Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, May 28, 2017

သူရဦးတင်ဦးအား ဗန်းမော်ဆရာတော်ဘုရား လာရောက်ကြည့်ရှု့

သူရဦးတင်ဦးအား ဗန်းမော်ဆရာတော်ဘုရား လာရောက်ကြည့်ရှု့

၂၃..၅..၁၇ နေ့နံနက် ၈ နာရီ ၁၅ မိနစ် က ရန်ကုန်မြို့ ပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသမှုခံယူနေသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယကကြီး သူရဦးတင်ဦးဟာ အသက်အရွယ်ကြီးတဲ့သူတွေမှာ အဖြစ်များတဲ့ သွေးကြောပိတ် လေဖြတ်ဝေဒနာကို ၅ရက်မြောက်နေ့ ခံစားနေရပြီး ကျန်းမာရေးမှာ သိသာစွာ တိုးတက်မှုရှိတဲ့အကြောင်း၊ မူလအခြေ
အနေထက် ဆိုးရွားမှုတွေ မတွေ့ရကြောင်း၊ သတိကောင်းစွာရှိကြောင်း ဆေးရုံအုပ်ကြီး ဒေါက်တာအေးကိုကိုက မေလ ၂၃ရက်နေ့ ရက်စွဲနဲ့ သတင်းထုတ်ပြန်ထားပါတယ်။
-
နိုင်ငံတော်သံဃာ့မဟာနာယက (မဟန) ဥက္ကဌ ဗန်းမော်ဆရာတော်
ဘုရားကြီးနဲ့ ရန်ကုန်တိုင်း သံဃမဟာနာယကအဖွဲ့ဥက္ကဌ မူလ
ဆယ်တောင်ပြည့်ကျောင်းတိုက်ဆရာတော်တို့ဟာ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနဲ့အတူ ဒီကနေ့ မေလ ၂၃ရက်နေ့ မနက်က သွားရောက်အားပေးစကားပြောပြီး မေတ္တာပို့ခဲ့ပါတယ်။

Credit: Phyo Min Thein

No comments:

Post a Comment