CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Showing posts with label သူရဦးတင်ဦး. Show all posts
Showing posts with label သူရဦးတင်ဦး. Show all posts
Monday, March 12, 2018
နိုင်ငံတော်သမ္မတကြီး မန်းဝင်းမောင် မှ သူရဦးတင်ဦး အား သူရဘွဲ့ ချီးမြှင့်ခဲ့စဉ်
နိုင်ငံတော်သမ္မတကြီး မန်းဝင်းမောင် မှ သူရဦးတင်ဦး အား
သူရဘွဲ့ ချီးမြှင့်ခဲ့စဉ် (၁၉၅၅)
Friday, October 13, 2017
သူရဦးတင်ဦးပြောပြတဲ့ ဗကအုန်းကျော်မြင့်အကြောင်းပါ..
သူရဦးတင်ဦးပြောပြတဲ့ ဗကအုန်းကျော်မြင့်အကြောင်းပါ..
Wednesday, September 27, 2017
ရိုဟင်ဂျာ ရှိမရှိ နိုင်ငံရေးခေါင်းဆောင် သူရ ဦးတင်ဦး ၏ ပြောဆိုချက်
ရိုဟင်ဂျာ ရှိမရှိ နိုင်ငံရေးခေါင်းဆောင် သူရ ဦးတင်ဦး ၏ ပြောဆိုချက်
လွတ်လပ်ရေးရခါနီး ပြဿနာလေးတွေ ပေါ်လာတာက ကျနော်တို့နဲ့တပြိုင်နက်တည်း အိန္ဒိယကလည်း လွတ်လပ်ရေး ရခဲ့တယ်။ မစ္စတာ ဂျင်းနား (ပါကစ္စတန် လွတ်လပ်ရေးခေါင်းဆောင် မိုဟာမက် အလီဂျင်းနား Muhammad Ali Jinnah) တို့က တိုင်းပြည် ခွဲထွက်မယ်လို့ တောင်းဆိုတော့ မဟတ္တမ ဂန္ဓီတို့၊ နေရူးတို့က သဘောမကျဘူးပေါ့။ မစ္စတာ ဂျင်းနားတို့က ပါကစ္စတန်ဆိုပြီး လုပ်ချင်တယ်ဆိုတော့၊ သူတို့ခွဲပေးလိုက်ရတော့ အရှေ့ပါကစ္စတန်နဲ့ အနောက် ပါကစ္စတန် ဆိုပြီး ဖြစ်သွားတာပေါ့။
“အဲဒီအချိန်မှာ နတ်မြစ် ဆိုတာက ဟိုဘက်က ဒီဘက်ကိုကူး၊ ဒီဘက်က ဟိုဘက်ကိုကူး၊ ဥဒဟို ဝင်ထွက်သွား လာနေ တာ၊ ကျနော်တို့ အားလုံးက အင်္ဂလိပ်ရဲ့ ကျွန်နိုင်ငံ၊ ကျွန်သားတွေကိုးဗျ။ အဲဒီတော့ ကူးကြသွားကြနဲ့ ဒါတွေက ကူးလူး ဆက်ဆံမှုတွေက ရှိနေတာကိုး။ အဲဒီအချိန်မှာ ဒုတိယ ကမ္ဘာစစ်ကလည်း ပြီးသွားပြီ ဆိုတော့ စစ်နဲ့အတူပါလာတဲ့ ဘင်္ဂါလီ အလုပ်သမားတို့ ဘာတို့ စသည်ဖြင့် ပါလာကြတာတွေက ဒီဘက်ကို တော်တော်များများ ရောက်လာကြပြီး တော့ ဒီဘက်မှာပဲ နည်းနည်းပါးပါး ကျန်ရစ်ခဲ့ကြတာတွေ ရှိကောင်းရှိခဲ့ပါတယ်။
“အဲဒီတုန်းက ဘူးသီးတောင် မောင်တောဒေသမှာတော့ ရခိုင်ရွာတွေတော်တော်များများ ရှိကြတယ်။ အဲဒီတော့ ဝင် လာတာတွေက မသိသာဘူးပေါ့။ အဲဒီလိုဖြစ်ခဲ့တယ်ပေါ့”
အဲဒီတုန်းက အရှေ့ပါကစ္စတန်ဆိုပြီး ဖွင့်လိုက်တဲ့အချိန်မှာ ဒီဘက်က နောင်သောအခါ (ဘင်္ဂါလီ) ခေါင်းဆာင်ဖြစ်မယ့် ပုဂ္ဂိုလ်တွေက အရှေ့ပါကစ္စတန်နဲ့ တဆက်တည်း တတွဲတည်း မေယုမြစ် (Mayu River) ရဲ့ အနောက်ဘက် မေယု နယ် ပေါ့၊ မေယုနယ်ဆိုတာ ဘူးသီးတောင် မောင်တော ပါပဲ။ အဲဒီမေယုနယ်ကို ခရိုင်တခုအနေနဲ့ အရှေ့ပါကစ္စတန်ထဲ ကို ပါစေချင်တဲ့ သဘောရှိတယ်။ ပြောတာဆိုတာတွေရှိပေမဲ့လည်း မစ္စတာဂျင်းနားတို့ခေါင်းဆောင်တွေ အားလုံးက ဒီဘက် (အရှေ့ ပါကစ္စတန်နဲ့ ဆက်စပ်နေတဲ့ မြန်မာနိုင်ငံဘက်ခြမ်း) နဲ့ ပတ်သက်တာတွေကိုလုံးဝ စိတ်ပါဝင်စားခြင်း မရှိဘူး။ ဒါနဲ့ ပတ်သက်လို့ ကင်းကင်းရှင်းရှင်း ပြတ်ပြတ်သားသား နေလိုက်တယ်။
သို့သော်လည်း ဒီဘက်မှာက ကျန်ရစ်ခဲ့တဲ့ လက်နက်တွေနဲ့ အရင်တုန်းက (ဂျပန်ကိုတိုက်ဖို့ လွှတ်လိုက်တဲ့) ဒီဘက်ကို ဘင်္ဂလားဘက်ကနေ ပါလာတဲ့သူ(ဘင်္ဂါလီ) တွေကလည်း ရှိနေကြတော့ သူတို့က ဆက်ပြီးတော့ မေယုကမ်းခြေ၊ မေယုမြစ်ရဲ့ အနောက်ဘက်ကမ်းကို သူတို့က စိုးမိုးထားရမယ်ဆိုပြီးတော့၊ မူဂျာဟစ်တွေ ပေါ်ပေါက်လတာပေါ့။
အဓိပ္ပာယ်ကတော့ အဲဒီမှာရှိတဲ့နယ်မြေနဲ့ ဆက်စပ်ပြီးတာ့ မေယုနယ်ဆိုတာကို ထူထောင်ချင်တဲ့ သဘောတွေရှိတယ်။ အဲဒီအခါကျတော့ နိုင်ငံရဲ့ အချုပ်အခြာကို ထိခိုက်လာတာက တကြောင်း၊ အဲဒီဟာက အန္တရာယ်လည်းကြီးမားနေတာ က တကြောင်း၊ ရဲဘော်သုံးကျိပ် ဗိုလ်ချုပ်ကျော်ဇောရဲ့ ဗမာ့သေနတ်ကိုင် တပ်ရင်း (၅) (သနက ၅) က မူဂျာဟစ်တွေ ကို သွားတိုက်ခဲ့ပါတယ်။ အောင်အောင်မြင်မြင်ပဲ တိုက်နိုင်ခဲ့ပါတယ်။
တိုက်ပြီး ပြန်လာကြတဲ့သူတွေ ပြောပြတာက မူဂျာဟစ်တွေကို ကာဆင်ကြီးဆိုတဲ့ ပုဂ္ဂိုလ်က အုပ်ချုပ်တယ်။ ကာဆင်ကြီး တိုက်ပွဲမှာကျသွားတော့၊ မူဂျာဟစ်တွေ အစိပ်စိပ်အမွှာမွှာ အကွဲကွဲ အပြားအပြားဖြစ်ပြီးတော့မှ နောက် ထပ် ခေါင်းဆောင် ကာဆင်လေး ဆိုတာ ပေါ်လာတယ်။ နောက်ပိုင်း ကာဆင်လေးကနေ ပေါက်ဖွားလာတဲ့ မွေးထုတ် ထားတဲ့ စူရစ်အာမက်တို့ စူရတန်မောက်တို့။ ဒီနောက်ပေါက် ခေါင်းဆောင်တွေနဲ့ ကျနော် ရခိုင်တပ်ပေါင်းစုမှူး ဖြစ်လာ တော့ နည်းနည်းပါးပါး ပြောက်တိပြောက်ကျား တွေ့ရပြန်သေးတယ်။
အရှေ့ပါကစ္စတန်နဲ့ ကျနော်တို့ နတ်မြစ် (Naff River)ကို အကြောင်းပြုပြီး ပြဿနာဖြစ်လို့ တိုက်ကြရတဲ့ အချိန်မှာ ခြေမြန် တပ်ရင်း(၄)နဲ့ ခြေမြန်တပ်ရင်း(၅)က လာပြီး ကူညီခဲ့တဲ့ အတွက်ကြောင့် (ဘူးသီးတောင်မောင်တော) မြောက် ဘက် အခြမ်းမှာ မူဂျာဟစ် ခိုအောင်းနေတာကို တိုက်မယ်ဆိုပြီးတော့ ဂုတ်ပိတံတား မြောက်ဘက်ခြမ်း တော်တော် လှမ်းလှမ်းမှာ တော်တော်လေး လိုက်တိုက်လိုက်တာ့ အဲဒီ မူဂျာဟစ် နောက်ဆုံးအသုတ်ကို ကျနော်တို့ အပြတ်ကို ချပစ်လိုက်တယ်။
ကျနော် တပ်ပေါင်းစုမှူးဘဝ၊ ရခိုင်မှာ ဆိုတော့ ၁၉၅၉ ပေါ့။ ၁၉၆၀ ရွေးကောက်ပွဲ မလုပ်ရသေးဘူး။ တပ်တွေကို စစ်ဆေးပြီး ကိုယ့်နယ်စပ်နဲ့ ပတ်သက်တာတွေ ကိုယ်လုံခြုံအောင် လုပ်ကြရမယ်ဆိုတဲ့ အချိန်မှာ နတ်မြစ် (Naff River) တလျှောက်ကို ကျနော်တို့ သွားကြည့်လိုက်တဲ့အခါမှာ လူတော်တော်များများက ရွာတွေမှာ စာရင်းမရှိ အင်းမရှိ လူတွေ ထပ်ပြုပြီး နေနေကြတာတွေကို ရှင်းရလင်းရမယ်ဆိုတော့ အဲဒါတွေကို ကျနေယ်တို့က ရှင်းရလင်းရတာပေါ့ဗျာ။ ရှင်းရ လင်းရတယ် ဆိုတာက သူတို့နဲ့ပတ်သက်တာတွေကို စစ်ဆေး၊ မသင်္ကာ ဖွယ်ဖြစ်တဲ့သူ (အရှေ့ပါကစ္စတန်) ဘက်မှ ခိုးဝင် လာသူတွေကို Eviction order (မိမိပိုင်နယ်မြေ မှ နှင်ထုတ်သည့် အမိန့်)ပေးရတယ်။
ကျနော် မှတ်မိသလောက်ကတော့ (ခိုးဝင်လာသူ) လူ ၁၃၈၀၀ နီးနီးလောက်ကို Eviction order နဲ့ မောင်တော မြောက်ဘက်ခြမ်းကနေ တောင်ပြိုတို့လို နေရာတွေမှာ နတ်မြစ် တလျှောက် ဘေးနားကလူတွေ သိပ်သိပ်သည်းသည်း ဖြစ်နေတဲ့ အပိုင်းနားက လူတွေကို အားလုံးစစ်ဆေးပြီးတော့ အဲဒီ့နောက်ပိုင်းမှာ မှတ်ပုံတင် လုပ်တာပဲဗျ။ မှတ်ပုံတင်ကို စပြီး လုပ်ရတာပဲ။ အဲဒီတုန်းက မှတ်ပုံတင်ဆိုတာ မရှိသေးဘူး။
အဲဒီက စပြီး အမျိုးသားမှတ်ပုံတင် စပြီးဖြစ်လာတာ။ အဲဒါ Eviction order ဆောင်ရွက်ခြင်း ပြီးသွားပြီး နည်းနည်း အေးအေး ဆေးဆေး ဖြစ်သွားတော့မှ ဟိုတုန်းက အခေါ် ရခိုင်တိုင်းအတွက် မှတ်ပုံတင်အရာရှိတွေ ရောက်လာပြီး တော့ သူတို့ကို ဝိုင်းပြီး ကျနော်က ကူညီရတာကိုး။
အဲဒီအချိန်လောက် အထိက ကျနော်လည်း ရိုဟင်ဂျာ ဆိုတာကို မသိဘူး၊ ကြားလည်း မကြားဖူးဘူး။ ဒါပေမယ့် ဘယ်လို ဖြစ်သွားခဲ့သလဲ ဆိုတော့ Caretaker Government (၁၉၅၈-၁၉၆၀ အိမ်စောင့် အစိုးရ) အချိန် မတိုင်ခင်မှာ ၁၉၅၆ ခုနှစ်မှာ ရွေးကောက်ပွဲ တခေါက် လုပ်ခဲ့တာကိုး။ အဲဒီ ၁၉၅၆ ရွေးကောက်ပွဲမှာ ဘာဖြစ်ခဲ့သလဲ ဆိုတော့ အဲဒီ ဘူးသီးတောင် မောင်တော ကနေ အမတ် ၄ ယောက် ပေါ်လာခဲ့တယ်။
စူလတန်မာမွတ် ရယ်၊ စူလတန် အာမက်ရယ်၊ အဘူဘောရှော ရယ်၊ အဘူလခိုက် ရယ်။ ကျနော် သူတို့နာမည်တွေ ကောင်းကောင်း မှတ်မိတယ်။ စူလတန်မာမွတ်က ဘူးသီးတောင် တောင်ပိုင်း၊ အဘူဘောရှောက ဘူးသီးတောင် မြောက်ပိုင်း၊ စူလတန်အာမက်က မောင်တော တောင်ပိုင်း၊ အဘူလခိုက်က မောင်တောမြောက်ပိုင်း၊ အမတ်တွေ ဖြစ်လာကြတယ်။ သူတို့က ဖဆပလ ထဲကနေ ပါလာကြတယ်။
ဘူးသီးတောင် မောင်တောမှာ ရှိနေတဲ့လူ အားလုံးကို (အာဏာရ ဖဆပလ အစိုးရက) မြန်မာနိုင်ငံသား ဖြစ်တယ်လို့ လုပ်လိုက်တဲ့အပြင် အဲဒီမှာ ရိုဟင်ဂျာအဖြစ် အသိအမှတ်ပြုပေးဖို့ ပြောလိုက်ကြတာကြောင့် ဦးနုက ရိုဟင်ဂျာဆိုတာ ရှိတယ်လို့ ဆိုပြီး ဘာတွေ လုပ်ပေးလိုက်သလဲ ဆိုတော့ ရိုဟင်ဂျာနဲ့ပတ်သက်လို့ အာရဗီ (Arabic) ဘာသာနဲ့ ထုတ်တဲ့ သတင်းစာတို့၊ အူရဒူ (Urdu) ဘာသာနဲ့ထုတ်တဲ့ သတင်းစာတို့၊ မြန်မာ့အသံမှာ ရိုဟင်ဂျာနဲ့ပတ်သက်တဲ့ အစီအစဉ် အခန်းကဏ္ဍ တခုကို တနေ့ကို ၁၅ မိနစ် လွှင့်ပေးတာတို့ ဖြစ်သွားခဲ့တယ်။ အဲဒီမှာ တော်တော့်ကို ဒေါတွေ ကန်ကြနဲ့ ကြီးကြီးကျယ်ကျယ်ကို ပြဿနာတွေ ဖြစ်ကြတယ်။
(သူရ ဦးတင်ဦးဟာ မြန်မာ့တပ်မတော်ရဲ့ စတုတ္ထမြောက် ကာကွယ်ရေး ဦးစီးချုပ် အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ အငြိမ်းစား ဗိုလ်ချုပ်ကြီး တဦး ဖြစ်ခဲ့ပြီး ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ သူကိုယ်တိုင် တာဝန် ထမ်းဆောင်စဉ်က အခြေ အနေတွေကို VOA သတင်းဌာနရဲ့ တပ်မှူး တပ်သား ပြောစကား အစီအစဉ်မှာ ၂၀၁၂ ခုနှစ်က ပြောဆိုထားတာ ဖြစ်ပါ တယ်။)
Ram bhattarai
Wednesday, July 26, 2017
တင်ဦး ၄ ယောက်အမှတ်တရရှားပါးပုံ၊ ဝဲမှယာ၊ ၊ ဒုတိယဗိုလ်မှူးကြီးတင်ဦး၊ ရဟတ်ယာဉ်မှူးကြီးတင်ဦး၊ ဗိုလ်ချုပ်ကြီးတင်ဦး၊ ဒုတိယဗိုလ်မှူးကြီးတင်ဦး၊၊
တင်ဦး ၄ ယောက်အမှတ်တရရှားပါးပုံ၊
ဝဲမှယာ၊ ၊ ဒုတိယဗိုလ်မှူးကြီးတင်ဦး၊ ရဟတ်ယာဉ်မှူးကြီးတင်ဦး၊ ဗိုလ်ချုပ်ကြီးတင်ဦး၊
ဒုတိယဗိုလ်မှူးကြီးတင်ဦး၊၊
ပဲခူးရိုးမကွန်မြုနစ်ပါတီချေမှုန်းရေးစစ်ဆင်ရေး၊၊
crd myat hein
Wednesday, July 19, 2017
Wednesday, June 14, 2017
Saturday, June 3, 2017
ဦးတင်ဦးစကားပြောတာကိုမြင်ချင်တယ်လို့ နိုင်ငံတော်အတိုင်ပင်ခံပြော
ဦးတင်ဦးစကားပြောတာကိုမြင်ချင်တယ်လို့ နိုင်ငံတော်အတိုင်ပင်ခံပြော
၃၊ဇွန်လ၊ရန်ကုန်
နောက်တစ်ကြိမ် ပြန်လာရင် စကားပြောနေတာမျိုးမြင်ချင်ပြီး ကျန်းမာရေးလေ့ကျင့်ခန်းတွေ ပုံမှန်လုပ်ဖို့  အမျိုးသားဒီမီုကရေစီအဖွဲ့ချုပ် နာယကကြီး ဦးတင်ဦးကို နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းပြောဆိုလိုက်ပါတယ်။
”နာယကကြီးကို လေ့ကျင့်ခန်းတွေ မှန်မှန်လုပ်ဖို့ ။ နောက်ပြန်လာကြည့်တဲ့ အခါ စကားပြောတာကို မြင်ချင်တဲ့ အကြောင်း ပြောတယ်။ နာယကကြီးကတော့ သိပါတယ်။ခေါင်းငြိမ့်တာတို့ ၊ လက်ဆွဲနှုတ် ဆက်တာတို့  လုပ်ပါတယ်။ စကားပြောတာကတော့ ၀ူးဝါး…၀ူးဝါးနဲ့ ပဲ။ ” လို့  ရန်ကုန်ပြည်သူ့ ဆေးရုံကြီးမှ ဆေးရုံအုပ် ဒေါက်တာအေးကိုကိုက ပြောပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ ရန်ကုန်ပြည်သူ့ ဆေးရုံကြီး နှလုံး အထူးကြပ်မတ် ကုသဆောင်မှာ တက်ရောက်ကုသခံယူနေတဲ့ နာယကကြီး ဦးတင်ဦးဆီကို လာရောက်ကြည့်ရှု့ ခဲ့ပြီး နောက်ထပ်၁၀ ရက်ကြာရင် ပြန်လာမယ်လို့  မှာကြားသွားတယ်လို့  ဒေါက်တာအောင်ကိုကိုက ပြောပါတယ်။
နာယကကြီး ဦးတင်ဦးဆီကို လာရောက်တဲ့ ဒေါ်အောင်ဆန်းစုကြည်ကတော့ ”ကျန်းမာရေးအခြေအနေကောင်းပါတယ်” လို့ သာ သတင်းထောက်တွေကို ပြောဆိုသွားပါတယ်။
ဦး နှောက်သွေးကြောပိတ်ကာ ကိုယ် တစ်ခြမ်းလေဖြတ်ခဲ့တဲ့ ဦးတင် ဦးဟာ မေလ ၁၈ ရက် မနက်ပိုင်းကတည်းက ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှာ ဆေးကုသမှုခံယူနေရတာဖြစ်ပါတယ်။
အခုဆိုရင် နာယကကြီး ဦးတင်ဦးဆေးရုံမှာ ဆေးကုသမှုခံယူနေရတာဟာ ၂ပတ်ရှိပြီဖြစ်သလို ကျန်းမာရေးအခြေအနေတွေလည်း ကောင်းမွန်လာတယ်လို့  ဒေါက်တာ အေးကိုကိုက ပြောပါတယ်။
ဦးတင်ဦးဟာ ကျန်းမာရေးအခြေအနေကောင်းလာခဲ့ပေမယ့် စကားပြောတာမပီသသေးပါဘူး။ဒါ့အပြင် ကိုယ်တစ်ခြမ်းသေသွားတဲ့ ညာဘက် လက်နဲ့  ခြေထောက်က လူပ်လို့ ရတဲ့ အဆင့်မှာပဲ ရှိနေသေးတယ်လို့  ဒေါက်တာအေးကိုကိုက ပြောပါတယ်။
ဒါ့အပြင် ဦးတင်ဦးရဲ့  ဆီးပိုက်ကို ဖြုတ်ထားနိုင်ပြီဖြစ်သလို ဆီးအိုးထဲမှာ သွားနိုင်တဲ့ အနေအထားရှိပါပြီလို့  ဒေါက်တာအေးကိုကိုက ထပ်မံရှင်းပြပါတယ်။
”နာရီဝက်နီးပါးလောက် ပုံမှန်ထိုင်နိုင်နေပါပြီ။ စကားပီပီသသပြောနိုင်ဖို့ နဲ့  ညာဘက်ကိုယ်တစ်ခြမ်း ပုံမှန်အတိုင်းဖြစ်ဖို့  လေ့ကျင့်ခန်းတွေ ဆက်လက်လုပ်ပေးရဦးမှာဖြစ်ပါတယ်။ လိုအပ်နေတဲ့ ကုသမှု၊ စောင့်ရှောက်မှုတွေ ပေးနေပါတယ်။ ” လို့ ဒေါက်တာအေးကိုကိုက ပြောပါတယ်။
ဒ့ါအပြင် ဇွန်လအလယ်မှာ ဦးတင်ဦးဟာ ဆေးရုံက ဆင်းနိုင်တော့မှာဖြစ်တယ်လို့ ဆရာဝန်တွေက ခန့် မှန်းပြောဆိုကြပါတယ်။
ချမ်းသာ(Kumudra)
Monday, May 29, 2017
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီနာယက ဦးတင်ဦးအား တိုင်းမှူး ဗိုလ်မှူးချုပ်သက်ပုံနှင့် အဖွဲ့ဝင်များကသွားရောက်ကြည့်ရှုအားပေး
ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ နှလုံးကုသဆောင်၌ ဆေးရုံတက်ရောက် ကုသမှုခံယူ
လျက်ရှိသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီနာယက ဦးတင်ဦးအား
တိုင်းမှူး ဗိုလ်မှူးချုပ်သက်ပုံနှင့် အဖွဲ့ဝင်များကသွားရောက်ကြည့်ရှုအားပေး
========================================================
နေပြည်တော် မေ ၂၉
လျက်ရှိသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီနာယက ဦးတင်ဦးအား
တိုင်းမှူး ဗိုလ်မှူးချုပ်သက်ပုံနှင့် အဖွဲ့ဝင်များကသွားရောက်ကြည့်ရှုအားပေး
========================================================
နေပြည်တော် မေ ၂၉
ရန်ကုန်တိုင်းဒေသကြီး၊ လသာမြို့နယ်ရှိ ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ နှလုံးကုသဆောင်၊ အထူး
အခန်း(၁)၌ တက်ရောက်ဆေးကုသမှု ခံယူလျက်ရှိသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ
နာယက ဦးတင်ဦးအား မေ ၂၈ ရက် နေ့လယ်ပိုင်းတွင် ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး
ဗိုလ်မှူးချုပ်သက်ပုံနှင့် အဖွဲ့ဝင်များက သွားရောက်၍ ဦးတင်ဦး၏ဇနီးဖြစ်သူဒေါက်တာတင်မိုးဝေ၊
သားဖြစ်သူ ဦးသန့်ဇင်ဦး၊ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးလင်းနိုင်မြင့်နှင့်
ဦးတင်ဦးအား အနီးကပ်ပြုစု စောင့်ရှောက်လျက်ရှိသည့် ဦးမြင့်ဦးတို့အားတွေ့ဆုံပြီး ဦးတင်ဦး
၏ ကျန်းမာရေး အခြေအနေများကိုမေးမြန်းကာ စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့ကြောင်း
သတင်းရရှိသည်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး
အခန်း(၁)၌ တက်ရောက်ဆေးကုသမှု ခံယူလျက်ရှိသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ
နာယက ဦးတင်ဦးအား မေ ၂၈ ရက် နေ့လယ်ပိုင်းတွင် ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး
ဗိုလ်မှူးချုပ်သက်ပုံနှင့် အဖွဲ့ဝင်များက သွားရောက်၍ ဦးတင်ဦး၏ဇနီးဖြစ်သူဒေါက်တာတင်မိုးဝေ၊
သားဖြစ်သူ ဦးသန့်ဇင်ဦး၊ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးလင်းနိုင်မြင့်နှင့်
ဦးတင်ဦးအား အနီးကပ်ပြုစု စောင့်ရှောက်လျက်ရှိသည့် ဦးမြင့်ဦးတို့အားတွေ့ဆုံပြီး ဦးတင်ဦး
၏ ကျန်းမာရေး အခြေအနေများကိုမေးမြန်းကာ စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့ကြောင်း
သတင်းရရှိသည်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး
Sunday, May 28, 2017
သူရဦးတင်ဦးအား ဗန်းမော်ဆရာတော်ဘုရား လာရောက်ကြည့်ရှု့
သူရဦးတင်ဦးအား ဗန်းမော်ဆရာတော်ဘုရား လာရောက်ကြည့်ရှု့
၂၃..၅..၁၇ နေ့နံနက် ၈ နာရီ ၁၅ မိနစ် က ရန်ကုန်မြို့ ပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသမှုခံယူနေသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယကကြီး သူရဦးတင်ဦးဟာ အသက်အရွယ်ကြီးတဲ့သူတွေမှာ အဖြစ်များတဲ့ သွေးကြောပိတ် လေဖြတ်ဝေဒနာကို ၅ရက်မြောက်နေ့ ခံစားနေရပြီး ကျန်းမာရေးမှာ သိသာစွာ တိုးတက်မှုရှိတဲ့အကြောင်း၊ မူလအခြေ
အနေထက် ဆိုးရွားမှုတွေ မတွေ့ရကြောင်း၊ သတိကောင်းစွာရှိကြောင်း ဆေးရုံအုပ်ကြီး ဒေါက်တာအေးကိုကိုက မေလ ၂၃ရက်နေ့ ရက်စွဲနဲ့ သတင်းထုတ်ပြန်ထားပါတယ်။
-
နိုင်ငံတော်သံဃာ့မဟာနာယက (မဟန) ဥက္ကဌ ဗန်းမော်ဆရာတော်
ဘုရားကြီးနဲ့ ရန်ကုန်တိုင်း သံဃမဟာနာယကအဖွဲ့ဥက္ကဌ မူလ
ဆယ်တောင်ပြည့်ကျောင်းတိုက်ဆရာတော်တို့ဟာ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနဲ့အတူ ဒီကနေ့ မေလ ၂၃ရက်နေ့ မနက်က သွားရောက်အားပေးစကားပြောပြီး မေတ္တာပို့ခဲ့ပါတယ်။
Credit: Phyo Min Thein
Thursday, May 25, 2017
သာသနာရေးဝန်ကြီးဟောင်း ဦးဆန်းဆင့် NLD နာယကကြီး သူရဦးတင်ဦးအား လာရောက်ကြည့်ရှု
သာသနာရေးဝန်ကြီးဟောင်း ဦးဆန်းဆင့် NLD နာယကကြီး သူရဦးတင်ဦးအား လာရောက်ကြည့်ရှု
သာသနာရေးဝန်ကြီးဟောင်း ဦးဆန်းဆင့်သည် ရန်ကုန်ပြည်သူ့
ဆေးရုံကြီး နှလုံးဆောင်တွင် ဆေးကုသမှုခံယူနေသော NLD နာယကကြီးသူရဦးတင်ဦးအား ယနေ့ (မေ ၂၅) နေ့လယ်ပိုင်းတွင် လာရောက်ကြည့်ရှုခဲ့သည်။
“သူရဦးတင်ဦးက ကျွန်တော်တို့ D.S.A (၁၅) ကျောင်းဆင်းပေး
ခဲ့တဲ့ ကျွန်တော်တို့ရဲ့ ကာကွယ်ရေးဦးစီးချုပ်ဖြစ်ခဲ့ပါတယ်။ ဆရာ
ကောင်းဆီမှာခိုလှုံခဲ့ရတဲ့ကျေးဇူးကို အောက်မေ့ပြီးတော့လာရောက်
တွေ့ဆုံခြင်းဖြစ်ပါတယ်”ဟု ၎င်းက News Watch သို့ ပြောသည်။
ဦဆန်းဆင့်သည် သူရဦးတင်ဦးနှင့်တွေ့ဆုံပြီးနောက် ဧည့်သည်တော်
မှတ်တမ်း၌ လက်မှတ်ရေးထိုးနေစဉ် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီး
ချုပ် ဦးဖြိုးမင်းသိန်းရောက်ရှိလာခဲ့ပြီး တရင်းတနှီး နှုတ်ဆက်ကြ
သည်။ ထို့နောက် ၀န်ကြီးချုပ်က ဦးဆန်းဆင့်အား ကျန်းမာရေးဂရု
စိုက်ရန် ပြောကြားခဲ့ကြောင်း သိရသည်။
နှင်းမောင်ဦး(NewsWatch)
အမှားကို ၀န်ချတောင်းပန်ရန် ၀န်လေးနေတတ်သူများအတွက် (သို့မဟုတ်) တပ်မတော်အစိုးရ လက်ထက် ကြံ့ခိုင်ရေး ၀ါရင်းတုတ်တပ်ဖွဲ့ဝင်တစ်ဦးမှ NLD နာယက သူရဦးတင်ဦးကို ၀န်ချတောင်းပန်ခြင်း
အမှားကို ၀န်ချတောင်းပန်ရန် ၀န်လေးနေတတ်သူများအတွက် (သို့မဟုတ်)
တပ်မတော်အစိုးရ လက်ထက် ကြံ့ခိုင်ရေး ၀ါရင်းတုတ်တပ်ဖွဲ့ဝင်တစ်ဦးမှ
NLD နာယက သူရဦးတင်ဦးကို ၀န်ချတောင်းပန်ခြင်း
************************************************************************
“ကားတွေ ထွက်လာကြပြီဟေ့၊ အားလုံးသတိ””ဟု ခေါင်းဆောင်လုပ်သူ၏ အမိန့်ပေး အော်ဟစ်သံကြောင့် ကျွန်တော်တို့အားလုံး သတိအနေအထားနှင့် ငြိမ်သက်လျက် ရှိနေကြသည်။ ၁၉၉၈ ခုနှစ် ၀န်းကျင် ကာလ လောက်ကဖြစ် မည်။ ကျွန်တော်တို့ ၀ါးရင်းတုတ်အဖွဲ့တွေ ချင်းချောင်း တရုတ်ဘုရား ကျောင်း ၀င်းထဲမှာ စခန်းချ နေရာယူ ထားခဲ့ကြသည်မှာ ၂ ရက်၊ ၃ ရက်ခန့် ရှိပြီဖြစ်သည်။ ဒေါ်စုကြည်နေအိမ် တက္ကသိုလ်ရိပ်သာလမ်းမှ ထွက်လာသော ကားတန်းကြီးက တဖြည်းဖြည်း နီးကပ်လာချေပြီ။ လက်၌ကိုင်ထားကြသော ၀ါးရင်းတုတ်များ ကိုယ်စီ အသင့်အနေအထားဖြင့် ကမ္ဘာအေး ဘုရားလမ်းနေအိမ်များရှိ ခြံဝများတွင် ၀ပ်နေကြရသည်။ တဖြည်းဖြည်း လာချေပြီလေ။ နီးသည်ထက် နီးကပ်လာပြီ။…
ပထမဆုံး ရှေ့မှထွက်လာသည့် မာဇဒါဆီဒင်အပြာ နုရောင်ကား ကို ရှေ့မှတားဆီး၍ လက်ထဲကိုင်ထားသော ၀ါးရင်းတုတ် ကိုယ်စီဖြင့် ၀ိုင်းသမ ကြလေတော့သည်။ တစ်ခဏအတွင်းမှာပင် မာဇဒါဆီဒင် အပြာနုရောင်ကားလေးခမျာ စိစိညက်ညက် ကြေမွသွားလေသည်။
အနီးရှိ ထောက်လှမ်းရေး တာဝန်ရှိသူများက ““ဟာ သွားပါပြီဗျာ၊ မှားကုန်ပြီဗျ။ အဲဒီကားက ငါတို့ဆီက လုံခြုံရေး သတင်းကား။ ပစ်မှတ်က နောက်ကကား”” ဟု မျက်စိပျက်၊ မျက်နှာပျက်နှင့် ပြော ဆိုနေတော့သည်။ မှားပြီး ၀ါးရင်းတုတ်အဖွဲ့၏ လက်သံ ပြောင်မြောက်စွာ အရိုက်ခံလိုက်ရသည့် ဆီဒင်ကားလေးခမျာ လေးဖက်လေး တန် ပြတင်းပေါက်မှန်များ အားလုံးကွဲကြေ၍ တွန့်လိမ် ပိန်ချိုင့်စွာဖြင့် မောင်းထွက်သွားပြီး ပစ်မှတ်ကားက နောက်က ကားဟု မကြားတကြား ပြောလိုက်သည့် အသံကြောင့် စွမ်းအားရှင် လူစွမ်းကောင်းများ စမ်းတ၀ါးဝါးနှင့် ထပ်မံ၍ ၀ိုင်းဝန်း ရိုက်နှက်ကြရာ ဒေါ်စုကြည်နှင့် ဦးတင်ဦးတို့ ပါလာသည်ထင်သည့် အဖြူရောင်ကားလေး အမြန်မောင်း ထွက်လာရာ နောက်သို့ ပြေးလိုက် ရိုက်လိုက်နှင့် ၀ါးရင်းတုတ်များဖြင့် ပစ်ပေါက်သူကပေါက်၊ မျက်စိထဲ အခုထိ မြင်ယောင်နေမိသည်။
အဲဒီအချိန်က မိမိတို့သည် ဒေါ်စုကြည်၊ ဦးတင်ဦးနှင့် NLD ပါတီကို အမုန်းကြီး မုန်းနေခဲ့မိ တာကတော့ အမှန်ပင်ဖြစ်သည်။ NLD ဆန့်ကျင်ရေး ၀ါဒဖြန့် လုပ်ငန်းစဉ်များ ခေါင်းထဲရိုက်သွင်း ခံခဲ့ကြရ လေ သည်။ ဒေါ်စုကြည်သည် ကုလားမ၊ ဦးတင်ဦးသည် လူဆိုးဓားပြကြီးဟု ထင်မြင်နေမိသည်။ ကြံ့ခိုင်ရေး အသင်းကြီး သည် လူမှုရေးအသင်းကြီးဟု ဆိုထားခဲ့သော်လည်း အခုလို သဲထိတ်ရင်ဖို ဇာတ်လမ်းဆန်ဆန် ကြမ်းတမ်းသည့် လုပ်ငန်းစဉ်များလည်း ကိုယ်တိုင် လုပ်ဆောင်ခဲ့ကြရလေသည်။ ကြံ့ခိုင်ရေး အမည်ဖျောက် ပြည်သူအသွင်ရောက် သဘောဖြင့် စွမ်းအားရှင်ဟုလည်း ခေါ်ဝေါ်ခဲ့ကြသည်။ အများအမြင်မှာကတော့ ၀ါးရင်းတုတ် တပ်ဖွဲ့ဟု အမည်ကမ္ပည်း တပ်ပေးခဲ့ကြသည်။ ဒီလို ဖြစ်ပျက် ကြုံတွေ့ခဲ့ရသည်များကို ပြန်လည် နှိုးဆွ သတိတရ ဖော်ထုတ်ရေးသားရခြင်း အကြောင်းက ဖန်လာခဲ့သည်။
မိမိတို့မြန်မာသံတော်ဆင့် သတင်း ဂျာနယ်အား အများပြည်သူ သိကြသည့်အတိုင်း သမ္မတနှင့် အစိုးရအဖွဲ့၏ ဂုဏ်သိက္ခာကို ထိခိုက်သည်ဟု ဆိုကာ အယ်ဒီတာချုပ်နှင့် ဖြန့်ချိရေး ၀န်ထမ်းအထိ ၁၁ ဦးကို တရားစွဲဆိုထားသည့် ၁၄ ကြိမ်မြောက် ရုံးချိန်း တွင် ၊ NLD နာယကကြီး သူရဦးတင်ဦးက အမှန်တရားအတွက် တရားပြိုင်ဘက် မှ နေပြည်တော် ပုဗ္ဗသီရိ တရားရုံးသို့ သက်သေလိုက်လံ ထွက်ဆိုပေးခဲ့ခြင်းဖြစ်သည်။ အဘသူရဦးတင်ဦး အား မြန်မာသံတော်ဆင့် အမှုဆောင် အရာရှိချုပ်နှင့် စီမံခန့်ခွဲရေး အဖွဲ့ဝင်များက နေပြည်တော် အပြည်ပြည် ဆိုင်ရာ လေဆိပ်သို့ မေ ၁၂ ရက်နေ့ နံနက်ပိုင်းတွင် သွားရောက် ကြိုဆိုခဲ့ကြကာ ခေတ္တတည်းခိုမည့် ဟိုတယ်သို့ ကြိုပို့ဆောင်ခဲ့ကြသည်။ အဘသူရ ဦးတင်ဦးအတွက် သီးသန့် ရွေးချယ်ထားသည့် အခန်းတွင် ပုဗ္ဗသီရိမြို့နယ် တရားရုံးသို့ မသွားရောက်မီ အချိန်တိုကာလ အတွင်း ခေတ္တနားနေစေခဲ့သည်။ အဘခေတ္တ နားနေသည့် အခန်းတွင် မြန်မာသံတော်ဆင့် အဖွဲ့သားများနှင့် နှုတ်ဆက် မိတ်ဆက်စကားပြော ဖြစ်ခဲ့ကြသည်။
အမှုဆောင်အရာရှိ ချုပ်က မိမိတို့ တရားစွဲခံထားရသည့် မြန်မာသံတော်ဆင့် အဖွဲ့သား ၁၁ ဦးနှင့် မိတ်ဆက် ပေးခဲ့သည်။ ထိုသို့ မိတ်ဆက်ပေးခဲ့ရာတွင် အမှုဆောင်အရာရှိချုပ်က““အဘ ဒါတာမွေအောင်ကိုလေ အဘ။ အရင်ကြံ့ခိုင်ရေး ၀ါးရင်းတုတ် တပ်ဖွဲ့မှာ ပါခဲ့တဲ့သူပါ။ ကိုယ်တွေ့ကြုံခဲ့ရတဲ့ အကြောင်းတွေ ရေးနေတဲ့သူပါ””၊ အဘသူရ ဦးတင်ဦးက““အေးဟိုတုန်းက အဘတို့ စာဖတ်ဝိုင်းတွေ မြို့နယ်တွေမှာဖွင့်ဖို့ လမ်းကြောင်းတွေ ဆင်းတဲ့အခါ ဒေါ်စုကြည်နဲ့ အဘနဲ့စီးတဲ့ ကားတွေကို ၀ါးရင်းတုတ်အဖွဲ့ ကြံ့ခိုင်ရေးတွေက ပိတ်ဆို့နှောင့်ယှက် ဖျက်ဆီး ခဲ့ကြတယ်။ အဲဒီအခါ ငါတို့ကားနဲ့ ထောက်လှမ်းရေး လုံခြုံရေးကားမှားပြီး ၀ိုင်းရိုက်ကြတာ အဲဒီ လုံခြုံရေးကား စိစိညက်ညက်ကို ကြေသွားတာပဲ။ ဘယ်လိုမှားပြီး ရိုက်မိကြလဲမသိဘူး။ အဘတို့ရဲ့ကားက နောက်ရောက်သွား တဲ့အခါ ကားမှားပြီး ရိုက်ကြတာ။
နောက်တော့ သူတို့ကားမှားပြီး ရိုက်ခဲ့မိကြတာသိရော အဘနဲ့ ဒေါ်စုကြည် စီးလာတဲ့ကားကိုပါ ထပ်ရိုက်ကြတာ။ ကံကောင်းလို့ပေါ့။ ကားတော့ နည်းနည်းထိသွားတယ်။ အဲဒါတွေ ကြုံတွေ့ခဲ့ကြတယ်။ အဘတို့ကတော့ အရေးယူပေးဖို့ ပြောပါသေးတယ်။ ဘာမှ အရေးမယူပေးခဲ့ကြဘူး။ အဘတို့ကတော့ အခုထိ ခွင့်လွှတ် သည်းခံခဲ့ကြရတယ်။ သဘောထား ကြီးခဲ့ကြရတယ်””။ အဘ သူရဦးတင်ဦးက အဲဒီလိုပွင့်လင်းစွာ ဖြစ်ပျက်ခဲ့ သည်များကို မိမိတို့ရှေ့မှာ ပြောချလိုက်တော့ အဲဒီအချိန်က ကြံ့ခိုင်ရေး ၀ါးရင်းတုတ် တပ်ဖွဲ့တွင် ကိုယ်တိုင် ပါဝင်ခဲ့သည့်သူ မိမိအနေဖြင့် အဘဦးတင်ဦး၏ရှေ့မှာ မတ်တတ် ရပ်နေနိုင်စွမ်းမရှိတော့ဘဲ အတွေးထဲ ၀င်လာခဲ့သည်က အဘကို ယခုကြုံကြိုက်သည့် အချိန်အခါတွင် ကိုယ်တိုင် ကိုယ်ကျ တောင်းပန်စကား ဆိုမှ ဖြစ်ပေတော့မည်ဟု ရှက်စိတ် စိုးရွံ့စိတ်များဖယ်၍ ဆုံးဖြတ်ချက် ချလိုက် မိတော့သည်။
ကျွန်တော် တောင်းပန်မှဖြစ်တော့မည် ဆုံးဖြတ်၍ မိမိက အဘဦးတင်ဦး ရှေ့နားတိုးကာ လက်အုပ်ချီ၍ ““အဘ ကျွန်တော် အဘအပေါ် ကာယကံ၊ ၀စီကံ၊ မနောကံတို့နဲ့ ပြစ်မှားခဲ့ မိတာတွေ ခွင့်လွှတ်ပေးပါ””ဟု တုန်ရင်သော အသံဖြင့် လက်အုပ်ချီတောင်းပန်စကား ဆိုလိုက်မိတော့သည်။ အဘဦးတင်ဦးက အံ့သြသည့် မျက်လုံးများဖြင့် ကြည့်လျက် အမှုဆောင်အရာရှိချုပ်က ““အဘခုနပြောတဲ့ ၀ါးရင်းတုတ်တွေနဲ့ ကြံ့ခိုင်ရေးတွေ အဘတို့ကားကို ၀ိုင်းရိုက်ခဲ့တဲ့အထဲမှာ အဲဒီတာမွေအောင်ကိုကြီးလည်း ပါခဲ့တယ်အဘ။ အဲဒါအခုအဘက အဲဒါတွေ ပြန်ပြောပြတော့ သူလည်း စိတ်မကောင်းဖြစ်ပြီး အဘကို အခုလို ၀န်ချ တောင်းပန်နေတာပါ””။
““ဟာ … ခွင့်လွှတ်တာပေါ့ကွာ။ ခွင့်လွှတ်ပါတယ်””ဟု ပြုံးရွှင်စွာဖြင့် ခွင့်လွှတ် စကား အဘပါးစပ်က ထွက်လာသည့်အခါမှ ပြုံးပျော်နိုင်ခဲ့ လေတော့ သည်။
အစဟိုးအရင်တုန်းက အဘတို့ကို လူဆိုးလူမိုက်ကြီးတွေလို့ ကျွန်တော်တို့က ထင်မြင်ယူဆခဲ့မိတာတွေဟာ အခု အဘနှင့် ကိုယ်တွေ့ကြုံဆုံ ခွင့်ရရှိခဲ့သောအခါမှ ထင်မြင်ချက်တွေဟာ တလွဲစီဖြစ်နေတာကိုသိခဲ့ ရပါသည်။ အဘ ဒီလို ခွင့်လွှတ်စကား ကြားရတာ ကျွန်တော့် စိတ်ထဲ တင်ကျန်နေတဲ့ အကြွေးတစ်ခု ဆပ်လိုက်ရသလို ရင်ထဲခံစား ပေါ့ပါးစေခဲ့ပါတယ် ဟု တွေးနေခဲ့မိသည်။ အဘခုနက ပြောခဲ့တဲ့ အဘတို့ကားနဲ့ လုံခြုံရေးကားမှားပြီး ရိုက်ခဲ့မိတဲ့ အဖြစ်အပျက်ဟာ ကျွန်တော်တို့ လုပ်ဆောင်ခဲ့ကြရတဲ့ ဖြစ်စဉ်နဲ့ တစ်ထပ်တည်း ဖြစ်ပျက်ခဲ့တဲ့ အတိတ်က ဇာတ်လမ်း တစ်ပုဒ်ပါ အဘ။ အဲဒီအချိန်အခါက ကြံ့ခိုင်ရေး အသင်းဝင်များဟာ တော်လှန်ရေးတစ်ရပ် ဆင်နွှဲနေကြရသည်ဟု ထင်မြင် ခဲ့ရပါသည်။ နိုင်ငံရေးနှင့် လူမှုရေးရောယှက်ကာ လုပ်ဆောင်ခဲ့ကြရသည့် မြေစာ ပင် လက်ကိုင်တုတ်တွေ ဖြစ်မှန်း မသိ ဖြစ်ခဲ့ကြရသည်။
မိမိတို့ကိုယ်၌ကလည်း လူစွမ်းကောင်းကြီးတွေလို ထင်မြင်နေခဲ့သည်။ အဘ ဦးတင်ဦး ပြောခဲ့သည့် အဖြစ်အပျက်များသည် အမှန်တကယ် ဖြစ်ပျက်ခဲ့တာဖြစ်ပြီး အဲဒီအချိန်က မိမိတို့ တစ်တွေ ၀ါးရင်းတုတ်တွေကို ဆာလာအိတ်တွေထဲထည့်၊ တစ်မြို့နယ်လျှင် အယောက် ၂၀၊ ဒိုင်နာကားများဖြင့် ချင်းချောင်း ရိပ်သာဝင်းထဲ အသင့်အနေအထားဖြင့် တပ်စွဲခဲ့ကြရခြင်းဖြစ်သည်။ တချို့မြို့နယ်များဆိုလျှင် လောက်လေးခွ၊ ဂျင်ဂလိများပင် ယူဆောင်လာခဲ့ကြတာကို တွေ့ခဲ့ကြရသည်။ အမိန့်တစ်စုံတစ်ရာ မရမချင်း အပြင်ကို မထွက်ရ၊ ညမှောင်ရီပျိုး ချိန်ကျမှ လူမသိအောင် တိတ်ဆိတ်စွာ တစ်ဖွဲ့ပြီးတစ်ဖွဲ့ အိမ်ပြန်ခဲ့ကြရသည်။ အခုတော့ အဘဦးတင်ဦးနှင့် ဆုံတွေ့ခိုက် ကိုယ်တိုင်ကိုယ်ကျ အမှားကို ၀န်ချတောင်းပန် လိုက်ရသဖြင့် စိတ်ထဲ ပေါ့ပါးလန်းဆန်း လျက် ကျေနပ် ယူနေမိသည်။
NLD နာယက အဘသူရဦးတင်ဦးကို ကြံ့ခိုင်ရေး ၀ါးရင်းတုတ် တပ်ဖွဲ့တွင် ပါဝင်ခဲ့ဘူးသူ တာမွေအောင်ကို က တောင်းပန်စကားဆိုလို့ အဘဦးတင်ဦးက ခွင့်လွှတ်သည့် စကားဆိုလိုက်သည့်အတွက် ၀မ်းသာကြည်နူး ပီတိဖြစ်ခဲ့ရပြီး အထိုက်တန်ဆုံး လုပ်ရပ်တစ်ခုဟု မြန်မာ သံတော်ဆင့် CEO ၏ ဂုဏ်ပြုစကား ပြောကြားခဲ့ခြင်းကို မိမိကိုယ်မိမိ ကျေနပ်နှစ်သက် နေမိသည်။ အခု အဘဦးတင်ဦး၏ ခန္တီသည်းခံခြင်းတရား၏ သဘောတရားကို နားလည်ခဲ့ရသည်။ သည်းခံခြင်းတရားက အများသူငါ၏ မေတ္တာကို ရယူနိုင်ခဲ့ရုံမက ကျွန်တော်တို့လို ဆန့်ကျင်ဘက် ဖြစ်ခဲ့သူများ၏ မေတ္တာကိုပါ သိမ်းပိုက် ရယူနိုင်ခဲ့လေပြီ ဖြစ်သည်။ မိမိအနေဖြင့် ဂါရ၀မင်္ဂလာ ရိုသေထိုက်သူကို ရိုသေရခြင်းနှင့် အမှားကိုသိ၍ အမှန်ကိုမြင် ၀န်ချတောင်းပန်ခြင်း အမှုကို ပြုလုပ်ခဲ့ခြင်း သည် ကောင်းမြတ်သည့် အလုပ်တစ်ခု ဖြစ်သည် ဟု ဆိုလိုက်ချင်ပါသည်။
×××××××× ------- ××××××××
- နေပြည်တော် ပုဗ္ဗသီရိမြို့နယ် စံချိန်ဟိုတယ်၌ မေလ ၁၂ ရက်နေ့တွင် တပ်မတော်အစိုးရလက်ထက် ကြံ့ခိုင်ရေး ၀ါးရင်းတုတ်တပ်ဖွဲ့ဝင်တစ်ဦးမှ NLD နာယက သူရဦးတင်ဦး ကို ယခင်က အမှားကို ၀န်ချတောင်းပန်နေစဉ်
.
မြန်မာသံတော်ဆင့်


















































