Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Showing posts with label Rohingya. Show all posts
Showing posts with label Rohingya. Show all posts

Friday, May 17, 2019

ဘင်္ဂလားဒေ့ရှ်ရောက် ရိုဟင်ဂျာဒုက္ခသည်တွေအနက် ၂ သိန်းခွဲကို ကုလအသိအမှတ်ပြုကပ်ပြားထုတ်ပေးပြီ


ရိုဟင်ဂျာ မိသားစုတစု
ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ရောက်နေတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေထဲက ၂ သိန်း ခွဲလောက်ကို ပထမဆုံးအကြိမ်အဖြစ် ကုလသမဂ္ဂက အထောက်အထား ကဒ်ပြားတွေ ထုတ်ပေးလိုက်ပါတယ်။

တချိန်ကျရင် မြန်မာနိုင်ငံကို ကိုယ့်သဘောဆန္ဒအရ ပြန်ကြတဲ့အခါ ဒုက္ခသည်တွေရဲ့ အခွင့်အရေးတွေကို အကာအကွယ်ပေးနိုင်ဖို့ လူသားချင်းစာနာမှု အဖွဲ့အစည်းတွေ၊ အာဏာပိုင်တွေ အနေနဲ့ လိုအပ်တဲ့ အချက်အလက်တွေ ရနိုင်ဖို့ ၂၀၁၈ ဇွန်လကတည်းက စာရင်းကောက်ယူတဲ့ အစီအစဉ်ကို စတင်ခဲ့ကြောင်းလည်း ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂ မဟာမင်းကြီးရုံး (UNHCR) က ဒီကနေ့ပဲ ကြေညာချက်ထုတ်ပြန် ပြောဆိုလိုက်တာပါ။

အသက် ၁၂ နှစ်အထက် ဒုက္ခသည်တွေကို ထုတ်ပေးတဲ့ အထောက်အထား ကဒ်ပြားတွေမှာတော့ အမည်၊ မိသားစု၊ လက်ဗွေ၊ မျက်စေ့သူငယ်အိမ်မှတ်တမ်း စတဲ့ အချက်အလက်တွေ ပါဝင်ပါတယ်။

UNHCR ကြေညာချက်မှာတော့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ Cox’s Bazar မှာ ရိုဟင်ဂျာ ဒုက္ခသည် ၉ သိန်းကျော် ရှိနေပြီး ဒီအထဲက ၇၄၁,၀၀၀ ဟာ ၂၀၁၇ သြဂုတ်လနောက်ပိုင်း မြန်မာနိုင်ငံက ထွက်ပြေးလာသူတွေ ဖြစ်ကြောင်းလည်း ဖော်ပြထားပါတယ်။

၂၀၁၇ သြဂုတ်လတုန်းက ရခိုင်ပြည်နယ် မြောက်ပိုင်းမှာရှိတဲ့ ရဲကင်းစခန်းတွေကို စီးနင်းတိုက်ခိုက်ခဲ့တဲ့ ARSA ရိုဟင်ဂျာ အစွန်းရောက်အဖွဲ့ကို မြန်မာလုံခြုံရေးတပ်ဖွဲ့တွေ လိုက်လံရှင်းလင်းတဲ့ စစ်ဆင်ရေးတွေရဲ့ နောက်ဆက်တွဲအဖြစ် သိန်းနဲ့ချီတဲ့ ဒုက္ခသည်တွေ ဘင်္ဂလားဒေ့ရှ် နိုင်ငံကို ထွက်ပြေးခိုလှုံခဲ့ကြတာပါ။

မြန်မာအစိုးရကတော့ ရိုဟင်ဂျာဆိုတဲ့ အမည်ကို တရားဝင် အသိအမှတ်ပြု လက်ခံမထားပေမဲ့ ဒုက္ခသည်တွေကို စိစစ်ပြီး ပြန်လည် လက်ခံမှာဖြစ်ကြောင်း ပြောဆိုထားပါတယ်။

ဒုက္ခသည်တွေ ပြန်လည်လက်ခံဖို့အတွက် UNHCR ဘင်္ဂလားဒေ့ရှ် နိုင်ငံတို့နဲ့လည်း သီးခြားလက်မှတ်ရေးထိုး သဘောတူထားပေမယ့် လက်တွေ့ အစီအစဉ်တွေကတော့ အခုအထိ အကောင်အထည် မဖော်နိုင်ပဲ ဖြစ်နေပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
https://burmese.voanews.com

Tuesday, November 20, 2018

ကူတူပါလောင်ဒုက္ခသည်စခန်း ရိုဟင်ဂျာတွေ နဲ့ NGO ၀န်ထမ်းတွေကြား ခိုက်ရန်ဖြစ်ပွား


ကူတူပါလောင်ဒုက္ခသည်စခန်း ရိုဟင်ဂျာတွေ နဲ့ NGO ၀န်ထမ်းတွေကြား ခိုက်ရန်ဖြစ်ပွား (ukhiyanews)
ဘင်္ဂလားဒေ့ရှ်နယ်စပ် ကော့စ်ဘဇားခရိုင်၊ ကူတူပါလောင် ဒုက္ခသည်စခန်းမှာရှိတဲ့ ထိုင်းနိုင်ငံဘက်ကနေပြောင်းရွှေ့လာတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေကို BRAC လို့ခေါ်တဲ့ လူ့အဖွဲ့အစည်းကြား လူသားအရင်းမြစ် တည်ဆောက်ပေးရေး NGO အဖွဲ့က စာရင်းကောက်ယူပြီးအပြန်မှာ ကား၂စီးပေါ်ပါလာတဲ့ အမျိုးသမီးဝန်ထမ်းတွေ အောက်ဆင်း လမ်းလျှောက်စဉ်- ဒုက္ခသည်တချို့က ၀ိုင်းဝန်းနောက်ပြောင်ရာက NGO တွေနဲ့ ဒုက္ခသည်တွေကြား အပြန်လှန် ခိုက်ရန်ဖြစ်ပွားပြီး NGO ၀န်ထမ်း ၅ဦးနဲ့ ဒုက္ခသည်တချို့ပါ ဒဏ်ရာရရှိသွားတယ်လို့ နယ်စပ်အခြေစိုက် နိရဉ္စရာ သတင်းဌာနကပြောပါတယ်။ ခိုက်ရန်ဖြစ်တဲ့ ဒုက္ခသည်တွေကို ဘင်္ဂလားအာဏာပိုင် တွေက လိုက်လံရှာဖွေနေပေးမယ့် တိမ်းရှောင်နေကြတယ်လို့ သိရပါတယ်။ ဒီအခြေအနေတွေ သိရအောင် အဲဒီစခန်းထဲက ဒုက္ခသည် ဦးမောင်မောင်ကို မသိဂီထိုက်က ဆက်သွယ်မေးမြန်းထားပါတယ်။

မေး။ ။ အဖြစ်အပျက်လေးအရင်ပြောပြပေးပါ။ ဘယ်လိုများဖြစ်ပါသလဲ

ဖြေ။ ။ BRAC ၀န်ထမ်းအမျိုးသမီးတယောက်ကနေ လမ်းလျောက်လာတဲ့အချိန်မှာ သူတို့ကနေ အဲဒီနေရာက လူတွေက တအားစီတယ် သွားဖို့ ခက်တယ်ဆိုတော့ အဲဒီအမျိုးသမီးဘေးနားကို ဖြတ်သွားခဲ့တယ်လို့ သူတို့ပြောတယ်။ နောက်ပြီး အမျိုးသမီးတွေနဲ့ နည်းနည်းစကားများသွားတယ်လို့ ပြောတဲ့ များပြီးတော့ အဲဒီအမျိုးသမီးတွေက BRAC ၀န်ထမ်းအမျိုးသမီးတွေပေါ့နော် ။ အဲဒါ ရိုဟင်ဂျာ ဒုက္ခသည်စခန်းမှာ ပထမပိုင်းမှာ လာပြီးတော့ ရိုက်တယ်လို့ပြောတယ် နောက်ပိုင်းမှာ အဲဒီ ဒုက္ခသည်စခန်းက လူတွေထွက်လာပြီးတော့ သူတို့ဘက်ကလည်း ၁၀ ယောက်လောက်ရှိမယ် အဲဒီဝန်ထမ်းတွေကို ၀ိုင်းပြီးတော့ လုပ်တယ်လို့ ပြောတယ်။

မေး။ ။ အဲဒီတော့ ဘယ်နှစ်ယောက် ဒဏ်ရာရပါသလဲ။

ဖြေ။ ။ ဟိုဘက်က NGO ၀န်ထမ်းတွေဘက်က ၅ ယောက်လို့ ပြောတယ် ဒါပေမယ့် ဒီဘက်မှာလည်း ၄-၅ ယောက်လောက် ဒဏ်ရာရရှိခဲ့တယ်လို့ပြောတယ်။

မေး။ ။ ဆိုတော့ ဒဏ်ရာရတဲ့ သူတို့ရဲ့အခြေအနေဘယ်လိုရှိပါသလဲ။

ဖြေ။ ။ ဒဏ်ရာရတဲ့ သူတွေအခြေအနေက အခုလောလောဆည် စိုးရိမ်စရာအနေအထား မရှိဘူးလို့ပြောတယ်။ သူတို့ နည်းနည်းသက်သာလာပြီလို့ပြောတယ်။

မေး။ ။ ဖြစ်တဲ့နေရာက ဘယ်နေရာပါလဲ။

ဖြေ။ ။ ထိုင်းဖက်ကရောက်လာတဲ့ဒုက္ခသည်စခန်းပါ၊ အခုဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်မှာသူတို့ရှောင်ခိုင်းသူတို့က။

မေး။ ။ NGO ၀န်ထမ်းတွေက အဲဒီဒုက္ခသည်စခန်းမှာ အကူအညီပေးဖို့သွားတာလား ဒါမှမဟုတ် ဘယ်လိုပုံစံမျိုးရောက်ပြီးတော့ တိုက်ခိုက်ခံရတာပါလဲ။

ဖြေ။ ။ NGO ၀န်ထမ်းတွေက အဲဒီဒုက္ခသည်စခန်းကို ၀င်လာတဲ့ လမ်းကနေ ၀င်လာတာပါ။

မေး။ ။ သူတို့ ကားနဲ့ ဖြတ်လာတဲ့ ခရီးတထောက်ပေါ့နော်

ဖြေ။ ။ ကားနဲ့ ဖြတ်လာတယ် အဲဒီဒုက္ခသည်စခန်းမှာ ကားလမ်းရှိတယ် အဲဒီ လမ်းကနေ လာတာပါ။

မေး။ ။ လမ်းမှာလာတဲ့အချိန်မှာ သူတို့တားခံရတာလား ၊ ဒါမှမဟုတ် သူတို့ ခရီးတထောက်နားကြတာလား။

ဖြေ။ ။သူတို့အဲဒီ ကားနားတဲ့နေရာရှိတယ် အဲဒီမှာ ကားရပ်နားပြီးတော့ အဲဒီ နေရာကနေ လမ်းလျောက်သွားတာပါ။

မေး။ ။ အဲဒီလို လမ်းလျောက်သွားတဲ့အချိန်မှာ ဖြစ်ခဲ့တာပေါ့နော်။

ဖြေ။ ။ဟုတ်ပါတယ် အဲဒီလို လမ်းလျောက်ရင်းနဲ့ တယောက်နဲ့ တယောက်ရန်ဖြစ်တာပါ။ အဲဒီက လူအရမ်းများတယ် လမ်းကလည်း သိပ်မကြီးဘူး။

မေး။ ။ အဲဒီလို ရန်ဖြစ်ကြတဲ့လူတွေထဲက ဖမ်းထားတဲ့ လူတွေရောရှိပါသလား ဘယ်လိုကြားပါသလဲ။

ဖြေ။ ။ အခုလောလောဆည် ဖမ်းထားတဲ့ လူတွေတော့ မကြားသေးပါဘူး။ ဒါပေမယ့် ပထမပိုင်းမှာ တိုက်ခိုက်တဲ့အတွင်း ပါတဲ့လူတွေကို ဖမ်းဖို့ဆိုပြီးတော့ အာဏာပိုင်တွေဆီက လာပြီးတော့ ဖမ်းဖို့ ပြောတယ် ဒါပေမယ့် သူတို့ တိမ်းရှောင်နေရတယ်လို့ ပြောတယ်။

မေး။ ။ အဲဒီတော့ ကုတုပလောင် ၊ Cox bazar ဘက်က လာတဲ့သတင်းတွေမှာ အခင်းဖြစ်တဲ့နေရာကို အာဏာပိုင်တွေသွားပြီးတော့ ထိန်းရတယ်လို့ ပြောပါတယ်။ အဲဒါရော ဦးမောင်မောင်တို့ ဘာသိထားပါသလဲ

ဖြေ။ ။ ပထမတော့ ရဲတွေကို ညှိနှိုင်းခိုင်းထားတယ်။ အခုလောလောဆည် ၂ ဖက်စလုံးကိုပဲ ညှိနှိုင်းပြီးတော့ အဲဒီက အာဏာပိုင်တွေ စခန်းတာဝန်ရှိသူတွေနဲ့ တိုင်ပင်ဆွေးနွေးပြီးတော့ သူတို့လုပ်တယ်လို့ပြောပါတယ်။

မေး။ ။ အဲဒီမှာရော အထူးလုံခြုံရေး ၊ အခုအခင်းဖြစ်ပြီးမှ ထပ်ပြီးတော့ လုံခြုံရေး ချထားပါသလား။

ဖြေ။ ။ လုံခြုံရေးကတော့ လောလောဆည် ၂၄ နာရီရှိပြီးသားပါ အဲဒီလမ်းမှာ။ သူတို့က ဒုက္ခသည်အဟောင်း ကျနော်တို့ကတော့ ဒုက္ခသည်အသစ်တွေပါ။

မေး။ ။ ဦးမောင်မောင်ကျေးဇူးတင်ပါတယ်။

ဖြေ။ ။ဟုတ်ကဲ့ပါ။

မသိင်္ဂီထိုက် / ဗွီအိုအေ (မြန်မာပိုင်း)
https://burmese.voanews.com

Saturday, November 17, 2018

ကျောက်တန်းမှာ ဖမ်းမိသူတွေကို မီဒီယာတွေ သတင်းရယူခွင့် ပိတ်ပင်ထား

စစ်တွေမြို့နယ် သက်ကယ်ပြင်ကျေးရွာ နာဇီဒုက္ခသည်စခန်းကနေ မလေးရှားကို ထွက်ပြေးဖို့ ကြိုးစားခဲ့တဲ့ မွတ်စလင်ဒုက္ခသည်တွေကို ၂ဝ၁၈၊ နိုဝင်ဘာ ၁၆ ရက်နေ့က ကျောက်တန်းမြို့နယ် သံတဲကျေးရွာအနီးမှာ ဖမ်းဆီးရမိစဉ်
ရန်ကုန်တိုင်း ကျောက်တန်းမြို့နယ်မှာ ဖမ်းမိခဲ့တဲ့ ရခိုင်ပြည်နယ်ကနေ လှေနဲ့ ထွက်ပြေးလာတဲ့ မွတ်စလင် ဒုက္ခသည်တွေရဲ့ အချက်အလက်တွေကို စစ်ဆေးနေပြီး အစိုးရက သတင်းထုတ်ပြန်တာမရှိသလို သတင်းမီဒီယာတွေ သတင်းရယူခွင့်ကိုလည်း ကန့်သတ်ထားပါတယ်။

အဲ့ဒီဒုက္ခသည်တွေကို သူတို့ရဲ့ မူလနေရပ်တွေကို ပြန်ပို့မယ်ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်နေပေမယ့် အတည်ပြုလို့ မရသေးပါဘူး။

ဖမ်းဆီးရမိခဲ့တဲ့ ၁၀၆ ဦးလုံးဟာ ရခိုင်ပြည်နယ် စစ်တွေမြို့ ဒုက္ခသည်စခန်းတွေမှာ နေထိုင်သူတွေဖြစ်ပြီး အဲ့ဒီထဲမှာ အမျိုးသား ၅၀ ဦး၊ အမျိုးသမီး ၃၁ ဦးနဲ့ ကလေး ၂၅ ဦး ဖြစ်ပါတယ်။

သူတို့တွေကို ကျောက်တန်းမြို့နယ် အနောက်ပိုင်းရပ်ကွက်မှာရှိတဲ့ ရွှေမှော်ဝန်းခမ်းမှာ ထိန်းသိမ်းထားပါတယ်။ သူတို့တွေဟာ မလေးရှားနိုင်ငံကိုသွားဖို့ စက်လှေနဲ့ ထွက်ခွာလာတာလို့ သိရပါတယ်။

ဒီသတင်းကို RFA သတင်းထောက် ကိုအောင်သိင်္ခ ပေးပို့ထားတာဖြစ်ပါတယ်။

RFA Burmese
https://www.rfa.org

Tuesday, June 5, 2018

ပူလစ်ဇာဆု ချီးမြှင့်ခံရတဲ့ ရိုက်တာ ဓါတ်ပုံသတင်းထောက်အဖွဲ့ထဲ မြန်မာပါဝင်

The Reuters Pulitzer Prize winning photography team
အမေရိကန်ပြည်ထောင်စုမှာသာမက နိုင်ငံတကာ သတင်း၊စာနယ်ဇင်းလောကမှာ ဂုဏ်သတင်းကြီးတဲ့ နှစ်စဉ်ချီးမြှင့်နေတဲ့ ပူလစ်ဇာဆု ပေးပွဲအခမ်းအနားကို နယူးရောက်မြို့ ကိုလံဘီယာ တက္ကသိုလ်မှာ ဗုဒ္ဓဟူးနေ့က ကျင်းပရာမှာ သတင်းမှတ်တမ်းဓါတ်ပုံဆုအတွက် ရိုက်တာသတင်းဌာနကို ချီးမြှင့်ရာမှာ မြန်မာဓါတ်ပုံသတင်းသမား ကိုစိုးဇေယျထွန်းလည်း ပါဝင်ခဲ့ပါတယ်။

မြန်မာနိုင်ငံ ရခိုင်ပြည်နယ်မြောက်ပိုင်း ရိုဟင်ဂျာ ပဋိပက္ခ သတင်းမှတ်တမ်းတင် ဓါတ်ပုံတွေအတွက် ရိုက်တာ သတင်းဌာနကို ပူလစ်ဇာဆု ချီးမြှင့်ခဲ့တာဖြစ်ပါတယ်။

မအင်ကြင်းနိုင်က အပြည့်အစုံကို ဆက်လက်တင်ပြမှာပါ။

The Reuters Pulitzer Prize winning photography team
ကိုလံဘီယာတက္ကသိုလ် အဓိပတိ Lee Bollinger ကနေ ဒီနှစ်အတွက် အကောင်းဆုံး သတင်းဓါတ်ပုံဆုအဖြစ် ရိုဟင်ဂျာတွေအပေါ် ညှမ်းပန်းနှိပ်စက်မှုတွေကို ကမ္ဘာသိအောင် တုန်လှုပ်ဖွယ်ရာ သတင်းမှတ်တမ်းဓါတ်ပုံတွေနဲ့ ဖေါ်ထုတ်နိုင်ခဲ့တဲ့ ရိုက်တာ သတင်းသမားတွေကို ချီးမြှင့်လိုက်ကြောင်း ကြေညာသွားတာပါ။

မြန်မာနိုင်ငံဘက်ခြမ်းကနေ ရိုဟင်ဂျာဒုက္ခသည်တွေ အစုလိုက်အပြုံလိုက် လှေတွေနဲ့ တဖက် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် ထွက်ပြေးခဲ့တဲ့ သတင်းဓါတ်ပုံတွေ၊ ပင်လယ်မှာ ရေနစ်သေဆုံးခဲ့တဲ့ ကလေးတွေအပါအ၀င် ရိုဟင်ဂျာရုပ်အလောင်းတွေ၊ နှိပ်စက်ညှမ်းပန်းမှုကြောင့် ကိုယ်ခန္ဓာနေရာအနှံမှာ ရထားတဲ့ ဒဏ်ရာဒဏ်ချက်တွေ၊ ရိုဟင်ဂျာရွာတွေ မီးလောင်ခံထားရပုံတွေ စတဲ့ တုန်လှုပ်ဖွယ်ရာ ရာနဲ့ချီတဲ့ သတင်းမှတ်တမ်းဓါတ်ပုံတွေကြောင့် ထွက်ပြေးလာတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေ မြန်မာနိုင်ငံမှာ ဘယ်လောက်အထိ ဖိနှိပ်မှုတွေ ရင်ဆိုင် ခဲ့ရသလဲဆိုတာ ကမ္ဘာက သိရှိအောင် ထုတ်ဖေါ်နိုင်တဲ့အတွက်ကြောင့် ပူလစ်ဇာဆု- သတင်းဓါတ်ပုံအတွက် ရွေးချယ်ချီးမြှင့်ခဲ့ကြောင်း ဆုရွေးချယ်ရေး ဘုတ်အဖွဲ့ရဲ့ ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။

ရိုဟင်ဂျာပဋိပက္ခ သတင်းဓါတ်ပုံအတွက် ၂၀၁၈ ပူလစ်ဇာဆုချီးမြှင့်ခံရတဲ့ ရိုက်တာ ဓါတ်ပုံသတင်းသမားတွေကတော့ မြန်မာနိုင်ငံက ကိုစိုးဇေယျထွန်းအပါအ၀င်၊ အိန္ဒိယနိုင်ငံက Danish Siddiqui နဲ့ Mohammad Ponir Hossain၊ ဗြိတိန်နိုင်ငံက Hannah McKay အပါအ၀င် ဘင်္ဂလားဒေ့ရှ်၊ တရုတ် စတဲ့နိုင်ငံအခြေစိုက် ရိုက်တာ ဓါတ်ပုံသတင်းထောက် စုစုပေါင်း ၇ ဦးဖြစ်ပါတယ်။ ရိုက်တာသတင်းဓါတ်ပုံ ကမ္ဘာလုံးဆိုင်ရာ တာဝန်ခံတဦးဖြစ်တဲ့ Ricky Roger ကတော့ ရိုဟင်ဂျာ အကျပ်အတည်း သတင်းတင်ပြမှုမှာ ရိုက်တာဓါတ်ပုံသတင်းထောက်တွေ အဖွဲ့ရဲ့ ကြိုးပမ်းမှုအတွက် ဂုဏ်ယူမိကြောင်း အခုလိုပြောပါတယ်။

"ရိုက်တာအနေနဲ့ ပုံမှန်လုပ်နေကြထက် လူအများအပြားပါဝင်တဲ့ အဖွဲ့ကြီးတခု အနေနဲ့ ဒီသတင်းတင်ပြနိုင်ဖို့ ကြိုးပမ်းဆောင်ရွက်ခဲ့တာပါ။ သူတို့တွေ အကောင်းဆုံးလုပ်နိုင်ခဲ့တယ်ဆိုတာ ဒီဆုက သက်သေပြနေပါတယ်။"

၂၀၀၇ ခုနှစ် ရွှေဝါရောင်တော်လှန်ရေးမှာ ဂျပန်သတင်းထောက် ကင်ဂျိနာဂါအိ ပစ်သတ်ခံခဲ့ရတဲ့ ဓါတ်ပုံကို ရိုက်ယူနိုင်ခဲ့ပြီး အဲဒီဓါတ်ပုံနဲ့ ပူလစ်ဇာ သတင်းဓါတ်ပုံဆုရခဲ့တဲ့ နယူးရောက်အခြေစိုက် ရိုက်တာ ဓါတ်ပုံသတင်း အယ်ဒီတာ Adrees Latif အက်ဒွီ ဖိုတီဖ် ကလည်း-

"ရိုဟင်ဂျာဒုက္ခသည်တွေရဲ့ အခြေအနေ ကမ္ဘာသိအောင် ရိုက်တာ ဓါတ်ပုံသတင်းထောက်အဖွဲ့အနေနဲ့ ချိတ်ဆက်ပေးနိုင်ခဲ့တာပါ။ ပင်လယ်လှိုင်းတွေကြား ကိုယ်တိုင်သွားရောက်ခဲ့ကြသလို၊ အခက်အခဲတွေရင်ဆိုင်ကျော်ဖြတ်ပြီး ရိုဟင်ဂျာ သတင်းတွေကို ဓါတ်ပုံအထောက်အထားတွေနဲ့တင်ပြနိုင်ခဲ့တာပါ။ အဲဒီအတွက်လည်း ကျနော် အလွန်ပဲဂုဏ်ယူပါတယ်။ အခုရိုဟင်ဂျာ သတင်းတွေနဲ့ပတ်သက်လို့ မြန်မာနိုင်ငံမှာ ဖမ်းဆီးခံထားရတဲ့ ကျနော်တို့ သတင်းထောက်နှစ်ဦးရှိနေပါတယ်။ သူတို့တွေ အမြန်ဆုံးလွတ်မြောက်ဖို့အတွက်လည်း ကျနော်တို့ ဆုတောင်းပါတယ်။"

ကိုစိုးဇေယျထွန်းဟာ မြန်မာဓါတ်ပုံသတင်းသမားတဦးအနေနဲ့ ပထမဆုံးအကြိမ် ပူလစ်ဇာဆု ရရှိခဲ့တာဖြစ်သလို အင်ဒိုနီးရှားကျွန်းမှာ လူကုန်ကူးခံရတဲ့ မြန်မာငါးဖမ်းသမားတွေအကြောင်း စုံစမ်းဖေါ်ထုတ်နိုင်ခဲ့တဲ့အတွက် ၂၀၁၆ခုနှစ် ပူလစ်ဇာ စုံစမ်းထောက်လှမ်းတဲ့သတင်းထောက်ဆုကို အေပီသတင်းဌာနကိုချီးမြှင့်ရာမှာ မြန်မာနိုင်ငံက အေပီ သတင်းထောက် အယ်စတာ ထူးဆန် Esther Htusan လည်း ဆု ရရှိခဲ့တာပါ။

ဒီနှစ်အတွက် ပူလစ်ဇာ သတင်းဓါတ်ပုံဆုချီးမြှင့်ဖို့ ရိုက်တာသတင်းဌာနအပါအ၀င် စကာတင်စာရင်းသွင်းခံရတဲ့ ဗင်နီဇွဲလားနိုင်ငံက အကြောင်း သတင်းဓါတ်ပုံရိုက်ထားတဲ့ နယူးရောက် တိုင်းမ်စ် သတင်းစာ၊ ရိုဟင်ဂျာမွတ်စလင်ဒုက္ခသည်တွေအကြောင်း ဓါတ်ပုံရိုက်ကူးထားတဲ့ Getty Images နဲ့ ရောဂါဝေဒနာခံစားနေရပေမယ့် ဘ၀ကိုအရှုံးမပေးတဲ့ အမေရိကန် လူငယ်လေးအကြောင်း သတင်းဓါတ်ပုံမှတ်တမ်းတင် ရိုက်ကူးထားတဲ့ San Antonio Express သတင်း တွေထဲက ရိုက်တာသတင်းဌာနကို ၂၀၁၈ခုနှစ်အတွက် ရွေးချယ်ချီးမြှင့်ခဲ့တာဖြစ်ပါတယ်။

ဒါအပြင် နောက်ထပ်ပူလစ်ဇာဆုဖြစ်တဲ့ အကောင်းဆုံး နိုင်ငံတကာသတင်းတင်ပြမှု အတွက် ဖိလစ်ပိုင် သမ္မတ ရိုဒရီဂို ဒူတာတေးရဲ့ မူးယစ်ဆေးဝါး နှိမ်နှင်းရေး စစ်ပွဲအတွင်း ရဲတပ်ဖွဲ့ရဲ့ ဥပဒေမဲ့ သတ်ဖြတ်မှုတွေကို ဖော်ထုတ်တင်ပြခဲ့တဲ့ ရိုက်တာသတင်းဌာနကို ဒီနှစ်အတွက် ချီးမြှင့်ခဲ့ပါတယ်။ ဒါဟာ ရိုက်တာသတင်းဌာနအတွက် ပထမဆုံးအကြိမ် ပူလစ်ဇာဆု နှစ်ဆုကို တပြိုင်တည်း ချီးမြှင့် ခံခဲ့ရတာဖြစ်ပါတယ်။

ကိုလံဘီယာတက္ကသိုလ်ကြီးကနေ သတင်းစာနယ်ဇင်း ပညာရပ်မြှင်တင်တဲ့အနေနဲ့ ၁၉၀၀ ခုနှစ်တ၀ိုက်ကနေ ပူလစ်ဇာဆုကို စတင်ချီးမြှင့်ခဲ့ရာမှာ ဆုရရှိတဲ့ အမည်စာရင်းကို ဧပြီလမှာ ကြေညာပြီး ကိုလံဘီယာတက္ကသိုလ် အဓိပတိကိုယ်တိုင်ချီးမြှင့်တဲ့ ဆုပေးပွဲနဲ့အတူ နေ့လည်စာအခမ်းအနားကိုတော့ ကိုလံဘီယာတက္ကသိုလ် ပရ၀ုဏ်အတွင်း မေလမှာ ကျင်းပတာဖြစ်ပါတယ်။

အင်ကြင်းနိုင်  / ဗွီအိုအေ (မြန်မာပိုင်း)
https://burmese.voanews.com

Friday, February 16, 2018

ကမ္ဘာကြီး ကို ရင်ဆိုင် ယှဉ်နိုင်ဖို့ ကျွန်တော်တို့ နှလုံးသားတွေ အရင်ပြင်နိုင်မှဖြစ်မယ်



သီဟသွေး

ဒီကနေ့ မြန်မာနိုင်ငံကို ရခိုင် ပြည်နယ် မောင်တော အရေး နဲ့ပတ်သက်ပြီး ရှေ့တန်းကနေ ဖိအားပေးနေတဲ့ နိုင်ငံတွေကို ကြည့်မယ်ဆိုရင် အင်္ဂလန် အမေရိကန် ပြင်သစ် စတဲ့ နိုင်ငံကြီးတွေပါဝင်နေတာကိုတွေ့ရပါမယ် ။

ဒီလိုပဲ အယ်ကေးဒါး ကနေစပြီး နောက်ဆုံး ISIS အထိ အစွန်းရောက် မွတ်စလင် အကြမ်းဖက် အဖွဲ့ အစည်းတွေကနေ အဓိက ပစ်မှတ် ထားပြီး ဦးတည် တိုက်ခိုက်နေတဲ့ နိုင်ငံတွေ ကိုကြည့်မယ်ဆိုရင်လည်း ဒီနိုင်ငံတွေက ထိပ်ဆုံးကပါနေတာကိုလည်းတွေ့ကြရပါလိမ့်မယ်။ ကဲ ဒါဆို စနစ်တကျ ကြိုတင်ပြင်ဆင်ထားတဲ့ ARSA အကြမ်းဖက်အဖွဲ့ က ဂျီဟတ်စစ်ပွဲ ကြွေးကြော် လို့ ရဲစခန်း ၂၅ ခုကို တစ်ချိန်တည်း တပြိုင်တည်း တိုက်ခိုက်ခဲ့တဲ့ ဖြစ်စဉ်ကနေ အစပြုပြီးဖြစ်ပေါ်ခဲ့တဲ့ ရိုဟင်ဂျာ ဘင်္ဂါလီ ၆ သိန်းကျော် တစ်ဘက်နိုင်ငံကို ထွက်ပြေးခဲ့သော ကိစ္စမှာ အကြမ်းဖက်မှုကို ဘေးချိတ်ပြီး မြန်မာနိုင်ငံကို ဒုက္ခသည် ၆ သိန်းကိစ္စ ၊ တိုက်ခိုက်မှုတွေ ရဲ့ နောက်ဆက်တွဲ ဖြစ်စဉ်တွေကို အကြောင်းပြုပြီး ပြင်းပြင်းထန်ထန် ဝေဖန်ဖိအားပေးဖို့ ရှေ့တန်းက ကြိုးစားလာတဲ့ နိုင်ငံတွေ ထဲမှာ အစွန်းရောက် မွတ်စလင် အကြမ်းဖက်တွေ ရဲ့ ပစ်မှတ်ထားတိုက်ခံခြင်းကို ခံနေရတဲ့ ဒီလိုအနောက် နိုင်ငံကြီးတွေ က ဘာလို့ များ တက်တက်ကြွကြွ ပါဝင်နေရလဲဆိုတာ တွေးမိကြပါသလား ။

အမှန်တကယ်ဆို အကြမ်းဖက် အန္တရာယ် ကို ရင်ဆိုင်နေရတာခြင်း အတူတူ အကူအညီတောင် ရရှိနိုင်ရမယ့် အစား ဘာဖြစ်လို့ များ ဒီနိုင်ငံကြီးတွေ ဆီကနေအကူအညီ ကို မရနိုင်ပဲ ပြစ်တင်ဝေဖန်မှု ဖိအားပေးအရေးယူမှုတွေ သာ ရရှိနေတာလဲ ဆိုတာ သုံးသပ်ပြီး ကိုယ့်အားနည်းချက် ကို ကိုယ်ရှာဖို့လိုနေတာ ကြာခဲ့ပြီဖြစ်ပါတယ် ။ ဒီနေရာမှာ အကြမ်းဖက်က ဘုံရန်သူဖြစ်ရမယ့်အစား မြန်မာနိုင်ငံက ဘာလို့များဘုံရန်သူဖြစ်သွားရသလဲ ဆိုတာ အလေးအနက် ဝေဖန်သုံးသပ်ထားဖို့လိုပါတယ် ။ ဒါမှလည်း ကိုယ့်ဘက်က စနစ်တကျ ခုခံရင်ဆိုင်ဖို့ မဟာဗျူဟာ နည်းလမ်းတွေ ရှာဖွေပြင်ဆင်ပြီး ပိတ်မိနေတဲ့ နိုင်ငံတကာဖိအားကနေ လွတ်မြောက်အောင်ကြိုးစားနိုင်မှာဖြစ်ပါတယ်။ ဒီနေရာမှာ အခုလို အခြေအနေအထိ ဖြစ်သွားစေတဲ့ အရေးပါတဲ့ အချက်၂ ချက် ကို ဆွဲ ထုတ်ပြချင်ပါတယ် ။

အဲဒါကတော့ မြန်မာနိုင်ငံ နဲ့ ရခိုင်ပြည်နယ် မောင်တောအရေးဟာ အမေရိကန်၊ အင်္ဂလန် နဲ ပြင်သစ် နိုင်ငံတွေ အတွက် ဌင်းတို့ နိုင်ငံ ထဲက ပြည်တွင်း မွတ်စလင် အစွန်းရောက်တွေ ကို တားဆီး ထိန်းချုပ်ရေး မဟာဗျူဟာ အတွက် ကစားကွင်းကောင်းတစ်ခု သို့မဟုတ် စင်မြင့်ကောင်းတစ်ခုဖြစ်နေတာပါပဲ ။ နောက်တစ်ချက်ကတော့ ရှေးနှစ်ပေါင်းများစွာကတည်း က တိုင်းပြည်ရဲ့ အများပြည်သူအကြားမှာ ဘာသာရေး လူမျိုးရေး ခွဲခြားမှု အမြင် အားကောင်းနေပြီး ဒီအချက်ကို ပစ်မှတ်ထားလို့ နိုင်ငံရေး မှာ ဘာသာရေး လူမျိုးရေး ခွဲခြားမှုကို တစိုက်မတ်မတ် အသုံးချနေကြခြင်းနဲ့ ပြည်သူအများဟာလည်း လက်တလော ခံစားချက်ကို မထိန်းချုပ်နိုင်ပဲ ရှေ့တန်းတင်တတ်ခြင်းပဲဖြစ်ပါတယ်။ ဒီအချက်နှစ်ချက် ဟာ ကျွန်တော်တို့ တိုင်းပြည်ရော ပြည်ပရောက်နေကြတဲ့ ကျွန်တော် တို့ နိုင်ငံသားတွေရော နိုင်ငံတကာ တံတွေးခွက်မှာ မျောရတော့မယ့်အရေး နဲ့ ရင်ဆိုင်နေရတာပဲဖြစ်ပါတယ် ။

ပထမဆုံး ရခိုင် အရေး နဲ့ ပတ်သက်ပြီး အနောက်နိုင်ငံတွေရဲ့ ဖိအားကနေ ရုန်းထွက်ဖို့အရေးမှာ သူတို့ရဲ့ အိမ်တွင်းအောင်ပွဲ အတွက် အဝေးကွင်းခြေစွမ်းပြ နေတဲ့ မဟာဗျူဟာကို ဘယ်လိုခုခံမလဲဆိုတဲ့ အပေါ်ကျွန်တော့ရဲ့အမြင်ကို ဆွေးနွေးချင်ပါတယ် ။ အမှန်တော့ ဒါဟာအဆန်းတကြယ် ကိစ္စတော့လည်း မဟုတ်ပါဘူး။ မြန်မာနိုင်ငံ အနေနဲ့ စစ်အစိုးရ လက်အောက်မှာ ဒီမိုကရေစီ အရေးအတွက် ရုန်းကန်ခဲ့စဉ်ကလည်း အဲဒီအနောက်နိုင်ငံကြီးတွေ အတွက် သူတို့ရဲ့ ပြည်တွင်း ဒီမိုကရေစီအုတ်မြစ်တွေ ပိုပြီးခိုင်မာစေဖို့ ၊ ဒီမိုကရေစီတန်ဖိုးတွေဘက်ကနေ ဦးဆောင်ရပ်တည်ပြဖို့ မြန်မာနိုင်ငံ ဒီမိုကရေစီလှုပ်ရှားမှု ဟာ သူတို့အတွက် အကောင်းဆုံး အဝေးကွင်းဖြစ်ခဲ့ပါတယ် ။ ဒါကြောင့်လည်း မြန်မာ့ ဒီမိုကရေစီ လှုပ်ရှားမှုမှာတလျှောက်လုံးမှာ အဲဒီနိုင်ငံကြီးတွေဆီက နေ လက်နက်ကြီးပစ်ကူတွေ အင်နဲ့အားနဲ့ရရှိခဲ့တာပဲဖြစ်ပါတယ် ။ အခု ရခိုင်ပြည်နယ် မောင်တောအရေးမှာ အရင် က တချိန်လုံး ထောက်ခံရပ်တည် လက်တွဲခဲ့ကြတဲ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်နေတဲ့ အစိုးရကို ထောက်ထားခြင်းမပြုပဲ အပြင်းအထန်နှိပ်ကွပ်ဖို့ကြိုးစားနေသလဲဆိုတာ ကတော့ ရှင်းပါတယ် ။ တစ်ဘက် ဘင်္ဂလားဒေ့ရှ် နိုင်ငံကို ထွက်ပြေး ရောက်ရှိနေတဲ့ ရိုဟင်ဂျာ ဘင်္ဂါလီ ၆ သိန်းကျော် ဟာ မွတ်စလင် ဘာသာဝင် ဒုက္ခသည်တွေဖြစ်ပြီး ပြည်တွင်း အစွန်းရောက် မွတ်စလင် အကြမ်းဖက်မှု အန္တရာယ် နဲ့ ရင်ဆိုင်နေကြရတဲ့ အမေရိကန် အင်္ဂလန် နဲ့ ပြင်သစ်နိုင်ငံတွေအနေနဲ့ ဒီ ရိုဟင်ဂျာ မွတ်စလင် ဒုက္ခသည်တွေ အရေး အတွက် ရှေ့တန်းကနေ တက်ကြွစွာ လှုပ်ရှားပြီး သူတို့ အနေ နဲ့ မွတ်စလင် ဘာသာဝင်တွေအပေါ် ကြီးမားတဲ့ စာနာထောက်ထားမှုကို ပြသ ဖို့ အခွင့်အရေးကြီးတစ်ရပ်ဖြစ်လာလို့ပါပဲ ။

အဲဒီ နိုင်ငံကြီးတွေ အနေနဲ့ တစ်ဘက် နိုင်ငံတကာ အစွန်းရောက်အကြမ်းဖက် တိုက်ဖျက်ရေး စစ်မျက်နှာမှာ ISIS အပါအဝင် အကြမ်းဖက်အဖွဲ့အစည်းတွေကို အပြင်းအထန် တိုက်ခိုက်သတ်ဖြတ် နှိမ်နင်းရုံမက အကြမ်းဖက်ခေါင်းဆောင်တွေကို လိုက်လံ လုပ်ကြံသတ်ဖြတ်ရတဲ့ စစ်ဆင်ရေးမျိုးတွေ ဆင်နွှဲနေရပြီး ဘေးထွက်ဆိုးကျိုးအနေနဲ့ ပြည်တွင်းမှာနေထိုင်တဲ့ နိုင်ငံသား မွတ်စလင်တွေ ဆီကို ကူးစက် လာနေတဲ့ အကြမ်းဖက် ဂျီဟတ် စစ်ဆင်နွှဲရေး မဟာဗျူဟာ ကလည်း နိုင်ငံတွင်းတည်ငြိမ်မှု တရားဥပဒေ စိုးမိုးမှုကို ခြိမ်းခြောက်လာနေတာကို တွေ့နေရပါတယ် ။ ပြဿနာက ပြည်တွင်း နိုင်ငံသား အစွန်းရောက် မွတ်စလင်တွေ အနေနဲ့ ပြည်တွင်းမှာ အကြမ်းဖက်မှုတွေ အပြစ်မဲ့ အရပ်သားတွေ အပေါ် တိုက်ခိုက်သတ်ဖြတ်မှုတွေလုပ်တဲ့အခါ အရင်ကလို သေနတ် ၊ ဗုံး စတဲ့ လက်နက်ခဲယမ်းတွေ ကို အသုံး မပြုတော့ပဲ အလွယ်တကူ ရယူ အသုံးပြုနိုင်တဲ့ ကုန်တင်ယာဉ် လိုမျိုး ကိုမောင်းနှင်ပြီး လူအုပ်ထဲကို ဝင်တိုက်တာမျိုး ၊ သားလှီးဓါးလိုမျိုး နဲ့ တွေ့ရ လူလိုက်ထိုးတာမျိုးတွေ ကျူးလွန်လာကြတာကိုတွေ့လာရပါတယ်။ သေနတ်ကိုင်ပြီး စာသင်ကျောင်း လူစည်ကားရာ မြို့လည်ခေါင် ဘူတာရုံ၊ နိုက်ကလပ် လို နေရာတွေမှာ ရမ်းကားပစ်ခတ်မှုတွေ ဟာလည်းဖြစ်နေဆဲဖြစ်ပြီး ကျူးလွန်သူတွေ ဟာ နိုင်ငံသား မွတ်စလင်တွေ ဖြစ်နေပါတယ် ။ ဒီပြဿနာကို ကိုင်တွယ်ဖြေရှင်း တဲ့နေရာမှာတော့ အရင်လို ပြည်ပကနေ လက်နက်ခဲယမ်းတွေ နဲ့ ခိုးဝင်လာတဲ့ အကြမ်းဖက်သမားတွေကို ရှာဖွေ ဖမ်းဆီး တိုက်ခိုက်နှိမ်နင်း သလို လုပ်လို့မရပါဘူး ။ သာမန်ပြည်သူ တစ်ဦး လိုနေထိုင်နေတဲ့ ကိုယ့်နိုင်ငံသား တစ်ယောက်က ဘာသာရေး အရ ခံစားချက်ပြင်းထန်မှုကြောင့် ကြုံရာ နီးစပ်ရာ ယာဉ် ပစ္စည်း ကရိယာတွေ ကိုဆွဲ ကိုင်ပြီး ကြုံရာ တွေ့ရာ ပစ်မှတ်ကို တိုက်ခိုက်တာဖြစ်လို့ ကြိုတင်ကာကွယ်ဖို့ လည်း မဖြစ်နိုင်တဲ့ အနေအထားမှာရှိပါတယ် ။ ဒီနေရာမှာ လုပ်နိုင်တာတစ်ခုတည်းပဲရှိပါတော့တယ် ။ အဲဒါကတော့ ပြည်တွင်းနေ နိုင်ငံသား မွတ်စလင်တွေရဲ့ အမြင်နဲ့ ခံစားချက်မှာ အစိုးရအနေနဲ့ ကိုယ့် ပြည်တွင်းမှာတင်မက ပြည်ပ နိုင်ငံတကာ အရေး ကိစ္စတွေမှာပါ ဘာသာရေး အရ ဖိနှိပ်တယ် ၊ ခွဲခြားတယ် လို့ မမြင်မိ ၊ မခံစားမိစေရေးပဲဖြစ်ပါတယ် ။ ဒါကြောင့် အကြမ်းဖက်မှုတွေ မှ အပ မွတ်စလင်တွေရဲ့ အခြားသော အကျိုးစီးပွား နဲ့ ဒုက္ခ ပြဿနာတွေ အရေးတွေ မှာ အမေရိကန် အင်္ဂလန် နဲ့ ပြင်သစ် နိုင်ငံတွေဟာ တက်တက်ကြွကြွ နဲ့ ရှေ့တန်းကနေ ကူညီ ဆောင်ရွက်ပြီး မွတ်စလင်တွေအပေါ် စာနာမှု ကာကွယ်စောင့်ရှောက်လိုမှုကို ပြသပေးနေတာပဲဖြစ်ပါတယ် ။ ဒီလို ရပ်တည်ဆောင်ရွက် ခြင်းအားဖြင့် သူတို့ ပြည်တွင်း က အများစုသော မွတ်စလင် ဘာသာဝင်တွေအကြားမှာ ဘာသာရေး အရ ခံစားချက်တွေ မကျေနပ်မှုတွေ ကို ကုစားပေးနိုင်မှာ ဖြစ်ပြီး ပြည်တွင်း အရပ်သား အခြေပြု အကြမ်းဖက်မှုတွေ ပေါ်ပေါက်ပြန့်ပွားခြင်းမရှိပဲ တည်ငြိမ်အေးချမ်းမှု ရရှိစေအောင် ထိန်းထားတဲ့ မဟာဗျူဟာ အဖြစ်ဆောင်ရွက်နေကြတာပဲဖြစ်ပါတယ် ။

အခုဆိုရင် အားလုံးသိကြ မြင်ကြတဲ့အတိုင်းပဲ ကိုယ်စီ အစွန်းရောက် မွတ်စလင် အကြမ်းဖက် အန္တရာယ်တွေ နဲ့ ရင်ဆိုင်နေရတဲ့ အဲဒီ အနောက် နိုင်ငံကြီးတွေအတွက် တစ်ဘက်မှာ မွတ်စလင်တွေရဲ့ ဒုက္ခကို စာနာကြောင်း အကာကွယ် ပေးလိုကြောင်း ပြသပြီး ပြည်တွင်း ပြည်ပ မွတ်စလင်ထုကြီး ကို တန်ပြန်စည်းရုံးဖို့ အတွက် မြန်မာ နိုင်ငံရဲ့ ရခိုင်ပြည်နယ် မောင်တော ပြဿနာ ဟာ အကောင်းဆုံး စင်မြင့်ကြီး တစ်ခု သို့မဟုတ် အကောင်းဆုံး ကစားကွင်းကြီးတစ်ခု ဖြစ်နေပြီဖြစ်ပါတယ် ။ အဲဒီနိုင်ငံတွေ အားလုံး ဟာ မောင်တောမှာ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေ နောက်ထက်မဖြစ်ပွားလာစေဖို့ ဆိုတဲ့ စိုးရိမ်ချက် နဲ့ နှစ်ပေါင်းများစွာ တည်ရှိနေခဲ့တဲ့ လူမျိုးရေး ပဋိပက္ခ အမြင်တွေ ကို လုံးဝ လစ်လျုရှုပြီး မွတ်စလင် ဒုက္ခသည်တွေကို စာနာမှုပြသရေး ကာကွယ်လိုမှု ပြသရေး ပြဇာတ်မှာ ပျော်ပျော်ကြီး ဝင်ကရင်း တစ်ဘက်နိုင်ငံ ကို ရောက်ရှိနေတဲ့ ဒုက္ခသည်အရေးကို သာ ဗဟိုပြုလို့ ပြစ်တင်ပြောဆိုရင်း အမှန်တရားနဲ့ဝေးကွာလာနေပြီဖြစ်ပါတယ် ။ အခုဆိုရင် မောင်တော ပြဿနာရဲ့ အခြေခံဖြစ်တဲ့ လူ့အဖွဲ့အစည်း နှစ်ခုအကြားက လူမျိုးရေး ၊ ဘာသာရေး နဲ့ နယ်မြေပိုင်ဆိုင်မှု အငြင်းပွားခြင်း စတဲ့ ပြဿနာတွေ အပါအဝင် အဲဒီအချက်တွေအပေါ်မှာ အခြေခံပေါ်ပေါက်လာတဲ့ ဒေသတွင်း နိုင်ငံရေး ပြဿနာတွေ အကျိုးဆက်တွေကို မေ့ထားပြီး နိုင်ငံ အစိုးရ အနေနဲ့ မွတ်စလင် လူနည်းစုကို ဖိနှိပ်ပြီး စနစ်တကျ တိုင်းပြည်ထဲက မောင်းထုတ်လိုတယ်ဆိုတဲ့ အခြေခံ သဘောတရား နဲ့ ချဉ်းကပ်ဆောင်ရွက်နေကြတဲ့ လမ်းမှားကြီးကို ဦးတည်သွားနေပါတယ် ။ နိုင်ငံတကာ အသိုင်းအဝိုင်း နဲ့ ပြန်လည်ပြီး သဟဇာတ ဖြစ်ဖို့ဆိုတာ ဒီပြဿနာကနေ ရုန်းထွက်နိုင်ဖို့ လိုပါတယ် ။ ဒီပြဿနာကနေ ရုန်းထွက်ဖို့ ဆိုတာဟာလည်း အထက်မှာ ကျွန်တော် ဆွဲထုတ်ပြခဲ့သော ဒုတိယ အချက်ဖြစ်တဲ့ လူမျိုးရေး ဘာသာရေး ခွဲခြားရှု မြင်ပြီး နိုင်ငံရေး ပြဿနာတွေ အထိပါ ပိုမို ရှုပ်ထွေး ထိခိုက်လာစေတတ်တဲ့ စိတ်ခံစားချက်ရှေ့ထားဆောင်ရွက်တတ်မှုကို ပြုပြင်ပြောင်းလဲဖို့ ပဲဖြစ်ပါတယ် ။

ဒီနေရာမှာ အဆိုပါ အနောက်နိုင်ငံကြီးတွေ ရဲ့ ဘာသာရေး လူမျိုးရေး အခြေခံ အကြမ်းဖက်မှုတွေ သွေးထိုး လှုံဆော်မှုတွေ ကို ဘယ်လို အခြေခံ နဲ့ ရင်ဆိုင်ကြပြီးဘယ်လို ကိုင်တွယ်ဖြေရှင်းကြသလဲ ဆိုတာကို လေ့လာနာယူရမယ်လို့မြင်ပါတယ် ။ ပထမဆုံး အချက်က အကြမ်းဖက်မှု ၊ ရာဇဝတ်မှု နဲ့ လူမျိုးရေး ဘာသာရေး ကို ခွဲခြားမြင်ပေးဖို့ လိုပါတယ် ။ တကယ်တော့ ဒီ ကိစ္စက ကျွန်တော်တို့ အများစုသော ဗမာလူမျိုးတွေ အတွက်အထူးအဆန်းမဟုတ်တာသေချာပါတယ် ။ နိုင်ငံ နယ်စပ်တစ်လျှောက် တိုင်းရင်းသားဒေသတွေမှာဖြစ်လေရှိတဲ့ အဖွဲ့အစည်းလိုက်ကျုးလွန်သော ရာဇဝတ်မှုတွေ လက်နက်ကိုင်ပဋိပက္ခတွေ ရဲ့ ဖြစ်စဉ်တွေ ကို အကြောင်းပြုပြီး ဗမာလူမျိုး ခေါင်းစဉ်တပ်မုန်းတီး ခံနေရတာလည်း လက်တွေ့ပဲဖြစ်ပါတယ် ။ ဒါဟာ ဒီကနေ့ ရခိုင်ပြဿနာတွေ ရဲ့ အခြေခံ ဖြစ်သလို တရားဥပဒေစိုးမိုးသော အရပ်ဖက်အုပ်ချုပ်ရေး ပီပြင်ခိုင်မာလာဖို့ လည်း အခြေခံကျတဲ့ တဲ့ လိုအပ်ချက်လည်းဖြစ်ပါတယ် ။အနောက်နိုင်ငံကြီးတွေ ဟာ အစွန်းရောက်မွတ်စလင်တွေ ရဲ့ တိုက်ခိုက်မှု ဒဏ်ဘယ်လောက်ပဲ ကြီးမားပြင်းထန် ပစေ ဒီအချက်ကို မပျက်ယွင်းသွားအောင် ကျားကန်ထိန်းသိမ်းထားတာကိုတွေ့ရပါလိမ့်မယ် ။ အမြဲတန်း မတရားမှု အဓမ္မမှုကို ဘာသာရေး လူမျိုးရေး နဲ့မရောထွေးစေသလို ကျူးလွန်သူတွေဘက်က ရောထွေးစေချင်သည့်တိုင်အောင် အစိုးရတွေ အနေနဲ့မရောထွေးစေပဲ ခိုင်ခိုင်မာမာ ရပ်တည်ကြတာကို တွေ့ရပါလိမ့်မယ် ။ ဒီအချက်ကို တိုင်းပြည်မှာ အာဏာပိုင်အဖွဲ့ အစည်း အဆင့်ဆင့်ရော ပြည်သူအများစုကပါ နှလုံးသွင်းကိုင်ဆွဲထားနိုင်ဖို့လိုပါတယ်။ အခုလက်ရှိ အခြေအနေ ကို ကြည့်မယ်ဆိုရင် မောင်တောက ပြဿနာဟာ ဘာသာရေး ပြဿနာ အဖြစ် ပြည်မကြီး နဲ့ အခြားဒေသတွေ ကို ကူစက်မသွားအောင် မနည်း ထိန်းသိမ်းကာကွယ်လုပ်ဆောင်နေရတာကိုတွေ့ မြင်ကြရပါလိမ့်မယ် ။ ဒါဟာ မောင်တောပြဿနာကိုဖြေရှင်းဖို့ ရှေ့ကိုတစ်လှမ်း မတိုးနိုင်တဲ့အပြင် နောက်ကို တစ်လှမ်းဆုတ်ပေးရတဲ့ သဘောပဲဖြစ်ပါတယ် ။ ပြည်မကြီး ရဲ့ နိုင်ငံရေး လောကမှာလည်း အချိန်ပြည့်အခွင့်ရေးရရင် ရသလို ဘာသာရေး လူမျိုးရေး မီးမွှေးနေတဲ့ ဂိုဏ်းဂနတွေ ဟာလည်း ဒီအခြေခံအချက်အပေါ်မှာပဲ အခွင့်ရေးယူ အားပြုထားပါတယ် ။ ဒါကြောင့် အာဏာပိုင် အဖွဲ့ အစည်းအဆင့်ဆင့် နဲ့ တရား ဥပဒေ ဖေါ်ဆောင်ရေးအဖွဲ့တွေဟာ ဥပဒေ ကိုကျော်လွန်ပြီး ဘာသာရေး လူမျိုးရေး ခွဲခြားတဲ့ အမြင်တွေ ကို အခြေခံပြီး စိတ်ခံစားချက်နဲ့ မဆောင်ရွက်မိစေဖို့ လိုပါတယ် ။ ပြည်သူအများစုဟာ လည်းဒီသဘောထား ကို ဆွဲကိုင်နိုင်အောင်ကြိုးစားပြီး နိုင်ငံ ရဲ့ အသံဟာ ဘာသာရေး လူမျိုးရေး ခွဲခြား ဆက်ဆံမှု သဘောတရားတွေကနေ လွတ်မြောက်နေဖို့လိုပါတယ် ။ အခုချိန်မှာ ရခိုင် ပြည်နယ် မောင်တော်အရေး ဟာ ဒုက္ခသည် ဖိနှိပ်ရက်စက်မှု ပြကွင်းပြကွက်တွေ နဲ့ အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံအပါအဝင် နိုင်ငံတကာ ကယ်တင်ရှင်များ ပြဇာတ်တွေ အသုံးတော်ခံရာ စင်မြင့်တစ်ခုဖြစ်နေပါတယ် ။ ဒီနေရာမှာ နိုင်ငံ နဲ့ အစိုးရဟာ ဗီလိန်နေရာကိုတွန်းပို့ ခံနေရပြီး အခြားသော တိုင်းပြည် ရဲ့စီးပွားရေး ၊ ဖွံဖြိုးတိုးတက်မှု ပြန်လည်တည်ဆောက်ရေး ၊ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးတွေမှာ ပါ ဖိအားတွေ ထိခိုက်မှုတွေရှိလာနေပြီဖြစ်ပါတယ် ။

ဒါကြောင့် ရခိုင် ပြည်နယ် မောင်တော အရေး စင်မြင်ပေါ်မှာ ဗီလိန်နေရာက ရုန်းထွက်နိုင်ဖို့ အရေး ဒုက္ခသည်ပြန်လည် လက်ခံရေး လုပ်ငန်းစဉ်နဲ့ နိုင်ငံတော် အစိုးရ က ကြိုးစားဆောင်ရွက်နေပြီဖြစ်ပါတယ် ။ ဒါကို သဘောပေါက်တဲ့ ဘင်္ဂလားဒေ့ရှ် အစိုးရက ပထမ ကနဦး မွတ်စလင် ၇၀၀ ကျော်ပါဝင်ပြီး ဒုက္ခသည် တစ်ထောင်ကျောင်ပြန်လည်လက်ခံ ရေး ကိစ္စမှာ မြန်မာဘက်ကအဆင်သင့်ဖြစ်နေပေမယ့် သူတို့ဘက်က နေ စတင်ဆောင်ရွက်ဖို့ အင်တင်တင်ဖြစ်နေတာကိုတွေ့ရမှာဖြစ်ပါတယ် ။ သဘောက တော့ မြန်မာဘက်က မွတ်စလင် ဒုက္ခသည်တွေ ကို ပြန်ပြီးလက်ခံနေပြီဆိုတာ သေချာတာနဲ့ မြန်မာ ကို ဗီလိန်နေရာကဖယ်ပြီး အသိအမှတ်ပြုရတော့မှာဖြစ် သလို မြန်မာကို အပြစ်ပုံချ ဖိအားပေးနေရာကနေ အကူအညီပေး ၊ ဖေးမပေးရတော့မှာဖြစ်လို့ပါပဲ။ သူတို့ ဘက်က လူတစ်ထောင်လောက်နဲ့ မြန်မာကို ဒီအခွင့်အရေးမပေးချင်တဲ့သဘောပဲဖြစ်ပါတယ် ။ အခြေအနေတွေက အဘက်ဘက်မှာ အတော်လည်း အသည်းအသန်ရင်ဆိုင်နေရတဲ့အခြေအနေရှိပြီး အစိုးရကလည်း ဒီအတွက်အကောင်းဆုံးကြိုးပမ်းနေတဲ့ အနေအထားမှာရှိနေပါတယ် ။ သို့သော်လည်း ပြဿနာက အုပ်ချုပ်ရေး ယန္တာရားမှာ ခံစားချက်ရှေ့တန်းတင်လို့ပဲ ဖြစ်ဖြစ် နိုင်ငံရေး အခင်းအကျင်းမှာ ဘာသာရေး လူမျိုးရေး ကို သွေးထိုးပေးလို့ပဲ ဖြစ်ဖြစ် ကိုယ့်အတွင်းကနေ ဗီလိန်စရိုက်တွေ ဗီလိန် ကကွက်တွေ မပြသဖို့တော့ အထူးလိုအပ်ပါတယ် ။ ဒီလိုဖြစ်နေတာကလည်း တကယ်တော့ နှစ်ပေါင်းများစွာ အမျိုးသားရေး ကိုတလွဲ လက်ခံပြီး အစွန်းရောက်အမြင်နဲ့ ကျင့်သုံးခဲ့ကြလို့ဖြစ်ပါတယ် ။ ဒါကြောင့်ရခိုင်ပြည်နယ် မောင်တော အရေး အောင်မြင်ငြိမ်းချမ်းစွာဖြေရှင်းပြီးစီးပြီး နိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေး ခရီးဖြောင့်ဖြူးစွာ ဆက်လက်လျှောက်လှမ်းနိုင်ရေးတွက် ကျွန်တော်တို့အားလုံး နှလုံးသားတွေကို အကောင်းဆုံးပြင်ဆင်နိုင်မှဖြစ်မှာဖြစ်ပါတယ် ။ အခုဆိုရင် ဒီပြဿနာကို အကြောင်းပြုလို့ နိုင်ငံတကာနဲ့ မျက်နှာချင်းဆိုင် ပြီးရင်ဆိုင်ဖြေရှင်းနေရပါတယ် ။ အမှန်တော့ တိုင်းပြည်ရဲ့ လိုအပ်ချက်အရ နိုင်ငံတကာ နဲ့ ရင်ပေါင်တန်းပြီး လက်တွဲ လျှောက်လှမ်းနိုင်မှ အစစအရာရာ အဆင်ပြေပြီးမြောက်နိုင်မှာမလွဲဖြစ်ပါတယ် ။ နိုင်ငံတကာ နဲ့ မျက်နှာချင်းဆိုင် နေရာကနေ တန်းတူ ရင်ပေါင်တန်းပြီး ရပ်တည်နိုင်ဖို့ ဆိုတာကတော့ ကျွန်တော်တို့ နှလုံးသားတွေ အရင်ပြင်လိုက်ကြဖို့လိုပါတယ် ။

The Speaker Vol2- No-13

Monday, November 13, 2017

"ရခိုင်ပြည်ကို ဆားဗီးယားက ကိုဆိုဗိုဖြစ်အောင် လုပ်နေကြပြီလား" ...


 "ရခိုင်ပြည်ကို ဆားဗီးယားက ကိုဆိုဗိုဖြစ်အောင် လုပ်နေကြပြီလား" ...

****
မောင်တောက ထွက်ပြီး ဘန်ကောက် ရောက်နေတဲ့ NGO တကောင်ကို CNA လှမ်းပြီး အင်တာဗျူး တာနားထောင်လိုက်ရတယ်၊ လူမျိုးစု ရှုင်းလင်း ပွဲ လုပ်နေသလို မျိုး ဗမာစစ်တပ်ဟာ က လားဆိုးတွေတွေကို ကလေးလူကြီး ယောင်္ကျား မိန်းမ မရွေး သတ်နေ ရွာတွေကို မီးရှို့ နေပါတယ် ပေါ့၊ ဒီဖက်က ရခိုင်ရွာတွေ ကိုဝင်စီး ရခိုင်တွေကို သတ်ဖြတ် နေတာ တွေနဲ့ ပါတ်သက်လို့ တော့ တလုံး မှ ထုပ်ပြောတာမျိုးမရှိပါဘူး။ အင်္ဂလန် က ကုလ ကို ဒီကိစ တင်ထားပြီးပါပြီ မကြာခင် အစည်းအဝေး လုပ်ကြတော့မှာပါ။
..
၁၉၉၅၊ ၉၆၊ ၉၇ ကိုဆိုဗို အခြေအနေပါပဲ၊ KLA ဆိုတဲ့ မွတ်စလင် အယ်လ်ဗေးနီးယန်း တွေဖွဲ့ လိုက်တဲ့ ကိုဆိုဗို လစ်ဗရေးရှင်း အာမီ ဆိုတာ ကို ဖွဲ့ ပြီး ပထမဦးဆုံး ၁၉၉၅ မှာ ကိုဆိုဗိုထဲက မြို့ တွေမှာ ရဲစခန်းတွေကို စပြီးတိုက်ခိုက်ပါတယ်၊ ၂၀၁၆ အောက်တိုဘာ မောင်တော နယ်က ရဲစခန်းတွေကို စီးသလို မျိုးပါပဲ၊ ဒီအထိ ဆားဗီးယားက ရဲအထူး တပ်ဖွဲ့ သုံးတန်သုံး အကြမ်းဖက် နှိမ်နင်းရေး အဖွဲ့ သုံးတန်သုံး နဲ့ ဖြေရှင်းပါတယ်၊ ၁၉၉၆ ကျတော့ ကိုဆိုဗိုထဲက မြို့ ရွာတွေ မှာ ရှိတဲ့ ရဲစခန်းတွေကို KLA တွေက အကြိမ်ပေါင်း များစွာ တိုက်ခိုက်နေပါပြီ၊ အဲဒီတော့ ဆားဗီးယား အစိုးရက KLA ကို အကြမ်းဖက် အဖွဲ့ အစည်း ကြေငြာပါတယ်၊ ဆားဗီးယားနဲ့ မီလိုစီဗစ်က ပဲ အကြမ်းဖက် အဖွဲ့ အစည်း အဖြစ် သတ်မှတ်တာပါ ကျန်တဲ့ တကမ္ဘာလုံး နီးပါးက KLA ကို အကြမ်းဖက် အဖွဲ့ မသတ်မှတ်ပါဘူး၊ကိုဆိုဗိုထဲက လူမျိုးရေး နှိပ်ကွတ် မှူ ခံနေရတဲ့ လူနည်းစုအဖြစ် အနောက်အုပ်စု အားလုံးက ကရုဏာ ထားပါတယ်။ (ဒီကက လားဆိုးတွေအပေါ် ထားတဲ့ သဘောထားမျိုးပါပဲ၊ အဲဒီတုန်းက ကိုဆိုဗိုဟာလဲ အခုလက်ရှိ ဗမာ ပြည်က အခြေအနေပါ၊ အစိုးရက က လားဆိုးတွေကို အကြမ်းဖက် အဖွဲ့ အစည်း သတ်မှတ်လိုက်ပေမယ့် ကျန်တဲ့ တလောက်က လုံး က အဲဒီ က လားဆိုး အဖွဲ့ ကို တရားဝင် အသိအမှတ် ပြု ဖို့ ပြင်နေကြပါပြီ) တိုနီဘလဲ က KLA ကို စစ်သင်တန်းပါ ပေးလိုက်ပါသေးတယ်၊ တခါတော့ KLA က ကိုဆိုဗိုထဲက ရွာတွေမှာ ရဲစခန်းတွေအပြင် လူနည်းစု အော်သိုဒေါ့ဇ် ဆာ့ဘ် တွေကို ပါ တိုက်ခိုက် သတ်ဖြတ်တော့ မီလိုစီဗစ်က စစ်အုပ်ချုပ်ရေး ကြေငြာပြီး KLA ခေါင်းဆောင်တွေ ခြေကုတ် ယူတဲ့ နေရာတွေကို စီးပါတော့တယ် အဲဒီမှာ KLA ရဲ့ ခေါင်းဆောင် တယောက်ဖြစ်တဲ့ အဒမ်ဂျက်ရွှာရီ ဆိုတဲ့ လူနေတဲ့ ရွာကို ဆာ့ဘ် အထူးတပ်တွေက ၀င်စီးတော့ KLA ခေါင်းဆောင်ဟာ သက်ကြီး ရွယ်အိုတွေ၊ မိန်းမ တွေ ကလေး တွေ ကို သူတို့ နောက်ဆုံးနေတဲ့ အိမ်ထဲ ထည့် ပြီး ခုခံတာမှာ သက်ကြီးရွယ်အို၊ မိန်းမ ကလေးတွေ အပြင် KLA ခေါင်းဆောင်နဲ့ သူ့ အပေါင်းအပါ တွေ အားလုံး သေကုန်ပါတယ်၊ အဲဒီနောက်တော့ အများသိတဲ့အတိုင်း အက်သနစ် ခလန်းဆင်း လုပ်ပါတယ် ဆိုပြီး ဘီလ် ကလင်တန်၊ နဲ့ တိုနီဘလဲ ဦးဆောင်လို့  ဆားဗီးယားကို ဗုံးဝင်ကျဲတဲ့အထိ ဖြစ်တော့တာပါ၊ အခု လိုပဲ အနောက် နဲ့ က လားပြည် တွေက ထောက်ပံ့တဲ့ NGO တွေ ရဲ့ လက်ရာတွေ အထူး ထင်ရှားပါတယ်၊ ကိုဆိုဗိုဟာ အနောက် က NGO တွေအတွက် အထူး မျိုး မျိုး မြက်မြက် ရလိုက်တဲ့ ပရောဂျက်ကြီးပါပဲ။
..
၉၉ မှာ ကိုဆိုဗိုကို ကုလ တပ် ၀င်ပါတယ် ဆာ့ဘ် တွေ ထွက်ပေးလိုက်ရပါတယ်၊ ၂၀၀၃ မှာတော့ နိုင်ငံတကာ တပ်တွေ ဦးဆောင်မှူ အသိအမှတ်ပြုမှုနဲ့ ကိုဆိုဗိုကို ဆားဗီးယားရဲ့ ကိုယ်ပိုင်အုပ်ချုပ်ရေး ကြေငြာပေးပါတယ်၊ အယ်လ်ဗေး နီးယန်း မွတ်စလင် တွေရဲ့ ရည်ရွယ်ချက်က ကိုယ်ပိုင်အုပ်ချုပ်ရေး မဟုတ်ပါဘူး နောက်ဆုံး ၂၀၀၈ မှာ ကိုဆိုဗို လွတ်လပ်ရေး ကြေငြာ ပါတယ် တကမ္ဘာလုံး ရုရှား နဲ့ နိုင်ငံ အနည်း စုက လွဲ လို့ နိုင်ငံပေါင်း ၁၂၀ နီးပါး က အသိအမှတ်ပြုပါတယ် တရုပ်ကလဲ ရှေ့ ဆုံး ကအသိအမှတ်ပြုပါတယ်။
..

အနောက်ဖက် က NGO တွေရဲ့ ၉၁ လောက်က စတဲ့ ကိုဆိုဗို ပရောဂျက်ကြီးဟာ ၂၀၀၈ ကိုဆိုဗို လွတ်လပ်ရေးနဲ့ အတူ တော်တော် များများ ပြီးသွားခဲ့ပါပြီ၊ NGOတွေ ဟာ ၀င်ငွေလဲ တော်တော် လေျာ့သွားပါပြီ.. အဲဒီတော့ သူတို့ ပရောဂျက် နောက်တခု ချက်ချင်း ရှာတာမှာ ဗမာပြည်က ဘူးသီးတောင် မောင်တော ဟာ သူတို့ အတွက် မုတ်ဆိတ် ပျားစွဲ တာပါပဲ၊ NGO တွေအတွက် အကောင်း ဆုံး အချက်က အဲဒီတုန်းက ယူဂိုဆလာဗ် ထက် ဗမာပြည်က အုပ် ချုပ်သူ တွေက အဆပေါင်း များစွာ ပညာမဲ့ မိုက်မဲ ကြတာပါပဲ။ ဗမာပြည်က ကြံ့ဖွတ်၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်တွေ နဲ့ စစ်တပ်ဟာ အဲဒီ ဆားဗီးယား ခေါင်းဆောင် မီလို စီဗစ်ထက် အာဏာ ငန်းသလောက် မီလိုစီဗစ် ထက် ပိုပြီး မိုက်လုံးကြီးကြတာပါပဲ။
..
သူတို့ မျှော်လင့်တာလဲ စစ်အုပ်ချုပ်ရေးပါပဲ၊ စစ်အုပ်ချုပ်ရေး လုပ်ပြီး ဧရိယာ တခုလုံးကို လော့ခ် ဒေါင်း လုပ်လိုက်တာနဲ့ စံနစ်တကျ ဖွဲ့ ထားတဲ့ ပရော်ပါဂန်ဒါ အဖွဲ့ တွေက တကမ္ဘာလုံးကို ၀ါဒဖြန့် တော့မှာပါပဲ၊ အဲဒီနောက်မှာတော့ ကိုဆိုဗိုတုန်းကလိုပဲ အင်္ဂလန်က ကုလကို ဒိုင်ခံ တင်ပါတော့မယ် ပြီးတော့ တရစ်ခြင်း ကြပ်လို့ နောက်ဆုံး နယ်မြေ ဆုံးရှုံး တဲ့အထိ ဖိအားပေးတာခံရပါတော့မယ်။
...
တရုပ်ကို မျှော် လင့်စရာ မရှိပါဘူး၊ ကိုဆိုဗိုတုန်းက လဲ တရုပ်ဟာ နေတိုးဖက်က ရပ်ခဲ့တာပါပဲ၊ အခုလဲ တရုပ်ဟာ ဗမာဖက်က သေသေကြေကြေ နေဖို့ မရှိပါဘူး။
..
ကြံဖွတ် နဲ့ စစ်အာဏာရှင် တသိုက်ဟာ ဘူးသီးတောင် မောင်တော ကိစမှာ က လားဆိုးတွေ၊ အနောက်အုပ်စု NGO တွေနဲ့ တဖက် တည်းရပ်ပါတယ်၊ သူတို့ ဟာ နယ်မြေတွေ ဘာတွေ စိတ်မ၀င်စားပါဘူး စိတ်မ၀င်စားလို့ လဲ သူတို့ လက်ထက်မှာ စိန့် မာတင် ကျွန်းကို ကန်စွန်း ရွက်လို သဘောထားပြီး ဘင်္ဂလား လက်ထဲ လွယ်လွယ်လေး ထည့်ပေးလိုက်တာပါပဲ၊ သူတို့ ဟာ NLD အစိုးရ ကြောင့် နယ် မြေ ဆုံးရှုံး ရပါတယ် လို့ တနိုင်ငံလုံးက လူပြိန်း အများစုကြီးကို ချပြချင်နေတာပါ။ ကာလုံခေါ်ပြီး စစ်အုပ်ချုပ်ရေး ဆိုတာနဲ့ က လားဆိုး ၀ါဒဖြန့် ပွဲ တ၀က်အောင်ပြီ ပြောရမှာပါပဲ။
..
ကိုဆိုဗို တုန်းကတော့ NGO တွေ နဲ့ အနောက်အုပ်စုဟာ လုပ်ရ ကိုင် ရ နည်းနည်း ခက်ခဲပါတယ် ဘာလို့ လဲ ဆိုတော့ အမုန်းတရား ဒိုင်ခံဖြန့် ပြီး ကမ္ဘာ့ မီဒီယာတွေ ရဲ့ အမဲ လူမျိုး ရေး ဘာသာရေး ခွဲခြားမှူ ရဲ့ တရားဝင် သက်သေ ဖြစ်တဲ့ ဗမာပြည်က မဘသ လို ဗရမ်းပတာ အဖွဲ့ တွေမရှိပါဘူး၊ လူထု ထောက်ခံမှူ မရမက ယူဖို့ အနောက်နေတိုး နဲ့ ကုလ ရဲ့ ဖိအားကို လစ်လျူရှူ ပြီး လွှတော် ထဲ ခြေ၀င်ထိုးမယ့်၊ ကြံ့ဖွတ်လို အဖွဲ့ မျိုး အေးမောင်လို လက်ကိုက်တုတ်မျိုး မရှိပါဘူး၊ ဒီလို အခြေအနေကြောင့် ကိုဆိုဗို ပရောဂျက်ဟာ ဆယ်စု နှစ် တစုကျော် ကြာသွားခဲ့ရတာပါ။ ဗမာပြည်လို မျိုး ဆိုရင်တော့ သူတို့ ပိုသဘောကျမှာပါ၊ အခု ဆို NGO တွေ ရဲ့ နောက်ထပ် Phase တခု စဖို့ အကြီး အကျယ် ပြင်ဆင်နေလောက်ပါပြီ။
..
လူလူ ၊ ကဒုံး ကဒုံး ခြေထိုးတဲ့ သရေကြိုး မအေ××× များလဲ ကြပ်ကြပ် သတိထားကြပါ၊ NLD အစိုးရ ပါးပါးနပ်နပ် နဲ့ လူနဲ့ သူနဲ့ တူအောင် ကိုင်တွယ်နေတဲ့ အချိန်မှာ နိုင်ငံရေး အမြတ် ၀င်ထုပ်ဖို့ မကြိုးစားပါနဲ့ ကြိုးစားပြီဆိုတာနဲ့ ဒင်းတို့သမိုင်းတရားခံဖြစ်နေပြီ လို့ မှတ်ကြပါ၊ ဘူးသီးတောင် မောင်တော ပဲ့တာနဲ့ ၊ ရခိုင်လဲပဲ့၊ ကချင်လဲ ပဲ့၊ ရှမ်းလဲပဲ့၊ ၀ လဲပဲ့ ..ဗမာပြည်မြေပုံလဲ ပဲ့တော့မယ်မှတ်ပါ အဲဒီအခါ ကျရင်တော့ တဆွေလုံး တမျိုးလုံး အိမ်မက်ဆိုး မက်ပြီသာ မှတ်ကြပါ။

Kyaw Zwar

Thursday, October 26, 2017

သစ္စာဖောက် မောင်ဇာနည် (ခ) ရိုဇာနည်-သစ္စာဖောက် မောင်ဇာနည် (ခ) ရိုဇာနည်


ဒီနေ့ပဲ မြန်မာပြည်က 'သူရိယနေဝန်း' ဂျာနယ် ရောက်လာတယ်.... ၂၃ စက်တင်ဘာ ထုတ် ဆိုတော့ လွန်ခဲ့တဲ့ တစ်လကျော်ကပေါ့.... မျက်နှာဖုံး ဆောင်းပါးက သစ္စာဖောက် မောင်ဇာနည် (ခ) ရိုဇာနည် ရဲ့ 'သစ္စာဖောက် မောင်ဇာနည် (ခ) ရိုဇာနည်' တဲ့ ... ဆောင်းပါးတစ်ပုဒ်လုံးကို ဓာတ်ပုံရိုက်ပြီး ကျွန်တော် ကွန်မင့်မှာ တင်ပေးပါမယ်... ဘိုဘိုကျော်ငြိမ်း ဆောင်းပါးထဲက တချို့ဟာလေးတွေ နဲ့ ကျွန်တော် နဲ့ တစ်နေ့က ကိုသူရိန်ဝင်း Thu Yein Win ပြောဖြစ်တာလေးတွေ ထပ်တူကျနေလို့ အဲဒါလေးတွေ တင်ပေးလိုက်ပါတယ်။

'မြန်မာပြည်ရဲ့ ထွက်ပေါက်ကတော့ တရုတ် နဲ့ ရုရှားပါပဲ။ ကံကောင်းတာက လက်ရှိ ကမ္ဘာ့နိုင်ငံရေး အခင်းအကျင်းမှာ မြောက်ကိုရီးယား ပြဿနာက ထိပ်ဆုံးက ရှိနေပါတယ်။ မြန်မာပြည် ပြဿနာထက် မြောက်ကိုရီးယား ပြဿနာက အခြေအနေဆိုးပါတယ်။ မြောက်ကိုရီးယား က အမေရိကန် ကို စပစ်ရင် တရုတ်က ကြားနေမည်။ အမေရိကန် က မြောက်ကိုရီးယား ကို စတိုက်ပြီး အစိုးရ ပြောင်းဖို့လုပ်ရင်တော့ တရုတ်က သည်းညည်းမခံဘူးလို့ သတိပေးထားပါတယ်။ ဒါကြောင့် မြောက်ကိုရီးယားက ကြမ်းရဲနေတာပါ။ ရခိုင်ကိစ္စမှာလည်း ရခိုင်ကို ဘင်္ဂါလီတွေ အသိမ်းမခံနိုင်ပါ။ ရခိုင်ကျလျှင် တရုတ်ပြည်ရဲ့ ယူနန်ပြည်နယ်ကို ကူးစက်သွားပါမည်။ ယူနန်ပြည်နယ်မှာ ပန်းသေး (တရုတ်လူမျိုးမွတ်စလင်) တွေရှိပါတယ်။ ယူနန်ကတစ်ဆင့် ဆင်ကျင်းက ဝီကာတွေကို အပြန့်မခံနိုင်ပါ။ ဒါကြောင့် တရုတ်က သူ့အကျိုးကို အထိမခံနိုင်ပါ။ အခု ပြဿနာဟာ ရခိုင်ပြည်နယ်ကျောက်ဖြူ တွင် တရုတ်ပြည်ရဲ့ ရင်းနှီးမြှုပ်နှံမှုကို ကဖျက်ယဖျက် လုပ်တယ်လို့ တရုတ်က သံသယ ရှိပါတယ်။ ဒါကြောင့် အမေရိကန်လည်း တရုတ်ကြောင့် ရခိုင်ကို ဝင်တိုက်ရဲမယ် မထင်ပါ။ မြန်မာပြည် တကယ်အားကိုးရမှာက တရုတ်ဖြစ်ပါတယ်'

'နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို မေတ္တာရပ်ခံချင်ပါတယ်။ ဘာလုပ်လုပ် ၁၉၈၂ နိုင်ငံသားဥပဒေ ကိုတော့ သွားမထိလိုက်ပါနဲ့' (ဘိုဘိုကျော်ငြိမ်း)

Nyo Htet Nyo ရခိုင်တွေရဲ့ သဘောတူညီချက် မပါဘဲ ဘယ်လို လုပ်ဆောင်မှုမျိုးကမှ မအောင်မြင်နိုင်ပါဘူး... အခု အဆိုးထဲက အကောင်း မမျှော်လင့်ဘဲ အခွင့်အရေး တစ်ခု ပေါ်လာပြီ... အခု ဟိုဘက်ပြေးသွားတဲ့ လူငါးသိန်းကို ၁၉၉၃ (ထင်တယ်) က ချုပ်ဆိုထားတဲ့ သဘောတူညီချက်ကို ကိုင်ပြီး တင်းတင်းကြပ်ကြပ် ပြန်စိစစ်လက်ခံ ဖို့ လုပ်ရမယ်... အမျိုးမျိုး မူလီရစ်ရမယ်... ဘောင်ထဲကနေ ပြန်ကြပ်ရမယ်.... ကိုယ့်နိုင်ငံ ရေရှည်အကျိုး အတွက် ဘာဖိအားပဲလာလာ ရင်ဆိုင်ရမယ်... ပိုင်းဖြတ်မှု တစ်ခုတော့ လိုတယ်... သေချာပေါက် ပြောနိုင်တာက အဲဒီအတွက် နဲ့တော့ စစ်ရေးအန္တရာယ် ရင်ဆိုင်ရဖို့ မရှိပါဘူး... ကျန်တာတွေက ရှင်းလို့ရပါတယ်... ကြားထဲမှာ တရုတ်ဖဲကို ဆွဲထားရမှာပဲ။

· October 24 at 8:14pm

Thu Yein Win ပြန်လက်ခံရမယ့်လူတွေ နယ်ကျော်ထွက်မသွားဖို့  လူဦးရေတိုးနှုန်း ကန့် သတ်ထားဖို့  လုပ်မှရမှာ။

· Yesterday at 12:14am

Nyo Htet Nyo Thu Yein Win အိညက်အိညက်ကတော့ မရဘူး... လူဦးရေတိုးနှုန်း ကန့်သတ်ဖို့ကလည်း ခက်တော့ အတော်ခက်မယ်ထင်တယ်.... ကာယကံရှင် တွေရဲ့ ပူးပေါင်းဆောင်ရွက်မှုတော့ ရမှာမဟုတ်ဘူး... ခု ဘင်္ဂလားဒေ့ရှ်က ဒုက္ခသည်စခန်းမှာ လူဦးရေ ပေါက်ကွဲတာ ထိန်းဖို့လုပ်တော့ ဘာသာရေး နဲ့ မညီဘူးဆို ငြင်းပြန်တယ်... ကလေး ဆယ်ယောက်ဆိုလား ရှိနေပြီ... အသက်လေးဆယ်နဲ့.... မိန်းမလေးယောက် ယူတဲ့ ကိစ္စကလည်း ရှိသေးတယ်.... ကျွန်တော့်အမြင် ပြောရရင် ရင်တော့ရင်ဆိုင်ရမှာပဲလေ... အသက်သာဆုံး ဖြစ်မယ့်ဟာကို လုပ်ရမှာကိုး.... ပြန်လက်ခံရမယ့် အရေအတွက် ကို အတတ်နိုင်ဆုံး အနည်းဆုံး ဖြစ်အောင် ဘယ်လိုလုပ်မလဲ... ဒါစဉ်းစားရမှာပဲ... ဒါအသက်သာဆုံးလမ်းပဲ။ လက်ခံပြီးရင် အရင်လို လူတွေ ပေါက်ကွဲမထွက်ကုန်အောင် ဘယ်လိုလုပ်မလဲလဲ ကြိုစဉ်းစားထားရမှာပဲ.... အော်တာတော့အော်မှာပဲ... ဝိုင်းအာကြမှာပဲ.... ဘာလုပ်လုပ် အာမှာပဲလေ... မအာအောင်လည်း ကိုယ်မှမလိုက်လျောနိုင်တာ.... သေချာတာက ပျော့စိပျော့စိ အိညက်အိညက် သွားလုပ်နေလို့ မရဘူး။
·
Thu Yein Win အစိုးရက မာဖို့  လိုတယ်။ ဘာသာရေးနဲ့ ညီချင်ရင် ဘုရားသခင် နိုင်ငံတော်မှာ သွားနေ။ ယောက်ျား တစ်ယောက် မိန်းမ / ကလေး တယောက်ဘဲရှိရမယ်။ ခပ်ကြမ်းကြမ်းတော့ လုပ်ရမှာဘဲ။ လုပ်ရဲမယ့် လူတော့ မမြင်ဘူး။ :D

· Yesterday at 12:34am

Nyo Htet Nyo Thu Yein Win အချုပ်အခြာအာဏာ ဆိုတဲ့အရာက တော်၂လေး အရာရောက်ပါတယ်... အခုလို လူငါးသိန်းလောက် ဟိုဘက်ရောက်သွားတဲ့ အချိန်မှာ ဒါကို ထိထိမိမိ အသုံးပြန်ချရမယ်.... လူဦးရေ ကန့်သတ်တာကလည်း ရှောင်လွှဲမရပါဘူး.... ဒါနဲ့မရှင်း ဘာနဲ့ရှင်းမှာလဲ.... အခု ပြန်လက်ခံမယ့် စည်းကမ်းချက်ထဲမှာ မိမိဆန္ဒနဲ့ ပြန်လာချင်သူ ဖြစ်ရမည် ဆိုတာပါတယ်.... ဘာပဲဖြစ်ဖြစ် ဒီကိစ္စကို အခြေခံအားဖြင့် ပြီးပြတ်အောင် ဒေါ်စု ရှိတုန်း ရှင်းခဲ့မှ ဖြစ်မယ်.... လူဦးရေ နဲ့ ပတ်သက်ရင် ကျနော်တို့ တိုင်းပြည်ရဲ့ အနေအထားဟာ အတော် သတိကြီး၂ ထားရမယ့် အနေအထားမှာ ရှိတယ်... ကိုယ့်ပထဝီ ကိုက အဲဒီလို ဖြစ်နေတာလေ.... ၁၉၈၂ နိုင်ငံသား ဥပဒေ ဆို ကျနော်တို့ အရပ်ပြောပြောရရင် unwritten rule လို့ ခေါ်တယ်.... နိုင်ငံအတွက်ကျတော့ unwritten လုပ်လို့ မရတော့ဘူး... ဥပဒေအနေနဲ့ ချရေးထားရတော့တာကိုး.... ကိုဖီအာနန်ကတော့ ပြင်ပါပေါ့.... ဘယ်ဖြစ်မှာလဲ..... ဒါ unwritten rule ပဲ။'

နိုင်ငံသားဥပဒေ ဆိုတာလေ... ကိုယ်စီကိုယ်စီ နိုင်ငံတွေက ကိုယ့်အကျိုးစီးပွား အတွက် ကိုယ့်ဖာသာကိုယ် သတ်မှတ်ပြီး ရေးဆွဲထားကြရတာ.... ထိုင်းနိုင်ငံသား ဖြစ်နေတဲ့ ကျွန်တော့် သူငယ်ချင်း ပြောတာရှိတယ်.... ဘာရယ်ညာရယ် ကိုးကားပြီး ပြောတာမဟုတ်ဘူး... လူပြိန်းပြောပြောတာ... တိုင်းပြည်ဆင်းရဲလေ အဲဒီတိုင်းပြည် ရဲ့ နိုင်ငံသား ဖြစ်ဖို့ ခက်လေ တဲ့ .... သူ့မိန်းမက မြန်မာနိုင်ငံသူ... လင်မယားနှစ်ယောက် မဲဆောက်မှာ နေကြတယ်... လက်ထပ်တာပဲ ဆယ်စုနှစ်ချဉ်းတော့မယ် ခုထိ သူ့မိန်းမ work permit နဲ့ပဲ သက်တမ်းတိုးပြီး နေနေရတယ်... နိုင်ငံသားဝေးလို့ အမြဲတမ်းနေထိုင်ခွင့် တောင် မရဘူး.... ဘာနားမလည် ညာနားမလည် နဲ့ ဟိုး အောက်ခြေ အခြေခံကနေ ဟိုး ခေါင်မိုးအထိ ဘာတစ်ခုမှ မတူတဲ့ အမေရိကန် တို့ ယူကေတို့ အော်စီ တို့နဲ့ နှိုင်းပြီး သူတို့လို ပီအာဖြစ် ငါးနှစ်ကြာ နိုင်ငံသားဖြစ်ခွင့်ပေးဖို့ အော်တဲ့ ပြည်ပရောက် အရူးတွေက ရှိသေးတယ်... ဘာတဲ့... ကိုယ့်မြန်မာတွေလည်း သူများနိုင်ငံမှာ အဲလိုပဲ နိုင်ငံသား ဖြစ်နေကြတာပဲတဲ့.... ဘင်္ဂါလီတွေ အန္တရာယ် ဒီလောက်ကြီးနေတဲ့ အချိန် ပြောရက်တာ အံ့သြပါရဲ့.... ကိုယ့်နိုင်ငံကျ ကိုယ်ပြောပြီး သူတို့ အမေလင် ထိုင်းကျတော့ ဘာလို့မပြောလဲ.... အနောက်နိုင်ငံတွေရဲ့ နိုင်ငံသားဖြစ်ဖို့ စံအတိုင်း အရှေ့နိုင်ငံတွေမှာ ကျင့်သုံးရအောင် ကိုယ် နဲ့ သူနဲ့ ဘယ်နေရာမှာ ဘာတူနေလို့လဲ... ၁၉၈၂ ကို ပြင်ရင် ပြည်သူတွေက ခံမှာ မဟုတ်ပါဘူးဗျို့ ။
Nyo Htet Nyo





Friday, October 20, 2017

ရိုဟင်ဂျာကလေးငယ်တွေ ဘ၀အကြောင်း UNICEF အစီရင်ခံစာထုတ်ပြန်

သီတင်းပတ်တိုင်း ကလေးတသောင်း နှစ်ထောင်လောက် နယ်စပ်ဖြတ်ပြီး ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းတွေဆီ ထွက်ပြေးခိုလှုံ
မြန်မာနိုင်ငံကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲ ထွက်ပြေးခိုလှုံကြသူ ရိုဟင်ဂျာ ကလေးငယ်တွေရဲ့ ဘဝအခြေအနေတွေအကြောင်း မီးမောင်းထိုး ဖေါ်ပြထားတဲ့ အစီရင်ခံစာတခုကို UNICEF ကုလသမဂ္ဂ ကလေးသူငယ်များ ရံပုံငွေအဖွဲ့က ထုတ်ပြန်လိုက်ပါတယ်။

သီတင်းပတ်တိုင်း ကလေး တသောင်း နှစ်ထောင်လောက် နယ်စပ် ဖြတ်ပြီး လူတွေ မတန်တဆ ပြည့်ကျပ်နေတဲ့ ဒုက္ခသည်စခန်းတွေဆီ ရောက်လာနေကြတယ်လို့ ဆိုပါတယ်။

အဲဒီကလေးငယ်တွေမှာ စားနပ်ရိက္ခာ၊ သောက်သုံးရေနဲ့ တခြား အခြေခံသုံး ပစ္စည်းတွေ ပြတ်လပ်နေပြီး ရောဂါကူးစက်မှု အန္တရာယ်၊ အသုံးချခံရမယ့် အန္တရာယ်တွေနဲ့ ရင်ဆိုင်နေရတယ်လို့ UNICEFက ပြောပါတယ်။

လာမယ့်သီတင်းပတ်မှာ ကျင်းပမယ့် အလှူငွေ ထည့်ဝင်ရေးအဆိုပြုမယ့် ညီလာခံကြီး မကျင်းပခင် ဒီ အစီရင်ခံစာ ပေါ်ထွက်လာတာ ဖြစ်ပြီး အဲဒီညီလာခံမှာ ရိုဟင်ဂျာ ကလေးတွေကို အကူအညီပေးဖို့ ဒေါ်လာ ၇၆သန်း လှူဒါန်းထည့်ဝင်ကြဖို့ UNICEFက ပန်ကြားဖို့ ရှိပါတယ်။

BBC Burmese
http://www.bbc.com/burmese

မိဘမဲ့ ရိုဟင်ဂျာ ဒုက္ခသည်လေးများ ကာကွယ်ရေး


ဘင်္ဂလားဒေ့ရှ်က ရိုဟင်ဂျာဒုက္ခသည်စခန်းတွေမှာ မိဘမဲ့ကလေးအဖြစ် စာရင်းဝင်နေတဲ့ ကလေးပေါင်း ၁၅,၀၀၀ ကျော်ရှိနေပြီဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ် တာဝန်ရှိသူတွေက ဗွီအိုအေကိုပြောပါတယ်။

ရိုဟင်ဂျာဒုက္ခသည် သန်းတ၀က်ကျော်မှာ ကလေးအရေအတွက် ၆၀% ကျော်ရှိနေပြီး အဲဒီထဲက မိဘမဲ့ကလေး အရေအတွက်ကို သူတို့ ကောက်ခံရာမှာ အချက်အလက်အမှန်ရဖို့ အခက်အခဲတွေရှိပေမယ့် စနစ်တကျဖြစ်အောင် ဘင်္ဂလားဒေ့ရှ်အစိုးရက ဆောင်ရွက်နေတယ်လို့လည်း ဆိုပါတယ်။

VOA သတင်းထောက်တွေဖြစ်တဲ့ Joe Freeman နဲ့ Muktadir Rashid တို့ ပေးပို့ထားတဲ့ သတင်းကို မအင်ကြင်းနိုင်က ပြောပြမှာပါ။

မိဘအုပ်ထိန်းသူ မပါပဲ ရောက်လာကြတဲ့ ရိုဟင်ဂျာကလေးတွေကို ဒုက္ခသည်စခန်းအတွင်း စာရင်းပြုစုရာမှာ တဦးချင်းစီရဲ့ ပြောဆိုချက်ကို မှန်မမှန်အတည်ပြုနိုင်ရေး အချက်အလက်တွေ ထပ်ပြီးရဖို့ အခက်အခဲတွေရှိပေမယ့် လက်ရှိ စာရင်းကောက်ယူတဲ့ အရေအတွက်အရ မိဘမဲကလေးပေါင်း ၁၅,၀၀၀ အထက်မှာ ရှိနိုင်ကြောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံ Cox’s Bazar ခရိုင် လူမှုဖူလုံရေးဌာန ရဲ့ လက်ထောက်ညွန်ကြားရေးမှူး Pritam Kumar Chowdhury က ပြောပါတယ်။

“ဘင်္ဂလားဒေ့ရှ်ဘက်မှာ မိဘမဲ့ကလေးအဖြစ် သတ်မှတ်မယ်ဆိုရင် ကျနော်တို့ တာဝန်ရှိသူတွေက သူတို့ရဲ့ တဲအိမ်တွေဆီသွားပြီး အတည်ပြုချက်ယူပါတယ်။ ဒါပေမယ် သူတို့ပြောတဲ့ အချက်အလက် မှန်မမှန် စုံစမ်းနိုင်ဖို့ မြန်မာဘက်အခြမ်းကို သွားလို့ မဖြစ်နိုင်ပါဘူး။ ဒါကြောင့် သူတို့ပြောသမျှအချက်အလက်တွေကိုပဲ ကျနော်တို့က စုဆောင်းကောက်ယူရပါတယ်။”

မိဘမဲ့ကလေးအဖြစ် စာရင်းကောက်ယူရာမှာ အဲဒီကလေးနဲ့အတူ မြန်မာနိုင်ငံကနေ ထွက်ပြေးလာတဲ့ လူတွေ အပြင် အနီးအနားဝန်းကျင်က လူတွေကိုလည်း ဘင်္ဂလားဒေ့ရှ်တာဝန်ရှိသူတွေက စုံစမ်းမေးမြန်းတယ်လို့ Pritam Kumar Chowdhury ကဆိုပါတယ်။

“တကယ်လို့ သက်သေအထောက်အထားမရှိဘူးဆိုရင် နှုတ်နဲ့ပြောဆိုချက်တွေအပေါ်မှာ အခြေခံပြီး အချက်အလက်ကောက်ယူပါတယ်။ တရားဝင်လုပ်ထုံးလုပ်နည်း အတိုင်းပြည့်စုံအောင် ကျနော်တို့ရဲ့ နည်းဗျူဟာကို ထိန်းသိမ်းထားပါတယ်။ ၁၀၀% ပြည့် မှန်ကန်မှုရှိတယ်လို့ ကျနော်တို့ မပြောနိုင်ပေမယ့် အားလုံးကတော့ အချက်အလက်တွေ မမှားဘူးဆိုတာကိုတော့ ပြောနိုင်ပါတယ်။”

UNICEF ပြောခွင့်ရပုဂ္ဂိုလ် Jean-Jacques Simon က ဗွီအိုအေကို အီးမေးလ်ကတဆင့်အကြောင်းပြန်ကြားရာမှာ ဘင်္ဂလားဒေ့ရှ်အစိုးရက စာရင်းကောက်ယူထားတဲ့ ရိုဟင်ဂျာမိဘမဲ့ကလေးပေါင်း ၁၄,၇၄၀ ရှိနေကြောင်း အတည်ပြုထားပါတယ်။ စီစစ်သုံးသပ်လို့ ပြီးစီးသွားတဲ့ အရေအတွက် တ၀က်ကျော်ကို ဘင်္ဂလားဒေ့ရှ် လူမှုဖူလုံရေးဝန်ကြီးဌာနရဲ့ database ကွန်ပြူတာ နည်းပညာနဲ့ အချက်အလက် သိမ်းဆည်းတဲ့ စာရင်းထဲ ထည့်သွင်းထားတယ်လို့လည်း ဆိုပါတယ်။

လက်ရှိ အခြေအနေအရ စခန်းတွေထဲမှာ တယောက်ထဲသီးခြားစီနေတဲ့ ကလေးငယ် ၁၅ ဦး စာရင်းရရှိထားပြီး အခု သူတို့ဘယ်နေရာတွေမှာရှိနေလဲ၊ သူတို့ကို အသေအချာ အကာအကွယ်ပေးဖို့ ဒေသဆိုင်ရာ ဘင်္ဂလားဒေ့ရှ်အစိုးရ အာဏာပိုင်တွေကို ဆက်သွယ်ပြောဆိုထားကြောင်း UNICEF ကပြောပါတယ်။

ဘင်္ဂလားဒေ့ရှ် အရှေ့တောင်ပိုင်းနယ်စပ်က ယာယီဒုက္ခသည်စခန်းတွေမှာ ကလေးတွေနဲ့ ပြည့်ကျပ်နေတာပါ။ လူကြီးတွေနဲ့ အတူနေထိုင်တဲ့ ကလေးတချို့ ရှိနေသလို အုပ်ထိန်းသူလုံးဝ မရှိတဲ့ ကလေးတွေလည်း ရှိနေပါတယ်။ ပရမ်းပတာနဲ့ ၀ရုန်းသုန်းကားဖြစ်နေတဲ့ အခြေအနေတွေဟာ ကလေးတွေအပေါ် နှိပ်စက်ဖို့ အပြင် အခြား အန္တရာယ်တွေကျရောက်စေဖို့ အားနည်းချက်လို ဖြစ်နေပါတယ်။

ဒုက္ခသည် မိဘမဲ့ကလေးတွေအတွက် အဆောက်အဦးဆောက်လုပ်ဖို့ ဘင်္ဂလားဒေ့ရှ်အစိုးရက စဉ်းစားနေပြီး ဒီအတွက် အထောက်အကူပေးရေး အဖွဲ့အစည်းတွေနဲ့ ဒီသတင်းပတ်အတွင်း ဆွေးနွေးခဲ့ကြောင်း ဘင်္ဂလားဒေ့ရှ်အခြေစိုက် NGO အဖွဲ့တခုဖြစ်တဲ့ BRAC ရဲ့ ညွန်ကြားရေးမှူး Dr. Erum Mariam ကပြောပါတယ်။

အသစ်ထပ်မံရောက်ရှိလာတဲ့ ရိုဟင်ဂျာဒုက္ခသည် ကလေးတွေရဲ့ ကျန်းမာရေး အတွက်လည်း အရေးပေါ် အကူအညီတွေ အလွန်လိုအပ်နေကြောင်း UNICEF က အင်္ဂါနေ့က ကြေညာချက် ထုတ်ပြန်ထားပါတယ်။

သြဂုတ်လ (၂၅)ရက်နေ့က ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ တကျော့ပြန်ဖြစ်လာတဲ့ အကြမ်းဖက်မှုတွေတွေကြောင့် ဘင်္ဂလားဒေ့ရှ်ဘက်ကို ရိုဟင်ဂျာဒုက္ခသည် သိန်းနဲ့ချီပြီး ထွက်ပြေးရာမှာ အဓိက ကလေးတွေဖြစ်ကြပြီး အများအပြားဟာ သူတို့ရဲ့ မိဘတွေကို မြန်မာနိုင်ငံဘက်အခြမ်း ဒါမှမဟုတ် ထွက်ပြေးလာတဲ့ လမ်းမှာ ဆုံးရှုံးခဲ့ကြတာဖြစ်ပါတယ်။ သူတို့ကြုံခဲ့ရတဲ့ အဖြစ်အပျက်တွေအကြောင်း ကလေးငယ်တွေကိုယ်တိုင် ပုံဖေါ်ရေးဆွဲထားတဲ့ ပန်းချီတွေကိုကမ္ဘာ့ကလေးများ ရန်ပုံငွေအဖွဲ့ UNICEF က စုဆောင်းပြသရာမှာ အလွန်ထိတ်လန့်တုန်လှုပ်ဖွယ်ကောင်းတဲ့ ဖြစ်ရပ်တွေကို နိုင်ငံတကာအသိုင်းအ၀ိုင်းက မြင်ခဲ့ကြရပါတယ်။

အင်ကြင်းနိုင် / ဗွီအိုအေ (မြန်မာပိုင်း)
https://burmese.voanews.com

ဖခင်သတ်ဖြတ်ခံခဲ့ရသည့် ကျောင်းဆရာဦးအေးထွန်းမှ သူတို့ရွာအနီးတွင် ဘင်္ဂလီများကို နေရာပြန်ချထားပေးပါက ကျောင်းဆရာအလုပ်မှ ထွက်ပြီး နေရပ် စွန့်ခွာမည်ဟုဆို

(ဓာတ်ပုံ- ကျောင်းဆရာဦးအေးထွန်း)
နိရဉ္စရာ၊ အောက်တိုဘာ ၂၀

ရခိုင်ပြည်နယ် မောင်တောမြို့နယ် တောင်ပိုင်း အင်းဒင်ကျေးရွာမှ အကြမ်းဖက် သမားများ၏ သတ်ဖြတ်ခြင်းကို ခံရ၍ ဖခင်ကို ဆုံးရှုံးလိုက်ရသူ မူလတန်းပြ ကျောင်းဆရာဦးအေးထွန်းမှ သူတို့ကျေးရွာအပါအ၀င် အနီးအနားတွင် ဘင်္ဂလီလူမျိုးများအား ပြန်လည် နေရာချထားပေးမည်ဆိုပါက ကျောင်းဆရာ အလုပ်မှ နုတ်ထွက်ပြီး မိမိမွေးရပ်ရွာကို စွန့်ခွာသွားမည် ဖြစ်ကြောင်း နိရဉ္စရာသတင်းဌာနမှ မေးမြန်းစဉ် ပြောကြားသည်။

နိရဉ္စရာသတင်းဌာနမှ အင်းဒင်ကျေးရွာသို့ ရောက်ရှိခိုက် ကျောင်းဆရာ ဦးအေးထွန်းနှင့် အင်တာဗျူးပြုလုပ်စဉ် သူက ထိုသို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

“ ကျွန်တော်တို့ တစ်ရွာလုံးကတော့ ဒီနေရာမှ ဘင်္ဂလီလူမျိုးတွေကို ပြန်လည် နေရာချထားပေးရင် ဒီနေရာက ထွက်သွားမှာ ဖြစ်ပါတယ်။ ဒီမှာတော့ နေလို့ မရတော့ဘူး။ ဘာကြောင့်လို့ဆိုတော့ ဒီမူဆလင်တွေနဲ့ အတူယှဉ်တွဲနေထိုင်မယ် ဆိုရင် နေလို့ မဖြစ်တော့ဘူး။ သူတွေက အမြဲတန်း လိုက်သတ်ဖြတ်နေတာတွေ ရှိတယ်။ နောက်ပြီး ကျွန်တော် အဖေလည်း ပါသွားတာ အခုအချိန်မှာဆိုရင် လက်တွေ့ ခံစားနေရတယ်။ ကျွန်တော်က ကျောင်းဆရာတစ်ယောက်လည်း ဖြစ်တယ်။ ကျောင်းဆရာကတောင် နုတ်ထွက်ပြီး ဒီကနေ ထွက်သွားမှာပါ” ဟု ပြောကြားသည်။

တစ်ခြား ရခိုင်ရွာသားတွေရဲ့ သဘောထားက ဘယ်လိုရှိပါသလဲဟု သူ့အားဆက်လက် မေးမြန်းရာ သူတို့၏ သဘောထား ခံစားမှုနှင့် ထပ်တူဖြစ်ကြောင်း ပြောကြားသည်။

အစိုးရမှ အင်အားသုံးပြီး အားနှင့် ဘင်္ဂလီများကို အင်းဒင်ကျေးရွာအနီး ချထားပေးလာပါက မည်သို့ ဆောင်ရွက်ပါမလဲဟု မေးမြန်းရာ သူက “ ကျွန်တော်တို့ကတော့ အကုန်လုံး နေရပ်ကို စွန့်ခွာမှာပါ” ဟု ပြောကြားသည်။

ဘင်္ဂလီတွေကို ပြန်လည်နေရာချထားပေးရင် ဆရာတို့အတွက် ဘာတွေ ဖြစ်နိုင်တယ်လို့ ထင်တဲ့ အတွက် အခုလို ဆုံးဖြတ်ရပါသလဲဟု ဆရာ ဦးအေးထွန်းအား ဆက်လက် မေးမြန်းရာ သူက “ ကျွန်တော်က အခုဆိုရင် အသက် ၃၃ နှစ်ရှိသွားပါပြီ။ အင်းဒင်ကျေးရွာမှာနေတာ။ ငယ်ငယ်ကတည်းက ဒီမှာ မွေးတာပါ။ မွေးရပ်ဇာတိဖြစ်ပါတယ်။ ကျွန်တော်ရဲ့ ဒီလောက် အသက်အရွယ်မှာ အခက်အခဲပေါင်းများစွာ၊ ပြဿနာပေါင်းများစွာကိုခံခဲ့ဖူးပါပြီ။ ဒါကြောင့် ဒီအခြေအနေမျိုးမှာ ဆက်လက်နေထိုင်မယ်ဆိုရင် လုံးဝ မဖြစ်နိုင်တော့ပါဘူး။ ဒါကြောင့် ကျွန်တော်တို့ လုံးဝ မနေတော့ပါဘူး။ ကုလားတွေကို ဆက်ထားမယ် ဆိုရင်” ဟု ပြောဆိုသည်။

အင်းဒင်ကျေးရွာအနီးတွင် နေထိုင်ခဲ့ကြသည့် ဘင်္ဂလီလူမျိုးများသည် ရခိုင် တိုင်းရင်းသားများ၏ အသက်ကို အန္တရာယ်ပြု ရန်ရှာသည်သာမက ရခိုင် တိုင်းရင်းသားများမှ မေယူတောင်ခြေရင်းတွင် စိုက်ပျိုးထားသော သစ်တော စိုက်ခင်းများကို ဖျက်ဆီးပစ်ခြင်းများရှိကြောင်း၊ သူတွင်လည်း ယူကလစ်၊ မန်ကျား စိုက်ဧက (၅)ဧက ရှိကြောင်း၊ ပင်လယ်ထဲဆင်း ငါးရှာလျှင်လည်း ရန်ရှာ တိုက်ခိုက်မှုများရှိကြောင်း၊ သူတို့(ဘင်္ဂလီများ)အား ပြန်လည်နေရာချပေးလျှင် ယခင်ကဲ့သို့ တိုက်ခိုက်ရန်ရှာမှုများ ဆက်လက် ပေါ်ပေါက်လာမည်ဖြစ်ကြောင်း သူက ပြောကြားသည်။

“ သစ်ပင်တွေကို ခုတ်ပစ်တာတွေရှိတဲ့အတွက် နယ်ခြားစောင့် စခန်းကို သွားတိုင်ပေမယ့် သူတို့လည်း သူတို့ အခြေအနေအရ အရေးယူနိုင်တာ မရှိပါဘူး။ ဒီလို ဖြစ်ရတဲ့ အခြေအနေတွေကိုတော့ ဒီရွာက ဆရာကြီး ဦးမြတ်စောတို့ အဓိက ပြောပြနိုင်မှာ ဖြစ်ပါတယ်” ဟု ပြောကြားသည်။

ဘင်္ဂလီလူမျိုးများက မည်သည့်အတွက်ကြောင့် ရခိုင်တိုင်းရင်းသားများ စိုက်ပျိုးထားသည့် သစ်တောစိုက်ခင်းများကို အလိုလို ခုတ်လှဲ ဖျက်ဆီးရပါသလဲဟု ဆက်လက်မေးမြန်းရာ သူက “ သူတို့ ဘင်္ဂလီတွေက အဓိက ဒီနေရာမှာ ရခိုင်တိုင်းရင်းသားမနေနိုင်အောင်၊ နေထိုင်လို့ မရအောင် အမျိုးမျိုး လုပ်ကြံပြီး ဖျက်ဆီးတာ ဖြစ်ပါတယ်။ သူတို့ ပြန်လာရင် ဒီလို အဖြစ်အပျက်တွေ ပြန်ဖြစ်လာမှာ ဖြစ်ပါတယ်။ ဒီအတွက် သူတို့ကို ပြန်လည်ပြီး ဒီမှာနေရာချထားရင် ကျွန်တော်တို့ ဒီမှာ ဆက်မနေ နိုင်တော့ပါဘူး” ဟု ပြောကြားသည်။

ဦးအေးထွန်းတွင် ညီအစ်မောင်နှမ လေးဦးရှိပြီး သူ့ဖခင် ဦးမောင်နီ (၆၀) နှစ်သည် သြဂုတ် ၂၅ ရက် နံနက် ၁၁ နာရီအချိန်တွင် ရွာပြင်ရှိလယ်တဲမှ ကျွဲ ၁၃ ကောင်ကို ချယူရန် သွားရောက်စဉ် ဘင်္ဂလီ အကြမ်းဖက်သမား ၄၀ ခန့်မှ ၀ိုင်းဝန်း ဖမ်းဆီးခေါ်ဆောင်သွားပြီး သတ်ဖြတ်ခြင်းကို ခံခဲ့ရသည်။

ကျောင်းဆရာ ဦးအေးထွန်း၏ အစ်ကိုဖြစ်သူ၊ ညီဖြစ်သူနှင့် ယောက်ဖတော်စပ်သူ တစ်ဦးတို့မှ ဘင်္ဂလီအကြမ်းဖက်သမား ၄၀ ခန့်မှ ၀ိုင်းဝန်းဖမ်းဆီး ခေါ်ဆောင် သွားခဲ့သည်ကို မလှမ်းမကမ်းမှ ကိုယ်တိုင်မြင်ခဲ့ကြရကြောင်း၊ အင်အားမမျှသဖြင့် ရှေ့ကို မတိုးနိုင်ဘဲ ပြန်ဆုတ်ခဲ့ရကြောင်း၊ တစ်လခန့် အကြာတွင် တစ်ဖက်နိုင်ငံသို့ ရောက်ရှိသွားသည့် အနီးအနားကျေးရွာများမှ ဘင်္ဂလီများကို ဖုန်းဖြင့် ဆက်သွယ်ပြီး သူ့ဖခင် အလောင်းကို ပြန်ရလိုသဖြင့် အကူအညီတောင်း မေးမြန်းရာ သူတို့၏ ပြောပြချက်အရ ဖခင်ဖြစ်သူအလောင်းအား မေယူတောင်ခြေရင်း ဥယျာဉ်ခြံထဲမှ မြုပ်နှံထားရာမှ တူးဖော်ရရှိခဲ့ကြောင်း၊ အလောင်းတွင် ဒဏ်ရာဒဏ်ချက် အနည်းငယ် တွေ့ရှိရကြောင်း၊ သူ့ဖခင်အားသတ်ဖြတ်ရာတွင် အင်းဒင်နှင့် ခွဆုံပြင် ဘင်္ဂလီ ကျေးရွာမှ ရွာသားများကိုယ်တိုင် ပါဝင်ကြောင်း ဦးအေးထွန်းက ပြောကြားသည်။

Narinjara
https://www.facebook.com/Narinjara

Sunday, October 15, 2017

ဘင်္ဂါလီပြဿနာ၏ဇာစ်မြစ်ကို အနောက်အုပ်စုနိုင်ငံများ နားလည်သဘောပေါက်ခြင်းမရှိဟု တရုတ်သတင်းစာ Global Times က ဝေဖန်

ဘင်္ဂါလီပြဿနာ၏ဇာစ်မြစ်ကို အနောက်အုပ်စုနိုင်ငံများ နားလည်သဘောပေါက်ခြင်းမရှိဟု တရုတ်သတင်းစာ Global Times က ဝေဖန်


ရခိုင်ပြည်နယ်တွင် လုံခြုံရေးတာဝန်ထမ်းဆောင်နေသည့်ရဲတပ်ဖွဲ့ဝင်တဦးအားတွေ့ရစဉ်။
လွန်ခဲ့သော တလကျော်က ဘင်္ဂါလားဒေ့ရှ်သို့ဘင်္ဂါလီ (မူရင်းတွင် ရိုဟင်ဂျာဟုဖော်ပြ) ၄၀၀,၀၀၀ ကျော် ထွက်ပြေးသွားခဲ့သည်။ ယင်းသို့ ထွက်ပြေးမှုဖြစ်ပေါ်စေခဲ့သည့် လူမျိုးရေးပဋိပက္ခများတွင် ရိုဟင်ဂျာများအပေါ် အစိုးရ၏ လုပ်ကိုင်ဆောင်ရွက်ပုံကို မကျေနပ်ဟုဆိုကာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ကို အနောက်အုပ်စုနိုင်ငံများ၏ ပြစ်တင်မောင်းမဲမှုကြီးထွားလာနေသည်။ Freedoom of the City Oxford ဆုကို ပြန်လည်ရုပ်သိမ်းခဲ့သည်။ သူမ ပညာသင် ယူခဲ့သည့် အောက်စဖို့ဒ်တက္ကသိုလ်နံရံပေါ်ရှိ သူမ၏ ပုံတူပန်းချီကားကို ဖယ်ရှားခဲ့သည်။ ပညာရှင်များ၊ ဂျာနယ်လစ်များနှင့် လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူများ အပါအ၀င် လူ ၄၀၀,၀၀၀ ကျော်က သူမ၏ နိုဘယ်ငြိမ်းချမ်းရေးဆုကို ပြန်ရုပ်သိမ်းရန် နိုဘယ်ဆုကော်မတီသို့ တောင်းဆိုခဲ့ကြသည်။ သို့ဖြစ်ရာ ဒီမိုကရေစီစံပြုပုဂ္ဂိုလ်တဦးအဖြစ် အနောက်အုပ်စုက အမွှမ်းတင်ခဲ့သည့် သူမ၏ ပုံရိပ်ပြိုလဲတော့မည့်ပုံ ဖြစ်ပေါ်နေသည်။

ယင်းသို့ ပြစ်တင်ဝေဖန်မှု ကြီးမားနေသည့်ကြားမှပင် ဒေါ်အောင်ဆန်းစုကြည် ရင်ဆိုင်ကြုံတွေ့နေသည့် ဧရာမ စိန်ခေါ်မှုများကို ရည်ရွယ်သည်ဖြစ်စေ၊ မရည်ရွယ်သည်ဖြစ်စေ အနောက်အုပ်စုက မမြင်ချင်၊ မသိချင်ယောင်ဆောင်နေကြသည်။ သူမသည် `ရှုပ်ထွေးခက်ခဲသည့် လူမျိုးရေးပဋိပက္ခများ ပြည့်နှက်နေသော လူမှုရေး၊ စီးပွားရေး တိုးတက်ဖွံ့ဖြိုးမှု အလွန်အမင်းအရေးကြီးလိုအပ်နေသော တိုင်းပြည်တပြည်ကို အုပ်ချုပ်ရန် ရွေးချယ်တင်မြှောက်ခြင်းခံခဲ့ရသည်။ အာဏာရပြီး နှစ်နှစ်ခန့် အချိန်အတွင်း သူမ၏ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဦးဆောင်သည့် အစိုးရသည် အမျိုးသားပြန်လည်သင့်မြတ်ရေးကို စွမ်းစွမ်းတမံ ကြိုးပမ်းခဲ့သည်။ လူမှုရေး၊ စီးပွားရေးနှင့် သံတမန်ရေးဆိုင်ရာ နယ်ပယ်များတွင် ရေရှည်ဖွံ့ဖြိုးတိုးတက်ရန် တိုးမြှင့်လုပ်ဆောင်ခဲ့သည်။ ရခိုင်ပြည်နယ်တွင် ရိုဟင်ဂျာများနှင့် ဒေသခံဗုဒ္ဓဘာသာများအကြား ပဋိပက္ခများကို ဒေါ်အောင်ဆန်းစုကြည် အမိန့်ပေးရုံသက်သက်ဖြင့် နေ့ချင်း ညချင်း ဖြေရှင်းနိုင်မည် မဟုတ်ပေ။


ကံမကောင်းသည့်အချက်မှာ ဤကိစ္စနှင့်ပတ်သက်၍ သူမ၏ ကြိုးပမ်းအားထုတ်မှုများကို အနောက်အုပ်စုနိုင်ငံ များအနေနှင့် အသိအမှတ်မပြုခြင်း ဖြစ်သည်။ အနောက်အုပ်စုသည် လူ့အခွင့်အရေးဟု ၎င်းတို့ခေါ်ဆိုသော ကိစ္စအပေါ် မျက်စိမှိတ်ပြီး ဆက်လက်အော်ဟစ်နေသည်။ သို့သော် ၎င်းတို့သည် ရိုဟင်ဂျာအကျပ်အတည်း ပေါ်ပေါက်ရသည့် အကြောင်းအရင်းဇာစ်မြစ်ကို အနည်းငယ်မျှပင် နားလည်သဘောပေါက်ခြင်း မရှိကြပေ။


မြန်မာနိုင်ငံတွင် ရိုဟင်ဂျာများနှင့် ဗုဒ္ဓဘာသာများအကြား သမိုင်းကြောင်းအရ  ပဋိပက္ခများကို အချိန်တိုအတွင်း ဖြေရှင်း နိုင်ရန် မဖြစ်နိုင်ပေ။ ယင်းပဋိပက္ခများကို ဖြေရှင်းရန် တည်ကြည်အေးဆေးသည့်  စိတ်ဓာတ်ရှိသော ခေါင်းဆောင်တဦးလိုအပ်သည်။ အကြီးအကျယ် စိတ်ရှည်သည်းခံ မှုရှိရန်လည်း လိုအပ်သည်။ ကံကောင်း သည်မှာ ဒေါ်အောင်ဆန်းစုကြည်သည် ယခုအချိန်ထိ အနောက်အုပ်စု၏ ပြစ်တင် ဝေဖန်မှုအား ကြံ့ကြံ့ခံရပ်တည်နေနိုင်ခြင်းဖြစ်သည်။ သူမသည် အကျပ်အတည်းကို ဖြေရှင်းရန် အလျင်စလို လုပ်ဆောင်နေ ခြင်းမျိုးလည်း မရှိပေ။

တရုတ်ပြည်သည် မြန်မာနိုင်ငံ၏ လူမျိုးစုဖွဲ့စည်းပုံကို အပြည့်အ၀ သတိပြုမိပါသည်။ ဒေါ်အောင်ဆန်းစုကြည်ကို လည်း အပြည့်အ၀ ထောက်ခံပါသည်။ ယခု အကျပ်အတည်းအပေါ် မြန်မာအစိုးရ၏ ကိုင်တွယ်ဖြေရှင်းမှုကို အကူအညီပေးသကဲ့သို့ ဒုက္ခသည်များအား အထောက် အပံ့ပေးခဲ့ပါသည်။ လူမျိုးစုပဋိပက္ခများကို တလုံးတခဲတည်းနှင့် ခိုင်ခိုင်မာမာဖြေရှင်းရန် မြန်မာအစိုးရ၏ ကြိုးပမ်းအားထုတ်မှုအား တရုတ်ပြည်က ထောက်ခံပါသည်။ ယင်းကြိုးပမ်းမှုများသည် အမျိုးသားပြန်လည်သင့်မြတ်ရေးကို အလျင်အမြန်ဖြစ် ပေါ်စေလိမ့်မည်ဟုလည်း ယုံကြည်ပါသည်။ ခွဲထွက်မှုသည် မြန်မာနိုင်ငံအတွက် လက်ခံနိုင်စရာမရှိကြောင်း တရုတ်ပြည်အနေနှင့် ကောင်းစွာ သဘောပေါက် နားလည်ပါသည်။


လောလောဆယ်တွင် နိုင်ငံတကာ အသိုက်အ၀ိုင်းသည် ဒေါ်အောင်ဆန်း စုကြည်အား တဖက်သတ်ပြစ်တင်ကြိမ်း မောင်းမှုမပြုကြရန် လိုပါသည်။ ယင်းသို့ ပြစ်တင်နေမည့်အစား ဆက်သွယ်ရေးနှင့် လူသားချင်းစာနာ ကယ်တင်မှုခိုင်မာအားကောင်းရေးအတွက် ဘင်္ဂါလားဒေ့ရှ်နိုင်ငံနှင့် မြန်မာအစိုးရ၏ လုပ်ဆောင်မှု အဆင်ပြေချောမွေ့စေရန် နိုင်ငံတကာအသိုက် အ၀န်းအနေနှင့် ကူညီသင့်ပါတယ်။ ထို့ပြင် သြဂုတ် ၂၅ ရက် အကြမ်းဖက်မှုကို ဖြစ်ပေါ်စေခဲ့သည့် အကြမ်းဖက်သမားများအား တိုက်ဖျက်ရန် မြန်မာအစိုးရ၏ ကြိုးပမ်းမှုများကိုလည်း နိုင်ငံတကာမှ အကူ အညီပေးသင့်ပါသည်။ မြန်မာနိုင်ငံသည် မိမိတို့အကျိုးအတွက် မျှော်ကိုးကာ ပုဂ္ဂိုလ်ရေးဗန်းတင်မှုထက် စစ်မှန်သည့် ထောက်ခံမှုကို လိုအပ်ပါသည်။


SM(Ref; (Global Times))
ဓါတ်ပုံ-ခိုင်မင်းညို
Newswatch
http://newswatch-mm.com/?article_detail&id=138

Friday, October 13, 2017

"ရခိုင်သမိုင်းကို နှစ်ပေါင်း ၂၀ ကျော်ကြာ အသေးစိတ် သုတေသနပြု လေ့လာသူ ပြင်သစ်နိုင်ငံသား သမိုင်းပညာရှင် Dr Jacques Leider က ရိုဟင်ဂျာမှာ တိုင်းရင်းသား မဟုတ်ဟု ပြောဆို"


"ရခိုင်သမိုင်းကို နှစ်ပေါင်း ၂၀ ကျော်ကြာ အသေးစိတ် သုတေသနပြု လေ့လာသူ ပြင်သစ်နိုင်ငံသား သမိုင်းပညာရှင် Dr Jacques Leider က ရိုဟင်ဂျာမှာ တိုင်းရင်းသား မဟုတ်ဟု ပြောဆို"

ရိုဟင်ဂျာဆိုတာ တိုင်းရင်းသားလူမျိုးဖြစ်ပါတယ် ဆိုတဲ့ concept မရှိပါဘူး။ 

သူတို့အနေနဲ့ မတ်တပ်ရပ်ပြီးတော့ သူတို့ဟာ မြန်မာတိုင်းရင်းသားပါ လို့ ကြွေးကြော်လို့တော့ ရတာပေါ့လေ။ ဒါပေမဲ့ ဒီလို အော်နေတာက အကောင်းဆုံး နည်းလမ်းမဟုတ်ဘူးလို့ ကျွန်တော် ထင်ပါတယ်။ 

သူတို့အနေနဲ့ ရခိုင်ပြည်မှာ မျိုးဆက်တစ်ခုမက နေထိုင်လာကြတဲ့ မူစလင်တွေပါလို့ ပြောရင်တော့ ငြင်းဖို့ခက်ပါမယ်။ 

ရိုဟင်ဂျာဆိုတာ ဝေါဟာရ တစ်ခုပါ။ ရှေးဟောင်းစကားလုံး တစ်ခုဖြစ်ပြီးတော့ မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီး နောက်ပိုင်းရောက်မှသာ ဒါကို အသုံးပြုပြီးတော့ နိုင်ငံရေး ခေါင်းစဉ်တပ်နိုင်ဖို့ အတွက် တောင်းဆိုနေကြတာ ဖြစ်ပါတယ်။ 

အခုအချိန်အထိတော့ သူတို့အားလုံး (ရခိုင်ပြည်နယ်အတွင်းက မူစလင်တွေ အားလုံး) အနေနဲ့ အဲဒီ နိုင်ငံရေး ခေါင်းစဉ်တစ်ခု အောက်မှာ အကျုံးဝင်ဖို့ အဆင်သင့် မဖြစ်ပါဘူး။

ကျွန်တော် ဘင်္ဂလားဒေ့ရှ်ကို ရောက်ခဲ့တုန်းက ရခိုင်ပြည်ကနေ ဘင်္ဂလားဒေ့ရှ်ကို ပြောင်းရွှေ့လာတယ်ဆိုတဲ့ မူစလင်တွေကို မေးကြည့်ခဲ့ဖူးပါတယ်။ 

ခင်ဗျားတို့က ရခိုင်ပြည်က လာတဲ့ ရိုဟင်ဂျာလား.. လို့။ 

သူတို့က ပြောပါတယ်။ ကျွန်တော်တို့ ရိုဟင်ဂျာ မဟုတ်ပါဘူး၊ ကျွန်တော်တို့ဟာ ရခိုင်ပြည်မှာ နေထိုင်ခဲ့တဲ့ မူစလင်တွေပါ။ ကျွန်တော်တို့ကို ရိုဟင်ဂျာဆိုတဲ့ စတေကာ ကပ်ပေးလို့ မရပါဘူး.. လို့ ပြန်ပြောခဲ့ပါတယ်။

---

 Q: Are the Rohingya an ethnic group of Burma? A: My answer is that Rohingya is not an ethnic concept. Okay, they can stand up and say we are an ethnic group inside Myanmar. But I think that is not the best way. When you argue we are Muslims and we have been living in Rakhine for several generations, nobody can deny it. For me, Rohingya is the term, which is an old word that has been claimed as above all as a political label after the independence of Myanmar. For the moment, I do not see that all the people there readily submit to one and a single label. When I was in Bangladesh, people pointed out Muslims to me who originally lived in Rakhine. They have now moved to Bangladesh and when you ask them, “are you Rohingya coming from Rakhine?” they say, “no, we are Muslims who live in Rakhine, we do not take for us the label Rohingya.”

===========

ပြန်လည်တင်ပြချက် 

အောက်တိုဘာ ၁၃ ရက်၊ ၂၀၁၇ ခုနှစ်

အစ္စလာမ်ပြည်နယ် ပြဿနာ


အစ္စလာမ်ပြည်နယ် ပြဿနာ
----------------

ရခိုင်ပြည်နယ်မှာ လက်နက်ကိုင်ပဋိပက္ခ ဖြစ်ပွားလို့ မြန်မာအစိုးရက နယ်မြေရှင်းလင်းတဲ့အခါ ရခိုင်နေ ဘင်္ဂလီအများအပြား ဘင်္ဂလားဒေ့ရှ်မှာ ဝင်ရောက်ခိုလှုံကြပါတယ်။ ဒါကြောင့် မြန်မာအစိုးရကို ကန့်ကွက်တဲ့ လူထုဆန္ဒပြပွဲတွေ ဘင်္ဂလားဒေ့ရှ်မှာ ကျင်းပကြပါတယ်။ ဘင်္ဂလီတွေ ရခိုင်ပြည်နယ်မှာ နေနိုင်အောင် စစ်အင်အားသုံးဖို့ မွတ်စလင်အဖွဲ့အချို့ က ဒါကာမြို့ ဆန္ဒပြပွဲမှာ တောင်းဆိုကြောင်း စက်တင်ဘာ (၁၆) ရက်နေ့ထုတ် AFP သတင်းမှာ ဖော်ပြပါတယ်။ သူတို့ရဲ့  တောင်းဆိုချက်က အစ္စလာမ်နယ်မြေ တည်ထောင်ဖို့ တိုက်ပွဲဝင်တဲ့ ARSA ရိုဟင်ဂျာ ကယ်တင်ရေးတပ်ရဲ့  ဦးတည်ချက်နဲ့ ဆင်တူယိုမှား ဖြစ်နေပါတယ်။

ရခိုင်ပြည်နယ် ဘူးသီတောင်၊ မော်တောဒေသကို အစ္စလာမ်ပြည်နယ်အဖြစ် သတ်မှတ်ဖို့ အစွန်းရောက် မွတ်စလင်တွေ မျှော်မှန်းလာတာ အနှစ် (၇၀) ရှိလာခဲ့ပါပြီ။ အိန္ဒိယလွတ်လပ်ရေး ကြိုးပမ်းမှုကာလမှာ သီးခြားလွတ်လပ်တဲ့ အစ္စလာမ်နိုင်ငံ တည်ထောင်ပေးဖို့ အိန္ဒိယမွတ်စလင်တွေ ဗြိတိသျှအစိုးရကို တောင်းဆိုကြပါတယ်။ မွတ်စလင်အများစု နေထိုင်ရာ အိန္ဒိယအနောက်ဘက်နဲ့ အရှေ့ ဘက်ဒေသကို ပါကစ္စတန်နိုင်ငံအဖြစ် သတ်မှတ်ဖို့ တောင်းဆိုတာကြောင့် နောက်အနှစ် (၂၀) ကျော်အကြာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဖြစ်လာမယ့်ဒေသဟာ အရှေ့ ပါကစ္စတန်အနေနဲ့ ပေါ်ပေါက်လာပါတယ်။

အဲဒီအခါ အရှေ့ ပါကစ္စတန်နဲ့ မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင်တို့ကို ပေါင်းစည်းဖို့ ဒေသခံ ဘင်္ဂလီတွေ ကြိုးစားကြပါတယ်။ ပါကစ္စတန် လွတ်လပ်ရေးအတွက် ကြိုးပမ်းနေတဲ့ မွတ်စလင်ခေါင်းဆောင် မိုဟာမက်အလီဂျင်းနား နဲ့ ၁၉၄၇ ခုနှစ်မှာ တွေ့ဆုံပြီး ရခိုင်မြောက်ပိုင်းကို အရှေ့ ပါကစ္စတန်ထဲ ထည့်သွင်းဖို့ တင်ပြပါတယ်။ ဒီအစီအစဉ်ကို အလီဂျင်းနား က လက်မခံတဲ့အခါမှာ သီးခြားမွတ်စလင်ပြည်နယ်ထောင်ဖို့ ကြိုးပမ်းပါတော့တယ်။ ၁၉၄၈ မောင်တောမြို့ နယ် ဂရင်ဗျင်ရွာမှာ ကျင်းပတဲ့ မွတ်စလင်ညီလာခံမှာ မူဂျာဟစ်ပါတီ ဖွဲ့စည်းကြောင်း ကြေညာပါတယ်။ မူဂျာဟစ် လှုပ်ရှားမှုကို ထောက်ခံအားပေးသူဟာ အရှေ့ ပါကစ္စတန် (ဘင်္ဂလားဒေ့ရှ်) ဖြစ်ပါတယ်။ ဒါပေမဲ့ မြန်မာအစိုးရတပ်ရဲ့  စစ်ဆင်မှုကြောင့် ၁၉၆၁ မှာ မူဂျာဟစ် (၃၀၀) ကျော် လက်နက်ချလာလို့ အင်အားဆုတ်ယုတ်သွားပါတယ်။

၁၉၆၂ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်းမှာ ပြန်လည်လှုပ်ရှားလာတဲ့ မူဂျာဟစ်အဖွဲ့တွေ စုပေါင်းကာ ရိုဟင်ဂျာ အမျိုးသားလွတ်မြောက်ရေးပါတီကို တည်ထောင်ပါတယ်။ ရခိုင်တိုင်းရင်းသားတွေ ပြည်နယ်တောင်းဆိုသလို ဘင်္ဂလီမွတ်စလင်ကလည်း ရခိုင်နဲ့ တန်းတူအခွင့်အရေးရဖို့ ကြိုးပမ်းကြပါတယ်။ တပါတီဆိုရှယ်လစ်စနစ် တည်ထောင်ဖို့ အခြေခံဥပဒေရေးဆွဲနေတုန်း ၁၉၇၁ မှာ ပြည်သူ့အကြံဥာဏ် တောင်းခံတဲ့အခါမှာ ဘင်္ဂလီကို ရိုဟင်ဂျာ တိုင်းရင်းသားလူမျိုးအဖြစ် သတ်မှတ်ဖို့ တင်ပြလာပါတယ်။ ဒါပေမဲ့ မဆလအစိုးရက လက်မခံဘဲ ပယ်ချလိုက်ပါတယ်။ ၁၉၆၂ ကနေ ၁၉၇၂ ခုနှစ်အထိ ဆယ်နှစ်အတွင်းမှာ မောင်းတော၊ ဘူးသီးတောင် နဲ့ ရသေ့တောင်ဒေသတဝိုက်မှာ မွတ်စလင်လူဦးရေ နှစ်ဆကျော် တိုးပွားလာပါတယ်။ ဘင်္ဂလားဒေ့ရှ် လွတ်လပ်ရေးစစ်ပွဲကြောင့် ရခိုင်မှာ ခိုလှုံတဲ့ ဘင်္ဂလီတွေလည်း ရှိပါတယ်။

၁၉၇၈ ခုနှစ်မှာ မှတ်ပုံတင်စစ်ဆေးတဲ့အခါ ရခိုင်ရောက် ဘင်္ဂလီ တသိန်းခွဲကျော် ဘင်္ဂလားဒေ့ရှ်ကို ထွက်ပြေးကြပါတယ်။ ဘင်္ဂလားဒေ့ရှ်မှာ ခိုလှုံတဲ့ ဘင်္ဂလီတွေကို ကုလသမဂ္ဂက ဒုက္ခသည်အဖြစ် သတ်မှတ်ပြီး ရိက္ခာဆေးဝါး ထောက်ပံ့ပါတယ်။ အဲဒီအချိန်မှာ ရိုဟင်ဂျာမျိုးချစ်တပ်ဦးနဲ့ ရိုဟင်ဂျာ သွေးစည်းညီညွှတ်ရေးအဖွဲ့တွေ ပေါ်ထွက်လာပြီး မောင်းတော နဲ့ ဘူးသီးတောင်မှာ ရိုဟင်ဂျာပြည်နယ် တည်ထောင်ဖို့ တောင်းဆိုကြပါတယ်။ ၁၉၈၈ အရေးတော်ပုံကြောင့် တပါတီဆိုရှယ်လစ်စနစ် ကျဆုံးတဲ့အခါ ရိုဟင်ဂျာ လှုပ်ရှားမှုဟာ ပြည်ပအထိ ပေါက်ရောက်လာတာ တွေ့ရပါတယ်။ ရိုဟင်ဂျာဟာ တိုင်းရင်းသားလူမျိုးဖြစ်ကြောင်း ဝါဒဖြန့်တာကို နိုင်ငံခြားမီဒီယာနဲ့ လူ့အခွင့်အရေးအဖွဲ့တွေက ယုံကြည်လာကြပါတယ်။ နိုင်ငံခြားမွတ်စလင်နိုင်ငံတွေရဲ့  အထောက်အပံ့ကို ဘင်္ဂလီဒုက္ခသည်တွေ စတင်ရရှိချိန် ဖြစ်ပါတယ်။

ရခိုင်ပြည်နယ်မြောက်ပိုင်းကို အရှေ့ ပါကစ္စတန်နဲ့ ပူးပေါင်းဖို့ ကြိုးပမ်းချိန်ကစပြီး ရခိုင်နေ ဘင်္ဂလီတွေကို ပြည်တွင်းမှာ ယုံကြည်သူ နည်းပါးလာပါတယ်။ မြန်မာ-ဘင်္ဂလားဒေ့ရှ် ဆက်ဆံရေးကောင်းမွန်လာရင်တောင် အစ္စလာမ်နိုင်ငံ တည်ထောင်လိုစိတ်ဟာ ပျောက်ပြယ်သွားမှာ မဟုတ်ပါဘူး။ ဘင်္ဂလားဒေ့ရှ်အစိုးရကလည်း ဒီပြဿနာကို သဘောပေါက်ပုံ ရပါတယ်။ Cox’s Bazar (ခေါ်) ဖလောင်းဈေးမြို့ နယ် Ukhia အူးခီးယားအရပ်မှာ ဘင်္ဂလီဒုက္ခသည်တွေအတွက် မြေဧက (၂၀၀၀) သတ်မှတ်ထားကြောင်း စက်တင်ဘာ (၁၀) ရက်နေ့ထုတ် The Daily Star သတင်းစာမှာ ဖော်ပြထားပါတယ်။

ဘင်္ဂလားဒေ့ရှ် စစ်တကောင်းနယ်မှာ ရခိုင်က ဘင်္ဂလီတွေ ဝင်ရောက်လာမှုကြောင့် မွတ်စလင်မဟုတ်တဲ့ ဒေသခံတိုင်းရင်းသားတွေ အိုးမဲ့အိမ်မဲ့ ဖြစ်ရတယ်လို့ အိန္ဒိယအခြေစိုက် အာရှလူ့အခွင့်အရေးအဖွဲ့က ဆိုပါတယ်။ ဘန်ဒါဘန်ခရိုင်မှာ လူမျိုးစုဖြစ်လာတဲ့ ဘင်္ဂလီဒုက္ခသည်တွေဟာ ဗုဒ္ဓဘာသာဝင်တွေဆီက မြေယာလုယက်ကြပြီး ရခိုင်ပြည်နယ်က မွတ်စလင်အကြမ်းဖက်တွေကိုလည်း ထောက်ခံအားပေးတယ်လို့ ဆိုပါတယ်။ ရခိုင်ပြည်နယ်ကလာတဲ့ ဘင်္ဂလီတွေကို စစ်တကောင်းမှာ နေရာချထားတဲ့ အစီအစဉ်ကြောင့် ရခိုင်ကို ပြန်လာသူနည်းနေတယ်လို့ အာရှလူ့အခွင့်အရေးအဖွဲ့ကဆိုကြောင်း ဖေဖေါ်ဝါရီလ (၂၀) ရက်နေ့ထုတ် Hindustan Times သတင်းစာမှာ ဖော်ပြပါတယ်။

 ဦးအောင်ခင် /  ကိုဉာဏ်ဝင်းအောင် / ဗွီအိုအေ (မြန်မာပိုင်း)

Monday, October 9, 2017

ဘင်္ဂလားဒေ့ရှ်ရောက် ဟိန္ဒူတို့အတွက် မရေရာတဲ့ အနာဂတ်



ဘင်္ဂလားဒေ့ရှ်ရောက် ဟိန္ဒူတို့အတွက် မရေရာတဲ့ အနာဂတ်
————————————————————————
Joe Freeman/ Myanmar Now
BurmaDemocracy, 9 October 2017

ရခိုင်ပြည်နယ်ကနေ ထွက်ပြေးလာတဲ့ ဟိန္ဒူဘာသာဝင်တွေဟာ ဘင်္ဂလားဒေ့ရှ် ယာယီဒုက္ခသည်စခန်းတွေမှာ ခိုလှုံနေ ကြပါတယ် (ဓာတ်ပုံများ - Joe Freeman/Myanmar Now)

ကော့ဘဇား၊ ဘင်္ဂလားဒေ့ရှ် (Myanmar Now) —

ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင်းက ယာယီစခန်းတစ်ခုမှာရောက်နေတဲ့ ဟိန္ဒူဒုက္ခသည်တွေဟာ မြန်မာနိုင်ငံမှာ နေစဉ် သူတို့နဲ့ ရိုဟင်ဂျာမွတ်စလင်တွေ အကြား ညီညီညွတ်ညွတ် နေထိုင်ခဲ့ ကြတဲ့ အခြေအနေတွေကို သတိရနေကြပါတယ်။

“ကျွန်တော်တို့ ပွဲတော်တစ်ခုခုကျင်းပတိုင်း သူတို့ကို ဖိတ်လေ့ရှိသလို သူတို့ပွဲရှိရင်လည်း ကျွန်တော်တို့ကို ဖိတ်ပါတယ်” လို့ ရခိုင်ပြည်နယ် မောင်တောမြို့၊ ဆီယွန်ဆူရီရွာ မြန်မာဘာသာနဲ့ဆိုရင် အလယ်သံကျော်ရွာက ထွက်ပြေးလာသူလို့ ဆိုတဲ့ အသက် ၆ဝ အရွယ် ဘိုလာရန်ရှီက ပြောပါတယ်။

Arakan Rohingya Salvation Army (ARSA) အဖွဲ့နဲ့ တပ်မတော်အကြား သြဂုတ် ၂၅ ရက် ကစလို့ တိုက်ပွဲတွေ ဖြစ်ပွားပြီးတဲ့ နောက်ပိုင်းမှာ သူတို့အသိုင်းအဝိုင်းနှစ်ခု ဆက်ဆံရေး ပျက်စီးသွားတာပါ။ ဒီအခြေအနေဟာ တစ်သက် လုံးလည်း ဖြစ်သွားနိုင်ပါတယ်။

သူတို့ရွာနဲ့ နီးတဲ့ ရဲဘောက်ကျ ရွာက ဟိန္ဒူတွေကတော့ ARSA အဖွဲ့ဝင်တွေဟာ ရဲစခန်းနဲ့ စစ်တပ်ကင်းစခန်းတွေကို တိုက်ခိုက်ပြီး မရှေးမနှောင်းမှာဘဲ သူတို့ဆွေမျိုးအများအပြားကို သတ်ဖြတ်ခဲ့တယ်လို့ ပြောကြပါတယ်။ အခုဆိုရင် ဟိန္ဒူဘာသာဝင် အများအပြားလည်း ပျောက်ဆုံးနေပါတယ်။ ARSA အဖွဲ့ကတော့ ဒါဟာ သူတို့လက်ချက် မဟုတ်ဘူးလို့ ဆိုပါတယ်။ မြန်မာအစိုးရကတော့ ARSA လက်ချက်လို့ စွပ်စွဲထားပြီး နယ်စပ်ကို ဖြတ်ပြီးထွက်ပြေးသွားတဲ့ ကျန်ရစ်သူ ဟိန္ဒူတွေကိုလည်း ပြန်ခေါ်ထားပါတယ်။

နေရပ်စွန့်ခွာ ထွက်ပြေးလာတဲ့ ဟိန္ဒူတွေဟာ ရခိုင်ဒေသမှာ အစိုးရက စီစဉ်ပေးထားတဲ့ ဒုက္ခသည်စခန်းမှာပဲ ခိုလှုံနေကြရပါတယ်။ ဘင်္ဂလားဒေ့ရှ်ဘက်ကို ထွက်ပြေးလာကြတဲ့ ဟိန္ဒူဘာသာဝင်တွေကတော့ ရိုဟင်ဂျာတွေနဲ့ နေရတဲ့ ဒုက္ခသည် စခန်းမှာ နှိပ်စက်ခံရမှုတွေ၊ ပစ်ပယ်ခံထားရမှုတွေ၊ မရေရာ တဲ့ အနာဂတ် အခြေအနေတွေနဲ့ ရင်ဆိုင်နေရတယ် လို့ ဆိုပါတယ်။

အများစုကတော့ နေရပ်ကို ပြန်ရကောင်းနိုးနိုး၊ မပြန်ရကောင်းနိုးနိုးနဲ့ ချီတုံချတုံဖြစ်နေကြတာပါ။

“ဘင်္ဂလားဒေ့ရှ်က မွတ်စလင်နိုင်ငံဖြစ်လို့ အိန္ဒိယကိုပဲသွားချင်တယ်” လို့ ၅၅ နှစ်အရွယ် စီတရိုရန်ဂျွန်ပါးလ်က ပြောပါတယ်။

• အရင်တုန်းကတော့ သူငယ်ချင်းတွေ

ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ သူတို့ကိုယ်သူတို့ ရိုဟင်ဂျာလို့ ခေါ်ပြီး မြန်မာအများအပြားက ဘင်္ဂါလီလို့ ခေါ်ဆိုသူတွေကို တွေ့နိုင်ပါတယ်။ အဲဒီမှာ ရိုဟင်ဂျာတွေထက်စာရင် ဟိန္ဒူဘာသာဝင်တွေက ပိုပြီး လွတ်လွတ်လပ်လပ် သွားလာနိုင်ပေမယ့် တချို့ကိစ္စတွေမှာတော့ အနှိမ်ခံရတာချင်း အတူတူပါပဲ။ ဆီယွန်ဆူရီရွာကို ARSA ဝင်လာတဲ့အခါ ဟိန္ဒူဘာသာဝင် တွေနဲ့ မွတ်စလင်တွေ အကြား စိတ်ဝမ်းကွဲသွားကြပါတယ်။

ရိုဟင်ဂျာ/ဘင်္ဂါလီတွေရဲ့ တိုက်ခိုက်မှုတွေဟာ အရင်ကလည်း ရှိနေခဲ့ပေမယ့် ကြာကြာမခံခဲ့သလို အောင်မြင်မှုလည်း မရှိခဲ့ပါဘူး။

ရခိုင်ပြည်နယ်ထဲမှာနေထိုင်တဲ့ ဘင်္ဂါလီ တစ်သန်းကျော်ကို ကန့်သတ်တင်းကျပ်၊ အဲဒီထဲက တစ်သိန်းခွဲကို ပြည်တွင်းက ဒုက္ခသည်စခန်းတွေကို ပို့လိုက်တာကြောင့် ဗုဒ္ဓဘာသာတွေနဲ့ မွတ်စလင်တွေ အကြား တိုက်ခိုက်မှုတွေ ၂ဝ၁၂ မှာ ဖြစ်ပွား ပြီးနောက်ပိုင်း ARSA အဖွဲ့ပေါ်လာပါတယ်။

ပါကစ္စတန်မှာ မွေးတဲ့ ရိုဟင်ဂျာအမျိုးသား အက်တူလာဆိုသူ ဦးဆောင်တဲ့ ARSA အဖွဲ့က လွန်ခဲ့တဲ့နှစ် အောက်တိုဘာ ၉ ရက်မှာ ပထမဆုံး တိုက်ခိုက်ခဲ့ပါတယ်။ အဲဒီတုန်းကအဖွဲ့ရဲ့ အမည်က Harakat Al-Yakin ခေါ် ဘာသာရေးလှုပ်ရှားမှု ဖြစ်ပါတယ်။ တပ်မတော်နဲ့ ပထမအကြိမ် တိုက်ခိုက်ပြီး နောက်ပိုင်းမှာ အဲဒီအဖွဲ့ဟာ လူအင်အား ပိုများလာသလို တပ်မတော်က မုဒိမ်းကျင့်တယ်၊ ဥပဒေဘောင် အပြင်ဘက်က သတ် ဖြတ်မှုတွေ လုပ်တယ်၊ ရွာတွေကို မီးရှို့တယ်လို့ စွပ်စွဲခဲ့ပါတယ်။

အဲဒီအဖွဲ့ဟာ ရွာထဲမှာ လူစုနေတာကို တွေ့ခဲ့ရတယ်၊ လူငယ်တွေနဲ့ သူသိတဲ့သူ တချို့ ပါသွားတယ်လို့ ပါးလ်က ပြောပါတယ်။

“သူငယ်ချင်းတချို့လည်း ARSA ထဲ ဝင်လိုက်ကြတယ်” လို့ ပါးလ်က ဆိုပါတယ်။ ဘာကြောင့် ဒါမျိုးလုပ်ရတာလဲလို့ သူက မေးပါတယ်။ လွတ်မြောက်မှုကို ရချင်တာကြောင့်လို့ သူတို့က ဖြေပါတယ်။

အဲဒီထဲမှာ တစ်ယောက်က သူ့နဲ့ နီးနီးကပ်ကပ်ပေါင်းတဲ့ သူငယ်ချင်းပါ။

“ကျွန်တော်တို့ အတူတူကြီးပြင်းခဲ့တာပါ။ သူ့ကိုရော၊ သူ့ အမည်ကိုရော၊ သူ့အဖေအမည်ကိုရော သိပါတယ်” လို့ ပါးလ်က ပြောပါတယ်။

ဒီပြဿနာမှာ ဝင်မပါဖို့နဲ့ အစိုးရက ဘာဖြစ်ဖြစ် လုပ်ရင်ခံရ မယ်လို့ ပါးလ်က သူ့သူငယ်ချင်းကို တိုးတိုးတိတ်တိတ် တားပါသေးတယ်။ ပါးလ်အနေနဲ့ ဒီကိစ္စကို မကြိုက်ဘူးဆိုလည်း ဘယ်သူ့ကိုမှ အသိမပေးဖို့နဲ့၊ အခြားသူတွေ သိသွားရင် ပြဿနာ ရှိတယ်ဆိုတာ သူ့သူငယ်ချင်းက ပြောခဲ့ပါတယ်။ ARSA တွေဟာ အစိုးရသတင်းပေးတွေကို ပစ်မှတ်ထားနေတာကြောင့် ပါးလ်အနေနဲ့ ဒီကိစ္စကို ရေငုံနှုတ်ပိတ် နေလိုက် ပါတော့တယ်။

သြဂုတ် ၂၅ တိုက်ခိုက်မှုဖြစ်ပွားပြီးနောက်ပိုင်းမှာ ARSA အဖွဲ့ဝင်တွေဟာ မျက်နှာကို အဝတ်နက်တွေစည်း၊ ရွာထဲ လှည့်သွားနေပြီး ရွာသားတွေကို မနှောက်ယှက်ဘူးလို့ ပြောပါတယ်။ တချို့က ပါးလ်ကို ချက်ပြုတ် စားစရာတွေနဲ့ စီးကရက် တွေကိုတောင် ပေးသွားကြပါတယ်။

ဒါပေမယ့် ဆွေမျိုးတစ်ယောက်က သူ့ကိုခေါ်ပြီး ARSA တွေက ဟိန္ဒူဘာသာဝင်တွေကိုပါ သတ်မယ့်အကြောင်း ကြားထားတာ ပြောသလို သူ့ကိုလည်း ထွက်ပြေးဖို့ ပြောပါတယ်။

“အဲဒီမှာ ကျုပ်စပြီး ကြောက်သွားတာပဲ”လို့ သူက ပြောပါတယ်။ အဲဒီကတည်းက ဘင်္ဂလားဒေ့ရှ် ဘက်ကို ထွက်ပြေးလာ ပြီး သူ့သူငယ်ချင်းကိုလည်း ပါးလ် မတွေ့ရတော့ပါဘူး။

• တိုက်ခိုက်မှု

ဘင်္ဂလားဒေ့ရှ်ဘက်ကို ဟိန္ဒူဘာသာဝင် ငါးရာကျော်ထွက်ပြေးခဲ့ပါတယ်။ ဒါဟာ ရိုဟင်ဂျာအရေအတွက် ငါးသိန်း ဆိုတဲ့ ကိန်းဂဏန်းနဲ့ယှဉ်ရင် အဆမတန် ကွာဟနေတာပါ။ ဟိန္ဒူဒုက္ခသည်တွေကို သူတို့ဘုရားကျောင်း အနီးမှာရှိတဲ့ ကြက်ခြံတစ်ခုထဲမှာ သီးသန့်ထားပါတယ်။ သူတို့နေရတဲ့ နေရာက ရိုဟင်ဂျာတွေကို ထားတဲ့ နေရာလောက် ဆိုးဆိုးရွားရွား မဟုတ်ပေမယ့် သူတို့နေခဲ့တဲ့ အိမ်နဲ့တော့ တူနိုင်မှာ မဟုတ်ပါဘူး။

ဘင်္ဂလားဒေ့ရှ်ကို ရောက်ပြီး တစ်ပတ်လောက်အကြာမှာ ဆီယွန်ဆူယီ ရွာသားတွေဟာ အရင်က အိမ်နီးနားချင်းတွေကို ဆက်သွယ်မိပါတယ်။

သူတို့ပြောပြချက်အရ ဟိန္ဒူတွေက သူတို့အိမ်နီးချင်းတွေကို ရောင်းခဲ့တဲ့ တိရိစ္ဆာန်ဖိုးတွေကို သွားတောင်းချင်တယ်။

အဲဒီကိစ္စ ဘယ်လိုဆက်ဖြစ်တယ် မသိပေမယ့် ဟိန္ဒူအမျိုးသားနှစ်ယောက် ပြောတာကတော့ သူတို့ကို မွတ်စလင် ၁၁ ယောက်က လမ်းမှာခြိမ်းခြောက်ပြီး သစ်သားတုတ်၊ သံတုတ်တွေနဲ့ ဝိုင်းရိုက်ပါတယ် တဲ့။

ဟိန္ဒူဘာသာဝင် တစ်ယောက်ကတော့ အရိုက်ခံထားရတဲ့ လက်မောင်း၊ တင်ပါးပေါ်က ဒဏ်ရာတွေကို ပြပါတယ်။

အဲဒီဒုက္ခသည်စခန်းတွေရှိရာ ကော့ဘဇား ခရိုင်ရဲစခန်းအောက်မှာရှိတဲ့ အူခီးယားရဲစခန်းမှူး မိုဟာမက်ကိုင်ကီစလူအင်းက အဲဒီရန်ပွဲက စက်တင်ဘာ ၁၂ ရက်ဝန်းကျင်လောက်က ဖြစ်ခဲ့ပြီး မြန်မာနိုင်ငံကတည်းက ပါလာတဲ့ ရန်ငြိုးရန်စ ဖြစ်တယ်လို့ ပြောပါတယ်။

ရိုက်နှက်တဲ့ အုပ်စုထဲမှာ ပါတဲ့သူအချို့ကို ဒုက္ခသည်စခန်းကနေ တောထဲကို မောင်းထုတ် အပြစ်ပေးလိုက်ပြီလို့ ရဲအရာရှိက ပြောပါတယ်။

“အဲဒီလူအုပ်က ဒီလူနှစ်ယောက်လက်ကို ကြိုးတွေနဲ့ တုပ်ပြီး ရိုက်တာပါ” လို့ အရိုက်ခံရသူတွေရဲ့ တိုင်ကြားချက်ကို သူက ပြောပါတယ်။

ရိုက်ခဲ့သူများမှာ ထွက်ပြေးလွတ်မြောက်သွားပြီး ပြန်မလာတော့ကြောင်း ဟိန္ဒူဒုက္ခသည်တွေက ပြောပါတယ်။

ကိုင်ကီစလူအင်းက သူတို့ရဲတပ်ဖွဲ့အနေနဲ့ လူသေအလောင်း နှစ်လောင်းကို ရှာဖွေတွေ့ခဲ့ပေမယ့် ရုပ်ပျက်ဆင်းပျက် ဖြစ်နေတဲ့အတွက် ယခုဖြစ်စဉ်နဲ့ ပတ်သက်မှုရှိ၊ မရှိ ကောက်ချက် မချနိုင်ကြောင်း ပြောပါတယ်။ မိသားစုဝင်တစ်ဦးက အလောင်းတစ်လောင်းကို လာကြည့်ပြီး သူတို့လူဖြစ်ကြောင်း ပြောခဲ့ပေမယ့် တာဝန်ရှိသူများက သံသယရှိနေကြတာပါ။

“ဒီအလောင်းနှစ်လောင်းကို ဘယ်သူဘယ်ဝါဆိုတာ ဘယ်သူမှ အတည်မပြုနိုင်သေးပါဘူး” ဟု ကိုင်ကီစလူအင်းက ပြောပါတယ်။

အဆိုပါ ကိစ္စရပ်ကို စုံစမ်းနေဆဲဖြစ်ပြီး ရှေ့နောက်မညီတဲ့ ထွက်ဆိုချက်များ ရှိနေကြောင်း ရဲအရာရှိ တစ်ဦးက ပြောပါတယ်။ ပျောက်သွားတယ်လို့ ပြောတဲ့တစ်ယောက်ကို နောက်ပိုင်းမှာ ပြန်တွေ့ခဲ့တာမျိုး ဖြစ်ခဲ့ဖူးတာကို သူက ဥပမာ ပေးပါတယ်။

ဒီဖြစ်စဉ်ကို လူသတ်မှုလို့ပဲ သတ်မှတ်ထားကြောင်း ရဲအရာရှိကိုင်ကီစလူအင်းက ပြောပါတယ်။

• အလောင်းမြှုပ်တဲ့နေရာ

ဂျာဂါဒစ်ရှ်ပါးဟာ သူရဲ့ ဖိနပ်ကိုချွတ်၊ မြစ်ကမ်းဘက်ကို သွားပြီး မြေစာပုံ အသစ်ပေါ်ကို လျှောက်သွားပါတယ်။

သူ့အဖေ ရာဘင်ဒရာပါးကို မြှုပ်ဖို့ ဖြစ်သလိုတူးထားရတဲ့ တွင်းနားမှာ သူဆုတောင်းပါတယ်။ ဟိန္ဒူအယူအဆမှာ ဖခင်သေရင် သားဖြစ်သူ ခေါင်းတုံးတုံးရပါတယ်။

အဲဒီတွင်းကို ဟိန္ဒူတွေအတွက် ယာယီဒုက္ခသည်စခန်းထဲမှာပဲ တူးလိုက်တာပါ။ ဘာအမှတ်အသားမှလည်း မရှိပါဘူး။ တူးတဲ့နေရာက ဗုဒ္ဓဘာသာ သင်္ချိုင်းနဲ့တော့ နေရာ ကန့်ထားပါတယ်။ သင်္ချိုင်းနှစ်ခုစလုံးက တောနံဘေး၊ ဟင်းလင်းပြင်ကွင်းထဲမှာပါ။

ငွေသိမ်းဖို့ သွားခဲ့ပြီး အိမ်ပြန်မလာနိုင်တော့တဲ့ ဟိန္ဒူ ဘာသာဝင် ၁ဝ ယောက်ထဲမှာ သူ့အဖေလည်း ပါတယ်လို့ ပါးလ်က ပြောပါတယ်။ စခန်းမှာရှိသူတွေကလည်း ရုပ်အလောင်းမှာ

ပတ်ထားတဲ့ လက်ပတ်ကို ကြည့်တာနဲ့ ဟိန္ဒူဘာသာဝင် ဖြစ်တယ်ဆိုတာ ခွဲခြားနိုင်တယ်လို့ ပြောပါတယ်။

ပါးလ်နဲ့ သူ့ညီအစ်ကို မောင်နှမ ၆ ယောက်ဟာလည်း ဒီဒုက္ခသည်စခန်းမှာ နေကြပြီး သူ့အမေကတော့ မြန်မာနိုင်ငံဘက် မှာ ကျန်နေတယ်လို့ ဆိုပါတယ်။ ပါးလ်ကတော့ အရင်တုန်းက စစ်တကောင်းမှာ ဆံသဆရာ တစ်ဦးအဖြစ် အလုပ်လုပ်ခဲ့သူပါ။

သူ့အနေနဲ့ နိုင်ငံသားအဖြစ် အသိအမှတ်ပြုခံရပြီး ရန်ကုန်မှာ နေခွင့်ရမယ်ဆိုရင် မြန်မာနိုင်ငံဘက်ကို အပြီးပြန်သွားချင်ကြောင်း ပါးလ်က ပြောပါတယ်။

“ကျုပ်တို့ တစ်ရွာတည်းမှာ သူတို့နဲ့ အတူနေလို့ မဖြစ်တော့ဘူး။ ဘင်္ဂလားဒေ့ရှ်မှာလည်း မနေချင်ဘူး” လို့ သူက ပြောပါတယ်။

အိန္ဒိယကိုတော့ နေသင့်တဲ့နေရာလို့ သူက ဆိုပါတယ်။

“ကျုပ်တို့အတွက်တော့ ဒီဒုက္ခသည်စခန်းရှိတဲ့နေရာက မလုံခြုံပါဘူးဗျာ”

Myanmar Now မှကူးယူဖော်ပြပါသည်။