Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, December 14, 2016

သံတွဲမြို့နယ်တွင် ၅ နှစ်ကျော်အရွယ် မိန်းကလေးငယ်တစ်ဦးအား အသက် ၆ဝ ကျော် အရွယ်လူတစ်ဦးက အဓမ္မပြုကျင့်သတ်ဖြတ်


သံတွဲ၊ ဒီဇင်ဘာ ၁၄
ရခိုင်ပြည်နယ် သံတွဲမြို့နယ်တွင် ဒီဇင်ဘာလ ၁၃ ရက်နေ့ညက အသက် ၅ နှစ်ကျော် အရွယ် မိန်းကလေးငယ်တစ်ဦး 
အဓမ္မပြုကျင့်သတ်ဖြတ်ခြင်းခံခဲ့ရသည်ဟု မိသားစုဝင်များနှင့် ဒေသခံများထံမှ သိရသည်။
အဓမ္မပြုကျင့် သတ်ဖြတ်ခြင်းခံခဲ့ရသူမှာ သံတွဲမြို့နယ် စာနီတောင်ကျေးရွာနေ ဦးမင်းမင်းဦး နှင့် ဒေါ်မေပုတို့၏ သမီးဖြစ်သူ ယွန်းယွန်း(ခ) ယွန်းနဒီကို အသက် (၅ နှစ် သုံးလ) ဖြစ်သည်။
“သမီးလေးက မနေ့ကညနေ ၅ နာရီကျော်လောက်မှာ အိမ်ကနေပျောက်သွားတာပါ။ ည ၈ နာရီလောက်မှာတော့ တရားခံရဲ့အိမ်မှာ သေလျက်သားပြန်တွေ့ရတာပဲ”ဟု သေဆုံး သွားသည့် ကလေးငယ်၏ မိခင်က နိရဉ္စရာသို့ပြောသည်။
ပြစ်မှုကျူးလွန်သူမှာ ပခုက္ကူမြို့နယ်မှ ဖြစ်ပြီး အဆိုပါကျေးရွာတွင် အနှိပ်သည် အလုပ်ကို လာရောက်လုပ်ကိုင်နေသူ 
ဦးဟန်မောင် (၆၁နှစ်) ဖြစ်သည်ဟု ရဲက ပြောသည်။
သူ့အား ဒီဇင်ဘာလ ၁၄ ရက်နေ့ နံနက် ၄ နာရီကျော်တွင် သံတွဲမြို့နယ် ကွေ့ချောင်း ကျေးရွာ လမ်းမတွင် ဖမ်းဆီးရမိခဲ့သည်ဟု သံတွဲ ခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။
ဆေးစစ်ချက်တွေ မရောက်သေးတဲ့ အတွက် အသေးစိတ်အချက်အလက်များကိုမပြောနိုင်သေးဟု ရဲအရာရှိက
 ပြောဆိုသည်။
ရွှေရအောင် (တောင်ကုတ်)
Narinjara
https://www.facebook.com/Narinjara

  • ရည်းစားဟောင်းအကြောင်းဒေါသတကြီးပြောနေတဲ့ကောင်မလေး
  • ဈေးဝယ်သူဟန်ဆောင်ပြီး ဖုန်းကိုအလစ်သုတ်သွားသူ အလစ်သမား
  • ကလေးသုံးယောက်ကိုရိုက်နှက် ကန်ကျော်ကသတ်ခဲ့တဲ့တွံတေးပယောဂဆရာကိုသွားရောက်ဖမ်းဆီးစဉ်
  • EVER TOP Mobile sales and Serviceဖုန်းဆိုင်CCTV မှတ်တမ်း
  • CCTV တွင်ရိုက်ကူးထားသော အင်းစိန်၊ဒညင်းကုန်းကဖောက်ထွင်းမှု 
  • မန္တလေးတွင် ထိုးမှုများဆက်တိုက်ဖြစ်ပွားနေခြင်း
  • သားကြီး မယားကြီးရှိလျက်နှင့်တရွာတည်းနေမိန်းကလေးအားဖြားယောင်းပြီး ကိုယ်ဝန်ရှိလာသောအခါ ဟာဘတ်ပိုးသတ်ဆေးတိုက်၍ သတ်ဖြတ်
  • မိုးကုတ်ချမ်းသာကြီးဘုရားပေါ်မဖွယ်မရာလုပ်ကြတဲ့စုံတွဲ
  • No comments:

    Post a Comment