Latest News
CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Friday, March 4, 2016
ဒေါ်လာဈေးအကျကြမ်းမှု ဗဟိုဘဏ်စောင့်ကြည့် ထိန်းသိမ်းရန်လိုအပ်ကြောင်းဆို
ရန်ကုန်မြို့ရှိ ငွေလဲလှယ်ရေး ဈေးကွက်တစ်ခုတွင် အမေရိကန်ဒေါ်လာများ လဲလှယ်နေစဉ် (ဆင်ဟွာ)
    ဒေါ်လာဈေးနှုန်းများ တစ်ဒေါ်လာလျှင် ကျပ်၁၂၄၇ မှ ကျပ် ၁၂၀၀ အောက်အထိ ကျဆင်းသွားပြီး အတက်အကျကြမ်းသည့် အတွက် ဗဟိုဘဏ်ဘက်မှ စောင့်ကြည့် ထိန်းသိမ်းရန်လိုအပ်ကြောင်း ကမ္ဘောဇဘဏ်မှ တာဝန်ရှိသူ ဦးသန်းလွင်က ဆင်ဟွာကိုပြောသည်။
၎ရက်အတွင်း ဒေါ်လာဈေးက တစ်ဒေါ်လာလျှင် ၁၂၄၇ ကျပ် မှ ၁၁၈၅ ကျပ် လောက် အထိ အနိမ့်ဆုံးကျဆင်းခဲ့ခြင်း ဖြစ်သည်။
ယနေ့မတ်လ၄ရက်နေ့တွင် ဒေါ်လာဈေးသည် နံနက်ဘက်တွင် ကျပ် ၁၂၁၀ လောက်မှ ၁၁၈၅ ကျပ် အထိ အနိမ့်ဆုံး ကျဆင်းခဲ့ပြီး ညနေ ၅ နာရီ ခန့်တွင် တစ်ဒေါ်လာကို ၁၂၀၅ ကျပ်အထိ ဈေးပြန်မြင့်လာခဲ့သည်။ ဗဟိုဘဏ် မှ ယနေ့တစ်ဒေါ်လာပေါက်ဈေး ကျပ် ၁၂၃၄ ဖြင့် ဈေးဖွင့်ခဲ့သည်။
ဦးစန်းဝင်းက “ဈေးကတော့ ထပ်မကျနိုင်ဘူးထင်တယ်။ ညနေဈေးပြန်တက်ရတာကလည်း အိတ်စပို့သမားတွေ ကလုံးဝမကိုက်တော့ ထုတ်မရောင်းကြတော့ဘူး။ အဲ့ဒီ့မှာ ဈေးက နည်းနည်းပြန်တက်လာတာ’’ ဟုပြောသည်။
(Xinhua)
..................
ထိုင်းနိုင်ငံ လက်နက်အရောင်းဆိုင်အား အာရှ နိုင်ငံသား  ရန်ကုန်မြို့ရှိ ငွေလဲလှယ်ရေး စျေးကွက်တစ်ခုတွင် အမေရိကန်ဒေါ်လာများ လဲလှယ်နေစဉ် (ဆင်ဟွာ)
    ရန်ကုန်၊မတ် ၄ ရက် (ဆင်ဟွာ)
    ဒေါ်လာစျေးနှုန်းများ တစ်ဒေါ်လာလျှင် ကျပ်၁၂၄၇ မှ ကျပ် ၁၂၀၀ အောက်အထိ ကျဆင်းသွားပြီး အတက်အကျကြမ်းသည့် အတွက် ဗဟိုဘဏ်ဘက်မှ စောင့်ကြည့် ထိန်းသိမ်းရန်လိုအပ်ကြောင်း ကမ္ဘောဇဘဏ်မှ တာဝန်ရှိသူ ဦးသန်းလွင်က ဆင်ဟွာကိုပြောသည်။
ဦးသန်းလွင်က “ကမ္ဘာမှာလည်းဒေါ်လာစျေးက ကျနေတယ်။ မြန်မာမှာတော့ ကောလဟာလ တွေပါရှိတော့ စျေးက ပိုကျသွားတယ်။ ဒီလိုအနေအထားမှာ ဗဟိုဘဏ်က ထိန်းကျောင်းပေးဖို့ လိုအပ်တယ်။ ဒေါ်လာစျေးအရမ်းကျရင် ဗဟိုဘဏ်က လိုက်ဝယ်ပေးတာမျိုး ၊ ဒေါ်လာစျေးအရမ်းတက်ရင် ဗဟိုဘဏ်က ထုတ်ရောင်းတာမျိုးလုပ်သင့်တယ်။ ဗဟိုဘဏ်က စျေးကွက်ထဲဝင်လာရင်တော့ အတက်အကျကြမ်းတာ တွေက ရပ်တန့်သွားမှာ ဖြစ်တယ်’’ ဟုပြောသည်။
၄ရက်အတွင်း ဒေါ်လာစျေးက တစ်ဒေါ်လာလျှင် ၁၂၄၇ ကျပ် မှ ၁၁၈၅ ကျပ် လောက် အထိ အနိမ့်ဆုံးကျဆင်းခဲ့ခြင်း ဖြစ်သည်။
ဒေါ်လာ စျေးကွက်ကို စောင့်ကြည့်လေ့လာသူဦးစန်းဝင်းက “ ဒီနေ့ကျတာကတော့ အကြမ်းဆုံးပဲ။ ဗဟိုဘဏ်ကတော့ ပုဂ္ဂလိကဘဏ်တွေကို ခေါ်တွေ့တယ်လို့ကြားတယ်။ တကယ်ကတော့ အခုလို အတက်အကျကြမ်းတဲ့ အချိန် ဗဟိုဘဏ်အနေနဲ့ ပြင်ပပေါက်စျေးကို မျက်ခြည်ပြတ်မခံပဲ ထိန်းကျောင်း ဖို့ လိုအပ်တယ်လို့ ထင်ပါတယ်။’’ ဟုပြောသည်။
ယနေ့မတ်လ၄ရက်နေ့တွင် ဒေါ်လာစျေးသည် နံနက်ဘက်တွင် ကျပ် ၁၂၁၀ လောက်မှ ၁၁၈၅ ကျပ် အထိ အနိမ့်ဆုံး ကျဆင်းခဲ့ပြီး ညနေ ၅ နာရီ ခန့်တွင် တစ်ဒေါ်လာကို ၁၂၀၅ ကျပ်အထိ စျေးပြန်မြင့်လာခဲ့သည်။ ဗဟိုဘဏ် မှ ယနေ့တစ်ဒေါ်လာပေါက်စျေး ကျပ် ၁၂၃၄ ဖြင့် စျေးဖွင့်ခဲ့သည်။
ဦးစန်းဝင်းက “စျေးကတော့ ထပ်မကျနိုင်ဘူးထင်တယ်။ ညနေစျေးပြန်တက်ရတာကလည်း အိတ်စပို့သမားတွေ ကလုံးဝမကိုက်တော့ ထုတ်မရောင်းကြတော့ဘူး။ အဲ့ဒီ့မှာ စျေးက နည်းနည်းပြန်တက်လာတာ’’ ဟုပြောသည်။
(Xinhua)
http://www.xinhuamyanmar.comငါးဦး ၀င်ရောက်လုယက်
No comments:
Post a Comment