Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, May 29, 2017

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီနာယက ဦးတင်ဦးအား တိုင်းမှူး ဗိုလ်မှူးချုပ်သက်ပုံနှင့် အဖွဲ့ဝင်များကသွားရောက်ကြည့်ရှုအားပေး

ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ နှလုံးကုသဆောင်၌ ဆေးရုံတက်ရောက် ကုသမှုခံယူ
လျက်ရှိသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီနာယက ဦးတင်ဦးအား
တိုင်းမှူး ဗိုလ်မှူးချုပ်သက်ပုံနှင့် အဖွဲ့ဝင်များကသွားရောက်ကြည့်ရှုအားပေး
========================================================
နေပြည်တော် မေ ၂၉
ရန်ကုန်တိုင်းဒေသကြီး၊ လသာမြို့နယ်ရှိ ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ နှလုံးကုသဆောင်၊ အထူး
အခန်း(၁)၌ တက်ရောက်ဆေးကုသမှု ခံယူလျက်ရှိသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ
နာယက ဦးတင်ဦးအား မေ ၂၈ ရက် နေ့လယ်ပိုင်းတွင် ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး
ဗိုလ်မှူးချုပ်သက်ပုံနှင့် အဖွဲ့ဝင်များက သွားရောက်၍ ဦးတင်ဦး၏ဇနီးဖြစ်သူဒေါက်တာတင်မိုးဝေ၊
သားဖြစ်သူ ဦးသန့်ဇင်ဦး၊ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးလင်းနိုင်မြင့်နှင့်
ဦးတင်ဦးအား အနီးကပ်ပြုစု စောင့်ရှောက်လျက်ရှိသည့် ဦးမြင့်ဦးတို့အားတွေ့ဆုံပြီး ဦးတင်ဦး
၏ ကျန်းမာရေး အခြေအနေများကိုမေးမြန်းကာ စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့ကြောင်း
သတင်းရရှိသည်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး

No comments:

Post a Comment