၃၁၅) အျေမွာက္တပ္ တပ္ရင္းက သိမ္းပိုက္လိုက္ေသာေၾကာင့္ ႏိုင္ထြန္းသီရဲ့ ဘဝဟာ ထိုအေျခအေနသို႔ ေရာက္ခဲ့ရပါတယ္။ ထိုအျပင္ လူအေယာက္ (၄၀) ေက်ာ္ေက်ာ္တို႔ရဲ့ ေရာ္ဘာၿခံ ဧကေပါင္း (၄၀၀) ေက်ာ္ေက်ာ္ သည္လည္း သိမ္းပိုက္ခံခဲ့ရပါတယ္။
၂၀၀၀ ခုႏွစ္မွ ၂၀၀၃ အထိ ဝယ္ကလီ တပ္မေတာ္ တန္းျမင့္ေလ့က်င့္ေရး စစ္သင္တန္းေက်ာင္း အပါအဝင္ သံျဖဴဇရပ္ၿမိဳ႕နယ္မွ ေရးၿမိဳ႕နယ္ တစ္ေလ်ွာက္ စစ္တပ္က သိမ္းပိုက္လိုက္တဲ့ ေျမဧကေပါင္း (၈၀၀၀) ခန္႔ ရွိေၾကာင္းမြန္လူ႔အခြင့္အေရးေဖာင္ေဒးရွင္း HURFOM ရဲ့ ၂၀၁၃ ခုႏွစ္ ‘No Land to Farm’ (စိုက္ပ်ိဳးစရာေျမမရွိၿပီ) အမည္ရွိ အစီရင္ခံစာတြင္ ေပၚျပထားပါတယ္။
သမၼတ ဦးသိန္းစိန္ အစိုးရ တက္လာၿပီးတဲ့ေနာက္ပိုင္ စစ္အစိုးရ လက္ထက္သိမ္းပိုက ခံခဲ့ရတဲ့ ေျမေတြကို မြန္လြွတ္ေတာ္ ကိုယ္စားလွယ္တို႔၏ တြန္းအားေၾကာင့္ မြန္ေတာင္သူ လယ္သမားမ်ားက မိမိတို႔လယ္ယာေျမ ျပန္လည္ရရွိေရးကို ထပ္မံေတာင္းဆိုလာၾကတာပါ။
အသိမ္းခံ ေျမယာေတာင္းဆိုေရးကိစၥ ျပန္လည္ဦးေမာ့လာေသာေၾကာင့္ ၂၀၁၂ ခုႏွစ္ ၾသဂုတ္လတြင္ သမၼတ ဦးသိန္းစိန္ အစိုးရက “လယ္ယာေျမႏွင့္ အျခားေျမမ်ား သိမ္းဆည္း ခံရမႈေၾကာင့္ ျပည္သူမ်ား နစ္နာမႈမရွိေစေရးအတြက္ စံုစမ္းေရးေကာ္မရွင္”ကို ဖြဲ႕စည္းေပးခဲ့တယ္။
ေကာ္မရွင္၏ လုပ္ငန္းစဥ္ေတြက (၁) စံုစမ္းေရး (၂) သံုးသပ္ေရး (၃) အႀကံျပဳေရး မ်ားပင္ ျဖစ္တယ္။ အသိမ္းခံ လယ္ယာေျမႏွင့္ ၿခံေျမမ်ားကိစၥ အေကာင္အထည္ေဖၚ ေဆာင္ရြက္ေနစဥ္ ေကာ္မရွင္ စဖြဲ႕သည့္ ၂၀၁၂ ခုႏွစ္မွ ၂၀၁၅ ေဖေဖၚဝါရီ (၂၅) ရက္ေန႔အထိ အေၾကာင္းျပခ်က္မရွိဘဲ လယ္ယာေျမသိမ္းပိုက္မႈ တိုင္ၾကားစာ အမႈတြဲေပါင္း (၁၃၆၃၂) လကၡံရရွိထားတဲ့အေၾကာင္း စံုစမ္းေရးေကာ္မရွင္မွ သက္ဆိုင္ရာသို႔ တင္ျပထားေသာ္လည္း ေဆာင္ရြက္ႏိုင္ျခင္း မရွိပါ။ သိမ္းဆည္း လယ္ယာေျမမ်ားကို ေတာင္သူ လယ္သမားမ်ားထံ ျပန္လည္လြွဲေျပာင္းေပးမယ္လို႔ သတင္းထုတ္ထားေပမယ့္္လည္း ျပန္လည္လြွဲေျပာင္းေပးအပ္ခဲ့တာ အင္မတန္ နည္းပါးေနပါတယ္။
မြန္ေဒသအတြင္းရွိ အသိမ္းပိုက္ခံ လယ္ယာေျမ ကိစၥကို မြန္ေတာင္သူ လယ္သမားမ်ားက မြန္လြွတ္ေတာ္ ကိုယ္စားလွယ္မ်ားကိုသာ အားကိုးလာၾကသလို မြန္လြွတ္ေတာ္ ကိုယ္စားလွယ္ ေတြကလည္း ၎တို႔ စြမ္းေဆာင္ႏိုင္သမ်ွ လြွတ္ေတာ္ အဆင့္ဆင့္သို႔ တင္သြင္းျခင္းႏွင့္ တင္ျပလြွာကိစၥ မည္သို႔မည္ပံု လုပ္ေဆာင္ရမည္ကို ဝိုင္းဝန္းေဆာင္ရြက္ေပးၾကပါတယ္။ သို႔ေသာ္ အုပ္ခ်ဳပ္ေရးပိုင္းက အေရးမထား လယ္ယာသိမ္းပိုက္ထား တပ္ေတြကလည္း အေရးမလုပ္ဘဲ တိတ္ဆိတ္ေနၾကဆဲပင္။
ျပန္လည္ ရႏိုင္ေျခရွိတဲ့ ေျမယာမ်ား ရွိေနေသာ္လည္း ယေန႔ထိ အေကာင္အထည္ မေပၚေသးေပ။ အသိမ္းပိုက္ခံခဲ့ရေသာ ေျမယာမ်ားသည္ မ်ားေသာအားျဖင့္ အစိုးရ တပ္ဖြဲ႕ေတြ အေျခစိုက္ထားတာေၾကာင့္ မူလပိုင္ရွင္မ်ားထံ ျပန္လည္ေပးအပ္ဖို႔က လြယ္ကူမည္မဟုတ္ပါ။
လူမႈေရးႏွင့္ အသက္ေမြးဝမ္းေက်ာင္းမႈအေပၚ အက်ိဳးသက္ေရာက္မႈ
(က) မိသားစုအေပၚ ႐ိုက္ခတ္မႈအေျခေန
မြန္ျပည္နယ္၊ သံျဖဴဇရပ္ၿမိဳ႕ရွိ အမွတ္ (၃၁၅) အျေမွာက္တပ္ရင္း သိမ္းပိုက္ခဲ့တဲ့ ေျမယာမ်ားတြင္ အသိမ္းပိုက္ခံ ပငေက်းရြာ၊ ဝယ္ကလီေက်းရြာ၊ ဝါရက္ေက်းရြာမ်ားမွ ၿခံပိုင္ရွင္ အေယာက္ (၄၀)ေက်ာ္တို႔၏ ၿခံေျမမ်ား ဆံုးရႈံးခဲ့ရၿပီး အလုပ္လက္မဲ့ျဖစ္ကာ ထိုင္းႏိုင္ငံအတြင္း ေရြ႕ေျပာင္းဝင္ေရာက္ လုပ္ကိုင္ၾကရပါတယ္။
မိမိတို႔ လုပ္ကိုင္ စားေသာက္ရမည့္ ၿခံမ်ားဆံုးရႈံးသြားသျဖင့္ လူငယ္ႏွင့္ လူလတ္ပိုင္မ်ား ရြာမွထြက္ကာ ထိုင္းႏိုင္ငံသို႔ အလုပ္ သြားလုပ္ၾကေသာေၾကာင့္ ရြာမွာ က်န္ရွိေနေသာ သက္ႀကီးရြယ္အိုမ်ား အလုပ္လက္မဲ့မ်ား ျဖစ္ၾကၿပီး ၎တို႔ စားဝတ္ေနေရးအတြက္ ထိုင္းမွ ေပးပို႔မည့္ သားသမီးတို႔၏ ဝင္ေငြမ်ားကို တေခၚေခၚႏွင့္ အိမ္မွာေမ်ွာ္ေနၾကရရွာတယ္။
(ခ) စီးပြားေရးအေပၚ ႐ိုက္ခတ္မႈ
သိမ္းဆည္းခံရေသာ ၿခံပိုင္ရွင္မ်ားသည္ သာမန္လူတန္းစာအဆင့္သာျဖစ္တယ္။ ခ်မ္းသာကႊယ္ဝမႈ မရွိပါ။ ယခင္ေစ်းႏႈန္းႏွင့္ ေျမကြက္ဝယ္ယူကာ ေရာ္ဘာစိုက္ပ်ိဳး လုပ္ကိုင္ခဲ့ၾကၿပီး တခ်ိဳ႕ေသာ ၿခံေတြဟာ ၿခံလုပ္သားငွားခႏွင့္ ဓါတ္ေျမၾသဇာ က်ေြးဖို႔အတြက္ အတိုးနဲ႔ေငြေခ်းယူၿပီး လုပ္ကိုင္တာလည္းရွိခဲ့တယ္။ ေရာ္ဘာထြက္ခ်ိန္ေရာက္ေတာ့ စစ္တပ္ကို အခြန္ေပးရသည့္အတြက္ အရင္လည္းမရ ေခ်းေငြကိစၥလည္း ျပႆနာတက္ သည္လို အခက္အခဲ ႀကံဳေနရတဲ့ၾကားက ၿခံပါသိမ္းဆည္းခံရျပန္ေတာ့ ဘာမွမက်န္းေတာ့တဲ့ဘဝမွာ အေကႊးဆပ္ဖို႔အတြက္ ႐ုန္းကန္ရျပန္ပါတယ္။
(ဂ) အျေမွာက္တပ္ တစ္တပ္၏ ႏွစ္စဥ္ဝင္ေငြ
၂၀၀၇-၈ ခုႏွစ္မွစၿပီး စစ္တပ္မွ အခြန္စတင္ေကာက္ခံခဲ့ရာ တစ္လလ်င္ ေရာ္ဘာတစ္ပင္ကို ၂၅၀ က်ပ္ႏႈန္းႏွင့္ တစ္ႏွစ္မွာ (၂) ခါသြင္းရပါတယ္။ ထိုႏွစ္မွစၿပီး ၂၀၁၂-၁၃ အၿပီးအပိုင္ သိမ္းဆည္းတဲ့ႏွစ္ ေရာက္ေတာ့ တစ္လလ်င္ တစ္ပင္ကို ၄၀၀ က်ပ္ႏႈန္းႏွင့္ ေပးသြင္းရျပန္တယ္။ ၎တပ္၏ ဝန္းက်င္တြင္ ၿခံေျမဧရိယာ (၄၈၀) ဧက ရွိၿပီး ၿခံပိုင္ရွင္က (၆၅) ဦးရွိတယ္။ တစ္ႏွစ္စာအတြက္ အၾကမ္းအားျဖင့္ တြက္လ်င္ တစ္ဧကတြင္ အနည္းဆံုး အပင္ (၂၅၀) ၊ တစ္ပင္ကို ၄၀၀ က်ပ္ႏႈန္း၊ ဧကေပါင္းက ၄၈၀ ဆိုေတာ့ (၂၅၀×၄၀၀×၄၈၀=၄၈ ၀၀၀ ၀၀ဝိ) တႏွစ္မွာ အနည္းဆံု တပ္တြင္း ဝင္ေငြက က်ပ္ေငြ ၄၈ သန္းခန္႔ရွိပါသည္။(တစ္ဧက အပင္ အနည္းဆံုးႏႈန္းျဖင့္ တြက္ခ်က္ထား)။
(ဃ) ေရာ္ဘာၿခံ၏တန္ဖိုး
ၿခံေျမမ်ားကို စစ္တပ္က သိမ္းဆည္းခ်ိန္တြင္ တပ္ဝန္းက်င္ၿခံ တစ္ဧကမွာ အပင္ ၂၅၀ မွ ၃၀၀ အထိ ရွိၿပီး ကာလတန္ဖိုးမွာ သိန္း (၂၀၀) ဝန္းက်င္ခန္႔ရွိပါတယ္ မ်ားေသာအားျဖင့္ အပင္သက္တမ္း ၁၀ ႏွစ္ အထက္ရွိၿပီး အားလံုး အေစးလွီးျခစ္ရေသာ အပင္၊ ၿခံအရြယ္အစားက အပင္ ၇၀၀ ရွိေသာၿခံ၊ ၁၀၀၀ ရွိေသာၿခံ၊ ၂၀၀၀ ရွိေသာၿခံ စသည္ျဖင့္ အရြယ္အစား မတူညီၾကပါ။ မ်ားေသာအားျဖင့္ ငယ္ေသာၿခံက မ်ားပါတယ္။ မည္သို႔ဆိုေစကာမူ ၿခံေျမတစ္ဧကကို သိန္း ၂၀၀ ႏႈန္းႏွင့္တြက္လ်င္ (ဧက ၄၈၀ ကို က်ပ္ သိန္း ၂၀၀ ႏွင့္ျေမွာက္လ်င္ က်ပ္ သန္းကိုးရာေျခာက္ဆယ္ (၉,၆၀၀,၀၀၀,၀၀၀) တန္ဖိုး ရွိပါတယ္။
စစ္တပ္က လယ္ယာေျမဆက္လက္သိမ္းဆည္းထား
သိမ္းဆည္းခံရေသာ ၿခံပိုင္ရွင္မ်ားသည္ ၎တို႔၏ေျမ ျပန္လည္ရႏိုင္ေျခ မရွိေသာေၾကာင့္ အလုပ္လက္မဲ့ျဖစ္ကာ ထိုင္းႏိုင္ငံမွာ အလုပ္သြားလုပ္ၾကသလို စိတ္ဆင္းရဲဒဏ္းေၾကာင့္ သူ႐ူးပမာကဲ့သို႔ ဘဝပ်က္သြာေသာ ႏိုင္ထြန္းသီ ရဲ့ အျဖစ္ဟာလည္း ရင္နာစြာ ေတြ႕ျမင္ရပါတယ္။
၂၀၁၄ ျပည္ေထာင္စုေန႔ ညစာ စားပြဲတြင္ ကာ/ခ်ဳပ္ ဗိုလ္ခ်ဳပ္မႈးႀကီး မင္းေအာင္လႈိင္က “တပ္မေတာ္သိမ္းဆည္းထားတဲ့ေျမေတြမွာ မလိုအပ္တဲ့ေနရာေတြကို ပိုင္ရွင္ထံ ျပန္လည္လြွဲေျပာင္းေပးမည္”ဟု ေျပာခဲ့ပါတယ္။(မွီျငမ္း-ၿငိမ္းခ်မ္းေရးႏွင့္ ေျမယာျပႆနာမ်ား-၂၀၁၅/ဇန္နဝါရီ ၂၈)။
မြန္ျပည္သူလူထုထံမွ စစ္တပ္ သိမ္းဆည္းလိုက္ေသာ ေျမယာကိစၥကို မြန္အမတ္မ်ား၏ တြန္းအားျဖင့္ တိုင္ၾကားစာ ဆက္တိုက္တက္ေနေသာေၾကာင့္ သိမ္းဆည္းထားတဲ့ေျမမ်ား တရားဝင္ျဖစ္ေအာင္ စစ္တပ္မွ ႀကိဳးစားလာျပန္တယ္။ ထို႔ေၾကာင့္ ထိုေျမမ်ားသည္ တပ္တည္ေဆာက္ရန္အတြက္ လူထုမွ လႉဒါန္းေသာေျမအျဖစ္ လုပ္ေဆာင္ရန္ ၿခံပိုင္ရွင္မ်ားကို ေခၚၿပီး အတင္းလက္မွတ္ ထိုးခိုင္ခဲ့ပါတယ္။
“ေက်းရြာအုပ္ခ်ဳပ္ေရးမွ က်မတို႔ကိုလာေျပာေတာ့ ကိုယ့္ၿခံ ကိုယ္ျပန္ရမယ္လို႔ ထင္ထားတာ။ က်မတို႔ တင္ျပထားလည္း မနည္းေတာ့ဘူးေလး။ ဒါေပမဲ့ တပ္ကိုေရာက္ေတာ့ ကိုယ့္ၿခံ သူတို႔ကိုေပးဖို႔ လက္မွတ္ အတင္းထိုးခိုင္ေတာ့တာဘဲ။ က်မ မထိုးေတာ့ သူတို႔ က်မကို တပ္ထဲမွာ ၃/၄ နာရီေလာက္ ထိန္းထားတယ္” ဟု အမွတ္ (၃၁၅) အေျမာက္တပ္ရင္း သိမ္းဆည္းလိုက္ေသာ ၿခံပိုင္ရွင္ မိၾကဴ က ေျပာျပပါတယ္။
မြန္အမတ္မ်ားမွ အဆင့္ဆင့္ တင္ျပမႈေၾကာင့္ တရားဝင္ေျမျဖစ္ေအာင္ လြန္ခဲ့တဲ့ႏွစ္က ၿခံပိုင္ရွင္မ်ားကို လက္မွတ္ အတင္းထိုးခိုင္ခဲ့ပါတယ္။ “သည္ႏွစ္ တစ္ႏွစ္ထဲမွာပင္ က်ေနာ္တို႔ တိုင္ၾကားစာတင္တာ (၄) ႀကိမ္ရွိပါၿပီး။ ဘာမွလည္း မထူးဘူး။ ၿခံပိုင္ရွင္ေတြကလည္း အေျခအေန သိခ်င္လို႔ ခဏ ခဏ လာေမးတယ္ က်ေနာ္လည္း ရွင္းျပမႏိုင္ေတာ့ဘူး” ဟု ဝယ္ကလီရြာမွ သိမ္းဆည္းခံ ၿခံေျမမ်ားကိစၥ ေဆာင္ရြက္ေပးေနေသာ ႏိုင္ဂု ကေျပာပါတယ္။
၂၀၀၃ ခုႏွစ္မွ ၂၀၁၂ ခုႏွစ္အထိ အမွတ္ (၃၁၅) အျေမွာက္တပ္ရင္းႏွင့္ သံျဖဴဇရပ္ၿမိဳ႕နယ္ ဝယ္ကလီရွိ တန္းျမင့္ ေလ့က်င့္ေရးတပ္တို႔ သိမ္းဆည္းထားေသာ ေျမဧရိယာသည္ ဧက (၂၀၀၀) ခန္႔ရွိႏိုင္တယ္လို႔ HURFOM အစီရင္ခံစာမွာ ေဖၚျပထားပါတယ္။
မြန္ျပည္နယ္လြွတ္ေတာ္ကိုယ္စာလွယ္ ႏိုင္ ေအာင္ႏိုင္ဦးက “လြွတ္ေတာ္ဥကၠဌ သူရဦးေရြွမန္း ေမာ္လၿမိဳင္ၿမိဳ႕ကိုေရာက္တုန္းက သူေျပာသြားတာက သံျဖဴဇရပ္နယ္မွာ အမွတ္ (၃၁) တပ္ရင္းမွလြဲ၍ မည္သည့္တပ္မွ ျပည္သူလူထု၏ ေျမယာမ်ားကို သိမ္းဆည္းထားတာမရွိဘူး၊ ရွိရင္ တင္ျပပါ ဟုေျပာတဲ့စကားက လူသူၾကားမွာ ေျဗာင္လိမ္တဲ့စကားဘဲ၊ လကၡံႏိုင္စရာ အေၾကာင္းမရွိပါ၊ ဒါေၾကာင့္ က်ေနာ္တို႔က အျခားလြွတ္ေတာ္ကိုယ္စာလွယ္ေတြနဲ႔ ပူးေပါင္းကာ တစ္ေလ်ွာက္လံုး တင္ျပလာခဲ့ၾကတယ္၊ ဒါေပမဲ့ စစ္တပ္ဖက္မွ ဘာမွအေရးမလုပ္ဘူး” လို႔ ေျပာပါတယ္။
သံျဖဴဇရပ္ၿမိဳ႕နယ္မွာရွိတဲ့ အမွတ္ (၃၁၅) အျေမွာက္တပ္ရင္း သိမ္းဆည္းထားတဲ့ ၿခံေျမမ်ားကို ယခုအခါ အေျမာက္တပ္က အျခားသူေတြကို တဆင့္ျပန္လည္ေရာင္းခ်လိုက္ၿပီး အပင္သစ္ေတြနဲ႔ အစားထိုး စိုက္ပ်ိဳးထားတာ ေတြ႕ရပါတယ္။ “က်ေနာ္တို႔ အသိမ္းဆည္းခံ ၿခံေျမ အကုန္လံုးမွာ ယခုဆိုရင္ ၿခံပိုင္ရွင္ အသစ္ေတြျဖစ္ၿပီး အပင္ေတြကလည္း အပင္သစ္ေတြဘဲျဖစ္ေနပါတယ္။ ကိုယ့္ၿခံကို ကိုယ္ျပန္ျမင္ေတာ့ ရင္နာစရာျဖစ္ခဲ့ရတယ္” ဟု ၿခံေျမသိမ္းဆည္းခံရသူ ပငရြာမွ ႏိုင္သန္းထိုက္က ဆိုပါတယ္။
သိမ္းဆည္းခံ လယ္ယာေျမမ်ားႏွင့္ ပတ္သက္ၿပီး စံုးစမ္းစစ္ေဆးေရးေကာ္မရွင္က အေကာင္အထည္ ေဖၚရာမွာ ေႏွးေကြးေနေသာေၾကာင့္ လြန္ခဲ့တဲ့ႏွစ္တုန္းက ၿမိဳ႕နယ္လယ္ယာ ေျမစီမံခန္႔ခြဲမႈအဖြဲ႕ သို႔ ျပန္လည္လြွဲအပ္ကာ မိမိတို႔ၿမိဳ႕နယ္အလိုက္ ဆက္လက္ေဆာင္ရြက္သြားရန္ တာဝန္ေပးအပ္ခဲ့ပါတယ္။
သို႔ေသာ္ ၿမိဳ႕နယ္လယ္ယာ ေျမစီမံခန္႔ခြဲမႈအဖြဲ႕သည္လည္း တရားမ်ွတမႈမရွိေပ။ သိမ္းဆည္းေျမယာကိစၥကို ေျဖရွင္းသည့္အခါ သက္ဆိုင္ရာေဒသမွ လြွတ္ေတာ္ကိုယ္စားလွယ္ေတြႏွင့္ ပူးေပါင္းလုပ္ေဆာင္ရန္ ႏိုငံေတာ္ သမၼတမွ ၫြွန္ၾကားထားေသာ္လည္း လက္ေတြ႕အေကာင္အထည္ ေဖၚသည့္အခါ သက္ဆိုင္ရာေဒသမွ လြွတ္ေတာ္ကိုယ္စားလွယ္မပါဘဲ ေျဖရွင္သည္အတြက္ေၾကာင့္ ၿခံပိုင္ရွင္ေဟာင္းႏွင့္ ပိုင္ရွင္သစ္တို႔ၾကား ျပႆနာ တက္ခဲ့ၾကပါတယ္။
၎လုပ္ရပ္သည္ တရားမ်ွတမႈမရွိတဲ့အတြက္ မြန္အမတ္မ်ားက မေက်နပ္ၾကေပ။ ၿခံပိုင္ရွင္ေဟာင္းမ်ားသည္ ၎တို႔၏ၿခံေျမႏွင့္ပတ္သက္ၿပီး အသိမွတ္ျပဳခံရမႈ လံုးဝမရွိတာမို႔ လက္ရွိ အစိုးရ လက္ထက္မွာ ေျမယာသိမ္းဆည္းမႈျပႆနာ ညိမ္သက္ေနသလို ထင္ရေပမယ့္ ေနာင္တက္လာမယ့္ အစိုးရသစ္လက္ထက္ေရာက္ရင္ ၿခံေျမသိမ္းဆည္းခံရေသာ လူထုႏွင့္ အစိုးရသစ္တို႔ သည္ ထိုျပႆနာကို ဆက္လက္ေျဖရွင္းရဦးမွာ ေျမႀကီးလက္ခတ္မလြဲေပ။
ေရးသားသူ: ေဆာင္းပါ > ဝဏၰမာန္
လြတ္လပ္ေသာမြန္သတင္းေအဂ်င္စီ
http://burmese.monnews.org
.........................
ပြီးခဲ့တဲ ကာလတုန်းက စစ်အာဏာရှင် လက်အောက်မှာ လယ်ယာ ခြံမြေများ မတရား အသိမ်းခံရကာ ယနေ့အထိ စစ်တပ်တစ်တပ်ရဲ့ မြေယာသိမ်းပိုက်မှုကို ခံခဲ့ရသော ခြံပိုင်ရှင် တစ်ဦးက ငိုရှိုက်သံနဲ့ “ ငါ့ခြံ ငါ့ကိုပြန်ပေး၊ ငါ့မှာ လုပ်စားစရာ ဘာမှမရှိတော့
ဘူး၊ငါ့ခြံ ငါ့ကိုပြန်ပေး ကြပါ” ဟု နံနက်မိုးလင်းတိုင်း တစ်ယောက်တည်း အိမ်ကပြင်မှာထိုင်ကာ ရှိုက်သံနဲ့ သူရူးတစ်ယောက်ပမာ တစာစာ ပူဆွေးနေဆဲပါ။
၎င်းသည် မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ ပငကျေးရွာမှ အသက် (၇၀) ရှိပြီးဖြစ်သော လယ်သမား နိုင်ထွန်းသီ ဖြစ်သည်။ ၎င်း၏ရော်ဘာခြံကို မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့ အခြေစိုက် အမှတ် (၃၁၅) အြမှောက်တပ် တပ်ရင်းက သိမ်းပိုက်လိုက်သောကြောင့် နိုင်ထွန်းသီရဲ့ ဘဝဟာ ထိုအခြေအနေသို့ ရောက်ခဲ့ရပါတယ်။ ထိုအပြင် လူအယောက် (၄၀) ကျော်ကျော်တို့ရဲ့ ရော်ဘာခြံ ဧကပေါင်း (၄၀၀) ကျော်ကျော် သည်လည်း သိမ်းပိုက်ခံခဲ့ရပါတယ်။
၂၀၀၀ ခုနှစ်မှ ၂၀၀၃ အထိ ဝယ်ကလီ တပ်မတော် တန်းမြင့်လေ့ကျင့်ရေး စစ်သင်တန်းကျောင်း အပါအဝင် သံဖြူဇရပ်မြို့နယ်မှ ရေးမြို့နယ် တစ်လျှောက် စစ်တပ်က သိမ်းပိုက်လိုက်တဲ့ မြေဧကပေါင်း (၈၀၀၀) ခန့် ရှိကြောင်းမွန်လူ့အခွင့်အရေးဖောင်ဒေးရှင်း HURFOM ရဲ့ ၂၀၁၃ ခုနှစ် ‘No Land to Farm’ (စိုက်ပျိုးစရာမြေမရှိပြီ) အမည်ရှိ အစီရင်ခံစာတွင် ပေါ်ပြထားပါတယ်။
သမ္မတ ဦးသိန်းစိန် အစိုးရ တက်လာပြီးတဲ့နောက်ပိုင် စစ်အစိုးရ လက်ထက်သိမ်းပိုက ခံခဲ့ရတဲ့ မြေတွေကို မွန်လွှတ်တော် ကိုယ်စားလှယ်တို့၏ တွန်းအားကြောင့် မွန်တောင်သူ လယ်သမားများက မိမိတို့လယ်ယာမြေ ပြန်လည်ရရှိရေးကို ထပ်မံတောင်းဆိုလာကြတာပါ။
အသိမ်းခံ မြေယာတောင်းဆိုရေးကိစ္စ ပြန်လည်ဦးမော့လာသောကြောင့် ၂၀၁၂ ခုနှစ် သြဂုတ်လတွင် သမ္မတ ဦးသိန်းစိန် အစိုးရက “လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်း ခံရမှုကြောင့် ပြည်သူများ နစ်နာမှုမရှိစေရေးအတွက် စုံစမ်းရေးကော်မရှင်”ကို ဖွဲ့စည်းပေးခဲ့တယ်။
ကော်မရှင်၏ လုပ်ငန်းစဉ်တွေက (၁) စုံစမ်းရေး (၂) သုံးသပ်ရေး (၃) အကြံပြုရေး များပင် ဖြစ်တယ်။ အသိမ်းခံ လယ်ယာမြေနှင့် ခြံမြေများကိစ္စ အကောင်အထည်ဖေါ် ဆောင်ရွက်နေစဉ် ကော်မရှင် စဖွဲ့သည့် ၂၀၁၂ ခုနှစ်မှ ၂၀၁၅ ဖေဖေါ်ဝါရီ (၂၅) ရက်နေ့အထိ အကြောင်းပြချက်မရှိဘဲ လယ်ယာမြေသိမ်းပိုက်မှု တိုင်ကြားစာ အမှုတွဲပေါင်း (၁၃၆၃၂) လက္ခံရရှိထားတဲ့အကြောင်း စုံစမ်းရေးကော်မရှင်မှ သက်ဆိုင်ရာသို့ တင်ပြထားသော်လည်း ဆောင်ရွက်နိုင်ခြင်း မရှိပါ။ သိမ်းဆည်း လယ်ယာမြေများကို တောင်သူ လယ်သမားများထံ ပြန်လည်လွှဲပြောင်းပေးမယ်လို့ သတင်းထုတ်ထားပေမယ့််လည်း ပြန်လည်လွှဲပြောင်းပေးအပ်ခဲ့တာ အင်မတန် နည်းပါးနေပါတယ်။
မွန်ဒေသအတွင်းရှိ အသိမ်းပိုက်ခံ လယ်ယာမြေ ကိစ္စကို မွန်တောင်သူ လယ်သမားများက မွန်လွှတ်တော် ကိုယ်စားလှယ်များကိုသာ အားကိုးလာကြသလို မွန်လွှတ်တော် ကိုယ်စားလှယ် တွေကလည်း ၎င်းတို့ စွမ်းဆောင်နိုင်သမျှ လွှတ်တော် အဆင့်ဆင့်သို့ တင်သွင်းခြင်းနှင့် တင်ပြလွှာကိစ္စ မည်သို့မည်ပုံ လုပ်ဆောင်ရမည်ကို ဝိုင်းဝန်းဆောင်ရွက်ပေးကြပါတယ်။ သို့သော် အုပ်ချုပ်ရေးပိုင်းက အရေးမထား လယ်ယာသိမ်းပိုက်ထား တပ်တွေကလည်း အရေးမလုပ်ဘဲ တိတ်ဆိတ်နေကြဆဲပင်။
ပြန်လည် ရနိုင်ခြေရှိတဲ့ မြေယာများ ရှိနေသော်လည်း ယနေ့ထိ အကောင်အထည် မပေါ်သေးပေ။ အသိမ်းပိုက်ခံခဲ့ရသော မြေယာများသည် များသောအားဖြင့် အစိုးရ တပ်ဖွဲ့တွေ အခြေစိုက်ထားတာကြောင့် မူလပိုင်ရှင်များထံ ပြန်လည်ပေးအပ်ဖို့က လွယ်ကူမည်မဟုတ်ပါ။
လူမှုရေးနှင့် အသက်မွေးဝမ်းကျောင်းမှုအပေါ် အကျိုးသက်ရောက်မှု
(က) မိသားစုအပေါ် ရိုက်ခတ်မှုအခြေနေ
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့ရှိ အမှတ် (၃၁၅) အြမှောက်တပ်ရင်း သိမ်းပိုက်ခဲ့တဲ့ မြေယာများတွင် အသိမ်းပိုက်ခံ ပငကျေးရွာ၊ ဝယ်ကလီကျေးရွာ၊ ဝါရက်ကျေးရွာများမှ ခြံပိုင်ရှင် အယောက် (၄၀)ကျော်တို့၏ ခြံမြေများ ဆုံးရှုံးခဲ့ရပြီး အလုပ်လက်မဲ့ဖြစ်ကာ ထိုင်းနိုင်ငံအတွင်း ရွေ့ပြောင်းဝင်ရောက် လုပ်ကိုင်ကြရပါတယ်။
မိမိတို့ လုပ်ကိုင် စားသောက်ရမည့် ခြံများဆုံးရှုံးသွားသဖြင့် လူငယ်နှင့် လူလတ်ပိုင်များ ရွာမှထွက်ကာ ထိုင်းနိုင်ငံသို့ အလုပ် သွားလုပ်ကြသောကြောင့် ရွာမှာ ကျန်ရှိနေသော သက်ကြီးရွယ်အိုများ အလုပ်လက်မဲ့များ ဖြစ်ကြပြီး ၎င်းတို့ စားဝတ်နေရေးအတွက် ထိုင်းမှ ပေးပို့မည့် သားသမီးတို့၏ ဝင်ငွေများကို တခေါ်ခေါ်နှင့် အိမ်မှာမျှော်နေကြရရှာတယ်။
(ခ) စီးပွားရေးအပေါ် ရိုက်ခတ်မှု
သိမ်းဆည်းခံရသော ခြံပိုင်ရှင်များသည် သာမန်လူတန်းစာအဆင့်သာဖြစ်တယ်။ ချမ်းသာကွှယ်ဝမှု မရှိပါ။ ယခင်စျေးနှုန်းနှင့် မြေကွက်ဝယ်ယူကာ ရော်ဘာစိုက်ပျိုး လုပ်ကိုင်ခဲ့ကြပြီး တချို့သော ခြံတွေဟာ ခြံလုပ်သားငှားခနှင့် ဓါတ်မြေသြဇာ ကျေွးဖို့အတွက် အတိုးနဲ့ငွေချေးယူပြီး လုပ်ကိုင်တာလည်းရှိခဲ့တယ်။ ရော်ဘာထွက်ချိန်ရောက်တော့ စစ်တပ်ကို အခွန်ပေးရသည့်အတွက် အရင်လည်းမရ ချေးငွေကိစ္စလည်း ပြဿနာတက် သည်လို အခက်အခဲ ကြုံနေရတဲ့ကြားက ခြံပါသိမ်းဆည်းခံရပြန်တော့ ဘာမှမကျန်းတော့တဲ့ဘဝမှာ အကွှေးဆပ်ဖို့အတွက် ရုန်းကန်ရပြန်ပါတယ်။
(ဂ) အြမှောက်တပ် တစ်တပ်၏ နှစ်စဉ်ဝင်ငွေ
၂၀၀၇-၈ ခုနှစ်မှစပြီး စစ်တပ်မှ အခွန်စတင်ကောက်ခံခဲ့ရာ တစ်လလျင် ရော်ဘာတစ်ပင်ကို ၂၅၀ ကျပ်နှုန်းနှင့် တစ်နှစ်မှာ (၂) ခါသွင်းရပါတယ်။ ထိုနှစ်မှစပြီး ၂၀၁၂-၁၃ အပြီးအပိုင် သိမ်းဆည်းတဲ့နှစ် ရောက်တော့ တစ်လလျင် တစ်ပင်ကို ၄၀၀ ကျပ်နှုန်းနှင့် ပေးသွင်းရပြန်တယ်။ ၎င်းတပ်၏ ဝန်းကျင်တွင် ခြံမြေဧရိယာ (၄၈၀) ဧက ရှိပြီး ခြံပိုင်ရှင်က (၆၅) ဦးရှိတယ်။ တစ်နှစ်စာအတွက် အကြမ်းအားဖြင့် တွက်လျင် တစ်ဧကတွင် အနည်းဆုံး အပင် (၂၅၀) ၊ တစ်ပင်ကို ၄၀၀ ကျပ်နှုန်း၊ ဧကပေါင်းက ၄၈၀ ဆိုတော့ (၂၅၀×၄၀၀×၄၈၀=၄၈ ၀၀၀ ၀၀ဝိ) တနှစ်မှာ အနည်းဆုံ တပ်တွင်း ဝင်ငွေက ကျပ်ငွေ ၄၈ သန်းခန့်ရှိပါသည်။(တစ်ဧက အပင် အနည်းဆုံးနှုန်းဖြင့် တွက်ချက်ထား)။
(ဃ) ရော်ဘာခြံ၏တန်ဖိုး
ခြံမြေများကို စစ်တပ်က သိမ်းဆည်းချိန်တွင် တပ်ဝန်းကျင်ခြံ တစ်ဧကမှာ အပင် ၂၅၀ မှ ၃၀၀ အထိ ရှိပြီး ကာလတန်ဖိုးမှာ သိန်း (၂၀၀) ဝန်းကျင်ခန့်ရှိပါတယ် များသောအားဖြင့် အပင်သက်တမ်း ၁၀ နှစ် အထက်ရှိပြီး အားလုံး အစေးလှီးခြစ်ရသော အပင်၊ ခြံအရွယ်အစားက အပင် ရ၀၀ ရှိသောခြံ၊ ၁၀၀၀ ရှိသောခြံ၊ ၂၀၀၀ ရှိသောခြံ စသည်ဖြင့် အရွယ်အစား မတူညီကြပါ။ များသောအားဖြင့် ငယ်သောခြံက များပါတယ်။ မည်သို့ဆိုစေကာမူ ခြံမြေတစ်ဧကကို သိန်း ၂၀၀ နှုန်းနှင့်တွက်လျင် (ဧက ၄၈၀ ကို ကျပ် သိန်း ၂၀၀ နှင့်ြမှောက်လျင် ကျပ် သန်းကိုးရာခြောက်ဆယ် (၉,၆၀၀,၀၀၀,၀၀၀) တန်ဖိုး ရှိပါတယ်။
စစ်တပ်က လယ်ယာမြေဆက်လက်သိမ်းဆည်းထား
သိမ်းဆည်းခံရသော ခြံပိုင်ရှင်များသည် ၎င်းတို့၏မြေ ပြန်လည်ရနိုင်ခြေ မရှိသောကြောင့် အလုပ်လက်မဲ့ဖြစ်ကာ ထိုင်းနိုင်ငံမှာ အလုပ်သွားလုပ်ကြသလို စိတ်ဆင်းရဲဒဏ်းကြောင့် သူရူးပမာကဲ့သို့ ဘဝပျက်သွာသော နိုင်ထွန်းသီ ရဲ့ အဖြစ်ဟာလည်း ရင်နာစွာ တွေ့မြင်ရပါတယ်။
၂၀၁၄ ပြည်ထောင်စုနေ့ ညစာ စားပွဲတွင် ကာ/ချုပ် ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင်က “တပ်မတော်သိမ်းဆည်းထားတဲ့မြေတွေမှာ မလိုအပ်တဲ့နေရာတွေကို ပိုင်ရှင်ထံ ပြန်လည်လွှဲပြောင်းပေးမည်”ဟု ပြောခဲ့ပါတယ်။(မှီငြမ်း-ငြိမ်းချမ်းရေးနှင့် မြေယာပြဿနာများ-၂၀၁၅/ဇန်နဝါရီ ၂၈)။
မွန်ပြည်သူလူထုထံမှ စစ်တပ် သိမ်းဆည်းလိုက်သော မြေယာကိစ္စကို မွန်အမတ်များ၏ တွန်းအားဖြင့် တိုင်ကြားစာ ဆက်တိုက်တက်နေသောကြောင့် သိမ်းဆည်းထားတဲ့မြေများ တရားဝင်ဖြစ်အောင် စစ်တပ်မှ ကြိုးစားလာပြန်တယ်။ ထို့ကြောင့် ထိုမြေများသည် တပ်တည်ဆောက်ရန်အတွက် လူထုမှ လှူဒါန်းသောမြေအဖြစ် လုပ်ဆောင်ရန် ခြံပိုင်ရှင်များကို ခေါ်ပြီး အတင်းလက်မှတ် ထိုးခိုင်ခဲ့ပါတယ်။
“ကျေးရွာအုပ်ချုပ်ရေးမှ ကျမတို့ကိုလာပြောတော့ ကိုယ့်ခြံ ကိုယ်ပြန်ရမယ်လို့ ထင်ထားတာ။ ကျမတို့ တင်ပြထားလည်း မနည်းတော့ဘူးလေး။ ဒါပေမဲ့ တပ်ကိုရောက်တော့ ကိုယ့်ခြံ သူတို့ကိုပေးဖို့ လက်မှတ် အတင်းထိုးခိုင်တော့တာဘဲ။ ကျမ မထိုးတော့ သူတို့ ကျမကို တပ်ထဲမှာ ၃/၄ နာရီလောက် ထိန်းထားတယ်” ဟု အမှတ် (၃၁၅) အမြောက်တပ်ရင်း သိမ်းဆည်းလိုက်သော ခြံပိုင်ရှင် မိကြူ က ပြောပြပါတယ်။
မွန်အမတ်များမှ အဆင့်ဆင့် တင်ပြမှုကြောင့် တရားဝင်မြေဖြစ်အောင် လွန်ခဲ့တဲ့နှစ်က ခြံပိုင်ရှင်များကို လက်မှတ် အတင်းထိုးခိုင်ခဲ့ပါတယ်။ “သည်နှစ် တစ်နှစ်ထဲမှာပင် ကျနော်တို့ တိုင်ကြားစာတင်တာ (၄) ကြိမ်ရှိပါပြီး။ ဘာမှလည်း မထူးဘူး။ ခြံပိုင်ရှင်တွေကလည်း အခြေအနေ သိချင်လို့ ခဏ ခဏ လာမေးတယ် ကျနော်လည်း ရှင်းပြမနိုင်တော့ဘူး” ဟု ဝယ်ကလီရွာမှ သိမ်းဆည်းခံ ခြံမြေများကိစ္စ ဆောင်ရွက်ပေးနေသော နိုင်ဂု ကပြောပါတယ်။
၂၀၀၃ ခုနှစ်မှ ၂၀၁၂ ခုနှစ်အထိ အမှတ် (၃၁၅) အြမှောက်တပ်ရင်းနှင့် သံဖြူဇရပ်မြို့နယ် ဝယ်ကလီရှိ တန်းမြင့် လေ့ကျင့်ရေးတပ်တို့ သိမ်းဆည်းထားသော မြေဧရိယာသည် ဧက (၂၀၀၀) ခန့်ရှိနိုင်တယ်လို့ HURFOM အစီရင်ခံစာမှာ ဖေါ်ပြထားပါတယ်။
မွန်ပြည်နယ်လွှတ်တော်ကိုယ်စာလှယ် နိုင် အောင်နိုင်ဦးက “လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်း မော်လမြိုင်မြို့ကိုရောက်တုန်းက သူပြောသွားတာက သံဖြူဇရပ်နယ်မှာ အမှတ် (၃၁) တပ်ရင်းမှလွဲ၍ မည်သည့်တပ်မှ ပြည်သူလူထု၏ မြေယာများကို သိမ်းဆည်းထားတာမရှိဘူး၊ ရှိရင် တင်ပြပါ ဟုပြောတဲ့စကားက လူသူကြားမှာ ဗြောင်လိမ်တဲ့စကားဘဲ၊ လက္ခံနိုင်စရာ အကြောင်းမရှိပါ၊ ဒါကြောင့် ကျနော်တို့က အခြားလွှတ်တော်ကိုယ်စာလှယ်တွေနဲ့ ပူးပေါင်းကာ တစ်လျှောက်လုံး တင်ပြလာခဲ့ကြတယ်၊ ဒါပေမဲ့ စစ်တပ်ဖက်မှ ဘာမှအရေးမလုပ်ဘူး” လို့ ပြောပါတယ်။
သံဖြူဇရပ်မြို့နယ်မှာရှိတဲ့ အမှတ် (၃၁၅) အြမှောက်တပ်ရင်း သိမ်းဆည်းထားတဲ့ ခြံမြေများကို ယခုအခါ အမြောက်တပ်က အခြားသူတွေကို တဆင့်ပြန်လည်ရောင်းချလိုက်ပြီး အပင်သစ်တွေနဲ့ အစားထိုး စိုက်ပျိုးထားတာ တွေ့ရပါတယ်။ “ကျနော်တို့ အသိမ်းဆည်းခံ ခြံမြေ အကုန်လုံးမှာ ယခုဆိုရင် ခြံပိုင်ရှင် အသစ်တွေဖြစ်ပြီး အပင်တွေကလည်း အပင်သစ်တွေဘဲဖြစ်နေပါတယ်။ ကိုယ့်ခြံကို ကိုယ်ပြန်မြင်တော့ ရင်နာစရာဖြစ်ခဲ့ရတယ်” ဟု ခြံမြေသိမ်းဆည်းခံရသူ ပငရွာမှ နိုင်သန်းထိုက်က ဆိုပါတယ်။
သိမ်းဆည်းခံ လယ်ယာမြေများနှင့် ပတ်သက်ပြီး စုံးစမ်းစစ်ဆေးရေးကော်မရှင်က အကောင်အထည် ဖေါ်ရာမှာ နှေးကွေးနေသောကြောင့် လွန်ခဲ့တဲ့နှစ်တုန်းက မြို့နယ်လယ်ယာ မြေစီမံခန့်ခွဲမှုအဖွဲ့ သို့ ပြန်လည်လွှဲအပ်ကာ မိမိတို့မြို့နယ်အလိုက် ဆက်လက်ဆောင်ရွက်သွားရန် တာဝန်ပေးအပ်ခဲ့ပါတယ်။
သို့သော် မြို့နယ်လယ်ယာ မြေစီမံခန့်ခွဲမှုအဖွဲ့သည်လည်း တရားမျှတမှုမရှိပေ။ သိမ်းဆည်းမြေယာကိစ္စကို ဖြေရှင်းသည့်အခါ သက်ဆိုင်ရာဒေသမှ လွှတ်တော်ကိုယ်စားလှယ်တွေနှင့် ပူးပေါင်းလုပ်ဆောင်ရန် နိုငံတော် သမ္မတမှ ညွှန်ကြားထားသော်လည်း လက်တွေ့အကောင်အထည် ဖေါ်သည့်အခါ သက်ဆိုင်ရာဒေသမှ လွှတ်တော်ကိုယ်စားလှယ်မပါဘဲ ဖြေရှင်သည်အတွက်ကြောင့် ခြံပိုင်ရှင်ဟောင်းနှင့် ပိုင်ရှင်သစ်တို့ကြား ပြဿနာ တက်ခဲ့ကြပါတယ်။
၎င်းလုပ်ရပ်သည် တရားမျှတမှုမရှိတဲ့အတွက် မွန်အမတ်များက မကျေနပ်ကြပေ။ ခြံပိုင်ရှင်ဟောင်းများသည် ၎င်းတို့၏ခြံမြေနှင့်ပတ်သက်ပြီး အသိမှတ်ပြုခံရမှု လုံးဝမရှိတာမို့ လက်ရှိ အစိုးရ လက်ထက်မှာ မြေယာသိမ်းဆည်းမှုပြဿနာ ညိမ်သက်နေသလို ထင်ရပေမယ့် နောင်တက်လာမယ့် အစိုးရသစ်လက်ထက်ရောက်ရင် ခြံမြေသိမ်းဆည်းခံရသော လူထုနှင့် အစိုးရသစ်တို့ သည် ထိုပြဿနာကို ဆက်လက်ဖြေရှင်းရဦးမှာ မြေကြီးလက်ခတ်မလွဲပေ။
ရေးသားသူ: ဆောင်းပါ > ဝဏ္ဏမာန်
လွတ်လပ်သောမွန်သတင်းအေဂျင်စီ
http://burmese.monnews.org
မႏၱေလးတိုင္းေဒသႀကီး ၿမိဳ႕သာစက္မႈဥယ်ာဥ္ စီမံကိန္းအတြင္းမွာ ေျမယာေလ်ာ္ေၾကး မယူထားတဲ့ ေတာင္သူ ၁၅ဝ ေက်ာ္က ကာလေပါက္ေစ်းအတိုင္း ေလ်ာ္ေၾကးေပးဖို႔ မႏၱေလးတိုင္းေဒသႀကီး အစိုးရအဖြဲ႔ကို ေတာင္း ဆိုေၾကာင္း ေျပာပါတယ္။
လယ္သမားေတြက မႏၱေလးၿမိဳ႕ ေဗဒါခန္းမမွာ ဒီေန႔ သတင္းစာရွင္းလင္းပဲြက်င္းပၿပီး သိမ္းယူေျမေတြအတြက္ ကာလေပါက္ေစ်းအတုိင္း ေလ်ာ္ေၾကးေပးဖို႔ ေတာင္းဆုိတာျဖစ္ေၾကာင္း လက္ပန္က်င္းရြာက ေတာင္သူ ဦးသိန္းေဇာ္က အဲ့ဒီသတင္းစာရွင္းလင္းပဲြမွာ ေျပာၾကားခဲ့ပါတယ္။
"၅ သိန္းႏႈန္းနဲ႔ က်ေနာ္တို႔မွာ ျပန္ၿပီးေတာ့ေျမအစားရဖို႔ဆိုတာ မျဖစ္ႏိုင္ပါဘူးခင္ဗ်၊ အခုက်ေနာ္တို႔ ေဒသ ကာလေပါက္ေစ်းးေပါ့ေလ အျပင္ျဖစ္ေနတဲ့ေပါက္ေစ်းေတြက သိန္း ၈ဝ ေလာက္ရွိပါတယ္ခင္ဗ်၊ ၅ သိန္းႏႈန္း နဲ႔သာ က်ေနာ္တို႔ ေလွ်ာ္ေၾကးေငြယူလိုက္မယ္ဆိုလို႔ရွိရင္ အျပင္မွာေျမအစား ျပန္ဝယ္လို႔မရႏိုင္ပါဘူးခင္ဗ်၊ အဲ့ဒါေၾကာင့္မို႔လို႔ က်ေနာ္တို႔က ၅ သိန္းႏႈန္းနဲ႔ ဘယ္လိုမွမျဖစ္ႏိုင္ဘူးဆိုတဲ့ အတိုင္းအတာမ်ိဳးနဲ႔ က်ေနာ္တို႔ တင္ျပရျခင္းျဖစ္ပါတယ္ခင္ဗ်"
ၿမိဳ႕သာစက္မႈဥယ်ာဥ္ စီမံကိန္းအတြက္ လယ္ေျမေတြကို တစ္ဧကကုိ က်ပ္ ၅ သိန္းႏႈန္းနဲ႔ လြန္ခဲ့တဲ့ ၂ဝ၁၂ ခုႏွစ္ က ေလ်ာ္ေၾကးေပးခဲ့ပါတယ္။ လက္ရွိစီမံကိန္းနယ္ေျမထဲမွာ ေလ်ာ္ေၾကးမယူထားတဲ့ လယ္ေျမဧကေပါင္း နွစ္ေထာင္နီးပါးေလာက္ ရိွေသးတယ္လို႔ သိရပါတယ္။
အဲ့ဒီစီမံကိန္းမွာ ေျမယာတစ္ဧကကို ကာလေပါက္ေစ်း က်ပ္သိန္း ၄ဝ ကေန ၃ဝဝ အထိ ေပါက္ေစ်းရွိေနပါတယ္။
ၿမိဳ႕သာစက္မႈဥယ်ာဥ္ စီမံကိန္းထဲမွာ ေဂါက္ကြင္း၊ ဟိုတယ္၊ ဆိပ္ကမ္းနဲ႔ စက္ရံု စတဲ့လုပ္ငန္းေတြ တည္ေဆာက္ဖို႔ အတြက္ မႏၱေလးတိုင္းေဒသႀကီး အစိုးရအဖြဲ႔က စီးပြားေရးလုပ္ငန္းရွင္ေတြကို လုပ္ကိုင္ခြင့္ေပးထားတာျဖစ္ ပါတယ္။
RFA Burmese
http://www.rfa.org/burmese
 |
| သိမ္းဆည္းခံလယ္ေျမေတြ
ျပန္လည္ရရွိေရးနဲ႔ အက်ဥ္းက် ခံေတာင္သူေတြ ျပန္လႊတ္ေပးဖို႔ ၾသဂုတ္လ ၁၃
ရက္ေန႔က စစ္ကိုင္းတိုင္း၊ ကန္႔ဘလူၿမိဳ႕မွာ ေရႊဘိုခရိုင္အတြင္းမွာ ရွိတဲ့
ေတာင္သူလယ္သမား တစ္ေထာင္ေက်ာ္ ဆႏၵျပစဥ္ ။ Photo: Hset Paing Toe/RFA |
ျမန္မာနိုင္ငံအႏွံမွာ သိမ္းဆည္းခံထားရတဲ့ လယ္ယာေျမေတြျပန္ရဖို႔
ေတာင္းဆိုတိုက္ပြဲဝင္တဲ့အတြက္ ေထာင္က်ခဲ့ရတဲ့ လယ္သမားေတြထဲက (၅) ဦး မေန႔က
လြတ္ရက္ေစ့ၿပီး အက်ဥ္းေထာင္ အသီးသီးကေနျပန္လြတ္ခဲ့တယ္လို႔ သိရပါတယ္။
စစ္ကိုင္းတိုင္း ကန္႔ဘလူၿမိဳ႕နယ္ ငွက္ေပ်ာတိုင္းရြာမွာ
ထြန္တံုးတိုက္ပြဲဝင္လို႔ ေထာင္ (၁) ႏွစ္ခ် မွတ္ခံရတဲ့ ဦးေမာင္ပု ဟာ
မိတၳီလာေထာင္ကေန ျပန္လြတ္လာတယ္လုိ႔ မိတၳီလာျပည္သူ႔အက်ိဳး
ေဆာင္ကြန္ရက္အဖြဲ႔ေခါင္းေဆာင္ ေဒၚျမင့္ျမင့္ေအးက RFA ကိုေျပာပါတယ္။
"ဒီေန႔ ဦးေမာင္ပုဆိုတာလြတ္တယ္၊ မိတၳီလာေထာင္ကေနၿပီးေတာ့ တစ္ႏွစ္က်တာ
ကန္႔ဘလူလယ္သမားႏွစ္ေယာက္ ကိုျမင့္ထူးရယ္ ဦးေမာင္ပုရယ္၊ ကိုျမင့္ထူးက ၉
လက်တာဆိုေတာ့ ေဖေဖာ္ဝါရီလက လြတ္သြားၿပီ၊ ဒီေန႔မနက္ကေတာ့ ဦးေမာင္ပုလြတ္တယ္၊
ငွက္ေပ်ာတိုင္ ကန္႔ဘလူၿမိဳ႔နယ္ကပါ"
ဒါ့အျပင္ ပဲခူးတုိင္း၊ သဲကုန္းၿမိဳ႕နယ္ ေအာင္ကုန္းရြာမွာ စစ္တပ္နဲ႔
ပုဂၢလိကလုပ္ငန္းရွင္ ဦးထိုင္ထိုင္တို႔ သိမ္းထားတဲ့ ေျမေတြ ျပန္ရဖို႔
သပိတ္စခန္းဖြင့္ေတာင္းဆိုမႈနဲ႔ ေထာင္ခ်ခံခဲ့ရတဲ့ ေဒၚညိဳ၊ ေဒၚမုန္း၊
ေဒၚခင္မာေအးတို႔က ေပါင္းတည္ေထာင္ကေန ျပန္လြတ္ခဲ့ၾကၿပီး စစ္ကုိင္းတုိင္း
မတၱရာၿမိဳ႕နယ္ တံငါေျမာက္ရြာက လယ္သမား ဦးေနဝင္းကေတာ့ မႏၱေလးအိုဘိုေထာင္ကေန
ျပန္လြတ္ခဲ့တယ္လို႔သိရပါတယ္။
ျမန္မာျပည္မွာ သိမ္းဆည္းခံလယ္ယာေျမေတြျပန္ရဖို႔
နည္းမ်ိဳးစံုနဲ႔ဆန္႔က်င္ဆႏၵျပ တိုက္ပြဲဝင္လို႔ ေထာင္ခ်ခံထားရတဲ့
လယ္သမားေပါင္း တစ္ရာေက်ာ္ရွိေနၿပီး၊ တရားရုံးမွာ အမႈရင္ဆိုင္ေနရဆဲ
လယ္သမားကလည္း တစ္ရာခန္႔ရွိေနပါတယ္။ အဲဒီလယ္သမားအက်ဥ္းသားေတြဟာ အစိုးရနဲ႔
နိုင္ငံေရးစနစ္ေၾကာင့္ တရားစြဲေထာင္ခ်ခံရတာျဖစ္တဲ့အတြက္
နိုင္ငံေရးအက်ဥ္းသား မ်ားကူညီေစာင့္ေရွာက္ေရးအသင္းနဲ႔
နိုင္ငံေရးအက်ဥ္သားေဟာင္းမ်ားအဖြဲ႔တို႔က
ယံုၾကည္ခ်က္အက်ဥ္းသားေတြအျဖစ္အသိအမွတ္ ျပဳထားပါတယ္။
RFA Burmese
http://www.rfa.org/burmese