Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, May 25, 2017

သာသနာရေးဝန်ကြီးဟောင်း ဦးဆန်းဆင့် NLD နာယကကြီး သူရဦးတင်ဦးအား လာရောက်ကြည့်ရှု


သာသနာရေးဝန်ကြီးဟောင်း ဦးဆန်းဆင့် NLD နာယကကြီး သူရဦးတင်ဦးအား လာရောက်ကြည့်ရှု
သာသနာရေးဝန်ကြီးဟောင်း ဦးဆန်းဆင့်သည် ရန်ကုန်ပြည်သူ့
ဆေးရုံကြီး နှလုံးဆောင်တွင် ဆေးကုသမှုခံယူနေသော NLD နာယကကြီးသူရဦးတင်ဦးအား ယနေ့ (မေ ၂၅) နေ့လယ်ပိုင်းတွင် လာရောက်ကြည့်ရှုခဲ့သည်။
“သူရဦးတင်ဦးက ကျွန်တော်တို့ D.S.A (၁၅) ကျောင်းဆင်းပေး
ခဲ့တဲ့ ကျွန်တော်တို့ရဲ့ ကာကွယ်ရေးဦးစီးချုပ်ဖြစ်ခဲ့ပါတယ်။ ဆရာ
ကောင်းဆီမှာခိုလှုံခဲ့ရတဲ့ကျေးဇူးကို အောက်မေ့ပြီးတော့လာရောက်
တွေ့ဆုံခြင်းဖြစ်ပါတယ်”ဟု ၎င်းက News Watch သို့ ပြောသည်။
ဦဆန်းဆင့်သည် သူရဦးတင်ဦးနှင့်တွေ့ဆုံပြီးနောက် ဧည့်သည်တော်
မှတ်တမ်း၌ လက်မှတ်ရေးထိုးနေစဉ် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီး
ချုပ် ဦးဖြိုးမင်းသိန်းရောက်ရှိလာခဲ့ပြီး တရင်းတနှီး နှုတ်ဆက်ကြ
သည်။ ထို့နောက် ၀န်ကြီးချုပ်က ဦးဆန်းဆင့်အား ကျန်းမာရေးဂရု
စိုက်ရန် ပြောကြားခဲ့ကြောင်း သိရသည်။
နှင်းမောင်ဦး(NewsWatch)





No comments:

Post a Comment