ဗဟိုဘဏ္မွ စိုက္ပ်ဳိးစရိတ္ က်ပ္ဘီလီယံ ၅၀၀ ေခ်းယူမႈေၾကာင့္ ေငြေၾကးေဖာင္းပြမႈ မျဖစ္ႏိုင္


၂၀၁၆-၂၀၁၇ ဘ႑ာေရးနွစ္ ေတာင္သူလယ္သမားမ်ားသို႔ စိုက္ပ်ဳိးစရိတ္ေခ်းေငြမ်ား ထုတ္ေခ်းႏိုင္ရန္လိုအပ္ ေသာ ဘ႑ာေငြအတြက္ ျပည္ေထာင္စုအစိုးရအဖဲြ႕က ျမန္မာႏိုင္ငံဗဟိုဘဏ္မွ ေငြက်ပ္ဘီလီယံ ၅၀၀ ေခ်းယူခြင့္ႏွင့္စပ္လ်ဥ္း၍ ေမ ၂၃ ရက္ေန႔အစည္းအေ၀းတြင္ ျပည္ေထာင္စုလႊတ္ေတာ္က ကန္႔ကြက္သူမရိွ အတည္ျပဳခဲ့သည္။

အဆိုပါ စိုက္ပ်ဳိးစရိတ္ေခ်းယူခြင့္ႏွင့္ စပ္လ်ဥ္း၍ ျပည္ေထာင္စုလႊတ္ေတာ္ ကိုယ္စားလွယ္ ၁၇ ဦးက အၾကံျပဳေထာက္ခံေဆြးေႏြးၾကၿပီး သက္ဆိုင္ရာတာ၀န္ရိွသူမ်ားက တာ၀န္ခံမႈ၊ တာ၀န္ယူမႈျဖင့္ ေဆာင္ရြက္ သြားမည့္အစီအစဥ္မ်ားကို ရွင္းလင္းေဆြးေႏြးၾကသည္။ ယင္းသို႔ေဆြးေႏြးရာတြင္ ဗဟိုဘဏ္ ဒုတိယဥကၠ႒ ေဒၚခင္ေစာဦးက ေတာင္သူမ်ားအား စိုက္ပ်ဳိးစရိတ္ထုတ္ေခ်းရန္ ဗဟိုဘဏ္မွ ေခ်းယူမည့္ က်ပ္ဘီလီယံ ၅၀၀ အတြက္ ေငြစကၠဴအသစ္မ်ား ရိုက္ႏိွပ္ထုတ္ေ၀ျခင္းနည္းလမ္းျဖင့္ ျဖည့္ဆည္းရမည္ျဖစ္၍ ေငြေၾကး ေဖာင္းပြမႈအေပၚတြင္ ဖိအားမ်ားျဖစ္လာနိုင္ေၾကာင္း၊ ေခ်းေငြကို ေတာင္သူလယ္သမားမ်ား လက္၀ယ္သို႔ မွန္ကန္ျမန္ဆန္စြာေရာက္ရိွေရးႏွင့္ ယခုဘ႑ာနွစ္၏ သတ္မွတ္သက္တမ္းအတြင္း ျပန္လည္ေပးဆပ္ပါက ေငြေၾကးေဖာင္းပြမႈ ေလ်ာ့နည္းမည္ျဖစ္ေၾကာင္း တင္ျပေဆြးေႏြးခဲ့သည္။

''ဗဟိုဘဏ္က ထုတ္ေခ်းေပးတဲ့ ေခ်းေငြျဖစ္တဲ့အတြက္ ေငြေၾကးပမာဏကို တိုးလာေစတဲ့ တိုက္ရိုက္ သက္ေရာက္မႈရိွျပီးေတာ့ ေငြေၾကးေဖာင္းပြမႈအေပၚမွာ ဖိအားမ်ားမွာျဖစ္ပါတယ္။ ဗဟိုဘဏ္က ေခ်းတဲ့ေခ်း ေငြဟာ (Printing Money) လို႔ေခၚတဲ့ ထုတ္ေ၀မႈနဲ႔ ဘီလီယံ ၅၀၀ ကို ျဖည့္ဆည္းေပးရမယ္ဆိုတဲ့အေၾကာင္း တင္ျပလိုပါတယ္။ ဒါေၾကာင့္ ေငြေၾကးေဖာင္းပြမႈအေပၚမွာ ဖိအားမ်ားမယ္ဆိုတဲ့အေၾကာင္း တင္ျပခ်င္ပါတယ္'' ဟု ေဒၚခင္ေစာဦးက ေျပာသည္။

လႊတ္ေတာ္ကိုယ္စားလွယ္မ်ားျဖစ္ၾကေသာ ေဒၚသက္သက္ခိုင္နွင့္ ဦးသန္းစိုးတို႔ကလည္း ဗဟိုဘဏ္မွ ထိုကဲ့သို႔ ေခ်းေငြရယူလိုက္သျဖင့္ ယင္းေခ်းေငြအား မည္သည့္နည္းလမ္းျဖင့္ ထုတ္ေခ်းမည္ဆိုသည့္ အေၾကာင္းရင္းႏွင့္ျဖစ္ေပၚလာသည့္ ေငြေၾကးေဖာင္းပြမႈအက်ဳိးဆက္စသည့္ ကိစၥရပ္မ်ားကို က်ယ္က်ယ္ ျပန္႔ျပန္႔ေဆြးေႏြးခဲ့ၾကရာ က်ပ္ ဘီလီယံ ၅၀၀ ထပ္မံရိုက္ႏိွပ္မႈေၾကာင့္ ေငြေၾကးေဖာင္းပြမႈ ျဖစ္ေပၚလာျခင္းရိွ၊ မရိွ ကိစၥသည္ ျပည္သူလူထုအၾကား စိုးရိမ္ပူပန္စရာကိစၥျဖစ္လာသည္။

ေမ ၂၅ ရက္ ႏိုင္ငံျခားေငြလဲလွယ္နႈန္းအရ အေမရိကန္တေဒၚလာ သည္ ၁၁၇၄ က်ပ္ ေပါက္ေဈးရိွရာ ေမ ၂၆ ရက္ေန႔တြင္ ၁၁၈၈ သို႔ ခုန္တက္သြားသည္။ သို႔ရာတြင္ ဘ႑ာေရးဌာန အၿမဲတမ္းအတြင္း၀န္ ဦးေမာင္ေမာင္၀င္းက ''ဘီလီယံ ၅၀၀ ကို ကြ်န္ေတာ္တို႔ကို ထုတ္ေခ်းမယ္။ အဲဒီပမာဏ အထိ ေငြစကၠဴေတြ ရိုက္ႏိွပ္ထုတ္ေ၀ေခ်းရမယ္ဆိုတာ အျပည့္အ၀မွန္ကန္ မႈမရိွပါဘူး။ တကယ္လိုအပ္လို႔ ေခ်းခဲ့ရင္ေတာင္ ဘီလီယံ ၅၀၀ ကို တခိ်န္တည္း တျပိဳင္တည္း ေခ်းယူမႈမဟုတ္ဘဲ လိုအပ္သေလာက္ကိုသာ အလီလီေခ်းယူတဲ့ ပံုစံမ်ဳိးနဲ႔ ရယူမွာျဖစ္ပါတယ္။ ပထမတခုကို ေခ်းယူျပီးရင္ ေနာက္ျပန္၀င္လာတာနဲ႔ ျပန္ေထမိတဲ့အခါ ေနာက္တခုထပ္လိုခ်င္မွ လိုေတာ့မွျဖစ္တယ္။ အရင္ယူ ထားတာကိုလည္း တႏွစ္အတြင္း အခိ်န္မီ ျပန္ဆပ္ႏိုင္ေအာင္ၾကိဳးစားမယ္။ ဒီလိုစနစ္နဲ႔သြားရင္ ေငြစကၠဴေတြရိုက္ႏိွပ္ ေခ်းယူရမယ္။ ေငြစကၠဴေတြ ေဖာင္းပြမႈျဖစ္မယ္ဆိုတဲ့ ဖိအားေတြ စိုးရိမ္စရာ မလိုေတာ့ပါဘူး'' ဟု ေျပာသည္။

ဆက္လက္ၿပီး ဦးေမာင္ေမာင္၀င္းက ''ဘီလီယံ ၅၀၀ လံုးလံုးလည္း ယူခ်င္မွယူျဖစ္မွာျဖစ္ပါတယ္။ ျမန္မာ့စီးပြားေရးဘဏ္ရဲ့အေျခအေနကို မူတည္ျပီး လံုး၀မလိုအပ္ရင္ လံုး၀မယူပါဘူး။ မနွစ္ကလည္း ဗဟိုဘဏ္ ကေန ဘီလီယံ ၄၀၀ ေခ်းယူမယ္လို႔ ၾကိဳတင္ညိွႏိႈင္းခဲ့ေပမယ့္ မယူျဖစ္ခဲ့ပါဘူး''ဟု ရွင္းျပသည္။

''ေငြေၾကးေဖာင္းပြမႈပိုမိုဆိုးရြားလာစရာအေၾကာင္း မရိွဘူး။ ဘတ္ဂ်က္ဥပေဒမွာ အစိုးရက က်ပ္ ၄ ထရီလီယံေခ်းခြင့္ရိွတယ္လို႔ ေျပာျပီးသားပါ။ အဲဒီ Limit ထဲက ဒီထက္မေက်ာ္တဲ့အတြက္ ေငြေၾကး ေဖာင္းပြမႈဆိုးရြားလာစရာမရိွဘူး။ ႏွစ္အခ်က္က ဗဟိုဘဏ္ကအတိုး ၄ ရာခိုင္ႏႈန္းနဲ႔ပဲေခ်းမွာ။ အရင္တုန္းက ျမန္မာ့စီးပြားေရးဘဏ္က ၈ ရာခိုင္ႏႈန္းနဲ႔ ေခ်းတယ္။ ၈ ရာခိုင္ႏႈန္းမွာ စိုက္ဘဏ္က ၄ ရာခိုင္ႏႈန္း တင္လိုက္တယ္။ ေက်းရြာဘဏ္က ၂ ရာခိုင္ႏႈန္း အတိုးတင္လိုက္တယ္။ လယ္သမားက ၁၄ ရာခိုင္ႏႈန္းအတိုးေပးရတယ္။ လယ္သမားကအရမ္း နစ္နာတယ္။ အခု ဗဟိုဘဏ္က လုပ္ျခင္းအားျဖင့္ လယ္သမားက အတိုး ၄ ရာခိုင္နႈန္း သက္သာသြားမယ္။ လယ္သမားေတြအတြက္ ေကာင္းတယ္။ အရင္တုန္းက ျမန္မာ့စီးပြားေရးဘဏ္က ႏိုင္ငံပိုင္စီးပြားေရးလုပ္ငန္းေတြကို ၄ ရာခိုင္ႏႈန္းနဲ႔ ေခ်းေနရတယ္။ ဒါေတြကို စိစစ္ျပီးေပးႏိုင္ရင္ေတာ့ အေျခအေနေကာင္းသြားမယ္။ ေငြေဖာင္းပြမႈ ဆိုးရြားစြာသက္ေရာက္မႈ မရိွဘူး'' ဟု စီးပြားေရးပညာရွင္တဦးက သံုးသပ္ျပသြားသည္။

ခ်စ္ျမိဳင္
Photo-BBC
News Watch(ေစာင့္ၾကည့္သတင္းဂ်ာနယ္)
https://www.facebook.com/NewsWatchJournal
............

၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ် တောင်သူလယ်သမားများသို့ စိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေးနိုင်ရန်လိုအပ် သော ဘဏ္ဍာငွေအတွက် ပြည်ထောင်စုအစိုးရအဖွဲ့က မြန်မာနိုင်ငံဗဟိုဘဏ်မှ ငွေကျပ်ဘီလီယံ ၅၀၀ ချေးယူခွင့်နှင့်စပ်လျဉ်း၍ မေ ၂၃ ရက်နေ့အစည်းအဝေးတွင် ပြည်ထောင်စုလွှတ်တော်က ကန့်ကွက်သူမရှိ အတည်ပြုခဲ့သည်။

အဆိုပါ စိုက်ပျိုးစရိတ်ချေးယူခွင့်နှင့် စပ်လျဉ်း၍ ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ် ၁၇ ဦးက အကြံပြုထောက်ခံဆွေးနွေးကြပြီး သက်ဆိုင်ရာတာဝန်ရှိသူများက တာဝန်ခံမှု၊ တာဝန်ယူမှုဖြင့် ဆောင်ရွက် သွားမည့်အစီအစဉ်များကို ရှင်းလင်းဆွေးနွေးကြသည်။ ယင်းသို့ဆွေးနွေးရာတွင် ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဒေါ်ခင်စောဦးက တောင်သူများအား စိုက်ပျိုးစရိတ်ထုတ်ချေးရန် ဗဟိုဘဏ်မှ ချေးယူမည့် ကျပ်ဘီလီယံ ၅၀၀ အတွက် ငွေစက္ကူအသစ်များ ရိုက်နှိပ်ထုတ်ဝေခြင်းနည်းလမ်းဖြင့် ဖြည့်ဆည်းရမည်ဖြစ်၍ ငွေကြေး ဖောင်းပွမှုအပေါ်တွင် ဖိအားများဖြစ်လာနိုင်ကြောင်း၊ ချေးငွေကို တောင်သူလယ်သမားများ လက်ဝယ်သို့ မှန်ကန်မြန်ဆန်စွာရောက်ရှိရေးနှင့် ယခုဘဏ္ဍာနှစ်၏ သတ်မှတ်သက်တမ်းအတွင်း ပြန်လည်ပေးဆပ်ပါက ငွေကြေးဖောင်းပွမှု လျော့နည်းမည်ဖြစ်ကြောင်း တင်ပြဆွေးနွေးခဲ့သည်။

''ဗဟိုဘဏ်က ထုတ်ချေးပေးတဲ့ ချေးငွေဖြစ်တဲ့အတွက် ငွေကြေးပမာဏကို တိုးလာစေတဲ့ တိုက်ရိုက် သက်ရောက်မှုရှိပြီးတော့ ငွေကြေးဖောင်းပွမှုအပေါ်မှာ ဖိအားများမှာဖြစ်ပါတယ်။ ဗဟိုဘဏ်က ချေးတဲ့ချေး ငွေဟာ (Printing Money) လို့ခေါ်တဲ့ ထုတ်ဝေမှုနဲ့ ဘီလီယံ ၅၀၀ ကို ဖြည့်ဆည်းပေးရမယ်ဆိုတဲ့အကြောင်း တင်ပြလိုပါတယ်။ ဒါကြောင့် ငွေကြေးဖောင်းပွမှုအပေါ်မှာ ဖိအားများမယ်ဆိုတဲ့အကြောင်း တင်ပြချင်ပါတယ်'' ဟု ဒေါ်ခင်စောဦးက ပြောသည်။

လွှတ်တော်ကိုယ်စားလှယ်များဖြစ်ကြသော ဒေါ်သက်သက်ခိုင်နှင့် ဦးသန်းစိုးတို့ကလည်း ဗဟိုဘဏ်မှ ထိုကဲ့သို့ ချေးငွေရယူလိုက်သဖြင့် ယင်းချေးငွေအား မည်သည့်နည်းလမ်းဖြင့် ထုတ်ချေးမည်ဆိုသည့် အကြောင်းရင်းနှင့်ဖြစ်ပေါ်လာသည့် ငွေကြေးဖောင်းပွမှုအကျိုးဆက်စသည့် ကိစ္စရပ်များကို ကျယ်ကျယ် ပြန့်ပြန့်ဆွေးနွေးခဲ့ကြရာ ကျပ် ဘီလီယံ ၅၀၀ ထပ်မံရိုက်နှိပ်မှုကြောင့် ငွေကြေးဖောင်းပွမှု ဖြစ်ပေါ်လာခြင်းရှိ၊ မရှိ ကိစ္စသည် ပြည်သူလူထုအကြား စိုးရိမ်ပူပန်စရာကိစ္စဖြစ်လာသည်။

မေ ၂၅ ရက် နိုင်ငံခြားငွေလဲလှယ်နှုန်းအရ အမေရိကန်တဒေါ်လာ သည် ၁၁၇၄ ကျပ် ပေါက်ဈေးရှိရာ မေ ၂၆ ရက်နေ့တွင် ၁၁၈၈ သို့ ခုန်တက်သွားသည်။ သို့ရာတွင် ဘဏ္ဍာရေးဌာန အမြဲတမ်းအတွင်းဝန် ဦးမောင်မောင်ဝင်းက ''ဘီလီယံ ၅၀၀ ကို ကျွန်တော်တို့ကို ထုတ်ချေးမယ်။ အဲဒီပမာဏ အထိ ငွေစက္ကူတွေ ရိုက်နှိပ်ထုတ်ဝေချေးရမယ်ဆိုတာ အပြည့်အဝမှန်ကန် မှုမရှိပါဘူး။ တကယ်လိုအပ်လို့ ချေးခဲ့ရင်တောင် ဘီလီယံ ၅၀၀ ကို တချိန်တည်း တပြိုင်တည်း ချေးယူမှုမဟုတ်ဘဲ လိုအပ်သလောက်ကိုသာ အလီလီချေးယူတဲ့ ပုံစံမျိုးနဲ့ ရယူမှာဖြစ်ပါတယ်။ ပထမတခုကို ချေးယူပြီးရင် နောက်ပြန်ဝင်လာတာနဲ့ ပြန်ထေမိတဲ့အခါ နောက်တခုထပ်လိုချင်မှ လိုတော့မှဖြစ်တယ်။ အရင်ယူ ထားတာကိုလည်း တနှစ်အတွင်း အချိန်မီ ပြန်ဆပ်နိုင်အောင်ကြိုးစားမယ်။ ဒီလိုစနစ်နဲ့သွားရင် ငွေစက္ကူတွေရိုက်နှိပ် ချေးယူရမယ်။ ငွေစက္ကူတွေ ဖောင်းပွမှုဖြစ်မယ်ဆိုတဲ့ ဖိအားတွေ စိုးရိမ်စရာ မလိုတော့ပါဘူး'' ဟု ပြောသည်။

ဆက်လက်ပြီး ဦးမောင်မောင်ဝင်းက ''ဘီလီယံ ၅၀၀ လုံးလုံးလည်း ယူချင်မှယူဖြစ်မှာဖြစ်ပါတယ်။ မြန်မာ့စီးပွားရေးဘဏ်ရဲ့အခြေအနေကို မူတည်ပြီး လုံးဝမလိုအပ်ရင် လုံးဝမယူပါဘူး။ မနှစ်ကလည်း ဗဟိုဘဏ် ကနေ ဘီလီယံ ၄၀၀ ချေးယူမယ်လို့ ကြိုတင်ညှိနှိုင်းခဲ့ပေမယ့် မယူဖြစ်ခဲ့ပါဘူး''ဟု ရှင်းပြသည်။

''ငွေကြေးဖောင်းပွမှုပိုမိုဆိုးရွားလာစရာအကြောင်း မရှိဘူး။ ဘတ်ဂျက်ဥပဒေမှာ အစိုးရက ကျပ် ၄ ထရီလီယံချေးခွင့်ရှိတယ်လို့ ပြောပြီးသားပါ။ အဲဒီ Limit ထဲက ဒီထက်မကျော်တဲ့အတွက် ငွေကြေး ဖောင်းပွမှုဆိုးရွားလာစရာမရှိဘူး။ နှစ်အချက်က ဗဟိုဘဏ်ကအတိုး ၄ ရာခိုင်နှုန်းနဲ့ပဲချေးမှာ။ အရင်တုန်းက မြန်မာ့စီးပွားရေးဘဏ်က ၈ ရာခိုင်နှုန်းနဲ့ ချေးတယ်။ ၈ ရာခိုင်နှုန်းမှာ စိုက်ဘဏ်က ၄ ရာခိုင်နှုန်း တင်လိုက်တယ်။ ကျေးရွာဘဏ်က ၂ ရာခိုင်နှုန်း အတိုးတင်လိုက်တယ်။ လယ်သမားက ၁၄ ရာခိုင်နှုန်းအတိုးပေးရတယ်။ လယ်သမားကအရမ်း နစ်နာတယ်။ အခု ဗဟိုဘဏ်က လုပ်ခြင်းအားဖြင့် လယ်သမားက အတိုး ၄ ရာခိုင်နှုန်း သက်သာသွားမယ်။ လယ်သမားတွေအတွက် ကောင်းတယ်။ အရင်တုန်းက မြန်မာ့စီးပွားရေးဘဏ်က နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းတွေကို ၄ ရာခိုင်နှုန်းနဲ့ ချေးနေရတယ်။ ဒါတွေကို စိစစ်ပြီးပေးနိုင်ရင်တော့ အခြေအနေကောင်းသွားမယ်။ ငွေဖောင်းပွမှု ဆိုးရွားစွာသက်ရောက်မှု မရှိဘူး'' ဟု စီးပွားရေးပညာရှင်တဦးက သုံးသပ်ပြသွားသည်။

ချစ်မြိုင်
Photo-BBC
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal
Share on Google Plus

About MP4 YoU

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)